ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။
၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ ၂၀၁၁ ခု၊ အောက်တိုဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။
အဲ့ဒီတော့ အရှင်ဘုရားတို့ စာအုပ်စာမျက်နှာ သုံးဆယ်မှာပါတဲ့ ပကတူပနိဿယ၊ ပရူပနိဿယ၊ တပည့်တော်တို့ မကျဉ်းမကျယ်ပေါ့ ပြောလိုက်တာ အခု အဓိပ္ပာယ်သဘောတရားတွေ ပြောလာလိုက်တာ မနေ့တုန်းကဆိုလို့ရှိရင် အကုသလပတ်ထိအောင် ပြီးသွားခဲ့ပြီပေါ့။ ကုသလပတ် ၃ လုံး။
အဲ့လိုလုပ်စမ်းပါ၊ ငေးနေတာပဲကိုးဗျ။ ဟုတ်လား။ ကုသလပဒ သုံးချက်။ အကုသလတုန်း။ အင်း၊ အဲ့ဒါမှ မောင်ခေါ်ရင် ဘာပါလိမ့်။ ခုဗျာ၊ ကုသလပတ် နည်းနည်းပါးပါး ပြောရအောင်ပေါ့ဗျာ။ နည်းနည်းပါးပါး ပြောဆိုလို့ရှိရင်တော့ အခု ဇာတ်တော်ပေါင်းရမှာပေါ့။ ဇာတ်တော်မဟုတ်၊ ပဋ္ဌာန်းတော်ပေါင်းရမှာပေါ့။ ဟုတ်လားဗျာ။
မှန်ပါ့ဘုရား။
အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ကာယိကံ သုခံ ကာယိကဿ သုခဿ ကာယိကဿ ဒုက္ခဿ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ ကာယိကံ ဒုက္ခံ ကာယိကဿ ဒုက္ခဿ ကာယိကဿ သုခဿ ကာယိကဿ ဒုက္ခဿ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ ပုဂ္ဂလော ကာယိကဿ သုခဿ ကာယိကဿ ဒုက္ခဿ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ ဘောဇနံ ကာယိကဿ သုခဿ ကာယိကဿ ဒုက္ခဿ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ သေနာသနံ ကာယိကဿ သုခဿ ဒုက္ခဿ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ ကာယိကံ သုခံ ဥတု ဘောဇနံ သေနာသနံ ကာယိကဿ သုခဿ ကာယိကဿ ဒုက္ခဿ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ ဖလသမာပတ္တိ ကာယိကဿ သုခဿ ဥပနိဿယပစ္စယေန ပစ္စယော။ အရိယပုဂ္ဂလော ကာယိကံ သုခံ နိဿာယ အနုပ္ပန္နံ ကိလေသံ ဥပ္ပါဒေတိ။ ဥပ္ပန္နံ သမာပဇ္ဇတိ။ သင်္ခါရေ အနိစ္စတော ဒုက္ခတော။ ကာယိကံ သင်္ခါရေ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ။ ကာယိကံ ဒုက္ခံ ဥတုဘောဇနံ သေနာသနံ ဥပနိဿာယ အနုပ္ပန္နံ ကိရိယာသမာပတ္တိံ ဥပ္ပါဒေတိ၊ သမာပဇ္ဇတိ။ သင်္ခါရေ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ။ ဒီတော့ ဒါကြောင့်မို့လို့ အဲ့ဒီ အဗျာကတော အဗျာကတဿ တစ်ခေါက်ပူဇော်ကြည့်ရအောင်ဗျ။ အဲ့တော့ ကာယိကံ သုခံ ကာယိကဿ သုခဿ ကာယိကဿ ဒုက္ခဿ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။
အဲ့တော့ ကိုယ်တော်ရဲ့ စာအုပ်စာမျက်နှာ ၉၄ မှာ ကာယိကံ သုခံ ကာယိကဿ ဒုက္ခဿ ဟု ဆိုပဲ သုခသည် ဒုက္ခကို အဘယ်သို့ ကျေးဇူးပြုပါသနည်းတဲ့။ အဲ့ဒီမှာ ဖြေထားတာ။ ချမ်း၍ အတိုင်းမရှိ မီးလုံသောသူတို့အား ရှေးဦးစွာဖြစ်သော သုခသည် နောက်ဖြစ်သော ဒုက္ခစသည်တို့အား ကျေးဇူးပြုနိုင်ပါသည်တဲ့။ အဲ့သလိုလေး ရှိတယ်ပေါ့။ ဒါကြောင့် ကာယိကံ သုခံ၊ ကာယိကဿ သုခဿ၊ အဲ့ဒါ ကိုယ်ချမ်းသာမှုကြောင့် ကိုယ်ချမ်းသာအောင် ကြိုးစားတယ်။ ထပ်ထပ်ပြီးတော့ ကြိုးစားကြတယ်။ အဲ့လို ကြိုးစားရင်းနဲ့ပဲ ကိုယ်ကာယိကဒုက္ခတွေလည်း ဖြစ်ရတယ်ပေါ့။ ဒါကြောင့်မို့လို့ ချမ်းသာတစ်ခုကို မက်မောမှုကြောင့် အဲ့ဒီက ဥစ္စာ အလင်္ကာရုံလားဗျ။
မှန်ပါ၊ ဆိုကြည့်စမ်းပါ။
ချမ်းသာတစ်ခု မက်မောမှုကြောင့်၊ ပင်ပန်းကြီးစွာ ကြိုးပမ်းကာလီ၊ ဒုက္ခပင်လည်း ကျယ်ထက်ကျယ်သည်... ဟိုဘက် ဘာတုန်းဗျာ။
ကြားကို ကြားဖူးပါ။
ကြားကို မကြားဖူးဘူး။ ဟုတ်လား။ အဲ့တော့ လောကမှာ ကိုယ်တော်တို့ရေ ကာယိကသုခ၊ ကာယိကဒုက္ခ ဘယ်လိုပါလဲဗျ။
ရှာသုခ။
လူတွေ ရှာနေတာကတော့ ဘာကိုရှာနေတာလဲ။
သုခပါဘုရား။
ရလာတာက...
ဒုက္ခ။
ဒါကြောင့် ရှာသည်က...
သုခ။
ရသည်က...
ဒုက္ခ။
သွားသည်က နိဗ္ဗာန်၊ ရောက်တော့ သုဿာန်တဲ့ဗျာ။ ဟုတ်လားဗျာ။
မှန်ပါ၊ သွားနေတာတော့ နိဗ္ဗာန်ဆိုပြီးတော့ သွားနေတာ၊ နောက်ဆုံးရောက်တော့ ဘယ်ရောက်တုန်း။
သုဿာန်။
ဒါကြောင့် သွားသည်က...
နိဗ္ဗာန်။
ရောက်သည်...
သုဿာန်။
အဲ ကိုယ်တော်တို့ အဲ့လိုရှိတယ်ပေါ့။ အဲ့ဒါ ကိုယ်တော်တို့ရေ သတ္တဝါတွေဟာ အရှင်ဘုရားတို့ အခု အလွန်တရာ မှတ်သားဖွယ်ရာကောင်းတဲ့ အဆိုအမိန့်တစ်ခုလေးတော့ ရှိတယ်ပေါ့။ ဒါလေး နည်းနည်းလေး နားထောင်ရအောင်ပေါ့ဗျာ။ အဲ့တော့ ဒီဥစ္စာကတော့ ညောင်တုန်းမြို့ ရွှေသံတော်ရ ပညာသာမိ မဟာထေရ် ဂုရုဆရာတော်ကြီး ဦးဉာဏရဲ့ အလွန်တရာကောင်းတဲ့ စကားလေး။ "စိတ်ဓာတ်မြင့်သူတို့၏ နှလုံးသွင်း" ဆိုတဲ့ အဲ့ဒီက အပိုဒ်ထဲကပေါ့။ ကျင့်ကြံရေးအပိုင်းထဲက "သုခ၏ မျိုးစေ့ဖြစ်သော ဒုက္ခကို ရဲဝံ့စွာ ငါခံယူသည်" တဲ့။ သုခ၏ မျိုးစေ့ဖြစ်သော...
ဒုက္ခကို။
"ဒုက္ခကို ရဲဝံ့စွာ ငါခံယူမည်" တဲ့။ "ဒုက္ခ၏ မျိုးစေ့ဖြစ်သော သုခကို ရဲဝံ့စွာ ငါရှောင်ရှားမည်" တဲ့။ ဘာတဲ့ဗျ။ သုခဖြစ်လာမယ်ဆိုလို့ရှိရင် ဒုက္ခကို ရဲဝံ့စွာ ခံယူနိုင်ရမှာပေါ့ဗျ။ ဟုတ်လားဗျ။
အဲ့တော့ "ငါ့တာဝန်ကို ငါကိုယ်တိုင်သိ၍ ငါဆောင်ရွက်မည်" တဲ့။ ဟုတ်လားဗျာ။ "ငါ့အလုပ်နှင့်တူသော အကျိုးကို မချွတ်ဧကန် ငါရလိမ့်မည်" တဲ့။ အဲ့ဒါက ကျင့်ကြံရေးအပိုင်းပေါ့။ နောက် ဆက်ဆံရေးပိုင်းမှာဆိုလို့ရှိရင် "မှားယွင်းမှုသည် မောဟမကင်းသူတိုင်းနှင့် ဆက်ဆံသည်" တဲ့။ "သူတစ်ပါးမှားလျှင် အမှန်ရောက်အောင် ငါပြင်မည်။ ငါမှားလျှင် သူတစ်ပါးအပြင်ကို ငါခံယူမည်။ ငါ့ကိုပြင်၊ ငါ့ကိုပြုပြင်သူကို ငါ့ဆရာဟု အမှတ်ပြုမည်။ ငါ့အလိုသို့သာ တစ်ဖက်သက်လိုက်သူမှာ ငါ့မိတ်ဆွေမဟုတ်။ သူတစ်ပါးအကျိုးကို ငါလိုလားမှ ငါ့အကျိုးကို သူတစ်ပါးက လိုလားပါလိမ့်မည်" လို့ အဲ့လိုပြောထားတာရှိတယ်။ ဒါကြောင့် အရှင်ဘုရားတို့ "သုခ၏ မျိုးစေ့ဖြစ်သော ဒုက္ခကို ငါရဲဝံ့စွာ ခံယူမည်" ဆိုလို့ရှိရင် အရှင်ဘုရား သုခရဖို့အတွက် ကာယိကံ သုခံ၊ ကာယိကဿ ဒုက္ခဿပေါ့ဗျာ။ ဟုတ်တယ်မဟုတ်လား။
ဟုတ်ပါတယ်။
အဲ့လိုရှိတယ်။ ဒါကြောင့် "ဒုက္ခ၏ မျိုးစေ့ဖြစ်သော သုခကို ရဲဝံ့စွာ ရှောင်ရှားနိုင်ဖို့" အရေးမကြီးဘူးလား။ အရေးကြီးတာ။
အရေးကြီးတာပေါ့။ အဲ့ဒါ ဒုက္ခဖြစ်မယ့်အရေးကိုတော့ဖြင့် ရှောင်ရှားနိုင်ဖို့ အရေးမကြီးဘူးလား။
အရေးကြီးပါတယ်။
အေး ဒါလေး သတိထားပေါ့ဗျာ။ ဒုက္ခဖြစ်မယ့်အရေးကို ရဲရဲဝံ့ဝံ့ ရှောင်ရှားနိုင်ဖို့ အရေးကြီးတယ်ဆိုတာကို ကိုယ်တော်တို့ မှတ်သားထားပေါ့။ ဟုတ်လားဗျာ။ ဒါဆိုလို့ရှိရင် တစ်တိုင်းတစ်တိုင်း သတိထားပေါ့ဗျာ။
ဟုတ်လား။ အဲ့တော့ ကာယိကံ သုခံ၊ ကာယိကဿ သုခဿ၊ ကာယိကဿ ဒုက္ခဿ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ အဲ့တော့ ကာယိကံ သုခံ၊ ကာယိကဿ ဒုက္ခဿ၊ ပစ္စုပ္ပန်ချမ်းသာ၊ တစ်ခါတစ်ရံကျရင် ကိုယ်တော်တို့ရေ ပစ္စုပ္ပန်ဘဝရဲ့ တဒင်္ဂလေးက ခုနကပြောခဲ့သလိုပဲ အနာဂတ်ကာလ သို့မဟုတ် သံသရာရဲ့ ငရဲဆင်းရဲ၊ အပါယ်ဆင်းရဲ အကျိုးတရားတွေကို ပေးသွားနိုင်တယ်။ ဒါမျိုးတွေကို ရှောင်ရှားနိုင်ဖို့ အရေးမကြီးဘူးလား။
အရေးပါပါတယ်။
အရေးကြီးတယ်ပေါ့။ ဒါကြောင့်မို့လို့ ကာယိကံ ဒုက္ခံ၊ ကာယိကဿ သုခဿ၊ သစ္စာတွေ အလွန်တရားမှ သိဖို့ အရေးကြီးတယ်ပေါ့ဗျာ။ ဒါကြောင့် ကာယိကံ ဒုက္ခံ၊ ကာယိကဿ သုခဿ၊ ကာယိကဿ ဒုက္ခဿ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ ဒီလောက်သဘောပေါက်၊ ဒီလောက်ပြောလိုက်ရင် ဒီကိစ္စနဲ့ပတ်သက်လို့ တော်တော်ကို သဘောပေါက်လောက်ပြီ။ နောက် မပြောရသေးတဲ့ ဥတု၊ ဘောဇဉ်၊ သေနာသန အကြောင်းပေါ့။ ဟုတ်လားဗျာ။
မှန်ပါ။
ဘာနဲ့ဘာလဲ။ ဥတု၊ ဘောဇဉ်၊ သေနာသန။ ဥတု၊ ဘောဇဉ်။ အဲ့တော့ မနေ့တုန်းက ပြောခဲ့တဲ့ စက္ကဝတ္တိသုတ်ပေါ့ဗျာ။ အဲ့ဒီ စက္ကဝတ္တိသုတ်မှာဆိုလို့ရှိရင် ဘုရားရှင်ကိုယ်တော်မြတ် ဟောထားတာ ကိုယ်တော်တို့ မနေ့တုန်းက ပြောခဲ့ပြီ။ သတ္တဝါတွေရဲ့ အသက်ကို တိုစေတယ်ဆိုတဲ့ ဥစ္စာက တစ်ဖက်သတ် တိုစေတာက ဘယ်တရားတွေကြောင့်လဲ။
ဒုစရိုက်တရားတွေကြောင့်။
ဒုစရိုက်တရားတွေကြောင့်တဲ့။ ဒုစရိုက်တရားတွေ လွှမ်းမိုးလာတဲ့အတွက်ကြောင့် သတ္တဝါတွေရဲ့ အသက်တွေ ဘာဖြစ်လဲဗျ။
တိုလာပါတယ်ဘုရား။
တိုလာတယ်တဲ့။ ဟုတ်လားဗျာ။
မှန်ပါ။ အဲ့ထဲမှာပဲ အဲ့ဒီ စက္ကဝတ္တိသုတ်မှာ နောက်ဟောတဲ့ စကားလေးတစ်ခု ရှိသေးတယ်။ "ဥတုနာ ဘောဇနေန အာယု ဟာသတိ၊ ဝဍ္ဎတိ" တဲ့။ ဥတုနဲ့ အာဟာရကတော့ လူရဲ့သက်တမ်းကို တိုလည်းတိုစေတယ်၊ ရှည်လည်းရှည်စေတယ်။ ဘယ်လိုတိုစေတာလဲဆိုလို့ရှိရင် မသင့်တင့် မလျောက်ပတ်တဲ့ ဥတုတွေ၊ ဘောဇဉ်တွေ၊ ဟုတ်လားဗျ။ မသင့်တင့် မလျောက်ပတ်တဲ့ ဥတု၊ မသင့်တင့် မလျောက်ပတ်တဲ့ ဘောဇဉ်၊ ဒါတွေကို သုံးဆောင်ကြမယ်ဆိုလို့ရှိရင် အသက်တမ်းကို ဘာဖြစ်လဲဗျ။
တိုစေပါတယ်ဘုရား။
တိုစေတယ်တဲ့ဗျ။ တိုစေတယ်။ သင့်တင့်လျောက်ပတ်တဲ့ အစာအာဟာရတွေကို သင့်တင့်လျောက်ပတ်စွာ သုံးဆောင်ကြမယ်ဆိုရင် သက်တမ်းကို ရှည်စေတယ်။ ဟုတ်လားဗျ။
မှန်ပါ။
အဲ့တော့ သင့်တင့်လျောက်ပတ်တဲ့ အစားအသောက်မှာလည်းပဲ သင့်တင့်လျောက်ပတ်ရုံပဲ သုံးဆောင်ရမှာတဲ့။ ဟုတ်လားဗျ။
မှန်ပါ။
ဒါကြောင့်မို့လို့ လျောက်ပတ်သည်စသော ပစ္စယနိဒ္ဒေသမှာဆိုရင် အဲ့ဒီလို အဲ့သလို ပေးရတာ။ အဲ့တော့ အရှင်ဘုရားတို့ အခု စာအုပ်ကြော်ငြာလည်း ကြားဖြတ်ဝင်ဦးမယ်။ ဟုတ်လားဗျ။
မှန်လှပါ။
ကိုယ်တော်တို့ ဒီဘက်ခေတ်မှာဆိုရင် ကြားထဲမှာ နှစ်နေရာတောင် ရေးထားတယ်။ အဲ့ဒီဆွမ်းတွေကို သုံးဆောင်ကြတဲ့အခါ သို့မဟုတ် ဆွမ်းစားသွားကြတော့မယ်ဆိုလို့ရှိရင် ဆွမ်းကပ်တဲ့ပုဂ္ဂိုလ်တွေပေါ့။ ပဏီတဘောဇဉ်တဲ့၊ မနာပဘောဇဉ်တဲ့၊ သပ္ပါယဘောဇဉ်တဲ့။ ဟုတ်လားဗျာ။
မှန်ပါ။
ပဏီတဘောဇဉ်ဆိုတာက မွန်မွန်မြတ်မြတ် စီမံချက်ပြုတ်ထားတာ။ ပဏီတဘောဇဉ်ပေါ့ဗျ။ ဟုတ်တယ်မလား။
မှန်ပါ။ နောက်ဘာတဲ့ဗျ။
မနာပဘောဇဉ်။
မနာပဘောဇဉ်။ မနာပဘောဇဉ်ကလည်းပဲ ကြည့်လိုက်မယ်ဆိုလို့ရှိရင် စားချင်စဖွယ်ပေါ့။ စားချင်စဖွယ်ကတော့ ဘုန်းကြီးတွေလုပ်ထားတာတော့ သိပ်စားချင်စဖွယ် မကောင်းဘူးပေါ့ဘုရား။ လူတွေ ဒကာဒကာမတွေ လုပ်တာတွေကတော့ တကယ့်ကိုပဲ ဒီစားစရာတောင်မှပဲ ပန်းလေးလို ထုထွင်းထားတာ။ ဟုတ်လား။ စားချင်စရာကောင်းအောင်ပေါ့။ အဲ့ဒါက မနာပဘောဇဉ်။ အဓိက ဘာအရေးကြီးသလဲဆိုလို့ရှိရင် သပ္ပါယဘောဇဉ်ဖြစ်ဖို့ အရေးကြီးတယ်တဲ့။ ဘယ်လိုဘောဇဉ်ဖြစ်ရမှာပါလိမ့်။
သပ္ပါယဘောဇဉ်။
သပ္ပါယဘောဇဉ်ဖြစ်ဖို့။ အဲ့တော့ ပဏီတဘောဇဉ်၊ မွန်မြတ်တဲ့ဘောဇဉ်လည်းဖြစ်တယ်၊ မနာပ၊ မြတ်နိုးဖွယ်ရာလည်းဖြစ်တယ်ပေါ့။ ဒါပေမဲ့လို့လည်းပဲ အဲ့ဒီအစားအစာတွေက စားလိုက်မယ်၊ သုံးဆောင်လိုက်မယ်ဆိုလို့ရှိရင် အကြောတွေတက်သွားမယ်၊ ကိုယ်တော်တွေ သွေးတိုးသွားမယ်၊ လေဖြတ်သွားမယ်ဆိုလို့ရှိရင် ကောင်းပါ့မလား။
မကောင်းပါဘူးဘုရား။
မကောင်းဘူး။ ဒါကြောင့်မို့လို့ ဘာဖြစ်ဖို့ အရေးကြီးတယ်။
သပ္ပါယဘောဇဉ်။
သပ္ပါယဘောဇဉ်ဖြစ်ဖို့ အရေးကြီးတယ်။ ဟော ဒါ ကိုယ်တော်တို့ တရားဟောလို့မရဘူးလား။
ရပါတယ်ဘုရား။
တရားဟောလို့ရတာပေါ့ဗျာ။ ကိုယ်တော် အင်္ဂုတ္တိုရ်မှာဆိုလို့ရှိရင် မနာပဒါယီသုတ်ဆိုတာလေ။ မနာပဒါယီသုတ်ဆိုတာ ကိုယ်တော်တို့ အလွန်တရာကောင်းတာ။ တရားဟောလို့ ညွှန်းလိုက်ရအောင်ပဲ။ ဟုတ်လားဗျာ။ အဲ့ဒီတော့ ခုနက သင့်တင့်လျောက်ပတ်တဲ့ ဥတု၊ ဘောဇဉ်တွေ သုံးဆောင်ရမယ်ဆိုလို့ရှိရင်တဲ့ သက်တမ်းဟာလည်း ရှည်စေနိုင်သတဲ့ဗျာ။ ဟုတ်လား။ ခုကမ္ဘာမှာ အသက်ရှည်တဲ့ ပုဂ္ဂိုလ်တွေ ကြည့်မယ်ဆိုလို့ရှိရင် အဲ့ဒီဥစ္စာကို လိုက်နာတာလည်း လိုက်နာကြတယ်ပေါ့။ ရှေးကလည်းပဲ နောက်တစ်ခုတော့ ရှိတာပေါ့ဗျ။ ရှေးကလည်းပဲ သီလကောင်းခဲ့လို့ သက်တမ်းကို ရှည်စေနိုင်တဲ့ကံလည်း ပါရမယ်ပေါ့။ ဒါကတော့ အဓိကကျတယ်ပေါ့။ ဟုတ်တယ်မလား။ အဲ့တော့ ကမ္ဘာမှာ သက်တမ်းအရှည်ဆုံးပုဂ္ဂိုလ်တွေက ဒီအချက်အလက်တွေ ပါတယ်ပေါ့။ ရှေးကလည်းပဲ အသက်ကိုရှည်စေနိုင်တဲ့ ကံတွေပါတယ်။ ပစ္စုပ္ပန်မှာလည်းပဲ ဒေါသတွေနည်းတယ်။ ပစ္စုပ္ပန်မှာလည်း ဘာလဲဗျ။
ဒေါသတွေနည်းတယ်။
ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။
ဒေါသတွေနည်းတယ်။ အဲ နောက်ကျတော့လည်းပဲ ဥတု၊ ဘောဇဉ်၊ အာဟာရတွေ၊ အနေအထိုင်တွေကလည်း သင့်တင့်မျှတတယ်ဆိုလို့ရှိရင် ဒီအချက်တွေဟာလည်း သက်တမ်းကို ဘာလဲဗျ။
ရှည်နိုင်တယ်ပေါ့ဗျာ။ ရှည်နိုင်တယ်။ သက်တမ်းကို ရှည်စေနိုင်တယ်။ အခု အမျိုးသားတွေအချင်းချင်းပဲပေါ့၊ ဘုန်းကြီးတွေနဲ့ အရပ်ထဲမှာဖြစ်နေတဲ့ ဒကာကြီးတွေနဲ့ဆိုလို့ရှိရင် ဘယ်သူက သက်တမ်းပိုရှည်ကြသလဲဆိုရင် ဘုန်းကြီးတွေက ပိုပြီးတော့ သက်တမ်းရှည်ကြတာတွေ များတယ်။ ဘာလို့လဲဆိုလို့ရှိရင်တော့ ဘုန်းကြီးဆိုတာက အပူအပင် လူဒကာဒကာမတွေနဲ့စာရင် နည်းတာပေါ့ဗျ။ ဟုတ်လားဗျ။ အဲ့လိုပြောလို့မရဘူးလား။
ဒါပေမဲ့လည်း ဒါပေမဲ့လို့လည်းပဲ အရင်တုန်းကတော့ ဘုန်းကြီးတစ်ပါးနဲ့ ကျောင်းဒကာနဲ့ အပူပြိုင်တာ၊ အပူပြိုင်ပွဲမှာ အဲ့ဒါ ဘုန်းကြီးက နိုင်သွားတယ်ဆိုတဲ့အကြောင်း။ ဟုတ်တယ်မဟုတ်လားဗျာ။
ကြားဖူးပါတယ်။
အေး၊ အရင်တုန်းက ကျောင်းထိုင်ဘုန်းကြီးတဲ့ဗျ။ ကျောင်းထိုင်ဘုန်းကြီးဆီကို လာပြီးတော့ ကျောင်းဒကာကနေ လာသတဲ့ဗျ။ ကျောင်းဒကာကလည်းပဲ အခု ကျောင်းဒကာ အနာထပိဏ်တို့၊ ဦးသာခတို့ပေါ့ဗျာ။ အိမ်မှာပဲ ပူလွန်း၊ ရှုပ်လွန်းအားကြီးတော့လည်းပဲ ကျောင်းကိုရောက်သွားတာ။ "အရှင်ဘုရားရယ်၊ လူ့ဘဝက ပူစရာတွေ များလိုက်တာ" ဆိုပြီးတော့။ အဲ့ဒါ လူတွေကလည်း တကယ် ပူစရာ၊ ပြင်စရာတွေ သိပ်များတာကိုးပေါ့။ "ဟာ ဒီဒကာကြီး၊ ဒကာကြီးပူတာပဲ၊ ဘုန်းကြီးတော့ မပူပါဘူး" ပေါ့။ ဘုန်းကြီးကလည်းပဲ သူကပူတယ်၊ ကျောင်းဒကာကလည်း ဘာတဲ့ဗျ။
သူကပူတယ်။
သူကပူတယ်ဆိုတော့ အပူပြိုင်ကြရော။ "ကိုင်း ကိုင်း၊ အဲ့လိုဆိုလို့ရှိရင် ဒကာကြီး အပူပြိုင်ကြမယ်" ပေါ့ဗျာ။ အပူပြိုင်ပွဲမှာ ဘာတဲ့။
ပြိုင်ကြမယ်။
ပြိုင်ကြမယ်ပေါ့။ အဲ့ဒါ ကပ္ပိယတစ်ယောက်၊ "ဟေ့ ကပ္ပိယ လာစမ်းကွာ၊ ဟိုစပါးကျီထဲကနေ စပါးတွေယူခဲ့။ စပါးတစ်ခွက်သားလောက် ယူခဲ့" ပေါ့။ အဲ့ဒါ စပါးခွက်နဲ့ ချိန်ခဲ့ကွာပေါ့လေ။ ဘုန်းကြီးရော ဒကာရော၊ ဘုန်းကြီးကလည်း အင်္ကျီချွတ်ပြီးတော့ မှောက်၊ ဒကာကလည်း အင်္ကျီချွတ်ပြီးတော့ မှောက်ပေါ့ဗျာ။ နောက်ကျောပေါ်မှာပဲ နို့ဆီဘူးနှစ်ဘူးစီ၊ တစ်ဘူးစီလောက် စပါးတွေ ဟိုဘက်ဒီဘက် တင်လိုက်တဲ့အခါကျတော့ ဘုန်းကြီးနောက်ကျောပေါ်က စပါးတွေက ပေါက်ပေါက်ထပွင့်တယ်။ ဟုတ်လား။ ဘုန်းကြီးနောက်ကျောက စပါးတွေက ဘာဖြစ်တယ်ဗျ။
ပေါက်ပေါက်ထပွင့်တယ်။
ပေါက်ပေါက်ထပွင့်တယ်တဲ့။ အဲ့တော့မှ "ဟာ အရှင်ဘုရားကလည်း ဘယ့်နှယ့် သားမရှိ၊ သမီးမရှိ၊ ဇနီးမရှိဘဲနဲ့ ဘယ့်နှယ့် ပူလှချည်လား"။ "ဪ ခင်ဗျား၊ ခင်ဗျားအိမ်အတွက်ပါ ပူရတာဗျ။ ကျုပ်က တစ်ရွာလုံးအတွက် ပူရတာ။ ခင်ဗျားတို့အိမ်အတွက်မကဘူး၊ ကျောင်းဒကာ၊ ကျောင်းအမ အိမ်အတွက်မကဘူး၊ တစ်ရွာလုံးအတွက် ပူရတာ။ ဒါကြောင့်မို့ ကျုပ်နောက်ကျောပေါ်က ဘာလဲဗျ၊ စပါးတွေက ပေါက်ပေါက်ထပွင့်နေတာ" ပေါ့လေ။ အဲ့လိုလည်း ရှိသေးတာပေါ့ဗျာ။ ဟုတ်လား။ ဒါကတော့ အလကားပြောကြတဲ့စကားပဲဗျ။ ဟုတ်လား။ အဲ့တော့လည်းပဲ တပည့်တော်တို့ စိတ်ချမ်းသာစွာ နေနိုင်ဖို့တော့ အရေးကြီးတာပေါ့ဗျ။ ဒါကြောင့်မို့လို့ သက်တမ်းရှည်ဖို့ဆိုတာ အဲ့ဒါတွေလည်းပဲ လိုအပ်တယ်ပေါ့။ ဟုတ်တယ်မလား။
ဒါကြောင့်မို့ အဲ့သလိုဆိုလို့ရှိရင် အရှင်ဘုရားတို့ အခု ဥတု၊ ဘောဇဉ်၊ သေနာသန။ ဥတုကလည်း အရှင်ဘုရားတို့ အခု အလွန်တရာ ဆိုးဝါးတဲ့နေရာဆိုလို့ရှိရင် သက်တမ်းမရှည်နိုင်ဘူးဗျ။ ဟုတ်လားဗျာ။ အခု ဟိုတစ်နေ့က လာပြီးတော့ လျှောက်တယ်။ လွန်ခဲ့တဲ့မနေ့ကပေါ့၊ လာပြီးတော့ လျှောက်တယ်ပေါ့။ အဲ့တော့ အဲ့လိုပဲ ဒီတော့ အခု ထမင်းချက်၊ ထမင်းချက်ပြီးတော့ ချွေးသံတရွှဲရွှဲနဲ့ပေါ့ဗျာ။ ချွေးသံတရွှဲရွှဲနဲ့ဆိုပြီးတော့ အဲ့ဒါနဲ့ ထမင်းချက်ပြုတ်ပြီးကျတော့ ရုတ်တရက် ရေအေးချိုးလိုက်တာ တစ်ချက်တည်းနဲ့ သေသွားတာ။ ဟုတ်လားဗျ။ ဘာဖြစ်သွားတာ။
သေသွားတာ။ အဲ့ဒါ ဥတုပဲလေ။ ဟုတ်တယ်မလားဗျ။ ဘာလဲဆိုလို့ရှိရင် မမျှမတနေတာ။ ဒါကြောင့် အရှင်ဘုရားတို့ အခု အလွန်တရာ ပူပြင်းတဲ့အရပ်ဒေသကနေပြီးတော့ ခရီးသွားပြီးကျတော့ ရုတ်တရက်ကြီး ရေမချိုးလိုက်ရဘူး။ ဟုတ်လားဗျ။ အရှင်ဘုရားတို့ အခု ချစ်ချစ်တောက်ပူတဲ့နေရာအောက်မှာ သွားပြီးကျတော့ လူကလည်းပဲ ချွေးတွေနဲ့၊ ရေချိုးဖို့ အချိန်အကြာကြီးမစောင့်သေးဘဲ ရေအေးချိုးလိုက်မယ်ဆိုလို့ရှိရင် အဲ့ဒီခန္ဓာကိုယ်က ခံနိုင်ပါ့မလား။
မခံနိုင်ပါဘူး။ ဒါကိုပြောတာ အရှင်ဘုရားတို့ကို။ ဟုတ်လားဗျာ။ မသင့်တင့်၊ မမျှတဘူးဆိုလို့ရှိရင် ဒါ ဒုက္ခဿပေါ့။ သင့်တင့်မျှတတယ်ဆိုရင် ကာယိကဿ သုခဿပေါ့။ ဟုတ်တယ်မလား။ အဲ့သလိုတွေ ရှိတယ်။ ဒါကြောင့်မို့လို့ ဥတုအနေနဲ့ကလည်း အရှင်ဘုရားတို့ သင့်တင့်မျှတအောင် နေတတ်ဖို့ အရေးကြီးတယ်။ ဟုတ်လားဗျ။ သင့်တင့်မျှတအောင် ဘာလုပ်တတ်ဖို့။
နေတတ်ဖို့ အရေးကြီးတယ်။ နောက် ဒီသေနာသနဆိုတာလည်းပဲ အသုံးအဆောင်ပစ္စည်းတွေလည်း ထိုနည်းလည်းကောင်းပဲပေါ့ဗျာ။ အခု ကိုယ်က တတ်နိုင်မယ်ဆိုလို့ရှိရင် ပူတဲ့ရာသီ၊ အေးတဲ့ရာသီမှာဆိုလို့ရှိရင်လည်းပဲ နွေးနွေးထွေးထွေးနေဖို့ အရေးမကြီးဘူးလား။
ကြီးပါတယ်။
ပူအိုက်တဲ့ရာသီမှာဆိုလို့ရှိရင် အေးအေးချမ်းချမ်းနေရာလေးမှာ နေရဖို့ အရေးမကြီးဘူးလား။
အဲ့ဒါ အရေးကြီးတယ်။ ဒါကို သေနာသနံ ကာယိကဿ သုခဿ၊ ကာယိကဿ ဒုက္ခဿ ပြောတာ။ ဒါတွေက မသင့်တင့်ဘူးဆိုရင် ဒုက္ခဿပေါ့။ သင့်တင့်တယ်ဆိုရင်...
သုခဿပဲပေါ့။ ဒါကြောင့်မို့လို့ ရုပ်တရားတို့၊ အခု ဒီအစားအသောက်တွေပဲဖြစ်ဖြစ်၊ ဥတုတွေပဲဖြစ်ဖြစ်၊ ဒီဥစ္စာတွေက တကယ့်တကယ်ကြည့်မယ်ဆိုလို့ရှိရင် ဒီလူနဲ့ ပြင်ပကမ္ဘာတို့ဟာ အမြဲတမ်းပဲ ဆက်စပ်လျက်ရှိတယ်ဆိုတာကို သိသာနိုင်တယ်ဗျ။ ဟုတ်လားဗျ။ လူနဲ့ ဘာတဲ့ဗျ။
ပြင်ပကမ္ဘာကြီး။
ပြင်ပကမ္ဘာကြီးဟာ အရှင်ဘုရားတို့ အမြဲတမ်းပဲ ဆက်သွယ်နေကြတယ်။ ကြည့်လိုက်၊ ပြင်ပကမ္ဘာကြီးက ပူနေတယ်ဆိုလို့ရှိရင် လူတွေဟာ ချွေးတွေကလည်း ရွှဲခနဲ ရွှဲခနဲ မနေဘူးလား။
ဘေးကနေ အေးနေပြီ၊ ဘေးပတ်ဝန်းကျင်မှာ ရေတွေခဲနေပြီဆိုလို့ရှိရင် ဒီခန္ဓာကိုယ်ကလည်း ပူနိုင်ပါဦးမလား။
မပူနိုင်ဘူး။ ဒါကြောင့်မို့လို့ ဒီပြင်ပပတ်ဝန်းကျင်နဲ့ တပည့်တော်တို့ ဒီခန္ဓာကိုယ်နဲ့ဟာ ဆက်စပ်ပြီးတော့ နေကြတယ်ပေါ့ဗျာ။ ဒါကြောင့်မို့လို့ ဘုရားရှင်ကိုယ်တော်မြတ်က ဒါတွေကိုကြည့်ပြီးကျတော့ "ဥတု ဘောဇန သေနာသနံ ကာယိကဿ သုခဿ၊ ကာယိကဿ ဒုက္ခဿ ဖလသမာပတ္တိယာ" လို့ ဟောရတာ။ သင့်တင့်လျောက်ပတ်မယ်ဆိုလို့ရှိရင် သုခဿ၊ မသင့်တင့်မလျောက်ပတ်ရင်...
ဒုက္ခဿ။
ဒုက္ခဿပေါ့ဗျာ။ အဲ့တော့ ကိုယ်တော်တို့ အစာမကြေလို့ အောက်အန်နေပြီဆိုလို့ရှိရင်လည်းပဲ ကိုယ်တော်တို့ ကာယိကဿ ဒုက္ခဿသာပေါ့ဗျာ။ ကာယိကဿ ဒုက္ခဿ။ ဟုတ်လားဗျ။ ဒါ ကိုယ်တော်တို့ အန်တာနဲ့ မတွေ့ဖူးဘူးလား။
တွေ့ဖူးတာပေါ့ဗျာ။ ကိုယ်တော်တို့ အဲ့တော့ ဟိုတုန်းက ဆရာဝန်တင်ရွှေဆိုတာ ရှိတယ်ပေါ့ဗျာ။ ကိုယ်တော်တို့ ငယ်ငယ်လောက်ကတော့ မှီသေးတယ်ပေါ့။ ဒေါက်တာတင်ရွှေဆိုတာ ကျန်းမာရေးဗဟုသုတတွေရေးတဲ့ဆရာ။ သူက အသက်ရှည်အောင်ဆိုပြီးတော့ သက်သတ်လွတ်တွေ စားတာများတယ်ဗျ။ သူက သူတော်ကောင်းပုဂ္ဂိုလ်ပါပဲ။ အဲ သူက "အသက် ၄၀ ကျော်လျှင်" ဆိုတဲ့ ဆောင်းပါးတွေ၊ စာအုပ်ကြီးလည်း ရေးထားတာရှိတယ်။ "အသက် ၄၀ ကျော်ရင် ဘဝစတယ်" လို့ အနောက်တိုင်းက မပြောဘူးလား။
ပြောပါတယ်။
တကယ်အမှန်ပဲ။ အသက် ၄၀ ကျော်လာပြီဆိုလို့ရှိရင် တောင်ရဲ့အမြင့်ဆုံး၊ တောင်ကိုတက်ပြီးပြီဆိုလို့ရှိရင် အမြင့်ဆုံးတောင်ထိပ်ရောက်ပြီးတော့ တစ်ဖက် ဘာပဲကျန်တော့လဲ။
ဆင်းဖို့ပဲ ကျန်တော့တယ်။
ဆင်းဖို့ပဲ ကျန်တော့တာပေါ့။ ဒီ့ထက်မြင့်စရာ ရှိသေးလား။
မရှိပါဘူး။
ဘဝလည်းပဲ အသက် ၄၀ အပြည့်၊ လေးဆယ်ရောက်ပြီဆိုလို့ရှိရင် ဘဝတက်စရာမရှိတော့ဘူး။ ခန္ဓာကိုယ်က တစ်ရွေ့ရွေ့နဲ့ ဘာဖြစ်လာပြီလဲ။
ကျဆင်းလာပြီ။
ကျဆင်းလာပြီ။ အဲ့ဒါကိုပဲ "အသက် ၄၀ ကျော်ရင် ဘဝ..."
စ...
စတယ်တဲ့။ ဘာစတာပါလိမ့်။
အိုခြင်းစတာ။
ဟော သိသာထင်ရှားစွာနဲ့ အိုခြင်းစတာ၊ နာခြင်းစတာ။ ဘယ်ဘူတာဆိုက်ဖို့လဲဆိုရင် သေမယ့်ဘူတာဆိုက်ဖို့။ ဘယ်ဘူတာဆိုက်ဖို့လဲဆိုရင်...
သေမယ့်ဘူတာ။ သေမယ့်ဘူတာဆိုက်ဖို့အတွက်ကို စနေပြီပေါ့ဗျာ။ ဒါ ပေါ်လွင်ထင်ရှားတာ။ ဒါ ပကတူပနိဿယ၊ အပကတူပနိဿယ ရှိတယ်မဟုတ်ဘူးလား။
ဒါက အပကတူပနိဿယ။ ဒါကတော့ အမြဲတမ်းရှိနေတာလေ။ ဟုတ်တယ်မလား။
အဲ အဲ့ဒီလိုရှိတယ်။ ဒါကြောင့်မို့လို့ ဆရာဝန်တင်ရွှေကတော့ ခုနကပြောသလိုပဲ သူကတော့ ကျန်းမာရေးဆောင်းပါးတွေရေးတာ။ သူက အသက် ၆၃ နှစ်လောက်နဲ့ ဆုံးသွားတာဗျ။ တော်တော် နှမြောစရာကောင်းလား။ တကယ်တော့လည်းပဲ နောက် ၁၅ နှစ်၊ ၂၀ လောက် နေစရာကောင်းတာပေါ့ဗျ။ နေစရာမကောင်းဘူးလား။
ကောင်းပါတယ်။ သူကိုယ်တိုင်လည်း ဆရာဝန်ပဲ။ အဲ့ဒါ ဘာပြုလို့လဲလို့ပြောတော့ တစ်ဆင့်စကားပေါ့။ ကိုယ်တော်တို့ရေ အစားအသောက်တွေကလည်း သက်သတ်လွတ်ဆိုပြီးတော့ စားမယ်ဆိုလို့ရှိရင်၊ ကိုယ်တော်တို့ အသီးအရွက်စားမယ်ဆိုလို့ရှိရင် ရေဆေးပြီးတော့မှ စားရမယ်ပေါ့။ ဟုတ်လားဗျ။ ဘာလုပ်ပြီးစားရမယ်။
ရေဆေးပြီးတော့။
ရေဆေးပြီးတော့မှ စားရမယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ ဆေးတွေဖြန်းထားကြတယ်။ ဘာပဲသုံးဆောင်ကြ၊ ဘယ်အစားအစာပဲဖြစ်ဖြစ်ပေါ့လေ။ အဲ့ ခုနက ဆရာဝန်တင်ရွှေတို့ကတော့လည်းပဲ ခုနက သက်သတ်လွတ်ပဲ စားတယ်ပေါ့။ ခုနက ဆေးဖြန်းထားတဲ့ အစားအသောက်တွေ စားတော့ ကြာလာတော့ အသည်းက မခံနိုင်တော့ဘူးဗျ။ ဟုတ်လား။ ဘယ်သူက မခံနိုင်တော့ဘူး။
အသည်းက။
အသည်းက မခံနိုင်တော့ဘူး။ အသည်းက မခံနိုင်တော့ ကျောက်ကပ်က ပျက်စီးရောပေါ့။ အသည်းက မခံနိုင်တော့ ဘာပျက်စီးတာလဲ။
ကျောက်ကပ်ပျက်စီးတာပါဘုရား။
ကျောက်ကပ်က အဲ့လိုပျက်စီးသွားတာနဲ့ အဲ့လိုပဲ နှမြောစရာကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဆုံးရှုံးသွားရတယ်ပေါ့ဗျာ။ ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ရေ ပြင်ပကမ္ဘာနဲ့၊ ဒီဥတုဘောဇဉ်တို့နဲ့၊ ဒီခန္ဓာကိုယ်နဲ့ဟာလည်း ဘာပါလိမ့်။ ဆက်စပ်နေကြတယ်။ ဒါကြောင့်မို့လို့ ဘုရားရှင်ကိုယ်တော်မြတ်က ဒီတရား၊ ဒီတရားတွေ ဟောလိုက်တာဟာလည်း သင့်တင့်လျောက်ပတ်တဲ့ ဥတုနဲ့၊ ဘောဇဉ်နဲ့ နေကြ၊ မျှတအောင် နေကြရမယ်။ မသင့်တင့်မလျောက်ပတ်ဘူးဆိုလို့ရှိရင်တော့လည်းပဲ ခုနကပြောသလို ဒုက္ခတွေရောက်သွားနိုင်တယ်၊ ကာယိကဿ ဒုက္ခဿ ဖြစ်သွားနိုင်တယ်။ ဒါကြောင့်မို့လို့ ချစ်သားတို့၊ ချစ်သမီးတို့ သင့်တင့်မျှတအောင် နေကြ။ ဥတုပဲဖြစ်ဖြစ်၊ ဘောဇဉ်ပဲဖြစ်ဖြစ်၊ သေနာသနပဲဖြစ်ဖြစ်၊ မသင့်တင့်ဘူးဆိုရင်တော့ ကာယိကဿ ဒုက္ခဿ ဖြစ်လိမ့်မယ်။ သင့်တင့်တယ်ဆိုလို့ရှိရင်...
ကာယိကဿ သုခဿ။
အဲ့ဒါ ကာယိကဿ သုခဿ ဖြစ်လိမ့်မယ်လို့ ဒီလိုပြောသွားတာ။ အဲ့လိုဆိုလို့ရှိရင် ဘုရားရှင်ဟောတာ ကြားသွားလားဗျာ။
ကြားသွားပါတယ်။
အခု နှလုံးသားနားနဲ့ ကြားသွားပြီပေါ့။ ဟုတ်လားဟေ့။
ဟုတ်ပါ့ဘုရား။
ဘာနားနဲ့ ကြားသွားတာလဲ။
နှလုံးသားနားနဲ့။
နှလုံးသားနားနဲ့ ကြားသွားပြီ။ ဟုတ်လားဗျ။ ကိုင်း ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ ဒါတွေ အလွန်တရာမှ လိုအပ်တယ်ပေါ့။ ဒါကြောင့်မို့လို့ ဒီနောက် ပေါင်းပြီးတော့လည်းပဲ ကျေးဇူးပြုဦးမယ်ပေါ့။ ဖလသမာပတ္တိ၊ ဖလသမာပတ်က သုခပဲရှိတယ်၊ ဒုက္ခမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ ကာယိကသုခဖြစ်ဖို့အတွက်ကိုပဲ ဘာဝင်စားရလဲ။
ဖလသမာပတ်ဝင်စား။
ဖလသမာပတ်ဝင်စားတယ်ပေါ့။ ဒါ အနန္တရပစ္စည်းမှာ မပြောခဲ့ဘူးလား။
ပြောခဲ့ပါတယ်။
ဒါ ကိုယ်တော်တို့ ပြောခဲ့ပြီပေါ့။ နောက် အရိယော သုခံ ဥပနိဿာယ ဥပ္ပန္နံ ကိလေသံ သမာပဇ္ဇတိ။ သင်္ခါရေ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ။ ကာယိကံ သုခံ၊ ကာယိကံ ဒုက္ခံ၊ ဥတု၊ သေနာသနံ ဥပနိဿာယ အနုပ္ပန္နံ ကိရိယာသမာပတ္တိံ ဥပ္ပါဒေတိ၊ သမာပဇ္ဇတိ။ သင်္ခါရေ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ။ အဲ့တော့ ကိုယ်တော်တို့ရဲ့ စာအုပ်စာမျက်နှာ ၉၄ လောက်လား၊ ၁၀၃၊ ၁၃ မှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ဒီမေးထားတဲ့မေးခွန်းနဲ့ ပါတယ်ပေါ့။ ၂၀၀၀ ပြည့်နှစ်က "ကိုယ်ချမ်းသာမှုကို အကြောင်းပြု၍ ကောင်းမှုများစွာ ပြုတတ်ရာ၌ ရဟန္တာအရှင်မြတ်တို့ ပြုတတ်သောကောင်းမှု၊ ပုထုဇဉ်၊ သေက္ခတို့ ပြုတတ်သောကောင်းမှုတို့ကို ပြဆိုသော ပါဠိ၊ ပကတူပနိဿယ၊ အဗျာကတပိုင်းကို ရေးသားတင်ပြပါ" လို့။ တွေ့လား။ အရိယော သုခံ ဥပနိဿာယ အနုပ္ပန္နံ ကိလေသံ... သင်္ခါရေ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ။ ကိုယ်ချမ်းသာမှုကို အကြောင်းပြုတတ်ရာ၌ ရဟန္တာအရှင်မြတ်တို့ ပြုတတ်တဲ့ကောင်းမှု။ တွေ့လားဟေ့။
ကိုယ်တော်တို့က ဒီမှာပြောမှပဲ ကြည့်တာမဟုတ်ဘူးလား။
အဲ့တော့ မေးနေတာမဟုတ်လား။ အဲ့လိုမမေ့ကြနဲ့ ကိုယ်တော်တို့။ ဒါတွေက မေးနေတာ။ ဟုတ်လားဗျ။ ဒါကြောင့်မို့လို့ အခု ရဟန္တာတွေလည်းပဲ အရိယော သုခံ ဥပနိဿာယ၊ ကိုယ်ချမ်းသာမှုအတွက် အနုပ္ပန္နမဖြစ်သော ကိလေသကို ဖြစ်စေ၊ ဖြစ်ပြီးတော့ သမာပတ်ကိုလည်းပဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တရယ်လို့ ပွားများပါတယ်တဲ့ဗျ။ ဟုတ်လားဗျ။ ဒါ ကိုယ်ချမ်းသာမှုအကြောင်းတွေ။ နောက် ကာယိကံ ဒုက္ခံ၊ ဥတု၊ ဘောဇဉ်၊ ဒီအကြောင်းအရာတွေကြောင့်လည်းပဲ ခုနက ပွားများတယ်တဲ့။ ဒါကိုပြောတာပဲ။ ဟုတ်လားဗျ။ ဒါကိုပြောတာပဲ။ ကိုင်း ဒါဆိုလို့ရှိရင်တော့ ခြုံပြောမယ်ဆိုလို့ရှိရင် ဒီ အဗျာကတော အဗျာကတဿကတော့ ကိုယ်တော်တို့ လျောက်ပတ်တဲ့ ဥတု၊ ဘောဇဉ်၊ မလျောက်ပတ်တဲ့ ဥတု၊ ဘောဇဉ်တွေထဲက ဒီရုပ်တရားတို့၊ တပည့်တော်တို့အနေနဲ့က အသက်ရှည်ခြင်းနဲ့ ချမ်းသာကို လိုချင်တယ်ဆိုလို့ရှိရင် မျက်မှောက်သောချမ်းသာပဲဖြစ်ဖြစ်၊ သံသရာချမ်းသာပဲဖြစ်ဖြစ်၊ မလျောက်ပတ်တာကို မပြုလုပ်ဖို့ အရေးကြီးတယ်လို့ ပြောလိုရင်းပဲ။ မလျောက်ပတ်တာတွေကို ဘာတဲ့။
မပြုလုပ်ဖို့ အရေးကြီးတယ်။
မပြုလုပ်ဖို့ အရေးကြီးတယ်။ ကိုင်း အရှင်ဘုရားတို့ မလျောက်ပတ်တာတွေကို ဘာပြုရမယ်။
မပြုလုပ်ရဘူး။ မပြုလုပ်ရဘူးတဲ့။ ဟုတ်ရဲ့လား။
မဟုတ်ပါဘူး။
ဘုန်းကြီး ဒါတွေပြောနေတာ ဟုတ်လား။
မှန်လှပါဘုရား။
အဲဒါ လျောက်ပတ်သလား၊ မလျောက်ပတ်ဘူးလား။
လျောက်ပတ်ပါတယ်။ အဲ့တော့ အရှင်ဘုရားတို့ "သေချင်ရင် စိန်စား" ဆိုသလိုပဲဗျ။ ဟုတ်လားဗျ။
အဲ့လိုပဲပေါ့ ကိုယ်တော်တို့ရေ။ ဒါကြောင့်မို့လို့ လျောက်ပတ်တဲ့ဘဝဟာ ကိုယ်တော်တို့ လျောက်ပတ်တာတွေ ပြုလုပ်ဖို့ အရေးကြီးတယ်ပေါ့။ ဘာတဲ့ဗျ။
ပြုလုပ်ဖို့။
ပြုလုပ်ဖို့ အရေးကြီးတယ်။ မလျောက်ပတ်တာတွေကို ရဲရဲဝံ့ဝံ့ ရှောင်ရှားနိုင်ဖို့ အရေးကြီးတယ်။ ဟုတ်လား။
ကိုင်း ဒါကြောင့်မို့လို့ ဘုရားရှင်ကိုယ်တော်မြတ်က ဒီ အဗျာကတော အဗျာကတမှာတော့ဖြင့် ကဲ အဲ့သလို ဟောလိုက်ကြတယ်၊ ဟောလိုက်တယ်ပေါ့။ ကိုင်း ဒါကြောင့်မို့လို့ အဗျာကတော ကုသလဿ၊ ကိုင်း ပါဠိတော်တစ်ခေါက်ကို ပူဇော်ကြည့်ရအောင်။ အဗျာကတော ဓမ္မော ကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ကာယိကံ သုခံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။ အဲ့ဒါက အရှင်ဘုရားတို့ ဒီဥစ္စာ အလွန်တရာကောင်းတယ်ဗျ။ ဟုတ်လားဗျာ။ ခုနက မေးခွန်းထဲမှာပဲ ပါပြီးလေ။ ဒါ ပုထုဇဉ်၊ သေက္ခတို့။ ဟုတ်တယ်မလားဗျာ။
မှန်ပါ။
အဲ့တော့ ကိုယ်ချမ်းသာမှုကို အကြောင်းပြု၍ ကောင်းမှုများစွာ ပြုလုပ်တတ်ကြရာ၌ဖြင့် ပုထုဇဉ်၊ သေက္ခတို့ ပြုလုပ်တဲ့ပုံစံကို ပြတာလေ။
မှန်ပါ့ဘုရား။
ဟုတ်တယ်မဟုတ်လားဗျ။
မှန်ပါ။
ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။
အဲ့ဒါကြောင့်မို့လို့ ဒီလိုဆိုလည်း ကောင်းတာပေါ့ဗျ။ ရှေးကကောင်းလို့...
ကောင်းကောင်းပါသည်။
ကောင်းပါသည်။ ကောင်း...
ကောင်းပါတယ်။
နောင်ကောင်းပါလိမ့်မည်။ အဲ့ဒါ ဘာပြောတာတုန်းဗျာ။ ကာယိကံ သုခံ။
ကာယိကံ သုခံ။
ကာယိကံ သုခံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ။ ဟုတ်လားဗျာ။ သမာပတ္တိံ ဥပ္ပါဒေတိ။ "ရှေးကကောင်းလို့ ကောင်းပါသည်၊ နောင်ကောင်းပါလိမ့်မည်" ဗျ။ ကိုယ်တော်တို့ ဒီဟာ ကောင်းဖို့မလိုဘူး။ အရင်တုန်းက ကောင်းခဲ့လို့ အခု ဘာဖြစ်လဲဗျာ။
ကောင်းနေတာ။ အဲ့ဒါ အရင်တုန်းက မကောင်းခဲ့ရင် အခုကောင်းပါ့မလား။
မကောင်းပါဘူး။
မကောင်းဘူးပေါ့ဗျာ။ မကောင်းနိုင်ဘူးပေါ့။ ဒါကြောင့်မို့လို့ ကောင်းတာကိုကြည့်ပြီးတော့ "ဪ ငါတို့ဟာလည်း လာမယ့်ဘဝတွေလည်းပဲ ဒီထက်မနိမ့်အောင်" ဆိုတော့ ကောင်းတဲ့အနေအထား လုပ်ကြမှာပေါ့။ အရင်းမရှုံးအောင်ပေါ့ဗျာ။ ဘယ်လိုလဲ။ အရင်းမရှုံးအောင်။
အရင်းမရှုံးအောင်ပေါ့ဗျာ။ အရင်းရှုံးမသွားအောင်။ အဲ့တော့ အရင်းလည်းရှုံးတယ်၊ ကထုံးနဲ့ ပုဆိုးဖတ်တင်တယ်ဆိုလို့ရှိရင် မကောင်းဘူးပေါ့ဗျာ။ ဟုတ်လားဗျ။ ဒါကြောင့်မို့လို့ အခုလည်းကောင်းတယ်၊ နောင်လည်းကောင်းဖို့အတွက်ကိုဆိုလို့ရှိရင်တော့ ကောင်းမှုတွေ ထပ်ခါထပ်ခါ ပြုရမယ်။ ဒါကြောင့် ဟိုတုန်းက ကိုယ်တော်တို့ စကားလုံးတစ်လုံး ပြောခဲ့တယ်မဟုတ်လားဗျ။ သုခေါ ပုညဿ...
ဥစ္စယော။
ဥစ္စယောဆိုတာလေ။ သုခေါ ပုညဿ ဥစ္စယော။ အဲ့တော့ ဒီပေတဝတ္ထုမှာတော့ "သုခေါ ပုညာနံ ဥစ္စယော" ဆိုတာ ပါသေးတယ်။ ဟုတ်လားဗျ။ ဥဂ္ဂတသိရိပေတဝတ္ထုမှာဆိုလို့ရှိရင် အဲ့လိုလေး ပါသေးတယ်ပေါ့။ တူတူပါပဲ စကားလုံးအဓိပ္ပာယ်က။ အဲ့ဒါကြောင့် ကာယိကံ သုခံ ဥပနိဿာယ၊ ကိုယ်ချမ်းသာမှုကို အကြောင်းပြုပြီးတော့ ကောင်းမှုများစွာ ပြုလုပ်တဲ့ပုံစံကို ပြောတာပါပဲတဲ့။
နောက်တစ်ခုလာပြီ။ ကာယိကံ ဒုက္ခံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။ သွားပြီတော့ အကုန်လုံးပေါ့။ လောကမှာ ပြောစမှတ်ပြုကြတယ်လေ။ "ဆင်းရဲလေလေ..."
သံဝေဂရ။
"ဆင်းရဲလေလေ သံဝေဂရ" ဟူသော စကားနဲ့အညီ အဲ့ဒါဖြစ်ခဲ့သော ပကတူပနိဿယ၊ အဲ့ဒါ ပါဠိအနုဝါဒ၊ ပါဠိကိုရေးခဲ့ပါဆိုလို့ရှိရင်ပေါ့။ ဟုတ်လားဗျ။ ကာယိကံ ဒုက္ခံ ဥပနိဿာယ ဒါနံ ဒေတိ စသည်အားဖြင့် သမာပတ္တိံ ဥပ္ပါဒေတိ။ ဟုတ်လား။ ဒါကြောင့်မို့လို့ ဆင်းရဲလေလေ သံဝေဂရတဲ့။ တချို့ပုဂ္ဂိုလ်တွေက ခုဆင်းရဲတာကြည့်ပြီးတဲ့အခါကျတော့ "ဪ သံသရာတစ်ခွင် စုန်ချည်ဆန်ချည် လည်ခဲ့ရပါပေါ့လား။ အသိဉာဏ်နဲ့ပြည့်စုံတဲ့အချိန်အခါမှာတော့ဖြင့် ကြိုးစားပမ်းစား ဒါနကောင်းမှု၊ သီလကောင်းမှု၊ ဘာဝနာကောင်းမှုကို ကြိုးစားပမ်းစား ပြုလုပ်ကြမယ်" လို့ ဒီလိုတွေးတဲ့ပုဂ္ဂိုလ်တွေ မရှိကြဘူးလား။
ရှိကြပါတယ်ဘုရား။
ရှိတာပေါ့ဗျ။ ဟုတ်လား။ ဒါကြောင့်မို့လို့ ဆင်းရဲလေလေ ဘာပါလိမ့်ဗျ။
သံဝေဂရ။
သံဝေဂရတဲ့။ ဒီလိုပြောကြရတယ်။ ဒါ အခု ပဋ္ဌာန်းနဲ့ ကိုက်မနေဘူးလား။
ကိုက်ပါတယ်။ ဟုတ်လားဗျာ။ ဥတု ဘောဇန သေနာသနံ ဥပနိဿာယ။ ဥတု၊ ဘောဇဉ်။ ဥတုက ဘယ်လောက်ကောင်းတာ။ ဘုရားက ဘာမှမကျန်ဘူး ကိုယ်တော်တို့ရေ။ ဪ ကြည့်စမ်းပါဦး။ နွေရာသီဆိုလို့ရှိရင်တော့ဖြင့် ကန်စွန်းရွက်ကလေးက ကောင်းတာ။ ဟုတ်လားဗျ။ တစ်ခါ ဆောင်းတွင်းကာလဆိုလို့ရှိရင်တော့ ကောင်းကျိုးမောင်းတွေ ကျောင်းတိုက်တွေမှာ လာလာပြီးတော့ လှူလေ့လှူထရှိတယ်။ ဟုတ်တယ်မဟုတ်လားဗျ။
မှန်ပါ။
အဲ့ဒါကလည်း ကိုယ်တော်တို့ကို အကြောင်းပြုပြီးတော့ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိတွေပဲ မဟုတ်ဘူးလား။
မှန်ပါ။
အဲ့လိုပဲပေါ့။ ဥတု ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိဆိုတော့ ဒါအကုန်လုံး ကျုံးဝင်တယ်ပေါ့ဗျာ။ ဟုတ်တယ်မလား။ အဲ့ဒါလည်းပဲ အခု ပေါ်ဦးပေါ်ဖျားပေါ့ဗျာ။ တချို့တချို့ကျတော့လည်းပဲ မိမိတို့ရဲ့အသီးအနှံတွေ၊ စိုက်ပျိုးထားတဲ့အသီးအနှံတွေကနေ ပေါ်လာပြီဆိုလို့ရှိရင်လည်းပဲ ပေါ်ဦးပေါ်ဖျားအနေနဲ့ လာပြီးတော့ လှူကြတာ မရှိဘူးလား။
ရှိပါတယ်။
ရှိတယ်။ အဲ့ဒီဥစ္စာတွေက အရှင်ဘုရားတို့ ဥတု၊ ဘောဇဉ် တူတူပဲပေါ့ဗျ။ ဥတု၊ ဘောဇဉ် ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ စသည်အားဖြင့် အဲ့လိုပဲပေါ့။ အဲ့ဒါဆိုတော့ မဟုတ်သေးဘူး ကိုယ်တော်တို့ရေ။ ခု ဥတု၊ ဥတု ဥပနိဿာယဆိုလို့ရှိရင်လည်းပဲ ဝါဆိုသင်္ကန်းက မပါဘူးလား။
ပါပါတယ်။
ကထိန်သင်္ကန်းက မပါဘူးလား။
ပါပါတယ်။
ဪ ပါတယ်။ ဘာမှမကျန်ဘူး။ ဟုတ်လားဗျာ။ ဘာမှမကျန်ဘူးပေါ့။ အလွန်တရာမှ ပြည့်ပြည့်စုံစုံရှိတယ်။ ဒါကြောင့်မို့လို့ ဒီဘောဇဉ်လည်း ထိုနည်းလည်းကောင်းပဲပေါ့ဗျာ။ သေနာသနံ ဥပနိဿာယ ဒါနံ ဒေတိ။ ဟုတ်လားဗျာ။ အခွင့်သင့်တဲ့အချိန်အခါမှာ ငါတို့လှူဦးမယ်ပေါ့။ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ။ ကျောင်းဆောက်နေတဲ့နေရာ၊ ဇရပ်ဆောက်နေတဲ့နေရာ၊ အဲ့လို အဆောက်အအုံဆောက်နေတဲ့နေရာတို့လည်းပဲ ပါဝင်ပြီးတော့ ကူညီလှူဒါန်းကြဦးမယ်ဆိုလို့ရှိရင် သေနာသနံ ဥပနိဿာယ ဘာဖြစ်လဲ။
ဒါနံ ဒေတိ။
ဒါနံ ဒေတိပဲပေါ့။ ကျန်တဲ့အသုံးအဆောင်ပစ္စည်းတွေလည်း သေနာသနပဲနော်။ ကျန်တဲ့အသုံးအဆောင်တွေ ဘာလဲ။
သေနာသန။ အဲ့ဒါ ရဟန်းသံဃာတို့ သုံးဆောင်အပ်တဲ့ အသုံးအဆောင်တွေလည်းပဲ သေနာသနပဲပေါ့။ အဲ့ သေနာသနဆိုတဲ့ပုဒ်ကို အရှင်ဘုရားတို့ရေ၊ အဲ ဟိုက သဒ္ဒါနည်းနဲ့ သွားလိုက်ရအောင်ပဲ။
မှန်ပါ။
ဒွန်လည်းရှိတယ်တဲ့ဗျ၊ ကံလည်းရှိတယ်။ ဟုတ်လားဗျ။ သေနဿန။ ဟုတ်လား။ ဘာနဲ့ဘာလဲ။
သေန။
သေန၊ သန။ ဘာနဲ့ဘာနဲ့။
ဒွန်နဲ့။
ကမ္မဓာရယတဲ့။ နှစ်မျိုးနှစ်စား ကျန်လို့ရတယ်။ သေနာသနံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ စသည်အားဖြင့် သမာပတ္တိံ ဥပ္ပါဒေတိ။ အဲ့တော့ အရှင်ဘုရားတို့ အခု နေရာထိုင်ခင်းလည်း ကောင်းပြီ။ "ဪ ဒီလိုတောအုပ်လေးထဲမှာဆိုလို့ရှိရင် တရားထိုင်ရမယ်ဆိုလို့ရှိရင်တော့ အဆင်ပြေသွားလိမ့်မယ်" ပေါ့ဗျာ။ သူတို့တွေးတာ။ အဲ့ဒါ မိဂိကတွေးတာလေ။ မိဂိကတွေ့တာ။ အဲ့ဒါနဲ့ သူကတော့ တစ်ရက်တော့ ဥယျာဉ်တွေထဲမှာ တရားထိုင်၊ စိတ်တွေပွားများနေတာ။ သူကတော့ အရင်တုန်းက ဘဝတွေရဲ့ နှုတ်စွံခဲ့မှုကြောင့်ပေါ့ဗျာ၊ သူတို့ တရားမရခဲ့ဘူးပေါ့။ ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ အခု သေနာသနံ ဥပနိဿာယ စသောအားဖြင့် ဒီဥစ္စာတွေကြည့်မယ်ဆိုလို့ရှိရင်လည်းပဲ ဘုရားအလောင်းတော်ကြီးတို့ ကြည့်ခြင်းကြီးငါးပါးထဲမှာ မပါဘူးလား။
ပါပါတယ်။ ကြည့်ခြင်းကြီးငါးမျိုးဆိုတာ မပါဘူးလား။
ပါပါတယ်။
နေရာဌာနကိုလည်း ကြည့်ရသေးတယ်လေ။ မကြည့်ရဘူးလား။
ကြည့်ရပါတယ်။ ကြည့်ရသေးတယ်ပေါ့ဗျာ။ ဒါတွေကလည်း သေနာသနထဲမှာ ကျုံးဝင်တယ်၊ အကုန်လုံး ကျုံးဝင်တယ်ပေါ့။ ဟုတ်လား။ ကိုင်း ပေါင်းလိုက်မယ်ပေါ့ဗျာ။ ကာယိကံ သုခံ၊ ကာယိကံ ဒုက္ခံ၊ ဥတု၊ ဘောဇန၊ သေနာသနံ၊ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာနံ ဥပနိဿယပစ္စယေန ပစ္စယော။ အဲ့တော့ ကာယိကသုခကြောင့် သဒ္ဓါ၊ ပညာတွေ ဖြစ်ရတယ်။ ဒုက္ခအကြောင်းလည်းပဲ သဒ္ဓါ၊ ပညာတွေ ဖြစ်ရတယ်။ ဥတု၊ ဘောဇဉ်တွေကြောင့်လည်းပဲ သဒ္ဓါ၊ ပညာတွေ ဖြစ်ရတယ်။ ဒါကိုပြောပြတာ။
ကိုင်း ဒါကြောင့်မို့လို့ အဗျာကတော အကုသလဿကို ဟောကြည့်ကြရအောင်၊ ဆိုရအောင်။ အဗျာကတော ဓမ္မော အကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ကာယိကံ သုခံ ဥပနိဿာယ ပါဏံ ဟနတိ၊ အဒိန္နံ အာဒိယတိ၊ မုသာ ဘဏတိ... သံဃံ ဘိန္ဒတိ။ အဲ့လို အကုန်ဆိုမယ်ပေါ့ဗျ။ ကာယိကံ ဒုက္ခံ၊ ဥတု၊ ဘောဇနံ၊ သေနာသနမ္ပိ ဥပနိဿာယ ပါဏံ ဟနတိ... သံဃံ ဘိန္ဒတိ။ ကာယိကံ သုခံ၊ ကာယိကံ ဒုက္ခံ၊ ဥတု၊ ဘောဇနံ၊ သေနာသနံ၊ ရာဂ၊ ဒေါသ၊ မောဟ၊ မာနဿ၊ ဒိဋ္ဌိယာ၊ ပတ္ထနာယ ဥပနိဿယပစ္စယေန ပစ္စယော။
အဲ့တော့ ဒီဥစ္စာက ဘာပြောတာလဲဆိုလို့ရှိရင် ဒါတွေက ကိုယ်တော်တို့ သတိပြုစရာတွေအနေနဲ့ ဘုရားရှင်ကိုယ်တော်မြတ်က ဒီပဋ္ဌာန်းထဲမှာ ထည့်ပြီးတော့ ဟောလိုက်တာ။ ကာယိကံ သုခံ ဥပနိဿာယ ပါဏံ ဟနတိ၊ အဒိန္နံ အာဒိယတိ။ တချို့သောပုဂ္ဂိုလ်တွေကြည့်လေ။ မိမိအတွက်ဖြစ်ဖြစ်၊ မိမိရဲ့မိသားစုအတွက်ဖြစ်ဖြစ်၊ မိမိပတ်ဝန်းကျင်အတွက်ဖြစ်ဖြစ် ချမ်းသာဖို့အတွက် သူများအသက်ကိုသတ်ခြင်း၊ ကောက်ကျစ်စဉ်းလဲပြီးတော့ ခိုးယူခြင်းဆိုတာတွေ မရှိကြဘူးလား။
ရှိကြပါတယ်။
ရှိကြတယ်။ အကုန်လုံးပဲပေါ့။ ဒါကြောင့်မို့ မိမိချမ်းသာဖို့အတွက်၊ အဲ့ဒါ အခု မိမိရဲ့ပတ်ဝန်းကျင်ချမ်းသာဖို့အတွက် အဲ့ဒီမှာ ပါဏာတိပါတ စသည်အားဖြင့် ပြုလုပ်တဲ့ဥစ္စာတွေဟာလည်း ပြုလုပ်ပုံကိုပြတာဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီဥစ္စာကြည့်မယ်ဆိုလို့ရှိရင် ကာယိကံ သုခံ ဥပနိဿာယ ပါဏံ ဟနတိ စသဖြင့် သံဃံ ဘိန္ဒတိ၊ အကုသိုလ်ဒုစရိုက်တွေ လွန်ကျူးပုံတွေကို ဘုရားရှင်ကိုယ်တော်မြတ်က အပြည့်အစုံ ဟောပြလိုက်တာ။
အဲ့တော့ အခုလောကမှာ ပြောဆိုနေကြတဲ့ စကားတစ်ခုရှိတယ်။ တချို့သောပုဂ္ဂိုလ်တွေက ချမ်းသာကို သည်းမခံနိုင်ကြဘူးတဲ့။ တချို့သောပုဂ္ဂိုလ်တွေက ဆင်းရဲဒဏ်ကို သည်းမခံနိုင်ကြဘူးတဲ့။ ချမ်းသာဒဏ်ကို သည်းမခံနိုင်တဲ့ပုဂ္ဂိုလ်နဲ့ ဆင်းရဲဒဏ်ကို ဘာပါလိမ့်၊ သည်းမခံနိုင်တဲ့ပုဂ္ဂိုလ်နဲ့။ ချမ်းသာဒဏ်ကို သည်းမခံနိုင်တဲ့ပုဂ္ဂိုလ်တွေက ကာယိကံ သုခံ ဥပနိဿာယ ပါဏံ ဟနတိ စသည်ဖြင့် သွားမယ်ပေါ့။ ဆင်းရဲကို သည်းမခံတဲ့ပုဂ္ဂိုလ်တွေက ကာယိကံ ဒုက္ခံမှာ ဘာဖြစ်မလဲ၊ ပါဏံ ဟနတိ၊ သံဃံ ဘိန္ဒတိ ဆိုပြီးတော့ သွားမယ်၊ သွားလိမ့်မယ်။ ဟုတ်လားဗျာ။
ကာယိကံ သုခံ၊ နောက်ကျတော့ ဥတု၊ ဘောဇနံ၊ သေနာသနံ ဥပနိဿာယ။ ဥတု၊ ဘောဇဉ်၊ သေနာသနကို အကြောင်းပြုပြီး ဒုစရိုက်ကို လွန်ကျူးချင်တဲ့ပုဂ္ဂိုလ်တွေက တစ်ဖက်ရဲ့အနေအထား၊ အခွင့်ကောင်းကို ကြည့်ပြီးကာကျတော့ ချောင်းပြီးတော့ပေါ့ဗျာ၊ အဲ့ဒါ ဒုစရိုက်တွေကို လွန်ကျူးတတ်ကြတယ်တဲ့။ ဒါကိုပဲ ဘုရားရှင်ကိုယ်တော်မြတ်က ဥတု၊ ဘောဇဉ်၊ သေနာသနပေါ့။ ကိုယ်တော် မိုးမရွာဘူးလား။
ရွာပါတယ်ဘုရား။
အဲ့ဒါ နေပူတုန်း...
မိုးရွာတုန်း။
အဲဒီမှာ မပါဘူးလား ကိုယ်တော်။
ပါတယ်။ ဥတုနာ ပါဏံ ဟနတိ၊ အဒိန္နံ အာဒိယတိ။ ဟုတ်တယ်မလား။
မှန်ပါ။ အဲ့ဒါ "နေပူမိုးရွာ သူခိုးလာ" ဆိုတာလေ။ ဟုတ်လားဗျာ။ ခုချိန်ဆိုလို့ရှိရင် အဲ့ဒါကို ဘယ်နေရာ ဘာဖြစ်လဲဆိုပြီးကာကျတော့ အရှင်ဘုရားတို့ အခုဆိုပါတော့၊ အရှင်ဘုရားတို့ အခု တန်ဆောင်မုန်းလတော်ရောက်ပြီဆိုလို့ရှိရင်လည်းပဲ လယ်တွေထဲမှာ ငါးတွေကပေါ်လို့ရှိရင်လည်းပဲ ဒါကိုအကြောင်းပြုပြီးကာကျတော့ အရှင်မြတ်တို့ ပါဏာတိပါတတွေ မဖြစ်တတ်ကြဘူးလား။
ဖြစ်တတ်ပါတယ်။ အဲ့သလိုတွေလည်း ရှိတတ်တယ်ပေါ့ဗျာ။ ဒါကြောင့်မို့လို့ ဒီဥစ္စာတွေ အကုန်လုံးသိမ်းကျုံးပြီးတော့ ဒီမှာပါတယ်။ အရှင်ဘုရားတို့ ဒါတွေက ဘာပြောတာလဲဆိုလို့ရှိရင် ပင်ကိုစိတ်ထားမကောင်းတဲ့ပုဂ္ဂိုလ်တွေဟာ အကုသိုလ်ဒုစရိုက်ကို လွန်ကျူးဖို့၊ လွန်ကျူးမယ်ဆိုတဲ့ အကြောင်းအရာတွေကို ဘုရားရှင်ကိုယ်တော်မြတ်က ဒီမှာဟောပြတာ။ ဟုတ်လားဗျာ။
မှန်ပါ။ ဒါကြောင့်မို့လို့ မူရင်းအနေနဲ့ စိတ်ကောင်းနှလုံးကောင်း၊ စိတ်ထားမကောင်းတဲ့ပုဂ္ဂိုလ်တွေကတော့ဖြင့် အကုသိုလ်ဒုစရိုက်တွေကို လွန်ကျူးဖို့အတွက်ပဲ ချောင်းမြောင်းနေတဲ့ပုဂ္ဂိုလ်တွေကို ဘုရားရှင်ကိုယ်တော်မြတ်က ဒီမှာအပြည့်အစုံ ဟောပြလိုက်တာဖြစ်တယ်တဲ့။
နောက်လာကြည့်လိုက်ဦး။ နောက်ပေါင်းပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်က ကာယိကံ သုခံ၊ ကာယိကံ ဒုက္ခံ၊ ရာဂ၊ ဒေါသ၊ မောဟ၊ မာနဿ၊ ဒိဋ္ဌိယာ၊ ပတ္ထနာယ ပစ္စယေန ပစ္စယော။ အဲ့သလို ဟောထားတာပေါ့။ ဒါကြောင့်မို့လို့ ကာယိကသုခ၊ မိမိရဲ့သုခ၊ ချမ်းသာသုခကို အကြောင်းပြုပြီးတဲ့အခါကျတော့လည်းပဲ ရာဂတွေဖြစ်တယ်၊ နှစ်သက်စွဲလမ်းမှုတွေဖြစ်တယ်ပေါ့။ ဟုတ်တယ်မလားဗျာ။
မှန်ပါ။
အဲ့ဒါ မိမိရဲ့ချမ်းသာမှုကို အကြောင်းပြုတော့ ရာဂဿ၊ ဒေါသ ဘယ်လိုဖြစ်သလဲဆိုလို့ရှိရင် မိမိရဲ့နေရာလေးမှာ ဆိုပါတော့၊ ကိုယ်တော်တို့ သန့်ရှင်းပြီးတော့ထားတဲ့ မိမိရဲ့အိပ်ရာလေးမှာဆိုလို့ရှိရင် တစ်ပါးသောပုဂ္ဂိုလ်က ခြေထောက်ပေကြီးနဲ့ တက်လာမယ်ဆိုလို့ရှိရင် အရှင်ဘုရားတို့ ဒေါသထွက်မသွားဘူးလား။
ထွက်သွားပါတယ်။
အဲဒါကိုပဲ ကာယိကံ သုခံ ဘာတုန်းဗျ။ ဒေါသဿ ဥပနိဿယပစ္စယေန ပစ္စယောတဲ့ ပြောတာ။ ဟုတ်လားဗျာ။ ကာယိကံ သုခံ ဥပနိဿာယ၊ အဲ ကာယိကံ သုခံ ဥပနိဿာယ ရာဂ၊ ဒေါသ၊ မောဟ။ မောဟကတော့ အကုသိုလ်မှန်သရွေ့ မပါလို့မဖြစ်ဘူးလေ။ ဟုတ်တယ်မလား။ မာနဿ။ ဟော အဲ့ဒါလေးကလည်း ကိုယ်တော်တို့ နည်းနည်းပြောရဦးမှာပေါ့ဗျာ။ ဒီမှာ မာနဿ၊ ကာယိကံ သုခံ၊ ကာယိကံ ဒုက္ခံ၊ ဥတု၊ ဘောဇန၊ သေနာသနံ၊ အကုန်လုံးလေ။ အဲ့တော့ "ငါ့ကျောင်းကြီးကတော့ အလွန်တရာကောင်းတယ်" လို့ မာန်တွေထောင်လွှားကြမယ်ပေါ့။ "ငါ့အိမ်ကြီးကတော့ ကောင်းတယ်၊ ငါ့နေရာကတော့ ကောင်းတယ်" ဆိုလို့ရှိရင် ဒါတွေက ဘာဖြစ်သွားတာတုန်းဗျ။ အကုသိုလ်တွေ ဖြစ်သွားကြတယ်။ ဟုတ်လားဗျ။ အကုသိုလ်တွေ ဖြစ်မသွားဘူးလား။
ဖြစ်သွားကြတယ်။ အဲ့တော့ မိမိရဲ့ချမ်းသာမှုကို အကြောင်းပြုပြီးတဲ့အခါကျတော့။ အဲ့တော့ ရှေးကပြောခဲ့တဲ့ စကားလုံးလေးတော့ တစ်ခုရှိသေးတယ်ပေါ့ဗျာ။ လောကမှာ အောင်မြင်ခြင်းနဲ့ မာန ဘယ်လိုပါလဲ။
အောင်မြင်ခြင်းနဲ့ မာန။
အောင်မြင်ခြင်းနဲ့ မာနတဲ့။ အောင်မြင်ခြင်းသည် အောင်မြင်သူကို မာန်ဖြင့် ရစ်စေတတ်တယ်၊ မာန်တက်စေတတ်တယ်တဲ့။ အဲ့ဒီမာန်ကပဲ သတိကိုလွတ်စေပြီးတော့ အဲ့ဒီမာန်က မိမိကိုယ်ကိုယ် ဘာလဲဗျ၊ ဖျက်ဆီးတတ်တယ်တဲ့။ ပြောခဲ့ဖူးလား။ ဖျက်ဆီးတတ်တယ်တဲ့။ ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်က အခုလေ့လာထားတဲ့ ပုဂ္ဂိုလ်တွေရဲ့စကားပေါ့ဗျာ။ ဘုရားရှင်ကိုယ်တော်မြတ်က သတိပညာနဲ့နေဖို့၊ အပ္ပမာဒေန သမ္ပာဒေထ ဖြစ်နေဖို့ဆိုပြီးတော့ ဘုရားရှင်ရဲ့ ၄၅ ဝါ ကာလပတ်လုံးမှာဆိုလို့ရှိရင် သတိပေးခဲ့တဲ့အကြိမ်ပေါင်း ၁၉၇၈ ကြိမ်တောင် ရှိတယ်လို့ ဒီလိုရှိတယ်ဗျ။ ဘယ်လောက်။
၁၉၇၈။
ကဲ ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ရေ အကုသိုလ်တွေမဖြစ်အောင်ဆိုလို့ရှိရင်တော့ဖြင့် သတိပညာတို့ဖြင့် ဘဝကို စောင့်ရှောက်ရမယ်။ ကျန်းမာဖို့ဆိုလို့ရှိရင်လည်းပဲ သတိပညာဖြင့် ဘဝကို ဘာပြုရမယ်။ စောင့်ရှောက်ကြရမယ်ပေါ့။ ဟုတ်လားဗျ။ မိမိကိုယ်ကို မိမိ မယိမ်းမယိုင်ရအောင်၊ ဟုတ်လားဗျ။ မိမိကိုယ်ကို မိမိ အမှားအယွင်းမရှိကြရအောင်၊ တစ်နည်းအားဖြင့် ပြောမယ်ဆိုလို့ရှိရင် အမှားအယွင်းနည်းအောင် ဘာလုပ်ရမယ်။ သတိပညာတို့ဖြင့် စောင့်ရှောက်ကြရမယ်တဲ့။ ဘုရားရှင်ကိုယ်တော်မြတ်က အဲ့သလို ဟောလိုခြင်းဖြစ်တယ်ပေါ့။ ဒါကြောင့် အရှင်ဘုရားတို့ရေ...
ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။
အဲ့တော့ ပါဠိတော်ကို၊ တို့ပါဠိတော် ပူဇော်ဖို့ လိုအပ်တယ်။ နည်းနည်းလေး သွားကြရအောင်ပေါ့ဗျာ။ ပါဠိတော် ဇာတ်ပေါင်းရအောင်ပေါ့။ ဥပနိဿယ အကုန်လုံးသွားတော့မယ်ပေါ့။ အဲ့တော့ အခု စာမျက်နှာ ၁၀၀ မှာ ပြောပြထားတဲ့အတိုင်းပဲ အခု လမ်းပြလိုက်မယ်။ ကိုယ်တော်တို့က ဆက်လျှောက်ရမယ်။ အဲ့ဒါကို တို့တကယ်လို့ မရသေးဘူးဆိုလို့ရှိရင်လည်းပဲ စာမျက်နှာ ၁၀ က ညွှန်ကြားတဲ့အတိုင်း ဒီဘက်က စာမျက်နှာတွေ ကြည့်ပေါ့။ နည်းနည်းလေး အာရုံစိုက်ပြီး ပြောတာနားထောင်။
ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ သုံးမျိုးလုံး မပါဘူးလား။
ပါပါတယ်ဘုရား။
အာရမ္မဏူပနိဿယောဆိုလို့ရှိရင် စာမျက်နှာ ၂၀ ကို ကြည့်မယ်။ အနန္တရူပနိဿယောဆိုရင် ၂၅ ကို ကြည့်မယ်။ ပကတူပနိဿယောဆိုရင် စာမျက်နှာ ၂၈ ကို ကြည့်မယ်။ ဘယ်လောက်ကို ကြည့်မယ်။
နှစ်ဆယ့်ရှစ်ကို ကြည့်မယ်။ အကုသလော ဓမ္မော အကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ အာရမ္မဏူပနိဿယောဆိုရင် ကြည့်ရမယ်။ အနန္တရူပနိဿယောဆိုရင် ၂၅ ကို ကြည့်ရမယ်။ ပကတူပနိဿယောဆိုလို့ရှိရင် ၂၉ ကို ကြည့်ရမယ်။ ဟုတ်လားဗျာ။
အကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော။ ပြောလေ။ ပါရဲ့လား။ အနန္တရူပနိဿယော...
မပါပါဘူးဘုရား။
မပါပါဘူးဗျ။ ဟုတ်လား။ ဘာဖြစ်လို့မပါလဲလို့ မေးဖို့မကောင်းဘူးလား။
ကောင်းပါတယ်ဘုရား။
အေး၊ စဉ်းစားထားကြပေါ့။ အဲ့တော့ အဲ့ဒီဥစ္စာက ပကတူပနိဿယ တစ်ခုပဲရှိတယ်လေ။ ပကတူပနိဿယောဆိုရင် စာမျက်နှာ ၃၀ ကြည့်ရမှာ မဟုတ်ဘူးလား။
မှန်ပါ။ အဲ့လိုဆိုလို့ရှိရင် အရှင်ဘုရားတို့ အဲ့ဒါ ဉာဏ်မျက်စိနဲ့ မမြင်ဘူးဆိုလို့ရှိရင် ပကတိမျက်စိနဲ့ ကြည့်ပေါ့ဗျာ။ ဟုတ်လား။
ကိုင်း ဒါကြောင့်မို့လို့ ဒီဥစ္စာတွေ ကိုယ်တော်တို့ တစ်ခေါက်တော့ ပူဇော်ကြရမယ်။ ကိုင်း ကိုယ်တော်တို့ အခု မင်းသမီးကတော့ ကပြီးပြီဆိုတော့ လူရွှင်တော်တွေ ကိုယ်တော်တို့ ကျန်တော့တာပေါ့ဗျ။ ဟုတ်လား။
မှန်ပါ။
ကိုင်း ဒါကြောင့်မို့လို့ ကိုင်း မင်းသားတွေ ထားပါဦးနော်ဗျာ။ ကိုယ်တော်တို့ ကိုင်း ဆိုကြရအောင်။ အဲ့တော့ ကိုယ် ဥပနိဿယပစ္စည်းရေးမယ်။ ကိုယ်တော်တို့ အပြည့်အစုံ ဟောလိုက်တဲ့အတွက်ကြောင့်မို့ အပေါက်ရတယ်။ အဲ့ဒီပါဠိတော်ကြီးအတိုင်းပဲ အခု ပစ္စယနိဒ္ဒေသကျရင် ကောင်းမှာပေါ့။ ပစ္စယနိဒ္ဒေသကျလို့ရှိရင် ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဆိုလို့ရှိရင် အဲ့ဒီကုသိုလ်ကနေ ကုသိုလ်၊ ကုသိုလ်ကနေ ကုသိုလ်ကို ကျေးဇူးပြုရမှာဆိုလို့ရှိရင် အာရမ္မဏူပနိဿယဖြစ်အောင်ဆိုရင် စာမျက်နှာ ၁၇ က အရကောက်အတိုင်း၊ အနန္တရူပနိဿယဖြစ်အောင်ဆိုလို့ရှိရင် စာမျက်နှာ ၂၅ က အနန္တရူပနိဿယ အရကောက်အတိုင်း၊ ပကတူပနိဿယဖြစ်အောင်ဆိုလို့ရှိရင် စာမျက်နှာ ၂၇ က အရကောက်အတိုင်းပဲပေါ့။ အဲ့တော့ ဒီအရကောက် ပစ္စယနိဒ္ဒေသကျလို့ရှိရင်လည်း ဒီအရကောက်အတိုင်းပဲ။ အဲ့ဒီလို မှတ်သားထားရမယ်ပေါ့။
အဲ့တော့ သာမန်အားဖြင့် ကုသလော ဓမ္မော အကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော၌ သာမန်အရကိုသာ ကောက်ပြပါဆိုရင် ဘယ်နှစ်ချက်ကောက်မှာလဲ။
သုံးချက်။
ကုသလော အကုသလဿ။ မှားသွားတာပဲ။ ကြည့်ဦး။ အခု အဲ့လိုမငေးနဲ့။ ဟုတ်လားဗျာ။ အဲ့သလိုရှိတယ်ပေါ့ဗျာ။ အဲ့တော့ အဲ့ဒီ ဥပနိဿယအနေနဲ့က အဆင်မပြေဘူး။ နတ်ရှင်နေလို့ တရားရေးမှောက်တယ်ဆို အဲ့ဒီအသံသွင်းက တော်တော်အဆင်မပြေဘူး။ အသံဖမ်းလာရတယ်။
အဲ့တော့ ဥပနိဿယ၊ ဥပနိဿယဆိုတဲ့အတိုင်းပဲ ဥပနိဿယသဘာဂ (၁၃) ခုရှိတယ်။ သဘာဂ (၁၃) ခုက သူ့သဘာဂ (၁၃) ခုဟာ ဘယ်နေရာတွေ ရှာရမှာလဲလို့ အာရုံမျက်စိနဲ့ သူ့ရဲ့သုတ္တသင်္ချာရှိသမျှကို လိုက်ကြည့်ရမယ်။ သူ့ရဲ့သုတ္တသင်္ချာတွေက သဘာဂပဲဖြစ်ဖြစ်၊ သတ္တိပဲဖြစ်ဖြစ် အာရမ္မဏရယ်၊ ငါးရယ်၊ ခြောက်ရယ်။ အာရမ္မဏ စာမျက်နှာ ၁၄ က နှစ်၊ ငါး၊ ဟုတ်လားဗျာ။ နောက် အနန္တရက သုံးခုရယ်၊ ကရဏ ၇ ကလည်း ဥပနိဿယသတ္တိကလည်းပဲ ဒီဥစ္စာပဲ။ နောက် စာမျက်နှာ ၂၇ က နာမ်ကိလေကာမသုတ္တသင်္ချာရယ်။ အဲဒီသုတ္တသင်္ချာ ၇ ခုသည်ပင်လျှင် ကရဏ ၇ ခုပဲ။ အဲ့လိုပြီးလား။
ပြီး။ စာမျက်နှာ ၄၉ ပေါ့။ အဲ့တော့ အဲ့ဒါလေးကို ပါးပါးလေး သဘာဂအနေနဲ့ ပြောပြဦးမယ်ပေါ့။ ဥပနိဿယပစ္စယာ အာရမ္မဏေဆိုရင် သဒိသ။ စာမျက်နှာ ၁၄ က နံပါတ်နှစ် သုတ္တသင်္ချာအတိုင်းပေါ့။ ဥပနိဿယပစ္စယာ အဓိပတိယာ သတ္တိ။ အဲ့ဒါပဲ။ ဟုတ်လားဗျ။
တင်ပါ့။
ဥပနိဿယပစ္စယာ အနန္တရေ။ အနန္တရေတို့ကတော့ ဘယ်အတိုင်းပါလိမ့်။ စာမျက်နှာ ၂၅ က အနန္တရကြီးသော အတိုင်း။ ဟုတ်လားဟေ့။
မှန်ပါ။ ဥပနိဿယပစ္စယာ နိဿယေ။ ဥပနိဿယပစ္စယာ နိဿယေ။ အဲ စာမျက်နှာ ၅၀ မှာ ရေးပြထားတာ တွေ့လားဗျ။ စာမျက်နှာ ၅၀ မှာလေ။ ဟုတ်လားဗျ။ ဥပနိဿယပစ္စယော။ အင်အားကြီးနိုင်ငံလုပ်တောင်မှပဲဆိုပြီးတော့ အမေရိကန်လို့ မပြောခဲ့ဘူးလား။
ပြောပါတယ်။
အဲဒါ ဧကန်လေး။ စာမျက်နှာ ၁၄ က နံပါတ်ခြောက် သုတ္တသင်္ချာလေ။ ဥပနိဿယပစ္စယာ ပုရေဇာတေ။ ပုရေဇာတေလား။ အဲ့ဒါပဲမဟုတ်ဘူးလား။
အဲ စာမျက်နှာ၊ စာမျက်နှာ ၁၄ က နံပါတ်ငါးပေါ့။ ဧကန်ပဲပေါ့။ ဟုတ်လားဗျ။ ဥပနိဿယပစ္စယာ အာသေဝနေ တီဏိ။ ဥပနိဿယပစ္စယာ ကမ္မေ။
ကမ္မေတွေ။ အဲ့ဒါ စာမျက်နှာနှစ်အတိုင်းပဲ။ စာမျက်နှာ ၁၈ မှာ ပြောထားတယ်မဟုတ်လား။
မှန်ပါ။ စာမျက်နှာဘယ်လောက်ပါလိမ့်။
၁၈ ပါ။
၁၈။ ဟုတ်လား။ အဲ့ သဘာဂလည်း သူတို့က ဥပနိဿယနဲ့ ကမ္မက သဘာဂလည်း သူတို့နှစ်ချက်ပဲ။ ကမ္မသတ္တိလည်း သူတို့နှစ်ချက်ပဲ။ ဟုတ်လားဗျ။ နောက် ဥပနိဿယပစ္စယာ ဝိပ္ပယုတ္တေ။ ဟိုတစ်နည်းတောင် မေးပြီးသားပဲလေ။
နိက၊ နိဗ္ဗာန်။ နိက၊ နိဗ္ဗာန်။
ဘယ်လောက်တုန်း။
ဪ စတ္တာရိက လုပ်ထုတ်ရှိတာကိုးဗျ။ ဟုတ်တာ မှားတုန်းရှိသေးတာ။ ကိုယ်တော်တို့ ဥစ္စာကလည်း ဧကန်က ဘာတုန်းဗျ။
ဗျာကတော အကုသလဿ။
ဗျာကတော အကုသလဿ။ အဲ့ဒီ စာမျက်နှာ ၁၄ က နံပါတ် ၆ ပေါ့။ ဟုတ်လား။
မှန်ပါ။ ဥပနိဿယပစ္စယာ အတ္ထိယာ။ ဥပနိဿယပစ္စယာ အတ္ထိယာ။
ဧကန်ပေါ့။ စာမျက်နှာ ၁၄ က ဘယ်လောက်တုန်း။
နံပါတ်ငါး။ ၅ မဟုတ်ဘူးလား။
ဟုတ်ပါ့ဘုရား။
အဲ့တော့ နံပါတ် ၅ က အပုရေလေ။ စာမျက်နှာ ၁၁ က နံပါတ် ၅ အပုရေ မဟုတ်ဘူးလား။
အတ္ထိ၊ ကု၊ ကိ တူတူပဲပေါ့။ ဥပနိဿယပစ္စယာ နတ္ထိယာ။ ဥပနိဿယပစ္စယာ နတ္ထိယာ။
သဒိသ။
သဒိသ။ စာမျက်နှာ ၂၅ က အနန္တရ၏ သုတ္တသင်္ချာအတိုင်းပဲလေ။ ဥပနိဿယပစ္စယာ နတ္ထိယာ သတ္တိ။
ဥပနိဿယပစ္စယာ အဝိဂတေ။ ဝိဂတေ။
သတ္တိ။
ဝိဂတေ သတ္တိပဲ။ အဲ့ဒါ နတ္ထိပစ္စယာ ကမ္မေ။
အဲဒါတွေ စသည်ဖြင့် ကြည့်။ ကရဏခုနစ်ချက်ကတော့ ခုနကပြောခဲ့တဲ့အတိုင်းပဲ သုတ္တသင်္ချာ ၇ ခုအတိုင်းပဲလို့ မှတ်လိုက်တော့။ ဟုတ်လားဗျ။ အဲ့ဒီက ပကိဏ္ဏက ကရဏ၊ စာမျက်နှာ ၄၉ က ပကိဏ္ဏက သတ္တိတွေထဲမှာ ပါတယ် ၇ ခု။ ဟုတ်လား။ အဲ့ဒီအတိုင်းပဲ ကြည့်ထား။ ကြည့်လိုက်ကြအောက်မှာ။ အဲ့ဒီ ဥပနိဿယကို ရှင်းပြထားတာ ရှိတယ်ပေါ့။ ဟုတ်လားဟေ့။
မှန်ပါ။
အဲ့တော့ သုတ္တသင်္ချာတွေအတိုင်းဆိုလို့ရှိရင် အခု တပည့်တော် လမ်းပြလိုက်ပြီဆိုလို့ရှိရင် ကိုယ်တော်တို့ တကယ်လို့ အခုပြောလိုက်လို့ သဘောမပေါက်သေးတဲ့ ပုဂ္ဂိုလ်တွေက သုတ္တသင်္ချာကို ကျက်ပြီးတော့ လိုက်ဖတ်ကြည့်မယ်ဆိုရင် မရနိုင်ဘူးလား။
ရနိုင်ပါတယ်။
ရနိုင်တယ်။ အကုန်လုံး ရနိုင်သွားပြီ။ ကိုယ်တော်တို့ ဒီလောက်ဆိုရင် အကုန်လုံး ရနိုင်သွားပြီ။ အကုန်လုံး လမ်းပြလိုက်ပြီပေါ့။ အဲ့ဒါကြောင့် အကုန်ပြောမှ တတ်မယ်ဆိုတဲ့ပုဂ္ဂိုလ်က အကုန်ပြောလည်းပဲ ဘာဖြစ်လဲ၊ မတတ်ဘူးဗျ။ သိချင်တဲ့ပုဂ္ဂိုလ်က နည်းနည်းပြောလိုက်မယ်ဆိုရင် သိသွားတာပဲ။ ဟုတ်လားဗျ။ တော်တော်ရှင်းပြလိုက်ရင် သိသွားပြီ။ အဲ့တော့ ထူထဲထိုင်းမှိုင်းတဲ့ ပုဂ္ဂိုလ်တွေက ရှင်းလေ ရှုပ်လေ ဖြစ်တတ်တယ်။ ဟုတ်လား။ ရှင်းလေ...
ရှုပ်လေ။
ရှုပ်လေ ဖြစ်တတ်တယ်။ ကိုင်း ဒါကြောင့် အရှင်ဘုရားတို့ အခု ဥပနိဿယကို ပြန်ပြောမယ်ဆိုလို့ရှိရင် ကရဏ ၇ ခုက သူတို့ရဲ့ သုတ္တသင်္ချာတွေအတိုင်းပဲ။ စာမျက်နှာ ၁၄ က အဲ့ဒါ အာရမ္မဏာဓိပတိ နှစ်၊ ငါး၊ ခြောက်။ စာမျက်နှာ ၂၅၊ ၂၆ တို့က အနန္တရ၏ သုတ္တသင်္ချာ၊ တဝသုတ္တ၊ အနန္တရကမ္မသုတ္တ၊ စာမျက်နှာ ၂၇ က နာမ်ကိလေကာမသုတ္တ။ အနန္တရကမ္မကတော့ တစ်ရက်ကို နှိမ်လို့ နောက်ဆုံးမှာ နေမှာပေါ့။ အနန္တရကမ္မ ဘာပါလိမ့်ဗျ။
တစ်ရက်ကို နှိမ်လို့။
နောက်ဆုံးမှာ ရှိမယ်။ အဲ့တော့ စာမျက်နှာ ၄၉ မှာ အဲ့ဒီ ဥပနိဿယ ကရဏ၊ ပကိဏ္ဏက ကရဏဆိုတာ သူ့ရဲ့သုတ္တသင်္ချာအတိုင်းပဲပေါ့။ ဘာမှားစရာအကြောင်း မရှိပါဘူး။
ကိုင်း ဒါကြောင့်မို့လို့ နက်ဖြန်ကျလို့ရှိရင်တော့ ကိုယ်တော်တို့ရေ ဟိုဘက်မှာ ဘာသွားမတုန်းဗျ။ ဘာသွားမလဲ။
ပုရေဇာတ။
ပုရေဇာတကို သွားမယ်။ စာမျက်နှာ ဘယ်လောက်။ ၃၂။
၃၂။ ၃၂၊ ၃၃ ကို သွားမယ်။ အဲ့တော့ ပုရေဇာတ သုတ္တသင်္ချာလေး ကျက်ခဲ့။ စာမျက်နှာ ၃၂ က အဲ့ပါဠိတော်ကို ကျက်ခဲ့။ စာမျက်နှာ ၃၃ က အဲ့ဒီမှာ အရကောက်ကိုလည်းပဲ ကျက်ခဲ့ကြ။ ဟုတ်လားဗျ။ စာမျက်နှာ ၇၅ ကိုလည်း ဖတ်ခဲ့ကြပေါ့။ အဲ့ဒါက ဖတ်၊ ဒါတွေက ကျက်ခဲ့။ ဟုတ်လားဗျ။ ဒါတွေက ကျက်ခဲ့ကြပေါ့ဗျာ။ ကိုင်း ဒါကြောင့် ကိုယ်တော်တို့ရေ အဲ့ဒီဥစ္စာတွေ နက်ဖြန်ကျလို့ရှိရင် ကျက်ခဲ့ကြ။ အဲ့ဒီ ပုရေဇာတ နက်ဖြန် တစ်နေ့ချင်းနဲ့ အကုန်လုံးသွားမှာဖြစ်တယ်။ တစ်နေ့ချင်းနဲ့ ပြီးကောင်းပြီးသွားနိုင်တယ်ပေါ့။ ဟုတ်တယ်မဟုတ်လားဗျ။
မှန်ပါ။
ဒါ ကြိုတင်မကျက်ရင် မှီပါ့မလား။
မမှီပါဘူးဘုရား။
မမှီနိုင်ဘူး။ မမှီနိုင်ဘူး။
