ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပေးပို့ထားသောစာပိုဒ်ကို မြန်မာစာလုံးပေါင်းသတ်ပုံစည်းမျဉ်းများနှင့်အညီ စစ်ဆေးတည်းဖြတ်ပြီး စာဖတ်၍ ပိုမိုချောမွေ့စေရန် ပုဒ်ဖြတ်၊ ပုဒ်ရပ်များ ထည့်သွင်းပေးထားပါသည်။
ပြင်ဆင်တည်းဖြတ်ပြီးသော စာပိုဒ်
၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်၊ ၂၀၁၁ ခု၊ အောက်တိုဘာ ၁၅ ရက်၊ စနေနေ့။
အဲဒီတော့ မနေ့တုန်းကတော့ဖြင့် အရှင်ဘုရားတို့ကို အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ ပေါင်းစပ်ပြီးတော့ ဟောခဲ့ပြီ။ အဲဒီတော့ အဓိပတိနဲ့ပတ်သက်လို့ သဘာဂ ၁၅ ချက်၊ ကိရဏ ၃၀ တို့ ပြီးသွားခဲ့ပြီ။ လိုက်ပြီ။ အဲဒီတော့ အာရမ္မဏာဓိပတိရဲ့သဘောတရား၊ သဟဇာတာဓိပတိရဲ့သဘောတရား၊ ဒါလေးတွေ အောက်မေ့ဆင်ခြင်နိုင်ဖို့၊ ပဥှာဝါရထိအောင် သယ်ဆောင်လာနိုင်ဖို့ ဒါတွေအရေးကြီးတယ်။ ပဥှာဝါရထိအောင် သယ်ဆောင်လာနိုင်ဖို့ အရေးကြီးတယ်ပေါ့။ စာအုပ်စာမျက်နှာ ၁၇ မှာ သရုပ်ခွဲစရာက အဲဒီအတိုင်းကောက်ဖို့လေး ရေးထားတာပါတယ်။ အဲဒါ ၁၇ ဆိုတော့ ကိုယ်တော်တို့ရဲ့စာအုပ် စာမျက်နှာ ၇၁၊ ၇၂ ကြည့်မယ်ဆိုရင် အဲဒီသရုပ်ခွဲစရာအတိုင်း ကောက်တာကို တွေ့ရလိမ့်မယ်။ ဒါကြောင့် ဒီဥစ္စာတွေ မေ့သွားမယ်ဆိုရင် ကိုယ်တော်တို့ ပဥှာဝါရကျရင် အကုန်လုံး ငုတ်တုတ်မေ့သွားလိမ့်မယ်။ အဲဒီတော့ ဒီဥစ္စာတွေပဲ ပဥှာဝါရကျလို့ရှိရင်လည်းပဲ အသွင်တူ ကောက်ကြမှာဖြစ်တယ်။ အတူတူပဲ။ တစ်လုံးမှမလွဲဘူး။ ၁၇၁၊ ၇၂ တွေရှိတယ်ပေါ့။ အဲဒီတော့ စာတွေဟာ စာတွေထက်ကိုပဲ သဘောတရားတွေလည်းပဲ နည်းနည်းရှိုင်းရှိုင်းသိဖို့က အရေးကြီးတယ်။
ကိုယ်တို့ စာအုပ်စာမျက်နှာ ၁၉ က "အာရမ္မဏာဓိပတိသတ္တိဟူသည်" ဆိုပြီးတော့ ပြောခဲ့သေးတယ်ပေါ့။ အဲဒီတော့ "သာမန်အာရုံထက် စိတ်ကို အလွန်အကဲ တမ်းတမ်းစွဲဖြစ်အောင် စွဲဆောင်နိုင်သော စွမ်းအားဖြင့် အလေးအမြတ်ပြုခြင်း၊ ကျေးဇူးပြုခြင်း၊ အစိုးရခြင်းသဘောသတ္တိဟာလည်း အာရမ္မဏာဓိပတိပဲ" လို့ ပြောခဲ့တယ်။ အဲဒီလင်္ကာလေးကလည်း ကြည့်လိုက်မယ်ဆိုရင် "အာရမ္မဏာဓိပတိမှာက သာမန်အာရုံအဖုံဖုံထက် လွန်ကဲတတ်ပြီး သတ္တိပိုမို စိတ်ကိုဆွဲငင်၊ လေးမြတ်လျှင် ခေါ်တွင်ကျေးဇူးပြု" ဖြင့် ကိုယ်တော်တို့ကို အဲဒါ ရူပါရုံအကြောင်းနဲ့ပတ်သက်ပြီးကာကျတော့ "တုတ္တံ ခေါ ပန ပုတ္တ အာဂစ္ဆေယျာသိ" ဆိုပြီးတော့ အဲဒီမှာ ရူပါရုံအကြောင်းနဲ့ ပြောခဲ့တယ်။
အဲဒီတော့ သဒ္ဒါရုံအကြောင်းနဲ့ ပြောကြမယ်ဆိုလို့ရှိရင် ဂီတသံကြောင့် ဂဠုန်၊ နဂါးတွေရဲ့ စောင်းသံကြောင့် ကိလေသာမီးတွေ ဟုန်းဟုန်းတောက်ထဲကနေပြီးတော့ ဆင်းရဲဒုက္ခထဲ ဆောက်ထိုးကျခဲ့တဲ့ ဝတ္ထုတွေရှိတယ်။ ဟုတ်လားဗျ။ သဒ္ဒါရုံ၊ ဂန္ဓာရုံ။ ဂန္ဓာရုံအကြောင်းနဲ့ဆိုလို့လည်းပဲ ကိုယ်တော်တို့ အဲဒါ ပန်းအစရှိတာတွေ ရှိခဲ့တယ်။ နောက် ရသာရုံဆိုတာကလည်းပဲ ကိုယ်တော်တို့ ပေါရိသာဒမင်း။ ဘယ်သူပါလိမ့်ဗျ။
ပေါရိသာဒမင်းဆိုတာ ကိုယ်တော်တို့ အဲဒါ သူ့ရဲ့ထမင်းချက်သမားကတောင်မှပဲ နာမည်ကတောင်မှ "ရသက" ဆိုတာ။ ဟုတ်တယ်မလားဗျာ။
မှန်ပါ့ဘုရား။
ရသကတဲ့။ ရသကတော့ ရသာရုံကို ဖန်တီးပေးနိုင်တာ။ ဒါကိုက ပစ္စည်းကလေ။ ဟုတ်တယ်မဟုတ်လားဗျာ။ အရသာက။ ဆိုတော့ အဲဒီလိုတွေရှိတယ်။ ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ သာမန်ထက် ပိုတယ်မဟုတ်ဘူးလား။
ပိုပါတယ်ဘုရား။
သာမန်ထက်ပိုတယ်။ အဲဒီလိုပဲ သာမန်အာရုံထက် ပိုသမျှတွေပေါ့။ နောက် ဖောဋ္ဌဗ္ဗာရုံဆိုလို့ရှိရင်လည်း ကိုယ်တော်တို့ ပဉ္စပါပီအကြောင်းပေါ့။ ပဉ္စပါပီဆိုတာက ပဉ္စဆိုတာက ဘာလဲ။
ငါး။
ပါပဆိုတာက...
မကောင်းတာ။
မကောင်းတာ။ ဤပစ္စည်းသတ်လိုက်တော့ အမျိုးသားလား၊ အမျိုးသမီးလားဆိုတော့...
အမျိုးသမီး။
အဲ၊ အမျိုးသမီးဖြစ်သွားတယ်ပေါ့။ ဒါကြောင့် ပဉ္စပါပီဆိုတာက မကောင်းခြင်းငါးမျိုးနဲ့ ပြည့်စုံနေတဲ့ ဘာပါလိမ့်ဗျ။
အမျိုးသမီး။
အမျိုးသမီးလို့ သူတို့အဓိပ္ပာယ်ရတယ်။ မကောင်းခြင်းငါးမျိုးက ဘာလဲဆိုလို့ရှိရင် လက်ရယ်၊ ခြေရယ်၊ ပါးစပ်ရယ်၊ နှာခေါင်းရယ်၊ မျက်စိရယ်။ ဘာလဲဗျ။
လက်ရယ်၊ ခြေရယ်၊ ပါးစပ်ရယ်၊ နှာခေါင်းရယ်၊ မျက်စိရယ်။
အဲဒီလို မလှတာ။ သို့သော်လည်းပဲ သူက အတွေ့အထိမှာတော့ ဗကမင်းနဲ့ ပါဝါရိယမင်းတို့၊ အရှင်ဘုရားတို့ ဒီဥစ္စာက ဇာတ်တော်ကလာတာ။ ဇာတ်အဋ္ဌကထာ ဇာတ်တော်ငါးရာ့ငါးဆယ်၊ ပဉ္စမအုပ်မြောက်မှာ လာတာနော် ဒီဥစ္စာတွေက။ အဲဒီတော့ ဗကမင်းနဲ့ ပါဝါရိယမင်းတို့ အရှင်ဘုရားတို့ ကြည့်လိုက်၊ စစ်ထိုးရလောက်အောင်ကိုပဲ သူတို့ဖြစ်ခဲ့တယ်ဗျ။ အဲဒီတော့ ဗကမင်းကနေပြီးတော့ တိုင်းပြည်မှာ စနည်းနာအနေနဲ့ ညချမ်း၊ ညနေအခါမှာ အဲဒါ မင်းအသွင်၊ အရှင်ဘုရား၊ ဘုရင်အသွင်ဖျောက်ပြီးတော့ သာမန်ရွာသားအသွင်နေပြီးတော့ နေဝင်ပျိုးပြအချိန်အခါမှာ ခုနက ပဉ္စပါပီကလည်း ထုတ်ထိုးလို့၊ ကလေးတစ်ခုနဲ့ ထုတ်ထိုးနေတာ သွားပြီးတော့တွေ့လိုက်တဲ့အခါကျတော့ ထိလိုက်တာနဲ့ ဓာတ်လိုက်သလိုကို ဖြစ်သွားခဲ့တယ်တဲ့ဗျ။ ဘယ်လိုဖြစ်သွားခဲ့တာပါလိမ့်။
ဓာတ်လိုက်သလို။
ဓာတ်လိုက်သလို ဖြစ်သွားခဲ့သတဲ့ဗျ။ အဲဒါ အရှင်ဘုရားတို့ သုတေသနဇာတ်လမ်းက။ အဲဒီတော့ ဘာဖြစ်လို့ အဲဒီလို ရုပ်အဆင်းအင်္ဂါငါးမျိုး ချို့တဲ့နေတာလဲဆိုလို့ရှိရင် ရှိတယ်။ သူ့ရဲ့ဇာတ်လမ်းတွေရှိတယ်။
ကျန်သမျှနဲ့ ဘုန်းကြီးတို့ အခု ရူပါရုံနဲ့ပတ်သက်လို့ဆိုလို့ရှိရင်လည်းပဲ အလောင်းတော် မင်းကုသ။ အလောင်းတော် မင်းကုသဆိုကတည်းကပဲ အဆင်းကတော့ ရှုလို့...
မရပါဘူးဘုရား။
မဝသလား၊ မရသလား။
မရဘူး။
အယ်၊ မင်းကုသတဲ့။ ရုပ်ဆိုးကြီးတဲ့။ လာတယ်။ အဲဒီတော့ အရှင်ဘုရားတို့ရေ၊ ဒါတွေက အကြောင်းမကောင်းလို့။ ပြောကြည့်။
အကျိုးမကောင်းပါ။
အကျိုးကောင်းချင်ရင်...
အကြောင်းကောင်းရမယ်။
အကြောင်းကောင်းရမယ်။ ဒါတွေ ပဋ္ဌာန်းတရားတော်ဆိုတာ ဒါတွေဟောနေတာ။ "ကုသလော ဓမ္မော ကုသလဿ" ကောင်းကျိုးကို လိုချင်ရင် ဘာလုပ်ရမှာပါလိမ့်။
ကောင်းကြောင်း။
ကောင်းကြောင်းကို လုပ်ရမှာ။ စာမေးပွဲကောင်းကောင်းအောင်ချင်တယ်ဆိုလို့ရှိရင် ဘယ်လိုလဲဗျ။
ကောင်းကောင်းကျက်ရပါတယ်။
ဒါ ကောင်းကောင်းကျက်ရမယ်။ ဘုန်းကြီးပြောတဲ့စကားကို ဘာလဲ။
နားထောင်ထားရမယ်။
နားထောင်ရမယ်ပေါ့။
စာတွေလည်း မှတ်ထားရမယ်။
အေး၊ ဟုတ်တာပေါ့ဗျ။ အဲဒါ ကိုယ်တော်တို့၊ အဲဒါ ကိုယ်တော်တို့ရေ၊ စာတင်မကဘူး။ ကိုယ်တော်တို့ အပိုဆုပစ္စည်းတွေပါ ပေးနေတာ။ ကိုယ်တော်တို့ တစ်သက်တာကာလပတ်လုံး၊ တစ်သံသရာကာလပတ်လုံးအတွက် လုံလောက်သွားအောင်ကို ပေးလိုက်တာ။ ဟုတ်တယ်မဟုတ်လားဗျ။
မှန်ပါ့ဘုရား။
ကိုယ်တော်တို့ အဲဒါ မလှမပမှတ်ပေးတာလား၊ ဝလစ်လှည့်ပစ်ပေးတာလား၊ ဖြူဖျော့ဖျော့ပေးတာလားဆိုတော့...
အို၊ ကန်တော့။ တစ်သံသရာစက်ဖီလုံအောင် ပေးလိုက်တာ။ ဟုတ်လားဗျ။ ယူတတ်တဲ့ပုဂ္ဂိုလ်ပေါ့ဗျာ။ မယူတတ်ရင်လည်းပဲ ကိုယ်တော်တို့က "အဲဒါ ဒီဘုန်းကြီးက တော်တော်ရှည်တဲ့ဘုန်းကြီးပဲ။ မနေ့တုန်းကဆို တစ်နာရီတောင်ခွဲသွားတယ်။"
မှန်ပါ။
ဟုတ်ရင် ကိုယ်တော်တို့ အဲဒါပြောတဲ့ပုဂ္ဂိုလ် ရှိကောင်းရှိနိုင်တယ်။
ရှိပါတယ်။
ဟုတ်လား။ အဲ၊ အေးပေါ့လေ။ ဒါလည်း အဲဒီလိုပဲပေါ့။ အဲဒီတော့ အခု မင်းကုသဆိုလို့လည်းပဲ ဘာလဲဗျ၊ အဆင်းက...
ရှုလို့မရ။
ရှုလို့မရအောင် ဖြစ်နေကြတယ်။ ခုနက ပဉ္စပါပီအကြောင်း စပြောပါဦးမယ်။ ပဉ္စပါပီဖြစ်လာတာ အရှင်ဘုရားတို့ရေ၊ သူ့အိမ်လေးကို မြေညက်တွေသုတ်နေတဲ့အချိန်၊ ပစ္စေကဗုဒ္ဓါတစ်ပါးကလည်း သူ့ကျောင်းလေးကို မြေညက်သုတ်နေတာ။ မြေညက်ကမလောက်တော့ အဲဒီအိမ်က မြေညက်ရှိတယ်အမှတ်နဲ့ သိတော့ အဲဒါ နေ့လယ် သပိတ်ပိုက်ပြီး၊ သပိတ်ပိုက်လာပြီးတော့ ရပ်ထားတယ်။ သပိတ်ပိုက်လာရပ်တော့ ညနေ ၂ နာရီ၊ ၃ နာရီလောက် လာရပ်တာပေါ့။ ဆွမ်းလည်းမဟုတ်ဘူးဆိုတော့ လျှောက်တော့ အဲဒါနဲ့ မြေညက်ဆိုတာကျတော့ အဲဒါနဲ့ "မြေညက်တောင် အလှူခံရသလား" ပေါ့။ ဟုတ်လားဗျ။ အဲဒါနဲ့လည်း ကိုယ်တော်တို့ရေ၊ အခု အဲဒါ လက်တွေ လက်ကားယား၊ ခြေကားယား၊ ပါးစပ်နဲ့၊ နှာခေါင်းနဲ့၊ မျက်စိမလှတာ အဲဒါနဲ့ တစ်ခါ အမူအရာနဲ့လုပ်ပြလိုက်တာနဲ့ မျက်စိကော၊ ခြေကော၊ နှာခေါင်းရော၊ မျက်စိရော၊ ဘာလဲ၊ ပါးစပ်ကော ဘာလဲဗျ။
မလှ။
မလှဘဲဖြစ်တာ။ "မြေညက်တောင် လှူခိုင်းရသလား" ပေါ့။ "ပွစိပွစိ" နဲ့ ပြောတာ။ ဟုတ်လားဗျ။
မှန်ပါ။
အဲဒီလိုပြောလိုက်တာ။ အဲဒီလို "ပွစိပွစိ" နဲ့ ပြောတာကတော့ ကိုယ်တော်တို့ ဘယ်သူကများသလဲဆိုရင်၊ ဟုတ်လား၊ အမျိုးသားတွေနဲ့ အမျိုးသမီးတွေဆိုလို့ရှိရင် ဘယ်သူကများသလဲဆိုရင်...
များပါတယ်။
ဘုန်းကြီးတွေ၊ သီလရှင်တွေ မပါဘူးနော်။
မှန်ပါ။
ဘာပဲဖြစ်ဖြစ်၊ မဟုတ်ပါလို့ပဲ ဖြစ်လိမ့်မယ်။ ဟုတ်လား။
မပါပါဘူးဘုရား။
မပါပါဘူး။ မပါပါဘူး။ ပါလို့မဖြစ်ဘူးလေ။ ကိုယ့်တပည့်တွေ ပါလို့ပဲဖြစ်လိမ့်မယ်။ ဟုတ်လား။ အဲဒီလို "ပွစိပွစိ" နဲ့ ပြောတတ်တာတွေ သတိပြုစရာတွေပေါ့။ အဲဒါနဲ့ "မြေညက်တောင် လှူခံရသလား" ဆိုပြီး ပွစိပွစိ။ ဒါပေမဲ့လို့လည်းပဲ ဟိုကတော့လည်းပဲ အရှင်ဘုရားတို့ရေ၊ တကယ့်ကိုပဲ ပစ္စေကဗုဒ္ဓါဆိုတာ "သန္တိန္ဒြိယော" တဲ့ဗျ။ ဘာပါလိမ့်။
သန္တိန္ဒြိယော။
အလွန်တရာမှ ငြိမ်သက်တဲ့ဣန္ဒြေတွေ ရှိနေပြီဆိုတော့ သေသေချာချာကြည့်လိုက်တာကျတော့ "ဪ၊ ကြည်ညိုစရာကောင်းတယ်" ပေါ့။ ဘာလဲဗျ။
ကြည်ညိုစရာ။
ကြည်ညိုစရာကောင်းတာပေါ့။ အဲဒီတော့ အလွန်တရာမှ ကြည်ညိုတဲ့စိတ်နဲ့ ကြည့်လိုက်တော့ "ဪ၊ တကယ် ဧသိက္ခာသမ္ပတ္တိနဲ့ တကယ်ကြည်ညိုဖွယ်ရာကောင်းတာကိုး" ပေါ့လေ။ အဲ၊ ကိုယ်တော်တို့ အရင်တစ်ခါလည်း ပြောခဲ့ဖူးပေါ့။ သံဃာတော်တစ်ပါးရဲ့ သာမန်ကိလေသာထင်ရှားပြည့်နေတဲ့ တပည့်တော်တို့လိုပုဂ္ဂိုလ် ဆွမ်းခံသွားတဲ့အချိန်ဟာ ကိုယ်တို့ ကြည်ညိုစရာကောင်းတဲ့အချိန်ဖြစ်တယ်။ ဣန္ဒြေသမ္ပတ္တိအပြည့်အဝကြီးနဲ့။ ဟုတ်လား။ ဟုတ်လားဗျာ။ ခုပဲထပြီးတော့ ရဟန္တာဖြစ်တော့မလိုလို။ ဟုတ်လား။ အဲဒီလို။ ဟုတ်တယ်။ တစ်သက်လုံးနေရမှာ အဲဒီလိုရေးရမယ်။ ဒီလိုတွေက အဲဒီလိုနေနိုင်ရဲ့လား။
မနေနိုင်ဘူး။
မနေနိုင်ဘူး။ တော်တော်ခက်တာပေါ့ဗျာ။ ဟုတ်လားဗျာ။ ကိလေသာတွေ ထင်ရှားပြည့်နေတဲ့ပုဂ္ဂိုလ်တောင်မှပဲ ဆွမ်းခံတဲ့အချိန်ဟာ ကြည်ညိုစရာအကောင်းဆုံးအချိန်။ ဟုတ်လားဗျ။ ကြည်ညိုစရာမကောင်းဘဲ နေပါ့မလား။
မနေပါဘူး။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပေးပို့ထားသောစာပိုဒ်ကို မြန်မာစာလုံးပေါင်းသတ်ပုံစည်းမျဉ်းများနှင့်အညီ စစ်ဆေးတည်းဖြတ်ပြီး စာဖတ်၍ ပိုမိုချောမွေ့စေရန် ပုဒ်ဖြတ်၊ ပုဒ်ရပ်များ ထည့်သွင်းပေးထားပါသည်။
ပြင်ဆင်တည်းဖြတ်ပြီးသော စာပိုဒ်
အဲဒီတော့ သူက ပုဗ္ဗစေတနာပျက်သွားပေမယ့်လို့လည်းပဲ မုဉ္စစေတနာ၊ အပရစေတနာတွေက ကောင်းတာကိုးဗျ။ ဟုတ်တယ်မလား။ အဲဒီတော့မှ မြေညက်ကလေးတစ်ခဲ လှူလိုက်တာ၊ အဲဒီလို မြေညက်နဲ့တူစွာပဲ ခန္ဓာကိုယ်က အရှင်ဘုရားတို့ နူးညံ့အိစက်ပြောင်းပြီးကာကျတော့ ထိလိုက်တဲ့ပုဂ္ဂိုလ်တိုင်း ဘယ်လိုပါလိမ့်။
အဲဒီလိုဖြစ်သွားတာ။ ဒါကြောင့်မို့လို့ အရှင်ဘုရားရေ၊ အဲဒီလိုဖြစ်သွားတာဗျ။ ဟုတ်လား။ ဒါကြောင့် ပဉ္စပါပီဆိုတာ အရှင်ဘုရားတို့ အခု ဒီဖောဋ္ဌဗ္ဗာရုံအနေနဲ့ကတော့ အာရမ္မဏာဓိပတိအနေနဲ့ တပ်မက်စရာကောင်းတဲ့ပုဂ္ဂိုလ်၊ အဲဒီလိုဖြစ်ရတာဖြစ်တယ်။ သဘောပေါက်တယ်နော်။
မှန်ပါ့။
အဲဒီလို ဒီလိုရှိတယ်။ ကိုယ် မင်းကုသကလည်း ကြည့်တော့ တူတူပဲ။ သူက ညီအစ်ကိုနှစ်ယောက်ထဲက အမေအဖေမရှိဘူး။ သူ့အစ်ကိုက အိမ်ထောင်သည်၊ သူက လူလွတ်ပေါ့ဗျာ။ လူပျိုပေါ့။ ကြော်ငြာလိုက်ရအောင်ပေါ့။ ဟုတ်တယ်လေ။ မင်းကုသပြောတာက။ ကိုယ်တော်တို့ အဲဒါနဲ့ သူ့အစ်ကိုကြီးနဲ့ ကပ်နေတာ။ အဲဒါနဲ့ သူ့အစ်မကြီးဖြစ်တဲ့ပုဂ္ဂိုလ်က မုန့်ဆီကြော်ကြော်စားတာ။ မုန့်ဆီကြော်ကြော်စားကာကျတော့ သူ့အတွက်ချန်ထားပြီးတော့ ကျန်တဲ့မိသားစုတွေ ပျော်ပျော်ပါးပါးစားကြတာပေါ့လေ။ အဲဒီလိုစားကြတော့ အဲဒါနဲ့ အဲဒီအတိုင်း ပစ္စေကဗုဒ္ဓါက လာပြီးတော့ ဆွမ်းခံကြွတော့ ဆွမ်းလောင်းစရာမရှိဘူး။ ဟိုဒီဟိုဒီကြည့်လိုက်တော့ အလွယ်တကူတွေ့နေတဲ့ သူ့အတွက်ချန်ထားတဲ့ မုန့်ဆီကြော်ကို မျက်လုံးကသွားမြင်တော့မှ အဲဒီထဲမှာ ကိုင်း၊ သူလာခဲ့ကြမှ၊ နောက်ကျန်သေးတယ်၊ ကြော်ပြီးတော့ ပေးပါလိမ့်မလဲဆိုပြီးတော့ အဲဒါနဲ့ ပစ္စေကဗုဒ္ဓါလည်း နေပူပူမှာ၊ ကျန်တဲ့သူတွေကတော့ အားနာသံတွေနဲ့ မြန်မြန်။ အဲဒီက အဆင်သင့်ကြော်ပြီးသားလေးကို သွားပြီးတော့ လောင်းလိုက်တာ။ လောင်းတုန်းရှိသေးတယ်ဗျ၊ အလောင်းတော်ကြီးက ရောက်ချလာတာဗျ။ ဟုတ်လားဗျာ။ အလောင်းတော်မင်းကုသက ရောက်ချလာတာ။ အဲဒါ ပါးစပ်က အရင်မနေသေးဘူး။ "မောင်လေးရေ" တဲ့၊ "သူ့အစ်မကြီးက မောင်လေးအတွက်ချန်ထားတဲ့ မုန့်ဆီကြော်တော့ အစ်မကတော့ လောင်းလိုက်ပြီ" ပေါ့။ မောမောပန်းပန်းနဲ့ ပြန်လာတဲ့အချိန်အခါဆိုတော့ ဒါလည်းပဲ တော်တော်သတိပြုစရာကောင်းတဲ့အချက်လေးတွေပေါ့ဗျ။ တစ်ခါတလေ စိတ်ပင်ပန်းနေတဲ့အချိန်ဖြစ်ဖြစ်၊ လူကပင်ပန်းနေတဲ့အချိန်ဖြစ်ဖြစ် အဲဒါ ဒေါသက ပေါက်ကွဲတတ်တယ်ဗျ။ ဟုတ်လား။ ဒါတွေကလည်းပဲ ကိုယ်က အဲဒီလိုပင်ပန်းတဲ့အချိန်ဆိုလို့ရှိရင်လည်းပဲ ကိုယ့်ဘက်က မပေါက်ကွဲမိအောင်ပေါ့လေ။ ဒါတွေက ဆင်ခြင်သင့်တယ်ပေါ့။ ကိုယ်ကနေပြီးတော့လည်းပဲ အဲဒီက ပေါက်ကွဲစရာရှိတဲ့ပုဂ္ဂိုလ်ရဲ့ရှေ့မှာဆိုလို့ရှိရင်လည်းပဲ မပေါက်ကွဲအောင်၊ ဟောဒီလိုအချိန်ဆိုရင် ပေါက်ကွဲတတ်တယ်ဆိုတာ ကိုယ်က ကြိုတင်ပြင်ဆင်ပြီးကာကျတော့ ကိုယ်က ရှောင်တတ်၊ ဆိုတတ်ထားဖို့ အရေးကြီးတယ်။ ဒီလိုသင်ခန်းစာတွေရှိတယ်ပေါ့ ဒီထဲကနေပြီးတော့။ ဟုတ်လား။
ကိုယ်ကလည်း ပေါက်ကွဲစရာ၊ ပေါက်ကွဲရမယ့်ပုဂ္ဂိုလ်ဘက်ကဆိုလို့ရှိရင်လည်းပဲ မပေါက်ကွဲရအောင် ဘာလေးဗျာ၊ ထိန်းသိမ်းနိုင်ဖို့ အရေးမကြီးဘူးလား။
အရေးကြီးပါတယ်။
ကိုယ်ကလည်း အပေါက်ကွဲခံပုဂ္ဂိုလ်ဘက်ကဆိုလို့ရှိရင်လည်းပဲ "ဪ၊ အဲဒီပုဂ္ဂိုလ်က လူ့ရဲ့သဘာဝတွေက ဒီလိုပေါက်ကွဲတတ်တယ်။ ဒါဆိုလို့ရှိရင်လည်းပဲ မောပန်းနေတဲ့အချိန်အခါမှာ မကောင်းတဲ့သတင်းဆိုတာ မပြောရဘူး။" အဲဒါ မခံလိုတဲ့စကားတွေကို ဘာလဲ၊ မပြောရဘူးပေါ့လေ။ ကျေနပ်စရာ၊ ပြုံးစရာ၊ ရွှင်စရာ၊ ဒါမျိုးတွေကို ပြောရမယ်ပေါ့။ ဒါမျိုးတွေ သိထားဖို့အရေးကြီးတယ်ဗျ။ ဟုတ်လား။ ဒါ ကိုယ်တော်တို့ အခု "ဘဝဆိုတဲ့သင်တန်းကျောင်း" ကနေ ကိုယ်တို့ အကုန်လုံးပေးလိုက်တာ။ ဟုတ်လား။
ဘဝဆိုတဲ့ ဘာပါလိမ့်။
သင်တန်းကျောင်း။
ပဋ္ဌာန်းဆိုတာ ဘာပါလိမ့်ဗျ၊ ဘာကျောင်းမှာလဲ။
ဘဝ။
ဘဝဆိုတဲ့သင်တန်းကျောင်း။ ကိုယ်တော်တို့ တက်နေတာ။ ဟုတ်လား။ ပဋ္ဌာန်းစာဝါနဲ့တက်တာ ဟုတ်ရဲ့လား။
မဟုတ်ပါဘူး။
မဟုတ်ဘူး။ မဟုတ်ဘူး။ ဘဝဆိုတဲ့သင်တန်းကျောင်းကြီးကို တက်နေတာဗျ။ အဲဒီတော့ သူက ဟိုက မောမောပန်းပန်းနဲ့ဆိုတော့လည်းပဲ ပြောလိုက်တာပေါ့လေ။ အဲဒီအတိုင်းပဲ သူကလည်းပဲ ဒေါသကထွက်ပြီးကာကျတော့ အဲဒါနဲ့ ပေါက်ပြားချပြီးအခါကျတော့ အဲဒါ တပည့်တော်တို့ ရောက်နေတဲ့ အဲဒါ မုန့်ဆီကြော်ကို ပြန်လုတာ။ "မပေးဘူး" ဆိုပြီးတော့ ပြန်လုတာ။ ဘုရားအလောင်း ဘယ်သူကလဲဗျ။
ဘုရားအလောင်း။
ဘုရားအလောင်း ပြန်လုတာ။ ပြန်လုတော့ ပစ္စေကဗုဒ္ဓါကလည်းပဲ ဒီလိုပဲပေါ့။ သူက တာဒိဂုဏ်နဲ့ပြည့်စုံတော်မူသော ဘုရား၊ ပစ္စေကဗုဒ္ဓါဆို ဒီလိုပဲနေတာ။ နောက်တော့ ဒီသူတော်ကောင်းဓာတ်ခံရှိတဲ့ပုဂ္ဂိုလ်နဲ့ သူတော်ကောင်းဓာတ်ခံမရှိတဲ့ပုဂ္ဂိုလ်က ကွာခြားချက်တွေ အများကြီးရှိတယ်ဗျ။ သူတော်ကောင်းဓာတ်ခံပါတဲ့ပုဂ္ဂိုလ်တွေဆိုတာ ဒါ ဘုရားလောင်းပဲလေ။ အဲဒီလိုဆိုကြတော့ အရှင်ဘုရားတို့ ဖြစ်ကြောင်းရှည်တော့မဟုတ်တော့ဘူး။ ဘယ်လိုလဲဗျ။
ဖြစ်ကြောင်းတို။
ဖြစ်ကြောင်းပဲဖြစ်တော့တယ်။ ဒေါသတွေ၊ ပေါက်ကွဲထွက်တဲ့ဒေါသတွေ ချက်ချင်းနိုင်အောင် သိမ်းဆည်းနိုင်ပြီးကာကျတော့မှ အဲဒီတော့ သူကနေတော့ ကိုင်း၊ မုန့်ပါလေရော။ အဲဒီတော့ ပစ္စေကဗုဒ္ဓါရဲ့အနေအထားကြည့်တော့ သူကြည်ညိုသွားပြီးတော့ ဖြစ်ကြောင်းတိုဖြစ်သွားပြီးတော့ ချက်ချင်းပဲ ပြန်လှူလိုက်တယ်။ အဲဒီအချိန်အခါမှာပဲ သူ့အစ်မကြီးဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းပဲ အားတုံ့အားနာဖြစ်ပြီးကာကျတော့ သူက ဟိုမှာပြေးပြီးတော့ အိမ်မှာရှိနေတဲ့ ထောပတ်ကို သွားပြီးတော့ ရောင်းလာတယ်။ သူက မလောင်းသေးဘူး။ သူက မလှူသေးဘူး။ မလှူသေးဘူး ကြားထဲမှာ။ သူ့အစ်မကြီးဖြစ်သူက ရပ်ပြီးတော့ စိုက်ပြီးတော့ ကြည့်နေတာ။ သူ့အစ်မကြီးကနေ ပြေးကပ်ပြေးကပ်နဲ့ တစ်ခါတည်း အိမ်ထဲဝင်သွားပြီးကာကျတော့ ကျန်တဲ့ထောပတ်ကလေးတွေကို လောင်းလိုက်တာ။ ထောပတ်ကလေးတွေကလည်း တစ်ခါတည်း နေရောင်အောက်မှာဆိုတော့ သူ့ရဲ့သဒ္ဓါတရားလေးကလည်း အလွန်တရာကောင်းတော့ တစ်ခါတည်း ထောပတ်တွေက အရောင်တလက်လက်ထွက်လာတာ။ အဲဒီတော့မှ "ဪ" ဒါ သတိကလာပြီးတော့ အဲဒီတော့မှ သူကလောင်းလိုက်တာ။ အဲဒီတော့ လောင်းလိုက်တာ အဲဒီတော့ ဖြစ်ကြောင်းတိုပေါ့ဗျာ။ အဲဒီလိုရှိတယ်ပေါ့ဗျာ။ အဲဒီလို အဲဒီလို ဒီပုဗ္ဗစေတနာတွေ ပျက်ခဲ့တဲ့အတွက်ကြောင့်မို့လို့ မင်းကုသကို ကြည့်လိုက်၊ အရှင်ဘုရားတို့၊ ဟုတ်လားဗျာ။ သူ့အသံဟာ ထင်ရှား၊ ကိုယ်ပိုင်အထိကို လိုချင်တာတဲ့။ အခု ယူဇနာတစ်ရာဝေးကွာတဲ့အရပ်ဒေသကို ရှင်ဘုရင်ဖြစ်ရဲ့အသံနဲ့ကိုပဲ အုပ်စိုးလို့ရတယ်ဗျာ။ ရေးတယ်။ ဟုတ်လားဗျ။ အဲဒါ အဲဒီလောက် ကြိုးပမ်းအားထုတ်ရတာဟာလည်း ဟုတ်လား၊ အခု ဘာလို့ပါလိမ့်ဗျ။ "သာမန်အာရုံအဖုံဖုံထက် ဘာပါလိမ့်ဗျ၊ လွန်ကဲတတ်ပြီး သတ္တိပိုမို စိတ်ကိုဆွဲငင်၊ လေးမြတ်လျှင် ခေါ်တွင်ကျေးဇူးပြု" တဲ့။ အဲဒီလိုပဲ သာမန်အာရုံထက်ကို ထူးထူးကဲကဲကြီး၊ လေးလေးပင်ပင်ကြီး၊ တမြတ်တနိုးကြီး အုတ်တံတိုင်းကို ကျော်ရလောက်အောင်။ ဟုတ်လားဗျ။
မှန်ပါ။
အဲဒါ တံခါးကို ကျော်တက်ရလောက်အောင်။ ဟုတ်လားဗျာ။ အဲဒီလိုဖြစ်နေတာတွေက ဘာလဲဗျ။
အာရမ္မဏာဓိပတိ။
အာရမ္မဏာဓိပတိ။ ဟုတ်လားဗျ။ ဟုတ်တိုင်းကို ပြောတတ်ပြီ။ တံခါးကို ပြောတတ်ပြီဆိုရင်တော့ "ငါတော့ ဘုန်းကြီးပြောထားတဲ့ အာရမ္မဏာဓိပတိလို ဖြစ်နေပြီ။ အကုသိုလ်အာရမ္မဏာဓိပတိဖြစ်နေပြီ။ အဲဒါ လောဘကနေ အကုသိုလ်အာရုံတွေပေါ်မှာ ရောက်နေပြီ။" ဟာ၊ ဒီလို အဲဒီလိုသိလိုက်တယ်ဆိုလို့ရှိရင် တို့ အဲဒါ ဘာဖြစ်သွားတာလဲ။ ကုသိုလ်ဖြစ်သွားတာဗျ။ ဟုတ်လား။
မှန်ပါ့။
အဲတော့ အဲဒါမျိုးတွေကို မေးလိုက်မယ်ဆိုလို့ ရပြီလား။ အဲဒါ အနုဝါဒပါဠိ သိပြီလား။
အင်း၊ အဲဒီလိုသိထား၊ သိထား။ ကိုယ်တော်တို့ ဒါ ကိုယ်တော်တို့ အဲဒီလိုရှိတယ်။ ကိုယ်တော်တို့ရဲ့။ ကိုင်း၊ ဒါကြောင့် အရှင်ဘုရားတို့ရဲ့ စသည် စသည်အားဖြင့် ဒါတွေ အတွေးနဲ့လိုက်မယ်ဆိုရင်တော့ အများကြီး။ ဟုတ်လားဗျ။
ကိုင်း၊ ဒါကြောင့် အရှင်ဘုရားတို့ အဓိပတိနဲ့ပတ်သက်လို့ သဟဇာတာဓိပတိ၊ အာရမ္မဏာဓိပတိနဲ့ပတ်သက်လို့ ကိုယ်တော်တို့ အကုန်လုံးပဲ ပြည့်ပြည့်စုံစုံသွားပြီ။ တော်တော်ကို ပြီးပြည့်စုံသွားပြီပေါ့ဗျာ။ အဲဒါကြောင့်မို့လို့ စာမျက်နှာ ၁၄ ကိုသွားမယ်။ အဲဒါ စာမျက်နှာ ၁၄ က အတ္ထိ၊ အဝိဂတရဲ့သုဒ္ဓသင်္ဂြိုဟ်ကို ဟောမယ်။ ကိုင်း၊ ဆိုကြည့်ရအောင်ဗျာ။ အတ္ထိ၊ အဝိဂတသုဒ္ဓသင်္ဂြိုဟ်ကို နှစ်ခေါက်ဆိုမယ်။
ကိုင်း၊ ကဲတော့ အရှင်ဘုရားတို့ စာမျက်နှာ ၁၄၊ နံပါတ် ၃ ရဲ့ အခု အတ္ထိ၊ အဝိဂတပုဒ်ပေါ့။ အကျဉ်းချုပ်က ဘာပါလိမ့်ဗျ။
အာရမ္မဏပုရေဇာတ။
အာရမ္မဏပုရေဇာတ။ ကိုင်း၊ အဲဒီတော့ စာမျက်နှာ ၂၂ ကိုသွားမယ်။ အဲဒီ စာမျက်နှာ ၂၂ က ဟိုအောက်နားမှာ ဖော်ပြထားတာဖြစ်တယ်။ အဲဒီတော့ "အဗျာကတပဒသုံးချက်တွင် ကြက်ခြေခတ်ပြအမှတ်ရုပ်ပစ္စည်းပါဠိများကို အာရမ္မဏပုရေဇာတအတွက် ဟောမယ်" တဲ့။ ဟုတ်လားဗျ။ ပုရေဇာတက အခြေခံအားဖြင့် နှစ်မျိုးရှိတယ်။ အာရမ္မဏပုရေဇာတ၊ ဝတ္ထုပုရေဇာတရယ်လို့ နှစ်မျိုးရှိတယ်။ ဒါက ဘာအတွက်ပါလိမ့်။
ခုနက အရှင်ဘုရားတို့ စာမျက်နှာ ၁၄၊ ခုနက အရှင်ဘုရားတို့ ဆိုလိုက်တဲ့ သုဒ္ဓသင်္ဂြိုဟ်ထဲမှာဆိုလို့ရှိရင် အဲဒီတော့ ပစ္စည်းဘက်က ပစ္စုပ္ပန်နိပ္ဖန္နရုပ် ၁၈ မဟုတ်ဘူးလား။ ပစ္စုပ္ပန်နိပ္ဖန္နရုပ် ၁၈ ဆိုတော့ ရုပ်တရားတွေ။ ပစ္စယုပ္ပန်ဘက်က၊ ပစ္စည်းဘက်ကပေါ့လေ။ ပစ္စည်းဘက်က နိပ္ဖန္နရုပ် ၁၈ ဆိုတော့ ပစ္စည်းဘက်က ရုပ်တရားမှန်သမျှတွေပေါ့။ ဒါကြောင့် ရုပ်ပစ္စည်းလို့ပြောတာ။ ဟုတ်လားဗျာ။
ကိုင်း၊ အဲဒီမှာကြည့်မယ်။ အဲဒီတော့ "ဗျာကတော ဓမ္မော ဗျာကတဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။" "စက္ခုံ အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော ဝိပဿတိ။ သောတံ၊ ဃာနံ၊ ဇိဝှံ၊ ကာယံ၊ ရူပေ၊ သဒ္ဒေ၊ ဂန္ဓေ၊ ရသေ၊ ဖောဋ္ဌဗ္ဗေ၊ ဝတ္ထုံ ဝိပါကာဗျာကတေ..." ဆက်ချင်သေးသလား။
မဆက်သေးပါဘူး။
မဆက်နဲ့။ အဲဒါက ဘာတွေပါလိမ့်။ ရုပ်တရားလား၊ နာမ်တရားလား။
နာမ်တရား။
နာမ်တရားဆိုတော့ ဝန်တော်ပြီးပြီ။ ဟုတ်လားဗျာ။
သွားချင်ပါတယ်။
မသွားချင်ဘူး။ သူက အဘိညာဉ်နှစ်မျိုးပဲရတာလေ။ သူ့ရဲ့ညာဘက်ခြမ်း လှမ်းကြည့်လိုက်၊ ခုနစ်မျိုးတပ် မဟုတ်ဘူးလား။
ဒိဗ္ဗစက္ခုနဲ့ ဘာပါလိမ့်။
ဒိဗ္ဗသောတ။
"အဗျာကတော ဓမ္မော ကုသလဿ ဓမ္မဿ" ဘာရူပါရုံနဲ့...
အဲ ဟုတ်တယ်။ ရူပါယတနံ ကျန်သေးတာပေါ့။ "ရူပါယတနံ စက္ခုဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။"
"အဗျာကတော ဓမ္မော ကုသလဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။" "ပုဗ္ဗေ သုစိဏ္ဏာနိ ဝါ၊ စက္ခုံ စ အာဒိစ္စ၊ ရူပေ စ၊ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ၊ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဒံ သုဏာတိ။" ဒါပဲပေါ့။ ဟုတ်လား။
"အဗျာကတော ဓမ္မော အကုသလဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။" အာရမ္မဏပစ္စယေန ပစ္စယောဆိုလည်း ရတာနော်။ ပုရေဇာတရတိုင်း ဒီနေရာမှာ အာရမ္မဏမရဘူးလား။
ရတယ်။
ရတယ်။ ဒီလိုသဘောပေါက်။ "စက္ခုံ အဿာဒေတိ အဘိနန္ဒတိ။ တံ တကော ဒိဋ္ဌိ ဥပ္ပဇ္ဇတိ၊ ဝိစိကိစ္ဆာ ဥပ္ပဇ္ဇတိ၊ ဒေါမနဿံ၊ ဝိစိကိစ္ဆာ ဥပ္ပဇ္ဇတိ၊ ဥဒ္ဓစ္စံ" လို့ ရသလားဗျာ။
ရတယ်။
ဘာဖြစ်လို့ ရသွားတာပါလိမ့်။
သုဒ္ဓသင်္ဂြိုဟ်က။
သုဒ္ဓသင်္ဂြိုဟ်က လောဘမူစိတ် ၅၄ ပါး မပါဘူးလား။
အေး၊ ဒီလိုသဘောပေါက်ရတယ်။ ဟုတ်လား။ ဘုန်းကြီးမပြောလည်းပဲ ကိုယ်သိပြီးသား ဖြစ်နေရမယ်။ အဲဒီလိုသိမှ။ ဘုန်းကြီးပြောမှသိတယ်ဆိုရင် အသိက နောက်ကျမနေဘူးလား။
ကျနေပြီ။
ကျနေပြီ။ အဲဒီလိုမကျနဲ့။ "သောတံ၊ ဃာနံ၊ ဇိဝှံ၊ ကာယံ၊ ရူပေ၊ သဒ္ဒေ၊ ဂန္ဓေ၊ ရသေ၊ ဖောဋ္ဌဗ္ဗေ၊ ဝတ္ထုံ"။ အဲဒီဥစ္စာကိုလည်းပဲ နှစ်ခေါက်ဆိုရအောင်ပေါ့ဗျာ။ ဆိုရအောင်။
အဲဒီတော့ အရှင်ဘုရားတို့ရဲ့ စာအုပ်စာမျက်နှာ ၁၈၊ အာရမ္မဏပုရေဇာတရကောက်တဲ့။ တွေ့လား။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပေးပို့ထားသောစာပိုဒ်ကို မြန်မာစာလုံးပေါင်းသတ်ပုံစည်းမျဉ်းများနှင့်အညီ စစ်ဆေးတည်းဖြတ်ပြီး စာဖတ်၍ ပိုမိုချောမွေ့စေရန် ပုဒ်ဖြတ်၊ ပုဒ်ရပ်များ ထည့်သွင်းပေးထားပါသည်။
ပြင်ဆင်တည်းဖြတ်ပြီးသော စာပိုဒ်
"ဗျာကတောဗျာကတဿ၌ ဓမ္မောဟူသော ကတ္တားအရ စက္ခုဝိညာဉ်အားလျော်စွာ တတ်သော ပစ္စုပ္ပန်ရူပါရုံ၊ ကာယဝိညာဉ်အားလျော်စွာ တတ်သော ပစ္စုပ္ပန်ဖောဋ္ဌဗ္ဗာရုံ၊ မနောဓာတ်သုံးပါးအားလျော်စွာ တတ်သော ပစ္စုပ္ပန်ပဉ္စာရုံ။" ဒါတွေက မှတ်စရာမလိုဘူး။ အလယ်တစ်ကြောင်းမှာ မှတ်စရာလိုတယ်။ "မနောဝိညာဏဓာတ်၊ ကာမကိရိယာဇောအားလျော်စွာ တတ်သော ပစ္စုပ္ပန်ဧကာဒသပန်နိဗ္ဗာန်နာရုံ၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတမူလား။"
"သူတစ်စုက ကြိယာအဘိညာဉ်အားလျော်စွာ တတ်သော ဒူရပဋိစ္ဆန္နကိုယ်၌ဖြစ်သော ပစ္စုပ္ပန်ရူပါရုံ၊ ဒိဗ္ဗသောတ ကြိယာအဘိညာဉ်အားလျော်စွာ တတ်သော ဒူရပဋိစ္ဆန္နကိုယ်၌ဖြစ်သော ပစ္စုပ္ပန်သဒ္ဒါရုံ ပစ္စည်းတရားရ၏။ ဗျာကတဓမ္မသဟူသော သမ္ပဒါန်ပုဒ်အရကား ဝိပါက်ဒွေပဉ္စဝိညာဉ်၊ ကာမကိရိယာဧကာဒသ၊ စက္ခု၊ ဒိဗ္ဗသောတကိရိယာအဘိညာဉ်၊ ဝိရတီ၊ အပ္ပမညာကြဉ်သော စေတသိက် ၃၁ ပစ္စယုပ္ပန်တရားရ၏။"
အဲဒီမှာပြိုင်တာကတော့ ခြောက်ပစ္စည်းပြိုင်ပါတယ်။ လေးပစ္စည်းက သူ့သုဒ္ဓသင်္ဂြိုဟ်မှာပါတဲ့၊ သုဒ္ဓသင်္ဂြိုဟ်မှာပါတဲ့ အာရမ္မဏပုရေဇာတ၊ အတ္ထိ၊ အဝိဂတ၊ လေးခုကတော့ ဘာလဲဗျ၊ တစ်ပြိုင်တည်းရတယ်ပေါ့။ အဲဒီက နည်းဝတ်လို့ ရေးထားတာ တွေ့ဖူးလား။
အဲဒီနည်းဝတ်က ရေးထားတာဟေ့၊ သဘောပေါက်ပေါ့နော်။ ဒါကြောင့်မို့လို့ "ပုရေဇာတပစ္စယေန" ဟူသော ကရိုဏ်းပုဒ်အရကား တစ်ပြိုင်နက်ရထားတာက "ပုရေဇာတ၊ အာရမ္မဏ၊ နိဿယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ၊ ဤခြောက်ပစ္စည်းသတ္တိတို့တွင် ပုရေဇာတတ္ထိ၊ အာရမ္မဏပုရေဇာတတ္ထိဟု ဆိုအပ်သော သတ္တိဝိသေသရ၏။ ထိုနှစ်မျိုးတွင် ရူပဓာနအားဖြင့် ကတ္တားသာဓိ။" ဟုတ်လားဗျ။ ပဓာနအားဖြင့် ဘာပါလိမ့်။
ပဓာန။
ကတ္တားသာဓိ။ ကိုင်း၊ အဲဒီကိစ္စကို နှစ်ခေါက်က အလွတ်ဆိုပြီးတော့ နောက်တတိယခေါက်ကျရင် အလွတ်ဆိုကြည့်မယ်ဗျာ။ ဆိုရအောင်။
"အဗျာကတော ဓမ္မော ကုသလဿ ဓမ္မဿ၊ အဗျာကတော ဓမ္မောဟူသော ကတ္တားအရကား မဟာကုသိုလ်စိတ်ရှစ်ခုအားလျော်စွာ တတ်သော ပစ္စုပ္ပန်နိပ္ဖန္နရုပ် ၁၈၊ ဒိဗ္ဗစက္ခုကုသိုလ်အဘိညာဉ်အားလျော်စွာ တတ်သော ဒူရပဋိစ္ဆန္နကိုယ်၌ဖြစ်သော ပစ္စုပ္ပန်ရူပါရုံ၊ ဒိဗ္ဗသောတကုသိုလ်အဘိညာဉ်အားလျော်စွာ တတ်သော ဒူရပဋိစ္ဆန္နကိုယ်၌ဖြစ်သော ပစ္စုပ္ပန်သဒ္ဒါရုံ ပစ္စည်းတရားရ၏။ ကုသလဓမ္မသဟူသော သမ္ပဒါန်ပုဒ်အရကား မဟာကုသိုလ်စိတ်ရှစ်ခု၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတကုသိုလ်အဘိညာဉ်၊ အပ္ပမညာကြဉ်သော စေတသိက် ၃၀ ပစ္စည်းတရားရ၏။" ပစ္စယုပ္ပန်တရားရ၏။ ခုနကအတိုင်းပေါ့။ ကရိုဏ်းဘက်ကတော့ ဟုတ်လားဗျ၊ ခြောက်ပစ္စည်းပေါ့။ ခုနက နည်းဝတ်က ရထားတာက ကျန်တဲ့နှစ်ပစ္စည်းက တစ်ပြိုင်နက်။ အဲဒီရကောက်ရဲ့အောက်မှာလေးကတော့ ပါဠိတော်ပေါ့။ ပညတ်၊ ခုနက အပ္ပမညာမတော်တဲ့ ပညတ်ဟာ မနောဝိညာဉ်ဧကန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကြဉ်ရပါတယ်၊ ဒါက ပြောခဲ့ပြီးသားပဲ။ ဟုတ်လားဗျ။
ကိုင်း၊ ဒါကြောင့်မို့လို့ "အဗျာကတောအကုသလ" တော့ ဒီအတိုင်းမှာပဲ အကုသိုလ်ဒွါဒသ၊ ပစ္စုပ္ပန်နိပ္ဖန္နရုပ် ၁၈၊ သဘောပေါက်ရတယ်။ အဲဒီတော့ ရှစ်ပစ္စည်းပြိုင်ရင်ပေါ့ဗျာ၊ အကုသိုလ်ဆိုတော့။ ဟုတ်လားဗျ။ အဲဒီတော့ လေးပစ္စည်းက တစ်ပြိုင်နက်၊ လေးပစ္စည်းက ရထားရပေါ့။ တစ်ပြိုင်နက်ရထားတာ၊ ဒါ ကောင်းသောဆိုပြီးတော့ အာရမ္မဏရှစ်ပစ္စည်းလို့ မှတ်မိသေးတယ်မဟုတ်လား။ အာရမ္မဏနဲ့သက်ဆိုင်သမျှဟာလည်း ဗျာကတောအကုသလဆိုရင် ရှစ်ပစ္စည်းဝင်နိုင်တယ်ဆိုတာလေ။
မှန်လှပါဘုရား။
ပြောခဲ့ပြီမဟုတ်လား။
မှန်ပါ။
ဘယ်တုန်းက ဘာပါလိမ့်။
ပစ္စည်းဝင်နိုင်တယ်။
အေး၊ ဟုတ်ပြီ။ ကိုင်း၊ အဲဒီတော့ အဲဒီကနှစ်ခုကိုလည်း ကောက်ကြည့်ရအောင်ပေါ့ဗျာ။ ဆိုရအောင်။
အဲဒီတော့ ခုနက ပုရေဇာတဟောခဲ့တဲ့ "ဗျာကတောဗျာကတဿ" က အရဟတ္တဖိုလ်စသည်ဖြင့် အဲဒီတရားတွေက ရဟန္တာပုဂ္ဂိုလ်တွေ ရုပ်တရားအပေါ်မှာ ဝိပဿနာပွားပုံ၊ ဝိပဿနာရှုဆင်ခြင်ပုံ၊ အဲဒီရကောက်စာဟောတာဖြစ်တယ်။ အဲဒီတော့ ဟိုတစ်နေ့ကလည်း ပြောခဲ့ပြီပေါ့။ အဲဒီတော့ ရဟန္တာဖြစ်သွားပြီဆိုလို့ရှိရင်လည်းပဲ ဝိပဿနာတရားတွေက ပွားများရသေးတာပဲ မဟုတ်လားဗျာ။ ဝိပဿနာတရားတွေ "ခီဏာ ဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ" လို့ ခီဏာဇာတိ၊ ဇာတိတွေကုန်သွားပြီ၊ "ဝုသိတံ ဗြဟ္မစရိယံ" မြတ်သောအကျင့်များကို ကျင့်သုံးပြီးပြီလို့ အဲဒီလိုဆိုလိုက်ရုံနဲ့ ဝိပဿနာမပွားတော့ဘူးလို့ အဲဒီလိုမအောက်မေ့ရဘူး။ ဝိပဿနာတရား ဘာများ ဘာဖြစ်လို့ အောက်မေ့ရတာလဲဆိုလို့ရှိရင် အရိယာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေဟာလည်း ဝိပဿနာတရားတွေ ပြန်ပွားရတယ်။ တကယ်လို့ ရဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေကလည်း ကြည့်ပါလား။ အခု အရှင်ဘုရားတို့ ရုပ်တရားအပေါ်မှာဆိုလို့ရှိရင် "အရဟာ စက္ခုံ၊ သောတံ၊ ဃာနံ၊ ဇိဝှံ၊ ကာယံ၊ ရူပေ၊ သဒ္ဒေ၊ ဂန္ဓေ၊ ရသေ၊ ဖောဋ္ဌဗ္ဗေ၊ ဝတ္ထုံ" စသည်ဖြင့် မလာဘူးလား။
ဒါတွေ ရုပ်နာမ်တရားတွေပေါ်မှာ ဝိပဿနာရှုရတာ။ နောက် "ကုသလောဗျာကတဿ" မှာဆိုလို့ရှိရင်လည်းပဲ ကြည့်လိုက်၊ "ကုသလံ အနိစ္စတော၊ ဒုက္ခတော" မလာဘူးလား။
ပါတယ်။
"အကုသလောဗျာကတဿ" ဆိုလို့ရှိရင်လည်း ဘယ်လိုပါလိမ့်။ "အကုသလံ ပဋိစ္စ ဒုက္ခတော"။ ဒါတွေက ရဟန်းဖြစ်တဲ့ပုဂ္ဂိုလ်တွေကလည်း တကယ့်ရုပ်နာမ်တရားတွေပေါ်မှာ ဝိပဿနာရှုတယ်ဆိုတာ မထင်ရှားဘူးလား။
ထင်ရှားပါတယ်။
ထင်ရှားတယ်။ ထင်ရှားကြတယ်။ အဲဒီတော့ ဟိုနေ့ကလည်း ပြောလိုက်မိပြီထင်ပါတယ်။ အဲဒါကို တရားဟောဓမ္မကထိက၊ တပည့်တော် အခု ၁၀ နာရီလောက်ဆိုလို့ရှိရင် တရားနာလေ့ရှိတယ်ပေါ့ဗျာ။ နေ့ခင်းတိုင်း။ အဲဒါ တော်တော်များများဘုန်းကြီးတွေ တော်တော်များများ နာလေ့ရှိပါတယ်။ အဲဒီတော့ ကိုယ်တော်တစ်ပါးက တရားဟောပြောလည်း တော်တော်ကောင်းပါတယ်။ အဲဒါ အခု သူ့အဆင့်အတန်းကတော့ သူက အလတ်တန်းလောက်ပဲ သင်ဖူးတယ်လို့ သူ့ဆရာသမားဆီက ကြားခဲ့ဖူးတယ်ပေါ့လေ။ ဒီတော့ အဲဒီကပုဂ္ဂိုလ်ရဲ့ တရားဟောတာတွေ သဘောကျတယ်ဆိုပြီး အဲဒီကိုယ်တော်ကတော့ စာမေးပွဲ အဲဒီလောက်ကောင်းထားတာပဲ၊ ဟောပြောကောင်းတယ်ပေါ့လေ။ အဲဒီတော့ အလတ်တန်းလောက်အဆင့်ရှိတာပါပဲ။ အဲတော့ သူသိတာကလည်းပဲ သစ္စာလေးပါးတရားကိုသိတာ။ သစ္စာတရားလေးပါးကို ကိုယ်တော်တို့သိသလိုပဲသိတာ။ တိုးတိုးသိသလိုပဲ သိတာလောက်ပါပဲ။ အဲဒီတော့ သူက ဘာပြောလိုက်သလဲဆိုတာကျတော့ "ဒီလို သစ္စာလေးပါးကိုသိတဲ့ဆရာမျိုးကို ခင်ဗျားတို့ ဒါ တရားနာရတယ်။ ခင်ဗျားတို့ အလွန်တရာမှ အကျိုးထူးတယ်" အဲဒီလိုပြောချလိုက်တာ။ အရှင်ဘုရားတို့ အဲဒါက အဲဒီတရားထဲမှာ နှစ်ကြိမ်၊ သုံးကြိမ်၊ သုံးကြိမ်လောက်ပါတယ်။ အဲဒီတရားထဲမှာ။ ဒီတော့ နားထောင်လိုက်တယ်ပေါ့။ အဲဒီတော့ တကယ့်တကယ် အခု ဒုက္ခသစ္စာကိုသိဖို့လို၊ သမုဒယသစ္စာကိုပယ်ဖို့လို၊ မဂ္ဂသစ္စာကိုပွားဖို့လို၊ နိရောဓသစ္စာကိုမျက်မှောက်ပြုဖို့လိုဆိုတဲ့ "သိ၊ ပယ်၊ စိုက်၊ ပွား" ဆိုတာက အရိယာမဂ်ဉာဏ်နဲ့သိတာကို ပြောတာ။ ဘာနဲ့ပြောတာပါလိမ့်။
အရိယာမဂ်ဉာဏ်နဲ့သိတာကို ပြောတာ။
အဲဒါ အခု ဒီရုပ်နာမ်တို့လို၊ ကိုယ်တော်တို့လို သုတမယဉာဏ်လေးနဲ့သိတာ ဟုတ်ရဲ့လား။
မဟုတ်ပါဘူးဘုရား။
လောဘတွေ၊ သမုဒယသစ္စာမည်ဆိုတာလေးလောက် နည်းနည်းသိတာ ဟုတ်ရဲ့လား။
မဟုတ်ပါဘူး။
ပြောချလိုက်တာပဲ။ ဘယ်ရောက်ရောက်၊ ရောက်ချင်ရာရောက်။ ဟုတ်လား။ အဲဒီတော့ အဲဒီကနေတော့ အလွန်အကျူးတွေ ဟိုဘက်ကို ကျော်ထွက်လာတာတွေ ရှိသေးတယ်။ အဲဒါ ခုနက စာတွေကတော့ နည်းနည်းပါးပါး စာတွေက သင်ဖူးပါဘူးဆိုတော့ အဲဒီလို လွန်ထွက်တာတွေလည်း ရှိတတ်တယ်ပေါ့။ အဲဒီတော့ သူတို့ကို ပြစ်တင်တာမဟုတ်ဘူး။ တပည့်တော်တို့ကျလို့ရှိရင် အဲဒါမျိုးတွေ မှားစရာကောင်းသေးလား။
မကောင်းပါဘူး။
ဪ၊ ဒါလေးပြောချင်တာပါ။ ကိုယ်ကျရင်လည်း မမှားဖို့အရေးကြီးတယ်။ "ဝုသိတံ ဗြဟ္မစရိယံ" မြတ်သောအကျင့်တွေ ကျင့်သုံးပြီးပြီဆိုတာက အရဟတ္တဖိုလ်အတွက်၊ အရဟတ္တဖိုလ်အတွက် ကျင့်သုံးစရာမလိုတော့ဘူးပြောတာ။ ကျန်တာတွေအတွက် အရှင်ဘုရားတို့ အခု သမာပတ်ဝင်စားမယ်ဆိုရင်၊ ဖလသမာပတ်ဝင်စားမယ်ဆိုလို့ရှိရင်လည်းပဲ အခု ဒီဝိပဿနာဉာဏ်တွေက ပွားများရသေးတာဗျို့။ အခု မနက်ဖြန်တစ်နေ့ ပို့ချတော့မယ်။ ဒီတစ်နေ့ မနက်ဖြန်ပို့ချသွားမယ်။ အနန္တရပစ္စည်းကျလို့ရှိရင် တပည့်တော် ကျယ်ကျယ်ဝန်းဝန်းပြောပြမယ်။ အဲဒီကျလို့ရှိရင် ကိုယ်တော်တို့ ဖလသမာပတ်ဝင်စားတာ၊ နိရောဓသမာပတ်ဝင်စားတာ၊ အရင်လည်း ပြောတော့ပြောခဲ့ပြီးသားတွေလေ။ ဟုတ်တယ်မလားဗျ။ တို့ ရင်ဘတ်ထဲက တို့ သိပ်မရောက်သေးဘူး။ ပြောစရာတွေက၊ ကိုယ်တော်တို့အနေနဲ့ကလည်း မှတ်စရာတွေက များနေတော့ ဗျာပါများတဲ့မင်းသမီးတွေ ဖြစ်နေတာကိုးဗျ။ ဟုတ်တယ်မဟုတ်လား။ ဘာမင်းသမီးတွေပါလိမ့်။
ဗျာပါများတဲ့မင်းသမီး။
ဗျာပါများတဲ့မင်းသမီးတွေ။ ဟုတ်လားဗျ။ အဲဒီတော့ ဟိုဥစ္စာတွေမှတ်ဦးမယ်၊ ဒီဥစ္စာတွေမှတ်ဦးမယ်ဆိုတော့ မှတ်စရာတွေက များနေတော့ ဘာမင်းသမီးတဲ့လဲ။ ဈာန်ဝင်စားတဲ့ဘုန်းကြီးမင်းသား ပြောလိုက်ပြီးတော့ပေါ့။ ဟုတ်လား။ အဲဒီတော့ သူတို့ အမျိုးသားနဲ့အမျိုးသမီး ပူတတ်တာ ဘယ်သူက ပိုပူတတ်တာလဲ။
အမျိုးသမီး။
အဲဒါ ဘုန်းကြီးတွေ၊ သီလရှင်တွေ သိပ်ပူတတ်ပါဘူး။ တရားနဲ့နေတာကိုး။ ဟုတ်လား။ တရားရှိရင်ပေါ့ဗျ။ ဟုတ်တယ်မဟုတ်လား။ အဲ ခု ဆောင်တစ်ခုကတော့ ရေးထားတာ "ပူတတ်သူ အပူဓာတ်၊ တစ်သက်လွှမ်းရော" လို့ဆိုတော့ ပေးတဲ့ဆောင်ပုဒ်က အဲဒီလိုပြောပြီးသား။ ဟုတ်လား။ "ပူတတ်သူ အပူဓာတ်" သူက ဘာပါလိမ့်။
တစ်သက်လွှမ်းရော။
"တစ်သက်လွှမ်းရော" လို့။ "မပူတတ်သူလည်းပဲ တစ်သက်ချမ်းသာရော" ပေါ့ဗျ။ ဟုတ်လား။ မပူတတ်သူလည်း ဘာပါလိမ့်။
ချမ်းသာ။
"တစ်သက်ချမ်းသာရော" ပေါ့။ အဲဒီလိုလည်းပဲ တွေးတတ်ရတယ်ဗျ။ ဟုတ်လား။ အဲဒါ တို့ အဲဒါက "နာပရံ ဣတ္ထတ္ထာယာ" ပေါ့ဗျာ။ "နာပရံ ဣတ္ထတ္ထာယာတိ ဝုသိတံ ဗြဟ္မစရိယံ"။ အဲဒီက ဟောတယ်။ ဟောတာ အရှင်ဘုရားတို့ အခု ဒီအရိယာဖြစ်သွားတဲ့ပုဂ္ဂိုလ်တိုင်း၊ ပုဂ္ဂိုလ်တိုင်းတို့ဟာ ဖလသမာပတ်ကို ဝင်စားကြရတယ်။ ဖလသမာပတ်ကို ဝင်စားတာပဲဖြစ်ဖြစ်၊ နိရောဓသမာပတ်ကို ဝင်စားတော့မှာပဲဖြစ်ဖြစ်၊ ဈာန်တွေကို ဝင်စားတော့မှာပဲဖြစ်ဖြစ် အခြေခံဘာကစသလဲဆိုရင် ဒီဝိပဿနာပဲ ပြန်စရတာ။ ဘာကပြန်စရတာလဲ။
ဝိပဿနာ။
ဝိပဿနာပြန်စရမယ်။ အဲဒီတော့ အသက်ထင်ရှားရှိနေသေးသရွေ့ အရှင်ဘုရားတို့ ဝိပဿနာတွေနဲ့ ကင်းလို့ရပါ့မလား။
မရပါဘူး။
မရဘူး။ ဒီအချက်ကလေးကို ကင်းထားပါ။ အဲ "ဝုသိတံ ဗြဟ္မစရိယံ" ဆိုတာနဲ့ အရှင်ဘုရားတို့ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီဆိုတာနဲ့ ဝိပဿနာမပါတော့ဘူးလို့ ဒီလိုယူဆရမှာမဟုတ်ဘူး။ အရဟတ္တမဂ်အတွက်သာ ကျင့်ကြံစရာမလိုတာ။ ခုနက ဈာန်အတွက်၊ ဖလသမာပတ်အတွက်၊ နိရောဓသမာပတ်အတွက် ဒါတွေက ကျင့်စရာမလိုသေးဘူးလား။ လိုတာပေါ့။ ဟုတ်လားဗျ။ တကယ်တမ်း အခုကြည့်လိုက်လည်း အရှင်ဘုရားတို့ အခု "အရဟာ စက္ခုံ အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော ဝိပဿတိ။ သောတံ၊ ဃာနံ၊ ဇိဝှံ၊ ကာယံ၊ ရူပေ၊ သဒ္ဒေ၊ ဂန္ဓေ၊ ရသေ၊ ဖောဋ္ဌဗ္ဗေ၊ ဝတ္ထုံ" ကိုယ်ဟောတာ တွေ့လား။
တွေ့ပါတယ်။
ကိုယ်တော်တို့ အဲဒီလို အဲဒီလိုသဘောပေါက်ရတယ်။ စာဆိုတာ အဲဒီလိုသဘောပေါက်ရတယ်။ အဲဒီတော့ ကိုယ်တော်တို့ အခု မကျဉ်းမကျယ်တော့ တို့ တော်တော်ကြီးပြောလိုက်ပြီ။ အခု အာရမ္မဏမျိုးအနေနဲ့ ကုန်သလောက်ရှိသွားပြီဗျ။ အာရမ္မဏမျိုးအနေနဲ့ ဘာပါလိမ့်။
ကုန်သလောက်ရှိသွားပြီ။
အဲဒီတော့ လက်ကျန်ဖြတ်ပိုင်းလေးကို ပြန်ပြီးတော့ အဆုံးသတ်၊ အပြီးသတ်မှာဖြစ်လို့ စာမျက်နှာ ၁၈ ကိုပဲ ပြန်သွား။ ၁၄ နဲ့ ၁၈ တွဲလိုက်သွားတာပေါ့။ ကိုယ်တော်တို့ နံပါတ် ၃ ပြီးသွားပြီ။ အာရမ္မဏပုရေဇာတ၊ အတ္ထိ၊ အဝိဂတသုဒ္ဓသင်္ဂြိုဟ်။ နံပါတ် ၄၊ နံပါတ် ၅၊ နံပါတ် ၆ တို့က ကိရဏ၊ သဘာဂတွေအတွက် ဘုရားရဲ့၊ ကိုယ် သုဒ္ဓသင်္ဂြိုဟ် ရှေးဆရာတော်တွေ လုပ်ခဲ့တာ။ ကိရဏတွေ၊ ကိရဏ၊ သဘာဂတွေ ဟောတဲ့အခါမှာ၊ ကိရဏတွေ ဟောတဲ့အခါမှာ သက်သာလွယ်ကူဖို့အတွက် ဟောခဲ့တာဖြစ်တယ်။ ဟုတ်လားဗျာ။ ဒါကြောင့် တို့ စာမျက်နှာ ၁၈ မှာ ဝတ္ထုပုရေဇာတ တွေ့တယ်မဟုတ်လား။ အဲဒီတော့ ဝတ္ထုပုရေဇာတက ကိုယ်တော်တို့အနေနဲ့ နောက်တစ်မျိုးအနေနဲ့ နည်းနည်းလေး လက်ကျန်ပြန်ပြောမှာဖြစ်လို့ စာမျက်နှာ ၁၄ က "ဝတ္ထုပုရေဇာတာရမ္မဏပစ္စည်းသုဒ္ဓသင်္ဂြိုဟ်" ဆိုပြီးတော့ အဲဒီလိုဆိုပြီးတော့မှ စာမျက်နှာ ၁၈ ပါဠိတော်ရှိတယ်။ အရကောက်ရှိတယ်။ ဟောပြီးဗျ။ အဲဒီက ပါဠိတော်တွေ၊ အရကောက်တွေ ဟိုတုန်းကတော့ သဘာဂအသွင်နဲ့ သွားခဲ့ပြီးတာ။ ဘာနဲ့ ဘာအသွင်နဲ့ သွားခဲ့ပြီးတာတုန်း။
သဘာဂအသွင်။
ဘယ်သဘာဂပါလိမ့်။ ဘယ်သူ့မူ၊ ဘယ်သူ့မူလေ။
ဪ၊ ကိုယ်တော်တို့ ထိပ်စီးမတွေ့ဘူးထင်တယ်ဗျ။ ဟုတ်လား။ တွေ့ဖူးလား။
တွေ့ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပေးပို့ထားသောစာပိုဒ်ကို မြန်မာစာလုံးပေါင်းသတ်ပုံစည်းမျဉ်းများနှင့်အညီ စစ်ဆေးတည်းဖြတ်ပြီး စာဖတ်၍ ပိုမိုချောမွေ့စေရန် ပုဒ်ဖြတ်၊ ပုဒ်ရပ်များ ထည့်သွင်းပေးထားပါသည်။
ပြင်ဆင်တည်းဖြတ်ပြီးသော စာပိုဒ်
ဘာတဲ့၊ "အာရမ္မဏပစ္စယေ နိဿယေ တီဏိ။ အာရမ္မဏပစ္စယေ ဝိပ္ပယုတ္တေ တီဏိ။" သဘာဂအရ တွေ့တယ်။ တွေ့လား။
ဪ၊ ကိုင်း၊ အဲဒီလို။ အဲဒီသုဒ္ဓသင်္ဂြိုဟ်နဲ့ အဲဒီရကောက်စာတွေ သွားကြည့်ရအောင်။ ကိုင်း၊ ဆိုရအောင်ဗျ။
အဲ၊ စာမျက်နှာ ၁၄ က နံပါတ် ၄၊ ခုနက ဝတ္ထုပုရေဇာတသုဒ္ဓသင်္ဂြိုဟ်နဲ့ပဲ ကိုယ်တော်တို့ ခုနက ဥစ္စာကို မှန်ကန်အောင် ကြည့်၊ တူတူပဲလေ။ သင်္ချာက "ဗျာကတောဗျာကတဿ၌ ဗျာကတောဓမ္မောဟူသော ပုဒ်၏ကား" ဆိုလို့ရှိရင် ခုနက ပစ္စည်း၊ ပစ္စယုပ္ပန်ဘက်က မနောဝိညာဏဓာတ်၊ သမ္ပဋိစ္ဆန္နဇောကို ဘာပါလိမ့်၊ ကိရိယာမနောဝိညာဏဓာတ်ဇောတစ်ထောင်၊ ဧက၊ ကုသိုလ်မနောဝိညာဏဓာတ်ဇော၊ အကုသိုလ်... ဆိုလို့ဆိုရုံပဲ။ ကိုင်း၊ အဲဒါလေး သုဒ္ဓသင်္ဂြိုဟ်ကိုကြည့်၊ ကောက်ကြည့်။ ကိုင်း၊ "ကုသလောအဗျာကတောအဗျာကတဿ" ဆိုရအောင်။
အဲ၊ အဲဒီသုံးခုကိုပဲ ကိုယ်တော်တို့ စာမျက်နှာ ၁၈ က "ဗျာကတော ဓမ္မော ဗျာကတဿ ဓမ္မဿ နိဿယပစ္စယေန ပစ္စယော။ ဝတ္ထုံ ဝိပါကာဗျာကတာနံ၊ ကိရိယာဗျာကတာနံ၊ ဝတ္ထု ဝိပါကာဗျာကတာနံ၊ ကိရိယာဗျာကတာနံ ခန္ဓာနံ နိဿယပစ္စယေန ပစ္စယော။" တစ်ခေါက်က ကြည့်ဆိုမယ်။ နောက်တစ်ခေါက်က အလွတ်ဆိုမယ်။ ဒီဥစ္စာ၊ ဒီက ပြဿနာတွေ အများကြီးဖြစ်ခဲ့လို့ ဒါလေးတွေ နည်းနည်းပြောရအောင်လို့။ ကိုင်း၊ ဒီတော့ ပါဠိတော် ပြန်ပြီးတော့ တစ်ခေါက်စီရွတ်မယ်။ နောက်တစ်ခေါက်က အလွတ်ဆိုမယ်။ ဆိုရအောင်။
အဲဒီတော့ အရှင်ဘုရားတို့ အခုဟောလိုက်တဲ့ သင်္ချာတည်နည်း၊ အဲဒီက ခုနက ဝိဘင်္ဂပါဠိတော်၊ ဒီဥစ္စာကတော့ ကိုယ်တော်တို့ရေ၊ အဲဒီထိပ်စီးမှာ ဖော်ပြထားတဲ့အတိုင်းပဲ "အာရမ္မဏပစ္စယေ နိဿယေ တီဏိ" သို့မဟုတ် "နိဿယပစ္စယေ အာရမ္မဏေ တီဏိ" သို့မဟုတ် "အာရမ္မဏပစ္စယေ ဝိပ္ပယုတ္တေ တီဏိ" သို့မဟုတ် "ဝိပ္ပယုတ္တပစ္စယေ အာရမ္မဏေ တီဏိ" ဆိုတဲ့ ဒီသဘာဂကနေပြီးတော့မှ၊ သဘာဂသင်္ချာကနေပြီးတော့မှ ဝိဘင်္ဂဖြစ်လာတာ။ သဘာဂသင်္ချာကနေ ဘာပါလိမ့်။
ဝိဘင်္ဂသင်္ချာဖြစ်လာရတာ။
အခုကတော့ တစ်ခု ဝိဘင်္ဂသင်္ချာ၊ ဒီနေ့ကို ဗျာ-ဗျာ၊ ဗျာ-ကု၊ ဗျာ-အကု။ အဲဒါကို အခု အရကောက်ဆရာတော်ကြီးကတော့ ကိုယ်တော်တို့ရဲ့ အခုပြောထားတဲ့ စာမျက်နှာ ၄၆၇၊ အရကောက်စာမျက်နှာ ၄၆၇ မှာတော့ အခုဖော်ပြတဲ့အတိုင်းပဲ ပြထားတာပေါ့။ အဲဒါကို အခု မူလပဋ္ဌာန်းဆရာတော်ကြီးကတော့ "အရဟတ္တဝတ္ထုံ" ဖြာဖြာဆိုလို့ရှိရင်လေ "အရဟာ ဝတ္ထုံ အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော ဝိပဿတိ။" "ဗျာ-ကု" ဆိုလို့ရှိရင်လည်းပဲ "သေက္ခပုထုဇ္ဇနဝါ ဝတ္ထုံ အနိစ္စတော" စသည်ဖြင့်။ နောက် "အဗျာကတောအကုသလ" ဆိုလို့ရှိရင်လည်းပဲ "ပုထုဇ္ဇနော ဝတ္ထုံ အဿာဒေတိ" စသည်ဖြင့် အဲဒီလို ကွဲလွဲမှုတွေဖြစ်နေတယ်။ အရင်တစ်ခေါက်လည်း ပြောခဲ့ပြီ။ ဒီဥစ္စာနှစ်ခုရဲ့ တကယ့်အကောင်းအနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် အခု ဆဋ္ဌမူကမ္ဘာတည်သည့် စာအုပ်ကြီး၊ ရကောက်ကြီးထဲကထက် ဘယ်သူက ပိုကောင်းသလဲဆိုရင် မူလပဋ္ဌာန်းဆရာတော်ကြီးက ပိုကောင်းတယ်လို့ ဒါ တပည့်တော်ရဲ့ယူဆချက်ပေါ့။ တပည့်တော်ရဲ့ယူဆချက်ဆိုတာလည်းပဲ အကြောင်းမဲ့ပြောတာမဟုတ်ဘူး။ ကိုယ်တွေ့၊ တို့ ကိုယ်တော်တို့ ဆက်ပြောပြရမယ်။
အဲဒါ "ဝတ္ထုပုရေဇာတ" လို့ ပြောရတယ်ပေါ့။ အဲဒါကို ဘာပြောရပါသလဲ။ "ဝတ္ထုပုရေဇာတ" တဲ့။ အဲဒီတော့ ဒီဝတ္ထုပုရေဇာတနဲ့ပတ်သက်လို့၊ ဝတ္ထုပုရေဇာတာရမ္မဏနဲ့ပတ်သက်လို့ ရုပ်နာမ်တို့ရဲ့ သာသနာတစ်လျှောက်မှာ အလွန်တရာမှ ရှုပ်ထွေးခဲ့တာတွေရှိတယ်။ ဘယ်လိုရှုပ်ထွေးခဲ့တာလဲဆိုလို့ရှိရင်တော့ အင်းဝမြို့တည်ထောင်စဉ်က သာလွန်မင်းတရားကြီးဆိုတာ၊ ကိုယ်တော်တို့ သာလွန်မင်းတရားကြီးလက်ထက်မှာ လွန်စွာထူးခြားခဲ့တဲ့ အချက်အလက်တွေရှိခဲ့တယ်။ ပထမပြန်လည်းပဲ "ပထမပြန်အစ သာလွန်က" ဆိုတာ ပြောခဲ့တယ်မဟုတ်ဘူးလား။
မှန်ပါ။
ဆောင်ပါးစာအုပ်လည်းပဲ ကိုယ်တော်တို့ ဖတ်တယ်မဟုတ်လား။
မှန်ပါ။
ဆောင်ပါးနာမည်က...
အဲ၊ အဲဒီက ဆောင်းပါး၊ ဆောင်းပါးထဲလည်းပဲ ကိုယ်တော်တို့ ရေးထားတယ်ပေါ့ဗျာ။ အဲဒီတော့ "ပထမရွာများနှင့် မြစ်ဖျားခံရာ" ဆိုပြီးတော့ အဲဒီမှာ။ အဲဒီတော့ အဲဒီတောင်ငူမပြတ်ခင် သုံးနှစ်လောက်အလိုမှာပဲ သာလွန်မင်းတရားကြီးက ရှင်ဘုရင်ဖြစ်လာတာ။ ရှင်ဘုရင်ဖြစ်လာတော့ သူက အလွန်တရာမှ အတွေးအခေါ်ရှိခဲ့တဲ့ပုဂ္ဂိုလ်။ တင်းတွေ၊ တောင်းတွေ၊ အချိန်အတွယ်တွေ သာလွန်မင်းတရားကြီးလက်ထက်မှာ ဖြစ်လာခဲ့တယ်။ နောက် ကိုယ်တော်တို့ အမျိုးသမီးတစ်ယောက်ကနေပြီးတော့ မြင်းနဲ့ပဲ ထမင်းချက်တာလည်းပဲ သူကပဲ ပြောခဲ့တာလေ။ ဟုတ်တယ်မလားဗျ။ အဲဒါလည်း သာလွန်မင်းတရားကြီးပဲ။ အဲဒီတော့ သာလွန်မင်းတရားကြီးက ဒါတင်လားဆိုတော့ မဟုတ်ဘူး။ ကိုယ်တော်တို့ အခု စစ်ကိုင်းတောင်ပေါ်ကနေ အနောက်မြောက်ယွန်းယွန်းကို လှမ်းကြည့်လိုက်တဲ့အခါမှာ စစ်ကိုင်းမြို့နယ်၊ နဘက်ရွာမှာ ထုံးဖွေးဖွေးနဲ့ ဘုရားက ဘာဘုရားလို့ခေါ်တုန်း။
သုံးပန်လှလို့ခေါ်ပါတယ်။
သူ့ရဲ့အပြည့်အစုံက...
ငါမှတ်မိပါ့မလား။ "ရာဇမဏိစူဠာ" ကောင်းမှုတော်တဲ့ဗျ။ ဟုတ်လား။ ဒါက ဘုရားရဲ့မြောက်ဘက်မှာတဲ့၊ မြောက်နန်းကျောင်းဆရာတော်ဆိုတာရှိတယ်။ ကိုယ်တော်တို့ နန်းကျောင်းမှုသဒ္ဒါကြီးနိဿယရေးခဲ့တဲ့ဆရာတော်လေ။ နန်းကျောင်းမှုဆရာတော်ကြီး။ နန်းကျောင်းမှုသဒ္ဒါကြီးနိဿယကို ရေးခဲ့တဲ့ မြောက်နန်းကျောင်းဆရာတော်တဲ့။ သူ့ရဲ့ဘွဲ့တော်က အရှင်အဂ္ဂဓမ္မာလင်္ကာရတဲ့ဗျ။
အရှင်အဂ္ဂဓမ္မာလင်္ကာရ။ အဂ္ဂဓမ္မာလင်္ကာရ။ မြောက်နန်းကျောင်းဆရာတော်လို့လည်း သူခေါ်တယ်ပေါ့။ သူ့ဘွဲ့ကတော့ အရှင်အဂ္ဂဓမ္မာလင်္ကာရ။ အဲဒီတော့ မင်းက ကိုးကွယ်တဲ့ဆရာတော်ပေါ့ဗျာ။ အလွန်တရာမှ အကျင့်သီလကောင်း၊ စာတတ်ပေတတ်၊ အကျော်အမော်ပဲ။ အဲဒီတော့ သူ့ကိုလျှောက်ထားသတဲ့ဗျ။ သူ့ကိုလျှောက်ထားတော့ ဒီဝတ္ထုပုရေဇာတနိဿယပေါ့ဗျာ။ ဝတ္ထုပုရေဇာတာရမ္မဏက လွန်စွာမှ တပည့်တော်ရဲ့ဉာဏ်မှာ၊ ဉာဏ်မှာ ရှုပ်ထွေးနေပါတယ်တဲ့။ ဒါကြောင့်မို့လို့ ဝတ္ထုပုရေဇာတနိဿယ၊ ဒီဉာဏ်မှာ ပျက်ပျက်ထင်ထင် သိမြင်နိုင်ဖို့အတွက် ဆရာတော်ဘုရားအနေနဲ့ ရှင်းပေးပါလို့ ဒီလိုလျှောက်ထားခဲ့ဖူးတယ်။ ဟုတ်လားဗျာ။ ကိုယ်တော်ကြီးတစ်ပါးက လျှောက်ထားတာ။ အဲဒီတော့ ဆရာတော်၊ ဆရာတော်ဘုရားက ဘယ်လိုပြန်ပြောလိုက်သလဲဆိုတာကျတော့ "ငါ့အရှင်ကိုယ်တော်ရယ်တဲ့၊ မင်း အဲဒီက ဝတ္ထုပုရေဇာတာရမ္မဏပုရေဇာတနိဿယအကြောင်းတွေသာ တကယ်လို့ ဉာဏ်မှာ ပျက်ပြားထင်ထင် သိချင်တယ်ဆိုလို့ရှိရင်တဲ့ ဒါနအစရှိတဲ့ ပါရမီ ၁၀ ပါး၊ အပြား ၃၀၊ စွန့်ခြင်းကြီးငါးပါးတို့ကို စွန့်လွှတ်။ အဲဒီလိုစွန့်လွှတ်လို့ သဗ္ဗညုတဉာဏ်ရတဲ့အခါကျရင်တော့ အဲဒီက ဝတ္ထုပုရေဇာတဉာဏ်မှာ ပျက်ပျက်ထင်ထင်...
သိမြင်လာပါလိမ့်မယ်။
သိမြင်လာပါလိမ့်မယ်" လို့ ဆရာတော်က အဲဒီလိုဖြေခဲ့၊ ဖြေခဲ့တယ်။ အဲဒါကို နောက်နှစ်ပေါင်း ၇၀၊ ၈၀ လောက်ရှိလာတဲ့အချိန်အခါမှာ ညောင်ရမ်းခေတ်၊ နန်းကျောင်းဆရာတော်ကို မမှီလိုက်တဲ့ ဘုရားကြီးဆရာတော်တို့၊ အခု အင်းဝခေတ်နှောင်းပိုင်းရောက်လာခဲ့ပြီး မဟာဓမ္မရာဇာဓိပတိခေတ်လို့ ပြောလို့ရတယ်ပေါ့ဗျာ။ အဲဒီခေတ်အချိန်ရောက်လာပြီဆိုတော့ အဲဒီမှာ အခု အဲဒီဘုန်းကြီးတွေက နောက်ပြောလိမ့်မယ်ပေါ့။ မဟာဒါန်ဆရာတော်တို့ အဲဒီအကြောင်းကို သူတို့တွေ့တဲ့အခါမှာ ထင်ရှားပါပြီဆိုပြီးတော့ပေါ့။ အဲဒီသူတို့အကြောင်းအရာတွေလည်း နည်းနည်းပြောပြမယ်။
အဲဒီက ခုနက ထူးခြားတဲ့အချက်အလက်တွေက ရှိတယ်။ ကိုယ်တော်တို့ ခုနက သုဒ္ဓသင်္ဂြိုဟ်မှာ၊ လက်ရှိသုဒ္ဓသင်္ဂြိုဟ်မှာဆိုလို့ရှိရင် အဘိညာဉ်တွေမပါခဲ့ဘူး။ အဲဒီလို အဘိညာဉ်တွေမပါခဲ့တဲ့အတွက်ကြောင့်မို့လို့ အဘိညာဉ်ပါသင့်မပါသင့်ဆိုတဲ့ကိစ္စကလည်းပဲ အဲဒီအင်းဝရဲ့ရှေ့၊ စောပြီးတော့ နည်းနည်းလေးခေတ်ကြိုပြီးတော့ ဖြစ်ခဲ့တဲ့ ဒီမြန်မာနိုင်ငံရဲ့ အခုနိုင်ငံတွေရဲ့နာမည်တွေက ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်တဲ့။ ဟုတ်လားဗျ။ အဲဒီလိုရှိတာပေါ့။ အဲဒီတော့ ဟံသာဝတီခေတ်နဲ့ အင်းဝခေတ်တို့က အပြိုင်လို့ပြောလို့ရတာပေါ့ဗျာ။ အဲဒီဟံသာဝတီခေတ်ကျတော့ ဟံသာဝတီမင်းနေပြည်တော်မှာရှိနေတဲ့ ဆရာတော်၊ သံဃာတော်တွေ၊ ဒါလည်းပဲ အဲဒီက ခုနက ဝတ္ထုပုရေဇာတာရမ္မဏမှာ အဘိညာဉ်ပါတယ်၊ မပါဘူးဆိုတဲ့ အငြင်းပွားချက်တွေ၊ အဲဒီအငြင်းပွားချက်တွေ ရှိလာတဲ့အတွက်ကြောင့်မို့လို့ အဲဒါတွေ ဘိုးဘိုးအောင်၊ နှစ်ဆူ၊ သုံးဆူကိုမှီတဲ့ ဘိုးဘိုးအောင်နတ်ကြီးကိုခေါ်ပြီးတော့ သံဃာတော်တွေက မေးသတဲ့ဗျ။ မေးကာကျတော့ "ဒီဝတ္ထုပုရေဇာတမှာ အဘိညာဉ်တွေပါသလား၊ မပါဘူးလား" ဆိုတော့ "ပါတယ်" လို့ ဒီလိုဖြေလိုက်တယ်။ အဲဒီ ဘိုးဘိုးအောင်နတ်ကြီးက။ ဟုတ်လားဗျာ။ ဒီလိုဖြေလိုက်တာပါလိမ့်။
ပါတယ်ဘုရား။
"ပါတယ်" လို့ ဖြေလိုက်တယ်။ အဲဒါကို ကိုယ်တော်တို့ သုံးထပ်စုဘာသာဋီကာထက် ကြည့်လိုက်၊ ဆရာတော်၊ ဆရာတော်ကြီးကတော့ သိပ်မကြိုက်တဲ့လေသံမပါဘူးပေါ့ဗျာ။ "ဘိုးဘိုးအောင်နတ်ကြီးက ပဋ္ဌာန်းတတ်သလား" တဲ့။ အဲဒီလိုလေးတွေရှိတယ်ပေါ့။
အဲဒါကြောင့် ကိုယ်တော်တို့ရယ်၊ အဲဒီမှာ သင်္ချာတည်နည်းလေးကြည့်လိုက်။ သင်္ချာတည်နည်းလေးက တို့ ပစ္စယုပ္ပန်ကနေ ပစ္စည်းကိုအာရုံပြုမှာ။ ပစ္စည်းက ပစ္စယုပ္ပန်ဘက်က။ အာရမ္မဏိကတရားတွေက အာရုံတရားကို အာရုံပြုမှာ။ အဲဒီတော့ ကိုယ်တော်တို့ အစတုန်းက ပြောခဲ့ပြီ။ အာရုံပြုတတ်တယ်ဆိုတာက ပစ္စည်းလား၊ ပစ္စယုပ္ပန်လား။
ပစ္စယုပ္ပန်။
အာ၊ ပစ္စယုပ္ပန်။ ခုချိန်ထိအောင် ပစ္စည်းဆိုရင်တော့ ဘုန်းကြီးသေဖို့ပဲကျန်တော့တယ်။ ဘုန်းကြီး အသေသတ်လိုက်ထားရမှ ကောင်းလေဦးမယ်။ အခုချိန်ထိအောင်တောင် ပစ္စည်း၊ ပစ္စယုပ္ပန်ကို မသိသေးဘူး။ ဘုန်းကြီး ဒီလောက်ကို တကြော်ကြော်ပြောနေတာတောင်မှ မသိသေးဘူးဆိုလို့ရှိရင်တော့ ဘုန်းကြီးကို အသေသတ်လိုက်စရာ မရောက်ဘူးလား။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပေးပို့ထားသောစာပိုဒ်ကို မြန်မာစာလုံးပေါင်းသတ်ပုံစည်းမျဉ်းများနှင့်အညီ စစ်ဆေးတည်းဖြတ်ပြီး စာဖတ်၍ ပိုမိုချောမွေ့စေရန် ပုဒ်ဖြတ်၊ ပုဒ်ရပ်များ ထည့်သွင်းပေးထားပါသည်။
ပြင်ဆင်တည်းဖြတ်ပြီးသော စာပိုဒ်
အဲဒီလောက်ကြီးတော့ မရက်စက်သင့်ဘူးဗျ။ ဟုတ်လား။ ကိုယ်တော်တို့ ဘုန်းကြီးကို ရက်စက်တာမရောက်ဘူးလား။
အဲဒီလောက်ကြီးတော့ မရက်စက်နဲ့လေ။ ဘုန်းကြီး ကိုယ်တော်တို့ကို ကြိုးစားပြောနေရတာ။ ဟုတ်လား။ အဲဒီတော့ အာရုံပြုတတ်တယ်ဆိုတာက ဘာလဲ။
ပစ္စယုပ္ပန်။
ပစ္စယုပ္ပန်။ ကိုယ်တို့ ပစ္စည်းသာအော်လိုက်မယ်ဆိုလို့ရှိရင် ဘုန်းကြီးကို ရက်စက်ရာမရောက်ဘူးလား။
ရောက်ပါတယ်။
အဲဒီလောက်ကြီး မရက်စက်နဲ့လေ။ ကိုယ်တော်တို့ ဥစ္စာ။ အဲဒီတော့ ပစ္စယုပ္ပန်တရားတွေက ပစ္စည်းတရားကို အာရုံပြုတတ်တာ။ ဒါကြောင့်မို့လို့ နိဗ္ဗာန်ကလည်းပဲ ကိုယ်တော်တို့ ဘာတရားပါလိမ့်။
ပစ္စည်းတရား။
ပစ္စည်းတရား။ ပစ္စည်းတရား။ အာရုံတရား။ ဟုတ်လားဗျာ။ ဒီဘက်က ကိုယ်တော်တို့တရားကနေပြီးတော့ ပစ္စယုပ္ပန်တရားတွေက အာရုံပြုတတ်တဲ့တရားတွေ။ သူက အာရုံပြုအပ်တဲ့တရားလေ။ ဒါကြောင့် အကြောင်းတရားဖြစ်ရတာ။ ဟုတ်လားဗျ။
မှန်ပါ။
အဲ၊ အဲဒါလည်းပဲ ကိုယ်တော်တို့ ပြဿနာတွေက အများကြီးရှိတယ်။ အခု စာမျက်နှာ ၁၈ ရဲ့ ဟိုအောက်နား ဖတ်ကြည့်လိုက်ဦး။ နိဗ္ဗာန်က သစ္စာတရားနဲ့ရှုရင်တော့ ကိုယ်တော်တို့ အဲဒါကို အကျိုးသစ္စာပဲ။ ဒီမှာ ပဋ္ဌာန်းနဲ့ဆိုလို့ရှိရင်တော့ အကြောင်းနိဗ္ဗာန်ပဲ။ သူ့နေရာနဲ့သူ၊ သုတေသနနဲ့သူလေ။ ဟုတ်တယ်မဟုတ်လားဗျ။
မှန်ပါ့ဘုရား။
အဲဒါလည်း လျှောက်ဖတ်ထားပေါ့။ အဲဒီလိုရှိတာပေါ့။ ဒါကြောင့်မို့လို့ ဒီမှာကတော့ အခု ပစ္စယုပ္ပန်တရားတွေက အရှုခံတရားတွေ။ အဲဒီတော့ ဒီဥစ္စာတွေကို သင်္ချာသုံးချက်ထွက်လာတာတွေနဲ့ပတ်သက်ပြီးတော့ ထူးထူးခြားခြားတွေ၊ ခုနက ဘုရားကြီးဆရာတော်တို့ရဲ့ အဆိုအမိန့်တွေ နည်းနည်းလေး ကိုယ်တော်တို့ နားထောင်ကြည့်ဦး။ ဒီဥစ္စာတွေက ရှေးခေတ်ကတည်းက ရှုပ်ထွေးလာတဲ့သဘောတရားတွေကို ဒီတော့ ပြောပြမယ်လို့။
အဲဒီတော့ ဒီဥစ္စာတွေဟာ ပဓာနဒီပနီဆရာတော်ကတဲ့ "ပုရေကာလ၌ ကုသိုလ်ဝိတ္ထိ၌ အဓိပတိဘဝင်၏ ဥပါဒ်၌ဖြစ်သော ဟဒယဝတ္ထုဟာတဲ့၊ အဓိပတိဘဝင်၏ ဥပါဒ်ခဏ၌ဖြစ်သော ဟဒယဝတ္ထုသည် ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ ဝတ္ထုပုရေဇာတာရမ္မဏသတ္တိဖြင့် ကျေးဇူးပြုပြုသည်" ဟု မိန့်ပါတယ်တဲ့။ ဒါကြောင့် ဒါကြောင့် ကိုယ်သင်္ချာတည်နည်းဖြစ်တာတွေကို ဖော်ပြနေတာ။ "ဤသို့ မိန့်တော်မူကြခြင်းကြောင့် ရှေးရှေးသော စာသင်သားသံဃာများတို့ဟာလည်းတဲ့ ဝတ္ထုပုရေဇာတာရမ္မဏပစ္စည်းရဲ့ အဆုံးအဖြတ်၌ ဟုတ်မှန်စွာ မဆုံးဖြတ်နိုင်ကြပါဘူး" တဲ့။ "ယုံမှားသံသယကို ပယ်ဖျောက်ခြင်းငှာ" ခုနက ဘုရားနှစ်ဆူ၊ သုံးဆူကို၊ ဘုရားနှစ်ဆူ၊ သုံးဆူကို မှီခဲ့တဲ့ တန်ခိုးကြီး ဘိုးဘိုးအောင်နတ်တို့ထံ ချဉ်းကပ်ပြီးတော့ မေးမြန်းကြတယ်တဲ့။ "ထိုနတ်ကြီးတို့ကလည်းပဲ ခုနကပြောခဲ့တဲ့ ဝတ္ထုပုရေဇာတာရမ္မဏပစ္စည်းအရဖြစ်သော ဟဒယဝတ္ထုအရကို ပုရေကာလအားဖြင့် ယူရမည်ဟု ဘုရားရှင်တို့ထံ မှတ်သားရကြောင်းကို ပြောပြကြ၊ ပြောကြားကြတယ်" တဲ့။ "ထိုဘိုးဘိုးအောင်နတ်တို့စကားကို နှစ်သက်ကြ၍ ပုရေကာလဝိတ္ထိ၌ ဟဒယဝတ္ထု၏ ကုသိုလ်၊ အကုသိုလ်စသော သုံးရာသီတို့အား ဟုတ်လားဗျ၊ နိဿယပစ္စည်းတပ်ကုန်၏" ဟု မှတ်ယူတော်မူကြကုန်၏တဲ့။ ဒါက ကိုယ်တော်တို့ရေ၊ ပဓာန၊ ပဓာနဒီပနီဆရာတော်ရဲ့စကား။
နောက်လာ၊ ခုနကပြောခဲ့တဲ့ ဘုရားကြီးရဲ့အဆုံးအဖြတ် လာတော့မယ်။ ဘုရားကြီးဆရာတော်ရဲ့ဆုံးဖြတ်ချက်ကတော့ ဘယ်လိုလဲဆိုလို့ရှိရင် သူ့စာလေးက ခုနက ဘုရားကြီးဆရာတော်ရဲ့အဆုံးအဖြတ်နဲ့ ခုနက တို့ မူလပဋ္ဌာန်းဆရာတော်ကြီးရဲ့ယူဆချက်က သွားတူနေပြီ။ အဲဒါလေးကို တို့ ကြည့်ထားလိုက်။ "အရဟာ ဝတ္ထုံ" ဘာလဲ ခုနကပြောခဲ့တာ၊ "အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော ဝိပဿတိ။" ဒါလေးကို ကောင်းကောင်းမှတ်ထားပါ။
ဆရာတော်ကြီးအဆုံးအဖြတ်တော့တဲ့ "ရဟန္တာပုဂ္ဂိုလ်တို့အား မရဏာသန္နအခါ၌ မိမိ၏ ဟဒယဝတ္ထုကို" တဲ့၊ "မိမိ၏" ဘာပါလိမ့် ဟုတ်။
ဟဒယဝတ္ထုကို။
"ဟဒယဝတ္ထုကို အနိစ္စစသည်ဖြင့် ဆင်ခြင်သောအခါ ဟဒယဝတ္ထုသည် အောက်ဆုံးမဟာကိရိယာအဘိညာဉ်ဇောအား ဝတ္ထုပုရေဇာတာရမ္မဏပစ္စည်းတပ်၏" တဲ့။ အဲဒီအခိုက်အတန့်မှာ "အဗျာကတောအဗျာကတ" ရတယ်ပေါ့။ အဲဒီအခိုက်အတန့်မှာ ဘာရသလဲဆိုရင်...
အဗျာကတောအဗျာကတ ရပါတယ်။
ဒါကြောင့်မို့လို့ "အရဟာ ဝတ္ထုံ အနိစ္စတော၊ ဒုက္ခတော၊ အနတ္တော ဝိပဿတိ" ဆိုတဲ့ ဒီလိုယူဆချက်ဆိုရင် ဒီဥစ္စာလေးက လိုက်ဖက်မကျဘူးလား။ လိုက်ဖက်ကျတယ်။
နောက်လာခဲ့၊ "ဗျာ-ကု" အတွက် နည်းနည်းလေးစဉ်းစားရအောင်။ ဆက်ပြောပြမယ်။ "ပုထုဇဉ်၊ သေက္ခပုဂ္ဂိုလ်တို့အား" တဲ့၊ "မရဏာသန္နအခါ၌ အနိစ္စစသည်ဖြင့် ဆင်ခြင်သောအခါ ဟဒယဝတ္ထုသည်" ညာဘက်ခြမ်းက ကိုယ်တော်တို့ ခုနက အရကောက်ခဲ့ပြီလေ။ "ဟဒယဝတ္ထုသည်" ဘယ်ဘက်ခြမ်းက ဟဒယဝတ္ထုသည်ပေါ့။ ဘယ်ဘက်ခြမ်းက ပစ္စည်းဖြစ်တဲ့ ဟဒယဝတ္ထုသည် ညာဘက်ခြမ်းက ပစ္စယုပ္ပန်ဖြစ်တဲ့ မဟာကုသိုလ်မရဏာသန္နဇောအား ဝတ္ထုပုရေဇာတာရမ္မဏပစ္စည်းတပ်မယ်ဆိုရင် ဒါ ကိုယ်တို့ ဘယ်လိုဖြစ်သွားမှာတုန်းဗျာ။ အမ်...
"ဗျာကတော ဓမ္မော ကုသလဿ ဓမ္မဿ နိဿယပစ္စယေန ပစ္စယော။ သေက္ခာ ဝါ ပုထုဇ္ဇနော ဝါ ဝတ္ထုံ အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော ဝိပဿတိ။" ပုထုဇဉ်၊ သေက္ခတို့က မရဏာသန္နအခါ၌ အနိစ္စစသည် ဆင်ခြင်သောအခါတဲ့၊ မပါဘူးလား။ "ဝတ္ထုသည်" ဆိုတော့ အဲဒါကို ဒီအတိုင်းပါနေပြီလေ။ "သေက္ခာ ဝါ ပုထုဇ္ဇနာ ဝါ ဝတ္ထုံ အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော ဝိပဿနာ"။ အဲဒီလိုလေးဆိုပို့မကောင်းဘူးလား။
ကောင်းပါတယ်။
ကိုင်း၊ အဲဒီလိုရှိတယ်။ နောက် အကုသိုလ်အတွက် လာခဲ့။ "ပုထုဇဉ်ပုဂ္ဂိုလ်တို့အား မရဏာသန္နအခါ၌ မိမိ၏ ဟဒယဝတ္ထုကို တပ်မက်ခင်မင်၍ စိုးရိမ်ကြောင့်ကြဖြစ်သောအခါမှာဆိုလို့ရှိရင်" တဲ့၊ "ဟဒယဝတ္ထုသည် အကုသိုလ်မရဏာသန္နဇောအား ကျေးဇူးပြုမယ်ဆိုရင် ဝတ္ထုပုရေဇာတာရမ္မဏပစ္စည်း" တဲ့။ ဒါကြောင့် "အဗျာကတောအကုသလ" ခုနက ဘာပါလိမ့်၊ ခုနက "ဝတ္ထုံ အဿာဒေတိ"။
"အဿာဒေတိ၊ အဘိနန္ဒတိ" စသည်ဖြင့်ပေါ့။ ဟုတ်လားဗျ။ "ဤသို့ ပဋိလောမအားဖြင့် ရေတွက်သောအခါ သတ္တရသမဘဝင်စိတ်၏ ဥပါဒ်ခဏ၌ဖြစ်သော ဟဒယဝတ္ထုသည် မိမိကိုယ်၌မရွေ့၊ မိမိကိုယ်၌ အာရုံပြုသော ကုသိုလ်၊ အကုသိုလ်၊ ဗျာကတတရားတို့အား" တဲ့၊ "ဝတ္ထုပုရေဇာတာရမ္မဏပစ္စည်း၊ ဝတ္ထုပုရေဇာတကဲ့သို့ ပုရေကာလဝိပ္ပယုတ္တာရုံဝိတ္ထိ၌ အဓိပတိဘဝင်၏ ဝိပဿနာ၌ဖြစ်သော ဟဒယဝတ္ထုသည် ဝိပဿနာဉာဏ်၊ အဘိညာဉ်ဉာဏ်စသည်၏ အစွမ်းအားဖြင့်ဖြစ်သော ကုသိုလ်၊ အကုသိုလ်၊ ကိရိယာဇောတို့အား ဝတ္ထုပုရေဇာတာရမ္မဏပစ္စည်းတပ်ကုန်၏" တဲ့။ ဒါကြောင့်မို့လို့ ခုနက ပဋ္ဌာန်းပါဠိတော်မှာဆိုလို့ရှိရင်တဲ့ "အာရမ္မဏပစ္စယေ နိဿယေ တီဏိ" ဟူ၍လည်းကောင်း၊ "အာရမ္မဏပစ္စယေ ဝိပ္ပယုတ္တေ တီဏိ" ဟူ၍လည်းကောင်း၊ ဒါ ပုဂ္ဂိုလ်ဆိုလို့ရှိရင်လည်း "နိဿယပစ္စယေ အာရမ္မဏေ တီဏိ" ဟူ၍လည်းကောင်း၊ "ဝိပ္ပယုတ္တပစ္စယာ အာရမ္မဏပစ္စယေ" ဟူ၍လည်းကောင်း တပ်တော်မူကြပါတယ်တဲ့။
အဲဒါတွေကို ဘုရားကြီးဆရာတော်ကြီးက အဲဒီလို သူကရှင်းပြပြီးတော့ အဆုံးမှာ ဘာပြောလိုက်သေးသလဲဆိုလို့ရှိရင် ခုနကပြောသလိုပဲ။ ဘုရားကြီးဆရာတော်ကတဲ့ "မြောက်နန်းကျောင်းဆရာတော်ကြီးနဲ့ သံဃာတော်ကြီးတို့အား ဤဝတ္ထုပုရေဇာတာရမ္မဏရဲ့အဆုံးအဖြတ်ကို သဘောကျနာအောင် မပြောရက်လေ" ဟု လွန်စွာမှတောင့်တ၊ လွန်စွာကြောင့်ကြတော်မူခဲ့တယ်လို့ ဥဒါန်းမြွက်တော်မူခဲ့သတဲ့ဗျ။
အဲဒီတော့ အခု မြောက်နန်းကျောင်းဆရာတော်ကြီး လုပ်ရတဲ့ အရှင်ဘုရားတို့ မတတ်လို့တော့မဟုတ်ဘူး။ ဒါ အယူအဆလေး ကွာခြားချက်ကလေး ဟိုဘက်ဒီဘက်လေ။ ဟုတ်တယ်မဟုတ်လား။ ဒီဆရာတော်တွေပြောသလောက်ကတော့ အရှင်ဘုရားတို့ရေ၊ ဒီဥစ္စာက အလွန်တရာမခက်ခဲဘူး။ သာမန်သိနိုင်လောက်တော့ တော်တော်တို့လည်း ကိုယ်တပည့်တော်ပြောလိုက်လို့ရှိရင် အခု နည်းနည်းလေး ရိပ်စားမိမသွားဘူးလား။ ဒါကို ဘုန်းဘုန်းတို့ တစ်ခေါက်တစ်ချက်ချင်း၊ နှစ်ခေါက်နှစ်ချက်ချင်း၊ သုံးခေါက်သုံးချက်လောက်ပဲ ရှိသေးတာလေ။ ကိုယ်တို့ နည်းနည်းလေး အားစိုက်ပြီးပြောလိုက်မယ်ဆိုရင် သူတို့က တို့ သိပ်နားမလည်စရာမရှိဘူး။ သို့သော်လည်းပဲ ဥစ္စာက ပုဂ္ဂိုလ်အားဖြင့်သော်လည်းကောင်း၊ စရိုက်အားဖြင့်သော်လည်းကောင်း၊ ပုဂ္ဂိုလ်တွေရဲ့အလိုက် သေခါနီးကာလမှာ ဝတ္ထုပုရေဇာတနိဿယကို ရည်ညွှန်းတာဖြစ်တယ်ပေါ့။ ဒါကြောင့်မို့လို့ သတ္တဝါတွေရဲ့အနေအထားတွေက အဲဒီက ဟုတ်တာစိတ်တွေဟာ အလွန်တရာမှ ခက်ခဲတဲ့သဘောတရားတွေရှိတယ်။ အကုန်လုံးအပြည့်အစုံ၊ အကုန်အစင်၊ အဆုံးအစင်သိဖို့ဆိုလို့ရှိရင် အရှင်ဘုရားတို့ ဒါ နက်နဲတဲ့သဘောတရားတွေ၊ ခက်ခဲတဲ့သဘောတရားတွေတော့ မဖြစ်ဘူးလား။ မဖြစ်ဘူးလားဗျ။
ဖြစ်ပါတယ်။
ဖြစ်ရတယ်။ အဲဒီတော့ ဆရာတော်တွေကတော့ ဟိုတစ်ဖက်ရည်စူးယူဆချက်နဲ့၊ ဟာ ခုနက ဘုရားကြီးဆရာတော်တွေက တတ်သိပြီးတော့ ခုနက မြောက်နန်းကျောင်းဆရာတော်ဘုရားကြီးတို့က မတတ်ဘူးလို့ မလုပ်လိုက်နဲ့။ မြောက်နန်းဆရာတော်တွေကလည်း ရှင်တို့ သဒ္ဒါမတတ်တာမဟုတ်ဘူးဗျ။ ကိုယ်တော်တို့ ဒီမှာ အရကောက်ကျမ်းတွေလည်း ရေးခဲ့တာရှိတယ်နော်။ အဲဒါ ကိုယ်တော်တို့ တကယ့်တကယ်တော့ အလွန်တရာကြည်ညိုစရာကောင်းတဲ့ဆရာတော်ကြီးတွေချည်းပဲ။ ဘယ်လိုကြည်ညိုစရာကောင်းတာလဲဆိုလို့ရှိရင်လည်းပဲ ဘုရားရှင်ရဲ့သဗ္ဗညုတဉာဏ်ကြီးကို ကြည်ညိုသောအားဖြင့် "ဟိုဟာလည်းပဲ သဗ္ဗညုတဉာဏ်ကိုရအောင် ကြိုးစားလိုက်ကွာ" လို့ ပြောတာ။ ဒီကလည်းပဲ သူတို့က အဘိဓမ္မာတွေ သန်တဲ့ဆရာတော်တွေဆိုတော့ကလည်းပဲ သူတို့တတ်သရွေ့၊ မသွေနဲ့။ တကယ်လို့ နောင်အရှုပ်အထွေး၊ သံသရာရှုပ်ထွေးခဲ့မယ်ဆိုလို့ရှိရင်လည်းပဲ ဒီဥစ္စာတွေက ရှုပ်ထွေးတွေ ပြေနေသမျှ ပြေသွားအောင်လို့ပေါ့။ ဘာပြုလုပ်သလဲဆိုလို့ရှိရင် ကိုယ်တော်တို့ ဒီမှာက အဘိညာဉ်ပါသလား၊ မပါဘူးလားဆိုတဲ့ဥစ္စာတွေ၊ သင်္ချာတည်နည်းဖြစ်ရတာတွေ၊ ခု ကိုယ်တော်တို့ ကြည့်လိုက်လေ၊ ပါဠိကို နှစ်မျိုးဖြစ်မနေဘူးလား။ အဲဒီလို အဲဒီလိုတွေရှိတယ်။
ကိုင်း၊ ဒါကြောင့် အရှင်ဘုရားတို့ရေ၊ အခု တပည့်တော်ကတော့ ခု အရကောက်ထဲမှာပါတဲ့ပါဠိကိုပဲ၊ မူလပဋ္ဌာန်းဆရာတော်ကြီးရဲ့ပါဠိကို သဘောကျတယ်ဆိုတာကတော့ တပည့်တော်က ခုနက ဘုရားကြီးဆရာတော်တို့ရဲ့ရှင်းလင်းချက်ကို ကြည့်ပြီးတော့ သူတို့ဥစ္စာ ပိုပြီးတော့ အာဘော်ဝင်၊ ခွင်ကျဖြစ်တယ်လို့ ပြောရတာ။ ပိုပြီးတော့ သဘောကျစရာကောင်းတယ်လို့ပြောတာ။ ဒါက တပည့်တော်အယူအဆကို ပြောတာ။ တပည့်တော်အယူအဆဆိုတာလည်း ခုနက ဘုရားကြီးရဲ့ရှင်းလင်းချက်၊ အဲဒါကိုကြည့်ပြီးတော့ တပည့်တော်ကနေပြီးတော့ ပိုပြီးတော့ ပေါ်လွင်တယ်ပေါ့ဗျာ။ ပိုပြီးတော့ ဘာပါလိမ့်။ ပေါ်လွင်တယ်။
ကိုင်း၊ ဒါကြောင့် အရှင်ဘုရားတို့ရေ၊ တော်တော်ကြီးကိုပဲ အဲဒါ ပြည့်ပြည့်စုံစုံသွားပြီ ပြောလိုက်တာ။ ဟုတ်လားဗျ။ အဲဒီတော့ အဲဒီ ကိုယ်တော်တို့ နောက်ထပ်ဘာတွေကျန်သေးသလဲဆိုလို့ရှိရင်လည်းပဲ ခင်မကန်ဆရာတော်တို့၊ အဲဒီ ဒိဗ္ဗစက္ခုအဘိညာဉ်အကြောင်းအရာတွေ၊ မဏိသရမေဓဆရာတော်တို့ရဲ့ ဝတ္ထုပုရေဇာတအကြောင်းအရာတွေလည်းပဲ အဲဒီမှာ အရှင်ဘုရားတို့ နောက်ထပ်နောက်ထပ် ရှင်းလင်းချက်တာတွေ ပါသေးတယ်။ ရှိသေးတယ်ဗျ။ ဟုတ်လားဗျာ။ အဲဒီကျတော့ ဘာတွေလဲဆိုလို့ရှိရင် ခုနက အရှင်ဘုရားတို့ကို ပြောလိုက်တာက သင်္ချာတည်နည်းအကြောင်း ဦးတည်ပြောလိုက်တာ။ အဘိညာဉ်အကြောင်းအရာတွေ ကိုယ်တော်တို့ မပါသေးဘူး။ အဘိညာဉ်အကြောင်းအရာတွေ ပါပြီလားဗျ။
မပါသေးဘူး။
မပါသေးဘူးဗျ။ အဲဒီတော့ အဲဒီမှာဆိုလို့ရှိရင် ခင်မကန်ဆရာတော်တို့ရဲ့အယူအဆ၊ ဇာတ်လင်းဆရာတော်တို့ရဲ့အယူအဆတွေ၊ အဲဒါတွေ ရှိခဲ့ကြတယ်ဗျ။ အဲဒါတွေလည်း အယူအဆတွေရှိခဲ့ကြတယ်။ အဲဒါလည်း နည်းနည်းလေး ကိုယ်တော်တို့ ပြောပြပါဦးမယ်။ သူတို့ဆရာတော်ကြီးတွေရဲ့အယူအဆနဲ့ပတ်သက်ပြီးတော့ ဒီဥစ္စာကိုပဲ၊ ဒီဝတ္ထုပုရေဇာတနိဿယအချို့သော သုံးချက်အရကောက်မှာဆိုလို့ရှိရင် "ဒီဝတ္ထုပုရေဇာတပစ္စည်းရဲ့ ပစ္စယုပ္ပန်၌ အဘိညာဉ်အတွင်းကို ကောက်ယူထည့်သွင်းကြ၏။ ထိုသို့ ထည့်သွင်းကောက်ယူကြရာဝယ် အဘိညာဉ်ခုနစ်ပါးတို့တွင် ဈာန်သမာပတ်ဖြင့် ပရိနိဗ္ဗာန်စံရာ၌ အရကို တေဇောဓာတ်အာရုံရှိသော အဓိဋ္ဌာနိဒ္ဓိဖြစ်သော..." အဲဒီတော့ ဒါက ကိုယ်တော်တို့ ပြောလိုက်ရင် ကိုယ်တော်တို့ သိမှာမဟုတ်သေးဘူး။ အဓိဋ္ဌာနိဒ္ဓိဆိုတဲ့ဥစ္စာက တို့ အခု ပဋိသမ္ဘိဒါမဂ်ပါဠိတော်မှာ ဣဒ္ဓိ ၁၀ ပါးရှိတယ်။ ပဋိသမ္ဘိဒါမဂ်ပါဠိတော်မှာ ဘယ်လောက်...
ဣဒ္ဓိ ၁၀ ပါး။
ဣဒ္ဓိ ၁၀ ပါးရှိတယ်။ အဲဒီ ဣဒ္ဓိ ၁၀ ပါးထဲက အဓိဋ္ဌာနိဒ္ဓိကို ပြောတာ။ ဟုတ်လားဗျ။ ဒါလေး နည်းနည်းပြောပြမယ်။ ကိုယ်တော်တို့ မေ့ပြီးလည်း မလို၊ စိတ်ကူးလိုက်တာ။ တော်တော် တပည့်တော်မပြောရင်လည်း ကြားဖူးမှာမဟုတ်ဘူးလေ။
မှန်ပါ။
ဟုတ်လား၊ မဟုတ်လား။
မှန်ပါ။
မကြားဖူးရင် မပြောရင် ကြားဖူးပါ့မလား။
မကြားဖူးပါဘူး။
ကြားဖူးမှာမဟုတ်ဘူးပေါ့ဗျာ။ ဒါကြောင့် အဲဒီတော့ ဒီကပြန်တော့လည်း ဟိုဘက်စာက ရှင်းစရာအကြောင်းရှိလိမ့်မယ်ပေါ့။ စာတွေက လာပြီးတော့မေးတာ။ ဒီကလည်း မနေ့က တစ်နာရီ၊ နှစ်နာရီ၊ မှတ်တမ်းလောက် စာချတယ်။ ဟိုကျတော့လည်း စာမေးမယ့်သူပေါ့။ လူပါးစပ်ကို ပြေးသွားတာပဲ။ အဲဒါ ဘုရားဝတ်တက်ရှိတယ်ဆိုပြီးတော့ အဲဒါတွေ၊ အဲဒါ ထွက်လာခဲ့ရတယ်။ အဲဒါ ဒီနေ့ အခု ပြန်ချိန်းထားလိုက်သေးတယ်။ ထားပါတော့။
အဲဒီတော့ "ဈာန်သမာပတ်ကိုတဲ့ တေဇောဓာတ်လွှမ်းခြုံရှိသော အဓိဋ္ဌာနိဒ္ဓိဖြစ်သော ဣဒ္ဓိဝိဓအဘိညာဉ်ကို ယူသကဲ့သို့" တဲ့၊ "ဤဝတ္ထုပုရေဇာတပစ္စယုပ္ပန်၌ အဘိညာဉ်တွေအရကို စုတိစိတ်မရှေး သတ္တရသမစိတ်နှင့်အတူဖြစ်သော ပစ္စုပ္ပန်ဟဒယဝတ္ထုကို မှီလျှင်မှီရာအာရုံရှိသော၊ မှီရာဝတ္ထုလျှင် ပစ္စုပ္ပန်ဟဒယဝတ္ထုလျှင် မှီရာအာရုံရှိသော အဓိဋ္ဌာနိဒ္ဓိဖြစ်သော ဣဒ္ဓိဝိဓအဘိညာဉ်ကိုသာ ကောက်ယူအပ်၏" ဟု စလင်းဆရာတော်ကြီးက ဆုံးဖြတ်တော်မူတယ်တဲ့။
နောက်တစ်ခါလာခဲ့၊ ခင်မကန်ဆရာတော်ကြီးရဲ့ဆုံးဖြတ်ချက်။ "ဒိဗ္ဗစက္ခုအဘိညာဉ်ဟာတဲ့ ဝတ္ထု၏မှီရာတည်ရာ နှလုံးသွေးကို အာရုံပြု၍ ကြည့်ရှုသောအခါ ကြည့်ရှုသောပုဂ္ဂိုလ်တို့အား ထိုနှလုံးသွေး၌တည်သော ဟဒယဝတ္ထုသည် ထိုအဘိညာဉ်၏အာရုံဖြစ်သောကြောင့် အဘိညာဉ်တွေအရ ဒိဗ္ဗစက္ခုအဘိညာဉ်ကို ကောက်ယူအပ်၏" ဟု ဆုံးဖြတ်တော်မူကြပါတယ်တဲ့။ "အဲဒီ ထိုဝါဒတို့တွင် အစဖြစ်တဲ့ ဇာတ်လင်းဆရာတော်၏ဝါဒသာလျှင် သင့်မြတ်၏" လို့ ဆိုကြတယ်တဲ့။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် "ဂေါဓတ္တပုတ္တဒွေပါတိကမထေရ် ပရိနိဗ္ဗာန်စံသောဝတ္ထုကို ထောက်ထားရမယ်" တဲ့။ ကိုင်း၊ လာလိုက်ပြမယ်။ တော်တို့အနေနဲ့ ဂေါဓတ္တပုတ္တရူပါတိကမထေရ်ဝတ္ထုအကြောင်းကတော့ မသိဘူးမဟုတ်ဘူးလားဗျာ။
မသိပါဘူး။
