၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ ၂၀၁၁ ခု၊ အောက်တိုဘာ ၂၄ ရက်၊ တနင်္လာနေ့။
အဲ့ဒါ အရှင်ဘုရားတို့ရဲ့ စာအုပ်စာမျက်နှာ ၃၂ မှာပါတဲ့ ဝတ္ထုပုရေဇာတ၊ ဝတ္ထုပုရေဇာတိန္ဒြိယ။ ဒီနေ့ ပုရေဇာတကို သွားရအောင်ပေါ့။ ပုရေဇာတက အရင်ဟောခဲ့တာက အာရမ္မဏပုရေဇာတ (အာပု)။ အကျဉ်းပြောရင် ဘယ်လိုပါလိမ့်။
အာပု။ အာပုဇာတက အကျဉ်းပြောရင် ဝတ္ထုပု (ဝတ္ထုပု)။ အာပုနဲ့...
ဝတ္ထုပု။
ဝတ္ထုပု။ အဲ ဒီနေ့ ပုရေဇာတရဲ့ နောက်ဆုံးအနေနဲ့ ဝတ္ထုပုအနေနဲ့ သွားမယ်။ ဒါကြောင့် ဝတ္ထုပုရေဇာတပစ္စည်း သုဒ္ဓသင်္ချာပါဌ်၌ ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အာရုံခြောက်ပါး၊ ဝိညာဉ်ခြောက်ပါး၊ စေတသိက် ၅၂၊ ဆဝတ္ထု ဤတရားတို့သည် ဝတ္ထုပုရေဇာတပစ္စည်းတပ်သော တရားတော်မည်၏။ သင်္ချာနေ့ ပစ္စည်းငါးဟူသည်တည်း။ သင်္ချာတေနည်းဟူသောအခါ၊ သင်္ချာတေနည်းဆိုတာကိုပဲ ကိုယ်တော်တို့ ဒီဘက်က ဆဝတ္ထုရုပ်တရားကြီးပဲ။ ဟိုဘက်က နာမ်တရား။ ဒီသုတ္တကတည်းကပဲ ခေါင်းစဉ်တပ်ထားတာ ရုပ်ပစ္စည်း...
နာမ်ပစ္စည်း။
နာမ်ပစ္စယုပ္ပန်ဆိုတော့ အဗျာကတော ဗျာကတ၊ ကုသလ၊ အကုသလပေါ့။ ဟုတ်တယ်မလား။
မှန်ပါ့ဘုရား။
သင်္ချာတေဟူသောအခါ ဗျာကတော ဗျာကတဿ၊ ဗျာကတော ကုသလဿ၊ ဗျာကတော အကုသလဿ ဟူသည်တွင် ပစ္စည်းရေငါးဦးသောအခါ အဲ့တော့ နိဿယ၊ ပုရေဇာတ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ။ ဝတ္ထုခြောက်ထဲက ဣန္ဒြိယကျန်ပေါ့။ အဲ့ဒါလည်း ကိုယ်ဘာလေးလုပ်ထားတယ်။
အဲ့ဒါက "ဒီနေရာ ငါးထဲမှာ ကျုပ်မပါဘူးဗျာတဲ့၊ ကျုပ်ကျန်ရစ်ခဲ့ပါရစေ" တဲ့။ ဘယ်သူက ပြောနေတာလဲ။
ဣန္ဒြိယ။
ဣန္ဒြိယလေးက ပြောနေတာ။ သနားစရာမကောင်းဘူးလား။
ကောင်းပါတယ်။
အဲ အဲ့လိုလေးပေါ့။ နောက် ပစ္စည်းရေငါးဟူသောအခါ ဣန္ဒြိယ၊ ပုရေဇာတ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ။ နောက်လာခဲ့။
ဝတ္ထုပုရေဇာတိန္ဒြိယပစ္စည်း သုဒ္ဓသင်္ချာ၌ ရုပ်ပစ္စည်း ဝိညာဉ်တစ်ဆက်သော မရဏာသန္နဇော၊ မဇ္ဈိမာယုကအားဖြင့် သုံးပါးတို့တွင် မဇ္ဈိမာယုကဖြစ်၍ ဌီအခိုက်၌ ဥပါဒ်သော ပဉ္စဝတ္ထု ဤတရားတို့သည် ဇာတိန္ဒြိယပစ္စည်းတပ်သော တရားတို့မည်၏။ သင်္ချာဧကန် ပစ္စည်းရေ ၆ ဟူသည်တည်း။ သင်္ချာဧကန်ဟူသောအခါဆိုတော့ ဒီဘက်ကလည်းပဲ ပဉ္စဝတ္ထု၊ ဟိုဘက်က ပဉ္စဝိညာဉ်ဆိုတော့ ဒါကရှင်းတယ်။ ဗျာကတော ဗျာကတဿ။ ပစ္စည်းရေဟူသော်ကား ခုနကအတိုင်းပေါ့။ နိဿယ၊ ပုရေဇာတ၊ ဣန္ဒြိယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ။ နိ၊ ပု၊ ဣ၊ ဝိ၊ အတ္ထိ၊ အဝိ (၆)။ ကိုင်း ဆိုရအောင်။ နှစ်ခေါက်စီဆိုမယ်။
အဲ့တော့ အဲ့စာမျက်နှာ ၃၂ အောက်နားမှာ ဝတ္ထုပုရေဇာတ၊ ဝတ္ထုပုရေဇာတသတ္တိ အဲ့ဒါလေးတွေကို ရေးထားတာရှိတယ်။ အဲ့တော့ ဝတ္ထုပုရေဇာတဟူသည် ပစ္စယုပ္ပန်တရားတို့ မဖြစ်မီ ရှေးကဖြစ်နေပြီး ချုပ်မသွားဘဲ ဌီအခိုက်မှာ တည်ရှိနေသော ဝတ္ထုပစ္စည်းသည် ဝတ္ထုပုရေဇာတမည်၏တဲ့။ အဲ့တော့ ရုပ်က သက်တမ်းရှည်တယ်၊ နာမ်က သက်တမ်းတိုမှုကိုလည်းပဲ သတိပြုပါတဲ့။ ရုပ်က သက်တမ်းရှည်တယ်ပေါ့လေ။ စိတ်က သတ္တရသမတောင်ရှိတာလေ စိတ္တက္ခဏ။ ဟုတ်တယ်မဟုတ်လား။ အဲ့တော့ နာမ်သက်က၊ အဲ့ဒီရုပ်သက်တစ်ခုဆိုလို့ရှိရင် နာမ်သက်က သတ္တရသမတောင်ရှိတယ်။ ၅၁ ချက်ရှိတာပေါ့။ ဒါကြောင့်မို့လို့ ရုပ်ကသက်ရှည်၊ နာမ်ကသက်တမ်းတိုမှုကို သတိပြုပါတဲ့။ ကမ္ဘာဦးက ပေါ်ထွန်းခဲ့သော နေလနှစ်ပါးတို့သည် ယခုတိုင် ထင်ရှားရှိနေလျက် နောက်မှပေါ်လာသော သတ္တဝါတို့အား အလင်းရောင်ပေး၍ ကျေးဇူးပြုသကဲ့သို့ ဆဝတ္ထုရုပ်တရားတို့သည် ပစ္စယုပ္ပန်နာမ်တရားတို့၏ ရှေးဦးစွာဖြစ်ပေါ်၍ ချုပ်မသွားသေးဘဲ ဌီအခိုက်မှာ တည်ရှိပြီး၊ ဌီအခိုက်မှာ တည်ရှိတာပေါ့၊ ဌီအခိုက်မှာ တည်ရှိပြီး မိမိရဲ့နောက်မှာ ပေါ်လာသော စိတ်စေတသိက်တရားတို့ကို ဖြစ်ပေါ်တည်ရှိရအောင် ကျေးဇူးပြုသော သတ္တိသည် ဝတ္ထုပုရေဇာတသတ္တိမည်၏တဲ့။ အဲ့တော့ ပုရေဇာတ၊ ဝတ္ထုပုရေဇာတသတ္တိ။
နောက် ဝတ္ထုပုရေဇာတနိဿယအနေနဲ့တော့ အောက်နားမှာ အင်္ဂါသုံးချက်ပေါ့။ ဝတ္ထုတရားတည်နေရာသည် ပုရေ (ရှေး၌) ဇာတ (ဖြစ်နေ၍) တည်သောတရား။ ဝတ္ထုပုရေဇာတမှာ အင်္ဂါသုံးချက်တဲ့။ ဝတ္ထုရုပ်ဖြစ်ခြင်း၊ ပစ္စယုပ္ပန်တရား၏ အရှေ့မှဖြစ်၍ ထင်ရှားရှိနေဆဲဖြစ်ခြင်း၊ နောက် တည်ရာဖြစ်ခြင်း။ ဤသုံးပါးနဲ့ပြည့်စုံသော ပစ္စည်းကို ဝတ္ထုပုရေဇာတနိဿယလို့ ခေါ်ပါတယ်တဲ့။ အဲ့ဒါ ဝတ္ထုပုရေဇာတနိဿယ။ ဒါကြောင့်မို့လို့ အခု ပစ္စည်းက ရုပ်၊ ပစ္စယုပ္ပန်က နာမ်ဖြစ်သောကြောင့် ဝိပ္ပယုတ္တရပေါ့။ ဒါကတော့ ဝတ္ထုပုရေဇာတဝိပ္ပယုတ္တပေါ့။ အဲ့လိုလည်း မှတ်သားရမယ်ပေါ့။
ကိုင်း ဒါကြောင့် အခု ဝတ္ထုပုရေဇာတဆိုတာကတော့ ဒါရုပ်တရားတွေဖြစ်လို့ အဲ့ဒါ သဘောပေါက်ရမယ်။ အဲ သူကတော့ ကိုယ်တော်တို့ကို ဌီအခိုက်မှာ ကျေးဇူးပြုမှာပဲပေါ့။ ဒါကြောင့် စာမျက်နှာ ၃၂၊ ၃၃ ကိုယ်တော်တို့ ပါဠိတော်ရှိတယ်ပေါ့။
အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ စက္ခာယတနံ စက္ခုဝိညာဏဿ... ဝတ္ထု ဝိပါကဗျာကတာနံ ကိရိယာဗျာကတာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ အဗျာကတော ဓမ္မော ကုသလဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ ဝတ္ထု ကုသလာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ အဗျာကတော ဓမ္မော အကုသလဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ ဝတ္ထု အကုသလာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။
အဲ့ဒါတော့ ပါဠိတော်။ ကိုင်း ကိုယ်တော်တို့ရေ အဲ့ဒီပါဠိတော်ကို နှစ်ခေါက်လောက် ကြည့်ရွတ်မယ်။ ဒါ တတိယအခေါက်ဆို အလွတ်ရွတ်နိုင်လောက်ပြီသား။ အရှေ့မှာလည်း တွေ့ခဲ့ပြီးသား။ ဟုတ်လားဗျာ။ ကိုင်း ဒါကြောင့်မို့ ဆိုကြည့်ရအောင်ဗျ။ အဲ့ဒီ ကိုယ်တော်တို့ စက္ခာယတနံ စက္ခုဝိညာဏဿတို့က ပဉ္စဝတ္ထု၊ ပဉ္စဝိညာဉ်။ နောက် ဝတ္ထု ဝိပါကဗျာကတာနံ၊ ကိရိယာဗျာကတာနံ ခန္ဓာနံ။ အဲ့ဒါလေး ကောက်တာလေးကို ဒီလိုကြည့်ကြမယ်ပေါ့။
ဗျာကတော ဗျာကတဿ။ မရဏာသန္နဇောမှတစ်ပါးသော ပဉ္စဝေါကာရဘုံ၌ဖြစ်၍ ဌီအခိုက်၌ ဥပါဒ်သော ပဉ္စဝတ္ထု။ အဲ့တော့ အဲ့ဒီမှာ လက်သည်းကွင်းလေးပြထားတဲ့ မရဏာသန္နအခါ စက္ခုဝိညာဉ်၌ တပ်သော စုတိမှပြန်၍ ရေသော ၁၇ ချက်သော စိတ်ထဲမှာ ဟဒယ၊ စက္ခုဝတ္ထု အရကောက်ထဲတော့ မပါဘူး။ ဒီဥစ္စာတွေက ဒီမရဏာသန္နအခါမှာဖြစ်နေတဲ့ မရဏာသန္နဝိညာဉ်ပေါ့ဗျ။ ပဉ္စဝတ္ထု၊ ပဉ္စဝိညာဉ်တို့ အဲ့ဒီမှာလည်း ရထိုက်သေးတယ်။ အဲ့ဒီ ရထိုက်သေးတယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ ကိုယ်တော်တို့ အခု စာမျက်နှာ ၃၄၊ ၃၅ တို့ နည်းနည်းလေး ပါးပါးလေး ပြန်ကြည့်။ စာမျက်နှာ ၃၄ ရဲ့ ဟိုအောက်နားမှာဆိုလို့ရှိရင် သမာပတ်မှာ ဝင်စားသော ဝတ္ထုပုရေဇာတ... အောက်က ရှိတယ်။ နောက်ပြီးကျတော့ အဲ့ဒါပြီးတော့ ဟဒယဝတ္ထု။ ထိုမှတစ်ပါးသော ဟဒယဝတ္ထုသုံးမျိုးတဲ့။ တွေ့လား။
တွေ့ပါတယ်။ ဝီထိချတာတွေ ဝီထိချပြီးတော့မှ ကြည့်လိုက်မယ်ပေါ့ဗျာ။ စာမျက်နှာ ၂၄ မှာ ဝီထိပါပြီးသားဖြစ်လို့ ဒီမှာတော့ ဝီထိက မချတော့ဘူး။ နေရာတွေ ကျယ်ကုန်မှာ ကြောက်လို့။ ဟုတ်လားဗျ။ အဲ့တော့ ဟဒယဝတ္ထုသုံးမျိုးတဲ့။ ဟဒယဝတ္ထုက သဟဇာတဟဒယဝတ္ထု (ပဋိသန္ဓေအခါ၌သာ ကျေးဇူးပြုတယ်)၊ ပုရေဇာတဟဒယဝတ္ထု (ပဝတ္တိအခါ၌သာ ကျေးဇူးပြုတယ်)၊ ဝတ္ထုပုရေဇာတဟဒယဝတ္ထု (သေခါနီးအခါမှာ ဖြစ်တယ်) ပေါ့။ အဲ့ဒီမှာ ကိုယ်တော်တို့ အသေးစိတ်ဖတ်ကြည့်လိုက်ပေါ့။ ဒီသဟဇာတဟဒယဝတ္ထုဆိုတာကလည်းပဲ ဒီမှာ အဲ့ဒီသဘောတရား နောက်ဆုံးပဲ။ အဲ့ဒီ ဝတ္ထုပုရေဇာတဟဒယဝတ္ထုက ရုပ်လေးပါးတို့ နောက်ဆုံးချုပ်ပုံဆိုတော့ မရဏာသန္နအခါ၌ စုတိစိတ်တော် ပဋိသန္ဓေ၊ သရသမ၊ သိတိ၊ ဘင်္ဂါ၊ ဥပါဒ်၊ ဘာညာဆိုပြီးတော့ ပုရေဇာတ၊ ဇာတိ။ တွေ့လား။
အဲ့ဒါ အောက်နည်းနည်းလေး ဆက်သွားမယ်ဆိုလို့ရှိရင် ဝတ္ထုခြောက်ပါးတွင် ပဉ္စဒွါရဝီထိဖြင့် သေရမည့်သူဖြစ်ရင် ပဉ္စဝတ္ထု။ ဟော ဒါ ဒီအတွက်ပေါ့။ ဟုတ်လား။ ခုနက ကောက်တဲ့ဥစ္စာလေ။ အဲ့ဒါ မရဏာသန္နဝိညာဉ်၌ တပ်သော စုတိစိတ်မှပြန်၍ ရေသော ၁၇ ချက်မြောက်သော စိတ်နှင့်တူပသော စက္ခုဝတ္ထု၊ ကာယဝတ္ထုစသည်တို့အား ဒီဥစ္စာပြောတာ။ ဟုတ်လားဗျ။
တင်ပါ့။
ပဉ္စဒွါရဝီထိဖြင့် တရားမဲ့သူဖြစ်ရင်...
ပဉ္စဝတ္ထု။
ပဉ္စဝတ္ထု။ မနောဒွါရဝီထိဖြင့် တရားမဲ့သူဖြစ်လျှင်...
ဟဒယဝတ္ထု။
ဟဒယဝတ္ထု ရှိကြတယ်တဲ့။ အဲ့မှာ ကိုယ်တော်တို့က မရဏာသန္နဝတ္ထုတို့ စာအုပ်ထဲ ဘယ်လောက်ရှိတယ်။
၃၄။
၃၀ နဲ့။
လေးမျိုးတောင်ရှိတယ်။ သာဝတ္ထိ။ ကိုင်း မှတ်မိ။ ကိုယ်တော်တို့ အဲ့မှာ တွေ့ဖူးသွားတာပေါ့ဗျာ။ ဟုတ်လား။ ကိုင်း မရဏာသန္နဝီထိ ဘယ်လောက်ရှိလဲလို့ မေးကြည့်လိုက်ပေါ့ဗျာ။ အဲ့တော့ သေးသေးတင်တင် သွားမမေးနဲ့။ ကြီးကြီးကျယ်ကျယ်ပုဂ္ဂိုလ် သွားမေးလိုက်။ မရဏာသန္နဝီထိ ဘယ်လောက်ရှိသလဲ ပြောလို့ သွားမေးလိုက်လို့ရှိရင်တော့ ရှိချင်သလောက်ရှိတယ်ပေါ့ဗျာ။ ဒီလိုဖြစ်မှာပေါ့။ အဲ့ထဲမှာ ဘယ်လောက်ရှိတုန်း။
၃ ပါ။
ကိုင်း အဲ့ဒါပဲ ကိုယ်တော်တို့ရေ။ အဲ့တော့ စုတိစိတ်မှပြန်၍ ရေမယ်ဆိုရင် ၁၇ ချက်မြောက် နောက်ဆုံးဝတ္ထုကို အမှီပြုကြတယ်။ တဲ့။ ထို ၁၇ ချက်သော နာမ်တရားများမှာ မှီရာဝတ္ထုတစ်ခုမျှ မရှိကြသော်လည်းပဲ နောက်ဆုံးဝတ္ထုရုပ်ကိုသာ အာရုံပြုသောအားဖြင့်...
မှီ၍တည်ကြ။
မှီ၍နေကြတယ်။ ဤသည်ကိုပင်လျှင် ဘာပါလိမ့်။
ဝတ္ထုပုရေဇာတ။
ဝတ္ထုပုရေဇာတနိဿယလို့ ခေါ်ကြပါတယ်တဲ့။ ထိုသို့ သေခါနီးမှာ အာရုံပြုသောအားဖြင့် မှီကြရသော မနောဓာတ်၊ မနောဝိညာဏဓာတ် စိတ်စေတသိက်များသည် မိမိဟဒယရုပ်နှင့် အတူတကွ ပြိုင်တူချုပ်ကြရတယ်တဲ့။ ဤသည်ကိုပင်လျှင် ကိုယ်တော်တို့...
ဤသည်လျှင်။
ဒိုင်း။ ဟုတ်လားဟေ့။ ဟုတ်လားဗျာ။ D လား။
ဒိုင်းပါ။
အေး၊ အင်္ဂလိပ်လိုက သေတာကို ဘာတဲ့ဗျ။
Die ဟမ်။
ဟမ်။
D.I.E.
အင်္ဂလိပ်လိုက ဘယ်လိုဗျ။
Die။ အေးပေါ့ဗျာ။ ဟုတ်လား။ ဆိုတဲ့အတိုင်း သေနတ်နဲ့ပစ်ပြီးတော့ သေရောပေါ့။ ဟုတ်လား။ အေး သေခါနီးမှာ ဆိုကြတယ်။ ဤသည်ပင်လျှင် ဝတ္ထုပုရေဇာတသဘောပါပဲတဲ့ဗျ။ ကိုင်း ဒါတော့ ပါးပါးလေး သိသွားပြီ။ ဒါဆိုလို့ရှိရင် အရကောက်ထဲမှာ မပါပေမဲ့လို့ သဘောအားဖြင့် မရဏာသန္န စက္ခုဝိညာဉ်၌ တပ်သော စုတိစိတ်မှပြန်၍ ရေသော ၁၇ ချက်မြောက်သော စက္ခုဝတ္ထုစသည်ဖြင့် ရနိုင်သေး။ ဒါလေးတော့ သဘောထား၊ ထည့်တော့မဆိုတော့နဲ့ပေါ့ဗျာ။ တရားထက်တော့ မပါဘူးဆိုတော့ ရသင့်တယ်။ ဘယ်လို။
ရသင့်တယ်။
ရသင့်တယ်။ တွေ့တယ်မဟုတ်လား ခုနကပြောပြတာလေ။
မှန်ပါ့။
နောက်လာခဲ့။ ပစ္စယုပ္ပန် ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက် ၄၊ ဒွေပဉ္စဝိညာဉ် ၁၀၊ စေတသိက် ၃၃၊ ပထမဘဝင်အစရှိသော နောက်နောက်သော ဥပါဒ်၊ ဌီ၊ ဘင်၊ ပဋိသန္ဓေအစရှိသော စိတ်နှင့်တူပသော ဟဒယဝတ္ထု။ ဟုတ်လားဗျ။ ဒါက ပဋိသန္ဓေအခါမှာဖြစ်တဲ့ ဟဒယဝတ္ထုတစ်မျိုး မှတ်ခဲ့ပါ။ နောက် နိရောဓသမာပတ်မှ ထသောအခါ အနာဂါမိဖိုလ်စိတ်၏ ရှေ့စိတ္တက္ခဏတစ်ချက်အခါ၌ ဖြစ်သော ဟဒယဝတ္ထု။ ဒါကို ကိုယ်တော်တို့ စာမျက်နှာ ၃၄ မှာ ကိုယ်တော်တို့ အဲ့မှာ ရှင်းပြထားတာရှိတယ်။ နောက်လာခဲ့ ခုနက မရဏာသန္နအခါ ပဉ္စဝေါကာရဘုံ ၁၅၊ အပါယ် ၄၊ မနုဿ ၁၊ စတုမဟာရာဇ် ၁၊ ဝသဝတ္တီ ၁၊ ဤဘုံ၌ သေလတ္တံ့သော သူတို့အား တရုံ၊ စုတိစိတ်မှပြန်၍ ရေသော ၁၇ ချက်သော စိတ်နှင့်တူသော ဟဒယဝတ္ထု။ အထက်က ပဉ္စဝတ္ထု၊ အောက်က ဟဒယဝတ္ထု။ ဟုတ်လားဗျာ။ ဟဒယဝတ္ထု ပစ္စည်းတရားရ၏။ အဲ့တော့ ပြန်ပြောမယ်ဆိုလို့ရှိရင် ဝတ္ထု၊ ဝိပါကဗျာကတ၊ ကိရိယာဗျာကတ ခန္ဓာနံက သုံးမျိုးကောက်တယ်ပေါ့။ ပဋိသန္ဓေအခါမှာဖြစ်တဲ့ ဟဒယဝတ္ထု၊ ဟုတ်လားဗျာ။ နိရောဓသမာပတ်မှ ထသောအခါမှာ ရှေ့စိတ္တက္ခဏတစ်ချက်အခါ၌ ဖြစ်တဲ့ ဟဒယဝတ္ထု၊ မရဏာသန္န ပဉ္စဝေါကာရဘုံ ဘာညာပေါ့၊ စုတိစိတ်မှပြန်၍ ရေသော ၁၇ ချက်သော စိတ်နှင့်တူအပ်သော ဟဒယဝတ္ထု။ ဘယ်နှမျိုးပါ။
သုံးမျိုး။
အဲ သုံးမျိုးရှိတယ်။ ဒီလိုသဘောပေါက်ခဲ့။ အဲ့လိုဆိုရင် ဗျာကတော ဗျာကတဿ အရကောက် ပြီးသွားပြီ။ ကြည့်လိုက်။ ပစ္စယုပ္ပန် ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက် ၄၊ ဒွေပဉ္စဝိညာဉ် ၁၀၊ ကိရိယာစိတ် ၁၁၊ စေတသိက် ၅၂၊ ဤသာ ပစ္စယုပ္ပန်တရားရ၏။ အဲ့ဒီမှာ ကိုယ်တော်တို့ ပုရေဇာတပစ္စယေနဟူသော ပုဒ်၌ ရေးရာ၌ တစ်ပြိုင်နက် ရအပ်သော ဒါက ဘယ်နှပစ္စည်းပါဘုရား။
၇ ပစ္စည်း။
၇ ပစ္စည်းကို ဝတ္ထု၊ ခုနက ဘယ်ဘက်က ခြောက်ခု၊ ခြောက်ခုထဲမှာ ဘာထည့်မယ်။
အာရမ္မဏ။
အာရမ္မဏထည့်မယ်။ အဲ့တော့ အာရမ္မဏ၊ ပုရေဇာတ၊ အာရမ္မဏနိဿယ၊ ဣန္ဒြိယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ။ ၇ ပစ္စည်း သတ္တိတို့တွင် ဝတ္ထုပုရေဇာတဟု ဆိုအပ်သော သတ္တိဝိသေသတည်း။ ထိုသို့သောတို့တွင် အရကောက် ပဓာနအားဖြင့် ကောက်အပ်၏။ ဟုတ်လားဗျ။ ကောက်အပ်၏။ ဗျာကတော ဗျာကတဿကို ကိုယ်တော်တို့ရေ အဲ့ဒီက အဓိက ပဋိသန္ဓေအခါမှာ ဟဒယဝတ္ထု၊ အဲ့ဒီ ဟဒယဝတ္ထုသုံးမျိုးကို သေချာမှတ်မိအောင်ဆိုပြီးကျတော့ ကိုယ်တော်တို့ သုံးခေါက်လောက် ကြည့်ဆိုမယ်။ နောက်တစ်ခေါက်ကျလို့ရှိရင် အလွတ်ဆိုနေအောင် ကြိုးစားရမယ်။ ဟုတ်လား။ အလွတ်ဆိုနေအောင် ဘာတဲ့။ ကြိုးစားရမယ်။ ကိုင်း ဆိုကြည့်ရအောင်။
အဗျာကတော ကုသလဿ ဓမ္မဿ၌ ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ နောက်နောက်သော ကုသိုလ်စိတ် ၂၁၊ နောက်နောက်သော စေတသိက် ၃၈၊ အစရှိသော ရှေးရှေးသော စိတ်နှင့်တူပသော ဟဒယဝတ္ထု၊ မရဏာသန္နကုသိုလ်ဇော၌ တပ်သော စုတိစိတ်မှပြန်၍ ရေသော ၁၇ ချက်သော စိတ်နှင့်အတူပသော ဟဒယဝတ္ထု ပစ္စည်းတရားရ၏။ ကုသလဿ ဓမ္မဿဟူသော သာမညပုဒ်၏ အရကောက်ကား ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ ကုသိုလ်စိတ် ၂၁၊ စေတသိက် ၃၈ ပစ္စယုပ္ပန်တရားရ၏။ ပုရေဇာတပစ္စယေနဟူသော ပုဒ်၌ အရကောက် တစ်ပြိုင်နက် ရအပ်သော ဣန္ဒြိယကျန် ခုန ၇ ပစ္စည်းတရား ဘာလဲဗျ။ ဣန္ဒြိယကျန်ပေါ့။ ပုရေဇာတ၊ အာရမ္မဏ၊ နိဿယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ။ ၆ ပစ္စည်း သတ္တိတို့တွင် ဝတ္ထုပုရေဇာတဟု ဆိုအပ်သော သတ္တိဝိသေသတည်း။ ထိုသုံးပါးတို့တွင် အရကောက် ပဓာနဖြစ်တည်း။
အဲ့တော့ ဒီဥစ္စာထဲကို ဘာဖြစ်လို့ အာရမ္မဏဝင်နိုင်တာလဲလို့ဆိုလို့ရှိရင် ကိုယ်တော်တို့ အပေါ်က ဟဒယဝတ္ထုကောက်တဲ့အခါ ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါဆိုတာကတော့ ဝတ္ထုပုပေါ့။ အောက် မရဏာသန္နကုသိုလ်ဇော၌ တပ်သောဆိုတာက ဝတ္ထုပုရေဇာတ။ ဒါတွေဝင်တဲ့အတွက်ကြောင့်မို့လို့ အာရမ္မဏဝင်လာတာ။ ဟုတ်လားဗျ။ အဲ့လိုသဘောပါ။ ကိုင်း ဒါလေးကတော့ နှစ်ခေါက်တည်းနဲ့ အလွတ်မရဘူးလား။
ရပါတယ်။
ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။
ကိုင်း အဲ့လိုဆိုလို့ရှိရင် တစ်ခေါက်က ကြည့်ဆိုမယ်၊ တစ်ခေါက်က အလွတ်ဆိုရအောင်။ ဆိုရအောင်ဗျ။ အဲ့တော့ ကိုယ်တော်တို့ စာအုပ်စာမျက်နှာ ၇၀၊ သဝါရိတ္ထ အရကောက်အညွှန်းနဲ့ တွေ့လား။
မှန်ပါ။
ပညာဝါရကတ္တားစ၍ တရားအရတူတဲ့ ပညာဝါရအရကတ္တားသည်လျှင် ပညာဝါရကတ္တားအရသည်ဖြစ်လျှင် သဝါရိတ္ထအရ ဖြစ်လာကြောင်းကို ဖော်ပြခဲ့တယ်၊ ဖော်ပြခဲ့ပါပြီတဲ့။ အခု အဲ့လိုဆိုလို့ရှိရင် အခု ၇၃ ကို ကြည့်လိုက်။ ခုနက တို့အထက်က ၇၃ ဆိုလို့ရှိရင် အောက်ဆုံး နိဿယ၊ နိဿယ၊ နိဿယဆိုလို့ရှိရင် ကု၊ ကုလို့ မတွေ့ဘူးလား။ ကိုယ်တော်တို့ နိဿယဆိုလို့ရှိရင် ဖြစ်သောအခါ နောက်ဆုံးသောစိတ်၊ ဝတ္ထုပုရေဇာတ၊ မနုဿ၊ ကုသိုလ်ဇောစိတ်နှင့် ဟဒယဝတ္ထု၊ မရဏာသန္နကုသိုလ်ဇော ၅၀ တပ်သော စုတိစိတ်မှပြန်၍ ရေသော ချက်ချင်းမြောက်သော စိတ်နှင့်တူသော ဟဒယဝတ္ထု မပါဘူးလား။
ပါတယ်။
အတူတူပဲ။ အတူတူပဲ မဟုတ်ဘူးလားဟေ့။
မှန်ပါ။
အတူတူပဲ။ တစ်လုံးမှမလွဲဘူးဗျ။ တစ်လုံးမှ ဘာတဲ့။
မလွဲဘူး။ အဲ့ဒီတော့ စာမျက်နှာ ၇၆ သွား။ စာမျက်နှာ ၇၆။ ကဲ အဲ့ ဝိပ္ပယုတ္တ။ အဲ့ ဝိပ္ပယုတ္တကလည်း ကိုယ်တော်တို့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် အဲ့ဒီ ဝိပ္ပယုတ္တ ကုသလဿ၊ ကုသလံ။ အဲ့ဒီ ဝတ္ထုပုရေဇာတ တွေ့တယ်မဟုတ်လား။ ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ နောက်နောက်သော ကုသိုလ်စိတ် ၂၁၊ စေတသိက် ၃၈၊ ဟဒယဝတ္ထု၊ မနောဝိညာဉ်။ တွေ့တူလား။
တူတူပဲ။ မရဏာသန္နကုသိုလ်ဇော ငါးချက်တပ်သော စုတိစိတ်မှပြန်၍ ရေသော... တွေ့လား။
တင်ပါ့ဘုရား။
တွေ့လားဟေ့။
တွေ့ပါတယ်။
ဪ ကိုယ်တော်တို့ ဒီရတာနဲ့ ဟိုမရဘူးလား။
ရပါတယ်။
ဒီမရရင်...
ဟိုမရဘူး။
ဟိုမရဘူး။ ဒီအရင်ရရင်...
ဟိုက...
ဟိုရရင် ဒီရရင်...
ရမယ်။
ရပြီ။ ကိုင်း အဲ့လိုဆိုရင် ဘယ်လိုလုပ်သင့်လဲဆိုတာ သိပြီလား။
မသိပါဘူး။
ဟုတ်ပြီ ဟုတ်ပြီ။ မနိုင်အောင်...
မအောင်။
မနိုင်အောင်ပေါ့ဗျာ။ ဟုတ်လားဗျ။ အဲ ကိုယ်တော်တို့က ညတုန်းက အရှုံးသမားတွေလား၊ အနိုင်သမားတွေလား မသိဘူး။ တို့က သိပ်စိတ်တွေ ငြိမ်သက်နေတယ်။
အနိုင်သမားတွေ။
အနိုင်ရတဲ့ပုဂ္ဂိုလ်က နည်းတယ်ဗျ။ ဟုတ်လားဗျ။ ဝမ်းသာအားရတော့ဗျာ ဘယ်ပြောကောင်းမလဲ။ အရသာရှိရှိ...
အာမှန်။ ချက်ချင်း နည်းနည်းလေး အိပ်ချင်နေတာတော့ နည်းနည်းလေး ဟောပြောလိုက်မယ်။ ကိုယ်တော်တို့ အိပ်ချင်တာမဟုတ်ဘူး၊ ဒီက အိပ်ချင်နေတာ။ ဧည့်သည်လာတာနဲ့ဆိုတော့။ ကိုင်း ဒါကြောင့် ကိုယ်တော်တို့ရေ အရှုံးသမားတော့ မဖြစ်စေနဲ့ဗျ။ ဟုတ်လား။ အခု တို့ဘုန်းဘုန်းဘဝမှာတော့ နှလုံးသားနဲ့ပဲ။ ဟုတ်လားဗျာ။ အစောမှာ ဟုတ်လား။ အဲ့ ဟဒယဝတ္ထု တွေ့လား။
တွေ့ပါတယ်။
ကိုင်း အဗျာကတော ကုသလဿကျရင် အဗျာကတော အကုသလဿ။ အရှုံးသမားလာပြီပေါ့ဗျာ။ ဟုတ်လား။ အဗျာကတော အကုသလဿ၌ အဗျာကတော ဓမ္မော ကတ္တား ပုရေဇာတ ပစ္စယုပ္ပန် ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ နောက်နောက်သော အကုသိုလ်စိတ် ၁၂၊ စေတသိက် ၂၇၊ အစရှိသော ရှေးရှေးသော စိတ်နှင့်တူပသော ဟဒယဝတ္ထု၊ မရဏာသန္နအကုသိုလ်ဇော ၇ ချက်တပ်သော စုတိစိတ်မှပြန်၍ ရေသော ၁၇ ချက်မြောက်သော ဟဒယဝတ္ထု ပစ္စည်းတရားရ၏။ အကုသလဿဟူသော သာမညပုဒ်၏ အရကောက်ကား ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ နောက်နောက်သော အကုသိုလ်စိတ် ၁၂၊ စေတသိက် ၂၇ ပစ္စယုပ္ပန်တရားရ၏။ စေတသိက် ၂၇ က ဝိစိကိစ္ဆာကျန်ပေါ့။ ဟုတ်လားဗျ။ ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ နောက်နောက်သော အကုသိုလ်စိတ် ၁၂၊ စေတသိက် ၂၇ ပစ္စယုပ္ပန်တရားရ၏။ အဲ့ စာမျက်နှာ ၁၄ က အဲ့ဒါ ဝတ္ထုပုရေဇာတဝင်တဲ့အတွက်ကြောင့်မို့လို့ ၈ ပစ္စည်းလုံးရတယ်နော်။ ဟုတ်လား။
ပြောပါတယ်။
မှတ်မိသေးလားဟေ့။
မှန်ပါတယ်။
ဒါ ဟုတ်ပြီ ဟုတ်ပြီလား။ အဲ့ဒါ ဝတ္ထုပုရေဇာတဝင်လို့ ၈ ပစ္စည်းရတယ်လို့ ဒီလိုသဘောပေါက်။ အခုဆိုရင်လေ ပုရေဇာတပစ္စယေနဟူသော ပုဒ်၌ တစ်ပြိုင်နက် ရအပ်သော နိဿယ၊ အာရမ္မဏ၊ အာရမ္မဏာဓိပတိ၊ အာရမ္မဏူပနိဿယ၊ ပုရေဇာတ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ။ ပုရေဇာတ ထိပ်ဆုံးထားလိုက်ပါဗျ။ သတ္တိတို့တွင် ဝတ္ထုပုရေဇာတဟု ဆိုအပ်သော သတ္တိဝိသေသတည်း။ ထိုသို့သောတို့တွင် အရကောက် ပဓာနအားဖြင့် ကောက်အပ်၏။ ကဲ ဒါလည်း နှစ်ခေါက်နဲ့ မရနိုင်ဘူးလား။
ရနိုင်ပါတယ်။
ကိုင်း နှစ်ခေါက်တည်းပဲ ကောက်ရအောင်ပေါ့ဗျာ။ ဆိုရအောင်။ အဲ့တော့ ဝတ္ထုပုရေဇာတိန္ဒြိယကတော့ နောက်မှပြောရအောင်ပေါ့ဗျာ။ ခု ဝတ္ထုပုရေဇာတ၊ အာရမ္မဏပုရေဇာတ နှစ်ခုပေါင်းကြရအောင်ပေါ့။ အဲ့လိုပေါင်းကြတဲ့အခါကျရင် ကိုယ်တော်တို့က စာမျက်နှာ ၂၂၊ ၃၂ ကို ကြည့်ရမယ်။ အာရမ္မဏပုရေဇာတအတွက်က ၂၂၊ ဝတ္ထုပုရေဇာတအတွက်က...
၃၂။
၃၂။ အဲ့ဒီ စာမျက်နှာ ၂၂ မှာဆိုလို့ရှိရင် အောက်နားမှာ ကိုယ်တော် ပြောပြီးသားလေ။ အာရမ္မဏအတွက်ကို အဲ့ဒီမှာ ကြက်ခြေခတ်ပြထားတဲ့ ရုပ်ပစ္စည်း ကတ္တားအရတွေကို ရွေးချယ်ပြီးတော့ ဆိုရမယ်လို့ ဟိုတုန်းကလည်း ဆိုခဲ့ဖူးလား။
ဆိုခဲ့ပါတယ်။
ဆိုခဲ့တယ်။ ဘာမှမခက်ဘူးလေ။ ဟုတ်လားဗျ။ ဆိုပုံဆိုနည်းလေးကို ပြောပြဦးမှာပေါ့။
အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ အာရမ္မဏပုရေဇာတံ။ အရဟံ ဇာတ်ကုဏိတ္တော အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ။ ယောဂါ ဒုက္ခတော ဇာတ်ကုဏာ ရူပံ ပဿတိ၊ သောတာယ သဒ္ဒံ သုဏာတိ။ ရူပါယတနံ စက္ခုဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။ ဒါက အာရမ္မဏပုရေဇာတ မဟုတ်ဘူးလား။
ဟုတ်ပါတယ်။
ကြည့်ပြီးဆိုရင် ဝတ္ထုပုရေဇာတံ ၃၂ သွားပေါ့။ စက္ခာယတနံ စက္ခုဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။ ကာယာယတနံ ကာယဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။ ဝတ္ထု ဝိပါကဗျာကတာနံ၊ ကိရိယာဗျာကတာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ အဲ ကျန်တဲ့ ဗျာကတော ကုသလနဲ့ ဗျာကတော အကုသလကလည်း ထိုနည်းလည်းကောင်း ဆိုပေါ့ဗျာ။ မဆိုနိုင်လောက်ဘူးလား။
ဆိုနိုင်ပါတယ်။
ကိုင်း ဒါလည်းပဲ ပါဠိနှစ်ခေါက် ပူဇော်ရအောင်ဗျ။ နှစ်ခေါက်ဆိုရင် မရနိုင်ဘူးလား။
ဒါ လွယ်လွယ်လေး ရခဲ့ပြီးသားတွေလေ။ ကိုင်း ဆိုရအောင်ဗျ။ အဲ့တော့ ကိုယ်တော်တို့ ခုနက ပုရေဇာတကတော ဓမ္မော ဗျာကတံ ပုရေဇာတပစ္စယေန ပစ္စယော။ အဲ့ဒီမှာ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ဘယ်နှမျိုးပါလိမ့်။ နောက် အဗျာကတော ဓမ္မော ကုသလဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယောဆိုလို့ရှိရင်လည်းပဲ အာရမ္မဏပုရေဇာတံ...
ဝတ္ထုပုရေဇာတံ။
အဲ့တော့ အဗျာကတော ဓမ္မော ဗျာကတဿ ဓမ္မဿ၊ အေး ဗျာကတော ဓမ္မော ကုသလဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော၌ ကတ္တားအရကို ကောက်ပြခဲ့ပါလို့မေးရင် ဘယ်နှစ်ချက်ကောက်မှာလဲ။
နှစ်ချက်။
ဘယ်နှချက်ကောက်မတုန်း။
နှစ်ချက်။
အဲ နှစ်ချက်ကောက်ရမယ်လို့ မှတ်ပါ။ မေးစရာမဟုတ်လား။
မှန်ပါ။
သာမညဝစနံ...
သဗ္ဗတ္ထဂါမိ။
သဗ္ဗတ္ထဂါမိ။ သာမညစကားဟာတွေက အကုန်လုံးနဲ့ မဆက်ဆံဘူးလား။
ဆက်ဆံပါတယ်။
အဲ ဆက်ဆံတယ်။ ဒီလိုသဘောပေါက်။ ဟုတ်လားဗျာ။ ကိုယ်တော်တို့ နှိုးဆော်တဲ့အနေနဲ့ ပြောမယ်ဆိုလို့ရှိရင်တော့ ဒါ ပြည့်ပြည့်စုံစုံဆိုတာတော့ ကိုယ်တော်တို့ ဒါလေးတော့ သတိပေးလိုက်တဲ့စကားလေး။ သာသနာမရ...
ဖြစ်ပါတယ်။
အဲ့ဒါ အခု ပြည့်စုံစုံဆိုတာကတော့ ကိုယ်တော်တို့ ဒီဥစ္စာ ဟင်း ဒါလည်းရှိနေပြီ။ အချက်ပြလိုက်တာ မဟုတ်ဘူးလား။
အချက်မပြလည်း နှစ်ခုဖြေရမှာပဲ။ အချက်ပြရင်လည်း ဖြေရမှာပဲ။ ဟုတ်တယ်မလား။
မှန်ပါ။
အဲ့သလို သဘောပေါက်ပေါ့။ ကိုင်း ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ရေ၊ ဒါကြောင့်မို့လို့ စာအုပ်စာမျက်နှာ ၃၃ ဟိုအောက်နားမှာဆိုလို့ရှိရင်လည်း ပြောပြထားတယ်ပေါ့။ မျိုးကွဲရှိသော ပစ္စည်းများ၌ ပါဠိတော်ကို အလေးပေးကြည့်ပါရ။ တွေ့လား။
မှန်ပါ။
အဲ့လိုမဟုတ်ခဲ့ဘူးဆိုလို့ရှိရင် ဆရာတော်က ပုစ္ဆာထုတ်နေရတာ အကြာကြီးပေါ့ဗျာ။ ဟိုမေးခွန်း၊ ဒီမေးခွန်း၊ အစိုးရကလည်း မေးတယ်ပေါ့။ အဲ့တော့လည်းပဲ အရှင်ဘုရားတို့ အခု သံဃာတော်တွေက ပါဠိတော်ကို အားမကိုးတဲ့အတွက်ကြောင့်၊ ပါဠိတော်ကို မကြည့်တဲ့အတွက်ကြောင့်လို့ မေးလိုက်ရင် အဲ့ဒီ ၃ မျိုးရှိနေရင် တစ်မျိုးပဲ ဖြေနိုင်တယ်။ ၅ မျိုးရှိနေရင်လည်း တစ်မျိုးပဲ ဖြေနိုင်တယ်။ တစ်မျိုးပဲ မြင်တယ်ပေါ့။ အဲ့လိုဖြစ်နေကြတယ်။ အဲ့ဒါက မူရင်းပါဠိတော်ကို မကြည့်လို့။ အဲ့လိုသဘောပေါက်လာတယ်။ ဒါကြောင့် ဒီမှာနေတဲ့အခါမှာ အဲ့ဒီစာတွေ အပြန်အလှန် ထည့်ထားရတာ။ ဟုတ်လားဗျ။ အဲ့ စာမျက်နှာ ၄ မှာဆိုလို့ရှိရင်လည်းပဲ ကိုယ်တော်တို့ နမူနာ၊ နိဿယပစ္စည်း နမူနာတစ်ခု ကောက်ကြည့်ပါဆိုပြီးတော့ ဖော်ပြထားတာရှိတယ်။ အဲ့သလိုတွေ အရှင်ဘုရားတို့ရေ လက်တွေ့လက်တွေ့ မေးကြည့်တော့လည်းပဲ အရှင်ဘုရားတို့ တပည့်တော် အခုမေးတယ်ပေါ့။ မေးကြည့်လိုက်ဖူးတယ်။ အဲ့ဒါ ဘယ်တော့မှ ကိုယ်တော်တို့ အပြည့်အစုံ မရကြဘူး။ အဲ့လိုတွေ့ရတယ်ပေါ့။ အဲ့ဒါ တဖြည်းဖြည်းနဲ့ ပုစ္ဆာလည်းလုပ်၊ စာလည်းချ၊ တို့ရေ လိုအပ်ချက်တွေကို သိရှိလာကြတယ်။ ဒါကြောင့်မို့လို့ သာမညမေးမယ်ဆိုရင်တောင်မှပဲ နှစ်ချက်ဖြေရမယ်။ နှစ်ချက်ရှိသလား။ သုံးချက်ရှိသလား။ လေးချက်ရှိသလား။ ငါးချက်ရှိသလားလို့ ဒီလိုဖြေရတယ်ပေါ့။
စောစောကတော့ ကြိုတင်ပြီးတော့ နည်းနည်းပြင်ဆင်နိုင်အောင်ပေါ့။ ဆိုပါတော့ ဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ ဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယောဆိုလို့ရှိရင် အတ္ထိက ငါးမျိုးရှိတယ်ပေါ့ဗျို့။ သင်ယူဖူးပါတယ်မဟုတ်လား။
မှန်ပါ။
အဲ့ဒီတော့ ငါးမျိုးဆိုတဲ့တရားကိုပဲ ကိုယ်တော်တို့ အခု ကတ္တား ဘယ်နှချက်ကောက်တုန်း။
ငါးချက်။
ကြက်ခြေခတ်ထားပေါ့။ ကိုင်း ဘယ်နှချက်ကောက်မှာတုန်းဗျ။ ကြက်ခြေခတ်ပဲ။
နှစ်ချက်။
ကြက်ခြေခတ်ပဲ။ ကိုင်း ၅ သမားကလည်း ကြက်ခြေခတ်၊ ၆ သမားကလည်း ကြက်ခြေခတ်၊ ၇ ချက်သမားကလည်း၊ အခု ၉ ချက်သမားကလည်း ကြက်ခြေခတ်ပဲ။ ဟာ ဘာမှန်တာရှိသေးလို့လဲ ပြောစရာမရှိဘူးလား။ မရှိဘူးလား။ ဘယ်နှချက်ပဲတုန်းဗျ။
ဘယ်နှချက်တုန်း။
ရှစ်ချက်။
ရှစ်ချက်။ ဟုတ်လားဗျ။ ရှစ်ချက်မှာ ဘုန်းကြီး ခုနက ရှစ်ချက်ကလည်းပဲ အဲ့ဒါ ဖြစ်ကတတ်ဆန်းလိုက်တာဆိုတော့ ဘယ်လို အခု ဒီမှာပြထားပြီးလည်း အခု ပုရေဇာတကို ပုရေဇာတံဆိုရင် နှစ်ချက်မရှိဘူးလား။
ရှိပါတယ်။ သင်္ချာ။ ကိုယ်တော် ပုရေဇာတ၊ ပုရေဇာတိဆိုတာ အတ္ထိပစ္စည်းမှာ ရှိတယ်လေ။ ပုရေဇာတံဆိုရင် တစ်ချက်ကောက်ရမယ်။ ပုရေဇာတံ တစ်ချက်က တစ်ချက်ပိုနေတယ်။ သဟဇာတက ဟိုပဋိသန္ဓေအခါ၊ ဟော ပဋိသန္ဓေအခါရယ် ရှိတယ်။ ပဝတ္တိအခါရှိတယ်။ ရုပ်သက်သက် မရှိဘူးလား။
ရှိပါတယ်။
အဲ့ဒီ အဲ့ဒီမှာပိုတာက နှစ်ချက်၊ ဒီကပိုတာက တစ်ချက်ဆိုတော့ သုံးချက်မတည်ဘူးလား။
အားလုံး ဘယ်နှချက်လဲ။
ရှစ်ချက်။
ရှစ်ချက်။ အဲ့ဒီ ဘယ်နှစ်ချက်မြောက်ကိုသာ ကောက်ပြခဲ့ပါဆို သေရောပေါ့ဗျာ။ ဟုတ်လား။ ကောင်းလား။
ကောင်းပါတယ်။
ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။
အမ် အဲ့လို ကိုယ်တော်တို့ သတိပေးထားမှ ကိုယ်ဘယ်နှချက်မှန်းတောင် မသိဘူးဖြစ်နေတယ်။ ဟုတ်လား။ ကိုင်း အဲ့လိုဆိုလို့ရှိရင် ကိုယ်တော်တို့ ပုရေဇာတရဲ့ သဘောတရားတွေလည်း နည်းနည်းလေး ဟိုဒီပေါင်းစည်းမိမယ်ဆိုတာ သိသွားပြီ။ ဒါဆိုလို့ရှိရင် စာမျက်နှာ ၅၀ ပဲ။ သူတို့အခု ပုရေဇာတက ၈ ပစ္စည်း၊ ၅ သဘာဂတဲ့။ ဟုတ်လားဗျ။ သဘာဂအနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ပုရေဇာတဟာ ၈ ပစ္စည်းရှိမယ်။ သဘာဂ ဘယ်လောက်ပါလိမ့်။
ရှစ်ပစ္စည်း။
လင်္ကာက ပုရှစ်၊ ငါးသဘာဂ။
သဒိသ။
သဒိသ။ ဆိုတော့ အဲ့တော့ သဘာဂ၊ ဒီသဘာဂက ၈ ချက်ရှိတယ်။ သဘာဂ ၈ ချက်ကို အာမျိုးကို ဣန္ဒြိယထည့် ပြောကြည့်။
အာမျိုးကို ဣန္ဒြိယထည့်။
အာမျိုး ဣန္ဒြိယထည့်ဆိုတော့ ဒီမှာ သုဒ္ဓသင်္ချာနှစ်ခုရှိနေပြီပေါ့။ ၃၂ က သုဒ္ဓသင်္ချာနှစ်ခု၊ စာမျက်နှာ ၁၄ က သုဒ္ဓသင်္ချာလေးခု။ အဲ့ဒီက အဲ့ဒီအချက်တွေသည်ပင်လျှင် သဘာဂ။ အဲ့ဒီသုတ္တ ၆ ခုသည်ပင်လျှင် ကရဏလည်း သူတို့ပဲ၊ ကရဏသတ္တိကလည်းပဲ သူတို့ပဲ။ ကိုင်း ဒါကြောင့် တို့စာမျက်နှာ ၁၄ က သုဒ္ဓသင်္ချာတွေ အဲ့ဒီ ပုရေဇာတ အာပုကစပြီးတော့ အောက်မှာ လေးခုရှိတယ်မဟုတ်လား။
မှန်ပါ့။ လေးခုရယ်၊ ဒီ ၃၂ က နှစ်ခုရယ်။ ကိုင်း အဲ့ဒါတွေ ကိုယ်တော်တို့ ဆိုနေမယ်ဆိုရင်တော့ အချိန်က နည်းနည်းလေး မရတော့ဘူးဗျာ။ တို့လုပ်အားပေးစရာတွေ ရှိတယ်လေ။ ဟုတ်လားဗျာ။ အဲ့လို ရပြီလို့ မှတ်လိုက်ပါ။ ဟုတ်လား။
မှန်ပါ။
အဲ့လိုရပြီ။ အဲ့ဒီသုဒ္ဓသင်္ချာဆိုပြီးပြီ၊ ရပြီ၊ ကျေကျေညက်ညက်ကို ရနေပြီ။ ကိုင်း မရလည်း ရပြီပေါ့ဗျာ။
လည်းရပြီ။
ကိုင်း ကိုင်း ဒါဆိုလို့ရှိရင် ဘုရားပြောတော့မယ်။ သေချာမှတ်။ ဟိုဘက်ကြည့်ထား။ မသိဘူးဆိုလို့ရှိရင် အစဉ်အတိုင်းသွားရမယ်။ ပုရေဇာတပစ္စယာ အာရမ္မဏေ တီဏိ။ အာရမ္မဏသုဒ္ဓသင်္ချာ သုံးခုအတိုင်း။ ဟိုက ပြောခဲ့ပြီးပြီလေ။ အာရမ္မဏပစ္စယာ ပုရေဇာတေနဲ့ အပြန်အလှန် မတူဘူးလား။
တူပါတယ်။
တူပြီ။ ဟာ ဟိုဘက်က တောက်လျှောက်နဲ့ လာပြီဟေ့။ တစ်ထောင့်ကလည်း ဒီမှာ မီးကပျက်နေတာ ခါးခါးသီးသီးဖြစ်နေတယ်။ အာရမ္မဏေ၊ အေး ပုရေဇာတပစ္စယာ အာရမ္မဏေဆိုလို့ရှိရင် ဘယ်လောက်ပါလိမ့်။
တီဏိ။
အဲ့ဒီ စာမျက်နှာ ၁၄ က နံပါတ်က ဘယ်လောက်။
၃။
ဟုတ်ပြီ။ ပုရေဇာတပစ္စယာ အဓိပတိယာ။
ဧကန်။
ဪ ဒီကောင်ပဲ နှစ်ယောက်ပဲ ထွက်လာတယ်။ ရေစမ်းပါဦး။ ဒါမဝေဖန်နိုင်ဘူးဆိုတော့ ကျောင်းရောက်တဲ့အတွက်လည်း လေကန်နေတာကိုး။ ဟုတ်လား။ ခြောက်ဂိုးတောင် ရှုံးတယ်ဆိုပြီးတော့။ ဟုတ်လား။ ကိုင်း ကွဲသွားတာပဲ။ ဟုတ်လား။ ရတာကိုး ရှိလို့ပေါ့ဗျာ။ ကဲ အဲ့တော့ ကျွန်တော်တို့ အဲ့ဒါ ကိုယ်တော်တို့ ဧကန် မဝေဖန်နိုင်ဘူး။ ကိုယ်တော် လေကန်နေတာ။ အဲ့တော့ ပုရေဇာတပစ္စယာ အဓိပတိယာ။
၄၊ ဧကန်။ ဒါမေးဖူးသားတွေ။ ရန်ကုန်တိုင်းမှာ မေးထားတာတွေ။
ကန်တစ်ဆက်တည်းပေါ့ဗျာ။ ပုရေဇာတပစ္စယာ ဥပနိဿယေ။
ဧကန်။ ဧကန်။ စာမျက်နှာ ၁၄ က နံပါတ်ငါးပဲ။ မလွယ်ဘူးလား။
လွယ်ပါတယ်။
ကဲ သေရော။ ဒါဘာမှမသိဘူး။ ဟုတ်လားဗျ။ သုဒ္ဓသင်္ချာတွေချည်းပဲ။ ဘာမှန်းမရှိဘူး။ ပုရေဇာတပစ္စယာ နိဿယေ။
အဲ့တော့ ဘာပါလိမ့်ဗျ။
၄။
အမ်း ၄ တဲ့။ အခု စာမျက်နှာ ၃၂ က ဟိုစာထဲမှာ ဝင်သွားလိမ့်မယ်။ ဟုတ်လား။ စာမျက်နှာ ၃၂ ခုနက ပြောထားပြီးပြီ။ ကဲ ၄ တဲ့။ ဟုတ်လားဗျ။ အဲ့ စိုက်ကြည့်နေတာကိုးဗျ။ ဟုတ်လား။ ထောင့်ချိုးကတည်းက မှန်သား။ ဟုတ်လား။ ကွေ့ကောက်တယ်ဆို တန်းနေတာ။ ဟုတ်လား။ ကိုင်း ဒါဆိုလို့ရှိရင် သွားမယ်။ ပုရေဇာတပစ္စယာ ဣန္ဒြိယေ။
တီဏိ။
သေလိုက်ရော။ ဧကန်။ ပုရေဇာတပစ္စယာ ဣန္ဒြိယေ။
ဧကန်။
ကိုင်း ဒီက တိုးလာတာ။ အာမျိုးကို ဣန္ဒြိယထည့်လို့ ပြောခဲ့ဖူးလား။
မှန်ပါ။
ခု အဲ့ စာမျက်နှာ ၃၂ က ဝတ္ထုပုရေဇာတိန္ဒြိယလေ။
မှန်ပါ။ အဲ့ဒါလေးကို အကျဉ်းချုပ်ဆိုမှာဗျ။ ပုရေဇာတပစ္စယာ ဣန္ဒြိယေဆိုလို့ရှိရင် ပဉ္စဝိညာဏဓာတ်၌ တပ်သော ပဉ္စဝတ္ထုဆိုအပ်သော ဝတ္ထုပုရေဇာတိန္ဒြိယပစ္စည်း။ ဟုတ်လားဗျ။ အဲ့ဒါ အကျဉ်းဆိုနည်း ဒါပဲ။ လွယ်လွယ်ဆိုမှာ။ ပဉ္စဝိညာဉ်ဓာတ်၌ တပ်သော ပဉ္စဝတ္ထု။ မှတ်မိလား။
မှန်ပါ။
အဲ့ဒါ ဤတရားတို့သည်ပေါ့။ ပုရေဇာတဣန္ဒြိယပစ္စည်းတပ်သော တရားတော်မည်၏ဆိုပြီးတော့မှ ဣန္ဒြိယပစ္စယာ ပုရေဇာတေ။
ဣန္ဒြိယပုရေဇာတပစ္စယာ ဣန္ဒြိယေ။
ဧကန်။
ဧကန်။ ဟုတ်ပြီ။ ကိုင်း ဒါဆိုလို့ရှိရင် နောက်တစ်ခုလာခဲ့။ ပုရေဇာတပစ္စယာ ဝိပ္ပယုတ္တေ။
တီဏိ။
တီဏိ။ ပုရေဇာတဖြစ်တဲ့ ဝိပ္ပယုတ္တ ဘာပါလိမ့်။
တီဏိ။
အဲ့ဒီ တီဏိက ဘယ်သူ့၊ ဘယ်သုတ္တဖြစ်မတုန်း။
တီဏိ။
စာမျက်နှာ ၃၂ က ဝတ္ထုပု။ စာမျက်နှာ ဘယ်လောက်ပါလိမ့်။
၃၂။
၃၂ က...
ဝတ္ထုပု။
ဝတ္ထုပု။ ရမလား။
ရပါတယ်။
ဟုတ်ပြီ။ ကိုင်း၊ ဒါဆိုလို့ရှိရင် ပုရေဇာတပစ္စယာ အတ္ထိယာ။ အတ္ထိယာ ဘယ်လောက်တုန်းဟေ့။
တီဏိ။
တီဏိ။ အဲ့ဒီ တီဏိအရက ဘာသုဒ္ဓသင်္ချာတုန်း။
သုဒ္ဓသင်္ချာ။ အမ်...
သင်္ချာ ဘာသုဒ္ဓသင်္ချာတုန်း။
သင်္ချာ။
အာပု၊ ဝတ္ထုပု။ ပြောကြည့်ပါ ဘာပါလိမ့်။
အာပု၊ ဝတ္ထုပု။
အာပု၊ ဝတ္ထုပု။ နှစ်မျိုးလုံး ရေးရမှာ။ နှစ်မျိုးလုံး ရေးရမှာ။ အဲ့တစ်ခုပဲရှိတယ်။
ရှိတယ်။
အဲ့တစ်ခုပဲရှိတယ်။ ၄၊ ၅ ဆိုတော့ သဘာဂ ၈ ချက် ပြီးမသွားဘူးလား။
ပြီးသွားပါတယ်။
ကိုင်း ဒါဆိုလို့ရှိရင် ကိုယ်တော်တို့ သုဒ္ဓသင်္ချာ ခုနက ခြောက်ချက်ကို အာရုံထဲမှန်းထားပြီးတော့ စာမျက်နှာ ၄၉ ကိုသွား။ စာမျက်နှာ ၄၉ ပကိဏ္ဏက ကရဏ ၆။ လေးချက်။ ဘယ်ဘက်က ပစ္စည်းဆိုတာကို အောက်ကြည့်လိုက်မယ်ဆိုလို့ရှိရင် နိ၊ ဥ ကျတော့ ဘာလိမ့်။
နိ၊ ပု။
ပု။ အဲ့ ပုက ဟိုးအဆုံးရှိရင် ဘယ်နှချက်တုန်း။
၇ ချက်။
၇ ချက်။ ဥပနိဿယသတ္တိဆိုတာ ကြည့်ပြီး။ ကိုင်း အစဆုံး နံပါတ်၊ အစဆုံး ညီမျှခြင်းကို ကြည့်မယ်ပေါ့။ အစဆုံး ညီမျှခြင်းက ထိပ်စီးက ဘာနဲ့ပါလိမ့်။
နံပါတ်။
နံပါတ် ဘယ်လောက်ပါလိမ့်။
၂။
နံပါတ် ၂။ အာပု၊ ကုသလ သုဒ္ဓသင်္ချာ နှစ်မျိုးလုံးအတိုင်း ဆိုရိုးပြုပြီးကာကျတော့မှ ဤတရားတို့သည် အောက်သုံးတုံး၊ လက်ညှိုးထိုးရင် သွားမယ်လေ။ အောက်အတိုင်း သုံးတုံးစလုံး ဆင်းလိုက်မယ်လေ။ ပုရေဇာတ၊ အတ္ထိ၊ အဝိဂတ။ ဤသုံးပစ္စည်းတပ်သော တရားတို့မည်၏။ ထို့ကြောင့် ထိုတရားတို့ကို ဤ၌ ပုရေဇာတံ၊ အတ္ထိ၊ အဝိဂတံ တိ တီဏိ။ သင်္ချာတပ်၍ ဟောတော်မူကုန်၏။ တီဏိဟူသောအခါဆို အဲ့အတိုင်းပဲပေါ့။ ရလား။
ရပါတယ်။
ဒါကို တို့အနေနဲ့က အရကောက်ဆရာတော်ကြီးက နာမည်မပါဘူး။ အတ္ထိ၊ အဝိဂတလို့ အမည်ပေးလိုက်ပေါ့ဗျ။ ဟုတ်လား။ အတ္ထိ၊ အဝိဂတ ကရဏ။ အဲ့ နံပါတ်နှစ်ကို သွား။ ညာဘက်ကို တိုး။ ထိပ်စီးက နံပါတ်က ဘယ်လောက်ပါလိမ့်။
၃။ ၃ က ဝတ္ထုပု။ အဲဒါ ဝတ္ထုပုသုဒ္ဓသင်္ချာအတိုင်း စာမျက်နှာ ၃၂ ကို ဆိုပြီးတော့မှ ပုရေဇာတ၊ နိဿယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ ပစ္စည်းတပ်သော တရားတို့မည်ကုန်၏ဆိုပြီးတော့မှ အဲ့ဒါကိုတော့ နာမည်က သပုရေဇာတကရဏတဲ့။ ဟုတ်လားဗျ။ အဲ့လိုအမည်ပေး။ အဲ့တော့ သင်္ချာ တီဏိပဲ မဟုတ်ဘူးလား။
တင်ပါ့။
ဒါ တီဏိပဲ။ ညာဘက်ကို ဆက်သွားတော့ ဘယ်လောက်ပါလိမ့်။ နံပါတ် ဘယ်လောက်ပါလိမ့်။
၅ ပါး။
နံပါတ် ၅။ ဘာသုဒ္ဓသင်္ချာအတိုင်း။
၅။ အာပုသုဒ္ဓသင်္ချာအတိုင်းပဲ။ ၄ ပစ္စည်း။ အဲ့ဒါ ပုရေဇာတ၊ အာရမ္မဏ၊ အတ္ထိ၊ အဝိဂတ ပစ္စည်း။ ဒီသင်္ချာ တီဏိနည်းပဲ။ တွေ့လားဟေ့။
တင်ပါ့။
ကြည့်တတ်ပြီလား။
ကြည့်တတ်ပါတယ်။
ဟုတ်ပြီ။ ညာဘက်ကို ၆။
နံပါတ် ၆။ အဲ့မှာ ဝတ္ထုသုဒ္ဓသင်္ချာအတိုင်း။ ဝတ္ထုသုဒ္ဓသင်္ချာဆိုတော့ စာမျက်နှာ ၁၄ က နံပါတ် ဘယ်လောက်။
ခြောက်ပါ။
ဟာ ဟုတ်ရဲ့လား။
မှန်လှပါဘုရား။
ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။
ဟာ ငါးတဲ့။ လွတ်လပ်ပြီ။
အော် အဲ့လိုလုပ်စမ်းပါ။ ရေစမ်းပါဦး။ ကိုင်း ငါးမဟုတ်တော့ဘူး။ ၆၄။ တကယ်ကိုပဲ ကွဲလဲ။ ဆိုတော့ ပြောခဲ့ပြီ။ ပြောခဲ့ဖူးလား။ ဝတ္ထုထွက်ခဲ့ဖူးလား။
ပြောခဲ့ပါတယ်ဘုရား။
ပြောခဲ့ပြီ။ အဲ့ဒီသုဒ္ဓသင်္ချာအတိုင်းပဲ။ အဲ့ဒီသုဒ္ဓသင်္ချာပါတဲ့အတိုင်းပဲ။ ကိုင်း ဆက်သွား။ နံပါတ်ဘယ်လောက်။
နံပါတ် ၇။ အပုရေ။ အဲ့မှာ စာမျက်နှာ ၁၄ က နံပါတ်ဘယ်လောက်၊ ဘယ်သုဒ္ဓသင်္ချာ။
ငါးပါ။
ငါးသုဒ္ဓသင်္ချာအတိုင်း။ နောက်တစ်ခုလာခဲ့။
ရှစ်။
ရှစ်က ဘာတုန်း။
ဝတ္ထု။ အစနဲ့ ၁၄ က...
နံပါတ်ခြောက်။
နံပါတ်ခြောက် သုဒ္ဓသင်္ချာအတိုင်း။ ဟုတ်ပြီ။ နောက် နောက်တစ်ခုက...
ကိုး။
ကိုး။ ကိုးက ဘာလဲဗျ။
ပုရေဇာတိန္ဒြိယ။
ပုရေဇာတိန္ဒြိယသုဒ္ဓသင်္ချာအတိုင်း။ စာမျက်နှာ ၃၂ က ဘာလဲ။
ခုနက ခုနက ပုရေဇာတပစ္စယာ ဣန္ဒြိယေဆိုတာ ဒီဟာက ထွက်လာတာပေါ့။ ဟုတ်လား။
မှန်ပါ။
ကိုင်း နာမည်တွေတော့ ကိုယ်တော်တို့ ကြည့်ပြီးတော့ပေါ့။ ဟုတ်လားဗျ။ ကိုင်း မရဘူးလား။
ရပါတယ်။
ကိုင်း အဲ့လိုဆိုလို့ရှိရင် သုဒ္ဓသင်္ချာတွေအတိုင်းပဲ။ အဲ့တော့ သဘာဂ၊ သဘာဂနဲ့ ကရဏ၊ ကရဏနဲ့ လှည့်ပတ်သွားတော့ ဘာတဲ့ဗျ။ ဟုတ်တယ်မလား။
တူတူပဲ။
ကိုင်း ဘာမှမခက်ဘူး ကိုယ်တော်တို့။ ဟုတ်လား။ ဟုတ်လားဗျ။ ပန်းတောင်ကိုင်တာလည်း ဘာတဲ့။
ရပြီ။
ဟုတ်လား။ ပန်းတောင်ကိုင်တာလည်း...
ရပြီ။
အဲ့ဒါ ကိုယ်တော်တို့ ဆွမ်းချိုင့်တွေပြင်တာလည်းပဲ...
ရပြီ။
အဲ အဲ့လိုပဲ ကိုယ်တော်တို့ရေ။ အဲ့ဒါ အားလုံးပဲ။ သုတ္တပါဠိတော်လည်းပဲ...
ပြေပြစ်ပဲ။
ဘာပါဠိလဲ။ အမ် အရကောက်တာလည်းပဲ...
ပြေပြစ်ပဲ။
ကရဏလည်းပဲ...
နည်း။ အဲ အကုန်လုံး သုဒ္ဓသင်္ချာတွေချည်း လာနေတာနော်။
တင်ပါ့။
အဲ့တော့ အဲ့တော့ သုဒ္ဓသင်္ချာ သုံးစွဲနည်းကို သိသွားပြီ။ သုဒ္ဓသင်္ချာမရရင် ဖြစ်ပါ့မလား။
မဖြစ်ပါဘူးဘုရား။
မဖြစ်ဘူး။ အဲ့ဒါ အဲ့တော့ ကိုယ်တော်တို့က မှန်းလို့ရသွားပြီ။ ကဲတော့ ကိုယ်တော်တို့က ပိုသိလောက်ကြပြီ။ ဟို စာချနေတာ ဟိုဘက်ကျောင်းက ဘုန်းကြီးတစ်ပါးလည်း လာတယ်။ အဲ့ဒါ သူတို့အကြောင်းပဲတဲ့ စာချနေတာပေါ့လေ။ သုဒ္ဓသင်္ချာဆိုတော့ သုဒ္ဓသင်္ချာဆိုတာ ဘာတုန်းတဲ့။ သုဒ္ဓသင်္ချာ မကျက်ဘူးတဲ့။ ဒါပေမဲ့ ချတယ်၊ မဟုတ်ပါဘူးကွာလို့။ သင်္ဂြိုဟ်နဲ့ချတာ ဖြစ်ပါလိမ့်မယ်။ သင်္ဂြိုဟ်ကိုလည်း သုဒ္ဓသင်္ချာလို့ မသုံးဘဲနဲ့ သင်္ဂြိုဟ်ကိုပဲ ပြောလိုက်မယ်ဆိုလို့ရှိရင်လည်း သုဒ္ဓသင်္ချာဖြစ်တာပါပဲပေါ့လေ။ အဲ့လိုတော့ ပြောလိုက်ရတယ်။ အဲ့တော့ အရှင်ဘုရားတို့ သုဒ္ဓသင်္ချာမပါဘဲနဲ့ ချတဲ့ကျောင်းတွေ အများကြီးရှိတယ်။ ဟုတ်လားဗျ။ အဲ့တော့ သုဒ္ဓသင်္ချာမပါဘဲနဲ့ ပဋ္ဌာန်းချတယ်ဆိုတော့ ကိုယ်တော်တို့ မှန်းလို့မရသေးဘူးလား။
ရပါတယ်။
အဲ အဲ့ဒါ ကိုယ်တော် မှန်းလို့ရပြီဆိုရင်တော့ ဘုန်းကြီးပြောစရာ...
မလိုတော့ပါဘူး။
မလိုတော့ဘူး။ သိလောက်ပြီပေါ့ဗျာ။ ကိုင်း ဒါကြောင့် နည်းနည်းလေး ရှေ့တစ်စလောက်တော့ သွားကြဦးမလား မသိဘူးဗျ။ ဟုတ်လား။
မှန်ပါ။
အဲ နက်ဖြန်ကျမှပဲ ကိုယ်တော်တို့ရေ နည်းနည်းလေး ပြောရအောင်ပေါ့ဗျ။ အဲ့ဒီက နက်ဖြန်လေး ပြောရမယ်ဆိုတာကျတော့ ကြည့်မယ် ကြည့်မယ်။ နက်ဖြန် ကိုယ်တော်တို့ အဲ့ဒီ ပုရေဇာတိန္ဒြိယကို ပြောမယ်။ ပုရေဇာတိန္ဒြိယကို ပြောမယ်ဆိုလို့ရှိရင် ခုနည်းနည်းတော့ စကားလမ်းခင်းထားဦးမယ်နော်။
နက်ဖြန်ပြောမှာ စကားလမ်းခင်းထားဦးမယ်။ စာမျက်နှာ ၃၂၊ ပုရေဇာတိန္ဒြိယရဲ့ ပါဠိတော်။ စာမျက်နှာ ၃၂ က ပုရေဇာတိန္ဒြိယရဲ့ ဘာလဲဗျ။
သုဒ္ဓသင်္ချာ။ သုဒ္ဓသင်္ချာရှိတယ်။ သူ့ရှင်းချက်က ၃၃ ရဲ့ အောက်နားမှာ။ အဲ့တော့ ပုရေဇာတိန္ဒြိယအတွက်တဲ့။ အဲ့ဒီ ကြယ်ပွင့်ပြထားတာကို ပုရေဇာတိန္ဒြိယအတွက် ကောက်ပါတဲ့။ သာမညပဋ္ဌာန်း အရကောက်မယ်ဆိုလို့ရှိရင် ဘယ်လိုလဲဆိုလို့ရှိရင်ပေါ့ဗျာ။ စက္ခုဝိညာဉ်၌ တပ်သော မဇ္ဈိမာယုကဖြစ်၍ ထီဘဝင်နှင့် ဥပါဒ်ပြန်သော...
စက္ခု၊ စက္ခုဣန္ဒြိယလုပ်လေ။ ကိုယ်တော် စက္ခုဝတ္ထုတွေ လုပ်ချလိုက်ကတည်းက ဖမ်းတဲ့ဟာ တည့်တည့်မိရော။ ဟုတ်လား။ တည့်တဲ့ရောလေဗျ။
အဲ မိတာပဲ။ ကိုယ်တော် ဟောလိုက်တာပဲ။ ကိုယ်က ကုသိုလ်စိတ်နဲ့၊ ကုသိုလ်စိတ်နဲ့ ဖြစ်နေတာပဲ။ ဟုတ်လား။ အဲ့ စက္ခုဝတ္ထုနေရာကို ဣန္ဒြိယစသည်ဖြင့် ပြောင်းမှာတဲ့။ ဘာဖြစ်လို့။
ဣန္ဒြိယဖြစ်လို့တဲ့။ ဟုတ်လားဗျ။ ကိုင်း ဒီမှာ သာမညအရဆိုလို့ရှိရင် ဒွေပဉ္စဝိညာဉ် ၁၀၊ စေတသိက် ၇ ခု ပစ္စယုပ္ပန်တရားရ၏လို့ ဆိုလိုက်မယ်ပေါ့။ ဟုတ်လားဗျ။ ကိုင်း အဲ့တော့ ကျက်လို့ရှိရင် ကိုယ်တော်တို့ နှလုံးနဲ့ ဦးနှောက်မှာဗျာ၊ နှလုံးနဲ့ ဦးနှောက်ကိစ္စတွေ ဒီမှာပြောတော့မယ်ပေါ့ဗျာ။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ နက်ဖြန် နှလုံး၊ ဦးနှောက်တွေ၊ နှလုံး၊ နှလုံးတွေ၊ ကုသိုလ်နှလုံးတပ်တာတွေ နက်ဖြန်ပြောရမှာ။ ဟုတ်လားဗျ။ ကိုယ်တော်တို့ ကြားချင်တာ မဟုတ်ဘူးလား။
ကြားချင်ပါတယ်ဘုရား။
အဲ့ထဲမှာ ယုဂနဒ္ဓရုပ်က အကြောင်းတွေ စာမျက်နှာ ၃၄။ ဟုတ်လားဗျ။ ၃၄ ပါဘူးလား။
ပါပါတယ်။
၃၄ ထဲပါတယ်။ ကိုယ်တော်တို့ရဲ့ စာအုပ်စာမျက်နှာ ၁၁၁။ အဲဒါတွေလည်းပဲ ကြည့်ထားရလိမ့်မယ်ပေါ့။ ဟုတ်လားဗျာ။
မှန်ပါ့။ အဲဒါတွေကတော့ ရုပ်ဝတ္ထုလို့ ခေါ်လိမ့်မယ်။ ဘာဝတ္ထု။
ရုပ်ဝတ္ထု။
ရုပ်ဝတ္ထုလို့ ခေါ်လိမ့်မယ်။ ဒီဥစ္စာတွေ၊ တရားတွေက နားလည်ဖို့ ခက်ခဲတဲ့ကိစ္စတွေရယ်။ ဟုတ်လားဗျ။ နားလည်ဖို့ ဘာလဲဗျ။
ခက်ခဲတယ်။
အဲ ခက်ခဲတယ်ဆိုလို့ ကြိုတင်ဖတ်ထားခဲ့ပေါ့ဗျာ။ စာမျက်နှာ ၁၁၁။ ၁၁၁ မှာ အဲ့လိုပဲ ပါတယ်။ အကျဉ်းချုပ်အဓိပ္ပာယ်တွေရော။ ဒီကစလိုက်တာတော့ ၃၇ ခု မရွတ်ခင်တည်းက ဦးမယ်။ ၁၁၈။ အရကောက်မှာ တပေါင်းပါတယ်။ ၄၉။ နောက် ဝိပ္ပယုတ္တ။ အဲ့ဒါ လင်္ကာအရှည်က အဓိက။ အဋ္ဌမဘဝင် နောက်ပိုင်းတိုင်မှာ ရုပ်များစွာကို မန္ဒာယုက ခေါ်ဆိုကြ၍၊ အဒွါရ၊ ဌီ၊ ဘင်္ဂ၊ ပဉ္စဒွါရပင်သို့ ကျန်ရုပ် ၁၁ မှာ အမန္ဒာယုက ခေါ်ဆိုပြု၏။ ဝတ္ထုမှီလတ္တံ့သော မဇ္ဈိမာယုက ငါးဝိညာဉ်ရင်းတွင် မည်တုန်း အာရုံထင်ကာ ဆင်လာဖြင့် ဒွါရကိစ္စများ ပြည့်စေမိချေသည်။ ပုရေဇာတိန္ဒြိယညွန့်တည်း။ ဟုတ်လားဗျာ။ အဲ့ ကိုယ်တော်တို့ မန္ဒာယုက၊ အမန္ဒာယုက၊ မဇ္ဈိမာယုကတွေ ရှင်းပြထားတာရှိတယ်။ ဘာဆိုတာ ရှိတယ်။ ဟုတ်လားဗျ။ အဲဒါကြောင့် ကိုယ်တော်တို့ရေ ဒါတွေကလည်း သိသင့်သိထိုက်တဲ့ ကိစ္စတွေပဲလို့ သဘောပေါက်ရမယ်ပေါ့။ ဟုတ်လားဗျ။
ကိုင်း ထား။ နက်ဖြန်ကျမှ ကိုယ်တော် အဲ့ဒီလည်းပဲ ပြီးမယ်ပေါ့ဗျာ။ အဲ့ဒါပြီးတော့လည်းပဲ ရှေ့ဆက် ပစ္ဆာဇာတလည်း သွားကြရအောင်။ ဟုတ်လားဗျာ။ ဆက်လည်း သွားကြရဦးမယ်။ ကိုင်း ဒါကြောင့် နက်ဖြန်ကျမှ ကိုယ်တော်တို့ မန္ဒာယုက၊ အမန္ဒာယုက အကြောင်းအရာတွေ၊ ခုနက နှလုံးခွဲစိတ်ကုသတာတွေ၊ နှလုံးတပ်တာတွေနဲ့ ဗုဒ္ဓအဘိဓမ္မာ၊ ဟုတ်လားဗျာ၊ အဲ့ဒီအမြင်တွေကို နက်ဖြန်ကျမှ ကိုယ်တော်တို့ရေ ဘယ်လိုလဲ သိကြရအောင်ပေါ့။ အခု ဒါတွေက ကိုယ်တော်တို့ မေးဖြေနေတဲ့ ပြဿနာတွေဗျ။ ဟုတ်လားဗျ။
မှန်ပါ။
အဲ့ဒါ အခုခေတ်က လောကဓာတ်ပညာတော်ဖြင့် အခု နာမ်တရားဆိုတာက နာမ်တရား၊ အသိပညာ ဦးနှောက်မှာရှိတယ်တဲ့။ ဗုဒ္ဓအဘိဓမ္မာ၊ သူတို့ရဲ့အမေးပေါ့၊ ဗုဒ္ဓရဲ့အဘိဓမ္မာကတော့ နှလုံးသားမှာရှိတယ်ဆိုတာတွေကလည်း ကိုယ်နှလုံးတွေ ခွဲစိတ်ကုသတာတွေရှိတယ်။ နှလုံးဆက်တာတွေလည်း ရှိတယ်တဲ့။ အဲ့တော့ အသိဉာဏ်၊ နာမ်၊ နာမ်တရားတွေဟာလည်း နှလုံးသားမှာတည်တယ်ဆိုတာ ဟုတ်ပါသလား ဘုရားတဲ့။ ဒါ ဒီလိုအမေးတွေပေါ့။ ဟုတ်လားဗျ။ ကိုင်း အဲ့ဒါကြောင့် ကိုယ်တော်တို့ရေ နက်ဖြန် ကိုယ်တော်တို့က သိပြီးသားတွေဆိုတော့ ယမိုက်လည်း သိပြီးသား၊ အခု ပဋ္ဌာန်းလည်း သိပြီဆိုတော့ ဗုဒ္ဓအဘိဓမ္မာနဲ့ လောကဓာတ်ပညာတို့ဟာလည်း တစ်ထပ်တည်း၊ တစ်သားတည်းဖြစ်တယ်ဆိုတဲ့အကြောင်း နက်ဖြန် ကြားချင်ရင်က ဘာလဲဗျ။
ကြားချင်ပါတယ်ဘုရား။
အဲတော့ မလာခဲ့နေလို့မှ မရတာ အခုဗျာ။ ဟုတ်လား။ ဒါပေမဲ့ နက်ဖြန်ကျမှ ကိုယ်တော် အဲ့ဒါ ဘာတုန်းဗျ။ သိပ်ကို...
မျှော်။
မျှော်ပေါ့ဗျာ။ ဒီနေ့တော့ ဟိုဘုန်းကြီးက မျှော်နေတာ။ တစ်နေ့တာ ဒီလောက်နဲ့ပဲ တော်ကြဦးစို့ပေါ့။ ဟုတ်လား။
ဟုတ်ပါတယ်။
ကိုင်း ကြော်ငြာပေးလိုက်ရတာပေါ့ဗျာ။
