ပြင်ဆင်ပြီးသောစာ
၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ငါးရက်၊ ၂၀၁၁ ခု၊ အောက်တိုဘာလ ၁၇ ရက်၊ တနင်္လာနေ့။
အဲ့ဒီတော့ အရှင်ဘုရားတို့ရဲ့ စာအုပ် စာမျက်နှာ ၂၄၊ ၂၅၊ ၂၆ တို့မှာပါတဲ့ အနန္တရမျိုး၊ အနန္တရမျိုးကို မနေ့ကတော့ဖြင့် ပါဠိတော်အစဉ်အားလျော်စွာ အခု ရှေးရှေးသောစိတ်တွေက ပစ္စည်း၊ နောက်နောက်စိတ်တွေက ပစ္စုပ္ပန်ဆိုတဲ့ အနေအထား၊ ပါဠိတော်ကို ဦးတည်ပြီးတော့လည်းပဲ အဲ့ဒီဝီထိတွေက ဘယ်ကနေပြီး ဘယ်လိုထွက်တာလဲလို့ ပြောပြီးပြီဖြစ်သလို၊ ဝီထိအလျောက်လည်းပဲ မနေ့တုန်းက ပြောပြီးသွားပြီ။ ဝီထိအားလျော်စွာဆိုတာကတော့ ကိုယ်တော်တို့ရဲ့ စာအုပ် စာမျက်နှာ ၂၄ အောက်မှာကို ပါပြီးသားဖြစ်နေပြီပေါ့။
ပါတယ်ဘုရား။
ပါနေပြီ။ အဲ့ဒီတော့ ပါဠိတော်တွေလည်းပဲ တစ်ခုချင်း၊ တစ်ဆင့်ချင်းစီ ကျက်သွားပြီ။ အဓိပ္ပာယ်လည်း အထိုက်အလျောက် ပြောပြီးပြီ။ နောက်ထပ်တစ်ဖန် ကျန်ရှိနေသေးတဲ့ ဥစ္စာတွေကို တပည့်တော်တို့ နည်းနည်းလေး ပြန်ပြီးတော့ပြောပြမယ်။ ပြောပြပြီးတော့ ကောက်မယ်။ ကောက်ရင်း ကောက်ရင်းနဲ့လည်းပဲ ဒီနေ့ အဲ့ဒီက အနန္တရပစ္စည်းကြီး နိဂုံးချုပ်၊ အဆုံးသတ်ရောက်အောင်ပေါ့။ အဲ့ဒါ အဆုံးထိအောင်တော့ သွားမှာပေါ့လေ။ အချိန်ကျရင်လည်း ပြီးမှာပေါ့။
အဲ့ဒီတော့ မနေ့တုန်းက ပြောခဲ့ပြီ။ ကိုယ်တော်တို့ရဲ့ စာအုပ်ထဲမှာလည်းပဲ တပည့်တော်က ဖတ်လို့မှတ်လို့ကောင်းအောင်ဆိုပြီးတော့ ပါပြီးသား။ "ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ကုသလာ ခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြဘုနော၊ အနုလောမံ ဝေါဒါနဿ။" အဲ့ဒီက ပါဠိနှစ်ခုက ဘာဖြစ်လို့ အထက်က "ပုရိမာ ပုရိမာ ကုသလာ ခန္ဓာ" စသော စကားတို့ဖြင့်ပင် ကုသိုလ်သည် ကုသိုလ်အား ကျေးဇူးပြုသောတရားတွေ ကုန်သွားပြီတဲ့။ ဘာဖြစ်လို့ အဲ့ဒီက ပါဠိ ထပ်ဆင့်ဟောရတာလဲဆိုရင် ဘုံတူ အာရုံကွဲပေမယ့်လို့ ရှေ့ဆင့်နောက်ဆင့်သာဖြစ်၍ အခြားအတားအဆီးမရှိဆိုရင် ကျေးဇူးပြုတာပဲ။ ဘုံတူခြင်း၊ အာရုံတူခြင်း၊ ဘုံကွဲခြင်း၊ အာရုံကွဲခြင်းတွေအတွက် အဓိကမဟုတ်ဘူးလို့ သံသယဖြစ်မှာစိုးသောကြောင့် ဘုရားရှင်ကိုယ်တော်မြတ်က အဲ့လိုဟောလိုက်တာဖြစ်တယ်။ ဒါကြောင့် "အနုလောမံ ဂေါတြဘုနော၊ အနုလောမံ ဝေါဒါနဿ" ဘုံတူ အာရုံကွဲ။ "ဂေါတြဘူ မဂ္ဂဿ၊ ဝေါဒါနံ မဂ္ဂဿ" က အာရုံတူ...
ဘုံကွဲ။
ဘုံကွဲ။ အဲ့လို အဲ့မှာ ရှင်းရှင်းလေး မတွေ့ဘူးလား။
တွေ့ပါတယ်။
တွေ့နေပြီ။ အဲ၊ အဲ့ဒါတွေကို အခု တစ်နည်းကောက်တဲ့အခါကျရင်လည်း ဒါတွေ ဝီထိတွေချည်း ကောက်တာပဲ။ ဒါကြောင့် ကိုယ်တော်တို့ရဲ့ စာအုပ် စာမျက်နှာ ၂၄ မှာဆိုလို့ရှိရင် ဝီထိကြည့်မယ်။ ဝီထိတွေနဲ့ သိကြမယ်ဆိုရင်တဲ့ တစ်နည်းကောက်တွေလည်း လွယ်ကူပါသတဲ့။ နောက် "ကုသလော အဗျာကတဿ"၊ "ကုသလံ ဝုဋ္ဌာနဿ" ကျေးဇူးပြုတာဆိုတာ ခုနက ပြောခဲ့ပြီ။ မနေ့ကလည်း ပြောပြီ။ နောက် "မဂ္ဂဿ ဖလဿ"။ "မဂ္ဂဿ ဖလဿ" ဆိုတာက အနန္တရကမ္မတဲ့။ ဟိုဘက်တစ်ခြမ်းက ပြောထားတာ အကာလိကဂုဏ်ပြ။ တွေ့လား။
မှန်ပါ့ဘုရား။
ဘာဂုဏ်ပြ။
အကာလိကဂုဏ်ပြ။
အကာလိကဂုဏ်ကို။ အကာလိကဆိုတာ ဘာလိမ့်။ အခါမလင့်...
အခါမလင့် အကျိုးပေးတာ။ ဘယ်လိုပါလိမ့်ဗျ။
အခါမလင့် အကျိုးပေးတာ။
အဲ့ဒီတော့ အနန္တရပါဠိတော်မှန်သမျှတွေဟာ အကာလိကဂုဏ်ပြပါဠိတွေချည်းပဲ။ ပြောကြည့်။
အနန္တရပါဠိတော်မှန်သမျှဟာ အကာလိကဂုဏ်ပြပါဠိတွေပဲ။
သို့ပေမယ့်လို့လည်းပဲ "မဂ္ဂဿ ဖလဿ" ကတော့ အထင်အရှားဆုံးဖြစ်လို့ သူ့ကိုပြောရတာဖြစ်တယ်။ သူက ဘာဖြစ်လို့။
အထင်အရှားဆုံး။
အထင်ရှားဆုံးဖြစ်လို့။ ဒါတစ်ခုတည်းတင် အကာလိကဂုဏ်ပြလားလို့ သွားပြီးတော့ သံသယတော့ သွားမလုပ်လိုက်နဲ့လေ။ ဟုတ်လားဗျ။
မှန်ပါ။
ဘာဖြစ်လို့ အဲ့ဒါ ဒီဖိုလ်မှာကလည်းပဲ ဇောကိစ္စမတပ်လို့လည်းပဲ ဝုဋ္ဌာနအမည်မရဘူးဆိုတာလည်းပဲ ကိုယ်တော်တို့ အဲ့မှာ ဖွင့်ထားတာ ရှိသေးတယ်။ ဟုတ်လားဗျ။
မှန်ပါ။
ကဲ၊ ဒါကြောင့်မို့လို့ "အနုလောမံ သေက္ခာနံ ဖလသမာပတ္တိယာ" ကတော့ အခု ဒီနောက်မှ ပြောပြမယ်။ အရကောက်ပြီးမှ ပြောပြမယ်။ "နိရောဓာ ဝုဋ္ဌဟန္တဿ နေဝသညာနာသညာယတနကုသလံ ဖလသမာပတ္တိယာ" ဒါလည်းပဲ နောက်မှ ပြောပြမယ်ပေါ့။ မနေ့တုန်းက နည်းနည်းလေးတော့ ပြောခဲ့ပြီးသွားပြီလေ။
နောက် "အကုသလော ဓမ္မော အကုသလဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အကုသလာ ခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။" အဲ့ဒီတော့ ပစ္စယနိဒ္ဒေသကို ကျက်ထားပါဆိုတော့ ကျက်ထားပြီးခဲ့ကြပြီ။ အဲ့ဒီတော့ ပစ္စယနိဒ္ဒေသမှာတော့ "ပုရိမာ ပုရိမာ အကုသလာ ခန္ဓာ" လို့ မဟောတော့ဘူး။ ဘယ်လိုဟောပါလိမ့်။
ဓမ္မာလို့ ဟောတယ်။ ခန္ဓာကို ဘာပါလိမ့်။
ဓမ္မာ။
ဓမ္မာနေရာလို့ ဟောတယ်။ အဲ့ဒီတော့ ပစ္စယနိဒ္ဒေသမှာ "ခန္ဓာ" လို့ ဟောတာ တစ်ခုပဲရှိတယ်။ ဘယ်နှစ်ခုရှိတာပါလိမ့်။
တစ်ခုရှိတယ်။
အဲ့တစ်ခုတော့ ကိုယ်တော်တို့ ရှာထားပေါ့ဗျာ။ အဲ့ဒီမရောက်ခင် အဲ ဘုန်းကြီးပြောတော့ တွေ့ပြီပေါ့။ ဟုတ်လား။
တွေ့ပြီ၊ တွေ့ပြီ။
အေး၊ အဲ့လို တွေ့။ တချို့က မသိဘူး။ သူပဲဆိုတာ မသိသေးဘူး။ "အကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ အကုသလံ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ဝိပါကဗျာကတာ ကိရိယာဗျာကတာ၊ ပုရိမာ ပုရိမာ ဝိပါကဗျာကတာ ကိရိယာဗျာကတာ ခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ ဝိပါကဗျာကတာနံ ကိရိယာဗျာကတာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ ဘဝင်္ဂံ အာဝဇ္ဇနာယ၊ ကိရိယံ ဝုဋ္ဌာနဿ၊ အရဟတော အနုလောမံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ နိရောဓာ ဝုဋ္ဌဟန္တဿ နေဝသညာနာသညာယတနကိရိယံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။" ဗျာကုသိုလ်ဆိုရင် "အာဝဇ္ဇနံ ကုသလာနံ ခန္ဓာနံ"။ ဗျာအကုဆိုရင် "အာဝဇ္ဇနံ အကုသလာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။" ကိုင်း၊ ပါဠိလေးတော့ တစ်ခေါက်ပူဇော်ကြည့်ရအောင်။ အားရပါးရ။ ကိုင်း၊ ပူဇော်ကြစို့။ ဆိုရအောင်ဗျ။
အဲ့ဒါ ကောက်လိုက်ကြရအောင်။ တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်းစီ သွားရအောင်ပေါ့ဗျာ။ "ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ" ၌ "ကုသလော ဓမ္မော" ဟူသော ကတ္တားပုဒ်အရကား အဆုံးကြဉ်သော ရှေးရှေးသော လောကီကုသိုလ် ၄၇ နာမ်မဲ့ခန္ဓာ၊ လောကီကုသိုလ် ၄၇ ပစ္စည်းတရားရ၏။ "ကုသလဿ ဓမ္မဿ" ဟူသော သမ္ပဒါနပုဒ်အရကား ပထမဇောကြဉ်သော နောက်နောက်သော ကုသိုလ်စိတ် ၄၇၊ ပစ္စုပ္ပန်တရားရ၏။ "အနန္တရပစ္စယေန" ဟူသော ကရဏပုဒ်အရကား တစ်ပြိုင်နက်တက်ကောင်းသော... အဲ့ဒီတော့ အရကောက်စာမျက်နှာ ၃၉၈ မှာတော့ တစ်ပြိုင်နက်ရပ်ထားလို့ ပြောထားတယ်။ အဲ့ဒါ တစ်ပြိုင်နက်ပဲ ရသလို မှတ်လိုက်။ ဘယ်လိုမှတ်ရမလဲပါလိမ့်။
တစ်ပြိုင်နက်ရပ်ထားတာ။
တစ်ပြိုင်တည်းရပ်ထားတာ။ ဘာလို့ ပြုထားလဲဆိုလို့ရှိရင် အနန္တရကြီး ငါးပစ္စည်းနဲ့ အာသေဝန။ အာသေဝနတို့က မနေ့က ပြောခဲ့တယ်မဟုတ်လား။
မှန်ပါ။
အာသေဝနတို့ "ကုသလော ကုသလဿ" နဲ့ "အကုသလော အကုသလဿ" တို့မှာ ဘယ်လိုပြောခဲ့တာပါလိမ့်။
တစ်ပြိုင်နက်။
တစ်ပြိုင်နက်ပဲ ဝင်တယ်။ အဲ့ဒီတော့ တစ်ပြိုင်နက်၊ တစ်ပြိုင်နက်လို့ ဘာဖြစ်လို့ပြောနိုင်တာလဲဆိုလို့ရှိရင် ဒီ "ကုသလော ကုသလဿ" ကို တိုက်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲ ဒီ "ကုသလော ကုသလဿ" အချက်တွေဟာ အာသေဝနကျရင်လည်း ဒီအတိုင်းပဲ ဟောမှာ။ "အကုသလော အကုသလဿ" မှာဆိုလို့ရှိရင်လည်းပဲ အာသေဝနမှာလည်း တစ်ထပ်တည်း ဒီအတိုင်းပဲ ဟောမှာ။ "အနန္တရပစ္စယေန၊ သမနန္တရပစ္စယေန၊ အာသေဝနပစ္စယေန" ဆိုတဲ့ နာမည်ပဲ ပြောင်းသွားမှာ။ ဟုတ်လား။
မှန်ပါ။
ဒါကြောင့်မို့လို့ အနန္တရရသ၍ သို့မဟုတ် သမနန္တရရသ၍ဟာ အာသေဝနလည်း မရဘူးလား။
ရပါတယ်။
ဒါ့ကြောင့်မို့လို့ ဒီ "ကုသလော ကုသလဿ" ဟာ ဘာလို့မှတ်ရမယ်။
တစ်ပြိုင်နက်။
တစ်ပြိုင်နက်ရတဲ့...
တစ်ပြိုင်နက်ရပ်ထားတာပါ။
တစ်ပြိုင်တည်းရပ်ထားတာ။ ဟေ့၊ တစ်ပြိုင်တည်းရပ်ထားတာဆိုပေမယ့်လို့လည်းပဲ တစ်ပြိုင်နက်ရတယ်လို့ အကြောင်းကျတော့လည်းပဲ ပြန်ရေးထား။ ဗျာ။
မှန်ပါ့ဘုရား။
အရကောက် စာမျက်နှာဘယ်လောက်။
၉၈။
၉၈။ ဟုတ်ပြီ။ အဲ့ဒီ ကတ္တားအရ တစ်နည်းကားကတော့ ကိုယ်တော်တို့ရေ၊ အဲ့ဒီအရကောက်ထဲမှာလည်း ပါပြီးသားပေါ့။ ကိုယ်တော်တို့ရဲ့ စာအုပ် စာမျက်နှာ ၇၂ မှာ ရှိတယ်နော်။ ၇၂ မှာ ရှိမယ်။ ကိုယ်တော်တို့ အဲ့ကျရင် အခု ရှုပ်သွားမှာစိုးလို့ ဟိုကျလို့ရှိရင် ကိုယ်တော်တို့ ခွဲကောက်ကြပေါ့။ အဲ့မှာ ကြည့်လိုက်ကြ။ အဲ့ တစ်နည်းကားနဲ့ ၇၂ က တစ်နည်းကားနဲ့ အတူတူပဲ။ ပညာသတ္တိက စိတ္တုပ္ပါဒ်တရားအရဆိုတော့ သူတို့ ဒါရမယ်။ တူတူပဲပေါ့ဗျာ။ ဟုတ်လား။ ဟိုကျတော့ ကွဲကွဲပြားပြား နားလည်မှာပေါ့။ ဒီမှာတော့ ရအောင်၊ ဒီအကျဉ်းရအောင် ကျက်ခဲ့ကြတယ်။ အဲ့ဒီမှာ တစ်နည်းအကျယ်ကောက်ပြီးပြီဆိုလို့ရှိရင်၊ တကယ်လို့ တစ်နည်းကားရဲ့ အကျယ် ပစ္စုပ္ပန်ကျလို့ရှိရင် "မဟာကုသိုလ်ဒုတိယသည် မဟဂ္ဂုတ်ကုသိုလ်၊ မဂ်လေးခု ပစ္စုပ္ပန်တရားရ၏" လို့ ဒီလိုကောက်ကြရလိမ့်မယ်။ ဟုတ်လားဗျ။ ကိုင်း၊ ဒါကြောင့် အရှင်ဘုရားတို့ အဲ့ဒီက ဥစ္စာကို "ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ" ကို ကိုယ်တော်တို့ နှစ်ခေါက်ကောက်ကြည့်ရအောင်။ ဆိုရအောင်ဗျ။
အဲ့ဒီတော့ "ကုသလော ဓမ္မော" ဟူသော ကတ္တားပုဒ်အရက "အဆုံးကြဉ်သော ရှေးရှေးသော လောကီကုသိုလ် ၄၇ နာမ်မဲ့ခန္ဓာ" ရတယ်။ အဲ့ဒီအောက်နားမှာ ကိုယ်တော်တို့ အရကောက်စီစစ်ခြင်းများ ပါတယ်။ တွေ့လား။
မှန်ပါ။
အဲ့ဒီတော့ ဒီဥစ္စာကတော့ ဘုန်းကြီးမပြောလည်း ကိုယ်တော်တို့ သိနိုင်လောက်တယ်ဗျ။ ခုနက ဝီထိလည်း ကြည့်ထားတယ်ဆိုတော့လေ။
မှန်ပါ။
အဲ့ဒီတော့ နည်းနည်းလေးတော့ ပြောပြဦးမှာပေါ့လေ။ အဲ့ဒီတော့ "အဆုံးဇောသည်တဲ့ တဒါရုံတည်းဟူသော အဗျာကတတရားကို ကျေးဇူးပြုသောကြောင့် 'ကုသလော ကုသလဿ' ရဲ့ ကတ္တားအရ မညီညွတ်ပါ" တဲ့။ ဒီနာမည်အားဖြင့် ကုသိုလ်သည် ကုသိုလ်အား ကျေးဇူးပြုတဲ့တရားတွေ ကောက်တာမဟုတ်ဘူးလား။
မှန်ပါ။
ကုသိုလ်သည် ကုသိုလ်အား ကျေးဇူးပြုနိုင်တဲ့တရားဆိုတော့ ပစ္စည်းဘက်ကတော့ ကုသိုလ်တော့ ဟုတ်ပါရဲ့။ အဆုံးဇောက သူကိုယ်တိုင် ကုသိုလ်တော့ဟုတ်တယ်။ ဟိုဘက်က ကုသိုလ်ကို ကျေးဇူးပြုတာ ဟုတ်ရဲ့လား။
မဟုတ်ပါဘူးဘုရား။
အဲ့ဒီတော့ အင်္ဂါနှစ်မျိုးပေါ့ဗျာ။ ကိုယ်ကိုယ်တိုင်လည်း ကုသိုလ်ဖြစ်ရမယ်။ ဒါ "ကုသလော ကုသလဿ" ဆိုတော့ ကိုယ်ကိုယ်တိုင်လည်းပဲ ကုသိုလ်ဖြစ်ရမယ်။ ဟိုဘက်ကလည်းပဲ ဘာလိမ့်။
ကုသိုလ်ဖြစ်ရမယ်။
ကုသိုလ်ဖြစ်ရမယ်။ ဟုတ်လား။ အဲ့ဒါမှသာလျှင် ကျေးဇူးပြုနိုင်မှာလေ။ အဲ့ဒီတော့ ကိုယ်ကိုယ်တိုင် ကုသိုလ်ဖြစ်ရုံလေးနဲ့တော့ ကောက်လို့ဖြစ်ပါ့မလား။
မဖြစ်ပါဘူး။
ဟိုဘက်က ကိုယ်ကနေ ကျေးဇူးပြုမယ့်တရားက...
ကုသိုလ်ဖြစ်မှ။
ကုသိုလ်ဖြစ်မှပဲ ကောက်မှာလေ။ ဟိုဘက်ကတော့ အဆုံးဇောက ဘာဖြစ်နေတာလဲ။ ဘာဖြစ်နေတာပါလိမ့်။
တဒါရုံ။ ဘာဖြစ်နေတာပါလိမ့်။
တဒါရုံ သို့တည်းမဟုတ် ဘဝင်ဆိုလို့ရှိရင် အဗျာကတတရားကို ကျေးဇူးမပြုဘူးလား။ ဪ၊ ဒါကြောင့်မို့လို့ ဇာတ်မတူတဲ့တရားဖြစ်နေတယ်။ ဘာမတူတဲ့တရား။
ဇာတ်မတူတဲ့တရား။
ဇာတ်မတူတဲ့တရားဖြစ်နေတယ်။ ဒါကြောင့်မို့ အဲ့လိုဖြစ်ရတယ်ပေါ့။ ဟုတ်လားဗျ။ အဲ့လို သဘောပေါက်ရမယ်။ နောက် သမ္ပဒါန်ဘက်မှာဆိုလို့ရှိရင်လည်းပဲတဲ့၊ သမ္ပဒါန်ဘက်ကလည်း ပထမဇော ဘာလို့ချန်ရတာလဲဆိုလို့ရှိရင် ပြောခဲ့ပြီလေ။ အဲ့ဒါ ကိုယ့်ကိုယ်က ခုနက အင်္ဂါနှစ်ချက်ပဲလေ။ ကိုယ်က ကုသိုလ်ဖြစ်ရုံနဲ့၊ သမ္ပဒါန်ဖြစ်ရုံနဲ့တော့ မကောက်နိုင်သေးဘူး။ ကိုယ့်ကို ကျေးဇူးပြုတဲ့တရားကလည်း ဘာဖြစ်ရမယ်။
ကုသိုလ်ဖြစ်ရမယ်။
ကုသိုလ်ဖြစ်ရမယ်။ အဲ့သလို၊ အဲ့သလို ရှင်းတယ်လားဗျ။
မှန်ပါ။
အင်း၊ ဟုတ်ပြီ။ အဲ့သလို ပြီးရောပေါ့ဗျာ။ ဟုတ်လား။ ကိုင်း၊ ဒါဆိုရင် သဘောပေါက်ပြီပေါ့ဗျာ။ အဲ့လို သဘောပေါက်သွားပြီ။ အဲ့သလို သဘောပေါက်သွားပြီဆိုရင်တော့ နောက်ကောက်လို့ကောင်းတယ်ပေါ့ဗျာ။ ကဲ၊ ဒါဆိုလို့ရှိရင် "ကုသလော အဗျာကတဿ" ကို သွားရအောင်။ "ကုသလော အဗျာကတဿ" ၌ "ကုသလော ဓမ္မော" ဟူသော ကတ္တားပုဒ်အရက လောကီကုသိုလ် ၄၇၊ အဆုံးဇော။ ဟုတ်လားဗျ။ လောကီကုသိုလ် ၄၇၊ မဂ်လေးခု ပစ္စည်းတရားရ၏။ အဲ့ဒီတော့ ဒီဥစ္စာတွေက လောကီကုသိုလ် ၄၇၊ အဆုံးဇော၊ မဂ်လေးခု။ ဟုတ်လားဗျ။
မှန်ပါ။
အဲ့ဒီတော့ ဘာဖြစ်လို့လဲဆိုလို့ရှိရင် အရှင်ဘုရားတို့ အဆုံးဇောက ဟိုဘက်က တဒါရုံတို့၊ ဘဝင်တို့ကို ကျေးဇူးပြုတာမဟုတ်လား။
မှန်ပါ။ မဂ်ကလည်းပဲ ဟိုဘက်က ဖိုလ်ကို ကျေးဇူးပြုမယ်ဆိုတော့ "ကုဗျာ" ကိုက်ဘူးလား။
ကိုက်တာပေါ့ဗျာ။ ဟုတ်တယ်မလား။ ဒါ့ကြောင့် ကောက်ရတာဖြစ်တယ်နော်။ ဒါကြောင့်မို့ ဘာလဲဗျ။
ကောက်ရတာ။
သဘောပေါက်တယ်နော်။ ဟုတ်လားဗျ။ နောက် "အဗျာကတဿ ဓမ္မဿ" ဟူသော သမ္ပဒါနပုဒ်အရက တဒါရုံစိတ် ၁၁ ခု၊ မဟာဝိပါက်စိတ် ၈ ခု၊ မဟဂ္ဂုတ်ဝိပါက် ၉ ခု၊ ဖိုလ်လေးခု ပစ္စုပ္ပန်တရားရ၏။ တစ်ပြိုင်နက်ရပ်ထားတာ ၆ ပစ္စည်း။ ဒီဥစ္စာကတော့ "ကုဗျာ" ဆိုတော့ အရှင်ဘုရားတို့ အာသေဝန ရပါ့မလား။
မရပါဘူးဘုရား။
အာသေဝန ထည့်စရာလိုသေးသလား။
မလိုပါဘူးဘုရား။
ဘုန်းကြီး မပြောနဲ့။ ဒါ သိပြီးသားဘုရား။ အာသေဝနမှာ ဒီသင်္ချာရှိရဲ့လား။
မရှိပါဘူး။
မရှိဘူး။ အဲ့ဒီတော့ ဘုန်းကြီးမပြောနဲ့။ တပည့်တော်တို့ သိနေပြီ။ ဟုတ်လား။ ပြောစရာမကောင်းဘူးလား။
ကောင်းပါတယ်ဘုရား။
ပြင်ဆင်ပြီးသောစာ
"ကမ္မ"။ ကိုင်း၊ ဒါဆိုလို့ရှိရင် ဒီဥစ္စာလေးက ၂၀၀၀ ပြည့်နှစ်လောက်က မေးခွန်းမေးခဲ့ဖူးတယ်။ မေးခွန်းလေးတစ်ခု ပြောပြမယ်။ အဲ့ဒါ သဘောမပေါက်တဲ့လူကတော့ ကိုယ်တော်တို့ သေဒဏ်ပေးလိုက်သလိုကို ခံစားသွားရတာပေါ့ဗျာ။ သဘောပေါက်တဲ့ပုဂ္ဂိုလ်တွေကျတော့လည်းပဲ လှလွန်းလှတယ်ပေါ့။ ဟုတ်လားဗျ။ သဘောမပေါက်တဲ့ပုဂ္ဂိုလ်ကတော့ ဘယ်လိုလဲ။
သေဒဏ်ပေးခံလိုက်ရသလိုပဲတဲ့ဗျ။ ဟုတ်လား။ "ကုသလော အဗျာကတဿ" ၌ဗျာ၊ အာသေဝနမပါဝင်ဘဲ အနန္တရမျိုး ခြောက်ပစ္စည်းလုံး တစ်ပြိုင်နက်ရအောင် ကတ္တား၊ သမ္ပဒါန် အရကောက်ပြပါဆိုရင်... အနန္တရမှာ ဘာရမလဲ။
အနန္တရ။
ဘယ်သူ့ကိုငဲ့လို့။
အနန္တရ။
အဲ့ဒီတော့ သဘာဂဆိုလို့ရှိရင် ကိုယ်တော်တို့ နည်းရာသို့ လိုက်ရမှာလား၊ များရာသို့ လိုက်ရမှာလား။
နည်းရာသို့ လိုက်ရမှာ။
နည်းရာသို့ လိုက်ရမှာ။ စာမျက်နှာ ဘယ်လောက်မှာ ပြောထားတာပါလိမ့်။
၄၃။
မေးမေးကြည့်စမ်းပါဦး။ ကိုင်း၊ ၄၃ ကို တန်းမပြောနိုင်ဘူး။ ကြည့်စမ်း။ ကိုင်း၊ ကွက်ခနဲ ကွက်ခနဲ မမြင်ဘူးဗျ။ ဟုတ်လား။ သူတို့ ကွက်ခနဲ ကွက်ခနဲ မြင်တာ တစ်မျိုးကြီးနဲ့တူတယ်။ ဟုတ်လား။ ဟွန်း၊ ဟုတ်လား။ ကိုယ်တော်တို့ အဝေးရောက်တပည့်တွေတောင် ကိုယ်တော်တို့ ကွက်ခနဲမမြင်နဲ့။ ဟောတာကြားတာတွေကို ကွက်ခနဲမြင်။ ဘယ်နားမှာဆိုတာကတော့ ဟုတ်လား။ ကိုင်း၊ ဒါကြောင့်မို့လို့ရေ၊ အဲ့ဒီမှာ အဲ့လို ကောင်းကွက်၊ လှကွက်တွေလည်း သိထားရတယ်။ မေးခွန်းမေးလိုက်မယ်ဆိုလို့ရှိရင်လည်းပဲ ဘယ်လို ဘယ်လိုမေးနိုင်သလဲ။ ဟုတ်လားဗျ။ အဲ့ဒါ ကိုယ်တော်တို့ အရိုးအတိုင်း ရနေလို့မဖြစ်ဘူး။ ပုစ္ဆာဆိုတာက အကွေ့တွေ၊ အညွန့်တွေနဲ့။ ဟုတ်လား။
အဲ့ဒီက အကွေ့တွေ...
အညွန့်တွေကို သိမှ ဘာဖြစ်မှာလဲဗျ။ အဲ့ဒါ ကိုယ်တော်တို့ကို စူးစူးရှရှ၊ နည်းနည်းနည်းနည်းကို မေးတဲ့အခါ စူးစူးရှရှ၊ အဲ့လိုကို သိမှ၊ ဟုတ်လား။ ဖောက်ထွင်းထိုးထွင်း မြင်မှ။ ဟုတ်လားဗျ။ ဘယ်နှယ့် ကျက်ထားတာကြီးကတော့ ကိုယ်တော်တို့ အရကောက်ချည်းပဲ ကြည့်ဖြေသလိုကြီး ဖြစ်နေမှာပေါ့ဗျာ။ ဟုတ်လား။ အဲ့ဒီတော့ အရကောက်ချည်း ဖြစ်တဲ့ခေတ်၊ ကိုယ်တော်တို့ အဲ့ဒါ သိပ်မကောင်းတော့ဘူး။ ဟုတ်လား။ ကောင်းသေးလား။
မကောင်းပါဘူး။
မကောင်းဘူး။ အဲ့ဒါတွေ သွားမလုပ်နဲ့။ ကိုယ်တော်တို့ အဲ့ဒါ သေဒဏ်ချခံရမှာ။ ဟုတ်လား။ ကိုယ်တော်တို့ အဲ့ဒီက ဥစ္စာတွေက ဘယ်လိုသေဒဏ်လဲဆိုလို့ရှိရင် လူမသေဘဲနဲ့ ဂုဏ်သေသွားတာ။ လူဟာလည်း အရှင်ဘုရားတို့ ဂုဏ်သတ္တိ၊ နာမည်တွေ သေသွားပြီဆိုရင် အဲ့လူဟာတွေက ပကတိအသက်ရှင်နေတာတောင် မကောင်းတော့ဘူး။ ကောင်းသေးလား။
မကောင်းတော့ပါဘူးဘုရား။
ကိုယ့်ရဲ့နာမည်တွေ၊ ဂုဏ်သိက္ခာတွေကို မြေမြှုပ်သင်္ဂြိုဟ်ပစ်လိုက်တာတဲ့။ အရှင်ဘုရားတို့ အဲ့ဒါ ဘယ်သူမှ မဟုတ်ဘူး၊ ကိုယ်ပဲ။ သူများကနေပြီးတော့ မိမိရဲ့ဂုဏ်သိက္ခာတွေကို မြေမြှုပ်သင်္ဂြိုဟ်လို့မရဘူးဗျ။ ဟုတ်လားဗျ။ ကိုယ့်ရဲ့ဂုဏ်သတ္တိတွေကို ခင်ဗျားတို့ အထက်ကိုရောက်အောင် တင်တင်ပေးလိုက်တာလည်း ဘယ်သူပါလိမ့်။
ကိုယ်ပဲ။
ကိုယ်ပဲ။ အရှင်ဘုရားတို့ အဲ့ဒါတော့၊ အဲ့ဒါကြောင့် ပြောင်မြောက်အောင်၊ ခေါင်ရောက်အောင် ကြိုးစားကြပါပေါ့ဗျာ။ ဟုတ်လားဗျ။
မှန်ပါ။ ကိုင်း၊ ကိုယ်တော်တို့ ကိုယ့်ရဲ့ဂုဏ်သတ္တိကို ကိုယ်တော်တို့ မြေမြှုပ်ဖို့ စိတ်မကူးလိုက်နဲ့ဗျာ။ ကိုယ်တော်တို့ အဲ့လို မြေမမြှုပ်ရအောင်လို့ ပြောင်တစ်လက်လက် ဖြစ်ပါစေဗျာ။
အရောင်ထွက်။
အရောင်ထွက်အောင်လို့ အရောင်တွေတင်ပေးနေတာ ဆရာက။ ဟုတ်လား။ ကိုယ်တော်တို့ နားပိတ်ထားတယ်ဆိုတာ မဖြစ်တော့ဘူးဗျ။ ဟုတ်လား။ ကိုင်း၊ ဒါဆိုလို့ရှိရင် အဲ့ဒါ ကောက်မယ်ပေါ့ဗျာ။ ကဲ၊ ဆိုရအောင်။ "ကုသလော အဗျာကတဿ" ၌။ "အကုသလော ဓမ္မော အကုသလဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော" ၌ "အကုသလော ဓမ္မော" ဟူသော ကတ္တားပုဒ်အရ အဆုံးကြဉ်သော ရှေးရှေးသော အကုသိုလ် ၁၂ နာမ်မဲ့ခန္ဓာ ပစ္စည်းတရားရ၏။ "အကုသလဿ ဓမ္မဿ" သမ္ပဒါနပုဒ်၏ အရက ပထမဇောကြဉ်သော နောင်နောင်သော အကုသိုလ် ၁၂ နာမ်မဲ့ခန္ဓာ ပစ္စုပ္ပန်တရားရ၏။ ခြောက်ပစ္စည်း တစ်ပြိုင်နက်ရမယ်။ ခုနကအတိုင်းပဲ။ ဟုတ်လားဗျ။ ကိုင်း၊ ဒါလည်းပဲ နှစ်ခေါက်လောက် ဟောကြည့်ရအောင်ဗျ။
"အကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ" ၌ "အကုသလော ဓမ္မော" ဟူသော ကတ္တားပုဒ်၏ အရကား အကုသိုလ် ၁၂ အဆုံးဇော ပစ္စည်းတရားရ၏။ တစ်နည်းကား အဲ့ဒီတစ်နည်းက အရကောက်စာမျက်နှာ ၄၀၂ မှာ ရှိတယ်။ ၄၀၂ မှာ ရှိမယ်။ အဲ့ဒါကို ဘာပြောချင်တာလဲဆိုလို့ရှိရင် ကိုယ်တော်တို့ရဲ့ ဒီသမ္ပဒါန်ကြည့်လိုက်။ သမ္ပဒါန်က "အဗျာကတဿ ဓမ္မဿ" သမ္ပဒါန်ပုဒ်၏ အရက သန္တီရဏသုံးခု၊ မဟာဝိပါက် ၁၈၊ မဟဂ္ဂုတ်ဝိပါက် ၉ ခု ပစ္စုပ္ပန်တရားရ၏။ အဲ့ဒီတော့ သန္တီရဏသုံးခုနဲ့ မဟာဝိပါက်ရှစ်ခုတို့ကတော့ ဒီဥစ္စာကတော့ ကိုယ်တော်တို့ ဉာဏ်သက်ဝင်နိုင်တယ်။ မဟဂ္ဂုတ်ဝိပါက်ကိုးခုတို့ရပုံဆိုတာကတော့ ဒီဥစ္စာက အကုသိုလ်ဇောနောက်မှာ မဟဂ္ဂုတ်ဝိပါက်တွေ ဘယ်လိုရသလဲ။ ဒီလိုတွေးချင်ရင် မခက်ပေဘူးလား။
ခက်ပါတယ်။
ခက်တယ်။ ဒါကြောင့် တစ်ခါတရံမှာ အရှင်ဘုရားတို့၊ တစ်ခါတရံမှာ ဟို သိချင်တယ်ဆိုလို့ရှိရင် မူရင်းစာအုပ်ကို၊ မူရင်းကို လိုက်ရှာရတယ်။ သိချင်တယ်ဆိုရင် ဘယ်ကိုလိုက်ရှာရမှာပါလိမ့်။
မူရင်းကို လိုက်ရှာရမယ်။
မူရင်းကို လိုက်ရှာရမယ်။ အဲ့ဒီတော့ ဒီမှာ မူရင်းကို ကြည့်လိုက်တဲ့အခါကျရင် အဲ့ဒီ "အကုသလော အဗျာကတဿ" နည်းကို ကောက်တာကို၊ အရကောက်လိုက်မယ်ဆိုလို့ရှိရင် အဲ့ဒီက မဟဂ္ဂုတ်ဝိပါက်ကိုးခုရတဲ့အဖြေဟာ အလိုအလျောက် ပြေလည်သွားလိမ့်မယ်ပေါ့။ ဒါကြောင့် ကတ္တားကောက်ကို တစ်နည်းကား ကောက်တော့မယ်။ "တစ်နည်းကား လောဘမူဇော၊ ဇောနောက် တဒါရုံကျသည်ဖြစ်အံ့၊ တဒါရုံ ၁၁ မကျသည်ဖြစ်အံ့၊ ဘဝင်၊ ဘဝင် ၁၉၊ ဧကုနဝီသတိမူ မောဟမူအဆုံးဇော"။ အဲ့ဒီတော့ ဘဝင် ၁၉ ခု၌ တပ်သော လောဘမူ၊ မောဟမူ အဆုံးဇောဆိုတော့ တစ်ခါမှ မကြားဖူးဘူးဆိုလို့ရှိရင် အရှင်ဘုရားတို့ အခု အဲ့ဒါ ဘဝင်ကိစ္စမတပ်ဘူးလားဗျာ။ ဘဝင်ကိစ္စတပ်တဲ့အချိန်အခါမှာ ရတာ။ ဒီလိုသဘောပေါက်ရမယ်။ ဟုတ်လားဗျ။ ဘဝင်ကိစ္စတပ်တဲ့ လောဘမူ၊ မောဟမူဆိုတော့ အဲ့ဒီလောဘမူ၊ မောဟမူတွေက ဘဝင် ၁၉ ခုကို ကျေးဇူးပြုမယ့်အချိန်ဆိုလို့ရှိရင် လောဘမူ၊ မောဟမူက ဘယ်သူ့ကို ကျေးဇူးပြုမှာလဲ။ ဘဝင် ၁၉ ခုကို ကျေးဇူးပြုမှာ။ လောဘမူ၊ မောဟမူအဆုံးက ဘယ်သူ့ကို ကျေးဇူးပြုမလဲဆိုရင်...
ဘဝင် ၁၉ ခုကို ကျေးဇူးပြုမှာ။ ဒါကြောင့်မို့လို့ "ဘဝင် ၁၉ ခု၌ တပ်သော ဧကုနဝီသတိ၌ တပ်သော လောဘမူ၊ မောဟမူ" ဆိုတာ ယှဉ်မသွားဘူးလား။ "ဒေါသမူဇော၊ ဇောနောက် တဒါရုံကျသည်ဖြစ်အံ့၊ ဥပေက္ခာတဒါရုံ ၆ ခု၊ မကျသည်ဖြစ်အံ့၊ ဥပေက္ခာဘဝင် ၆ ခု၌ တပ်သော ဒေါသမူအဆုံးဇော ပစ္စည်းတရားရ၏။" အဲ့သလိုရှိတာပေါ့။ ဒါကြောင့်မို့လို့ အဲ့ဒီမှာ အရကောက်စာမျက်နှာ ၄၀၂ မှာ ရှိတယ်။ ဒါကြောင့်မို့လို့ သမ္ပဒါန်ဘက် အရကောက်တဲ့အခါကျလို့ရှိရင် မဟဂ္ဂုတ်ဝိပါက်ကိုးခုဟာ ခုနကပြောခဲ့ပြီ။ ဘဝင်ကိစ္စတပ်တဲ့အချိန်အခါမှာဆိုလို့ရှိရင် လောဘမူ၊ မောဟမူဖြစ်တဲ့ လောဘမူအဆုံး၊ မောဟမူအဆုံးက ဟို ဘဝင်ကို ကျေးဇူးပြုတဲ့အခါမှာ ဘဝင် ၁၉ ခုထဲမှာ မဟဂ္ဂုတ်ဝိပါက်ကိုးခု မပါဘူးလား။
ပါပါတယ်။
ဪ၊ ဒီလို၊ ဒီလိုပြောတာ။ ရှင်းပြီနော်။ ကိုင်း၊ ဒါဆိုလို့ရှိရင်တော့ "အနန္တရပစ္စယေန" ကတော့ ငါးပစ္စည်းပဲ။ ကိုင်း၊ ဒါကြောင့်မို့တော့ "အကုသလော အဗျာကတဿ" ကို ကောက်ကြည့်ရအောင်။ ဆိုရအောင်။
"အဗျာကတော အဗျာကတဿ" ၌ "အဗျာကတော"၊ ရဟန္တာတို့ စုတိကြဉ်သော ရှေးရှေးသော ဝိပါက်၊ ကိရိယာ ပစ္စည်းတရားရ၏။ "အဗျာကတဿ" ဟူသော သမ္ပဒါန်ပုဒ်၏ အရကား ရဟန္တာတို့ စုတိနှင့်တကွ နောက်နောက်သော ဝိပါက် ၃၆၊ ကိရိယာ ၂၀ ပစ္စုပ္ပန်တရားရ၏။ အာသေဝနကြဉ် ခြောက်ပစ္စည်း။ အဲ့ဒီတော့ ဒီဥစ္စာလည်းပဲ "အနန္တရပစ္စယေန" ဟူသော ကရဏပုဒ်အရ တစ်ပြိုင်နက်ရအောင်၊ အာသေဝနအပါအဝင် ခြောက်ပစ္စည်း တစ်ပြိုင်နက်ရအောင်ဆိုရင် အာသေဝနနည်းအတိုင်း ကောက်ရမယ်ပေါ့။ ဘာနည်းအတိုင်း ကောက်ရမလဲ။
အာသေဝနနည်းအတိုင်း။
အာသေဝနနည်းအတိုင်း ကောက်မှ ခြောက်ပစ္စည်းရတယ်။ အာသေဝနနဲ့ အနန္တရတို့ဟာ ဘယ်သူက နည်းတုန်း။
အာသေဝန။
ဘယ်သူ့နောက်လိုက်ရတုန်း။
အာသေဝန။
အဲ့လို သဘောပေါက်အောင်ပေါ့။ ကိုင်း၊ ဒါ အလွတ်ကို ကောက်ကြည့်ကြပါဦးဗျ။ အဲ၊ ကိုယ်တော်တို့ရဲ့ အရကောက်စာမျက်နှာ ၄၀၄ မှာ တစ်နည်းကား ကောက်တော့ အဲဒီ "ဗျာဗျာ" ကြီး တစ်နည်းကောက်လိုက်တဲ့အခါကျရင် ဘာပါသေးသလဲဆိုရင် အဲဒီ လက်သည်းကွင်းထဲမှာ စာလုံးအမည်းလေးနဲ့ အရကောက်ဆရာတော်ကြီးက ပြောထားတာရှိတယ်။ "မရဏာသန္နမှာတဲ့ မဂ်ဖိုလ်ဇော၊ ဟသိတုပ္ပါဒ်ဇောတို့ကို မရသင့်ပါဘူး" တဲ့။ ဒါ မရသင့်ဘူးဆိုတာ ကိုယ်တော်တို့ စဉ်းစားကြည့်ရင် ရှင်းလောက်ပါတယ်ဗျ။ မရဏာသန္နမှာ မဂ်ဖိုလ်ဇော ရနိုင်ပါ့မလား။
မရနိုင်ပါဘူး။
မရနိုင်ပါဘူး။ မရနိုင်ဘူး။ ဒါဆိုလို့ရှိရင် ပြောပြန်လိုက်လေ။ မဂ်ကုသိုလ်ဆိုက်တဲ့အချိန်အခါလည်းပဲ မသေနိုင်ဘူးပေါ့ဗျ။ ဟုတ်လား။ အဲ့ဒီတော့ မရဏာသန္နမှာ မဂ်ဖိုလ်ဇော မရဘူးဆိုရင်၊ မစောနိုင်ဘူးဆိုလို့ရှိရင် မဂ်ကိုစောတဲ့အချိန်အခါမှာလည်းပဲ...
မသေနိုင်ဘူး။ ရှင်းသလား။
ရှင်းပါတယ်။
အာ၊ အဲ့လိုဆို ရှင်းသွားပြီပေါ့။ အဲ့ဒီတော့ ဟသိတုပ္ပါဒ်လည်း ဒီအတိုင်းပဲပေါ့ဗျ။ ဟသိတုပ္ပါဒ်ကလည်းပဲ အရှင်ဘုရားတို့ မရဏာသန္နမှာ ဟသိတုပ္ပါဒ်ကို မရဘူးဆိုလို့ရှိရင် ပြုံးနေတဲ့အခါမှာလည်းပဲ မသေနိုင်ဘူး။ ပြုံးဆဲတုန်း သေသွားနိုင်သလား။
သေသွားနိုင်ပါတယ်။
အဲ့လိုလေး ရှိတာပေါ့။ ဒါ ကိုယ်တော်တို့ အဲ့လိုလေး စဉ်းစားရင် မပြီးသွားဘူးလား။ အဲ့လိုဆိုလို့ရှိရင် ကိုယ်တော်တို့ အခု ပါဠိတော်ကို တစ်နည်းကား ကောက်ထားတာလေ။ အဲ့ ပါဠိတော်ရဲ့ အပိုင်းအစလေးတွေ ကောက်တာလေးတွေ ကိုယ်တော်တို့ တော်တော် ဖတ်လို့ မှတ်လို့ ကောင်းတယ်ပေါ့ဗျာ။ ဒါလေး ကိုယ်တော်တို့ ပါးပါးလေး နည်းနည်းပြောပြဦးမယ်။ နမူနာတစ်ခု။ အဲ့ဒါ ရိပ်မိတဲ့လူတွေ တစ်ဆင့်တွေးထားပေါ့ဗျာ။ ဟုတ်လား။ အဲ့ဒါမှာ ပါဠိတော်မှာဆိုရင် အဲ့ဒီမှာ အရကောက်၊ အနုဝါဒအရကောက်တွေက ကောင်းလို့ ဒါလေးတွေက နည်းနည်းလေးတော့ ပါဠိပြောခဲ့ဦးမယ်ပေါ့။ အရကောက်စာမျက်နှာ ၄၀၄။ "ပုရိမာ ပုရိမာ ဝိပါကဗျာကတာ ခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ ဝိပါကဗျာကတာနံ ခန္ဓာနံ" ၌ ကတ္တားမှာဆိုလို့ရှိရင်တဲ့ "ရဟန္တာတို့ စုတိ၊ ဘဝင်္ဂုပစ္ဆေဒ ကြဉ်သော ရှေးရှေးသော ဝိပါက် ၃၆ နာမ်မဲ့ခန္ဓာ" ကို ရ၏။ အဲ့ဒီတော့ "ပစ္ဆိမာနံ ပစ္ဆိမာနံ ဝိပါကဗျာကတာနံ ခန္ဓာနံ" ဆိုတဲ့ သမ္ပဒါန်အရဆိုရင်တော့ "ရဟန္တာတို့ စုတိနှင့်တကွ နောင်နောင်သော ဝိပါက် ၃၆ နာမ်မဲ့ခန္ဓာ" ကိုပဲ ရတယ်တဲ့။ ဟုတ်လားဗျာ။ ဝိပါက်နာမ်မဲ့ခန္ဓာ။ နောက်တစ်ခါ လာခဲ့။ ခွဲလိုက်တာ။ "ပုရိမာ ပုရိမာ ကိရိယာဗျာကတာ ခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကိရိယာဗျာကတာနံ ခန္ဓာနံ"။ အဲ့မှာဆိုလို့ရှိရင်တဲ့ "ပုရိမာ ပုရိမာ ကိရိယာဗျာကတာခန္ဓာ" အရဆိုလို့ရှိရင် "အဆုံးဇော၊ ဒုတိယဝုဋ္ဌော၊ ပဉ္စဒွါရာဝဇ္ဇန်း ကြဉ် ကိရိယာ ၁၉ ခု" ကို ယူပြီးတော့ သမ္ပဒါန်မှာဆိုလို့ရှိရင်တော့ "ပထမဇော၊ ပထမဝုဋ္ဌော၊ ပဉ္စဒွါရာဝဇ္ဇန်း ကြဉ် ကိရိယာစိတ် ၁၉ ခု" ကို ရတယ်တဲ့ဗျ။ ဟုတ်လားဗျ။ အဲ့ဒါ ကိုယ်တော်တို့ မနေ့တုန်းကတော့ ခုနက ပြော၊ မနေ့တုန်းက ပြောခဲ့တယ်မဟုတ်လား။ ခုနက ဝီထိထဲမှာလေ။ အဲ့ဒီတော့ ဝုဋ္ဌပနဝါဒမှာဆိုလို့ရှိရင်၊ ဌပနဝါဒမှာဆိုလို့ရှိရင် ကိုယ်တော်တို့ ဝုဋ္ဌောက ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ကြိမ်နဲ့ ကျတုန်းဗျ။
နှစ်ကြိမ်၊ သုံးကြိမ်။
ဘယ်နှစ်ကြိမ်နဲ့ ကျတဲ့တုန်း။
နှစ်ကြိမ်၊ သုံးကြိမ်။
မလာဘူးလား။
လာပါတယ်ဘုရား။
ကိုင်း၊ အဲ့ဒါ ကိုယ်တော်တို့ အဲ့ဒီ ဌပနဝါဒမှာဆိုလို့ရှိရင်လည်းပဲ ဝီထိ ဘယ်နှမျိုးရှိတာပါလိမ့်။ ခက်ပြီ၊ ခက်ပြီ။ အဲ့ဒီတော့ ဘယ်နှစ်ခုမြောက်ဝီထိမှာ နှစ်ကြိမ်ကျတယ်။ ဘယ်နှစ်ခုမြောက်ဝီထိမှာ သုံးကြိမ်ကျတယ်။ ကိုင်း၊ ဒီလိုဆိုလို့ရှိရင် အာတီတဘဝင် ဘယ်နှစ်ချက်လွန်တဲ့အချိန်အခါမှာ နှစ်ကြိမ်၊ ဘယ်နှစ်ချက်လွန်တဲ့အချိန်အခါမှာ သုံးကြိမ်။ သိလား။ ကိုင်း၊ သိ။ အဲ့ဒါတွေ၊ အဲ့ဒါတွေ၊ အဲ့ဒါတွေကို သိထားပေါ့ဗျာ။ အဲ့ဒါ လိုက်ရှာထားပေါ့။ ဟုတ်လားဗျာ။ အဲ့ဒါတွေ ကိုယ်တော်တို့ရေ၊ တချို့ကလည်းပဲ ဝီထိကို ဘာမှမထိဖူးဘူး ဖြစ်နေတာ။ အင်း၊ ဝီထိကို ဘာလဲဗျာ။ မထိဖူးဘူး။ ဟုတ်လားဗျာ။
"ဘဝင်္ဂံ အာဝဇ္ဇနာယ" တဲ့။ ဒါ ပြောခဲ့ပြီ။ ဒီဥစ္စာ ခဏခဏမေးနေတာ။ "ဘဝင်္ဂံ အာဝဇ္ဇနာယ" မှာဆိုလို့ရှိရင် "ဘဝင်္ဂ" အရ "ဘဝင်္ဂုပစ္ဆေဒ ၁၉ ခု" ယူပြီးတော့ "အာဝဇ္ဇနာယ" ဆိုလို့ရှိရင်တဲ့ဗျ၊ ဟုတ်လား။ "အာဝဇ္ဇနာယ" ဆိုလို့ရှိရင်လည်းပဲ ဘာလဲဗျ။ အာဝဇ္ဇန်းတွေကို ယူပေါ့။ "ကိရိယံ ဝုဋ္ဌာနဿ" ဆိုလို့ရှိရင်လည်းပဲ "ကိရိယာ" အရဆိုလို့ရှိရင် ကိရိယာဇော၊ ကိရိယာဇောအဆုံးဇောကို ယူမယ်။ နောက် ကိရိယာဝုဋ္ဌော၊ ဒုတိယဝုဋ္ဌော၊ ပဉ္စဒွါရာဝဇ္ဇန်းကို ယူရလိမ့်မယ်တဲ့။ ဒီအရကောက်က ခဏခဏမေးတာ။ "ကိရိယံ ဝုဋ္ဌာနဿ" ကိုယ်တော်တို့ရေ ခဏခဏမေးဖူးလား။
မေးပါတယ်။ ပြောလိုက်ပြီ။ အဲ့ဒါ မမှတ်မိရင် မရှိနဲ့။ နောက်တစ်ခု၊ နောက်တစ်ခါ ထပ်ပြောလိုက်မယ်။ "ကိရိယာ" အရ "ကိရိယာဇောအဆုံးဇော၊ ဒုတိယဝုဋ္ဌော၊ ပဉ္စဒွါရာဝဇ္ဇန်း" ကို ယူပြီးတော့ "ဝုဋ္ဌာန"၊ သမ္ပဒါန်အရဆိုလို့ရှိရင် "တဒါရုံ ၁၁"။ ခွဲမယ်ဆိုရင် "သန္တီရဏသုံးခု၊ မဟာဝိပါက် ၁၈၊ မဟဂ္ဂုတ်ဝိပါက် ၉ ခု၊ ဒွေပဉ္စဝိညာဉ် ၁၀" ကို ယူမယ်တဲ့ဗျ။ တစ်လုံးကျန်ရင် တစ်မှတ်မှမပေးဘူး။ သက်သက်ညံ့တာပဲ။ ကိုယ်ပြောထားလို့မှ မရဘူးဆိုရင်ပေါ့ဗျာ။ သက်သက်ညံ့တာပဲ မဟုတ်ဘူးလားဟေ့။
မှန်ပါ။
ဟုတ်ပြီလေ။ မပြောဘဲနဲ့ မေးတာမဟုတ်ဘူးလေ။ ဟုတ်တယ်မဟုတ်လားဗျ။
မေးပါတယ်။ အဲ့ဒါ အခု ကိုယ်တော်တို့ အဲ့ဒါ ဝင်းဝင်းပပ၊ သီချင်းလိုပဲ။ ရှင်းရှင်းလင်းလင်း ဝင်သွားပြီ။
အဲ့အတိုင်း၊ အဲ့အတိုင်းပဲ ကိုယ်တော်တို့ရေ။ ကိုင်း၊ ဒါကြောင့် အဲ့မှာ ကိုယ်တော်တို့ ပြည့်ပြည့်စုံစုံ ပြောလိုက်ပြီ။ "အဗျာကတော ကုသလဿ" ၌ "အဗျာကတော ဓမ္မော" ဟူသော ကတ္တားပုဒ်အရက ဝုဋ္ဌော၊ မနောဒွါရာဝဇ္ဇန်းရ၏။ မဟာကုသိုလ် ပထမဇောရ၏။ "အဗျာကတော အကုသလဿ" ၌ ဝုဋ္ဌော၊ မနောဒွါရာဝဇ္ဇန်းရ၏။ ဝီထိကြည့်ရင် အလွန်တရာ ရှင်းတယ်။ ဝီထိကြည့်ရင် မရှင်းဘူးလား။ ရှင်းတယ်။ သေချာမှတ်ခဲ့။ ဒီဥစ္စာတွေ မှတ်ခဲ့။ ကိုယ်တော်တို့ အဲ့ဒီတော့ "အကုသလဿ ဓမ္မဿ" သမ္ပဒါန်ပုဒ်၏ အရက အကုသိုလ်ပထမဇောရ၏။ ငါးပစ္စည်း တစ်ပြိုင်နက်ရကြ။ ကိုင်း၊ ဒါလေးတွေ ဆိုလိုက်ရအောင်ဗျ။
အဲ့ဒီတော့ အရှင်ဘုရားတို့ စာမျက်နှာ ၂၆ မှာဆိုလို့ရှိရင် "အနန္တရပစ္စည်း သဘောတရားများ" တဲ့။ "ဤအနန္တရမျိုး၌ ရှေးရှေးသောစိတ်သည် အကြောင်းပစ္စည်း၊ နောက်နောက်သောစိတ်သည် အကျိုးပစ္စုပ္ပန်ဖြစ်တယ်" တဲ့။ "ထိုသို့ နာမ်တရားတို့ ရှေ့နောက်အစဉ် အခြားမရှိ ကျေးဇူးပြုခြင်းသဘောသည် အနန္တရသတ္တိပင် ဖြစ်တော့တယ်" တဲ့။ ဟုတ်လားဗျ။ မနေ့က ပြောခဲ့ဖူးလား။
ပြောပါတယ်။
"ထိုသို့ စိတ္တက္ခဏမခြားဘဲသာ ကျေးဇူးပြုသော်လည်းပဲ ရုပ်တရားများ ခြားရာ၌ကား ကျေးဇူးပြုနိုင်ကြောင်းကိုလည်းကောင်း၊ ရှေးရှေးသောဇောသည် နောက်နောက်ဇောကို ကျေးဇူးပြုသကဲ့သို့ သမာပတ်ဝင်စားခိုက်၌ ဖြစ်သော၊ သမာပတ်ဝင်စားခိုက်၌ ဖြစ်သော နေဝသညာနာသညာယတနဈာန်ဇော၊ ဝင်စားစဉ် တည်နေသော ရုပ်များသော်လည်းပဲ သမာပတ်မှထသောအခါ ဇောအစဉ် အနန္တရသတ္တိဖြင့် ကျေးဇူးပြုနိုင်ကြောင်းကိုလည်းကောင်း 'နိရောဓာ ဝုဋ္ဌဟန္တဿ နေဝသညာနာသညာယတနကုသလံ (သို့မဟုတ်) ကိရိယံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော' ဟူသော အနုဝါဒပါဠိကို ထောက်၍ သိရှိနိုင်ပါလိမ့်မယ်" တဲ့။ "နိရောဓသမာပတ်ဝင်စားစဉ် စိတ္တဇရုပ်မှတစ်ပါးသော ကမ္မဇ၊ ဥတုဇ၊ အာဟာရဇ တည်ဆဲရုပ်များ" ဒါကတော့ ပဉ္စဝေါကာရဘုံကို ရည်ရွယ်တာနော်။ ဟုတ်လား။ ကာမဘုံကို ရည်ရွယ်တာ။ တကယ်လို့ ရူပဘုံဆိုလို့ရှိရင် အာဟာရဇရုပ်...
မရဘူး။
မရဘူးပေါ့။ ဒွိဇရုပ်ပေါ့နော်။ ဟုတ်လား။ ဘုန်းကြီး ဒါကတော့ အဲ့ဒါ ဒွိဇရုပ်မဟုတ်ဘူးလားလို့တော့ ဘုန်းကြီးကို လာပြီးတော့ စောဒက...
မတက်ပါဘူး။
မတက်နဲ့လေ။ ကိုယ့်ဟာကိုယ်သိ။ "မင်း ဒီလောက်တောင် ညံ့လိုက်တာ" ပြောလိုက်တော့ ဘယ်လိုဖြစ်တုန်း။ ဟုတ်လား။ "အကြိမ်ပေါင်းများစွာ ဖြစ်ပျက်လျက် ခြားသော်လည်းပဲတဲ့ဗျ၊ အနန္တရသတ္တိဖြင့် ဘာလဲ။"
ကျေးဇူးပြုပါတယ်တဲ့။ "ကာမဘုံမှာ စုတေ၍ အသညသတ်ဘုံ၌ လာဖြစ်ကြသော ဗြဟ္မာများသည် ကာမဘုံသို့ ပြန်လာကြ၍ ကာမစုတိနောက်၌ ရုပ်ဘုံခြား၍ ကာမပဋိသန္ဓေ နေကြရာ၌ အနန္တရသတ္တိဖြင့် ကျေးဇူးပြုနိုင်ကြပါတယ်" တဲ့။ "အကြောင်းမှာ ရုပ်အစဉ်အဆက်နှင့် နာမ်အစဉ်တို့သည် ပင်ကိုကပင်လျှင် ခြားနားလျက်ရှိကြတယ်။ ထို့ကြောင့် ရုပ်တရားတို့သည် နာမ်တရားတို့၏ အစဉ်အဆက်၌ ဝင်ရောက်ခြားနားခြင်းငှာ မတတ်နိုင်ပါချေ။" ထို့ကြောင့်...
ကျေးဇူးပြုတယ်။
ကျေးဇူးပြုတယ်တဲ့။ ဒါ ကိုယ်တော်တို့ အာရုံနဲ့ မှန်းကြည့်လိုက်။ လူ့ပြည်နေတုန်းအခါကျတော့ အာနာပါနစတုတ္ထဈာန်ရအောင်၊ နာမ်တရားတွေ ငြီးငွေ့ပြီးတော့ တရားအားထုတ်လို့ အဲ့ဒီဈာန်နဲ့ပဲ သေသွားမယ်ဆိုလို့ရှိရင် ကိုယ်တော်တို့ရေ၊ အဲ့ဒီပုဂ္ဂိုလ်တွေက ဈာန်ရပြီး သေသွားမယ်ဆိုလို့ရှိရင် အဲ့ဒီပုဂ္ဂိုလ်တွေက အသညသတ်ဘုံ ရောက်သွားတယ်။ နာမ်တရားတွေ စက်ဆုပ်တယ်ဆိုတော့ ဘယ်ဘုံရောက်မှာပါလိမ့်။
အသညသတ်ဘုံ။ အသညသတ်ဗြဟ္မာပြည်ရောက်။ ဟိုကျတော့လည်းပဲ လူ့ပြည်က ထားခဲ့တဲ့ ဣရိယာပုထ်အတိုင်းပဲ။ ထိုင်ဆို ထိုင်တုန်း၊ လှဲဆို လှဲတုန်း၊ ရပ်ဆိုရင်...
ရပ်တုန်း။ အဲ့မှာ အဲ့လို ကျောက်ဆင်းတုကြီးလို ဖြစ်နေတာပေါ့။ အဲ့ဒီတော့ ကမ္ဘာငါးရာ သက်တမ်းစေ့လို့ရှိရင် လူ့ပြည်ကိုပဲ ပြန်လာရတယ်။ ဒါ ကိုယ်တော်တို့ အနုသယယမိုက် ဓာတုကထာဝါဒတုန်းက မပြောခဲ့ဘူးလား။ ပြောပါတယ်။ ပြောခဲ့ပြီ။ အဲ့သလိုပဲ။ သူက ဒီမှာ၊ ဒီမှာ ကိုယ်တော်တို့ ပြောဖို့က ဟိုတုန်းကလည်း ပြောခဲ့ပြီးပြီ။ ကိုယ်တော်တို့ ကာမစုတိရဲ့နောက်မှာ ကမ္ဘာ ၅၀၀ ခြားပြီး အသညသတ်ဘုံရောက်။ အသညသတ်ဗြဟ္မာပြည်ကနေ ကမ္ဘာ ၅၀၀ စေ့မှ ကာမဘုံကို ပြန်မလာဘူးလား။
ပြန်လာပါတယ်။
ကာမစုတိရဲ့နောက်မှာ ရုပ်ပဋိသန္ဓေနေတယ်။ ရုပ်ဘုံ၊ ရုပ်ပုံနေတယ်။ နောက်မှ ကာမပဋိသန္ဓေပဲ ပြန်နေတယ်။ အဲ့ဒီတော့ ကမ္ဘာငါးရာ ခြားပေမယ့်လို့လည်းပဲတဲ့ ဘာသတ္တိနဲ့ ကျေးဇူးပြုလဲ။
အနန္တရသတ္တိ။
ဘာဖြစ်လို့ ကျေးဇူးပြုသတဲ့တုန်း။
"ရုပ်အစဉ်အဆက်နှင့် နာမ်အစဉ်တို့သည် ပင်ကိုကပင် ဘာလဲဗျ။"
ခြားနားလျက်ရှိကြတယ်တဲ့။ ဒါကြောင့် ရုပ်တရားတို့ဟာ နာမ်တရားတို့ရဲ့ အစဉ်အဆက်မှာ ဘာလဲ။
ဝင်ရောက်ခြားနားခြင်းငှာ မတတ်ကောင်းတဲ့အတွက်ကြောင့်မို့လို့ ဒါလည်း ဘာသတ္တိနဲ့ပဲ ကျေးဇူးပြုတယ်။
အနန္တရသတ္တိနဲ့ ကျေးဇူးပြုတယ်။
အနန္တရသတ္တိနဲ့ ကျေးဇူးပြုတယ်တဲ့ဗျ။ ကိုင်း၊ ဒါဆိုလို့ရှိရင်တော့ ကိုယ်တော်တို့ရေ နည်းနည်းလေး ရှေ့တိုးကြည့်ရအောင်။ ခုနက ဟိုဘက်က ပါဠိတော်လေး "ကုသလော အဗျာကတဿ" ကို အောင်မြင်ပြီး၊ "အဗျာကတော အဗျာကတဿ" ကို အောင်မြင်ပြီး "အနုလောမံ သေက္ခာနံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော" သို့မဟုတ် "အရဟတော အနုလောမံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော" ဒါလေးကို နည်းနည်းလေး ပြောကြရအောင်။ အဲ့ဒီတော့ ဖလသမာပတ် ဝင်စားတော့မယ်။ ဟုတ်လားဗျ။ ဘာသမာပတ် ဝင်စားတော့မယ်။
ဖလသမာပတ် ဝင်စားတော့မယ်။
ဖလသမာပတ် ဝင်စားတော့မယ်။ ကိုယ်တော်တို့ရေ၊ ဟုတ်လားဗျ။ ဘာဝင်စားမှာပါလိမ့်။
ဖလသမာပတ်။
ဖလသမာပတ် ဝင်စားကြတော့မယ်။ ဖလသမာပတ် ဝင်စားတော့မယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ အဲ့ဒီတော့ တပည့်တော်တို့ အခု အစအဆုံးအနေနဲ့ ဘယ်လိုသိရမှာလဲဆိုလို့ရှိရင်ပေါ့ဗျာ။ ဒီတော့ အခု ဒါ ကိုယ်တော်တို့ အခု သင်္ဂြိုဟ်မှာတုန်းကလည်း ပြောခဲ့ပြီပေါ့။ ဒါလေး ပြန်ပြီးတော့ ပြောပြဦးမယ်။ ဒါလေးက အလွန်တရာမှ စာရေးသားချက်တွေကလည်း အလွဲအမှားတွေ ရှိနေလို့ ကိုယ်တော်တို့ရဲ့ အသည်းမှာ ဘာလိမ့်။
စွဲသွားအောင်။
မလွဲမမှားရအောင် ဘာလိမ့်။
စွဲစွဲမြဲမြဲ ဖြစ်သွားစေရမယ်။ အဲ့ဒီတော့ ဒီဥစ္စာလေးက နည်းနည်းလေး ကိုယ်တော်တို့ နည်းနည်းလေး ရှိနေကြလို့။ အခု စာရေးထားတာ နည်းနည်း ခေတ်တွင်ကျယ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အမှတ်အသားဟာ တော်တော်များများ တွင်ကျယ်ဆုံးအမှတ်အသား ဖြစ်သွားတတ်လို့ ဒါတွေက ကိုယ်ပိုင်အတွေးလေး ပါသွားအောင်လို့ပေါ့။ အဲ့ဒီတော့ အခု ဓမ္မပဒမှာ မဂ္ဂဝဂ်ဆိုတာရှိတယ်။ မဂ္ဂဝဂ်မှာဆိုလို့ရှိရင် အနတ္တလက္ခဏသုတ်ဝတ္ထုတဲ့။ ဟုတ်လားဗျာ။ အဲ့ဒါလေး ထောက်ပြီးတော့ အဲ့မှာ စာအုပ်တစ်အုပ်မှာပေါ့ဗျာ။ သူများ၊ သူများမှားတာလေး တွေ့တဲ့အခါကျတော့ ကိုယ်လည်း မမှားရအောင်လို့ ပြောတာပါ။ သို့သော်လည်းပဲ တပည့်တော်တို့လည်းပဲ အဲ့လိုအရွယ်မှာပဲ ကိုယ်က စာရေးတော့လည်းပဲလေ၊ ကိုယ်တော်တို့ တပည့်တော်တို့လည်းပဲ ကိုယ်မြင်သလောက်၊ ကိုယ်ရေးလိုက်တဲ့အတွက်ကြောင့်မို့လို့ အလွဲတွေ ရှိမသွားနိုင်ဘူးလား။
ရှိပါတယ်။
ရှိသွားနိုင်တယ်။ တစ်ဖက်သားရဲ့ အပြစ်ပြောနေတာမဟုတ်ဘူး။ အခု ကိုယ်တော်တို့က ကိုယ်လည်းပဲ မှားချင်လည်း မှားမယ်။ အဲ့ဒီမှားတာ၊ ကိုယ်က မှားတာကို အဲ့ဒါ ကိုယ်ကျတော့လည်း မမှားအောင် အတတ်နိုင်ဆုံး ပြင်ရအောင်ပေါ့။ နောက် တကယ်လို့ ကိုယ်က စာရေးမယ်ဆိုလို့ရှိရင်လည်းပဲ ဒါ ကျန်တဲ့နေရာ "ကျွန်ုပ်မြင်သလောက်၊ စာရေးသူမြင်သလောက် ရေးခြင်းသာဖြစ်တယ်" လို့ ဒီလို ကောက်ချက်ချရမယ်ပေါ့။ ဟုတ်တယ်မလားဗျ။
မှန်ပါ့။
အဲ့ဒီတော့ ဘာပြောထားသလဲဆိုလို့ရှိရင် အခု ဒီမှာပြောချင်တာက တပည့်တော်တို့ရေ၊ တရားထုတ်တော့မယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ အခု ထုတ်၊ ဒီမှာ လာမယ်ပေါ့။ အခု မဂ်ဉာဏ်တွေ ရကြမယ်ပေါ့ဗျာ။ မဂ်ဉာဏ်တွေကြောင့် ကျွတ်တမ်းဝင်ကြမယ်ဆိုလို့ရှိရင် အခု ဖလသမာပတ်ဝင်စားတာပဲဖြစ်ဖြစ်၊ သမာပတ်ဝင်စားတာပဲဖြစ်ဖြစ် ဒါတွေ ရှိလာကြတယ်။ ဘယ်လို ဘယ်လိုလဲဆိုတော့ အခု ခုနကပြောခဲ့တဲ့ ဓမ္မပဒမှာဆိုလို့ရှိရင်တော့ "သဗ္ဗေ ဓမ္မာ အနတ္တာ'တိ ယဒါ ပညာယ ပဿတိ၊ အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ" ဆိုပြီးတော့ အဲ့မှာ "သဗ္ဗေ ဓမ္မာ'တိ ပဉ္စက္ခန္ဓာ ဧဝ အဓိပ္ပေတာ" ဆိုပြီးတော့ ဓမ္မပဒ ဒုတိယအုပ်၊ အဋ္ဌကထာအုပ် စာမျက်နှာ ၂၄၊ ၂၅၊ ၂၆ တို့မှာဆိုလို့ရှိရင် အဲ့ဒီမှာဆိုလို့ရှိရင် "သဗ္ဗေ ဓမ္မာ'တိ" ဆိုပြီးတော့ "ပဉ္စက္ခန္ဓာ ဧဝ အဓိပ္ပေတာ" လို့။ ပဉ္စက္ခန္ဓာ
ဟုတ်ကဲ့ပါ၊ တောင်းပန်ပါတယ်။ ကျန်ရှိနေသော စာပိုဒ်ကို အောက်တွင် ဆက်လက်၍ စာလုံးပေါင်းသတ်ပုံ စစ်ဆေးပေးထားပါသည်-
ကျေးဇူးပြု၍ ပြန်လည်စစ်ဆေးထားသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ဖော်ပြအပ်ပါသည်။ မူရင်းစာတွင် ပါရှိသော ပါဠိစာလုံးများ၊ တရားဓမ္မ အသုံးအနှုန်းများနှင့် အပြောစကားများကို စာအရေးအသားနှင့် ပိုမိုကိုက်ညီအောင် ပြင်ဆင်ပေးထားပါသည်။
ပြင်ဆင်ပြီးသောစာ
ကိုင်း၊ ဟုတ်ပြီ။ အဲ့လိုဆိုလို့ရှိရင် ဒီဖိုလ်ဝင်စားတဲ့ပုဂ္ဂိုလ်ဆိုတာက ခုနကပြောတဲ့တရားတွေကိုပေါ့ဗျာ၊ ဝိပဿနာဉာဏ်နဲ့ ရှုရမယ်။ ဟုတ်လားဗျ။ ဝိပဿနာနဲ့ ရှုရမယ်ဆိုလို့ရှိရင် ကိုယ်တော်တို့ သမ္မသနဉာဏ်ပြီးတော့ ဘာဉာဏ်လဲဗျ။
ဥဒယဗ္ဗယဉာဏ်။
အေးအေး၊ ဥဒယဗ္ဗယ၊ ဥဒယဗ္ဗယကနေပြီးတော့ ဥဒယဗ္ဗယ၊ ဘင်္ဂဉာဏ်၊ ဘယဉာဏ်၊ အာဒီနဝဉာဏ်၊ နိဗ္ဗိဒါဉာဏ်၊ မုစ္စိတုကမျတာဉာဏ်၊ ပဋိသင်္ခါဉာဏ်၊ သင်္ခါရုပေက္ခာဉာဏ်...
အနုလောမဉာဏ်တိုင်အောင်။
အနုလောမဉာဏ်တိုင်အောင်ပေါ့ဗျာ၊ သွား။ အဲ့လောက်ထိအောင် ကိုယ်သေချာ ပဋိပတ်အစဉ်အတိုင်း အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ရှုရမယ်။ တေဘူမကတရားကို ရှုရမှာလေ။ ဟုတ်လား။ ဝိပဿနာဉာဏ်ကိုးပါးကို ရအောင် ဘာကိုရှုရမှာလဲဆိုရင်...
တေဘူမကတရားတွေကို ခုနကပြောသလို ရှုရမယ်ပေါ့ဗျာ။ သီးခြား ပဋိပတ်အစဉ်အတိုင်း ရှု၊ ရှုပြီးပြီဆိုလို့ရှိရင် အဲ့ဒီက အနုလောမဆိုတဲ့ အနုလုံကျသွားပြီ။ အနုလုံ မကျဘူးလား။
ကျပါတယ်။
အနုလုံဖြစ်သွားပြီ။ အနုလောမဉာဏ် ရောက်သွားပြီ။ အနုလောမဉာဏ်ဆိုတာ အနုလုံပဲ။ ဟုတ်လား။ အဲ့ဒီတော့ အနုလုံကျသွားပြီဆိုကတည်းကပဲ ကြည့်လိုက်တော့၊ ဪ ကြည့်လိုက်၊ ဖိုလ်ဇောတွေ ကျသွားပြီ။ မကျဘူးလား။
မှန်ပါ့ဘုရား။
အနုလုံကျသွားပြီဆိုတာ ခုနက ကိုယ်တော်တို့ကို ကြည့်မယ်။ အနုလုံသုံးကြိမ်ဆိုတာက မန္ဒပုဂ္ဂိုလ်၊ လေးကြိမ်ဆိုတာက တိက္ခပုဂ္ဂိုလ်။
မန္ဒပုဂ္ဂိုလ်တွေအတွက် ကျသွားပြီဆိုလို့ရှိရင် ဟော ကြည့်လိုက်။ အရှင်ဘုရားတို့ ကိုယ် သေက္ခပုဂ္ဂိုလ်ဆိုလို့ရှိရင်လည်းပဲ ဖိုလ်ဇောတွေ များစွာကျသွားပြီ။ ဖိုလ်ဇောတွေ ဘာလိမ့်။
များစွာ။
များစွာဖြစ်နေပြီ။ ဖိုလ်ဇောတွေ များစွာဖြစ်နေပြီ။ ဟုတ်လားဗျ။
မှန်ပါ့ဘုရား။
ကိုင်း၊ အဲ့ဒီလို၊ အဲ့သလို သဘောပေါက်ရမယ်။ ကိုင်း၊ အဲ့ဒါ ဖိုလ်ဇော၊ အဓိပ္ပာယ် ဝင်စားလိုက်ပြီပေါ့ဗျာ။ ဖလသမာပတ်ကို ဝင်စားလိုက်ပြီ။ ဟုတ်လား။
မှန်ပါ့ဘုရား။
ကိုင်း၊ ခုနက ပြောခဲ့ပြီ။ ဖလသမာပတ်ဝင်စားတာ ဈာန်ရတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ ဈာန်မရတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ အရိယာဖြစ်တဲ့ပုဂ္ဂိုလ်တိုင်း ဘာကိုဝင်စားနိုင်လဲ။
ဖလသမာပတ်။
အေး၊ နိရောဓသမာပတ်မဟုတ်ဘူးနော်။ ရောမသွားနဲ့။ ရောမသွားနဲ့နော်။
မှန်ပါ။
ကိုင်း၊ ဟုတ်ပြီ။ အဲ့လို ဝင်စားလိုက်တယ်။ အဲ့ဒီတော့ ဒီမှာ အနုလုံဆိုတာလည်း ဒီမှာ အဆုံးစွန်အနေနဲ့ ကိုယ်တော်တို့ရေ၊ အနုလောမဉာဏ်တိုင်အောင်ပေါ့ဗျာ။ အဲ့လို ဖြစ်သွားပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ ဟိုဘက်က ဘာဇောတွေ ကျလာတာလဲ။ ဖိုလ်ဇောတွေ။ ကိုယ်ကျင့်ရပြီးတဲ့ မဂ်ရဲ့နောက်မှာ ဘာပါလိမ့်။
အမြင့်ဆုံးဖိုလ်။ သောတာပန်ဆိုရင်...
သောတာပတ္တိဖိုလ်။
အနာဂါမ်ဆိုရင်...
အနာဂါမိဖိုလ်။
ရဟန္တာဆိုရင်...
အရဟတ္တဖိုလ်။
အရဟတ္တဖိုလ် များစွာ၊ များစွာ၊ များစွာ ကျတယ်။ အဲ့လို များစွာကျပြီးတဲ့နောက်မှာ ဟိုဘက်က ဘဝင်တွေ၊ နှစ်ကြိမ်၊ သုံးကြိမ်ကျ၊ ဘဝင်တွေကျ။ ဟုတ်လားဗျ။ ဘာဘဝင်တွေကျ။
ဘဝင်တွေကျ။
အဲ့သလို၊ အဲ့သလို အရှင်ဘုရားတို့ရေ၊ အဲ့ဒီလို ဒီအနုလုံရဲ့နောက်သို့၊ သို့မဟုတ် အနုလောမဉာဏ်ရဲ့နောက်မှာဆိုလို့ရှိရင် ခုနက အစဉ်အတိုင်းသွားတာ။ ခုနက ပြောခဲ့ပြီ။ ဥဒယဗ္ဗယဉာဏ်ကနေပြီးတော့ အနုလောမဉာဏ်တွေ၊ အဲ့လို သွားပြီးတော့မှ ဖိုလ်ဇောကို ကြည်ကြည်နူးနူး ဝင်စားရတာ။ ဟုတ်လားဗျ။
မှန်ပါ။
အဲ့လိုဆိုလို့ရှိရင် ကိုယ်တော်တို့ ခုနက ပြန်ပြီးတော့ စဉ်းစားလိုက်။ ဟို မနေ့တုန်းက ပြောခဲ့ပြီးသား။ "ဥဒိတံ ဗြဟ္မစရိယံ" ဆိုလို့လည်းပဲ ဖလသမာပတ်ဝင်စားတဲ့အခါကျလို့ရှိရင် အဲ့ဒါတွေ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ မရှုရဘူးလား။
ရှုရပါတယ်။ အေး၊ ဒါလေးလည်း သိခဲ့ကြဦး။ ကိုယ်တော်တို့ရေ၊ ထင်ရာတွေ လျှောက်ပြောလို့မဖြစ်ဘူးဗျ။ ဟုတ်လား။ အဘိဓမ္မာမတတ်ဘဲနဲ့လည်း ကိုယ်တော်တို့ အဲ့ဒါကို ထင်ရာလျှောက်ပြောလို့မဖြစ်ဘူး။ ဖြစ်ပါ့မလား။
မဖြစ်ပါဘူး။
မဖြစ်ဘူး။ ဟုတ်ပြီ။ အဲ့ဒီတော့ အဲ့ဒီအနေအထားတွေ ရှိတယ်ပေါ့ဗျာ။ ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ အရိယာဖြစ်တဲ့ပုဂ္ဂိုလ်တိုင်းဟာလည်း နိဗ္ဗာန်ချမ်းသာကို အာရုံပြုပြီးတော့ အထွတ်အထိပ်၊ အတုမရှိတဲ့ ဝိမုတ္တိသုခကို ခံစားနေကြတယ်တဲ့။ ဒါကိုပဲ ခုနက ပြောခဲ့တယ်။ ဘာလဲဗျ။ "အနုလောမံ သေက္ခာနံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ အရဟတော အနုလောမံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော" လို့ ဆိုရတယ်တဲ့ဗျ။
အဲ့ဒီတော့ အရှင်ဘုရားတို့ရေ၊ မီးထဲ လောင်စာဖြင့် မရောင့်ရဲနိုင်သလိုပဲတဲ့၊ မဟာသမုဒ္ဒရာကလည်း ရေနဲ့ မရောင့်ရဲနိုင်သလို၊ မင်းဟာလည်း တိုင်းပြည်တို့၊ ရတနာတို့နဲ့ မရောင့်ရဲနိုင်သလိုပါပဲတဲ့၊ အလှူရှင်တွေအနေနဲ့ကလည်းပဲ ပစ္စည်းဥစ္စာတို့ဖြင့် မရောင့်ရဲနိုင်သလို၊ အရိယာဖြစ်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲ အကြောင်းကင်းမဲ့ပြီးတဲ့ နိဗ္ဗာန်ကို အာရုံပြုပြီးတော့ နေရတဲ့ ဖလသမာပတ်ဖြင့် ဘာပါလိမ့်ဗျ။
မရောင့်ရဲနိုင်ပါ။
မရောင့်ရဲနိုင်ကြဘူးတဲ့ဗျ။ ဟုတ်လားဗျာ။ ဘာနဲ့ မရောင့်ရဲနိုင်ကြဘူးတဲ့။
ဖလသမာပတ်နဲ့ မရောင့်ရဲနိုင်ကြဘူးတဲ့။ အဲ့ထဲတော့ တပည့်တော်တို့ရဲ့ အခု ဗုဒ္ဓစာပေမှာတော့ဖြင့် ဖလသမာပတ်ကို အများဆုံးဝင်စားတဲ့ပုဂ္ဂိုလ်ကတော့ သက်တော်ရှည်ပုဂ္ဂိုလ်ကြီးပေါ့ဗျာ။ လူ့ဘဝမှာ သက်တမ်းက ၈၀၊ ရဟန်းဘဝက သက်တမ်းက ၈၀။ အဲ့ဒီက မထေရ်မြတ်ကြီး ဘယ်သူပါလိမ့်။
ရှင်ဗာကုလ။
ရှင်ဗာကုလ။
ရှင်ဗာကုလ။
ရှင်ဗာကုလတဲ့ဗျ။ သူကတော့ဖြင့် ဟုတ်လား၊ အဝတ်အစားအဆုံးပုဂ္ဂိုလ်လို့ အဲ့လိုခေါ်ရတယ်။ အဲ့ဒီတော့ ကိုယ်တော်တို့ရေ၊ ဒီမှာ ဖလသမာပတ်ဝင်စားတာတွေကတော့ ဝါဠုကိန္ဒြိယသမာပတ်ဆိုတာလည်း ရှိသေးတယ်နော်။ ကိုယ့်ဒီကိုယ်ကတော့ ဒီမှာ အချိန်မရတော့ ကိုယ်တော်တို့ကို ဒါလေးနဲ့ တိုက်တိုက်ဆိုင်ဆိုင် ပြောတာ။ ပြီးခဲ့တဲ့နေ့တွေကတော့ တော်တော်အကျယ်တဝင့် ပြောခဲ့တယ်။ ဟုတ်လားဗျာ။
နောက်တစ်ခု ပြောကြရအောင်။ "နိရောဓာ ဝုဋ္ဌဟန္တဿ နေဝသညာနာသညာယတနကုသလံ (သို့မဟုတ်) နေဝသညာနာသညာယတနကိရိယံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။" ဒါလည်း သိစရာမကောင်းဘူးလားဗျ။
ကောင်းပါတယ်။
ဒါလေးလည်း နည်းနည်းပြောကြည့်ပေါ့ဗျာ။ အဲ့ဒီတော့၊ အဲ့ဒီတော့ နိရောဓသမာပတ္တိဝီထိတဲ့။ အဲ့ဒါလည်း ကြည့်တော့ "နိရောဓာ ဝုဋ္ဌဟန္တဿ နေဝသညာနာသညာယတနကုသလံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ နိရောဓာ ဝုဋ္ဌဟန္တဿ နေဝသညာနာသညာယတနကိရိယံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။" ဒါလည်းပဲ ကိုယ်တော်တို့ရေ၊ အဲ့ဒီတော့ အခု နိရောဓသမာပတ် ဝင်စားတော့မယ်ဆိုလို့ရှိရင် ဝင်စားနိုင်ခြင်းရဲ့ အကြောင်းငါးပါးရှိတယ်ဗျ။ အကြောင်းကိုးပါးနဲ့ ပြည့်စုံမှ ဝင်နိုင်တာ။ ဟုတ်လားဗျ။ ဘယ်နှပါးပါလိမ့်။
ကိုးပါးပါ။
ကိုယ်တော်တို့ အင်္ဂုတ္တိုရ်မှာတော့ လေးပါးရှိတယ်ပေါ့ဗျာ။ ဒီတော့ ဒီမှာ အဲ့ဒီမှာ မပါတာက ငါးပါး။ ပေါင်းလိုက်တော့ ဘယ်လောက်ပါလိမ့်။
ကိုးပါး။
ကိုးပါး။ အဲ့ဒီက ငါးပါးက ဘာလဲဆိုလို့ရှိရင်တော့ ဗလသမ္ပဒါ၊ ပဋိပဿဒ္ဓိ၊ ဉာဏစရိယာ၊ သမာဓိစရိယာ၊ နောက်ကျတော့ အဲ နောက်တစ်ချက်ပေါ့။ အဲ့ဒီတော့ ငါးခုနဲ့ ပြည့်စုံရမယ်။ ဘယ်လိုလဲဆိုလို့ရှိရင် ခုနက ဗလသမ္ပဒါဆိုတာက သမထ၊ ဝိပဿနာ နှစ်ဖြာ၏ အစွမ်းအားဖြင့် ပြည့်စုံခြင်းဆိုတဲ့ ဗလသမ္ပဒါနဲ့လည်း ပြည့်စုံရမယ်တဲ့။ ဟုတ်လား။ ဘာနဲ့ ပြည့်စုံရမလဲ။
ဗလသမ္ပဒါနဲ့။
ပြည့်စုံရမယ်တဲ့။ ဟုတ်လားဗျ။ နောက် ဝစီသင်္ခါရ၊ ကာယသင်္ခါရ၊ စိတ္တသင်္ခါရတို့ရဲ့ အဆင့်ဆင့် ချုပ်ငြိမ်းမှုဆိုတဲ့ သင်္ခါရပဋိပဿဒ္ဓိလည်း ရှိရမယ်တဲ့။ ဟုတ်လားဗျ။ နောက် အနိစ္စာနုပဿနာ၊ ဒုက္ခာနုပဿနာ၊ အနတ္တာနုပဿနာ စသောအားဖြင့် အကုန်လုံး ၁၆ ပါးပေါ့ဗျ။ အဲ့ဒီ ၁၆ ပါး၊ အဲ့ဒါ ၁၆ ပါး ဉာဏ်၏ ဖြစ်ခြင်းလည်းပဲ ဉာဏစရိယာနဲ့လည်း ပြည့်စုံရမယ်တဲ့။ နောက် သမာပတ်ရှစ်ပါးနဲ့၊ သမာပတ်၊ သမာပတ်ရှစ်ပါးနဲ့ သမထရှစ်ပါးနဲ့လည်းပဲ ပြည့်စုံရမယ်။ သမာပတ်ရှစ်ပါး ဥပစာပေါင်းမယ်ဆိုလို့ရှိရင် ကိုးပါး။ သမာဓိဖြစ်ခြင်းဆိုတဲ့ သမာဓိစရိယာနဲ့လည်း ပြည့်စုံရမယ်တဲ့။ နောက် သမာပတ်ရှစ်ပါးကို ဝသီဘော်ငါးပါးနဲ့ နိုင်စွာလေ့လာထားပြီးတော့ ဝသီဘော်ငါးပါးနဲ့လည်းပဲ ပြည့်စုံရမယ်တဲ့ဗျ။ ဟုတ်လား။ အဲ့လို ပြည့်စုံပြီးတဲ့နောက်မှာဆိုလို့ရှိရင် နိရောဓသမာပတ်ကို ဝင်စားတော့မယ်ဆိုလို့ရှိရင် စိတ်ငြိမ်ရာအရပ်မှာ ထိုင်ပြီးတော့ အဲ့ဒါ ပထမဈာန်ကို ရရှိအောင် ဝင်စား။ ပထမဈာန်ကို ဘာပါလိမ့်ဗျ။
ရရှိအောင် ဝင်စား။
ရရှိအောင် ဝင်စား။ သင်္ခါရတရားတော်ကို အနုလောမဉာဏ်တိုင်အောင် ခုနကပြောခဲ့တဲ့ အစီအစဉ်အတိုင်းပဲလေ။ ပြောခဲ့ဖူးလား။ ပြောပါတယ်။ အနုလောမဉာဏ်တိုင်အောင် ခုနကပြောခဲ့ပြီးပြီ။ ခုနက အနုလောမဉာဏ်တိုင်အောင် သွား။ ဘယ်တိုင်အောင် သွားမှာလဲ။
အနုလောမဉာဏ်တိုင်အောင်။
အနုလောမဉာဏ်တိုင်အောင် အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာလို့ အဓိက္ခာတွေကို မညံ့လွန်း၊ မထက်လွန်းအောင် ဝိပဿနာရှုရမယ်တဲ့ဗျ။ မညံ့လွန်းအောင် ဘာလိမ့်။
မထက်လွန်းအောင်။
ဝိပဿနာရှုရမယ်။ အဲ့လို ဝိပဿနာရှုတဲ့အခါကျလို့ရှိရင် သင်္ခါရတို့ကို သိမ်းဆည်းတဲ့ ဝိပဿနာ၊ သမာပတ်ကို ဆောင်တဲ့ ဝိပဿနာ၊ နိရောဓသမာပတ်ကို ဆောင်တဲ့ ဝိပဿနာ၊ ဟုတ်လားဗျ။ အဲ့ဒါ သုံးမျိုးနဲ့ နောက်ကျတော့လည်းပဲ အဲ့ဒီနည်းအစဉ်အတိုင်း သွားပြီးတော့ အာကာသာနဉ္စာယတနဈာန်တိုင်အောင် ဝင်စားပြီးတဲ့အဆုံးမှာဆိုလို့ရှိရင် အာကိဉ္စညာယတန။ ဘာပါလိမ့်။
အာကိဉ္စညာယတနပြီးတော့မှ ဘယ်ဈာန်လာမှာပါလိမ့်။ နေဝသညာနာသညာယတနဈာန်ကို လာမှာလေ။ အဲ့ဒီရောက်မှ... အဲ့ဒီကျတော့ ဝိပဿနာမရှိတော့ဘဲနဲ့ အဲ့ဒါက အဲ့လို ဝင်စားတော့မယ်ဆိုလို့ရှိရင်တော့ ဒါတွေက ရှေ့က ပုဗ္ဗကိစ္စလေးပါးသာ ကိုယ်တော်တို့ သိပြီးသား။ ကိုယ်တော်တို့ မသိဘူးလား။
သိပါတယ်။
နာနာဘတ္တအဝိကောပနတဲ့။ မိမိနဲ့ ဝေးနေတဲ့ ပရိက္ခရာတွေကို မီး၊ ရေ မဖျက်ဆီးနိုင်အောင် အဓိဋ္ဌာန်ပြုခြင်းဆိုတဲ့ နာနာဘတ္တအဝိကောပန။ သံဃာပဋိမာနနတဲ့ဗျ။ ဟုတ်လားဗျာ။ သံဃာတော်တွေက လိုအပ်လို့ရှိရင် သမာပတ်မှ ထနိုင်အောင်လို့ သတ္ထုပက္ကောသန။ ဘုရားရှင် ခေါ်တော်မူလို့ရှိရင်လည်းပဲ...
သမာပတ်မှ ထနိုင်ပါတယ်။ ထနိုင်ဖို့ရာအတွက် အာယုပရိစ္ဆေဒ။ မိမိရဲ့အသက်က ဘာလဲဗျ။
အဲ့ဒါ ရှင်သန်ခြင်းဆိုတာကိုလည်း သိနိုင်ဖို့လိုတယ်ပေါ့။ အဲ့ဒါ ကြားထဲ ဘယ်သူမှ လုပ်ကြံလို့ မသေနိုင်ဘူး။ သမာပတ်ဝင်စားနေသူကို လုပ်ကြံလို့ သေနိုင်ပါ့မလား။ မသေနိုင်ဘူး။ အဲ့ဒါ ကိုယ်တော်တို့ မှတ်သားစရာကောင်းတာ။ ကိုင်း၊ ပြန်ပြောကြမယ်။ သံဃာပဋိမာနနတဲ့ဗျ။ အရှင်ဘုရားတို့ရဲ့ ဒါက နိရောဓသမာပတ်ဝင်စားနေတဲ့ပုဂ္ဂိုလ်တို့သော်မှလည်းပဲ သံဃာကို လေးစားရတယ်နော်။ ဒီအချက်ကလေး မပါဘူးလား။
ပါပါတယ်။
ပါတယ်။ ပါတယ်။ ပြည့်စုံပြီး ခုနက အစီအစဉ်အတိုင်းကို အဲ့လိုပဲ ပြုလုပ်ပြီးပြီဆိုတော့မှ ခုနကအတိုင်းပဲ အနုလောမဉာဏ်သွားပြီးတော့မှ ခုနကပြောသလို ဝိပဿနာတွေကလည်း မညံ့လွန်း၊ မထက်လွန်းအောင် ဖြစ်ပြီးတော့မှ အစဉ်အတိုင်းပဲ ခုနကပြောခဲ့သလိုပဲ။ အဲ့ဒီဥစ္စာကလည်း ကိုယ်တော်တို့ ပြောခဲ့ပြီ။ မနေ့တုန်းက ပြောခဲ့ပြီးပြီ။ အခြေခံတွေလည်း ပြောခဲ့ပြီ။ အရူပဘုံမှာ မဝင်စားနိုင်ဘူး။ ဘာလို့လဲဆိုလို့ရှိရင် ဒါ ရူပပထမဈာန် တက်ခဲ့ရတာကို ခုနက ပြောခဲ့ဖူးလား။
ပြောခဲ့ပါတယ်။
ပထမဈာန်က စခဲ့ရတာမဟုတ်ဘူးလား။
မှန်ပါ။
အဲ့ဒါကို အရှင်ဘုရားတို့ ရူပဘုံသားတွေ ရနိုင်တာလေ။ အရူပဗြဟ္မာပြည်မှာ ရနိုင်ပါ့မလား။
မရနိုင်ပါဘူး။
မရနိုင်ဘူး။ အရူပဗြဟ္မာပြည်မှာ ပထမဈာန်တွေ မရနိုင်ဘူး။ ဒါကြောင့်မို့လို့ ကိုယ်တော်တို့ရေ၊ အရူပဘုံမှာ နိရောဓသမာပတ်ကို မဝင်စားနိုင်ဘူး။ အရူပဘုံမှာ...
နိရောဓသမာပတ်ကို မဝင်စားနိုင်ပါဘူး။
မဝင်စားနိုင်ဘူး။ နောက် ကိုယ်တော်တို့ သောတာပန်၊ သကဒါဂါမ်တွေလည်း မဝင်စားနိုင်ဘူး။ ဘာတွေလည်း မဝင်စားနိုင်ဘူး။
သောတာပန်၊ သကဒါဂါမ်။
သောတာပန်၊ သကဒါဂါမ်တွေလည်း မဝင်စားနိုင်ပါဘူးတဲ့။ ဘာဖြစ်လို့ သောတာပန်၊ သကဒါဂါမ်တွေ မဝင်စားနိုင်သလဲဆိုလို့ရှိရင် ကာမစ္ဆန္ဒစတဲ့တရားတို့ကို အကြွင်းမဲ့ မပယ်ရသေးလို့။ ပြောကြည့်။
ကာမစ္ဆန္ဒစတဲ့တရားတွေကို အကြွင်းမဲ့ မပယ်ရသေးလို့။
ကာမစ္ဆန္ဒစတဲ့ နီဝရဏတရားတွေကို အကြွင်းမဲ့ မပယ်ရသေးတဲ့အတွက်ကြောင့်မို့လို့ သမာဓိအားနည်းနေသေးတယ်တဲ့ဗျ။ ဘာအားနည်းနေသေးလဲ။
သမာဓိအားနည်းနေတယ်။
သမာဓိအားနည်းနေသေးတယ်။ အဲ့ဒီလို သမာဓိအားနည်းနေတဲ့အတွက်ကြောင့်မို့လို့ သူက သမာဓိအားနည်းလို့ ရပါ့မလား။
မရပါဘူး။
မရနိုင်ဘူး။ အဲ့သလို သမာဓိအားနည်းတဲ့အတွက်ကြောင့်မို့လို့။ ကိုင်း၊ ပြန်ပြောမယ်။ သမာပတ်ကိုလည်း ရှစ်ပါးကိုလည်း ရမှ။ သမာပတ်ရှစ်ပါးကိုလည်း ရမှ။ နောက်ကျတော့လည်းပဲ အဲ့ဒီက ပုဂ္ဂိုလ်တွေဟာလည်း ပဉ္စဝေါကာရဘုံဖြစ်မှ။ ဘာဘုံဖြစ်မှ။
ပဉ္စဝေါကာရဘုံဖြစ်မှ။
ဖြစ်မှ။ အဲ့ဒီက ပုဂ္ဂိုလ်တွေသာလျှင် အနာဂါမ်၊ ရဟန္တာ၊ အဲ့ဒီက ပုဂ္ဂိုလ်တွေသာလျှင် ဘာကိုဝင်စားနိုင်လဲ။
နိရောဓသမာပတ် ဝင်စားနိုင်တယ်။
ဘာဝင်စားနိုင်လဲ။
နိရောဓသမာပတ် ဝင်စားနိုင်တယ်။
အဲ၊ နိရောဓသမာပတ်နဲ့ ဖလသမာပတ်နဲ့တော့ ရောထွေးမသွားနဲ့နော်။
မှန်ပါ့။ အဲ့ဒီက နိရောဓသမာပတ်ကတော့ စိတ်၊ စေတသိက်၊ စိတ္တဇရုပ်တွေ ချုပ်နေတာ။ ဟုတ်လား။
မှန်ပါ့။
ဘာတွေ ချုပ်နေတာ။
စိတ်၊ စေတသိက်၊ စိတ္တဇရုပ်။
တည်ဆဲရုပ်တော့ မချုပ်ဘူးနော်။ ဘာတွေ မချုပ်ဘူး။
တည်ဆဲရုပ် မချုပ်ပါ။
အဲ၊ တည်ဆဲရုပ်တွေက ဖြစ်နေတာပဲလေ။ "နိရောဓာ ဝုဋ္ဌဟန္တဿ နေဝသညာနာသညာယတနကုသလေ (သို့မဟုတ်) နေဝသညာနာသညာယတနကိရိယံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။" အဲဒီအချိန်အခါမှာဆိုလို့ရှိရင် စိတ်၊ စေတသိက်၊ စိတ္တဇရုပ် ချုပ်သာကျန်တဲ့ တည်ဆဲရုပ်၊ ကာမဘုံဆို တိဇရုပ်၊ ရူပဘုံဆိုရင်...
ရူပဘုံဆိုရင်...
ဟာ၊ မလိုက်နိုင်ဘူးပေါ့။ ဒါက ရူပဘုံဆိုရင်...
ဒွိဇရုပ်။
ဒွိဇရုပ်။ အဲ၊ ဒါကို မသိကြသေးဘူးဗျာ။ ဟမ်။ ဒါကြောင့် ကိုယ်တော်တို့ အဲ့ဒါကြောင့် ဖိချနေရတာ။ ကိုယ်တော်တို့ ဟုတ်လား။ ဒါကြောင့် ကပ်ပြားနေတာ။ အဲ့လိုရှိတယ်ပေါ့။ ရူပဘုံက အာဟာရဇရုပ် ရလား။
မရပါဘူး။
ဟော၊ ဒါ ပြောစရာမလိုဘူးလေ။ ဟုတ်လား။ ပြောစရာလိုသေးလား။
မလိုပါဘူးဘုရား။
မလိုဘူးပေါ့ဗျာ။ အဲ့ဒီတော့ ပြန်ပြောမယ်ပေါ့ဗျာ။ ရူပဘုံကတော့ သမထ၊ ဝိပဿနာ တွဲပြီးတော့ ရူပဈာန်များ မရှိဘူးပေါ့။ အကျဉ်းချုပ်ပြောမယ်ဆိုရင်။ ဟုတ်လားဗျ။ အဲ့လိုရှိတယ်။ ကိုင်း၊ နည်းနည်းလေး ပြန်ပြောမယ်။ နည်းနည်းပြောမယ်။ နားထောင်ဦးမယ်။ သမာပတ်ဝင်စားတဲ့ အရိယာ၊ နိရောဓသမာပတ်ဟာတဲ့ဗျ၊ နိရောဓသမာပတ်ဟာတဲ့၊ ဒါလေးတော့ မှတ်ဖို့ကောင်းတယ်ဗျ။ တိုးချဲ့ထားဖို့ကောင်းတယ်ပေါ့။ နိရောဓသမာပတ်ဟာ အရိယာမဂ်ရဲ့ အကျိုးအာနိသင်တဲ့။ အရိယာမဂ်၊ နိရောဓသမာပတ်က ဘာရဲ့အကျိုးအာနိသင်။
အရိယာမဂ်။
အရိယာမဂ်ရဲ့ အကျိုးအာနိသင်။ ဖလသမာပတ်က ဝိပဿနာရဲ့ အကျိုးအာနိသင်တဲ့ဗျ။ ဖလသမာပတ်က ဝိပဿနာ...
ဝိပဿနာရဲ့ အကျိုးအာနိသင်။ အဘိညာဉ်များကတော့ လောကီသမာဓိရဲ့ အကျိုးအာနိသင်လို့ အဲ့လို မှတ်သားစရာကောင်းတယ်ပေါ့။ အဲ့လို မှတ်သားစရာမကောင်းဘူးလား။
ကောင်းပါတယ်။
ကောင်းတယ်။ အဲ့ဒီတော့ ကိုယ်တော်တို့ရေ၊ အဲ့ဒီက ဝီထိတွေ၊ ဝတ္ထု၊ အာရုံတွေ ဒါတွေ သိဖို့ အရေးကြီးတယ်။ အဲ့ဒီတော့ ရဟန္တာတို့ကျလို့ရှိရင်တော့ ရဟန္တာတို့ စုတိရဲ့အာရုံ၊ ရဟန္တာတို့ စုတိဆိုလို့ရှိရင်လည်း နောက်ထပ် ပဋိသန္ဓေနေစရာမရှိတော့တဲ့အတွက်ကြောင့်မို့လို့၊ ကတိမရှိတော့တဲ့အတွက်ကြောင့်မို့လို့ ကတိနိမိတ်တွေ မထင်နိုင်တော့ဘူးတဲ့ဗျ။ ကတိနိမိတ်တွေ ထင်နိုင်သေးရဲ့လား။
မထင်နိုင်တော့ဘူး။ ပရိနိဗ္ဗာန်ပြုသော စုတိသည် မူလပဋိသန္ဓေက ယူခဲ့တဲ့အာရုံနဲ့ တူစွာပဲ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်တို့တွင် တစ်ပါးပါးကို အာရုံပြုရတယ်တဲ့။ ဟုတ်လားဗျာ။ ရဟန္တာရဲ့ စုတိနောက်မှာ ချုပ်ငြိမ်းသော နာမ် မဖြစ်ပေါ်တဲ့အတွက်ကြောင့်မို့လို့ အရှင်ဘုရားတို့ အငြိမ်းကြီး ငြိမ်းတော်မူတယ်။ ဟုတ်လား။ အငြိမ်းအေး...
ငြိမ်းတော်မူတယ်။ ဒါကြောင့်မို့လို့ သူတို့ရဲ့နောက်မှာဆိုလို့ရှိရင် ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်တွေ ပေါ်နိုင်သေးသလား။
မပေါ်နိုင်ပါဘူး။
မပေါ်နိုင်တော့ဘူးလို့ အဲ့လိုပဲ မှတ်ရမယ်။ အဲဒီတော့ မူလအာရုံနဲ့တူတဲ့ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ကိုပဲ အာရုံပြုတယ်လို့ မှတ်ရမယ်လို့ ဒီလို၊ ဒီလို၊ ဒီလို သဘောပေါက်ရမယ်ပေါ့။ ကဲ၊ အဲ့ဒီတော့ မောသွားပြီဗျာ။ တော်တော်ပဲ။ ကိုယ်တော်တို့ မပြီးတော့မတော်ဘူး။ ဒီ ပြောပြီးပြီပဲ။ ဟုတ်လားဗျာ။
ကျေနပ်တယ်မဟုတ်လား။
ကျေနပ်ပါတယ်။
ကဲ၊ မကျေနပ်ရင် ထပြန်ပေါ့ဗျာ။ ကိုင်း၊ ဒါဆိုလို့ရှိရင် ကိုယ်တော်တို့ရေ၊ တတ်နိုင်သလောက်တော့ အခု အပြည့်အစုံ၊ သုံးပုံတစ်ပုံလောက်တော့ ပြည့်စုံသွားပြီပေါ့ဗျာ။ ဟုတ်လား။ ကိုယ်တော်တို့ ဉာဏ်နဲ့တော့ လိုက်နာနိုင်ရင် မဟုတ်လား။ ကိုင်း၊ ဟုတ်ပြီ။ ဆက်သွားရအောင်။ ၂၆ သွား။ ၂၆ သွားပြီဆိုလို့ရှိရင် အာသေဝနပစ္စည်းရဲ့ သုတ္တသင်္ချာဟောမယ်။ အဲ့ဒီပါဠိတော် တစ်ခေါက်ဟောမယ်။ အရကောက် တစ်ခေါက်။ အဲ့အတိုင်းပဲ။ ဒါရပြီပေါ့ဗျာ။ ဟုတ်လား။ ရှင်းဖူးလား။ ကိုင်း၊ ဆိုရအောင်။
အာသေဝနပစ္စည်း သုတ္တသင်္ချာဝါဒ၌ အာသေဝနအနေနဲ့ကတော့ ဇာတ်တူချင်းပဲ ကျေးဇူးပြုတယ်ပေါ့ဗျာ။ ဘာချင်းပဲ ကျေးဇူးပြုလဲ။
ဇာတ်တူချင်းပါ။
ဇာတ်တူချင်း ကျေးဇူးပြုတယ်တဲ့။ အဲ့ဒီတော့၊ အဲ့ဒါကြောင့်မို့လို့ "ပုရိမာ ပုရိမာ ကိရိယာဗျာကတာ ခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကိရိယာဗျာကတာနံ ခန္ဓာနံ"။ အဲ့ဒီတော့ ဝိပါက်မှာ အာသေဝနဂုဏ် မရှိဘူးဗျ။ ဟုတ်လားဗျာ။
မှန်ပါ့။
အဲ၊ "ဘယ်တရားတော်ကို အာသေဝနပစ္စည်း တတ်ပါသလဲ" လို့ မေးမယ်ဆိုလို့ရှိရင် "ကုသိုလ်၊ အကုသိုလ်၊ ကိရိယာကို အဖန်တလဲလဲ မှီဝဲအပ်၊ ထုံအပ်သော အဖြစ်ဖြင့် အခြား၌ ဖြစ်ကုန်သော တရားတို့အား လေ့ကျက်သည်၏အဖြစ်၊ အားရှိသည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားဖြစ်သောကြောင့် အာသေဝနပစ္စည်းလို့ ခေါ်တယ်" တဲ့။ ဟုတ်လားဗျ။ အာသေဝနပစ္စည်းလို့ ခေါ်ပါသတဲ့။ ဘယ်အရာကဲ့သို့ ဖြစ်သည်ကို အာသေဝနလို့ ခေါ်သေးသလဲဆိုရင်တော့ "ရှေးရှေး လေ့ကျက်အပ်သော ကျမ်းဂန်သည် နောက်နောက်သော ကျမ်းဂန်အား လေ့ကျက်ခြင်းငှာ အားရှိ၍ ကျေးဇူးပြုသကဲ့သို့ ကုသိုလ်စသည် အဖြစ်ဖြင့် မိမိနှင့်တူသော တရားကို လေ့ကျက်သည်၏အဖြစ်၊ အားရှိသည်၏အဖြစ်ဖြင့် ထိုမိမိနှင့်တူသော ဇာတ်ရှိသည့်အဖြစ်ကို ယူစေခြင်းက အာသေဝနသတ္တိလို့ ခေါ်ပါတယ်" တဲ့။ ဟုတ်လားဗျ။ ဘာသတ္တိလို့ ခေါ်လဲ။
အာသေဝနသတ္တိ။
အဲ့ဒီ ထူးခြားတဲ့အချက်ကလေးကို၊ ရှုပ်ထွေးသွားနိုင်တဲ့အချက်ကလေးတစ်ခုပဲ ပြောတော့မယ်ပေါ့ဗျာ။ အဲ့ဒီတော့ ကိုယ်တော်တို့ အဋီကာကျမ်းမှာဆိုလို့ရှိရင်တော့ "ဘိန္နဇာတိကဿ အာသေဝနပစ္စယော ပစ္စယာဘာဝတော" တဲ့။ ပစ္စယာဘာဝတော။ ပြားသောဇာတ်ရှိရင် အာသေဝနပစ္စည်း မတတ်ဘူးတဲ့။ ဟုတ်လားဗျာ။ တူသောဇာတ်ရှိမှ ဘာပါလိမ့်။
အာသေဝနပစ္စည်း တတ်တာနော်။ ပဋ္ဌာန်းအဋ္ဌကထာမှာဆိုလို့ရှိရင်လည်းပဲ "လောကုတ္တရော အာသေဝနပစ္စယော နာမ နတ္ထိ" တဲ့။ ဒီ လောကုတ္တရာတွေဟာ၊ လောကုတ္တရာဇောတွေဟာ၊ ဒါလေးလည်း မှတ်သားထားရမယ်။ "လောကုတ္တရော အာသေဝနပစ္စယော နာမ နတ္ထိ"။ ဒါ ပဋ္ဌာန်းအဋ္ဌကထာက။ လောကုတ္တရာဇောဆိုတဲ့ မဂ်ဇော၊ ဖိုလ်ဇောတွေ၊ မဂ်ဇောအချင်းချင်းပဲဖြစ်ဖြစ်၊ ဖိုလ်ဇောအချင်းချင်းပဲဖြစ်ဖြစ်၊ မဂ်ဇောအချင်းချင်းကတော့ ထားလိုက်တော့။ မဂ်ဇောဆိုတာ တစ်ကြိမ်ပဲ ကျတာလေ။ ဖိုလ်ဇောတွေဆိုတာ အာသေဝနပစ္စည်း တတ်သေးလား။ မတတ်ဘူး။ ဒါလေးလည်း သိထား။ ဒါက အလွန်အရေးကြီးတဲ့ကိစ္စ။ ဘာဖြစ်လဲဆိုလို့ရှိရင် ခုနက စောစောက ပြောပြီးပြီ။ ဖိုလ်ဇောတွေဟာ မရေမတွက်နိုင်အောင် မစောဘူးလား။
ရေတွက်လို့မရနိုင်ဘူး။ ဟုတ်လား။ အဲ့ဒီတော့ "နောက်နောက်၌ ဖြစ်သော ဖိုလ်ဇောသည် ရှေးရှေး၌ ဖြစ်သော ဖိုလ်ဇော၊ ဇာတ်တူဖိုလ်ဇောမှ အာသေဝနပစ္စည်းကို ရသင့်သလား" ဆိုရင် မရသင့်ဘူး။ ရသင့်တယ်လို့ ထင်ရပေမယ့်လို့တဲ့၊ "ဝိပါက်အဗျာကတ" ဆိုအပ်သော၊ ဆိုခဲ့ပြီးသော နေဝသညာနာသညာယတနဈာန်ကြောင့် ဖြစ်သည်၏အဖြစ်ကြောင့်တဲ့၊ ဝိပါက်၏အဖြစ်သို့ ရောက်သည်ဖြစ်၍ ကံ၏အဟုန်သည် ပစ်ချသည်ဖြစ်ရာက အာသေဝနသတ္တိကို မယူနိုင်သောကြောင့် လောကုတ္တရာဖိုလ်ဇောသည် အာသေဝနပစ္စည်း မတတ်ပါတဲ့။ ဟုတ်လားဗျာ။ လောကုတ္တရာတွေ၊ ကိုယ်တော်တို့ ဖိုလ်က အာသေဝနပစ္စည်း မတတ်ဘူးဆိုတာ ကိုယ်တော်တို့ နည်းနည်းလေး ရှုပ်ထွေးနေတတ်ကြတယ်နော်။ ဟုတ်လား။ ယူနိုင်ရဲ့လား။ ဘာဖြစ်လို့လဲဆိုရင် ပြန်ပြောမယ်။ "လောကုတ္တရာဇောများဟာလည်း ပြားသောဇာတ်ရှိသော ဖိုလ်ဇောရှေ့၌ ဖြစ်သည်ဖြစ်၍၊ ဖြစ်သည်ဖြစ်၍ ရှေ့၌ ဖြစ်သည်၏အဖြစ်ကြောင့် ပြားသောအစရှိသော ဖိုလ်ဇောကို မိမိအာသေဝနဂုဏ်ကို မယူစေနိုင်သောကြောင့်လည်းပဲ အာသေဝနပစ္စည်း မတတ်ပါဘူး" တဲ့။ အဲ့ဒါ ဖိုလ်ဇောစောတဲ့အချိန်အခါလည်းပဲ ဟိုဘက်က ကံ၏အရှိန်အဟုန်သည် ပစ်ချတဲ့၊ ကံ၏အရှိန်အဟုန်သည် ပစ်ချရသည်ဖြစ်ရာက အာသေဝနသတ္တိကို မယူနိုင်သောကြောင့် လောကုတ္တရာဖိုလ်များဟာ အာသေဝနပစ္စည်း မယူနိုင်ဘူးလို့ သူတို့ မှတ်ရမယ်။ ဒါလည်း ရှုပ်ထွေးနေတတ်တယ်။ ဟုတ်လားဗျ။
အဲ့ဒီတော့လည်းပဲ ကိုယ်တော်တို့ အဲ့ဒါကတော့ အာသေဝန။ အဲ့ဒီတော့ သဘောပေါက်။ "ကုသလော ကုသလဿ" နဲ့ "အကုသလော အကုသလဿ" ပါဠိတော်ကော၊ ပါဠိတော်ကော၊ အရကောက်ကော အနန္တရနည်းအတိုင်းပဲ။ ဘာနည်းအတိုင်းလဲ။
အနန္တရနည်းအတိုင်း။
အနန္တရနည်းအတိုင်းပဲ။ နောက် အနန္တရကမ္မ။ အနန္တရကမ္မ၊ အနန္တရကမ္မတော့ ကိုယ်တော်တို့ မဂ်လေးခု၌ယှဉ်သော စေတနာ ပစ္စည်းတရားရ၏။ "မဂ္ဂဿ ဖလဿ" ဒါပဲ။ ဟုတ်လားဗျ။ သဘောပေါက်တယ်နော်။
မှန်ပါ။ ခုနကလည်း စောစောက ပြောခဲ့ပြီးပြီ။ သူ့ပါဠိတော်ကတော့ "မဂ္ဂဿ ဖလဿ" ပဲ။ သဘာဂထုတ်ကောက်တဲ့အခါကျလို့ရှိရင် သက်သက်လွယ်ကူဖို့အတွက် ခွဲထုတ်လိုက်တာပါ။ ဟုတ်လား။ ဒါ အနန္တရကြီးရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ။ ဟုတ်တယ်မဟုတ်လား။
မှန်ပါ။ အနန္တရကြီးရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ကိုင်း၊ အဲ့ဒီတော့ အရှင်ဘုရားတို့က ပြီးနိုင်သေးတယ်။ ဒီတစ်ချက် နားထောင်။ အဲ့လိုဆိုလို့ရှိရင် တပည့်တော်တို့ အခု သုတ္တသင်္ချာတွေ ဒီသုံးမျိုးပဲ အသုံးချတော့မယ်ပေါ့။ ဟုတ်လားဗျ။ ကိုင်း၊ အဲ့လိုဆိုလို့ရှိရင် ကိုယ်တော်တို့ အကျဉ်းချုပ်အားဖြင့်တောင် ကိုယ်တော်တို့
ပြင်ဆင်ပြီးသောစာ
ပြီးသွားပြီ။ အနန္တရကမ္မကို ပြောပြီးပြီနော်။
မှန်ပါ။ အနန္တရကမ္မကို အနန္တရကြီးရဲ့ သဘာဂကောက်တဲ့အခါ၊ ပြုလုပ်တဲ့အခါ၊ ဟောတဲ့အခါ အဆင်ပြေဖို့အတွက်သာ ခွဲထုတ်လိုက်တာ။ အဲ့ဒါ သူ့ရဲ့ပါဠိတော်ကတော့ "မဂ္ဂဿ ဖလဿ"။ ဟုတ်လား။ အရကောက်မယ်ဆိုလို့ရှိရင် "ကုသလော ဓမ္မော" ကုသိုလ်အရကောက်မယ်ဆိုရင် "မဂ်လေးခု၌ယှဉ်သော စေတနာ ပစ္စည်းတရားရ၏"။ သမ္ပဒါန်အရတော့ ဘာလေးရလဲ။ "မဂ်လေးခုနောက်၌ဖြစ်သော ဖိုလ်လေးခု ပစ္စုပ္ပန်တရားရ၏"။ အရကောက်က ဘာလဲ။ ကိုင်း၊ ခြောက်ပစ္စည်း တစ်ပြိုင်နက်ရတာပေါ့။ ဟုတ်လား။
ကိုင်း၊ ဒါဆိုလို့ရှိရင် သဘောပေါက်ပြီ။ ကိုင်း၊ ဒါဆိုလို့ရှိရင်၊ ကိုင်း၊ အဲ့လိုဆိုလို့ရှိရင် ကိုယ်တော်တို့ ဒီသုတ္တသင်္ချာသုံးမျိုးသည် ဂဏနနည်းမှာလည်း သူပဲ၊ သဘာဂနည်းမှာလည်း သူပဲ လာတော့မယ်။ ကိုင်း၊ သေချာ အဲ့ဒါ အားစိုက်ပြီးတော့ မှတ်လိုက်ရအောင်။ နားစွင့်ပြီးတော့။ ကဲ၊ အဲ့လိုဆိုလို့ရှိရင် အခု အနန္တရမှာဆိုလို့ရှိရင် ကိုယ်တော်တို့ သဘာဂပစ္စည်းတွေ ဘယ်လောက်ရှိလဲ။
ခြောက်။
နာမ်ခြောက်။ ဟုတ်တယ်မလား။
မှန်ပါ။
ခြောက်ခုကို ရလို့ရှိရင် ဒီမှာ သေချာကြည့်မယ်။ အနန္တရကို မူတည်၊ အနန္တရကို မူတည်လိုက်မယ်ဆိုလို့ရှိရင် အနန္တရမူ သမနန္တရသဘာဂ၊ အနန္တရ၏ သုတ္တသင်္ချာအတိုင်း။ ဘာအတိုင်း။
အနန္တရ၏ သုတ္တသင်္ချာအတိုင်း။
အနန္တရမူ ဥပနိဿယသဘာဂ။ ပြော။
အနန္တရမူ ဥပနိဿယသဘာဂ။
အနန္တရမူ နတ္ထိသဘာဂ။
အနန္တရမူ နတ္ထိသဘာဂ။
အနန္တရ၏...
သုတ္တသင်္ချာအတိုင်း။
သုတ္တသင်္ချာအတိုင်း။ အနန္တရမူ ဝိဂတသဘာဂ။
အနန္တရမူ ဝိဂတသဘာဂ။
ဟုတ်ပြီ။ နောက် ဘာကျန်သေးတုန်း။
အနန္တရမူ အနန္တရသဘာဂ။
ဟုတ်ပြီ။ အဲ့ဒီ ဒီ၊ ဒီလေးပစ္စည်း၊ ဒီငါးပစ္စည်းတို့၊ အနန္တရ၊ သမနန္တရ၊ ဥပနိဿယ၊ နတ္ထိ၊ ဝိဂတတို့က ပတ်ပတ်လည် သူတို့ သဘာဂပြုလို့ ဟောမယ်ဆိုရင် ဘာအတိုင်းတုန်း။
အနန္တရ၏ သုတ္တသင်္ချာအတိုင်း။
ဒါပဲ။ ဒါပဲ။ ဘာခက်လဲ။
ဘာမှမခက်ဘူး။
ဘာမှမခက်ဘူး။ ကိုင်း၊ လာခဲ့။ အနန္တရမူ အာသေဝနသဘာဂ။ ကိုင်း၊ အာသေဝန၊ အာသေဝနမူ အနန္တရသဘာဂ။ ဘာအတိုင်း။
အာသေဝန၏ သုတ္တသင်္ချာအတိုင်း။
ပြော။ သမနန္တရမူ အာသေဝနသဘာဂ။ ပြော။
အာသေဝန၏ သုတ္တသင်္ချာအတိုင်း။
သမနန္တရ။ အပြန်အလှန်ပြောရ။ ပြော။
အာသေဝန၏ သုတ္တသင်္ချာအတိုင်း။ ဟုတ်ပြီ။ ပြော။ ဥပနိဿယနဲ့ ပြော။
ဥပနိဿယမူ အာသေဝနသဘာဂ။
အဲ့လိုမဟုတ်ဘူး။ အာသေဝနမူ ဥပနိဿယသဘာဂ၊ အာသေဝနမူ...
ဥပနိဿယသဘာဂ။
ဘာအတိုင်း။
အာသေဝန၏ သုတ္တသင်္ချာအတိုင်း။
ဟုတ်ပြီ။ အာသေဝနမူ နတ္ထိသဘာဂ။
အာသေဝနမူ နတ္ထိသဘာဂ။ နတ္ထိမူ အာသေဝနသဘာဂ။
နောက်တစ်ခု။
အာသေဝနမူ ဝိဂတသဘာဂ။ ဝိဂတမူ အာသေဝနသဘာဂ။ ရပြီလား။
ရပါတယ်။
ဟုတ်ပြီ။ ကိုင်း၊ အဲ့လိုဆိုလို့ရှိရင် သမနန္တရ၊ အာသေဝန ရောထွေးမသွားနဲ့။
နောက်ဆုံးတစ်ခုတော့ တွဲလိုက်ပါဦးဗျာ။ ရဖို့ကျန်တာ တွဲပြီးပြီလားဟေ့။
အားလုံး တွဲပြီးပြီပေါ့။ ကိုင်း၊ အဲ့လိုဆိုလို့ရှိရင် ကမ္မ လာခဲ့။ အေး၊ နည်းမူ အကုန်လုံး တွဲပြီးသွားပြီ။ ဟုတ်လား။ ကမ္မနဲ့ပဲ ကျန်တော့တယ်မဟုတ်လား။ ဟုတ်ပြီ။ ကမ္မမူ အနန္တရသဘာဂ၊ အနန္တရမူ ကမ္မသဘာဂ။ ပြော။
ကမ္မမူ အနန္တရသဘာဂ။
ပြန်ပြောပါ။
အနန္တရမူ ကမ္မသဘာဂ။
အနန္တရကမ္မ။
အနန္တရကမ္မ။ ပြန်ဆက်ပြော။ ကမ္မမူ သမနန္တရသဘာဂ၊ သမနန္တရမူ ကမ္မသဘာဂ။ လွယ်လှချည်လားဘုရား။ ဘုန်းကြီး အဲ့လောက်ထိ လွယ်တာ ဟုတ်ရဲ့လားလို့ မေးစရာမကောင်းဘူးလား။
ကောင်းပါတယ်။
အဲ့လောက်ကြီးကို လွယ်တာ။ ဟုတ်လား။ ခက်တာတော့ ပြောရဦးမှာပေါ့ဗျာ။ ကိုယ်တော်တို့ ဟုတ်လား။ ကိုင်း၊ ဒါဆိုလို့ရှိရင် အဲ့ဒီတော့ ကိုယ်တော်တို့ရေ၊ ဥပနိဿယလေး ခဏချန်ထားလိုက်။ အဲ့လိုဆိုလို့ရှိရင် ဂဏနနည်း သွားရမယ်။ အနန္တရ၊ သမနန္တရ၊ နတ္ထိ၊ ဝိဂတ သုံးခုရှိ။ နာမ်၊ နာမ်၊ နတ္ထိ၊ ဝိဂတ သုံးခုရှိ။ ဟုတ်လားဗျာ။ အနန္တရမှာ အနန္တရ၊ သမနန္တရတို့၊ နတ္ထိ၊ ဝိဂတတို့ဟာ ဂဏနနည်း သုံးချက်ရှိတယ်။ ဂဏနနည်း ဘယ်နှစ်ချက်စီရှိလဲ။
သုံးချက်။
ကိုင်း၊ အဲ့လိုဆိုလို့ရှိရင် "အနန္တရ၏ ပထမဂဏနနည်း၌ အနန္တရကြီး သုတ္တသင်္ချာအတိုင်း" ဟုတ်လားဗျာ။ "အနန္တရကြီး သုတ္တသင်္ချာအတိုင်း ဆိုရိုးပြု၍ အနန္တရ၊ သမနန္တရ၊ ဥပနိဿယ၊ နတ္ထိ၊ ဝိဂတ..."
သတ္တိ။
အမလေး၊ သတ္တိအပြား မချနိုင်ဘူးဗျ။ ကိုင်း၊ အဲ့လိုဆိုလို့ရှိရင် "အနန္တရ၏ ပထမဂဏနနည်း၌" ဆိုပြီးတော့ ကိုယ်တော်တို့ အဲ့ဒီမှာ စာမျက်နှာ ၂၄ က သုတ္တသင်္ချာအတိုင်း ဆို။ "အနန္တရပစ္စည်း၏ ဒုတိယကရဏ၌ အာသေဝနထည့်ပြီးတော့ အာသေဝန၏ သုတ္တသင်္ချာအတိုင်း ဆိုမယ်။" ခြောက်ပစ္စည်းပေါ့။ အဲ့ သုတ္တသင်္ချာအတိုင်းပဲလေ။ ကိုင်း၊ "အနန္တရပစ္စည်း ဒုတိယကရဏ၌" ဆိုကြည့်ရအောင်။
"အနန္တရပစ္စည်း ဒုတိယကရဏ၌ ဖြစ်သော ဒီပနနည်း၌ အနန္တရ၊ အာသေဝန၊ ဥပနိဿယ၊ နတ္ထိ၊ ဝိဂတ ပစ္စည်းတတ်သော" ၌ "အနန္တရ၊ သမနန္တရ၊ အာသေဝန၊ ဥပနိဿယ၊ နတ္ထိ၊ ဝိဂတ ဟူသည်" ဟူသောအခါ သုတ္တသင်္ချာတူတည်း။ အဲ့ဒီတော့ "အနန္တရပစ္စည်း တတိယကရဏ" ဆိုပြီးတော့ ခုနက အာသေဝနပြောပြီးတော့ ကမ္မထည့်မယ်ပေါ့ဗျ။ ကမ္မပစ္စည်း၊ အနန္တရကမ္မရဲ့ သုတ္တသင်္ချာအတိုင်းပဲ။ မှန်သလားဗျာ။
မှန်ပါ့ဘုရား။
ကိုင်း၊ "အနန္တရပစ္စည်း တတိယကရဏ၌" ဆိုရအောင်။
"အနန္တရပစ္စည်း တတိယကရဏ၌ တတ်သော ဒီပနနည်း၌ အနန္တရ၊ ကမ္မ၊ ဥပနိဿယ၊ နတ္ထိ၊ ဝိဂတ ဟူသည်" ဟူသောအခါ တူသည်။
ကိုင်း၊ ဒါဆိုလို့ရှိရင် သမနန္တရလည်း အဲ့အတိုင်းပဲ။ နတ္ထိ၊ ဝိဂတတို့လည်း အဲ့ဒီအတိုင်းပဲ။ ကြားဖြတ်ပြီး ပြောလိုက်ရဦးမယ်။ အဲ့ဒီတော့ ကိုယ်တော်တို့ အခု "နတ္ထိပစ္စယာကံ" ပဲလို့ မေးဖူးတယ်ဗျ။ ဆရာကိုယ်တိုင် မေးလိုက်တာပဲ။ နတ္ထိပစ္စယာကံ ဘာလဲ။
ဧကန်။
သေချာလား။ ဘယ်လိုတတ်မလဲ။
ဧကန်။ ဧကန်က ဘာတုန်း။
အဲ့ဒီအရကောက်ကို မရဘူးလား။
ရပါတယ်။
ဟုတ်ပြီ။ အဲ့လို သဘောပေါက်ရတယ်။ ဝိဂတပစ္စယာကံ မတူဘူးလား။
တူပါတယ်။
ဟုတ်ပြီ။ အဲ့လို သဘောပေါက်။ ကိုင်း၊ အဲ့လိုဆိုလို့ရှိရင် ခုနက အနန္တရ၊ သမနန္တရ၊ နတ္ထိ၊ ဝိဂတ၊ ဒီလေးပစ္စည်းရဲ့ သုံးခုစီ၊ သုံးခုစီ ဒါတွေချည်းပဲ။ ဘာများ ပိုကျက်ရတာ ရှိတုန်း။
မရှိပါဘူး။
ဘာမှကို ပိုကျက်ရတာမရှိဘူး။ ကိုင်း၊ ဆိုလို့ရှိရင် အာသေဝနရဲ့ ဂဏနနည်း။ အာသေဝနမှာ ဂဏနနည်း၊ ကရဏ ဘယ်နှစ်ချက်ရှိတုန်း။
တစ်ချက်။ တစ်ချက်ရှိတာပါ။ တစ်ချက်ရှိတဲ့ပစ္စည်းက... ကရဏပစ္စည်းက ဘယ်နှခုတုန်း။
ဟော၊ ဟိုအောက်နားက ပိနေတာ တွေ့တယ်မလား။ သူက စားပွဲနဲ့ စားနေတာ။ ပစ္စယ၊ အာသေဝနမှာ...
ကိုယ်တော်တို့မှာ နှစ်ပစ္စည်းရှိတယ်လို့ ဒီက လက်ကထောင်ပြနေတယ်။ ကိုယ်တော်တို့ မသိဘူး။ နေ့တိုင်းလည်း အဲ့ဒါ ကိုယ်တော်တို့ ကရဏတွေ နေ့တိုင်းဆိုနေတာ မသိဘူး။ ခေါင်းထဲ ထိုးဖောက်ပြီးတော့ ဝင်မလာဘူး။ ပါးစပ်ထဲကို တိုးဝင်မလာဘူး။ ကြည့်စမ်းပါဦး။ ပစ္စယ၊ အာသေဝနမှာ...
ကိုင်း၊ ရယ်စရာမကောင်းဘူးလား။
ကောင်းပါတယ်။
ကိုင်း၊ ပါးစပ်ထဲ ပြောမလာဘူး။ ကြည့်စမ်းပါ။ ငုတ်တုတ်မေ့နေတယ်။ ဘယ်လိုမေ့နေတာလဲ။
ငုတ်တုတ်မေ့နေတာ။ အဲ့ဒီတော့ အာသေဝနရဲ့ သုတ္တသင်္ချာ၊ အာသေဝနရဲ့ ကရဏ၊ သူတို့ သုတ္တသင်္ချာအတိုင်းပဲ။ ဟုတ်လားဗျာ။
တင်ပါ့ဘုရား။
အာသေဝနရဲ့ သဘာဂလည်း ပြီးသွားပြီ။ ဂဏနနည်း မပြီးဘူးလား။
ပြီးပါတယ်။
ဘယ်သူ့အတိုင်းမှာလဲ။
အာသေဝန၏ သုတ္တသင်္ချာအတိုင်း။
ကိုင်း၊ ဒါပဲ။ သဘာဂလည်း ဒါပဲ။
ဒါပဲ။
ဒါပဲ။ ရှင်းသလား။
ရှင်းပါတယ်။
ဟုတ်ပြီ။ ရှုပ်စရာ ပြောမယ်။ ဥပနိဿယပစ္စယာကံ။ ကိုင်း၊ စာမျက်နှာ ၁၀၆။ အဲ့မှာ သေချာဖတ်ခဲ့တော့ပေါ့ဗျာ။ အဲ့ သဘာဂတို့၊ ကရဏတို့ အဲ့ ၁၀၈ ပဲ။ ၁၀၆ ထင်တယ်။ ၁၀၈ လား၊ ၁၀၆ လားဟေ့။
၁၀၈ လား၊ ၁၀၆ လား။
၁၀၈ ဗျ။ ကဲ၊ ဟုတ်ပြီ။ ၁၀၈ ဆိုတာ အရပ်ဖြစ်ပြီပေါ့။ "ဥပနိဿယပစ္စယေ ကမ္မံ ဒွေ" တဲ့။ တွေ့လား။ ဟုတ်လား။ ကိုင်း၊ ဒါဆိုလို့ရှိရင် ဥပနိဿယအကြောင်း ပြောမယ်။ အခု ကိုယ်တော်တို့ ကျန်တဲ့ဥစ္စာတွေကတော့ အနန္တရမျိုး သက်သက်ပြီးသွားပြီ။ အနန္တရမျိုး သက်သက်ပြီးပြီဆိုလို့ရှိရင် အနန္တရူပနိဿယ ပြီးပြီပေါ့။ ပြီးပြီလား။
ပြီးပါတယ်။
ကိုင်း၊ ဟုတ်ပြီ။ ကိုင်း၊ ဒါဆိုလို့ရှိရင် ဆရာတော်တို့ရေ၊ ဥပနိဿယအကြောင်း ပြောမယ်။ ဥပနိဿယအကြောင်း ပြောတော့မယ်။ နားထောင်။ ဥပနိဿယ၊ ကိုယ်တော်တို့ မနက်တုန်းက ပြောခဲ့တယ်မဟုတ်ဘူးလား။ အာရမ္မဏမှာလည်း မပါဘူးလား။
ပါပါတယ်ဘုရား။
အာရမ္မဏမှာ ဘယ်သူနဲ့ အတူတကွရလဲ။ "မလေးဖြည်က ဥဒိ" ဆိုတာ အတူတကွ၊ "ဒိ" ဆိုတာ အတူရတယ်ဆိုတာ ပြောခဲ့ဖူးလား။
ပြောခဲ့ပါတယ်။ အမလေး၊ ဆွဲခေါ်လာခဲ့ဆိုတာ ကျန်ရစ်ခဲ့ပြီ။ ကြည့်စမ်းပါဦး။
ပါတယ်။ ပါလာပါတယ်။ အမလေး၊ အဲ့ဒီတော့ ဥပနိဿယဟာ ဘယ်သူနဲ့ အတူတကွရလဲ။
အဓိပတိနဲ့။
အဓိပတိနဲ့ အတူတကွရတယ်။ "ဒိ" ရပြီဆိုလို့ရှိရင် "ဥ" လည်း မရဘူးလား။
ရပါတယ်ဘုရား။
"ဒိ၊ ဥ" တူတူရ။ ပြောကြည့်စမ်းပါဦး။
"ဒိ၊ ဥ" တူတူရ။
အာရမ္မဏိဗျာ ၂၊ ၅၊ ၆ လို့ ရ။
၂၊ ၅၊ ၆ ရ။
ကိုင်း၊ အာရမ္မဏက ၂ ရယ်၊ ၅ ရယ်၊ ၆ ရယ်၊ သုတ္တသင်္ချာ ၂၊ ၅၊ ၆ အတိုင်းပဲ။ ဂဏနနည်း ၃ ချက် မရဘူးလား။
ရပါတယ်။
ဂဏနနည်း ၃ ချက်ရပြီ။ နောက် အဲ့ဒီမှာ အနန္တရမျိုးမှာ ဂဏနနည်း သုံးချက်၊ အနန္တရမျိုးမှာ အခု ၃ ချက် မရဘူးလား။
ရပါတယ်။
အဲ့ဒါ ဥပနိဿယဆိုတော့ သူက ဂဏနနည်း ခုနစ်ချက်ရှိတယ်။ ဂဏနနည်း ဘယ်နှစ်ချက်ပါလိမ့်။
၇။
ဪ၊ အဲ့ဒါ အခု နောက်ဆုံးတစ်ချက်ကတော့ ခုနက ကမ္မပစ္စည်းရဲ့၊ အနန္တရကမ္မရဲ့ သုတ္တသင်္ချာပေါ့ဗျာ။ အဲ့ဒါ ခြောက်ခုမြောက် ကရဏကို သွားမယ်။ စာမျက်နှာ ၂၇ သွား။ စာမျက်နှာ ၂၇ က အဲ့မှာ သူက ဂဏနနည်း၊ ကရဏရဲ့ သဘာဂ၊ သဘောတရားတွေက ဘယ်လိုလဲဆိုလို့ရှိရင် တရားကိုယ်များတာ၊ သင်္ချာများတာကို အရင်ဟောတာ။ ဘယ်လိုဟောတာ။
အခု တပည့်တော်တို့ အနန္တရကတော့ တရားကိုယ်အနည်းဆုံးဖြစ်လို့ သူ နောက်ဆုံးဟောလိမ့်မယ်။ နောက်ဆုံး ခုနစ်ခုမြောက်ပေါ့။ ခြောက်ခုမြောက်က စာမျက်နှာ ၂၇။ အဲ့ဒီမှာဆိုလို့ရှိရင် "ဘဝနန္တရ သုတ္တသင်္ချာ"။ တွေ့လား။
တွေ့ပါတယ်။
"ဝိပါက် ၃၆၊ စေတသိက် ၃၈ နာမ်မဲ့ခန္ဓာ၊ အပ္ပနာတပ်သော မဟဂ္ဂုတ်ဘဝဖြစ်သော ကုသိုလ်၊ အကုသိုလ်စေတနာ ဤတရားတို့သည်" ဤတရားတို့သည်ဆိုတော့ ခုနက သူက ထူးခြားတာလည်း ရှိတယ်။ အဲ့ နှစ်ပစ္စည်း မဟုတ်ဘူးလား။
ဥပနိဿယနဲ့ ကမ္မ။ အဲ့ဒီတော့ ဥပနိဿယ၊ ကမ္မတို့က သဘာဂလည်း သူတို့နှစ်ခုပဲ၊ ဂဏနနည်းလည်း သူတို့နှစ်ခုပဲ။ ပြောကြည့်။ ဘာနဲ့ ဘာနဲ့။
သဘာဂလည်း သူတို့နှစ်ခုပဲ၊ ဂဏနနည်းလည်း သူတို့နှစ်ခုပဲ။
ဂဏနနည်းနဲ့ သဘာဂ ဘာကွာသလဲဆိုလို့ရှိရင် "ကမ္မံ ဥပနိဿယေန'တိ" ဆိုရင် ဘာတုန်း။
ဂဏနနည်း။ ဂဏနနည်းလား၊ သဘာဂလား။
ဂဏနနည်း။
"ကမ္မံ ဥပနိဿယေန" သဘာဂလား၊ ဂဏနနည်းလား။
ဂဏနနည်း။
"ကမ္မပစ္စယာ ဥပနိဿယေန"။
သဘာဂ။
"ဥပနိဿယပစ္စယာ ကမ္မေန"။
သဘာဂ။
"ကမ္မံ ဥပနိဿယေန'တိ"။
ဘာလဲ ကြည့်တာ။ ကိုင်း၊ အဲ့ဒါ အဲ့ဒီက "ဒွေ" အရ ကိုယ်တော်တို့ စာမျက်နှာ ခုနက ၁၀၈။ တရားကိုယ်ကတော့ ဒီဥစ္စာပဲ။ ဟုတ်လားဟေ့။
မှန်ပါ။
ကိုင်း၊ အဲ့ဒီတော့ အရှင်ဘုရားတို့ရေ၊ အခု အနန္တရမျိုးကြီးကို ဒီတော့ အဆုံးတိုင်အောင် ကိုယ်တော်တို့ ရောက်အောင်သွားလိုက်ပြီ။ ရောက်မသွားဘူးလားဗျာ။
ရောက်သွားပါတယ်။
ကိုင်း၊ ကိုယ်တော်တို့ ဗိုက်ထဲ၊ ရင်ဘတ်ထဲတော့ ရောက်သွားသလားတော့ မသိဘူးပေါ့ဗျာ။ ဆရာကတော့ ပြောချလိုက်တာပေါ့။ ဟုတ်လား။
ရင်ဘတ်ထဲ ရောက်တာတွေရော၊ လျှံကျသွားတာတွေရော၊ ဖိတ်သွားတာတွေရော...
ရှိဘူးလား။
ရှိပါတယ်။
ကိုင်း၊ အဲ့လိုဆို ပြန်လိုက်သိမ်းထား။ ဟုတ်လားဗျာ။ မေ့ပျောက်မသွားနဲ့။ ကိုယ်တော်တို့ စာမေးပွဲဖြေရတော့မှာ။ အခု ပူပူနွေးနွေး၊ လတ်လတ်ဆတ်ဆတ် ဖြေရတော့မှာ။ ဟုတ်လား။ ကိုင်း၊ အဲ့ဒီတော့ အရှင်မြတ်တို့ရေ၊ နက်ဖြန်ကျလို့ရှိရင်တော့ဖြင့် ပကတူပနိဿယကို သွားရမှာဖြစ်တယ်။ အသစ်စက်စက် နက်ဖြန်သွားရတော့မယ်ပေါ့ဗျ။ ဟုတ်လား။
မှန်ပါ။
ဘာကိုသွားမလဲ။
အသစ်စက်စက်။
အိုး၊ အကျယ်ဝန်းဆုံးတစ်ခုကို သွားရတော့မယ်။ အလွန်တရာကောင်းတာ။ အရှင်ဘုရားတို့ရေ၊ ဟုတ်လား။
မှန်ပါ။
ကိုင်း၊ တစ်နေ့တော့ဖြင့် ဒီလောက်နဲ့ တော်ကြဦးစို့ပေါ့ဗျာ။
