ပြင်ဆင်ပြီးစာသား
၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၉) ရက်၊ ၂၀၁၁ ခု၊ အောက်တိုဘာလ (၂၁) ရက်၊ သောကြာနေ့။
အဲ့တော့ မနေ့တုန်းက သီတင်းကျွတ်လပြည့်ကျော် (၈) ရက်နေ့မှာ ဖြေခဲ့တဲ့အဖြေ၊ အဲ့ဒီက မေးခွန်းကို တပည့်တော်တို့ မေးခွန်းအဖြေမှန် ပြောကြရအောင်။ မနေ့တုန်းကတော့ အားလုံးအားဖြင့် အဲ့ ပဋ္ဌာန်းဘာသာအတွက် (၅) ပုစ္ဆာပေါ့ဗျာ။ (၅) ပုစ္ဆာ ကျွန်တော်တို့ မနေ့က ဖြေခဲ့ကြတယ်ပေါ့။
နံပါတ် (၁)။ ပဉှာဝါရ၊ သဟဇာတဝိပ္ပယုတ္တ၊ သုဒ္ဓသင်္ချာလာ ပဉ္စဝေါကာရပဋိသန္ဓေစိတ်သည် ပဋိသန္ဓေကမ္မဇရုပ်အား ကျေးဇူးပြုစဉ်၌ ထိုက်တန်သော အနုဝါဒပါဠိနှင့် အရကို ဖော်ပြပြီး "ဝိပ္ပယုတ္တပစ္စယာ ဥပနိဿယေ" ဟူသော သဘာဂကိုလည်း သင်္ချာ၊ သင်္ချေယျဖြင့် ဖော်ပြပါ။
အဲဒါ အဖြေလေးပြောမယ်ဆိုလို့ရှိရင်ပေါ့ဗျ။ အဲ့တော့ သုဒ္ဓသင်္ချာအရ အနုဝါဒပါဠိမှာပေါ့။ "ပဋိသန္ဓိက္ခဏေ ဝိပါကာဗျာကတာ ခန္ဓာ ကဋတ္တာရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော"။ အရကောက်ကတော့ ပစ္စယုပ္ပန်၌ ပဉ္စဝေါကာရပဋိသန္ဓေစိတ် (၁၅)၊ စေတသိက် (၃၅)၊ ဤစိတ်အပေါင်း နာမက္ခန္ဓာ ပစ္စည်းတရားရ၏။ နောက် "ဝိပ္ပယုတ္တပစ္စယာ ဥပနိဿယေ" ၌ သင်္ချာကား "ဧကံ"၊ သင်္ချေယျကား "အဗျာကတော အဗျာကတဿ"။ အဲ့တော့ ခုနက "ပဋိသန္ဓိက္ခဏေ ဝိပါကာဗျာကတာ ခန္ဓာ ကဋတ္တာရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော" ပါဠိက (၃) မှတ်၊ အရကောက်က (၃) မှတ်၊ သင်္ချာ၊ သင်္ချေယျတို့က (၁) ခုကို (၂) မှတ်ဆိုတော့ (၄) မှတ်၊ ဆိုတော့ အကုန်လုံး (၁၀) မှတ်ပေါ့ဗျ။ ဟုတ်လားဗျ။
အဲ့တော့ နံပါတ် (၂) သွားရအောင်ပေါ့ဗျ။ အဓိပတိပစ္စည်း၌ အောက်ပါတို့ကို ဖော်ပြပါတဲ့။ ဒါ အဓိပတိပစ္စည်းရဲ့ နယ်မြေအတွင်းကပဲ စဉ်းစားရမှာလေ။ ဘာအတွင်းက စဉ်းစားရမှာလဲ။ အဓိပတိ။ အဓိပတိနယ်မြေအတွင်းက စဉ်းစားရမှာ။ (က) အာဓိ၊ သဟာဓိ နှစ်မျိုးလုံးရသည့် နောက်ဆုံးသင်္ချာအရတို့ကို ကောက်ပြပါတဲ့။ အာဓိရတာကရော၊ သဟာဓိရတာကရော။ ဒါ တော်တော်များများ သဘောပေါက်ပါတယ်။ မပေါက်တဲ့ပုဂ္ဂိုလ်တွေလည်း ရှိတာပေါ့ဗျာ။ မပေါက်တဲ့ပုဂ္ဂိုလ်တွေက တချို့လည်းပဲ အာဓိ၊ သဟာဓိ နှစ်ခုလုံး ရောပြီးတော့ ရေးလိုက်တာဗျ။ ကိုင်း၊ တချို့က ဟုတ်ရဲ့လား။ မဟုတ်ပါဘူးဘုရား။ မဟုတ်ပါဘူးဗျာ။ တစ်ခုစီပဲ ရေးခိုင်းတာ။ မေးခွန်းကလည်း နည်းနည်း လိုရင်းသဘောပါဗျာ။ ကိုယ်တော်တို့ သိလောက်ပြီဆိုပြီးတော့။ ဟုတ်တယ်မလား။ အဲ့ဒါကို ကိုယ်တော်တို့ ပြောထားတာပဲလေ။ ကိုယ်တော်တို့ အာဓိရတဲ့သင်္ချာက အဲ့မှာ "အဓိပတိယာ ဧကံ" မဟုတ်ဘူးလား။ မှန်ပါ။ "အဓိပတိယာ ဧကံ" က အာဓိရတာက (၃) ခု၊ သဟာဓိရတာက (၃) ခု။ အဲ့မှာ အာဓိရတာ (၃) ခုစီ၊ သဟာဓိရတာ (၃) ခုစီလည်း အစ၊ အလယ်၊ အဆုံးစီ၊ အစုံပုဒ်၊ အလယ်သုံးပုဒ်၊ နောက်ဆုံးမေးလို့ မရဘူးလား။ ရပါတယ်။ အဲ့သလို အဲ့သလိုတွေ မေးလို့ရတာပေါ့။ ခု အဲ့လိုမဟုတ်တော့ဘဲနဲ့ အာဓိ၊ သဟာဓိ နှစ်မျိုးလုံးရတဲ့ထဲက နောက်ဆုံးဖြစ်တဲ့ ဘာပါလိမ့်ဗျ။ အဗျာကတ။ "အဗျာကတော အဗျာကတဿ" ကို မေးမယ်လို့ကို ကြေညာခဲ့တယ် မဟုတ်ဘူးလား။ မှန်လှပါဘုရား။ ရသလားဆိုတော့ မရပါဘူး။ မရဘူး။
(ခ) ကောက်ပြခဲ့ပါတဲ့ဗျ။ အဲ့တာ ကိုယ်တော်တို့ ပါပြီးသားပေါ့ဗျာ။ ဟုတ်လား။ အဲ့တော့ အဲ့အတိုင်းပဲ ကိုယ်တော်တို့ ဘယ်လိုကြီး တပည့်တော်တို့က အဲ့ဒါ ဥပမာအားဖြင့် ကိုယ်တော်တို့ စနစ်တကျကိုပဲ ရေးနှင့်တဲ့ပုဂ္ဂိုလ်တွေလည်း ပါတယ်ပေါ့ဗျာ။ အရကောက်ချည်း ရေးတဲ့ပုဂ္ဂိုလ်တွေလည်း ပါတယ်။ အရကောက်ချည်းကတော့ "အဓိပတိဖြစ်သော စိတ်၌ ယှဉ်သော သမ္ပယုတ္တခန္ဓာသာ အဓိပတိစိတ်၊ စိတ္တဇရုပ် ပစ္စယုပ္ပန်တရားရ၏"။ အဲ့ဒါကိုပဲ အဓိပတိပစ္စည်းကို ရသောအခါမှာ ရှေးရှေးမဂ် (၃) ခု၊ ဧကန်ရသော မဟဂ္ဂုတ်ကုသိုလ် (၉)၊ ဖိုလ် (၄) ခု။ ဟုတ်လားဗျ။ အဲ့ဒါ အဓိပတိတွေ။ အခု ကျွန်တော်တို့ သမ္ပယုတ္တခန္ဓာ၊ သမ္ပယုတ္တဓာတ်၊ စိတ္တဇရုပ် ပစ္စယုပ္ပန်တရားရ၏။ အဲ့သလို ရေးတဲ့ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ အဲ့ဒါလည်းပဲ အဲ့တာ ပိုကောင်းတယ်ဗျ။ ဟုတ်လား။ အဲ့ဒါ ပေးတာပါပဲ။ ကိုယ် အရကောက်လည်း ရေးရင်လည်းပဲ၊ သာမန်ရေးရင်လည်း ပေးတယ်။ သို့သော်လည်းပဲ အရှင်ဘုရားတို့ရေ အဲ့ဒါ ပိုကောင်းတယ်။ မကောင်းသေးဘူးဆိုတော့ သူ မသိဘူး။ အရကောက်ချည်းက ပိုမကောင်းဘူးလား။ အဲ့လိုလည်း ရှိတာပေါ့။
နောက် အာသမ္ပယုတ္တအရကတော့ "အလေးအမြတ်ပြုတတ်သော မဟာကိရိယာ (၄) ခု၊ ဖိုလ်စိတ် (၄) ခု၊ စေတသိက် (၃၃) ပစ္စယုပ္ပန်တရားရ၏"။
(ဂ) သုံးပါးစီ ပေါင်းခွဲ၍ သဟဇာတကရဏများကို အကျဉ်းချုပ်၍ ပြပါတဲ့။ အပေါ်က အဓိပတိပစ္စည်းရဲ့ အောက်နယ်မြေက မေးတာ။ တို့ စာမျက်နှာ၊ စာမျက်နှာ (၅၀) ကို ကြည့်။ စာမျက်နှာ (၅၀) ဟိုအောက်နားလေးမှာ ဆိုလို့ရှိရင် ကိုယ်တော်တို့ မဂ္ဂကရဏ၊ ပကိဏ္ဏကကရဏ၊ သဟဇာတကရဏ ရတဲ့၊ ကရဏရတဲ့ပစ္စည်း (၆) ပစ္စည်း မရှိဘူးလား။ ဘယ်နှပစ္စည်းတုန်း။ (၆) ပစ္စည်း။ (၆) ပစ္စည်းရှိတယ်။ အဲ့ဒီ (၆) ပစ္စည်းထဲပဲ ကိုယ့် အဓိပတိပစ္စည်းက မဂ္ဂကရဏမှာ ဘယ်နှစ်ချက်လဲ။ (၃) ချက်။ ပကိဏ္ဏကကရဏမှာ (၃) ချက်။ (၃) ချက်။ အဲ့ဒါ အခု ဘာမေးတာလဲ။ သဟဇာတကရဏ။ သဟဇာတကရဏပါဘုရား။ အေး၊ အဓိပတိပစ္စည်းရဲ့ သဟဇာတကရဏတဲ့။ ကိုယ်တော်တို့ ဒါ အချိန်အများကြီး ခက်သလား၊ အလွယ်ကြီးလား။ အလွယ်ကြီး။ အလွန်ကို လွယ်တာ။ သဟဇာတကရဏ၊ ခါးကွေး သဟဇာတကရဏမှာတဲ့ ဆန္ဒာဓိပတိကရဏ ဘယ်နှစ်ချက်တုန်းဗျ။ (၆) ချက်။ စိတ္တာဓိပတိကရဏ (၆) ချက်။ ဝီရိယာဓိပတိကရဏ (၆) ချက်။ ဝီမံသာဓိပတိကရဏ (၆) ချက်။ ပေါင်း (၂၄) တို့ ဖြစ်ပါသည်။ ဘာခက်တုန်း။ ဟမ်။ လွယ်လွန်းလို့။ ဘုန်းကြီးက လွယ်လွန်းတာကိုးပေါ့ဗျာ။ ဟုတ်လား။ ဘုန်းကြီးက လွယ်လွန်းတော့ ဘာလဲ။ လွှတ်သွားတယ်။ ဟုတ်လား။ အဲ ကိုယ်တော်တို့ရေ အဲ့ဒီလို အဲ့သလို ရှိတယ်။ စဉ်းစားပုံလေးတွေက ကိုယ်တော်တို့ အဲဒါ အခု ထိပ်ပေါက်မှ တစ်ပြားမှန်း သိသွားပြန်ပြီပေါ့ဗျာ။ ဟုတ်လား။
ပေါ့။ နံပါတ် (၃)။ နံပါတ် (၃)။ ရဟန္တာ အလေးအမြတ်ပြုသည့် အနုဝါဒဆိုင်ရာများကို ဖော်ပြ၍ နောက်ဆုံးအနုဝါဒ၏ သင်္ချာ၊ အရကို အရမျှ တိကျစွာ ကောက်ပြပါတဲ့။ အရမျှ တိကျစွာ ကောက်ပြပါတယ်ဗျ။ အဲ့တော့ ဒီဥစ္စာက တို့ စာမျက်နှာ (၁၉) မှာ မပါဘူးလား။ ပါတယ်။ ဒီပုစ္ဆာ တိုက်ရိုက်ကြီး မပါဘူးလား။ ပါတယ်။ တိုက်ရိုက်ကို မေးချလိုက်တာ။ ကိုယ်တော်တို့ ပေးချင်လွန်းလို့၊ အမှတ်လေး ရစေချင်လွန်းလို့ ဘာပါလိမ့်ဗျ။ ရစေချင်လို့။ အမှတ်၊ အမှတ်ရစေချင်လွန်းလို့ ဒါနဲ့ မေးလိုက်ဘူးလား။ မေးလိုက်တယ်။
ကိုင်း၊ ဒါဆိုလို့ရှိရင် အဲ့ဒီက ရဟန္တာတော်များ အလေးအမြတ်ပြုသည့် အနုဝါဒပါဠိများမှာ "အရဟံ မဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ အရဟံ ဖလံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ နိဗ္ဗာနံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ နိဗ္ဗာနံ ဖလဿ အဓိပတိပစ္စယေန ပစ္စယော"။ အဲ့တာ ဒါတွေလည်း မှန်ကြတယ်ကွ။ မှန်တဲ့လူ တော်တော်များတယ်။ ကိုယ်တော်တို့ သူတို့ မဆိုးပါဘူး။ ဒါလေးကတော့ လုပ်ထားတာ။ ဒါ မေးတော့မယ်လို့ ပြောထားတာနဲ့။ သင်္ချာ၊ အရကောက်ဆိုပြီးတော့ မှန်တဲ့လူကတော့ တစ်ပါး၊ နှစ်ပါးပဲ ရှိတယ်ပေါ့ဗျ။ သင်္ချာအရ၊ သင်္ချာအရက "သင်္ချာအရ ဖိုလ် (၄) ခု" ဆို သေရောပေါ့။ ဒီက ရဟန္တာမေးထားတာ။ ဘယ်သူ့မေးထားတာလဲ။ ရဟန္တာမေးထားတာ။ ကိုယ်တော်တို့ စာမျက်နှာ (၁၁) ကို ကြည့်လိုက်လေ။ အဲ့ဒီ့မှာ ဆိုလို့ရှိရင် "အလေးအမြတ်ပြု" ဆိုတာက ရဟန္တာက "သကဘာဝေါ၊ သကံ" ကို ခြေကုပ်စွဲ၍ လောကုတ္တရာ (၄) ပါးကို အာရုံပြု၍ အလေးအမြတ်ပြုသည်၊ ဘုံသုံးပါး၌ အလေးအမြတ်မပြုသည် ဆိုတာ အဲ့မှာ ကလေးထဲမှာ အောက်ဆုံးက "ရဟန္တာပုဂ္ဂိုလ်သည် မိမိရရှိပြီးသော" ဘာပါလိမ့်၊ ဘာပါလိမ့်ဗျာ။ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်၊ နိဗ္ဗာန် မပါဘူးလား။ ပါတယ်။ ကိုင်း၊ အဲ့လိုဆိုတော့ အဲ့ဒီက အရဟတ္တဖိုလ်၊ အရဟတ္တပုဂ္ဂိုလ်ဆိုတဲ့ တရားကိုပဲ သူက အမြင့်၊ အမြင့်ဆုံးတွေပဲ သူက အာရုံပြုမှာလေ။ အောက်ကို ပြန်က้มကြည့်သေးရဲ့လား။ ကြည့်သေးတယ်။ အလေးအမြတ်ပြုတယ်ဆိုတာက အမြင့်ကို မော့ကြည့်တာ။ ဟုတ်လား။ ကိုင်း၊ အဲ့တော့ ဘာပဲရေးရမှာလဲ။ "အရဟတ္တဖလံ ပစ္စယုပ္ပန်တရားရ၏"။ ကိုင်း၊ အပိုင်တွက်တာသာ။ ဟုတ်လားဗျ။ ဒါ ကိုယ်တော်တို့ အရင်တုန်းကတော့ တစ်လုံး၊ နှစ်လုံးတွေ ရှိတယ်။ ဟုတ်လား။ အဲ့ဒါ တစ်လုံး၊ နှစ်လုံးနဲ့လည်းပဲ "ကတုံးလည်း မဝမ်းသာပါပြီ" ဆိုတဲ့ ချဲထိုးတဲ့ပုဂ္ဂိုလ်တွေလည်း ဖြစ်သွားတာပေါ့ဗျာ။ ဟုတ်လား။ အဲ့ဒါလည်းပဲ ထိုးလည်း ကိုယ်တွက်ထားတာ။ အနှစ်နှစ်အလလ စုဆောင်းထားတဲ့ ဥစ္စာလေးကို ပုံပြီးတော့ ထိုးချလိုက်တယ်ပေါ့ဗျာ။ ဂဏန်းကလည်း တည့်တည့်ထွက်လိုက်တယ်။ သုံးလုံးဂဏန်းပေါ့။ သုံးလုံးဂဏန်းလည်း တည့်တည့် မထွက်ဘူးလား။ အဲ့တာ သုံးလုံးဂဏန်းလည်း တည့်တည့်ထွက်ပြီး ကိုယ်ထိုးတာလည်း အပိုင်ကြီး၊ အပုံလိုက်ထိုးတာ။ အဲ့တာ အပိုင်တွက်ထားပေမဲ့လို့လည်းပဲ ဒိုင်မပေးလို့မို့လို့ ဘာဖြစ်ရလဲ။ ဒိုင်ပြေးသွားတယ်။ အဲ့တာ ငါးပါးသီလလွန်သွားတယ်။ အခုလည်းပဲ ကျွန်တော်တို့ကို အပိုင်တွက်ထားတာကတော့ ဘာလဲ။ ဒိုင်ပြေးသွားပြီ။ ကိုင်း၊ အဲ့ဒါလေး၊ ဒါလေးကတော့ ကျွန်တော်တို့ စကော်လာပုဂ္ဂိုလ်တွေအတွက် ဒီလိုက ဒါ အကွေ့အဝိုက်လေးနဲ့ မေးတာပေါ့ဗျ။ ဟုတ်လား။ ကိုယ်တော်တို့ သဘောပေါက်သွားပြီ။
နောက်တစ်ခု အဲ့မှာ တည့်တည့်ကို မေးချလိုက်တာ ကြည့်စမ်းပါဦး။ နံပါတ် (၄)။ ဒါလည်း ရစေချင်လွန်းလို့။ စာမျက်နှာ (၁၉) မှာ မပါဘူးလား။ ပါပါတယ်ဘုရား။ "အာရမ္မဏာဓိပတိ စည်းမျဉ်းကို တစ်ပြိုင်တည်းရအောင်" တဲ့။ "ကတ္တာအရကောက်ပြ၍"။ ဒီမေးခွန်းမျိုး တစ်ခါမှ မမေးဖူးဘူး။ ပူပူနွေးနွေး ဟောကိန်း။ အဲ့ဒီမှာ ရစေချင်လို့ မေးထားတာ။ ဟုတ်လား။ "ဒါန၊ ဒါနအရကိုလည်းပဲ ကောက်ပြခဲ့ပါ" တဲ့။ အဲ့ဒါ စာမျက်နှာ (၉၃) လောက်မှာ မပါဘူးလား။ (၉၀) ဘယ်လောက်တုန်းဗျ။ (၉၀) လား။ ဆိုပါဦး။ ပုံနှိပ်စာမျက်နှာမှာလေ။ ကိုင်း၊ အဲ့ဒီက နံပါတ် (၄) တိုက်ရိုက်တွေ မေးထားတာပဲ။ အဲ့တော့ "အလေးအမြတ်ပြုတတ်သော လောကီမနောဒွါရဝီထိ၌ ဇော (၅) ချက်၊ တတ်သောအလေးအမြတ်ပြုအပ်သော စုတိစိတ်မှ ပြန်၍ရေသော် (၁၇) ချက်မြောက်သော စိတ်နှင့်တူသော ဟဒယဝတ္ထု ပစ္စည်းတရားရ၏"။ (၆) မှတ်။ "ဒါနကအရ" တဲ့။ အဲ့မှာ စာမျက်နှာ (၉) မှာ ပါပြီးသား။ ဘာနဲ့ဘာ နာမ်ထားတုန်း။ တွေ့လား။ အဲ့ဒါ ဝတ်ကျေတမ်းကျေတောင် အားနာလို့ မမေးဘဲနေတာ။ ဒါန၊ ဒါနအရကောက်ထဲမှာ တိုက်ရိုက်ပါတယ်။ "ဒီဃံ ဓမ္မဒါနဝတ္ထုရ၏"။ "ဒီဃံ ဣတရဒါနံ"။ "ဒီဃံ ဣတရဒါနံ" ဒါနစေတနာရ၏။ "ဝတ္ထုဒါနစေတနာဒါနရ၏" ဆိုလည်း ရတာပါပဲ။ ဟုတ်လားဗျ။ ဝတ္ထုဒါနစေတနာဒါနရ၏။ ဒါလည်းပဲ ကိုယ်တော်တို့ မရကြဘူးဗျ။ ဒါတွေလည်းပဲ။ ဒါက မွေးကတည်းက သိဖို့ကောင်းတာပေါ့။ ဟုတ်လားဗျ။ သူတောင်းရမ်းစားသောက်နေတဲ့ပုဂ္ဂိုလ်ဆိုတာ အသိဖို့ကောင်းဘူးလား။ ကောင်းပါတယ်။ "ဘိက္ခတိယာ စီဝတိ"။ ဘိက္ခု။ ဘာဖြစ်လို့ ဘိက္ခုတုန်း။ တောင်းစားတယ်။ တောင်းစားတယ်။ ဒါတော့ သိဖို့မကောင်းဘူးလား။ ကောင်းပါတယ်ဘုရား။ သိသလားဆိုတော့ မသိပါဘူး။ မှန်သလားဆိုတော့ မှန်ပါတယ်။ ဟိုဘက်ကုန်ရတာပဲ။ ဒီလောက်ကို မသိဘူး ဖြစ်နေတာ။ ဟုတ်လားဗျ။
ကိုင်း၊ ဆိုလို့ရှိရင် နောက်တစ်ခု သွားမယ်ပေါ့ဗျာ။ နောက်တစ်ခုကလည်း ကိုယ်တော်တို့ထဲ မေးလိုက်တာပဲလေ။ အနန္တရပစ္စည်း၊ ကုသလော အကုသလဿ၌၊ အနန္တရပစ္စည်း၊ ကုသလော အကုသလဿ၌ ကတ္တာအရကောက်ပြ၍ ပဉ္စဒွါရဝီထိ၌ စက္ခုဝိညာဉ်အား ကျေးဇူးပြုသော အနုဝါဒပါဠိကိုလည်းပဲ၊ အနုဝါဒကိုလည်းပဲ ဖော်ပြပါတဲ့။ ကတ္တာအရကတော့ "အဆုံး၌ဖြစ်သော၊ ရှေးရှေးသော လောကီကုသိုလ် (၁၇)၊ နာမက္ခန္ဓာ ပစ္စည်းတရားရ၏"။ (၅) မှတ်။ "ပဉ္စဒွါရဝီထိ၌ စက္ခုဝိညာဉ်အား ကျေးဇူးပြုပုံ"။ "ကိလေသဝဋ္ဌာနဿ"။ (၅) မှတ်။ အဲ့ဒါ အဲ့လိုပဲ လွယ်လွယ်လေးပဲ မေးလိုက်တာပဲ။ ကိုယ်တော်တို့ ကြည့်စမ်းပါဦး။ အခု နာရီဝက်၊ ကျဉ်းကျဉ်းလေးပဲဗျ။ ကိုယ်တော်တို့ အမှန်စင်စစ်က ပဉှာဝါရတစ်ခုလုံးကို တစ်ပတ်၊ ပစ္စယနိဒ္ဒေသမှာ တစ်ပတ်၊ ပဉှာဝါရ တစ်ပတ် မေးရမှာ။ (၃) ပတ် မေးရတာ။ ကိုယ်တော်တို့ရေ အခု နောက်တစ်ပတ်ကျော်က ဆန်းနဲ့ ပဋ္ဌာန်းနဲ့ လွဲနေတယ်နော်။ အဲ့ဒီက ဟို ဆန်းက (၂) ပတ် မဟုတ်ဘူး။ အဲ့ဒါ ဆန်းအဲ့ဒီနေရာကို ပဋ္ဌာန်းလာမယ်။ ဟုတ်လား။ ဒီတစ်ပတ်ကျော်ပေါ့ဗျာ။ အခု လပြည့်ကျော် (၈) ဆိုတော့ လပြည့်ကျော် (၈) ရက်နေ့ကျလို့ရှိရင်လည်းပဲ ကိုယ်တော်တို့ ပဋ္ဌာန်းလာမှာ။ ဟုတ်လား။ ကိုင်း၊ အဲ့လိုဆိုလို့ရှိရင် နောက်ကတော့ ပစ္စယနိဒ္ဒေသနဲ့ အခု ပဉှာဝါရ အကုန်လုံး နယ်ပယ်ကျယ်သွားတာပေါ့။ ဟုတ်လား။ အဲ့လိုဖြစ်လိမ့်မယ်လို့ မှတ်သားထားပေါ့။ အဲ့တော့ အသစ်သမားတွေက ပုစ္ဆာဟောင်းတွေကို များများဖတ်ဖို့ အရေးကြီးတယ်။ ပုစ္ဆာဟောင်းတွေက နောက်ကျတော့ မသိဘူးဆိုရင်လည်း တခြားပုဂ္ဂိုလ်တွေ မေးဖို့ အရေးကြီးတာပေါ့ဗျ။ အစုံကတော့ သင်္ချာ၊ သင်္ချေယျကို အခု လွဲတဲ့ပုဂ္ဂိုလ်တွေလည်း ပါသေးတာပေါ့။ ပစ္စည်းရည်နဲ့ သင်္ချာ၊ သင်္ချေယျ လွဲတာတွေ အလွန်တရာ ရှိတတ်ကြတယ်ပေါ့။
ကိုင်း၊ ဒါကြောင့် အရှင်ဘုရားတို့ အခု အဲ့ဒီက မေးခွန်းအဖြေမှန်တော့ ပြီးသွားပြီဆိုတော့ ဒီနေ့ ပကတူပနိဿယကို ဆက်လိုက်ကြစို့ပေါ့ဗျာ။
အခု စာ၊ စာမျက်နှာ (၂၇) ပေါ့။ ကိုင်း၊ တပည့်တော်တို့ ဟိုနေ့ကတော့ဖြင့် ကုသလော အကုသလဿနဲ့ ကုသလော ဗျာကတဿတို့ကို ကိုယ်တော်တို့ ဟောခဲ့ကြပြီ။ ဒီနေ့လည်းပဲ ကိုယ်တော်တို့ အဲ့ အဓိပ္ပာယ်လေး နည်းနည်းပြောရအောင်ဆိုတော့ ကုသလော အကုသလဿနဲ့ ကုသလော ဗျာကတဿ၊ ကိုင်း ပူဇော်ကြည့်ရအောင်ဗျ။ ဆိုရအောင်။
ကိုင်း၊ ဒီနေ့ ဟိုတစ်နေ့က ပြောပြီးတဲ့အဆက်၊ ကုသလော ဗျာကတဿက အဲ့ဒီ ကိုယ်တော်တို့ ဟိုတစ်နေ့က ကျန်ခဲ့တာတွေက "သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ကာယိကဿ သုခဿ၊ ကာယိကဿ ဒုက္ခဿ၊ ဖလသမာပတ္တိယာ"။ ဒါလေးလည်း နည်းနည်းလေး ပြောရဦးမှာပေါ့။ အဲ့တော့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂတို့ကြောင့် ကာယိကသုခဖြစ်ရတာ။ အဲ့တော့ ကာယိကသုခဖြစ်ရတာတွေကတော့ ကိုယ်တော်တို့ရေ အဲ့ဒီမှာ ဒီဈာန်ချမ်းသာတွေ၊ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂတို့ကြောင့် ကာယိကသုခသွားပြီဆိုလို့ရှိရင်တော့ ဒီကိုယ်ချမ်းသာမှုကို အကြောင်းပြုပြီးတော့ လွတ်ကြတယ်ပေါ့။
နောက် သဒ္ဓါ၊ သီလ၊ သုတ၊ စာဂတို့ကြောင့်လည်းပဲ ကာယိကဒုက္ခလည်းပဲ ဖြစ်နိုင်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ဒီဘက် တို့ အခု သမာပတ်တွေထဲမှာဆိုလို့ရှိရင် ဝေဒနာဖလသမာပတ်၊ အာယုပါလကဖလသမာပတ်ဆိုတာတွေ ရှိသေးတယ်။ ဟုတ်လားဗျာ။ ဝေဒနာဖလသမာပတ်၊ အာယုပါလက ဘာပါလိမ့်။ ဖလသမာပတ်။ ဖလသမာပတ်တွေ။ အဲ့ဒီက ဖလသမာပတ်တွေက ဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူခါနီးမှာ ဝေဠုဝရွာမှာ သီတင်းသုံးတယ်။ အဲ့တော့ အခု ဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူဖို့အတွက် ကုသိနာရုံကို ကြွသွားတာဟာလည်း (၃) ခါပေါ့လေ။ (၇) မှတ်၊ (၈) မှတ်လောက်ခရီးကို ဘုရားရှင်ကိုယ်တော်မြတ် (၂၅) ခါလောက် နားပြီးတော့ သွားရတယ်။ သက်တော်ကလည်း ကြီးနေပြီ။ အလွန်တရာမှ အားတော်ကလည်း ကုန်နေပြီဆိုပါတော့။ ဟုတ်လားဗျာ။ အဲ့တော့ မိမိရဲ့ခန္ဓာကိုယ်ကို၊ ဘုရားရှင်ရဲ့ခန္ဓာကိုယ်ကို အဲ့မှာ ဝေဒနာဖလသမာပတ်တို့ဖြင့် စုစည်းပြီးတော့ သွားရတာဗျ။ ခန္ဓာကိုယ်ကလည်း ဆင်းရဲလွန်းလို့။ ဟုတ်လားဗျ။
နောက် အာယုပါလကဖလသမာပတ်။ အဲ့တော့လည်းပဲ ကိုယ်တော်တို့ ခုန ဟိုတစ်နေ့ကတောင် ပြောခဲ့ပြီးပြီ မဟုတ်လားဗျ။ ရာဇဂြိုဟ်ပြည်က သွားမယ်ဆိုရင်တော့ အစုံတွေ့တာဟာ အရှင်မဟာမောဂ္ဂလ္လာန်ကိုယ်တော်မြတ်ကြီးရဲ့ ပရိနိဗ္ဗာန်စံတော်မူမယ့်နေရာပေါ့။ တစ်နည်းအားဖြင့် ပြောမယ်ဆိုလို့ရှိရင် အရှင်မဟာမောဂ္ဂလ္လာန်ကိုယ်တော်မြတ်ကြီး သူခိုး (၅၀၀) တို့ ရိုက်ခံရတဲ့နေရာ။ အရှင်မဟာမောဂ္ဂလ္လာန်တော်မြတ်ကြီး သူခိုး (၅၀၀) တို့က ကံဝဋ်ကြွေးတွေ၊ ကံကြွေးတွေ အကုန်ဆပ်လိုက်ရတာ။ ပြုသမျှဖြစ်သူဟာ ကံကြွေးတွေ ကုန်အောင်ဆပ်လိုက်ရတယ်ပေါ့ဗျာ။ ကံကြွေးကုန်အောင်ဆပ်လိုက်ရတဲ့အချိန်အခါ အရှင်မဟာမောဂ္ဂလ္လာန်ကိုယ်တော်မြတ်ကြီးရဲ့ အရိုးတော်တွေဟာတဲ့ အစိတ်စိတ်အမွှာမွှာ ကွဲသွားတာ။ သို့သော်လည်းပဲ အဲ့ဒီက အရိုးတွေကို စုစည်းပြီးတော့ အဲ့ဒီ ဖလသမာပတ်နဲ့ ဘုရားရှင်ဆီကို စုစည်းပြီးတော့မှ သွားရတာ။ အဲ့ဒီက ကိုယ်ဆင်းရဲမှုတွေ ဖြစ်တယ်။ အဲ့တာမျိုးတွေက ဒါကိုပဲ ခုနက သဒ္ဓါ၊ သီလ၊ သုတ၊ စာဂတို့ကြောင့် ကာယိကဘာဖြစ်လဲ။ ကာယိကဒုက္ခဿ ဖြစ်ရတယ်ပေါ့။ "ကာယိကဒုက္ခဿ ဖလသမာပတ္တိယာ" ပေါ့။ ဟုတ်လား။ အဲ့လိုဖြစ်ရတယ်ပေါ့။ အဲ့ဒါကို ပြောဆိုလိုရင်း ဖြစ်တယ်ပေါ့။ ဒါကြောင့်မို့လို့ အဲ့ဒီက ဥစ္စာတွေ၊ ဒါလည်း ချက်ကြည့်မယ်ဆိုလို့ရှိရင်တော့ အဲ့တာတွေလည်းပဲ အကုန်လုံး အကျုံးဝင်တယ်လို့ မှတ်လိုက်ကြပေါ့ဗျ။ ဒါကြောင့်မို့လို့ "သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ကာယိကဿ သုခဿ၊ ကာယိကဿ ဒုက္ခဿ၊ ဖလသမာပတ္တိယာ"။
နောက်တစ်ခု ပြောရမယ်ဆိုလို့ရှိရင်လည်းပဲ ပကိန္နကမင်း၊ ကိုယ်တော်တို့ အရင်တုန်းက ပြောတော့ပြောခဲ့ပြီးသားပါပဲ။ ဟုတ်လားဗျ။ ဘုရားရှင်ကိုယ်တော်မြတ် ပွင့်ပြီဆိုတာနဲ့ ဗုဒ္ဓရတနာ လက်ဆောင်ရတာနဲ့ပဲ ဘုရားရှင်ပွင့်တော်မူမှန်း သိတာနဲ့ အဲ့ဒါနဲ့ တိုင်းပြည်ကို စွန့်ခွာပြီးတော့ ဘုရားရှင်ရှိရာ ရာဇဂြိုဟ်ပြည်ကို လာခဲ့တာပေါ့။ အဲ့တော့လည်းပဲ အခု ဈာန်သမာပတ်တွေနဲ့ပဲ ဆင်းရဲလွန်းလို့ နေခဲ့ကြတယ်။ နေခဲ့ရတယ်ပေါ့။ ဒါကြောင့် အဲ့ဒီက သဒ္ဓါ၊ သီလ၊ သုတ၊ စာဂတို့ကြောင့်ပဲ ကာယိကသုခ၊ ကာယိကဿ ဒုက္ခဿ၊ ဖလသမာပတ္တိယာ ဒါတွေ ဖြစ်ကြရတယ်ပေါ့ဗျာ။ ဒါတွေကို ယှဉ်ပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်က အဲ့လိုဟောတာ။
နောက်တစ်ခု "ကုသလံ ကမ္မံ ဝိပါကဿ" ဟောရမယ်။ အကုသလဘက်ဆိုလို့ရှိရင် "အကုသလံ ကမ္မံ ဝိပါကဿ"။ ဒါနဲ့ပတ်သက်လို့ ဟိုနေ့က ပြောခဲ့ပြီ။ ဒါနဲ့ပတ်သက်လို့ ဟိုနေ့က ပြောခဲ့ပြီ။ ဒီဥစ္စာ ပြန်ပြီးတော့ ပြောပြရအောင်ပဲ။ ဒီ "ကုသလံ ကမ္မံ ဝိပါကဿ"၊ "အကုသလံ ကမ္မံ ဝိပါကဿ" ကို ပကတူပနိဿယပစ္စည်း၊ ဥပနိဿယကုသိုလ်ကံ၊ အကုသိုလ်ကံတို့ဟာ တားဆီးလို့ရပါ့မလားဗျ။ ဒီမှာ အဋ္ဌကထာဖွင့်ပြတာလေးတစ်ခုကို ပြောပြမယ်ဆိုလို့ရှိရင်ပေါ့။ ဒါတွေက ဒီဘုံလေးပါးမှာ မဖြစ်တဲ့ ဗလဝကုသိုလ်စေတနာ၊ ဗလဝအကုသိုလ်စေတနာကို ယူရမယ်တဲ့။ ဒုဗ္ဗလကုသိုလ်စေတနာကို မယူရဘူးတဲ့။ ဒါလေးကို ကိုယ်တော်တို့ ခုနက ပုံတူလေးနဲ့ ပြောပြမယ်ဆိုရင် အဲ့ဒီမှာကို ဖွင့်ထားတာရှိတယ်။ ဒါကတော့ အကုသိုလ်ပဲ ပြောတာပေါ့လေ။ ကြိုးဆွဲချသေမယ့် အမျိုးသမီးတစ်ယောက်၊ ကြိုးဆွဲချသေမယ်ဆိုပြီးတော့ သူတို့အနေနဲ့ ကြိုးဆွဲချသေမယ်ဆိုကတည်းကပဲ အဓိက ဘာလိုအပ်တုန်းဗျ။ ကြိုးလိုအပ်ပါတယ်။ ကြိုးမလိုအပ်ဘူးလား။ လိုပါတယ်။ ကြိုးလိုအပ်တယ်ပေါ့။ အဲ့တော့ ကြိုးဆွဲချသေမယ်ဆိုပြီးတော့ သေမယ့်အမျိုးသမီးတစ်ယောက်ဟာလည်း ကြိုးကလည်း ရရှိလာပြီ။ အဲ့ဒီက ကြိုးလေးကိုကိုင်ပြီးတော့ သေခါနီးကျမှ "ကိုင်း၊ ငါ့ရဲ့ပြုဖွယ်ကိစ္စလေးတွေ နည်းနည်းပြုပြီးတော့မှ အိမ်ထဲကို ဝင်လိုက်ဦးမယ်" ဆိုပြီးတော့ အိမ်ထဲကို ဝင်သွားတာ။ ကြိုးကိုချပြီးတော့ အိမ်ထဲကို ဝင်သွားတာ။ အိမ်ထဲကို ဝင်သွားပြီးတော့ အဲ့ဒါနဲ့ သူခိုးတစ်ယောက်ကလည်းပဲ တစ်နေရာကနေ အထုပ်အထည်တွေနဲ့ ခိုးလာတာ။ မနိုင်မနင်းနဲ့ တစ်ပိုးကြီးထမ်းလာတာ။ အဲ့တော့ "ဒီကြိုးနဲ့ ထုပ်ကြည့်ပြီးတော့ပေါ့၊ ဒီကြိုးနဲ့ ထုပ်လိုက်မယ်၊ ချည်လိုက်မယ်ဆိုလို့ရှိရင် သက်တောင့်သက်သာနဲ့ တစ်ဆောင်မသွားနိုင်ဘူးလား"။ တစ်ဆောင်သွားနိုင်စရာ ကောင်းတာပေါ့။ အဲ့တော့ ဒီသူခိုးကလည်းပဲ "ဒီကြိုးလေးနဲ့ဆိုရင်တော့ ငါ အဆင်ပြေလိမ့်မယ်" ဆိုပြီးတော့ ကြိုးလေးကို ကောက်ကိုင်မလို့ ရှိသေးတယ်။ အဲ့ကြိုးကနေပြီးတော့ မြွေဖြစ်သွားတာ။ ကြိုးကနေပြီး ဘာဖြစ်သွားတာလဲ။ မြွေဖြစ်သွားတာ။ မြွေဖြစ်သွားတာ။ အဲ့လိုဆိုတော့ အဲ့ဒီက သူခိုးဟာလည်းပဲ ကြိုးကို ယူလို့ရသေးလား။ မရပါဘူး။ မရဘူး။ တကယ်လို့ အဲ့ကြိုးမရှိတော့ဘူး၊ သူခိုးယူသွားပြီဆိုလို့ရှိရင် အဲ့ဒီက အမျိုးသမီးက သူ့ရဲ့အကြံအစည် အောင်နိုင်ပါ့မလား။ မအောင်မြင်ပါဘူး။ မအောင်မြင်နိုင်တော့ဘူး။ အဲ့သလို ကံတစ်ပါးက တားဆီးလို့မရနိုင်လောက်အောင် အားကြီးတဲ့ကံမျိုးကိုသာ ဒါ ဗလဝအကုသိုလ်ကံ၊ ဗလဝကုသိုလ်ကံ။ ကိုယ်တော်တို့ ဟိုနေ့က ပြောခဲ့ပြီးပြီပဲ။ ဂေါသကတို့ ဟုတ်လားဗျ။ ခုနစ်ကြိမ်၊ ခုနစ်ခါ သတ်ဖို့ ကြံတာ မဟုတ်လား။ မှန်ပါ့။ လုံးဝ အကြံအစည် အောင်မြင်ခဲ့သလားဆိုတော့ မအောင်မြင်ခဲ့ဘူး။ မအောင်မြင်ခဲ့ဘူး။
အဲ့တော့ တပည့်တော်တို့ အခု ရန်ကုန်တိုင်းပဲ ဟိုနောင်ဆိုလို့ရှိရင် စေတနာဆရာတော်ဆိုတာ ရန်ကုန်တိုင်းဥက္ကဋ္ဌ။ တပည့်တော်နဲ့ ညီအစ်ကိုတော်သေးတယ်ဆိုပါတော့လေ။ အဲ့ သူ့ပညာအရည်အချင်းကတော့ အရှင်ဘုရားတို့ရဲ့ လက်တန်းမှာ ကောင်းတာ။ အလွတ်တမ်း။ သူတို့ ရန်ကုန်ရွှေမြို့တော်ဆိုတာက တကယ်ပညာရှင်တွေရဲ့မြို့တော်၊ ထင်ရှားတဲ့မြို့တော်လို့ ပြောလို့မရဘူးလား။ အဲ့ သူရှိစဉ်ကာလဆိုလို့ရှိရင် ရန်ကုန်တိုင်းပဲ မဟာနာယကဆရာတော်ကြီး (၃) ပါးရှိတာ။ ဒီနားလေးတွေ ရှိတာ။ သူ့ခေါင်းရင်းတွေ ရှိနေတာ။ ဟို ရွှေကျင်ဂိုဏ်းဆရာတော်ကြီးရယ်၊ ဒီ ညောင်တုန်းကျောင်းတိုက်ဆရာတော်ကြီးရယ်၊ အောင်မြေဘုံစံဆရာတော်ကြီးဆို ဒီနားလေးတွေ ကပ်ရှိနေတာ။ သူ့ခေါင်းရင်းဘက်ကပဲ။ အဲ့တော့လည်းပဲ ရန်ကုန်တိုင်းဆိုတာ ဥစ္စာ အထင်ကရ၊ ဗဟန်းဆိုတာက သံဃာတွေ အလွန်တရာမှ များတယ်။ ပညာရှင်တွေလည်းပဲ များတယ်ပေါ့။ ဟော၊ သူ့ရဲ့ပညာအရည်အချင်းဆိုရင်တော့ ရပ်ကွက်အတွင်းရေးမှူး၊ ဥက္ကဋ္ဌပဲ ဖြစ်ဖို့ တော်တော်ခက်ခက်ခဲခဲ ဖြစ်မှာပေါ့။ ဒါလည်းပဲ သူ့ အဲ့ဒါနဲ့ မြို့နယ်ဖြစ်၊ မြို့နယ်ဘုန်းကြီးကနေ တစ်ခါ မြို့နယ်အတွင်းရေးမှူးဖြစ်၊ မြို့နယ်အတွင်းရေးမှူးကနေ တစ်ခါ မြို့နယ်ဥက္ကဋ္ဌဖြစ်။ အဲ့ဒီက အဆင့်တစ်ခုတက်တိုင်း တက်တိုင်း ပြိုင်ပွဲတွေ၊ ဖိုက်ပွဲတွေပေါ့လေ။ အများကြီး ဖြစ်လာတယ်။ ဒီကြားထဲမှာလည်းပဲ အခု ဗမာသက္ကရာဇ်ပေါ့၊ ၁၃၄၂ ခုနှစ်ကလည်းပဲ သာသနာသန့်ရှင်းရေးပေါ်တော့ အင်းစိန်ထောင်မှာ ထောင်ကျရတဲ့အထဲ သူပါသွားသေးတယ်။ သူက ကျန်တဲ့ကိစ္စနဲ့ မဟုတ်ဘူး။ သူက အမွေကိစ္စနဲ့ပတ်သက်ပြီးတော့ အဲ့ဒီ ရောက်သွားတာပေါ့လေ။ အဲ့တော့ ကြည့်လိုက်။ အရှင်ဘုရားတို့ ရန်ကုန်တိုင်းမှာ အဲ့လိုပဲ ဖမ်းခံရတဲ့ပုဂ္ဂိုလ်တွေထဲက သာသနာသန့်ရှင်းရေးထဲမှာလည်းပဲ သင်္ကန်းဝတ်နဲ့ ပြန်ပြီးတော့ ထွက်လာတာ သူတစ်ပါးပဲ ရှိတယ်။ ဟုတ်လား။ ဘယ်လိုနည်းနဲ့ သူ့မှာ နောက် မြို့နယ်အတွင်းရေးမှူး၊ ဥက္ကဋ္ဌဖြစ်တိုင်း၊ တိုင်းအတွင်းရေးမှူး၊ ဥက္ကဋ္ဌဖြစ်တိုင်း တိုက်ပွဲ၊ ဖိုက်ပွဲတွေက အရှင်တို့ အများကြီးပဲ။ အဲ့ဒါ ခဏခဏ ဟိုကောင်ထိုး၊ ဒီကောင်ထိုး၊ ဘယ်သူထိုးလို့မှ မကျဘူး။ ဟုတ်လားဗျာ။ ဘယ်သူဖျက်လို့မှ မပျက်ဘူး။ မပျက်ဘူး။ အရှင်ဘုရားတို့ ဘာလို့ဆို ရှေးက သူ့ရဲ့ကုသိုလ်တွေဟာလည်း အလွန်တရာမှ ထက်ထက်သန်သန်နဲ့ ပြုလုပ်ခဲ့တဲ့အတွက်ကြောင့် ဘယ်သူဘယ်ဝါတွေ ဖျက်လို့မှ မပျက်နိုင်ဘူး။ မပျက်နိုင်ဘူးပေါ့ဗျာ။ ဒါကြောင့်မို့လို့ အားကောင်းတဲ့ကုသိုလ်ဆိုတာ အဲ့လိုပဲ။ ဘယ်သူဖျက်လို့မှကို မပျက်နိုင်ဘူး။ ဘယ်သူတွေ အနှောင့်အယှက်၊ အကန့်အသတ်၊ အတားအဆီးတွေ ရှိပေမဲ့လို့လည်းပဲ အကျိုးပေးခွင့်ကြုံလာပြီဆိုလို့ရှိရင် အကျိုးပေးတာပဲပေါ့ဗျာ။
ဟုတ်လားဗျို့။ တော့ နောက်တစ်ခု ပြောဦးမယ်ဆိုလို့ရှိရင် ကိုယ်တော်တို့ အခု တတိယပါရာဇိကသိက္ခာပုဒ်ရဲ့အကြောင်းပေါ့ဗျ။ ဒါ အရင်တစ်ခေါက်လည်း ပြောပြီးသား။ ဒီနေရာလေး ပြန်ဆက်စပ်မိလို့ ပြန်ပြောပြမှာပေါ့။ တတိယပါရာဇိကသိက္ခာပုဒ်ဖြစ်ရတာက ဘုရားရှင်ကိုယ်တော်မြတ်က အသုဘကထာကို ဟောလိုက်တော့ သံဃာတော်တွေဟာ မိမိခန္ဓာကိုယ်ကို မိမိငြီးငွေ့ပြီးတော့ ကိုယ့်ကိုယ်ကို သေကြောင်းကြံကြတယ်တဲ့ဗျ။ ကိုယ်တော်တို့ ဟို အဖိတ်နေ့ကလည်း ကိုယ်တော်တို့ မိမိခန္ဓာကိုယ်ကြီး အသုဘကထာကို ပြောလိုက်တာ တော်သေးတာပေါ့ မသေကြတာ။ ဟုတ်လားဗျာ။ တော်သေးတယ် မသေတာ။ ဟုတ်လား။ ဘုရားရှင်ကိုယ်တော်မြတ်ကတော့ အဲ့မှာ အသုဘကထာ ဟောလိုက်လို့မို့လို့ သံဃာတော်တွေဟာလည်း မိမိကိုယ်ကို မိမိငြီးငွေ့ပြီးတော့ တချို့လည်း သတ်သေကြတယ်။ ကိုယ့်ကိုယ်ကို မသတ်ရဲတဲ့ပုဂ္ဂိုလ်တွေကတော့ ရဟန်းအသွင်ဆောင်တဲ့ အဲ့ဒါ ကိုယ်တော်ကြီးတစ်ပါးကိုပေါ့၊ အားကောင်းမောင်းသန်တဲ့ ကိုယ်တော်ကြီးတစ်ပါးကို "ကွာ၊ မင်း ငါ့ကို သတ်စမ်းပါကွာ။ ငါ့ရဲ့၊ ငါသေမယ်ဆိုလို့ရှိရင် သင်္ကန်း၊ သပိတ်၊ ပရိက္ခရာတွေကို မင်းကို ငါပေးမယ်"။ အဲ့ဒါ အစတော့ ချော့မော့ခိုင်းတာ။ နောက်တော့ အဲ့ကိုယ်တော်ကြီးကလည်း "ဒါ ရလေ၊ လိုလေ"။ ဘာလဲဗျ။ အို၊ ကိုယ်တော်ကြီးပေါ့ဗျာ။ အဲ့တာနဲ့ သူက ညနေစောင်းပြီဆိုလို့ရှိရင် ဓားကြီးကို မြမြနေအောင် သွေး၊ ကိုယ်တော်တို့ လိုက်ပြီးတော့ တစ်ခါတည်း လှည့်ပြီးတော့ ဓားကိုင်ထားပြီးတော့ "ကိုယ်တော်တို့ ဒီကျောင်းက ဘယ်နှပါး တက်ဦးမတုန်း။ ဘယ်သူ သေချင်ဦးမတုန်း"။ ကျောင်းစဉ်လှည့်လည်မေးတာ။ "ကိုယ်တော်မြတ် သေချင်သေးရဲ့လား"။ မသေချင်ပါဘုရား။ အဲ့ဒါ တစ်ကျောင်းတစ်ကျောင်း လှည့်လည်ပြီးတော့၊ တစ်ကျောင်းတစ်ကျောင်း လှည့်လည်ပြီးတော့ နေ့တိုင်းနေ့တိုင်း လျှောက်လှမ်းပြီးတော့ ဓားကြီးကို မြမြနေအောင် သွေးပြီးတော့၊ နေ့လယ်က ဓားကို မြမြနေအောင် သွေးပြီးတော့ ကျောင်းစဉ်လှည့်လည်ပြီးတော့ သေချင်တဲ့ပုဂ္ဂိုလ်တွေကို တစ်ခါတည်း သတ်ခဲ့ပြီးတော့ သင်္ကန်း၊ သပိတ်၊ ဝတ္ထုတွေ ယူ။ အဲ့ဒါနဲ့ပဲ သူ ဘယ်နှစ်ရက်လောက် ကြာသွားသလဲဆိုတော့ (၁၅) ရက်လောက် ကြာသွားတယ်။
ဘုရားရှင်ကိုယ်တော်မြတ်ကလည်း အဲ့ဒီမြင်ကွင်းကြီးကို သူ မမြင်ချင်လို့ သက်သက်ပုန်းနေရတာဗျ။ ဘုရားရှင်ကလည်း ဒါ လူစကားပြောမယ်ဆိုရင်ပေါ့။ "ငါ့ကိုကွာတဲ့၊ ဆွမ်းပို့တဲ့ပုဂ္ဂိုလ်မှတစ်ပါး ကျန်တဲ့ပုဂ္ဂိုလ် ငါ့ဆီမလာခဲ့နဲ့။ ဘာကိစ္စရှိလို့မှ မလာခဲ့နဲ့" လို့ ဘုရားရှင်ကိုယ်တော်မြတ်က မာရှယ်လောထုတ်ထားတာ။ ဘာထုတ်ထားတာလဲ။ ငါးပါးသီလ။ မာရှယ်လောထုတ်ထားတယ်ပေါ့။ အဲ့တော့ ဆွမ်းပို့တဲ့ပုဂ္ဂိုလ်မှ ကျန်တဲ့ပုဂ္ဂိုလ်တွေလည်း မလာဘူး။ ဘုရားရှင်ကိုယ်တော်မြတ်က ဘာလဲဆို ကြည့်လိုက်တယ်။ ဒီပုဂ္ဂိုလ်တွေရဲ့ အကုသိုလ်ကံတွေက ပကတူပထိုက်တာ။ ပကတူပကံ။ အကြောင်းပြောနေတာ။ ဘာထိုက်တာလဲ။ ပကတူပ။ အဲ၊ မောင်ခေါ်ရာ မလိုက်ဖြစ်နေတယ်။ ကြည့်စမ်းပါ။ သူတို့က။ အဲ့တော့မှ "ကမ္မဝိပါကော နာမ၊ ကံရဲ့အကျိုးတရားမည်သည် မယာ ဝါ၊ ငါဘုရားသည်လည်းကောင်း၊ ကေနစိ ဝါ၊ တစ်စုံတစ်ခုသော တန်ခိုးရှင်တို့သည်လည်းကောင်း ပဋိဗာဟိတုံ၊ တားမြစ်ခြင်းငှာ န သက္ကာ၊ မတတ်ကောင်းပါ" တဲ့။ ဟုတ်လားဗျ။ "ကမ္မဝိပါကော နာမ၊ ကံရဲ့အကျိုးတရားမည်သည် မယာ ဝါ၊ ကေနစိ ဝါ ပဋိဗာဟိတုံ န သက္ကာ" တဲ့။ အဲ့တော့ ဒီလို အားကောင်းမောင်းသန်တဲ့ဥစ္စာတွေက အရှင်ဘုရားတို့ရေ တစ်စုံတစ်ယောက်က မတားမြစ်နိုင်ဘူးဗျ။ အဲ့လိုဖြစ်တတ်ကြတယ်။ ဂရုကံ၊ ကံရှိစဉ် မလား။ မှန်ပါဘုရား။
အဲ့ဒီဒါက ဂရုကကံအသွင် ဆောင်သွားတာပေါ့ဗျ။ ဟုတ်တယ်မို့လား။ ဒါကိုပြောတာ။ ဒါကြောင့် အဲ့ဒီလို ကံတစ်ပါးက တားမြစ်လို့မရနိုင်လောက်အောင်သော အကျိုးတရားတွေကို ပြောတာဖြစ်တယ်။ ဒါကြောင့် ကုသလကမ္မဝိပါကဿ၊ အကုသလကမ္မဝိပါကဿကို သိရှိနားလည်ကြပါစေကုန်သတည်းပေါ့ဗျာ။ ဟုတ်လား။
ကိုင်း၊ နောက်တစ်ခု သွားရအောင်ပေါ့။ "အရိယာ အနုပ္ပန္နံ ကိလေသံ သမာပတ္တိံ ဥပ္ပါဒေတိ၊ ဥပ္ပန္နံ သမာပတ္တိံ သမာပဇ္ဇတိ၊ သင်္ခါရေ အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော ဝိပဿတိ"။ အရိယာရဟန်းပုဂ္ဂိုလ်တို့သည် မဂ်ကိုအမှီပြု၍ မဖြစ်ပေါ်ကုန်သော ကိလေသာ၊ သမာပတ်တို့ကို ဖြစ်စေကုန်၏။ ဖြစ်ပေါ်ပြီးသော သမာပတ်များကိုလည်းပဲ သမာပဇ္ဇတိ ဝင်စား၏။ သင်္ခါရတရားတွေကိုလည်းပဲ ရဟန္တာပုဂ္ဂိုလ်တွေကလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ မရှုဘူးလား။ ရှုပါတယ်ဘုရား။ ရှုတယ်။ အနိစ္စမြင်တော့ ဘာကင်းစင်လဲ။ မာနကင်းစင်။ မာနကင်းစင်။ ဒုက္ခမြင်တော့ တဏှာကင်းစင်။ တဏှာကင်းစင်။ အနတ္တမြင်တော့ ဒိဋ္ဌိကင်းစင်တယ်။ ကင်းစင်တယ်ပေါ့ဗျာ။
ဒါကြောင့် တို့ အဲ့တာနဲ့ပတ်သက်ပြီးတော့ နည်းနည်းလေး ဟိုဘက်တိုးကြည့်ပြီးတော့ ပြောကြည့်ရအောင်ပေါ့။ အဘိဓမ္မာတရားတွေကို သင်ကြားကြရတဲ့ပုဂ္ဂိုလ်တွေဟာလည်း၊ အဘိဓမ္မာသင်ကြားကြရတဲ့ပုဂ္ဂိုလ်တွေဟာလည်း ဒီ ရှေးကတော့ ပြောတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်ဗျ။ ရှေးဆရာတော်တွေ ပြောတာပေါ့။ "သဒ္ဒါတတ်တော့ ဆော့တယ်၊ သင်္ဂြိုဟ်တတ်တော့ ပျော့တယ်" လို့ သူတို့ ပြောကြတယ်။ သဒ္ဒါတတ်တော့ ဘာလဲ။ ဆော့တယ်။ ဆော့တယ်တဲ့ဗျ။ သင်္ဂြိုဟ်တတ်တော့ ပျော့တယ်တဲ့။
အဲ့တော့ ဟိုးခေတ်ကတည်းကပဲ တပည့်တော်တို့ အခု ပုဂံပြည်ရဲ့နောက်ဖျား၊ ပင်းယခေတ်ကာလ နောက်ဖျားဆိုပါတော့။ ပုဂံသူတွေရဲ့ ကြိုးစားအားထုတ်ပုံကို ကိုယ်တော်တို့ အရင်လည်း ပြောခဲ့ပြီးပြီ။ "ညည်းတို့ ပဋ္ဌာန်း ဘယ်လောက်ရတုန်း" လို့ တစ်ယောက်နဲ့တစ်ယောက် မေးလိုက်တဲ့အခါကျရင် "ဟာ၊ ငါတို့ကတော့ အေး၊ အလုပ်ကလည်း ရှုပ်လို့၊ အိမ်ကလည်း ကလေးကလည်း ငယ်သေးလို့ ပဋ္ဌာန်းက ကုသလတ္တိကလောက်ပဲ ရပါတယ်" တဲ့။ ဘယ်လောက်ပဲရလဲ။ ကုသလတ္တိက။ ကိုင်း၊ ကုသလတ္တိကလောက်ကလေးပဲ ရပါသေးတယ်။ ကိုယ်တော်တို့နဲ့ ဘယ်လောက်များ ကွာသလဲဆိုလို့ရှိရင်။ ဟုတ်လား။ သိပ်တော့ သိပ်မကွာပါဘူး။ မတူရုံလေးနဲ့ ကွာတာ။ အဲ့ဒါနဲ့ သူတို့က အဲ့လိုပဲပေါ့။ ဒါနဆိုတာ မဟုတ်ဘူး။ သဒ္ဓါလည်း အလွန်တရာ ထက်သန်တယ်။ အဲ့ဒါနဲ့တင် ကိုရင်ခေမာတို့အုပ်စုကလည်းပဲ အဲ့မှာ ပုဂံပြည်က နာမည်ကြီးတယ်ဆိုတော့ ပင်းယပြည်ဘက်ကို အလည်သွားတာပေါ့ဗျ။ ဘယ်သူတို့ ဘာလဲ။ ကိုရင်ခေမာတို့။ ကိုရင်ခေမာတို့အုပ်စုကလည်းပဲ။ အဲ့ဒါနဲ့ကိုင်း၊ သူကနေပြီးတော့ အမျိုးသမီးတွေကလည်းပဲ ခုနကပြောတော့ သဒ္ဒါတတ်တဲ့အမျိုးသမီးဆိုတော့ ပါးစပ်က ဆော့တာပေါ့။ ကိုးဗျာ။ ဆော့တယ်ဆိုတာက ပါးစပ်ဆော့တာကို ပြောတာနော်။ မှန်ပါ။ အဲ့တာကြောင့်မို့လို့ "ပုရိသ" ဆိုလို့ရှိရင် ဘာဓာတ်တုန်းဗျ။ ပုရဓာတ်။ ပစ္စည်း။ ဒါကို ငုတ်တုတ်မေ့နေပြီ။ ဘယ်မှန်းကို မသိဘူး။ ကိုင်း၊ အဲ့လိုဆိုလို့ရှိရင် "ဇနီ" ဆိုလို့ရှိရင် ဘာပစ္စည်းတုန်းဗျ။ ဟမ်။ ဇနီ။ ဟင်။ ဒုက္ခရောက်ပြီ။ ကိုယ်တော်တို့ တစ်ခုမေးတာ။ ဟုတ်လားဗျ။ ဒုက္ခရောက်နေပြီ။ ဟုတ်လား။ အဲ အဲ့လိုရှိတယ်ပေါ့။ ဟုတ်လား။
အဲ့တော့ သူက မေးလိုက်ကြတယ်ပေါ့။ သူက "ကိုရင်တို့ ဘယ်ကြွလာခဲ့သလဲ" ဆိုတာကျတော့ "အဟံ ပေါက္ကံနဂရံ ဂစ္ဆိ" ပေါ့။ အဲ့တော့ "အဟံ" ဆိုကတည်းကိုပဲ ဟိုက "ဂစ္ဆာမိ" လုပ်ရမှာပေါ့ဗျာ။ "ဟာ၊ ဒကာမလေးတို့ရေ၊ ဒကာမကြီးတို့ရေ၊ ကိုရင်တို့ကတော့ အခု ပေါက္ကံပြည်ကို လာတာ"။ ဟုတ်လား။ ဟုတ်လားဗျ။ "အဟံ ပေါက္ကံနဂရံ ဂစ္ဆိ" ဆိုတော့ ဟိုဘက်က "အဟံ" နဲ့ ကိုက်သလား။ မကိုက်တော့ဘူး။ ဟုတ်လားဗျ။ တချို့လည်း အဲ့ဒါ သူတို့တွေ မသိသေးဘူးဘုရား။ စာကြောင်းအရောက်ကို မသိတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ အဲ့ဒါတွေက အဲ့ဒီကောက်စာတွေက ရောဂါတို့ဆိုတာတွေက မသိကြဘူး ဖြစ်နေတာ။ အာမရောဂါ၊ ဘာရောဂါဆိုတာတည်း မသိဘူး ဖြစ်နေတာ။ ဟုတ်လား။ ဒုက္ခရောဂါ ထင်မှ မသိဘူး ဖြစ်နေကြတယ်။ အဲ့တော့ ခုဟာက "ဂစ္ဆိ" နဲ့ "အဟံ" နဲ့က ကိုက်ရဲ့လား။ မကိုက်ပါဘူး။ "အဟံ" က အာख्यातရောဂါ မဟုတ်ဘူးလား။ မှန်ပါတယ်။ "ဂစ္ဆိ" ကကော။ အဲ့ဒါနဲ့ "ကိုရင်၊ အဲ့ ရောဂါလည်း မကိုက်ပါလား" ပေါ့လေ။ အဲ့ဒါ နှုတ်က အဲ့လိုစတာ။ အဲ့ဒါနဲ့ကိုင်း၊ ဒါတွေလည်း မကသေးဘူး။ ကိုယ်က မေးလိုက်တယ်။ "ကိုရင်၊ ကိုရင်အဖွဲ့က ဘယ်သူပေါ့လေ"။ ကိုရင်အဖွဲ့က ကိုရင်ကလည်း မနေနိုင်ဘူး။ သူ့ဥစ္စာ မှားသွားပြီဆိုကတည်းကိုပဲ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေပြီ။ ဘယ်ကိုရင်မှာလဲဗျ။ ခေမာပါ။ ကိုရင်ခေမာပါဗျ။ ဟုတ်လား။ အဲ့ဒါနဲ့အတိုင်း သွားတဲ့ဘက်က "ကိုရင်၊ ကိုရင်ခေ၊ ကိုရင်ခေမာပါ" လို့ ပြောလိုက်တာ။ "အရှင်ခေမာပါ" ဗျာ။ ဟုတ်။ နောက်တစ်ယောက်ကလည်းပဲ ဘယ်လိုပြောလိုက်သလဲဆိုရင် "ကိုယ့်အမည်ကလည်းပဲ ဣတ္ထိလိင်၊ အာပစ္စည်း၊ အာပစ္စည်းဆိုတော့ ကြီးပါလား" ပေါ့လေ။ အဲ့လိုပြောတဲ့အခါ တော်တော်နဲ့ ထောက်လိုက်တယ်။ "သရာဇသုတ်ကို ထောက်စမ်းပါဦး" ပေါ့။ ဟော၊ ဟိုက နှုတ်ဆော့ပုံ ပြောပါတယ်။ "သဒ္ဒါတတ်တော့ ဆော့တယ်" ဆိုတာ နှုတ်ဆော့တာကို ပြောတာ။ ဟုတ်လား။ သဒ္ဒါမတတ်ရင် မဆော့ဘူးပေါ့ဗျာ။ ဟုတ်လား။ အဲ့လိုပဲပေါ့လေ။ သင်္ဂြိုဟ်တတ်တော့ ဘာလဲဗျ။ ပျော့ပါတယ်။ ပျော့တယ်ပေါ့ဗျာ။ ဘာလို့ဆို "အနိစ္စ၊ ဒုက္ခ၊ အနတ္တ" တို့ရေ။ "အနိစ္စ၊ အဿကေ ဒုက္ခံ" ဘုရားထင်တာလို့ အဲ့မှာ မပါဘူးလား။ ကန်တော့။ ပါတယ်။ ပါတယ်။ ပေါ့။ စိတ်တွေက ပျော့ပြောင်းတာပေါ့ဗျာ။ ဘာလို့လဲဆိုလို့ရှိရင် ကြည့်ပါလား။ သမုစ္စည်းပိုင်း၊ အဲ ဝီထိမုဒ်ပိုင်းဆိုလို့ရှိရင် "သေခြင်းလေးမျိုး" ဆိုတာ မပြောဘူးလား။ တွေ့ပါတယ်ဘုရား။
သေခြင်းလေးမျိုးကတော့ တပည့်တော် မှတ်မှတ်ရရ (၇) နှစ်သားလောက်က ကြားဖူးတာ။ အိမ်မှာပဲ တပည့်တော်တို့၊ အိမ်မှာ တပည့်တော်တို့ ဘကြီးတော်က သင်္ဂြိုဟ်လောက်ပဲ တတ်ဖူးတာပဲ။ သင်္ဂြိုဟ်နဲ့ သဒ္ဒါလေး နည်းနည်းလောက် တတ်ဖူးတာ။ သင်္ဂြိုဟ်ကတော့ (၇) ပိုင်း၊ (၈) ပိုင်းလောက်တော့ တတ်ခုန်ထင်ပါတယ်။ အဲ သဒ္ဒါကတော့ သုတ်စစ်လောက် သင်ဖူးရုံပဲ။ ဒီတော့ အထင်ပေါ့လေ။ စာဝါတွေတော့ သွားနေဖူးတာပေါ့။ ဟို ဒကာကြီးတစ်ယောက်က ဦးညီဖျာဆိုတဲ့ ဒကာကြီးက ဟို အဲ့ဒီ ဒုတိယကမ္ဘာစစ်အတွင်းကပေါ့။ သူက ကြည့်အောင်နေတာဗျ။ သူက စာအံတော်တဲ့ပုဂ္ဂိုလ်တွေ။ ဒီအခါကြတော့ သေဆုံးထိန်းကို ဒီအခါကြတော့ တချို့ အလွတ်ရတာ ရှိသေးတယ်။ အလွန်တော်တဲ့ပုဂ္ဂိုလ်။ သူက အဲ့ဒီအကြောင်း ပြောပြတာပေါ့လေ။ ပြန်ပြီးတော့ ပြောပြနေတာ။ ဒီမှာ အံ့အားသင့်နေတာဗျ။ အဲ့ဒီကား (၇) နှစ်သား၊ (၈) နှစ်သား။ "သေခြင်းလေးမျိုးရှိတယ်"။ ဘာတွေဆိုတာ မသိပေမဲ့လို့လည်း "သေခြင်းဆိုတာ လေးမျိုးရှိတယ်" ပေါ့လေ။ ဘာလို့လဲဆိုတော့ သတ္တဝါတွေက သေမှာ မကြောက်ဘူးလား။ ကြောက်ပါတယ်။ သေမှာကြောက်တာကို "သေခြင်း" ဆိုတဲ့အခါ တရားကျလိုက်တာကိုး။ ဒီမှာ တုန်လှုပ်သွားတယ်။ "သေခြင်းလေးမျိုး" ဆိုတာ ဘာတွေမှန်း ပြောတာကို နာမည်မမှတ်မိတော့ပေမဲ့လို့ လေးမျိုးဆိုတော့ သိတယ်။ "သေခြင်းတရားလေးမျိုးရှိတယ်" ဆိုတော့ အဲ့လိုရှိတာပေါ့။
ပြောချင်တာ ဒီဥစ္စာတွေကလည်း လူတွေဟာလည်း သေမှာတော့ ကြောက်တယ်ပေါ့ဗျာ။ သေမှာကြောက်ရင် မကောင်းဘူး။ အိုမှာရော မကြောက်ဘူးလား။ ကြောက်ပါတယ်။ နာမှာရော မကြောက်ဘူးလား။ ကြောက်ပါတယ်။ အဲ၊ ဒီဥစ္စာတွေကြီးပဲ ထပ်ပြန်တလဲလဲ သင်နေရတာလေ။ ဟုတ်တယ်မို့လား။ အဲ့တော့လည်းပဲ ဒီဥစ္စာတွေက အဲ့ဒါကြောင့်မို့လို့ ခုနက ပြောပြီးပြီပဲ။ အဲ့ဒါ သင်္ဂြိုဟ်တတ်တော့ ဘာလဲဗျ။ သင်္ဂြိုဟ်ပျော့တယ်။ ပျော့တယ်တဲ့ဗျ။ သဒ္ဒါတတ်တော့ ဆော့တယ်။ ဆော့တယ်။ နှုတ်ဆော့တာကို ပြောတာနော်။ မှန်ပါ့။ အဲ့လိုရှိတယ်ပေါ့။
ဒါကြောင့်မို့လို့ ခုနက မေးခွန်းက ဘယ်ကထွက်လာသလဲဆိုလို့ရှိရင် "သင်္ခါရေ အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော ဝိပဿတိ"။ အဲ့တော့ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ ကိုယ်တော်တို့ရေ နည်းနည်းလေး ဟိုဘက်ကို တိုးကြည့်ရအောင်ပေါ့။ ကိုယ်တော်တို့ နည်းနည်းလေး ဗဟုသုတရှိရမယ်။ ဒါ အဘိဓမ္မာသင်ရခြင်းရဲ့အကျိုးလို့ ပြောလို့ရတယ်။ ဟုတ်လားဗျ။ ဘာသင်ရခြင်းရဲ့အကျိုးလဲ။ အဘိဓမ္မာသင်ယူခြင်းရဲ့အကျိုး။ အဘိဓမ္မာသင်ရခြင်းရဲ့အကျိုး။
အဲ့တော့ အခု ဒီတစ်ခု၊ အိန္ဒိယနိုင်ငံမှာ လိစ္ဆဝီမင်းတွေ ဘယ်လောက်ရှိတယ်လို့ ကိုယ်တော်တို့ မှတ်သားမိဖူးတုန်း။ မကြာသေးဘူး ပြောထားတာလေ။ မှန်ပါဘုရား။ (၇၇၀၇)။ (၇၇၀၇) ယောက်ရှိတယ်လို့ ပြောခဲ့တယ်နော်။ အဲ့ထဲမှာပဲ သူတို့ကလည်းပဲ ဟိုခေတ်ကတည်းက ဒီမိုကရေစီနိုင်ငံလို့ ပြောရမှာပေါ့ဗျာ။ အဲ့တော့လည်းပဲ မဟာလိဦးစီးတဲ့ သူတို့ ဝေသာလီပြည်၊ လိစ္ဆဝီပြည်။ အဲ့ဒီ လိစ္ဆဝီပြည်ဆိုတဲ့ဥစ္စာတွေလို ဝေသာလီဆိုတဲ့အဓိပ္ပာယ်တွေကလည်း ရှိသေးတယ်လို့ပေါ့။ ဒါ ကိုယ့်သဒ္ဒါကြီးရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါတယ်ပေါ့။ ထားပါတော့။ အဲ့ဒီမှာ သူတို့ ဝါဒအထူးအဆန်းပုဂ္ဂိုလ်တွေကလည်းပဲ သူတို့နိုင်ငံကို ရောက်ရှိလာကြသေးတယ်ဗျ။ အဲ့တော့ ဝါဒီ (၅၀၀) ပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်တစ်ယောက်ကလည်းပဲ သူတို့နိုင်ငံ ရောက်လာပြီးတော့ ဝါဒီရဲ့ အခြေအတင်တွေဆိုလို့ရှိရင် ကျန်တဲ့ပုဂ္ဂိုလ်ဆိုပဲ။ အမျိုးသမီးတစ်ယောက်ကိုလည်း အဲ့လိုရောက်လာတယ်။ ဝါဒ (၅၀၀) ပိုင်တယ်ပေါ့။ အဲ့ဒါတွေနဲ့တင် သူတို့နှစ်ယောက်ကို ခုနက လိစ္ဆဝီမင်းသားတွေက ပေါင်းစည်းပေးတဲ့အခါကျတော့ သူတို့ အဲ့ဒီကနေ ဆင်းသက်လာတဲ့၊ ပေါက်ဖွားလာတဲ့ အဂ္ဂိဝေဿာယန၊ သစ္စကရယ်ဆိုတော့ မောင်နှမ (၅) ယောက် မွေးဖွားလာတယ်။ မောင်နှမ ဘယ်နှယောက်လဲ။ (၅) ယောက်။ (၅) ယောက် မွေးဖွားလာတယ်။ သူ့ရဲ့အစ်မတွေကတော့၊ သူ့ရဲ့အစ်မတွေကို သူ့ရဲ့အမေအဖေတွေက သင်ပေးလွှတ်တယ်။ "သမီးတို့၊ ဒီ အမေ့ရဲ့ဝါဒ (၅၀၀)၊ အဖေ့ဆီက ဝါဒ (၅၀၀)၊ သူတို့ကို ကောင်းကောင်းသင်ကြားပေးလိုက်ပြီ။ ဝါဒ (၁၀၀၀) ကိုသာ သင်တို့က တကယ်လို့ ရှုံးသွားခဲ့မယ်ဆိုလို့ရှိရင် အဲ့ဒီက ပုဂ္ဂိုလ်ရဲ့ထံမှာ သွားပြီးတော့ ခြေရင်းမှာ ဝပ်စင်းပြီးတော့ နေခဲ့ကြတော့။ ဇနီးခင်ပွန်းဖြစ်ဖြစ်ပေါ့။ အဲ့လိုမှာခဲ့တယ်" ပေါ့လေ။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်တွေဟာ သူတို့ကိုနိုင်တဲ့ ဝါဒ (၁၀၀၀) ကျော်ကို ပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင် ဒါလည်း အလွန်တရာမှ ထူးချွန်ထက်မြက်မယ့်ပုဂ္ဂိုလ် မဖြစ်နိုင်ဘူးလား။ ဖြစ်နိုင်ပါတယ်။
ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။
ဒါ မိဘတစ်ယောက်ရဲ့ အတွေးအခေါ်ဗျ။ အဲ့ဒါနဲ့လည်း အခုနောက်ဆုံး ရှင်သာရိပုတ္တရာနဲ့ ပြိုင်တော့ သာပြီးသွားတာ။ သူတို့ ဝေသာလီလည်း မဟုတ်ဘူးနော်။ သူတို့ မရှုံးတရှုံး သွားပါလိမ့်။ သာဝတ္ထိမှာ သူတို့က နင်လားငါလားပေါ့။ နောက်တော့ ရှင်သာရိပုတ္တရာနဲ့တွေ့တော့ ရှုံးသွားရော။ ရှုံးသွားတော့ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးဆီမှာ လာပြီးတော့ လျှောက်ထားတော့ "အဲ့လိုဆိုလို့ရှိရင် ဘိက္ခုနီမအဖြစ် ဝတ်တော့" ဆိုပြီးတော့ သူ့အမိန့်နဲ့ မှာလိုက်တာပေါ့လေ။ ဝတ်ပစ်လိုက်တယ်။ နောက်တော့ ရဟန္တာထေရီမကြီးတွေဖြစ်ပြီးတော့ ရဟန္တာဖြစ်ကုန်ကြတာပေါ့။
သစ္စကကတော့ သူကလည်းပဲ အဆီတွေ အသားတွေစားပြီးတော့ ရင့်နေတာပေါ့ဗျာ။ သူကလည်းပဲ လိစ္ဆဝီမင်းသားတွေရဲ့ ဆရာ၊ မင်းဆရာဆိုတော့လည်းပဲ ဝေသာလီမှာပဲနေတာ ဘယ်မှမသွားဘူး။ အဲ သူကလည်းပဲ သူ့ရဲ့ခန္ဓာကိုယ်ကို မှန်းကြည့်မယ်ဆိုလို့ရှိရင်ပေါ့ဗျာ ကိုယ်တော်တို့ မုဒိမ်းရဲ့ ခန္ဓာကိုယ်ကြီးလိုပေါ့ဗျာ။ အခု အီလို့ မို့သေးတယ် မဟုတ်လား။ အဲ တကယ့်ကိုပဲ ဝဝဖိုင်ဖိုင်ကြီးပေါ့ဗျာ။ အဲ့ဒါ သူ့ရဲ့ပညာတွေ ပေါက်ကွဲထွက်သွားမှာ ကြောက်လို့တဲ့ ဗိုက်ကြီးကို သံပြားနဲ့ ပတ်ထားရသတဲ့ဗျ။ ဟုတ်လား။ ဘာနဲ့ပတ်ထားရလဲ။ သံပြားနဲ့ ပတ်ထားရသတဲ့။ အဲ့ဒါ ဝါဒနဲ့သာ တင်လိုက်မယ်ဆိုလို့ရှိရင်၊ သူ့ဝါဒလမ်းစဉ်နဲ့သာ တခြားသော ပုဂ္ဂိုလ်တွေကို အပြစ်တင်လိုက်မယ်ဆိုလို့ရှိရင် မတုန်မလှုပ်၊ မတိမ်းမယိမ်းတဲ့ ပုဂ္ဂိုလ်ရယ်လို့ မရှိဘူးတဲ့။ လက်ကလေးတွေကနေ ချွေးတွေ တပေါက်ပေါက် ယိုမစီးတဲ့ ပုဂ္ဂိုလ်မရှိဘူးတဲ့ဗျ။ အဲ့ဒါ အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓလို့ ဝန်ခံတဲ့ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ သာမန်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ပေါ့၊ သူနဲ့တွေ့လိုက်ပြီဆိုရင် ယိမ်းယိုင်တုန်လှုပ်ခြောက်ခြားသွားပြီးတော့ ရှုံးသွားရသတဲ့။ နောက်ဆုံး စိတ်စေတသိက်မရှိတဲ့ တုံးတိုင်တွေတောင်မှ သူ့ရဲ့ဝါဒနဲ့ တင်လိုက်မယ်ဆိုရင် အဲ့ဒီတုံးတိုင်တွေတောင် ယိမ်းယိုင်ပြီးတော့ သွားနိုင်တယ်တဲ့။ သူက အဲ့လို ပရိသတ်ကို စည်းရုံးလိုက်တာဗျ။ သူကလည်းပဲ မင်းဆရာဆိုတော့လည်းပဲ အဲ့လိုစည်းရုံးလိုက်တာပေါ့ဗျာ။
အဲ့တော့ တစ်နေ့တော့ ရှင်အဿဇိနဲ့ တွေ့တာပေါ့။ "ရှင်ဂေါတမကိုတော့ ငါနိုင်မှာပဲ။ ဒီနိုင်ငံမှာ ဘယ်သူသာ ကျန်တော့သလဲဆိုရင် ရှင်ဂေါတမတို့အုပ်စုပဲ ကျန်တော့တယ်။ ဒါကြောင့်မို့ သူ့ရဲ့အယူအဆဟာ ဘယ်လိုအယူအဆလဲလို့ သိရအောင်တော့ဖြင့် သူ့ရဲ့တပည့်ကြီးဖြစ်တဲ့ ရှင်အဿဇိနဲ့ သွားပြီးတော့ မေးကြည့်ဦးမှ ဖြစ်မှာပဲ" ပေါ့။ ရှင်အဿဇိကို မေးကြည့်လိုက်တဲ့အခါကျတော့ ရှင်အဿဇိက အနိစ္စနဲ့ အနတ္တပဲပြောတယ်။ ဒုက္ခကိုမပြောဘူး။ ခန္ဓာငါးပါးဟာလည်း အနိစ္စနဲ့ အနတ္တပဲပြောတယ်။ ဒုက္ခကိုတော့ မပြောဘူးပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ မဂ်ဖိုလ်တို့သော်လည်းပဲ တချို့နေရာတွေမှာဆိုရင် သင်္ခါရဒုက္ခဖြစ် ဟောထားတာ။ ဒါလေးကို တစ်ဖက်က ထောက်မယ်ဆိုရင် ထောက်ကွက်ကလေးဖြစ်သွားမှာကြောက်လို့ ချန်လှပ်ပြီးခဲ့တော့ သူက ခန္ဓာငါးပါးကို အနိစ္စနဲ့ အနတ္တပဲ ပြောတယ်။
အဲ့ဒါနဲ့ "အရှင်ဘုရား၊ အရှင်ဘုရားတို့ရဲ့ဆရာက အဲ့သလိုပဲ ပြောသလား" ဆိုတော့ "အဲ့သလိုပဲ ပြောတယ်" ပေါ့လေ။ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်လို့ခေါ်ဆိုတဲ့ ခန္ဓာငါးပါးတို့ဟာ မမြဲဘူး၊ အနိစ္စပဲ။ မိမိကိုယ်ပိုင်မဟုတ်ဘူး၊ အနတ္တပဲလို့ ပြောလိုက်တာ။ သူက အတ္တဝါဒီကိုးဗျ။ အဲ့တော့မှ သူ့ရဲ့အယူအဆတွေ သိပြီဆိုတော့မှ လိစ္ဆဝီမင်းသားတွေကို စည်းရုံးနေတဲ့နေရာကို သွားပြီးတော့ လိစ္ဆဝီမင်းသား ၅၀၀ တို့ စုရုံးနေရာကို သွားပြီးတော့ တစ်နေ့တော့ ပွဲကြီးပွဲကောင်းရှိတယ်။ ရှင်ဂေါတမနဲ့ ပြိုင်မယ်ပေါ့။ ဘုရားရှင်ကိုယ်တော်မြတ်ကလည်း အဲ့ဒီက မဟာဝုန်တော၊ ကုဋာဂါရသာလာကျောင်းမှာ သီတင်းသုံးနေတာ၊ ဝေသာလီပြည်ပေါ့လေ။ အဲ့တော့ "ဒီနေ့တော့ဖြင့် ဘုရားရှင်ကိုယ်တော်မြတ်ကို သွားပြီးတော့ ဝါဒနဲ့ပြိုင်မယ်" ဆိုပြီးကာမှ တစ်ခါတည်း ဝေသာလီပြည်တစ်ပြည်လုံးကို လှည့်လည်ကြေညာခိုင်းထားတယ် ဆိုပါတော့လေ။ "ပွဲကြီးပွဲကောင်းရှိတယ်။ ဝါဒပြိုင်ပွဲကြီး ရှိတယ်" ပေါ့။ အဲ့တော့ ဘုရားရှင်ကိုယ်တော်မြတ်ကလည်း ဘယ်နေရာ ချိန်းလိုက်သလဲဆိုရင် အဲ့ဒီကျောင်းကိုပဲ ချိန်းလိုက်တယ်ပေါ့ဗျာ။ လူတွေဟာလည်း အလွန်တရာမှ များလှတဲ့လူတွေပေါ့ဗျ။
အဲ့တော့လည်းပဲ "အရှင်ဘုရား၊ အရှင်ဘုရားရဲ့တပည့်ဆီက ကြားရတယ်။ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်လို့ခေါ်ဆိုတဲ့ ခန္ဓာငါးပါးကို အရှင်ဘုရားတို့က မိမိကိုယ်ပိုင်မဟုတ်၍လည်းကောင်း၊ အတ္တမဟုတ် အနတ္တဟူ၍လည်းကောင်း ပြောဆိုနေတယ်ဆိုတဲ့စကား မှန်သလားဘုရား" ဆိုတော့ ဘုရားရှင်ကိုယ်တော်မြတ်ကလည်း "မှန်တယ်" လို့ပဲ ပြောလိုက်တာပဲလေ။ အဲ့ဒါနဲ့ သူကနေပြီးတော့ ဘာပြောသလဲဆိုရင် "အရှင်ဘုရား၊ တကယ့်ကို ပေါ်လွင်ထင်ရှားတဲ့ကိစ္စတွေကိုပဲ အရှင်ဘုရားတို့က မျက်ကွယ်ပြုထားတာပဲ။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် မျိုးစေ့အပေါင်း၊ သစ်ပင်အပေါင်းတို့ဟာ ကြီးပွားစည်ပင်ပြန့်ပွားခြင်းသို့ ရောက်မယ်ဆိုရင် မြေကြီးကိုမှီပြီးတော့မှ၊ မြေကြီး၌တည်ပြီးတော့မှသာလျှင် ကြီးပွားစည်ပင်ခြင်းသို့ ရောက်သလိုပါပဲတဲ့။ နောက်တစ်ခုပြောမယ်ဆိုရင် လက်ရုံးဖြင့်ပြုလုပ်အပ်တဲ့ အမှုကိစ္စမှန်သမျှတို့ကိုလည်းပဲ မြေကြီးကိုမှီပြီးမှ ပြီးစီးအောင်မြင်ရသလိုပါပဲတဲ့။ ဒါ့အတူပဲ ရုပ်တည်းဟူသော အတ္တရှိသော ဤသတ္တဝါပုဂ္ဂိုလ်မှာလည်းပဲ ရုပ်၌တည်ပြီးတော့ပဲ ကုသိုလ်၊ အကုသိုလ် ၂ ပါးတို့ကို ပွားစေရတယ်တဲ့။ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်ဆိုတဲ့ ဒီတရားတွေမှာတည်ပြီးတော့ ကုသိုလ်တရား၊ အကုသိုလ်တရားတွေ ပွားစေရတာ မဟုတ်ဘူးလား" လို့ အဲ့လိုသူက မေးလိုက်တာဗျာ။ "ဒါကြောင့်မို့လို့ အရှင်ဘုရားတို့အနေနဲ့ အလွန်တရာမှ ထင်ရှားတဲ့ ဒီခန္ဓာငါးပါးကိုပဲ သတ္တဝါအတွက် အရေးပါတဲ့တရားဖြစ်ပါတယ်။ ခန္ဓာငါးပါးနဲ့တည်ပြီးတော့ ကုသိုလ်၊ အကုသိုလ်တရားတို့ကို ပြုလုပ်ကြရပါတယ်။ အဲ့တော့ ဒီအတ္တဝါဒသာလျှင် အဓိကဖြစ်ပါတယ်။ အရှင်ဂေါတမ၊ လောကအမြင်အားဖြင့် အလွန်တရာမှာ ထင်ရှားတဲ့ အတ္တကို ပယ်ပြီး အနတ္တကို အရှင်ဘုရားတို့ဟာ ဟောကြားနေတယ်" လို့ တစ်ခါတည်း သူကနေပြီးတော့ ဘုရားရှင်ကို အပေါ်စီးကနေ လွန်လွန်ကျူးကျူး၊ ပြင်းပြင်းထန်ထန် ဥပမာဆောင်ပြီးတော့ ပြောလိုက်တာ။
အဲ့တော့ ဒီနေရာမှာ အရှင်ဘုရားတို့၊ တကယ်လို့ ဘုရားရှင်သာ မဟုတ်ခဲ့ဘူးဆိုရင်တဲ့၊ ဒါ ဖွင့်ဆိုထားတာရှိတယ်။ ဘုရားရှင်မဟုတ်ခဲ့ဘူးဆိုရင် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်မှ သူ့ကို နိုင်အောင်ပြောနိုင်ဖို့အတွက် မလွယ်ဘူးတဲ့ဗျ။
အဲ့တော့ ဘုရားရှင်ကိုယ်တော်မြတ်က သူ့ကိုမေးလိုက်တယ်။ ပရိသတ်တွေကလည်း ဘေးကအများကြီးပေါ့။ လိစ္ဆဝီမင်းသားတွေရော၊ လိစ္ဆဝီမင်းသားတွေကလည်းပဲ တစ်ခါတည်း ဘေးနားက ဝိုင်းနေကြတာပေါ့။ "ကဲ သစ္စက၊ မင်းကို ငါမေးမယ်။ ရုပ်သည် ငါ၏အတ္တတည်း၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်တို့ဟာ ငါ၏အတ္တတည်းလို့ ဒီလိုဆိုသလား" ပေါ့လေ။ အဲ့လိုမေးလိုက်တော့ ပရိသတ်အလယ်မှာ မေးလိုက်တဲ့အတွက်ကြောင့်မို့လို့ မိမိပြောထားတဲ့စကား တည်တံ့အောင်ပေါ့ဗျာ၊ "အရှင်ဘုရား၊ တပည့်တော်သာ ပြောတာမဟုတ်ပါဘူး။ ဒီဝေသာလီပြည်သူပြည်သားတွေလည်းပဲ ဒီလိုပဲ ပြောနေကြတာပါ" တဲ့။ "ဟဲ့၊ ငါဘုရားရှင်နဲ့ ပြောနေတာ၊ မင်းနဲ့ငါနဲ့ စကားစစ်ထိုးနေတာ၊ သူတို့ကိုထည့်မပြောနဲ့" ပေါ့။ သူက သူခိုးပေါ်ဓားတင်တယ် မဟုတ်လား။ သူခိုး ဓားရိုးကမ်း ဆိုသလိုပဲပေါ့။ သူကနေပြီးတော့ ဝေသာလီမင်းသားတွေ ပါအောင် ဆွဲထည့်တာပေါ့ဗျာ။ "ကဲ ဒါဆိုရင် သစ္စက၊ ရုပ်ကို ငါ၏အတ္တဟု သင်ဆိုသလား" ပေါ့လေ။ အဲ့ဒါ သူ ဝန်ခံအောင် မေးတာ။ "ကိုင်း သစ္စက၊ ရာဇဂြိုဟ်ပြည်ကို အုပ်စိုးတဲ့ အဇာတသတ်မင်းကြီးရှိတယ်။ ကောသလတိုင်းကို အုပ်စိုးတဲ့ ပသေနဒီကောသလမင်းကြီးရှိတယ်။ အဲ့ဒီပုဂ္ဂိုလ်တွေက မိမိတိုင်းပြည်မှာ ဒဏ်ခတ်ထိုက်တဲ့သူ၊ ပြည်နှင်ဒဏ်ပေးထိုက်တဲ့သူ၊ ကြိမ်ဒဏ်သင့်မယ့်သူ၊ သေဒဏ်ပေးရမယ့်သူဆိုရင် သူတို့အပြစ်အားလျော်စွာ ဒဏ်ပေးနိုင်တယ်။ အဲ့လိုပဲ သင်က ဤရုပ်သည် ငါ့ရုပ်ပဲ၊ အတ္တပဲလို့ ပြောမယ်ဆိုရင် အဲ့ဒီအတ္တကို သင့်အမိန့်အလိုကျ ဖြစ်အောင် သင်ဆောင်ရွက်နိုင်ရဲ့လား" လို့ မေးလိုက်တယ်။
အဲ့တော့မှ သူ သိသွားတယ်ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုရင် သူဟာလည်း စောစောကပြောခဲ့သလို သူ့ခန္ဓာကိုယ်ကြီးကို နတ်သားလေးတစ်ပါးလို လှပအောင် လုပ်ချင်မှာပေါ့ဗျ။ အဲ့လိုလုပ်လို့ရလား။ မရဘူး။ အဲ့ဒါ သိလိုက်တော့ ဘာဖြစ်သွားတာလဲ။ အနတ္တပေါ့။ ကိုယ်အစိုးမရဘူးဆိုတာ ထင်ရှားမသွားဘူးလား။ ထင်ရှားသွားတယ်ပေါ့ဗျ။ အဲ့ဒါ ပရိသတ်ကြားထဲမှာ ဘုရားရှင်ကိုယ်တော်မြတ်က သုံးကြိမ်သုံးခါမေးတယ်။ သူ မလှုပ်ရှားနိုင်တော့ဘူး။ "ကိုင်း၊ သင့်ရဲ့ခန္ဓာကိုယ်ကို ပြုပြင်လို့ရလား။ သင့်ရဲ့အလိုဆန္ဒအတိုင်း သင့်ရဲ့ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်၊ ဒီတရားတွေဟာ သင့်ရဲ့အလိုဆန္ဒအတိုင်း ဖြစ်ရဲ့လား" လို့ ဘုရားရှင်ကိုယ်တော်မြတ်က မေးတဲ့အခါကျတော့ သူ့ရဲ့နှလုံးသားမှာ ခုနက အနတ္တအရိပ်အယောင်တွေ ပေါ်လာတယ်။
ဒါကြောင့်မို့လည်းပဲ သူက ဝေသာလီတစ်ပြည်လုံးကို တစ်ခါတည်း လိုက်လံကြေညာထားတာ။ ပရိသတ်တွေကလည်း တချို့က ရှင်ဂေါတမ ရှုံးတော့မှာပဲလို့ ထင်ကြတယ်။ တချို့ကလည်း ဘုရားရှင်ကိုယ်တော်မြတ်ဆိုတာ ဘယ်တော့မှမရှုံးနိုင်ဘူးလို့ ထင်ကြတယ်။ တချို့ကြတော့လည်း သစ္စကကို ထောက်ခံတဲ့သူလည်းရှိတယ်။ တချို့ကလည်း ဘုရားရှင်ကို ထောက်ခံတဲ့သူ ရှိတာပေါ့ဗျ။ လိစ္ဆဝီမင်းသားအများစုကတော့ သူ့ဆရာ သစ္စကကြီးကိုပဲ သဘောကျသလို ဖြစ်နေတာ။ အဲ့ထဲမှာတော့ သဘောမကျတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရှိတယ်။ အဲ့ဒီ လိစ္ဆဝီမင်းသားက ဒုမ္မုခတဲ့။
အဲ့တော့ သူက ဒုမ္မုခက ဝင်လျှောက်လိုက်တယ်။ "မြတ်စွာဘုရား၊ အရှင်ဘုရား ကြည့်စမ်းပါဦး။ တပည့်တော် ဥပမာနဲ့ ပြောချင်ပါတယ်ဘုရား" တဲ့။ "ကိုင်း ဒုမ္မုခ၊ မင်းပြောစမ်းကွာ" တဲ့။ အဲ့တော့မှ သစ္စကပရိพาဇ်ကြီးကို သူ မျက်စောင်းထိုးပြီးတော့ပေါ့ဗျာ၊ "ကြည့်စမ်းပါဦးဘုရား။ တောထဲမှာ လယ်ပုစွန်လုံးဆိုတာ ရှိပါတယ်။ ကလေးတွေ၊ နွားကျောင်းသားတွေက တုတ်နဲ့ထိုးပြီး ရေထဲကနေ ကုန်းပေါ်တင်လိုက်၊ ကုန်းပေါ်ကနေ ရေထဲပြန်ချလိုက် လုပ်ကြတယ်။ ခြေတွေလက်တွေ ချိုးလိုက်သလိုပဲ၊ ဒီသစ္စကရဲ့ အယူဝါဒဟူသော ခြေချောင်းလက်ချောင်းတွေကို ချိုးပစ်လိုက်ပြီ။ အခု တုန်လှုပ်ချောက်ချားသွားပြီ ဖြစ်ပါတယ်" လို့ အဲ့လိုပြောတာဗျာ။ သူက နဂိုကတည်းကိုက သစ္စကကို အမြင်ကပ်နေပုံရတယ်ဗျ။ အဲ့လိုပြောလိုက်တော့ အရှက်တကွဲအကျိုးနည်း ဖြစ်သွားခဲ့တယ်ပေါ့ဗျာ။ ရှုံးကြီးရှုံးသွားခဲ့ပြီပေါ့ဗျာ။
သစ္စကပရိพาဇ် ရှုံးကြီးရှုံးသွားခဲ့ပြီ။ ဘာဖြစ်လို့ ဒီသစ္စကပရိพาဇ်ကို ဘုရားရှင်ကိုယ်တော်မြတ်က ဒီလောက် အားထုတ်ပြီး ဟောရသလဲဆိုရင် သူက သရဏဂုံတောင် တည်မသွားဘူး။ ခုနကပြောသလိုပဲ သူက အနတ္တလက္ခဏာကိုတော့ သူမြင်သွားတယ်ဗျ။ အနတ္တကို ဉာဏ်နဲ့ထင်သွားခဲ့တယ်။ သူရှုံးသွားပြီလေ။ သူ အနတ္တကို မတော်လှန်နိုင်လို့ ရှုံးတာမဟုတ်ဘူးလား။ အနတ္တကို တော်လှန်နိုင်ရင် သူရှုံးပါ့မလား။ မရှုံးဘူးပေါ့ဗျာ။ သူ အနတ္တကို မတော်လှန်နိုင်ဘူး။ တကယ် သူ့စိတ်ထဲကလည်း "ဪ ဟုတ်နေတာပဲ" ပေါ့။ အဲ့ဒါ ပါးစပ်ကတော့ လက်မခံဘူး။ စိတ်ထဲကတော့ လက်ခံသွားခဲ့တယ်။ ဒါနဲ့ပဲ နောက်တော့ သစ္စကကြီးဟာ အဲ့ဒီက အနတ္တလေးထင်မှုနဲ့ ပတ်သက်ပြီးတော့ သာသနာသက္ကရာဇ် ၂၀၀ ကျော်လောက်မှာ သီရိလင်္ကာ၊ အဲ့ခေတ်ကတော့ သီဟိုဠ်ပေါ့၊ သီဟိုဠ်နိုင်ငံသွားပြီးတော့ ကာလဗုဒ္ဓရက္ခိတမထေရ်လို့ ဖြစ်ရတယ်တဲ့ဗျ။
ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။
ကာလဗုဒ္ဓရက္ခိတမထေရ်လို့ ဖြစ်လာခဲ့တယ်။ အဲ့တော့ ကာလဗုဒ္ဓရက္ခိတမထေရ် ဖြစ်လာတာဟာ အရှင်ဘုရားတို့၊ ဒီဘက်ဘဝမှာ အနတ္တကို ထင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ပါ။ အနတ္တထင်တယ်ဆိုတာ ဉာဏ်ပညာစူးရှတဲ့ ပုဂ္ဂိုလ်တွေမှ ထင်နိုင်တာဗျ။ သာမန်နဲ့ မထင်နိုင်ဘူး။ ဟုတ်လားဗျ။ အဲ့ဒါနဲ့ သူ့အနေနဲ့ အလွန်တရာ ဉာဏ်ကောင်းတာ။ သူက ဓမ္မကထိကဖြစ်တာ။ နောက် သူ့ရဲ့ဆရာတွေရဲ့ တိုက်တွန်းချက်အရ တရားထွက်လိုက်တဲ့အချိန်အခါမှာ ရဟန္တာဖြစ်သွားတာ။ ရဟန္တာမထေရ်ကြီးဖြစ်တယ်ဆိုတာ အရှင်ဘုရားတို့ ပဋိသမ္ဘိဒါပတ္တနဲ့တကွ ဖြစ်တာ။ ဘာနဲ့ဖြစ်တာပါလိမ့်။
ပဋိသမ္ဘိဒါပတ္တနဲ့ ဖြစ်တာပါ။
အဲ့တော့ ဒီအဘိဓမ္မာသင်ရခြင်းရဲ့ အကျိုးကလည်းပဲ အရှင်ဘုရားတို့၊ ရဟန္တာငါးမျိုး ဖြစ်ရတဲ့အထဲမှာ အဲ့ဒီ ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်ရတယ်လို့ ပြောခဲ့တယ်လေ။ ဟုတ်လားဗျ။ သုက္ခဝိပဿကရဟန္တာ၊ တေဝိဇ္ဇရဟန္တာ၊ ဆဠဘိညရဟန္တာ၊ ပဋိသမ္ဘိဒါပတ္တရဟန္တာလို့ ရဟန္တာက ဘယ်နှမျိုးလဲ။
ငါးမျိုးပါ။
ဒီအဘိဓမ္မာတရားတွေကို သင်ကြားဖူးတဲ့ ပုဂ္ဂိုလ်တွေဆိုရင် ဘယ်လိုရဟန္တာမျိုး ဖြစ်ရလဲ။
ပဋိသမ္ဘိဒါပတ္တရဟန္တာပါ။
ပဋိသမ္ဘိဒါပတ္တရဟန္တာမျိုး ဖြစ်ရတယ်ပေါ့။ ဟုတ်လားဗျ။ အခုကြည့်လိုက်၊ အရှင်ဘုရားတို့၊ ခုနက သစ္စက၊ ခုနက ဘယ်သူလဲ။
ကာလဗုဒ္ဓရက္ခိတ။
ကာလဗုဒ္ဓရက္ခိတမထေရ်တဲ့ဗျ။ ကာလဗုဒ္ဓရက္ခိတမထေရ်ဖြစ်ပြီးတော့ အရှင်ဘုရားတို့ရေ၊ သူက သစ္စကဘဝတုန်းကမှ ဟောကောင်းပြောကောင်းတာ မဟုတ်ဘူး။ ခုနက ကာလဗုဒ္ဓရက္ခိတမထေရ်ဘဝရောက်တော့လည်းပဲ အလွန်တရာမှ အဟောကောင်း အပြောကောင်းတာ။ ဘယ်လောက်တောင်ကောင်းသလဲဆိုရင် သူ့ရဲ့ပစ္ဆာသမဏကို ခုနက သီဟိုဠ်ဘုရင်ကနေ လျှောက်ထားတာ။ "အရှင်ဘုရား၊ ဆရာတော်များ တရားပွဲရှိရင် တပည့်တော်ကိုလည်း အမိန့်ရှိပါဦးဘုရား။ ဖုန်းလေးတော့ဖြင့် ဆက်သွယ်ထားပါဦးဘုရား" ပေါ့။
အဲ့တော့ သူ့ရဲ့ဆရာ ဘယ်သူလဲ။ ကာလဗုဒ္ဓရက္ခိတမထေရ်လေ။ ကာလဗုဒ္ဓရက္ခိတမထေရ် ညနေကျမှ တရားပွဲရှိမှန်းသိတော့ ခုနက သူ့ရဲ့ပစ္ဆာသမဏကလည်း ခုခေတ်ဆိုရင်တော့ PA ပေါ့။ ဟုတ်လား။ အဲ့တော့ ဘာပို့လိုက်တာတုန်းဗျ။ အကြောင်းကြားလိုက်တယ်။ "ဒကာတော်ကြီး၊ မင်းတရားကြီး၊ ဘုန်းကြီးတို့ရဲ့ဆရာဘုန်းကြီးကတော့ ဒီညနေမှာ တရားပွဲရှိတယ်" ပေါ့။ အဲ့တော့ တိုင်းခန်းလှည့်လည်ရာကနေ နောက်ကျနေတာ။ နောက်ကျနေတယ်ဆိုတော့ အဲ့ဒါနဲ့ တရားပွဲရဲ့အရှေ့ကနေလို့ မဖြစ်တော့ဘူး။ ဘုရင်တိဿရဲ့ ဘေးနားလေးကနေ ထိုင်လို့လည်းမဖြစ်တော့ဘူး။ ဘေးနားလေးက မတ်တပ်ရပ်ပြီးတော့ လက်အုပ်ကလေးချီပြီးတော့ တရားနာနေတာ။
အဲ့ဒါနဲ့ ကာလဗုဒ္ဓရက္ခိတမထေရ် တရားဟောလိုက်တာ ညဉ့်ဦးယံကတည်းက တရားဟောချလိုက်တာပေါ့။ ညဉ့်ဦးယံကုန်၊ သန်းခေါင်ယံရောက်၊ သန်းခေါင်ယံကုန်တော့ မိုးသောက်ယံရောက်၊ မိုးသောက်ခါနီးကျမှ အဲ့ဒီမှာ တရားပွဲကပြီးတော့ သာဓုချလိုက်ကြတော့မှ၊ သာဓုသံကြားတော့မှ ဒီဘက်က ရှင်ဘုရင်ရဲ့အသံမှန်း သိတာကိုး။
ရှင်ဘုရင်အသံမှန်းသိတော့ အဲ့ဒါနဲ့ မထေရ်မြတ်ကနေပြီးတော့ ရှင်ဘုရင်အသံပဲဆိုပြီး သာဓုခေါ်တဲ့ဘက်ကို လှည့်ကြည့်တဲ့အခါကျတော့ ရှင်ဘုရင်က ဘယ်လိုနေတာပါလိမ့်။
မတ်တပ်ရပ်ပြီးတော့ လက်အုပ်ချီပြီးတော့ နေတာတဲ့ဗျာ။ တစ်ညလုံး။
အဲ့ဒါနဲ့ တရားပွဲပြီးတော့ "အရှင်မင်းကြီး၊ တရားပွဲကို ဘယ်အချိန်ရောက်လာသလဲ" ဆိုတော့ "အရှင်ဘုရား၊ အရှင်ဘုရား စပြီးတရားဟောကတည်းက ရောက်လာတာဘုရား" ပေါ့လေ။ "ဟော၊ အရှင်မင်းကြီး၊ တစ်ညလုံးတောင်မှ အဲ့လိုကြီးနေရသလား" ဆိုတော့ "ဟုတ်ပါတယ်ဘုရား။ အံ့ဩစရာကောင်းပါတယ် ဒကာတော်မင်းတရားကြီးရယ်"။ "အရှင်ဘုရား၊ ဒါလည်း အံ့ဩစရာကောင်းတာ ဘာမှမဟုတ်သေးပါဘူး။ အရှင်ဘုရားတရားဟောတဲ့အထဲမှာ တပည့်တော်ရဲ့စိတ်ကလည်း ဘယ်ကိုမှရောက်မသွားဘဲနဲ့ အရှင်ဘုရားရဲ့တရားအာရုံမှာပဲ ရောက်နေတာက အံ့ဩစရာကောင်းပါတယ်" တဲ့။ တကယ် အံ့ဩစရာကောင်းလား။ ကိုယ်တော်တို့ ရှုပ်ရှုပ်ယှက်ယှက်တွေတော့ လုပ်မှာပါဗျ။ ဟုတ်လား။ အဲ့ဒါ ကိုယ်တော်တို့ ကိုယ့်စိတ်ကိုယ် ဖမ်းမနိုင်ဘူးဗျို့။ မှန်တာပြောရရင် တစ်မိနစ်တောင် မဖမ်းနိုင်ဘူး။ ဒါ ရိုးရိုးရှင်းရှင်းပြောပြတာ။ ဝင်သက်ထွက်သက်မှာ ထိထိသိသိ သတိထားတာတောင် မဖမ်းနိုင်ဘူး။ ဒီကောင် ထွက်ထွက်ပြေးနေတာ။ ဟုတ်လား။ အဲ့ဒါ ထိန်းလို့အခက်ဆုံးကတော့ သူပဲ။ ဘယ်သူလဲဗျ။ စိတ်။ ဒီဥစ္စာလေးတွေက တော်တော်ကိုခက်တာ။ အထိန်းရအခက်ဆုံးက သူပဲ။ စိတ်ကိုမနိုင်ဘူး ဖြစ်နေတာ။ ဟုတ်လားဗျ။ အပေါ့ဆုံးသည် အလေးဆုံးဖြစ်နေတာ။
အဲ့တော့လည်းပဲ အရှင်ဘုရားတို့၊ အခုကြည့်လိုက်မယ်ဆိုရင် ခုနက "သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊ သဗ္ဗေ ဓမ္မာ အနတ္တာ" လို့ ဝိပဿနာရှုရတယ်။ ဟုတ်လားဗျ။ အဲ့ဒါ အရှင်ဘုရားတို့၊ အခု အဲ့ဒါက ကိုယ့်ရဲ့အဘိဓမ္မာသင်ကြားရခြင်းရဲ့ အကျိုးတရားတွေ။ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် အနတ္တမြင်ရခြင်းရဲ့ အကျိုးတရား။
ကိုင်း ကိုယ်တော်တို့ရေ၊ တရားဟောတာလည်း ၄၅ မိနစ်တောင် ကျော်သွားပြီ။ ကဲ အဲ့လောက်ဆို တော်ကြရအောင်ပေါ့ဗျာ။
ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။
မာတုဂါမံ ပဋိသေဝတိ၊ ပိတုဂါတကမ္မံ၊ မာတုဂါတကမ္မံ၊ အရဟန္တဂါတကမ္မံ၊ လောဟိတုပ္ပါဒကမ္မံ၊ သံဃဘေဒကမ္မံ စသည်ဖြင့် မူထားပြီးတော့ ဟောသွားမယ်။
အဲ့တော့ အကုသိုလ်ကြောင့် အကုသိုလ်တွေဖြစ်တာတဲ့။ ဘာကြောင့် ဘာဖြစ်တာလဲ။
အကုသိုလ်ကြောင့် အကုသိုလ်တွေဖြစ်တာပါ။
ကုသိုလ်မှာ သဒ္ဓါတရားက ခေါင်းဆောင်သလို၊ အကုသိုလ်မှာတော့ ရာဂဆိုတဲ့တရားက ခေါင်းဆောင်တယ်တဲ့ဗျ။ ရာဂဆိုတာက "ရဉ္စတိ"၊ စွဲလမ်းတတ်တယ်၊ တပ်မက်တတ်တယ်။ ဘယ်လိုတပ်မက်သလဲဆိုရင် ပိတ်ဖြူပေါ်မှာ အရောင်တွေဆိုးလိုက်ရင် အဲ့ဒီပိတ်ဖြူမှာ အရောင်တွေစွဲမနေဘူးလား။
စွဲနေပါတယ်ဘုရား။
အဲ့သလိုပဲတဲ့ဗျ။ စွဲလမ်းတယ်ဆိုတာ အဲ့ဒါကိုပြောတာပဲ။ အဲ့လိုပဲ အခု စားချင်တာ၊ သွားချင်တာ၊ ကြည့်ချင်တာ၊ မြင်ချင်တာတွေ အကုန်လုံးပဲပေါ့။ ဟုတ်တယ်မလားဗျ။ ဒါတွေဟာလည်း ရာဂရဲ့ အစွမ်းသတ္တိပဲ။ ကြည့်ချင်တာတွေ၊ စနေနေ့ဆိုရင် ဘယ်ပွဲတွေရှိတယ်၊ တနင်္ဂနွေနေ့ဆိုရင် ဘယ်ပွဲတွေရှိတယ်၊ ဘယ်နေ့ဆို ဘာပွဲတွေရှိတယ်၊ အဲ့ဒါတွေကလည်း အရှင်ဘုရားတို့ ကြည့်ချင်တာတွေပဲဖြစ်ဖြစ်၊ စားချင်တာတွေပဲဖြစ်ဖြစ်၊ အကုန်လုံးဟာ ဒါတွေပဲ။ အဲ့ဒါတွေကို အကြောင်းပြုပြီးတော့မှ သူများအသက်ကိုသတ်မယ်၊ သူများသားမယားကို ပြစ်မှားမယ်၊ ရွာတွေကိုဖျက်မယ်၊ နိဂုံးကိုဖျက်မယ်၊ အမေကိုသတ်မယ်၊ အဖေကိုသတ်မယ်၊ ရဟန္တာကိုသတ်မယ်၊ ဘုရားရှင်ကို သွေးစိမ်းတည်အောင် ပြစ်မှားတဲ့စိတ်နဲ့ လုပ်မယ်၊ သံဃာအသင်းခွဲမယ်၊ အဲ့ဒါတွေက အကုန်လုံးပဲ အရှင်ဘုရားတို့ ကြီးမားတဲ့အကုသိုလ်တွေချည်းပဲတဲ့ဗျ။
ကြီးမားတဲ့အကုသိုလ်တွေပါ။
အဲ့တော့ ကိုယ်တော်တို့၊ သံဃဘေဒကကံအကြောင်း ဟိုတစ်နေ့က ပြောခဲ့ပြီးပြီပေါ့။ သံဃာအသင်းခွဲတာလေ။
ပြောခဲ့ပါတယ်။
အဲ့ဒါ "အာပတ်ခုနစ်ပုံ၊ စတုတ္ထတင်၊ ထို့ပြင်မကွဲ၊ ငါးတောင်မြဲ" ဆိုတာက အဲ့လိုရေးခဲ့တာရှိတယ်။ အဲ့တော့ သံဃာအသင်းခွဲတဲ့ ဒေဝဒတ်တို့၊ ကောကာလိကတို့ဟာ သူတို့ သံဃာတွေကို အသင်းခွဲခဲ့တဲ့အတွက်ကြောင့်မို့လို့ မြေမြိုပြီးတော့ သေရတဲ့အဆင့်အထိ ရောက်ခဲ့တယ်။ ပစ္စုပ္ပန်ကာလမှာလည်း မကောင်းဘူး၊ သံသရာမှာလည်း မကောင်းဘူး။
ဒါနဲ့ပတ်သက်လို့ ဘာလေးပြောချင်သလဲဆိုရင် "သံဃံ ဘိန္ဒတိ" ဆိုတာက ဝိနည်းအမြင်နဲ့ အဘိဓမ္မာအမြင် ကြည့်မယ်ဆိုရင် နည်းနည်းလေး ကိုယ်တော်တို့ မှတ်သားထားဦး။ သံဃာကို ကွဲပြားအောင်ပြုတယ်၊ စိတ်ဝမ်းကွဲအောင်လုပ်တယ်။ ဝိနည်းမှာတော့ သံဃာဒိသေသ်မှာပါတဲ့အတိုင်းပဲပေါ့ဗျာ။ ဘေဒနသိက္ခာပုဒ်မှာလာတဲ့အတိုင်းပဲ။ အဲ့ဒီမှာ ဉတ္တိကမ္မဝါစာနဲ့ သုံးကြိမ်မြောက် ဆုံးမပြီးမှ သံဃာဒိသေသ်အာပတ်သင့်တာ မဟုတ်ဘူးလား။
ဒါပေမဲ့ ကံကတော့ အရှင်ဘုရားတို့၊ အဘိဓမ္မာကံက စတင်လုပ်ပြီဆိုကတည်းက ဘာဖြစ်လဲ။
ထိုက်တော့တာပါပဲ။
ထိုက်တော့တာပဲ။ ဟုတ်လား။ အဲ့တော့ ဝိနည်းကံအနေနဲ့ကတော့ အရှင်ဘုရားတို့၊ ဉတ်ကမ္မဝါစာ မဆုံးသေးဘူးဆိုရင် သံဃာဒိသေသ်အာပတ် သင့်ရဲ့လား။
မသင့်သေးပါဘူး။
မသင့်သေးဘူး။ သို့သော်လည်းပဲ အရှင်ဘုရားတို့၊ အဘိဓမ္မာအပြစ်ကတော့ စတင်ပြီးတော့ ကြံစည်ပြီဆိုကတည်းက အပြစ်မရှိဘူးလား။
ရှိပါတယ်။
ကြံစည်ပြီး၊ ပြောဆိုပြီး၊ ပြုလုပ်ပြီဆိုကတည်းက ဖြစ်သွားခဲ့ပြီပေါ့ဗျာ။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ဒေဝဒတ်တို့၊ ကောကာလိကတို့ဟာ သူတို့ရဲ့အသင်းအပင်းတွေနဲ့ သံဃာခွဲတဲ့အခါမှာ၊ အဲ့ဒီသွေးကွဲတဲ့အစဟာ နှစ်ပေါင်းတစ်ရာလောက်မှာ ဝေသာလီပြည်မှာ အကြွင်းအကျန်တွေ ကျန်ရစ်ပြီးတော့ နောက်ဆုံးမှာ မဟာယာနဖြစ်လာတဲ့ လမ်းစ၊ သူတို့ မွေးဖွားပေးတဲ့မီးလို့ ပြောလို့ရတယ်။ သာသနာ့သမိုင်းကြောင်းပဲလေ။ သာသနာနှစ်ရာလောက်ကျတော့ ပြန်ပြီးတော့ ပြန့်ပွားလာတာ။ အဲ့လိုဖြစ်လာတယ်လို့ သမိုင်းမှတ်တမ်းမှာ အဲ့လိုတွေရှိတယ်ဗျ။
အဲ့တော့ အရှင်ဘုရားတို့၊ အခု ဘာပြောချင်တာလဲဆိုလို့ရှိရင် သံဃာစိတ်ဝမ်းကွဲအောင်၊ ကိုယ့်အချင်းချင်းပဲဖြစ်ဖြစ်၊ သံဃာတွေ စိတ်ဝမ်းကွဲအောင်လုပ်တဲ့ ပုဂ္ဂိုလ်တွေဟာ ဒီဘဝမှာတင် ဒုက္ခရောက်စေနိုင်တယ်။ အဲ့တော့ အမှုအခင်းတွေရှိတာ တွေ့ပြီဆိုရင်တော့ လမ်းအောင်ရှောင်၊ ဝေးအောင်ရှောင်နေကြ။ သူများရဲ့အကုသိုလ်ထဲမှာ ကိုယ်က ရောမတွဲချင်နဲ့။ ဟုတ်လားဗျ။ သူများရဲ့အကုသိုလ်ထဲမှာ ဘာဖြစ်လဲ။
ရောမတွဲချင်နဲ့။
အကုသိုလ်အမွေကို ခံချင်သေးလား။
မခံချင်ပါဘူး။
ဒီမျက်မှောက်သောကာလမှာတင် ဆိုးကျိုးတွေအများကြီးပဲ။ စာဖွဲ့လို့မကုန်နိုင်အောင်၊ စကားတွေပြောလို့မကုန်နိုင်အောင်၊ ရာဇဝင်မှတ်တမ်းတွေ ရေးထိုးနိုင်လောက်အောင်ကိုပဲ ဆိုးကျိုးဒုက္ခတွေနဲ့ လူတွေဟာ ဘဝဆုံးရှုံးကုန်ကြတယ်။ အဲ့ဒါ ဝိနည်းကံအနေနဲ့ သံဃာဒိသေသ်အာပတ်တွေ မသင့်ကြပေမယ့်လည်း အဘိဓမ္မာကံအနေနဲ့ မဖြစ်ကြဘူးလား။
ဖြစ်ကြပါတယ်။
ဖြစ်ကြတယ်။ အဲ့တော့ စိတ်ဝမ်းကွဲအောင် မလုပ်ကြရဘူး။ ဟုတ်လားဗျာ။ စိတ်ဝမ်းကွဲအောင်လုပ်မယ်ဆိုရင် အဲ့ဒီပုဂ္ဂိုလ်ဟာ ဒီဘဝမှာတင်ပဲ ဒုက္ခရောက်မယ်၊ သံသရာမှာလည်းပဲ ဒုက္ခရောက်နိုင်တယ်လို့ ဒီလိုလေးပဲ သိထားကြပါ။ အဘိဓမ္မာအပြစ်ကတော့ စိတ်ဝမ်းခွဲအောင် ပြုလုပ်ကတည်းကပဲ အကုသိုလ်ကံထိုက်နေပြီလို့ အဲ့လိုမှတ်လိုက်။
(ဤနေရာမှစ၍ ပိဋကတ်တော်လာ ပါဠိများနှင့် ၎င်းတို့၏ အနက်အဓိပ္ပာယ်များကို အကျယ်တဝင့် ရှင်းလင်းဟောကြားထားခြင်း ဖြစ်ပါသည်။)
အဲ့ထဲက အရှင်ဘုရားတို့ရေ၊ အဆိုးဆုံးတစ်ခုကိုပြောပါဆိုရင်တော့ နိယတမိစ္ဆာဒိဋ္ဌိပဲ။ ဟုတ်လားဗျ။ နိယတမိစ္ဆာဒိဋ္ဌိကတော့ အလွန်တရာမှဆိုးတယ်။ အဲ့ဒီ နိယတမိစ္ဆာဒိဋ္ဌိအကြောင်းနဲ့ပတ်သက်ပြီးတော့ အစွဲက တော်တော်ကြောက်ဖို့ကောင်းတယ်ဗျ။ အယူမှားတာဟာ အရှင်ဘုရားတို့ရေ၊ ဘယ်လောက်တောင်ဆိုးသလဲဆိုရင် အရှင်ဘုရားတို့၊ အခု ဝိသုဒ္ဓိမဂ်ကို အင်္ဂလိပ်လိုပြန်ခဲ့တဲ့ ဆရာကြီးတစ်ယောက်ရှိတယ်။ ဦးဖေမောင်တင်တဲ့။
ဦးဖေမောင်တင်ပါ။
ဖေမောင်တင်တဲ့။ မောင်တင်ကနေ အဖေထည့်လိုက်တော့ ဖေမောင်တင်ဖြစ်လာတာပေါ့ဗျ။ အဲ့ဒါ ဝိသုဒ္ဓိမဂ်ဆိုတာ အရှင်ဘုရားတို့ ပြောခဲ့ပြီးပြီ။ ဒါ တရားထွက်သက်ဝင်သက်တွေကို စုဆောင်းထားတာပါပဲ။ ဘုရားရှင်ဟောတော်မူတဲ့တရားတွေကို ရှင်မဟာဗုဒ္ဓဃောသကနေပြီးတော့ အဋ္ဌကထာကျမ်းအနေနဲ့ လက်စွမ်းပြထားတဲ့ ကျမ်းကြီးပဲ။ အဲ့ဒါ ဘုရားရှင်ဟောတော်မူတဲ့တရားတွေကို စုဆောင်းပြန်လုပ်ပြတာ။ တပည့်တော် စာပေဟောပြောပွဲမှာ ဟောဖူးတယ်မဟုတ်လား။
မှန်ပါ။
ဒါ တပည့်တော်ရဲ့ ဒဿနမဟုတ်ဘူးလေ။ ဘုရားရှင်ရဲ့စာပေတွေမှာ လာတာကို စုစည်းပြီးတော့ ပြောလိုက်တာပဲ။ ဟုတ်တယ်မလား။
မှန်ပါ။
အခုလည်းပဲ ရှင်မဟာဗုဒ္ဓဃောသကြီးက အဋ္ဌကထာကျမ်းဆိုပေမယ့်လည်း ဘုရားရှင်ဟောတော်မူတဲ့ကျမ်းတွေကို စုဆောင်းပြီးတော့ သူကနေပြီးတော့ အကျဉ်းချုပ်အနေနဲ့ ပေါ်လွင်ထင်ရှားအောင် ရေးပေးလိုက်တာပဲ။ အဲ့တော့ "အန္တော ဇဋာ၊ ဗဟိ ဇဋာ" ဆိုတာ ကြားဖူးတယ်မို့လား။
ကြားဖူးပါတယ်ဘုရား။
အဲ့ဒီ နတ်သားရဲ့လျှောက်ထားချက်ကို ဘုရားရှင်ကိုယ်တော်မြတ်ကနေပြီးတော့ "အတွင်းအရှုပ်၊ အပြင်အရှုပ်"၊ ဒီအရှုပ်တွေကို ဖြေရှင်းနိုင်ကြောင်း တရားအပေါင်းကိုလည်းပဲ ဘုရားရှင်ဟောကြားတော်မူခဲ့တယ်။ အဲ့ဒီသုတ်ကို အခြေခံပြီး ဝိသုဒ္ဓိမဂ်ကို ရေးဖွဲ့ခဲ့တာပါ။
ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။
ဘာသုတ်လဲ။
ဇဋာသုတ်ပါ။
ဇဋာသုတ်က "သီလမှာ တည်ပြီးတော့" ဆိုတာလေ။ အဲ့ဒီသုတ်ကို အကျယ်ချဲ့ထားတာပါပဲ။ အဲ့ဒါ အခု အတွင်းအရှုပ်၊ အပြင်အရှုပ်တွေကို ဖြေရှင်းနိုင်ကြောင်း နည်းလမ်းအပေါင်းကို စုဆောင်းပြီးတော့ ရေးထားတဲ့ကျမ်း၊ ဝိသုဒ္ဓိမဂ်ကျမ်းတဲ့။ ဝိသုဒ္ဓိခုနစ်ပါးကို ဦးတည်ပြီးတော့ ရေးထားလိုက်တဲ့ကျမ်းပါပဲ။ ဒါ နိဗ္ဗာန်ရောက်ရေးကျမ်း။
အဲ့ဒီတော့ ဘာပြောချင်တာလဲဆိုတော့ အဲ့ဒီက မိစ္ဆာဒိဋ္ဌိအယူရှိတဲ့၊ ခုနက ဝိသုဒ္ဓိမဂ်ကို အင်္ဂလိပ်လိုပြန်ခဲ့တဲ့သူ ဘယ်သူလဲ။ ဦးဖေမောင်တင်။ အရှင်ဘုရားတို့ အံ့ဩစရာကောင်းတာက အဲ့ဒါ ဗုဒ္ဓဘာသာဖြစ်မလာဘူး။ ၁၈ နှစ်သားလောက်ကတည်းက နားလည်တာ သူက။ ဟုတ်လားဗျ။ အဲ့ဒါ အသက်ကြီးမှ သေသွားတာပဲ။ အဲ့ဒါ လူတစ်ယောက်ရဲ့ အစွဲအလမ်းဆိုတာ အရှင်ဘုရားတို့ တော်တော်ခက်တာဗျ။ ဟုတ်လား။ စွဲထားတဲ့အစွဲအလမ်းဆိုတာ ဖြေဖျောက်ဖို့က တော်တော်ခက်တာနော်။
အဲ့တော့ နိယတမိစ္ဆာဒိဋ္ဌိနဲ့ သက္ကာယဒိဋ္ဌိနဲ့လည်း မတူဘူးနော်။ ဟုတ်လား။ သက္ကာယဒိဋ္ဌိဆိုတာက "သန္တော ကာယော သက္ကာယော" တဲ့။ တပည့်တော်တို့ ပုထုဇဉ်မှန်သမျှ သက္ကာယဒိဋ္ဌိရှိတာပဲ။ နိယတမိစ္ဆာဒိဋ္ဌိနဲ့ သက္ကာယဒိဋ္ဌိနဲ့က တခြားစီနော်။ အဲ့ဒါ ရောထွေးပြီး မမှတ်နဲ့။ တခြားစီ။ တချို့ကလည်း နည်းနည်းလေးသိတာကို အလွန်တရာမှ အပြောသန်တာဗျ။ သိတာတစ်လုံးနှစ်လုံးရှိတာကို အကြီးကြီးတွေ ပြောချလိုက်တာ။ ဟုတ်လား။ မိုးလောက်ကြီးမကဘူး ပြောချတာပဲ။
အဲ့တော့ နိယတမိစ္ဆာဒိဋ္ဌိရဲ့ အပြစ်ကြီးပုံအကြောင်းနဲ့ပတ်သက်ပြီးတော့ နည်းနည်းလေး ပြောပြရဦးမယ်။ ဒါ လူတွေရဲ့အစွဲအလမ်းဟာ အလွန်တရာ ဆိုးရွားတာ။ ခပ်သိမ်းသော အပြစ်တို့ထက် အလွန်တရာမှ အကြီးဆုံးသောအပြစ် ရှိသတဲ့။ ဘုရားရှင်ကိုယ်တော်မြတ်က ပါဠိတော်ထဲမှာကိုပဲ ဟောထားတာ။ "မိစ္ဆာဒိဋ္ဌိပရမာနိ ဘိက္ခဝေ ဝဇ္ဇာနိ" တဲ့။ "ရဟန်းတို့၊ အပြစ်တို့တွင် မိစ္ဆာဒိဋ္ဌိအယူသည် အလွန်ကဲဆုံးသော အပြစ်ဖြစ်၏" တဲ့။ အဋ္ဌကထာမှာဆိုရင်လည်းပဲ "ပဉ္စာနန္တရိယကမ္မာနိပိ မဟာသာဝဇ္ဇာနိ နာမ၊ တေဟိပိ မိစ္ဆာဒိဋ္ဌိယေဝ မဟာသာဝဇ္ဇတရာ" တဲ့။ ပဉ္စာနန္တရိယကံတွေလည်း အပြစ်ကြီးပါတယ်။ ဒါပေမဲ့ အဲ့ဒီအပြစ်တွေထက်ကိုပဲ မိစ္ဆာဒိဋ္ဌိကံက ပိုပြီးတော့ အပြစ်ကြီးသွားပြီ။ ဘာလို့လဲဆိုရင် ပဉ္စာနန္တရိယကံတွေမှာတော့ အပိုင်းအခြား ရှိသေးတယ်။
ကိုင်း၊ ကိုယ်တော်တို့၊ ဘုရားရှင်ရဲ့ ဟောကြားချက်တွေထဲမှာ အမေရောအဖေရော သတ်တယ်ဆိုတဲ့ အမိုက်မဲဆုံးပုဂ္ဂိုလ် ဘယ်သူလဲ။ မေဃ။ သူက သုမေဓာရှင်ရသေ့ကို အားကျပြီးတော့ ရသေ့ဝတ်လာတာဗျ။ နောက်တော့ တရားအားထုတ်ရင်း ပျင်းလာတာ။ မိတ်ဆွေဆိုးနဲ့ပေါင်းပြီး နောက်ဆုံး အမေရောအဖေရောကို သတ်ပစ်လိုက်တာ။ ဘယ်လောက်တောင်ဆိုးသလဲဆိုရင်။ အဲ့ဒီဘဝမှာ သူက လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပဲ အပါယ်မှာ ခံရတယ်။ အမေအဖေက အလွန်တရာ ဂုဏ်ကျေးဇူးကြီးတာကိုးဗျ။
ပြီးတဲ့နောက် ဒီမြတ်စွာဘုရားရှင်လက်ထက်ရောက်လာတော့ ပင်လယ်သမုဒ္ဒရာထဲမှာ အလွန်တရာမှကြီးတဲ့ တိမိင်္ဂလငါးကြီး ဖြစ်လာတယ်ဗျ။ ယူဇနာပေါင်းများစွာ ကြီးတာ အဲ့ဒီငါးကြီးက။ အဲ့တော့ ပင်လယ်ထဲမှာလာတဲ့ သတ္တဝါတွေကို စားမယ်အလုပ်မှာ သင်္ဘောပေါ်မှာပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဘုရားရှင်တရားနာပြီးတော့ လာတော့ "ဂေါတမဗုဒ္ဓ ကယ်တော်မူပါ" လို့ အော်တဲ့အခါ "ဂေါတမဗုဒ္ဓ" ဆိုတာနဲ့ သူ့ရဲ့နားထဲကြားလာပြီး "ဪ၊ ငါ့သူငယ်ချင်း ဘုရားဖြစ်သွားပြီ။ ငါကတော့ ဒီပင်လယ်ထဲမှာ ငါးကြီးဖြစ်နေတုန်းပဲ" လို့ အသိဝင်ပြီး မစားဖြစ်တော့ဘူး။ ဂေါတမဗုဒ္ဓက ကယ်သွားတာ။
အဲ့ဒါနဲ့ သူ သေလွန်တဲ့နောက်မှာ သာဝတ္ထိပြည်သူဌေးသားလေး ဖြစ်သွားပြီး အကုသိုလ်ကံကြွေးတွေ အကုန်အပြည့်အဝ ဆပ်ပြီးပြီ။ သူ့နာမည်က ဓမ္မရုစိတဲ့။ တရားကို နှစ်သက်တဲ့ပုဂ္ဂိုလ်လို့ အမည်ရတာပေါ့ဗျာ။ သူ ကလေးဘဝ လာဆော့နေတုန်း ဘုရားရှင်ကိုယ်တော်မြတ်က "ဓမ္မရုစိ၊ မင်းကို ငါမတွေ့ရတာ ကြာပြီကွာ" လို့ နှုတ်ဆက်လိုက်တာ။ အဲ့ဒီတော့မှ သူ အတိတ်ကိုပြန်သတိရပြီး "အရှင်ဘုရား၊ အရှင်ဘုရားစကားကို နားထောင်ခဲ့မယ်ဆိုရင် ဒီလိုဘဝမရောက်ဘူးဘုရား" လို့ လျှောက်ထားတယ်။ အပါယ်လေးပါးမှာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ခံခဲ့ရတာ။ အဲ့ဒါ ကျွတ်လွတ်လာတော့မှ ဓမ္မရုစိဖြစ်လာတာ။ ဘုရားရှင်ကိုယ်တော်မြတ်က တရားဟောလို့ သူ ရဟန်းပြုပြီးတော့ ရဟန္တာဖြစ်သွားတယ်ပေါ့ဗျာ။
အဲ့တော့ အဲ့ဒီက ဓမ္မရုစိလို အလွန်တရာမိုက်မဲတဲ့ ပုဂ္ဂိုလ်သော်မှလည်းပဲ အပိုင်းအခြားရှိသေးတယ်။ "နိယတမိစ္ဆာဒိဋ္ဌိယာ ပန ပရိစ္ဆေဒေါ နတ္ထိ"။ နိယတမိစ္ဆာဒိဋ္ဌိအတွက်တော့ အပိုင်းအခြားဆိုတာ မရှိဘူးတဲ့ဗျ။ အဲ့ဒီမိစ္ဆာဒိဋ္ဌိအယူရှိတဲ့ ပုဂ္ဂိုလ်တွေက တကယ်လို့ ငရဲကျသွားခဲ့ရင် လောကန္တရိတ်ငရဲမှာ ကမ္ဘာပျက်တောင်မှ ခံရဦးမယ်တဲ့ဗျ။
အဲ့ဒီအကြောင်းကို အဋ္ဌကထာမှာ ဘယ်လိုဖွင့်ထားသေးလဲဆိုရင် ဘုရားအဆူပေါင်း ထောင်ပေါင်းများစွာတို့ကသော်လည်းပဲ သူ့ကို တရားရဖို့ရာအတွက် မတတ်နိုင်ဘူးတဲ့။ ဒါကိုပဲ "သတ္တဝါတစ်ယောက် အယူမှားမှောက်ကို၊ သိကြား, ဗြဟ္မာ, ဘုရားများပင်၊ လွှဲလှန်ကယ်တင် မရနိုင်" လို့ ဆိုခဲ့တာ။
အဲ့တော့ အရှင်ဘုရားတို့ ဘာပြောချင်လဲဆိုရင်တော့ ခုနက ပဉ္စာနန္တရိယကံငါးပါးရယ်၊ နိယတမိစ္ဆာဒိဋ္ဌိကံရယ်၊ ဒါတွေက ဂရုကံတွေပဲ။ ဒီကံတွေက ဆိုးတဲ့ကံတွေချည်းပဲ။ အဆိုးထဲက အဆိုးဆုံးက ဘယ်သူက အဆိုးဆုံးလဲဆိုရင် နိယတမိစ္ဆာဒိဋ္ဌိကံဆိုတာကို သိရမယ်။ ဘယ်လောက်တောင်ဆိုးသလဲဆိုရင် နှစ်အကန့်အသတ်မရှိ၊ ကမ္ဘာအကန့်အသတ်မရှိ ဆိုးတယ်လို့ ဒီလိုမှတ်သားထားရမယ်ပေါ့ဗျာ။
ဒါကြောင့်မို့လို့ ဘုရားရှင်ကိုယ်တော်မြတ်ကလည်းပဲ ဒီမှာ အကုသလပစ္စယအခန်းမှာ ရာဂနဲ့စပြီးတော့ နိယတမိစ္ဆာဒိဋ္ဌိနဲ့ အဆုံးသတ်လိုက်တာပေါ့။ ဒါတွေက အလွန်တရာဆိုးဝါးတာတွေလို့ ပြောလို့မရဘူးလား။
ရပါတယ်။
အဲ ဟုတ်သွားပြီပေါ့။ ဒါတွေကို နက်ဖြန်ဖြစ်လို့ရှိရင်လည်းပဲ မရတာတွေကို ရအောင်ကျက်ခဲ့ကြပါ။ ဒီနေ့တော့ ဒီလောက်နဲ့ပဲ နားကြရအောင်ပေါ့။
