၂၅ - ပဋ္ဌာန်းစာဝါ

၂၅ - ပဋ္ဌာန်းစာဝါ

Multi-select
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပေးပို့ထားသောစာပိုဒ်ကို မြန်မာစာလုံးပေါင်းသတ်ပုံစည်းမျဉ်းများနှင့်အညီ စစ်ဆေးတည်းဖြတ်ပြီး စာဖတ်၍ ပိုမိုချောမွေ့စေရန် ပုဒ်ဖြတ်၊ ပုဒ်ရပ်များ ထည့်သွင်းပေးထားပါသည်။

ပြင်ဆင်တည်းဖြတ်ပြီးသော စာပိုဒ်

၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်၊ ၂၀၁၁ ခု၊ အောက်တိုဘာလ ၁၄ ရက်၊ သောကြာနေ့။
အဲဒီတော့ မနေ့တုန်းက အရှင်ဘုရားတို့ အခု ကျောင်းပိတ်မလို ပိတ်မလိုနဲ့ မနေ့တုန်းက ကျောင်းဖွင့်လိုက်တဲ့အတွက်ကြောင့် မနေ့တုန်းကတော့ဖြင့် အဓိပတိပစ္စည်းရဲ့ စာမျက်နှာ ၁၇ အရကောက်ဇယားနဲ့ အရှင်ဘုရားတို့ အရကောက်ခဲ့ကြပြီ။ အဲဒီတော့ ဒီနေ့ အဓိပတိပစ္စည်း၊ ကိုယ်တော်တို့ရဲ့ စာအုပ် စာမျက်နှာ ၃၀၊ ၄၀ နဲ့ ၁၊ ၅၀ နဲ့ ၅၊ ၅၀ တို့ပေါ့၊ ၄၀ တို့ ၅၀ တို့ ပြောပြထားတာတွေရှိတယ်။ အဲဒီတော့ မျိုးကွဲရှိတဲ့ပစ္စည်းတွေဆိုလို့ရှိရင် နောက်ဆုံးမျိုးကွဲရောက်မှ၊ ရောက်ပြီဆိုတာနဲ့ အကုန်လုံးပေါင်းစပ်ပြီးတော့ ပြန်ဟောမှ အဲဒီလိုမြင်မယ်လို့ စာချရင်း စာချရင်း အတွေ့အကြုံအနေနဲ့ ဒီလိုတွေရှိလာခဲ့တယ်ပေါ့။ ဒါကြောင့် မနေ့တုန်းက အရှင်ဘုရားတို့ အခု စာမျက်နှာ ၁၇ က ဇယားနဲ့ အာဒိသရုပ်ခွဲဇယားနဲ့ ပါဠိထုတ်ခြင်းကိစ္စတွေ၊ အရကောက်ခြင်းကိစ္စတွေ မနေ့တုန်းကတော့ ပြောခဲ့ပြီ။ အဲဒီလို ပြောခဲ့ပြီပေါ့။
အဲဒီတော့ မနေ့တုန်းက အာရမ္မဏာဓိပတိပါဠိတော်တွေလည်းပဲ မနေ့တုန်းက အခေါက်ခေါက်အခါခါ ဆိုခဲ့ကြပြီးပြီပေါ့။ ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ကို မနေ့တုန်းက အကျပ်ခိုင်းထားခဲ့တယ်ပေါ့။ ဟော၊ အာရမ္မဏာဓိပတိနဲ့ သဟဇာတာဓိပတိ ပေါင်းစပ်ဖို့လိုက်။ ဟုတ်လားဗျ။ အာရမ္မဏာဓိပတိနဲ့ ဘာပါလိမ့်။
သဟဇာတာဓိပတိ။
သဟဇာတာဓိပတိ ပေါင်းစပ်ဖို့လိုတယ်ဆိုပြီးတော့ မနေ့ကပြောခဲ့တယ်။ အဲဒီတော့ ဒီအာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ နှစ်မျိုးထဲက တို့ အနည်းဆုံး ၁၀ မှတ်၊ အများဆုံး ၁၅ မှတ်လောက် မေးဖို့လို့ အစီအစဉ်ရှိတယ်။ အခုလာမယ့်တစ်ပတ်ကို အကုန်လုံးပြည့်ပြည့်စုံစုံ ၁၅ မှတ်လောက်ထိအောင် ရောက်သွားလိမ့်မယ်လို့ထင်တယ်ပေါ့။ ဟုတ်လား။ ပုစ္ဆာလည်း မနေ့ကပြောခဲ့ပြီ။ ဟုတ်လားဗျာ။ မနေ့ကတက်တဲ့ပုဂ္ဂိုလ်တွေ ကြားတယ်ပေါ့ဗျာ။ ဟုတ်လားဗျ။ မနေ့ကတက်လိုက်တဲ့အတွက်ကြောင့် ဆုတော်လာဘ်တော်တွေ ရသွားတာပေါ့။
အဲဒီတော့ အဲဒီမှာ အာဒိပဲရတာရှိတယ်၊ သဟာဇာတဓိပတိပဲရတာက သုံးချက်ရှိတယ်၊ အာဒိ၊ သဟဇာတဓိပတိ နှစ်မျိုးလုံးရတာက...
လေးချက်။
လေးချက်ရှိတယ်။ အဲဒီလိုလေးတွေ သရုပ်ခွဲထားရမယ်။ ဒီပါဠိတော်စာအုပ်ဆိုလို့ရှိရင်တော့ စာမျက်နှာ ၁၃၆၊ စာမျက်နှာ ၁၃၇၊ ပါဠိတော်စာအုပ်ကြီးမှာပေါ့။ ဟုတ်လားဗျ။ ဆဋ္ဌမူစာအုပ်ကြီးမှာ အဲဒီလိုရှိလိမ့်မယ်။ ဒီအရကောက်တဲ့အခါကျလို့ရှိရင်လည်းပဲ နှစ်မျိုးလုံးရတယ်ဆိုပါတော့၊ ကုသလောကုသလတို့၊ ကုသလောဗျာကတတို့၊ အကုသလောအကုသလတို့၊ အဗျာကတောဗျာကတတို့ဟာ အာဒိ၊ သဟဇာတ နှစ်မျိုးလုံးရတယ်မဟုတ်လား။
မှန်ပါတယ်။
ရတာဆိုလို့ရှိရင် ဘာကိုကတ္တားကောက်ပြီးတော့ ဘာကိုသမ္ပဒါန်အရကောက်ပြခဲ့ပါ၊ အဲဒီလိုမေးမှာပေါ့။ ဟုတ်လားဗျ။ အဲဒီတော့ အဲဒီက အာဒိ၊ သဟဇာတကြီးတွေ ပေါင်းစပ်နိုင်ဖို့လိုတယ်။ အဲ မနေ့က ကိုယ်တော်တို့ မကြားသေးတဲ့ပုဂ္ဂိုလ်တွေလည်း ကြားသွားအောင်၊ ခုနက စာမျက်နှာ ၂၀၊ ၂၁ က အာဒိသင်္ဂြိုဟ်သတ္တမတွဲဟောပြီးတော့မှ စာမျက်နှာ ၅ က သဟဇာတဓိပတိ သင်္ဂြိုဟ်ဟောမယ်။ အဲဒီလိုဟောကြပြီးပြီဆိုလို့ရှိရင်တော့ ပြန်ပြီးတော့ ပေါင်းစပ်မယ်ဗျို့။ မနေ့တုန်းက ပြောလိုက်ပြီ။ အဲဒါ အဲဒီစာမျက်နှာ ပါဠိတော်ကြီးကို ကြည့်ခဲ့ပါဆိုတာကို ကိုယ်တော်တို့ မထုံတတ်သေး မနိုးတတ်သေးမို့လို့ ပြောခဲ့ပြီ။ မေးမယ့်အနေအထားလည်း ပြောခဲ့တယ်။ ဟုတ်လားဗျ။
ကိုင်း၊ ဒါကြောင့်မို့လို့ အဲဒီက ပါဠိတော်နှစ်ခု ပေါင်းစပ်ပြီးပြီဆိုလို့ရှိရင်တော့ တပည့်တော်တို့ အခု သဘာဂကောက်တော့မှာဖြစ်တယ်။ ကိုင်း၊ ဒါကြောင့်မို့လို့ အဲဒီက တစ်ခုချင်းဆီကို ပြန်ပြီးတော့ ဟောကြည့်ရအောင်။ "ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ဒါနံ ဒတွာ၊ သီလံ သမာဒိယိတွာ၊ ဥပေါသထကမ္မံ ကတွာ၊ တံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ ပုဗ္ဗေ စိဏ္ဏံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။" စသောအားဖြင့်။ ကိုင်း၊ ဟောကြည့်ကြ။
အဲဒီတော့ အခု အာရမ္မဏာဓိပတိဆိုလို့ရှိရင် ကိုယ်တော်တို့ ခုနကဟောခဲ့တဲ့ စာမျက်နှာ ၂၀၊ ၂၁ ကို အာရုံမျက်စိနဲ့ မြင်ထားရမယ်။ သဟဇာတာဓိပတိဆိုရင် စာမျက်နှာ ၅၊ ခုနကဟောခဲ့ကြပြီ။ အဲဒါ တစ်ခုအားလုံးကို မျက်စိနဲ့မြင်နေရမယ်။ အခုမှ ဒါတွေက ရတော့မယ်ဆိုလို့ရှိရင်တော့ ဒီနေ့အတွက်က စာနည်းနည်းနောက်ကျသွားပြီပေါ့။ ဒါကြောင့် စာမျက်နှာ ၄၀ ကို ကြည့်မယ်။ စာမျက်နှာ ၄၀ ကို ကြည့်မယ်။ အဲဒီမှာ ကိုယ်တော်တို့ ပညာဝါရဝိဘင်္ဂ၊ သင်္ဂြိုဟ်မှာ ဇယားတဲ့။ တွေ့လား။
မှန်ပါ။
အဲဒီမှာ အဓိပတိတွေ့ပြီလားဟေ့။
မှန်ပါ။
အဓိပတိတွေ့ပြီလား။
မှန်ပါ။
ဟုတ်ပြီ။ အဲဒီမှာ ကိုယ်တော်တို့ အဲဒီကဇယားနဲ့ ခုနက အာရုံမျက်စိနဲ့ လှမ်းကြည့်ပြီးတော့ မြင်ပြီးတော့ ဟောကြရလိမ့်မယ်။ အဲဒီတော့ ဆိုပါတော့၊ အဲဒီဟောတော့မယ်။ "ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။" ကုသလောကုသလဿဆိုတော့ အဲဒီမှာကြည့်လိုက်၊ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ နှစ်မျိုးလုံးမရှိဘူးလား။
ရှိပါတယ်။
ဪ ရှိပြီ။ ဟုတ်ပြီ။ အဲဒီလိုသိရမယ်။ တွေ့တယ်နော်။
တင်ပါ့။
ပြန်ပြောမယ်။ "ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ အာရမ္မဏာဓိပတိ၊ ဒါနံ ဒတွာ၊ သီလံ သမာဒိယိတွာ ဝါ၊ ဥပေါသထကမ္မံ ကတွာ ဝါ၊ တံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ ပုဗ္ဗေ သုစိဏ္ဏာနိ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ ဒါနာ ဝုဋ္ဌဟိတွာ ဈာနံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ သေက္ခာ ကုသိုလ်တရားကို ဂရုံ ကတွာ ပစ္စဝေက္ခတိ။ သေက္ခာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။" အာရမ္မဏာဓိပတိအတွက် ပြီးမသွားဘူးလား။
ပြီးသွားပါတယ်။
နောက် ဘာလာမှာတုန်း။
သဟဇာတာဓိပတိ။
ဪ အဲဒီလိုဆိုရမှာပေါ့။ "သဟဇာတာဓိပတိ၊ ကုသလာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။" နောက် ကုသလောဓမ္မော ဘာလာမှာလဲ။ ကုသလောဓမ္မော...
အကုသလဓမ္မဿ။
"ကုသလော ဓမ္မော အကုသလဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။" ဘာပဲရှိလဲ။
အာရမ္မဏာဓိပတိ။
အာရမ္မဏာဓိပတိပဲရှိတာ။ သဟဇာတရှိရဲ့လား။ မရှိဘူး။ စိတ်တစ်ကြိမ်အတွင်းမှာ၊ စိတ္တက္ခဏတစ်ခုအတွင်းမှာ ကုသိုလ်နဲ့အကုသိုလ်တို့ ပြိုင်တူဖြစ်လို့ရမလား။
မရပါဘူး။
မရဘူး။ ဒါကြောင့် အာရမ္မဏာဓိပတိပဲရတယ်။ ဒါကြောင့် "အာရမ္မဏာဓိပတိ၊ ဒါနံ ဒတွာ၊ သီလံ သမာဒိယိတွာ၊ ဥပေါသထကမ္မံ ကတွာ၊ တံ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။" သဘောပေါက်တယ်နော်။ နောက်တော့ ကုသလောဓမ္မော ဘာလာတုန်း။
ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ။
"ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။" နှစ်မျိုးလုံးမရှိဘူးလား။
ရှိပါတယ်။
"အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ အာရမ္မဏာဓိပတိ၊ အရဟာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။" တစ်ချက်ပဲမဟုတ်ဘူးလား။
မှန်ပါ။
"သဟဇာတာဓိပတိ၊ ကုသလာဓိပတိ..." ဘာလေးဖြုတ်...
သမ္ပယုတ္တကာနံ။
ပါလို့လား။
မပါဘူးဘုရား။
ဪ ကု-ဗျာကို သမ္ပယုတ္တကာနံ ထည့်ရင် ရှုပ်သေးတယ်ဗျ။ "ကုသလာဓိပတိ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။" ဟုတ်တယ်မလား။ အဲ ကြည့်သွားပြီ။ ဘယ်နှစ်ချက်ပြီးသွားတုန်း။
သုံးချက်။
သုံးချက်ပြီးသွားပြီ။ နောက်ကျတော့ လာဦးမယ်။ ဟိုဘက်ဆက်ပြီးတော့ လာဦးမယ်။ "ကုသလော ဓမ္မော ကုသလဿ စ အဗျာကတဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။" ဘာပဲရှိတုန်း။
သဟဇာတာဓိပတိ။
ဪ "သဟဇာတာဓိပတိ၊ ကုသလာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။" ဒီကုသလပတ် လေးချက်။ ကုသလပတ် ဘယ်နှစ်ချက်ပါလိမ့်။
လေးချက်။
လေးချက်။ ကုသလပတ်လေးချက်မှာ ကိုယ်တော်တို့ အခု ကုသိုလ်နဲ့ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိရတာ နှစ်ချက်၊ အာဒိပဲရတာက တစ်ချက်၊ သဟဇာတဓိပတိပဲရတာက...
တစ်ချက်။
ဪ တစ်ချက်။ ဒီလိုသိရမှာ။ ဟုတ်လားဗျာ။ မေးမယ့်ပုံစံလေး ပြန်ပြောပြမယ်။ ကိုယ်တော်တို့ အာဒိရတာက သုံးချက်၊ သဟဇာတဓိပတိရတာက သုံးချက် မဟုတ်ဘူးလား။
မဟုတ်ပါဘူး။
ပြန်ပြောမယ်ဘုရား၊ ရှုပ်သွားတယ်။ အာဒိပဲရတာက သုံးချက်။
အာဒိရတာက သုံးချက်။ နှစ်မျိုးလုံးရတာက...
လေးချက်။
လေးချက်။ အာဒိရတဲ့ထဲက သုံးချက်ကလည်း ပထမ၊ ဒုတိယ၊ အစအဆုံး သုံးခု တစ်ခုလုံး၊ တစ်ခုလုံး မေးလို့မရဘူးလား။ ရတယ်။ သဟဇာတဓိပတိကလည်း သုံးခုပဲရှိတော့ အစသင်္ဂြိုဟ်၊ အလယ်သင်္ဂြိုဟ်၊ အဆုံးသင်္ဂြိုဟ် မေးလို့မရဘူးလား။ ရတာပေါ့။ ခုနက ဘာပါလိမ့်ဗျာ။
အာဒိ၊ သဟဇာတဓိပတိ။
အာဒိ၊ သဟဇာတဓိပတိ နှစ်မျိုးလုံးရတာ ဘယ်နှစ်ခု။
လေးခု။
ဟော လေးခု။ လေးခုကလည်းပဲ အလယ်နောက်၊ အလယ်ရှေ့ပေါ့ဗျာ။ အလယ်က နှစ်ခုရှိတယ်။ မရှိဘူးလား။
ရှိပါတယ်။
ဟာ၊ အလယ်နောက်။
အယ်။
အလယ်ရှေ့ရယ်၊ နောက်ဆုံးရယ်၊ အစအဆုံးရယ် မေးလို့မရဘူးလား။
အဲဒါသွားပြီးတော့ပေါ့ဗျာ၊ ကိုယ်တော်တို့က ဟုတ်လား၊ ပူလောင်နေဦးမှာပေါ့။ ဟုတ်လား။ ကိုင်း၊ အဲဒီလိုဆိုလို့ရှိရင် ကိုယ် အဲဒီသွားမယ့်နည်းစနစ်ကို သိသွားပြီ။ သဘောပေါက်ပြီမဟုတ်ဘူးလား။
ကိုင်း၊ ဒါဆိုလို့ရှိရင် ညည်းလည်းရှည်၊ ကိုင်း၊ ကိုင်း၊ ကိုင်း။ အဲဒီလို အဲဒီကုသလပတ်လေးချက်ကို တို့ အဲဒီဟော၊ နှစ်ခေါက်ပြန်ဟောကြည့်တော့ အဲဒါလေး သဘောပေါက်အောင်။ အဲဒါတော့ ကုသလပတ် ဘယ်နှချက်ပါလိမ့်။
လေးချက်။
လေးချက်။ အဲဒီနောက်ထပ် "အကုသလော ဓမ္မော အကုသလဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။" နှစ်မျိုးလုံးရှိရဲ့လား။
နှစ်မျိုးလုံးရှိပါတယ်။
နှစ်မျိုးလုံးမရှိဘူးလား။
ရှိပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပေးပို့ထားသောစာပိုဒ်ကို မြန်မာစာလုံးပေါင်းသတ်ပုံစည်းမျဉ်းများနှင့်အညီ စစ်ဆေးတည်းဖြတ်ပြီး စာဖတ်၍ ပိုမိုချောမွေ့စေရန် ပုဒ်ဖြတ်၊ ပုဒ်ရပ်များ ထည့်သွင်းပေးထားပါသည်။

ပြင်ဆင်တည်းဖြတ်ပြီးသော စာပိုဒ်

ရှိပါတယ်။ "အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။" အာရမ္မဏာဓိပတိဆိုတော့ ဘာပါလိမ့်ဗျ။
အဓိပတိ။
အဲဒီတော့ အကုသိုလ်က အကုသိုလ်ကို ကျေးဇူးပြုတာပဲ။ ဟုတ်လား။ "ရာဂံ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိံ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။"
ကြားထဲ ဖြတ်ပြောလိုက်ဦးမယ်။ အဲဒီ အခု သုဒ္ဓသင်္ဂြိုဟ်ကိုပဲ ကိုယ်တော်တို့ကို အာရမ္မဏာဓိပတိမှာ ပစ္စည်းဘက်ကလည်း လောဘမူစိတ်၊ ပစ္စယုပ္ပန်ဘက်ကလည်း လောဘမူစိတ်ပဲ။ ဟုတ်တယ်မလား။ အရှိန်လွန်ပြီးတော့ "ဝိစိကိစ္ဆာ ဥပ္ပဇ္ဇတိ၊ ဥဒ္ဓစ္စံ ဥပ္ပဇ္ဇတိ၊ ဒေါမနဿံ ဥပ္ပဇ္ဇတိ" သာ ဆိုလို့ရှိရင် ကိုယ်တော်တို့ အဲဒီက ပုစ္ဆာထဲမှာတင်မကဘူး၊ ဒီပုဂ္ဂိုလ်ကို တစ်ခါတည်း အဝါကမ်း ပြစ်လိုက်မယ်။ ဟုတ်လားဗျာ။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ဒီလောက်တောင်မှပဲ ညံ့ရသလားဆိုပြီးတော့။ ဟုတ်လား။
မှန်လှပါဘုရား။
အေး၊ အဲ ဟုတ်တာပေါ့။ အဲဒါ၊ အဲဒါ၊ အဲဒါကြောင့်မို့လို့ အဲဒီလောက်ကြီး ထူရသလား၊ ထုံရသလားပေါ့။ ဟုတ်လား။ ဒါ ကြိုပြောထားတော့ မထုံသင့်ဘူးပေါ့ဗျာ။ ဟုတ်တယ်မလား။
မှန်ပါ။
အဲ ကိုယ်တော်တို့ အဲဒါ ကျန်တဲ့ပုဒ်ဆိုတာ ကျန်တဲ့ပုဒ်တွေက မှားတဲ့ပုဒ်တွေပါ။ အမှန်မပေးတော့ဘူး။ အဲဒါ သက်သက်ညှာတာမရှိပါဘူးဗျ။ တစ်ခါတည်း နိဂုံးချုပ်မှာ မေးမှာ။ ဟုတ်လား။ အဲ အဲဒီက အပုဒ်ရသလောက် ရတဲ့အမှတ်ပဲ။ ကျန်တဲ့ပုဒ်တွေက အကုန် ချက်ချင်းပြင်ခိုင်းမှာပဲ။ သက်သက်ညှာတာမရှိဘူး။ ဘာဖြစ်လို့လဲ၊ သေချာပြောထားတာကို အာရုံက စူးစိုက်ရမှာပေါ့ဗျာ။ ဟုတ်လား။
မှန်ပါ။
အာရုံစူးစိုက်ဖို့က ကိုယ်တော်တို့ကို အဝါကမ်းမပြရင် အာရုံက မစူးစိုက်ချင်ဘူး ပုဂ္ဂိုလ်တွေ။ ဟုတ်လား။ ကိုင်း၊ ဒါဆိုလို့ရှိရင် သဟဇာတာဓိပတိ သွားရအောင်ပေါ့။ "သဟဇာတာဓိပတိ၊ အကုသလာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။" အဲဒီတော့ ကိုယ်တော်တို့ ပဥှာဝါရမှာတော့ဖြင့် ဘုရားရှင်ကိုယ်တော်မြတ်က ခန္ဓာသဒ္ဒါ၊ ဘာဖြစ်လို့ ခန္ဓာနဲ့ဟောရတာလဲဆိုလို့ရှိရင် ကိုယ်တော်တို့ အရကောက်ထဲမှာလည်း နောက်ဖျားမှာပါတယ်။ ကိုယ်တို့စာအုပ်ထဲမှာလည်း၊ ကိုယ်တော်တို့ လက်ထဲကိုင်ထားတဲ့စာအုပ်ထဲမှာလည်း ပါတယ်။ အရကောက်စာမျက်နှာ ၃၅ မှာလည်း ပါတယ်။ ခန္ဓာသဒ္ဒါထည့်သွင်းပြီး ဟောရခြင်းရဲ့အကြောင်း ကြည့်ထားပေါ့ဗျာ။ အခုပြောလိုက်ပြီပဲ။ ဟုတ်လား။
နောက် "အကုသလော ဓမ္မော ကုသလဿ ဓမ္မဿ" ဟောတာရှိလား။
မရှိပါဘူးဘုရား။
အကုသိုလ်ကနေပြီးတော့ ကုသိုလ်ကို အာရမ္မဏာဓိပတိအနေနဲ့လည်းပဲ...
မရှိဘူး။
သဟဇာတာဓိပတိနဲ့လည်းပဲ မရှိဘူး။ အာရမ္မဏာဓိပတိကတော့ ဒီတစ်ချက်ပဲရှိတယ်ဆိုတာက သိခဲ့ပြီလေ။ သဟဇာတာဓိပတိကတော့ နောက်နှစ်ချက်ရှိရင် ဘာဟောမလဲဗျာ။ "အကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။" သဟဇာတာဓိပတိလို့ ပြောလို့ရမလား။ မရဘူးနော်။ ရလား။ ရတာပေါ့ဗျာ။ ဟုတ်လား။ အာရမ္မဏာဓိပတိရှိရဲ့လား။
ရှိပါတယ်။
တောင်ငေးနေတာကိုးဗျ။ ဟုတ်လား။ အာရုံများစိုက်သလားဆိုတော့။ "သဟဇာတာဓိပတိ၊ အကုသလာဓိပတိ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။"
"အကုသလော ဓမ္မော အကုသလဿ စ အဗျာကတဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။" ဒီမှာလည်းပဲ အာရမ္မဏာဓိပတိ မရှိဘူးလား။
မရှိပါဘူးဘုရား။
မရှိပါဘူးဗျ။ ဟုတ်လားဗျာ။ ပြောမယ်။ "အကုသလော ဓမ္မော အကုသလဿ စ အဗျာကတဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ၊ အကုသလာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။" အဲဒီတော့ အကုသလပတ်မှာလည်း သုံးချက်ပဲရှိတယ်ပေါ့။ သုံးချက်မှာ ကိုယ်တော်တို့ ဒီမှာ နှစ်ချက်က ဘာတွေရသလဲ။
သဟဇာတ။
အခု အကုသလောအကုသလတော့ အာဒိ၊ သဟဇာတ နှစ်မျိုးလုံးရှိတယ်။ ကျန်တဲ့နှစ်ချက်က ဘာသာရတာလဲ။
သဟဇာတာဓိပတိ။
သဟဇာတာဓိပတိပဲရတာ။ အလိုလိုသဘောပေါက်ခဲ့။ နောက်ကျန်သေးတယ်။ နည်းနည်းလွဲသွားလို့ ဆက်သွားကြည့်ရအောင်ပေါ့။ "အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။" ဒီမှာ ဗျာကတမှာဆိုလို့ရှိရင်လည်းပဲ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ နှစ်မျိုးလုံးမရှိဘူးလား။
ရှိပါတယ်။
နှစ်မျိုးလုံးရှိတယ်။ အဲဒီလိုဆိုလို့ရှိရင် အဲဒီရကောက်စာတွေ စာမျက်နှာ ၂၂၊ စာမျက်နှာ ၅ ကို အာရုံမျက်စိထဲ မြင်ထားရမှာ။ ဟုတ်လားဟေ့။
ပြန်ပြောမယ်ပေါ့။ "အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ အာရမ္မဏာဓိပတိ၊ အရဟာ ဖလံ ဂရုံ ကတွာ ပစ္စဝေက္ခတိ၊ နိဗ္ဗာနံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ နိဗ္ဗာနံ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ၊ ဝိပါကာဗျာကတာ၊ ကိရိယာဗျာကတာ အဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။" ဟုတ်တယ်မလားဗျ။
မှန်ပါ။
ကိုင်း၊ ဒါဆိုလို့ရှိရင် နောက် အဗျာကတမှာ သုံးမျိုးပဲဆိုလို့ရှိရင်တော့ ပထမတစ်ချက်မှာတင် နှစ်မျိုးလုံးရတယ်ဆိုတော့ နောက်လာမယ့်နှစ်ချက်က ဘာတွေပဲရှိမှာလဲ။
အာရမ္မဏာဓိပတိပါဘုရား။
အာရမ္မဏာဓိပတိပဲရှိမှာ။ ဒီလိုသဘောပေါက်ပေါ့။ ဒါကြောင့်မို့လို့ "အဗျာကတော ဓမ္မော ကုသလဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ" ဆိုတော့ "သေက္ခာ ဖလံ ဂရုံ ကတွာ ပစ္စဝေက္ခတိ၊ နိဗ္ဗာနံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ နိဗ္ဗာနံ ကုသလဿ အဓိပတိပစ္စယေန ပစ္စယော။"
"အဗျာကတော ဓမ္မော အကုသလဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။" သဟဇာတာဓိပတိရှိရဲ့လား။
မရှိပါဘူးဘုရား။
အာရမ္မဏာဓိပတိရှိလား။
ရှိပါတယ်။
အဖက်၊ ရှိတာပေါ့ဗျာ။ ပြောထားပြီးပဲ။ သဟဇာတာဓိပတိမရှိရင် အာရမ္မဏာဓိပတိ လွတ်နေတာမဟုတ်လားဗျာ။
မှန်ပါ။
အာရမ္မဏာဓိပတိ။ အာရမ္မဏာဓိပတိဆိုတော့ စာမျက်နှာ ၂၂ အောက်ဆုံးကို လှမ်းမြင်ထားရမှာပေါ့ဗျာ။ ဟုတ်တယ်မလားဗျာ။
ဈာနံ ဂရုံ ကတွာ။
"ဈာနံ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။" ဒီလောက်တင်လား။ ဟုတ်ရဲ့လားဟေ့။ ဘာလဲ။ ဝိပါက၊ ကိရိယာဗျာကတကို ဂရုံကတွာ...
"အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။"
ကိုင်း၊ မှတ်မှတ်သားသားနဲ့ အဲဒီကလည်းပဲ ခုနက အကုသလပတ်ကို နှစ်ခေါက်ဟောပြီးတော့မှ နောက် အဗျာကတပတ်ပြီးတော့ နှစ်ခေါက်ဟောမယ်။ ကိုင်း၊ အကုသလပတ်ကို စတင်ပြီးတော့ နှစ်ခေါက်ဟောကြည့်ရအောင်။ ဆိုရအောင်။
အဲဒီတော့ နေ့စဉ်နေ့စဉ် စာဝါဆုံးရင် "ဝေဝိဘင်္ဂေန" ဆိုတဲ့ဥစ္စာ၊ ဒီ "အဓိပတိယာ ဒသ" ဆိုတာ ကိုယ်သဘောပေါက်သွားပြီ။ ဟုတ်တယ်မဟုတ်လား။ "အဓိပတိယာ ဒသ" ပေါ့။ ဟုတ်လား။ "အဓိပတိယာ ဒသ" သင်္ဂြိုဟ်ရပုံဟူသောကားပေါ့ဗျာ။ ဟုတ်လားဗျ။ အဲဒီ "ဒသ" အဓိပတိယာကို ဒီလိုမေးတာပေါ့။ ကိုယ်တော်တို့ အသစ်တရားတွေ မသိချင်ဘူးဗျ။ ပစ္စည်းအရည်အတွက်နဲ့ သင်္ဂြိုဟ်နဲ့။ ကိုယ်တော်တို့ အခု တစ်နှစ်၊ နှစ်နှစ်တွေပဲ နည်းနည်းအမှားနည်းသေးတာပေါ့။ ဟိုဘက်ကနေ နှစ်တွေဆိုရင် တောက်လျှောက်ပဲ မှားနေကြတာ။ ပစ္စည်းတွေနဲ့ သင်္ဂြိုဟ်နဲ့ မှားနေကြတယ်။ "အဓိပတိယာကို သင်္ဂြိုဟ်တပ်၍ သင်္ဂြေဟ်ကိုလည်း ဖော်ပြခဲ့ပါ။" အဓိပတိယာကို ဘာပါလိမ့်ဗျ။
သင်္ဂြိုဟ်တပ်ပါ။
သင်္ဂြိုဟ်တပ်၍ ဘာပါလိမ့်။
သင်္ဂြေဟ်ကို။
သင်္ဂြေဟ်ကိုလည်း ဖော်ပြခဲ့ပါ။ ဒါက ဘယ်ပစ္စည်းမှမရောသေးလို့ သုဒ္ဓသင်္ဂြိုဟ်လို့ခေါ်တယ်။ အဓိပတိယာဆိုလို့ရှိရင် ဘယ်လောက်တပ်မလဲ။
ဒသ။
ဒသ။ ဒသကို ဒါ သင်္ဂြိုဟ်လို့ခေါ်တယ်။ သင်္ဂြေဟ်က အဲဒါက သင်္ဂြေဟ်ဟူသောအခါ "အဓိပတိယာ ဒသ"၊ "အဓိပတိယာ၌ သင်္ဂြိုဟ်ကား ဒသ၊ သင်္ဂြေဟ်ကား" ဆိုပြီးတော့မှ ကုသလောကုသလဿ၊ ကုသလောအကုသလဿ၊ ကုသလောဗျာကတဿ၊ ကုသလောကုသလဗျာကတဿဆိုတော့ ကုသလပတ်က ဘယ်နှစ်ချက်။
လေးချက်။
လေးချက်။ အကုသလောအကုသလဿ၊ အကုသလောအဗျာကတဿ၊ အကုသလောအကုသလဗျာကတဿ၊ အကုသလပတ်က...
သုံးချက်။
သုံးချက်။ အဗျာကတောအဗျာကတဿ၊ အဗျာကတောကုသလဿ၊ အဗျာကတောအကုသလဿ၊ ဗျာကတပတ်က...
သုံးချက်။
သုံးချက်။ အဲဒီကဥစ္စာ ဘယ်နှစ်ခုမြောက်သင်္ဂြေဟ်ရဲ့ ဘာကိုမေးလို့မရဘူးလား။
ရပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပေးပို့ထားသောစာပိုဒ်ကို မြန်မာစာလုံးပေါင်းသတ်ပုံစည်းမျဉ်းများနှင့်အညီ စစ်ဆေးတည်းဖြတ်ပြီး စာဖတ်၍ ပိုမိုချောမွေ့စေရန် ပုဒ်ဖြတ်၊ ပုဒ်ရပ်များ ထည့်သွင်းပေးထားပါသည်။

ပြင်ဆင်တည်းဖြတ်ပြီးသော စာပိုဒ်

အဲဒါလည်း အဲဒီလိုမေးနေကျပဲ။ ဟုတ်လားဗျ။ အဲ အဲဒါတွေကတော့ အခုအတိုင်းမေးတယ်ဆိုတာက ပျင်းတောင်ပျင်းသေးတယ်။ ဒါကို ပျင်းတာကို တို့က ပိုပျင်းသွားတာပဲ။ ဟုတ်လား။
မှန်ပါ့ဘုရား။
အင်း၊ အဲဒီလိုလုပ်ထား၊ အဲဒီလိုသိထားကြရမယ်။ ကဲ၊ ခု အဲဒီလိုဆိုလို့ရှိရင် အခု သင်္ဂြိုဟ်၊ သင်္ဂြေဟ် ကွဲပြားပြီလား။
ကွဲပြားပါတယ်။
ဟုတ်ပြီ။ ပစ္စည်းအရေအတွက်နဲ့ သင်္ဂြိုဟ်နဲ့လည်း မလွဲစေနဲ့ဦး။ မှားတတ်တယ်။ မှားတတ်တယ်။ ဟုတ်လားဗျ။ ကိုင်း၊ ဒါကြောင့်မို့လို့ အဲဒါကို အဓိပတိယာ ဒသ၊ ခုနက ဒသကို ပါဠိတော်ဟောတာဟာလည်း ဒီလိုတွေရှိတယ်။ အဲဒီတော့ အဓိပတိပစ္စည်းမှာဆိုလို့ရှိရင်၊ သင်္ဂြိုဟ်ဒသမှာဆိုလို့ရှိရင် အာဒိပဲရတဲ့သင်္ဂြေဟ်၊ သဟဇာတဓိပတိပဲရတဲ့သင်္ဂြေဟ်၊ အာဒိ၊ သဟဇာတ နှစ်မျိုးလုံးရတဲ့သင်္ဂြေဟ်၊ ကိုယ်ပြောပြီးသွားပြီ။ အဲဒီလိုပြောပြီးသွားပြီဆိုလို့ရှိရင် ဒီက အခု အဲဒီကတစ်မျိုးစီရဲ့ အရကောက်ခြင်းကိစ္စတွေ၊ နှစ်မျိုးလုံးရတာဆိုလို့ရှိရင်လည်း နှစ်မျိုးလုံးရတဲ့ကိစ္စတွေ၊ ဆိုပါတော့ ဗျာကတောဓမ္မော အဗျာကတဿမှာဆိုလို့ရှိရင် အဲဒါ အာဒိကို ကတ္တားကောက်၍ သမ္ပဒါန်အရကို သဟဇာတအရကောက်ပြခဲ့ပါ စသည်ဖြင့် မေးလို့မရဘူးလား။
ရပါတယ်။
ရတယ်။ မေးမယ့်ပုံစံတွေ ပြောထားပြီးပြီ။ အဲ ပါဠိမေးမယ်ဆိုလို့ရှိရင်လည်းပဲ ကိုယ်တော်တို့ အခု ဒီစာမျက်နှာ ၁၁ က လင်္ကာကြီးကိုပဲ "ရှင်မသမ္ပယုတ္တလောကု၊ ရှင်မသမ္ပယုတ္တလောကု၊ နဝမသကံ" ကို ဟုတ်လားဗျာ။ "သကံ" ကိုဆိုတဲ့ အချိန်ကစပြီး လောကုတ္တရာစိတ်လေးပါး အောင်မြင်နေမှုသည် ပုဂ္ဂိုလ်အလိုက် သကဖြစ်တယ်။ အဲဒီကဥစ္စာ ကိုယ်တော်တို့ အဲဒါကိုင်ပြီးတော့လည်းပဲ ကိုယ်တော်တို့ အဲဒါ အခုမေးလို့ရှိလို့ရှိရင် ကိုယ်တော်တို့ နားလည်ထားရမယ်။ ဟုတ်လားဗျ။ အဲဒါလည်း မေးလို့မရဘူးလား။
အယ်၊ ဒါလေးကလည်းပဲ အရင်တော့ မမေးဖူးသေးဘူးပေါ့ဗျာ။ ဒါလေး ကိုယ်တော်တို့ အခု ဒီနေ့ည၊ မနက်ဖြန်ညဆိုရင် ကွန်ပျူတာရိုက်တော့မှာ။ ဟော၊ ပုစ္ဆာတွေကလည်းပဲ "သူ့ကိုမေးပါ၊ ရိုက်တော့မလို့ဆိုတော့ သူ့ကိုမေးပါဦး ဘုန်းကြီးရေ၊ တပည့်တော်ကို မေးပါဦး" နဲ့ အဲဒါ ပုစ္ဆာတွေက ဝင်ပြီးတော့ အတင်းလာလျှောက်နေတာ။ "နေစမ်းပါကွာ" လို့၊ "ငါ့ဒီကိုယ်တော်တွေကလေ မင်းတို့ အဲဒါ သတ္တဝါကငယ်ငယ်၊ လက်နက်ကကြီးဖြစ်နေရင် မကိုက်သေးပါဘူး" လို့။ ဟုတ်လား။
မှန်ပါ။
သတ္တဝါကငယ်ငယ်...
လက်နက်ကကြီး။
အဲဒီလိုဆို မဖြစ်သေးပါဘူးကွာလို့။ "နေစမ်းပါဦး" လို့။ "မင်းတို့က နောက်မှ၊ ကိစ္စမရှိဘူးဘုရား၊ ဖြစ်တဲ့ဘုန်းကြီး ပြောထားတာပဲ" တဲ့။ အဲဒါ သူကလာလျှောက်နေတယ်။ ဟုတ်လား။ ပြောမနိုင် တားမနိုင်ဘူး။ ကိုယ်တော်တို့ မေးမိလို့ကတော့ ဟုတ်လား။ ကိုယ် အဲဒါကိုတော့ သကဖြစ်ပုံ သိရဲ့လား။
မသိနိုင်ပါဘူး။
ကိုယ်တော်တို့ ဖြေတဲ့လူတော့ နည်းနည်းလေးပဲ လျှော့ချလိုက်ရဦးမှာပဲ။ တွေ့တယ်မဟုတ်လား။
တင်ပါ့။
ကိုင်း၊ ဘယ်ပုဂ္ဂိုလ်ရဲ့ သကဖြစ်ပုံကို အဲဒါ ရကောက်ပြခဲ့ပါဆိုလို့ရှိရင်လည်းပဲ သိရမယ်ဗျာ။ ဟုတ်လား။ ပါဠိထုတ်၍ ရကောက်ပြခဲ့ပါ။ ဟုတ်လားဗျ။ ကိုင်း၊ နမူနာတွေ ပြောလိုက်ပြီ။ ကိုယ်တော်တို့ အဲဒါ မေးခွန်းတွေကတော့ အများကြီးဖြစ်နေပြီ။
ကိုင်း၊ ဒါဆိုလို့ရှိရင် ကိုယ်တော်တို့ရေ၊ သုဒ္ဓသင်္ဂြိုဟ်တွေပြီးသွားတော့ ကိရဏ၊ သဘာဂကို၊ သဘာဂ၊ ကိရဏကို သွားမယ်။ ကိုင်း၊ ဒါကြောင့် တို့မနေ့တုန်းက ပြောထားတယ်။ စာမျက်နှာ ၂ က သဟဇာတဓိပတိသုဒ္ဓသင်္ဂြိုဟ်တစ်ခုရယ်၊ အဓိကအချက်လေးခုနဲ့ သွားမှာ။ စာမျက်နှာ ၁၄ က ၂၊ ၅၊ ၆ သုဒ္ဓသင်္ဂြိုဟ်တွေရယ်။ အဲဒါတွေရရုံနဲ့ပဲ ကိုယ်တော်တို့ သဘာဂက...
၁၅။
၁၅။ ကိရဏက ၃၀။ ဒီ ၁၅၊ ဒီမှာ ၃၀ ပြီးသွားလိမ့်မယ်လို့ မနေ့က ပြောခဲ့တယ်။ ဟုတ်လားဗျ။ ကိုင်း၊ ဒါကြောင့်မို့လို့ အဲဒီမှာ သဟဇာတ၊ စာမျက်နှာ ၂ က သဟဇာတဓိပတိသုဒ္ဓသင်္ဂြိုဟ်၊ စာမျက်နှာ ၁၄ က အဲဒါ ၂ ရယ်၊ ၅ ရယ်၊ ၆ ရယ်၊ အဲဒါတွေကို အခုတစ်ခေါက်က ကြည့်ဆိုမယ်၊ နောက်တစ်ခေါက်က အလွတ်ဆိုမယ်။ အဲဒီသုဒ္ဓသင်္ဂြိုဟ်တွေကို ပြန်လှန်လိုက်စမ်းပါဦးဗျ။
အဲဒီတော့ အရှင်ဘုရားတို့ အဲဒီသုဒ္ဓသင်္ဂြိုဟ်တွေ အခု ပူပူနွေးနွေးရထားပြီဆိုတော့ အရကောက်စာမျက်နှာ ၄၆၊ ၄၇ လောက်ပဲရှိလိမ့်မယ်လို့ ထင်တယ်ပေါ့လေ။ အဲဒီတော့ အခု ဒီကတော့ အခု ကိုယ်တော်တို့ သုဒ္ဓသင်္ဂြိုဟ်အတိုင်းပဲ နည်းနည်းလေးပို၍ ပြောလိုက်မယ်ဆိုရင် ပိုပြီးတော့ရှင်းသွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် စာမျက်နှာ ၂ မှာရှိနေတဲ့ သဟဇာတာဓိပတိ၊ သဟဇာတဆိုင်ရာပစ္စည်းတွေကို စတင်စဉ်းစားကြရလိမ့်မယ်။ အဲဒီလို စတင်စဉ်းစားကြရတဲ့အခါမှာ ဟိုအရင် သဟဇာတမှာ သဘာဂ၊ ကိရဏတွေ ပြောခဲ့စဉ်အခါအတိုင်းပဲ ဒါနည်းတူ လိုက်ရလိမ့်မယ်။ နှစ်ဖက်ရမှ သဘာဂဖြစ်မယ်ဆိုတဲ့အကြောင်း မပြောခဲ့ဘူးလား။
ပြောခဲ့ပါတယ်။
ပြောခဲ့တယ်။ အဲဒီလိုဆိုလို့ရှိရင် စာမျက်နှာ ၂ ရဲ့ သဟဇာတာဓိပတိပစ္စည်းရဲ့ သုဒ္ဓသင်္ဂြိုဟ်မှာ "ဟေ၊ ဟာ၊ ဣ၊ မဂ်" ပေါင်း တွေ့တယ်မဟုတ်လား။ အဲဒီ "ဟေ၊ ဟာ၊ ဣ၊ မဂ်" သုံးခုကို စပြီးတော့ သဘာဂသုံးခု စဉ်းစားကြည့်မယ်။ ဟေတုကတော့ ကိုယ့်စာမျက်နှာ ၄ ပဲ။ ဟေတုမူ အဓိပတိသဘာဂနဲ့ တူဖူးလား။
တူပါတယ်။
ကိုင်း၊ ဒါဆိုလို့ရှိရင် သရုပ်ကိုယ်က ဘာကောက်မှာလဲ။ "သမ္ပယုတ္တက္ခန္ဓာ စ အဓိပတိစိတ္တဇရူပဉ္စအားလျော်စွာ တတ်သော ဝီမံသာဓိပတိ။" အဲဒီလို မရှိဘူးလား။
ရှိပါတယ်။
ရှိတယ်။ ဒါဆို တတ်ပြီမဟုတ်လား။ အဲဒီလိုဆိုတော့ သင်္ဂြိုဟ်ဘယ်လောက်တပ်မှာတုန်း။ သင်္ဂြိုဟ်ဘယ်လောက်တပ်မှာတုန်းဟေ့။
ဆ။
ဆ။ "ဆ" တည်းဟူသော သင်္ဂြိုဟ်ကားဆိုပြီးတော့ ဘာတွေတက်မှာပါလိမ့်။ ကုသလောကုသလဿ၊ ကုသလောဗျာကတဿ၊ အကုသလော...
ကုသလဗျာကတ၊ ဗျာကတောဗျာကတဟူ၍...
ဗျာကတဟူ၍ သိရမည်။ ကဲ၊ ဒါဆိုလို့ရှိရင် အဲဒါသဘောပေါက်သွားပြီပေါ့ဗျာ။ သဘောပေါက်လားဟေ့။
ဟုတ်ပြီ။ အဲဒီလိုဆိုလို့ရှိရင် နောက် ဟေပြီးတော့ ဘာလဲဗျ။
ဟာ။
ဟာ။ ဟာဆိုလို့ရှိရင် ဟေတုနဲ့၊ အဲ အဓိပတိနဲ့ အာဟာရနဲ့ သဘာဂဖြစ်တာကို စဉ်းစားကြည့်မယ်လေ။ ဘာဖြစ်လာပါလိမ့်။
စိတ္တာဓိပတိ။
စိတ္တာဓိပတိပြောမှာလား၊ အဲဒါ ဝိညာဏာဟာရပြောမှာလား။
စိတ္တာဓိပတိ။
စိတ္တာဓိပတိ။ အဲဒီလိုဆိုလို့ရှိရင် "အဓိပတိမူ အာဟာရသဘာဂ၌ သမ္ပယုတ္တက္ခန္ဓာ စ အဓိပတိစိတ္တဇရူပဉ္စအားလျော်စွာ တတ်သော စိတ္တာဓိပတိ။" ဘယ်လိုပါလိမ့်ဗျာ။
သမ္ပယုတ္တက္ခန္ဓာ...
သမ္ပယုတ္တက္ခန္ဓာ စ အဓိပတိစိတ္တဇရူပဉ္စအားလျော်စွာ တတ်သော စိတ္တာဓိပတိ။
အဲဒီတော့ စိတ္တာဓိပတိဆိုကတည်းကိုပဲ ကိုယ်တော်တို့ သင်္ဂြိုဟ်ဘယ်လောက်တပ်မယ်လို့ သိတုန်း။
သတ္တ။
သတ္တ။ ဘယ်သူတွေပါလို့ပါလိမ့်။
အကုသိုလ်တွေပါသောကြောင့်။
အကုသလပတ်တွေ မရဘူးလား။ ကိုင်း၊ ဒါကြောင့်မို့လို့ "အဓိပတိမူ အာဟာရသဘာဂ၌ သမ္ပယုတ္တက္ခန္ဓာ စ အဓိပတိစိတ္တဇရူပဉ္စအားလျော်စွာ တတ်သော စိတ္တာဓိပတိ၊ ဤတရားတို့သည် အဓိပတိအာဟာရ၊ အာဟာရအဓိပတိ နှစ်ခုလုံး ပြန်လှန်တူသည် မဟုတ်လော။"
တူပါတယ်ဘုရား။
"ဤသို့ ပစ္စယုပ္ပန်တရားတို့ တူသည်ဖြစ်ကုန်သောကြောင့် ထိုတရားတို့ကို ဤအနုလုံ၌ နည်းတူလိုက်၍လည်းကောင်း၊ ဝါဒခွဲ၍လည်းကောင်း" စသည် စသည်အားဖြင့် "အဓိပတိပစ္စယေန သတ္တ" ဟု သင်္ဂြိုဟ်တပ်၍ ဟောတော်မူအပ်ကုန်၏။ "သတ္တ" ဟူသောအခါ ကုသလောကုသလဿ စသည်ကိုတော့ဖြင့် အဓိပတိမူ အာဟာရသဘာဂ၌ ဟောကြည့်ရအောင်ဗျ။ ဆိုကြည့်ရအောင်။ ပူသွားအောင်။
နောက် ဘာပါလိမ့်။ ဟေ၊ ဟာ...
ဣ။
ဣမ်ပေါ့။ အဲဒီလိုဆိုလို့ရှိရင် "အဓိပတိမူ ဣန္ဒြိယသဘာဂ၌" အဲဒီတော့ ဘယ်နှခုတူတာပါလိမ့်။
သုံးခု။
ဘယ်နှခုတူတုန်းဟေ့။
သုံးခု။
ဒီတစ်ခါရော ဘယ်နှစ်ခုတူတာပါလိမ့်။
သုံးခု။
သုံးခုမတူဘူးလား။
တူပါတယ်။
အဲဒီတော့ "အဓိပတိမူ ဣန္ဒြိယသဘာဂ၌ သမ္ပယုတ္တက္ခန္ဓာ စ အဓိပတိစိတ္တဇရူပဉ္စအားလျော်စွာ တတ်သော ဝီရိယ၊ စိတ္တ၊ ဝီမံသာဓိပတိ ပစ္စည်းတရားတို့သည် အဓိပတိဣန္ဒြိယ၊ သို့မဟုတ် ဣန္ဒြိယအဓိပတိ၊ ဤသို့ ပစ္စယုပ္ပန်တရားတို့ တူသည်ဖြစ်ကုန်သောကြောင့် ထိုတရားတို့ကို ဤအနုလုံ၌" စသည် စသည်အားဖြင့် ဟုတ်လားဗျ၊ "နည်းတူလိုက်၍လည်းကောင်း" ဆိုပြီးတော့ "အဓိပတိပစ္စယေန ဣန္ဒြိယေ သတ္တ" ဟု သင်္ဂြိုဟ်တပ်၍ ဟောတော်မူအပ်ကုန်၏။ "သတ္တ" ဟူသောအခါ... ရလောက်ရောပေါ့ဗျာ။ ကဲ ဆိုရအောင်။
နောက် အဓိပတိနဲ့ မဂ္ဂက ဘယ်နှစ်ခုတူသလဲပါလိမ့်။
နှစ်ခု။
နှစ်ခုက ဘာနဲ့ဘာပါလိမ့်။
ဝီရိယနဲ့ ပညာ။
ဝီရိယနဲ့...
ပညာ။
ဝီမံသာဓိပတိပေါ့။ ပညာလို့ပြောလို့မရသေးဘူးလေ။
မှန်ပါ။
ရပါ့မလား။
ရပါတယ်။
အဲဒါ၊ အဲဒါ အဲဒီလိုဆိုလို့ရှိရင် မှန်တာလား၊ မှားတာလား။
မှားတာ။
မှားတာပေါ့။ ပြောလို့ အဲဒီလိုမရဘူးလေ။ နှစ်ဖက်ရ မဖြစ်ဘူးလေ။ ဟုတ်လားဗျ။ ကိုင်း၊ ဒါကြောင့်မို့လို့ "အဓိပတိမူ မဂ္ဂသဘာဂ၌ သမ္ပယုတ္တက္ခန္ဓာ စ အဓိပတိစိတ္တဇရူပဉ္စအားလျော်စွာ တတ်သော ဝီရိယာဓိပတိ၊ ဝီမံသာဓိပတိ ပစ္စည်း၊ ဤတရားတို့သည်" စသည်ဖြင့် ဆိုလို့မရဘူးလား။ အဲဒီတော့ သင်္ဂြိုဟ်ဘယ်လောက်တပ်မှာတုန်းဟေ့။
ဆ။
ဘာဖြစ်လို့ပါလိမ့်။
ဝီရိယ။
ဘယ်သူ့ကိုငဲ့လို့လဲ။
ဝီရိယ။
ဝီရိယငဲ့လို့။ ဝီရိယ ဘာလို့ငဲ့ရတာလဲဆိုရင် အကုသိုလ်တွေလည်း မရှိဘူးလား။ ကိုင်း၊ ဒါဆိုလို့ရှိရင် ရလောက်ရောပေါ့။ ဆိုရအောင်။ အဲဒီတော့ အငယ်လေးခု ပြီးမသွားဘူးလား။
ပြီးသွားပါတယ်။
အငယ်လေးခုပြီးပြီဆိုလို့ရှိရင် အလတ်လေးခုကို နည်းနည်းစဉ်းစားကြည့်ရအောင်။ အလတ်လေးခု စဉ်းစားလိုက်တဲ့အခါမှာ အဓိပတိမူ အညမညသဘာဂနဲ့ အဓိပတိသမ္ပယုတ္တသဘာဂတို့က အတူတူပဲ။ ဟုတ်တယ်မဟုတ်လား။ ပြောခဲ့တာမဟုတ်ဘူးလားဗျ။
မှန်ပါ။
အဲဒီတော့ ကိုယ်တော်တို့ စာမျက်နှာ ၄၃ ရဲ့ ဟိုအောက်နားမှာ ကိုယ်တော်တို့ မှတ်ချက်တွေပါတယ်မဟုတ်လား။
မှန်ပါ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပေးပို့ထားသောစာပိုဒ်ကို မြန်မာစာလုံးပေါင်းသတ်ပုံစည်းမျဉ်းများနှင့်အညီ စစ်ဆေးတည်းဖြတ်ပြီး စာဖတ်၍ ပိုမိုချောမွေ့စေရန် ပုဒ်ဖြတ်၊ ပုဒ်ရပ်များ ထည့်သွင်းပေးထားပါသည်။

ပြင်ဆင်တည်းဖြတ်ပြီးသော စာပိုဒ်

အဲဒီလိုဆိုလို့ရှိရင် အဲဒီတော့ "အဓိပတိမူ သမ္ပယုတ္တသဘာဂ" ဆိုလို့ရှိရင် "သမ္ပယုတ္တက္ခန္ဓာအားလျော်စွာ တတ်သော" ပေါ့။ ဘာလဲဗျ။
သမ္ပယုတ္တက္ခန္ဓာအားလျော်စွာ တတ်သော။
ဘာဖြစ်လို့လဲဆိုလို့ရှိရင် အညမညရတဲ့ ဟဒယဝတ္ထုက ပဋိသန္ဓေအခါမှာဖြစ်တာ။ အဓိပတိက ပဋိသန္ဓေအခါမှာရလား။
မရပါဘူး။
အဓိပတိစိတ္တဇရုပ်ဆိုတာလည်းပဲ အညမညရရဲ့လား။
မရပါဘူး။
မရဘူး။ ဒါကြောင့်မို့လို့ သူတို့နှစ်ခုက တူတူပဲ။ အဲဒီမှာပဲ "အဓိပတိမူ အညမညသဘာဂ" နဲ့ "အဓိပတိမူ သမ္ပယုတ္တသဘာဂ" တို့က တူတူပဲ။ "သမ္ပယုတ္တက္ခန္ဓာအားလျော်စွာ တတ်သော အဓိပတိလေးပါးတို့တွင် တစ်ပါးပါး" ဆိုပြီးတော့ သင်္ဂြိုဟ် "တိဏိ" တပ်ပြီးတော့ လိုက်တတ်မယ်။ ဟုတ်လား။ ကိုင်း၊ အဲဒါလေးကိုလည်းပဲ နှစ်ခုကို တစ်ခုတော် ဆိုကြည့်ရအောင်။ "အဓိပတိမူ သမ္ပယုတ္တသဘာဂ၌"။
အဲဒီတော့ ကိုယ်တော်တို့ရေ၊ စာက ကိုယ်တော်တို့ အထူးကို နားလည်ရသလိုပဲ၊ အဓိကနဲ့ သာမညကို နားလည်ရသလိုပဲ၊ ဟုတ်လားဗျာ၊ ဒီမှာလည်းပဲ စာရဲ့အဓိကနဲ့ သာမညကို နားလည်ရမယ်ပေါ့။ ဟုတ်တယ်မလားဗျ။ အရာခပ်သိမ်းမှာ တို့ ဉာဏ်ယှဉ်ရတယ်ဗျ။ ဘာယှဉ်ရတာပါလိမ့်။
ဉာဏ်ယှဉ်ရတယ်။
ဉာဏ်နဲ့ယှဉ်ပြီးတော့ လုပ်ရတယ်။ ကိုယ်တော်တို့ အခု ဆွမ်းချက်တဲ့ ဒကာမကြီးတွေဆိုလို့ရှိရင် ကြည့်လိုက်တော့၊ ဥပမာဆိုပါတော့၊ ဟင်းကို တို့ အရွက်အရင်ကြော်ရမလား၊ အရိုးအရင်ကြော်ရမလား။
အရိုးအရင်ကြော်ရမယ်။
ပြိုင်တူကြော်ရမလား။
အေး၊ အဲဒီတော့ အတွေးပါဖို့က အရေးကြီးတယ်ဗျ။ ဟုတ်လား။ ဒီဘက်က အခု သင်ပေးနေစဉ်အခါက ဟို မကွေးမြို့ရဲ့အရှေ့ဘက် ၁၁ မိုင်လောက်ဝေးတဲ့ စစ်တိုင်ကန်ရွာဇာတိပေါ့၊ ကိုရင်ဝိစိတ္တတဲ့။ သူ့ရဟန်းဒကာတွေက အခု မန္တလေးတုန်းကနေတော့ ရဟန်းခံမယ်ဆိုတော့ ငါးခြောက်တွေ၊ ငါးရံ့ခြောက်ကြီးတွေ ကောင်းကောင်းမွန်မွန် အထူးကြီးတွေပေါ့ဗျာ။ ငါးရံ့ခြောက်ကြီးတွေ အသားတွေချည်းပဲ။ အဲဒါ သူက စာမေးပွဲနီးပြီဆိုတော့ အဲဒါ ငါးခြောက်ကြော်မယ်ပေါ့။ ငါးခြောက်ကြော်မယ်ဆိုတော့ သူက ငါးခြောက်နဲ့၊ ခုနက ငါးခြောက်ကြီးတွေကလည်းပဲ အတုံးကြီးတွေ၊ အကြီးတွေပဲ တုံးတင်ထားတာပေါ့လေ။ အဲဒီထဲမှာ ခိုးလို့ကောင်းအောင်ဆိုတော့ ရေလေးက နည်းနည်းလေးစွတ်ထားတာကိုး။ အဲဒါနဲ့လည်း သူက အဲဒီငါးရံ့ခြောက်နဲ့၊ ငါးရံ့ခြောက်အတုံးအသစ်တွေ ခပ်ထူထူတွေ တုံးခါနီးနဲ့ ငရုတ်သီးမှုန့်အစိမ်းနဲ့ သူက ရောကြော်တော့မှာ။ ဟုတ်လားဗျာ။ ကြော်တော့မှာဆိုတော့ ဒီကမနေသာဘူး။ "ဟာ ကိုရင်၊ မင်း ကိုရင်ဝိစိတ္တ၊ မင်း ဘာလုပ်မလို့တုန်း။" "ငါးခြောက်ကြော်မလို့" တဲ့။ "စဉ်းစားလေးလုပ်ကွာ" ပေါ့လေ။ "ဘာစဉ်းစားရမှာတုန်း" တဲ့။ ဟိုက ဒီထဲမှာ ဟိုတုန်းကတော့ ဒီလို ရေနံဆီမီးဖိုနဲ့ ချက်တာကိုး။ ကျောင်းတန်းကျောင်းတန်းမှာ ရေနံဆီမီးဖိုတွေရှိတယ်။ ရေနံဆီတစ်ပုလင်းမှာ စောစောပိုင်းကတော့ တစ်ကျပ်ငါးမူးပေါ့။ ရေနံဆီပင် ငါးမူး။ ကိုယ်တို့ ရေနံဆီကို မတွေ့ဖူးဘူး ကိုယ်တို့။
တွေ့ဖူးသလား။
တင်ပါ့ဘုရား။
အေး၊ တော်တော်သေးတာ။ တော်တော်ရှားယူရမယ်။ ဟုတ်လား။ မူးအောင်ရှားရမှာဆို အဲဒါပဲ။ ဟုတ်လားဗျ။ ဟိုတုန်းကတော့ ခေတ်ကတော့ တော်တော်ပေါ်လာတာကိုးဗျ။ အဲဒီတော့ ရေနံဆီထုတ်တာက သိပ်အဝေးကြီးပေါ့ဗျာ။ ဒီအောင်မင်္ဂလာကျောင်းအထိ။ အဲဒါ လာထုတ်ရတာ။ အဲဒီတော့ အဲဒီကျောင်းတိုင်းကျောင်းတိုင်းမှာပေါ့ဗျာ၊ လေးထောင့်ပုံးအကြီးတွေနဲ့ပေါ့။ အဲဒါ လေးထောင့်ပုံး၊ ဆီပိဿာခြောက်ဆယ်ဝင်တဲ့ပုံးတွေနဲ့ အဲဒီလိုပဲရတာပေါ့။ အဲဒါနဲ့ အဲဒီလိုပဲ မြင်ယောင်ကြည့်တာပေါ့လေ။ ချက်တာ။ အဲဒါနဲ့ အခုတင်လိုက်ပြီ။ ဟိုက ဆီက "ကွက်ကွက် ကွက်ကွက်" နဲ့ ကွက်နေပြီ။ အဲဒါ "ကိုရင်၊ မင်း စဉ်းစားဦး" လို့ဆိုတော့ "ဘာစဉ်းစားရမှာတုန်း" ဆိုတော့ "ရှဲ" ကနဲဗျာ၊ လှူထည့်ချလိုက်တယ်ပေါ့ဗျာ။ ကိုင်း၊ ကိုယ်တော်တို့ စဉ်းစားကြည့်ပြီးတော့။ ဟုတ်လား။ ငရုတ်သီးက ငရုတ်သီးမှုန့်က အစိမ်း၊ ရေစိုထားသေးတယ်။ အောင်မယ်၊ ကြီးသလား။
ဖြစ်သွားပါတယ်။
အဲဒါ ဘာဖြစ်သွားမှာတုန်း။ ဟမ်။ ငရုတ်သီးက ကျွမ်းသွားပြီး ဟိုဥစ္စာက ဘာဖြစ်တုန်း။
မကျက်သေးဘူး။
ကျက်ကိုမကျက်သေးဘူး။ ဟုတ်လား။ အမလေးလေးလေး။ ဖြူး၊ နောက်မှ ထည့်ချရမှာ။ ဘာပါလိမ့်။
အယ်၊ အဲဒီလို သိလို့ကောင်းပါ့မလား။
ကောင်းပါတယ်။
အရာခပ်သိမ်းဆို ပြောချင်တာ၊ အရာခပ်သိမ်းမှာ လုပ်ကြံစဉ်းစားရတယ်။ အထူအပါး နားလည်ရတယ်။ အလေးအပေါ့ကို နားလည်ရတယ်။ အဓိကနဲ့ သာမညကို နားလည်ရတယ်။ စကားလုံးကတော့ ဒါတွေချည်းပါပဲ။
ကိုင်း၊ ဒါကြောင့် အခု ကောင်းကွက်၊ လှကွက် ဒီနှစ်ခုက ပိုကောင်းတယ်ပေါ့ဗျာ။ ပြောချင်တာက အခု "အဓိပတိဝိပါကသဘာဂ" က၊ "အဓိပတိမူ" ဘာပါလိမ့်။
ဝိပါကသဘာဂ။
ဝိပါကသဘာဂ။ အလွန်ကောင်းတာ ကိုယ်တော်တို့ရေ။ ကောင်းတာကို ကိုယ်တော်တို့ ကောင်းတယ်လို့မသိမှာစိုးလို့ ဆရာက ကောင်းတယ်လို့ပြောလိုက်ပြီ။ မေးဖို့ကောင်းတာမဟုတ်ဘူး။ ကိုယ်တော်တို့အတွက် ကောင်းတာ။
မေးဖို့လည်းကောင်းပါတယ်။
အေး၊ ကောင်းတာပေါ့ဗျာ။ ကဲ ဟုတ်လား။ ကိုင်း၊ ဒါဆိုလို့ရှိရင် "အဓိပတိမူ ဝိပါကသဘာဂ၌ သမ္ပယုတ္တက္ခန္ဓာ စ အဓိပတိစိတ္တဇရူပဉ္စအားလျော်စွာ တတ်သော ဖိုလ်လေးခု၌ရှိသော အဓိပတိတရားကိုယ်လေးပါးတို့တွင် တစ်ပါးပါး။" သုံးပါး၊ လေးပါးဆိုရင် ကျက်သရေမရှိဘူး။ ဟုတ်လားဗျာ။ အဲဒါ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ကိုယ်တော်တို့ရေ၊ ဝိပါက်ထိုက်တဲ့ဇောဆိုတာက ဘာပဲရှိတုန်း။ လေးခုပဲရှိတယ်။ ဒါပြောခဲ့ပြီ။ ဟိုဘက်တုန်းကလည်း ပြောခဲ့ပြီ။ ကိုယ်တော်တို့ နောက်တစ်ခေါက်ပြန်ပြောမယ်။ "အဓိပတိမူ ဝိပါကသဘာဂ၌ သမ္ပယုတ္တက္ခန္ဓာ စ အဓိပတိစိတ္တဇရူပဉ္စအားလျော်စွာ တတ်သော ဖိုလ်လေးခု၌ရှိသော အဓိပတိတရားကိုယ်လေးပါးတို့တွင် တစ်ပါးပါး၊ ဤတရားတို့သည် အဓိပတိဝိပါက၊ သို့မဟုတ် ဝိပါကအဓိပတိ၊ ဤသို့ ပစ္စယုပ္ပန်တရားတို့ တူသည်ဖြစ်ကုန်သောကြောင့် ထိုတရားတို့ကို" ဘာညာဘာညာသွားပြီးတော့ "ဧကံ" ပေါ့။ "အဓိပတိပစ္စယာ ဝိပါကေ ဧကံ၊ ဝိပါကပစ္စယာ အဓိပတိယာ ဧကံ။" ကိုင်း၊ အဲဒါလေး ကောင်းကွက်လှကွက်ကလေး ဆိုကြည့်ရအောင်ဗျ။
ကိုင်း၊ ကောင်းလွန်းလို့ ဒီ "အဓိပတိမူ ဝိပ္ပယုတ္တသဘာဂ" တော့ ကျောင်းမှာ လေးနှစ်ဆက်တိုက်မေးလိုက်တယ်။ ကျောင်းမှာ ဘယ်နှစ်နှစ်ပါလိမ့်။
လေးနှစ်။
လေးနှစ်ဆက်တိုက်မေးလိုက်တယ်။ ကျောင်းမှာ လေးနှစ်ဆက်တိုက်မေးလိုက်တယ်။ ပြီးခဲ့တဲ့နှစ်ကလည်း မေးတယ်။ တိုင်းမှာလည်း မေးတယ်။ ရသလားဆိုတော့ မရဘူးတဲ့ဗျ။ အဲဒီတော့ ကိုယ်တော်တို့ ပြောနေကျစကားအတိုင်း "ကျွန်တော်မျိုးကြီး ဘာပါလိမ့်။"
သေသင့်တာ။
သေသင့်တာပေါ့ဗျာ။ ပေါ့ပေါ့တန်တန်သေတာမဟုတ်ဘူး။ ကိုယ်တော်တို့ အဲဒါ အဲဒါ သင်္ကန်းနဲ့ဆွဲကြိုးချ သေသင့်တာ။ ဟုတ်လား။ အဲဒီလိုရှိတယ်ပေါ့။ သေသင့်တာ ဟုတ်ရဲ့လား။
မဟုတ်ပါဘူး။
ကျောင်းမှာ လေးနှစ်ဆက်တိုက်တောင် မေးထားတာ။ ဒါ ကောင်းလွန်းလွန်းလို့။ ဒါကို ကိုယ်တော်တို့ အလွန်အင်မတန်ကောင်းတာ ပြောထားလိုက်တယ်။
ကိုင်း၊ အဲဒီတော့ ကိုယ်တော်တို့ စာမျက်နှာ ၄၃ ရဲ့ ဟိုအောက်နားမှာ အခု အလတ်နဲ့ ဝိပ္ပယုတ္တနဲ့၊ အငယ်အလတ်ဖြစ်တဲ့ ဝိပ္ပယုတ္တနဲ့ အငယ်နဲ့တွဲစပ်ရင် ဘယ်လိုဆိုရမယ်ဆိုတဲ့အချက် ကိုယ်တော်တို့ ပြောခဲ့ပြီးပြီလေ။ ဟုတ်လား။ ပြောခဲ့ဖူးလား။ ကိုင်း၊ ဒါဆိုလို့ရှိရင် နည်းနည်းလေး အတွေးချဲ့လိုက်။ ဉာဏ်တံခါးကို ဖွင့်ထားလိုက်။ ဦးနှောက်တံခါးတွေ ဖွင့်ထား။ ဖွင့်ထားပြီလား။
ဖွင့်ပါပြီဘုရား။
ကိုင်း၊ ဒါဆိုလို့ရှိရင်တော့ သဟဇာတဝိပ္ပယုတ္တဆိုတာက သူ့ရှိတာက သင်္ဂြိုဟ်ဘယ်လောက်ရှိတာပါလိမ့်။
ဟောဗျာ၊ အားမရလိုက်တာ။ ကိုယ်တော်တို့ ဥစ္စာလည်း ဘယ်လိုပါလိမ့်ဗျ။
အဲ လုပ်စမ်းပါဗျ။ မောင်ခေါ်ရမယ်။ လိုက်စမ်းပါဦး။ ကဲ၊ ဥစ္စာ အဲဒီတော့ တည်နည်းရနေပြီ။ အဲဒီတော့ အခု စာမျက်နှာ ၂ ကို ကြည့်ထား။ ၂ နဲ့ ၁၄ ကို တွဲကြည့်ထား။ အဲဒီတော့ အခု ၂ မှာဆိုလို့ရှိရင် သမ္ပယုတ္တက္ခန္ဓာကို ပယ်ပေါ့။ ကျန်တာ ဒီအတိုင်းပဲရမှာ။ သမ္ပယုတ္တက္ခန္ဓာမပါတဲ့အတွက်ကြောင့် သင်္ဂြိုဟ် အဲဒီမှာ သင်္ဂြိုဟ်ဒီနည်းရမယ်။ စာမျက်နှာ ၁၄ က အဓိပတိနဲ့ ဝိပ္ပယုတ္တတို့ စတင်ဆုံတာ ဘယ်လောက်မှာဆုံတာပါလိမ့်။ စာမျက်နှာ ၁၄ မှာလေ။
၆။
အေး၊ ၆ မှာဆုံတယ်။ ဟုတ်လားဗျ။ ၆ မှာဆုံတော့ ရေနံချောင်းမှာဆုံတာမဟုတ်ဘူး။ ဟုတ်လားဗျ။ ကိုင်း၊ ဒါဆိုလို့ရှိရင် အဲဒီလိုတွေ ကြည့်ထား။ "အဓိပတိမူ ဝိပ္ပယုတ္တသဘာဂ" သို့မဟုတ် "ဝိပ္ပယုတ္တမူ..."
အဓိပတိ။
"အဓိပတိသဘာဂ၌" အာရုံလေးစိုက်ထား။ "အဓိပတိစိတ္တဇရုပ်အားလျော်စွာ တတ်သော အဓိပတိလေးပါးတို့တွင် တစ်ပါးပါးဟု ဆိုအပ်သော သဟဇာတာဓိပတိ။" သဘောပေါက်တယ်နော်။ စာမျက်နှာ ၁၄ ကိုသွား။ "အလေးအမြတ်ပြုတတ်သော လောကုတ္တရာမရဏာသန္နဇောအားလျော်စွာ တတ်သော၊ မရဏာသန္နဇောအားလျော်စွာ တတ်သော အလေးအမြတ်ပြုအပ်သော စုတိစိတ်နှင့်တကွဖြစ်သော တစ်ဆယ့်ရှစ်ချက်မြောက်သော စိတ်နှင့်အတူဖြစ်သော ဟဒယဝတ္ထုဟုဆိုအပ်သော ဝတ္ထုပုရေဇာတာဓိပတိပစ္စည်း၊ ဤတရားတို့သည် အဓိပတိဝိပ္ပယုတ္တ" သို့ ဘာပါလိမ့်။
ဝိပ္ပယုတ္တ။
"ဝိပ္ပယုတ္တအဓိပတိပစ္စည်း နှစ်ပါးသောတရားတို့မည်ခေါ်၏။ ထို့ကြောင့် ထိုတရားတို့ကို" ဘာညာဘာညာ "ဝိပ္ပယုတ္တပစ္စယာ အဓိပတိယာ" သို့မဟုတ် "အဓိပတိပစ္စယာ ဝိပ္ပယုတ္တေ..."
ဆ။
"ဆ"။ ခုနက ပြောခဲ့ပြီးပြီ။ ကိုယ်တော်တို့ကို သဟဇာတဝိပ္ပယုတ္တက ကုသလောအဗျာကတဿ၊ အကုသလောအဗျာကတဿ၊ အဗျာကတောအဗျာကတဿ၊ အဗျာကတောအကုသလဿဆိုတာ သင်္ဂြိုဟ်ဘယ်လောက်ပါလိမ့်။
သင်္ဂြိုဟ်၊ သင်္ဂြိုဟ်။
ဘယ်လောက်တုန်းဗျ။
စတ္တာရိ။
စတ္တာရိ။ ဒီတစ်ခါတော့ ဒီစတ္တာရိလောက်တော့ မမေးဘူး။ "သင်္ဂြိုဟ်ကိုပြ၍ နောက်ဆုံးသင်္ဂြေဟ်၏ ကတ္တားအရကိုသာ ကောက်ပြပါ" မေးမှာ။ ဟုတ်လား။ မှတ်မိလား။
မှန်ပါ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပေးပို့ထားသောစာပိုဒ်ကို မြန်မာစာလုံးပေါင်းသတ်ပုံစည်းမျဉ်းများနှင့်အညီ စစ်ဆေးတည်းဖြတ်ပြီး စာဖတ်၍ ပိုမိုချောမွေ့စေရန် ပုဒ်ဖြတ်၊ ပုဒ်ရပ်များ ထည့်သွင်းပေးထားပါသည်။

ပြင်ဆင်တည်းဖြတ်ပြီးသော စာပိုဒ်

ဆိုပါတော့၊ "ဝိပ္ပယုတ္တပစ္စယာ အဓိပတိယာ" သင်္ဂြိုဟ်တပ်ပြ၍ နောက်ဆုံးဝိဘင်း၊ သို့မဟုတ် နောက်ဆုံးသင်္ဂြေဟ်၏ ဘာလဲဗျ၊ ထိုက်သော ကတ္တား၊ သို့မဟုတ် ဘာလဲ၊ သမ္ပဒါန်၊ သမ္ပဒါန်၊ နောက်ဆုံးသင်္ဂြေဟ်က ဘာတုန်း။
သမ္ပဒါန်။
အေး၊ ဒီသုဒ္ဓသင်္ဂြိုဟ်အတိုင်းပဲ၊ ဒီသုဒ္ဓသင်္ဂြိုဟ်အတိုင်းပဲ ကောက်မှာ။ အဲဒီလို အဲဒီလိုမေးမှာ။ ဟုတ်လားဗျ။ အဲဒါ ကိုယ်တော်တို့ကတော့ ရှိမှာပေါ့။ "ဘုန်းကြီးကလည်း ရက်စက်မှုအပေါင်း သရဖူဆောင်းလိုက်တယ်" ပေါ့။ ဟုတ်လား။ မရက်စက်ပါဘူးဗျို့။ ရင်ဘတ်ထဲကို ထည့်ပေးလိုက်တာ။ ဟုတ်လားဗျ။ ကိုင်း၊ အဲဒီလိုဆိုလို့ရှိရင် "အဓိပတိမူ ဝိပ္ပယုတ္တသဘာဂ၌" ဆိုပြီးတော့ နှစ်ခေါက်ပြင်းပြင်းထန်ထန် ဆိုကြည့်ရအောင်။ ရတယ်။
အဲဒီတော့ ကိုယ်တော်တို့ စာမျက်နှာ ၄၈ မှာဆိုလို့ရှိရင်၊ ဒါ ကိုယ်တော်တို့ စာမျက်နှာ ၅၀ မှာ နည်းနည်းလေး ပါးပါးလေး သွားရေးထားပါဦး။ အဲဒီတော့ အဓိပတိမှာဆိုလို့ရှိရင် စာမျက်နှာ ၅၀ မှာပေါ့လေ။ စာမျက်နှာ ၅၀ က အဲဒါ ဒီအဓိပတိမှာ ဒီမှာ ၃၀ ဆိုလို့ရှိရင် အောက်နားမှာဆိုလို့ရှိရင် အဓိပတိကိရဏက ၃၄ မဟုတ်ဘူးလား။ ၃ ဆိုတာက မေတ္တိကကိရဏမှာ ၃ ချက်၊ ပုဂ္ဂလကိရဏမှာ...
၃ ချက်။
အဲဒီလိုဆို ၄၈ ပြန်သွား။ အဲဒီ ၄၈ ပြန်သွားတဲ့အခါကျလို့ရှိရင် ၄၈ က အထက်က မေတ္တိကကိရဏ ခေါင်းစဉ်ကို လှမ်းကြည့်လိုက်တဲ့အခါမှာ ဘယ်ဘက်အခြမ်းကို လှမ်းကြည့်လိုက်မယ်ဆိုလို့ရှိရင် "ဒီ" ဆိုတာ မတွေ့ဘူးလား။
တွေ့ပါတယ်။
"ဒီ" ရဲ့ ဟိုးထိပ်ဆုံးက ၁၀ ကို လှမ်းကြည့်လိုက်။ ထိပ်ဆုံး ၁၀ တွေ့ပြီလား။
တွေ့ပါတယ်။
အဲဒီတော့ ၁၁ ချက်ရှိတဲ့ထဲက ၁၀ ချက်၊ နံပါတ် ၁၀ က "ဝတ္ထာဓိ၊ သဟာဓိ၊ ဝိပ္ပယုတ္တာဓိ" လို့ ရေးရမှာ။ ဒါ နည်းနည်းလေး နောင်ကျတော့ ပြင်မှာပေါ့ဗျာ။ ဟုတ်တယ်မလား။ အဲဒီတော့ ကိုယ်တော်တို့ အထဲမှာက အနီလေးနဲ့ပေါ့၊ အဲဒီမှာ အဓိပတိနဲ့ ဝိပ္ပယုတ္တနဲ့ အဲဒီမှာ ဝိုင်းထားတယ်။ အထက်နဲ့ဝိုင်းပြီးတော့မှ တစ်ခါတည်း အထက်နဲ့ဆက်သွယ်ပြီးတော့။ ဟုတ်လားဗျ။ ဘယ်လိုလေးလဲ။ အဲဒီက မြားမြင်လေးကို ဝိုင်းလိုက်တာ။ အဓိပတိတိုင်က မြားမြင်လေးပဲ ဝိုင်းလိုက်။ ဝိပ္ပယုတ္တတိုင်က မြားမြင်လေးပဲ ဝိုင်းလိုက်ပြီးတော့မှ အထက်နဲ့အောက်မှာ ဘာပါလိမ့်ဗျ။ အဲဒါ အနီလေးနဲ့ ဆက်သွယ်ထားလိုက်။ ဟုတ်လား။ ဒါလည်း "အဓိပတိမူ ဝိပ္ပယုတ္တသဘာဂ"၊ "ဝိပ္ပယုတ္တမူ အဓိပတိသဘာဂ" ကနေ ရရှိလာတဲ့ ဘာလဲဗျ၊ ကိရဏ။ ဟုတ်လားဟေ့။ အဲဒီက ကိရဏက ဒါပဲ။ သိပြီလားဟေ့။ ဆိုရမလား၊ ဆိုရမလားဟေ့။
ရပါတယ်ဘုရား။
ကိုင်း၊ အဲဒီလိုဆိုလို့ရှိရင် အဲဒီမှာ အဲဒါ အဓိပတိကိရဏ၊ အဲဒီမှာ မေတ္တိကကိရဏ ၃ ချက်ထဲက နောက်ဆုံးကိရဏပေါ့။ ကိုင်း၊ အဲဒီလိုဆိုလို့ရှိရင် "သနိဿယသယုတ္တကိရဏ၌" ဆိုပြီးတော့ ဒါလေးဆိုကြည့်မယ်။ ခုနက ဆိုရိုးအတိုင်းပဲလေ။ "သနိဿယသယုတ္တကိရဏ၌" ဆိုကြည့်ရအောင်။
အဲဒီတော့ အဓိပတိမူ ဝိပ္ပယုတ္တသဘာဂကနေပြီးတော့ အဓိပတိနဲ့ ဝိပ္ပယုတ္တရရင် နိဿယနဲ့ အတ္ထိ၊ အဝိဂတလည်း ရတဲ့အတွက်ကြောင့်မို့လို့ သူတို့က သဟဇာတတရား၊ ခုနက အဲဒီက ခုနက အဲဒီက သဘာဂအတိုင်းပဲ ဆိုပြီးတော့မှ "ဤတရားတို့သည် အဓိပတိ၊ နိဿယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ၊ ငါးပစ္စည်းသောတရားတို့မည်ကုန်၏။ ထို့ကြောင့် ထိုတရားတို့ကို ဤအနုလုံ၌ အဓိပတိ၊ နိဿယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ" ဟု သင်္ဂြိုဟ်တပ်၍ ဟောတော်မူအပ်ကုန်၏။ အဲ စာမျက်နှာ ၄၈ က ထိပ်စီးနံပါတ် ၁၀ ပဲ။ တွေ့လား။ အဲဒီတော့ နံပါတ် ၁၀ ကို တကယ်လို့ ကိုယ်က အဓိပတိဟောတာပဲ၊ အဲဒီက ငါးပစ္စည်းက ဘယ်သူ့ပဲဟောဟော ဒါပဲကောက်မှာ။ ဒီအတိုင်းပဲ၊ ဒီအတိုင်းပဲ နာမည်ပဲကောက်မှာ။ ဒီအတိုင်းပဲ။ ဒီတရားကိုယ်၊ ဒီသင်္ဂြိုဟ်ပဲ။ ပြောကြည့်ပါလိမ့်။
ဒီတရားကိုယ်၊ ဒီသင်္ဂြိုဟ်။
ဒီသင်္ဂြိုဟ်ပဲ။ ဟုတ်လားဗျ။ ဒီတရားကိုယ်က ဘာပါလိမ့်။
ဒီသင်္ဂြိုဟ်။
ဒီပစ္စည်း၊ ဒီတရားကိုယ်၊ ဒီသင်္ဂြိုဟ်အတိုင်းပဲလို့ ဒီလိုမှတ်ရမယ်။ ကိုင်း၊ ဒါဆိုလို့ရှိရင် ကိုယ်တော်တို့ အဲဒီစာမျက်နှာ၊ ခုနက စာမျက်နှာ ၄၂ ကို နည်းနည်းလေး သွားကြည့်ရအောင်။ သွားမှာ၊ အခုသွားမှာကတော့ ကိုယ်တော်တို့ သဟဇာတာဓိပတိမူ သဟဇာတငယ်တွေ ပြီးသွားပြီ။ သဟဇာတအလတ်လည်း ပြီးသွားပြီမဟုတ်လား။ သဘာဂဟောခဲ့တာ။ အကြီးကို သွားရအောင်။ အကြီးကိုသွားတဲ့အခါ သဟဇာတပစ္စည်းနဲ့ သဘာဂပြုလုပ်ဟောမယ်ဆိုရင် ဒါ သဟဇာတက မျိုးမရှိလို့မို့ သဟဇာတာဓိပတိအတိုင်း သွားမှာပေါ့။ ဟုတ်လားဟေ့။ ဒါတော့ မရှင်းဘူးလား။
ရှင်းပါတယ်။
ရှင်းတယ်။ ဒါဆိုလို့ရှိရင် အဓိပတိမူ နိဿယသဘာဂကို သွားမယ်။ အဓိပတိမူ ဘာပါလိမ့်။
နိဿယသဘာဂ။
နိဿယသဘာဂကို သွားမှာဖြစ်တယ်ပေါ့။ အဲဒီတော့ အဓိပတိနိဿယသဘာဂ သွားမယ်ဆိုလို့ရှိရင် စာမျက်နှာ ၄၂ က မျိုးကွဲဆိုတာလေး နည်းနည်းလေး ဖတ်ကြည့်ရအောင်။ စာမျက်နှာ ၄၂ တွေ့ပြီလား။
တင်ပါ့။
အလယ်ခေါင်လောက်။ ကိုယ်တော်တို့ ဘာလဲ။
မျိုးကွဲ။
မျိုးကွဲတဲ့။ ကိုယ်တော်တို့ ဟိုတုန်းက မပြောခဲ့ဘူး။ ကိုယ်တော်တို့ ဟိုတုန်းက နားရှုပ်မှာစိုးလို့ မပြောခဲ့ဘူး။ ခုမှပြောတော့မှာ။ အဲဒီတော့ မျိုးကွဲတဲ့။ "မျိုးကွဲရှိသော အဓိပတိတို့လို ပစ္စည်းများ၌ ထိုမျိုးကွဲရှိသော တရားများကိုလည်း တရားကိုယ်တူရာ၊ သင်္ဂြိုဟ်တူရာ၌ ထည့်ပေါင်းပြီးတော့ မတူသည့်သင်္ဂြိုဟ်များ၊ မတူသည့်ပစ္စည်းများကို ဖြည့်စွက်ယူငင်ရပါလိမ့်မယ်" တဲ့။ အဲဒီတော့ အခု သဟဇာတာဓိပတိမှာ ၁၂ ပစ္စည်းရှိတယ်။ အဲဒီ ၁၂ ပစ္စည်းပဲ အာဒိမှာမတူတဲ့ အာရမ္မဏရယ်၊ ဥပနိဿယရယ်၊ ပုရေဇာတရယ်၊ ၃ ပစ္စည်းထည့်လိုက်မယ်ဆိုလို့ရှိရင် အဓိပတိသဘာဂလည်း ၁၅ ပစ္စည်းဖြစ်သွားပါလိမ့်မယ်တဲ့။ ခု အဓိပတိယာဒသမှာဆိုလို့ရှိရင် အခု သဟဇာတဓိပတိသုဒ္ဓသင်္ဂြိုဟ်ခုနစ်တွင်းတဲ့ အာရမ္မဏမျိုး၊ စာမျက်နှာ ၁၄ က အာဒိ၊ အာရမ္မဏပုရေဇာတာဓိပတိသင်္ဂြိုဟ်နဲ့ ပေါင်းပြီးတော့ ဗျာကတောအကုသလထည့်မယ်ဆိုရင် သင်္ဂြိုဟ် ၁၀ ထွက်လားဗျာ။ သင်္ဂြိုဟ် ၁၀။
တို့ကပြောမှာက အခုပြောမှာက "အဓိပတိမူ နိဿယသဘာဂ"။ ပြောကြည့်စမ်းပါဦး။
အဓိပတိမူ နိဿယသဘာဂ။
အဓိပတိမူ နိဿယသဘာဂဆိုလို့ရှိရင် အဲဒီတော့ အခု နိဿယက သဟဇာတကို လှမ်းကြည့်မယ်ဆိုလို့ရှိရင် နိဿယက အကြီး၊ အဓိပတိက...
အယ်၊ အငယ်ဖြစ်မနေဘူးလား။
ဖြစ်နေပါတယ်။
အဲဒီလိုဆိုလို့ရှိရင် သဟဇာတာဓိပတိအတိုင်း မရဘူးလား။
ရပါတယ်။
သဟဇာတာဓိပတိအတိုင်း ရနေပြီ။ အာရမ္မဏမျိုးကို ကြည့်တဲ့အခါမှာ အဓိပတိနဲ့ နိဿယတို့ဟာ ဘယ်သင်္ဂြိုဟ်မှာ ဆုံစည်းတာတုန်းဗျ။
၆ မှာ။
နံပါတ် ၆ မှာ မဆုံစည်းဘူးလား။ အဲဒီလိုဆိုလို့ရှိရင် သဟဇာတဓိပတိသုဒ္ဓသင်္ဂြိုဟ်ရယ်၊ စာမျက်နှာ ၁၄ က နံပါတ် ၆ သုဒ္ဓသင်္ဂြိုဟ်ရယ်၊ ဒီနှစ်ခုဆိုမှာပေါ့ဗျာ။ ဟုတ်တယ်မဟုတ်လား။
ကိုင်း၊ ဒါဆိုလို့ရှိရင် သဘောပေါက်သွားပြီ။ သေချာနားထောင်။ "အဓိပတိမူ နိဿယသဘာဂ၌ သမ္ပယုတ္တက္ခန္ဓာ စ အဓိပတိစိတ္တဇရူပဉ္စအားလျော်စွာ တတ်သော အဓိပတိတရားကိုယ်သုံးပါး၊ လေးပါးတို့တွင် တစ်ပါးပါးဟု ဆိုအပ်သော သဟဇာတာဓိပတိပစ္စည်း။" ဟုတ်လားဗျ။ ရတယ်နော်။ နောက် စာမျက်နှာ ၁၄ က ဝတ္ထုပုရေဇာတပေါ့။ နံပါတ် ၆။ "အလေးအမြတ်ပြုတတ်သော လောဘမူမရဏာသန္နဇောအားလျော်စွာ တတ်သော အလေးအမြတ်ပြုအပ်သော စုတိစိတ်နှင့်တကွဖြစ်သော တစ်ဆယ့်ရှစ်ချက်မြောက်သော စိတ်နှင့်အတူဖြစ်သော ဟဒယဝတ္ထုဟု ဆိုအပ်သော ဝတ္ထုပုရေဇာတာရမ္မဏာဓိပတိပစ္စည်း။ ဤတရားတို့သည် အဓိပတိနိဿယ နှစ်ပင်တပ်သော တရားတို့မည်ကုန်၏။" ဟုတ်လားဗျ။ နည်းလေးကို သိသွားပြီနော်။ ဟုတ်လားဗျာ။ မျိုးကွဲရှိရင် မျိုးကွဲရှိတဲ့တရားအားလုံးကို စဉ်းစားရမယ်တဲ့။ အဲဒီလိုဆိုလို့ရှိရင် သင်္ဂြိုဟ်က ဘယ်လောက်ဖြစ်မလဲဆိုတာ စဉ်းစားကြည့်လိုက်။ ဟိုတုန်းက သင်္ဂြိုဟ်က သတ္တ။ သဟဇာတဓိပတိက သတ္တရမယ်။ သတ္တထဲမှာက ဗျာကတော၊ စာမျက်နှာ ၁၄ က နံပါတ် ၆ ဆိုတော့ ဗျာကတောက လာပါသလား၊ မပါဘူးလား။
ပါပါတယ်ဘုရား။
ဟာ၊ ပါလား။
မပါပါဘူးဘုရား။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပေးပို့ထားသောစာပိုဒ်ကို မြန်မာစာလုံးပေါင်းသတ်ပုံစည်းမျဉ်းများနှင့်အညီ စစ်ဆေးတည်းဖြတ်ပြီး စာဖတ်၍ ပိုမိုချောမွေ့စေရန် ပုဒ်ဖြတ်၊ ပုဒ်ရပ်များ ထည့်သွင်းပေးထားပါသည်။

ပြင်ဆင်တည်းဖြတ်ပြီးသော စာပိုဒ်

ဪ၊ ဒါကိုပဲ ကြည့်စမ်းပါဦး။ ကိုယ်တော်တို့ ပြောလိုက်လို့ အမေမပြောတော့ဘူးဗျ။ ဘာပါလိမ့်။
အမေမျိုး၊ အမေမပြောတော့ ဘာလဲဗျ။ အမေမပြောတော့ ဘယ်သူပြောနေတာလဲ။ ဟုတ်လား။ ဘုန်းကြီးပြောတာပေါ့ဗျာ။ ဟုတ်လား။ ကိုယ်တော်တို့ အဲဒီလိုပြောတော့ အမောမပြေတော့ဘူးဗျ။ ဟုတ်လား။ ဟုတ်တယ်မဟုတ်လား။ ဟမ်။ အဲဒီတော့ အကုသလထည့်မယ်ဆိုရင် သင်္ဂြိုဟ်ဘယ်လောက်ပါလိမ့်။
အဋ္ဌ။
အာ၊ အဲဒီလိုဖြစ်ရမှာ။ အဲဒီလို "တွဲ" ကနဲ "တန်း" ကနဲ ပါလာရမှာ။ အဲဒါမှ အရသာရှိတာ။ သိရမယ့်ကိစ္စကို မသိတော့ဘူးဆိုတာကျတော့ ခုနက "ဟိုက်" ကနဲဆို မောသွားတာ။ ဟုတ်လားဗျာ။ ဘယ်လိုမောသွားတာတုန်း။
"ဟိုက်" ကနဲဆို၊ "ဟိုက်" ကနဲဆို မောသွားတာ။ "ဤတရားတို့သည် အဓိပတိနိဿယနှစ်ပစ္စည်းတပ်သော တရားတို့မည်ကုန်၏။ သင်္ဂြိုဟ် အဋ္ဌဟူ၍။ ဤသင်္ဂြိုဟ် အဋ္ဌဟူသောအခါ..." ကိုင်း၊ ဆိုရအောင်။ "အဓိပတိမူ နိဿယသဘာဂ၌" နှစ်ခေါက်ဆို။
အဲ စာမျက်နှာ ၄၈၊ ကိုယ်တော်တို့ ခုနက စောစောက ပြောခဲ့ပြီ။ မေတ္တိကကိရဏမှာ အဓိပတိက ဘယ်နှစ်ချက်ရသလဲ။
သုံးချက်ပါ။
သုံးချက်ရတယ်။ သုံးချက်ရတယ်ဆိုတော့ ၄၈ ကြည့်လိုက်။ အဲဒီမှာ မရဘူးလား။
ပစ္စယေန။
နံပါတ် ၄ ရတယ်မဟုတ်လား။ ၄ က အဓိပတိမှာဆိုလို့ရှိရင် အဓိပတိနဲ့ နိဿယလေးကို ဟိုဘက်ဒီဘက် ဝိုင်းပြီးတော့ ကိုယ်တော်တို့ အဲဒီမှာ အပြန်အလှန်ဆက်သွယ်ထားလိုက်ပေါ့။ ဟုတ်လား။ အဲဒီ အဓိပတိရဲ့တိုင်ကိုလည်း ဝိုင်းလိုက်၊ နိဿယရဲ့တိုင်ကိုလည်း ဝိုင်းပြီးတော့မှ အပြန်အလှန်ဆက်သွယ်ထားလိုက်ပေါ့။ ဟုတ်လားဗျ။ အဲဒါ ဘာအဓိပ္ပာယ်ပါလိမ့်။ ဘယ်လိုအဓိပ္ပာယ်လဲ။ "အဓိပတိမူ..."
နိဿယသဘာဂ။
"နိဿယသဘာဂ" ကနေ ထွက်လာတဲ့ ကိရဏ။ အဓိပတိမူ ဘာပါလိမ့်။
ကိရဏ။
ကိရဏ။ အခုလည်းပဲ "သနိဿယကိရဏ၌" ဆိုပြီး ခုနကအတိုင်း ဆိုရမှာလေ။ "အဓိပတိယာ ဝိပါကေ ဧကံ" တွေကို "သင်္ဂြိုဟ်"၊ "အဓိပတိယာ အတ္ထိယာ" က မရဘူးလား။
ရပါတယ်။
ရတာပေါ့။ ကိုင်း၊ ဒါဆိုလို့ရှိရင် "သနိဿယကိရဏ" ကို ဆိုကြည့်ရအောင်။ ကိုင်း၊ ဒါဆိုလို့ရှိရင် ကိုယ်တော်တို့ ခုနက အဓိပတိမူ နိဿယသဘာဂကနေပြီးတော့ ဒီကိရဏ၊ မေတ္တိကကိရဏတစ်ချက် ဖြစ်လာတဲ့အကြောင်း သိသွားပြီပေါ့။ ဟုတ်လားဗျ။
ကိုင်း၊ ဒါဆိုလို့ရှိရင် စာမျက်နှာ ၄၂ က ခုနက "အဓိပတိမူ အတ္ထိသဘာဂ" ပြောခဲ့ဖူးလား။ ကိုင်း၊ ဒါဆိုလို့ရှိရင် စာမျက်နှာ ၁၄ ကိုသွား။ အဲဒီတော့ "အဓိပတိမူ အတ္ထိသဘာဂ"၊ "အဓိပတိမူ အဝိဂတသဘာဂ" တို့က တစ်ခုဆိုရင် တစ်ခုတွဲပေါ့ဗျာ။ ဟုတ်တယ်မဟုတ်လား။ ကဲ၊ အဲဒီလိုဆိုလို့ရှိရင် စာမျက်နှာ ၁၄၊ အတ္ထိ၊ အဝိဂတက သဟဇာတအကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ သဟဇာတမျိုးမှာဆိုလို့ရှိရင် သဟဇာတဓိပတိရသမျှတွေ ရတဲ့အတွက်ကြောင့် သဟဇာတဓိပတိအတိုင်း ဖြစ်မှာပေါ့။ ခုနကလိုပဲလေ။
မှန်ပါ။
ဟုတ်တယ်မဟုတ်လား။ အဲဒီတော့ စာမျက်နှာ ၁၄ မှာတော့ အဲဒီ အဓိပတိနဲ့ အတ္ထိတို့ဟာ နံပါတ်ဘယ်လောက်မှာ ဆုံတာပါလိမ့်။
၅ မှာ။
နံပါတ် ၅ မှာဆုံတယ်။ နံပါတ် ၅ မှာ ဘယ်လောက်ပါလိမ့်။ နံပါတ် ၅ မှာ မဆုံဘူးလား။
ဆုံပါတယ်ဘုရား။
အဲဒီလိုဆိုလို့ရှိရင် စာမျက်နှာ ၂ က သဟဇာတာဓိပတိသုဒ္ဓသင်္ဂြိုဟ်ရယ်၊ စာမျက်နှာ ၁၄ က နံပါတ် ၅ အာရမ္မဏပုရေဇာတာဓိပတိသင်္ဂြိုဟ်ရယ် ဆိုရိုးပြုမှာပေါ့။ ဟုတ်လားဗျာ။ "အဓိပတိမူ အတ္ထိသဘာဂ၌ သမ္ပယုတ္တက္ခန္ဓာ စ အဓိပတိစိတ္တဇရူပဉ္စအားလျော်စွာ တတ်သော အဓိပတိတရားကိုယ်သုံးပါး၊ လေးပါးတို့တွင် တစ်ပါးပါးဟုဆိုအပ်သော သဟဇာတာဓိပတိပစ္စည်း၊ အလေးအမြတ်ပြုတတ်သော လောဘမူစိတ်အားလျော်စွာ တတ်သော အလေးအမြတ်ပြုအပ်သော ဣဋ္ဌဖြစ်သော နိပ္ဖန္နရုပ် ၁၈ ဟုဆိုအပ်သော အာရမ္မဏပုရေဇာတာဓိပတိပစ္စည်း၊ ဤတရားတို့သည် အဓိပတိအတ္ထိ၊ သို့မဟုတ် အဓိပတိအဝိဂတပစ္စည်း နှစ်ပါးတပ်သော တရားတို့မည်ကုန်၏။" စသဖြင့် "အဓိပတိပစ္စယာ အတ္ထိယာ အဋ္ဌ" ဟု သင်္ဂြိုဟ်တပ်၍ ဟောတော်မူအပ်ကုန်၏။
အဲဒီတော့ တကယ်တော့ ကိုယ်တော်တို့ရေ၊ ဘာဖြစ်လို့မို့လို့ ခုနက အဲဒီရကောက်စာ၊ ကိရဏလေး ကွဲသွားတာလဲဆိုလို့ရှိရင် ဒီနံပါတ် ၅ နဲ့ နံပါတ် ၆ ရသချင်း၊ အရင်းကို ဒီနေရာလေးကွဲသွားတဲ့အတွက်ကြောင့်မို့လို့ သူတို့ဟာ ကိရဏကွဲသွားရတာ။ ဟုတ်လားဟေ့။ ဘယ်လိုသိရမလဲ။ ဒါကြောင့် "ဤတရားတို့သည်" ဆိုရင် သင်္ဂြိုဟ်တော့ အဋ္ဌပဲမဟုတ်လား။
မှန်ပါ။
အဋ္ဌ။ ခုနကအတိုင်းပဲပေါ့။ ကဲ၊ ဒါတော့ ကိုယ်တော်တို့ ရလောက်ပြီ။ "အဓိပတိမူ အတ္ထိသဘာဂ၌" ဆိုကြည့်ရအောင်။
အဲဒီတော့ စာမျက်နှာ ၄၈ မှာဆိုရင် အဓိပတိမှာဆိုလို့ရှိရင် ပထမဆုံးအချက် မတွေ့ဘူးလား။ ပထမဆုံးအချက်က နံပါတ်ဘယ်လောက်ပါလိမ့်။
နံပါတ် ၃ မှာ။
နံပါတ် ၃ ရဲ့ စာကြည့်လိုက်မယ်ဆိုရင် "အာပုဓိ၊ သဟာဓိ"။ သဟာဓိအောက်က၊ သဟာဓိအပေါ်က အာပုဓိဆိုတော့ အောက်ကစမှာပေါ့။ "သဟာဓိ၊ အာပုဓိ"။ ဟုတ်တယ်မဟုတ်လား။ ခုနက နံပါတ် ၄ ဆိုလို့ရှိရင်လည်းပဲ "သဟာဓိ၊ ဝတ္ထုပုရေဇာတာဓိ"။ တွေ့လား။
မှန်ပါ့။
တွေ့လားဟေ့။
ဪ၊ ဒါပဲ။ အဲဒီတော့ ကိုယ်တော်တို့ အခု အဓိပတိဟောလိုက်ရင် အခု အစကိရဏကတော့ နောက်ဆုံးဖြစ်သွားမှာပေါ့ဗျ။ ပစ္စည်းနဲ့သွားလိုက်တာကိုး။ အဲဒီတော့ "အတ္ထိကိရဏ" ဆိုပြီးတော့ ခုနကလည်း ဆိုရမှာပေါ့ဗျာ။ ဟုတ်လား။ သဟဇာတသုဒ္ဓသင်္ဂြိုဟ်ရယ်၊ အာရမ္မဏပုရေဇာတာဓိပတိသုဒ္ဓသင်္ဂြိုဟ်ရယ် ဆိုပြီးကာကျတော့ "ဤတရားတို့သည် အဓိပတိ၊ အတ္ထိ၊ အဝိဂတ၊ ဤသုံးပစ္စည်းတပ်သော တရားတို့တည်း။ ထို့ကြောင့် ထိုတရားတို့ကို ဤအနုလုံ၌ အဓိပတိ၊ အတ္ထိ၊ အဝိဂတ၊ အဋ္ဌ" ဟု သင်္ဂြိုဟ်တပ်၍ ဟောတော်မူအပ်ကုန်၏။ "အဋ္ဌ" ဟူသောအခါ... ဆိုပြီးတော့ သွားပြီးတော့။ ကိုင်း၊ ဆိုရအောင်။ "အတ္ထိအဝိဂတကိရဏ၌" ဆိုရအောင်။
ကိုယ်ကတော့ အဓိပတိအနေနဲ့ စာမျက်နှာ ၄၈ က မေတ္တိကကိရဏ ၃ ချက် ပြီးသွားပြီလား။ အဲဒီတော့ သူပါတဲ့ အဲဒီက ၃ ချက်က သူ့ပဲဟောဟော၊ အဓိပတိ၊ ကိုယ်တော်တို့ နောက်ထပ်မှာ အတ္ထိ၊ အဝိဂတတွေ ဟောမှာပဲ။ ခု ကျန်တဲ့ပစ္စည်း ဘယ်သူ့ပဲဟောဟော ခုနကပြောသလိုပဲ ဒီနေရာရောက်မယ်ဆိုလို့ရှိရင်တော့ ဒီပစ္စည်း၊ ဒီသင်္ဂြိုဟ်...
ဒီသင်္ဂြေဟ်။
ဒီတရားကိုယ်ပဲ ရမှာပေါ့ဗျာ။ ဟုတ်တယ်မလား။ အဲဒီလိုတွေ သဘောပေါက်ရလိမ့်မယ်။ ကိုင်း၊ ဒါဆိုလို့ရှိရင်တော့ဖြင့် တပည့်တော်တို့ အခု သဘာဂနဲ့အတူ သဘာဂတွေ ဟောလိုက်ခြင်းအားဖြင့် ၁၅ ခုနဲ့အတူပဲ မေတ္တိကကိရဏ ၃ ချက်ပါ ပြီးမသွားဘူးလား။
ပြီးသွားပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပေးပို့ထားသောစာပိုဒ်ကို မြန်မာစာလုံးပေါင်းသတ်ပုံစည်းမျဉ်းများနှင့်အညီ စစ်ဆေးတည်းဖြတ်ပြီး စာဖတ်၍ ပိုမိုချောမွေ့စေရန် ပုဒ်ဖြတ်၊ ပုဒ်ရပ်များ ထည့်သွင်းပေးထားပါသည်။

ပြင်ဆင်တည်းဖြတ်ပြီးသော စာပိုဒ်

မေတ္တိကကိရဏသုံးချက်လည်း ပြီးသွားခဲ့ပြီဆိုတော့ ပုဂ္ဂလကိရဏသုံးချက် ကျန်သေးတယ်မဟုတ်လား။ ပုဂ္ဂလကိရဏသုံးချက်ကတော့ ကိုယ်တို့ အခု စာမျက်နှာ ၁၄ က ၂၊ ၅၊ ၆၊ စာမျက်နှာ ၁၄ က သုဒ္ဓသင်္ဂြိုဟ် ခြောက်ခုရှိတယ်မဟုတ်လား။
မှန်ပါ။
စာမျက်နှာ ၁၄ မှာ သုဒ္ဓသင်္ဂြိုဟ် ခြောက်ခုရှိတဲ့အထဲက အဲဒါ ၂၊ ၅၊ ၆။ အဲဒါတွေက အဲဒီအတိုင်းပဲ။ အဲဒီအတိုင်းပဲ စာမျက်နှာ ၄၈ ကို ကြည့်လိုက်။ အဓိပတိသုံးချက်က ဒီအတိုင်းပဲရတယ်ပေါ့။ ဒီလောက်မှ ပြုစရာ၊ ပြောင်းစရာမရှိဘူး။ ဟုတ်လား။ အဲဒီတော့ နာမည်က၊ အဲဒီတော့ သူ့မှာ ပထမကိရဏတော့ နာမည်မပါဘူးပေါ့ဗျာ။ ဟုတ်လားဗျ။ အဲဒီမှာ တို့ အဓိပတိနဲ့ တန်းတန်းကြည့်လိုက်၊ အာဒိပေါ့။ ဟုတ်လားဗျ။
အဲဒီတော့ "ဥပနိဿယကိရဏ" လို့ နာမည်ပေးလိုက်ရအောင်ပေါ့။ ဟုတ်လားဗျ။ အဲဒီလိုလိုက်မယ်ဆိုလို့ရှိရင် ကြည့်မယ်။ အဲဒါ "အဓိပတိ၊ အာရမ္မဏ၊ ဥပနိဿယံ တိ" အောက်မှာ "သတ္တ"။ ဟုတ်တယ်မဟုတ်လား။ ကိုယ်တော်တို့ သူ့ရဲ့သုဒ္ဓသင်္ဂြိုဟ်အတိုင်းပဲလေ။ ဟုတ်တယ်မဟုတ်လားဗျ။ ဟို သူ့ကို ညာဘက်ကို ဆက်သွားလိုက်။ နံပါတ်၊ အထက်က နံပါတ်ဘယ်လောက်နဲ့တန်းတုန်း။ ၇ ဆိုတော့ အာရမ္မဏပုရေဇာတာဓိပတိအတိုင်းပဲ မဟုတ်လား။
ဟိုကဆက်သွားတော့ ၈။
၈ က ဘာအတိုင်းပဲတုန်း။
ဝတ္ထုပုရေဇာတာဓိပတိအတိုင်း။
ကိုင်း၊ အဲဒီလိုဆိုလို့ရှိရင် ပုဂ္ဂလကိရဏလို့ပဲ ပြောလိုက်ရအောင်ပေါ့ဗျာ။ ဟုတ်လား။ သူ့ ဒီ ရကောက်ဆရာတော်ကြီးကတော့ ပထမကိရဏတော့ နာမည်မပါဘူး။ ဒုတိယကိရဏတော့ "သဟဇာတပုရေဇာတာဓိပတိကိရဏ" တဲ့။ ဧကံပေါ့ဗျာ။ ဟုတ်လား။ နံပါတ် ၅ တိုင်းပဲ။ နောက် "သနိဿယပုရေဇာတဝိပ္ပယုတ္တကိရဏ" တဲ့။ နံပါတ် ၆ တိုင်းပဲ။ ကိုင်း၊ အဲဒါဆိုလို့ရှိရင် အဲဒီသုဒ္ဓသင်္ဂြိုဟ်အတိုင်း ဘာမှလှီးစရာ၊ ဖြတ်စရာ၊ တောက်စရာ တစ်ခုမှ...
မပါဘူး။
မပါဘူး။ ဒီအတိုင်းပဲ။ သူ့အတိုင်းပဲ။ ဟုတ်လား။ မှားစရာရှိသေးလား။
ကိုင်း၊ အဲဒီလိုဆိုလို့ရှိရင် "ပုဂ္ဂလကိရဏ ၃ တွင် ပထမကိရဏ" ဆိုတော့ စာမျက်နှာ ၁၄ သုဒ္ဓသင်္ဂြိုဟ်အတိုင်း ဆိုကြည့်ရအောင်။ ဆိုရအောင်ဗျ။
"တတိယံ ဟောတော်မူ၍ ထိုတတိယကိရဏ၌ အလေးအမြတ်ပြုတတ်သော လောကုတ္တရာမရဏာသန္နဇောအားလျော်စွာ အလေးအမြတ်ပြုအပ်သော စုတိစိတ်နှင့်တကွဖြစ်သော ၁၇ ကြိမ်မြောက်သော စိတ်နှင့်အတူဖြစ်သော ဟဒယဝတ္ထုဟုဆိုအပ်သော ဝတ္ထုပုရေဇာတာရမ္မဏာဓိပတိပစ္စည်း၊ ဤတရားတို့သည် အဓိပတိ၊ အာရမ္မဏ၊ ဥပနိဿယ၊ ပုရေဇာတ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ ပစ္စည်းတရားတို့တည်း။ ထိုတရားတို့ကို ဤအနုလုံ၌ အဓိပတိ၊ အာရမ္မဏ၊ နိဿယ၊ ဥပနိဿယ၊ ပုရေဇာတ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ၊ ဧကံ" ဟု သင်္ဂြိုဟ်တပ်၍ ဟောတော်မူအပ်ကုန်၏။ "ဧကံ" ဟူသောကား ဗျာကတောအကုသလဟူ၍တည်း။ ကိုင်း၊ နောက်တစ်ခေါက် နှုတ်ဆက်လိုက်ရအောင်ဗျာ။
အဲဒီတော့ ကိုယ်တော်တို့ကို ဒီ ၃၊ ၂၄၊ ၄၊ ၅၊ ၄ ဆိုခဲ့တယ်မဟုတ်လား။
မှန်ပါ။
အဲ အဲဒီတော့ အရှင်ဘုရားတို့ အခု အဓိပတိနဲ့ပတ်သက်လို့ သဘာဂက ၁၅၊ မေတ္တိကကိရဏက ၃ ချက်၊ ပုဂ္ဂလကိရဏက...
၃ ချက်။
သဟဇာတကိရဏ ၂၄ က ဟောခဲ့ပြီးပြီမဟုတ်လား။
ကိုင်း၊ အဲဒီတော့ အဲဒါတွေအကုန်လုံး ကိုယ်တော်တို့ အခု အရင်ပြောခဲ့သလိုပဲ အဲဒါ ဘာသီချင်းလိုလဲ။
ရွှေမင်းသမီးသီချင်း။
ရွှေမင်းသမီးသီချင်းလိုပဲဆိုတာ ကိုယ်တော်တို့ မျက်ဝါးထင်ထင် တွေ့မြင်နေရတယ်မဟုတ်ဘူးလား။
မှန်ပါ့။
ကတောင်ကိုင်လည်း မရွှေမင်းသမီးပါ။ ပန်းတောင်ကိုင်လည်း မရွှေမင်းသမီးပါ။ ဟုတ်လားဗျ။ အခုကြည့်လိုက်၊ ပါဠိတော်ဟောတာလည်းပဲ ဘာလဲဗျ။
ရွှေမင်းသမီးပဲ။
ရွှေမင်းသမီးပဲ။ ဟုတ်လားဗျာ။ အရကောက်တာလည်း...
ရွှေမင်းသမီးပဲ။
ရွှေမင်းသမီးပဲ။ ကြည့်စမ်းပါဦး။ ဟုတ်လား။ သဘာဂဟောတာကလည်း...
ရွှေမင်းသမီးပါ။
ရွှေမင်းသမီးပဲ။ ကိရဏဟောတာကလည်း...
ရွှေမင်းသမီးပါ။
ရွှေမင်းသမီးပဲ။ ကိုယ်တော်တို့ အဲဒီလိုပဲ သုဒ္ဓသင်္ဂြိုဟ်ကြီးပဲ မဟုတ်ဘူးလား။
မှန်ပါ။
အဲဒါ အဲဒီလိုပဲ ကိုယ်တော်တို့ရေ။ အဲဒီတော့ သုဒ္ဓသင်္ဂြိုဟ်မပါဘဲနဲ့ ကိုယ်တော်တို့ ပဋ္ဌာန်းချတယ်ဆိုတာတော့ တော်တော်အံ့ဩစရာကောင်းတာတွေဗျ။ ဟုတ်လားဗျ။
ကိုယ်တော်တို့ ကြားဖူးသလားတော့မသိဘူး။ ဒီကိုလာလျှောက်ထားတာ "သုဒ္ဓသင်္ဂြိုဟ်မပါဘူး" တဲ့။ အဲဒီအတိုင်းပဲ ပဋ္ဌာန်းကျက်လာတာ။ အဲ ကုသိုလ်ရအောင် ဖြစ်ပါလိမ့်မယ်ဗျ။ ဟုတ်လား။ ကိုင်း၊ ဒီတော့ ကိုယ်တော်တို့ကို သုဒ္ဓသင်္ဂြိုဟ်မရဘဲနဲ့ ဒီဥစ္စာတွေ နားလည်မလားဆိုတာတော့၊ သူတို့ သုဒ္ဓသင်္ဂြိုဟ်မချဘဲနဲ့ ကိုယ်တို့ ဒီမှာ ကိရဏတွေ၊ ပဋ္ဌာန်းချတယ်ဆိုလို့ရှိရင် ကိုယ်တော်တို့ ဘယ်လိုသုံးသပ်မလဲဆိုတာ တို့ စဉ်းစားလို့ရလား။
ရပါတယ်။
အေး၊ ဟုတ်သွားပြီ။ ကဲ၊ အာရမ္မဏပစ္စည်း ဆွမ်းခံချိန်တိုင်အောင် သွားမယ်ပေါ့ဗျာ။ ဒီလောက်မဝေးတော့ဘူး။ တတ်စေချင်တာနဲ့၊ ကိုယ်တော်တို့ ရင်ထဲရောက်သွားအောင်လို့ တစိမ့်စိမ့်နဲ့ ရင်ထဲကိုခွဲထည့်လိုက်ရတာနဲ့ အချိန်တော်တော်ကြီး နောက်ကျသွားပြီပေါ့။ ဟုတ်လားဗျာ။ ဖြင့်၊ နားလိုက်ကြရအောင်ပေါ့ဗျာ။
Built with Potion.so