၃၂ - ပဋ္ဌာန်းစာဝါ

၃၂ - ပဋ္ဌာန်းစာဝါ

Multi-select
၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်၊ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်၊ စနေနေ့။
အဲ့တော့ မနေ့က ကိုယ်တော်တို့ရဲ့ စာအုပ် စာမျက်နှာ ၂၉ က ပရူပနိဿယပစ္စည်း၊ အကုသလော အကုသလဿ၊ အဲ့ဒီမနေ့တုန်းက ပါဠိတော်ဟောခဲ့တယ်။ အဲ့တော့ ဒီနေ့လည်း ကိုယ်တော်တို့ အဲ့ဒီက ပါဠိတော်တစ်ခေါက် ပူဇော်ကြည့်စမ်းပါဦးဗျ။ ဒီနေ့ ကိုယ်တော်တို့ မင်းသမီးနားပြီးတော့ မင်းသားတွေချည်း ဆိုခိုင်းရမယ်ပေါ့ဗျာ။ ဟုတ်လား။ မင်းသမီးကတော့ မောလာပြီ။ ကပွဲဆက်ကများလို့။ ဟုတ်လား။ တရားဟောတာ သုံးခါ၊ အင်တာဗျူးတစ်ခါ မနက်က။ အဲ့ဆိုတော့ ကိုယ်တော်တို့ လူက အသံမထွက်နိုင်တော့ဘူးဗျ။ ဟုတ်လား။ အဲ့တော့ မင်းသမီးမဟုတ်ဆိုတော့ ဘာပါလိမ့်။ လူရွှင်တော်ပေါ့ဗျာ။ အငြိမ့်ပေါ့။ ကိုင်း ဒါကြောင့်မို့လို့ စိတ်က မပါဘူးဖြစ်နေတာဗျာ။ အသံက မပါဘူးဖြစ်နေတာ။ အသံက မလိုက်ဘူးဖြစ်နေတာ။ ဓမ္မကထိက မဖြစ်တော့ဘူး။ ဟုတ်လား။ ကိုင်း ဒါကြောင့် ကိုယ်တော်တို့ရေ၊ အကုသလော ဓမ္မော အကုသလဿ ဓမ္မဿ၊ ကိုင်း ကိုယ်တော်တို့အလှည့် ပူဇော်ကြည့်ရအောင်။
အကုသလော ဓမ္မော အကုသလဿ ဓမ္မဿ၊ အကုသိုလ်ကြောင့် အကုသိုလ်ဖြစ်တာတဲ့။ အဲ့တော့ ကိုယ်တော်တို့ ပုဂ္ဂလပညတ်စကားနဲ့ပြောရင် "တမော တမပရာယဏပုဂ္ဂိုလ်" ပေါ့။ ဘယ်လိုပုဂ္ဂိုလ်ပါလိမ့်။
တမော တမပရာယဏပုဂ္ဂိုလ်ပါ။
ကုသလော ဓမ္မော အကုသလဿ ဓမ္မဿကတော့ "ဇောတိ တမပရာယဏပုဂ္ဂိုလ်"။ ဘယ်လိုပုဂ္ဂိုလ်ပါလိမ့်။
ဇောတိ တမပရာယဏပုဂ္ဂိုလ်ပါ။
အကုသလော ဓမ္မော ကုသလဿ ဓမ္မဿက "တမော ဇောတိပရာယဏပုဂ္ဂိုလ်"။ ကုသလော ဓမ္မော ကုသလဿ ဓမ္မဿက "ဇောတိ ဇောတိပရာယဏပုဂ္ဂိုလ်" ပေါ့။ ဒါတွေ ကိုယ်တော်တို့ အဲ့လိုနားလည်ပြီဆိုရင် တရားဟောဖို့ ခက်သေးလား။
မခက်ပါဘူး။
ကိုင်း ဒကာကြီးတွေ၊ ဒကာမကြီးတွေ၊ ခင်ဗျားတို့ အလင်းကနေ အမှောင်ကိုသွားချင်သလား၊ အမှောင်ကနေ အလင်းကိုသွားချင်သလား ဆိုလို့ရှိရင် သူတို့က ဘယ်လိုများဖြေကြမတုန်းဗျ။
အလင်းကို သွားချင်တာပါ။
အဲ့ဒါ အဲ့လိုဆိုတော့ တရားတစ်ပုဒ် ဖြစ်မသွားဘူးလား။
ဖြစ်သွားပါတယ်။
ဒါပဲ ကိုယ်တော်ကြီးတို့၊ တရားဟောတာ ဘာမှမခက်ပါဘူး။ ဟုတ်လား။ စာတတ်ဖို့သာ ခက်တာ။ စာတတ်ဖို့က မခက်ဘူးလား။
ခက်ပါတယ်။
စာတတ်ဖို့က လွယ်သေးတယ်။ ကျင့်ဖို့က မခက်ဘူးလား။
ခက်ပါတယ်။
ဟုတ်ပြီ။ ကျင့်ဖို့က လွယ်ပါရဲ့၊ တရားရဖို့က မခက်ဘူးလား။
ခက်ပါတယ်။
ဪ အခက်နဲ့အလွယ် အဲ့လိုရှိတာ။ ဟုတ်တယ်မလား။
ကိုင်း အဲ့လိုပဲ ကိုယ်တော်တို့၊ ကိုယ်ဟာ အကုသလော ဓမ္မော အကုသလဿ ဓမ္မဿ ဆိုတော့ ဒီဘက်က အစလမ်းကတော့ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘဝဟာ အဆုံးသတ်ကောင်းဖို့ အရေးကြီးတယ်။ ဘာကောင်းဖို့ အရေးကြီးလဲ။
အဆုံးသတ်ကောင်းဖို့ အရေးကြီးပါတယ်။
အဲ့သလိုဆိုလို့ရှိရင် ပစ္စုပ္ပန်ကတော့ ကုသိုလ်ဖြစ်ရမှာပေါ့ဗျ။ ဒီဘက်ကတော့ အကုသိုလ်ပဲဖြစ်ဖြစ်၊ ကုသိုလ်ပဲဖြစ်ဖြစ်၊ ပစ္စုပ္ပန်ကတော့ ဘာဖြစ်ရမလဲ။
ကုသိုလ်ဖြစ်ရပါမယ်ဘုရား။
အဲ့ဒါကို ဘာလို့ခေါ်လဲ။
အဆုံးသတ်ကောင်းတာပါ။
ဘဝရဲ့ အဆုံးသတ်ကောင်းတာတဲ့။ အခုမကြာမီက ကဒါဖီ သေခြင်းဆိုးနဲ့ မသေဘူးလား။
သေပါတယ်။
သေသွားပြီ။ သူ အများတွေကို ညှဉ်းပန်းနှိပ်စက်တာ၊ သူ့အလှည့်လည်း တစ်နေ့တော့ ရောက်မလာဘူးလား။
ရောက်လာတာပဲ။
တကယ်လို့ ဒီဘဝ လွတ်မြောက်သွားတဲ့ ပုဂ္ဂိုလ်တွေလည်းပဲ အကုသိုလ်ကံကြွေးက ခံရမှာပဲ။ ကိစ္စသုံးပါး ရှောင်လို့ရရင်ရမယ်၊ အကုသိုလ်ကံကြွေး ရှောင်လို့ရလား။
မရပါဘူးဘုရား။
"ဘဝစက်ကြာ၊ ရဟတ်သုံးသွယ်၊ မလွတ်နွယ်၊ နတ်, ဗြဟ္မာ, သတ္တဝါ၊ ကျင်လည်ရာ၊ ရောက်ခါမြဲ၊ အောက်မြေပုံရွင်းခွန်ကိုလေ၊ ယိုမမြင် ရေတွင်းနက်ရန်ငို၊ လွတ်ရွတ်မမြင် ကောင်းကင်ပျံတက်၊ ငဲ့ဖက်လေမလွတ်၊ သေမင်းငင်၍ အရှင်စတေ၊ မနေရ၊ ဓမ္မတာဖြင့် ခန္ဓာပျက်ကွဲ၊ ရွှင်ပေါက်လွဲ၊ ကင်းဘက်မရှောင်စသာတည်း"။ အဲ့တော့ ဘယ်နေရာမှာ ပုန်းအောင်းနေနေ၊ ပုန်းအောင်းလို့ရလား။
မရပါဘူးဘုရား။
သေမင်းကို ပုန်းအောင်းလို့မရသလို၊ အကုသိုလ်တရားတွေရော ပုန်းအောင်းလို့ရလား။
မရပါဘူး။
မရဘူး။ ကိုယ်လုပ်တာ ကိုယ်တာဝန်မယူဘဲနဲ့ မရဘူး။ ဟုတ်လား။ ကိုယ်လုပ်ထားတဲ့ကိစ္စတွေ ကိုယ်မယူချင်လို့ရလား။
မရပါဘူး။
မရဘူးဗျ။ လောကသဘောတရားတွေ ရှောင်လွှဲလို့ရရင်ရမယ်။ မိမိရဲ့ အကုသိုလ်ကံ၊ ကုသိုလ်ကံတွေကတော့ ကိုယ်လုပ်ထားသမျှတွေက လက်မခံချင်လို့ကို မရပါဘူး။
အဲ့တော့ ဘာလုပ်မှာလဲ။
ကုသိုလ်လုပ်ပါမယ်။
အဲဒါတော့ သိတယ်နော်။ ပါးစပ်ကသိရုံနဲ့ ဖြစ်ပါ့မလား။
မဖြစ်ပါဘူး။
ပါးစပ်ကသိသလို နှလုံးသားကလည်း သိရမယ်။ နှလုံးသားကသိသည့်အတိုင်း လိုက်နာကျင့်ဆောင်ရမယ်ပေါ့။ ဟုတ်တယ်မလား။
မှန်လှပါဘုရား။
ကဲ ကိုယ်တော်တို့က စာကလည်း အတိုအထွာ မမှတ်ချင်၊ အရှည်အလျားလည်း မကျက်ချင်။ ဆရာတို့က အားလုံးကျက်တာဗျ။ ဟုတ်လား။ ဒါကြောင့် ကိုယ်ပြုထားတာတွေကိုယ်ပဲ တာဝန်ယူရတာ။ မယူချင်လို့ကို မရဘူး။ ကိုယ်ပြုထားတဲ့ကိစ္စတွေဟာ ကိုယ်လက်မှတ်ထိုးပြီး ယူလိုက်ရသလိုပဲ။ အဲ့ဒါ မယူချင်လို့မရဘူးပေါ့ဗျာ။
ဒါကြောင့်မို့လို့ ဒီမှာ အကုသိုလ်တရားတွေဖြစ်တယ်။ အကုသိုလ်ကံတွေက အလွန်တရာကြီးတာ။ ဒီမှာတော့ အကြီးစားတွေချည်းပဲဗျ။ ဒါတွေက အကြီးစားအပြစ်တွေချည်းပဲ။ ပုဒ်မတွေထဲပါတဲ့ ဥစ္စာတွေက။ ဒါကြောင့် ဒေါသဥပနိဿယ၊ မောဟဥပနိဿယ၊ ပါဏာတိပါတ၊ အဒိန္နာဒါန။ အဲ့တော့ စာအုပ်စာမျက်နှာ ၂၉ မှာဆိုရင် ပါဏာတိပါတကံတစ်ပါးကနေပြီးတော့ ပါဏာတိပါတကံတစ်ပါးကို ကျေးဇူးပြုပုံတဲ့။ ဟုတ်လားဗျာ။
အဲ့ဒီက "မာတုဃာတကမ္မံ၊ ပိတုဃာတကမ္မံ" ပေါ့။ ပိတုဃာတကံတစ်ပါးကနေပြီးတော့ ပိတုဃာတကံတစ်ပါးအား ကျေးဇူးပြုပုံပေါ့။ အဲ့တော့ ကိုယ်တော်တို့သိထားတဲ့အတိုင်းပဲ "ဥတေန၊ မဟာမတ္တ၊ နာဂဒတ္တ၊ ဤခြောက်ဝ အဖကိုသတ်ကြသည်"။ တချို့ပုဂ္ဂိုလ်တွေကတော့ ရေးထားတာ "ဤခြောက်ဝ" ဆိုတာကို သင်္ချာနဲ့ရေးထားတော့ ၆၀ ဖြစ်မသွားဘူးလား။
အဲ့ဒါကြောင့် ကိုယ်တော်တို့ရေ၊ ဗိမ္ဗိသာရမင်းတရားကြီးကို သတ်ပြီးတော့ အဇာတသတ်က ထီးနန်းလုယူတယ်။ အဲ့သလိုပဲ အဇာတသတ်မင်းကလည်းပဲ တန်ဆောင်မုန်းလပြည့်နေ့မှာ သာမညဖလသုတ်တော်ကြီးကို နာကြားခဲ့တယ်။ သာမညဖလသုတ်က ဒီဃနိကာယ်မှာလာတဲ့ ရဟန်းပြုရခြင်းရဲ့အကျိုးကိုပြတဲ့သုတ်ပေါ့။
အဲ့ဒီမှာ အလွန်တရာမှကောင်းတာ။ အဲ့တော့ ဗိမ္ဗိသာရမင်းတရားကြီးကို သတ်ပြီးတော့ အဇာတသတ်မင်းက ထီးနန်းလုယူတော်မူခဲ့တယ်။ အဲ့တော့ အဇာတသတ်မင်းကလည်းပဲ ဥဒယဘဒ္ဒမင်းသားလေး မွေးဖွားလာပြီးတော့မှ ဇီဝကရဲ့ကျေးဇူးကြောင့် မြတ်စွာဘုရားဆီ ရောက်သွားတယ်။ သီတင်းကျွတ်လလွန် တန်ဆောင်မုန်းလပြည့်နေ့၊ ည ၉ နာရီ၊ ၁၀ နာရီလောက်မှာ ရောက်သွားခဲ့ပြီ။ အဲ့တော့ မိန်းမတွေကိုလည်းပဲ အခြွေအရံတွေနဲ့ ဆင်စီးပြီးတော့ တစ်ခါတည်း အဇာတသတ်မင်းကြီးဟာ ဘုရားရှင်သီတင်းသုံးရာ ဇီဝကသရက်ဥယျာဉ်ထဲကို ကြွချီလာတာ။ ရဟန်းပေါင်းက ၁၂၅၀ တဲ့။ ဘယ်လောက်လဲ။
တစ်ထောင့်နှစ်ရာ့ငါးဆယ်ပါ။ ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။

ရဟန်းသံဃာတော်ပေါင်း ၁၂၅၀ ရှိတယ်ဆိုတော့ ညဉ့်အခါရောက်လာပြီဆိုတော့ ဘုရားရှင်ကိုယ်တော်မြတ်က အနောက်ဘက်ကနေ အရှေ့ဘက်လှည့်ပြီးတော့ တစ်ခါတည်း ငြိမ်သက်နေတဲ့နေရာမှာ ဆီမီးတိုင်ကြီးတွေ တန်းစီပြီးထွန်းထားသလိုပဲ၊ ရဟန်းသံဃာတော် ၁၂၅၀ တို့ဟာ တိတ်ဆိတ်ငြိမ်သက်ပြီးတော့ နေတာ။ အဲ့တော့ နှလုံးသားမှာ အပူပင်တွေရှိနေတဲ့၊ အဖေကိုသတ်မိလို့ အပူပင်တွေရှိနေတဲ့ အဇာတသတ်မင်းကြီးဟာလည်း နှလုံးသားမှာ အပူပင်၊ ခြောက်ခြားဗျာပါဒများနေတာတွေ ပျောက်ပါစေတော့ရယ်လို့ တစ်ခါတည်း ရောက်ရှိလာတာ။
အဲ့ဒီတန်ဆောင်မုန်းလပြည့်နေ့ သူ့ဖြစ်နေတဲ့အနေအထား၊ ဘာဖြစ်လို့ ဘုရားဆီရောက်လာတာလဲဆိုလို့ရှိရင် အဇာတသတ်မင်းဟာ အဖကိုသတ်ဖြတ်သောနေ့မှစ၍ အိပ်ပျော်ခြင်းသို့ မသက်ရောက်နိုင်တော့ဘူး။ မျက်လုံးကိုမှိတ်ဆဲအခါမှာပင်လျှင် လှံပေါင်းတစ်ရာတို့ဖြင့် အားကောင်းမောင်းသန်တဲ့ ယောကျ်ားတစ်ရာတို့က ပြေးလာပြီး ထိုးမယ့်အဟန်တွေ သူ့ရဲ့နှလုံးသားမှာ၊ အာရုံမျက်စိထဲမှာ မြင်နေရတာ။ ယောကျ်ားတစ်ရာတို့က လှံသွားတွေနဲ့ သူ့ကို ပြေးထိုးမယ့်အဟန်တွေ၊ ပုံရိပ်တွေ သူ့ရဲ့အာရုံနိမိတ်ထဲမှာ မြင်တဲ့အတွက်ကြောင့် မှေးခနဲဖြစ်လိုက်ရင် အဲ့ဒီအရိပ်နိမိတ်တွေက ပေါ်လာပြီး လန့်နိုးသွားကာ တစ်ခါတည်း အိပ်လို့မရဲတော့ဘူး။ လမ်းလျှောက်နေရတယ်။ အိပ်လို့လည်းမပျော်၊ စားလို့လည်းမဝင်တော့ဘူးဆိုတော့ လမ်းလျှောက်နေရတယ်။ နောက်တော့မှ ဆေးပွဲထိုင်ပြီးတော့ ခုနပြောသလိုပဲ ဆရာဇီဝကရဲ့အကူအညီနဲ့ ဘုရားဆီသွားခဲ့တယ်။
သွားတော့လည်းပဲ ခုနက ရဟန်းသံဃာတော်ပေါင်း ၁၂၅၀ တို့ဟာ ဘာသံမှမကြားရဘူးဆိုတော့ ဆရာဇီဝကက သူ့ကိုသတ်ဖို့၊ လုပ်ကြံဖို့အတွက် လိမ်ခေါ်လာတယ်လို့ ထင်တာ။ "ဇီဝက၊ မှန်တာပြော၊ ဟုတ်ရဲ့လား"။ ရဟန်းသံဃာတော် ၁၂၅၀ ရှိတဲ့ကျောင်းတောင်မှပဲ တိတ်ဆိတ်နေတာ။
အဲ့ဒါ ည ၁၁ နာရီလောက်ရှိနေပြီ၊ အုန်းတိုင်းအုန်းတိုင်း လုပ်နေတာ။ အသိဉာဏ်မမီဘူးဖြစ်နေတယ်။ လူ့ကျင့်ဝတ်မှာ အဲ့လိုမရှိဘူး။ သာသနာ့ဝန်ထမ်းမှာ အဲ့လိုလုပ်လို့ ကောင်းပါ့မလား။ ဆရာကောင်းသမားကောင်းရဲ့ အဆုံးအမကို မခံရဘူးထင်တယ်ဆိုတဲ့ အတွေးဝင်တယ်။
ဒါကြောင့် အရှင်ဘုရားတို့ရေ၊ ဆရာကောင်းသမားကောင်းလည်း မလိုဘူးလား။
လိုပါတယ်။
တကယ့်ကိုပဲ လူတောထဲမှာ ဘာမှမလုပ်တတ်ဘူးဗျို့လို့ အော်ပြောနေသလိုဆိုရင် ကောင်းသေးလား။
မကောင်းဘူး။
တိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်အခါမှာ တိတ်ဆိတ်ငြိမ်သက်မှုကို မဖျက်ဆီးသင့်ဘူးဗျ။ စာကျက်တာကတော့ ကိစ္စမရှိဘူးပေါ့ဗျာ။ နေ့ခင်းတစ်နာရီအတွင်းလည်းပဲ မဆူညံသင့်ဘူးပေါ့။ ညလည်းပဲ ညဉ့်နက်သန်းခေါင်ဖြစ်နေရင် စာကျက်ချင်ကျက်ပေါ့ဗျာ။ အဲ့ဒီအချိန်မှာ အုန်းအုန်းတိုင်းတိုင်း ဟောပြောနေတာတွေကတော့ မလုပ်သင့်ဘူးပေါ့။ လူတွေနဲ့ ပြောဆိုလို့ရှိရင်လည်းပဲ တိုးတိုးသိမ်သိမ်ပြောရတယ်။ ဒေါသမပါစေနဲ့။ ဒေါသပါမယ်ဆိုရင်တော့ မပြောနဲ့။ နည်းနည်းစောင့်နေဦး။ ကိုယ့်စိတ်ကို နည်းနည်းကျသွားအောင်။
အဲ့တော့လည်းပဲ အခုတချို့က မသိဘူးဖြစ်နေတယ်။ ကိုယ့်ရဲ့အရည်အသွေးတွေ ဘယ်လောက်တောင် ညံ့ဖျင်းနေပြီဆိုတာကို ဖော်ညွှန်းနေသလို မဖြစ်ဘူးလား။
ဖြစ်ပါတယ်။
အဲ့တော့လည်းပဲ အဲ့လောက်အရည်အသွေးတွေ မညံ့ရဘူး။ ရဟန်းသံဃာတော် ၁၂၅၀ တောင်မှပဲ ရှိနေတာ၊ ဘာအသံမှမကြားရဘူး။ တိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်အခါဆိုတော့ သူ့ဘက်ကလည်း အပြစ်ကိုလွန်ကျူးထားတဲ့ပုဂ္ဂိုလ်ဆိုတော့ ကြောက်စိတ်တွေဝင်နေတာဗျ။ "မင်းကြီး၊ မကြောက်နဲ့။ ရှေ့သို့တက်ပါ"။
ရှေ့သို့ကြွပါ အရှင်မင်းကြီး။ သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာ မလိမ်ဘူး၊ မညာဘူး၊ မသတ်ဘူးဆိုတာ သူ မသိဘူးပေါ့ဗျာ။ သောတာပန်ရဲ့ ဂုဏ်ရည်သတ္တိတွေကို သူမှမသိတာကိုးဗျ။ အဲ့ဒါ သွားတဲ့အခါကျတော့ ခုနကပြောသလို ရဟန်းသံဃာတော် ၁၂၅၀ တို့ ငြိမ်သက်နေတာတွေကို မြင်လိုက်တော့ သူ့သားဖြစ်တဲ့ ဥဒယဘဒ္ဒမင်းသားလည်း ဒီသံဃာတော်တွေလို ရဟန်းပြုသွားရင် ကောင်းလိမ့်မယ်လို့ သူတွေးလိုက်တယ်။
ဘာဖြစ်လို့ သူ့သားဖြစ်တဲ့ ဥဒယဘဒ္ဒမင်းသားကို ရဟန်းပြုစေချင်တာလဲ။
သူက စဉ်းစားလိုက်တာ။ "ငါကလည်းပဲ အသက်အရွယ်ငယ်သေးတယ်။ တကယ်လို့များ ငါ့သားကမေးရင် 'အဖေ၊ အဖေ့ရဲ့အဖေ၊ ကျွန်တော့်ရဲ့အဘိုး ဘယ်ရောက်သွားလဲ' လို့ဆိုရင် 'မင်းအဖိုးကို ငါကွာ၊ လောဘကြီးပြီးတော့ သတ်ပြီး ထီးနန်းလုခဲ့တယ်' လို့ပြောရင် သူကလည်း ငါ့ကိုသတ်ပြီး ထီးနန်းလုယူလိမ့်မယ်" ဆိုပြီး တွေးမိသွားတာ။ အဲ့လိုတွေးမိသွားတော့ သူ့သားကို ဘာဖြစ်စေချင်လဲ။
ရဟန်းဖြစ်စေချင်တယ်။
အဲ့လိုအတွေးတွေ ပါလာတာပေါ့။ အဲ့တော့ သူထင်တဲ့အတိုင်းပဲပေါ့ဗျာ။ ဥဒယဘဒ္ဒမင်းကလည်း သူ့ကိုသတ်တယ်။ အဲ့ဒါကို အားကျပြီး နာဂဒါသကလည်း သူ့အဖကိုသတ်တယ်။ နာဂဒါသလက်ထက်ရောက်တော့ တိုင်းသူပြည်သားတွေကပဲ "အဖကိုသတ်တဲ့ မင်းမျိုးမင်းဆက်တော့ ပြတ်ရမည်" ဆိုပြီးကာမှ နာဂဒါသကို ဖြုတ်ချလိုက်ကြတာဗျ။ "ဥတေန၊ မဟာမတ္တ၊ အနုရုဒ္ဓ၊ နာဂဒါသ၊ ဤခြောက်ပါး အဖကိုသတ်ကြသည်"။ အဲ့ဒါက ပါဏာတိပါတကံတစ်ပါးကနေပြီးတော့ ပါဏာတိပါတကံတစ်ပါးကို ကျေးဇူးပြုတာပေါ့။
(ဤနေရာမှစ၍ ပိဋကတ်တော်လာ ပါဠိများနှင့် ၎င်းတို့၏ အနက်အဓိပ္ပာယ်များကို အကျယ်တဝင့် ရှင်းလင်းဟောကြားထားခြင်း ဖြစ်ပါသည်။)
အဲ့တော့ စက္ကဝတ္တိသုတ်မှာ အလွန်မှတ်သားစရာကောင်းတဲ့ အချက်အလက်တွေပါတယ်။ စကြဝတေးမင်းတွေ အုပ်စိုးလိုက်တာ၊ စကြဝတေးမင်းရဲ့သက်တမ်းက အနှစ်ရှစ်သောင်းတမ်းမှာ ဖြစ်ကြတယ်။ တရားနဲ့အညီ တိုင်းပြည်ကိုအုပ်ချုပ်ကြတာပေါ့။ တရားနဲ့အညီ တိုင်းပြည်ကို ထိန်းသိမ်းကြ၊ စောင့်ရှောက်ကြတယ်။ တရားနဲ့အညီ တိုင်းသူပြည်သားတွေကို အကာအကွယ်ပေးထားတယ်။ ဥပဒေသုံးချက်။
အဲ့လိုနဲ့ တစ်ဆက်ပြီးတစ်ဆက် စကြဝတေးမင်းတွေ အုပ်ချုပ်လာလိုက်တာ ခုနစ်ဆက်မြောက်သွားပြီ။ ရှစ်ဆက်မြောက်ရောက်လာတော့ လူတွေကလည်း စားစရာ၊ သောက်စရာ၊ နေစရာ၊ ဝတ်စရာမရှိဘူးဆိုရင် ရှင်ဘုရင်ကပေးတယ်ဆိုတော့ အဲ့ဒါနဲ့တင် အလုပ်တွေမလုပ်ကြတော့ဘူး။ ရှင်ဘုရင်ကလည်း ကြာတော့မပေးနိုင်ဘူး။ အဲ့ဒီတော့ အဒိန္နာဒါနကံက စတင်ဖြစ်တာ။ ဒုစရိုက်က ဘယ်ကစတင်ဖြစ်တာလဲ။
အဒိန္နာဒါနကံကပါ။
အဒိန္နာဒါနကံကနေ စတင်တယ်။ မရှိတော့ ခိုးရတာပေါ့။ လူတွေက ပေးသလောက်ကိုပဲ နင်းတယ်။ အဲ့ဒါနဲ့ ခိုးရင်ပေးတယ်၊ ခိုးရင်ပေးတယ်ဆိုတော့ သူခိုးတွေ အများကြီးပေါ်လာတယ်။ "မခိုးနဲ့၊ ခိုးရင်သတ်မယ်" ဆိုတော့ တကယ်ငတ်တော့ ခိုးတာပဲလေ။ သတ်လိုက်ရော။ အဲ့ဒီကစပြီးတော့ ပါဏာတိပါတကံနဲ့ အဒိန္နာဒါနကံ ဖြစ်လာတော့ အနှစ်ရှစ်သောင်းတမ်းကနေ လေးသောင်းတမ်းကို ထိုးကျသွားတာ သက်တမ်းက။
မုသာဝါဒကံတွေ ပေါ်ပေါက်လာတော့ နှစ်သောင်းတမ်းကို ရောက်လာခဲ့တယ်။ ပိသုဏဝါစာကံရောက်လာတော့ တစ်သောင်းတမ်းကို ရောက်လာတယ်။ ဖရုသဝါစာကံ ပေါ်ပေါက်လာတော့ ငါးထောင်သက်တမ်းကို ရောက်ရှိလာခဲ့တယ်။ သမ္ဖပ္ပလာပကံ ပေါ်ပေါက်လာတော့ သက်တမ်းဟာလည်း နှစ်ထောင့်ငါးရာလောက် ရောက်လာခဲ့တယ်။ အဘိဇ္ဈာ၊ ဗျာပါဒ ရောက်လာပြီဆိုတော့ တစ်ထောင်တန်း ရောက်လာခဲ့တယ်။
အဓမ္မရာဂ၊ ဝိသမလောဘ၊ မိစ္ဆာဓမ္မတွေ ပေါ်ပေါက်လာတဲ့အချိန်အခါမှာတော့ အနှစ်ငါးရာတန်းလောက်၊ နှစ်ရာ့ငါးဆယ်တန်းလောက်ကျရင် ပေါ်ပေါက်လာတယ်တဲ့ဗျ။ အဲ့လိုပေါ်လာတာနဲ့ ငါးရာတန်းကနေပြီးတော့ ထက်ဝက်ချိုးလိုက်တာ ဘယ်လောက်ပါလိမ့်။
နှစ်ရာ့ငါးဆယ်တန်းပါ။
အဲ့ဒီ နှစ်ရာ့ငါးဆယ်တန်းလည်းရောက်လာရော ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်၊ ရောဂန္တရကပ်ဆိုတဲ့ ကပ်မျိုးစုံ ပေါ်ပေါက်လာပြန်ရောပေါ့။ အဲ့လိုနဲ့ ဆုတ်ရင်းဆုတ်ရင်းနဲ့ အခု သက်တမ်းတစ်ရာတန်း ရောက်လာရော။
အခု ဒီလိုမြတ်စွာဘုရားကလည်းပဲ တကယ်ဆိုရင် တစ်သောင်းတန်းမှာ ပွင့်ရမှာပေါ့။ ဘာလို့လဲဆိုရင် ကဿပမြတ်စွာဘုရားက သက်တမ်းနှစ်သောင်းတန်းမှာ ပွင့်တာ။ ဒါပေမဲ့လည်းပဲ ပါရမီက မရင့်သန်သေးတဲ့အတွက်ကြောင့်မို့လို့ တစ်သောင်းတန်းလည်းမပွင့်ဘူး၊ ငါးရာတန်းလည်းမပွင့်ဘူး၊ ငါးဆယ်တန်းလည်းမပွင့်ဘူး၊ သက်တမ်းတစ်ရာတန်းကျမှ လူတွေရဲ့ လောဘ၊ ဒေါသတွေဟာလည်း တစ်ခါတည်း တဟုန်းဟုန်းတောက်လောင်နေတဲ့အချိန်မှာ ပွင့်တော်မူခဲ့တာပါ။ ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။

အပူလောင်နေတဲ့ မီးပုံကြီးထဲမှာ ကြာပန်းကြီးဟာ လန်းလန်းဆန်းဆန်း အံ့မခန်းအောင် ပွင့်ထွန်းလာသလိုပဲ၊ တပည့်တော်တို့မြတ်စွာဘုရားဟာလည်းပဲ လူတွေရဲ့ လောဘကိလေသာ၊ ဒေါသကိလေသာ၊ မောဟကိလေသာတွေ အလျှံတပြောင်ပြောင် တောက်လောင်နေတဲ့အထဲမှာမှ ပဒုမ္မာကြာပန်းကြီးနဲ့တူစွာ ပွင့်ထွန်းပြီးတော့ ပေါက်လာရတယ်လို့ သံယုတ်ဋီကာတို့မှာ ဆိုလို့ရှိရင်တော့ အဲ့လိုပြောဆိုထားတာရှိတယ်။ ဒါကြောင့်မို့လို့ ဒီသက်တမ်းတစ်ရာမှာဆိုလို့ရှိရင်တော့ ဒုစရိုက်မျိုးစုံတို့ ပေါ်ထွန်းတဲ့အချိန်အခါပဲလို့ မှတ်တမ်းမှတ်ချက်ချရမှာပေါ့။ ဟုတ်တယ်မလား။
ကိုင်း၊ အဲ့လိုဆိုလို့ရှိရင် အကုန်လုံးခြုံပြီးတော့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် လူတွေရဲ့သက်တမ်းက ဘာကြောင့်တိုသလဲဆိုရင် ဒုစရိုက်တရားတွေကြောင့် တိုတယ်။
လူတွေရဲ့သက်တမ်းဟာ ဘာကြောင့်တိုကြသလဲလို့ပြောရင် ဒုစရိုက်တရားတွေကြောင့် တိုတယ်လို့ ဒီလိုမှတ်ရမယ်ပေါ့။ ဟုတ်တယ်မလားဗျ။ အဲ့တော့ ဒုစရိုက်တရားတွေ လျော့ပါးသွားရင် သက်တမ်းတွေလည်း ရှည်မလာဘူးလား။
ရှည်လာပါတယ်။
ဒါ ပြောင်းပြန်ပဲ။ အရှင်ဘုရားတို့ရေ၊ ဆုတ်ကပ်ခေတ်ရယ်၊ တက်ကပ်ခေတ်ရယ် ဒီလိုရှိတယ်ဗျ။ တက်ကပ်ခေတ်ကျတော့လည်း လူတွေကတော့ ရှောင်ရှားလာကြတယ်။ ကိုယ်ကျင့်သီလတွေ လုံခြုံအောင် စောင့်ထိန်းနိုင်ကြတယ်။ လူကလည်း လူ့သိက္ခာ၊ ရှင်ကလည်း ရှင့်သိက္ခာ၊ ရဟန်းကလည်း ရဟန်းသိက္ခာတွေ ကျင့်ကြံကြိုးကုတ်ပွားများအားထုတ်လာကြတယ်ပေါ့။ အဲ့တော့လည်းပဲ ဘယ်လောက၊ ဘယ်ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ် သာသနာနောက်ပိုင်းရောက်လာမယ်ဆိုလို့ရှိရင်တော့ဖြင့် အကျင့်ဝတ်တွေဟာ တင်းတင်းမာမာ ကျင့်ကြံကြသလား၊ ပေါ့ပေါ့လျော့လျော့ ကျင့်ကြံကြသလားဆိုရင် ပေါ့ပေါ့လျော့လျော့ပဲ ကျင့်ကြံလာကြတယ်ပေါ့ဗျာ။ ဒါလည်း ဆုတ်ကပ်ရဲ့သဘာဝပဲပေါ့။
(ဤနေရာမှစ၍ ပိဋကတ်တော်လာ ပါဠိများနှင့် ၎င်းတို့၏ အနက်အဓိပ္ပာယ်များကို အကျယ်တဝင့် ရှင်းလင်းဟောကြားထားခြင်း ဖြစ်ပါသည်။)
"ရာဂံ ဥပနိဿာယ ဒါနံ ဒေတိ"။ ဒါလေးတစ်ခုလောက် စဉ်းစားကြည့်လိုက်။ ရာဂကို အမှီပြု၍ ဒါနကို ပေးလှူ၏။ ရာဂကြောင့် ပေးလှူတယ်။ ချစ်လို့ပေးလှူတယ်၊ လက်ဆောင်ပေးတယ်၊ လက်ထိုးတယ်။ ရာထူးကြီးလိုချင်လို့ လက်ထိုးတယ်။ ဒါ ကုသိုလ်ဖြစ်တာချည်းပဲ။ ဒီကုသိုလ်ကတော့ သိပ်ပြီးတော့ အားမကောင်းတဲ့ကုသိုလ်ပေါ့ဗျ။ ဟုတ်လား။
မှန်ပါ။
အဲ့တော့လည်း အရှင်ဘုရားတို့၊ ဘာပဲဖြစ်ဖြစ် ကုသိုလ်တော့မဖြစ်ဘူးလား။
ဖြစ်ပါတယ်ဘုရား။
ဖြစ်တာပဲ။ အဲ့ဒါကြောင့်မို့လို့ ရှေးသူတော်ကောင်းတွေက ခပ်ကြမ်းကြမ်းစကားရှိတာပေါ့ဗျို့။ "ပစ်လို့ပဲရရ၊ ကန်လို့ပဲရရ၊ ကုသိုလ်တော့ ကုသိုလ်ပဲ"။ ရဘူးလား။
ရပါတယ်။
ရတာပဲပေါ့ဗျ။ ကုသိုလ်ရဖို့ အရေးကြီးတာပဲ။ ဟုတ်လား။ ဘာကြောင့်ဖြစ်ဖြစ် ကုသိုလ်ရဖို့ အရေးမကြီးဘူးလား။ သို့သော် ကုသိုလ်ကြောင့် ကုသိုလ်ရတယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ ရာဂကြောင့် ကုသိုလ်ရတယ်ဆိုတော့ သိပ်တော့မကောင်းတတ်ဘူး။ ဟုတ်လားဗျာ။ လောကမှာပြောတဲ့စကားတွေက ဒီကပေါ်လာတာဗျ။ "ထောင်မြင်ရာစွန့်"။ ဒါနမြောက်သလား။
မမြောက်ပါဘူး။
မမြောက်ဘူးမပြောနဲ့ ကိုယ်တော်တို့။ ဒါနမြောက်တာပဲ။ ဟုတ်လားဗျ။ ဒါ ဘုရားဟောထားတာပဲဗျ။ အဘိဓမ္မာဆိုတာက ဘုရားအရာလား၊ သာဝကအရာလား။
ဘုရားအရာပါ။
ဘုရားရှင်ရဲ့အရာ။ ဘုရားဟောထားတာဗျ ဒီဥစ္စာ။ ဟုတ်တယ်မလား။
မှန်ပါ။
အဲ့လိုဟောထားတာပဲ။ တိုက်ရိုက်ဟောထားတဲ့ကိစ္စပဲ။ အဲ့သလို ဉာဏ်နဲ့ချင့်ချိန်ကြည့်လိုက်ပါဗျ။ ဒါဆိုလို့ရှိရင် "ရာဂံ ဥပနိဿာယ ဝိပဿနာယတိ၊ မဂ္ဂံ ဥပ္ပါဒေတိ"။ ရာဂကိုအမှီပြု၍ ဝိပဿနာကို ဖြစ်စေ၏၊ မဂ်ကို ဖြစ်စေ၏။ ဖြစ်တာပေါ့ဗျ။ ကြည့်စမ်းပါဦး။ အရှင်ဘုရားတို့၊ အဲ့ဒါ အလွန်တရာ ချင့်ချိန်ကြည့်လိုက်။ သိပြီမို့လား။
မှန်ပါ။
အဲ့တော့လည်းပဲ အဲ့ဒါကြောင့်မို့လို့ သူရတာလေ။ ဟုတ်လားဗျ။ နောက်ဆုံးပိတ်ကတော့ အရှင်ဘုရားတို့၊ ရလဒ်ကောင်းရဖို့ အရေးမကြီးဘူးလား။
အရေးကြီးပါတယ်။
လူဟာ အဆုံးသတ်ကောင်းဖို့ အရေးကြီးတယ်လို့ ခေါင်းထဲမှာ ထည့်သွင်းထား။ အဲ့စကားလုံးလေးကို နှလုံးသားမှာ ချိတ်ထား။ လူ့ဘဝဟာ ဘာကောင်းဖို့ အရေးကြီးလဲ။
အဆုံးသတ်ကောင်းဖို့ပါ။
အဆုံးသတ်ကောင်းဖို့ အရေးကြီးတယ်ဆိုတဲ့စကားကိုတော့ ချိတ်ထားကြ။ ဟုတ်လားဗျ။ အဆုံးသတ်မကောင်းဘူးဆိုရင် အလွန်တရာမှ ဆိုးရွားတယ်ပေါ့။ ဟုတ်လားဗျ။
အဆုံးသတ်ကောင်းဖို့ အရေးကြီးတယ်လို့ ဒီလိုမှတ်ရမယ်။ ဒါကြောင့်မို့လို့ ဉာဏ်နဲ့ချင့်ချိန်လိုက်မယ်ဆိုရင် ခုနပြောပြီးသား၊ ရာထူးလိုချင်တာပဲဖြစ်ဖြစ်၊ ဘာဖြစ်ချင်တာပဲဖြစ်ဖြစ် လက်ထိုးတာတွေလည်းပဲ ကုသိုလ်ဖြစ်တယ်။ ကြောက်လို့ပေးရတာလည်း "ဒေါသံ ဥပနိဿာယ ဒါနံ ဒေတိ" ပဲလေ။ တချို့ ကြောက်လို့ပေးရတာ မရှိဘူးလား။
ရှိပါတယ်။
နည်းနည်း စိတ်ကို ကုသိုလ်ဖြစ်အောင် ပေးလိုက်ပေါ့။ တချို့ဖြစ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်ဗျ။ ဒီလိုမေးဖူးတယ်။ "အရှင်ဘုရား၊ ပြောဆိုနေကြတယ်။ ကိုယ့်အိမ်ကို မီးလောင်တော့ 'ဒီမီးတောက်ကြီးကို ရွှေစည်းခုံဘုရား လှူပါတယ်' တဲ့။ ဒါနမြောက်သလားဘုရား" တဲ့။ ကိုင်း၊ မြောက်သလား၊ မမြောက်ဘူးလား။
မြောက်ပါတယ်။
အရှင်ဘုရား၊ ဟိုတုန်းက မိုးကုတ်ဆရာတော်ဘုရားကြီး တရားဟောတာရှိတယ်။ ကုသိုလ်လိုချင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က ပူလောင်နေတဲ့စိတ်တွေကို၊ ညစ်နွမ်းနေတဲ့စိတ်တွေကို ကုသိုလ်နဲ့ ဆေးကြောလိုက်တာ။ အဲ့ဒါနဲ့တင် သူ့အိမ်ကို မီးလောင်တော့ ဘယ်လိုမှလည်း မငြိမ်းတော့ဘူးဆိုတော့ "ကိုင်း၊ ဒီမီးတောက်ကြီးနဲ့ ရွှေစည်းခုံစေတီကြီးကို လှူပါတယ်" တဲ့။ အဲ့ဒါ ကုသိုလ်ရသလားဘုရားတဲ့။
ရပါတယ်။
"ဒေါသံ ဥပနိဿာယ ဒါနံ ဒေတိ" ဖြစ်ဖူးလား။
ဖြစ်ပါတယ်။
ဖြစ်တာပေါ့ဗျ။ ကုသိုလ်ရတာပဲ။ ဟုတ်လားဗျ။ မီးကငြိမ်းလို့မရတော့ဘူး၊ ဒီမီးတောက်ကြီးနဲ့ လှူလိုက်တာ။ သို့သော်လည်းပဲ အရှင်ဘုရားတို့၊ ရိုးရိုးတည့်တည့်ဆိုရင် ပိုမကောင်းဘူးလား။
ကောင်းတာပေါ့ဗျာ။
(ဤနေရာမှစ၍ ပိဋကတ်တော်လာ ပါဠိများနှင့် ၎င်းတို့၏ အနက်အဓိပ္ပာယ်များကို အကျယ်တဝင့် ရှင်းလင်းဟောကြားထားခြင်း ဖြစ်ပါသည်။)
အရှင်အာနန္ဒာကို အပြစ်ပြောခံရတဲ့အချက် ဘယ်နှချက်လဲ။
ဆယ်ချက်ပါ။
အဲ့ဒီအချက်ထဲမှာ ပါတယ်မဟုတ်လား။ သူက တက္ကတွန်းမလေးကို သူ့ဆီမှာ လာတောင်းနေလို့ သူက နှစ်ခါပေးလိုက်ရတာလေ။
မှန်ပါ။
တချို့ကထင်တာက ရာဂကြောင့်ပေါ့။ သူကတော့ မဟုတ်ဘူးနော်။ ဘေးက ထင်ကြတာ။ ဒါ ရာဂကြောင့် အပြစ်ပြောခံရတာ။ သူက သူများအပြစ်ပြောတာကို သတိနဲ့တုံ့ပြန်တယ်။ လူဆိုတဲ့သဘာဝလည်းရှိတယ်ဗျ။ အလုပ်များရင် မှားတတ်တယ်။
အလုပ်များရင် မှားတတ်ပါတယ်။
အလုပ်များရင် မှားတတ်တဲ့သဘာဝရှိတယ်။ အဲ့တော့လည်းပဲ ရှင်အာနန္ဒာကလည်းပဲ လုပ်ငန်းကိစ္စတွေက အများကြီးရှိတာကိုးဗျ။ တက္ကတွန်းမဆိုတော့ အဝတ်မပါဘူးပေါ့။ ဟုတ်လား။ အဲ့ဒါကြောင့်မို့လို့ သူက တစ်ခါပေးတာမဟုတ်ဘူး၊ နှစ်ခါသုံးခါ ထပ်ပေးမိတာ။ အဲ့တော့ သူကတော့ အဲ့လိုဟုတ်ရဲ့လား။
မဟုတ်ပါဘူးဘုရား။
သူများအထင်တွေက ဒါ ရာဂကြောင့်လို့ ဖြစ်နေတယ်ပေါ့ဗျာ။
(ဤနေရာမှစ၍ ပိဋကတ်တော်လာ ပါဠိများနှင့် ၎င်းတို့၏ အနက်အဓိပ္ပာယ်များကို အကျယ်တဝင့် ရှင်းလင်းဟောကြားထားခြင်း ဖြစ်ပါသည်။)
အင်္ဂုလိမာလကြီးလေ။ လူပေါင်းတစ်ထောင်ကျော် မသတ်ဖူးဘူးလား။
သတ်ပါတယ်။
သတ်တယ်။ အဲ့တော့လည်းပဲ အရှင်ဘုရားတို့၊ အမေကိုတော့ မသတ်မိတဲ့အတွက်ကြောင့် ပါရာဇိက မကျဘူး။ ဟုတ်လားဗျ။ ဒါနဲ့ပတ်သက်လို့ ဝိနည်းကို သွားပြီးတော့ ပြောရဦးမယ်။ ပါရာဇိကဏ်အဋ္ဌကထာ၊ မနုဿဝိဂ္ဂဟသိက္ခာပုဒ်ရဲ့အဖွင့်မှာ ဧဠကစတုက္ကဆိုတာရှိတယ်။ အဲ့ဒီမှာ ရဟန်းတစ်ပါးက ညအိမ်ပြန်လိုက်တယ်။ ဆိတ်တစ်ကောင်ကို သတ်မယ်လို့ နေရာမှတ်ခဲ့တယ်။ ညကျတော့ ဓားကိုသွေးပြီး အဲ့ဒီဆိတ်ကို သတ်ချလိုက်တာ၊ တကယ်တမ်း သတ်မိသွားတာက အမေဖြစ်နေတယ်။ ဆိတ်ဆိုပြီးတော့ သတ်တာပဲ၊ အမေဆိုပြီးတော့ သတ်တာမဟုတ်ဘူး။ အဲ့ဒီရဟန်း ပါရာဇိက ကျသလား၊ မကျဘူးလား။
မကျပါဘူးဘုရား။
မကျဘူး။ ပဉ္စာနန္တရိယကံတော့ ထိုက်တယ်ဗျ။ လူသတ်မှုအင်္ဂါငါးချက်မှာ "ပါဏော" ဆိုတာ သတ္တဝါလို့ အမှတ်ရှိတာ။ "မနုဿော" လို့ မပါဘူး။ အဲ့ဒီအချက်ကြောင့် ပါရာဇိက မကျတာ။
မနေ့တုန်းက မေးတယ်။ "ဘုန်းကြီး၊ အမေနဲ့အဖေကို သတ်လို့ရှိရင် ဘယ်သူ့အပြစ်ကို ပိုခံရသလဲ" တဲ့။ အမေရဲ့ဂုဏ်ကျေးဇူးတွေက များလို့ အမေ့အတွက်ပဲ အပြစ်ခံရတယ်။ အဖေ့အတွက် အထူးခံစရာမလိုတော့ဘူးတဲ့။ ဟုတ်လားဗျ။ ပဉ္စာနန္တရိယကံတော့ ခံရတယ်။ ဘယ်သူက ကျေးဇူးများလို့လဲ။
အမေက ကျေးဇူးများလို့ပါ။
အဲ့တော့ ကိုယ်လုပ်ထားတဲ့အမှု ကိုယ်ကျေဖို့ အရေးကြီးတယ်နော်။ ကိုယ်ကျေဖို့ ကိုယ့်အကြောင်းကိုယ်သိမှ ဖြစ်မှာပေါ့ဗျ။
မှန်ပါ။ ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။

ဒါကြောင့် ဘယ်အရာပဲဖြစ်ဖြစ်ပေါ့ဗျာ၊ ကိုယ့်နယ်မြေတော့ ကိုယ်ကျွမ်းကျင်ဖို့ အရေးကြီးတာပေါ့။ ဟုတ်တယ်မလား။
"အရှင်ဘုရားတို့ဗျာ၊ ဆရာတို့၊ ဟို ညောင်နှစ်ပင်ကျောင်းဆိုတာ ရှိသလားဘုရား" "ဟာ၊ ရှိတယ် ဒကာကြီး" ပေါ့လေ။ "ဟာ၊ ဘယ်နားမှာလဲ" ဆို "အမ်... အဲ... စဉ်းစားလိုက်ဦးမယ်" ဆိုရင်တော့ အဲ့ဒါ မဖြစ်တော့ဘူး။ အရှေ့ဘက်လား၊ အနောက်ဘက်လားဆိုတာ ဟုတ်တော့ဘူး။ အဲ့ဒါ တန်းပြီးတော့ပြောရမှာ။ "ဟို အရှေ့ဘက်ကဝင်လို့ရှိရင် ဘယ်ဘက်ကကြည့်လိုက်မယ်ဆိုလို့ရှိရင် သုံးထပ်ကျောင်းကြီး လှလှကြီး ရှိလိမ့်မယ်" ဒီလို တန်းပြီး တစ်ခါတည်း ပြောနေရမှာ။ အဲ့လိုမဟုတ်ဘဲ "အမ်... အဲ..." ဆိုရင် ကောင်းသေးလား။
မကောင်းပါဘူး။
ဒါ ကိုယ့်နယ်မြေ ကိုယ်ကျွမ်းကျင်ဖို့၊ ကိုယ်သိဖို့ အရေးကြီးတယ်ဗျ။ ဟုတ်လား။
(ဤနေရာမှစ၍ ပိဋကတ်တော်လာ ပါဠိများနှင့် ၎င်းတို့၏ အနက်အဓိပ္ပာယ်များကို အကျယ်တဝင့် ရှင်းလင်းဟောကြားထားခြင်း ဖြစ်ပါသည်။)
အဲ့တော့လည်းပဲ ခုနက အင်္ဂုလိမာလ၊ အရှင်ဘုရားတို့ရေ၊ အမေအဖေကို သတ်တာမဟုတ်တဲ့အတွက်ကြောင့် မဂ်ဖိုလ်တွေတောင် ရမသွားဘူးလား။ ရသွားတယ်ပေါ့ဗျာ။ ဒါတွေဟာ အရှင်ဘုရားတို့၊ အဲ့ဒီက ပါဏာတိပါတကံပဲဖြစ်ဖြစ်၊ အဒိန္နာဒါနကံပဲဖြစ်ဖြစ်၊ အဲ့ဒီက ဒုစရိုက်တွေဟာ အကုန်လုံးပဲ ဒီဘဝမှာ ကြိုးစားအားထုတ်မယ်ဆိုလို့ရှိရင် အဲ့ဒီက ဒုစရိုက်အမှုလောက် ပြုလုပ်ရုံမျှနဲ့ မဂ်ဖိုလ်ကို မရဘဲနေလို့ရလား။
မရပါဘူး။
မဂ်ဖိုလ်မရနိုင်ဘူးလား။
ရနိုင်တာပဲပေါ့ဗျာ။ အဲ့ဒီက ဥစ္စာတွေကတော့ အရှင်ဘုရားတို့၊ သာမန်အကုသိုလ်တရားတွေကတော့ဖြင့် ခုနက ပဉ္စာနန္တရိယကံ မဟုတ်သေးဘူး၊ နိယတမိစ္ဆာဒိဋ္ဌိကံ မဟုတ်သေးဘူးဆိုလို့ရှိရင်တော့ဗျာ၊ အဲ့ဒီက ပုဂ္ဂိုလ်တွေ ဒီဘဝမှာ အရဟတ္တဖိုလ်အထိ မရနိုင်ဘူးလား။
ရနိုင်ပါတယ်။
ရနိုင်တယ်။ အဲ့တော့ ခုနက ဥစ္စာလေးကိုပဲ အရှင်ဘုရားတို့ရေ၊ ၁၃၅၇ ခုနှစ်က ပုစ္ဆာတစ်ခုပေါ့။ တော်တော်ကောင်းတဲ့ပုစ္ဆာပေါ့။ "မာတုဃာတက ပဋိကတာယ ဒါနံ ဒေတိ" ရယ်၊ "မာတုဇီဝိတံ ဝေါရောပေတွာ ပဋိကတာယ ဒါနံ ဒေတိ" ရယ်၊ ဒါလေးနှစ်ခုကို ယှဉ်ပြီးတော့မေးတာ။ "အဲ့ဒါ မွေးစားမိခင်ကိုသတ်သောပုဂ္ဂိုလ်နဲ့ အမေရင်းကိုသတ်သောပုဂ္ဂိုလ် တူမတူ၊ ထူးမထူး အထောက်အထားနှင့်တကွ ဖြေဆိုပါ" တဲ့။ ဟုတ်လားဗျ။ တူသလား၊ မတူဘူးလား။
မတူပါဘူးဘုရား။
"ပဋိကတာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ" အောက်က "မာတုဇီဝိတံ ဝေါရောပေတွာ" ဆိုလို့ရှိရင် ဒါန၊ သီလ၊ သမာဓိ၊ ဥပေါသထကမ္မတွေပဲ ရှိတယ်။ အဲ့ဒီက ပုဂ္ဂိုလ်တွေ ဈာန်တွေ၊ မဂ်တွေ၊ ဖိုလ်တွေ ရနိုင်သေးလား။
မရနိုင်တော့ပါဘူး။
မရနိုင်တော့ဘူး။ ဟော၊ ပုစ္ဆာဉာဏ်ကွန့်မြူးပုံက။ ဟုတ်လားဟေ့။ အဲ့လိုဆိုလို့ရှိရင် ဒီမေးခွန်းတွေ မကောင်းဘူးလား။
ကောင်းပါတယ်။
ကောင်းတယ်။ မှတ်သားထားရမှာ။ ကိုယ်တော်တို့ ကျန်တာတွေကို ဉာဏ်ကွန့်မြူးပြီးတော့ မေးရမှာ။ ကိုယ်တော်တို့က ဆရာဘုန်းကြီးဖြစ်ရင်လည်း အဲ့အတိုင်းပဲပေါ့ဗျ။ ဟုတ်လားဗျာ။ ကွန့်မြူးပြီးတော့ ဘာဖြစ်လဲ။
မေးတတ်ရမှာပါ။
မေးတတ်ရမှာပေါ့။ အဲ့လိုသိရမယ်ပေါ့။ ကိုင်း၊ ဆိုလို့ရှိရင် ကိုယ်တော်တို့ရေ၊ အဲ့ဒါ သာမန်ဒုစရိုက်တွေကတော့ဖြင့် ဒီဘဝမှာ မဂ်ဖိုလ်ရနိုင်သေးတယ်။ တပည့်တော်တို့၊ ကိုယ်တော်တို့လည်းပဲ အကုသိုလ်ကံတွေရှိတာပဲ။ သာမန်အကုသိုလ်ကံတွေထက် ကုသိုလ်များဖို့ပဲ အရေးကြီးတယ်။ ကုသိုလ်နဲ့အကုသိုလ်မှာ ကုသိုလ်က ပယ်တတ်သောတရား၊ အကုသိုလ်က အပယ်ခံရသောတရား။
ဒါကြောင့်မို့လို့ ဘာမှမကုနဲ့၊ ကောင်းမှုများဖို့သာ အရေးကြီးတယ်။ ကောင်းမှုများအောင် ကြိုးစားရမယ်။ ဘာကြိုးစားရမှာပါလိမ့်။
ကောင်းမှုများအောင် ကြိုးစားရပါမယ်။
ဟုတ်ပြီပေါ့ဗျာ။
(ဤနေရာမှစ၍ ပိဋကတ်တော်လာ ပါဠိများနှင့် ၎င်းတို့၏ အနက်အဓိပ္ပာယ်များကို အကျယ်တဝင့် ရှင်းလင်းဟောကြားထားခြင်း ဖြစ်ပါသည်။)
ခုနက စောစောကပြောလိုက်ပြီ။ အဇာတသတ်မင်းကြီးဟာ အဖေကို သတ်လိုက်တယ်။ အဖေကိုသတ်လိုက်တဲ့အတွက်ကြောင့်မို့၊ ခုနပြောသလို ဆရာဇီဝကနဲ့ သူတော်ကောင်းကို ပေါင်းသင်းမိလိုက်တဲ့အတွက်ကြောင့်မို့လို့ သူဟာ ဘုရားရှင်ကို ကိုးကွယ်တဲ့စိတ်တွေ၊ ကြည်ညိုတဲ့စိတ်တွေ၊ ရတနာသုံးပါးကို ကြည်ညိုတဲ့စိတ်တွေ ဖြစ်သွားခဲ့တယ်တဲ့ဗျ။
သီလက္ခန်အဋ္ဌကထာရဲ့ နောက်ပိုင်းမှာဆိုလို့ရှိရင် သူက ဘုရားရှင်ကို ဘယ်လောက်တောင်ကြည်ညိုသလဲဆိုရင် "ထက်လှစွာသော သန်လျက်သွားဖြင့် ကျွန်ုပ်၏ဦးခေါင်းကို သေစေလို၍ ဖြတ်တောက်လာစေကာမူ ဗုဒ္ဓံ မြတ်စွာဘုရားကို ဘုရားမဟုတ်ပါဘူးဟူ၍လည်းကောင်း၊ ဓမ္မံ တရားတော်မြတ်ကို တရားမဟုတ်ပါဘူးဟူ၍လည်းကောင်း၊ သံဃံ သံဃာတော်မြတ်ကို သံဃာမဟုတ်ပါဘူးဟူ၍လည်းကောင်း ဘယ်သောအခါမှ မဆိုတော့ပါဘူး" တဲ့။ အဲ့တော့လည်းပဲ ဒါက "အတ္တသန္နိယျာတနသရဏဂုံ"၊ မိမိအသက်နဲ့ခန္ဓာကိုယ်ကို ရတနာသုံးပါးကို အပ်နှင်းပြီးတော့ ကြည်ညိုလိုက်တာ။
နောက်တော့ ဘုရားရှင်ကို အဲ့လိုကြည်ညိုတာ။ ရတနာသုံးပါးကို အလွန်မဟာဂရုပြုပြီး ပူဇော်လိုက်တယ်။ ပထမသံဂါယနာတင်ပွဲကြီး ဆင်နွှဲတယ်။ ပုထုဇဉ်လောကမှာ အဇာတသတ်မင်းလောက် ဘုရားရှင်ကို ကြည်ညိုတဲ့ပုဂ္ဂိုလ် မရှိဘူးတဲ့။ ဒါကြောင့်လည်းပဲ လောလောဆယ်မှာတော့ မဟာအဝီစိငရဲကြီးကို မကျဘဲ ဥဿဒငရဲငယ်လောက်ပဲကျပြီးတော့ အနှစ်ခြောက်သောင်းလောက်ပဲ ခံရမယ်တဲ့။ အနာဂတ်မှာ "ဝိဇိတာဝီ" အမည်နဲ့ ပစ္စေကဗုဒ္ဓါ ဖြစ်လိမ့်မယ်တဲ့။
ဘုရားရှင်ကို ရန်ဘက်ပြုနေတာ ဘယ်သူလဲ။ ဒေဝဒတ်။ ဒေဝဒတ်ကြီးကလည်း မြေမြိုခါနီးမှ ဘုရားရှင်ကို အလွန်တရာ ကြည်ညိုသွားတယ်။ "တပည့်တော်ရဲ့ အရိုးစုနဲ့ပင် ဘုရားရှင်ကို ကြည်ညိုပါတယ်၊ ဦးချပါရစေ" လို့ ပြောမသွားဘူးလား။
ပြောပါတယ်။
တကယ် ကြေကွဲဝမ်းနည်းစရာ ကောင်းလိုက်တာ။ ဟုတ်လားဗျာ။ သူ မြေမြိုခါနီးမှ သူက တကယ်ကို ဘုရားရဲ့ဂုဏ်ကျေးဇူးတွေကို အဲ့တော့မှသိပြီးတော့ နှလုံးသားနဲ့ ကြည်ညိုသွားတာ။ အဲ့ဒီက ကြည်ညိုတဲ့စိတ်ကလေးကြောင့် သူ အကုသိုလ်ကြွေးတွေ ခံပြီးပြီဆိုလို့ရှိရင် နောင်မှာ "အဋ္ဌိဿရ" အမည်နဲ့ ပစ္စေကဗုဒ္ဓါဖြစ်မယ်တဲ့။
ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ရေ၊ ဒီဘဝမှာ ရတနာသုံးပါးကို ပြစ်မှားတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ကတော့ ကြည့်လိုက်။ ပဉ္စာနန္တရိယကံထိုက်သူများဟာ ဈာန်၊ မဂ်၊ ဖိုလ် မရနိုင်တော့ပါဘူးတဲ့။ ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။

မင်းကုသကလည်း "ရာဂံ ဥပနိဿာယ အတ္တာနံ အာတာပေတိ ပရိတာပေတိ၊ ပရိဒေဝမူလကံ ဒုက္ခံ ပစ္စနုဘောတိ"။ ရာဂကိုအမှီပြု၍ မိမိကိုယ်ကို ပူလောင်စေ၏။ ပရိဒေဝကို အရင်းခံသော ဒုက္ခကို ခံစားရ၏။ ယူဇနာတစ်ရာတောင် သွားပြီးတော့ ဒုက္ခတွေကို ခံစားရတယ်ပေါ့ဗျာ။ ဟုတ်လားဗျ။ ဒါ ဘာကြောင့်မှာလဲဗျ။
အဲ့ဒါပဲ။ ဒါတွေက ဘယ်သူပဲဖြစ်ဖြစ် အရှင်ဘုရားတို့ရေ၊ ဒါကြောင့် "ရာဂံ ဥပနိဿာယ အတ္တာနံ အာတာပေတိ ပရိတာပေတိ၊ ပရိဒေဝမူလကံ ဒုက္ခံ ပစ္စနုဘောတိ"။
ဒါကြောင့် ကြော်ငြာထားတာပေါ့ဗျာ။ "အချစ်ဟူသည် ပိဋကတ်တော်"။ အချစ်ဆိုတာ ဘယ်သူ့ပဲချစ်ချစ်၊ တပည့်တော်က တပည့်တော်အမေကိုပဲချစ်ချစ်၊ တပည့်တော်အဖေကိုပဲချစ်ချစ်ပေါ့ဗျာ။ အဲ့ဒါ ကိုယ်တိုင်ခံစားခဲ့ရတာတစ်ခု ပြောမယ်ဆိုရင် တပည့်တော် အမေသေစဉ်အခါက ထမင်းမဝင်ဘူး။ အမေလို့ တပည့်တော် တစ်နှစ်လောက်ထိအောင် အော်ဟစ်ငိုကြွေးခဲ့ရတယ်။ အဖေကတော့ အတူတူမနေရတာကြောင့်မို့လို့ သိပ်ပြီးတော့မခံစားရဘူး။ အမေကတော့ ငယ်စဉ်အခါက အတူတကွနေခဲ့ရတာကြောင့်မို့လို့ ခံစားရတယ်။ အဲ့ဒီတော့လည်းပဲ နောက်ဆုံးမှာ ကိုယ့်အမေကိုကိုယ်ချစ်တာပဲဖြစ်ဖြစ်၊ ကိုယ့်အဖေကိုကိုယ်ချစ်တာပဲဖြစ်ဖြစ် နှောင်ဖွဲ့ခြင်းနဲ့ ပူလောင်ခြင်းကို ရမယ်။ ဘာနဲ့ရမလဲ။
နှောင်ဖွဲ့ခြင်းနဲ့ ပူလောင်ခြင်းကို ရပါမယ်။
ဒါပဲ ကြည့်လေ။ ဘုရားဟောထားတာ။ "ရာဂံ ဥပနိဿာယ အတ္တာနံ အာတာပေတိ ပရိတာပေတိ၊ ပရိဒေဝမူလကံ ဒုက္ခံ ပစ္စနုဘောတိ"။ အတူတူပဲလေ။ တူလား။
တူပါတယ်။
ဘယ်သူ့ကိုချစ်တာပဲဖြစ်ဖြစ်၊ ကြောင်ကလေးခွေးကလေးကို ချစ်တာပဲဖြစ်ဖြစ်၊ အရှင်ဘုရားတို့ရေ၊ အဲ့ဒါ အကုန်လုံး ဘာနဲ့ဘာကို ရမယ်။
နှောင်ဖွဲ့ခြင်းနဲ့ ပူလောင်ခြင်းပါ။
အဲ့တော့ နှောင်ဖွဲ့တယ်ဆိုတာ သံယောဇဉ်။ "သံယောဇဉ်အကျော့၊ ကြိုးဆယ်စ၊ ခိုင်လှတုပ်နှောင်၊ လှုပ်မယိုင်၊ သံသရာဝဋ်၊ မလွတ်စေငြား၊ နိဗ္ဗာန်သွား၊ ရောက်ဖို့လမ်းကို ပိတ်ဆို့တား" မဟုတ်ဘူးလား။
မှန်ပါ။
ကိုင်း ဟုတ်ပြီပေါ့ဗျာ။ အဲ့ဒါ အရှင်ဘုရားတို့၊ ဒါကြောင့်ပဲပေါ့။ ဒေါသ၊ မောဟ၊ မာန၊ ပဋ္ဌာန၊ အတူတူပဲ။ အရှင်ဘုရား၊ ဒေါသဖြစ်ရင်လည်း ပူမလောင်ဘူးလား။
ပူလောင်ပါတယ်။
ကိုယ့်ဆုတောင်းတွေ မပြည့်ရင်ရော ဘာဖြစ်ချင်တာရှိလဲ။
ပူလောင်မှုတွေ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ "ဒေါသမာနပဋ္ဌာနံ ဥပနိဿာယ အတ္တာနံ အာတာပေတိ ပရိတာပေတိ၊ ပရိဒေဝမူလကံ ဒုက္ခံ ပစ္စနုဘောတိ"။
"ရာဂဒေါသမာနမောဟပဋ္ဌာနာ ကာယိကဿ သုခဿ၊ ကာယိကဿ ဒုက္ခဿ ဥပနိဿယပစ္စယေန ပစ္စယော"။ အဲ့ဒီတော့ ရာဂ၊ ဒေါသ၊ မာန၊ မောဟ၊ ပဋ္ဌာနာတို့ကြောင့်လည်းပဲ ကာယိကသုခ ဖြစ်ရတယ်တဲ့။ တစ်ခါတစ်ကျတော့လည်းပဲ အရှင်ဘုရားတို့၊ ချမ်းသာသလိုတော့ ဖြစ်မသွားဘူးလား။ အာဿာဒ၊ အာဒိနဝ။ အာဿာဒဆိုတာက သာယာဖွယ်ကတော့ အနည်းငယ်တော့ ရှိသေးတယ်တဲ့ဗျ။ အချစ်ဆိုတာ ပူလောင်မှုတွေများပေမယ့် သာယာမှုလေးတော့ နည်းနည်းမရှိဘူးလား။
ရှိပါတယ်။
ဒါ ကာယိကသုခလေး နည်းနည်းတော့ ဖြစ်သွားတာပေါ့ဗျာ။ တကယ့်ချမ်းသာစစ်တော့ ဟုတ်ရဲ့လား။
မဟုတ်ပါဘူး။
ချမ်းသာစစ်မဟုတ်ဘူးပေါ့။ ဒီလိုတော့ သိထားရတာပေါ့။ ဒါကြောင့်မို့လို့ ကာယိကသုခပြီးတော့ နောက်တော့ ပူမလောင်သွားဘူးလား။
ပူလောင်သွားပါတယ်။
ပူလောင်သွားတာပေါ့ဗျ။ ဒါက အဲ့ဒီက ဥစ္စာတွေ ပယ်ဖျောက်ဖို့ဆိုလို့ရှိရင်တော့ အရှင်ဘုရားတို့ရေ၊ ဖလသမာပတ်ဝင်စားဖို့ အရေးကြီးတယ်တဲ့ဗျ။ ဟုတ်လားဗျာ။ ဖလသမာပတ်ဝင်စားတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ အရိယာဖြစ်သွားပြီဆိုလို့ရှိရင် အပူထဲမှာ အေးအောင်နေနိုင်သွားပြီဗျ။ ပြောကြည့်စမ်းပါဦး။
အပူထဲမှာ အေးအောင်နေနိုင်သွားပါပြီ။
အရှုပ်ထဲမှာ ရှင်းအောင်နေနိုင်သွားပြီ။ အဲ့တော့လည်းပဲ အရိယာပုဂ္ဂိုလ်တွေကို အတုယူပြီးတော့ တပည့်တော်တို့တတွေအနေနဲ့လည်းပဲ အပူထဲမှာ အေးအောင်နေနိုင်ဖို့ အရေးမကြီးဘူးလား။
အရေးကြီးပါတယ်။
အရှုပ်ထဲမှာလည်းပဲ ရှင်းအောင်နေနိုင်ဖို့ အရေးကြီးတယ်ပေါ့ဗျာ။ လောကီဆိုတာ အရှုပ်ပဲ။ ဟုတ်လားဗျ။ ဒါကြောင့် "လောကီဘုံရှုပ်၊ သမျှအကုန်၊ မနုဿလူ့ဘုံ၊ ဒုက္ခနဲ့ အမှုပုံ" ဆိုတာလေ။
မှန်ပါ။
အဲ့တော့ အရှုပ်ထဲမှာ ရှင်းအောင်နေတတ်ဖို့ အရေးကြီးတယ်။ သတိပညာရှိတဲ့ ပုဂ္ဂိုလ်တွေပေါ့ဗျ။ သတိပညာရှိတဲ့ ပုဂ္ဂိုလ်တွေက အရှုပ်ထဲမှာ ရှင်းအောင်နေနိုင်တယ်။ အပူထဲမှာ အေးအောင်နေနိုင်တယ်။ လူရှိရင် ဘာရှိလဲ။
အပူရှိပါတယ်။
လူရှိရင် အပူရှိတတ်တယ်။ အဲ့တော့ အပူရှိပေမယ့်လည်း အေးအောင်နေတတ်ဖို့ အရေးမကြီးဘူးလား။
အရေးကြီးပါတယ်။
(ဤနေရာမှစ၍ ပိဋကတ်တော်လာ ပါဠိများနှင့် ၎င်းတို့၏ အနက်အဓိပ္ပာယ်များကို အကျယ်တဝင့် ရှင်းလင်းဟောကြားထားခြင်း ဖြစ်ပါသည်။)
ဒါကြောင့် နက်ဖြန် ကျက်လို့ရှိရင် သေချာကြိုးစားအားထုတ်ခဲ့ကြပါ။ ဒီနေ့တော့ ဒီလောက်ပါပဲ။
Built with Potion.so