၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်၊ ၂၀၁၁ ခု၊ အောက်တိုဘာ ၁၃ ရက်၊ ကြာသပတေးနေ့။ အဲ့တော့ သီတင်းကျွတ်လပြည့်ကျော်တစ်ရက် ကြာသပတေးနေ့ စာဝါတွေပြန်ဆက်တယ်ဆိုတော့ အင်မတန်အဆင်ပြေသွားတာပေါ့။ အဲ့တော့ တပည့်တော်တို့ အခုလဆန်း ၁၂ ရက်နေ့တုန်းကတော့ စာဝါတွေနားပြီး ဒီအသောကမင်းမျိုးနဲ့စပ်ပြီးတော့ အခုစာအုပ်စာမျက်နှာအဆက်၊ ဒီရုပ်ကွယ်စရာနဲ့ ပါဠိတော်တွေကို ထုတ်ပြခဲ့တယ်။ အဲ့ဒီထုတ်ပြခဲ့တာလေးကို ခပ်ပါးပါး ခပ်ကျဉ်းကျဉ်း တစ်ခေါက်လောက်ပြန်ပြီးတော့ ပြောကြဦးစို့ရဲ့။ ဘာလဲဆိုလို့ရှိရင် ကြားထဲမှာ ကိုယ်တော်တို့ သုံးရက်ကြီးလောက်တောင် ပိတ်သွားတယ်ဆိုလို့ရှိရင် အပျော်ကြိုက်တဲ့ပုဂ္ဂိုလ်တွေက အတော်ပဲမေ့လိုက်သွားနိုင်မယ်ပေါ့။ ဟုတ်တယ်မဟုတ်လားဗျာ။
မှန်ပါ။
အပျော်ကြိုက်တဲ့ပုဂ္ဂိုလ်တွေက တော်တော်မေ့တယ်။ တော်တော်မေ့တယ်ဆိုတာက၊ မေ့တယ်ဆိုတာက ဘာလဲဆိုလို့ရှိရင် နိဗ္ဗာန်မှာမေ့လျော့ခြင်းပေါ့ဗျာ။ ဟုတ်လား။ အဲ့တော့လည်းပဲ အပျော်ကြိုက်တဲ့ပုဂ္ဂိုလ်တွေပေါ့၊ အဲ့ဒါမေ့သွားလောက်ပြီပေါ့။ ဒါကြောင့်မို့လို့ နိဗ္ဗာန်လောကုတ္တရာစိတ် ရှစ်ခုထဲက နိဗ္ဗာန်မဂ်လေးခုဟာ ကျေးဇူးပြုမယ်ဆိုရင် နိဗ္ဗာန်နာမမဂ္ဂ။ အဲ့တော့ အဲ့ဒီစာမျက်နှာ ၁၇ က အဲ့ဒီအလေးအမြတ်ပြုတတ်တဲ့ဥစ္စာတွေက အောက်ထိအောင်မဆွဲတာက အဲ့ဒီမှာ နိဗ္ဗာန်ကနေပြီးတော့ ဟိုဘက်က မဂ်သော်လည်းကောင်း၊ ဖိုလ်သော်လည်းကောင်း ကျေးဇူးပြုတဲ့အခါမှာ ဂရုံကတွာ မပါဘူး။ ပါရဲ့လား။
မပါပါဘူးဘုရား။
မပါဘူး။ ဂရုံကတွာဆိုတဲ့စကားမပါလို့မို့လို့ နိဗ္ဗာန်နာမမဂ္ဂ။ ဒါကြောင့်မို့လို့ အဲ့ဒီအကုန်လုံး အောက်ဆွဲမချတာ၊ အောက်အပြည့်ဆွဲမချတာဖြစ်တယ်ပေါ့။ ဒါကြောင့် နိဗ္ဗာနံ မဂ္ဂဿ အဓိပတိပစ္စယေန ပစ္စယော။ နိဗ္ဗာနံ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ နိဗ္ဗာန် မဂ်အားကျေးဇူးပြုစဉ် နိဗ္ဗာနံ မဂ္ဂဿ ပစ္စယေန ပစ္စယော။ နိဗ္ဗာန် ဖိုလ်အားကျေးဇူးပြုဆိုရင် နိဗ္ဗာနံ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ နောက် အရဟတ္တမဂ်သည် အလေးအမြတ်ပြုတတ်သည့် မဟာကိရိယာ ဉာဏသမ္ပယုတ္တစိတ်လေးခုအား ကျေးဇူးပြုစဉ် အရဟတ္တမဂ္ဂံ ဂရုံကတွာ ပစ္စဝေက္ခတိ။ အရဟတ္တဖိုလ်သည် အလေးအမြတ်ပြုတတ်သည့် မဟာကိရိယာ ဉာဏသမ္ပယုတ္တစိတ်လေးခုအား ကျေးဇူးပြုစဉ် အရဟတ္တဖလံ ဂရုံကတွာ ပစ္စဝေက္ခတိ။ နိဗ္ဗာန်သည် အလေးအမြတ်ပြုတတ်သည့် မဟာကိရိယာ ဉာဏသမ္ပယုတ္တစိတ်အား အလေးအမြတ်ပြုစဉ် နိဗ္ဗာနံ ဂရုံကတွာ ပစ္စဝေက္ခတိ။ တကယ့်တကယ်တာ ကိုယ်တို့နားလည်အောင်လို့ ကျေးဇူးပြု၊ ပြုတတ်၊ ကျေးဇူးပြုတာအနေနဲ့ အဲ့လိုပြောပေးတာ။ တကယ့်တကယ်မေးရင် အဲ့လိုကြီးမေးလို့က စာတတ်ပေတတ်စကားမဆန်ဘူးပေါ့။ ပိုပြီးတော့ ပဋ္ဌာန်းမဆန်ဘူးပေါ့လေ။ စာတော့ဆန်တယ်၊ ပဋ္ဌာန်းမဆန်ဘူး။ တကယ်မေးမယ်ဆိုရင် အလေးအမြတ်ပြုတတ်သည့် မဟာကိရိယာ ဉာဏသမ္ပယုတ္တစိတ်၊ ပစ္စုပ္ပန်တရားကို စတင်ကိုင်မှာပေါ့ဗျာ။ မေးတဲ့အခါကျရင် ဒီတိုင်းမေးလို့ ပဋ္ဌာန်းမဆန်ဘူးလေ။ ဟုတ်တယ်မဟုတ်လား။
မှန်ပါ။
ဒါကြောင့် အလေးအမြတ်ပြုတတ်သည့် မဟာကိရိယာ ဉာဏသမ္ပယုတ္တစိတ်လေးခုက အရဟတ္တမဂ်၊ အရဟတ္တဖိုလ်၊ နိဗ္ဗာန်ကို အလေးအမြတ်ပြုပုံကို ပါဠိအသီးသီး၊ ဝီထိအသီးသီးနဲ့ တွဲစပ်ဖော်ပြပါ။ သူတို့မေးချင်မေးမှာပေါ့။ ဟုတ်တယ်မဟုတ်လား။
ဒါ ခုနလိုတော့မေးမှာမဟုတ်ဘူး။ မေးရင် အဲ့ဒီလိုမေးမှာ။ အခု ဒီတစ်ခါ ဒါတွေပါမှာ။ အဲ့ဒါ သိချင်မှလည်းသိမယ်။ တပည့်တော်တို့ရွာမှာ မကြာသေးခင်အချိန်အခါက ဆုံးပါးသွားတဲ့ ဒကာမကြီးတစ်ယောက်ကတော့ သူက တပည့်တော်တို့အခု "တောမှာ ဘုန်းကြီးတင်တယ်" ဆိုပြီးတော့ ရှိတယ်ဗျို့။ ဓမ္မပဒမှာပါဖူးတယ်မဟုတ်လားဗျ။
ပါဖူးပါတယ်ဘုရား။
အဲ့ဒီလိုပဲ ဘုန်းကြီးတင်တယ်ဆိုတာ ကိုယ်တော်တို့ ဘယ်လဘယ်ရက်တင်သလဲဆိုတော့ တစ်ယောက်မှမသိဘူး ဒီထဲ။ ဟမ်။ ဘယ်ရက်လဲသွားပြီ။ ကိုင်း၊ တစ်ယောက်မှမသိဘူး။ ဘုန်းကြီးတင်တဲ့လရက်သိတဲ့လူဆိုလို့ရှိရင် ကိုယ်တော်ကို တစ်မှတ်ပေးမယ်။ အဲ့တော့ မေ့ကုန်ပြီ။ ဘုန်းကြီးတင်တယ်ဆိုတဲ့ဥစ္စာ ကိုယ်တော်တို့ရေ၊ ကိုယ်တော်တို့ တောကိုလည်းပြန်ပြီးတော့ မေးကြည့်လိုက်ဦးပေါ့ဗျ။ တပေါင်းလဆန်းသုံးရက်နေ့တဲ့။ ဘယ်နှရက်နေ့ပါလိမ့်။
တပေါင်းလဆန်းသုံးရက်နေ့။
တပေါင်းလဆန်းသုံးရက်နေ့တဲ့။ တပေါင်းလဆန်းသုံးရက်နေ့ကို တပည့်တော်ကတော့ တောမှာပဲ တော်တော်အသက်ကြီးသည်ထိအောင် ကိုယ်တိုင်တောမှာအလုပ်လုပ်ခဲ့တော့ သိတယ်ဗျ။ အဲ့သလိုပဲ တပေါင်းလဆန်းသုံးရက်နေ့ဆိုလို့ရှိရင် အဲ့ဒီအသီးတွေလည်း တစ်ခါတည်း၊ တစ်ချို့အသီး တော်တော်သိနေပြီ။ တစ်ဝက်လောက်သိနေပြီလောက်ရှိနေကြပြီပေါ့လေ။ အဲ့လို အဲ့ဒီတော့ တစ်ခါတလေ တစ်ဝက်လောက်တော့ သိတာလည်း ငယ်ငယ်တုန်းက မှတ်မိသေးတယ်ပေါ့။ အဲ့ဒါနဲ့တင် တပည့်တော်တို့နဲ့ ရင်းနှီးတဲ့ ဒေါ်ပေါက်ကြီးဆိုတဲ့ဒကာမကြီးက အလွန်ရိုးသားတာ။ ရိုးအတာရော၊ ရိုးဖြောင့်တာရော။ အဲ့ဒကာမကြီးက ရိုးတာက ဟိုဘက်က အတာနဲ့လည်းတွဲတယ်၊ ရိုးဖြောင့်တာနဲ့လည်းတွဲတယ်။ အဲ့ဒကာမကြီးက အဲ့ဒါနဲ့အတိုင်း သူက ဘယ်လို အဲ့လိုဘုန်းကြီးတင်တော့ ဘယ်လိုဟောပြီးတော့ သူကသေသေချာချာပေါ့လေ၊ သူများဋီကာတွေလည်း မပြောတတ်ပါဘူးတဲ့။ သူက အဲ့ဒါ ဟိုငါးဖမ်းမကြီးနဲ့တရား အဲ့ဒါကိုဗျ။ ငါးဖမ်းမကြီးနဲ့ လက်ဝါးလောက်မှာတင်ပြီဆိုလို့ရှိရင်တော့ အဲ့ဒီကဥစ္စာသိပြီးတော့ပေါ့လေ။ အဲ့ဒါဘုန်းကြီးကပဲ သိအောင်လုပ်ပေးရမယ်ပေါ့။ အဲ့ဒါတွေကို ပို့ရောက်အောင်လုပ်ပေးရမယ်ပေါ့။ ရာသီဥတုဆိုလို့ရှိရင်တော့ သိပြီးတော့ပေါ့။ အဲ ကိုယ်တော်တို့လည်းပဲ အခုအဲ့ဒါကို ကိုယ်တော်တို့ဒီလောက်ကြည့်လိုက်ပြီဆိုရင်တော့ ဘာလို့လဲဗျ။
ဟင်၊ ဒါတောင်မှ ကိုယ်တော်တို့အဲ့ဒါမသိသေးဘူးဆိုရင် သေပေဦးတော့ပေါ့ဗျာ။ ဟုတ်လား။ ကိုင်း၊ အဲ့ဒီလိုတွေဆိုကြရမယ်ပေါ့။ အဲ့တော့ ကိုယ်တော်တို့ဒီ အောက်ဖိုလ်သုံးခု၊ အောက်ဖိုလ်သုံးခုသည် အလေးအမြတ်ပြုတတ်သည့် မဟာကုသိုလ်ဉာဏသမ္ပယုတ္တစိတ်လေးခုအား ကျေးဇူးပြုစဉ် သကဖလံ ဂရုံကတွာ။ နိဗ္ဗာန်သည် အလေးအမြတ်ပြုတတ်သည့် မဟာကုသိုလ်ဉာဏသမ္ပယုတ္တစိတ်လေးခုအား ကျေးဇူးပြုစဉ် နိဗ္ဗာနံ ဂရုံကတွာ ပစ္စဝေက္ခတိ။ မဂ်ကြဉ်သော ကုသိုလ်ဝတ္ထုပေါ့။ အထက်က လောကီကုသိုလ်ကို အတူပေါင်းပြီးတော့ အကြောင်းပေါင်းလိုက်ပေါ့။ ကုသိုလ်ကနေ ကုသိုလ်ကိုကျေးဇူးပြုမယ်ပေါ့။ မဟာကုသိုလ်ရှစ်ပါးကို အလေးပြုမယ်ဆိုရင်တော့ ကုသလောကုသလ ခြောက်ချက်ပေါ့။ စသည် စသည်အားဖြင့်။ ကိုင်း၊ ထားပါတော့။ ခုနစာတွေ အရင်လဆန်း ၁၂ ရက်နေ့ကလည်း ဆိုခဲ့ပြီးပြီဆိုတော့ ဒါတွေတစ်ခေါက်လောက်ပြန်ပြီးတော့ နားလည်သဘောပေါက်အောင် ဆိုကြည့်ရအောင်။ အဲ့တော့ ဟိုအထက်ဆုံးအုပ်စုထဲသွားရအောင်ပေါ့။ လောကီစိတ်ထဲကလည်းပဲ လောကီကုသိုလ်သတ္တသည် အလေးအမြတ်ပြုတတ်သည့် လောဘမူအား ကျေးဇူးပြုစဉ် ဆိုပြီးတော့ အဲ့ဒါ ကုသလောအကုသလတွေက ဘယ်နှချက်ပါလိမ့်။ ကုသလောအကုသလ ဘယ်နှစ်ချက်တုန်း။ သုံးချက်။ သုံးချက်ရှိတယ်ပြောရမှာပေါ့။ နောက် လောဘမူသည် လောဘမူကို အလေးအမြတ်ပြုစဉ်ဆိုပြီးတော့ အကုသလောအကုသလက နှစ်ချက်ပေါ့။ နောက် ဣဋ္ဌဖြစ်သော နိပ္ဖန္နရုပ် ၁၈ ကို ကာယဝိညာဉ်ကြဉ်သော လောကီဝိပါက် ၃၁၊ ကြိယာဟုတ်သည့် အလေးအမြတ်ပြုတတ်သည့် လောဘစိတ်ရှစ်ခုက ကျေးဇူးပြုစဉ် အဗျာကတောအကုသလဿပေါ့။ တံ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ အဲ့ထဲမှာ သောတံ ဃာနံ ဇိဝှံ ကာယံ ရူပံ... ပဋိဝတ္တဗ္ဗာ။ ဆိုတော့ ဘာလဲဗျ။ အဗျာကတခန္ဓေ ဂရုံကတွာ အဿာဒေတိ၊ တံ ဂရုံကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။
ပစ္စတိ ဥပ္ပဇ္ဇတိဆိုပြီးတော့ ဝิจิกိစ္ဆာတို့ ဥဒ္ဓစ္စတို့ ပါလို့ရမလား။
မရပါဘူးဘုရား။
ဘာလို့လဲဆိုတော့ ပစ္စယုပ္ပန်က လောဘပဲရှိတာလေ။
မှန်ပါ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပေးပို့ထားသောစာပိုဒ်ကို မြန်မာစာလုံးပေါင်းသတ်ပုံစည်းမျဉ်းများနှင့်အညီ စစ်ဆေးတည်းဖြတ်ပေးထားပါသည်။ မူရင်းစာသည် တရားဓမ္မဆွေးနွေးဟောပြောချက်ကို ပီပီသသ မရေးသားထားသောမှတ်တမ်းဖြစ်သောကြောင့် အဓိပ္ပာယ်ရှင်းလင်းစေရန်နှင့် စာဖတ်၍ ချောမွေ့စေရန် အဓိကထား ပြင်ဆင်ပေးထားပါသည်။
ပြင်ဆင်တည်းဖြတ်ပြီးသော စာပိုဒ်
ဟုတ်တယ်မဟုတ်လား။ ဝိစိကိစ္ဆာတို့၊ ခုနက ဒေါသဒေါမနဿတို့၊ မောဟတို့ ပါရဲ့လား။ မပါဘူး။ မပါတဲ့အကြောင်းက စာမျက်နှာ ၉ မှာကြည့်ပေါ့။ ကိုင်း၊ ဒါကြောင့်မို့လို့ လောကီစိတ်၊ လောကီကုသိုလ်ကို သတ္တဝါသည် အလေးအမြတ်ပြုတတ်သည့် လောဘစိတ်ရှစ်ခု ကျေးဇူးပြုစဉ်ဆိုပြီးတော့ အဲဒီမှာ ဆိုရအောင်ပေါ့။
ကိုင်း၊ အဲဒီတော့ အရှင်ဘုရားတို့ ပါဠိတော်အစဉ်အတိုင်း သွားကြည့်မယ်။ စာမျက်နှာ ၂၀၊ ၂၁၊ အဲဒီမှာ ကိုယ်တော်တို့ သင်္ဂြိုဟ်သတ္တမတွဲ သွားကြည့်မယ်။ သွားကြည့်ပြီးတော့ တပည့်တော် ကောက်မယ်ပေါ့။ အဲဒီမှာ "ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ အာရမ္မဏာဓိပတိပစ္စယေန ပစ္စယော။ ဒါနံ ဒတွာ၊ သီလံ သမာဒိယိတွာ၊ ဥပေါသထကမ္မံ ကတွာ၊ တံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။" အရှင်ဇနကာဘိဝံသကတော့ "ပစ္စဝေက္ခတိ"။ ဈာန်မှထ၍ ဈာန်ကိုကုန်သော သတ္တဝါ၊ ပစ္စဝေက္ခဏာ၊ ပစ္စုပ္ပန်၊ ပစ္စဝေက္ခဏာ၊ ပစ္စဝေက္ခဏာ၊ မဂ်ကို ပစ္စဝေက္ခဏာ၊ အဲဒီလောက်ပဲရှိတယ် ဟုတ်လား။ "ဂုဏံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။" ဟော ဒါနကို ဂရုပြုပြီးတော့ ပစ္စဝေက္ခဏာ၊ သီလကို ဂရုပြုပြီးတော့ ပစ္စဝေက္ခဏာ၊ အကုန် ဘာတဲ့နော်။ "သေက္ခာ မဂ္ဂံ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ။" အဲဒီတော့ ၆ ခုပဲရှိတယ်ပေါ့။ အာရမ္မဏရရင် ဒါတွေမရဘူးလား။
ရပါတယ်။
ရတာပေါ့။ အဲဒီတော့ကြောင့်မို့လို့ အာရမ္မဏရအောင် ဖြစ်ရမယ်လို့ပြောတာပေါ့။ အရင်လည်းပဲ "အဖျားထင်းဖြစ်" ဆိုတဲ့စကားတွေကို ပြောတာပဲနော်။ အရင်လည်းပဲ။
အဖျားထင်းတယ်။
"အဖျားထင်းဖြစ်" ဆိုတာ အဲဒီတော့ အောက်က သေက္ခပုဂ္ဂိုလ်ရော၊ ပုထုဇဉ်ရော ကုသလံ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ မဟောတာတွေက ရှိတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် အခုကြည့်လိုက်၊ အာရမ္မဏရိုးရိုးဟောစဉ်အခါကတော့၊ အာရမ္မဏပစ္စည်းဟောစဉ်အခါကတော့ ပုထုဇဉ်၊ သေက္ခ၊ အရဟတ္တဖိုလ် ပုဂ္ဂိုလ်တွေအနေနဲ့ ဒုမဂ်တရားတွေဖြစ်ကြတဲ့ ကုသိုလ်တရားပဲဖြစ်ဖြစ်၊ အကုသိုလ်တရားပဲဖြစ်ဖြစ်၊ အဗျာကတတရားပဲဖြစ်ဖြစ်၊ ဒုမဂ်တရားမှန်သမျှတွေဟာလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တနဲ့ ဝိပဿနာရှုကြတာကို ကိုယ်တော်တို့ တွေ့ကြရလိမ့်မယ်။ တွေ့လား။ တွေ့ကြရတယ်။ အာရမ္မဏာဓိပတိအနေနဲ့ကတော့ အဲဒီ ဒုမဂ်တရားများကို အလေးအမြတ်ပြုပြီးတော့ ဝိပဿနာမရှုကြဘူးဗျ။ မရှုကြဘူး။ အခုပါရဲ့လား။
မပါဘူး။
မပါဘူး။ ဒါတွေက အလွန်တရာ သိဖို့ကောင်းတာ။ ဘာလို့လဲဆိုလို့ရှိရင် အာရမ္မဏပစ္စည်းတွေက ဒုမဂ်တရားမြတ်ကို အလေးအမြတ်မပြုကြပါဘူးတဲ့။ အကြောင်းကိုပြောပါဆိုလို့ရှိရင် ဝိပဿနာကုသိုလ်ကိရိယာဇော၊ ဝိပဿနာကုသိုလ်ဇော၊ ကိရိယာဇောတွေဟာ ဆင်ခြင်ခြင်း ပစ္စဝေက္ခဏာဇောကိစ္စ မတတ်ကြတဲ့အတွက်ကြောင့်တဲ့။ ဘယ်လိုပါလိမ့်။
ဆင်ခြင်ခြင်း။
ဆင်ခြင်ခြင်း ပစ္စဝေက္ခဏာဇောကိစ္စတွေ မတတ်ကြဘူး၊ မရှိကြတဲ့အတွက်ကြောင့်မို့လို့ "ဪ သေက္ခဝါ" ပဲဖြစ်ဖြစ်၊ "အသေက္ခဝါ" ပဲဖြစ်ဖြစ် အဲဒီမှာဆိုလို့ရှိရင် အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော ဝိပဿတိ ဒီလိုမရှိဘူး။ အဲဒီတော့ ဒီဥစ္စာတွေ နည်းနည်းလေး တွေးစရာတွေကောင်းတယ်။ ဘာလဲဆိုလို့ရှိရင် "အလေးအမြတ်ပြု" ဆိုတာက အလေးအမြတ်ပြုကြတယ်။ မှန်ပါတယ်။
လှူဒါန်းတယ်ဆိုလို့ရှိရင်၊ ဉာဏ်အားဖြင့် လှူဒါန်းတယ်ဆိုလို့ရှိရင် ကိုယ်တော်တို့ ဘယ်လိုပုဂ္ဂိုလ်ကို လှူဒါန်းလဲ။ "စွန့်ကြဲတယ်" ဆိုလို့ရှိရင် အဲဒီနှစ်ခု ဖွဲ့ပြီးစဉ်းစားကြည့်လိုက်။ စွန့်ကြဲတယ်ဆိုလို့ရှိရင် ဘယ်သူပြောပါလိမ့်။ အဲဒီတော့ "စွန့်ကြဲတယ်" ဆိုတဲ့စကား၊ စဉ်းစားကြည့်ကြ။ အဲဒီတော့ စွန့်ကြဲတယ်ဆိုတဲ့ဥစ္စာက နိမ့်တဲ့ပုဂ္ဂိုလ်က မြင့်တဲ့ပုဂ္ဂိုလ်ကိုလား၊ မြင့်တဲ့ပုဂ္ဂိုလ်ကနေ နိမ့်တဲ့ပုဂ္ဂိုလ်ကို ပေးတာလား။
မြင့်တဲ့ပုဂ္ဂိုလ်က နိမ့်တဲ့ပုဂ္ဂိုလ်ကို။
"လှူတယ်" ဆိုတာက နိမ့်တဲ့ပုဂ္ဂိုလ်ကနေပြီးတော့...
မြင့်တဲ့ပုဂ္ဂိုလ်ကို။
အဲဒီတော့ အရှင်ဘုရားတို့၊ မြင့်တဲ့ပုဂ္ဂိုလ်ကနေပြီးတော့ နိမ့်တဲ့ပုဂ္ဂိုလ်ကို အလေးဂရုပြုတယ်ဆိုတာ လောကမှာ ထုံးစံမရှိသလိုပဲ၊ ဒီတရားမှာလည်း ထုံးစံမရှိဘူး။ ဟုတ်လားဗျာ။ ဒါကြောင့်မို့လို့ အလေးဂရုပြုပြီးတော့ ဝိပဿနာရှုတယ်ဆိုတာ မရှိဘူး။ ဒါလေးတွေ သိစရာကောင်းတယ်။ ဟုတ်လားဗျ။
နောက်တစ်ခု နည်းနည်းလေးလည်းပဲ အခုတစ်ဆက်တည်းပဲ ပြောလိုက်မယ်ပေါ့။ ကိုယ်တော်တို့ စာမျက်နှာ ၁၇ ကိုများ ကြည့်ထားတော့။ ခုနက အဗျာကတက ကုသလဿ၊ အကုသလဿ၊ ရုပ်တရားမှန်သမျှကို ညာဘက်အခြမ်း၊ ပစ္စုပ္ပန်အခြမ်း ကြည့်လိုက်။ အလေးအမြတ်ပြုတတ်တဲ့ လောဘမူစိတ်ရှစ်ခုက ရုပ်တရားအားလုံးကို အလေးအမြတ်ပြုထားကြတယ်။ ဣဋ္ဌဖြစ်သော နိပ္ဖန္နရုပ် ၁၈ ခုလုံးကို အလေးအမြတ်မပြုတတ်ဘူးလား။
ပြုတတ်ပါတယ်။
အဲဒီတော့ ရုပ်တရားမှန်သမျှကို ကုသိုလ်ကများ အာရုံပြုတာ ရှိရဲ့လား။
မရှိပါဘူး။
ကုသိုလ်က အာရုံပြုတဲ့ ရုပ်တရားဆိုတာရှိလား။
မရှိပါဘူး။
ကိုင်း၊ ဒီလိုဆိုလို့ရှိရင် ဆရာတို့ ရုပ်ပွားတော်၊ ဆင်းတုတော်ကြီးကို "ကဲ မင်းတို့ ဘုရားကိုအာရုံပြုကြ၊ အာရုံပြုတဲ့အခါမှာ ဘုရားကိုအာရုံပြုတဲ့အခါမှာ အဲဒါ ရုပ်ပွားဆင်းတုတော်တို့၊ စေတီကြီးတို့ အာရုံပြုတဲ့အခါမှာ ဟော အဲဒါ အာရမ္မဏာဓိပတိတက်အောင် မင်းတို့ အလေးဂရုပြုကြ" လို့ပြောလို့ရှိရင် အဲဒါမှန်သလား။
မမှန်ဘူး။ အဲဒီလိုပြုလို့ရပါ့မလား။
မရပါဘူးဘုရား။
အဲဒီတော့ အာရမ္မဏာဓိပတိကုသိုလ်အနေနဲ့ ရုပ်တရားကို၊ ရုပ်ပွားဆင်းတုတို့၊ စေတီတို့ကို အဲဒါတွေ အာရမ္မဏာဓိပတိအနေနဲ့ အဓိပတိတက်လို့ရပါ့မလား။
မရပါဘူး။
မရဘူးပေါ့ဗျာ။ ဟုတ်လားဗျ။ အဲဒီတော့ "ဂုဏ်တော်ထုံမွှမ်း၊ ဉာဏ်တော်မှန်းလျက်" ဘယ်လိုဆိုရမှာပါလိမ့်။
ဂုဏ်တော်ထုံမွှမ်း။
ဂုဏ်တော်ထုံမွှမ်း။
ဉာဏ်တော်မှန်း။
"ဉာဏ်တော်မှန်းလျက်" တရားဓားက ဘယ်ရလဲ။ "ဂုဏ်တော်ထုံမွှမ်း"။
ဟင်။ ဂုဏ်တော်ထုံမွှမ်း။
ဂုဏ်တော်မှန်းလျက်။
"ဂုဏ်တော်မှန်းလျက်" ဆိုပြီး အဲဒီလိုပြင်ရမယ်။ ဟုတ်လားဗျာ။ ထုံမွှမ်းပြီး ပုံတော်မှန်းရမှာလား၊ ဉာဏ်တော်မှန်းရမှာလား။
ဉာဏ်တော်မှန်းရမှာပါဘုရား။
အေး၊ ဒါလေးတွေရှိတယ်။ တွေ့လား။ တွေ့လား။ ပုံတော်သွားမှန်းမယ်ဆိုလို့ရှိရင် အာရမ္မဏာဓိပတိကုသိုလ် ဖြစ်ပါ့မလား။
မဖြစ်ပါဘူး။
ရိုးရိုးအာရုံပြုကုသိုလ်ပဲဖြစ်မယ်နော်။ ဟို အာဒိကမ္မိက စာမျက်နှာ ၁၇၀ အောက်ဆုံးကြည့်လိုက်။ ရုပ်တရားမှန်သမျှကို လောဘမူစိတ်ရှစ်ခုကသာ အလေးအမြတ်ပြုကြောင်း၊ ရုပ်ပွားဆင်းတုများကို အာရမ္မဏာဓိပတိမဟာကုသိုလ်ဖြင့် မကြံနိုင်သည်ကို ဤရကောက်နှင့် သရုပ်ခွဲဇယားက ဖော်ညွှန်းသည်။ တဲ့။ သာမန်အာရုံ၊ သာမန်အဖြစ်သာ အာရုံပြု ကြည်ညိုနိုင်သည်။ တွေ့လား။
ဒါကို တို့အတွေးတစ်စ ပေးလိုက်တာ။ ဟုတ်လားဗျာ။ အတွေးပေးလိုက်တာ။ ကိုယ်တော်တို့ အတွေးတောင်မဟုတ်ဘူး၊ အတွေ့ပဲ။ တွေ့လား။ မှန်ပါ့၊ ပါဠိတော်ကြီးတွေကို လှမ်းပြောကြည့်လိုက်လေ။ ပါဠိတော်တွေလည်း ကိုယ်တော်တို့ ရုပ်တရားတွေကို လောဘကပဲ အာရုံပြုတာပဲ မဟုတ်ဘူးလား။ အဲဒီတော့ အခု ပစ္စယုပ္ပန်ရုပ်ကို ကုသိုလ်ကနေပြီးတော့ ပစ္စည်း၊ အာရုံပြုတဲ့ထဲမှာ ကုသိုလ်ပါရဲ့လား။
ပါတယ်။
မပါဘူး။ ဒီလိုလည်း တွေးထားရတယ်။ ဟုတ်လား။ စာသင်သားတို့က ဉာဏ်နဲ့ယှဉ်ပြီးတော့ တွေ့ရတယ်။ ဉာဏ်နဲ့ယှဉ်ပြီးတော့ ဉာဏ်ကြီးနဲ့။ အဲဒါ ကိုယ်တော်တို့ ဉာဏ်ကြီးဖို့က ကိုယ်တို့ဒီတိုင်းနေလို့ကတော့ မကြီးဘူးဗျ။ အကျယ်မြင်အောင် လိုက်ဖတ်ရတယ်။ အကျယ်မြင်မှလေ...
အမြင်ကျယ်တာ။
အမြင်ကျယ်တာ။ အကျယ်ကို စမြင်အောင် လိုက်ဖတ်ရတယ်။ စာရှိသမျှတွေ၊ ရကောက်ကြီးတွေ လိုက်ဖတ်၊ လိုက်ဖတ်တော့မှ ကိုယ်တော်တို့ရင်ထဲမှာ တစ်လုံးတစ်လေ ထိုးဝင်လာပြီ၊ ထိုးဖောက်ပြီး နှလုံးသားထဲမှာ ထိုးဖောက်ဝင်ရောက်လာပြီ၊ ရင်ဘတ်ထဲမှာ ရောက်လာပြီဆိုတော့မှ "ဪ ဒါတွေက ဒီလိုရှိပါလား"။
တစ်ဖက်ကလည်း ကိုယ်က စောစောကလိုပဲ၊ တစ်ဖက်ကလည်း ဘုန်းကြီးကပြောတော့ ကိုယ်တော်တို့ ဟိုဘက်ဒီဘက်က လာတော့ ကိုယ်ကတို့ ရေစုန်မျောသလိုပါပဲ။ ဆယ်မိုင်ခရီးကို ပစ္စည်းတစ်ခု သွားပို့စရာရှိတယ်ဆိုလို့ရှိရင် ဟိုဘက်က လာကြိုတဲ့သူက ငါးမိုင်က လာကြိုတယ်ဆိုလို့ရှိရင် ဘယ်လောက်သက်သာလဲ။
ငါးမိုင်ပါ။
မှားတယ်။ ဆယ်မိုင်မသက်သာဘူးလား။ ဆယ်မိုင်ခရီးလို့ မပြောလိုက်ဘူးလား။
ဆယ်မိုင်ခရီးကို သွားပြီးတော့ ပြန်မလာရဦးမှာလား။
မဟုတ်ပါဘူး။
ဪ အဲဒါမပါဘူး။ ဦးနှောက်ကမပါဘူး။ ကြည့်လိုက်တာ တွေ့တယ်မဟုတ်လား။ ကိုယ်တော်တို့က ဆယ်မိုင်ခရီးသွားပြီး ပစ္စည်းတစ်ခုပို့စရာရှိတယ်လို့ ပြောလိုက်တယ်မဟုတ်လား။
မပြောလိုက်ပါဘူး။
တပည့်တော်တို့ကို ဟိုကလာကြိုတာ ဘယ်နှမိုင်တုန်း။
ငါးမိုင်။
ငါးမိုင်က လာကြိုလိုက်တာ ဘယ်နှမိုင်သက်သာလဲဆိုရင် ငါးမိုင်တဲ့။ ကိုင်း မှန်သလား၊ မှားသလား။ ကိုင်း။
မှားပါတယ်။
ကိုင်း ပြောလိုက်တော့ မသိဘူးလား။ သိပါတယ်။ ဦးနှောက်မရှိဘူးဆို အဲဒါပဲ။ ဟုတ်လားဗျာ။ ဒီသွားပို့တယ်ဆို ပြန်မလာဘဲနေလို့ရပါ့မလား။ ဟိုသွားပြီး သွားနေလို့ရပါ့မလား။ ပြန်လာရဦးမှာလေ။ ဘယ်နှမိုင်သက်သာတာလဲ။
ဆယ်မိုင်သက်သာတာ။
တကယ်တော့ဆိုတော့ အသွားဆယ်မိုင်။
အပြန်ဆို။
အပြန်ဆယ်မိုင်။ အဲဒီတော့ ကိုယ့်ကို လာကြိုတာက ငါးမိုင်ဆိုလို့ရှိရင် အသွားငါးမိုင်၊ အပြန်ငါးမိုင်။ အဲဒါကြည့်လိုက်။ ကိုယ်ကတော့ အဲဒီတော့ အဲဒီ quiz ကိုမေးရင်တော့ ငါအပိုင်ပဲ ဆယ်မှတ်ပေါ့လေ။ ဟုတ်လား။ ဟုတ်တယ်မလား။
ကိုင်း အဲဒီတော့ ရှိတယ်။ ကိုယ်တို့အခုပြောလိုက်တာ ကိုယ်တော်တို့ ဦးနှောက်ကမလိုက်နိုင်သေးတာ ဖြစ်နေတာ။ ဟုတ်လား။ ဒါကြောင့်မို့လို့ အဲဒီလိုပဲ ပြောချင်တာက ဘာပြောချင်တာလဲဆိုလို့ရှိရင် ကိုယ်တော်တို့ဘက်ကလည်းပဲ ရှေ့တိုးလာတယ်၊ ဘုန်းကြီးဘက်ကလည်း ပေးတယ်ဆိုလို့ရှိရင် ကိုယ်တော်တို့ အဲဒီလို မသက်သာဘူးလား။
သက်သာပါတယ်။
သက်သာတယ်။ အဲဒီလိုပဲ ကိုယ်တော်တို့က ဟော လှေကားတက်တယ်ဆိုပါတော့၊ အထက်ကဆွဲတဲ့လူကလည်းဆွဲတယ်၊ အောက်ကလည်းတွန်းတင်မယ်ဆိုလို့ရှိရင် မသက်သာဘူးလား။
သက်သာပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပေးပို့ထားသော စာပိုဒ်ကို မြန်မာစာလုံးပေါင်းသတ်ပုံ စည်းမျဉ်းများအတိုင်း စစ်ဆေးတည်းဖြတ်ပြီး စာဖတ်၍ ပိုမိုချောမွေ့စေရန် ပုဒ်ဖြတ်၊ ပုဒ်ရပ်များ ထည့်သွင်းပေးထားပါသည်။
ပြင်ဆင်တည်းဖြတ်ပြီးသော စာပိုဒ်
အဲဒါ အခု အောက်ကလူက အထက်ကိုတက်ဖို့ လိုက်အားမထုတ်ဘူး၊ အပေါ်ကလူချည်းပဲ ဆွဲရင်တော့ လက်မောင်းပြုတ်ကျလိမ့်မယ်ဗျာ။ ဟုတ်လား။ ရပါဦးမလား။ အဲဒီတော့ မရဘူးပေါ့ဗျာ။ ကိုယ်မနိုင်ဘူးဆိုရင် ဦးနှောက်နဲ့ ထုတ်ချလိုက်ပေါ့။ ဦးနှောက်တွေ "ဖွားခနဲ" ဆို ကွဲကွဲကြရောပေါ့။ ဟုတ်လား။ မနိုင်ဘူးဆိုရင်ပေါ့။ အဲဒီလို ဖြစ်တတ်ဘူးလား။ အဲဒီလိုရှိတယ်။ ဒါကြောင့် အရှင်ဘုရားတို့ အခုစာသင်တယ်ဆိုတာ ကိုယ့်ဘက်ကလည်း ကြိုးစားမှရတာဗျို့။ ကိုယ်တော်တို့ စာအုပ်ထဲမှာ ပေးထားတယ် မဟုတ်လား။ "အမှီကောင်းရုံနဲ့တော့ အခေါင်မရောက်နိုင်ဘူး။" ကိုယ်ကလည်း ဘာလဲ၊ ကောင်းမှ။
ကိုယ်ကလည်း ကောင်းမှ။ ဟုတ်လားဗျ။ အဲဒီလိုရှိတယ်။ ကိုင်း၊ ဒါကြောင့် အရှင်ဘုရားတို့ အခု အတွေးအခေါ်တွေ ကိုယ်တော်တို့ကို အများကြီးပေးလိုက်ပြီ။ ကိုင်း၊ ဒါကြောင့်မို့လို့ အခု သိသွားပြီ။ ကိုယ်တော်တို့ တစ်ခု၊ ရုပ်ပွားဆင်းတုတော်ကိုလည်းပဲ အလေးအမြတ်၊ ဟုတ်လား၊ အာရမ္မဏကုသိုလ်အနေနဲ့ အလေးအမြတ်မပြုနိုင်ဘူး။ ရုပ်ပွားဆင်းတုတော်ထဲကို တစ်နည်းအားဖြင့်ပြောရင် ရုပ်တရားမှန်သမျှကို ဘာကသာ အလေးအမြတ်ပြုသလဲ။
လောဘမူစိတ်။
ရှစ်ခု။
ရှစ်ခုကသာလျှင် ဘာပါလိမ့်ဗျ။
အလေးအမြတ်ပြုတယ်။
ဒီလိုသဘောပေါက်ရတယ်။ ဟုတ်လားဗျ။ သဘောပေါက်ရတယ်။ အဲဒီလိုတွေ ဉာဏ်နဲ့ယှဉ်ရတယ်။ ဒါကြောင့် အရှင်တို့ မသိတတ်ကြလို့။ အောက်တာလေးက အရှင်ဘုရားတို့ ရသေ့စာမျက်နှာလေးမှာ ရေးထားရတာ။ ဟုတ်လားဗျ။
ကိုင်း၊ ဒါဆိုလို့ရှိရင် ခုနက စောစောကလည်း ပြောလိုက်ပြီ။ ခုနက အာရမ္မဏာဓိပတိအနေနဲ့ ဝိပဿနာလည်း မရှုနိုင်ဘူးဗျာ။ ရှုနိုင်ရဲ့လား။
မရှုနိုင်ပါဘူး။
မရှုနိုင်ဘူး။ ဒါလည်းပဲ သေချာမှတ်ဦး။ ဟုတ်လားဗျာ။ ဝိပဿနာရှုတယ်ဆိုတာ အာရမ္မဏာဓိပတိ တတ်ပါစေဆိုလို့ရှိရင်လည်း အဲဒါ မှန်သလား၊ မှားသလား။
မှားပါတယ်။
မရဘူး ကိုယ်တော်တို့ရေ။ အာရမ္မဏာဓိပတိနဲ့ ဝိပဿနာရှုလို့မရဘူး။ ရှုတယ်ဆိုတာ ရှိလား။ မရှိဘူး။ ဒါတွေက တို့ မှတ်တတ်သလား၊ မမှတ်တတ်ဘူးလား။
မှတ်တတ်ပါတယ်။
မပြုတတ်တာ ဘယ်နှမျိုးရှိတုန်း။ နှစ်မျိုး။ အခု ရုပ်တရားဆိုလို့ရှိရင်လည်းပဲ ကိုယ်တော်တို့ အာရမ္မဏာဓိပတိနဲ့ ဘာပါလိမ့်၊ အာရမ္မဏာဓိပတိကုသိုလ်နဲ့ ဘာပါလိမ့်၊ အာရုံမပြုနိုင်ဘူး။ ဝိပဿနာတွေရှုတဲ့အခါကျလို့ရှိရင်လည်းပဲ အာရမ္မဏာဓိပတိအနေနဲ့ ဝိပဿနာ ဘာဖြစ်လို့မရနိုင်ဘူး၊ မရှုနိုင်ဘူး။ ရှုလို့ရလား။
မရပါဘူး။
မရဘူး။ ဟုတ်လားဗျ။ ဒါကြောင့် တို့ မမှားနိုင်ဘူးလား။
မမှားနိုင်ပါဘူး။
တို့ နောင်ကျရင် မှားတတ်တာ တွေ့လာလိမ့်မယ်။ "ဪ ဘုန်းကြီးတော့ ပြောဖူးတာပဲ" လို့ ဖြစ်သွားလိမ့်မယ်။
ကိုင်း၊ ဒါဆိုလို့ရှိရင် ကုသလောကုသလ ခုနက ပြီးသွားပြီ။ "ကုသလော ဓမ္မော အကုသလဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ဒါနံ ဒတွာ၊ သီလံ သမာဒိယိတွာ၊ ဥပေါသထကမ္မံ ကတွာ၊ တံ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။" အဲဒီတော့ ကုသလောအကုသလဿက သုံးချက်ပေါ့။
"ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အရဟာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။"
"အကုသလော ဓမ္မော အကုသလဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ရာဂံ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိံ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။"
အကုသလောကုသလဿနဲ့ အကုသလောအဗျာကတဿက မရဘူး။ ဘာဖြစ်လို့မရတာလဲလို့ အကြောင်းမေးရင်၊ ခုနက မည်သည့်ကုသိုလ်ကမှ အကုသိုလ်ကို အလေးအမြတ်မပြုဘူး။ ပြီးတော့ အဗျာကတတရားကမှ အကုသိုလ်တရားကို... ကိုယ့်ထက်နိမ့်ကျတဲ့တရားကို သွားပြီးတော့ ကိုယ်တော်တို့ အလေးပြုပါ့မလား။
မပြုပါဘူး။
လောကသဘာဝနဲ့ စဉ်းစားရင်တော့ မသိနိုင်ဘူးလား။ သိနိုင်တာပေါ့ဗျာ။
"အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အရဟာ ဖလံ ပစ္စဝေက္ခတိ၊ နိဗ္ဗာနံ ပစ္စဝေက္ခတိ။ နိဗ္ဗာနံ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။"
"အဗျာကတော ဓမ္မော ကုသလဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သေက္ခာ ဖလံ ပစ္စဝေက္ခတိ၊ နိဗ္ဗာနံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။"
"အဗျာကတော ဓမ္မော အကုသလဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ဈာနံ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။"
ကဲ၊ ကောက္ကထိစတုက္က၊ နိကာယုသတ္တက၊ ဘေဒဝါရ၊ ဝိဘင်္ဂဝါရ။ ကဲ၊ ကိုင်း ဟော ကြည့်ရအောင်။ အဲဒီတော့ ဒီမှာ သရုပ်ခွဲနဲ့ပဲ တပည့်တော်တို့ အရကောက်ကြရအောင်ပေါ့။ အဲဒီမှာ ကြည့်မယ်ပေါ့။
"ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော" ဟူသော ပါဠိတော်၌ "ကုသလော ဓမ္မော" ကတ္တားပုဒ်၏ အရကောက်ရာ၌ အလေးအမြတ်ပြုအပ်သော အရိယာမဂ်နှင့်တကွသော ကုသိုလ်စိတ်၊ စေတသိက်အထိ ပစ္စည်းတရားရ၏။ နောက် "ကုသလဿ ဓမ္မဿ" ဟူသော သမ္ပဒါန်ပုဒ်၏ အရကောက်က အလေးအမြတ်ပြုတတ်သော မဟာကုသိုလ်စိတ်ရှစ်ခု၊ ဝိရတီ၊ အပ္ပမညာကြဉ်သော၊ ဒီမှာ မဟာကုသိုလ်လေးခုနဲ့ မဟာကုသိုလ်လေးခု၊ ရှစ်ခုပဲ မဟုတ်ဘူးလား။
မှန်ပါတယ်။
အဲဒါ ကုသလောကုသလ ဆိုတာ ဒီလိုနားလည်ရတာပေါ့။ မဟာကုသိုလ်ရှစ်ခု၊ ဝိရတီ၊ အပ္ပမညာကြဉ် စေတသိက်သာ ပစ္စုပ္ပန်တရားရ၏။ "အဓိပတိပစ္စယေန" ဟူသော ကရိုဏ်းပုဒ်၏ အရကောက်မယ်။ တို့ ရကောက်စာမျက်နှာ ၃၈ မှာတော့ "တစ်ပြိုင်နက်တည်း တက်ကောင်းသော" လို့ ဒီလိုဆိုထားတာ။ တစ်ပြိုင်နက်တည်း တက်တာမဟုတ်ဘူးနော်။ တစ်ပြိုင်နက်ပဲရတာပေါ့။ ဘာဖြစ်လို့လဲဆိုရင် သုံးပစ္စည်းပဲပြိုင်တာလေ။ သုံးပစ္စည်းက အာရမ္မဏရယ်၊ အဓိပတိရယ်၊ ဥပနိဿယရယ်ဆိုတော့ ဥပနိဿယက အဓိပတိရသလောက် ရနေတာလေ။ တစ်ထပ်တည်း၊ "ဖွားခနဲ၊ ထပ်ခနဲ၊ ချက်ခနဲမကွာ" ဆိုတာလို တစ်ထပ်တည်းတူနေတာ။ အာရမ္မဏကလည်း အာရမ္မဏ၊ အာရမ္မဏာဓိပတိကြီးပဲလေ။ ဟုတ်တယ်မဟုတ်လား။ ဒါကြောင့် အဲဒီရကောက်စာကို "တစ်ပြိုင်နက်တည်း တက်ကောင်းသော" လို့ ဒီလိုဆိုရတယ်။ သုံးပစ္စည်းတွေပြိုင်မယ်ဆိုရင်၊ ဒီ အာရမ္မဏ၊ အာရမ္မဏာဓိပတိ၊ ဥပနိဿယ သုံးပစ္စည်းတွေပြိုင်မယ်ဆိုရင်တော့ "တစ်ပြိုင်နက်တည်း" လို့ ယူမှတ်လိုက်ပေါ့။ ဟုတ်လားဗျ။ ဘာလို့လဲဆိုလို့ရှိရင် အဓိပတိရသမျှကို အာရမ္မဏက မရဘူးလား။
ရပါတယ်။
ဥပနိဿယနဲ့ တန်းတူညီမျှရတယ်လေ။ ဟုတ်တယ်မဟုတ်လား။ နောက်တစ်ခေါက် ခုနကအတိုင်း ကောက်ပြီးလို့ရှိရင် "တစ်နည်းကား" ပေါ့။ တစ်နည်းကားကတော့ ဒီသုဒ္ဓသင်္ဂြိုဟ်အတိုင်း ကောက်ထားတာ၊ ဒီသရုပ်ခွဲဇယားအတိုင်း ကောက်ထားတာ။ "တစ်နည်းကား၊ အလေးအမြတ်ပြုတတ်သော မဟာကုသိုလ်ဉာဏဝိပ္ပယုတ္တလေးခုအားလျော်စွာ အလေးအမြတ်ပြုအပ်သော လောကီကုသိုလ် ၁၇၊ အလေးအမြတ်ပြုတတ်သော မဟာကုသိုလ်ဉာဏသမ္ပယုတ္တလေးခုအားလျော်စွာ အလေးအမြတ်ပြုအပ်သော အရိယမဂ်ကြဉ်သော ကုသိုလ်စိတ်၊ စေတသိက်အထိ ပစ္စည်းတရားရ၏။" ပစ္စုပ္ပန်ကတော့ ခုနကအတိုင်း တူတူပဲပေါ့။ သမ္ပဒါန်ပုဒ်အတိုင်းပဲ တူတူပဲ။
ကိုင်း၊ ဒါကြောင့်မို့လို့ ကုသလောကုသလကို အဲဒီမှာ နှစ်ခေါက်ကောက်ကြည့်ရအောင်။ "ကုသလော ဓမ္မော အကုသလဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော" ဟု ဟောတော်မူအပ်သော ပါဠိတော်၌ "ကုသလော ဓမ္မော" ကတ္တားပုဒ်၏ အရကောက်ဆိုတော့ ကုသိုလ်ကနေ အကုသိုလ်ကို ကျေးဇူးပြုမယ်ဆိုလို့ရှိရင် ကိုယ်တော်တို့ ဒီမှာ အထက်ဆုံးထဲက လောကီစိတ်ထဲမှာပါတဲ့ လောကီကုသိုလ် ၁၇။ ဟုတ်လား။
မှန်ပါ့။
"အလေးအမြတ်ပြုအပ်သော လောကီကုသိုလ် ၁၇၊ စေတသိက်အထိ ပစ္စည်းတရားရ၏။" "အကုသလဿ ဓမ္မဿ" ဟူသော သမ္ပဒါန်ပုဒ်၏ အရကောက်က "အလေးအမြတ်ပြုတတ်သော လောဘမူစိတ်ရှစ်ခု၊ စေတသိက်" ပစ္စုပ္ပန်တရားရ၏။ "အဓိပတိပစ္စယေန" ကတော့ ထုံးစံအတိုင်း ဘာလဲဗျာ၊ အာရမ္မဏာဓိပတိသတ္တိလို့ ရတယ်လို့ဆိုရမှာပေါ့။ ဟုတ်လားဗျ။
ကိုင်း၊ ဒါလေးလည်းပဲ ကောက်ရအောင်။ "ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။" အဲဒီတော့ သူ့ရဲ့ အနုဝါဒပါဠိတော်ကို ကြည့်၊ "အရဟာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။" ဒါလေးရှိတယ်မဟုတ်လား။ ဒါကြောင့် ခုနကအတိုင်း ကောက်မယ်ဆိုရင် "အလေးအမြတ်ပြုအပ်သော အရဟတ္တမဂ္ဂစိတ်၊ စေတသိက်"။ သို့သော် ရကောက်ဆရာတော်ကြီးက ဟိုဘက်က၊ ဒီအခါတော့ ပစ္စုပ္ပန်ကပဲ စလိုက်တယ်။ "ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော" ဟု ဟောတော်မူအပ်သော ပါဠိတော်၌ "ကုသလော ဓမ္မော" ကတ္တားပုဒ်၏ အရကောက် "အလေးအမြတ်ပြုတတ်သော မဟာကိရိယာ ဉာဏသမ္ပယုတ္တစိတ်လေးခုအားလျော်စွာ အရဟတ္တမဂ်၊ စေတသိက်အထိ ပစ္စည်းတရားရ၏။"
စေတသိက်အထိ ပစ္စည်းတရားရ၏။ နောက် "အဗျာကတဿ ဓမ္မဿ" ဟူသော သမ္ပဒါန်ပုဒ်၏ အရကောက်က... ဒီမှာပြောချင်တာ ဘာပြောချင်တာလဲဆိုရင် ဒီ "ကုသလော" ဆိုပြီးတော့ ဒီနေရာလေးက မှားတတ်တာပေါ့။ "ကုသလော" ဆိုတော့ ဒါလေးက မှားတတ်တဲ့အတွက်ကြောင့်မို့လို့ "ကုသလော" ဆိုပြီးတော့ ကုသိုလ်စိတ် ၂၁ လို့ ကောက်လိုက်တာနဲ့တစ်ပြိုင်နက်တည်း "ရွှဲခနဲ" ဆို ကြက်သီးထစရာပေါ့ဗျာ။ ဟုတ်တယ်မလား။
မှန်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပေးပို့ထားသောစာပိုဒ်ကို မြန်မာစာလုံးပေါင်းသတ်ပုံစည်းမျဉ်းများနှင့်အညီ စစ်ဆေးတည်းဖြတ်ပြီး စာဖတ်၍ ပိုမိုချောမွေ့စေရန် ပုဒ်ဖြတ်၊ ပုဒ်ရပ်များ ထည့်သွင်းပေးထားပါသည်။
ပြင်ဆင်တည်းဖြတ်ပြီးသော စာပိုဒ်
ဘယ်လောက်တောင်မှားတတ်သေးသလဲဆိုရင်တော့ "အရဟတ္တမဂ်ကြဉ်သော ကုသိုလ်စိတ် ၂၀" ရတယ်။ ဒါ ခဏခဏမှားတယ်။ အရဟတ္တမဂ်ကြဉ်တော့ ဘာပါလိမ့်။
ကုသိုလ်စိတ် ၂၀။
၂၀ ကြဉ်တာက ဘာပါလိမ့်။
အရဟတ္တမဂ်။
အရဟတ္တမဂ်။ ဒါကြောင့် "အရဟတ္တမဂ်စိတ်၊ စေတသိက်အထိ ပစ္စည်းတရားရ၏။" "အဗျာကတဿ" သမ္ပဒါန်ပုဒ်၏ အရကောက်က အလေးအမြတ်ပြုတတ်သော ဘာရပါလိမ့်။
မဟာကိရိယာ ဉာဏသမ္ပယုတ္တစိတ်လေးခု၊ ဝိရတီ၊ အပ္ပမညာကြဉ်သော ပစ္စုပ္ပန်တရားရ၏။
သုံးပစ္စည်းပဲပြိုင်မယ်။ ကိုင်း၊ ဒါလေးလည်း ဆိုကြည့်ရအောင်။ အဲဒီတော့ အကုသလောအကုသလကတော့ ပစ္စည်းဘက်ကလည်း လောဘမူစိတ်ရှစ်ခုပဲ၊ ပစ္စယုပ္ပန်ဘက်ကလည်းပဲ လောဘမူစိတ်ရှစ်ခုပဲပေါ့။ ဒါကြောင့် "အကုသလောအကုသလ၌ အကုသလောဓမ္မောဟူသော ကတ္တားပုဒ်၏ အရကောက်က အလေးအမြတ်ပြုတတ်သော လောဘမူစိတ်ရှစ်ခုအားလျော်စွာ အလေးအမြတ်ပြုအပ်သော လောဘမူစိတ်ရှစ်ခု၊ စေတသိက် ပစ္စည်းတရားရ၏။" ပစ္စုပ္ပန်လည်း ဒီလိုရမယ်ပေါ့။ "အလေးအမြတ်ပြုတတ်သော" လို့ ဆိုလိုက်ရုံပဲပေါ့။ သုံးပစ္စည်းပဲပြိုင်မယ်။ ဆိုရအောင်။ "အကုသလောအကုသလ၌" ဆိုရအောင်။
"အဗျာကတောအဗျာကတဿ" ပစ္စည်းတရားရ၏။ ဒီမှာကြည့်မယ်ပေါ့။ "အလေးအမြတ်ပြုတတ်သော မဟာကိရိယာ ဉာဏသမ္ပယုတ္တစိတ်လေးခုအားလျော်စွာ အရဟတ္တဖိုလ်၊ နိဗ္ဗာန်။" လောကုတ္တရာရှစ်ခုထဲမှာ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် မပါဘူးလား။ "ဖိုလ်လေးခုအားလျော်စွာ နိဗ္ဗာန် ပစ္စည်းတရားရ၏။" "သမ္ပဒါန်ပုဒ်၏ အရကောက်က မဟာကိရိယာ ဉာဏသမ္ပယုတ္တလေးခု၊ ဖိုလ်လေးခု၊ စေတသိက်အထိ။" ဟုတ်လားဗျ။ "ပစ္စုပ္ပန်တရားရ၏။" နောက်ကျတော့ ဘာလဲဗျ၊ ဟို ပစ္စည်းတွေ ဘယ်နှစ်ပစ္စည်းပြိုင်ပါလိမ့်။
သုံးပစ္စည်း။
သုံးပစ္စည်းပဲ။ သုံးပစ္စည်းပဲ။ ဆိုတော့ နောက်ဆုံးပိတ်ကျမှ ကိုယ်တော်တို့ ရှစ်ပစ္စည်းလာမှာ။ အဲဒီရှစ်ပစ္စည်းက သုံးပစ္စည်းက တစ်ပြိုင်နက်၊ ကျန်တဲ့ငါးပစ္စည်းက ရထိုက်လိမ့်မယ်။ ကိုင်း၊ ဒါလည်း ကိုယ်တို့ဆိုကြည့်ရအောင်။ "အဗျာကတောအဗျာကတဿ၌"၊ "အဗျာကတောကုသလဿ၌ အဗျာကတောဓမ္မောဟူသော ကတ္တားပုဒ်၏ အရကောက်က" အဲဒီတော့ အဗျာကတောကုသလဿဆိုတော့ ပစ္စည်းက ဘာပါလိမ့်။
ကုသိုလ်ဖြစ်ရမယ်။
"ကတ္တားပုဒ်၏ အရကောက်က အလေးအမြတ်ပြုတတ်သော မဟာကုသိုလ် ဉာဏသမ္ပယုတ္တစိတ်လေးခုအားလျော်စွာ အောက်ဖိုလ်၊ နိဗ္ဗာန်၊ မဂ်လေးခုအားလျော်စွာ နိဗ္ဗာန် ပစ္စည်းတရားရ၏။" "ကုသလဿ ဓမ္မဿ" သမ္ပဒါန်ပုဒ်၏ အရကောက်မှာ "မဟာကုသိုလ် ဉာဏသမ္ပယုတ္တစိတ်လေးခု၊ မဂ်လေးခု ပစ္စုပ္ပန်တရားရ၏။" ဟုတ်လားဗျ။ ကိုင်း၊ ဒါလေးကို ကောက်ကြည့်ရအောင်။ "အဗျာကတောကုသလဿ၌"၊ "အဗျာကတောအကုသလဿ၌ အဗျာကတောဓမ္မော အကုသလဿ ဓမ္မဿ၊ အဗျာကတောဓမ္မောဟူသော ကတ္တားပုဒ်၏ အရကောက်က အလေးအမြတ်ပြုတတ်သော လောဘမူစိတ်ရှစ်ခုအားလျော်စွာ ဣဋ္ဌဖြစ်သော နိပ္ဖန္နရုပ် ၁၈၊ ဒုက္ခသဟဂုတ်ကာယဝိညာဉ်ကြဉ်သော လောကီဝိပါက် ၃၁၊ ကိရိယာ ၂၀။"
ပစ္စည်း၊ ပစ္စုပ္ပန်တရားရ၏။ "အကုသလဿ ဓမ္မဿ" ဟူသော သမ္ပဒါန်ပုဒ်၏ အရကောက်က ခုနကအတိုင်း ဘာသာရတာပါလိမ့်။
လောဘမူစိတ်။
လောဘမူစိတ်။ "အဓိပတိပစ္စယေန" ဟူသော ကရိုဏ်းပုဒ်၏ အရကောက်ဆိုပြီးတော့ အဲဒီမှာ ကိုယ်တော်တို့ စာမျက်နှာ ၁၇ အောက်မှာ ရေးပြထားတယ်။ ရှစ်ပစ္စည်း။ ရှစ်ကို ခေါင်းလေးချိတ်ထားမှ ရှစ်ပစ္စည်းပြိုင်မယ်။ သုံးပစ္စည်းက ရထိုက်၊ အဓိပတိ၊ အာရမ္မဏ၊ ဥပနိဿယက ရထိုက်။ ကျန်တဲ့ငါးပစ္စည်းက တစ်ပြိုင်နက်။ အဲဒီမှာ ပြောင်းပြန်ဖြစ်နေပြီနော်။ အဓိပတိ၊ အာရမ္မဏ၊ ဥပနိဿယက တစ်ပြိုင်နက်၊ ကျန်တဲ့ငါးပစ္စည်းက...
ရထိုက်။
ရထိုက်။ အခု ဘယ်နှပစ္စည်းပြိုင်မှာပါလိမ့်။
ရှစ်ပစ္စည်း။
အဲဒီတော့ ဒါနဲ့ပတ်သက်ပြီးတော့ မှတ်သားထားရမှာက "အာဒိ" ဝင်တဲ့နေရာတွေ ပြောကြည့်။
အာဒိ ဝင်တဲ့နေရာတွေ။
အာဒိ ဝင်တဲ့နေရာတွေ။ "ရာဂေါ" အကုသလဟေ့ဆိုရင် ဒီရှစ်ပစ္စည်းရမယ်လို့ မှတ်ခဲ့ပါ။ ဘာဝင်ရင်...
အာဒိ ဝင်ရင်။
အာဒိ ဝင်တဲ့နေရာတွေမှာ ဘယ်နှစ်ပစ္စည်းပြိုင်မယ်။
ရှစ်ပစ္စည်း။
ရှစ်ပစ္စည်းပြိုင်မယ်လို့ မှတ်ခဲ့။ အာဒိ ဝင်တဲ့နေရာတွေမှာ။ ဟုတ်လားဗျ။ အဲဒီလိုမှတ်ခဲ့။ အဲဒီတော့ "ဘယ်လိုတုန်းဘုရား" လို့ ဒီလိုတွေးစရာတွေရှိတာဗျ။ ဟုတ်လားဗျ။ ကိုင်း၊ ကိုင်း၊ ကိုင်း၊ အဲဒါလေးကို ကိုယ်တော်တို့ နှစ်ခေါက်လောက် ဖတ်ကြည့်ပြီးတော့မှ နည်းနည်းလေး ဆက်အတွေးလေး တည်ဆောက်ရအောင်ပေါ့ဗျာ။ ဆိုရအောင်။ အဲဒီတော့ စာမျက်နှာ ၁၉ ထိပ်မှာ "အာရမ္မဏာဓိပတိသတ္တိဟူသည်" တဲ့။ တွေ့လား။
မှန်ပါတယ်။
"အာရုံပင်ဖြစ်စေကာမူ စိတ်ကို အလွန်ခိုင်မြဲစွာ ဆွဲငင်ဖြစ်စေအောင် ဆွဲဆောင်နိုင်သော စွမ်းအားဖြင့် အလေးအမြတ် ကျေးဇူးပြုခြင်း၊ အစိုးရခြင်းသဘောတရားသည် အာရမ္မဏာဓိပတိသတ္တိမည်၏။" တဲ့။ ဒါကိုပဲ "အာရမ္မဏာဓိပတိမှာ၊ ကာမာအာရုံဘုံဘုံထက်၊ လွန်ကဲတတ်ပြီး သတ္တိပို၊ စိတ်ကိုဆွဲငင် လေးမြတ်လျှင်၊ ခေါ်တွင်ကျေးဇူးပြု။" ဟုတ်လားဗျ။ "အာရမ္မဏာဓိပတိမှာ၊ သာမန်အာရုံအဖုံဖုံထက်၊ လွန်ကဲတတ်ပြီး သတ္တိပို၊ စိတ်ကိုဆွဲငင် လေးမြတ်လျှင်၊ ခေါ်တွင်ကျေးဇူးပြု။"
အဲဒီတော့ ကိုယ်တော်တို့ရေ၊ အဲဒါကြည့်လိုက်။ ဟိုဘက်ကန် ဒီဘက်ကန်နဲ့ ဘောလုံးပွဲကြည့်ပြီး "ဘယ်ပွဲတော့ ကောင်းသလဲဟေ့" ဆိုတော့ ဉာဏ်ကိုတက်ပြီဆိုတဲ့အတိုင်း ဒါ အာရမ္မဏာဓိပတိသတ္တိနဲ့ သွားနေတာ။ ဒီလိုသိစရာမကောင်းဘူးလား။
ကောင်းပါတယ်။
ကောင်းတာပေါ့။ ဒါတင်ပဲဆိုတော့ မဟုတ်သေးဘူး။ ကိုယ်တော်တို့ရေ၊ ဘယ်အာရုံပဲဖြစ်ဖြစ်ပေါ့ဗျာ၊ တပ်မက်နေမယ်ဆိုလို့ရှိရင်၊ တလှိုက်လှိုက်ခုန်တယ်ဆိုလို့ရှိရင်၊ ဟုတ်လားဗျာ၊ အဲဒါ ဘာဖြစ်နေတာပါလိမ့်။
အာရမ္မဏာဓိပတိ။
အာရမ္မဏာဓိပတိဖြစ်နေတာ။ "ဘယ်သံလေးကတော့ ကြားလိုက်ချင်တာ" ဆိုပြီး အဖန်ဖန်အထပ်ထပ် ကြားချင်နေတာ အသံလေး။ ဟုတ်လားဗျ။
မှန်ပါ့။
သူ့သံလေးကို ကြားလိုက်မယ်ဆိုရင် ချိုမြိန်နေတယ်လို့ ထင်နေရတာ။ အဲဒါ ဘာပါလိမ့်။
အာရမ္မဏာဓိပတိ။
အာရမ္မဏာဓိပတိ။ ဟုတ်လားဗျာ။ အဲဒီတော့ အဲဒီလိုပဲ ကိုယ်တော်တို့ရဲ့ "ဘယ်အစားအသောက်ကတော့ စားကိုချင်တာကွာ၊ ဟိုဆိုင်က ကောင်းတယ်၊ ဟိုဆိုင်ကို သွားမယ်" ဆိုရင် အဲဒီခြေလှမ်းတွေက အဓိပတိနဲ့ လှမ်းနေပြီလို့ သိစရာမကောင်းဘူးလား။
ကောင်းပါတယ်။
ကောင်းနေပြီ။ "ဘယ်အစားအစာ ကြိုက်နေလဲ၊ ဘာစားချင်နေလဲ ကြည့်စမ်းပါဦးကွာ၊ ဘယ်ဆိုင်က ကောင်းသလဲကွ။" ဟုတ်လား။ "တို့ကျောင်းဆွမ်းကပ်တာကို မစားနိုင်ဘူး၊ ငါတို့သွားမယ်" ပေါ့။ အဲဒီလို သွားနေပြီဆို ဘာနဲ့သွားနေတာလဲ။
အာရမ္မဏာဓိပတိ။
အာရမ္မဏာဓိပတိ။ ကုသိုလ်အာရမ္မဏာဓိပတိလား၊ လောဘအာရမ္မဏာဓိပတိလား။
လောဘ။
အဲ၊ ရသာရုံကို သွားမက်နေတာ။ ဟုတ်လားဗျ။ ကျောင်းကဆွမ်းကပ်တာကို မစားချင်ဘူး။ ကိုယ့်အမေ၊ ကိုယ့်အဖေတွေက သူဌေးကျနေတာပဲ။ ဟုတ်လား။ ဟိုမှာ အဲဒါ သူတို့ကောင်းတယ်။ ဘုန်းကြီးတော့ လာမကပ်ဘူး။ ကိုင်း၊ ခက်ပြီပေါ့။ ကိုင်း၊ အဲ ဘုန်းကြီး လက်ဖက်ရည်ကြိုက်တာ သူတို့သိပုံမရဘူး။ ဟုတ်လား။ ကြော်ငြာလိုက်ပြီ။ ဟုတ်လား။ သူတို့လည်း လောဘအဓိပတိတတ်တာမဟုတ်ဘူးလား။ ကိုယ်လည်း လောဘအဓိပတိတတ်ချင်တာပေါ့ဗျ။ အံမယ်၊ ဒါမျိုးတော့။ ဟုတ်လား။ သူတို့ချည်း တတ်နေတာပဲ။ ဟုတ်လား။ အဲဒါ ကိုယ်တော်တို့ရေ၊ ဟင်း... အဲဒီတော့လည်းပဲ အဲဒါ သွားပြီဆိုကတည်းက ကိုယ်ကတို့တွေ အဲဒါ ပဋ္ဌာန်းနဲ့သွားရင် မကောင်းဘူးလား။
ကောင်းပါတယ်။
အယ်၊ အဲဒါ ကိုယ်တို့ရေ၊ အာရမ္မဏ၊ အဲဒီဆိုင်ကို၊ အဲဒီအစားအစာကို ကိုယ်တော်တို့ ရေးခဲ့ပါလို့ မေးမှာ။ ဒါမျိုးတွေမေးမှာ ဆရာက။ ဟုတ်လားဗျ။ အဲဒီလိုရေးခိုင်းမှာ။ ကိုယ်တော်တို့ ဘယ်... ကိုယ်တော်တို့ စာအုပ်ထဲက ရင်ဘတ်ထဲရောက်သွားရင် တစ်လောကလုံးက ပဋ္ဌာန်းနဲ့ကင်းလို့မရဘူး။ ရလား။
မရပါဘူး။
မရဘူး။ အရှင်ဘုရားတို့ ပဋ္ဌာန်းကြီးပဲ။ ပဋ္ဌာန်းဆိုတာ အရှင်ဘုရားတို့ရေ၊ အပြင်လောကကြီးတစ်ခုလုံး၊ သတ္တလောကကြီးတစ်ခုလုံး၊ သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောကဆိုတဲ့ လောကသုံးပါးလုံးကို ဘာလဲဗျ၊ အဲဒါ ဒီစာအုပ်ထဲမှာ စာအုပ်အဖြစ် ဘုရားဟောထားတာ၊ တရားအားဖြင့် ဟောထားတာတွေ။ အဲဒီတော့ "ကြည့်တတ်ရင် ဘာဝနာ၊ မကြည့်တတ်ရင် တဏှာ" ဆိုတာ အောက်မှာ မပါဘူးလား။
အဲဒီထဲလည်းပဲ ဖောက်မေးကြည့်ရမှာပေါ့ဗျာ။ ဟုတ်လား။
မှန်ပါ။
အောက်ကဟာတွေကလည်းပဲ "ရဟန္တာတို့ အလေးအမြတ်အာရုံပြုသည့် တရားများကို ဖော်ပြသည့် ဝီထိ၊ အနုဝါဒပါဠိ" ဒီအတိုင်းပေးလို့သာ မရလို့ကတော့ တစ်ခုမရလိုက်လို့ရှိရင် တစ်မှတ်မှ မပေးဘူး။ အဲဒါ ရှင်းရှင်းမှာထား၊ ကြေညာထားလိုက်ဦးမယ်။ ဒီတစ်ခါတော့ ဘာလို့လဲဆိုတော့ အစအဆုံး၊ နှစ်အစအဆုံးအကြိမ်ဆိုတော့ ကိုယ်တော်တို့ကို သက်သက်ညှာညှာပဲ လုပ်မှာပါ။ သက်ညှာမယ်ဆိုတာက ကိုယ်တော်တို့ အမှတ်သက်ညှာမယ်ပြောတာ။ မေးခွန်းကတော့ မသက်ညှာနိုင်ဘူး။ ဘာလို့လဲ...
မှန်ပါ။
ဟုတ်လားဗျ။
မှန်ပါ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပေးပို့ထားသောစာပိုဒ်ကို မြန်မာစာလုံးပေါင်းသတ်ပုံစည်းမျဉ်းများနှင့်အညီ စစ်ဆေးတည်းဖြတ်ပြီး စာဖတ်၍ ပိုမိုချောမွေ့စေရန် ပုဒ်ဖြတ်၊ ပုဒ်ရပ်များ ထည့်သွင်းပေးထားပါသည်။
ပြင်ဆင်တည်းဖြတ်ပြီးသော စာပိုဒ်
အဲ ခုနက ဟိုကန်တော့တောက ပညာရှိပဲ။ ဟုတ်လား။ ဘယ်ဆွမ်းမှမစားဘူး၊ လက်ဖက်ရည်သောက်နေတာကိုး။ ဘယ်ပိန်ခြောက်နေဦးမလဲပေါ့။ လက်ဖက်ရည်သောက် ငပိန်ခြောက်ပေါ့ဗျာ။ ဟုတ်လား။ အဲဒါ သူ့အမေကတော့ အဲဒါ တော်တော်ကို ပိုက်ဆံပေါ်ပုံရတယ်ဗျ။ ဒီဘက်တော့ မရှိဘူးပေါ့ဗျာ။ အဲ တို့ကသဘောပေါက်တယ်။ ဟုတ်လား။ ဘယ်ဆရာက ရှုံးတာပေါ့ဗျာ။ ဟုတ်လား။
မှန်ပါ။ ကိုင်း၊ အဲဒီတော့ ကိုယ်တော်တို့ရေ၊ အဲဒီလို စာသဘောပေါက်ရတယ်ဗျ။ ဟုတ်လား။ "အာရမ္မဏာဓိပတိမှာ၊ သာမန်အာရုံဘုံဘုံထက်၊ လွန်ကဲတတ်ပြီး သတ္တိပို၊ စိတ်ကိုဆွဲငင်" စိတ်ကို ဘာလဲ။
ဆွဲငင်။
စိတ်က ဆွဲငင်သွားတဲ့အတွက်ကြောင့်မို့လို့ ရုပ်ကြီးကလည်း တရွေ့ရွေ့နဲ့ ပါသွားရပြီ။ အဲဒါတရားဗျ။ စိတ်က ခေါ်ဆောင်သွားလို့ ရုပ်ကြီး တရွေ့ရွေ့နဲ့ ပါမသွားဘူးလား။
ပါသွားပါတယ်။
ဒီစိတ်နဲ့ရုပ်ကို "ငါ" အနေနဲ့။ အဲဒါ ဘာလဲဗျာ။ အေး၊ ရုပ်က အကန်း၊ နာမ်က...
အကန်း၊ နာမ်က အကျိုး။
ဟုတ်လား။ အကျိုးနဲ့အကန်း သွားလာတယ်ဗျ။ ဘာလဲ။
အကျိုးနဲ့။
အကျိုးနဲ့အကန်း သွားလာတယ်။ အဲဒါ အကန်းပေါ်ကနေတော့ အကျိုးက စီးပြီးတော့သွားတာလေ။ "ဟေ့ကောင် ဘယ်သွားမလို့လဲကွ။" "ဟိုမှာ Lucky လက်ဖက်ရည်ဆိုင် ကောင်းတယ်" ပေါ့လေ။ အဲဒါပေါ့။ လောဘစိတ်ကနေပြီးတော့ နှိုးဆော်နေတာ။ အောက်က အကန်းကနေပြီးတော့ ရုပ်ကြီးက သွားနေတယ်။ ဟုတ်လား။
မှန်ပါ။
ဘုရားဟောထားတာရှိတယ်။ အဲဒီကတရား ကိုယ်တော်တို့ကို ပေးခဲ့ပြီးသားဗျ။ ဟုတ်လား။ "စိတ္တေန နီယတေ လောကော" အဲဒါမရှိဘူးလား။
မရှိပါဘူး။
ငါတို့ မဖတ်ဖူးဘူးလား။
ဖတ်နေပါတယ်။
အဲဗျာ၊ ကိုယ်တော်တို့ ဒီအသက်အရွယ်တွေတောင်မှ၊ ကိုယ်တော်တို့ အကြီးတန်းရောက်နေပြီဆိုတာတောင်မှ အဲဒါမဖတ်သေးဘူး။ အဲဒါ "စိတ္တေန နီယတေ လောကော၊ စိတ္တေန ပရိကဿတိ။ စိတ္တဿ ဧကဓမ္မဿ၊ သဗ္ဗေဝ ဝသ မနွဂူ။" ဆိုတာလေ။ ဒီစာက တို့စာအုပ်တွေထဲ ရှိတာ။ တို့စာအုပ်တွေထဲ ရှိတာ။ ဟုတ်လားဗျို့။ တို့လက်ထက် စာအုပ်တွေထဲကို ရှိနေတာ။ ကျောင်းက ကောင်းတယ်၊ စာအုပ်ကောင်းတယ်ဆိုတော့ ဝယ်ထားလိုက်တာပေါ့ဗျာ။ ကောင်းမယ်ဗျာ။ ပုံထားတဲ့အခါပဲရှိတယ်။ ဘာမှမသိဘူး။ အဲဒီစာအုပ်ထဲမှာပဲဗျာ။ ဟုတ်လား။ "စိတ္တံ နာနတ္တံ မာ ကမ္မံ၊ နာနတ္တံ ဟောတိ ဝါယုနော။ ဝါယု နာနတ္တတော နာနာ၊ ဟောတိ ကာယဿ ဣဉ္ဇနာ။" တဲ့။ သုတ္တနိပါတ်ကနေပြီးတော့ အဲဒီဟောထားတဲ့တရားလေးဆိုပြီးတော့ ကိုယ်တော်တို့ ခေါင်းရင်းက စာအုပ်တစ်အုပ်ထဲမှာပါတယ်ပေါ့ဗျာ။ မပြောလိုက်ဘူးလား။ မှတ်ထားဦး။ အကြောင်းရောက်မှ ရှာမယ်။ ကိုယ်တော်တို့ရဲ့ အထက်လေးထဲမှာတော့ အကျိုးနဲ့ ဘာပါလိမ့်။
အကန်း။
အကန်းနဲ့ဗျ။ အဲဒီလို ကိုယ်တော်တို့တွေဟာ "ငါတော့ လောဘနဲ့သွားနေပြီ၊ ငါ့ခြေလှမ်းတွေက လောဘနဲ့သွားနေပြီ ကြည့်စမ်းပါဦး" ဟုတ်လားဗျ။ တကယ်တော့ ကိုယ်တော်တို့ရေ၊ အမေတွေ၊ အဖေတွေကို မနှိပ်စက်ချင်ပါနဲ့ဗျ။ ဟုတ်လားဗျ။ ကိုယ့်အမေတွေ၊ ကိုယ့်အဖေတွေ၊ တို့အမေတွေ၊ အဖေတွေ သူဌေးတွေ တစ်ယောက်မှ ဒီထဲမှာမရှိဘူး။ ဟုတ်လားဗျ။ သူဌေးပါရဲ့လား။
တစ်ယောက်မှမရှိဘူး။ ဟုတ်လားဗျ။ အဲဒီတော့လည်းပဲ ကိုယ်တော်တို့ အသုံးနဲ့အဖြုန်းနဲ့ဗျ။ ဘယ်လိုပါလိမ့်ဗျ။
အသုံးနဲ့အဖြုန်း။
သုံးတော့သုံးမယ်၊ ဘာလေးလဲဗျ။
ဖြုန်းတော့မဖြုန်းသင့်ဘူးပေါ့ဗျာ။ ဘာလို့လဲဆိုတော့ တောကလူတွေဆိုတာက အရှင်ဘုရားတို့ရေ၊ ပိုက်ဆံတစ်ထောင်လောက်ရဖို့ အခုနေပူကျဲကျဲ၊ မိုးတွေက ရွှဲချင်လည်းရွှဲမယ်ပေါ့။ နေပူက ကျဲချင်လည်းကျဲမယ်၊ မိုးရွှဲချင်လည်းရွှဲ၊ အဲဒီထဲမှာ တစ်ထောင်ရဖို့ဆိုတာ အဲဒါ ကိုယ့်ထမင်းကိုယ်စားပြီးတော့ လုပ်ရတဲ့ဘဝဗျ။ ဟုတ်လားဗျ။ အဲဒီလိုဆိုတော့ အရှင်ဘုရားတို့ရေ၊ ကိုယ်ကတော့ တစ်ထောင် "ရှော" ကနဲ သုံးလိုက်တာပဲ။ ကိုယ်တို့အခု တပည့်တော် မနက် အဲဒါ ခုနက Lucky ကို သွားလိုက်တယ်ဆိုလို့ရှိရင် တစ်ဝိုင်းဆိုလို့ရှိရင် တစ်ထောင်လောက်လား။
တစ်ထောင်ပါ။
ဘုန်းကြီးကတော့ စိုက်ရမယ့်သဘောရှိတယ်။ ဟုတ်လား။ ဟုတ်လားဗျ။ အဲဒီလောက်ပဲ။ အဲဒီတော့ တစ်ဝိုင်းထိုင်လိုက်တာပဲ။ ဟိုမှာတော့ အမေတွေ၊ အဖေတွေကတော့ ပင်ပင်ပန်းပန်း လုပ်ရတာ။ ဟုတ်လားဗျ။ အဲဒီလိုတွေတော့ ညှာတာသင့်တယ်ပေါ့ဗျာ။ ဟုတ်လား။ မေတ္တာဆိုတာ အဲဒါပြောတာ။ အပြန်အလှန်မေတ္တာဆိုတာ ကိုယ်တော်တို့ရေ။
အဲဒီလိုပဲ ဒီကျောင်းမှာနေသွားတဲ့ ဥပဇင်းတစ်ပါး၊ အဲဒါ သူ့အမေတွေ၊ အဖေတွေကတဲ့ ပိုက်ဆံမရှိလို့ဆိုပြီးတော့ အဲဒါ ငွေတိုးချေးလိုက်တာ၊ လူကြုံနဲ့ပေးလိုက်တာ။ တစ်လကို တိုးနဲ့ပေးလိုက်တာတဲ့။ ဘယ်လောက်တိုးပါလိမ့်။ ၂၀ တဲ့။ အရှင်ဘုရားတို့ ပိုသိတယ်။ ဆယ်တိုးနဲ့ပေးလိုက်တာဆိုတော့ ဒီအမေ၊ ဒီအဖေတွေကလည်း ဒီကိုယ်တော်တစ်ယောက်ကြောင့် ကျွန်ဖြစ်ဖူးလား၊ ဖြစ်သလား။
မဖြစ်ပါဘူး။
အဲဒါ ကိုယ်တော်တို့ တပည့်တော်ဆီလာပြီးတော့ ပြောခဲ့တာ။ အဲဒါနဲ့ တပည့်တော် ချေးပေးလိုက်ရတာ။ တစ်ခုတော့ မရှိတော့ပါဘူး။ လွန်ခဲ့တဲ့ ၂၀၀၃-၂၀၀၄ ခုနှစ်က။ အဲဒီ ကိုယ်တော်တို့ရေ၊ အဲဒါ အခု အထက်မင်းလှနယ်က ကိုယ်တော်တစ်ပါး။ အဲဒီရွာလည်း သိပါတယ်။ အဲဒီမှာ ဒီကျောင်း၊ ဒီဆောင်မှာနေတာ။ ဒီကလည်း သိလို့မို့လို့ သူ့အမေအဖေတွေက ပြောခိုင်းလို့၊ သူ ကြားထဲက ယူလိုက်တဲ့ ဒကာမကပြောတယ်။ "အရှင်ဘုရားရယ်တဲ့၊ စိတ်မကောင်းစရာပါတဲ့။ ၂၀ တဲ့။" ၂၀ ဆိုတာ ဒီဘက်ကလည်း ကောင်းကောင်းသဘောပေါက်အောင် သူ မေးလိုက်တယ်။ တစ်သိန်းကို မေးတာ။ အဲဒီလိုကြီးဖြစ်ရတယ်။ အမလေးဗျာ။ အဲဒီတော့လည်းပဲ ဥစ္စာတွေက ကိုယ်တော်တို့ရေ၊ ကိုယ်က အာရမ္မဏာဓိပတိ အားကြီးတာ၊ တပ်မက်တာရှိတယ်။ အမေတွေတော့ အရှင်ဘုရားတို့ရေ၊ ကြွေးတင်ရင် ကျွန်ဖြစ်တတ်တယ်တဲ့ဗျ။ ဘယ်လိုပါလိမ့်။
ကြွေးတင်ရင် ကျွန်ဖြစ်တယ်။
ကိုယ့်ကြောင့် အမေတွေ၊ အဖေတွေ ဘာဖြစ်သွားတာလဲ။ ကျွန်ဖြစ်သွားတယ်။ ကျွန်ဖြစ်တယ်ဆိုတာ နှစ်သွားတာ။ ဟုတ်လားဗျာ။
မှန်ပါ့။
အဲဒီတော့ ကိုယ်တော်တို့ အဲဒီနွံထဲကနေ ရုန်းမထွက်နိုင်တော့ဘူး။ ကိုယ်တော်တို့က အပေါ်က ဖိထားတာ။ ဟုတ်လား။ ဝန်ထုပ်ဝန်ပိုးကြီးနဲ့ ဘာပါလိမ့်၊ ဖိထားလို့ မထွက်နိုင်သေးဘူးလား။
မထွက်နိုင်ပါဘူး။
မထွက်နိုင်တော့ဘူး။ အဲဒီလိုဖြစ်တတ်တယ်ပေါ့။ ကိုင်း၊ အဲဒါ အရှင်ဘုရားတို့ တစ်ခု အာရမ္မဏာဓိပတိ၊ ဟုတ်လားဗျာ။ ဒါဆိုလို့ရှိရင် ဇာတ်နိပါတ်စကားပြောမယ်ဆိုရင် ပြောနေကျစကား၊ ဇနပဒကလျာဏီကြောင့်၊ တို့သိပြီးသား။ ဒါ ကိုယ်တော်တို့ ဘာဝင်္ဂီသလဲ ထုတ်လို့ရတာလေ။
မှန်ပါ။
"သုတ္တံ ခေါ ပန ဘန္တေ၊ အာဂစ္ဆေယျာသိ။" ဒါလေးကိုလေ ဘယ်သူကလိုက်တာလဲ။ ဇနပဒကလျာဏီကနေပြီးတော့ ဟို ဘုရားရှင်ကိုယ်တော်မြတ်နောက်ကနေပြီးတော့ လိုက်ရင်း လိုက်ရင်း ပြန်ပြီးတော့၊ လှည့်ပြီး တစ်ခါတည်း သပိတ်ကလေးထမ်းပြီးတော့ နောက်ပြန်တစ်ခါတည်း ကြည့်လိုက်တာလေ။ ဟုတ်လားဗျ။ မမြင်လိုက်ဘူးလား ကိုယ်တော်တို့။
မြင်လိုက်ပါတယ်။
အဲဒါ နန္ဒမင်းသားကလည်း ပြန်ကြည့်လိုက်၊ ဒီကလည်းပဲ လေသာပြတင်းကနေပြီးတော့ အရှင်မင်းသားကတော့ဖြင့် ဘုရားခေါ်ပါသွားပြီးတော့ တစ်ခါတည်း အပြည့်အစုံ၊ ဂရုတစိုက်လေးနဲ့ပေါ့။ ဟုတ်လားဗျ။ ထွက်ပြီးတော့ ဒီကလည်းအကြည့်၊ ဟိုကလည်းအကြည့်။
အကြည့်။
အကြည့်ချင်းဆုံတော့ အဲဒီမှာ သူက လှမ်းမှာလိုက်တာလေ။ ဟုတ်လားဗျ။ ဘယ်လိုမှာလိုက်တာပါလိမ့်။
သုတ္တံ ခေါ ပန ဘန္တေ။
"သုတ္တံ ခေါ ပန ဘန္တေ၊ အာဂစ္ဆေယျာသိ။"
"အာဂစ္ဆေယျာသိ" တဲ့။ အရှင်နန္ဒမင်းသား နောက်ကနေ တမျှော်မျှော်နဲ့ နောက်ကစောင့်နေပါ့မယ်။
ပြန်ခဲ့ပါ။
ပြန်လာခဲ့ပါတဲ့။ ဟိုက ပြန်လာချင်တယ်။ ဟုတ်လားဗျ။ အဲဒီတော့ ဟိုကျတော့ အရှင်ဘုရားတို့ နောင်တော်ကိုယ်တော်ကြီးကို ကြောက်ရလို့မို့လို့ ဟိုမှာ တရားထိုင်နေတယ်။ အာရုံထဲ ဘယ်သူ့ကို ပေါင်းနေတာလဲ။
ဇနပဒကလျာဏီ။
ဇနပဒကလျာဏီကိုပဲ ပေါင်းနေတာ။ အဲဒါ အရှင်ဘုရားတို့ရဲ့ ခုနက အဗျာကတော ဘာပါလိမ့်။
အကုသလဿ။
အကုသလဿ အနုဝါဒပြောပါဆိုလို့ရှိရင်၊ အနုဝါဒပြောပါဆိုလို့ရှိရင် "ရူပံ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ။" ရူပံ၊ သဒ္ဒံပေါ့ဗျာ။ ဟုတ်လား။ အာရုံဖြစ်တဲ့အထဲမှာ ရုပ်ရော၊ အသံရော မြင်မနေဘူးလား။
မြင်နေပါတယ်။
မြင်တယ်။ နှစ်ခုလုံးရေးရမှာ။ "ရူပံ သဒ္ဒံ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။" ဟော၊ အဲဒီလိုလေး ရေးရမှာ။ ဟုတ်လားဗျ။ ဟမ်။
ကျိန်းသေ ကျိန်းသေကို မေးမယ်ပေါ့ဗျာ။ ဒီလို ခြိမ်းခြောက်လိုက်ရတာ။ အဲဒီတော့ အရှင်ဘုရားတို့ အခု ဒါလည်း ဘာဝင်္ဂီသလဲ ထုတ်လုပ်ရမှာ။ အွန်၊ ကောင်းတာပေါ့ ကိုယ်တော်။ ဘဝင်္ဂီသကိုယ်တော် ထုတ်တတ်နေပါပြီ။
ကိုယ်တော် နည်းနည်းစနစ်တွေ သိသွားပြီ။
မှန်ပါ့။
ပြောတော့ဘူးဗျာ။ ဟာ၊ လွယ်လွယ်လေး။ ကိုယ်တော်တို့ ဘာဝင်္ဂီသလဲဆိုတာ ကိုယ်တော်တို့ရေ၊ လွတ်လွယ်တာ။ ဟုတ်လားဗျာ။ ဘယ်လောက်လွယ်တုန်း။
လွတ်ပြီးတော့ လွယ်တာ။
ကိုယ်တော်တို့၊ ကိုယ်တော်တို့ ဘယ်... ကိုယ်တော်တို့ ဥစ္စာ လွယ်လွယ်ကူကူဆိုတာ ကိုယ်တော်တို့က တန်ဖိုးကမထားချင်ဘူး။ ဟုတ်လားဗျ။ အလွယ်ရတဲ့ဟာကို သူများက ဘာလဲဗျ၊ တန်ဖိုးမထားချင်ကြတော့ဘူး။ တန်ဖိုးကို နားလည်တဲ့ပုဂ္ဂိုလ်တွေကတော့ တန်ဖိုးထားတတ်ကြတယ်ပေါ့ဗျာ။ လူတွေက အများစု၊ ငပိန်းငကြောင်တွေကတော့ အရှင်ဘုရားတို့ရေ၊ အလွယ်တကူရတာဆိုလို့ရှိရင် တန်ဖိုးမထားတတ်ဘူး။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပေးပို့ထားသောစာပိုဒ်ကို မြန်မာစာလုံးပေါင်းသတ်ပုံစည်းမျဉ်းများနှင့်အညီ စစ်ဆေးတည်းဖြတ်ပြီး စာဖတ်၍ ပိုမိုချောမွေ့စေရန် ပုဒ်ဖြတ်၊ ပုဒ်ရပ်များ ထည့်သွင်းပေးထားပါသည်။
ပြင်ဆင်တည်းဖြတ်ပြီးသော စာပိုဒ်
မထားတတ်ကြတော့ဘူး။ အလွယ်တကူရတာကို တန်ဖိုးမထားကြတဲ့ပုဂ္ဂိုလ်တွေကလည်း ဘယ်လိုပုဂ္ဂိုလ်တွေပါလိမ့်။
ငပိန်းငကြောင်ပုဂ္ဂိုလ်တွေပဲ။ သက်သက်ဉာဏ်နဲ့ပဲဗျ။ ဟုတ်လား။ တန်ဖိုးသိတဲ့ပုဂ္ဂိုလ်တွေသာ တန်ဖိုးရှိတာကို နားလည်တာ။ ဟုတ်တယ်မဟုတ်လား။ အဲဒီလိုရှိတယ်ပေါ့။
အဲဒီတော့ ကိုယ်တော်တို့က မနက်ဖြန်ကျလို့ရှိရင် ဘာတွေကျက်ခဲ့ရမှာလဲဆိုလို့ရှိရင်တော့ဖြင့် ပါဠိတော်ကြီးကိုကြည့်၊ စာမျက်နှာ ၁၃၊ ၆၃ ခုနှစ်မှာ အာဒိ၊ သဟဇာတကို ပေါင်းမယ်။ ဘာပေါင်းမလဲ။
အာဒိ၊ သဟဇာတကို ပေါင်းမယ်။
အာဒိ၊ သဟဇာတကို ပေါင်းမယ်။ မနက်ဖြန်ကျက်လို့ရှိရင် အာဒိ၊ သဟဇာတတွေ ပေါင်းပြီးတော့ သဘာဂက ၁၅၊ ကိရဏက ကိုယ်တော်တို့ ဒီမှာ တိမ်သွားမယ်ပေါ့။ ဒီမှာပါတယ်။
တိမ်သွားမယ်။ အဲဒီလို ခုနကပြောခဲ့တဲ့ သဘာဂက ဘယ်လောက်လဲ။
၁၅။
လင်္ကာကရော။ အဲဒီ ၁၅ ဆိုတာ ပေါ်အောင်ကြည့်စမ်းပါဦး။ ကိုယ့်သားကို မှိုင်းခံနေတာ ကြည့်စမ်း၊ မှိုင်းခံနေတာ။ မေ့ခံနေတာလား။
အတူတူပါပဲဗျာ။ ကြည့်စမ်းပါဦး။ ဉာဏ်ကပေါ်မလာဘူး။ အဲဒါ ဒီမှာ "တိံသဓိက" ၁၅ မပါဘူးလား။
ပါပါတယ်။
ဒါကို ပေါ်မလာဘူး။ ကြည့်စမ်းပါဦး။ အဲဒီတော့ သဘာဂက ၁၅၊ ကိရဏက ၃၀။ အဲဒီဥစ္စာကို အဓိက သုဒ္ဓသင်္ဂြိုဟ်လေးခုနဲ့ပဲ သိရမှာ။ ပြောကြည့်၊ ဘယ်နှစ်ခုနဲ့သိရမှာတုန်း။
လေးခု။
အဓိက သုဒ္ဓသင်္ဂြိုဟ်လေးခုနဲ့ သိရမှာ။ လေးခုက ဘာလဲဆိုလို့ရှိရင် တစ်ခု၊ စာမျက်နှာ ၁၄ က အာရမ္မဏ ၂၊ ၅၊ ၆။ ဘယ်လောက်ပါလိမ့်။
၂၊ ၅၊ ၆။
၂၊ ၅၊ ၆။ နောက်ကျတော့မှ သဟဇာတသုဒ္ဓသင်္ဂြိုဟ်၊ သင်္ဂြိုဟ်စာမျက်နှာ ၂ ကလေ။ အဲဒီလေးခုဟာ အဓိကပုဒ်။ ကျန်တာတွေကတော့ ပုဒ်နောက်က ဘာသာလေးထည့်လိုက်တာနဲ့ ရပြီပေါ့။ ဟုတ်လား။ "ကြဉ်သော" ဘာသာထည့်လိုက်လို့ရပြီ။ အဲဒီသုဒ္ဓသင်္ဂြိုဟ်လေးခုရတာနဲ့ပဲ ကိုယ်တော်တို့ ခုနက ကိရဏ၊ သဘာဂက...
၁၅။
ကိရဏက...
၃၀။
၃၀။ "ဓိ" မှာ ၁၅၊ ဒီမှာ ၃၀။ ဒါတွေသိသွားရမယ်။ အဲဒီတော့ ကိုယ်တော်တို့ မနက်ဖြန်စလို့ရှိရင် ပါဠိတော်ကြီး သဘောပေါက်သွားအောင် တို့ အာရမ္မဏသုံးချက်၊ သဟဇာတသုံးချက်၊ အာဒိ၊ သဟဇာတက လေးချက်ရှိတယ်။
"ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ၊ အာရမ္မဏူပနိဿယ။ ဒါနံ ဒတွာ၊ သီလံ သမာဒိယိတွာ" စသည်ဖြင့် သွားမယ်။ ဟုတ်လားဗျ။ နောက်ကျတော့ လာဦးမယ်။ "ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။" ဥပမာပြောပြမယ်၊ နားထောင်။ "ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ၊ အာရမ္မဏူပနိဿယ။ အရဟာ မဂ္ဂံ ဂရုံ ကတွာ၊ အရဟာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ သဟဇာတာဓိပတိ၊ ကုသလာဓိပတိ သမ္ပယုတ္တကာနံ ဓမ္မာနံ၊ သမ္ပယုတ္တကာနဉ္စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။"
အဲဒီတော့ တစ်ခု အဲဒီမှတ်ထားရမှာက ကုသလ-ဗျာကတ သုံးချက်၊ အကုသလ-ဗျာကတ သုံးချက်၊ ဗျာကတ-ဗျာကတ သုံးချက်။ ပြန်ပြောမယ်။ ကုသလ-ဗျာကတ...
လေးချက်။
ကုသလ-ဗျာကတ...
လေးချက်။
လေးချက်။ အကုသလ-ဗျာကတ သုံးချက်၊ ဗျာကတ-ဗျာကတ...
သုံးချက်။
ခေါင်းထဲမှာ တန်းနေအောင်မြင်နေရမယ်။ ဟုတ်လားဗျ။ ကုသလ-ဗျာကတ လေးချက်ထဲမှာက ဘယ်သူက အာဒိရတာ၊ ဘယ်သူက အာဒိ၊ သဟဇာတရတာ၊ ဘယ်သူက သဟဇာတပဲရတာ ကြည့်လိုက်။ ခေါင်းထဲကို တန်းနေအောင်။ အဲဒီလို ဒီအတိုင်းက မတန်ဘူး။ ကိုယ်တို့ အဲဒီ အပြင်ဘက် အတိုကောက်ရေးထား၊ နောက် ပါဠိတော်ကြီးနဲ့ ပြန်တိုက်။ ဟုတ်လားဗျ။ ဟုတ်လား။
အဲဒီတော့ မေးတဲ့စနစ်ကလေး ပြောပြမယ်။ အခု ကိုယ်တော်တို့ အာဒိ၊ သဟဇာတထဲက ဆယ်မှတ်ဖိုး လုံးဝအုပ်စုလိုက်မေးမှာ။ ဟုတ်လားဗျာ။ လုံးဝအုပ်စုလိုက်မေးမှာ။ ဘာလဲ။
မှတ်မိအောင် ဆယ်ခါမေးမှာ။
ဒါ ကျဉ်းကျဉ်းလေးရယ်။ ဟုတ်လားဗျ။ အလွန်တရာကျယ်ဝန်းတဲ့စာနဲ့ ဒီဥစ္စာ မကျဉ်းဘူးလား။
ကျဉ်းပါတယ်။
အဲဒါ ကိုယ်တော်တို့ ခုနက အဲဒီအပိုဆာဒါတွေ၊ တကယ်လို့ လိုအပ်တာတွေမပါဘူးဆိုလို့ရှိရင် တစ်မှတ်မှမပေးဘူး။ သက်သက်ညှာညှာမပါဘူး။ ဟုတ်လား။ ကိုင်း၊ ဒါဆိုလို့ရှိရင် ခုနက ပါဠိတော်ကြီးကို ကြည့်လိုက်။ ရှိကိုမရှိဘူး။ ဖြာနေတော့ကော ဟုတ်လား။
အဲ၊ အဲဒီလိုတော့ မလုပ်နဲ့လေ။ တို့က ခုနက Lucky ကို သွားပြီးတော့ ဒါကြောင့်မရှိဘူးဆိုလို့ရှိရင် ကောင်းပါ့မလား။
မကောင်းပါဘူး။
အဲ၊ အဲဒါကြောင့် ခုနက အသုံးနဲ့အဖြုန်းဆိုတာ ဒါပြောတာပေါ့ဗျ။ ဟုတ်လား။ ဟုတ်တယ်မဟုတ်လား။ ကိုင်း၊ ဒါကြောင့်မို့လို့ နောက်ကျလို့ရှိရင် အာဒိ၊ သဟဇာတတင်မကဘူး၊ အောက်က အနုဝါဒသွားမယ်ပေါ့ဗျာ။ အာဒိ၊ သဟဇာတပေါင်းပြီးတော့ ဟောတဲ့အပြင် အာပုပါသွားရမယ်ပေါ့။ ဟုတ်လားဗျာ။ ကဲ၊ သွားမယ်။ ကပ်တည်နေသောအားဖြင့် ဒီလောက်နဲ့ နားလိုက်ကြဦးစို့ပေါ့ဗျာ။
