ပြင်ဆင်ပြီးစာသား
၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ ၂၀၁၁ ခု၊ အောက်တိုဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
အဲ့တော့ မနေ့ကတော့ဖြင့် ဒီက အခု ပကတူပနိဿယ၊ အဲ့ဒီပါဠိတော်တွေဟာ ကုသလပုဒ် အကုန်ဟောခဲ့ပြီ။ အဲ့ဒီအဓိပ္ပာယ်တွေ နည်းနည်းပါးပါးလေးတော့ ပြောခဲ့ပြီပေါ့။ ဒါကြောင့် အရှင်ဘုရားတို့ရဲ့ စာအုပ် စာမျက်နှာ ၉၇ မှာ အရကောက်တော့ ကိုယ်ကောက်လိုက်ရအောင်ပေါ့ဗျာ။ အရကောက်ကတော့ လွယ်တယ်။ ဒီအာရမ္မဏတုန်းက စီရင်တဲ့အတိုင်းပဲ။ အာရမ္မဏစီရင်နည်းနဲ့ တူပါတယ်။ ပစ္စည်း၊ ပစ္စယုပ္ပန် နှစ်ခြမ်းမှာ ကုသိုလ်နေမယ်ဆိုလို့ရှိရင် ပစ္စည်းဘက်က အရဟတ္တမဂ်၊ ဖိုလ်၊ အဘိညာဉ်၊ ပစ္စယုပ္ပန်ခြမ်းက အကုသိုလ်နေမယ်ဆိုလို့ရှိရင် ပစ္စည်းဘက်က ဘာကိုချန်မလဲ၊ လောကုတ္တရာကို ချန်ရမယ်။ ပစ္စယုပ္ပန် ဗျာကတဆိုရင် ပစ္စည်းဘက်က အကုန်အစင်ကောက်မယ်ပေါ့ဗျာ။ အကုန်အစင်ကောက်။ ဟုတ်လား။ ဒါပဲ။ ဟုတ်လားဟေ့။ အဲ့သလိုရတယ်လို့ ဒီလိုသဘောပေါက်လိုက်ပေါ့။ အဲ့ဒီမှာ ထူးခြားတာလေးကတော့ ရှိတယ်။
ဒါကြောင့် ကုသလော ကုသလဿ၌ ကုသလော ဓမ္မောဟူသော ပစ္စည်း၌ ဗလဝဖြစ်သော အရဟတ္တမဂ်မှတစ်ပါးသော ကုသိုလ်စိတ် (၂၀)၊ စေတသိက် (၃၈) တရားရ၏။ ကုသလဿ ဓမ္မဿဟူသော ပစ္စယုပ္ပန်၌ ကုသိုလ်စိတ် (၂၁)၊ စေတသိက် (၃၈) တရားရ၏။ တရားက အလွန်တရားလွယ်တယ်ဗျ။ ဥပနိဿယပစ္စယေန၌ ပကတူပနိဿယသတ္တိရ၏။ ဒါလေးပဲ။ ဟုတ်လား။ ဘယ်လို ဘယ်လို။ ပကတူပနိဿယသတ္တိရ၏။ ရ၏။
ကုသလော အကုသလဿ၌ ကုသလော ဓမ္မောဟူသော ပစ္စည်း၌ ဗလဝဖြစ်သော လောကီကုသိုလ် (၁၇)၊ စေတသိက် (၃၈) တရားရ၏။ ပစ္စယုပ္ပန်ကလည်းပဲ အကုသိုလ်ဆိုင်ရာတွေ အကုန်ရ၏။ ပစ္စည်း၊ ပစ္စယုပ္ပန်တိုင်းက ဒီအတိုင်းပဲ။ ကုသလော ဗျာကတဿ၊ ကုသလော ဗျာကတဿကလည်း ကုသလော ဓမ္မောဟူသော ပစ္စည်း၌ ကုသိုလ်စိတ် (၂၁)၊ စေတသိက် (၃၈) တရားရ၏။ ပစ္စယုပ္ပန်၌ ဝိပါက်စိတ် (၃၆) ရ၏။ အဲ့တော့ ကုသိုလ်အရကောက်တွေ၊ အခု အရကောက်ထဲကတော့ ခြောက်ပစ္စည်း မပြိုင်ဘူး။ အရကောက်ထဲက ခြောက်ပစ္စည်း မပြိုင်ပေမဲ့လို့ ဒီမှာ ကုသလော ဗျာကတဿက ပါဠိတော်ကြီးမှာဆိုလို့ရှိရင်လည်းပဲ သိသာတယ်ပေါ့။ ကိုယ်တော်တို့ စာမျက်နှာ ၃၁ တုန်းကလည်း ရှင်းပြလိုက်တယ်။ "မဂ္ဂေါ ဖလဿမတ္တ" ဆိုတဲ့ ပါဠိတော်ကို ထောက်ထားပြီးတော့ ခြောက်ပစ္စည်း ရသင့်တယ်နော်။ ဘယ်နှပစ္စည်း ရသင့်တာပါလိမ့်။ ခြောက်ပစ္စည်း။ ဒီအရကောက်ထဲတော့ နှစ်ပစ္စည်းပဲ ပြိုင်ထားတာ။ အဲ့တာကို ခြောက်ပစ္စည်း ပြန်ရမယ်။ အနန္တရ ခြောက်ပစ္စည်း။ ဟုတ်လားဗျ။ ဒါကြောင့် "ပကတူပနိဿယ၊ နာနက္ခဏိကကမ္မ၊ အတ္ထိ၊ အဝိဂတ" ဤခြောက်ပစ္စယသတ္တိတို့တွင် ပကတူပနိဿယသတ္တိဟု ဆိုအပ်သော သတ္တိဝိသေသရ၏။
ဆိုလိုဆို၊ အကုသလော အကုသလဿ၊ အကုသလော ကုသလဿလည်း၊ အကုသလော အကုသလဿကလည်းပဲ ဒီမှာတော့ဖြင့် ရကောက်ဆရာတော်ကြီးရဲ့ "ဗလဝဖြစ်သော" ဆိုတာလေး အဲ့လိုလေးပါသေးတယ်။ အကုသိုလ်တွေ အကုန်ကောက်ပေါ့။ ပစ္စယုပ္ပန်လည်း ဒီအတိုင်းပဲ။ ပစ္စည်းကလည်း ဒီအတိုင်းပဲ။ အဲ့တော့ ထူးထူးခြားခြား ဘာမှန်းမရှိဘူး။ အဲ့ဒီအောက်က နာနာက္ခဏိကကမ္မအနေနဲ့ ကျင့်မယ်ဆိုလို့ရှိရင်လည်း တို့ ဟိုတစ်နေ့က စာမျက်နှာ ဘယ်လောက်ပါလိမ့်ဗျာ။ ၁၀၈ မှာ တွေ့လား။ အဲ့အပေါ်က သုဒ္ဓသင်္ချာလေးနဲ့ ကပ်ကောက်ကြည့်လိုက်ပေါ့။ သုဒ္ဓသင်္ချာလေးကို နှစ်ခြမ်းခွဲလိုက်တာပဲ။ ကုဗျာနဲ့ အကုဗျာ။ ဘာဗျာနဲ့ ဘာဗျာ။ ကုဗျာ၊ အကုဗျာ။ ကုဗျာနဲ့ အကုဗျာပဲ။ ကုဗျာဆိုလို့ရှိရင်လည်းပဲ ဥပေက္ခာသဟဂုတ်ကုသလဝိပါက် (၈) ခုပေါ့ဗျ။ ဟုတ်လားဗျ။ အကုဗျာဆိုလို့ရှိရင်လည်းပဲ၊ အကုသလဝိပါက် (၇) ခုပဲရမယ်ပေါ့။ ဟုတ်လားဗျ။ ကိုင်း၊ အဲ့လိုဆိုလို့ရှိရင် ကောက်ကြရအောင် ပြောပေါ့ဗျာ။ ဆိုရအောင်။
အဲ့တော့ အရှင်ဘုရားတို့ ခုနက အရကောက်တဲ့အခါကျရင် အရကောက်ရဲ့အဓိပ္ပာယ်တွေက ကိုယ်တော်တို့ စာအုပ် စာမျက်နှာ ၉၃ မှာ "ကုသိုလ်သည် အကုသိုလ်အား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုရာ၌ လောကီ၊ လောကုတ္တရာ နှစ်မျိုးရှိရာ အဘယ်ကုသိုလ်ကို ယူရမည်နည်း" တဲ့။ "ဥပမာဆောင်၍ ဖြေပါ" တဲ့။ "သန္တတိပဏ္ဍိတဥတ္တမဖြစ်သော လောကုတ္တရာကုသိုလ်က အကုသိုလ်ကို ဖျက်ဆီးတတ်သည်။ လသည် အမိုက်တိုက်အား အထောက်အပံ့မဖြစ်သကဲ့သို့ အကုသိုလ်အား အထောက်အပံ့မဖြစ်နိုင်သောကြောင့် လောကုတ္တရာကုသိုလ်ကို မယူရပါ" တဲ့။ "လောကီကုသိုလ်ကိုသာ ယူရပါသည်" တဲ့။ အဲ့အဓိပ္ပာယ်လေးတွေ ပါတယ်။ ကိုယ်တော်တို့ ဟုတ်လားဗျ။ အဲ့ဒီရှေ့နဲ့နောက်လည်း အဲ့လိုဆက်စပ်ပြီးတော့ ကြည့်တတ်ဖို့လိုတယ်။ အဲ့တော့ အဲ့ဒီက စာမျက်နှာ ၂၈ အောက်နားမှာလည်းပဲ "ပစ္စယုပ္ပန်၌ ရုပ်မပါ" တဲ့။ "ရုပ်တရားတို့သည် အစေတသိက၊ အဗျာကတသဘောမျှသာ ရှိကြ၍ ပကတသဘောမရှိကြသောကြောင့် ပစ္စယုပ္ပန်၌ ရုပ်တရားများ မပါဝင်နိုင်ပါ" တဲ့။ ဟုတ်လားဗျ။ အဲ သူလေးရှိတယ်ပေါ့။ နိဗ္ဗာန်ကလည်းပဲ ကိုယ်တော်တို့ ဒီမှာ မဟောနိုင်ဘူးဆိုတာ မနေ့က ပြောပြီးပြီ။ ကိုင်း၊ ဒါကြောင့်မို့လို့ နည်းနည်း ကိုယ်တော်တို့ မကျဉ်းမကျယ်လေး သွားရအောင်ပေါ့ဗျာ။ ဟုတ်လားဗျ။
"ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ"။ အဲ့တော့ အရှင်ဘုရားတို့ အခု ကုသိုလ်ကနေ ကုသိုလ်ကို ကျေးဇူးပြုတာ ဒီမှာပြောနေတာ။ ဘာကနေ ဘာကို ကျေးဇူးပြုတာလဲ။ ကုသိုလ်ကနေ ကုသိုလ်ကို ကျေးဇူးပြုပါတယ်။ ကုသိုလ်ကနေ ကုသိုလ်ကို ကျေးဇူးပြုတာ ပြောနေတာပေါ့ဗျာ။ အဲ့တော့ မနေ့တုန်းကတော့ ကိုယ်တော်တို့ကို ပါဠိပုံတွေကို ပြောလိုက်ပြီ။ ဒီပါဠိက ကိုယ်တော်တို့ ပကတူပနိဿယကြီးဟာ ရှည်တယ်ဆိုပေမဲ့လို့လည်းပဲ သူ့အလွှာလိုက် အလွှာလိုက်ဆိုတော့ ကိုယ်တော်တို့ ခက်သက်ဆိုပေမဲ့လို့လည်းပဲ အာရုံစူးစိုက်ပြီးတော့ လေ့လာလိုက်တဲ့အခါမှာ အခက်အခဲတွေဟာ ပျောက်ကွယ်မသွားဘူးလား။ ပျောက်ကွယ်သွားပါတယ်။ ပျောက်ကွယ်သွားတယ်။ မခက်ခဲတော့ဘူးပေါ့ဗျာ။ ဟုတ်တယ်မလား။
အဲ့တော့ ဘယ်အရာဝတ္ထုဖြစ်ဖြစ်၊ ဒီပဋ္ဌာန်းတရားဆိုတာကတော့ သဗ္ဗညုတဉာဏ်တော်ကြီးရဲ့ တည်ရာ၊ ကျက်စားရာဖြစ်တယ်ဆိုတော့ တကယ်တော့ မလွယ်တဲ့ကိစ္စကြီးပေါ့။ မလွယ်တာကိုပဲ နည်းစနစ်တွေအရ လွယ်အောင် ကြိုးစားကြိုးပမ်းအားထုတ်ကြရတယ်ပေါ့။ အဲ့တော့ မကြာခဏပြောတဲ့ ဥပမာနဲ့ ပြောရမယ်ဆိုလို့ရှိရင် ထူထဲတဲ့သစ်တုံးကြီး၊ အနှစ်သားနဲ့ပြည့်စုံတဲ့၊ ပြည့်နေတဲ့သစ်တုံးကြီးကို မပြတ်တဲ့ဓားနဲ့ဖြစ်ဖြစ် တစ်ချက်တည်းခုတ်ရင် ဘာဖြစ်လဲဗျ။ မပြတ်ဘူး။ မပြတ်ဘူး။ တစ်ချက်တည်းတော့ ဘာဖြစ်လဲဗျ။ မပြတ်ဘူး။ တစ်ချက်တည်းနဲ့ပြတ်တဲ့အသားဆိုလို့ရှိရင်လည်းပဲ တန်ဖိုးရှိတဲ့အသား ဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ဘူးပေါ့။ ဟုတ်တယ်မလား။ တန်ဖိုးရှိတဲ့အသား မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ အခု နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ ဘယ်သူပါလိမ့်။ ပဋ္ဌာန်းတရားတော်၊ ပဋ္ဌာန်းတွေ အလွန်တရာနားလည်ဖို့လိုတယ်။ သူ့လိုပုဂ္ဂိုလ်၊ တပည့်တော်လို နုံချာစုတ်ပြတ်မဟုတ်ဘူးဗျ။ တပည့်တော်တို့ ဉာဏ်က အလွန်စုတ်ပြတ်၊ ဉာဏ်တွေ၊ နောက် ဝီရိယတွေကလည်းပဲ အလွန်စုတ်ပြတ်။ ဝီရိယတွေနဲ့ လုပ်နေတာ။ ဟိုက ကြီးကျယ်တဲ့ဉာဏ်ကြီးနဲ့လုပ်တာတောင်မှပဲ (၇) ခေါက်တက်ရတာတဲ့။ ကြီးကျယ်တဲ့ဉာဏ်ကြီးနဲ့ ဘာဖြစ်လဲ။ (၇) ခေါက်တက်ရတယ်။ (၇) ခေါက်တက်ရတယ်။ အဲ့လို တချို့ကျတော့လည်း စိတ်ပျက်သွားတယ်။ "အမလေး၊ အဲ့ဒီပုဂ္ဂိုလ်တောင် (၇) ခေါက်ဆို ငါတော့ တက်မှာမဟုတ်ပါဘူးတော်" ဆိုရင်တော့ ခဲလေသမျှ သဲရေကျပေါ့ဗျာ။ အဲ့ဒါ အဲ့လို ဘယ်ဟုတ်မလဲဗျ။ သိလား။ ကိုယ်လည်း ကိုယ့်အသွင်၊ ကိုယ့်အပြင်ပေါ့။ ဟုတ်တယ်မလား။
အဲ့ဒါ ကိုယ်တော်တို့ ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ရေ အခုပြောချင်တာကတော့ ခက်ခဲတဲ့ပန်းတိုင်၊ တန်ဖိုးရှိတဲ့ပန်းတိုင်ဆိုတာ ဘယ်သောအခါမှ တစ်လှမ်းတည်းနဲ့ မရောက်ဘူးဗျ။ လွှနဲ့တိုက်မယ်ဆိုလို့ရှိရင်လည်းပဲ တစ်ချက်တည်းနဲ့ ဘာဖြစ်လဲဗျ။ မပြတ်နိုင်ဘူး။ မရောက်နိုင်ဘူး။ သွားမယ်ဆိုရင်လည်း တစ်လှမ်းတည်းနဲ့ မရောက်နိုင်ဘူး။ အဲ့တော့ ခက်ခဲတဲ့ပန်းတိုင်ဆိုတာ အကြိမ်ကြိမ်၊ ဖန်ဖန်၊ ထပ်ထပ်၊ ဘာပါလိမ့်ဗျ။ သွားရလိမ့်မယ်။ အဲ့တာ သွားရလိမ့်မယ်။ ဒါကြောင့်မို့လို့ ပန်းတိုင်ဆိုလို့ရှိရင် အရှင်ဘုရားတို့ တစ်လှမ်းနဲ့သာဖြင့် ဘယ်အရာဝတ္ထု၊ နေရာကိုမှ မရောက်နိုင်ဘူး။ တစ်လှမ်းနဲ့ရောက်တဲ့နေရာဆိုတာကလည်းပဲ မြင့်မားသောနေရာရယ်လို့ ဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်ဘူး။ မြင့်မားသောနေရာရောက်ဖို့ဆိုတာက ခြေလှမ်းပေါင်းမြောက်များစွာနဲ့ ရုန်းကန်ကြိုးစားပြီးတော့ တိုးတက်ပြီးတော့ တိုးတက်ခဲ့ရမှာ။ အဲ့တာမှ ဘာပါလိမ့်ဗျ။ အထွတ်အထိပ်ကို ရောက်မှာ။ ဟုတ်တယ်မို့လား။ မှန်ပါ။
အဲ အဲ့သလိုရှိတယ်ပေါ့။ ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ ဖန်ဖန်ထပ်ထပ်လုပ်မယ်ဆိုလို့ရှိရင် ဒါ ရောက်နိုင်တာပါပဲ။ အဲ့တော့လည်းပဲ ဇွဲမလျှော့ဘူးပေါ့ဗျာ။ ဇွဲမလျှော့ဖို့။ တပည့်တော်တို့လည်းပဲ အရှင်ဘုရားတို့ အခု မကြာခဏပြောဖူးတယ်။ လိုချင်တဲ့စိတ်က ပြင်းထန်တော့ အရှင်တို့ရေ ဒီက အလတ်တန်းရှိသေးတဲ့ ပခုက္ကူမှာနေစဉ်ကလည်းပဲ ဟို အကြည်တန်း သင်္ဂြိုဟ်နဲ့ ပဋ္ဌာန်းချမယ်ဆိုတာနဲ့ အဲ့ဒါ နောက်ကနေ သွားပြီး ပုန်းလျှိုးကွယ်လျှိုးနဲ့ သွားတက်ရသေးတာ။ အဲ့ဒါ အဲ့သလို လုပ်ခဲ့ရသေးတယ်။ အဲ့တော့ ဒီတစ်နှစ်တက်ပြီးပြီ။ တစ်နှစ်တက်ပြီးသားကိုပဲ။ တစ်နှစ်တက်လိုက်တယ်ဆိုပေမဲ့လို့လည်းပဲ တပည့်တော်က ဟိုမေး၊ ဒီမေး၊ သိတတ်ဆိုတဲ့ပုဂ္ဂိုလ်ဆီ ဘယ်သူ့မှ ချွင်းချက်မပေးဘူး။ အကုန်လိုက်မေးတာ။ အဲ့ဒါ တချို့လည်း မေးတာကြိုက်တာရှိတယ်။ တချို့လည်း မေးတာ မကြိုက်တာရှိတယ်။ မကြိုက်တာလည်း ရှိတာပေါ့။ အဲ့လိုလည်း ရှိတဲ့ပုဂ္ဂိုလ်တွေ အများကြီးပါပဲ။ အော်ငေါက်ခံလိုက်ရတာ ရှိတာပေါ့လေ။ တချို့လည်း လက်ကမ်းကြိုဆိုတာလည်း ရှိတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်လေ ကိုယ်က လိုချင်နေတာဗျ။ "ပညာရှာ ပမာသူဖုံး" ဆိုတာ ကြားဖူးတယ်မဟုတ်လား။ ကြားဖူးပါတယ်။ အဲ့ဒါ ဘယ်သူပြောတာပါလိမ့်။ အဲ ကြီးကန်ရှင်ကြီးပြောတာ။ ဟုတ်လား။ ကြီးကန်ရှင်ကြီးတဲ့ဗျို့။ အဲ့ဒါက မြိုင်မှာပဲရှိတယ်။ ကြီးကန်ဆိုတာရှိတယ်လေ။ ဒီမှာ မြိုင်က၊ မြိုင်က တောင်ကိုယ်တော်တွေ ပါကောင်းပါလိမ့်မယ်။ အဲ ကြီးကန်ဆိုတာ၊ ကြီးကန်ရှင်ကြီးဆိုတာ အလွန်တရာ ဟိုဟာဖြစ်သားဗျ။ အလွန်တော်တဲ့ပုဂ္ဂိုလ်ကြီး။ အရှင်ဘုရားတို့ရဲ့ စာတွေအများကြီးပဲ။ တပည့်တော်ဆီ ရေးထားတာ။ တပည့်တော် ရေးထားတာ။ တွေ့သမျှစာတွေကို လိုက်ရေးထားတာ။
အဲ့တော့ လူဟာလည်း လိုချင်တဲ့စိတ်ထုတ်ဖို့ အရေးကြီးတယ်။ ကိုယ် ဒီက အကြောင်း (၆၀၀) ရပြီးသားပေါ့ဗျာ။ တပည့်တော် စာသိပ်ကျက်စရာမလိုဘူး ပြောပါတော့။ အဲ့ဒါနဲ့ အခု ပဋ္ဌာန်းသုံးလမ်းက ဆရာတော် ဦးဝါသဝ ပို့ချတယ်ဆိုတော့ သွားတက်တယ်။ ဒီက အသက်မတန်ရပ်တဲ့ ဘုန်းကြီးနဲ့။ အဲ့ဒါကို မနာသေးဘူး။ အဲ့ဒီက ဘုန်းကြီးက ပြီးပြီဆိုတော့ ဒီညောင်သုံးပင်ကျောင်းတိုက်က အဘွား မပြီးသေးဘူး။ အခု ဆွမ်းလောင်းပွဲကို သွားတက်တယ်။ ဒီဘုန်းကြီးနဲ့ပဲ။ နောက်တော့ သူက ဇွဲလျှော့သွားတာနဲ့ ဒီဘက်ကတော့ ဇွဲမလျှော့ဘူး။ ကိုယ်ကလည်း ပြင်းထန်တဲ့ရည်ရွယ်ချက်က ရှိတာကိုးဗျ။ ပြင်းထန်တဲ့ရည်ရွယ်ချက်ရှိတဲ့အခါကျတော့ အဲ့ဒါနဲ့ ကိုင်း၊ အဲ့ဒါ ဆရာတော်ကြီးမရှိဘူးဆိုလို့ရှိရင် ကျန်တဲ့ပုဂ္ဂိုလ်တွေဆီ တက်တယ်။ ဟို အများဆုံးကတော့ ဦးဘခွေဆိုတဲ့ ဒကာကြီးပါပဲ။ အဲ့ဒီက ဦးကျော်၊ ဦးဘခွေ၊ ဒေါ်ခင်မြင့်၊ နောက် ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်ဆိုတာ ရှိသေးတယ်။ သူကတော့ သင်္ဂြိုဟ်ချတာ။ သင်္ဂြိုဟ်ချတာ။ အခု ခုနက ဒကာမကြီး ဒေါ်ခင်မြင့်ကလည်းပဲ သင်္ဂြိုဟ်သင်တာပဲ။ အဲ့တာ ပဋ္ဌာန်းသင်မယ်ဆိုတာနဲ့ သွားထိုင်တော့ သင်္ဂြိုဟ်သင်တာဆိုတော့ သင်္ဂြိုဟ်လည်း ဝင်နားထောင်ခဲ့သေးတာပေါ့ဗျာ။ အဲ့ဒါ ကိုယ်က ရောက်မှတော့ သွားမထူးတော့ပါဘူးဆိုပြီးတော့ ထိုင်နားထောင်ကြည့်တော့ "အမလေး တော်တော်ကောင်းတာပါလား" လို့။ အဲ့လိုပဲပေါ့ဗျာ။
အဲ့တော့ ဘာပြောချင်တာလဲဆိုရင် လိုချင်တဲ့စိတ်ပြင်းထန်ဖို့ အရေးကြီးတယ်။ ဘာစိတ်ပြင်းထန်ဖို့ အရေးကြီးလဲ။ လိုချင်တဲ့စိတ်ပြင်းထန်ဖို့။ လိုချင်ရင် ရကိုရတယ်။ အရှင်ဘုရားတို့ရေ။ ဟုတ်လားဗျ။ လိုချင်ရင် ဘာပါလိမ့်ဗျ။ ရပါတယ်။ ရတယ်။ တကယ်လို့များ ကိုယ်တော်တို့ အခု တီဗီထဲကပဲဖြစ်ဖြစ်၊ ဟို လမ်းဘေးပြောတဲ့အသံလေးပဲဖြစ်ဖြစ် အရှင်ဘုရားတို့ အဲ့ဒါ လိုချင်တဲ့စိတ်ရှိလို့ရှိရင် တစ်ခါတည်းမှတ်ထား။ အဲ့စကားလုံးတစ်လုံးကို မှတ်ထား။ ရေးထား။ နောက်တစ်ချိန် အဲ့ဒီက အစလေး လမ်းကြောင်းပေါ်လာပြီဆိုလို့ရှိရင် ပြန်ပြီးတော့ ရှာတာပေါ့။ တပည့်တော် ပဲခူးနေစဉ်ကလည်းပဲ အဲ့ဒီ တန်ပိုလှ၊ တပေါင်းလှဆိုလို့ရှိရင် ဆွမ်းဆန်စိမ်းခံသွားရတာ ပုဂ္ဂိုလ်ပေါ့။ ဒီရွာတိုင်း ရွာတိုင်းပေါ့ဗျာ။ မနက် သုံးနာရီလောက်က ထသွားရတာ။ အဝေးကြီးတွေ သွားရတာ။ စောစောပိုင်းရက်တွေက တပည့်တော်တို့က အထာမကျဘူးဗျ။ ဟို စာရွက်ကလေးတွေ၊ ခဲတံလေးတွေ ဘာမှမပါဘူး။ စာရွက်ကလေးတွေ၊ ခဲတံလေးတွေ ဘာမှမပါဘူးဆိုတော့ ဆွမ်းခံရင်း လိုက်သွားရတယ်ဆိုတော့ ကိုယ်တော်တို့ သိတဲ့အတိုင်းပေါ့ဗျာ။ တစ်နေကုန် လျှောက်သွားနေရတယ်။ အဲ့ဒါ ဖုန်တွေက အလိမ်းလိမ်းကပ်ပြီးတော့ နေတာ။ သပိတ်ဘုံးဘုံးမှာ ဖုန်လေးတွေက ကပ်နေတာ။ အဲ့တော့မှ အဲ့ဒါ သစ်ကိုင်းခြောက်လေး ထိုးပြီးတော့ အဲ့ဒါ တံတွေးနဲ့ဆွတ်တော့မှ အဲ့မှာ ဖုန်လေးပေါ်မှာ ဘာတွေလဲ၊ သပိတ်ဘုံးဘုံးမှာ ရေးထားတာ။ ဆရာတော်ပြောတဲ့ စကားလုံးတွေပေါ့။ ပါဠိတွေဘာတွေ။ အဲ့ဒီ့ပါဠိတွေ နောက်မှ ဘယ်မှာတွေ့သလဲဆိုလို့ရှိရင် ကိုယ်တော်တို့ အခု တိကပဋ္ဌာန်းမှာ၊ သောတပန်မှာ ကိုယ်တော်တို့ ဟို ပါတဲ့ဥစ္စာတွေ၊ တချို့ဥစ္စာတွေက အဲ့ထဲက၊ အဲ့တုန်းက သိခဲ့တာ။ ဟုတ်လားဗျ။ "ကမ္မုနာ ဝတ္တတိ လောကော" ဆိုတဲ့ စကားတွေက အဲ့ဒါ သူပြောသမျှတွေက လိုက်ရေးထားတာ။ နောက်မှ ကိုယ့်အဋ္ဌကထာထဲ သွားရှိမှန်းသိတယ်။ အဲ့ဒါလေးကို လိုက်ရေးထားတာ။ တပည့်တော် လိုက်ရေးထားပြီးတော့ ကိုယ်က ဉာဏ်မကောင်းတဲ့သူဆိုတော့ ဘာနဲ့ထိန်းထားရလဲဆိုရင် လက်နဲ့ထိန်းထားရတယ်။ ဟုတ်လားဗျာ။ သပိတ်ဘုံးဘုံးက ဖုန်ကိုပဲ ကျေးဇူးတင်ရတာ။ ဟုတ်လား။ တံတွေးလေးဆွတ်ပြီးတော့ ရေးတာ။ ဟုတ်လားဗျ။ တံတွေးဆွတ်ပြီးတော့ ရေးရတာ။ နောက်တော့ နောက်ရက်တွေကျတော့ အဲ့လိုမဟုတ်တော့ဘူး။ အဲ့ဒါ အခု ခဲတံအတိုလေး၊ စာရွက်ကလေးတစ်ခု ယူလာခဲ့ရတယ်။ အဲ့ဒါ နောက် တောက်လျှောက်ရေး၊ ရေးထားတာပေါ့။ ဟုတ်လား။ တစ်ခါတလေ တောက်လျှောက်လည်း တစ်ခါတည်း ကျက်ထားတာ။ နောက်တော့ အဲ့ဒါ ကိုယ်တော်တို့ နောက်ကျတော့ ဒီဥစ္စာတွေ ဘယ်ထဲပါသလဲပေါ့။ ဘယ်ထဲပါမှန်းမသိဘူး။ နောက်တော့မှ လိုက်ရှာခါကျတော့မှ နောက် အင်္ဂုတ္တရနိကာယ် အဋ္ဌကထာ ပထမအုပ်မှာ သွားတွေ့တာ။ "နောက် သူများမေးလည်း မသိဘူးကွ" တဲ့။ အဲ့ဒါ အဲ့တာ။
အဲ့တော့ ကိုယ်တော်တို့ လိုချင်ဖို့ အရေးကြီးတာဗျ။ ဘာအရေးကြီးလဲ။ လိုချင်ဖို့ အရေးကြီးတယ်။ လိုချင်ဖို့ အရေးကြီးတယ်။ လိုချင်တဲ့စိတ်မရှိဘူးဆိုတာတော့ ဘာမှမရဘူး။ ကိုယ်တော်တို့ ဘာမှမရဘူး။ ဘာပါလိမ့်။ ဘာမှန်းမသိပါဘူး။ အဲ့တာ ဘာမှန်းကို။ လိုချင်တဲ့စိတ်ဆိုတဲ့ဥစ္စာက ဘဝရဲ့ အလေ့ကောင်းအကျင့်ကောင်းတစ်ခုဗျ။ ဟုတ်လားဗျာ။ ပညာကိုလိုချင်တာ၊ ကုသိုလ်ကိုလိုချင်တယ်ဆိုတာက ဘဝရဲ့ ဘာပါလိမ့်။ အလေ့ကောင်းတစ်ခု။ အလေ့ကောင်း၊ အကျင့်ကောင်း။ အကျင့်ကောင်းတစ်ခု။ အဲ့ ဘဝရဲ့ အလေ့ကောင်းအကျင့်ကောင်းတွေဆိုတာက နောက်တစ်ချိန် ဘဝရဲ့အောင်ပွဲရဖို့အတွက် အာမခံချက်ပေးနိုင်တာပဲ။ ဘဝရဲ့၊ ဘဝကို အောင်မြင်ဖို့အတွက် ဘာပါလဲဗျ။ အာမခံချက်။ အာမခံချက်ပေးနိုင်တာတွေပဲပေါ့။ ဒီဟာတွေက အလေ့ကောင်းအကျင့်ကောင်းတွေက ဘဝကို အဲ့ဒါ အထက်ကို မြှင့်တင်ပေးတဲ့တရားတွေ။ ဟုတ်လား။ အဲ ပြောင်းပြန်လှန်လိုက်ပေါ့ဗျာ။ အလေ့မကောင်း၊ အကျင့်မကောင်းတာတွေသာ သွားလုပ်ပြီးတော့ ကိုယ်တော်တို့ ထက်မယ်ဆိုလို့ရှိရင် ဘာလဲဗျ။ ဟမ်။ ဘဝကောင်းကို ရမှာလား၊ ဘဝဆိုးကို ရမှာလား။ ကိုယ်တော်တို့ ဘဝဆိုး လိုချင်လို့လား။ မလိုချင်ဘူး။ မလိုချင်ရင် ကိုယ်တော်တို့ရေ အဲ့ဒါတွေကို ကိုယ်တော်တို့က တိုက်ထုတ်ရမှာ။ ဘဝမကောင်းဘူး။ ဟုတ်လား။ ကိုယ်တော်တို့ကို ကတုံးတုံးပြီးတော့ ပခုံးတစ်ဖက်ပေါ် သင်္ကန်းတင်ထားရတယ်ဆိုတာ ဘဝကောင်းလိုချင်လို့လား၊ ဘဝဆိုးလိုချင်လို့လား။ ဒီမှာက ရှင်းရှင်းလေး ပြောပြမယ်ပေါ့ဗျာ။ တို့ကျတော့ ဝိကာလဘောဇနာသိက္ခာပုဒ်တော်မှာ ပုန်းလျှိုးကွယ်လျှိုး လုပ်ရတာ။ ဗြောင်ကျကျ ညစာစားလို့ ဖြစ်ပါ့မလား။ မဖြစ်ပါဘူး။
ဟုတ်ကဲ့ပါ၊ စာလုံးပေါင်းသတ်ပုံကို စစ်ဆေးပြီး ပြင်ဆင်ထားသော စာသားကို အောက်တွင် ဖော်ပြအပ်ပါသည်။
ပြင်ဆင်ပြီးစာသား
မဖြစ်ဘူး။ အဲ့တာကြည့်။ အရှင်ဘုရားတို့ အဲ့တော့ ကောင်းကောင်းမွန်မွန် မနေရတဲ့ဘဝ။ အရှင်ဘုရားတို့ ခုနပြောချင်တာက အလေ့ကောင်းအကျင့်ကောင်းရဖို့အတွက်၊ ဘဝကောင်းရဖို့အတွက်ကို အလေ့ကောင်းအကျင့်ကောင်းတွေ မွေးမြူရတာ။ ဟုတ်လားဗျ။ အဲ့ဒါက အရှင်ဘုရားတို့ ပခုံးနဲ့ကတုံးပဲ ဖော်တင်တယ်ဆိုရင် ဘယ်ကောင်းမတုန်းဗျာ။ ဟုတ်လား။ ဘယ်လိုပါလိမ့်ဗျ။ ပခုံးနဲ့။ ပခုံးနဲ့ ကတုံးဖော်တင်ရုံနဲ့ ကောင်းသေးလား။ ကောင်းပါတယ်။ ဒီတော့ ကြီးကျယ်တဲ့ဘဝရဲ့ အခွင့်အရေးကောင်းတွေတော့ ရမှာဖြစ်မှာပေါ့ဗျ။ ကိုင်း၊ အဲ့တော့ အရှင်ဘုရားတို့ရေ ဘာတွေလိုအပ်သလဲ။ အလေ့ကောင်း၊ အကျင့်ကောင်း။ အကျင့်ကောင်းတွေ လိုအပ်တယ်။
ကိုင်း၊ ဒါကြောင့် အရှင်ဘုရားတို့ရေ နည်းနည်း မနေ့ကဥစ္စာ ပြောရအောင်။ မနေ့တုန်းကတော့ ကိုယ်တော်တို့ အဲ့ဒါ "ပထမဿ မဂ္ဂဿ ပရိကမ္မံ ပထမဿ မဂ္ဂဿ ဥပနိဿယပစ္စယေန ပစ္စယော။ ပထမော မဂ္ဂေါ ဒုတိယဿ မဂ္ဂဿ ဥပနိဿယပစ္စယေန ပစ္စယော" စသည်ဖြင့် မဂ်အချင်းချင်း၊ ဈာန်အချင်းချင်း၊ သမာပတ်အချင်းချင်း ပြောခဲ့ပြီ။ နောက် "သိက္ခာမဂ္ဂံ ဥပနိဿာယ အနုပ္ပန္နံ သမာပတ္တိံ ဥပ္ပါဒေတိ၊ ဥပ္ပန္နံ သမာပတ္တိံ သမာပဇ္ဇတိ၊ သင်္ခါရေ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ။ သိက္ခံ ဥပနိဿာယ" နောက် "မဂ္ဂေါ အတ္ထပဋိသမ္ဘိဒါယ၊ ဓမ္မပဋိသမ္ဘိဒါယ၊ နိရုတ္တိပဋိသမ္ဘိဒါယ၊ ပဋိဘာနပဋိသမ္ဘိဒါယ၊ ဌာနာဌာနကောသလ္လဿ ဥပနိဿယပစ္စယေန ပစ္စယော"။ အဲ့တော့ အဲ့ဒီ ပဋိသမ္ဘိဒါမှာဆိုလို့ရှိရင်တော့ ကိုယ်တော်တို့ရေ ဒီ အတ္ထပဋိသမ္ဘိဒါ၊ ဓမ္မပဋိသမ္ဘိဒါ၊ နိရုတ္တိပဋိသမ္ဘိဒါ၊ ပဋိဘာနပဋိသမ္ဘိဒါဆိုပြီးတော့ အဲ့သူတို့ရဲ့ အရတွေ ကောက်ထားတာရှိတယ်။ အတ္ထပဋိသမ္ဘိဒါမှတစ်ပါး ကျန်သုံးပါးရဲ့အရ မဟာကုသိုလ်၊ မဟာကိရိယာ ဉာဏသမ္ပယုတ္တစိတ် (၈) ခုပေါ့။ အတ္ထပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါ (၈) ပါးနှင့်တကွ လောကုတ္တရာ (၈) ပါးဆိုတော့ (၁၆) ခုရတယ်ပေါ့ဗျ။ ဟုတ်လားဗျ။ အဲ့တာ ဒီနေရာပေါ့ဗျာ။ ဒီနေရာရဲ့အရပဲပေါ့။
အဲ့တော့ ဒီမှာ ကိုယ်တော်တို့ နည်းနည်းလေး အတွေးအခေါ်၊ အချက်အလက်တွေ ရှိလာခဲ့ပြီ။ အခုလောကကြီးကလည်း ကိုယ်တော်တို့ ကတ်သီးကတ်သတ်တွေ မေးတာတွေ ရှိလာခဲ့တယ်ပေါ့ဗျာ။ ကတ်သီးကတ်သတ် မေးလာခဲ့တာတွေ ရှိတာတွေ။ အခု မနေ့တုန်းက အဲ့ဒီတော့ အခု ဒီအကြောင်းပါပဲ။ "ဘုန်းကြီးတဲ့၊ လူတွေဟာလည်း ဦးနှောက်ကို ခွဲစိတ်ကုသတာတွေ ရှိတယ်။ နှလုံးကို ခွဲစိတ်ပြီးတော့ နှလုံးအတုတွေ တပ်ထားတာတွေ ရှိတယ်" တဲ့။ "နှလုံးမှာ နာမ်တရားတွေ မှီတယ်ဆိုလို့ရှိရင်" တဲ့၊ ဒါ ကိုယ်တော်တို့ ဒီဟာတွေက နည်းနည်း ပဋ္ဌာန်းချတဲ့ဘုန်းကြီးတွေက တော်တော်ကို အရှိန်အဝါတွေ ကောင်းတယ်ပေါ့ဗျာ။ ဒါ အခု ဒီကိစ္စတွေ။ အဲ့ဒီက နှလုံးအစားထိုးတပ်တဲ့ ပုဂ္ဂိုလ်တွေဟာလည်း ပင်ကိုဉာဏ်ရည်သွေးတွေ ကျဆင်းမသွားဘူး ရှိတယ်ပေါ့။ အသိဉာဏ်တွေ။ အဲ့ဒါ နှလုံး၊ ဟဒယဝတ္ထု ပျက်စီးသွားတာတောင်မှပဲ အဲ့လိုတွေပေါ့။ ခုခေတ်က ဒါ အခု ဗုဒ္ဓအဘိဓမ္မာနဲ့ ခု သိပ္ပံပညာနဲ့ ကွာနေသလိုတောင် ဖြစ်နေတာ။ မကွာဘူး။ တစ်ထပ်တည်းဖြစ်နေတာ။ တော်တော်တို့ကို ဟိုဘက်ရောက်လို့ရှိရင် ဒီလိုပြောပြမယ်ပေါ့။ အဲ့ဒါကတော့ ညွှန်းတာပေါ့ဗျာ။ ဟုတ်လား။ အဲ့ဒီမရောက်သေးလို့။
ခုလည်းပဲ ကိုယ်တော်တို့ ပြောချင်တာ ဘာလဲဆိုလို့ရှိရင် "မဂ္ဂေါ သိက္ခာနံ၊ အတ္ထပဋိသမ္ဘိဒါယ၊ ဓမ္မပဋိသမ္ဘိဒါယ၊ နိရုတ္တိပဋိသမ္ဘိဒါယ၊ ပဋိဘာနပဋိသမ္ဘိဒါယ၊ ဌာနာဌာနကောသလ္လဿ ဥပနိဿယပစ္စယေန ပစ္စယော"။ "မဂ္ဂေါ သိက္ခာနံ" တဲ့။ အဲ့တော့ "မဂ္ဂေါ သိက္ခာနံ"။ အဲ့တော့ ဒါက သိက္ခပဋိသန္ဓေလို့ ခေါ်တယ်။ ပြောကြည့်။ ဘာပဋိသန္ဓေလဲ။ သိက္ခပဋိသန္ဓေပါ။ သိက္ခပဋိသန္ဓေဆိုတာက အရှင်ဘုရားတို့ရေ ရဟန်းသံဃာတော်တွေဆိုလို့ရှိရင်လည်းပဲ အရှင်အာနန္ဒာတို့ဟာ သိက္ခပဋိသန္ဓေသားတွေဗျ။ ဒကာတွေထဲမှာဆိုလို့ရှိရင်လည်းပဲ စိတ္တသူကြွယ်တို့၊ စိတ္တသူကြွယ်ဆိုတာ ဓမ္မကထိကဧတဒဂ်ရတဲ့ပုဂ္ဂိုလ်လေ။ ဟုတ်တယ်မို့လားဗျ။ သူကြွယ်ဆိုလို့ရှိရင်လည်းပဲ အရှင်ဘုရားတို့ ဧတဒဂ်ဘွဲ့ထူးရတာ ဥဂ္ဂသူကြွယ်တို့လေ။ ဥဂ္ဂသူကြွယ် ဘာဧတဒဂ်ရတာပါလိမ့်ဗျ။ ဧတဒဂ်ရတဲ့ပုဂ္ဂိုလ်တွေ။ အဲ့ဒါ အဲ့တော့ သိက္ခပဋိသန္ဓေပုဂ္ဂိုလ်တွေပေါ့ဗျာ။ ဒီပုဂ္ဂိုလ်တွေက ဘာပုဂ္ဂိုလ်တွေပါလိမ့်။ သိက္ခပဋိသန္ဓေပုဂ္ဂိုလ်တွေ။
နောက် ခုဇ္ဇုတ္တရာ၊ ဥပါသိကာမ ခုဇ္ဇုတ္တရာဆိုတာက ကိုယ်တော်တို့ သိပြီးသား။ အရင်လည်း ပြောပြီးသား။ ခါးကုန်းကုန်းလေးနဲ့။ ဟုတ်တယ်မလား။ အဲ့တော့ ဒီဥစ္စာမေးတယ်။ ခု ဣတိဝုတ်ပါဠိတော်ကြီးဆိုတာ ကိုယ်တော်တို့ ပြောခဲ့ပြီးပြီ။ ဣတိဝုတ်၊ ဣတိဝုတ်လို့ အသံကြားလိုက်လို့ရှိရင် ဘယ်သူဟောခဲ့တာလဲ။ ခုဇ္ဇုတ္တရာ။ ဟောခဲ့တာ။ သုတ္တန်ပေါင်း ဘယ်လောက်လဲ။ ၁၁၂ သုတ်။ ၁၁၂ သုတ်။ အဲ့ဒါကို ဒါ မေးတာရှိတယ်ဗျ။ ဒါ ဒီဘုန်းကြီးကို လာမေးတာရှိတယ်။ ဘယ်လိုမေးသလဲဆိုလို့ရှိရင် "အရှင်ဘုရားတဲ့၊ ခုဇ္ဇုတ္တရာက အဲ့လောက်တောင် ဉာဏ်ကောင်းသလားဘုရား" တဲ့။ "တရားတစ်ပုဒ်ပဲ နာဖူးတယ်"။ "ဟာ ဟုတ်လားဘုရား" တဲ့။ "ဟာ၊ လွန်ခဲ့တဲ့ ကမ္ဘာတစ်သိန်းက ပဒုမုတ္တရမြတ်စွာဘုရားရှင်လက်ထက်ကတည်းက သင်ကြားလေ့လာခဲ့တာဗျာ" လို့။ ဟုတ်လားဗျာ။ ခုခေတ် လူတွေ အသံဖမ်းစက်ကမှ ကိုယ်တော်တို့ အဲ့ဒါ ပျက်သွားလိမ့်ဦးမယ်လို့။ ခု အသံဖမ်းစက်က အဲ့လောက် ကြိုးစားခဲ့တာမဟုတ်ဘူး။ ဟုတ်လားဗျာ။ အဲ့လောက်တောင်မှပဲ ကိုယ် အသံဖမ်းစက်နဲ့ ဖမ်းလို့ရတယ်မဟုတ်လား။ အသံဖမ်းတာ သူ့အသံမရဘူးလား။ ကိုယ် ဘုရားရှင်ဟောသမျှတွေ သူအကုန်မှတ်မိတာလေ။ "အကုန်မှတ်မိပါ့မလားဘုရား" တဲ့။ ဟော၊ ကိုယ့်ဉာဏ်နဲ့ သွားတိုင်းနေတာလေ။ ကိုယ်က ပါရမီအထုအထည် ယူလာတဲ့ပုဂ္ဂိုလ်ဗျ။ ကမ္ဘာတစ်သိန်း လေ့ကျင့်ထားတာ။ ဘယ်လောက်လဲ။ ကမ္ဘာတစ်သိန်း။ ကမ္ဘာတစ်သိန်း။ ဘဝတစ်သိန်း ဟုတ်ရဲ့လား။ မဟုတ်ပါဘူး။ ဟို တစ်ကမ္ဘာတောင် နည်းသေးတယ်။ အဲ့တာ ဒီဥစ္စာတွေ လေ့ကျင့်သင်ကြားထားတာ။ အဲ့တော့ လေ့ကျင့်သင်ကြားထားတာတွေ ဒီမှာအသုံးချပြီလေ။ အသုံးချဖို့အတွက် အချိန်အခါ ရောက်မနေဘူးလား။ ရောက်နေပါတယ်ဘုရား။ ရောက်နေပြီပေါ့။ မှတ်မိနေတာပေါ့။ အဲ့ဒါကို "အရှင်ဘုရားတဲ့၊ အဲ့ဒါလည်း အဲ့သလောက်ကြီး မှတ်မိပါ့မလားဘုရား" တဲ့။ အဲသလိုတွေ ရှိတယ်ပေါ့။ "မှတ်မိတာပေါ့" လို့။ သူတို့က သူက ဆုကြီးပန်ပုဂ္ဂိုလ်တွေ။ ဥစ္စာ ပဒုမုတ္တရမြတ်စွာဘုရားရှင်လက်ထက်တုန်းကအတိုင်း သူတို့အနေနဲ့က အဲ့ဒါ ဧတဒဂ်ဘွဲ့ထူးနဲ့၊ ဗဟုသုတဧတဒဂ်ဘွဲ့ထူးနဲ့ သာမာဝတီတို့နဲ့ သူတို့နဲ့က ဟိုတုန်းကအတိုင်း အတူတကွ ဆုပန်ခဲ့တဲ့ပုဂ္ဂိုလ်တွေလို့။ ပဒုမုတ္တရမြတ်စွာဘုရားရှင်လက်ထက်က။ ဘယ်လက်ထက်က ဘာလဲ။ ပဒုမုတ္တရမြတ်စွာဘုရားရှင်။
အဲ့တော့ တစ်ခါတစ်ရံမှာ ဒီမှာ တွေးစရာတွေ တော်တော်များများရှိတယ်ပေါ့။ ဟုတ်လားဗျ။ လူဟာ ကိုယ်တော်တို့ အတွေးနဲ့လည်း လုပ်ရတယ်၊ ချွေးနဲ့လည်း လုပ်ရတယ်။ ချွေးလည်းပါမှ၊ အတွေးလည်းပါမှ။ ပြောကြည့်။ ဘာပါလိမ့်။ အတွေးလည်းပါမှ၊ ချွေးလည်းပါမှ။ အတွေးချည်းဆိုရင်လည်း မကောင်းသေးဘူး။ ကိုယ်က တိကျမှဖြစ်မယ်။ အတွေးလည်းပါရမယ်၊ ချွေးလည်းပါရမယ်။ ချွေးလည်းပါရမယ်။ ဟုတ်လားဗျ။ အတွေးလည်းစုံရမယ်၊ ချွေးလည်းစုံရမယ်။ ပြောကြည့်စမ်းပါဦး။ အတွေးလည်းစုံရမယ်၊ ချွေးလည်းစုံရမယ်။ အယ်၊ ချွေးမစုံဘဲနေရင်တော့ အဲ့ဒါ ချွေးမစုံဘဲနေရင်တော့ အတွေးမစုံနိုင်ဘူး။ ဟုတ်လားဗျ။ ဒါကြောင့်မို့လို့ အတွေးလည်းစုံဖို့ အရေးကြီးတယ်။ ချွေးလည်းစုံဖို့ အရေးကြီးတယ်။ အဲ့ဒါ သူတို့၊ သူတို့နှစ်ခုလုံးက တွဲလျက် တစ်ခါတည်း ကျနေမှ။ ဟုတ်လားဗျ။
အဲ့တော့ အခု အဲ့ ကိုယ်တော်တို့ကို ခုဇ္ဇုတ္တရာနဲ့ပတ်သက်လို့ တွေးစရာတွေ တော်တော်ရှိတယ်ပေါ့ဗျာ။ အခု ခုဇ္ဇုတ္တရာဟောခဲ့တာ ကိုယ်တော်တို့ကို ပြောခဲ့ပြီးပြီ။ သုတ္တန်ပေါင်း ၁၁၂ သုတ်။ ဟုတ်လားဗျာ။ တစ်ခါတစ်ရံကျလို့ရှိရင် ကြည့်လိုက်တော့ တစ်ခါတစ်ရံ တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်အတွက် အခက်အခဲဖြစ်နေခြင်းသည်လည်း တစ်ခါတစ်ရံ တစ်စုံတစ်ယောက်အတွက် အခွင့်အရေးကောင်းတွေ ရသွားတတ်တယ်။ ဟုတ်လားဗျာ။ မှန်ပါ။ ဪ၊ ကိုယ်တော်တို့ ဒီဥစ္စာကတော့ နည်းနည်း တော်ရုံတန်ရုံမဟုတ်ဘူးဗျ။ ဟုတ်လား။ တစ်စုံတစ်ယောက်အတွက် အကျပ်အတည်းသည်ပင်လျှင် တစ်စုံတစ်ယောက်အတွက်၊ တစ်စုံတစ်ယောက်အတွက်က ဘာလဲဗျ။ အခွင့်အရေးကောင်းတွေ ဖြစ်သွားနိုင်တယ်။ ကြည့်လိုက်။ အရှင်ဘုရားတို့ရေ ခု သာမာဝတီနဲ့၊ သာမာဝတီနဲ့ မာဂဏ္ဍီတို့ရဲ့ ဖိုက်ပွဲ၊ တိုက်ပွဲတွေကနေပြီးတော့ ကိုယ် ခုဇ္ဇုတ္တရာက အခွင့်အရေးရလာတာ။ ဘယ်သူက အခွင့်အရေးရလာတာလဲ။ ခုဇ္ဇုတ္တရာဘုရား။ ခုဇ္ဇုတ္တရာက အခွင့်အရေးရလာတာပေါ့ဗျာ။
ဘုရားရှင်ကိုယ်တော်မြတ် ကောသမ္ဗီပြည်၊ အဲ့ဒီကောသမ္ဗီပြည် ကြွလာပြီဆိုပါစို့။ အဲ့ဒါနဲ့တင် အဆင်ပြေရောပေါ့ဗျာ။ ကိုယ် ဘုန်းကြီးနာမည်နဲ့ တစ်နေ့ကထုတ်တဲ့စာအုပ်မှာ မျက်နှာဖုံးလေး ကိုယ်တော်တို့ တွေ့ရလိမ့်မယ်။ ဟုတ်လားဗျ။ မာဂဏ္ဍီမိသားစုကနေပြီးတော့ ဘုရားရှင်ကို တော်တော်လေး ကြည့်နေတဲ့ပုံလေး ကိုယ်တော်တို့ ဖူးရရင် မဟုတ်ဘူးလား။ ဟာ၊ မဖူးရင် ကျောင်းလာခဲ့။ အခု ဒီထက်တောင် ရှိရင်ရှိလိမ့်မယ်။ အဲ့မှာ မာဂဏ္ဍီမိသားစုကနေပြီးကာကျတော့ အမေ မာဂဏ္ဍီ၊ သမီး မာဂဏ္ဍီ၊ မာဂဏ္ဍီမိသားစုကနေပြီးတော့ အဲ့ဒါနဲ့ အမေအဖေတွေကနေပြီးတော့၊ မာဂဏ္ဍီ၊ ဟာ ဒီပုဂ္ဂိုလ်က ဘုရားရှင်ကို သွားတွေ့ကာကျတော့ "ဟာ၊ ငါတို့ရဲ့သမီးလေးနဲ့သော်ဖြင့် ဒီပုဂ္ဂိုလ်နဲ့ ဥပဓိရုပ်တွေကတော့ ကွက်တိပဲ" ဆိုပြီးတော့ ဘုရားဆီ နောက်ကလိုက်တာ။ ဘုရားဆီက သူတို့က ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်တွေဆိုတာကျတော့ ခြေရာလေးချန်ခဲ့တာ။ ဘာလေးချန်ခဲ့တာလဲ။ ခြေရာလေးချန်ခဲ့တာ။ ခြေရာလေး ချန်ခဲ့တယ်။ ချန်ခဲ့တယ်ပေါ့ဗျာ။ ခြေရာလေးချန်ခဲ့တော့ အဲ့တုန်းမှ အဲ့တာနဲ့ ကိုင်း၊ အဘိုးကြီးအဘွားကြီးက ကြည့်လိုက်ကြ။ အဘွားကြီးက ကြည့်လိုက်တာကြောင့် အဘိုးကြီးကနေပြီးတော့ ကြည့်လိုက်တော့ တွေ့သွားပြီ။ "ဟေ့၊ ဒီပုဂ္ဂိုလ်ကတော့ နည်းနည်းတော့ မဟုတ်ဘူး" ပေါ့လေ။ အဲ့ဒါနဲ့ နောက်ကလိုက်မလို့ပဲ။ အဘွားကြီးက ကြည့်လိုက်တယ်။ သေသေချာချာ ကြည့်လိုက်တာကျတော့ "ရှင်တဲ့၊ ဒီခြေရာမျိုးကတော့ ဘယ်သောအခါမှ အိမ်ထောင်ပြုမယ့်ခြေရာမျိုး မဟုတ်ဘူး" တဲ့။ "ရှင် မလိုက်နဲ့"။ "ဟာ၊ မင်းကလည်းကွာ၊ လူတောင်မတွေ့ရသေးဘူး။ မင်း အစောကြီး လက်မြှောက်အရှုံးပေးတာပဲ။ ဘယ်ဖြစ်မလဲ"။ ဘယ် လက်မြှောက်အရှုံးပေးလို့ ဖြစ်လိမ့်မလဲ။ သူတို့ လက်မြှောက်အရှုံးပေးလိုက်မယ်ဆိုလို့ရှိရင် ဘုရားနဲ့ သွားမတွေ့ဘူးဆိုလို့ရှိရင် အနာဂါမ်ဖြစ်ပါ့မလား။ မဖြစ်ပါဘူး။
ပြင်ဆင်ပြီးစာသား
မဖြစ်ဘူးဘုရား။ အဘိုးကြီးပြောတာလည်း ဟုတ်တာပဲ။ အဘွားကြီးပြောတာလည်း ဟုတ်တာဟုတ်တာပဲ။ အဲ့တာ နောက်တစ်နေ့ကျတော့ ဘုရားရှင်ကိုယ်တော်မြတ်က ပစ်ပစ်ခါခါ ပြောလိုက်တာပေါ့ဗျာ။ အဲ့ဒါနဲ့ကိုင်း၊ သူက သမီးဖြစ်သူကတော့ တော်တော်ကို ရန်ငြိုးထားသွားတယ်။ အမေတွေအဖေတွေက အနာဂါမ်ဖြစ်သွားပေမဲ့လို့လည်းပဲ သမီးဖြစ်သူကတော့ဖြင့် ဘာပါလိမ့်ဗျာ။ ဒီတော့ ကိုယ်ဒဏ်ရာအနာတရ ရသွားပြီးတော့ အဲ့ဒါနဲ့ သူ့ဦးလေးဆီ သွားနေတာ။ သူ့ဦးလေးကို သူက သူ့အဖေက ပြောလိုက်တာပေါ့။ "မင်းတူမကို မင်းစောင့်ရှောက်လိုက်ကွာ" ဆိုတော့ အဲ့ဒါနဲ့ သူ့ဦးလေးဖြစ်တဲ့ပုဂ္ဂိုလ်ကလည်း "ငါ့တူမကတော့ တော်တော်ကို မာနကြီးတယ်။ အဲ့ဒါ ဒီမှာ ငါ့ဆီနေလို့တော့မဖြစ်ဘူး" ဆိုတော့ နောက်တော့ အဲ့ဒါနဲ့ ဥတေနမင်းဆီ အကြောင်းကြားလိုက်တာ။ အဲ့တာနဲ့ ကောက်တော်၊ ကောက်တော်မိဖုရားခေါင်ကြီး ဖြစ်သွားတယ်ဆိုတော့ဗျာ။
အဲ့တော့ သူက မိဖုရားခေါင်ကြီးဖြစ်လာပြီဆိုတော့ သူကကျတော့ အဲ့ဒါ လောကမှာ ပြောကြတဲ့အခါ "ဘုံတစ်လှည့် ငါးတစ်လှည့်" တဲ့။ "ထင်းခွေမကြုံ ရေခပ်ကြုံ" ပဲဆိုတာ တွေ့တယ်မဟုတ်လား။ ကြားဖူးတယ်မဟုတ်လား။ ကြားဖူးတယ်။ ထင်းခွေမကြုံရင် ရေခပ်ကြုံ။ ရေခပ်ကြုံ။ ဘုံတစ်လှည့်၊ ငါးတစ်လှည့်။ ငါးတစ်လှည့်ဆိုတာ အဲ့ဒါ ဘုရားရှင်ကိုယ်တော်မြတ် ကောသမ္ဗီပြည် ကြွလာပြီဟေ့ ဆိုကတည်းကပဲ အဲ့တာနဲ့ အရက်သမားတွေ၊ ဘာတွေညာတွေကို၊ လူမိုက်တွေကို ငှားရမ်းပြီးတော့ ခဲတွေနဲ့ပေါက်၊ တုတ်တွေနဲ့ထုခိုင်းတာ။
အရှင်အာနန္ဒာကတော့ စိတ်ပျက်ပြီးတော့ "အရှင်ဘုရား၊ ပြန်မှဖြစ်မှာပေါ့"။ "ဟာ၊ အာနန္ဒာ၊ ပြန်လို့မဖြစ်ဘူးကွ" တဲ့။ "မင်း အရှုံးနဲ့ပြန်လို့ ဘယ်သောအခါမှ မဖြစ်ဘူး" တဲ့။ ဟုတ်လား။ အရှုံးနဲ့ပြန်လို့ရှိရင် ဘယ်သောအခါမှ အနိုင်မရဘူး။ ကိုယ်တော်တို့ ဟုတ်လား။ အရှုံးနဲ့ပြန်ရင် အနိုင်မရဘူး။ အရှုံးနေရာ၊ ရှုံးတဲ့နေရာကို နိုင်အောင်လုပ်ရမှာ။ တိုက်ပွဲဖြစ်တဲ့နေရာကို နိုင်အောင်လုပ်ရမှာ။ ဟုတ်လားဗျာ။ ကိုယ်တော်တို့လည်းပဲ အကြီးတန်းကျပြီးတော့ ရှုံးပြီးတော့ ထွက်ပြေးသွားတဲ့ပုဂ္ဂိုလ်တွေသည် ဘယ်တော့မှ၊ ဘယ်သောအခါမှ အနိုင်မရတော့ဘူး။ ဒီဘဝက အရှုံးသမားကြီးပဲ။ ဘာသမားကြီးတုန်းဗျ။ အရှုံးသမားကြီး။ အယ်၊ အဲ့လိုရှိတာ။ ဒီဟာကို မအောင်မချင်း ဘာဖြစ်လဲဗျ။ လုပ်ရမယ်။
အခုလည်းပဲ ဘုရားရှိခိုးပြီး ဘယ်ပြန်လို့ဖြစ်မတုန်းပေါ့ အာနန္ဒာ။ အဲ့တော့မှ သူက မိဖုရားခေါင်ကြီးဖြစ်ကာ အတိုက်အခိုက်၊ မာဂဏ္ဍီက တိုက်၊ ဟိုဘက်က သာမာဝတီက ကြည်ညို၊ ဘုရားရှင်ကို ကြည်ညိုတဲ့ပုဂ္ဂိုလ်တွေပါ အကုန်လုံး တစ်ခါတည်း သိမ်းကြုံးတိုက်တော့တာဗျ။ ဟော၊ ကိုယ့်ရဲ့ရန်ဘက်ကို အားပေးတဲ့ပုဂ္ဂိုလ်တွေ၊ ကြည်ညိုတဲ့ပုဂ္ဂိုလ်တွေပါ အကုန်လုံး တိုက်ခိုက်တော့တာပဲ။ အဲ့တော့ နန်းတော်ထဲမှာကို တိုက်ပွဲတွေ ဖြစ်လာခဲ့ပြီ။ အဲ့တော့ ဘုရားရှင်ဆီကို မာဂဏ္ဍီတို့၊ သာမာဝတီတို့ သွားလို့မရတော့ဘူး။ ဟုတ်လား။ ဖြည့်စွက်ပြီးပြောရရင် ဟိုလိုတိုက်တာတွေကတော့ အများကြီးပဲ။ ရှူးမြိုက်ပြီးတိုက်တာတွေလည်း အများကြီးပဲ။ နောက်တော့ ဘာနဲ့ဘာဖြစ်သေးတယ်ဆိုတာကျတော့ "အရှင်ကြီးတဲ့၊ အရှင်အာနန္ဒာကတော့ သောတာပန်ဖြစ်သေးတယ်ဆိုတာကျတော့ စိတ်မချရသေးဘူး" တဲ့။ လွှတ်လိုက်ရင်တော့ အဲ့ဒါ သောတာပန် စိတ်ချရတာဆိုတာ သူမသိဘူး။ ဘယ်သူသိတာတုန်း။ မာဂဏ္ဍီမသိတာ။ ဟုတ်လားဗျ။ သာမာဝတီတို့နဲ့ တကယ်လို့ အကြောင်းပါသွားလိမ့်မယ်ပေါ့လေ။ အဲ့ဒါနဲ့ ဟိုကလည်း မယားထိတော့၊ အဲ့ဒါ "မယားထိရင် ဓားကြည့်" ဆိုသလိုပဲ ဟိုကလည်း မလွှတ်တော့ဘူး။ အဲ့ဒါ အဲ့ဒါကို သွားပြီးတော့ အရှင်အာနန္ဒာကိုလည်း သွားပြီး အကျယ်တဝင့် သွားဖြစ်သေးတယ်။ အဲ့ဒါ ကိုယ် ဥတေနမင်း သွားလျှောက်သေးတယ်။ ခုနက သာမာဝတီမိဖုရားအမှူးရှိတဲ့ မိဖုရား (၅၀၀) တို့က သွားပြီးတော့ အရှင်အာနန္ဒာကို သင်္ကန်းတစ်စုံစီ၊ တစ်စုံစီ သွားလှူတာ။ အဲ့တော့ အခု တွန်းအားပေးလိုက်တာ ဥတေနမင်းကို နောက်ကနေပြီးတော့ အဲ့ဒါ တွက်ချက်ပြီး လွှတ်တာ။ ဘယ်သူက တွန်းလိုက်တာလဲ။ မာဂဏ္ဍီက။ မာဂဏ္ဍီက တွန်းပေးလွှတ်တာ။ တွန်းပေးလိုက်တာကျတော့ ဟိုက၊ ဟိုပုဂ္ဂိုလ်လည်း ဦးနှောက်မရှိဘူးဆိုတော့ သွားတာပေါ့ဗျာ။ အဲ့ဒါ ဟို သင်္ကန်းအစုံ (၅၀၀) လှူတဲ့ပုဂ္ဂိုလ်ကိုပဲ သွားပြီးတော့ စနေတယ်။ ရန်လုပ်နေပြီ။ ဟုတ်လား။ ရန်ဖြစ်နေပြီ။ ဥတေနမင်းကတော့ အရှင်အာနန္ဒာကို သွားပြီးတော့ ရန်ဖြစ်နေပြီ။ အလွန်လောဘကြီးတဲ့ပုဂ္ဂိုလ်ကို သွားပြီး စွပ်စွဲနေပြီဗျ။
အဲ့ဒါနဲ့ "အရှင်ဘုရားပေါ့လေ၊ သာမာဝတီတို့အဖွဲ့ကနေပြီးတော့ သင်္ကန်းအစုံပေါင်း (၅၀၀) လှူတယ်ဆိုတာ ဟုတ်ပါသလားဘုရား" ပေါ့လေ။ "ဟုတ်တယ် ဒကာကြီး" ပေါ့လေ။ "အရှင်ဘုရားတို့ဆိုလို့ရှိရင် အရင်သင်္ကန်းအဟောင်းတွေကောဘုရား"။ "ဟာ၊ အရင်သင်္ကန်းအဟောင်းကတော့ ခြုံထည်လုပ်လိုက်ပြီ"။ "အဲ့ဒီခြုံထည်ကကောဘုရား"။ "ခြုံထည်ကတော့ အဲ့ဒါ အခု ခင်းနှီးလုပ်လိုက်ပြီ" ပေါ့လေ။ "ခင်းနှီးကကော"။ "ခင်းနှီးကတော့ ခြေသုတ်ผ้าလုပ်လိုက်ပြီ" ပေါ့လေ။ "အဲ့ဒီခြေသုတ်ผ้าကကော"။ "ခြေသုတ်ผ้าကတော့ ခုတ်စဉ်းပြီးတော့ အဲ့ဒါကို နံရံမှာ မံဖို့အတွက် ရွှံ့နဲ့ရောပြီးတော့ လွှတ်လိုက်ပြီ" ပေါ့လေ။ အဲ့တော့ သူက အံ့အားသင့်သွားတာဗျ။ အကောင်းလည်းအကောင်းပဲ။ ဟုတ်တယ်မလား။ သံဃာတော်တွေရဲ့ သင်္ကန်းတွေ အဆင့်ဆင့်သုံးစွဲပုံတွေပေါ့ဗျာ။ သံဃာတွေ ဘာလဲဗျ။ သင်္ကန်း၊ သင်္ကန်းကို အဆင့်ဆင့်သုံးစွဲပုံတွေပေါ့ဗျာ။ နောက်ဆုံး စုတ်ပြတ်ပြီးတော့ အဲ့ဒါ ကိုယ်တော်တို့ ရွှံ့နဲ့ရောနေတာတောင်မှပဲ ဒါလေးကို ညီညာအောင် နံရံကို သုတ်လိမ်းရသေးတယ်ဆိုပြီးကာကျတော့ "ဪ၊ သံဃာတော်တွေဟာ တကယ့်ကိုပဲ ဒကာဒကာမတို့ရဲ့ သဒ္ဓါတရားနဲ့ လှူတဲ့ပစ္စည်းတွေကို ဒီလိုပဲ သုံးစွဲကြပါသလား" ဆိုပြီးတော့ သူက အံ့အားသင့်ပြီးတော့ ပြန်လာခဲ့တာ။ ကိုယ်တော်တို့နဲ့ တော်တော်လေးကွာတယ်။ ဟုတ်လားဗျာ။ ဟုတ်လား။ အဲ့လို တိုက်ခိုက်တဲ့အဖြစ်အပျက်တွေ ရှိတာ။ အရှင်အာနန္ဒာတောင် သွားပြီးတော့ ကြည့်ထားကြည့်ဦး။
ကိုင်း၊ နောက်တော့ အဲ့ဒါနဲ့ အရှင်အာနန္ဒာလည်းဆိုတော့ အရှင်အာနန္ဒာဆီလည်း သွားတရားမနာရတော့ဘူး။ နောက်တော့မှ အဲ့တာနဲ့ ခုဇ္ဇုတ္တရာကနေပြီးတော့ သွားပြီးတော့ တရားလိုက်နာတော့ ခုဇ္ဇုတ္တရာ ဟော၊ ဟိုတစ်ခါ အရင်ပြောခဲ့ပြီးပြီလေ။ ခုဇ္ဇုတ္တရာလည်း သောတာပန်ဖြစ်ခဲ့တာ မဟုတ်ဘူးလား။ အဲ့တော့ သောတာပန်ဖြစ်ခဲ့ပြီဆိုတာကျတော့မှ အဲ့ဒါက အဲ့ဒီလို အဲ့လို မာဂဏ္ဍီတို့အဖွဲ့ကို ပြန်ပြန်ပြီးတော့ တရားဟောရတာဗျို့။ အဲ့ဒါ သုတ္တန်ပေါင်း ဘယ်လောက်လဲ။ ၁၁၂။ ၁၁၂ ဗျ။ ဒါကြောင့်မို့လို့ တစ်ဖက်သောပုဂ္ဂိုလ်တွေအတွက် အခက်အခဲ၊ အကျပ်အတည်းဆိုတာ တစ်ဖက်သောပုဂ္ဂိုလ်တွေအတွက် ဘာလေးရလဲ။ အခွင့်အရေး။ အခွင့်အရေးရသွားတတ်တယ်။ သို့သော်လည်းပဲ အဲ့ဒီက အခွင့်အရေးကို ကိုယ်တော်တို့ရေ ဒီအခွင့်အရေးမျိုးကို ကိုယ်ပိုင်အရည်အသွေးတွေမရှိဘဲနဲ့ ဒီဥစ္စာလေး လုပ်နိုင်ပါ့မလား။ မလုပ်နိုင်ပါဘူး။ မလုပ်နိုင်ဘူး။
အဲ့တော့ ကိုယ်တော်တို့၊ ကိုယ်တော်တို့ အခု ဒီ ဟိုနောင်နှစ်တွေကတော့ ဟိုဟာရှိတာပေါ့ဗျာ။ ဟို စာရေးတံစွမ်းတွေ ရှိတယ်မဟုတ်လား။ စာရေးတံစွမ်းတွေနဲ့ ရှိတာ။ ကိုယ်တော်တို့ အဲ့ဒါနဲ့အတိုင်း ရေစက်မချတတ်လို့ ဟိုလူ့ပစ်၊ ဒီလူ့ပစ်ကသာနဲ့ တရားမဟောတတ်လို့ ဒီလူ့ပစ်က ရှိကြတယ်။ ဟုတ်လားဗျို့။ အခု စာအုပ်၊ ယမိုက်စာအုပ်က နောက်ဖျားမှာ ကိုယ်တော်တို့ ရေစက်ချတာ ပါတယ်မဟုတ်လားဗျ။ အဲ့တော့ ဘာမှ ရေစက်ချတယ်။ ရေစက်လည်းပဲ မချတတ်စရာ မရှိဘူး။ ရေစက်ချနည်း နေ့တိုင်းပဲ ပေးလိုက်ပြီ။ တရားဟောနေတဲ့ နေ့တိုင်း သင်ပေးနေတာပဲ။ မဟောတာ ရှိသေးလား။ မရှိဘူး။
အဲ့တော့ အဲ့လိုပဲ အရှင်ဘုရားတို့ရဲ့။ အဲ့တော့မှ ခုနက ခုဇ္ဇုတ္တရာအနေနဲ့ကလည်းပဲ အဲ့ဒါ ဟိုတုန်းက ဆုပန်ခဲ့တဲ့ဥစ္စာတွေက အခွင့်အရေးကောင်း ရခဲ့ပြီပေါ့ဗျာ။ ကြံကြံဖန်ဖန် အခွင့်အရေးကောင်း ရခဲ့တာ။ ဟုတ်လားဗျ။ ဘာပါလိမ့်။ အခွင့်အရေးကောင်းရခဲ့တာ။ ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ "မဂ္ဂေါ သိက္ခာနံ၊ အတ္ထပဋိသမ္ဘိဒါယ၊ ဓမ္မပဋိသမ္ဘိဒါယ၊ နိရုတ္တိပဋိသမ္ဘိဒါယ၊ ပဋိဘာနပဋိသမ္ဘိဒါယ၊ ဌာနာဌာနကောသလ္လဿ ဥပနိဿယပစ္စယေန ပစ္စယော"။ အဲ့တော့ ဒီသိက္ခပဋိသန္ဓေပုဂ္ဂိုလ်တွေဟာလည်း သူတို့ဟာ ခုနက အရှင်အာနန္ဒာပဲဖြစ်ဖြစ်၊ အရှင်အာနန္ဒာဆိုလို့ရှိရင်လည်းပဲ အရှင်ဘုရားတို့ ဗဟုသုတဧတဒဂ် မရဘူးလား။ ရပါတယ်။ ခုနက ခုဇ္ဇုတ္တရာ၊ အမျိုးသမီး၊ အမျိုးသမီးဆိုလို့ရှိရင် ဗဟုသုတဧတဒဂ်။ သူတို့က ခုဇ္ဇုတ္တရာ။ ဒါယကာမများဘက်ကဆိုရင် ဘယ်သူပါလိမ့်။ အရှင်အနုရုဒ္ဓါတို့၊ အရှင်နန္ဒာတို့ပေါ့။ ဒီပုဂ္ဂိုလ်တွေက အရှင်ဘုရားတို့ရေ ဒီပုဂ္ဂိုလ်တွေ နည်းနည်းက သိက္ခပဋိသန္ဓေပုဂ္ဂိုလ်တွေ။ သောတာပတ္တိမဂ်ဖိုလ်ရတာနဲ့ပဲ အရှင်ဘုရားတို့ အကုန်လုံး မှတ်မိသွားတယ်ပေါ့ဗျာ။ ဘုရားရှင်ဟောသမျှတရားတွေက အကုန်လုံး စက်နဲ့ရိုက်သလို မကျန် အကုန်မမှတ်မိဘူးလား။ မှတ်မိတယ်ပေါ့။ ဟုတ်လား။ အဲ့ဒါကြောင့် ဆရာတို့ တကယ်လို့ အဲ့လို တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်ကများ အဲ့လိုမေးလာခဲ့မယ်ဆိုလို့ရှိရင် အခု သဘောပေါက်သွားပြီ။ သဘောပေါက်ပြီလား။
ဟုတ်ပြီ။ ကိုင်း၊ ပြန်ပြီးတော့ ခြုံပြောရအောင်ပေါ့။ "ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော" ပေါ့။ ကုသိုလ်သည် ကုသိုလ်အား ကျေးဇူးပြုတယ်။ အဲ့တော့ အရှင်ဘုရားတို့ ဒီသာမန်ပုထုဇဉ်ကုသိုလ်ဆိုတာက၊ ပကတူပနိဿယကုသိုလ်ဆိုတာက ခုနပြောခဲ့ပြီ။ ခုနက ပြောခဲ့ပြီ။ အရှင်ဘုရားတို့ "ဗလဝဖြစ်သော" ဆိုတာ ပါဖူးလား။ ပါပါတယ်ဘုရား။ ဗလဝဖြစ်သောဆိုတာက ဗလဝဖြစ်တဲ့ကုသိုလ်နဲ့ ဒုဗ္ဗလဖြစ်တဲ့ကုသိုလ်ဆိုတာ ရှိတယ်။ ဒုဗ္ဗလနဲ့ ဗလဝကုသိုလ်။ ပြောကြည့်။ ဒုဗ္ဗလကုသိုလ်နဲ့ ဗလဝကုသိုလ်။ ဒုဗ္ဗလကုသိုလ်နဲ့ ဗလဝကုသိုလ် ဘာကွာသလဲဘုရားဆိုတော့ ကွာတာပေါ့။ အများကြီးကွာတယ်။ ဟုတ်လားဗျာ။ ခု ဗလဝကုသိုလ်ဆိုတာက အားရှိတဲ့ကုသိုလ်၊ အားကောင်းတဲ့ကုသိုလ်။ ဟုတ်လားဗျ။ ဘာကုသိုလ်လဲ။ အားရှိတဲ့ကုသိုလ်၊ အားကောင်းတဲ့ကုသိုလ်။ အဲ၊ အဲ့ဒါ ကိုယ်တော်တို့ရေ ဟို မြန်မာသီချင်း၊ ရှေးသီချင်းဟောင်းတစ်ခု ရှိတယ်ဗျ။ "ဘယ်သူဖျက်လို့ မပျက်ခဲ့ပါ" ဆိုတာ ခု ရှိတယ်လေ။
ခုနကလိုပဲ အရှင်ဘုရားတို့ ဒီဗလဝကုသိုလ်၊ ပကတူပနိဿယကုသိုလ်၊ အားကောင်းတဲ့ကုသိုလ်၊ ဟုတ်လားဗျ။ ထက်သန်တဲ့သဒ္ဓါတရားတွေနဲ့ ပြုလုပ်ထားတဲ့ကုသိုလ်တွေဟာလည်း အရှင်ဘုရားတို့ရေ ဘယ်သူတွေဖျက်လို့မှ မပျက်ဘူး။ မိုးလာလည်း မပျက်ဘူး၊ လေလာလည်း မပျက်ဘူးတဲ့ဗျ။ ဟုတ်လားဗျ။ အဲ့ဒါ ပြောစရာတွေ အများကြီးပဲ ကိုယ်တော်တို့ရဲ့။ အခု ရာထူးဌာနန္တရပဲကြည့်ကြည့်၊ စည်းစိမ်ဥစ္စာတွေပဲကြည့်ကြည့်၊ အသက်ပဲကြည့်ကြည့် ဘယ်သူကမှ တိုက်လို့ခိုက်လို့မရဘူး။ ကိုယ်တော်တို့ ကြည့်ပါလား။ ကိုယ်တော်တို့ အဲ့ဆိုလို့ရှိရင် ဂေါသကရှိတယ်မဟုတ်လားဗျ။ ရှိပါတယ်။
ပြင်ဆင်ပြီးစာသား
ခုနစ်ခါသတ်တာ။ ခုနစ်ခါသတ်တာ သေရဲ့လား။ မသေပါဘူး။ မသေဘူးပေါ့ဗျာ။ အဲ့တော့ အရှင်ဘုရားတို့ ဒီဗလဝကုသိုလ်ဖြစ်နေဖို့ အရေးကြီးတယ်။ ဒုဗ္ဗလကုသိုလ်ဆိုလို့ရှိရင်တော့ မရဘူးဗျ အရှင်ဘုရားတို့ရဲ့။ ဟုတ်လား။ တချို့ကတော့ အရှင်ဘုရားတို့ အကြောင်းအထောက်အပံ့ ညီညွတ်မှ အကျိုးပေးမှာ။ အကြောင်းမညီညွတ်ရင် အကျိုးမပေးဘူး။ ဒုဗ္ဗလကုသိုလ်က မိုးလာရင်လည်း ပျက်နိုင်တယ်၊ လေလာရင်လည်း ပျက်သွားနိုင်တယ်ပေါ့။ အဲ့ဒါက ဘာကုသိုလ်ပါလိမ့်။ ဒုဗ္ဗလကုသိုလ်။
ကိုယ်တော်တို့ တချို့ကုသိုလ်တွေ ကြည့်ပါလား။ ဟိုအကြောင်းလေး တိုက်ဆိုင်တော့လည်း လှူလိုက်တာပေါ့။ ဟုတ်လားဗျ။ ကြည့်ပါလား။ စာတတ်ပေတတ်ကြီးလည်းပဲ တစ်ခါတည်း ဟို နတ်ပြည်ဝင်ရမယ့် နွားကြီးကနေပြီးတော့ ဂယောင်ဂယင်၊ ဓာတ်ပုံရိုက်ချင်နဲ့ဆိုလို့ရှိရင် ကောင်းသေးလား။ ကိုင်း၊ ကဲ ပြောချလိုက်တယ်။ အဲ့လိုကြီးဆိုတော့ အဲ အဲ့ဒါ သဒ္ဓါတရားထက်သန်တာလား။ ဗလဝလား၊ ဒုဗ္ဗလလား။ ဒုဗ္ဗလ။ အေး၊ ဒုဗ္ဗလပေါ် သွယ်ချချင်လို့ ပြောတာ ကိုယ်တော်တို့ရေ။ အဲ့လိုမဖြစ်စေရဘူး။ ထက်ထက်သန်သန်နဲ့။ ဟုတ်လားဗျ။ ဘယ်ကိစ္စမဆို ကိုယ့်ကိုယ်ကိုသိဖို့ အရေးကြီးတယ်ဗျ။ လူက ထိပ်ရောက်တဲ့ပုဂ္ဂိုလ်တွေဆိုတာ ကိုယ့်ကိုယ်ကိုသိတဲ့ပုဂ္ဂိုလ်တွေ။ ဟုတ်လားဗျာ။ သူများပြောမှ အရှင်ဘုရားတို့ လုပ်မယ်ဆိုတဲ့ပုဂ္ဂိုလ်သည် ဘယ်တော့မှ ထိပ်မရောက်နိုင်ဘူး။ အဲ့ဒါ သူများရဲ့အသုံးတော်ခံပဲ ဖြစ်မှာ။ ဘာပဲဖြစ်မှာလဲ။ အဲ၊ သူများရဲ့အခိုင်းအစေပဲ ဖြစ်မှာ။ ဘယ်တော့မှ ခေါင်းဆောင်ဖြစ်မလာနိုင်ဘူး။ ဟုတ်လားဗျ။ ခေါင်းဆောင်အရည်အသွေး ဘယ်တော့မှ မရနိုင်ဘူး။ အဲဒါ "အခုမှ ခေါက်မှပဲ ထတော့ကွာ" ဆိုတဲ့သူ ဘယ်တော့မှ အရှင်ဘုရား ထိပ်မရောက်ဘူး။ လူက ကိုယ့်ကိုယ်တိုင် ကိုယ့်ကိုယ်ကို နားလည်ဖို့ အရေးကြီးတယ်။ အခု ဘုရားတက်တယ်ဆိုလို့ရှိရင်လည်းပဲ "ဘုရားဝတ်တက်တော့" ဆိုမှ ထမယ်ဆိုလို့ရှိရင် အဆင်မပြေတော့ဘူးပေါ့ဗျ။ ဟုတ်တယ်မလား။ အဲ့ဒါ ကိုယ်က ကိုယ့်လုပ်ငန်းဆောင်တာတွေကိုလည်း တကယ့်ကို တက်တက်ကြွကြွ၊ ထက်ထက်သန်သန်နဲ့ လုပ်ဖို့လိုတယ်။ အရေးကြီးတယ်ပေါ့ဗျ။ ဟုတ်တယ်မလား။ အဲ ဘုန်းကြီးပြောလိုက်တာ ကိုယ်တော်တို့ ပြင်းထန်တယ်ဆိုလို့ရှိရင်လည်း သည်းခံကြပေါ့ဗျာ။ ဟုတ်လား။ လုပ်စေချင်လို့ ပြောတာဗျ။ ဟုတ်လား။ ဘာကုသိုလ်ဖြစ်စေချင်လို့လဲ။ အေး၊ ဘယ်သူတွေဖျက်လို့မှ မပျက်နိုင်တဲ့ ဘာဖြစ်စေချင်လို့လဲ။ ကုသိုလ်တွေ ဖြစ်စေချင်လို့ ပြောတာပေါ့ဗျာ။ အဲ့တော့လည်း ပြင်းထန်သွားတယ်ဆိုလို့ရှိရင်လည်း ကိုယ်တော်တို့ဘက်က သည်းခံလိုက်ကြတော့။ ဟုတ်လား။ ကိုင်း၊ ဒါကြောင့်မို့လို့ ဗလဝကုသိုလ်တွေ ဖြစ်ကြပါစေလို့ပေါ့ဗျာ။
ကုသလော အကုသလဿ ပုဒ်။ "ကုသလော ဓမ္မော အကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ သဒ္ဓံ ဥပနိဿာယ မာနံ ဇပ္ပေတိ၊ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ၊ သုတံ၊ စာဂံ၊ ပညာယ မာနံ" တဲ့။ "ငါသာလျှင် သဒ္ဓါတရားရှိတယ်" လို့ ပြောမယ်ဆိုမယ်ဆိုရင် မာနတွေတက်မယ်ဆိုရင်တဲ့ဗျ။ ဟုတ်လားဗျ။ "မာနံ ဇပ္ပေတိ၊ ဒိဋ္ဌိံ ဂဏှာတိ" တဲ့။ အဲ့သလိုတွေ ဖြစ်တတ်ကြတယ်ပေါ့။ ဟုတ်လား။ အဲ့လိုဖြစ်တတ်ကြတယ်။ အဲ့တော့ အရှင်ဘုရားတို့ရဲ့ "မာနံ ဇပ္ပေတိ၊ ဒိဋ္ဌိံ ဂဏှာတိ"။ ကိုင်း၊ ဒီတော့ ပြောတဲ့အခါ မောသွားပြီဆိုတော့ ကိုယ်တော်တို့ အဓိပ္ပာယ်ပြောတော့မယ်ဆိုတော့ အဲ့ဒီ ကုသလော အကုသလဿနဲ့ ကုသလော ဗျာကတဿ သွားဟောကြည့်စမ်းပါဦးဗျာ။ "သဒ္ဓံ ဥပနိဿာယ၊ သီလံ၊ သုတံ၊ စာဂံ၊ ပညာယ ဥပနိဿာယ မာနံ ဇပ္ပေတိ"။ သီလကိုအကြောင်းပြုပြီးတော့ မာနတွေတက်မယ်၊ အယူမှားတွေယူကြမယ်။ "သီလံ၊ သုတံ၊ စာဂံ၊ ပညာယ ဥပနိဿာယ" ပေါ့။
အဲ့တော့ အရှင်ဘုရားတို့ရေ လူမှုဆက်ဆံရေးနယ်ပယ်မှာတော့ "မာန်ချမှ ဟန်ကျမယ်" တဲ့ဘုရား။ ပြောကြည့်စမ်းပါ။ မာန်ချမှ ဟန်ကျမယ်။ "မာန်တက်ရင် ခံရမယ်" တဲ့ဘုရား။ ဟုတ်လား။ ဘယ်လိုပါလိမ့်။ မာန်တက်ရင် ခံရမယ်။ ဒါပေမဲ့လည်းဘုရား၊ အရှင်ဘုရားတို့ကို သူတင်ကိုယ်တင် ကြိုးစားရတဲ့နေရာ၊ တချို့နေရာကျတော့လည်းပဲ မာနက အသုံးကျတဲ့နေရာလေးတော့ ရှိသေးတယ်ဗျ။ ဟုတ်လားဗျ။ အဲ့ဒါ "ငါ သူ့ထက်သာအောင် ကြိုးစားနေဦးမယ်" တို့၊ ကိုယ်ဆိုပါတော့ တချို့ ဟိုမှာနေတဲ့၊ နောက်နားမှာနေတဲ့ ကိုယ်တော်ဆိုတော့ နံပါတ် ဟိုအောက်ဆုံးရောက်နေတယ်မဟုတ်လား။ အောက်ဆုံးရောက်နေတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင် အထက်ကို "ငါ တိုးတက်ဦးမယ်" ပေါ့ဗျာ။ နံပါတ် (၁၀) ဆိုလို့ရှိရင်လည်းပဲ (၅) လောက်ရောက်အောင်၊ (၂) သမားလည်း (၁) ကို ရောက်အောင်၊ (၁) သမားလည်း အမြဲတမ်း (၁) နေရာမကျအောင်ပေါ့ဗျာ။ ဒီလိုရှိဖို့ မာနတော့ မလိုဘူးလား။ လိုတယ်ပေါ့။ ဒီလိုလည်းပဲ ဒီလိုစိတ်ဓာတ်မှာ တိုးတက်ဖို့အတွက်တော့၊ တိုးတက်ဖို့နယ်ပယ်မှာတော့ ဒီလိုတော့ လိုသေးတာပေါ့။ သို့သော်လည်းပဲ အရှင်ဘုရားတို့ စကားပြောတဲ့အခါမှာ၊ ခု ဆက်ဆံရေးနေရာတွေမှာတော့ အရှင်ဘုရားတို့ ဒီနေရာတွေက အဲ့လိုမထားရဘူးပေါ့ဗျာ။ ဒါကြောင့်မို့လို့ "မာန်ချမှ" ဘာပါလိမ့်။ ဟန်ကျမယ်။ ဟန်ကျမယ်တဲ့ဗျ။ "မာန်မချရင်" ဘာပါလိမ့်။ ခံရလိမ့်မယ်။ ခံရလိမ့်မယ်တဲ့။
ဒါကြောင့် ရှေးကပြောခဲ့တဲ့စကားတွေလည်း ရှိသေးတယ်။ "လူမာ ပေသီး၊ ပွတ်မီး သံချေး၊ ပျက်စီးတတ်မှု သတိပြု" တဲ့။ လူကို မာနက ဖျက်သတဲ့ဗျ။ လူကို ဘာကဖျက်တာပါလိမ့်ဗျ။ မာနက။ မာနက ဖျက်တာ။ ဒါကြောင့် "လူမာတဲ့လူ မှန်မဟုတ်ဘူး"။ ဟုတ်လား။ လူ ဘာပါလိမ့်ဗျာ။ လူကို ဘယ်သူကဖျက်လဲ။ မာနက။ မာနက ဖျက်တာတဲ့။ "ပေသီး" တဲ့။ ပေပင်ကို ဘယ်သူကဖျက်သလဲဆိုရင် ပေသီးက။ ပေပင်ကလည်း အသီးသီးလို့၊ အသီးသီးသွားပြီဆိုရင် ပေပင်ဟာလည်း ရှင်သန်ခွင့်ရသေးရဲ့လား။ မရပါဘူးဘုရား။ ငှက်ပျောပင်ကော။ ဝါးပင်ကော။ ရသေးလား။ တူတူပဲပေါ့ဗျာ။ ဟုတ်တယ်မလား။ အဲ့တော့ ရှင်သန်ခွင့်မရတော့ဘူးပေါ့ဗျာ။ အဲ့ဒီက အသီးကပဲ ဒီအပင်ကြီးကို ဘာဖြစ်လိုက်တာလဲ။ ဖျက်လိုက်တာ။ ဒါကြောင့် လူမှာ ဘာပါလိမ့်ဗျ။ မာန။ "ပွတ်မီး" တဲ့။ သစ်သားတစ်ချောင်း၊ နှစ်ချောင်းကို တစ်ခါတည်း ပွတ်လိုက်လို့ တစ်ခါတည်း မီးကထွက်မလာဘူးလား။ ထွက်လာပြီဆိုလို့ရှိရင် အဲ့ဒီက၊ အဲ့ဒီက သစ်သားနှစ်ချောင်းကပဲ ထွက်ပေါ်လာတဲ့မီးကပဲ အဲ့ဒီက သစ်သားတစ်ချောင်းကို မလောင်ဘူးလား။ လောင်ပါတယ်။ အဲ၊ ဟုတ်ပြီ။ အဲ့လိုပဲတဲ့။ "သံချေး"။ သံကထွက်လာတဲ့ သံချေးကပဲ အဲ့ဒီက သံတုံး၊ သံချောင်းကြီးကို စားမပစ်ဘူးလား။ စားပါတယ်။ အဲ့သလိုပဲတဲ့ အရှင်ဘုရားတို့ရေ "ပျက်စီးတတ်မှု သတိပြု" ရပါလိမ့်မယ်တဲ့။ ဒါကြောင့်မို့ ဒီမာနဟာ အလွန်တရာမှ၊ ဒါ ကောင်းတဲ့နယ်ပယ်လေး ပါးပါးလေးတော့ ရှိတယ်။ ဆိုးတဲ့နယ်ပယ်က များတယ်။ ဟုတ်လားဗျ။
ဒါကြောင့်မို့လို့ ရှေးဆရာတော်တွေက "ကုမာမဂ္ဂါဟဂိတ္တိ" တဲ့ဗျ။ ဟုတ်လား။ "တဏှာ၊ မာန၊ ဒိဋ္ဌိ" ကို "ဂါဟတရား" တဲ့၊ "ပပဉ္စတရား" တဲ့။ ဘာတရားပါလိမ့်။ ပပဉ္စတရား။ "ကုမာမဂ္ဂါဟဂိတ္တိ" သည် "ဂါဟတရား" တဲ့။ ဘာတရားပါလိမ့်။ ဂါဟတရားတဲ့။ တဏှာ၊ မာန၊ ဒိဋ္ဌိ၊ အဲ့ဒီက သုံးခုကိုပဲ ဘာလဲဗျာ။ "ဂါဟတရား"၊ "ပပဉ္စတရား" လို့ ခေါ်တယ်။ သံသရာကို ကျယ်စေတတ်တယ်၊ သံသရာကို ရှည်စေတတ်တယ်တဲ့ဗျ။ အဲ့ဒီဟာတွေ ရှိနေမယ်ဆိုလို့ရှိရင်။ ဟုတ်လား။ ဒါကြောင့်မို့တော့ အရှင်ဘုရားတို့ မာနဆိုတာ အဲ့ဒါ ထားလို့မဖြစ်တဲ့ဥစ္စာတွေ။ ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ အခု မန္တလေးဆရာတော်ကြီးကလည်းပဲ "မာန်မလုပ်ကြနဲ့" ဆိုတဲ့ အဲ့ဒါ လင်္ကာလေး ရေးထားတာ ရှိသေးတယ်ဗျ။ ဟုတ်လား။ "မာန်မလုပ်လျှင် လွယ်သီသာ" ဆိုတာက ကြားဖူးလိမ့်မယ်။ ဟုတ်လား။ နောက် ဟို ဂီတစာဆိုကြီး မောင်ကိုကိုကလည်းပဲ "မာန်" ဆိုတဲ့သီချင်း အလွန်ကောင်းတာ။ တပည့်တော်တို့ရဲ့။ အဲ့သီချင်း ကိုယ်တော်တို့ နောက် အခွင့်သင့်လို့ အခါကြုံရင် နားထောင်ကြည့်ဦးပေါ့ဗျာ။ ဟုတ်လား။ အေး၊ အခု စာသားပေးလိုက်ဦးမှာ။ ဟုတ်လား။
အဲ့တော့ ဒီမာနတစ်ခုရှိတဲ့အတွက်ကြောင့်မို့လို့ အရှင်ဘုရားတို့ ခုနက "မာန်ချမှ" ဘာပါလိမ့်ဗျ။ ဟန်ကျမယ်။ "မာန်မချရင်" ခံရမယ်။ ခံရမယ်တဲ့ဗျ။ အဲ့တော့ သူက "မာန်" ဆိုတဲ့သီချင်းလေးက တော်တော်ကောင်းတယ်ဗျ။ "မာနတံခွန် မိုးစွန်းထက်ဖြာ၊ ကျော်ကာလ၊ အနုပညာရှင်" သွားလို့လာတာကိုးဗျ။ ဟုတ်လား။ အဲ့တော့ "လောကဓံတရားရဲ့ လှည့်စားသမျှတွေ" တဲ့။ "ဘဝမမေ့၊ အစစ မာန်မထောင်ကြနဲ့"။ "မသမာန်" တဲ့။ အဲ့စာသား၊ အဲ့သီချင်းလေးမှာ တော်တော်အဓိပ္ပာယ်ကောင်းတာတွေ ပါတယ်။ "သင်္ခါရကို အစဉ်ထာဝရ ထင်နေတဲ့ အနုပညာရှင်၊ ခေတ်ဟောင်းမြေမှာ အဟောင်းတွေ သင့်နေ" ဆိုပြီးကာကျတော့လည်းပဲ ကိုယ့်ထက်တော်တာတွေ ပေါ်ပေါက်လာဦးမယ်တဲ့ဗျ။ ဟုတ်လား။ အဲ့ဒါ "လောကမြေပြင်" တဲ့။ "ငါသာလျှင် ငါ့အနားမှာ" လို့ "ငါ" လည်း ဘယ်ဟာမှ မဖြစ်ဘူး။ "စနစ်တကျ လေ့လာ" တဲ့။ ဟုတ်လားဗျ။ "မာနတံခွန် မိုးစွန်းထက်ဖြာ၊ ကျော်ကာလ၊ အနုပညာရှင်" တဲ့။ "လောကမြေပြင်"။ နောက် ဒီမှာ ကိုးခန်းပျို့ရဲ့အဆုံးမှာလည်းပဲ အရှင်မဟာသီလဝံသ ရေးထားတာ ရှိခဲ့တယ်လေ။ အဲ့ ကိုယ်တော်တို့ ကြားဖူးမှာ မဟုတ်လားဗျာ။
ပြင်ဆင်ပြီးစာသား
"ငါ့ထက်မတတ်နှင့် အထက်နေမင်း" ဟုတ်လားဗျ။ "အထက်နေမင်း သုံးလွင်ခေါင် တစ်မိုက်" ဆိုတာလေ။ ဟုတ်တယ်မလား။ အဲ့မှာ လင်္ကာအစုံအလင်ဆိုတော့ ကိုယ်တော်တို့ အများကြီးရှိတယ်ပေါ့။ အဲ့တော့ အဲ့ဒီက မာနကို ဘယ်လိုပယ်ရမလဲဆိုတော့ မာနပယ်နည်းတွေလည်းပဲ ဒီဘုရားရှင်ဟောထားတဲ့ ဥစ္စာတွေ အများကြီးရှိသေးတယ်ဗျ။ ဟုတ်လား။ အဲ့ဆိုလို့ရှိရင် အရှင်တို့ မာနနိဒ္ဒေသ၊ ဒီထက်သာအောင် ပြောမယ်ဆိုလို့ရှိရင် အဲ့လိုလည်း ရှိသေးတယ်။ အဲ့လိုရှိရင် မာနဆိုတာတဲ့ အရှင်ဘုရားတို့ မာန်က နှစ်မျိုးရှိတယ်။ နှစ်မျိုးကနေ ဆယ်မျိုးလောက်အထိအောင် ရှိတယ်ပေါ့ဗျ။ ဟုတ်လားဗျ။ သေယျမာန၊ သဒိသမာန၊ ဟီနမာန အားဖြင့် ရှိလိမ့်မယ်။ အဲ့တော့ အဲ့ဒီက မာနကိုပယ်ပုံက ဘယ်လိုပယ်ရမလဲဆိုတော့ "ကတမော မာနော ပရိဇာနိယာတိ" တဲ့။ "မာနံ ပရိဇာနိယာတိ၊ ပရိဇာနိယ" တဲ့။ ဘယ်လိုပယ်ရမလဲဆိုလို့ရှိရင် "ကတမံ ကတမော ပရိညာ၊ မာနဉ္စ" တဲ့။ ဟုတ်လား။ "ကတမော မာနော" တဲ့။ "ငါ့သန္တာန်မှာဆိုလို့ရှိရင်တော့ဖြင့် တက်ကြွနေတဲ့မာန်တွေ ရှိနေပြီ" ဆိုပြီးတော့ သိရမယ်တဲ့။ အဲ့ဒါဟာလည်း ကိုယ်တော်တို့ရေ ဉာတပရိညာပါပဲတဲ့။ "ကမ္မံ ကမ္မဿကတံ ဉာတပရိညာ၊ ဧတံ ဉာတပရိညာ" တဲ့။ နောက်တော့မှ ဥစ္စာကိုပဲ "အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတောတိ ပဇာနာတိ၊ အယံ တီရဏပရိညာ" တဲ့။ အဲ့ဒါ ဉာတပရိညာ၊ တီရဏပရိညာ၊ နောက် ပဟာနပရိညာကတော့ အရဟတ္တမဂ်ထဲမှာပဲ ပယ်မှာလေ။ မာနကို ဘာနဲ့ပယ်နိုင်တာပါလိမ့်။ အရဟတ္တမဂ်နဲ့ပဲ ပယ်နိုင်မယ်။ ပယ်နိုင်ပါလိမ့်မယ်တဲ့ဗျ။
ဒါကြောင့် အရှင်ဘုရားတို့ ဒီဟာ မာန်ဆိုတာကတော့ အကျဉ်းအားဖြင့် ပြောမယ်ဆိုလို့ရှိရင်တော့ ကိုယ့်ရဲ့ဒီ မိမိရဲ့ဘဝတိုးတက်ရေးမှတစ်ပါး ကျန်တာတွေအနေနဲ့ကတော့ အပြောအဆိုတွေ၊ ကိုယ်မူအရာတွေ၊ နှုတ်မူအရာတွေကကျတော့ မာနမကြီးဖို့ အရေးမကြီးဘူးလား။ ကြီးပါတယ်။ မာနကြီးရင် ခုနကပြောသလို အဲ့ဒါ မာန်ရှိရင်ပေါ့။ ခုနက ဘယ်လို ဘာလဲ။ မာန်ချမှ။ မာန်မချဘူးဆိုရင် အချိန်တန်ရင် ဘာဖြစ်လိမ့်။ ခံရမယ်။ ခံရလိမ့်မယ်တဲ့။ အဲ့သလို သိထားရမယ်ပေါ့။ ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ အသံဟာလည်း မာမာကျောကျောနဲ့ ပြောခြင်း၊ ပြေပြေပြစ်ပြစ်ပြောခြင်း၊ အဲ့ဒါ ကောင်းစေလိုလည်း ဒီပါးစပ်၊ ဆိုးစေလိုလည်း ဒီပါးစပ်။ ကိုယ်တော်တို့ ဟိုမှာ ဆောင်းပါးထဲမှာ ဖတ်ဖူးတယ်မဟုတ်လားဗျာ။ "အပေါက်ကလေးတစ်ပေါက်" ဆိုတာ။ မှန်ပါ။ ဟုတ်တယ်မို့လား။ မှန်ပါ့ဘုရား။ အဲ့တော့လည်းပဲ ကိုယ်တော်တို့ ဒီဥစ္စာကလည်း ပြောတာဆိုတဲ့အသံဟာလည်း အပေါ်စီးက အသံရောက်နေတယ်ဆိုလို့ရှိရင် မကောင်းဘူးဗျ။ ဟုတ်လား။ မိမိအသံ ကောင်းကင်က မကျဘူးဆိုလို့ရှိရင်တော့ အောက်ကလူက ခံနိုင်ပါ့မလား။ မခံနိုင်ပါဘူး။ မခံနိုင်ဘူး။ အဲ့ဒါကြောင့်မို့လို့ ကိုယ်တော်တို့က ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အနေနဲ့ ပြေပြေပြစ်ပြစ်၊ နူးညံ့ညင်သာစွာ ဖြစ်ရမယ်။ ဒါကို ဘုရားရှင်က ဒီမှာ ပဋ္ဌာန်းနဲ့လည်း သင်ပေးနေတာ။ ဟုတ်လား။ တပည့်တော်တို့တတွေက မခံယူတတ်လို့ ဖြစ်နေတာ။ ဟုတ်လား။
ကိုင်း၊ ဒါကြောင့်မို့လို့၊ ဒါ့ကြောင့်မို့လို့ "ငါလည်း ပညာတတ်" ရယ်လို့ ကောင်းကင်က ဆင်းသက်လာသလိုဆိုလို့ရှိရင် ဒါကလည်း ကုသိုလ်ကြောင့် အကုသိုလ်တရားတွေ ဖြစ်သွားပြီတဲ့။ ဟုတ်လား။ "သဒ္ဓံ ဥပနိဿာယ၊ သီလံ ဥပနိဿာယ၊ သုတံ ဥပနိဿာယ၊ ပညာ ဥပနိဿာယ"။ ပညာတတ်တဲ့ပုဂ္ဂိုလ်တွေ မာန်တက်တတ်တယ်တဲ့။ အဲ့ဒီမှာ ကိုယ်တော်တို့ရေ အဲ့ဒီက မာန်တွေဟာ ဘယ်မှာချဖို့ခက်ဆုံးလဲဆိုလို့ရှိရင် "ပညာမာန်" ချဖို့ခက်ဆုံးတဲ့။ ရှေးပညာရှိတွေပြောတာ။ ဟုတ်လားဗျာ။ အဲ့တော့ တချို့ ရုပ်အဆင်းရှိလို့ မာန်တက်တဲ့ပုဂ္ဂိုလ်တွေက အသက်ကြီးလိုက်ရင် အရှင်ဘုရားတို့ရေ အဲ့ဒီက ဥစ္စာမာန်က ကျသွားရော။ ဟုတ်လားဗျ။ ဥစ္စာအကြောင်း မာန်တက်တဲ့ပုဂ္ဂိုလ်လည်း ဆင်းရဲမွဲတေသွားရင် ဘာပြောလိမ့်မလဲ။ ကျသွားရော။ အဲ့ဒီက ပုဂ္ဂိုလ်ကတော့၊ ပညာရှိဆိုတဲ့ပုဂ္ဂိုလ်ကတော့ အရှင်ဘုရားတို့ရေ မာန်ချဖို့က တော်တော်ခက်တယ်တဲ့ဗျ။ ဟုတ်လားဗျ။ ဒါကြောင့်မို့လို့ အဲ့ဒါ ရုပ်အဆင်းမာန်ရယ်၊ ဥစ္စာမာန်ရယ်၊ နောက် ပညာမာန်ရယ်၊ အဲ့ဒီမာန်သုံးမျိုးထဲက ဘယ်ဥစ္စာ ချဖို့ခက်ဆုံးတုန်း။ ပညာမာန်။ ပညာမာန်က အရှင်ဘုရားတို့ ပညာမာန်ကျဖို့က ခက်ဆုံးပဲတဲ့။ ခုနက ပြောသလိုပဲ အရှင်ဘုရားတို့ သတိပညာတွေနဲ့ ထားမယ်ဆိုလို့ရှိရင်တော့လည်းပဲ ဒါတွေဟာ ခုနက ပညာတတ်တယ်ဆိုတာ အတက်သာတက်တာ။ ကိုယ်တော်တို့ သူတော်ကောင်းဓာတ်၊ သူတော်ကောင်းဓာတ်ခံမရှိတဲ့ပုဂ္ဂိုလ်တွေ ဒီလိုဖြစ်တတ်တာပါ။ သူတော်ကောင်းဓာတ်ခံရှိတဲ့ပုဂ္ဂိုလ်တွေ အဲ့လိုဖြစ်တယ်၊ ဖြစ်ရဲ့လား။ ဘုရားရှင်က ပြောလိုက်ပြီးပြီ။ ဒါ ဥစ္စာကိုပဲ တီရဏပညာတွေနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ရှုလိုက်ရင် ဒီပညာဆိုတာကလည်းပဲ ပညာဆင်းသက်လာတာဆိုတော့ မြဲရဲ့လား။ ဒါတွေက မမြဲဘူး။ လောကီကုသိုလ်တွေမှာ မှီနေတာ။ လောကုတ္တရာမှာ မှီနေတဲ့ကုသိုလ်တွေ၊ ပညာဟာ ဖြစ်လို့ ဒါ မြဲတဲ့ပညာလား။ မြဲတဲ့ပညာလား၊ မမြဲတဲ့ပညာလား။ မမြဲတဲ့ပညာ။ မမြဲတဲ့ပညာ။ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ရှုလို့မရဘူးလား။ ရပါတယ်။ ရတာပေါ့ဗျာ။ ဒီပညာက မဂ်ဖိုလ်မှာ ယှဉ်တဲ့ပညာမှ မဟုတ်တာ။ ဟုတ်တယ်မို့လား။ ဟုတ်ပါတယ်။ ကိုင်း၊ ဒါကြောင့်မို့လို့ ကိုယ်တော်တို့ရေ ဒါကြောင့် မဂ်ဖိုလ်၊ မဂ်ဖိုလ်မှာ ယှဉ်တဲ့ပညာ မဟုတ်ဘူး ဒီပညာက။ ဟုတ်လားဗျို့။ အရကောက် ခုနက ကောက်ခဲ့ပြီးပြီ မဟုတ်ဘူးလား။ ဒါ လောကီကုသိုလ်ပဲ ကောက်ရတာလေ။ ဟုတ်တယ်မို့လား။
အဲ့လိုဆို "ရာဂဿ၊ ဒေါသဿ၊ မောဟဿ၊ မာနဿ၊ ဒိဋ္ဌိယာ၊ ပတ္ထနာယ ဥပနိဿယပစ္စယေန ပစ္စယော" တဲ့။ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂကြောင့် ရာဂတွေ တိုးပွားရမယ်၊ ဒေါသတွေ တိုးပွားရမယ်၊ မောဟတွေ တိုးပွားမယ်၊ မာနတွေ တိုးပွားမယ်၊ အယူတွေမှားမယ်ဆိုလို့ရှိရင်၊ ဆုတောင်းတွေမှားမယ်ဆိုလို့ရှိရင်။ ဟုတ်လားဗျ။ အဲ့ဒီ့ "ပတ္ထနာ" ဆိုတဲ့အနက်ကလေးက ဘယ်လောက်တောင်ကောင်းသလဲဆိုလို့ရှိရင် အနက်ပေးထားတာ ကိုယ်တော်တို့ အရကောက်ထဲ ကြည့်။ တို့စာတစ်နေရာ ရှိကောင်းရှိလိမ့်မယ်။ ဘယ်နေရာမှန်း မပြောတော့ဘူး။ ကိုယ်တော်တို့ အရကောက်ထဲမှာတော့ သေချာပေါက်ရှိတယ်။ ဘာလဲဗျ။ ဘဝသမ္ပတ္တိတွေ တောင့်တမယ်ဆိုရင်၊ ဘောဂသမ္ပတ္တိတွေ တောင့်တတာတွေက ကုသိုလ်တွေလား၊ အကုသိုလ်တွေလားဆိုရင်။ အကုသိုလ်တွေ။ အကုသိုလ်တွေတဲ့ဗျ။ အဲ့ဒါ အရှင်ဘုရားတို့ ကုသိုလ်လုပ်ပြီးတော့ ဘဝသမ္ပတ္တိ၊ ဘောဂသမ္ပတ္တိ ဆုတောင်းရင် အရှင်ဘုရားတို့ ကုသလော ဘာဖြစ်တုန်း။ အကုသလဿ။ အကုသလဿ ဖြစ်သတဲ့ဗျ။ ဟုတ်လားဟေ့။ မှန်ပါ။ အေး၊ သူတို့ သဘောပေါက်ပြီ။
ကိုင်း၊ အဲ့တော့ နည်းနည်းလေး ရှေ့ဆက်သွားကြဦးစို့။ ကိုယ်တော်တို့ နည်းနည်း သဘောပေါက်သွားပြီနော်။ တပည့်တော် တစ်ပါးတည်း ထိုင်ပြောနေတာ။ ဟိုက အောက်ကနေ မော့ကြည့်နေတာ။ ဟုတ်လား။ "ကုသလော ဓမ္မော ဗျာကတဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ သဒ္ဓံ ဥပနိဿာယ အတ္တာနံ အာတာပေတိ၊ ပရိတာပေတိ၊ ပရိယေဋ္ဌိမူလကံ ဒုက္ခံ ပစ္စနုဘောတိ"။ "သဒ္ဓံ" သဒ္ဓါတရားကို "ဥပနိဿာယ" မှီပြု၍ "အတ္တာနံ" မိမိကိုယ်ကိုယ် "အာတာပေတိ" ပူလောင်စေ၏။ "ပရိတာပေတိ" ထက်ဝန်းကျင် ပူလောင်စေ၏။ "ပရိယေဋ္ဌိမူလကံ" ရှာမှီးခြင်းလျှင် အရင်းရှိသော "ဒုက္ခံ" ဒုက္ခကို "ပစ္စနုဘောတိ" ခံစားရ၏တဲ့။ "သီလံ ဥပနိဿာယ၊ သုတံ ဥပနိဿာယ၊ စာဂံ ဥပနိဿာယ၊ ပညာ ဥပနိဿာယ အတ္တာနံ အာတာပေတိ၊ ပရိတာပေတိ၊ ပရိယေဋ္ဌိမူလကံ ဒုက္ခံ ပစ္စနုဘောတိ"။
အဲ့တော့ အခု သဒ္ဓါတရားကြောင့်၊ သဒ္ဓါတရားရှိလာပြီဆိုလို့ရှိရင် ကိုယ်တော်တို့ ဆွမ်းကျွေး၊ ကွမ်းကျွေး၊ ကိုယ်တော်တို့ ကြည့်ဖူးလား။ ဆွမ်းကျွေးလာတဲ့ ဒကာမကြီးတွေ၊ ကိုယ်တော်တို့ ဆွမ်းချိုင့်ပို့နေတဲ့ ပုဂ္ဂိုလ်တွေ တွေ့ဖူးတာပေါ့ဗျာ။ ကိုယ်တော်တို့လည်း တွေ့ဖူးမှာပါ။ ဟုတ်တယ်မလား။ တောင်ဘက်ခြမ်းက ပုဂ္ဂိုလ်တွေသာ၊ မြောက်ဘက်ခြမ်းက ပုဂ္ဂိုလ်တွေကတော့ အဲ့ ဆွမ်းအကြောင်း ဖြတ်သွားနေတာနဲ့ ခိုးထွက်ပေါက်ဆိုတော့ အဲ့နားမှာ တွေ့နေကြတာ။ ဟုတ်လား။ အဲ့ဒါ ကိုယ်တော်တို့ ဆွမ်းကျွေးတော့မယ်ဆိုလို့ရှိရင် စောကတည်းက ကိုင်း၊ ကြိုးစားကုတ်ကတ်ပြီးတော့ ကိုင်း၊ ဈေးတွေဘာတွေ ဝယ်ရလို့၊ အဲ့ဒါ အစောကြီးထပြီးတော့ ချက်ရလို့၊ အဲ့ဒါ အကုန်လုံး ကြိုတင်ပြင်ဆင်မထားကြရဘူးလား။ ဒါကြောင့် အရှင်ဘုရားတို့ အဲ့ဒါကြောင့်မို့လို့ "သဒ္ဓံ ဥပနိဿာယ အတ္တာနံ အာတာပေတိ၊ ပရိတာပေတိ၊ ပရိယေဋ္ဌိမူလကံ ဒုက္ခံ ပစ္စနုဘောတိ" တဲ့။ သဒ္ဓါတရားကြောင့် အရှင်ဘုရားတို့ ဘယ်သူဖြစ်ဖြစ်ပေါ့၊ အလှူလုပ်တော့မယ်ဆိုရင်တော့ ကြိုကြိုတင်တင် ပြင်ပြင်ဆင်ဆင် မလုပ်ရဘူးလား။ လုပ်ရတယ်ပေါ့ဗျာ။ "ဪ၊ ငါ့ဆီလာတဲ့ပုဂ္ဂိုလ်တွေနဲ့ ငါ့အလှူမှာ ဆွမ်းတွေကွမ်းတွေနဲ့ အဆင်မပြေပါ့မလား" ဆိုတဲ့ ပူရတဲ့ဟာကလည်းပဲ ကိုယ်တော်တို့ မပူပင်ရတဲ့ အလှူရှင်မရှိဘူးဗျ။ "အဲ့မှာ လှပ့မလား" ဆိုတာကလည်းပဲ ဒါ ကြည့်၊ ဒီအတွေးတွေက မဝင်တဲ့ အလှူရှင်ရှိပါ့မလား။ မရှိပါဘူး။ မရှိဘူး။ အလှူရှင်တိုင်း အဲ့လိုရှိကြရတယ်ပေါ့။
ဒါကြောင့် သဒ္ဓါတရားကို အမှီပြုပြီးတော့ ဆိုကြရတာ။ ဒီ့ထက်ဆိုးသွားတဲ့ဝတ္ထုကတော့ နဂိုနှစ်ကလည်း ပြောဖူးတယ်ပေါ့ဗျာ။ အခုလည်းပဲ ပြန်ပြောရသေးတာပေါ့။ တချို့လည်း မကြားရသေးဘူးဆိုတော့။ ဟုတ်လား။ ဒီသဒ္ဓါတရားကြောင့် ကိုယ်တော်တို့ရေ အခု တို့ အဲ့ဒါ သိက္ခာပုဒ်ခံရတဲ့ပုဂ္ဂိုလ်တွေပေါ့။ ဘုရားရှင်လက်ထက်က ရှိတယ်။ အမျိုးသမီးတစ်ယောက်ကနေပြီးတော့ တစ်ရပ်တစ်ကျေးမှာ အိမ်ထောင်ကျတာ။ တစ်ရပ်တစ်ကျေး အိမ်ထောင်ကျပြီးတော့ မိဘရပ်ထံ ပြန်ပြီးတော့ လာတယ်။ အဲ့တာနဲ့ သီတင်းသုံးနေပြီးတော့ "အမေရေ၊ ပြန်တော့မယ်" ဆိုတာကျတော့ အမေဖြစ်တဲ့ပုဂ္ဂိုလ်က "သမီး၊ အမေ့ဆီပြန်လို့မှ လက်ဆောင်လေး မပေးနိုင်ဘူးဆိုလို့ရှိရင်လည်းပဲ မဖြစ်သေးဘူး။ ဒါကြောင့်မို့လို့ လက်ဆောင်လေး ယူသွားပါ" ဆိုတော့မှ အဲ့တော့မှ သူက "ဘာလက်ဆောင်လဲ" ဆိုလို့ရှိရင် မုန့်ဆီကြော်လက်ဆောင်။ အဲ့ဒါ သူတို့ကတော့ အညာသား၊ အညာသူ ဖြစ်လောက်တယ်ဗျ။ ဟုတ်လား။ အဲ့တာ မုန့်ဆီကြော်လက်ဆောင်ရအောင်ပေါ့ဗျာ။ ကိုယ်တော်တို့ သရေတော့ မကျနဲ့နော်။ ဟုတ်လား။ ကိုယ်တော်တို့က စားချင်တဲ့စိတ်တွေ ပေါက်နေမှာစိုးလို့။ ဟုတ်လား။ ဘုန်းကြီးကတော့ သေချာတာပဲ။
အဲ့တော့ မုန့်ဆီကြော်ပေါ့။ အဲ့ဒါနဲ့ကိုင်း၊ မုန့်ဆီကြော်နေပြီပေါ့ဗျာ။ လက်ဆောင်ပေးဖို့အတွက်ဆိုတော့။ အဲ့ဒါနဲ့ကိုင်း၊ သဒ္ဓါတရားထက်သန်တဲ့အိမ်ဆိုတော့ အဲ့ဒါနဲ့ မနက်စောစော ကြော်ရင်းကြော်ရင်းနဲ့ မနက်လင်းလာတာနဲ့ သံဃာတွေ ဆွမ်းခံကြွလာတော့ အဲ့ဒါနဲ့ အဲ့ဒါ ကျန်တာလည်း လောင်းစရာမရှိဘူးဆိုတော့ အဲ့ဒီအလုပ်ကိုပဲ လုပ်နေတာနဲ့ လောင်းစရာလည်း မရှိဘူးဆိုတာနဲ့ အဲ့ဒါ မုန့်တစ်ချပ် လောင်းလိုက်တယ်။ ကိုယ်တော်၊ အဲ့ဒီက ဒကာမကြီးတွေကတော့ သဒ္ဓါတရား၊ အဲ့ဒီက အိမ်က ဒကာမကြီးတွေက ကိုယ် မုန့်ဆီကြော် လောင်းလိုက်တယ်ပေါ့။ သတင်းစကားကြားတော့ ကိုယ်တော်တွေကလည်းပဲ သဒ္ဓါလွန်တော့ ဘာလိုက်ကြလဲ။ သဒ္ဓါလွန်တော့ ဘာလိုက်လဲ။ တန်းစီရတာပေါ့။ အဲ့ဒါ အခု သံဃာတွေ အကုန်လုံး ကြွလာတဲ့အခါ ဒီကိုယ်တော်လောင်းပြီးတော့ ဟိုကိုယ်တော်လည်း မလောင်းရင် မကောင်းသေးဘူးဆိုပြီးကာကျတော့ အဲ့ဒါနဲ့ လောင်းလိုက်တာ တစ်ခါတည်း အကုန်လုံး ကုန်သွားပြန်ရော။ ဟုတ်လား။ နောက်တစ်ခါကြော်တော့လည်း အဲ့အတိုင်းပဲ။ နောက်တစ်ခါကြော်တော့လည်း အဲ့အတိုင်းပဲဆိုတော့ သူ့သမီးကလည်း တစ်ခါတော့ ဖြစ်ပြန်ပြီ၊ တစ်ခါတော့ ဖြစ်ပြန်ပြီဆိုတော့ အဲ့ဒါ မပြန်ရသေးဘူး။ လက်ဆောင်ပစ္စည်းမရတာတွေထဲက မပြန်ရသေး၊ မပြန်ရသေးတာနဲ့ ဟို သူ့ခင်ပွန်းကလည်းပဲ အဲ့ဒါနဲ့ကိုင်း၊ သူ့ရဲ့ဇနီးဖြစ်တဲ့ပုဂ္ဂိုလ်ကလည်း သူ့အမေရပ်ထံ ပြန်တာကလည်း မလာတော့တာလားဆိုပြီး ဒေါသထွက်ပြီးတော့ နောက်အိမ်ထောင်ပြုလိုက်တယ်တဲ့ဗျ။ ကိုယ် စဉ်းစားကြည့်။ စဉ်းစားကြည့်လိုက်ပြီးတော့ တို့ အဲ့ဒါ အသက်နှလုံးကို သူများကို ထိုးအပ်ပြီးတော့ ရတာ။ ဟုတ်လား။ ကြည့်တာကြည့်လိုက်။ "သဒ္ဓံ ဥပနိဿာယ" သဒ္ဓါတရားကို "ဥပနိဿာယ" မှီပြု၍ "အတ္တာနံ" မိမိကိုယ်ကိုယ် "အာတာပေတိ" ပူလောင်စေ၏၊ "ပရိတာပေတိ" ပူလောင်စေ၏။ "ပရိယေဋ္ဌိမူလကံ" ရှာမှီးခြင်းလျှင် အရင်းရှိသော "ဒုက္ခံ" ဒုက္ခကို "ပစ္စနုဘောတိ" တမြည့်မြည့်နဲ့၊ တစ်ဆွေးဆွေးနဲ့ ဘာလဲဗျ။ မြည်တမ်းရင်း ခံစားရတယ်ပေါ့။ ဟုတ်လား။ အဲ့လို ခံစားရတယ်ပေါ့။ အဲ့ဒါ သိက္ခာပုဒ်သမ္မတ။ အဲ့ဒါ ကိုယ်တော်တို့ ပါတိမောက်ဒေသနာမှာ သိက္ခာပုဒ်ပါတယ်။ ဘယ်နှစ်ခုမြောက်လဲ။ ဒုတိယပါရာဇိက။ ဒုတိယပါရာဇိကသိက္ခာပုဒ် မဟုတ်ဘူးလား။ အရှင်ကိုယ်တော်မြတ်က အဲ့ဒါ ပညတ်တော်မူရတာ။ ဟုတ်တယ်မို့လား။ မှန်ပါ။
အဲသလိုပဲ။ အဲ့ဒီလို သဘောပေါက်။ ကိုင်း၊ ကိုယ်တော်တို့ရဲ့ နောက်လာခဲ့။ "သီလံ ဥပနိဿာယ အတ္တာနံ အာတာပေတိ၊ ပရိတာပေတိ၊ ပရိယေဋ္ဌိမူလကံ ဒုက္ခံ ပစ္စနုဘောတိ"။ ဟုတ်လားဗျ။ အဲ့တာလည်းပဲ အခု ဘုန်းကြီးပြောလိုက်လို့ဆိုပြီးတော့ တချို့လည်းပဲ အဲ့တော့ ဟင်းမပါဘဲ စားရတယ်ပေါ့ဗျာ။ အဲ့ဒါ ဦးတေဇတို့လို ရေပဲသောက်နေရတာလေ။ ဘုန်းကြီးထင်တာပဲ။ အဲ့လိုပုဂ္ဂိုလ်တွေ မရှိနိုင်ဘူးလား။ ရှိနိုင်ပါတယ်။
ပြင်ဆင်ပြီးစာသား
ဪ၊ အများကြီးပါဘုရား။ အဲ့လိုလုပ်စမ်းပါ။ ဟုတ်တယ်မလားဗျ။ အဲ့လိုပဲ အရှင်ဘုရားတို့ အခုဒီမှာ စာတွေကလည်းပဲ အခု ညီညာအောင်လည်း ရွတ်ရ၊ ရွတ်ဆိုတက်ရ၊ မောင်းခေါက်တက်ရတယ်ဆိုတော့ ကိုယ်တော်တို့ရေ ဗိုက်တွေကလည်း ဆာရောပေါ့ဗျ။ အေး၊ ဆာပါပြီ။ ဒါကြောင့် အဲ့လိုပဲ သီလစောင့်ရတာလည်း အရှင်ဘုရားတို့ရေ သီလကိုအကြောင်းပြုပြီးတော့လည်းပဲ "အတ္တာနံ အာတာပေတိ၊ ပရိတာပေတိ၊ ပရိယေဋ္ဌိမူလကံ ဒုက္ခံ ပစ္စနုဘောတိ"။ ဒါတွေက ခံစားရတာပဲလေ။ ဟုတ်တယ်မို့လား။ မှန်ပါ။
"သုတံ၊ ပညာ ဥပနိဿာယ၊ သုတံ၊ ပညာ ဥပနိဿာယ အတ္တာနံ အာတာပေတိ၊ ပရိတာပေတိ၊ ပရိယေဋ္ဌိမူလကံ ဒုက္ခံ ပစ္စနုဘောတိ"။ အခုတော့ ကြည့်ပါလား။ အဝေးကလာတဲ့ပုဂ္ဂိုလ်တွေ စာလာတက်ကြတာ ရှိဖူးလား။ ရှိပါတယ်။ ကိုယ်တော်တို့ ဟိုဘက် အခု ဒလဘက်က လာတက်ကြတာနဲ့၊ မင်္ဂလာတောင်ညွန့်က လာတက်ကြတာနဲ့၊ တချို့ ဟိုဘက် ကိုယ်တော်တို့ ကျောက်တန်းဘက်ကတောင်မှပဲ ဒီနေ့ ကွင်းဆင်းမယ်ဆိုပြီး လာတက်ကြတဲ့ပုဂ္ဂိုလ်တွေ ရှိသေးတယ်။ ဟုတ်လားဗျ။ အဲ့ပုဂ္ဂိုလ်တွေ ကြည့်လိုက်လေ။ ဒါပြောနေတာ။ "သုတံ၊ ပညာ ဥပနိဿာယ အတ္တာနံ အာတာပေတိ၊ ပရိတာပေတိ၊ ပရိယေဋ္ဌိမူလကံ ဒုက္ခံ ပစ္စနုဘောတိ"။ အဲ့တော့ အဲ့ဒီက ပုဂ္ဂိုလ်တွေ နေ့ခင်း မအိပ်ရဘူးဗျ။ ဟုတ်လား။ ဒါ ဆွမ်းတော်ကောင်းကောင်း မဘုဉ်းပေးရဘူး။ အဝေးကြီးကလာရင် ဝေးသလောက် စောစောစီးစီး လာခဲ့ရတာလေ။ ဟုတ်တယ်မလား။ (၉) နာရီဆိုမှ သွားတာ။ ဟိုပုဂ္ဂိုလ်တွေက အဝေးကြီးကဆိုတော့ ကိုယ်တော်တို့ (၂) နာရီ၊ (၃) နာရီ စောလာရတာ။ ဝေးရင်ဝေးသလောက် စောရတာကိုး။ ဟုတ်တယ်မလား။ ဒါတွေကလည်း အဲ့တော့ သုတ၊ အကြားအမြင်ရှိဖို့၊ ပညာ၊ ပညာရဖို့အတွက် အဲ့ဒါကြောင့်မို့ ပညာကိုအမှီပြုပြီးတော့၊ သုတကိုအမှီပြုပြီးတော့ ကိုယ်ကိုယ်တော်တို့ ဆင်းဆင်းရဲရဲနဲ့ ပညာကို ရှာကြတာလေ။ ပညာရှာရတယ်ဆိုတဲ့ဥစ္စာက ဥစ္စာရှာတာနဲ့ မတူဘူးဗျ။ ဥစ္စာရှာတာက ပင်ပန်းတာက တစ်မျိုး။ ဟုတ်လားဗျာ။ ဥစ္စာရှာတာက ကိုယ်ပင်ပန်းတာ။ ပညာရှာတာက စိတ်ပင်ပန်းတာ။ ကိုယ်ရောစိတ်ကော။ ဟုတ်လား။ မပင်ပန်းဘူးလား။ ပင်ပန်းပါတယ်ဘုရား။ ပင်ပန်းတာပေါ့ဗျာ။ ဟုတ်လား။ ဒီအထိအောင် လာရတာဆိုတော့ ကားကလည်း တိုးရ၊ ညနေကျပြန်တယ်ဆိုလို့ရှိရင်လည်း အရှင်ဘုရားတို့ အခု တစ်ခါတည်း ချွေးနံ့တွေ စော်နံနေတာ။ ဟုတ်လားဗျာ။ လူတွေက တစ်နေကုန် တစ်ခါတည်း ဒုက္ခသုခ ချွေးတွေသံတွေ ထွက်နေတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးက ရွှေမန်းတင်မောင်သီချင်းလိုပဲပေါ့ဗျ။ ဒီခန္ဓာကိုယ်ကြီးဆိုတာလေ။ ကိုယ်တော်တို့ ဒီခန္ဓာကိုယ်ကြီးက အမွှေးနံ့သာကောင်ကြီးလား၊ အပုပ်ကောင်ကြီးလား။ အပုပ်ကောင်ကြီးပါ။ အပုပ်ကောင်ကြီး။ တကယ့်အပုပ်ကောင်ကြီးကို တို့သင်္ကန်းက သုံးလေးရက်ဝတ်လိုက်ရင် သိပ်အဆင်ပြေချင်တော့ဘူး။ ဟုတ်လား။ မနက်စောစော ကိုယ်တော်တို့ တချို့အခါ သင်္ကန်းက တစ်ခါတည်း ဝှေ့ခနဲဆို အနံ့ထွက်လာတယ်။ နှလုံးသမားကလည်း နှာခေါင်းက တအားသိတာ။ နှလုံးရောဂါဖြစ်တဲ့လူက သူများအနံ့ကို နှာခေါင်းက တအားသိတာဗျ။ ကိုယ်တော်တို့ အနံ့က တအားသိတာ။ တော်တော်ကို အဲ့ဒါ နှလုံးသမားဖြစ်လာလို့ရှိရင် နှလုံးရောဂါသမားက အနံ့တော်တော်မခံနိုင်ဘူး။ အဲ့ကအနံ့က ဒါက သိတယ်။ ဝှေ့ခနဲဆို တစ်ခါတည်း ဒီနှာခေါင်းထဲကို တိုးပြီးတော့ ဝင်လာတာ။ အနံ့ဆိုးက တိုးဝင်လာတာ။
အဲ့တော့ ညအိပ်တာနဲ့ပတ်သက်ပြီးတော့လည်း ကိုယ်တော်တို့ကို သင်္ကန်းဝတ်နည်းလေး သင်ပေးလိုက်ရအောင်။ ကိုယ်တော်တို့ ဟုတ်လားဗျာ။ အိပ်တဲ့သင်္ကန်း သက်သက်ထားလိုက်။ ကိုယ်တော်တို့ အဲ့ဒါကို နေ့ခင်းဝတ်တဲ့သင်္ကန်းကို ညအိပ်တဲ့အခါ မခြုံနဲ့။ ညအိပ်တဲ့သင်္ကန်းကို သက်သက်လုပ်။ ကိုယ်ရုံတာရော၊ အောက်က ခါးဝတ်ကရော၊ ဧကသီရော။ ဟုတ်လားဗျ။ သက်သက်ဝတ်။ ဟုတ်လား။ အဲ့ဒီကဟာ သုံးရက်တစ်ကြိမ်လောက် လျှော်။ ဟုတ်လား။ မှတ်မိလား။ မှန်ပါ။ အဲ့ဒီသင်္ကန်းကတော့ ညလည်းဝတ်၊ နေ့ခင်းဝတ်ထားလည်း အဲ့မှာပဲ။ စော်နံတော့တာပေါ့။ အဲ့ဒါ ကိုယ့်တစ်ခါတည်း လူက၊ ခန္ဓာကိုယ်က ဒီအပုပ်ကောင်ကြီးကို ပတ်ထားတာကိုးဗျ။ ဟုတ်လား။ အပုပ်ကောင်ပတ်ထားတဲ့သင်္ကန်းကို စဉ်းစားကြည့်လိုက်လေ။ ကိုယ်တော်တို့ ဘယ်မှာမွှေးမှာတုန်း။ ဘယ်သူ့ခန္ဓာကိုယ်ဖြစ်ဖြစ် ကိုယ်တော်တို့ အကုန်လုံး အပုပ်ကောင်ကြီးပဲလေ။ ဟုတ်တယ်မို့လား။ မှန်ပါ။ အဲ့ဒါ အခု သင်္ကန်း၊ ကိုယ်တော်တို့ကို ညအဝတ်အိပ်နည်း သိပြီလား။ သိပါတယ်။ ဟုတ်ပြီ။ သင်္ကန်းအဟောင်းလေးကို ခါးဝတ်၊ ဧကသီရော ဝတ်ပြီးကာကျတော့ ကိုယ်ရုံပြီးအိပ်။ ဟုတ်လား။ လုံလုံခြုံခြုံအိပ်။ ဗိုက်ကို လေမတိုးစေနဲ့။ ဟာ၊ အကုန်ပြောစမ်း။ ဟုတ်လား။ ဆိုတော့ ပိစိကွေးလေးတွေ ရှိတာကိုး။ ဟုတ်လား။
ကိုင်း၊ အဲ့ဒါကြောင့် တပည့်တော်တို့ရေ၊ ကိုင်း နောက်ရက်တွေကျမှပဲ ကိုယ်တော်တို့ ဆက်ပြီးတော့ ပြောကြတော့မယ်။ "ကုသလံ ကမ္မံ ဝိပါကဿ" ကတော့၊ "အာရမ္မဏံ၊ ဥပနိဿယ" တို့ကတော့ တပည့်တော်တစ်ပါးတည်း ထိုင်ပြောနေ၊ ကိုယ်တော်တို့ ပါးစပ်အဟောင်းသားနဲ့ အောက်ကနေပြီးတော့ ကြည့်နေတယ်ဆိုတော့ ထိုင်ပြောနေရတာ အဆင်မပြေဘူးပေါ့ဗျာ။ အဲ ကိုယ်တော်တို့ ကျန်တာတွေ ကျက်ခဲ့ဗျာ။ ဟုတ်လား။ ကိုယ်တော်တို့ ကုသလော အကုသလ၊ အကုသလဘက် လှည့်တာလည်း ကိုယ်တော်တို့ လှည့်ကြည့်ခဲ့ဦး။ အဟောင်းသမားတွေ မေးထားခဲ့ဦး။ ဟုတ်လားဗျာ။ အဲ့မှာဆိုလို့ရှိရင် အကုသလော အကုသလ၊ အတွေးလေးပေးလိုက်ဦးမယ်ပေါ့ဗျာ။ (၂၁) မှာလည်း ကြည့်လိုက်။ (၂၁) က အာရမ္မဏရဲ့ အကုသလော အကုသလပဲ ကြည့်ကြည့်၊ ဥပနိဿယရဲ့ အကုသလော အကုသလပဲ ကြည့်ကြည့်၊ ဟိုမှာလည်းပဲ "ရာဂံ" မှာ ဘာပါလိမ့်ဗျ။ "အဿာဒေတိ" မလာဘူးလား။ ရာဂံမှာ ဘာပါလိမ့်။ အဿာဒေတိ။ အာသာဒေတိ လာတယ်။ ဒီမှာ "ရာဂံ ဥပနိဿာယ" မလာဘူးလား။ ပါတယ်။ ကိုင်း၊ အဲ့ဒါတွေ အရှင်တို့ ဘာပြောမတုန်း။ ဘာပြောမတုန်း။ အဲ အတွေးကမပါဘူး။ ကိုယ်တော်တို့က အတွေးပါရပါတယ်ဆိုနေမှပဲ။ ဟိုတုန်းက "ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော"။ "သဒ္ဓံ ဥပနိဿာယ"။ သဒ္ဓါတရားဟာလည်း ဘာတွေရဲ့ခေါင်းဆောင်လဲ။ ကုသိုလ်တွေရဲ့ခေါင်းဆောင်။ ကိုင်း၊ သဘောပေါက်လေ။ သဘောပေါက်လေ။ သဘောပေါက်ပြီလား။ ကိုင်း၊ အကုသိုလ်အားလုံးရဲ့ခေါင်းဆောင်က ဘယ်သူတုန်း။ ရာဂပါဘုရား။ အေး၊ သိပြီ သိပြီ။ ကိုယ်တော်တို့ ဟုတ်လား။ ညစာစားချင်တာလည်း ရာဂပဲ။ ဘာစားချင်တာလည်းပဲ။ ရာဂ။ ဟိုဥစ္စာ ဝတ်ချင်တာလည်းပဲ။ ရာဂပါဘုရား။ ရာဂပဲ။ ကျောင်းမှာလည်း ဟိုဥစ္စာ ဒီဥစ္စာ စားချင်တာလည်း ဘာလဲဗျ။ ရာဂပါ။ ရာဂပဲ။ အခု သတိထားပြီးတော့ ကြည့်။ ဟုတ်လား။ မှန်ပါ။
ကိုင်း၊ အဲ့တော့ "ရာဂံ ဥပနိဿာယ"။ "ဟီနံ၊ ပဏီတံ"။ အကုန်လုံး (၁၈) ချက်။ (၆) တိစီ။ (၆) တိစီဆိုတော့ ဘယ်နှစ်တိပါလိမ့်။ (၁၈)။ (၁၈)။ (၁၈)။ (၁၈) ဆိုတာ ကိုယ်တော်တို့ ရမယ်။ အဲ့တော့ အကုသိုလ်အားလုံးရဲ့ခေါင်းဆောင်က ရာဂပဲတဲ့ဗျ။ ဟုတ်လား။ ဘာပဲလဲဗျ။ ရာဂပဲ။ ရာဂပဲ။ အရှင်ဘုရားတို့ရဲ့။ ဒါကြောင့်မို့လို့ ဘုရားရှင်ကိုယ်တော်မြတ်က ဒါ ရာဂဟာ သူက ပဓာနအဖြစ် ကျလို့မို့လို့ သမုဒယသစ္စာဖွဲ့ရတာ။ သစ္စာလေးပါးကို သွားလိုက်ရဦးမယ်။ ဟုတ်လား။ မှန်ပါ။ အဲ အဲ့သလိုရှိတယ်။ ဒါကြောင့် အရှင်ဘုရားတို့ စာသင်တယ်ဆိုတာ အကုန်လုံး တွေးလည်းပါရတယ်ဗျာ။ ချွေးကလည်း ဘာလဲ။ ပါတယ်။ ပါရတယ်။ ရသင့်သမျှတွေ ရထားကြပြီးတော့ပေါ့ဗျာ။
ကိုင်း၊ အရှင်ဘုရားတို့ အခု မေးထားလိုက်ပြီပေါ့။ ကိုယ်တော်တို့ သံဝေဂရဖို့အတွက်။ နက်ဖြန်ကျလို့ရှိရင်လည်းပဲ ဒါ ကိုယ်တော်တို့ ကောင်းကောင်းမွန်မွန်၊ အဲ့ ကိုယ်တော်တို့ မြင်းတားတဲ့အခါ ကောင်းကောင်းမွန်မွန် တားကြ။ ထင်ထင်ရှားရှား တားကြ။ ဟုတ်လား။ စာမေးပွဲဖြေတာ ကိုယ်တော်တို့ တစ်ပတ်နှစ်ပတ် နည်းနည်းလိုတယ်ပေါ့။ ဟုတ်လားဗျာ။ အဲ့တော့ ဖိတ်စာလက်ဆောင်ပေါ့ဗျာ။ "သံသရန္တေ ဝါ စ သံသရန္တေ၊ အာပတ္တိ မေ မဟာဝီရ၊ ပဋိဂ္ဂဏှ မေ အာပတ္တိံ"။ ပါဠိတော် နံပါတ်နှစ်၊ ဒုတိယအုပ်ပေါ့။ (၂၆၅)။ ယသောဓရာထေရီအပါဒါန်ဂါထာ နံပါတ်က (၃၂၆)။ မြန်မာပြန်က "သံသရာ၌ ကျင်လည်၍ အရှင်ဘုရား၌ ကျွန်ုပ်၏ ချွတ်ချော်မှုသည် အကယ်၍ ရှိပါအံ့၊ မြတ်စွာဘုရား လျှောက်ထားပါ၏။ ကျွန်ုပ်တို့၏အပြစ်ကို သည်းခံတော်မူပါ" တဲ့။ အပါဒါန် (၂)၊ မြန်မာပြန် (၂၅၆)။ ဟုတ်လားဗျ။ အဲ့တော့ အရှင်ဘုရားတို့ ဒီဥစ္စာ အလွန်တရာမှ ကောင်းတာဗျ။ အဲ့ဒါ ကိုယ် အနှစ်သာရကို ကိုယ့်ကိုယ်ကိုပဲ စဉ်းစားကြည့်ပြီးတော့ပေါ့ဗျာ။ ဟုတ်တယ်မို့လား။ အဲ လူတွေဟာ ကိုယ်တော်တို့ တစ်ဦးနဲ့တစ်ဦး ခွဲခွာတော့မယ်ဆိုလို့ရှိရင် တကယ်လို့များ ဖြစ်ခဲ့မယ်ဆိုလို့ရှိရင် သည်းခံကြဖို့အကြောင်း။ ကိုယ်တော်တို့ အပါဒါန်တွေ ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲ အဲ့ဒါ အခု အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး တရားဒေသနာ (၄၈) ခု၊ (၁၄) နဲ့ (၈) ခု။ တန်ဆောင်မုန်းလဆန်း (၈) ရက်လောက်ပဲ ပြောသွားပြီဆိုတော့ သူ အဲ့ဒီရက်လောက် ရောက်ခါကျတော့ တန်ဆောင်မုန်းလပြည့်နေ့ ပရိနိဗ္ဗာန်စံတော့မယ်ဆိုတာ သူသိသွားတယ်။ အဲ့တော့ ဘုရားရှင်နဲ့ တပည့်သံဃာတော်တွေကို လျှောက်ကြားတယ်။ အဲ့ဒီမှာလည်း ဒီလိုပါတာပဲ။ ဟုတ်လားဗျ။ အရှင်ဘုရားတို့။ ဒီတော့ အဲ့ဒါ မကြာတော့တဲ့အချိန်အခါမှာ ပရိနိဗ္ဗာန်စံတော့မှာပါ။ ဒါကြောင့် တပည့်တော်အပေါ်မှာ အပြစ်ကြီးငယ် ရှိခဲ့ကြမယ်၊ ရှိခဲ့မယ်ဆိုလို့ရှိရင် အရှင်ဘုရားတို့ နည်းနည်းက အညွတ်အညွတ် သည်းခံခွင့်လွှတ်တော်မူကြပါလို့ အပြန်အလှန် ခွင့်လွှတ်ကြတယ်။ သူတော်ကောင်းတို့ရဲ့ အလေ့အကျင့်တွေဟာ၊ အလေ့အကျင့်ကောင်းတွေဟာ အရှင်ဘုရားတို့ တကယ်ကို ကောင်းတာဗျ။ ကောင်းဘူးလား။ ကောင်းပါတယ်။ အဲ အရှင်ဘုရားတို့ ဒီဥစ္စာတွေက ကိုယ့်ရဲ့သန္တာန်မှာ ရှိနေဖို့လိုတယ်။ အရေးကြီးတယ်။ ဟုတ်လားဗျာ။ ရှိနေဖို့ အရေးမကြီးဘူးလား။ ကြီးပါတယ်။
အဲ့တော့ လူကြီးရုံနဲ့တော့ ကိုယ်တော်တို့ အသိဉာဏ်ကြီးမှ ဖြစ်တာဗျ။ လူကြီးတာနဲ့ ဘာကြီးရမလဲ။ အသိကြီးရမယ်။ အသိဉာဏ်ကြီးရမယ်။ အဲ့တော့ အရင်တုန်းက ဆိုရိုးစကားဆိုရင်တော့ မကောင်းသေးဘူးဗျ။ ဟုတ်လား။ အရင်တုန်းကတော့ ကိုယ်တော်တို့ "ဝက်ကြီးတော့ ဟင်းဖြစ်တယ်"။ ကြားဖူးလား။ ကြားဖူးပါတယ်။ "သစ်ပင်ကြီးတော့ ထင်းဖြစ်တယ်"။ သစ်ပင်ကြီးတော့ ဘာလဲဗျ။ ထင်းဖြစ်တယ်။ ထင်းဖြစ်တယ်။ နောက် ဝက်ကြီးတော့ ဟင်းဖြစ်တယ်။ ဟင်းဖြစ်တယ်။ သစ်ပင်ကြီးတော့ ထင်းဖြစ်တယ်။ "လူကြီးတော့ တွင်းနက်တယ်"။ လူကြီးတော့ ဘာဖြစ်လဲ။ တွင်းနက်တယ်။ ဘာဖြစ်သွားတာလဲ။ ဟမ်။ ဘယ်ရောက်သွားတာတုန်း။ တွင်းနက်သွားပြီဆိုတော့လည်း ဘာဖြစ်သွားလဲ။ အေး၊ ဘာဖြစ်သွားတုန်းဆိုတော့ စဉ်းစားပေါ့ဗျ။ ဟုတ်လား။ ကိုင်း၊ ကိုင်း၊ ကိုယ်တော်တို့ နက်ဖြန် စာမေးပွဲတွေ အသီးသီး၊ ကိုယ်စီကိုယ်ငှ ဖြေကြားနိုင်ပါစေသတည်း။ စာတွေလည်း ရအောင် ကြိုးစားနိုင်ပါစေသတည်း။
