၂၃ - ပဋ္ဌာန်းစာဝါ

Multi-select
ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ဖော်ပြအပ်ပါသည်-

၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂ ရက်၊ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
အဲဒီတော့ ဒီနေ့တော့ အာရမ္မဏ၊ အာရမ္မဏပစ္စည်း။ မနေ့တုန်းကတော့ဖြင့် အာရမ္မဏပစ္စည်း သဘာဂခုနစ်ချက်၊ ကရဏသုတ္တသင်္ချာအတိုင်း တစ်လုံးတစ်ပါဒမှ ခွဲရစရာ၊ ဖြတ်ရ၊ တောက်ရတာမရှိဘဲနဲ့ ဒီအတိုင်းပြီးသွားတယ်လို့ ခေါ်လို့ အလွယ်တကူ သက်ရည်လို ပြီးခဲ့ပြီပေါ့။ အလွယ်တကူ ဘာဖြစ်ပါလိမ့်။
သက်ရည်လို ပြီးပြီ။
သက်ရည်လို ပြီးခဲ့ပြီ။ ဒါကိုမှ ထုတ်ဦးမယ်၊ နွှေးဦးမယ်၊ အားဦးမယ်၊ ချဦးမယ်ဆိုလို့ရှိရင်တော့လည်းပဲ ကျောင်းတိုင်တဲ့ခေါင်းနဲ့သာ ပစ်ပြီးတော့...
နို့၊ ပဋ္ဌာန်းတော့ ပြီးအောင်တက်ဦး။ ပဋ္ဌာန်းပိတ်မှ ကိုယ်တော်တို့ သေချင်လည်းသေ၊ ကြေချင်လည်းကြေ၊ တို့သဘောပဲ။ ဟုတ်လားဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလောက်ကြီးကျယ်တဲ့ ပဋ္ဌာန်းတက်ရဖို့ဆိုတာ လွယ်တယ်မှတ်လို့လား။ ဟုတ်လားဗျ။
ဟုတ်ပါတယ်။
လူသားဖြစ်လာတဲ့ ကုသိုလ်မှတ်တိုင်တစ်ခုသာ မဟုတ်ဘူးလား။
ဟုတ်ပါတယ်။
အကြီးတန်းရောက်ဖို့ မှတ်တိုင်တစ်ခုသာ။ ကိုယ်တော်တို့လည်း ဒီအတိုင်းပဲ မဟုတ်ဘူးလား။ ဒီအတိုင်းပဲပေါ့ဗျ။ ဟုတ်လား။ ကြီးတန်းရောက်မှ ဘာဖြစ်ပါလိမ့်မလဲ။ ခုသာ ဟုတ်လား။ ဒါကြောင့်မို့လို့ ကြုံတုန်းကြိုက်တုန်းကို သေချာကြိုက်ထားလိုက်။ ကြုံရင် ကြိုက်ရတယ်ဗျ။ ဟုတ်လားဗျာ။ မကြိုက်တစ်ကြိုက်ဆိုရင် အဆင်မပြေဘူး။ ဟုတ်လား။ မကြိုက်တစ်ကြိုက်ဆိုရင် ဘာဖြစ်လိမ့်။
အဆင်မပြေဘူး။
အဆင်မပြေဘူး။ အဲဒီတော့ အခု တို့ရဲ့စာအုပ် စာမျက်နှာ ၁၀၆ မှာ တို့ ဟိုတစ်နေ့က ပြောခဲ့တယ်ပေါ့။ ဟုတ်လားဗျ။ အဲဒီတော့ ကိုယ် အဲဒီမှာ ဒီလိုပုံစံလေးတွေ ကြိုက်လွန်းလို့ ဒီတော့ ဖြတ်တောက်ထည့်ထားတာ။ အရင်အရင်အကြိမ်တွေမှာ။ အခု အခုအကြိမ်၊ အဋ္ဌမအကြိမ်မှာ အဲဒါလေးကပါတယ်။ "မေး။ သေက္ခပုဂ္ဂိုလ်တို့၏ ပစ္စဝေက္ခဏာငါးဝီထိ အနုဝါဒပါဠိ ၅ ကို ထုတ်ပြပါ" ဆိုလို့ရှိရင် အဲဒါ သေက္ခပုဂ္ဂိုလ်ဆိုသော သောတာပန်၊ သောတာပန်ပုဂ္ဂိုလ်ဆိုရင် ဘာလဲ။ သောတာပတ္တိမဂ်ကို ဆင်ခြင်တဲ့ "သေက္ခာ မဂ္ဂံ ပစ္စဝက္ခန္တိ"။ ဖိုလ်ကို ဆင်ခြင်တဲ့ "သေက္ခာ ဖလံ ပစ္စဝက္ခန္တိ"။ နိဗ္ဗာန်ကို ဆင်ခြင်တဲ့ "နိဗ္ဗာနံ ပစ္စဝက္ခန္တိ"။ နောက် ပယ်ပြီးတဲ့ကိလေသာကို ဆင်ခြင်တဲ့ "သေက္ခာ ပဟီနေ ကိလေသေ ပစ္စဝက္ခန္တိ"။ ဒီ ကြွင်းသောကိလေသာတွေကို၊ ပယ်ကြွင်းသောကိလေသာတွေကို ဆင်ခြင်တဲ့ "ဝိက္ခမ္ဘိတေ ကိလေသေ ပစ္စဝက္ခန္တိ"။ ကိုယ်တော်တို့ အခု မဂ်ကို ဆင်ခြင်တဲ့ "သေက္ခာ မဂ္ဂံ ပစ္စဝက္ခန္တိ" ဘယ်ဝီထိဆိုရင် ဘယ်လို တန်းမသိဘူး မဟုတ်လား။ ကိုင်း၊ တန်းမသိဘူး။ အဲဒါ ဘာမရလို့လဲ။ တောက်ဆို တန်းပြီးတော့ ဟိုက ဝီထိ၊ အဲဒီက ပါဠိ၊ စာအုပ်ပါဠိ၊ ဟိုဘက်က စာမျက်နှာ အဲဒါ ၂၁ လား၊ ၂၂ လားလို့ တစ်ခါတည်း အပြည့်အစုံ သိရမှာ။ ကိုယ်တော်တို့ မသိဘူး မဟုတ်ဘူးလား။ အခုတော့ ဉာဏ်လှမ်းမမြင်ဘူး။ ဉာဏ်လမ်းမမြင်ဘူး။ ဉာဏ်လှမ်းမမြင်ရင်တော့ ငိုဦးမယ်။ ဟုတ်လားဗျ။ ဒါက အောက်မဂ်၊ အောက်ဖိုလ်ရတဲ့ ပုဂ္ဂိုလ်တွေအတွက်။ ရဟန္တာပုဂ္ဂိုလ်အတွက်ဆိုလို့ရှိရင် အခု ညာဘက်ကိုကြည့်။ "ရဟန္တာပုဂ္ဂိုလ်တို့၏ ပစ္စဝေက္ခဏာလေးဝီထိ အနုဝါဒပါဠိ" တဲ့။ အရဟတ္တဖိုလ်ကို ဆင်ခြင်တဲ့ "ကုသလော အဗျာကတဿ"။ "အရဟာ မဂ္ဂံ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ ပစ္စဝက္ခတိ"။ အခု "ဗျာကတော အဗျာကတဿ"။ "အရဟာ ဖလံ ပစ္စဝက္ခတိ"။ "ဗျာကတော အဗျာကတဿ"။ "နိဗ္ဗာနံ ပစ္စဝက္ခတိ"။ နောက် "ကုသလော အဗျာကတဿ"။ ဘာဖြစ်ပါလိမ့်။ အခု အမ်... "အကုသလော အဗျာကတဿ"။ "အရဟာ ပဟီနေ ကိလေသေ ပစ္စဝက္ခတိ"။ ကြွင်းကိစ္စမရှိလို့ ဆင်ခြင်စရာရှိသေးလား။
မရှိတော့ဘူး။
မရှိတော့ဘူး။ အဲဒါလေး၊ အဲဒါကြောင့်မို့လို့ ပစ္စဝေက္ခဏာ ၁၉ တန် ဖြစ်ရတယ်ပေါ့ဗျာ။ ခံရတာတွေ။ ကိုယ်တော်တို့ သဘောပေါက်ထား။ ဒါတွေက ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဒါတွေက သေက္ခချင်းတူသလား၊ မတူဘူးလား။ သူတို့ရဲ့ အဲဒါ အနုဝါဒအရကောက်တွေက ဒီက အလွန်တရာ၊ အလွန်တရာ ကျယ်ပြန့်တာဗျ။ ပဋ္ဌာန်းက အလွန်တရာ ဘာဖြစ်လိမ့်။
ကျယ်ပြန့်တာ။
အလွန်တရာ ကျယ်ပြန့်တာ။ ဘယ်လောက်ကျယ်သလဲဆိုလို့ရှိရင် ကိုယ်တော်တို့ရေ၊ ရှေးတုန်းကအတိုင်းကို အငြင်းပွားတာရှိတယ်။ ဘယ်လိုငြင်းပွားသလဲဆိုလို့ရှိရင် "အာရမ္မဏပစ္စည်းကလည်း အလွန်ကျယ်ဝန်းတယ်တဲ့၊ အလွန်ခက်ခဲသတဲ့။" နောက် ဒီကျမ်းပြုဆရာကလည်းပဲ "နတ္ထိ ကောစိ ပစ္စယော အတ္ထိ ရူပဉ္စ စိတ္တစေတသိကာ အာရမ္မဏဝသေန" လို့ မိန့်တော်မူတယ်တဲ့။ ဒါကြောင့်မို့လို့ စွယ်စုံကျော်ထင်ကျမ်းမှာဆိုလို့ရှိရင် "၂၄ ပစ္စည်းဝယ် အဘယ်ပစ္စည်းကျယ်သနည်း" တဲ့ဗျ။ ဟုတ်လား။ "၂၄ သွယ် ပစ္စည်းဝယ် အဘယ်ပစ္စည်းကျယ်သနည်း။" အဲဒီကမေးခွန်းကိုတဲ့ "၂၄ သွယ် ပစ္စည်းဝယ် ပုရေဇာတပစ္စည်း ကျယ်တည်း" လို့ ချောင်းဆုံးဆရာတော်ကတော့ ဘယ်လိုဆိုသလဲဆိုလို့ရှိရင် "သဗ္ဗံ မာဒိဣန္ဒြိယံ၊ ရူပါယတနံ၊ ပဉ္စဝိညာဏဝသေန သဗ္ဗေပိ ဣန္ဒြိယဓမ္မာ" ဟူသော ပဋ္ဌာန်းအဋ္ဌကထာကို ကိုးကားပြီးတော့တဲ့ "၂၄ ပစ္စည်းဝယ် အာရမ္မဏကျယ်သတည်း" လို့ ဆိုတယ်တဲ့။ အဲဒီ အာရမ္မဏပစ္စည်း ကျယ်ပယ်ကျော်သော်လည်းပဲတဲ့၊ အဲဒီမှာ "အာရမ္မဏနှင့် အာရမ္မဏစသော ဆိုင်ရာဆရာတို့ဖြင့် တွေ့ဆုံမယ်ဆိုလို့ရှိရင် လွယ်ကူသည်သာ" လို့ ဆိုရပါတယ်တဲ့။ ဟုတ်လားဗျာ။ ဒါကြောင့် အရှင်ဘုရားတို့ အခု စံပယ်ချယ်ကို ပြောခဲ့ပြီ။ စံပယ်ချယ်ကို မပြောခဲ့ဘူးလား။
ပြောခဲ့ပါပြီ။
ပြောခဲ့ပြီ။ အဲဒီတော့ အဲဒီတော့ အခု ကိုယ်တော်တို့ ကြည့်လိုက်။ ခု ရိပ်သာဘုန်းကြီးတို့ကတော့ တရားဟောတဲ့အခါကျလို့ရှိရင် အရှုခံတရားတဲ့၊ အရှုဉာဏ်တရားတဲ့။ ဘာရယ်၊ ဘာရယ်ဗျ။
အရှုခံတရား၊ အရှုဉာဏ်တရား။
အရှုခံတရားတဲ့၊ ဘာလဲ။
ရှုဉာဏ်။
ရှုဉာဏ်တရားတဲ့။ အဲဒီတော့ အရှုခံတရားနဲ့ အရှုဉာဏ်တရား။ အဲဒီတော့ တချို့တစ်ခု အာရုံကြောလို့ရှိရင်တော့ အဲဒီက ဝိပဿနာရှုတာကတော့ မနေ့တုန်းက ပြောခဲ့သလိုပဲ။ တေဘူမကတရားတွေကိုသာလျှင် အာရုံပြုရလား။ တေဘူမကတရားတွေကိုသာလျှင် ဝိပဿနာရှုရလား။ ဘာကိုသာလျှင်၊ ဘာကိုသာလျှင် ဝိပဿနာရှုရလဲ။
တေဘူမကတရား။
တေဘူမကတရားတို့ကိုသာလျှင် ဝိပဿနာရှုရတယ်။ အဲဒီလို ဝိပဿနာရှုတဲ့အခါကျလို့ရှိရင်လည်းပဲ ကိုယ်တော်တို့ ပြောခဲ့ပြီ။ မရွေး ဘယ်နှပါး။
ငါးပါးပါ။
မရွေး...
ငါးပါး။
ငါးပါး။ ဟုတ်လားဗျာ။ ကိုယ်တော်တို့က မရွေးဆိုတာနဲ့ စားချင်စိတ်ပေါက်မလားနဲ့၊ သရေကျမလားနဲ့။ ဟော၊ ကြက်ဥပြုတ်စားနေတယ်ဆိုတော့။ ဟုတ်လားဗျ။ ဟုတ်လားဗျ။ ဟိုက အချိန်မရွေး၊ ခံမရွေးဆိုတဲ့ဟာကို ပြောတာ။ ဟုတ်လားဗျ။
ဒါကြောင့်မို့လို့ အဲဒီမရွေးငါးပါးကိုလည်း မှတ်ထားဖို့ မကောင်းဘူးလား။
ကောင်းပါတယ်ဘုရား။
"သက်၊ ချိန်၊ နေရာ၊ ဣရိယာ၊ အာရုံမရွေးနှင့်။" "သက်၊ ချိန်၊ နေရာ၊ ဣရိယာ၊ အာရုံမရွေးနှင့်။"
"မရွေးငါးပါး မြဲမြံစွာ တရားအားထုတ်သင့်။" အဲဒီတော့ "သက်၊ ချိန်၊ နေရာ၊ ဣရိယာ၊ အာရုံမရွေးနှင့်၊ မရွေးငါးပါး မြဲမှတ်သား တရားအားထုတ်သင့်။" သက်၊ ဘယ်သက်မှ တရားအားထုတ်မယ်။ ငါတို့တော့ အခု ဥပစာလေးဝါ၊ ပဉ္စင်းလေးဝါပဲ ရှိသေးတယ်။ ငါတို့ တရားအားထုတ်လို့ မဖြစ်သေးဘူးဆိုရင် ငါကိုယ်တော်တို့ ဟိုသေမင်းက ခေါ်သွားရင် ကိုယ်တော်တို့ ကန့်လန့်ကန့်လန့်နဲ့ ဒီအတိုင်းလိုက်ပါသွားမှာပဲလေ။ ဟုတ်တယ်မို့လားဗျ။
ဟုတ်ပါတယ်။
အဲဒါ ကိုယ်တော်တို့ သေတဲ့ပုဂ္ဂိုလ်တွေ၊ အစောကြီးသေတဲ့ပုဂ္ဂိုလ်တွေ မတွေ့ဖူးလား။
တွေ့ဖူးပါတယ်ဘုရား။
အဲဒီတော့ သေမင်းက အသက်အရွယ် ရွေးရဲ့လား။
မရွေးပါဘူး။
မရွေးဘူးဗျ။ ဒါကြောင့်မို့လို့ အားထုတ်၊ တရားအားထုတ်သော်လည်းပဲ တို့ ဘယ်သက်မှ အားထုတ်မယ်ဆိုလို့ရှိရင် ဖြစ်ပါ့မလား။
မဖြစ်ပါဘူး။
ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ဖော်ပြအပ်ပါသည်-

မဖြစ်ဘူး။ ဒါကြောင့်မို့လို့ အသက်လည်းမရွေးနဲ့တဲ့။ ဘယ်အသက်ကျမှ တရားအားထုတ်မယ်ဆိုတာ မရွေးပါနဲ့တဲ့။ ညကျမှပဲ တရားထိုင်မယ်ကွ။ ဟုတ်လား။ ညကျမှ ဘာဖြစ်လိမ့်။
တရားထိုင်မယ်။
တရားထိုင်မယ်။ အဲဒီလို မဖြစ်စေရဘူးတဲ့။ အဲဒီတော့ ညရယ်လို့မဟုတ်ဘူး။ မနက်ဖြစ်စေ၊ နေ့ခင်းပဲဖြစ်စေ၊ ညနေပဲဖြစ်စေ၊ ညဖြစ်စေ၊ အချိန်တိုင်းအချိန်တိုင်း စိတ်ရဲ့လွတ်လပ်မှုတွေ ရနေမယ်ဆိုလို့ရှိရင် တရားအားထုတ်လို့ရတဲ့ အချိန်အခါတိုင်းကို တရားအားထုတ်ရမယ်တဲ့။ အချိန်လည်း မရွေးရပါဘူးတဲ့ဗျ။ ဘာလဲ မရွေးရဘူး။
အချိန်လည်း မရွေးရဘူး။
အချိန်လည်း မရွေးရဘူးတဲ့။ နောက် နေရာ။ တို့ ရိပ်သာရောက်မှပဲ တရားအားထုတ်မယ်ကွာတဲ့။ ရိပ်သာထဲရောက်မှ တရားအားထုတ်မယ်ဆိုတာ ဟုတ်ပါ့မလား။
မဟုတ်ပါဘူးဘုရား။
ကိုယ့်ကျောင်းထဲ၊ ကိုယ့်အိပ်ရာထဲကိုလည်းပဲ တရားအားထုတ်လို့ မရဘူးလား။
ရပါတယ်။
ကိုယ်တော်တို့ မနေ့က ပြောခဲ့ပြီ။
မှန်ပါ့။
စိတ်ပါရင်...
စိတ်ပါရင် အိပ်ရာတောင်မှ ဘာဖြစ်သွားရမလဲ။
ရိပ်သာဖြစ်သွားရမယ်လို့ ပြောခဲ့ဖူးလား။
ပြောပါတယ်။
စိတ်ပါရင်...
စိတ်ပါရင်...
အိပ်ရာတောင် ဘာဖြစ်သွားရမလဲ။
ရိပ်သာဖြစ်သွားရမယ်။
စိတ်မပါဘူးဆိုလို့ရှိရင် ရိပ်သာတောင်မှ ဘာလဲ။
အိပ်ရာဖြစ်သွားပါတယ်။
အိပ်ရာဖြစ်သွားရတယ်ပေါ့။ ဟုတ်တယ်မလား။
ဒါကြောင့်မို့လို့ နေရာကို ရွေးစရာလိုသေးလား။
မလိုပါဘူးဘုရား။
မလိုဘူး၊ မလိုဘူးဗျ။ အဲဒါ တောထဲရောက်မှ၊ ရိပ်သာရောက်မှ တရားအားထုတ်မယ်ဆိုရင်တော့ ဒီကြားထဲ သေသွားရင် ခက်လှချည်ရဲ့ဗျာ။ ဟုတ်လား။ သက်၊ ချိန်၊ နေရာ။ နောက် ဣရိယာပုထ်။ ဣရိယာပုထ်ကလည်း ကိုယ်တော်တို့ရေ၊ ဟာ၊ ထိုင်ရင်းဣရိယာပုထ်၊ ထားရင်းဣရိယာပုထ်၊ ဘယ်ဣရိယာပုထ်မျိုးမဆိုတဲ့ ဣရိယာပုထ်ကိုလည်း မရွေးပါနဲ့တဲ့။ သွား၊ ရပ်၊ ထိုင်၊ လျောင်း ဣရိယာပုထ်လေးပါးအပေါင်းမှာ ဘာဖြစ်လို့လဲ။ တရားအားထုတ်ရမယ်တဲ့။ ဟုတ်လားဗျ။ ဟုတ်ပြီလား။
ဟုတ်ပါတယ်။
ကိုင်း၊ ဒါဆိုလို့ရှိရင် အာရုံလည်းမရွေးနဲ့တဲ့။ ဟုတ်လားဗျ။ ဒီက အာရုံလည်း ဘာလဲဗျ။
မရွေးပါနဲ့ဘုရား။
အို၊ အာရုံမရွေးတာတော့ သေချာတယ်ဘုရား။ ဒီက ဟုတ်လား။
မှန်ပါ။
ဟင်၊ အာရုံနဲ့မကဘူး။ ဟုတ်လား။ နေ့လယ်ရော၊ ညနေရောနော်။
မှန်ပါ့ဘုရား။
ရွေးကိုမရွေးဘူး။ ဟုတ်လား။ ဟုတ်တယ်။ ကိုယ်တော်တို့ သိနေတယ်။ ဟုတ်လား။ အဲဒီတော့ အာရုံလည်းမရွေးနဲ့တဲ့။ ဒီတော့ ကုသိုလ်အာရုံပဲဖြစ်ဖြစ်၊ ပဋ္ဌာန်းစကားနဲ့ပြောမယ်ဆိုရင် ကုသိုလ်အာရုံပဲဖြစ်ဖြစ်...
အကုသိုလ်။
အကုသိုလ်အာရုံပဲဖြစ်ဖြစ်၊ အဗျာကတအာရုံပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်ဆိုလို့ရှိရင် ဣဋ္ဌာရုံပဲဖြစ်ဖြစ်...
အနိဋ္ဌာရုံပဲဖြစ်ဖြစ်။
အနိဋ္ဌာရုံပဲဖြစ်ဖြစ်ပေါ့။ ဘယ်လိုအာရုံမျိုးမဆို ဘာဖြစ်လို့လဲဗျ။
ဖြစ်ပါတယ်။
အရှုဉာဏ်ရဲ့အောက်မှာသာ ရှိရမယ်။ ဘာအောက်မှာရှိရမလဲ။
အရှုဉာဏ်ရဲ့အောက်မှာရှိရမယ်။
အဲဒါ ကျန်တဲ့တရားတွေဟာလည်း၊ တေဘူမကတရားတွေဟာလည်း အရှုဉာဏ်ရဲ့အောက်မှာ အရှုခံတရားအနေနဲ့ ဖြစ်ရမယ်။ ဘယ်အောက်မှာ ဘာဖြစ်ရမလဲ။
အရှုဉာဏ်ရဲ့အောက်မှာ အရှုခံတရားအနေနဲ့ ဖြစ်ရမယ်။
အရှုခံတရားအနေနဲ့ ဖြစ်ရမယ်ပေါ့ဗျာ။ ကိုယ်တော်တို့ ရိပ်သာဘုန်းကြီးများ လုပ်စားရင်လည်း ကိုယ်တော်တို့ ရအောင်ကွာ သင်ပေးနေရတာ။ ဟုတ်လားဗျ။
ရိပ်သာတော့ မလုပ်ပါနဲ့ဗျာ။ ကိုယ်တော်တို့ စာလေးချစမ်းပါဦး။ ဆရာတော်၊ ဆရာတော်ကြီးတွေရဲ့ နည်းတွေယူပြီးတော့ ကိုယ်တော်တို့ သာသနာပြုချင်တဲ့စိတ်တွေ၊ ကိုယ်တော်၊ ကိုယ်တော်တို့ကလည်းပဲ ပလ္လင်ပေါ်ပေးတဲ့ပုဂ္ဂိုလ်နဲ့ ဒုတ်ထောက်ခွဲမောင်းချင်တဲ့ပုဂ္ဂိုလ်နဲ့၊ ဒုတ်နဲ့လုပ်ချင်တဲ့ပုဂ္ဂိုလ်နဲ့ တော်တော်ကွက်ကြနေတာ။ ဟုတ်လား။ တော်တော်ကွက်ကြနေတာ။ စာချမယ့်ပုဂ္ဂိုလ်ကို မေးကြည့်လိုက်ရင် လူမှန်းစိတ်မပါဘူး ဖြစ်နေတာ။ ဟုတ်လား။
ဘုရား။
အေး၊ တော်ပြီ သာဓုဗျာ။ အကြိမ်ကြိမ် အကြိမ်ကြိမ်ခေါ်လိုက်တယ်ပေါ့။ ဟုတ်လား။ ဘာလို့ဆိုတော့ စာမချချင်တော့ဘူးဗျာ။ စာချတာ ပင်ပန်းတာပဲတဲ့။ ဘာမှမရဘူးတဲ့။ ရတာမသိဘူး။ ကဲ၊ ဒီထက်ရတာ ဘာရှိသေးလဲ။
ရှိပါတယ်ဘုရား။
အဲ၊ တကယ်ကိုရတာ။ ကိုယ်တော်တို့ တကယ်စစ်မှန်သောကုသိုလ်ဆိုတာ ဒါပဲ။ ကိုယ်တော်တို့ ဟုတ်တယ်မို့လား။
မှန်ပါ။
အေး၊ အဲဒီလိုလုပ်စမ်းပါဗျာ။ ဟုတ်လား။ ဒါကြောင့် ကိုယ်တော်တို့ကို အဲဒါ အခု ဒါ ကိုယ့်ကိုယ်ကို၊ ကိုယ်တော်၊ ကိုယ်တော်တို့ တရားတော်ထိုင်ရမယ်ဗျ။ ဟုတ်လား။ သူတော်ကောင်းအလုပ်က လုပ်ရမှာ။ တရားအလုပ်သည် နံပါတ်တစ်အလုပ်ပဲ။ ဘဝအတွက်က အဓိကအရေးကြီးဆုံးအလုပ်။ ဟုတ်လားဗျ။
မှန်ပါ။
ဒါကြောင့် ကိုယ်တော်တို့ကို ပြောပြလိုက်ရတာဖြစ်တယ်။ ဒါကြောင့်မို့လို့ အခု ဒီပဋ္ဌာန်းတရားတော်ကြီးဆိုတာ ဒါကိုပြောနေတာ။ ကိုယ်တော်တို့ရဲ့ ဟုတ်လားဗျ။ သက်၊ ချိန်၊ ဣရိယာ၊ အာရုံမရွေးဘဲနဲ့၊ ဟုတ်လားဗျာ။ မရွေးငါးပါး မြဲမှတ်သား...
တရားအားထုတ်သင့်။
တရားအားထုတ်သင့်တဲ့ဗျ။ အဲဒီတော့ ကိုယ်တော်တို့ ဒီတော့ အခု အနိစ္စသညာ၊ ဒုက္ခသညာ၊ အနတ္တသညာလို့၊ အသုဘသညာထည့်ရင် ဟိုနေ့က ပြောလိုက်တာ။ သညာပထမ ဘယ်နှပါးလိမ့်။ လေးပါး။ ဟော၊ မနေ့တုန်းက ပြောခဲ့တာ၊ ဟိုနေ့က ပြောခဲ့တာ ကိုယ်တော်တို့ မနွေးသေးဘူးဗျ။ မအေးသေးဘူး။ အခုက နွေးနွေးရှိသေးလား။ ဒါကို တို့ သညာပထမဆိုတာ မပြီးတော့ဘူး။ သညာပထမတုန်း။
သုံးပါး။
လေးပါး။ သုံးပါးထဲ ဘာထည့်မှာလဲ။
အသုဘသညာ။
အသုဘသညာထည့်ရင် ဘယ်လောက်လဲ။
လေးပါး။
လေးပါး။ အနိစ္စသညာ၊ ဒုက္ခသညာ၊ အနတ္တသညာ။ ဒီမှာတော့ အသုဘအနေနဲ့တော့ မပါဘူး။ သို့သော်လည်းပဲပေါ့ဗျာ။ "အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော ဝိပဿတိ" ဆိုပြီးတော့ အဲဒီမှာပါတယ်။ အဲဒီမှာဆိုလို့ရှိရင်တော့ နည်းနည်းလေးမှတ်ထား။ "အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော" ကို နည်းနည်းမကျဉ်းမကျယ်ဆိုလို့ရှိရင် သံယုတ္တနိကာယ်ပဲ။ ခန္ဓဝဂ္ဂသံယုတ်၊ သီလဝန္တသုတ်မှာ တောဆယ့်တစ်တောရှိတယ်။ တော ဘယ်နှတောပါလိမ့်။
တောဆယ့်တစ်တော။
တောဆယ့်တစ်တောဗျာ။ အလွန်တရာမှ ကောင်းတာဆို။ ဟုတ်လားဗျ။ အဲဒီတော့ ဒီ "အနိစ္စတော၊ ဒုက္ခတော" ဆိုတာကိုပဲ အဲဒီမှာ အကျယ်ချဲ့ပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်က ဟောကြားတော်မူလိုက်တာဖြစ်တယ်။ အဲဒီ ဟုတ်လားဗျ။ အဲဒီမှာ တော ၁၁ တော။ အခု ပဋိသမ္ဘိဒါမဂ်မှာဆိုလို့ရှိရင်တော့ တော ၄၀။ ပဋိသမ္ဘိဒါမဂ်မှာဆိုလို့ရှိရင် ဘာလဲ။
တောလေးဆယ်။
တော ၄၀ တဲ့။ တော ၄၀ ကလည်း ဒီသုံးတောထဲ ဝင်တာပဲ။ အဲဒီတော့ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးနဲ့ ရှင်ကောဋ္ဌိကမထေရ်တို့ဟာလည်း ဗာရာဏသီပြည်၊ မိဂဒါဝုန်တောမှာ နေစဉ်ကာလပေါ့။ ညနေချမ်းအခါကျလို့ရှိမယ်ပေါ့။ ရှင်ကောဋ္ဌိကနဲ့ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးတို့က အရှင်မြတ်တို့ အခု အင်္ဂုတ္တရနိကာယ်၊ သံယုတ္တနိကာယ်၊ မဇ္ဈိမနိကာယ်၊ အဲဒီက၊ အဲဒီက နိကာယ်တွေကို လိုက်ကြည့်တဲ့အခါကျရင် ရှင်ကောဋ္ဌိကနဲ့ ရှင်သာရိပုတ္တရာကြီးတို့ နှစ်ပါး တရားဟောကြားခဲ့တဲ့ သုတ္တန်ပေါင်း အများကြီးရှိတယ်ဗျ။ ဒီသုတ္တန်ကလည်းပဲ၊ ဒီသီလဝန္တသုတ်ကလည်းပဲ ရှုကွက် ၁၁ မျိုးအနေနဲ့ ရှင်ကောဋ္ဌိကရဲ့ လျှောက်ထားချက်အရ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကနေပြီးတော့ ဟောထားတာရှိတယ်ပေါ့။ "သီလနှင့်ပြည့်စုံသောသူသည် ဘယ်ဘယ်လိုတရားမျိုးကို အသင့်အတင့် နှလုံးသွင်းအပ်ပါသနည်းဘုရား" လို့ ရှင်ကောဋ္ဌိကမထေရ်ကနေပြီးတော့ လျှောက်ထားတယ်။ "သီလဝတာ ဝတ္တသော ဘိက္ခု ပဉ္စုပါဒါနက္ခန္ဓေ အနိစ္စတော၊ ဒုက္ခတော၊ ရောဂတော၊ ဂဏ္ဍတော၊ သလ္လတော၊ အဃတော၊ အာဗာဓတော၊ ပရတော၊ ပလောကတော၊ သုညတော၊ အနတ္တတော ယောနိသော မနသိကာတဗ္ဗာ" တဲ့။ အလွန်တရာကောင်းတဲ့ ဥစ္စာလေး။ တို့ နည်းနည်းပါးပါးလေး ပြောပြရဦးမယ်။ "သီလဝတာ ဝတ္တသော ကောဋ္ဌိက" တဲ့။ "အာဝုသော ကောဋ္ဌိက၊ သီလနှင့်ပြည့်စုံသော ရဟန်းသည်တဲ့ ပဉ္စုပါဒါနက္ခန္ဓာတို့ကို အနိစ္စဟူ၍၊ အနိစ္စတော မမြဲဟူ၍လည်းကောင်း၊ ဒုက္ခတော ဆင်းရဲဟူ၍လည်းကောင်း၊" အဲဒီဒုက္ခတောကိုမှ ချက်လိုက်တာက "ရောဂတော ရောဂါဟူ၍လည်းကောင်း၊ ဂဏ္ဍတော အနာဟူ၍လည်းကောင်း၊ သလ္လတော ဆူးငြောင့်ဟူ၍လည်းကောင်း၊ အဃတော ပင်ပန်းမှုဟူ၍လည်းကောင်း၊ အာဗာဓတော နာကျင်မှုဟူ၍လည်းကောင်း၊ ပရတော သူစိမ်းပြင်ပဟူ၍လည်းကောင်း၊" ဒါလေး၊ ဒါလေးက သေချာမှတ်ထား။ ဟုတ်လားဗျ။ "ပရတော၊ ပလောကတော" ဒီနှလုံးတော့ မှတ်ထားလိုက်။ တိုးမှတ်ထားလိုက်ပေါ့။ "ပရတော" နဲ့ ဘာလဲ။
ပလောကတော။
ပလောကတော။ ဒါလေးနှစ်ခု မှတ်ထားလိုက်။ တပည့်တော်တို့၊ အရှင်ဘုရားတို့ရဲ့ ခန္ဓာကိုယ်ကြီးကိုတဲ့ သူစိမ်းပြင်ပလို့ မှတ်ရမယ်တဲ့။ ဘယ်လိုမှတ်ရမလဲ။
ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ဖော်ပြအပ်ပါသည်-

သူစိမ်းပြင်ပဘုရား။
သူစိမ်း...
ပြင်ပ။
ပြင်ပလို့ မှတ်ရမယ်။ ကိုယ်တော်တို့ ပြောခဲ့ပြီမဟုတ်လား။ ဒါကိုကြည့်ပြီးတော့ လယ်တီဆရာတော်ကြီးက ဒီခန္ဓာကိုယ်ကြီးကို ဘာနဲ့ဥပမာပေးပြီး ခိုင်းနှိုင်းသလဲ။
ဪ၊ သူတို့ မေ့သွားပြီ။ ကြားသွားပြီ။ ဟို ကိုယ်တော်တို့က ဟုတ်လား။ ကြားသွားတော့လည်း မေ့လောက်ပြီလေ။ ဟုတ်လားဗျာ။ သုံးလေးရက်ရှိသွားပြီဆိုတော့ မေ့လောက်ပြီမဟုတ်လား။
မေ့လောက်ပါပြီ။
ဟုတ်လားဗျာ။ သုံးလေးရက်တောင် ရှိသွားပြီဆိုတော့ မေ့လောက်ပြီ။ ဟုတ်လား။
မှန်ပါ့ဘုရား။
လယ်တီဆရာတော်ကြီးက ဒီခန္ဓာကိုယ်ကြီးကို...
နွားပါ။
နွားနဲ့တူတယ်။ ခုခေတ်ကာလနဲ့ပြောမယ်ဆိုရင်...
အငှားကားနဲ့။
အငှားကားနဲ့တူတယ်လို့ ပြောရတယ်။ ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ မိမိရဲ့ခန္ဓာကိုယ်တော်မှ "ပရတော" သူစိမ်းပြင်ပလို့ မှတ်ရမယ်ဆိုရင် မိမိရဲ့ခန္ဓာမှတစ်ပါး ကိုယ့်ရဲ့သားတွေ၊ သမီးတွေ၊ ဇနီးတွေ၊ ခင်ပွန်းတွေ၊ ဟုတ်လားဗျာ၊ ကိုယ့်ရဲ့တပည့်တွေ၊ ကိုယ်တော်တို့ပေါ့၊ ဟုတ်လားဗျ။ အဲဒါ ကိုယ်တော်တို့ ဒီဟာတွေ တွယ်တာစရာတွေ ရှိသေးလား။
မရှိပါဘူး။
တွယ်တာစရာတရားလို့ မှတ်ရမှာလား။
မမှတ်ရပါဘူး။
မမှတ်ရဘူးတဲ့။ "မေഘိယသုတ်" မှာ ဘုရားရှင်ကိုယ်တော်မြတ်က ဒီပဉ္စုပါဒါနက္ခန္ဓာကို "ပရတော" ဘယ်လိုမှတ်ရမလဲ။
သူစိမ်းပြင်ပ။
သူစိမ်းပြင်ပလို့ မှတ်ရမယ်တဲ့။ သူစိမ်းပြင်ပလို့ မှတ်ရမယ်။ ဘာမှကိုယ်နဲ့မဆိုင်ဘူး။ ဒါ ဘာပြောတာလဲ။ နည်းနည်းလေး ဟိုဟာကို တိုးချဲ့ကြည့်လိုက်။ သူတို့ သတင်းစာ စာမျက်နှာ ၁၉ တွေ့မယ်မဟုတ်လား။
မှန်ပါ့။
ဘာတွေ့တာလဲ။
နာရေး။
နာရေးကြော်ငြာ။ နာရေးကြော်ငြာမှာ ကိုယ်တော်တို့ နေ့စဉ်နေ့စဉ် သေနေတာ နည်းတာမှမဟုတ်ဘူးလား။
မှန်ပါ။
ကိုယ်တော်တို့ ဘယ်နှခါ ဝမ်းနည်းဖူးလဲ။
မရှိပါဘုရား။
အဲဒါ၊ အဲဒါ သူစိမ်းပြင်ပ၊ ကိုယ်နဲ့အဝေးကြီးဖြစ်နေလို့။ ဟုတ်လားဗျို့။ ခု စာချနေတဲ့ဘုန်းကြီး အခု ဒုက္ခိတဖြစ်ရင် နည်းနည်းတော့ ဝမ်းထဲမှာ ဖြစ်သွားမှာ။ ဟုတ်လား။
မှန်ပါ။
သေသွားမှာတောင် ကျေနပ်တဲ့ပုဂ္ဂိုလ်က ရှိရင်ရှိမှာ။ ဟုတ်လား။
ရှိပါတယ်ဘုရား။
အဲဒါ ဘုန်းကြီး သေပြလိုက်ရမလားဗျာ။ မလုပ်နဲ့၊ မလုပ်နဲ့။ ကိုယ်တော်တို့ တစ်ခုတည်းမသေဘူး၊ လည်းမငိုနဲ့။ ဟုတ်လား။ အဲဒီလို မဖြစ်သေးဘူးလေ။ ဟုတ်လား။ အဲ သဘောတစ်ခုပြောပြတာ။ ဘာလို့လဲဆိုလို့ရှိရင် ကိုယ်နဲ့ဝေးလို့ သူစိမ်းပြင်ပဆိုတာ ဒါကိုပြောတာ။ သဘောပေါက်သွားအောင် ပြောရတာ။ ဟုတ်လား။
မှန်ပါဘုရား။
ဘာလဲ။ အဝေးကြီးဆိုတော့ ကိုယ်တော်တို့ အခု အတွယ်အတာတွေ ရှိသေးလား။
မရှိတော့ဘူး။
ဪ၊ သံယောဇဉ်ငြိတွယ်စရာ မရှိတော့ဘူးပေါ့ဗျ။ ကိုယ်နဲ့နီးလေလေ ပူလေလေပဲဗျ သံယောဇဉ်ဆိုတာက။ ဟုတ်လား။ နီးလေလေ ဘာဖြစ်လဲ။
ပူလေလေပဲ။
ပူလေလေပဲပေါ့ဗျာ။ ဒါကြောင့်မို့လို့ ဟိုတုန်းက ပြောခဲ့ပြီ။ ဂါထာလေး ပေးခဲ့ပြီမို့လား။
မှန်ပါ့ဘုရား။
"ဇဟေယျ သဗ္ဗံ ယောဂံ၊ ကေဝလံ သရဏံ စရေ။ အာဒိတ္တသီသောဝ ပုထုဇ္ဇနော။" ဒီဂါထာ ပေးခဲ့ပြီနော်။
တင်ပါ့။
ဟ။
ဘုရား။
ကိုင်း၊ ပေးခဲ့ပါပြီတဲ့။ ဟိုမှာ နောက်ကပြောနေပြီ။ ကိုယ်တော်တို့ ဘာမှမသိဘူး။ ဟုတ်လား။ အေး၊ "သုတဝန္တော သုတေ ရဝေ။" ရွေ့လျောသေရခြင်းသဘောမရှိသော ပဋ္ဌာန်းနိဗ္ဗာန်ကို "ပထယန္တော" အလိုရှိသော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးအပေါင်းသည်။ နိဗ္ဗာန်ကိုလိုချင်တဲ့ပုဂ္ဂိုလ်၊ ချမ်းသာသုခကိုလိုချင်တဲ့ပုဂ္ဂိုလ်၊ ချမ်းသာစစ်ချမ်းသာမှန်ကိုလိုချင်တဲ့ပုဂ္ဂိုလ်ဟာတဲ့ "သဗ္ဗံ ယောဂံ" အလုံးစုံသောသံယောဇဉ်ကို "ဇဟေယျ" ဘာလဲဗျ။
ဖြတ်တောက်လိုက်ရ၏။
စွန့်ပစ်ရ၏၊ စွန့်လိုက်ရ၏။ "သရဏံ" အားကိုးလောက်သော ကုသိုလ်တရားတို့ကို "ကရေယျ" ပြုလုပ်ရ၏။ ဘယ်လောက်တောင် ပြုလုပ်ရမှာလဲဆိုလို့ရှိရင် "အာဒိတ္တသီသောဝ" ဦးခေါင်းမီးလောင်သောသူကဲ့သို့ "စရေ" မြန်မြန်ဆန်ဆန်၊ သွက်သွက်လက်လက်၊ ချက်ချင်းချက်ချင်း ဘာပြုတော်မူရမလဲ။
ရှိပါတယ်။
ကျင့်ကြံကြိုးကုတ်ပွားများအားထုတ်ရ၏လို့ အဲဒီလို ဟောထားတာရှိတယ်။ ဒါကြောင့် အရှင်ဘုရားတို့ ဒီမှာ သံယောဇဉ်ဆိုတာက အလွန်တရာမှ နီးလေလေ ပူလေလေဗျ။ နီးလေလေ ဘာလဲ။
ပူလေလေ။
ပူလေလေပဲ။ ဒါကြောင့် အရှင်ဘုရားတို့ရေ၊ ချစ်ခြင်းဆိုတဲ့ သမုဒယတဏှာဟာလည်း အရှင်ဘုရားတို့ရေ၊ ဟိုဘက်က အကျိုးက ဘာတွေရသလဲဆိုတော့ နှောင်ဖွဲ့ခြင်းနဲ့...
ပူလောင်ခြင်းကို။
ပူလောင်ခြင်းကိုရမယ်။ ဘာနဲ့ဘာနဲ့ရမလဲ။
နှောင်ဖွဲ့ခြင်းနဲ့ ပူလောင်ခြင်း။
အဲဒီတော့ အရှင်ဘုရားတို့ ဟို ဝေးနေပြီဆိုလို့ရှိရင် ပြန်ပြီးတော့ ကိုယ်တော်တို့က လွတ်အောင်ပြုလို့ မသွားဘူးလား။ သွားတယ်။ သတင်းစာထဲမှာ။ ဒီတစ်လုံးလေးတော့ မှတ်ထားရမယ်။ "ပရတော" တဲ့။ ဘယ်လိုမှတ်ရမလဲ။
ပရတော၊ သူစိမ်းပြင်ပ။
သူစိမ်းပြင်ပလို့ ဒီခန္ဓာကိုယ်ကြီးကို မှတ်ရမယ်။ "ပလောကတော"။ "ပလောကတော" တဲ့။ အပျက်တရားလို့လည်းပဲ မှတ်ရမယ်။ "ပလောကတော" ဘယ်လိုမှတ်ရမလဲ။
အပျက်တရား။
အပျက်တရား။ ပျက်စီးတတ်တဲ့တရား။ ဘယ်လိုပါလိမ့်ဗျ။
ပျက်စီးတတ်တဲ့တရား။
"သုညတော" တဲ့။ ဆိတ်သုဉ်းသောတရားဟူ၍လည်းပဲ မှတ်ရမယ်။ "အနတ္တတော" အတ္တအနှစ်သာရမရှိဘူးဟူ၍လည်းပဲ မှတ်ရမယ်။ ဘာအနှစ်သာရမှ မရှိပါဘူးတဲ့။ အဲဒီလို "မနသိကာတဗ္ဗာ" တဲ့။ နှလုံးသွင်းထိုက်ပါတယ်။တဲ့။ ဒါ ကိုယ်တော်တို့ ဒါ ဝိပဿနာရှုနည်းကို အကျဉ်းချုပ် ဟောလိုက်တာပဲ။ အဲဒီကတရား၊ အဲဒီလိုရှုခြင်းသည်လျှင် ကိုယ်တော်တို့ရေ၊ သောတာပန်ဖြစ်ရေးလည်းပဲ ဒီတရားပဲ။ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်မယ်။ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ဘယ်သူရဲ့လျှောက်ထားချက်အရ ဟောလိုက်တာလဲ။
ကောဋ္ဌိကရဲ့ လျှောက်ထားချက်အရ။
ကောဋ္ဌိကရဲ့ လျှောက်ထားချက်အရ ဟောလိုက်တယ်။ အဲဒီလို မှတ်သားရမယ်ပေါ့ဗျာ။ ဟုတ်လား။ ဒါ သံယုတ္တနိကာယ်မှာ၊ ခန္ဓဝဂ္ဂသံယုတ် ၁၃၆ မှာပါတယ်။ ခန္ဓဝဂ္ဂသံယုတ်ပေါ့။ ဟုတ်လားဗျ။ အလွန်အလွန်ကောင်းတာ ကိုယ်တော်တို့ရေ။ နောက် တော ၄၀ လိုက်မယ်ဆိုရင် နောက်ထပ် တော ၄၀။ ဒီတောတွေပါပဲ။ ဒီ အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတောတဲ့ ဘောင်ထဲမှာပဲနော်။ အကျဉ်းရုံးလိုက်ရင် ဘာဖြစ်ပါလိမ့်။ အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတောပါပဲ။ အဲဒီ ပဋိသမ္ဘိဒါမဂ်ပါဠိတော်မှာဆိုလို့ရှိရင်လည်းပဲ တော ၄၀။ တော ၄၀ မှာဆိုလို့ရှိရင် ပါဠိတော်စာမျက်နှာ ၄၁ မှာရှိတယ်လို့ သူတို့လည်း မှတ်သားထားဦးပေါ့။ နောင်ရှာရင် တွေ့ရအောင်။ နောက်ကျလို့ရှိရင် မြန်မြန်စဉ်းစား၊ တွေ့ရအောင်။ ကိုယ်တော်တို့ ဒီလောက်သိဖို့က မနက်ဖြန် ကြိုးစားခဲ့ရတာ။ ဟုတ်လားဗျာ။ အလွယ်တကူများ ပါလာသလားများ မထင်လိုက်နဲ့။ ဟုတ်လား။
မှန်ပါ့ဘုရား။
ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ဖော်ပြအပ်ပါသည်-

အဲ၊ ကိုယ်တော်တို့ ပေးချင်လို့ ယူလာတာ။ ကိုင်း၊ အဲဒီလိုဆိုလို့ရှိရင် ကိုယ်တော်တို့ သိပါပြီ။ ဟုတ်လားဗျ။ ဒါကြောင့် ကိုယ်တော်တို့ အခု ဟိုဘက်ကို နည်းနည်းလေး တိုးချဲ့ပြီးတော့ ပြောကြည့်ဦးမယ်။ ကိုယ်တော်တို့ ဗဟုသုတတွေရအောင်။ ကိုယ်တော်တို့ ပဋ္ဌာန်းတရား ဘယ်လောက်နက်သလဲဆိုလို့ရှိရင် အဲဒီတော့ ပဋ္ဌာန်းတရား၊ ခု အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော၊ တေဘူမကတရားတွေ၊ တေဘူမကတရားတွေကို ဝိပဿနာရှုရတယ်တဲ့ဗျ။ ဝိပဿနာရှုရတာတော့ တေဘူမကတရားပဲ။ အာရုံပြုတာကတော့ နိဗ္ဗာန်အပါအဝင် အကုန်လုံး၊ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် အကုန်လုံး အာရုံပြုလို့ရတယ်နော်။
မှန်ပါ။
အာရုံတရားဆိုတာက ကိုယ်တော်တို့ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ကို မပါဘူးလား။
ပါပါတယ်။
ပါတာပေါ့ဗျာ။ စိတ်ကုန်၊ စေတသိက်ကုန်၊ ရုပ်ကုန်၊ နိဗ္ဗာန် မပါဘူးလား။
ပါပါတယ်။
ပါတယ်။ အဲဒီတော့ တပည့်တော်တို့ ဒီအရှုခံတရားအနေနဲ့၊ တစ်နည်းအားဖြင့်ပြောရင် အာရုံတရားအနေနဲ့ အဲဒီတရားတွေ အကုန်ရှိထိုက်တယ်ပေါ့။ အဲဒီတရားတွေ မရှိဘူးလား။
ရှိပါတယ်။
ရှိတယ်။ အဲဒီထဲက အဲဒီတရားတွေကို၊ တချို့တရားတွေက ဆိုပါတော့ နိဗ္ဗာန်ဆိုတဲ့တရားဟာလည်း အာရုံတရားတော့ဖြစ်တယ်။ ဝိပဿနာရဲ့အာရုံတော့ မဟုတ်ဘူး။ ပြောကြည့်။ ဘာရဲ့အာရုံမဟုတ်ဘူးလဲ။
ဝိပဿနာရဲ့အာရုံမဟုတ်ပါ။
ဝိပဿနာရဲ့အာရုံဆိုတာ ဘာလဲဗျာ။
တေဘူမကတရား။
တေဘူမကတရားဆိုတာ ပြောခဲ့ပြီလေ။ ပဉ္စုပါဒါနက္ခန္ဓာ၊ ပဉ္စုပါဒါနက္ခန္ဓာထိုက်တဲ့တရားတွေ။
ပဉ္စုပါဒါနက္ခန္ဓာ။
ပဉ္စုပါဒါနက္ခန္ဓာထိုက်တဲ့တရားတွေ၊ ဥပါဒါန်၊ ဥပါဒါနက္ခန္ဓာတရားထိုက်တဲ့တရားတွေပေါ့။ ဟုတ်လားဗျ။ အဲဒီတရားငါးပါးတို့သည်သာလျှင် ဘာထိုက်လဲ။
ဝိပဿနာရှုဖို့ဘဝထိုက်တယ်။
ဝိပဿနာရှုဖို့ဘဝထိုက်တယ်ပေါ့ဗျာ။ ခြုံပြောရင် တေဘူမကတရားပေါ့။ အဲဒီတော့ အရှင်ဘုရားတို့ ကြည့်လိုက်။ အာရုံဖြစ်ထိုက်တာတွေက ရုပ်တရားမှန်သမျှ အာရုံဖြစ်တယ်။ ခုနကပြောခဲ့ပြီ။ စိတ်၊ စေတသိက်၊ ရုပ်တွေပါတယ်။ အဲဒီအကုန်လုံးတော့ ဝိပဿနာရှုလို့ ဖြစ်တာဟုတ်ရဲ့လား။
မဟုတ်ဘူး။
မဟုတ်ဘူး။ ပဋ္ဌာန်းတရားက ကျယ်တယ်ဆိုတာ အဲဒီလိုပြောတာ။ တပည့်တော်တို့ အခု "ဧကဓမ္မသာဝနနိယထေရဝတ္ထု" ဆိုတာရှိတယ်။ ကိုယ်တော်တို့ အဲဒီတော့ ဒီဥစ္စာလေးကတော့ ဘာနဲ့တွဲစပ်ပြီးပြောရမလဲဆိုလို့ရှိရင်တော့ အင်္ဂုတ္တရနိကာယ် "ဓမ္မဿဝနသုတ်" ဆိုတာရှိတယ်။ အင်္ဂုတ္တရနိကာယ် ဘာလဲဗျ။
ဓမ္မဿဝနသုတ်။
"ဓမ္မဿဝနသုတ်" ဆိုတာရှိတယ်။ "ပဉ္စိမေ ဘိက္ခဝေ အာနိသံသာ ဓမ္မဿဝနေ။ ကတမေ ပဉ္စ။ အဿုတံ သုဏာတိ၊ သုတံ ပရိယောဒါပေတိ၊ ကင်္ခံ ဝိတရတိ၊ ဒိဋ္ဌိံ ဥဇုံ ကရောတိ၊ စိတ္တမဿ ပသီဒတိ။ ဣမေ ခေါ ဘိက္ခဝေ ပဉ္စ အာနိသံသာ ဓမ္မဿဝနေတိ။" လို့ ဒီလိုဟောထားတာရှိတယ်။ ဒီ ကိုယ်တော်တို့ ရှစ်လုံးဘွဲ့ ပေးပြီးသားနော်။
မှန်ပါ။
ပေးပြီးသားမဟုတ်လားဗျာ။ "မကျက်ဖူး ကြားဖူး၊ သေချာထူး၊ ကြားဖူး တရားနာ။ ကြားဖူး စင်ကြယ်၊ ယုံမှားပယ်၊ တတ်ဖွယ် ဖြောင့်မတ်စွာ။ ရိုသေမြင်၊ စိတ်ကြည်လင်၊ ကြည်လင်ငြား၊ ကျိုးပင်..."
ကိုင်း၊ ခဏလေး၊ ခဏလေး။ ဒီကနေ့ အဲဒါ လက်ဆောင်ပေးမယ်။ နားထောင်ထား။ တော်ကြာ မပြီးတော့ဘူး။ အခု ကြုံတုန်း တစ်ခါတည်း၊ တော်ကြာ တစ်ယောက်ယောက် မေ့သွားလိမ့်မယ်။ ကိုင်း၊ ရေးလိုက်ရအောင်။ လေးလုံးစပ်က "မကျက်ဖူး ကြားနာဖူး၍၊ ကြားဖူး စင်ကြယ်၊ ယုံမှားပယ်တတ်၊ ဖြောင့်မတ်ယူမြင်၊ စိတ်ကြည်လင်၊ ဤငါးပါးသည် တရားနာရအကျိုးတည်း။" အဲဒီတော့ ခုနက အနိစ္စဆိုတဲ့တရား၊ နာတဲ့အနိစ္စလေးအကြောင်း နည်းနည်းလေး ပြောကြည့်ရအောင်ပေါ့။ အဲဒီတော့ ပဒုမုတ္တရမြတ်စွာဘုရားရှင်လက်ထက်က ထက်မြက်တဲ့ဈာန်အဘိညာဉ်တွေရပြီးတော့ ကောင်းကင်မှာပျံသန်းနေတဲ့ ရသေ့တစ်ပါးရှိတယ်တဲ့ဗျ။ ဟုတ်လားဗျ။ အဲဒီ အဲဒီတော့ ဘုရားရှင်ကိုယ်တော်မြတ်ကလည်းပဲ၊ ပဒုမုတ္တရမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကလည်းပဲ အသံအင်္ဂါရှစ်ပါးနဲ့ပြည့်စုံစွာ တရားတော်ကို ဟောကြားနေတယ်။ ဟုတ်လားဗျ။ အသံအင်္ဂါရှစ်ပါးဆိုတာ ပြောခဲ့ပြီးသား။ တို့ အဲဒါ လင်္ကာဆိုပြပါဆိုရင် ဂါထာသာရမယ်၊ လင်္ကာတစ်ယောက်မှ...
မရပါဘူး။
မရဘူး။ အဲဒီတော့ လိုချင်တဲ့စိတ်ကမရှိဘူးဆိုတော့ မရဘူး။ ရေဘူးလှုပ်ပြ၊ မငတ်ဘူးပေါ့။ သူတို့ ငါ့မှ၊ ငါလိုချင်မှရတာဗျ။ ကိုယ်တော်တို့ မလိုချင်၊ မရဘူးဆိုတော့ ဘယ်တော့မှ စည်းစိမ်ရမှာမဟုတ်ဘူးပေါ့။ ကျုပ်တို့က လိုချင်ပြင်းပြတဲ့စိတ်တွေရှိတယ်။ ဟုတ်လား။ ရေဘူးလှုပ်မပြခင်ကတည်းက ရေသောက်ချင်နေပြီ။ သူတို့က ရေဘူးလှုပ်ပြလည်း မဆာဘူး။ အဲဒီတော့ ပဒုမုတ္တရမြတ်စွာဘုရားရှင်ရဲ့လက်ထက်က အဲဒီမှာ ဈာန်အဘိညာဉ်ဖြင့် ကောင်းကင်ကို သွားခဲ့တယ်တဲ့ဗျ။ အဲဒီတော့ အဲဒီဘုရားရှင်ရဲ့လက်ထက်မှာဆိုလို့ရှိရင်တော့ ဈာန်အဘိညာဉ်နဲ့ ကောင်းကင်ကိုသွားတဲ့အချိန်အခါမှာ ရှေ့မှာ ကျောက်တောင်ကြီးလိုပဲ၊ ကျောက်တောင်ကြီးခံနေသလိုပဲ မသွားနိုင်တော့ဘူး ဖြစ်နေတာပေါ့။ မသွားနိုင်တာနဲ့ အတိတ်က ရသေ့တစ်ပါးဟာ မည်သို့ဖြစ်သလဲ၊ ဆင်းပြီးတော့ ဘယ်အကြောင်းကြောင့် ဘာဖြစ်တာလဲလို့ အဲဒီမှာ ကြည့်လိုက်တဲ့အခါကျလို့ရှိရင် အသံတော်အင်္ဂါရှစ်ပါးနဲ့ ပြည့်စုံတော်မူလှတဲ့၊ အလွန်တရာမှ ငြိမ်သက်အေးမြလှတဲ့ ဘုရားရှင်က တရားစကားတော်တွေ ဟောနေတယ်။ ဟောနေတဲ့တရားက အနိစ္စသညာတရားကို ဟောနေတာ။ ဘာတရားကို ဟောနေတာပါလိမ့်။
အနိစ္စသညာ။
အနိစ္စသညာတရားကို ဟောနေတယ်တဲ့။ အဲဒီ အနိစ္စသညာတရားလေးကို နာလိုက်ရတာနဲ့ပဲ သူ့ဘဝဟာ တော်တော်ကို လုံလောက်သွားတယ်ပေါ့။ "အနိစ္စာ ဝတ သင်္ခါရာ၊ ဥပ္ပါဒဝယဓမ္မိနော။ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ။" ဆိုတဲ့ ဒီတရားလေးကို နာကြားလိုက်ရတယ်ပေါ့။ အဲဒီတော့ နောက်ကို ပြန်လှည့်လာခဲ့၊ ပြန်လှည့်လာခဲ့ပြီးတော့ သူကလည်း ဒီတရားတော်ကိုနာပြီးတဲ့နောက်မှာဆိုလို့ရှိရင် အဲဒီဘဝက စုတေသွားခဲ့ပြီဆိုတော့ တာဝတိံသာနတ်ပြည်မှာ ဖြစ်ရတယ်၊ ဟုတ်လားဗျ။ တာဝတိံသာနတ်ပြည်မှာ ဘာလဲ။
ဖြစ်ရတယ်။
ဖြစ်ရတယ်။ အဲဒီတော့ တာဝတိံသာနတ်ပြည်မှာဆိုလို့ရှိရင် ကမ္ဘာပေါင်းသုံးသောင်း၊ နတ်ပြည်မှာဖြစ်ရတယ်တဲ့။ ၅၁ ကြိမ် သိကြားမင်းဖြစ်ရသတဲ့ဗျ။ ၅၁ ကြိမ် ဘာလဲ။
သိကြားမင်းဖြစ်ရသေးတယ်။
၂၁ ကြိမ် စကြဝတေးမင်းဖြစ်ရသေးတဲ့။ ပဒေသရာဇ်မင်းတို့ကတော့ မရေမတွက်နိုင်ဘူးတဲ့။ အဲဒီတော့ သူ့အနေနဲ့ကလည်းပဲ အနိစ္စသညာကို မကြာခဏ တရားနာလိုတဲ့စိတ်တွေလည်းရှိတယ်။ သူက ဓာတ်ခံပါလာတာကိုးဗျ။ ဒါကြောင့် သူတို့ လူဟာ ဓာတ်ကောင်းပါလာဖို့ အရေးကြီးတာ။ ဘာပါလာဖို့ အရေးကြီးလဲ။
ဓာတ်ကောင်းပါ။
ဓာတ်ကောင်းပါလာဖို့ အရေးကြီးတာ။ အခု ဒီကိုယ်တော်တို့အနေနဲ့ ဓာတ်ကောင်းပါဖို့၊ တပည့်တော်တို့ဟာ ကိုယ့်ဓာတ်ကောင်းကို စုဆောင်းနေရတာ။ ဓာတ်ဆိုးတွေကို တွန်းထုတ်ရမယ်။ ဘာတွေကို တွန်းထုတ်ရမလဲ။
ဓာတ်ဆိုးတွေကို။
ဓာတ်ဆိုး၊ အကျင့်ဆိုး၊ စရိုက်ဆိုးတွေကို ဘာဖြစ်လဲဗျ။
တွန်းထုတ်ရမယ်။
လက်မခံရဘူးပေါ့ဗျာ။ ဒါတောင်မှပဲ သူတို့က ကိုယ့်ဆီမှာ အတင်းဆွဲကပ်လာတာ။ မှတ်လားဗျ။ ကိုယ့်ဆီမှာ ဘာဖြစ်လဲဗျ။
အတင်းဆွဲကပ်လာတာ။
စနေ၊ တနင်္ဂနွေတွေဆို အိုးစင်းကျော်တဲ့အချိန်သာကြည့်လေ။ ဓာတ်ဆိုးတွေ၊ ဓာတ်ဆိုးတွေက ဟုတ်လား။ အဲဒီလို၊ အဲဒီလိုရှိတယ်ပေါ့။ ဒါကြောင့်မို့လို့ ဓာတ်ကောင်းတွေကို မွေးမြူ၊ ဓာတ်ဆိုးတွေကို တွန်းထုတ်ရတယ်ပေါ့ဗျာ။ အဲဒီတော့ တပည့်တော်တို့ အခု မြတ်စွာဘုရားရှင်ရဲ့လက်ထက်မှာ ရောက်လာတဲ့အခါကျတော့ သူ့ရဲ့အဖေအိမ်မှာက ရဟန်းတစ်ပါး ဆွမ်းကျွေးတယ်ဆိုပါတော့။ ရဟန်းတစ်ပါး ဆွမ်းကျွေးတာကျတော့ ရဟန္တာရဟန်းတစ်ပါးကလည်းပဲ သူက တရားဟောလိုက်တာ၊ ကိုယ်တော်တို့ အနိစ္စသညာဟောတာ၊ ခုနကဂါထာပဲ ဟောလိုက်တာ။ အဲဒီဂါထာတရားဟောလိုက်တာ အဲဒီဒါနနဲ့ပဲ သူတရားရသွားခဲ့တာဗျ။ ဟုတ်လားဗျ။ ထိုင်ရာကမထဘဲနဲ့ပဲ၊ အဲဒီတစ်ထိုင်တည်းနဲ့ပဲ အသက်ငယ်ငယ်လေးပဲရှိသေးတယ်၊ ခုနစ်နှစ်မျှပဲရှိသေးတယ်။ အဲဒါနဲ့တင် ကိုယ်တော်တို့ရေ၊ ဓာတ်ကောင်းတွေပါလာတဲ့အတွက်ကြောင့်မို့လို့ ၇ နှစ်အရွယ် တစ်ထိုင်တည်းနဲ့ပဲ "ဧကသ္မိံ နိသီဒိတွာ အရဟတ္တံ ပါပုဏိ။" တဲ့။ ဘာလဲဗျ။ "ဧကသ္မိံ နိသီဒိတွာ အရဟတ္တံ ပါပုဏိ။" တဲ့။ ခုနစ်နှစ်အရွယ်မှာပဲ အရဟတ္တဖိုလ်ကို ရောက်ခဲ့တယ်တဲ့။ ဒါက ဘာတွေ၊ ဘာတွေပါလာလို့တုန်း။
ဓာတ်ကောင်းတွေပါ။
ဓာတ်ကောင်းတွေပါလာလို့။ စာသင်တယ်ဆိုတာ ကိုယ်တော်တို့ရေ၊ ဒီဓာတ်ကောင်းတွေ စုဆောင်းရတာဗျာ။ သင်တယ်ဆိုတာ ဘာတွေစုဆောင်းရတာလဲ။
ဓာတ်ကောင်းတွေ။
ဓာတ်ကောင်းတွေ စုဆောင်းရတာ။ အဲဒီတော့ အဲဒါကိုကြည့်လိုက်။ ဒီမှာ ဒါ အနိစ္စသညာကို ပွားများရခြင်းရဲ့အကျိုး။ ဘာကိုပွားများရခြင်းရဲ့အကျိုးလဲ။
အနိစ္စသညာကို။
အနိစ္စသညာကို ပွားများရခြင်းရဲ့အကျိုး။ နောက် အနတ္တသညာပွားများရခြင်းရဲ့အကျိုးတွေလည်း ခပ်ပါးပါးလေး ပြောပြရဦးမယ်။ ဒါ ကိုယ်တော်တို့ ပြောတော့ပြောခဲ့ပြီးသား။ ပြန်ပြောရဦးမယ်။ ဒီနေရာလေးနဲ့ ကိုက်ညီနေတော့ ကိုယ်တော်တို့လည်းပဲ ဗဟုသုတရသွားအောင်။ ဒီတော့ အခု ဘုရားရှင်ကိုယ်တော်မြတ်က ဣန္ဒိယနိုင်ငံကြီးထဲက ဘုရားရှင်မပွင့်ထွန်းမပေါ်ပေါက်ခင်အတိုင်းပဲ အတ္တဝါဒတွေ လွှမ်းမိုးနေတာ။ ဘာတွေလွှမ်းမိုးနေတာလဲ။
အတ္တဝါဒ။
အတ္တဝါဒတွေ လွှမ်းမိုးနေတာ။ တကယ်တော့ ဘုရားရှင်ကိုယ်တော်မြတ်ဟာလည်း အနတ္တလက္ခဏသုတ်ကို ဟောတယ်ဆိုတာက အတ္တဝါဒကို ဖြိုခွင်းတာပဲဗျ။ ဘာကိုဖြိုခွင်းတာပါလိမ့်။
အတ္တဝါဒကို ဖြိုခွင်းတာ။
ခုခေတ်စကားနဲ့၊ သုခေတ်သုကာလစကားနဲ့ ပြောရမယ်ဆိုလို့ရှိရင် အတ္တဝါဒကို တိုက်ထုတ်ပြီးတော့ ဟောရတဲ့တရားတွေပေါ့ဗျာ။ အတ္တဝါဒကို တိုက်ထုတ်ရတာ။ အဲဒီတော့ အလွန်တရာ အရှင်ဘုရားတို့ရေ၊ အလွန်တရာ ခက်ခဲပင်ပန်းတယ်ပေါ့။ အဲဒီတော့လည်းပဲ အခု အဲဒီကဥစ္စာတွေ အခုပြန်ကြည့်မယ်ဆိုရင် အတ္တဝါဒတွေက လွှမ်းမိုးတာပါပဲ။ အဲဒီတော့ ကျမ်းစာတွေက နည်းနည်းလေး ခပ်ဆင်ဆင်တူတယ်။ သူတို့နိုင်ငံမှာ အတ္တဝါဒနဲ့ အနတ္တဝါဒ၊ အတ္တ၊ အနတ္တဆိုတာကို လက်မခံနိုင်ဘူး။ အဲဒီထဲက ဘယ်သူရှိလာသလဲဆိုလို့ရှိရင် အရင်တစ်ခါပြောဖူးတယ်။ ကိုယ်တော်တို့ ကိုယ် ဘုရားရှင်ရဲ့ အောင်ခြင်းရှစ်ပါးထဲမှာပါတဲ့ သစ္စကပရိဗိုဇ်ဆိုတာ ကြားဖူးတယ်မဟုတ်လား။
သစ္စကပရိဗိုဇ်တဲ့ဗျ။ သူ့အမေ၊ သူ့အဖေတို့က သူတို့ကို မမွေးခင်ကတည်းက၊ ဖခင်က ပရိဗိုဇ်၊ အမေက ပရိဗိုဇ်မ။ သူ့အဖေတို့က သူတို့က အယူဝါဒကို တစ်ယောက်တစ်ယောက်ကို ၅၀၀ စီ၊ ၅၀၀ စီ ပိုင်တယ်တဲ့။ အမေကလည်းပဲ အယူဝါဒ ၅၀၀ ပိုင်တယ်။ အဖေကလည်းပဲ...
အယူဝါဒ ၅၀၀ ပိုင်တယ်။
အယူဝါဒ ၅၀၀ ပိုင်တယ်။ သူတို့ အယူဝါဒ ၅၀၀ ပိုင်တဲ့ပုဂ္ဂိုလ် ဝေသာလီပြည်မှာ ပြိုင်ပွဲကြီးကျင်းပတာ။ ဝေသာလီပြည်မှာ ဘာလဲဗျာ။
ပြိုင်ပွဲကြီးကျင်းပတာ။
သူတို့ကလည်း ဝေသာလီပြည်ကလည်း လိစ္ဆဝီမင်းသားတွေက လူငယ်တွေအုပ်ချုပ်တဲ့တိုင်းပြည်ဆိုတာကျတော့ ဒီမိုကရေစီတိုင်းပြည်ဆိုတာကျတော့ အဆင်ပြေတာပေါ့ဗျာ။ ဘာတိုင်းပြည်ပါလိမ့်ဗျ။
ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ဖော်ပြအပ်ပါသည်-

ဒီမိုကရေစီတိုင်းပြည်။ အဲဒါနဲ့တင် ကိုယ်တော်တို့ရေ၊ ဝါဒပြိုင်ပွဲ ကျင်းပလိုက်တယ်ပေါ့ဗျာ။ သူတို့ မင်းသား ဘယ်လောက်ရှိတာပါလိမ့်။ ပြောခဲ့ပြီလေ။
၇၇,၀၀၀။
၇၇,၀၀၀ ယောက်။ ပြောကြည့်။ ဘယ်လောက်ပါလိမ့်။
၇၇,၀၀၀။
နည်းနည်းပဲ ပြောသွားတာပါဗျာ။ ဟုတ်လား။ ၇၇,၀၀၀။
၇၇,၀၀၀။
၇၇,၀၀၀။ မှတ်မိလား။
မှန်ပါ။
အဲဒီတော့ ပြောတာ လေးငါးရက်ရှိပြီ။ ခေါင်းထဲမရောက်ဘူးဗျ။ ဟုတ်လား။ ဗိုက်ထဲမရောက်ဘူး၊ ရင်ထဲမရောက်ဘူး၊ စာအုပ်ထဲလည်းမရောက်ဘူး။ ဟုတ်လား။ ဘယ်အုပ်ထဲမှာကိုမှ...
မရောက်ဘူး။
မရောက်ဘူး။ အဲဒီတော့ အခု လိစ္ဆဝီမင်းသားတွေကို၊ သူ အဲဒီလိစ္ဆဝီမင်းသားတွေက ပြိုင်ပွဲကြီးကျင်းပလိုက်တယ်ပေါ့။ ဟုတ်လားဗျ။ လိစ္ဆဝီပြည်မှာ ပွဲကြီးကျင်းပလိုက်တယ်။ အဲဒီတော့ အယူဝါဒ ၅၀၀ ချင်း တူနေတဲ့အတွက်ကြောင့်မို့လို့ ပြိုင်ပွဲက သရေပွဲဖြစ်သွားတယ်ဆိုပါတော့ဗျာ။ အဲဒီတော့ သူတို့ကလည်း ကြံကြံဖန်ဖန်၊ သူတို့ ဒီလိုအမေ၊ ဒီလိုအဖေနဲ့သာ သူတို့ဆက်စပ်ပြီး မွေးဖွားလိုက်ကြမယ်ဆိုလို့ရှိရင် ဒီသားတွေ၊ သမီးတွေကတော့ဖြင့် အလွန်တရာ ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ဖြစ်လိမ့်မယ်ဆိုပြီးတော့ အဲဒီက လိစ္ဆဝီမင်းသားတွေက သူတို့နှစ်ယောက်ကို အဲဒါ မင်္ဂလာဆောင်ပေးလိုက်တယ်ဆိုပါတော့ဗျ။ မွေးဖွားလိုက်တယ်ပေါ့ဗျာ။ မွေးဖွားလိုက်တာဆိုလို့ရှိရင် အဲဒီမှာဆိုလို့ရှိရင် သမီးက သုံးယောက်၊ သားက တစ်ယောက်။ သားတစ်ယောက်က အငယ်ဆုံးပေါ့။ ဟုတ်လားဗျ။ သားတစ်ယောက်က ဘာလဲ။
အငယ်ဆုံး။
အငယ်ဆုံးပေါ့။ အငယ်ဆုံးက သစ္စကပဲပေါ့။ အဲ၊ သစ္စကာ၊ သစ္စဝတီ၊ သစ္စမာတိကာဆိုတော့ သူ့အစ်မတွေက သုံးယောက်ပေါ့။ အဲဒီတော့လည်းပဲ သူ့အမေတွေ၊ သူ့အဖေတွေက ကောင်းတဲ့အကွက်ကလေးတစ်ခုတော့ ရှိတဲ့အရာ။ သူ့သားတွေ၊ သမီးတွေကို ပြောလိုက်တယ်။ "မင်းတို့ ဒီဝါဒ၊ အမေဘက်က ဝါဒ ၅၀၀၊ အဖေဘက်က ဝါဒ ၅၀၀ ဆိုတော့ ဝါဒက ဘယ်လောက်ပါလိမ့်။"
တစ်ထောင်။
တစ်ထောင်။ ဘာဖြစ်သွားပြီလဲဆိုတော့ သူတို့ရသွားပြီပေါ့ဗျာ။ အမေရဲ့၊ မိဘရဲ့ အမွေအနှစ်၊ အနှစ်သာရတွေ သူတို့ရသွားခဲ့ပြီပေါ့။ သူတို့အနေနဲ့ အမွေအနှစ်၊ အနှစ်သာရတွေပဲပေါ့။ ရသွားခဲ့ပြီ။ အဲဒီတော့လည်းပဲ "သားတို့၊ သမီးတို့တဲ့၊ မင်းတို့ ဒီဝါဒတွေ၊ တကယ်လို့ မင်းတို့ကသာ နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်မယ်ဆိုရင်..." သူ့သမီးတွေကိုလည်း ပြောလိုက်တယ်။ "တကယ်လို့ အဲဒီပုဂ္ဂိုလ်ရဲ့ခြေရင်းမှာ အလုပ်အကျွေးဝတ်ဆင်းပြီးတော့ အဲဒါကို ဇနီးမယားပြုလုပ်လိုက်ပါ" လို့ သူ့အဖေက အဲဒီလိုမှာလိုက်တာ။ ဒီလောက်တောင် ဝါဒတွေကို ပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ကို နိုင်တဲ့ပုဂ္ဂိုလ်ပေါ်မယ်ဆိုလို့ရှိရင် ဒါလည်း အလွန်တရာ ထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ပေါ့။ အလွန်တရာ ဘာဖြစ်လိမ့်။
ထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေဖြစ်ရမယ်။
အလွန်တရာတော်တဲ့၊ ကမ္ဘာမှာ အတော်ဆုံးပုဂ္ဂိုလ်တွေ ဖြစ်လိမ့်မယ်ပေါ့။ ဒါ ယူဆချက်ပေါ့ဗျာ။ ဒါ ကိုယ်တော်တို့ ဒါ ဒီအတွေးတွေတော့ မဆိုးဘူးဗျ။ ဒီအတွေးလေးကတော့ ဟုတ်လား။
မှန်ပါ့။
အဲဒီအတွေးကို လက်ခံစရာမကောင်းဘူးလား။
ကောင်းပါတယ်။
ကောင်းတယ်။ အဲဒါနဲ့ သူတို့ အမွေအောင်ပွဲခံပြီးတော့ လှည့်လည်ပြီးတော့ ဝါဒကြီးတွေ ပြိုင်နေတယ်။ သာဝတ္ထိပြည်ရောက်သွားတယ်။ သာဝတ္ထိပြည်ရောက်သွားတယ်ဆိုတော့ အဲဒါ ရှင်သာရိပုတ္တရာ ရှုံးသွားတယ်ဆိုပါတော့ဗျာ။ ခပ်တိုတိုလေး ပြောလိုက်ရအောင်။ ငါတို့ ကြားဖူးသွားမှာ။ အဲဒါနဲ့ သူတို့ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးထံမှာ လာပြီးတော့ သူတို့ဟာလည်း ဒါ လာကြတယ်ပေါ့။ အဲဒီတော့ ကိုင်း၊ ဘိက္ခုနီမကျောင်း သွားပြီးတော့ ရဟန်းမပြုကြဆိုတော့ ရဟန္တာတွေဖြစ်ကုန်ကြတယ်။ သူ့အစ်မတွေက။ အဲ၊ သူကတော့ ဟို ဝေသာလီပြည်မှာပဲ လိစ္ဆဝီမင်းသားတွေကို သူကနေပြီးတော့ ဆရာကြီးလုပ်နေတာ။ ဘယ်သူပါလိမ့်။
သစ္စက။
အို၊ ဝဖတ်ဖတ်ကြီး။ သူ့ဗိုက်ကြီးကလည်းပဲ ပြဲပြဲကြီးဆိုတာကျတော့ သံပြားနဲ့ပတ်ထားတာဗျ။ ပညာတွေ ပေါက်ကွဲထွက်သွားမှာ ကြောက်လို့တဲ့။ ဟုတ်လား။
ပညာတွေကို ဘာလဲဗျ။
ပေါက်ကွဲထွက်သွားမှာ။
ပေါက်ကွဲထွက်သွားမှာ ကြောက်လို့ ဘာကြီးနဲ့ပတ်ထားရလဲ။
သံပြားကြီး။
သံပြားကြီးနဲ့ ပတ်ထားရသတဲ့။ အဲဒီတော့မှ သူက အကုန်လုံး ဗိုလ်ကျစိုးမိုးနေတာပေါ့ဗျ။ ဒီမင်းသားတွေတောင်မှ သူ့ရဲ့တပည့်တွေဆိုတာကျတော့ အရှင်ဘုရား၊ ဒီမှာတော့ သူက ဘုရင်ထက်တောင် ဘုရင်၊ ဘုရင်ဖြစ်နေတာကိုးဗျ။ ဘာရဲ့၊ ဘာဖြစ်နေလဲ။
ဘုရင်၊ ဘုရင်။
ဟို မင်းသားတွေတောင်မှ သူတို့က ဆရာလုပ်နေတယ်ဆိုတော့ စဉ်းစားကြည့်လိုက်။ သူ့ဘက်ကကြည့်ရင်လည်းပဲ အရှင်ဘုရား၊ တကယ်ကို အခုခေတ်မှာဆိုလို့ရှိရင်တော့ အဲဒါ ခေါင်းကို လည်ကိုးထောင်နေဖို့ မကောင်းဘူးလား။
ကောင်းပါတယ်။
အဲဒီလိုပဲ သူလည်း လက်ထောင်နေတာပဲ။ "ရဟန်းဂေါတမရဲ့၊ ရဟန်းဂေါတမကိုတော့ဖြင့် ငါနိုင်ဖို့ အုပ်မှာကောင်းတာပေါ့။" အဲဒါ ရှင်အဿဇိကို မိလိုက်တာ။ "အရှင်ဘုရားတို့ရဲ့ဆရာက ဘယ်လိုဝါဒရှိသလဲ" ဘာညာပေါ့။ ခပ်တိုတိုပြောရအောင်ဗျာ။ ဒါတွေက အလွန်တရာရှည်လွန်းတဲ့ဥစ္စာတွေမို့လို့။ အဲဒါ၊ အဲဒီတော့ အလွန်တရာမှာ ရှည်လွန်းတဲ့သုတ္တန်တွေဖြစ်လို့ မလိုဘူး။ အဲဒီတော့ ဘုရားရှင်ကိုယ်တော်မြတ်နဲ့ နောက်ဆုံးပိတ် ချိန်းဆို၊ ချိန်းဆိုပွဲကြီးတစ်ခု ဆိုပါတော့ဗျာ။ အဲဒီတော့ အရပ်ထဲမှာတော့ မကျင်းပတော့ဘူး။ တောထဲမှာ ကျင်းပလိုက်တာ။ ဟုတ်လားဗျ။ တောထဲမှာ သစ်ပင်ရိပ်ကောင်းကောင်းတွေမှာ ကျင်းပလိုက်တာ။ အတ္တဝါဒနဲ့ အနတ္တဝါဒ၏ ပြိုင်ပွဲ။ ဘာနဲ့ဘာနဲ့ပြိုင်ပွဲလဲ။
အတ္တဝါဒနဲ့ အနတ္တဝါဒပြိုင်ပွဲ။
အို၊ သူကလည်းပဲ၊ သူကလည်းပဲ ဘယ်လောက်ကြည့်လဲဆိုလို့ရှိရင် "အို၊ သစ္စကတို့ အမြဲလာ။ သစ္စကနဲ့ပြိုင်မယ်ဆိုလို့ရှိရင် တုံးတွေ၊ တိုင်တွေ၊ သစ်ပင်တွေတောင်မှ တကယ်လို့ သူနဲ့ပြိုင်မယ်ဆိုလို့ရှိရင်တဲ့ သူတို့တောင်မှပဲ အဲဒါ ချွေးပေါက်တွေ ယိုစီးသွားနိုင်တယ်" တဲ့ဗျ။ ဟုတ်လား။ ဟုတ်လား။ တုံးတွေ၊ တိုင်တွေတောင်မှ ယိုင်နဲ့ပြီးတော့ ဘာလဲဗျ။
ချွေးပေါက်တွေ ယိုစီး။
ချွေးပေါက်တွေ ယိုစီးသွားနိုင်သတဲ့။ သက်ရှိထင်ရှားရှိနေတဲ့ပုဂ္ဂိုလ် မပြောနဲ့။ သူ ဝါဒနဲ့တင် လိုက်မယ်ဆိုလို့ရှိရင် တုံးတွေ၊ တိုင်တွေတောင်မှပဲ အဲဒါ တုန်လှုပ်ခြောက်ခြားပြီးတော့ ဘာလဲဗျ။
ချွေးပေါက်။
ချွေးပေါက်တွေ ယိုစီးသွားနိုင်တယ်ပေါ့ဗျာ။ သူ့ရဲ့အယူအဆ။ တကယ်ကို အရှင်ဘုရားတို့ ဖတ်ကြည့်။ တကယ်ကောင်းလွန်းလို့။ အဲဒါ၊ အဲဒါ နောက်တော့ ရှင်အဿဇိနဲ့တစ်ဆင့်၊ ဘုရားရှင်နဲ့ ကိုယ်တော်မြတ် ချိန်းဆိုပွဲတွေ့လိုက်တယ်။ အဲ၊ အဲဒီတော့ ဘုရားရှင်ကိုယ်တော်မြတ်ကနေပြီးတော့ သူက ဘုရားရှင်က အနတ္တဝါဒ၊ သူက ဘာလဲ။
အတ္တဝါဒ။
တိုတိုပဲပြောရအောင်ပေါ့ဗျာ။ အဲဒီတော့ ဘုရားရှင်ကိုယ်တော်မြတ်က "သစ္စကတဲ့၊ မင်းက အတ္တဝါဒဆိုတာ ဟုတ်သလား။" "ကာယကံ၊ ဝစီကံ၊ မနောကံ" ပေါ့။ ကံသုံးပါး၊ ဘာလဲ။ ကံ။ အဲဒါနဲ့ပဲ သူကနေ ခြောက်ချက်ပြောတာပေါ့ဗျာ။ အရှင်ဘုရားတို့ အဲဒီမှာတော့ တကယ့်ယုံကြည်စရာကောင်းတာပေါ့။ သာမန်ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်လည်းပဲ တကယ်ယုံကြည်နိုင်တော့။ ဘုရားရှင်ကိုယ်တော်မြတ်က "မင်း၊ အဲဒါ မင်းစကား မင်းသေချာပေါ့လေ။" အဲဒီပြောနည်းတွေလည်းပါတယ်။ မှတ်သားစရာကောင်းတာ။ အရှင်ဘုရားတို့ရေ၊ အခု အနတ္တဝါဒအကြောင်းအရာနဲ့ပတ်သက်ပြီးတော့။ ကိုင်း၊ ဒါဆိုလို့ရှိရင်တဲ့ ဘုရားရှင်ကိုယ်တော်မြတ်က "မင်းက အတ္တဝါဒဆိုတာ သေချာတယ်ဆိုလို့ရှိရင် မင်းကိုငါမေးမယ်ကွာ" တဲ့။ "ခု ရာဇဂြိုဟ်ကို အုပ်ချုပ်နေတဲ့ ဗိမ္ဗိသာရမင်း၊ ဟိုက ကောသလတိုင်းကို အုပ်ချုပ်နေတဲ့ ကောသလမင်းတို့ဟာ ကိုယ့်တိုင်းပြည်ကို ကိုယ်အုပ်စိုးနိုင်တယ်ဆိုလို့ရှိရင် ကိုယ်ဖြစ်စေရာဖြစ်တယ်၊ သေဆိုသေ၊ ရှင်ဆိုရှင်၊ ပိုင်တယ်၊ စိုးတယ်ဆိုလို့ရှိရင် ကိုယ်ဖြစ်ချင်သလိုဖြစ်လို့ ဘာဖြစ်လို့ရလဲ။" ဒါဆိုလို့ရှိရင်လည်းပဲ ကြည့်လိုက်လို့ သူ့အနေနဲ့ သူ့ဝတုတ်ဖတ်ဖတ်ကြီး၊ သူ့ခန္ဓာကိုယ်ကြီးက နုအောင်လုပ်လို့ရသလားဆိုတော့ ရလား။
မရပါဘူး။
အဲဒါ ဘာလို့တုန်း။ အဲ၊ မပိုင်တဲ့ခန္ဓာကိုယ်ကြီးကို သူက ပိုင်တယ်လို့ ထင်နေတယ်။ အဲဒါ သူက ဒါပေမဲ့လို့ လင်းကနဲ၊ လက်ကနဲဆို သူက အတ္တဝါဒကနေပြီးတော့ ဘာလဲဗျ။
အနတ္တဝါဒ။
အနတ္တဝါဒကို လင်းကနဲလို့ သူမြင်သွားတယ်။ အနတ္တဝါဒကို သူ မမြင်သွားဘူးလား။
မြင်သွားပါတယ်။
မြင်သွားတာပေါ့ဗျ။ မမြင်ဘဲနေမလား။ ဘာဖြစ်လို့ဆိုလို့ရှိရင် သူ့ခန္ဓာကိုယ် သူပိုင်တယ်ဆိုလို့ရှိရင် နတ်သားလေး၊ နတ်သားတစ်ပါးလို လှအောင်၊ ချောအောင် ပြင်လို့ရှိရင် ရပါသလားတဲ့။ ပြင်လိုက်ပါလားပေါ့လေ။ ဘုရားရှင်ကိုယ်တော်မြတ်က မေးလိုက်တာလေ။ အဲဒီလို ပြင်လို့ရပါ့မလား။
မရပါဘူး။
မရဘူး။ ဘယ်ပြင်လို့ရတုန်းဗျ။ ဒါ၊ ဒါ အနတ္တ၊ အနတ္တပဲလေ။ ဟုတ်တယ်မလား။
စသည်၊ စသည်ဖြင့်ပေါ့ဗျာ။ အဲဒါလေး သူကနေတော့ အဲဒါကို အရှင်ဘုရားတို့ရေ၊ လူကြီးဂုဏ်သရေဆိုတာကျတော့ အရှင်ဘုရားတို့ ဒေါက်တာဘွဲ့ရတဲ့ပုဂ္ဂိုလ်က အရှင်ဘုရားတို့ ဒီလူရှေ့သူရှေ့မှာ အရှုံးမခံဖို့ဆိုတာ ခက်တာကိုး။ ဘာဖြစ်လို့လဲဆိုတော့ တစ်နယ်လုံး၊ တစ်တိုင်းလုံး၊ တစ်ပြည်လုံးကလည်း အရှင်ဘုရားတို့ ပြားပြားဝပ် ပရိသတ်တွေရှိလေ။ အဲဒီထဲမှာလည်း လိစ္ဆဝီမင်းသားပေါင်းက...
အဲဒီထဲမှာလည်း လိစ္ဆဝီမင်းသားတွေကလည်းပဲ တစ်ပါးက၊ လိစ္ဆဝီမင်းသားတစ်ပါးကလည်း သူ့ကိုမကျေနပ်တဲ့တစ်ယောက်ကလည်း ရှိနေတယ်။ နဂိုကတည်းကို သူ့ကို မြင်ပြင်းကတ်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်က ရှိတယ်ဗျ။ အခု အကုန်လုံးက သူ့ကိုကြိုက်တာမဟုတ်ဘူးဗျ။ ဟုတ်လား။ တစ်ယောက်ကလည်း ဘာဖြစ်လဲ။ ရန်သူရှိတယ်။ သူကလည်းပဲ အဲဒါ ပြန်ပြော၊ အဲဒီတောမှာ သူကလည်း ပြန်တွယ်တာ။ အဲဒီမှာ အများကြီး၊ အများကြီးပဲပေါ့ဗျာ။ အဲဒီတော့ ပြောချင်တဲ့ဥစ္စာတွေက ကိုယ်တော်တို့ အများကြီးဖြစ်လို့မို့ အဲဒီလောက်ကလေးပဲ ထားလိုက်ပါတော့။ သူ့ရဲ့ဉာဏ်ထဲမှာ "ဪ၊ ဘုရားဟောတဲ့၊ ရှင်ဂေါတမပြောတဲ့ အနတ္တဆိုတာ တကယ်တော့ အတ္တမဟုတ်ဘူး။ ဘာဖြစ်လဲ။"
အနတ္တ။
ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ဖော်ပြအပ်ပါသည်-

အနတ္တဆိုတဲ့ အစိတ်အပိုင်းလေး သူသိသွားတယ်။ အဲဒီတော့လည်းပဲ သူ ဘာတရားမှမရဘူး။ ဘုရားရှင်ကိုယ်တော်မြတ်က ဘာဖြစ်လို့တုန်း။ ဒီသစ္စကပရိဗိုဇ်ကြီးကို ဒီလောက်ကြိုးပမ်းအားထုတ်ပြီးတော့ သူ့ကို ချွတ်ရတာလဲဆိုတဲ့ အကြောင်းလေးတစ်ခုရှိတယ်။ အဲဒီ သစ္စကပရိဗိုဇ် အရှင်ဘုရားတို့ရေ၊ နည်းနည်းလေး၊ ရေးရေးလေးကို ဘာမြင်သွားသလဲဆိုရင်...
အနတ္တ။
အနတ္တကို မြင်သွားတယ်။ "ဪ၊ တကယ်တော့ ရှင်ဂေါတမပြောတဲ့ အနတ္တဟာတဲ့ တကယ့်ကို အစစ်အမှန်ပဲ။ ငါတို့ယူဆထားတဲ့ အတ္တဝါဒဆိုတာ တကယ်တော့ ငါမပိုင်ဘဲနဲ့ကို ငါပိုင်သလို ထင်နေတာပါကလား။" သူ့ရဲ့နှုတ်ကနေ ထုတ်ဖော်ပြီးတော့ မပြောဘူးဗျ။ စိတ်ထဲမှာတော့ လင်းကနဲ ထင်သွားတာ။ အဲဒါလေးတစ်ခုက၊ အဲဒီလေးတစ်ခုက ဘယ်လောက်ကို အကျိုးကြီးသွားသလဲဆိုလို့ရှိရင် ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးတော့ နှစ်ပေါင်း ၂၀၀ ကျော်တဲ့အချိန်အခါပဲ။ ဟုတ်လားဗျ။ ၂၀၀ ကျော်သွားပြီ။ ဘယ်လောက်လဲ။
၂၀၀။
အဲ၊ သီဟိုဠ်ကျွန်းမှာ သူက အရှင်ဘုရားတို့ရေ၊ ခပ်တိုတိုပြောရအောင်ဗျ။ ကာလဗုဒ္ဓရက္ခိတမထေရ်ဆိုပြီးတော့ လာဖြစ်တာဗျာ။ ကိုယ်တော်တို့ အနတ္တသညာလေးရဲ့ အကျိုးတရားလေးကို ပြောချင်လို့ ဒါလေး၊ ဒီအကြောင်း ထုတ်ခေါ်လာတာ။ ဟုတ်လားဗျာ။ ဘာလို့လဲဗျ။
အနတ္တ၊ အနတ္တသညာ။
အနတ္တသညာ။ ခုနက ဘာပါလိမ့်ဗျ။ အနိစ္စသညာ။ ဟိုဥစ္စာက ဘာပါလိမ့်။
အနတ္တသညာ။
အနတ္တသညာ။ ကာလဗုဒ္ဓရက္ခိတမထေရ် ဖြစ်လာခဲ့တယ်။ ပေါ့ဗျာ။ ရဟန်းဘဝ၊ တိပိဋကဓရဖြစ်တာဗျ။ အရှင်ဘုရားတို့ ရှေးဆရာတော်တွေနဲ့ ရှေးပုဂ္ဂိုလ်တွေရဲ့ အကြောင်းလေးက တော်တော်ကြည်ညိုစရာကောင်းတယ်။ သူဟာ ဥပဇ္ဈာယ်ဖြစ်စ၊ တိပိဋကဓရ၊ ဓမ္မကထိကဖြစ်ပြီ။ အဲဒီတော့ သူ့ဒကာ၊ ဒကာမတွေနဲ့ အဲဒါ အနေနဲ့ သူ့ရဲ့ဆရာသမားတွေ အခုလို သီတင်းကျွတ်ပြီဆိုတာကျတော့ လာရောက်ပြီးတော့ ကန်တော့တယ်။ ဘယ်ဆရာကမှ သူ့ကို အတွေ့မခံဘူးဗျ။ ဘယ်ဆရာကမှ ဘာလဲ။
အတွေ့မခံဘူး။
အတွေ့မခံဘူးဆိုတာကျတော့မှ အဲဒါ လာပြီးတော့ အကန်တော့မခံတော့ဘူး။ သီတင်းဝါကျွတ်လို့ သွားကန်တော့တော့ ဘယ်ဆရာမှ ဘာဖြစ်လဲဗျ။ ကန်တော့မခံတော့ဘူး။ အဲဒီလို အကန်တော့မခံတော့ဘူးဆိုတော့ အဲဒါ သွားပြီးတော့ တိုးလျှိုးတောင်းပန်ပြီးတော့ "အရှင်ဘုရားတို့၊ တပည့်တော် ဘယ်အပြစ်ရှိလို့ တပည့်တော်ကို အတွေ့မခံတာလဲ" ဆိုတော့ ခပ်ဇွတ်တရွတ်ပေါ့ဗျာ။ တံခါးတိုးဝင်ပြီးတော့ တစ်ခါတည်း ကြောက်ရွံ့စွာနဲ့ ဆရာတစ်ပါးက ပြောလိုက်တယ်။ "ကိုင်း၊ အဲဒီလိုရှိရင် မင်းမှာ ရဟန်းကိစ္စပြီးပြီလား" တဲ့။ အဲဒီတော့ ဘာမှမပြီးသေးဘူး။ ဘာလဲဗျ။
ဘာမှမပြီးသေးဘူး။
အဲဒီတော့ ကိုယ်တော်တို့၊ တပည့်တော်တို့ကတော့၊ တပည့်တော်တို့ကတော့ စာမေးပွဲလေး နည်းနည်းလေးပြီးပြီဆိုရင်တော့ ရဟန်းကိစ္စပြီးသလို ယူဆတယ်၊ ဟုတ်လား။ ဟုတ်ရဲ့လား။
ဟုတ်ပါတယ်။
ရဟန်းကိစ္စပြီးတယ်ဆိုတာ ဘာပြီးမှ၊ ဘာရောက်မှ ပြီးတာလဲ။
ရဟန္တာဖြစ်မှ၊ ရဟတ္တဖိုလ်ရောက်မှ ပြီးတာ။
အဲဒီတော့ "မှန်ပါဘုရား၊ သိပါပြီဘုရား" ဆိုပြီးမှ တရားအားထုတ်တာတဲ့။ အရှင်ဘုရားတို့ရေ၊ အဲဒါ သာသနာမှာ၊ အေး၊ ဘုရားရှင်ရဲ့မျက်ကွယ်တော်မှာကိုပဲ၊ ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးမှကိုပဲ သူဟာ ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်ရတာဗျ။ အဲဒီတော့ အနတ္တသညာရဲ့ အကျိုးတရားလေးက၊ ကိုယ်တော်တို့ အခု သစ္စကကြီးဟာလည်း အခု နှစ်ပေါင်း ၂၀၀ ကျော်အချိန်က၊ ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးလို့ နှစ်ပေါင်း ၂၀၀ ကျော်မှာ ကာလဗုဒ္ဓရက္ခိတမထေရ်တဲ့။ ပြောကြည့်စမ်းပါဦး။
ကာလဗုဒ္ဓရက္ခိတမထေရ်။
ကာလဗုဒ္ဓရက္ခိတမထေရ်လို့ အဲဒီလို ဖြစ်သွားခဲ့ရတယ်ပေါ့ဗျာ။ ဒါက ဘာသညာကို ပွားများအားထုတ်ခဲ့လို့လဲ။
အနတ္တသညာကို။
အေး၊ ဟုတ်ပါပြီ။ ကိုင်း၊ အရှင်ဘုရားတို့ရေ၊ ဒါလည်း ကိုယ်တော်တို့ ဘုရားရှင်ကိုယ်တော်မြတ်ဟောတဲ့ ကြည့်လိုက်တော့ "အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော ဝိပဿတိ"။ ဝိပဿနာရှုနည်းတွေ မဟုတ်လား။ ဪ၊ ဒါတွေ၊ ဒါတွေပဲဆိုတာ ကိုယ်တော်တို့ သိပြီလား။ ကိုင်း၊ ဒါကြောင့်မို့လို့ရေ၊ ဒီအာရမ္မဏပစ္စည်းနဲ့ပတ်သက်လို့တော့ ဒီလောက်နဲ့ပဲ၊ ဒီလို နည်းနည်းလေး နားလိုက်ကြဦးစို့ပေါ့ဗျာ။ ဟုတ်လား။ ဒီလောက်နဲ့ နားလိုက်ကြရအောင်။ အဲဒါ ပြောစရာတွေကတော့ အလွန်တရာ အများအပြား၊ အများကြီးရှိသေးတယ်။ ဒီထဲမှာလည်း တစ်ခုချင်းစီ၊ တစ်ခုချင်းစီရဲ့ အနက်အဓိပ္ပာယ်တွေ၊ သဘောတရားတွေ အများကြီးရှိတယ်။ ကိုယ်တော်တို့ သိရှိထားကြလိမ့်မယ်။ ကိုယ့်ဟာကိုယ်လည်းပဲ ခုနက အနုဝါဒပါဠိတော်တွေ ဖတ်ရဦးမယ်။ အဲဒီဟာ ကိုယ်တော်တို့ကို စာမျက်နှာ ၃၅၁ မှာဆိုလို့ရှိရင် ပစ္စဝေက္ခဏာဝတ္ထုအကြောင်းအရာတွေလည်းပဲ၊ ပစ္စဝေက္ခဏာဝတ္ထိအကြောင်းအရာတွေလည်းပဲ ဒီတော့ နောက်ကျတော့ အခု အနန္တရပစ္စည်းကျတော့ နောက်ထပ်ပြောပြပါဦးမယ်။ ဒီမှာဖြင့် စာမေးပွဲဖြစ်ရမှာလည်း နီးကပ်နေလို့မို့လို့ အာရမ္မဏပစ္စည်းအနေနဲ့ အဲဒီလောက်လောက် တော်ပြီးတော့ အာရမ္မဏာဓိပတိပစ္စည်းကို သွားကြရမယ်ပေါ့ဗျာ။ ကိုင်း၊ အာရမ္မဏာဓိပတိပစ္စည်းကို ဆက်လိုက်ကြရအောင်ပေါ့ဗျာ။ အာရမ္မဏာဓိပတိပစ္စည်းရဲ့ ပါဠိထုတ်ခြင်း၊ အရကောက်ခြင်းကိစ္စကိုတော့ စာမျက်နှာ ၁၇ သွားမှာ။ ဒီစာမျက်နှာ ၁၄ က သုတ္တသင်္ချာကတော့ အခု ကရဏသမာဂမဟောတဲ့အခါမှာ အသုံးပြုဖို့ရန်အတွက် ဒါ အဓိကအချက်လို့ ပြောရမှာ။ ပါဠိထုတ်ခြင်း၊ အရကောက်ခြင်းကိစ္စတွေက စာမျက်နှာ ၁၇။ ဟုတ်လားဗျာ။ သဘောအဓိပ္ပာယ်တွေအတွက်၊ အဲဒီ အာရမ္မဏာဓိပတိရဲ့ သဘောအဓိပ္ပာယ်တွေ အပြည့်အစုံသိဖို့အတွက်က စာမျက်နှာ ၁၁ က လောဘ၊ ဒေါသ၊ မောဟ။ ဒါတွေ ဟုတ်တယ်မလားဗျာ။
ကိုင်း၊ ဒါကြောင့်မို့လို့ စာမျက်နှာ ၁၇ ကို ရောက်ကြရအောင်ပေါ့ဗျာ။ အဲဒီတော့ တို့ အာရမ္မဏာဓိပတိရဲ့ သုတ္တသင်္ချာကို၊ စာမျက်နှာ ၁၄ က သုတ္တသင်္ချာ၊ အဲဒီသုတ္တသင်္ချာကို ဆိုကြရအောင်။ ဒါလည်း ဆိုလို့ရှိရင် အဲဒီမှာ ပစ္စည်းရည်နဲ့ သင်္ချာက အဲဒီမှာပါတယ်။ ပစ္စည်းရည်နဲ့ ဘာလဲ။
သင်္ချာ။
သင်္ချာ။ အဲဒီမှာပါတယ်ပေါ့ဗျာ။ အဲဒီသင်္ချာနဲ့ ပစ္စည်းရည်ကို နားလည်ဖို့အတွက်ကို စာမျက်နှာ ၁၄ က သုတ္တသင်္ချာကို သွားရအောင်။ အဲဒီတော့ ကြားထဲပဲ တစ်ဆက်တည်းပဲ ပြောလိုက်ရအောင်။ အဲဒီတော့ ကိုယ်တော်တို့အနေနဲ့ ဒီကနေ့ အချိန်မရတော့လို့မို့လို့ အခု လာမယ့်ရက်တွေ၊ ကျောင်းပိတ်တဲ့ရက်၊ တပည့်တော်က အရှင်ဘုရားတို့ လပြည့်တစ်ရက်ပဲ ချမယ်လို့ပြောထားတာ။ ဒါ ပြောထားတာ။ အခု အဲဒါ တကယ်တော့ မပိတ်ချင်ဘူး။ တပည့်တော်က အဲဒီတစ်ရက်ဆို နည်းတာမှမဟုတ်ဘူး။ ဒါ သူများပိတ်ရင်တော့ ပိတ်မှာပေါ့ဗျာ။ ပိတ်မှာပဲ ကောင်းမှာပေါ့။ ဟုတ်တယ်မလား။
မှန်ပါ။
အဲဒီတော့ နည်းနည်းလေး အဲဒီပါဠိတော်ကြီးကို လှမ်းကြည့်။ ဒီမှာ ပါဠိတော်ကြီးကို နေ့စဉ် ဒီတိုင်းဆိုနေတဲ့ အဓိပတိယဒဿနကြီးက သတ္တရှိတယ်။ အာဒိက သတ္တရှိတယ်။ သေချာမှတ်မယ်။ အဓိက သတ္တ၊ သဟာဓိက...
သတ္တ။
သတ္တ။ အဲဒီတော့ သင်္ချာဒဿန၊ သင်္ချာဒဿနကြီးကလည်းပဲ သင်္ချာ ၇၊ အာဒိကလည်းပဲ သင်္ချာ ၇ ရှိတယ်။ အဲဒီတော့ ကိုယ်တော်တို့ အဲဒါ မေးမယ့်မေးခွန်းနဲ့၊ မေးခွန်းပုံစံအနေနဲ့ ကြိုတင်ပြောထားမယ်။ ဒါက သေချာပေါက်မေးမယ့်မေးခွန်းတွေပဲ။ အဲဒါ ကိုယ်တော်တို့ ခုန စောစောက ပြောခဲ့သလို အဲဒါ အခု ရိုးရိုးစင်းစင်းလေးကတော့ မေးရတာ ဘာမှအဓိပ္ပာယ်မရှိဘူး။ ကိုယ်တော်တို့ ဘာမှဉာဏ်မတိုးဘူး။ ဟုတ်လားဗျ။
မှန်ပါ။
အဲဒီတော့ အခု အာဒိ၊ သဟာဒိ၊ အဓိပတိ နှစ်မျိုးဆိုင်တယ်။ နှစ်မျိုးမျိုးကွဲရှိတယ်။ အဲဒီတော့ သဟာဒိသာရတာက သင်္ချာသုံးချက်ရှိတယ်။ အာဒိသာရတာက သင်္ချာသုံးချက်ရှိတယ်။ အာဒိသဟာဒိရတာက သင်္ချာလေးချက်ရှိတယ်။ ဟုတ်လားဗျ။ နောက်တစ်ခေါက်ပြောပြဦးမယ်။ သဟာဒိသာရတာက သင်္ချာ...
သုံးချက်။
သုံးချက်။ အာဒိသာရတာက သင်္ချာ...
သုံးချက်။
သုံးချက်။ အာဒိသဟာဒိရတာက...
လေးချက်။
လေးချက်ပေါ့။ အာဒိသဟာဒိရတဲ့သင်္ချာက လေးချက်။
လေးချက်ရှိတယ်။
ဒါတွေ ဘယ်သူဖြစ်မလဲ။ ကိုယ်တော်တို့ ဒီပါဠိတော် စာမျက်နှာ ၁၃၇ ကို ကိုယ့်ကိုယ်ကိုယ် ကျက်လာခဲ့ကြတယ်။ ဟုတ်လားဗျ။ ကိုယ့်ဟာကိုယ် ဘာဖြစ်လဲ။ ကျက်လာခဲ့ကြ။ ဘယ်သင်္ချာတွေက တူတာလဲ။ ဘယ်သင်္ချာတွေက မတူတာလဲ။ အာဒိသာရတဲ့သင်္ချာက ဘယ်လိုလဲ။ အဲဒီတော့ တကယ်လို့မေးမယ်ဆိုလို့ရှိရင် ဆိုပါတော့ ကိုယ်တော်တို့ကို သဟာဒိရသော သင်္ချာသုံးခု၊ အာဒိသာရသော သင်္ချာသုံးခု မဟုတ်ဘူးလား။
အဲဒီလိုဆိုရင် သဟာဒိသာရသော သင်္ချာတို့တွင် အစုံသင်္ချာရဲ့ ကာလကို ကောက်ခဲ့ပါ။ ဘာကိုကောက်ခဲ့ပါလို့ မေးလို့မရဘူးလား။ အလယ်၊ သို့မဟုတ် အဆုံး မေးလို့မရဘူးလား။
အာဒိလည်း အဲဒီလို မေးလို့မရဘူးလား။
အဲ၊ အခုကြည့်။ ဒါ ဉာဏ်ကွန့်မြူးလာတာ ကြည့်လိုက်။ ဟုတ်လားဗျ။ အဲဒီလိုမေးမယ်ဆိုလို့ရှိရင် ကိုယ်တော်တို့ တုန်လှုပ်၊ ပေါက်ပြဲ၊ မှောက်ကျကုန်သွားလိမ့်မယ်။ ဟုတ်လားဗျ။
မှန်ပါ့ဘုရား။
အဲဒီတော့ မေးမှာပဲ။ မေးနေကြပဲပေါ့ဗျာ။ ဒါကတော့ သူ ကိုယ်တော်တို့ စောစောစီးစီး ကိုယ်တော်တို့ မှောက်ချင်တယ်၊ မှောက်တာပေါ့။ ဟုတ်လား။
အဲဒါ စာအုပ်ထဲ စာမျက်နှာဘယ်လောက်မှာလဲ။ ခုနက ပါဠိတော်စာမျက်နှာ။
၁၃၇၊ ၁၃၈ တို့မှာရှိတယ်။ ကိုင်း၊ ဒါကြောင့်မို့လို့ စာမျက်နှာ အဲဒီ ၁၄ က သုတ္တကို တစ်ခေါက်ဟောကြည့်ပြီးတော့ စာမျက်နှာ ၁၇ ကို သွားမယ်။ စာမျက်နှာ ၁၇၊ စာမျက်နှာ ၁၇ ကို ဆိုပြီးတော့မှ ဆိုရအောင်။ အဲဒီတော့ စာမျက်နှာ ၁၇၊ အာဒိသရုပ်ကွဲဇယားနဲ့ သုတ္တသင်္ချာ နည်းနည်းဆိုကြည့်မယ်။ ဒါနဲ့ ပါဠိတော်ထုတ်မှာဖြစ်တယ်။ အဲဒီထုတ်မှာ ကိုယ်တော်တို့ ဒီနေ့ကတော့ ၆ နာရီလောက် ရောက်ချင်ရင် ရောက်သွားမယ်နော်။
အဲဒါ အခု လာမယ့်လပြည့်ကျော်တစ်ရက်ကနေစပြီး တစ်ခါတည်းပြောလိုက်မယ်ပေါ့ဗျာ။ အဲဒီတော့ ညကျမ်းကပဲ စပြောမယ်ပေါ့။ ညကျမ်းက တောင်ဘက်က စထားတာက "အလေးအမြတ်ပြုတတ်သော" တွေ့လား။
မတွေ့ပါဘူး။
ဒီမှာ အုပ်စုငါးစု တွေ့လိမ့်မယ်။ "အလေးအမြတ်ပြုတတ်သော လောဘမူစိတ်ရှစ်ပါး၊ အပ်တတ်သော" ဘယ်ဘက်ကိုသွားမယ်။ "အလေးအမြတ်ပြုအပ်သော ဣဋ္ဌရူပါရုံ၊ နိဗ္ဗာန်၊ နာမ်၊ ရုပ်၊ ဒါန၊ သီလ၊ ဥပုသ်၊ မောဟမူဒွေး၊ ဒေါသမူဒွေး၊ ဒုက္ခသဟဂုတ်ကာယဝိညာဉ်ကြဉ်သော လောကီစိတ် ၇၆ ခု၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာကြဉ်သော စေတသိက် ၄၄" ဒါတစ်ခုပေါ့။ နောက်လာခဲ့။ "အလေးအမြတ်ပြုတတ်သော မဟာကုသိုလ်ဉာဏဝိပ္ပယုတ္တစိတ်လေးခု၊ အပ်တတ်သော အလေးအမြတ်ပြုအပ်သော လောကီကုသိုလ် ၁၇။" "အလေးအမြတ်ပြုတတ်သော မဟာကုသိုလ်ဉာဏသမ္ပယုတ္တစိတ်လေးခု၊ တန်အပ်သော အလေးအမြတ်ပြုအပ်သော အရဟတ္တမဂ်ကြဉ်သော ကုသိုလ် ၂၀၊ အောက်ဖိုလ်သုံးခု၊ နိဗ္ဗာန်။" ဟုတ်လား။ ဒါ လာခဲ့။ နောက်တစ်ခုလာခဲ့။ "အလေးအမြတ်ပြုတတ်သော မဟာကိရိယာဉာဏသမ္ပယုတ္တစိတ်လေးခု၊ တပ်သော အလေးအမြတ်ပြုအပ်သော အရဟတ္တမဂ်၊ အရဟတ္တဖိုလ်၊ နိဗ္ဗာန်။" "ဖိုလ်လေးခုက တပ်သော နိဗ္ဗာန်။" "ဖိုလ်လေးခုက လောကုတ္တရာရှစ်ခုက တပ်သော..."
နိဗ္ဗာန်။
အရောင်က ပြန်နေတော့ မရဘူးဗျ။ ဟုတ်လား။ "လောကုတ္တရာရှစ်ခုက တပ်သော..."
နိဗ္ဗာန်။
နိဗ္ဗာန်။ "ဤတရားတို့သည်" ပေါ့။ "အာရမ္မဏ၊ အာရမ္မဏာဓိပတိပစ္စည်းတော်တရားတို့မည်၏။" ဆိုလိုက်ပါဦး။ ကိုင်း၊ အဲဒီလိုဆိုလို့ရှိရင် ဆိုကြည့်ရအောင်။ "အလေးအမြတ်ပြုတတ်သော..."
အလေးအမြတ်။
အဲဒီတော့ ဒီလိုကို သက်သာလွယ်ကူသွားအောင်ပေါ့ဘုရား။ အခု "အာရုံပြုတတ်၊ အလေးအမြတ်ပြုတတ်၊ အလေးအမြတ်ပြုအပ်" လို့ဆိုတော့ ဒီအခါ ကိုယ်တော်တို့ "ကျေးဇူးပြုတတ်၊ ကျေးဇူးပြုအပ်" လို့ပြောမယ်။ "ကျေးဇူးပြုတတ်" ဆိုလို့ရှိရင် ပစ္စည်းယုပ္ပန်ကိုပြောတာလား၊ ပစ္စည်းကိုပြောတာလား။
ပစ္စည်းကိုပြောတာ။
ဟာ...
ပစ္စည်း၊ ပစ္စည်း။
အယ်ဗျာ၊ သာသနာထဲက အဲဒါ၊ ဟမ်။ ပစ္စည်းကိုပြောတာလား၊ ပစ္စယုပ္ပန်ကိုပြောတာလား။
ပစ္စယုပ္ပန်ကိုပြောတာ။
ပစ္စည်းကိုပြောတာ။ "ကျေးဇူးပြုတတ်တယ်" ဆိုတာက ဘာလဲ။
ပစ္စည်း။
ပစ္စည်း။ "အာရုံပြုတတ်တယ်" ဆိုတာက...
ပစ္စယုပ္ပန်။
"အလေးအမြတ်ပြုတတ်တယ်" ဆိုတာက...
ပစ္စယုပ္ပန်။
ဪ၊ ကြည့်။ ကလေး နည်းနည်းလေးပြောလိုက်တာနဲ့ မိုးမိုးလိုက်ဟေ့ဆိုလို့ လိုက်လာပြီလေ။ လိုက်ခဲ့ဆိုတာနဲ့ ကိုယ်တော်တို့ကို တောက်လျှောက်လွှတ်တာပဲ။ "ကျေးဇူးပြုတတ်တယ်" ဆိုတာက ဘာလဲ။
ပစ္စည်း။
"အလေးအမြတ်ပြုတတ်" ဆိုတာက...
ပစ္စယုပ္ပန်။
"အာရုံပြုတတ်" ဆိုတာက...
ပစ္စယုပ္ပန်။
ဪ၊ ရောထွေးချင်နေတယ်။ ကြည့်။ နားထဲမှာ လာပြီးတော့ ထိုးထွင်းထောက်လောင် လာဝင်နေသေးတယ်။ ဟုတ်လား။ ပြေးပြေးပြီးတော့ နားထဲမှာ အဲဒါ ကိုယ့်လုပ်ရပ်ကို လာပြီးဝင်လာသေးတာ။ ဟုတ်လား။ ကိုင်း၊ သိချင်လည်းသိ၊ မသိချင်လည်းနေပေါ့လေ။ ကိုယ်တော်တို့ ဒီလိုပဲ လူမျိုးမျိုး၊ နတ်အထွေထွေဆိုတာ။ အဲဒီတော့ "ကျေးဇူးပြုတတ်၊ ကျေးဇူးပြုအပ်" တို့က အနေနဲ့ပဲပြောမယ်။ ကိုင်း၊ အောက်ဆုံးကစရအောင်။ လွယ်တကူပြောမယ်။ "နိဗ္ဗာန်သည် လောကုတ္တရာမဂ်လေးခုအား ကျေးဇူးပြုပါသည်။" နိဗ္ဗာန်သည် ဘယ်မှာပါလိမ့်။
မဂ်လေးခုအား ကျေးဇူးပြုပါသည်။
ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ဖော်ပြအပ်ပါသည်-

ဒါက "နိဗ္ဗာနံ မဂ္ဂဿ အာရမ္မဏာဓိပတိပစ္စယေန ပစ္စယော"။ ဆိုကြည့်ရအောင်။ "နိဗ္ဗာန်သည် မဂ်လေးခုအား..."
နိဗ္ဗာန်သည် မဂ်လေးခုအား ကျေးဇူးပြုစဉ်။
"နိဗ္ဗာနံ မဂ္ဂဿ"။
ဟုတ်ပြီ။ နောက်တစ်ခုလာခဲ့။ "နိဗ္ဗာန်သည် ဖိုလ်လေးခုအား ကျေးဇူးပြုစဉ်။" "နိဗ္ဗာနံ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။" ဆိုကြည့်ရအောင်။
ဟုတ်ပြီ။ အဲဒီလိုဆိုလို့ရှိရင် အရှင်ဘုရားတို့ ဘယ်လိုအာရုံနဲ့ လှမ်းမြင်မလဲ။ နိဗ္ဗာန်သည် မဂ်လေးခုအား ကျေးဇူးပြုမယ်ဆိုလို့ရှိရင် ဝီထိနဲ့ မှန်းစပ်ကြည့်မယ်ဆိုလို့ရှိရင် "အဗျာကတော..."
အဗျာကတော...
ကုသလဿ။ နိဗ္ဗာန်သည် ဖိုလ်လေးခုအား ကျေးဇူးပြုမယ်ဆိုလို့ရှိရင် "အဗျာကတော..."
အဗျာကတဿ။
ဪ၊ ဒီလိုမြင်ရမှာ။ တစ်ခါတည်း ဘုန်းကြီးမပြောခင်ကတည်းက မြင်ရမှာလေ။ ဟုတ်လား။ အဲဒီလိုမြင်ရမှာ။ အဲဒီလိုမမြင်သေးဘူးဆိုရင်တော့ တပည့်တော် ကမ်းတုန်းဘုရားလား။ အခု အဲဒီကမ်းတာကို မျက်စိ၊ မျက်စိကုဆရာဝန်နဲ့ ကုလိုက်ပြီ။ ဟုတ်လား။ ကောင်းပြီလား။
ကောင်းပါတယ်။
အေး၊ ဟုတ်ပြီ။ ကိုင်း၊ ဆိုလို့ရှိရင် ကိုယ်တော်တို့ အထက်အကြောင်းလေးတို့ရအောင်။ အောက်ဆုံးကနေပြီးတော့ အထက်ကိုသွားရမယ်ပေါ့။ "အရဟတ္တမဂ်သည် အလေးအမြတ်ပြုတတ်သော..." "အလေးအမြတ်ပြုတတ်သော" ဆိုတာက "ဂရုံ ကတွာ"။ "အလေးအမြတ်ပြုအပ်" ဆိုတာက ညာဘက်ခြမ်း၊ ပစ္စယုပ္ပန်ခြမ်း။ "အလေးအမြတ်ပြုတတ်" ဆိုတဲ့ဥစ္စာလေးကို အဲဒီပါဠိနဲ့ဆိုလို့ရှိရင် "ဂရုံ ကတွာ"။ ဘယ်လိုလေးပါလိမ့်။
ဂရုံ ကတွာ။
အေး၊ ဒီလိုလေးသိထား။ "အရဟတ္တမဂ်သည် အလေးအမြတ်ပြုတတ်သော မဟာကိရိယာဉာဏသမ္ပယုတ္တစိတ်လေးခုအား ကျေးဇူးပြုစဉ်။" "အရဟံ မဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။" မှတ်မိလား။
ကိုင်း၊ အဲဒီလိုဆိုလို့ရှိရင် တို့ ဒါကြောင့် ဒါက ဟို အာရမ္မဏမှာ ပြောခဲ့ဖူးလား။
ဒါ တစ်ခုမှ အသစ်အဆန်းမဟုတ်ဘူး။ အာရမ္မဏပစ္စည်းမှာ ပါပြီးသားချည်းပဲလေ။ ဟုတ်တယ်မလားဗျာ။ "အရဟံ မဂ္ဂံ၊ ဝုဋ္ဌိတမဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။" ဟုတ်လား။ နောက်တစ်ခုပြောပြမယ်။ "အရဟတ္တမဂ်သည် အလေးအမြတ်ပြုတတ်သော မဟာကိရိယာဉာဏသမ္ပယုတ္တစိတ်လေးခုအား ကျေးဇူးပြုစဉ်။" "အရဟံ မဂ္ဂံ၊ ဝုဋ္ဌိတမဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။" ဒါကို သုံးခေါက်ဆိုမယ်။ "အရဟတ္တဖိုလ်သည် အလေးအမြတ်ပြုတတ်သော မဟာကိရိယာဉာဏသမ္ပယုတ္တစိတ်လေးခုအား ကျေးဇူးပြုစဉ်။" "အရဟံ ဖလံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။" ဒါလည်းပဲ သုံးခေါက်ဆိုကြည့်ရအောင်။ "နိဗ္ဗာန်သည် အလေးအမြတ်ပြုတတ်သော မဟာကိရိယာဉာဏသမ္ပယုတ္တစိတ်လေးခုအား ကျေးဇူးပြုစဉ်။" "နိဗ္ဗာနံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။" "နိဗ္ဗာနံ..."
ဂရုံ ကတွာ။
ပစ္စဝေက္ခတိ။ ကိုင်း၊ ဒီလိုဆိုလို့ရှိရင် ဒါလေးလည်းပဲ သုံးခေါက်ဆိုကြည့်ရအောင်။ အဲဒီတော့ အဲဒီသုံးခု၊ အဲဒီအောက်ဆုံးကစကြည့်မယ်ဆိုရင် "အရဟတ္တမဂ်သည် အလေးအမြတ်ပြုတတ်သော မဟာကုသိုလ်၊ မဟာကိရိယာဉာဏသမ္ပယုတ္တစိတ်လေးခုအား ကျေးဇူးပြုစဉ်။" "အရဟံ မဂ္ဂံ၊ ဝုဋ္ဌိတမဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။" အဲဒီအကြောင်းသုံးချက်ကို ပြန်ပြီးတော့ တစ်ခေါက်စီပြန်ဆိုကြရအောင်။ ဆိုရအောင်။ ကိုယ်တော်တို့ "အရဟတ္တမဂ်ကနေပြီးတော့ အလေးအမြတ်ပြုတတ်တဲ့ မဟာကိရိယာဉာဏသမ္ပယုတ္တစိတ်လေးခုအား ကျေးဇူးပြုမယ်ဆိုလို့ရှိရင် သူ့ရဲ့ဝီထိက ဘာလဲဗျ။"
ကုသလော...
ဗျာကတဿ။ "နိဗ္ဗာန်က မဟာကိရိယာစိတ်ကို ကျေးဇူးပြုမယ်ဆိုရင်..."
ဗျာကတောပါဘုရား။
ဪ၊ "ဗျာကတော ဗျာကတဿ" လို့ နားလည်ရတယ်။တဲ့။ ကိုင်း၊ သဘောပေါက်ပြီနော်။
မှန်ပါ။
အဲဒီတော့ အဲဒီမှာ အကြောင်းငါးကြောင်းရှိတဲ့ထဲက အလယ်အကြောင်းကို သွားရအောင်။ အလယ်အကြောင်းကလည်းပဲ အလယ်ကစလိုက်ရအောင်ပေါ့။ အလယ်က အဲဒီမှာ သုံးခုရှိတာထဲက "အရဟတ္တမဂ်ကြဉ်သော ကုသိုလ်စိတ် ၂၀ ရယ်၊ အောက်ဖိုလ်သုံးခုရယ်၊ နိဗ္ဗာန်ရယ်" မဟုတ်ဘူးလား။
မှန်ပါ။
အဲဒီတော့ အောက်ဖိုလ်သုံးခုနဲ့ နိဗ္ဗာန်ကို သွားလို့ရအောင်ပေါ့။ "အောက်ဖိုလ်သုံးခုသည် အလေးအမြတ်ပြုတတ်သော မဟာကုသိုလ်ဉာဏသမ္ပယုတ္တစိတ်လေးခုအား ကျေးဇူးပြုစဉ်။" "ဖလံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။" "နိဗ္ဗာန်သည် အလေးအမြတ်ပြုတတ်သော မဟာကုသိုလ်ဉာဏသမ္ပယုတ္တစိတ်လေးခုအား ကျေးဇူးပြုစဉ်။" "နိဗ္ဗာနံ ဂရုံ ကတွာ..."
ပစ္စဝေက္ခတိ။
တစ်ခုကို နှစ်ခေါက်စီဆိုရအောင်။ အဲဒီတော့ အလယ်ခေါင်၊ အဲ၊ ဟို လောကီကုသိုလ် ၁၇၊ အရဟတ္တမဂ်ကြဉ်သော ကုသိုလ် ၂၀ ဆိုလို့ရှိရင် အလယ်အကြောင်းက အဲဒီဝင်သွားရောပေါ့။ ဟုတ်လား။ အဲဒီတော့ "အရဟတ္တမဂ်ကြဉ်သော ကုသိုလ် ၂၀ သည် အလေးအမြတ်ပြုတတ်သော မဟာကုသိုလ်စိတ်ရှစ်ခုအား ကျေးဇူးပြုစဉ်။" အဲဒီတော့ "ကုသလော ကုသလဿ"။ ကိုယ်တော်တို့ ဒီဘက်ကလည်း ကုသိုလ်၊ ဟိုဘက်ကလည်း ကုသိုလ်ဆိုတော့ ခြောက်ချက်ဆိုရမယ်။ ဘယ်နှချက်ပါလိမ့်။
ခြောက်ချက်ဆိုရမယ်။
ပြန်ပြောရမယ်။ "အရဟတ္တမဂ်ကြဉ်သော ကုသိုလ် ၂၀" ဆိုလို့ရှိရင် လောကီကုသိုလ် ၁၇ ပါမသွားဘူးလား။
ပါသွားပါတယ်။
"အရဟတ္တမဂ်ကြဉ်သော ကုသိုလ် ၂၀ သည် အလေးအမြတ်ပြုတတ်သော..." ပေါင်းလိုက်တော့ ဘာလဲ။
မဟာကုသိုလ်စိတ်ရှစ်ခုအား...
"မဟာကုသိုလ်စိတ်ရှစ်ခုအား အလေးအမြတ်ပြုစဉ်။" "ဒါနံ ဂရုံ ကတွာ၊ သီလံ ဂရုံ ကတွာ၊ ဥပေါသထကမ္မံ ဂရုံ ကတွာ၊ တံ ကမ္မံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ ပုဗ္ဗေသု စိဏ္ဏံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ သိက္ခာ ကုသလံ ပစ္စဝေက္ခတိ။ ဖလံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ ပစ္စဝေက္ခန္တိ။ သိက္ခာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။" ကိုင်း၊ ဒါကြောင့်မို့လို့ ဒီဥစ္စာကိုတော့ ကိုယ်တော်တို့ရေ၊ ခြောက်ခုဆိုတော့ ခြောက်ခေါက်ကို ဆိုပြ။ ဒါပေမဲ့ မှတ်မိသွားမှာ။ ဟုတ်လား။ ဆိုရအောင်။ တကယ်လို့မေးမယ်ဆိုလို့ရှိရင်၊ စာမေးပွဲမှာမေးမယ်ဆိုလို့ရှိရင် "အလေးအမြတ်ပြုတတ်သော မဟာကိရိယာဉာဏသမ္ပယုတ္တစိတ်လေးခုအား တပ်သော အလေးအမြတ်ပြုအပ်သော အရဟတ္တမဂ်၊ အရဟတ္တဖိုလ်၊ နိဗ္ဗာန်ကို ဖြစ်စေလိုက်သော အနုဝါဒပါဠိကို ရေးခဲ့ပါ" လို့။ အဲဒီတော့ ကိုယ်တော်တို့ "အလေးအမြတ်ပြုအပ်သော" ဆိုလို့ရှိရင် ညာဘက်ကို ကိုင်ပြီးမေးမှာပေါ့။ ဟုတ်လား။ ပစ္စယုပ္ပန်ကို ကိုင်ပြီးမေးမှာ။ စတင်မေးမှာ။ ဟုတ်လား။ မေးခွန်းအတူတူပဲ။ ဒါကို လွဲမသွားနဲ့။ "ကျေးဇူးပြုတတ်၊ ကျေးဇူးပြုအပ်"။ ခုဟာက ရှင်းအောင်ပြောတာလေ။ မေးရင် အဲဒီလိုမေးပါ့မလား။ အဲဒီလိုမမေးဘူးက များတယ်။ ဟုတ်လား။ အဲဒီလိုမေးရင်တော့ ရှင်းရှင်းလေးမေးတယ်။ အဲဒီလိုမှတ်ပေါ့။ ဟုတ်လားဗျ။ ဒါ နှစ်မျိုးလုံးမေးလို့မရဘူးလား။ "ကျေးဇူးပြုတတ်၊ ကျေးဇူးပြုအပ်" အနေနဲ့လည်း မေးလို့ရတယ်။ "အလေးအမြတ်ပြုတတ်..."
အလေးအမြတ်ပြုအပ်အနေနဲ့လည်း ဘာပဲလဲ။
မေးလို့ရတယ်။
ဟုတ်ပြီ။ ကိုင်း၊ ဒါဆိုလို့ရှိရင်တော့ အဲဒီက တူတဲ့ကွက်စရာ၊ ကိုယ်တော်တို့ အောက်က သုံးကွက်ပြီးမသွားဘူးလား။
ပြီးပါတယ်။
အေး၊ လေးကွက်ပြီးမသွားဘူးလား။
ပြီးပါတယ်။
လေးကွက်ပြီးသွားပြီ။ အထက်ဆုံးတစ်ကွက်ပဲ ကျန်တော့တယ်။ အထက်ဆုံးတစ်ကွက်က ဝီထိသုံးခုကျန်တယ်။ ဝီထိသုံးခုကတော့ ဒီလောကီစိတ် ၇၆ ခုထဲမှာဖြစ်သော ဒေါသမူဒွေး၊ မောဟမူဒွေး၊ ဒုက္ခသဟဂုတ်ကာယဝိညာဉ်ကြဉ်သော လောကီစိတ် ၇၆ ခုမှာ ကုသိုလ်မပါဘူးလား။
ပါတယ်ဘုရား။
ကာယဝိညာဉ်ကြဉ်သော လောကီစိတ် ၇၆ က လောကီကုသိုလ် ၁၇ သည် အလေးအမြတ်ပြုတတ်သော လောဘမူစိတ်ရှစ်ခုအား ကျေးဇူးပြုတယ်ဆိုတော့ ဒီဘက်က၊ ဘယ်ဘက်က ကုသိုလ်၊ ညာဘက်က အကုသိုလ်။
အကုသိုလ်ဆိုတော့ "ကုသလော..."
အကုသလဿ။
အကုသလဿ။ သုံးချက်ရှိမယ်။ ဘယ်နှချက်ပါလိမ့်။
သုံးချက်။
သုံးချက်။ အဲဒီသုံးချက်ကို ဒါ ဝီထိနဲ့စပ်ကြည့်ပေါ့။ "ဒါနံ ဂရုံ ကတွာ၊ သီလံ ဂရုံ ကတွာ၊ ဥပေါသထကမ္မံ ဂရုံ ကတွာ"။ ပြန်ပြောမယ်ဗျာ။ "လောကီကုသိုလ် ၁၇ သည် အလေးအမြတ်ပြုတတ်သော လောဘမူစိတ်ရှစ်ခုအား ကျေးဇူးပြုစဉ်။" "ဒါနံ ဂရုံ ကတွာ၊ သီလံ ဂရုံ ကတွာ၊ ဥပေါသထကမ္မံ ဂရုံ ကတွာ၊ တံ အဿာဒေတိ အဘိနန္ဒတိ။"
"တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။"
"ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။" လက်သည်းကွင်းက တို့ ဒီမှာ လောဘမူစိတ်ရှစ်ခုပဲပါတယ်။
လောဘမူစိတ်ရှစ်ခုပဲ ပါတယ်။ မဟုတ်လား။
လောဘမူစိတ်ရှစ်ခုပါတော့ ကိုယ်တော်တို့ အဲဒီက ဝိစိကိစ္ဆာတွေ၊ ဥဒ္ဓစ္စတွေ ထည့်လို့ရပါ့မလား။
မရပါဘူး။
ဒေါမနဿတွေ ထည့်လို့ရပါ့မလား။
မရပါဘူး။
ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ဖော်ပြအပ်ပါသည်-

အဲဒီ သုတ္တသင်္ချာက လောဘမူစိတ်ရှစ်ပါးသာ။ ကိုယ်တော်တို့ မောဟမူဒွေးတွေ ပါရဲ့လား။ ဒီ ဒေါသမူ၊ မောဟမူက ကြဉ်ထားတာလေ။ ဟုတ်လားဗျာ။ စာမျက်နှာ ၉။ အဲဒီ လောဘမူ၊ ဒေါသမူ၊ ဒေါသမူ၊ မောဟမူတို့က အဲဒါ ကိုယ်တော်တို့ ဒေါသအမြတ်ချောင်းချောင်းထွက်နေတဲ့ပုဂ္ဂိုလ်ကလည်း ရှေ့ကမှန်ကို ခြောက်ခါမှန်းမသိဘူးတဲ့။ မောဟမူကလည်း အဲဒါ အခု ဘာပဲဗျာ။ လောကမှာ ပြောစကားရှိတယ်မို့လား။ အဲဒါ မရှက်သုံးပါးဆိုတာ ဘာလဲ။ ငိုက်၊ မရှက်...
အင်း၊ ငိုက်မယ်ဆိုတာ မရှိဘူးလား။
ရှိပါတယ်။
အဲဒီလိုပဲ ငိုက်တဲ့ပုဂ္ဂိုလ်ကလည်း မြင်လို့ အလေးအမြတ်ပြုနိုင်သေးလား။
မပြုနိုင်ပါဘူး။
ဒါကြောင့်မို့လို့ ဒါမှာဆိုလို့ရှိရင် အရှင်ဘုရားတို့ ကလေးမှာ မပြုနိုင်ဘူး။ ဒါကြောင့်မို့လို့ အဲဒီမှာ ဒေါသတွေ၊ မောဟတွေမပါဘူး။ လောဘမူပဲပါတယ်ပေါ့။ ဒီထဲမှာက။ ဒါကြောင့်မို့လို့ ဒီမှာ ကိုယ်တော်တို့ အဲဒီလိုဆိုရတာဖြစ်တယ်။ ဒါကြောင့် ဟိုဘက်မှာက လောဘမူစိတ်ရှစ်ခုပဲပါတယ်ပေါ့။ ဘာပဲပါသလဲဆိုရင်...
လောဘမူစိတ်။
လောဘမူစိတ်ရှစ်ခုပဲပါတယ်။ လောဘမူစိတ်ရှစ်ခုကသာလျှင် ဒီဘက်က အလေးအမြတ်ပြုတတ်တာဖြစ်တယ်။ ကဲ၊ ဒါကြောင့်မို့လို့ "ဒါနံ ဂရုံ ကတွာ၊ သီလံ ဂရုံ ကတွာ၊ ဥပေါသထကမ္မံ ဂရုံ ကတွာ၊ တံ အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေသု စိဏ္ဏံ ဂရုံ ကတွာ၊ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ဂရုံ ကတွာ၊ တံ အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။" ကိုင်း၊ ဒါလေးကို ဆိုကြည့်ရအောင်။ လောဘမူပြုလိုက်။ လောကီကုသိုလ်...
လောကီကုသိုလ် ၁၇ သည် အလေးအမြတ်ပြုတတ်သော လောဘမူစိတ်ရှစ်ခုအား ကျေးဇူးပြုခြင်း။
ဟုတ်ပြီ။ ကိုင်း၊ အဲဒါလေးပြီးသွားပြီဆိုလို့ရှိရင် ဒီတော့ အခု လောဘမူစိတ်ရှစ်ခုသည်၊ လောဘမူစိတ်ရှစ်ခုသည် အလေးအမြတ်ပြုတတ်သော လောဘမူစိတ်ရှစ်ခုအား ကျေးဇူးပြုပါသည်။ လောဘမူစိတ်ရှစ်ခုက လောဘမူစိတ်ရှစ်ခုကိုပဲ ကျေးဇူးပြုတာ။ ဘာနဲ့ဘာကို ကျေးဇူးပြုတာလဲ။
လောဘမူစိတ်ရှစ်ခုက လောဘမူစိတ်ရှစ်ခုကိုပဲ ကျေးဇူးပြုတာ။
ဒါကြောင့် "အကုသလော အကုသလဿ" ပေါ့ဗျ။ ဘာလဲ ဟိုမှာလည်း...
အကုသလော အကုသလဿ။
ဟုတ်ပြီ။ ဒါ နှစ်ချက်ပဲရှိတယ်။ "ရာဂံ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။" ဒိဋ္ဌိလည်း အဲဒီလောက်ပဲဆိုမယ်ပေါ့။ ကိုင်း၊ ဒါဆိုလို့ရှိရင် "လောဘမူစိတ်ရှစ်ခုသည်" လို့ ဆိုကြည့်ရအောင်။ ကိုင်း၊ ဒါဆိုလို့ရှိရင် ရုပ်တရားတွေ။ "ဣဋ္ဌဖြစ်သော နိဗ္ဗာန်၊ နာမ်၊ ရုပ်၊ ဒါန၊ သီလ၊ ဥပုသ်၊ ကာယဝိညာဉ်ကြဉ်သော လောကီဝိဘက် ၃၁ ခု" ပေါ့။ ဟုတ်လား။
ကိရိယာစိတ် ၂၀။
"ဣဋ္ဌဖြစ်သော နိဗ္ဗာန်၊ နာမ်၊ ရုပ်၊ ဒါန၊ သီလ၊ ဥပုသ်၊ ဒုက္ခသဟဂုတ်ကာယဝိညာဉ်ကြဉ်သော လောကီဝိဘက် ၃၁၊ ကိရိယာစိတ် ၂၀ သည် အလေးအမြတ်ပြုတတ်သော လောဘမူစိတ်ရှစ်ခုအား ကျေးဇူးပြုစဉ်။" "စက္ခုံ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ။ တံ ခါရုံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သောတံ၊ ဃာနံ၊ ဇိဝှံ၊ ကာယံ၊ ရူပေ၊ သဒ္ဒေ၊ ဂန္ဓေ၊ ရသေ၊ ဖောဋ္ဌဗ္ဗေ၊ ဝိပါကဗျာကတေ၊ ကိရိယဗျာကတေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ။ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။" နှစ်ခေါက်ဆိုကြည့်ရအောင်ဗျ။ အဲဒါက အထက်ဆုံးက အဲဒါလေးကို တစ်ခေါက်စီပြန်ပြီးတော့ ဆိုကြည့်စမ်းပါဦးဗျ။ အဲဒီထဲမှာ ခုနက "လောကီကုသိုလ် ၁၇ သည် အလေးအမြတ်ပြုတတ်သော လောဘမူစိတ်ရှစ်ခုအား ကျေးဇူးပြုစဉ်" ဆိုပြီးတော့ တစ်ခုပေါ့။ နောက်တစ်ခုက ဘာလဲဗျ။ "လောဘမူစိတ်ရှစ်ခုသည်..."
လောဘမူစိတ်။
"လောဘမူစိတ်ရှစ်ခုသည် အလေးအမြတ်ပြုတတ်သော လောဘမူစိတ်ရှစ်ခုအား" ပေါ့။ ဒါက တစ်ခုပေါ့။ ခုနကပြောခဲ့တဲ့ဥစ္စာက တစ်ခုပေါ့။ ကိုင်း၊ ဒါလေးကို ပြောင်းပြီးတော့ တစ်ခေါက်စီပူဇော်ကြည့်ကြရအောင်။ အဲဒီတော့ ကိုယ်တော်တို့ရဲ့ အခု စာမျက်နှာ ၁၇ က အာဒိသရုပ်ခွဲဇယားနဲ့ အနုဝါဒပါဠိတော်တွေကို ကုန်စင်အောင် အဲဒါ သုတ္တသင်္ချာနဲ့ပဲ ဘာပြုတော်မူလိုက်လဲ။ ပါဠိထုတ်ပြီးသွားပြီ။ အဲဒါ တစ်ခုချင်းရဲ့၊ ဒီသုတ္တသင်္ချာနဲ့ကပ်ပြီးတော့ ပါဠိထုတ်လိုက်ခြင်းအားဖြင့် ဒါ အနုဝါဒတစ်ခုစီရဲ့ အရကောက်ကော တစ်ခါတည်း သိမသွားဘူးလား။
သိသွားပါတယ်ဘုရား။
အဲဒီတော့ အဲဒီစာမျက်နှာ ၁၇ က အာဒိအရကောက်ဇယား၊ ကိုယ်တော်တို့ကတော့ သိနားလည်လောက်ပြီ။ ဒီလောက်ဆို သိနားလည်လောက်ပြီ။ ကိုယ့်ဟာကိုယ် ကြည့်ထားကြခဲ့ကြပေါ့။ အဲဒီတော့ ကိုယ်တော်တို့ စာမျက်နှာ ၁၁ က ဒီလင်္ကာထောင်ပုဒ်ကြီးပေါ့။ "ဒေါသ၊ မောဟ၊ ဒုက္ခ၊ လောကီနှင့် စတုစိတ်ထံ၊ ရုပ်၊ နိဗ္ဗာန်ကို ကြည်ညိုသမုတ်၊ အလေးပြု၍ ကုသိုလ်ကာမစိတ်ထားသည်။ လောကုတ္တရာခေါ်ဆို၊ ကုသိုလ် ၁၇ လွန်လေ၏။ ရှေ့မှ သမုတ်၊ သံ၊ ရုပ်၊ လေ၊ ကံကို ခြေကန်စွဲမှိတ်၊ လောကုတ္တရာစိတ်၊ အောင်မြိတ်နိဗ္ဗူလည်း ဘုံသုံးလူကြီးနော်။" ကိုင်း၊ ဒီမှာ ကိုယ်တော်တို့ရေ၊ အဲဒီမှာ ကျွန်တော်တို့ ဒီဇယားလေးနဲ့ ရှင်းပြထားတယ်။ "ရှေ့မှ သမုတ်၊ သံ၊ ရုပ်၊ လေ၊ လောကုတ္တရာနဝကံကို ခြေကန်စွဲမှိတ်၊ လောကုတ္တရာစိတ်တည်း၊ အောင်မြိတ်နိဗ္ဗူ အလေးမူသည် ဘုံသုံးလူစိန္တော၊ ကွန်းတည်တဲ့။" ဒါလေးကို နည်းနည်းပြောရအောင်။ သေချာနားထောင်မယ်။ ဒီဥစ္စာတွေက ကိုယ်တော်တို့ကို နည်းနည်းလေး အဓိပ္ပာယ်ပြောဖို့တော့ နည်းနည်းလေး ကိုယ်တော်တို့ ဟို လပြည့်ကျော်နှစ်ရက်နေ့ကျခါကျမှ အဓိပ္ပာယ်တော်ပြောမယ်။ သို့သော်လည်းပဲ အခု ဒီကသဘောတရားတွေ ပြောပြမယ်။ ဒီမှာက "ရှေ့မှ သမုတ်၊ သမ္ပယုတ္တ၊ လောကုတ္တရာနဝကံကို" တဲ့။ အဲဒီတော့ "လောကုတ္တရာနဝကံကို သက" တဲ့။ ပြောကြည့်။ ဘာလဲ။
သက။
သက။ "သက" ဆိုတာက ကိုယ်ပိုင်ဥစ္စာကိုပြောတာ။ ပြောကြည့်။
ကိုယ်ပိုင်ဥစ္စာ။
ကိုယ်ပိုင်ဥစ္စာကိုပြောတာ။ သေချာကြည့်မယ်။ အဲဒီမှာ ဝေးတဲ့ပုဂ္ဂိုလ်တွေက ဒီမှာ ဒီဇယားကြီးကို မမြင်ဘူးဆိုရင် စာမျက်နှာ ၁၁၂ မှာ နံပါတ်တစ်၊ ပစ္စယုပ္ပန်ဘက်ကပေါ့။ အဲဒီတော့ "သောတာပန်ပုဂ္ဂိုလ်သည်" ပေါ့။ ဒါ ချုံ့လိုက်မယ်ဆိုရင် "သောတာပန်ပုဂ္ဂိုလ်သည်ဗျာ၊ သောတာပတ္တိမဂ်၊" ဘယ်ဘက်က "သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်၊ နိဗ္ဗာန်ကို အာရုံပြုတာလား၊ အလေးအမြတ်ပြုတာလား။" အလေးအမြတ်ပြုပါသည်။ အလေးအမြတ်...
ပြုသည်။
ပြုပါသည်။ အဲဒီကဥစ္စာက "သက" ဆိုတဲ့သဘောတရား။ ဒီဟာက အရှင်ဘုရား၊ အရှင်ဘုရားတို့ အခု အဲဒါ စာချဘုန်းကြီးတွေက ဒီကို လာမေးတယ်။ "ဘုန်းကြီးတဲ့၊ ဒီဟာက လောကုတ္တရာနဝကံကိုဆိုတာ ဘာတုန်းဘုရား" တဲ့။ ဆိုတော့ ဒါလေးကို ပြောပြရတာ။ ကိုယ်တော်တို့ရေ၊ ဘုန်းကြီးတဲ့၊ အဲဒါ စာအုပ်ကလေးထဲ၊ စာအုပ်ထဲမှာ ရိုက်ပြီးတော့ ထည့်ထည့်သွားအောင် ရှေ့နားက ထည့်လို့မရတော့ဘူးလေ။ ရှေ့နားက ထည့်လို့မရတော့ဘူးဆိုတော့ ဒီတော့ အခု နောက်ကပဲ အခု ကျန်သေးတာ ဖြတ်ပြီးတော့ ထည့်လိုက်ရတာပေါ့။ အရင်တုန်းက ၁၅ ဖောင်ပဲရှိတာကိုး။ စာအုပ်က ၁၆ ဖောင်၊ တစ်ဖောင်တိုးသွားတာ။ သေချာကြည့်မယ်။ အတူတူပဲ။ ဒုတိယက "သောတာပန်ပုဂ္ဂိုလ်သည် မိမိရရှိပြီးတဲ့ သောတာပတ္တိမဂ်၊ မိမိရရှိပြီးတဲ့ သောတာပတ္တိဖိုလ်၊ မိမိရပြီးတဲ့ နိဗ္ဗာန်ကို အလေးအမြတ်အာရုံပြု၏။" ဟုတ်လားဗျ။ အဲဒီတော့ အဲဒီကဥစ္စာ ဘာပြောတာလဲဆိုလို့ရှိရင် အဲဒီကဥစ္စာက သူ့ရဲ့အနုဝါဒပါဠိက ကိုယ်တော်တို့ ကြည့်မယ်။ ပစ္စဝေက္ခဏာဝတ္ထုမှာဆိုလို့ရှိရင် သိက္ခာပုဂ္ဂိုလ်တွေအတွက်က ပစ္စဝေက္ခဏာဝီထိ ဘယ်လောက်ကျလဲ။ ဟုတ်လား။ ပစ္စဝေက္ခဏာဝီထိ ကျလာတာပါ။
ငါး။
ငါးဝီထိကျတယ်။ ဒီမှာတော့ဖြင့် အရှင်ဘုရားတို့ရေ၊ ဒီ ပစ္စဝေက္ခဏာကိစ္စမဟုတ်တော့ဘူး။ ဒီဥစ္စာတွေက အလေးအမြတ်ပြုတဲ့သဘောတရားဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီ ပယ်ပြီးတဲ့ကိလေသာနဲ့ ကြွင်းတဲ့ကိလေသာတွေကို ဘာဖြစ်လဲ။ အလေးအမြတ်မပြုတော့ဘူး။ ပြောပါ။ အလေးအမြတ်မပြုဘူး။
ကိလေသာနဲ့...
အလေးအမြတ်မပြုဘူး။ အဲဒါ ဝီထိနှစ်ခုပြုတ်သွားတယ်ပေါ့။ ဒါကြောင့်မို့လို့ "သက" လို့ခေါ်ဆိုတဲ့ ကိုယ်ပိုင်ဥစ္စာဖြစ်တဲ့ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို၊ ဒီသုံးခုကိုသာ အာရုံပြုတာ၊ အလေးအမြတ်ပြုတာ။ ဟုတ်လားဗျာ။
တင်ပါ့ဘုရား။
ဒါကြောင့် သေချာကြည့်မယ်။ "သောတာပန်ပုဂ္ဂိုလ်သည် မိမိရရှိပြီးတဲ့ သောတာပတ္တိမဂ်ကို အာရုံပြုမယ်ဆိုရင်၊" မိမိရရှိပြီးတဲ့ ဘာဖြစ်လဲ။ "သောတာပတ္တိမဂ်ကို အလေးအမြတ်ပြုမယ်ဆိုလို့ရှိရင်၊ အလေးအမြတ်အာရုံပြုမယ်ဆိုလို့ရှိရင်" "သိက္ခံ မဂ္ဂံ၊ ဝုဋ္ဌိတမဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။" ဒါကိုရမှာ။ ဘယ်လိုလဲဗျ။ "သိက္ခံ..."
"သိက္ခံ မဂ္ဂံ၊ ဝုဋ္ဌိတမဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။"
"သိက္ခံ မဂ္ဂံ၊ ဝုဋ္ဌိတမဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။" ဟုတ်ပြီ။ "ဒီသောတာပန်ပုဂ္ဂိုလ်သည် မိမိရရှိပြီးတဲ့ သောတာပတ္တိဖိုလ်ကို အလေးအမြတ်ပြုမယ်။" ဟုတ်လားဗျာ။ "သိက္ခာ ဖလံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။" ပြောကြည့်။ ဘယ်လိုပါလိမ့်။
"သိက္ခာ ဖလံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။"
ဟုတ်ပြီ။ "သောတာပန်ပုဂ္ဂိုလ်သည် မိမိရရှိပြီးတဲ့ နိဗ္ဗာန်ကို အာရုံ၊ အလေးအမြတ်အာရုံပြု၍" "နိဗ္ဗာနံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။"
သကဒါဂါမ်၊ အနာဂါမ်ထိအောင် တူတူပဲ။ ဒါကြီးပဲ။ ဒီနာမည်ပဲ။ သို့သော်လည်းပဲ အာရုံပြုမှုတော့ ဘာဖြစ်လဲ။
မှန်ပါ။
အနာဂါမ်ဆိုလို့ရှိရင်လည်းပဲ မိမိရရှိပြီးတဲ့ အမြင့်ဆုံးဖြစ်တဲ့ အနာဂါမိမဂ်၊ အနာဂါမိဖိုလ်၊ နိဗ္ဗာန်ကို အောင်မြင်မှာပေါ့။
ဟုတ်တယ်မလားဟေ့။
အဲဒီလိုသဘောပေါက်။ ဟုတ်လား။
ပေါက်ပါတယ်။
အေး၊ သူတို့ သဘောပေါက်အောင်ပြောတာ။ ဒီဟာ ခြုံလိုက်ရမယ်။ ကိုင်း၊ အဲဒီလိုဆိုလို့ရှိရင် "ရဟန္တာပုဂ္ဂိုလ်သည် မိမိရရှိပြီးတဲ့ အရဟတ္တမဂ်၊ မိမိရရှိပြီးတဲ့ အရဟတ္တဖိုလ်၊ မိမိရရှိပြီးတဲ့ နိဗ္ဗာန်ကို အလေးအမြတ်အာရုံပြု၏။" အဲဒါက ပြောခဲ့ပြီလေ။ "အရဟံ မဂ္ဂံ၊ ဝုဋ္ဌိတမဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။" နောက်ကျတော့ ဘာလို့လဲဗျ။
"အရဟံ ဖလံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။" "နိဗ္ဗာနံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။"
"သက" ဆိုတာ ဒါကိုပြောတာ။ နားလည်ပြီလား။
နားလည်ပါတယ်။
"လောကုတ္တရာနဝ သကံကို ခြွေ၊ လောကုတ္တရာနဝ သကံကို ခြေကန်စွဲမှိတ်၊ လောကုတ္တရာစိတ်၊ အောင်မြိတ်နိဗ္ဗူလည်း၊ ဘုံသုံးစိန္တော၊ မော်ကွန်းတည်တဲ့။" "သက" ဆိုတာက အရိယာဖြစ်တဲ့ပုဂ္ဂိုလ်တွေကလည်း ကိုယ်ပိုင်ဖြစ်တဲ့ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကိုသာ အလေးအမြတ်ပြုတယ်။ ပြောကြည့်။
ကိုယ်လေး၊ ကိုယ်မပိုင်တာကိုလေ၊ ကိုယ်ပိုင်တယ်ဆိုပြီး မှတ်လို့လည်း ခုနက တို့ ကြွင်းသောကိလေသာတွေ၊ ပယ်သောကိလေသာတွေ ဘာဖြစ်လဲ။ အလေးအမြတ်မပြုနိုင်တော့ဘူး။ အဲဒီတော့ အရှင်ဘုရားတို့ ပြောစရာတွေ အလွန်တရာများတယ်တဲ့။ အရိယာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေကလည်း မိမိအရိယာရရှိပြီးတဲ့အကြောင်း၊ မိမိရရှိတဲ့ အရိယာမဂ်ကို ရရှိတယ်ဆိုတဲ့အကြောင်း သိမသိ အထောက်အထားကပြပါဆိုရင် ဒါတွေပဲ။ ဟုတ်လားဗျာ။ ဒါတွေကို တို့ ထောက်ဆတဲ့အခါကျတော့ ဖြေဆိုဖို့ အရေးမကြီးဘူးလား။
ဒီ ပစ္စဝေက္ခဏာဝီထိပေါ့။ ဆိုတော့ သောတာပန်ပုဂ္ဂိုလ်ဟာ မိမိရဲ့အရိယာ၊ အရိယာဖြစ်ကြောင်းကို ဘာလဲဗျ။ သိနိုင်ကြောင်း အနုဝါဒပါဠိများကို ရေးသားပြပါဆိုလို့ရှိရင် ကိုယ်တော်တို့ ခုနက စာမျက်နှာ ၁၀၆ က အဲဒီဘယ်ဘက်ကခြမ်းက ဒါရေးရမှာပဲ။ ဘယ်နှချက်ရေးမှာတုန်း။ ငါးချက်ရေးရမယ်။ ဘယ်နှချက်တုန်း။
ငါး။
ငါး။ အဲဒါ ပစ္စဝေက္ခဏာဝီထိပြောနေတာလေ။ အဲဒီတော့ အခု ဒီဥစ္စာ အလေးအမြတ်ပြုတာဆိုရင် ငါးခု၊ သုံးခုပေါ့။ အလေးအမြတ်ပြုတာဆိုရင်...
သုံးခု။
သုံးခု။ ကိုင်း၊ ဘာကွာသလဲဆိုလို့ရှိရင် အဲဒီတော့ ခုနက မိမိရဲ့သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ဆိုတာတော့ အရိယာဖြစ်တဲ့ပုဂ္ဂိုလ်တွေဟာ ကြွင်းတဲ့ကိလေသာနဲ့ ပယ်တဲ့ကိလေသာ၊ ကြွင်းတဲ့ကိလေသာနဲ့...
ပယ်တဲ့ကိလေသာ။
ပယ်တဲ့ကိလေသာ။ အဲဒီနှစ်ခုရဲ့၊ အဲဒီနှစ်ခုအတွက်ကတော့ အနေကံ။ ဘာပါလိမ့်။
အနေကံ။
အနေကံ။ ဘာကိုထောက်ပြီးတော့ သိရတာလဲဆိုလို့ရှိရင်တော့ ဒီအာရမ္မဏာဓိပတိပစ္စည်းကို ထောက်ပြီးတော့ သိရတာ။ ဘာကိုထောက်ပြီးတော့ သိရတာလဲ။
အာရမ္မဏာဓိပတိပစ္စည်းကို ထောက်ပြီးတော့။
ပစ္စည်းကို ထောက်ပြီးတော့ သိရတာ။ ကိုယ်တော်တို့ အဲဒါကတော့ ဒီကျမ်းထဲမှာလည်း မဆိုဘူး၊ ထိုကျမ်းထဲမှာလည်း မဆိုဘူးဗျ။ တပည့်တော်က ဖွင့်လိုက်တာပဲ။ ဟုတ်လားဗျ။
မှန်ပါ့။
အဲဒါ မှန်သလား၊ မှားသလားတော့ မသိဘူးပေါ့ဗျာ။ ဒါ သေချာပါတယ်။ ဒါ ပါဠိတော်အထောက်အထားရှိနေတာပဲ။ ဒါပဲလေ။ ဟုတ်လား။
မှန်ပါ။
ပေါ်လွင်ထင်ရှားလည်း မဖွင့်တော့တာလေ။ ဟုတ်လားဗျ။ ကိုင်း၊ အခု တို့ ဂရုပြုပြီးပြောတာ ရှင်းရဲ့လား။
ရှင်းပါတယ်။
ကိုင်း၊ ရှင်းတဲ့ပုဂ္ဂိုလ်ကတော့ နည်းနည်းပဲရှိသလား မသိပါဘူးဗျာ။ အဲဒီတော့ အရှင်ဘုရားတို့ အခု ပေါ့ပြီးတော့ မလျော့ကြနဲ့။ ဟုတ်လားဗျ။ ပေါ့ပေါ့လျော့လျော့နေရင် ဟုတ်လားဗျာ။ ပျင်းတိပျင်းတွဲ၊ ပျင်းတိပျင်းတွဲဆို ဖြစ်သွားလိမ့်မယ်။ ဟုတ်လားဗျ။
မှန်ပါ။
ဒါကြောင့်မို့လို့ ကိုယ့်ဘဝကိုကိုယ် အကျည်းတန်အောင် မလုပ်ကြနဲ့။ ကိုယ့်ဘဝကိုကိုယ် လှပအောင် ဘာဖြစ်လဲ။
လုပ်ရမယ်။
လုပ်ရမယ်။ ကိုယ့်ဘဝကို အောင်မြင်ခြင်းနဲ့ အလှဆင်ကြရမယ်။ ကိုယ့်ဘဝကို ဘယ်လိုလဲဗျ။
အောင်မြင်ခြင်းနဲ့ အလှဆင်ရမယ်။
ဆင်ရမယ်ပေါ့ဗျာ။ အရှုံးသမားအတွက်ကတော့ ကိုယ်တော်တို့ရေ၊ နှလုံးသားထက်မှာ ကိုယ်တော်တို့ ကောင်းပါ့မလား။
မကောင်းပါဘူး။
မကောင်းဘူး။ ကိုယ်တော်တို့ ဒါ အရှုံးသမားဘဝဆိုတာက အိမ်ပြန်တော့လည်း မလှဘူး၊ ကျောင်းနေတော့လည်း မတင့်တယ်ဘူး။ ဟုတ်လားဗျ။ အိမ်ပြန်တော့လည်း...
မလှဘူး။
ကျောင်းနေတော့လည်း...
မတင့်တယ်ဘူး။
မတင့်တယ်ဘူး။ အဲဒီတော့ အဲဒီလိုဆိုတော့ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ အရေးမကြီးဘူးလား။
ကြီးပါတယ်။
အရေးကြီးတယ်။ အဲဒါ ကိုယ်တော်တို့ ဟိုကလေးကတော့ ပြောတာကတော့ "အောင်မြင်သူတစ်ယောက်ဖြစ်ဖို့အတွက် တန်ဖိုးရှိသူတစ်ယောက်ဖြစ်ဖို့က အရေးကြီးတယ်" ဗျ။ ဆိုလိုချင်တာက တကယ်ပြောတာ။ ဟုတ်တယ်မလား။
မှန်ပါ့။
ဘယ်လိုပါလိမ့်။
အောင်မြင်သူဖြစ်ဖို့အတွက် တန်ဖိုးရှိဖို့ အရေးကြီးတယ်။
ကိုင်း၊ အောင်လည်းအောင်မြင်တယ်။
တန်ဖိုးလည်းရှိတယ်။
ဒါ မကောင်းဘူးလား။
ကောင်းပါတယ်။
အိုး၊ ကောင်းကျိုးပဲလေ။
ကောင်းကျိုး။
အင်း၊ ကောင်းတယ်ပေါ့ဗျာ။ ဒါကြောင့် တို့အနေနဲ့ကလည်းပဲ အောင်မြင်သူတစ်ယောက်လည်းဖြစ်ရမယ်။ ကိုယ်...
ရမယ်။
ကိုယ်တော်တို့ ကိုယ်ရည်ကိုယ်သွေးတွေ ရင့်ကျက်ပြီး မြင့်တက်လာအောင်ဗျ၊ အခု ဆရာတွေကနေပြီး ကိုယ်တော်တို့ကို တို့ အဲဒါ အရောင်တင်ပေးနေတာဗျ။ ဟုတ်လား။
မှန်ပါ။
အဲဒါ ကိုယ်တော်တို့ ဆင်မြင့်မယ်၊ ဘဝင်တင့်သွားအောင်လို့။ ဟုတ်လားဗျ။ ဘာလုပ်ပေးတာပါလဲ။
အရောင်တင်ပေးနေတာ။
အရောင်တင်ပေးနေတာ။ အဲဒါ အရောင်မှိန်အောင် မလုပ်ကြနဲ့။ ကိုယ့်ဘဝကို ဘာလဲဗျ။
အရောင်မှိန်အောင် မလုပ်နဲ့။
အရောင်မှိန်အောင် မလုပ်ကြနဲ့။ ကိုယ့်ဘဝကို ဖျက်ဆီးသူဟာလည်း တခြားသူမဖြစ်စေနဲ့ဗျ။ ဟုတ်လား။ ကိုယ်ဖြစ်စေ၊ ကိုယ်ဖြစ်သွားတယ်ဆိုတာ မဖြစ်စေနဲ့။ ဟုတ်လား။
မှန်ပါ့။
သူများလည်း အဖျက်မခံနဲ့။ ကိုယ်ကလည်း ကိုယ့်ကိုယ်ကို မဖျက်ဆီးနဲ့။ ကိုင်း၊ ဒါကြောင့်မို့ ကိုယ်တော်တို့ရေ၊ ကျောင်းပိတ်ရက်တွေမှာ ကိုယ့်အတွက်ကိုယ် အကျိုးရှိအောင် ကြိုးစားပွားများအားထုတ်နိုင်ကြပါစေကုန်သတည်းရယ်လို့ ဒီကနေ့ ကျောင်းပိတ်ရက်အကြောင်း ပြောလိုက်ရပါတော့သည်ဗျာ။ ကိုင်း၊ ဒီနေ့တော့ဖြင့် လွှတ်လိုက်ရအောင်ပေါ့။
Built with Potion.so