၂၁ - ပဋ္ဌာန်းစာဝါ

Multi-select
ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ဖော်ပြအပ်ပါသည်-

၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက်၊ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်၊ သောကြာနေ့။
အဲဒီတော့ အခု အာရမ္မဏကို ကြီးတင်လာလိုက်တာ၊ အခု အာရမ္မဏပစ္စည်းပေါ့။ အာရမ္မဏပစ္စည်းရဲ့ အခု တစ်နည်းကောင်းတဲ့ အဓိပ္ပာယ်တွေကို ပြောနေတာဖြစ်တယ်ပေါ့။ အဲဒီတော့ တစ်နည်းကောင်းတဲ့ အဓိပ္ပာယ်တွေဆိုတော့ ကိုယ်တော်တို့ ဒီအာရမ္မဏမျိုးကြီးကတော့ ပြောရင်ပြောသလောက် အလွန်တရာ ကျယ်တာပေါ့။ ဟုတ်လားဗျ။
ဒါကြောင့် ဒီနေ့တော့ အဲဒီ အဗျာကတော အဗျာကတဿရဲ့ တစ်နည်းကောင်းတဲ့အနက် ဝိပဿနာရှုနည်းအကြောင်းတွေပေါ့၊ ဟုတ်လားဗျ။ တရားရှုနည်းအကြောင်းတွေကို ကိုယ်တော်တို့ ရင်ဘတ်ထဲမယ် မဆံ့မပြတ် ထည့်ပေးလှူလိုက်တော့မယ် ဒီနေ့တော့။ ဟုတ်လားဗျာ။ မြန်မြန်ဆန်ဆန်ပြီးသွားအောင်ပေါ့ဗျာ။ ဟုတ်လားဗျ။ မဆံ့မပြဲတော့ ဖြစ်တော့မယ်ထင်တယ်ဗျ။ ဟုတ်လား။ အေး၊ ဆန်းမှ သဘောကျမှဗျာ၊ ကောင်းမှ ကောင်းမှ။ ကိုင်း၊ ဒါကြောင့် ကိုယ်တော်တို့ ဒီသုတ္တသင်္ချာတွေကတော့ ကိုယ်တော်တို့ နတ်ပြည်ကံတော့ ဒီအာရမ္မဏမျိုးရဲ့ သဘာဝကဏ္ဍတွေ သွားမှာမို့လို့ လေးတစ်လုံးလောက် ကောက်ရင် တစ်ခါတည်း ထည့်လိုက်မယ်။ ဒီသဘာဝကဏ္ဍက အာရမ္မဏမှာ သဘာဝက ခုနစ်ချက်ရှိတယ်။ အာရမ္မဏမူထားလိုက်ရင် ကျန်တဲ့ ၇ ပစ္စည်း မူလီသွတ်မယ်ဆိုတော့ မူလီ ၇ ပစ္စည်းပဲ။ အဲဒီလို ခုနစ်ပစ္စည်းဆိုတာကျတော့ သေချာနားထောင်၊ လောက်လောက်ပြောလိုက်ရင် တချို့လည်း သိသွားလိမ့်မယ်။ တချို့လည်းပဲ အကျဉ်းပြောရုံနဲ့ သိတဲ့ပုဂ္ဂိုလ်ကတစ်မျိုး၊ အကျယ်ပြောရုံနဲ့ သိတဲ့ပုဂ္ဂိုလ်ကတစ်မျိုး၊ ဘယ်လောက်ပဲကျယ်ကျယ် ဘယ်လောက်ပဲပြောပြော မသိတဲ့ပုဂ္ဂိုလ်ကတစ်မျိုး၊ သုံးမျိုးရှိမယ်။ အဲဒါကြောင့်မို့လို့ ကိုယ်တော်တို့ ကြည့်ကြည့်မယ်။ ခုနစ်ချက်ရှိမှာဆိုလို့ရှိရင် အာရမ္မဏမူ အဓိပတိသဘာဂနဲ့ အာရမ္မဏမူ ဥပနိဿယသဘာဂတို့က နံပါတ်နှစ် သုဒ္ဓသင်္ချာအတိုင်းပဲ။ နောက်နှစ်ခု၊ နောက်သုံးခုလာခဲ့။ အာရမ္မဏမူ ပုရေဇာတသဘာဂ၊ အာရမ္မဏမူ အတ္ထိသဘာဂ၊ အာရမ္မဏမူ အဝိဂတသဘာဂ၊ နံပါတ်သုံးအတိုင်းပဲ။ ရှင်းလား။
ရှင်းပါတယ်။
ဟုတ်ပြီ။ နောက် ၂ ပစ္စည်းပဲ ကျန်တော့တယ်။ အာရမ္မဏမူ နိဿယသဘာဂ၊ အာရမ္မဏမူ ဝိပ္ပယုတ္တသဘာဂ၊ နံပါတ်လေးအတိုင်းပဲ။ နံပါတ်လေး သုဒ္ဓသင်္ချာအတိုင်းပဲ။ နောက် နှစ်၊ သုံး၊ နှစ် ဆိုတော့ ခုနစ်ချက်မပြည့်ဘူးလား။
ပြည့်ပါတယ်ဘုရား။
ဟုတ်ပြီ။ ဒါ သဘာဝကဏ္ဍက နံပါတ်တစ်ကဏ္ဍက နှစ်သုတ္တသင်္ချာအတိုင်း၊ နံပါတ်နှစ်ကဏ္ဍက သုံးသုတ္တသင်္ချာအတိုင်း၊ နံပါတ်သုံးသုဒ္ဓသင်္ချာက... နံပါတ်လေး သုဒ္ဓသင်္ချာအတိုင်း၊ နံပါတ်လေးကဏ္ဍက နံပါတ်ငါးကဏ္ဍအတိုင်း၊ နံပါတ်ငါး သုတ္တသင်္ချာအတိုင်း၊ နံပါတ်ငါးကဏ္ဍက နံပါတ်ခြောက် သုတ္တသင်္ချာအတိုင်း၊ ဒါပဲ။ အဲဒီကဏ္ဍအစဉ်အလိုက်အတိုင်းပဲ ပြီးတော့ပေါ့။ ကိုယ်တော်တို့ အလွယ်တကူ လှမ်းကြည့်၊ အဲဒီလောက်ပြောလို့မှ မသိသေးဘူးဆိုရင် ဘယ်သူ့ကိုမှန်းတယ်မရှိဘူး၊ ကိုယ့်ကိုယ်ကို လှမ်းကြည့်ရုံနဲ့ ဒုံးစိုင်း သိတယ်။ ဟုတ်လားဗျ။ အဲဒီလောက်ကြည့်တော့ ထူးဖို့မကောင်းဘူးလားဗျ။ ဒီလောက်ပြောရင် ကိုယ်သိဖို့မကောင်းဘူးလား။
သိပါတယ်ဘုရား။
ရှင်းရှင်းလေးပဲ။ ဒါ ကိုယ်တော်တို့ စာမျက်နှာ ၁၅ က ဇယားအောက်မှာ ရေးထားတယ်။ အဲဒါ အစဉ်အလိုက်အတိုင်းပဲလို့။ ဒါပဲ။ အဲဒီတော့ အဲဒါပြီးသွားပြီဆိုလို့ရှိရင် ကိုယ်တော်တို့ အခု အဲဒါ နတ်ပြည်ကိုတော့ အကျယ်ဆွေးနွေးရမယ်ပေါ့။ ဒီကနေ့ ဟိုနောက်က ကိုယ်တော်တို့ အဲဒါ ကုသိုလ်ရှင်တွေကို နောက်ကခေါ်နေလို့၊ ကမ္မဿကတဉာဏ်ကြီးသို့ ပြန်နောက်က ဓားထမ်းလိုက်လို့ ရှေ့ကနေပြေးရသလိုမျိုးပေါ့။ ဟုတ်လား။ ကိုယ်တော်တို့ကလည်း ပြောရတော့မှာပဲ။ ကဲ စာမျက်နှာ ၂၃ ကိုသွား။ အေး၊ စာမျက်နှာ ၂၃ ကိုမသွားခင်မှာ ဟိုမူရင်းကျောရိုးကို သိရအောင်ပေါ့။ စာမျက်နှာ ၁၆ ကိုသွားမယ်။ သွားမယ်ဆိုတော့ အဗျာကတော အဗျာကတဿကို ကြည့်မယ်။ အဗျာကတော အဗျာကတဿဆိုလို့ရှိရင် ဟိုတုန်းက ကိုယ်တော်တို့ပြောခဲ့တာပဲ။ ပစ္စယုပ္ပန် အဗျာကတနေရင် ပစ္စည်းဘက်မှာ ကုသိုလ်ရှိရင် ကုသိုလ်အဗျာကတ၊ အကုသိုလ်ရှိရင် အကုသိုလ်အဗျာကတ။
အဗျာကတပြည့်။
အဗျာကတပြည့်လို့ ပြောခဲ့ဖူးလား။
ပြောခဲ့ပါတယ်ဘုရား။
အဲဒီမှာဆိုလို့ရှိရင် ဥပါဒ်၊ ဌီ၊ ဘင်၊ ကိလေသာ၊ ဝိပါက်၊ နိဗ္ဗာန် အဗျာကတ မည်သောတရား ဘာများကျန်သေးတုန်း။ ဘာကြောင့်လဲ။
ဘာမှမကျန်။
အကုန်ပဲ။ အဲဒီကျောရိုး အဲဒီလိုခံခဲ့။ ကိုယ်တော်တို့ စာမျက်နှာ ၂၂ ကိုကြည့်။ ၂၂ ကိုကြည့်လိုက်တဲ့အခါမှာ "အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ၊ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဒံ သုဏာတိ၊ စေတောပရိယဉာဏေန ဝိပါကာဗျာကတံ ကိရိယာဗျာကတံ ပရစိတ္တံ ဇာနာတိ။" အောက်ဆုံးကိုသွား။ "အဗျာကတခန္ဓေ နိဗ္ဗာနဉ္စ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။" တွေ့လား။
တွေ့ပါတယ်ဘုရား။
ကဲ အဲဒီလို ကျောရိုးခံခဲ့ပြီဆိုလို့ရှိရင် စာမျက်နှာ ၂၃ ကိုသွား။ အဲဒီတော့ စာမျက်နှာ ၂၃ မှာ အဗျာကတော အဗျာကတဿရဲ့ အကျယ်ကောက်ဖို့လည်းပဲ အဲဒီအတိုင်းပဲ။ အဲဒီတော့ အခုအဲဒီမှာတော့ ပေါင်းထားတာတွေပေါ့။ အဗျာကတော အဗျာကတဿဆိုလို့ရှိရင် ပစ္စည်းကလည်း အဗျာကတတရား၊ ပစ္စယုပ္ပန်ကလည်း...
အဗျာကတတရား။
အဗျာကတတရား။ အဲဒီတော့ စာမျက်နှာ ၁၆ က ပစ္စည်း၊ ပစ္စယုပ္ပန်၊ တန်တန်ဖန်ဖန် ဓမ္မအဖုံဖုံ၊ အာရုံအာရမ္မဏနှင့် ဆက်ဆံမှ ပဒ၊ ပဒါန်၊ နက်ထုတ်၍ဟော၊ ဆက်စပ်ကျန်တန်တန်ကို အာရမ္မဏအင်္ဂါနှင့် စ၍သာဟော။ ဒါလည်း ကိုယ်တော်တို့ ခံခဲ့တယ်။ အဲဒီလိုဆိုလို့ရှိရင် အခုတပည့်တော်တို့၊ အခုတပည့်တော်တို့ အခု ပစ္စည်းကလည်းပဲ အဗျာကတတရား၊ ပစ္စယုပ္ပန်ကလည်း အဗျာကတတရား။ အဲဒီလိုဆိုလို့ရှိရင် ပစ္စယုပ္ပန်အဗျာကတတရားတွေက ပစ္စည်းဘက်က အဗျာကတကို ကျေးဇူးပြုနိုင်၊ မပြုနိုင် စဉ်းစားရမယ်။ ဒါကြောင့် အဲဒီမှာ အစအဆုံး အုပ်စုအနေနဲ့က ကာမတရား၏ အာရုံများအုပ်စုမှာ ငါတို့ လေးချက်လာမယ်။ ဘယ်နှစ်ချက်လာမလဲ။
လေးချက်။
လေးချက်၊ လေးချက်ဆိုလို့ရှိရင် ငါးဖြစ်မှာပေါ့ဗျာ။ အဲဒီအကြောင်းဆိုလို့ရှိရင်တော့ လေးကြောင်းပေါ့။ အဲဒီ လေးကြောင်းဆိုနိုင်မယ်။ ဆိုလို့ရှိရင် ကုသလဝိပါက်၊ အကုသလဝိပါက် စက္ခုဝိညာဏ်တို့အား တက်သော ပစ္စုပ္ပန်ရူပါရုံ၊ ကာယဝိညာဏ်တို့အား တက်သော ပစ္စုပ္ပန်ဖောဋ္ဌဗ္ဗာရုံ၊ မနောဓာတ်သုံးခုအား တက်သော ပစ္စုပ္ပန်ပဉ္စာရုံ၊ တစ်နည်း ဧကာဒသအား တက်သော ကာမစိတ်၊ စတုပဉ္စဝီသလို့ မဆိုနဲ့လေ။ အဲဒီလိုပဲ ရွေးကောက်ဆိုရမှာပေါ့ဗျာ။ ကာမဝိပါက် ဒွေပဉ္စဝီသ၊ ကာမကိရိယာ ဧကာဒသ၊ မှတ်မိလား။ မှတ်မိလား။
မှန်ပါ့ဘုရား။
အေး ဟုတ်ပြီ။ နောက်လာခဲ့။ အောက်လေးကြောင်းမြောက်ကလေ။ အဲဒီမှာ ရွေးကောက်ပြီးတော့ ခု အဗျာကတဆိုင်ရာဆိုလို့ရှိရင် မဟာကိရိယာ ဉာဏဝိပ္ပယုတ္တလေးခုအား တက်သော၊ ဟုတ်လား။ မဟာကိရိယာ ဉာဏဝိပ္ပယုတ္တလေးခုအား တက်သော လောကီဝိပါက် (၃၂)၊ ကိရိယာ (၂၀)၊ ရုပ် (၂၈)။ ကိုင်း အဲဒီလေးခုကို ဆိုကြည့်စမ်းပါ။ စက္ခုဝိညာဏ်တို့အား တက်သော... အဲဒီနောက်တစ်ခုကျန်သေးတယ်။ ကမ္မအုပ်စုများထဲက အောက်ဆုံးမှာ တွေ့လား။ ဟုတ်ပြီပေါ့။ အဲဒီတော့ ယခုအခါမှာတော့ မဟာကိရိယာစတဲ့ ပုဒ်တွေကတော့ အခု စိတ်ပိုင်းအစဉ်အတိုင်းသွားအောင်ပေါ့။ မနောဒွါရာဝဇ္ဇန်း၊ မဟာကိရိယာ ဉာဏသမ္ပယုတ္တစိတ်လေးခုတို့ဆိုတော့ အဲဒီသူတို့ရှိမယ်ဆိုရင် ဘယ်ဘက်က အပြစ်ယူမှာလဲ။ ပစ္စည်းဘက်က အပြစ်ရှုမှာပေါ့။ ဟုတ်လား။ ဝိပါက်၊ ကိရိယာ၊ ရုပ်၊ နိဗ္ဗာန်။ နောက်တစ်ခေါက်ပြန်ပြောပြမယ်။ မနောဒွါရာဝဇ္ဇန်း၊ မဟာကိရိယာ ဉာဏသမ္ပယုတ္တစိတ်လေးခုအား တက်သော ဝိပါက်၊ ကိရိယာ၊ ရုပ်၊ နိဗ္ဗာန်။ ရလား။ ဆိုကြည့်စမ်းပါ။ အဲဒီက ဥစ္စာတွေကြည့်မယ်ဆိုလို့ရှိရင် အရှင်ဘုရားတို့ အခု အဲဒီလိုကြည့်လိုက်မယ်ဆိုလို့ရှိရင် ဘယ်ဘက်က ပါဠိတော်ကို လှမ်းကြည့်လိုက်မယ်ဆိုလို့ရှိရင် ဘယ်လောက်ထိတောင် ရောက်သွားမလဲဆိုလို့ရှိရင် ဒီတော့ အခု ဟို အာကိဉ္စညာယတန၊ နိဗ္ဗာန်နံ ပစ္စဝက္ခတိက စပြီးတော့ ဟိုအောက် အဲဒါ ဘာတွေအထိအောင် ပြီးသွားပြီလဲဆိုလို့ရှိရင်တော့ ဒီ အာကာသာနဉ္စာယတနနဲ့ အဗျာကတခန္ဓာမှတစ်ပါးပေါ့၊ ဟုတ်လား။ အာကာသာနဉ္စာယတနနဲ့ ဘာလိမ့်၊ အဗျာကတခန္ဓာမှတစ်ပါး ကျန်တာတွေ ပြီးသွားပြီ။ ဒါကြောင့် အာကာသာနဉ္စာယတနကို သွားရမယ်၊ အဗျာကတခန္ဓာကို သွားရမယ်ပေါ့။ ဟုတ်လားဗျ။ ကိုင်း ဒါကြောင့်မို့လို့ အာကာသာနဉ္စာယတနကို သွားမှာဖြစ်လို့ ဟိုအောက်က အရူပအာရုံများကို သွားမယ်။ တွေ့လား။
တွေ့ပါတယ်ဘုရား။
ဝိညာဏဉ္စာယတန၊ အာကိဉ္စညာယတန၊ ဟုတ်လားဗျ။ ပါဠိတော်က ဘာရှိသလဲဆိုလို့ရှိရင်လေ "အာကာသာနဉ္စာယတနကိရိယံ ဝိညာဏဉ္စာယတနကိရိယဿ အာရမ္မဏပစ္စယေန ပစ္စယော။" ဒါက ဟုတ်လား။ "အာကိဉ္စညာယတနကိရိယံ နေဝသညာနာသညာယတနကိရိယဿ အာရမ္မဏပစ္စယေန ပစ္စယော။" ဒါလေးကို ကောက်မယ်လေ။ အဲဒါလေးတွေ ကောက်ပြပါစို့။ ဒီအတိုင်းကောက်ရမှာပဲ။ ဝိညာဏဉ္စာယတနကိရိယာအား တက်သော ဤဘဝ၊ ဤဇောသန္တာန်၌ ဖြစ်ဖူးသော အာကာသာနဉ္စာယတနကိရိယာ။ ရလား။
ကိုင်း ဆိုကြည့်စမ်းပါဦး။ နောက်တစ်ခါလာခဲ့။ "နေဝသညာနာသညာယတနကိရိယံ နေဝသညာနာသညာယတနကိရိယဿ အာရမ္မဏပစ္စယေန ပစ္စယော။" အဲဒါကလည်း ဒီအတိုင်းပဲ။ နေဝသညာနာသညာယတနကိရိယာအား တက်သော ဤဘဝ၊ ဤဇောသန္တာန်၌ ဖြစ်ဖူးသော အာကိဉ္စညာယတနကိရိယာ။ ရလား။ ကိုင်း အဲဒီလိုတွဲပြီးတော့ ဆိုကြည့်ရအောင်။ ပါဠိတော်နဲ့သွား။ အာကာသာနဉ္စာယတနကိရိယာ...
ပစ္စယတရား၊ ပစ္စယုပ္ပန်တရား။
ဟုတ်ပြီ။ ကောက်မယ်။
ဝိညာဏဉ္စာယတနကိရိယာ ဟူသော ပါဠိတော်။
ကဲ နောက်တစ်ခါ တွဲပြီးကောက်ကြတော့ အဲဒီက ပါဠိနှစ်ခုတွဲပြီးတော့ ကိုယ်တော်တို့ ကောက်ကြည့်ရအောင်၊ ဆိုကြည့်ရအောင်။ ခုနက ကာမအုပ်စု အဲဒီမှာ ငါးကြောင်းနဲ့ အဲဒီမှာ အရူပအုပ်စု နှစ်ကြောင်း၊ အဲဒီက ခုနစ်ကြောင်းကို ပြန်ပြီးတော့ ဆိုကြည့်ရအောင်။ အဲဒီတော့ အဘိညာဉ်အုပ်စုကို သွားရအောင်။ အဘိညာဉ်က ခြောက်ပါးရမယ်၊ တစ်ပါးမရဘူး။ ဟုတ်လားဗျို့။ တစ်ပါးမရတာ ပြောခဲ့ပြီနော်။ ဘယ်သူပါလိမ့်။ ဘယ်အဘိညာဉ်မရတာပါလိမ့်။
ဣဒ္ဓိဝိဓအဘိညာဉ်မရတာ။
အဲဒီလိုသိခဲ့။ ကိုင်း အဲဒီလိုသိလို့ရှိရင် အဘိညာဉ်အုပ်စုကို သွားရအောင်။ အဘိညာဉ်ခြောက်ပါးကို သွားရအောင်။ ဒိဗ္ဗစက္ခုအဘိညာဉ်အား တက်သော ဒူရ၊ ပရိတ္တ၊ သန္တိက၊ ပစ္စုပ္ပန်ရူပါရုံ။ ဒိဗ္ဗသောတအဘိညာဉ်အား တက်သော ဒူရ၊ ပရိတ္တ၊ သန္တိက၊ ပစ္စုပ္ပန်သဒ္ဒါရုံ။ အဲဒီလိုလာခဲ့။ အဲဒီလိုဆိုလို့ရှိရင် ဟိုဒင်းတို့... အဲဒီယမိုက်ကောက်ထဲကတော့ စေတောပရိယပြီးတော့မှ ဣဒ္ဓိဝိဓလာတာနော်။ ဘာပြီးတော့မှ ဘာလာတာလဲ။
စေတောပရိယပြီးမှ ဣဒ္ဓိဝိဓလာတာ။
ဣဒ္ဓိဝိဓလာတာ။ တပည့်တော်တို့ကတော့ အစဉ်အတိုင်းပဲ သွားလိုက်ရအောင်။ ဟုတ်လား။ ကိုယ်တော်တို့ မှတ်ဉာဏ်ရှုပ်သွားမှာစိုးလို့ အစဉ်အတိုင်းပဲသွား။ အဲဒီမှာရေးလိုက်တာ နည်းနည်းလေး အရှေ့နောက်လွဲသွားတာပေါ့ဗျာ။ ဟုတ်လား။ ဣဒ္ဓိဝိဓကိရိယာအဘိညာဉ်အား တက်သော၊ ဣဒ္ဓိဝိဓကိရိယာအဘိညာဉ်အား တက်သော၊ ပါရကဖြစ်သော ရူပကိရိယာပဉ္စမဈာန်၊ သတ္တသဟဿာဒိစသော နိမ္မိတရုပ်ဟု ဆိုအပ်သော အာရုံခြောက်ပါး။ နောက်တစ်ခေါက်ပြန်ပြောပြမယ်။ ဣဒ္ဓိဝိဓကိရိယာအဘိညာဉ်အား တက်သော ပါရကဖြစ်သော ရူပကိရိယာပဉ္စမဈာန်၊ သတ္တသဟဿာဒိစသော နိမ္မိတရုပ်ဟု ဆိုအပ်သော အာရုံခြောက်ပါး။ ဘာလိမ့်။
ကိရိယာပဉ္စမဈာန်၊ သတ္တသဟဿာဒိစသော နိမ္မိတရုပ်ဟု ဆိုအပ်သော...
အာရုံခြောက်ပါး။
အာရုံခြောက်ပါး။ ကဲ အဲဒီက သုံးခုကို ဆိုကြည့်ကြရအောင်။ အဲဒီတော့ စေတောပရိယကို သွားရအောင်ပေါ့။ စေတောပရိယကိရိယာအဘိညာဉ်အား တက်သော လွန်ခဲ့သော ခုနစ်ရက်မှစ၍ လာလတ္တံ့သော ခုနစ်ရက်တိုင်အောင် ကာလသုံးပါး၌ တည်သော သူတစ်ပါး၏ ဥပါဒ်၊ ဌီ၊ ဘင်၊ (၃၂)၊ ကိရိယာစိတ် (၂၀) ဟုဆိုအပ်သော ဓမ္မာရုံ။ ကိုင်း ဒါလေးလည်း နှစ်ခေါက်ဆိုကြည့်မယ်။ ပုဗ္ဗေနိဝါသာနုဿတိကိရိယာအဘိညာဉ်အား တက်သော ပုဗ္ဗေနိဝါသ၌ဖြစ်သော ဝိပါက် (၃၂)၊ ကိရိယာ (၂၀) ဟုဆိုအပ်သော ခန္ဓာငါးပါး၊ ထိုခန္ဓာငါးပါးမှ အစဉ်အလျောက်သိရသော နိဗ္ဗာန်ဟုဆိုအပ်သော အာရုံခြောက်ပါး။ ကိုင်း ဒါလေးကို နှစ်ခေါက်ဆိုပြီးတော့ ပြန်ပေါင်းဆိုမယ်၊ ဆိုရအောင်ဗျ။ ပုဗ္ဗေနိဝါသာနုဿတိ၊ ပုဗ္ဗေနိဝါသကိရိယာအဘိညာဉ်အား တက်သော ပုဗ္ဗေနိဝါသ၌ဖြစ်သော ဝိပါက်၊ ကိရိယာ၊ ရုပ်၊ နိဗ္ဗာန်သို့ သွားသော ခန္ဓာငါးပါး၊ ထိုခန္ဓာငါးပါးမှ အစဉ်ပြု၍သိသော နိဗ္ဗာန်ဟုဆိုအပ်သော ဓမ္မာရုံခြောက်ပါး။ နောက်ဘာပါလိမ့်ဗျ။ အနာဂတံသဉာဏ။ အေး ခုနက ရထား ဝိပါက်ရခဲ့ဖူးတယ်ဆို သိလိုက်ပြီနော်။
မှန်ပါ။
ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ဖော်ပြအပ်ပါသည်-

ဣဒ္ဓိဝိဓအဘိညာဉ်ကော အဗျာကတော အဗျာကတဿမှာ မရလို့ဆို အကြောင်းပြပါဆို သူ့ဒီအတိုင်းပဲ အကြောင်းပြရမှာ။ ဣဒ္ဓိဝိဓအဘိညာဉ်က အဗျာကတော အဗျာကတဿနဲ့ ကျေးဇူးမပြုနိုင်ဘူး။ ဣဒ္ဓိဝိဓအဘိညာဉ်အား တက်သော အတိတ်၌ဖြစ်သော ကုသိုလ်ကံနဲ့ အကုသိုလ်ကံမရှိတဲ့အတွက်ကြောင့်။ ဝိပါက်ပါရဲ့လား။
မပါဘူး။
အဗျာကတတရား ပါရဲ့လား။
မပါဘူး။
မပါဘူး။ ဒါကြောင့်မို့ ဝိပါက်လည်းမပါဘူး၊ ကိရိယာလည်းမပါဘူး။ ဟုတ်လား။ ဒါကြောင့် သူကျော်လိုက်။ အနာဂတံသဉာဏ်အား တက်သော အနာဂတ်၌ဖြစ်သော ဝိပါက် (၃၂)၊ ကိရိယာ (၂၀)၊ ရုပ် (၂၈) ဟု ဆိုအပ်သော ခန္ဓာငါးပါး၊ ထိုခန္ဓာငါးပါးမှ အစဉ်အလျောက်သိသော နိဗ္ဗာန်ဟု ဆိုအပ်သော အာရုံခြောက်ပါး ပစ္စည်းတရား။ ဟုတ်လားဗျာ။ ပစ္စည်းတရားဆိုပြီးတော့မှ ပစ္စည်းတရားရ၏။ နော်၊ ပြန်ပြောပြမယ်။ အနာဂတံသဉာဏ်ကိရိယာအဘိညာဉ်အား တက်သော အနာဂတ်၌ဖြစ်သော ဝိပါက် (၃၂)၊ ကိရိယာ (၂၀)၊ ရုပ် (၂၈) ဟု ဆိုအပ်သော ခန္ဓာငါးပါး၊ ထိုခန္ဓာငါးပါးမှ အစဉ်အလျောက်သိသော နိဗ္ဗာန်ဟု ဆိုအပ်သော အာရုံခြောက်ပါး ပစ္စည်းတရားရ၏။ ကိုင်း၊ အဲဒါ အဲဒါလေးကိုပဲ ကောက်ကြည့်ရအောင်၊ ဆိုရအောင်။ အဲဒါလေးကောက်ပြီးတော့ အဲဒီအကုန်လုံး ပြန်ပေါင်းမယ်၊ ဆိုရအောင်ဘုရား။ အဲဒီအစကနေပြီးတော့ စက္ခုဝိညာဏ်တို့အား တက်သော ပစ္စုပ္ပန်ရူပါရုံ စသည်အားဖြင့် အကုန်လုံးပြန်ပေါင်းကောက်လိုက်ကြရအောင်။ ရလောက်ပြီလေ။ မရလောက်သေးဘူးလား။
ကိုင်း ဆိုကြည့်ရအောင်။ အဲဒီတော့ အရှင်ဘုရားတို့ စာအုပ်စာမျက်နှာ ၁၀၇ မှာ မေးခွန်းနမူနာတွေ မေးပြထားတာပါတယ်၊ ဟုတ်လားဗျ။ အဲဒီမေးခွန်းနမူနာတွေများ ရှိတယ်။ တိုက်ရိုက်လည်း မေးချင်မေးမယ်။ တိုက်ရိုက်ကတော့ သိပ်မမေးဘူး။ သွယ်ဝိုက်၊ အလားတူ၊ နည်းတူ မေးမယ်ဆိုလို့ရှိရင်လည်းပဲ ရနိုင်အောင်လို့ နမူနာမေးခွန်းတွေ မေးပြထားတယ်ပေါ့။ "အာရမ္မဏပစ္စည်း၊ အဗျာကတခန္ဓ၊ ဣဒ္ဓိဝိဓဉာဏသုတ်၌ အဗျာကတော အဗျာကတဿ၊ အဗျာကတော ကုသလဿ သတ္တိအရကိုသာ ပြည့်စုံစွာကောက်ပြ၍ ၎င်းပါဠိတော်သည် မည်သည့်ဒေသနာအမျိုးအစားဖြစ်သည်ကိုလည်း ဖော်ပြပါ" တဲ့။ တွေ့လား။
ကိုင်း ဒါဆိုလို့ရှိရင် သဘောပေါက်ရမယ်။ ဣဒ္ဓိဝိဓဆိုလို့ရှိရင် အခုကောက်သလို ဣဒ္ဓိဝိဓကိရိယာအဘိညာဉ်အား တက်သော ပါရကဖြစ်သော ရူပါဝစရပဉ္စမဈာန်၊ ရူပါဝစရကိရိယာပဉ္စမဈာန်၊ သတ္တသဟဿာဒိစသော နိမ္မိတရုပ်ဟု ဆိုအပ်သော အာရုံခြောက်ပါး ပစ္စည်းတရားရ၏။ ကောက်ရမှာနော်။ စာအုပ်ထဲမှာမဆံ့လို့။ အဗျာကတော ကုသလဿ၊ အဗျာကတော ကုသလဿမှာတော့ ဣဒ္ဓိဝိဓကုသိုလ်အဘိညာဉ်အား တက်သော နိမ္မိတရုပ်ဟု ဆိုအပ်သော အာရုံခြောက်ပါး ပစ္စည်းတရားရ၏။ ဒေသနာအမျိုးအစားက ဘာလဲဆိုရင် ဓမ္မာဓိဋ္ဌာန်ဒေသနာ။
ဓမ္မာဓိဋ္ဌာန်ဒေသနာပါတဲ့။ အောက်ကမေးခွန်းကလည်း ဒါမေးဖူးပြီးသားတွေ။ "အောက်ပါတို့ကို အကုန်အစင်ဖော်ပြပါ" တဲ့။ အာကာသာနဉ္စာယတနကုသိုလ်၏ အာရမ္မဏပစ္စည်းတရားအရ၊ တဖိုလ်၏ အနန္တရပစ္စည်းတရား၊ ဩဇာ၏ ဥပတ္ထမ္ဘကအာဟာရပစ္စယုပ္ပန်။ အဲဒီ ကိုယ်တော်တို့ အဖြေတွေပါတယ်၊ ဟုတ်လားဗျ။ အောက်နားမှာလည်း မေးပြထားတာတွေပါတယ်၊ ဟုတ်လား။ အောက်ဆုံးမေးခွန်းမယ်ဆိုလို့ရှိရင် "အချင်းချင်းတက်သော ပဋိသန္ဓေကမ္မဇရုပ်" ဒါတွေကတော့ ဆရာကြိုက်တဲ့မေးခွန်းတွေပေါ့ဗျာ၊ ဟုတ်လားဗျာ။ ကြိုက်တဲ့မေးခွန်းတွေ။ အဲဒါတွေက အတူတူပဲ။ ကိုယ်တော်တို့ ပစ္စယနိဒ္ဒေသမေးမေး၊ ပညာဝါဒမေးမေး သဘောတူတွေ ကြည့်ထားရမယ်ပေါ့။
အဲဒီတော့ အဲဒီက ဒိဗ္ဗစက္ခု၊ အဲဒီကစပြီးတော့ အဘိညာဉ်အကြောင်းတွေ နည်းနည်းလေးပြောရအောင်ပေါ့ဗျာ။ အဘိညာဉ်အကြောင်းနဲ့ပတ်သက်ပြီးတော့ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗစက္ခုကိရိယာအဘိညာဉ်အား တက်သော ဒူရ၊ ပရိတ္တ၊ သန္တိက၊ သုခုမဖြစ်သော ပစ္စုပ္ပန်ရူပါရုံ။ အဲဒီတော့ ဘာပြောတာလဲဆိုလို့ရှိရင် ဒိဗ္ဗစက္ခုကိရိယာအဘိညာဉ်အား တက်သောဆိုတာ "ဒူရ" ဆိုတာ ဝေးတာ၊ "ပရိတ္တ" ဆိုတာက ဖုံးကွယ်တာ၊ "သန္တိက" ဆိုတာက နီးကပ်တာ၊ "သုခုမ" ဆိုတာက နူးညံ့သိမ်မွေ့တဲ့ အဲဒါရူပါရုံ၊ ထင်ရှားရှိနေတဲ့ ရူပါရုံတွေ။ ဒါဆိုလို့ရှိရင် ဒိဗ္ဗစက္ခုအဘိညာဉ်ဆိုတာက ဝေးသောရူပါရုံပဲဖြစ်ဖြစ်၊ သေးသောရူပါရုံပဲဖြစ်ဖြစ်၊ ဖုံးကွယ်တာပဲဖြစ်ဖြစ်ပေါ့၊ ဟုတ်လား။ ဒါတွေကို ဘာဖြစ်ပါလိမ့်မယ်၊ အကုန်လုံး မြင်စွမ်းနိုင်တယ်ပေါ့။
ဘုရားရှင်ကိုယ်တော်မြတ်က ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းကနေပြီးတော့ ကိုယ်တော်တို့ ဟို ပါဋလိဂါမ၌ ဒါနဲ့ပတ်သက်ပြီး ဟောတဲ့တရားလေးတစ်ခုရှိပါတယ်။ ကိုယ်တော်တို့ ရနေကျတရားလေးပဲ။ "ယသ္မိံ ပဒေသေ ဝသတိ ပဏ္ဍိတော ယတြ သီလဝန္တေ ဘောဇေတွာ" ဆိုတာလေ။ ဒါ ကိုယ်တော်တို့ ရနေကျတရားကြီးပဲ။ ဟုတ်လား။ ကြားကိုမကြားဖူးဘူးဘုရား။ အဲဒီမှာ ဘုရားရှင်ကိုယ်တော်မြတ်က အဘိညာဉ်အစွမ်းလေးတစ်ခုပေါ့။ စာသားလေး၊ ကိုယ်တော်တို့ တွေ့သိရအောင် နည်းနည်းလေး ခပ်ပါးပါးလေး ပေးလိုက်ပါဦးမယ်။ ရင်ဘတ်ထဲထည့်ပေးလိုက်ဦးမယ်။ အဲဒီတော့ ဘုရားကိုယ်တော်မြတ်က သူသွားမယ့်နေရာကို ဒိဗ္ဗစက္ခုနဲ့ လှမ်းကြည့်လိုက်တယ်။ ဘယ်သွားမှာလဲဆိုလို့ရှိရင် ပါဋလိဂါမ။ အဲဒီအရပ်ကိုသွားမှာ။ အခုခေတ်ဆိုလို့ရှိရင် လက်ရှိ ရာဇဂြိုဟ်နဲ့ဆိုလို့ရှိရင် အနောက်မြောက်ယွန်းယွန်းမှာပေါ့။ အဲဒီက ပါဋလိဂါမဆိုတဲ့ ရွာသေးသေးလေးကို ဝဿကာရနဲ့ သုနိဓ ပုဏ္ဏားမြို့တော်ဝန်နှစ်ယောက်ကနေပြီးတော့ အဲဒီမှာ မြို့အသစ်တည်နေတာ။ အဲဒီနေရာမှာဆိုလို့ရှိရင် နတ်တွေကလည်းပဲ သူ့နေရာနဲ့သူပေါ့၊ ကြီးမြတ်တဲ့ပုဂ္ဂိုလ်တွေနေရာကို ကြီးကျယ်တဲ့နတ်တွေ စောင့်ရှောက်နေတယ်ဆိုတဲ့အကြောင်း ဘုရားရှင်ကိုယ်တော်မြတ်က သုနိဓနဲ့ ဝဿကာရတို့ရဲ့ မိုင်ပေါင်းခြောက်ဆယ်လောက်ဝေးတဲ့အရပ်ကို၊ အခုဆိုလို့ရှိရင် မိုင်ပေါင်း ၆၀ ထားပါဦး။ မိုင်ပေါင်း ၆၀ ကို ကြည့်လိုက်။ အရှင်ဘုရားတို့ အဲဒါ မသေးဘူးလို့လား၊ မဝေးဘူးလား။
တပည့်တော်တို့၊ ကိုယ်တော်တို့ မြင်ပါ့မလား။ မမြင်ဘူး။ ဘုရားရှင်ကိုယ်တော်မြတ်က မြင်တယ်။ "အာနန္ဒာရေ" တဲ့၊ "ဟိုမှာ သုနိဓနဲ့ ဝဿကာရ ပုဏ္ဏားကြီးတို့ဟာလည်း အခု ပါဋလိဂါမရွာသေးသေးလေးကို မြို့ကြီးပြကြီးဖြစ်အောင် ပန္နက်ရိုက်နေတယ်" တဲ့။ ဘုရားပန္နက်၊ တရားပန္နက်၊ သံဃာပန္နက်နဲ့ သူချလိုက်တဲ့ဥစ္စာ၊ အရှင်ဘုရားတို့ အဲဒါကြောင့်မို့လို့ ဘုရားရှင်ကိုယ်တော်မြတ်က အဲဒီမှာဆိုလို့ရှိရင် "တံ ဒေဝတာ အနုကမ္ပန္တိ၊ မာတာ ပုတ္တံဝ ဩရသံ။ ဒေဝတာနုကမ္ပိတော ပေါသော၊ သဒါ ဘဒြာနိ ပဿတိ။" နတ်တို့ရဲ့အစောင့်အရှောက်ခံရတဲ့ပုဂ္ဂိုလ်ဟာတဲ့၊ သဒါ ဘဒြာနိ ပဿတိ၊ ကောင်းကျိုးချမ်းသာ ယဉ်ကျေးပွားစီးခြင်းတို့ကို မျက်ဝါးထင်ထင် တွေ့မြင်ရပါလိမ့်မယ်လို့ ဘုရားရှင်ဟောတော်မူတဲ့အတိုင်းပဲ အရှင်ဘုရားတို့ကြည့်လိုက်။ ဘုရားရှင်လက်ထက်က သာဝတ္ထိမြို့ဆိုတာက လူပေါင်း ခုနစ်ကုဋေရှိခဲ့တယ်ဗျ။ လူပေါင်းဘယ်လောက်လဲ။
ခုနစ်ကုဋေ။
အခု တစ်ယောက်မှမရှိတော့ဘူး။ ဘယ်လောက်ရှိသလဲဆိုရင်...
ဪ... တစ်ယောက်မှမရှိတော့ဘူး။
ကိုယ်တော်တို့ အဲဒီတော့ ဘုရားရှင်လက်ထက်က အလွန်တရာမှ ထင်ရှားကျော်ကြားတဲ့နေရာတွေ ခု တချို့နေရာဟာ ပြန်လည်စည်ပင်လာတယ်။ တချို့နေရာတွေသာဆိုရင် ခုနစ်ကုဋေရှိခဲ့ပေမယ့် တစ်ယောက်မှမရှိတော့ဘူး။ အခု ခုနက ဘယ်သူပါလိမ့်၊ ဘယ်နေရာပါလိမ့်။ ပါဋလိဂါမဆိုတဲ့ ရွာသေးသေးလေးဟာ ဘုရားပန္နက်၊ တရားပန္နက်၊ သံဃာပန္နက်နဲ့ ချလိုက်လို့ ဘုရားရှင်ကိုယ်တော်မြတ်ကလည်း "သဒါ ဘဒြာနိ ပဿတိ" တဲ့။ ပြောကြည့်။
သဒါ ဘဒြာနိ ပဿတိ။
အဲ "သဒါ ဘဒြာနိ ပဿတိ" ဆိုတာက သဒါ ဘဒြာနိ၊ ကောင်းမြတ်တဲ့အကျိုးစီးပွားတွေဟာလည်း ပဿတိ၊ စေ့စေ့စပ်စပ် ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါလိမ့်မယ်ဆိုပြီး ကြည့်လိုက်။ အရှင်ဘုရားတို့၊ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးသွားတာဆိုလို့ရှိရင်ကိုပဲ နှစ်ပေါင်း ၂၅၀၀ ကျော်၊ သာသနာတော်နှစ် ၂၅၆၀ ကျော်ရှိပြီ။ ၅၀ ကျော်ရှိပြီမို့လား။
မှန်ပါ့ဘုရား။
အရှင်ဘုရားတို့၊ ဗီဟာပြည်နယ်ရဲ့ မြို့တော်ကြီးဖြစ်နေပြီ။ ဒီနေ့ ရထားတွေရှိတယ်။ လေယာဉ်တွေရှိတယ်။ အကုန်ရှိတယ်။ ဟုတ်လားဗျ။ အဲဒီလိုရှိတယ်။ အဲဒီမှာဆိုလို့ရှိရင် ဘုရားရှင်ကိုယ်တော်မြတ်က အဲဒီမှာပဲ ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ မြင်တော်မူတယ်ပေါ့ဗျာ။ အဲဒီတော့ ပြောချင်တာကတော့ ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ မြင်တယ်ဆိုတာက အဲဒီလို ဝေးတဲ့နေရာတွေပဲဖြစ်ဖြစ်၊ ဝေးတဲ့ရုပ်တရားတွေပဲဖြစ်ဖြစ်၊ သေးတဲ့ရုပ်တရားတွေပဲဖြစ်ဖြစ် ဘာဖြစ်လို့လဲ။
မြင်ရတယ်။
မြင်ရတယ်။ အသံလည်း ထိုနည်းလည်းကောင်းပဲ။ ဟုတ်လားဗျ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးလေ၊ ရဟန်းတစ်ပါး၊ ဟုတ်လား။ သူ့သင်္ကန်းလေးဆွဲပြီးတော့ သေဆုံးသွားတာ။ ကိုယ်တော်တို့ သင်္ကန်းတော် သိပ်မဆွဲကြနဲ့နော်။ ပရိသတ်၊ ရဟန်းသင်္ကန်းဆွဲပြီး သေသွားလို့ ပြိတ္တာဖြစ်နေတာ။ တွေ့လား။
အဲဒါ ပြိတ္တာဖြစ်နေတဲ့ သင်္ကန်းကြီးကနေပြီးတော့ အဲဒါ သန်းဖြစ်နေပြီးတော့ အဲဒါ တိဿကထေရ်၊ ရဟန်းကနေ သန်းဖြစ်သွားတာ။ ဒါက ဘာဖြစ်သွားတာလဲ။
ရဟန်းက...
သန်းဖြစ်သွားတာ။ အဲဒီတော့ သံဃာတော်တွေက မတံကအနေနဲ့ ခွဲဝေတော့မယ်ဆိုတော့ အဲဒါနဲ့ အတိုင်းမသိအောင် အော်တယ်။ "ငါ့သင်္ကန်း မပေးနိုင်ဘူး၊ ငါ့သင်္ကန်း မပေးနိုင်ဘူး" ဆိုတာ အဲဒီက သေးတဲ့အသံကို သူက ကြားရလား။
ကြားပါတယ်။
ကြားကြတယ်။ ဒါကို ဒိဗ္ဗသောတဆိုတာ အဲဒါပြောတာပဲ။ ဒိဗ္ဗသောတကိရိယာအဘိညာဉ်အား တက်သော ဒူရ၊ ပရိတ္တ၊ သန္တိက၊ သုခုမဖြစ်သော ပစ္စုပ္ပန်သဒ္ဒါရုံ။ သန်းအော်တဲ့အသံ၊ ဘယ်သူ့အသံလဲ။
သန်းအော်တဲ့အသံ။
သန်းအော်တဲ့အသံကလည်း တပည့်တော်တို့နားနဲ့ ကြားနိုင်ပါ့မလား။
မကြားနိုင်ပါဘူး။
မကြားနိုင်ဘူး။ ဘယ်သူ့နားနဲ့မှ ကြားနိုင်တုန်း။
ဘုရားရှင်နားနဲ့ ကြားနိုင်တယ်။
ဒိဗ္ဗသောတအဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေရဲ့နားနဲ့ ကြားနိုင်တယ်။ ကြားနိုင်တယ်။ အခု ဘုရားရှင် မကြားဘူးလား။
ကြားပါတယ်။
ကြားတယ်ပေါ့။ အဲဒါကြောင့်မို့လို့ "မင်းတို့ ခုနစ်ရက်ကျော်မှ ဝေကြ"။ သန်းရဲ့အသက် ခုနစ်ရက်တဲ့။ ဟောကြ၊ ဘယ်လောက်ပါလိမ့်။
သန်းရဲ့အသက် ခုနစ်ရက်။
သန်းရဲ့အသက်။ ဆိုတော့ ကိုယ်တော်တို့ အစွဲအလမ်းနဲ့မလွဲနဲ့။ အစွဲအလမ်းရဲ့အသက် ကျွမ်းတတ်သေးတယ်။ ဟုတ်လား။ ဟုတ်လား။ ဒါ ကိုယ်တော်တို့သိမှာပါ။ အဲဒါကြောင့်မို့လို့ ဒါကို ဘာခေါ်သလဲဆိုရင် ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတလို့ ပြောတာ။ ဝေးချင်လည်းဝေး၊ သေးချင်လည်းသေး၊ ဟုတ်လားဗျ။ ဘာဖြစ်လို့လဲဗျာ။ မြင်ရတယ်။ ကြားရတယ်။ ဒီလိုသဘောပေါက်။ နောက် ဣဒ္ဓိဝိဓကိရိယာအဘိညာဉ်အား တက်သော ပါရကဖြစ်သော ရူပါဝစရကိရိယာပဉ္စမဈာန်၊ နိမ္မိတရုပ်ဟု ဆိုအပ်သော အာရုံခြောက်ပါးတဲ့။ အဲဒီတော့ အရှင်ဘုရားတို့ရေ၊ ဣဒ္ဓိဝိဓအဘိညာဉ်၊ အဲဒီမှာ အရှင်ဘုရားတို့ အခု စူဠပန်အကြောင်းပေါ့။ အဲဒီတော့ "ဧကော ဟုတွာ ဗဟုဓာ ဟောတိ" ဆိုတာလေ၊ ကိုယ်တော်တို့ ဟိုမှာ အရကောက်ထဲမှာ ကိုယ်တော်တို့ ဖတ်ရင် တွေ့ဖူးလား။
အဲ ဖတ်တဲ့လူ နည်းနည်းရှိပုံရတယ်ဗျ။ တချို့ကိုယ်တော်တွေ ဖတ်ပုံမရဘူး။ ကြည့်စမ်းပါဦး။ "ဧကော ဟုတွာ..."
ဗဟုဓာ ဟောတိ။
"ဗဟုဓာ ဟုတွာ ဧကော ဟောတိ။" ငါ့ရဲ့ရုပ်တွေဟာလည်း တစ်ရာဖြစ်စေ...
အထောင်ဖြစ်စေ...
အထောင်ဖြစ်စေ ပွားစေသတည်းဆိုလို့ရှိရင် တစ်ခါတည်း အရာပေါင်းများစွာ၊ အထောင်ပေါင်းများစွာ ပွားမသွားဘူးလား။
ပွားသွားပါတယ်။
ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ဖော်ပြအပ်ပါသည်-

ပွားသွားတယ်။ အဲဒီထဲက အရှင်ဘုရားတို့ အခု ရှင်စူဠပန်က ထူးခြားတဲ့ပုဂ္ဂိုလ်ဗျ။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် သူ့ရဲ့ ဣဒ္ဓိဝိဓအဘိညာဉ်က နှစ်မျိုး။ ဟုတ်လားဗျ။ သူက နိမ္မိတရုပ်ဖန်ဆင်းတာနဲ့လည်းပဲ ဣဒ္ဓိဝိဓအဘိညာဉ်၊ ရူပစတုတ္ထဈာန်အရာနဲ့လည်းပဲ ဘာလဲဗျ၊ ဣဒ္ဓိဝိဓအဘိညာဉ်။ ဣဒ္ဓိဝိဓအဘိညာဉ်က နှစ်မျိုးရှိတာ။ သူ့အစ်ကို မဟာပန်ကတော့ ဈာန်အရာ ဣဒ္ဓိဝိဓအဘိညာဉ်ဆိုတော့ တစ်မျိုးပဲရှိတယ်။ အဲဒီတော့ သူတို့ရဲ့ဇာတ်လမ်းလေးကတော့ ရှင်တို့ ဓမ္မပဒထဲမှာ အလွန်ကောင်းတယ်ပေါ့လေ။ အဲဒီတော့ "ပဒံ မေ တံ ကောကနဒံ၊ သုဂန္ဓံ ပါတော ခန္ဓာယ" ပေါ့။ အဲဒီက တစ်ဂါထာ ၄၅ လုံးရှိတယ်။ ဘယ်နှစ်လုံးရှိတာပါလိမ့်။
လေးဆယ့်ငါးလုံး။
တစ်ဂါထာတည်းကို လေးလကျက်လို့တောင် တစ်ခါတည်းမရတာ။ "ကောင်းပြီ၊ မင်း သာသနာတော်မှာ မထိုက်တန်တော့ဘူး" ဆိုပြီးတော့ သူ့ညီငယ်လေးကို ရှင်စူဠပန်ကို မဟာပန်ကနေပြီးတော့ နှင်ထုတ်လိုက်တာ။ ဘုရားရှင်ကိုယ်တော်မြတ်ကလည်း "ဒီရဟန်းဟာလည်း အချိန်အခါ မရောက်သေးလို့သာ၊ ဒါ ပါရမီမပြည့်သေးလို့ မရသေးတာပဲ" ပေါ့။ အဲဒီတော့ ငိုမဲ့ငိုမဲ့နဲ့ ပြန်သွားရတာ။ သူက ငိုချင်စရာလည်း အလွန်ကောင်းတာကိုးဗျ။ ကိုရင်စူဠပန်ကလည်း ဘာဖြစ်လို့လဲဆိုလို့ရှိရင် သူ့အမေ၊ သူ့အဖေကိုလည်းပဲ သူ့အဘိုးအဘွားတွေက ကြည်ဖြူသလားဆိုတော့ မကြည်ဖြူ။ အမေအဖေတွေ မကြည်ဖြူတော့ တစ်ခါတည်း သားဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းပဲ အရှုံးသမားအိမ် သွားလို့ကောင်းပါ့မလား။
မကောင်းပါဘူး။
အဲ အရှုံးသမားဆိုတာ ဘယ်တော့မှ ဘယ်နေရာသွားလို့မှ မကောင်းဘူး။ ဟုတ်လားဗျ။ အရှုံးသမားဆိုတာက ကိုယ်တော်တို့ နှလုံးသားမှာ အမုန်းပွားစရာတွေလည်းပဲ ပေါ့ဗျာ။ ဟုတ်လားဗျာ။
မှန်ပါ့ဘုရား။
ဘယ်ကိုယ်တော်တို့ ဘာဖြစ်လို့ ကိုယ်တော်တို့ ချစ်ခင်စရာကောင်းရဲ့လား။ ကိုယ်တော်တို့ ကြည့်လိုက်။ ကိုယ်တော်တို့ စာမေးပွဲကျပြီးတော့ ရှုံးသွား၊ စာမျက်နှာရှုံးပြီး ပြန်သွားတယ်ဆို ရှုံ့မဲ့ရှုံ့မဲ့နဲ့။ ဟုတ်လား။ အဲဒါ "စာမေးပွဲအောင်သလား" လို့မေးတာကို ဒဏ်ရာကို ဒဏ်ချက်ပေးသလို ဖြစ်နေတယ်။ သူက ရိုးသားစွာမေးတာပဲ။ ဘာသာပြန်အောင်မြင်တော့လည်း မမေးဘူးဆိုရင် ဂုဏ်မပြုသလို ဖြစ်ပြန်ရော။ ဟုတ်လားဗျ။ အောင်လို့မမေးရင်လည်း...
ဂုဏ်မပြုသလိုဖြစ်တယ်။
ဂုဏ်မပြုသလိုဖြစ်တယ်ဗျ။ ကျလို့မေးရင်လည်းပဲ နောက်ထပ်အပြစ်ဒဏ်ပေးသလို ဖြစ်မသွားဘူးလား။ အဲ ကိုယ်တော်တို့ အရှုံးသမားဆိုတာ ဘယ်တော့မှ ဘယ်နေရာသွားလို့မှ မကောင်းဘူး။ အဲဒါကြောင့် ကိုယ်တော်တို့ စောစောစီးစီး ဘာဖြစ်အောင် ကြိုးစားကြ။ အောင်အောင်ကြိုးစားကြ။ ဟုတ်လားဗျ။ အရှုံးသမား ဘယ်နေရာမှ ဘာဖြစ်ပါလိမ့်မယ်။
ဘာမှမကောင်းဘူး။
အရှုံးသမားဆိုတာ ဘာဖြစ်လိမ့်။
နှလုံးသား။
နှလုံးသားထဲမှာ ဘာဖြစ်ပါလိမ့်။
အမုန်းပွားနေတယ်ပေါ့ဗျာ။ အဲဒါ ကိုယ်တော်တို့ ဒါကြောင့် ကိုယ်တော်တို့ အခု ရှင်စူဠပန်မှာလည်း သူ့အရှုံးသမားဘဝနဲ့ ပြန်ရမှာလေ။ ဟုတ်လားဗျ။ ဘာစာလေးမှ ကျက်လို့မရဘူးဆိုပြီးတော့ ပြန်ရမှာဆိုတော့ သူကမပြန်ချင်ဘူး။ သူ့အစ်ကိုကြီးကလည်း မထားတော့ဘူး ကျောင်းက။ ဟုတ်လား။ ခက်ပြီမဟုတ်လား။ ခက်ပြီလားဗျာ။ ဟုတ်လား။
ခက်ပါတယ်ဘုရား။
ခက်တယ်။ အဲဒီတော့မှ ဘုရားရှင်ကိုယ်တော်မြတ်ထံ သွားလျှောက်တော့မှ "ကိုင်း၊ မင်းအစ်ကို့ကျောင်းက ပုဂ္ဂိုလ်က ငါ့ကျောင်းပဲနေ" ဆိုတော့ ဟိုကလည်းပဲ ဟို ဇီဝက၊ ဘယ်သူပါလိမ့်။
ဇီဝက။
ဆရာဇီဝကကလည်းပဲ ဆွမ်းစား ရဟန်း ၅၀၀ ပင့်ထားတယ်။ သူတစ်ပါး နှုတ်ထားတာ။ သူတစ်ပါး နှုတ်ထားတော့ သူကလည်း ပြန်ပြီးထင်နေတာကိုး။ အဲဒါ သူကလည်း ဆွမ်းစားကိစ္စတွေ လုပ်နေတာကျတော့ အဲဒါ... အဲဒီတော့မှ ဘုရားရှင်ကိုယ်တော်မြတ်က ဆွမ်းစားကြွ၊ အိမ်ရောက်တော့မှ "ဒကာတော်ရေ၊ ဟိုမှာ ကျောင်းမှာ သံဃာတစ်ပါးရှိသေးတယ်"။ အဲဒီတော့ ဘုရားရှင်ကိုယ်တော်မြတ်က၊ ဘုရားရှင်ကိုယ်တော်မြတ်ကို ဟိုဟာလျှောက်လိုက်တယ်။ ခုနက ဆွမ်းစားပင့်တဲ့ဘုန်းကြီး ဘယ်သူလဲဗျာ။ မဟာပန်။ "မရှိတော့ဘူးဘုရား" ပေါ့လေ။ "မဟုတ်ပါဘူး၊ သွားသွား ပင့်စမ်းပါဦး" ဆိုတော့မှ ဟိုက တရားရ၊ ဟိုက တရားပေးခဲ့တာကိုး ဘုရားရှင်က။ ဟုတ်လား။ "ရဇောဟရဏံ၊ ရဇောဟရဏံ" ဆိုတာနဲ့ သူ့ရဲ့ဟိုတုန်းက အတိတ်ပါရမီဖြစ်လာခဲ့တဲ့ သဘောတရားလေးကြည့်ပြီးတော့ တရားပေးလိုက်တာ။ တရားပေးလိုက်တဲ့အခါကျတော့ ဟိုက ရဟန္တာဖြစ်နေပြီ။ ရဟန္တာဖြစ်နေပြီဆိုကတည်းက သူကနေပြီးတော့ ပြောကြည့်တော့ "ဧကော ဟုတွာ ဗဟုဓာ ဟောမိ" တဲ့။ ငါ့ရဲ့ခန္ဓာကိုယ်ဟာ... အရှင်ဘုရား၊ သူ့ရဲ့ထူးခြားချက်က သူများနဲ့မတူတာ။ သူများကတော့ တစ်ထောင်ဆို တစ်ထောင်သာဖြစ်မယ်။ ပုံစံတစ်ပုံစံတည်း။ ထိုင်ရင်ထိုင်မယ်၊ ထရင်ထမယ်၊ လမ်းလျှောက်ရင် လမ်းလျှောက်မယ်။ ဘာဖြစ်လို့လဲဗျ။ အကုန်လုံး တစ်ပုံစံတည်းတူနေတယ်။ သူက အဲဒီလိုမဟုတ်ဘူး။ ထိုင်တဲ့ပုဂ္ဂိုလ်က ထိုင်မယ်၊ သွားတဲ့ပုဂ္ဂိုလ်က သွားမယ်၊ အပ်ချုပ်တဲ့ပုဂ္ဂိုလ်က အပ်ချုပ်မယ်၊ တရားထိုင်တဲ့ပုဂ္ဂိုလ်က ထိုင်မယ်။ အကုန်လုံး ပုံစံတူရဲ့လား။
ပုံစံမတူဘဲနဲ့ကို သူကနေပြီးတော့ အဲဒါ "ဗဟုဓာ ဟောမိ"၊ ငါ့ရဲ့ခန္ဓာကိုယ်ဟာလည်း မျိုးမတူဘဲနဲ့ကို တစ်ထောင်ဖြစ်စေဆို အဲဒီလိုဖြစ်စေတာ။ အဲဒီတော့မှ ဟိုက သွားလျှောက်တဲ့ပုဂ္ဂိုလ်ကနေပြီးတော့ အဲဒါ "အရှင်ဘုရား၊ စူဠပန်" ဆိုတော့ "ဟာ၊ ငါ စူဠပန်ကွ"။ ဟိုကလည်း "ငါ စူဠပန်ကွ" ဆိုတော့ ခက်နေပြီ။ အဲဒါ ပြန်လျှောက်။ "ဆရာရေ၊ ဟိုမှာတော့ စူဠပန်လေးတွေ အကုန်လုံးဖြစ်နေပြီး သံဃာတစ်ထောင်လောက်တောင် ရှိနေတာ"။ အဲဒီတော့ "အခု ကျောင်းတစ်ကျောင်းလုံးကိုပဲတဲ့၊ ဝန်းရံနေတာပဲ ဆရာကြီး" ပေါ့။ အဲဒီတော့ "ပြန်မလာနဲ့၊ တွေ့တဲ့ကိုယ်တော် ဆွဲခေါ်ခဲ့" ဆိုမှ လက်ဆွဲလိုက်တော့မှ ကျန်တာတွေ အကုန်ပျောက်သွားတယ်။ ဟုတ်လား။ အဲဒီလို၊ အဲဒီလို။ ဟုတ်လား။ ဒါကြောင့်မို့လို့ "ဣဒ္ဓိဝိဓကိရိယာအဘိညာဉ်အား တက်သော ပါရကဖြစ်သော ရူပါဝစရပဉ္စမဈာန်၊ သတ္တသဟဿာဒိစသော နိမ္မိတရုပ်ဟု ဆိုအပ်သော..."
အာရုံခြောက်ပါး။
အာရုံခြောက်ပါး။ ဒါကို၊ ဒါကိုပြောတာ။ ဟုတ်လားဗျ။
မှန်ပါ့။
မိလား။
မှန်ပါ။
ဟုတ်ပြီ။ နောက်လာခဲ့။ ဘာလဲဗျာ။ စေတောပရိယအဘိညာဉ်အား တက်သော လွန်ခဲ့သော ခုနစ်ရက်မှစ၍ လာလတ္တံ့သော ခုနစ်ရက်တိုင်အောင် ကာလသုံးပါး၌ တည်သော သူတစ်ပါးတို့၏ ဥပါဒ်၊ ဌီ၊ ဘင်၊ ကိလေသာ၊ ဝိပါက်ဟု ဆိုအပ်သော ဓမ္မာရုံပေါ့။ အဲဒီတော့ စေတောပရိယအဘိညာဉ်ကိုပဲ၊ စေတောပရိယကိုပဲ ကိုယ်တော်တို့ရေ၊ အဲဒီစေတောပရိယဒါကိုပဲ တို့အခု ဝိဇ္ဇာဘာဂီထုတ်မယ်ဆိုလို့ရှိရင် ကိုယ်တော်တို့ ဝိဇ္ဇာရှစ်ပါး။ ဝိဇ္ဇာဉာဏ်ရှစ်ပါး ကိုယ်တော်တို့ ရတဲ့ပုဂ္ဂိုလ်တစ်ယောက်မှမရှိဘူး ပြောရဲတယ်။ ရတဲ့ပုဂ္ဂိုလ် လက်ညှိုးထောင်ကြည့်။ အစဉ်အလိုက်နဲ့ရမယ်။ ကိုယ်တော်တို့ နောက်တစ်ပုဒ်ကို တစ်မှတ်ပေးမယ်။ ဘုန်းကြီး ချမ်းသာသွားလိမ့်မယ်။ ဟုတ်လား။ ကိုယ်တော်တို့ အဲဒါ ကိုယ်တော်တို့က မမှတ်တတ်ဘူး။ ဆရာတို့က အဲဒါ အောင်ခဲ့တာကြာပြီ။ ဟိုကလေးတုန်းကအတိုင်း ကိုယ့်ဟာကိုယ် ရေးထားတာ။ "ဝိ၊ ပ၊ မနော၊ ဣဒ္ဓိ၊ ဒိဗ္ဗ၊ စေ၊ ပု၊ အာ၊ ဤရှစ်ဖြာ ဝိဇ္ဇာဉာဏ်"။ ကိုင်း၊ လင်္ကာနဲ့ဆို မရဘူးလား။ ရတယ်။ ဟုတ်လားဗျ။ "ဝိ၊ ပ၊ မနော၊ ဣဒ္ဓိ၊ ဒိဗ္ဗ၊ စေ၊ ပု၊ အာ၊ ဤရှစ်ဖြာ ဝိဇ္ဇာဉာဏ်ပြား"။ ကိုယ်တော်တို့က ထူးပြီးတော့ ထုံသားဆိုတာ ဒီတစ်ယောက်တည်းက ထူးထူးခြားခြား မထုံဘူး။ ကိုယ်တော်တို့ အဲဒီလိုမှတ်တတ်တယ်။ တွေ့လား။ ဆိုလို့မရရင် ဒီလိုတော့ရမယ်။ ဟုတ်လား။ ခိုးလို့မရရင်...
ဒီလိုရ။
ဆိုတော့ ခိုးလို့လည်းမရဘူး။
ဒီလိုလည်းမရ။
အယ်၊ အဲဒီတော့ ငထူး၊ ငါငထူး၊ ငထုံ၊ ငနုံ။ ငါက အဲဒီလိုမဖြစ်စေနဲ့လေ။ ဆရာလိုမဖြစ်စေနဲ့။ ဟုတ်လား။ အဲဒါကြောင့် ကိုယ်တော်တို့ရေ ဘယ်လိုရမလဲဆိုတာ လုပ်ထားရတယ်၊ တွေ့ထိန်းထားရတယ်။ ဟုတ်လားဗျ။ ဟော၊ ကိုယ်တော်တို့ တရားဟောတော့လည်း မရဘူးလား။ တို့ ဝိဇ္ဇာဉာဏ်ရှစ်ပါးဆိုတာ ဒါပဲဗျဆိုတာ။ ကိုင်း၊ လိုက်ဆိုတော့ "ဝိ၊ ပ၊ မနော၊ ဣဒ္ဓိ၊ ဒိဗ္ဗ၊ စေ၊ ပု၊ အာ၊ ဤရှစ်ဖြာ ဝိဇ္ဇာဉာဏ်ပြ"။ မရဘူးလား။
ရတယ်။
အဲဒီထဲမှာ တို့ စေတောပရိယဝိဇ္ဇာဉာဏ်နဲ့ အဲဒီ စေတောပရိယက တို့အခု စေတောပရိယအဘိညာဉ်ကို ပြောတာ။ ဘာကိုပြောတာ။
စေတောပရိယ။
စေတောပရိယအဘိညာဉ်ကို ပြောတာ။ ကိုယ်တော်တို့ကလည်း ဘာဆိုဘာမှမသိဘူး။ ဘာဆိုနားမလည်ဘူး။ ဘာဆိုသဘောမပေါက်ဘူး။ ဟင်။ သဘောပေါက်အောင်လည်း မသိတတ်၊ မရတတ်၊ မကျက်တတ်။ ဟင်။ အဲဒီလိုဆိုတော့ ကိုယ်တော်တို့ရေ၊ တို့အကုန်ပြောပေးနေရတာ။ ဟုတ်လား။ ဘုန်းကြီးပြောပေးဖို့ ဒီထဲချန်ထားတာလား။ ဟုတ်လား။ ကိုင်း၊ ဟောလိုက်၊ ထားလိုက်ပြီးတော့ပေါ့ဗျာ။ ဟုတ်လား။ ကိုင်း၊ အဲဒါကြောင့်မို့လို့ ဟုတ်ပြီ။ ဒါဆိုလို့ရှိရင် နောက်ဆက်သွားရအောင်။ နောက်ဘာလဲဗျာ။ ပုဗ္ဗေနိဝါသာနုဿတိကိရိယာအဘိညာဉ်အား တက်သော လွန်ခဲ့သော ခုနစ်ရက်မှစ၍ လာလတ္တံ့သော ခုနစ်ရက်တိုင်အောင်၊ ဟုတ်လား။ ပုဗ္ဗေနိဝါသ၌ဖြစ်သော... ပုဗ္ဗေနိဝါသာနုဿတိကတော့ ပုဗ္ဗေနိဝါသ၌ဖြစ်သော ဝိပါက် (၃၂)၊ ကိရိယာ (၂၀)၊ ရုပ် (၂၈) ဟု ဆိုအပ်သော ခန္ဓာငါးပါး၊ ထိုခန္ဓာငါးပါးမှ အစဉ်အလျောက်သိသော နိဗ္ဗာန်ဟု ဆိုအပ်သော အာရုံခြောက်ပါးတဲ့။ အဲဒီတော့ အရှင်ဘုရားတို့ရေ၊ ပုဗ္ဗေနိဝါသ၌ဖြစ်သော ခန္ဓာအစဉ်ကို ပြန်သိတာဗျ။ ဒါ ကိုယ်တော်တို့ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်ရခဲ့တဲ့ပုဂ္ဂိုလ်က ရှင်သောဘိတမထေရ်တဲ့။ ဘယ်သူတဲ့လဲ။
ရှင်သောဘိတမထေရ်။
ခုနက ဒိဗ္ဗစက္ခုကတော့ ဒိဗ္ဗစက္ခုအဘိညာဉ်ရတဲ့သူ ပြောခဲ့ပြီးသားနော်။ ကိုယ်ပြောခဲ့ဖူးလား။
ပြောခဲ့ပါတယ်။
ဘယ်ပစ္စည်းမှာ ပြောခဲ့တာတုန်း။ အဲ၊ ဟုတ်တယ်။ တစ်ပါးကတော့ မှတ်မိတယ်။ အညမညပစ္စည်းတုန်းက ပြောခဲ့တာ။ ဒါ အခုတော့ ပြန်မပြောတတ်နဲ့။ တစ်ယောက်ပဲသိတယ်။ ကြည့်စမ်းပါဦး။ ဆွဲခေါ်မလာဘူး။ အသိဉာဏ်တွေ ဆွဲခေါ်မလာဘူး။ ကြည့်ရဦး။ အကုန်ချန်ရစ်ခဲ့တာပဲ။ ဟုတ်လား။ အဲဒီလိုဆိုလို့ရှိရင်တော့ ငါ့တုံးကို ငါ့တုံး၊ ငါ့ဘဝကတော့ တက်လာတာမဟုတ်တော့ဘူး။ ဟုတ်လားဗျ။ မတုံးစေနဲ့လေ။ ဆရာတုံးပါစေ။ ဆရာကတော့ အသက်ကြီးလာပြီဆိုတော့လည်း ပိုပြီးထက်မြက်အောင် မတတ်နိုင်တော့ဘူး။ ဟုတ်လား။
မှန်ပါ့။
ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ဖော်ပြအပ်ပါသည်-

အဲဒီတော့လည်းပဲ ရှင်သောဘိတမထေရ်ဆိုတာက အရှင်ဘုရားတို့ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်ရတာတဲ့ဗျ။ ဘာအဘိညာဉ်ရတာလဲ။
ပုဗ္ဗေနိဝါသာနုဿတိ။
ဘယ်သူပါလိမ့်။ ရှင်သောဘိတမထေရ်။
အဲဒီတော့ ရှင်သောဘိတမထေရ်ကတော့ ဘုရားရှင်ကို သွားလျှောက်တာရှိတယ်။ ဘယ်လိုရှိသလဲဆိုတော့ သူက ခန္ဓာအစဉ်ဆိုတာက စိတ်အစဉ်ကို ပြန်လျှောက်သိရတယ်။ ဟုတ်လားဗျ။ ခန္ဓာအစဉ်ဆိုတာက ခန္ဓာငါးပါးအစဉ်ကို စားနေတော့ အဲဒီတော့ သူကနေ ဘဝတစ်ခုပျောက်နေတာ။ ဘဝတစ်ခုပျောက်နေတာ ဘယ်ဘဝရောက်နေသလဲဆိုရင် အသညသတ်ဗြဟ္မာပြည်မှာ ရောက်နေတာ။ ဘယ်ကိုရောက်နေတာပါလိမ့်။
အသညသတ်။
အသညသတ်ဗြဟ္မာပြည်ကို ရောက်နေတာ။ အသညသတ်ဗြဟ္မာပြည်ရောက်နေတဲ့အတွက်ကြောင့်မို့လို့ ခန္ဓာအစဉ်ကို လျှောက်ပြီးတော့ မသိနိုင်တော့ဘူး။ မသိနိုင်တော့ဘူးဖြစ်နေတယ်။ ဒီပုဗ္ဗေနိဝါသာနုဿတိဉာဏ်နဲ့ နောက်ပြန်ပြန်လျှောက်ထားတယ်။ ခန္ဓာအစဉ်၊ စိတ်အစဉ်မှာ ပြန်လျှောက်လိုက်တဲ့အချိန်အခါမှာ ဘဝတစ်ခုပျောက်ကွယ်သွားတယ်။ ရှာမရဖြစ်နေတာ။ အဲဒီတော့မှ ဘုရားရှင်ကိုယ်တော်မြတ်ကနေပြီးတော့ "ချစ်သားသောဘိတ၊ သင်ဟာ အသညသတ်ဘုံမှာ တစ်ကြိမ်တစ်ခါ ရောက်ခဲ့တယ်လေ" တဲ့။ "အဲဒီကို သင်မမှတ်မိဘူးဖြစ်နေတာ" တဲ့။ "သင်မတွေးမိဘူးဖြစ်နေတာပါ" တဲ့။ ဟုတ်လားဗျ။ အဲဒါကြောင့်မို့လို့ ပုဗ္ဗေနိဝါသာနုဿတိဆိုတာက ခန္ဓာအစဉ်ကို ပြန်ပြီးတော့ ဉာဏ်နဲ့ယှဉ်၊ စိတ်နဲ့ယှဉ်ပြီးတော့ ပြန်လျှောက်ပြီးတော့ သိတဲ့ဉာဏ်မျိုး။ ဟုတ်လားဗျ။ တို့တွေကတော့ ဒီပုဗ္ဗေနိဝါသာနုဿတိသဘောတရားတွေအနေနဲ့ ကြည့်မယ်ဆိုရင် ဒါကတော့ အရိယာသာဝကတွေပေါ့။ ဒီဥစ္စာတွေက အရိယာသာဝကတွေ။ ဟို၊ ရဟန္တာမှမဟုတ်ဘူး။ ဒီကုသိုလ်ဆိုတာကျတော့လည်းပဲ ကျန်တဲ့ပုဂ္ဂိုလ်တွေလည်း မရနိုင်ဘူးလား။ ရနိုင်တယ်။ ဟုတ်လား။ အရိယာမှန်သမျှ မရနိုင်ဘူးလား။
အဲဒီတော့ ကိုယ်တော်တို့ ဒီပုဂ္ဂိုလ်တွေရဲ့ နုဿတိဉာဏ်သဘောတရားပဲဗျ။ ဒါက ပုထုဇဉ်တွေဆိုလို့ရှိရင်တော့ ဒီဥစ္စာကို ဇာတိဿရဉာဏ်လို့ ပြောရလိမ့်မယ်။ ဘာဉာဏ်ပြောရမှာလဲ။
ဇာတိဿရဉာဏ်။
ဇာတိဿရဉာဏ်ဆိုတာက ပြီးခဲ့တဲ့ဘဝတွေကို ပြန်ပြောင်းပြီးတော့ သိနိုင်တာ။ ဇာတိဿရဉာဏ်ရတဲ့ပုဂ္ဂိုလ်တွေက သံဝေဂဉာဏ် အလွန်တရာဖြစ်လွယ်တဲ့၊ ဖြစ်လွယ်တဲ့သူတွေပေါ့။ ဟုတ်လားဗျ။ ဘာဖြစ်လို့ဆိုတော့ ဒုက္ခသုခ ခံစားရတာတွေ၊ အရှင်ဘုရားတို့ ဒီဒုက္ခသုခ ခံစားရတာတွေ အလွန်တရာမှ ဉာဏ်ထဲမှာပေါ်တာ။ အဲဒီတော့ ဇာတိဿရဉာဏ်ရတဲ့ပုဂ္ဂိုလ်တွေဟာလည်း အခု ပိဋကတ်တော်မှတ်တမ်းတွေ ပြန်ကြည့်မယ်ဆိုလို့ရှိရင် အကုန်လုံးပဲ အရှင်ဘုရားတို့ ဟို၊ ဒီတရားထူးတရားမြတ်ရတဲ့ပုဂ္ဂိုလ်ကြီးတွေပဲ။ ဘာဖြစ်လို့လဲဆိုရင်တော့ ဇာတိဿရဉာဏ်ရတဲ့ပုဂ္ဂိုလ်တွေက ဒီသံဝေဂဉာဏ်တွေ အလွန်တရာမှ ကြီးမားလာတဲ့အတွက်ကြောင့်မို့လို့ "သံဝေဂေါ ဟိ သုတမယဉာဏံ"။ မနေ့က ပြောခဲ့ပြီးသား။ ဟုတ်လား။ သံဝေဂေါ ဟိ ဘာလိမ့်။ သောတပန်ဉာဏ်။
သောတပန်ဉာဏ်တဲ့။ သုတမယဉာဏ်။ အဲဒီတော့ အလွန်တရာမှ သံသရာကို ထိတ်လန့်ကြောက်ရွံ့တယ်။ ခုနက အကုသိုလ်တရားတွေကို ထိတ်လန့်ကြောက်ရွံ့တယ်။ အကုသိုလ်တရားတွေကို လုံးဝမလုပ်ရဲတော့ဘူးပေါ့။ ဟုတ်လားဗျ။ ဒါကြောင့်မို့လို့ ဒီကုသိုလ်တရားတွေပဲ လုပ်တယ်ပေါ့။ အခု အဲဒီကအကြောင်းနဲ့ပတ်သက်ပြီးတော့ ကိုယ်တော်တို့ ဒါနသာမိထေရ်အကြောင်း ဆောင်းပါးတစ်ပုဒ် ရေးနေတာပေါ့။ ဒါကြောင့်မို့လို့ အဲဒီမှာ သံဝေဂဉာဏ်ရတဲ့ပုဂ္ဂိုလ်တွေ၊ ခုနက ဇာတိဿရဉာဏ်ရတဲ့ပုဂ္ဂိုလ်တွေကလည်း သံဝေဂဉာဏ်ရတယ်။ သံဝေဂဉာဏ်နဲ့ ကုသိုလ်တရား၊ အကြောက်တရားပါတဲ့အတွက်ကြောင့်မို့လို့ တရားပြင်းပြင်းထန်ထန် အားထုတ်တဲ့အတွက်ကြောင့် အဲဒီကပုဂ္ဂိုလ်တွေဟာ ပါရမီဓာတ်ခံထူးလည်း ရတဲ့အတွက်ကြောင့် ဇာတိဿရဉာဏ်ရတာဖြစ်တယ်ပေါ့။ ဒါကြောင့် အဲဒီကပုဂ္ဂိုလ်တွေဟာလည်း အရိယာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တွေကို ဇာတိဿရဉာဏ်ရတဲ့ပုဂ္ဂိုလ်တွေအတိုင်း ရကြတာပေါ့။ အဲဒီတော့ ဒီပုဗ္ဗေနိဝါသာနုဿတိဆိုတဲ့ဥစ္စာက ဒီက ပုထုဇဉ်နဲ့ပြောမယ်ဆိုရင်တော့ ဘာလို့ပြောမှာတုန်း။ ဇာတိဿရဉာဏ်လို့ ပြောရလိမ့်မယ်ပေါ့ဗျာ။ ခု အရိယာတွေအနေနဲ့ကတော့ ပုဗ္ဗေနိဝါသာနုဿတိ။ သို့သော်လည်းပဲ အရှင်ဘုရားတို့ ဒီဥစ္စာ၊ ဒီဥစ္စာတွေ၊ ဒီဥစ္စာတွေအနေနဲ့ကလည်းပဲ ကျန်တဲ့ပုဂ္ဂိုလ်တွေလည်း ရနိုင်တယ်ဆိုတဲ့ဥစ္စာပါတယ်နော်။ ကုသိုလ်ဆိုတော့ မရနိုင်ဘူးလား။
ရနိုင်ပါတယ်။
ရနိုင်တယ်ပေါ့။ ဒီသဘောတရားတွေ ခပ်ဆင်ဆင်တူတယ်ပေါ့။ ခပ်ဆင်ဆင်မှာ ဘာလိမ့်။
တူပါတယ်။
တူတယ်လို့ ဒီလိုသဘောပေါက်ရမယ်ပေါ့။ ကိုင်း၊ ဒါကြောင့်မို့ အခု အနာဂတံသဉာဏ်၊ အနာဂတံသကိရိယာအဘိညာဉ်အား တက်သော အနာဂတ်၌ဖြစ်သော ဝိပါက် (၃၂)၊ ကိရိယာ (၂၀)၊ အနာဂတ်မှာဖြစ်မယ့် ခန္ဓာ၊ ခန္ဓာငါးပါးကိုလည်းပဲ လှမ်းပြီးတော့ မြင်နိုင်တယ်။ ဒါကြောင့်မို့လို့ ဒီပုဂ္ဂိုလ်ကလည်း ဘုရားရှင်ကိုယ်တော်မြတ်က တချို့တချို့ပုဂ္ဂိုလ်တွေမှာဆိုလို့ရှိရင် ကြည့်လိုက်လေ။ အရှင်ဘုရားတို့ အခု တချို့သူ့ရဲ့အနေအထားအတိုင်းပဲ ကိုယ်တော်တို့၊ သူ့ရဲ့ရဟန်းကို ဘုရားရှင်ကိုယ်တော်မြတ်က ကြိုပြီးတော့ မဟောလိုက်ဘူးလား။ သူ့ရဲ့ခန္ဓာအစဉ်၊ စိတ်အစဉ် ကြည့်လိုက်တယ်။ ဒီပုဂ္ဂိုလ်က ဘာကိုဖြစ်မယ်၊ သူလုပ်ထားတဲ့၊ သူဖြစ်ပေါ်နေတဲ့စိတ်စဉ်၊ ဒီစိတ်ကြောင့် နောင်ဘာဖြစ်မယ်ဆိုတာ မပြောဘူးလား။ ပြောတယ်။ ဟုတ်လားဗျာ။ အဇာတသတ်မင်းကြီးကိုလည်းပဲ ဒီပုဂ္ဂိုလ်သေတော့မယ်၊ နောက်ဘယ်နှစ်နှစ်ရှိရင် သေမယ်လို့ ပြောခဲ့ဖူးလား။
ပြောခဲ့ပါတယ်။
ပြောခဲ့တယ်။ အဲဒီကဥစ္စာတွေက ဒီဟာ အနာဂတံသကိရိယာအဘိညာဉ်ပဲဗျ။ ဘာအဘိညာဉ်လဲဆိုလို့ရှိရင်...
အနာဂတံသအဘိညာဉ်။
သူ့ရဲ့အကြောင်းတရားတွေကို မြင်နေရတာ။ အနာဂတ်မရောက်သေးတဲ့ ခန္ဓာအစဉ်၊ စိတ်အစဉ်၊ ဘဝအစဉ်ကို လှမ်းမြင်နေရတယ်။ အဲဒါကို ဘာပါလိမ့်ဗျ။
အနာဂတံသ။
အနာဂတံသကိရိယာအဘိညာဉ်လို့ခေါ်တယ်။ ကိုင်း၊ တပည့်တော်တို့ ပြောတာတော့ ကိုယ်တော်တို့ရေ၊ ဒီထက်ကျယ်မယ်ဆိုလို့ရှိရင် ဒါ ကျယ်ချင်သလောက် ကျယ်လို့ရတယ်။ နောက်တစ်ခုကျန်သေးတယ်ပေါ့။ ကိုယ်တော်တို့ စာမျက်နှာ ၁၁၃ မှာဆိုလို့ရှိရင်၊ ၁၁၃။ ဘယ်လောက်ပါလိမ့်ဗျ။
၁၁၃။
၁၁၃ မှာဆိုလို့ရှိရင် အဲဒီမှာ အဘိညာဉ်ခုနစ်ပါးအကြောင်း ပြောထားတာရှိတယ်လေ။ ဟုတ်လားဗျ။ ဘယ်နှပါးလိမ့်။
ခုနစ်ပါး။
အဲဒီမှာ "ဣဒ္ဓိ၊ ဒိဗ္ဗ၊ စေ၊ ပု၊ ယထာ၊ အနာ၊ ဟု သတ္တဉာဏ်ငါးဖြာ၊ ယထာကမ္မုပဂနဲ့ အနာဂတံသကို ဘယ်မှာသွင်းမှာလဲ။
ဒိဗ္ဗစက္ခု။
ဒိဗ္ဗစက္ခု၌ သွင်း၍ ခြောက်မူအားဖြင့် ဟောဖွယ်ဆိုက်နားလည်စေ" တဲ့။ အဲဒီတော့ ယထာကမ္မုပဂနဲ့ အနာဂတံသကို ဒိဗ္ဗစက္ခု၌ သွင်းယူတဲ့။ ဘာဖြစ်လို့မို့လို့ ယထာကမ္မုပဂအဘိညာဉ်နဲ့ အနာဂတံသအဘိညာဉ်ဟာ ဘာဖြစ်လို့မို့ ဒိဗ္ဗစက္ခုမှာ သွင်းရပါသလဲဆိုလို့ရှိရင်တဲ့ဗျ။ အဲဒီတော့ ယထာကမ္မုပဂအဘိညာဉ်နဲ့ အနာဂတံသအဘိညာဉ်နှစ်ပါးကလည်း ပရိကံသီးခြားမရှိဘူးတဲ့။ ပရိကံ ဘာလိမ့်။
သီးခြားမရှိဘူး။
သီးခြားမရှိဘူး။ ဒိဗ္ဗစက္ခုနဲ့တူတဲ့အတွက်ကြောင့် ဘာလဲဗျ။ ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ ပရိကံတူလို့မို့လို့ အဲဒီထဲသွင်းရတာ။ ဟုတ်လားဗျာ။
တင်ပါ့ဘုရား။
အဲဒါ ဝိသုဒ္ဓိမဂ်က အဲဒီလိုဆိုတာ။ အဲဒါ ကိုယ်တော်တို့ရေ၊ ညွှန်းလိုက်တော့မယ်ပေါ့ဗျာ။ ဝိသုဒ္ဓိမဂ်ပဲ။ အရှင်ဘုရားတို့ရေ၊ အဘိညာဉ်နိဒ္ဒေသဆိုတာ တစ်ခန်းတစ်ကဏ္ဍ ဖွင့်ချထားတာ။ ဟုတ်လားဗျ။ ဝိသုဒ္ဓိမဂ်မှာ ဘာလိမ့်။
အဘိညာဉ်နိဒ္ဒေသ။
အဘိညာဉ်နိဒ္ဒေသဆိုပြီး ဖွင့်ချလိုက်တာ။ အဲ ဝိသုဒ္ဓိမဂ်ဆိုတာကလည်း အရှင်ဘုရားတို့ရေ၊ အလွန်တရာကောင်းတာ။ ဝိသုဒ္ဓိမဂ်ဖတ်တဲ့ပုဂ္ဂိုလ်တွေကတော့ဖြင့်ဗျာ၊ ရှေးဆရာတော်တွေကပြောတာ။ ရှေးဆရာတော်တွေကပြောတဲ့စကား ပြောကြည့်ရအောင်ပေါ့။ ဝိသုဒ္ဓိမဂ်ကို ဖတ်လိုက်တယ်ဆိုလို့ရှိရင်တဲ့ အဲဒီကပုဂ္ဂိုလ်ဟာလည်း၊ အဲဒီကရဟန်းဟာ တောထွက်ရင်လည်း ထွက်မယ်တဲ့ဗျ။ ဟုတ်လားဗျ။ ဘယ်လိုပါလိမ့်။
တောထွက်ရင်လည်း ထွက်မယ်။
ဝိသုဒ္ဓိမဂ်ကို ဖတ်လိုက်ပြီဆိုလို့ရှိရင် တောထွက်ရင်လည်း ထွက်မယ်၊ သို့မဟုတ် လူထွက်ချင်လည်း...
ထွက်မယ်။
ထွက်မယ်တဲ့ဗျ။ တောလည်းမထွက်၊ လူလည်းမထွက်ဘူးဆိုရင်တော့ အဲဒီကဥစ္စာဟာ ရဟန်းပျက်ပဲ။ အဲဒီလိုတောင် ပြောကြတာ။ ဒီလို အဲဒီထဲရောက်သွားတယ်ဗျ။ ဟုတ်လား။ ငါတို့တုန်းက စာသင်တုန်း ၁၃၃၆ ခုနှစ်လောက်ကပေါ့ဗျ။ အဲဒီမှာ မဟာစည်ဆရာတော်ကြီးရဲ့ အခု ဝိသုဒ္ဓိမဂ်အတွဲတွေက ထွက်လာပြီပေါ့။ အဲဒီအချိန်က ထွက်စ၊ တော်တော်ကြီး နာမည်ကြီး၊ ဘုန်းဘုန်းတို့လည်း နာမည်ကြီးနေတာပေါ့။ ဒါပေမဲ့ ပုဂ္ဂိုလ်တွေက ဝိသုဒ္ဓိမဂ် အဲဒီမှာ ပြန်ထွက်လာပြီဆိုတော့ အဲဒါနဲ့ပဲ ဒီအခု နန်းမတော်မှာရှိတဲ့ ဆရာဘုန်းကြီး၊ မင်းကွန်းတိပိဋကဆရာတော်ကြီးကလည်း "ခင်ဗျား ဘာမှမလုပ်ရင် စာဖတ်" ဆိုတာနဲ့ အဲဒီစာအုပ်ကြီးတွေပေးတာ။ လျှောက်ဖတ်တာ။ လျှောက်ဖတ်တော့လည်းပဲ စိတ်တွေကတော့လည်းပဲ ကိုယ်တော်တို့ရေ၊ ဒီလိုပဲ အဲဒီထဲ စိတ်တွေကတော့ အဲဒီထဲရောက်တာပေါ့ဗျာ။ အဲဒါ တော်တော့်ကို ကောင်းတာပါကလားလို့တော့ ဒီလိုခံစားမိပါတယ်။ ဒီလိုခံစားမိစရာလည်း ကောင်းတာပေါ့။ ဒါပေမဲ့လည်းပဲ ခုနကပြောသလို တောလည်းမထွက်ဖြစ်ဘူး။
လူလည်းမထွက်ဖြစ်ဘူး။
အဲဒီတော့ ဘာဖြစ်လိမ့်။
အင်း၊ ချင့်ချိန်လိုက်စမ်း။ ဟုတ်လား။ ကိုင်း၊ အဲဒီအတွက် ဒါ တို့ရေ၊ ဒါ ရှေးကဆရာတွေ ဆိုခဲ့တာပေါ့ဗျ။ ဟုတ်လား။ ကိုင်း၊ ဒါကြောင့် ကိုယ်တော်တို့ရေ၊ ပါဠိတော်တွေ တို့ကျက်ခိုင်းတာ ရပြီလို့ထင်ပါတယ်ဗျ။ ဟုတ်လား။
မှန်ပါ။
ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ဖော်ပြအပ်ပါသည်-

အဲ မပြောနဲ့။ ဒါ ဖြောင့်။ ကိုယ်တော်တို့ အချက်ကျ၊ နက်ဖြန်ကျလို့ရှိရင် သေချာပေါက် ကိုယ်တော်တို့ အမြန်ခိုင်းတော့မှာ။ ဘာလို့ဆိုလို့ရှိရင် ဒီဟာ နက်ဖြန်ကုန်ပြီ။ နက်ဖြန် အကုန်သွားမှာ။ သဘက်ခါ ချမယ့် အာရမ္မဏ၊ တစ်ပတ်ခန့် နောက်ဆုံးနေ့လောက် ဖြစ်လိမ့်မယ်လေ။ ဟိုဘက် ရုံးပိတ်တော့မှာ။ တစ်ပတ်ခန့် အာရမ္မဏာဓိပတိပစ္စည်းကြီးကို စာမျက်နှာ ၁၇ တူခဲ့စမ်းနဲ့ ပါဠိထုတ်ပြတော့မှ ကိုယ်တော်တို့ ကျက်ခဲ့မှရမှာ။ အနက်မဖြစ်နဲ့။ အလှည့်ကျရင်တော့ ဘာဖြစ်လဲဗျ။
မနွဲ့ကြနဲ့။
မနွဲ့နဲ့။ အဲဒါ ကိုယ်တော်တို့ ထုတ်ခေါ်၊ စာရင်းခေါ်လိုက်လို့ ဒီဘက် ကြိုက်တဲ့သူ၊ ကိုယ်တော်တို့ နာမည်ကြီးနေတဲ့၊ အပြင်ထွက်လို့ နာမည်ကြီးနေတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ဒီကခေါ်လိုက်လို့ ကိုယ်တော်တို့ အဲဒီထဲမှာ ကိုယ်တော်တို့ မရှိဘူးဆိုလို့ရှိရင်တော့ မပြောချင်ဘူးဗျ။ ဟုတ်လား။ ကျောခင်းမယ်။ ဘာဖြစ်ပါလိမ့်မယ်။ ဘောတင်လိမ့်မယ် အဲဒါ။ ဘောမတင်ဘူး။ ခိုးလို့။ အဲဒါ ကိုယ့်ဟာကိုယ်ပဲ၊ ကိုယ့်စိန်နဲ့ကိုယ်ပေါက်ဗျ။ ဟုတ်လား။ ဒါပဲပေါ့။ အဲဒါ ဟုတ်တယ်။ တစ်လုံးမှ နားမထောင်တဲ့ပုဂ္ဂိုလ်တွေ သိပ်ပြောနေရတာ မောတယ်ပေါ့ဗျာ။ ဟုတ်လား။
မှန်ပါ့ဘုရား။
ကိုင်း၊ ဒါကြောင့်မို့လို့ ကိုယ်တော်တို့ အခု အဲဒီမှာ စာမျက်နှာ ခုနစ်မှာ နက်ဖြန်တုန်းက ကုသလသုံးချက် ခပ်ပါးပါးလေး ပြောခဲ့ပြီပေါ့ဗျာ။ ဒီနေ့တော့ ကိုယ်တော်တို့ အချိန်ကလည်း တော်တော်နည်းနေတဲ့အတွက်ကြောင့်မို့လို့ စာမျက်နှာ ၂၁ ကိုသွား။ အကုသလော ဓမ္မော အကုသလဿ ဓမ္မဿပေါ့။ "အကုသလော ဓမ္မော အကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။" ပစ္စည်းကလည်း အကုသိုလ်၊ ပစ္စုပ္ပန်ကလည်း အကုသိုလ်။ ဒါကတော့ ကိုယ်တော်တို့ရေ၊ အကြမ်းဖျင်းလေး ပြောပြီး ပြောလိုက်ပေါ့။ ဒီအကုသိုလ်တွေ၊ အကုသိုလ်ကြောင့် အကုသိုလ်တွေဖြစ်တာတွေချည်းပဲ။ ဒီက ဘယ်လိုဖြစ်တာလဲ။
အကုသိုလ်ကြောင့် အကုသိုလ်ဖြစ်တာ။
ဟုတ်ပြီ။ ဒါ အကြမ်းဖျင်းပဲ။ ကိုယ်တော်တို့ အရကောက်တွေလည်း ကိုယ်တော်တို့ အဲဒီမှာ ဖော်ပြထားပြီးပြီ။ နောက်တစ်ခုလာခဲ့။ "အကုသလော ဓမ္မော ကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။" ဒါကတော့ အကုသိုလ်ကြောင့် ဖြစ်တယ်။
ကုသိုလ်တွေဖြစ်တာတဲ့။
နောက် "အကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။" ဒါက...
အကုသိုလ်ကြောင့်...
အကုသိုလ်ကြောင့် အဗျာကတ။ ဒီဥစ္စာတွေက အလွန်တရာ မှတ်သားထိုက်တယ်ပေါ့။ အဲဒီတော့ ကိုယ်တော်တို့ရဲ့ စာအုပ်စာမျက်နှာ ၁၆ မှာဆိုလို့ရှိရင်လည်းပဲ အဲဒီက ပစ္စုပ္ပန်ဝီထိအောက်နားလေးမှာ ပစ္စုပ္ပန်ဝီထိနဲ့ ပါဠိတွေ အဲဒီမှာ ဖော်ပြထားတာရှိတယ်။ အဲဒါ အခု ဒီထဲ၊ အဲဒီဒီထဲကပဲ ကိုယ်တော်တို့ရေ။ ဟုတ်လား။ ကိုင်း၊ ဒါကြောင့်မို့လို့ ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ ကိုယ်တော်တို့ အခု ပုဂ္ဂလပညတ်တို့၊ ဒီအင်္ဂုတ္တိုရ်တို့က ဟောတဲ့အကြောင်းအရာလေးနဲ့ အပေါ်ယံကနေ လှမ်းပြီးတော့ ကြည့်ရအောင်ပေါ့။ အဲဒီလိုဆိုကြတော့ အကုသလော အကုသလဿက အမှောင်ကနေ အမှောင်ကိုသွားတဲ့ပုဂ္ဂိုလ်လို့ လောကဝေါဟာရနဲ့ ပြောရလိမ့်မယ်။ ဘယ်ကနေ ဘယ်ကိုသွားမှာလဲ။
အမှောင်ကနေ အမှောင်ကို။
ဒါကို တမောတမပရာယနပုဂ္ဂိုလ်မျိုးလို့ ပြောရမယ်။ ပုဂ္ဂိုလ်နဲ့ပြောရင် ဘယ်လို၊ ဘယ်လိုပြောရမလဲ။
တမောတမပရာယနပုဂ္ဂိုလ်။
ဘယ်ကနေ ဘယ်ကိုသွားမယ်။
အမှောင်ကနေ အမှောင်ကို။
အမှောင်ကနေ အမှောင်ကိုသွားမယ်။ အကုသလော ကုသလဿကတော့ အမှောင်ကနေ အလင်းကိုလာမယ့်ပုဂ္ဂိုလ်။ ဘယ်က ဘယ်ကိုလာမှာလဲ။
အမှောင်က အလင်းကို။
အမှောင်က အလင်းကိုလာမှာ။ ကုသလော အကုသလဿဆိုတာကတော့ အလင်းကနေ အမှောင်ကိုလာမှာ။ ဟုတ်လားဗျ။ ဇောတိတမပရာယနပုဂ္ဂိုလ်လို့ ပြောရမယ်။ ဘယ်လိုလဲ။
ဇောတိတမပရာယနပုဂ္ဂိုလ်။
အခု အကုသလော ကုသလဿက တမောဇောတိပရာယနပုဂ္ဂိုလ်။ ဘယ်လိုပြောမယ်။
တမောဇောတိပရာယနပုဂ္ဂိုလ်။
အဲဒီ ကုသလော ကုသလဿကတော့ အရှင်ဘုရားတို့ရေ၊ ဇောတိဇောတိပရာယနပုဂ္ဂိုလ်လို့ ပြောရမယ်။ အလင်းကနေ အလင်းကိုသွားတာလို့။ ပုဂ္ဂိုလ်လေးယောက်။ ဟုတ်လားဗျာ။ ပုဂ္ဂိုလ်လေးယောက် တရားဟောလို့ မကောင်းဘူးလား။
ကောင်းပြီပေါ့။
ဒါ ကိုယ်တော်တို့ ကြိုက်တာပြောပေါ့ဗျာ။ ဟုတ်လား။ ပြောလို့မရဘူးလား။
အဲဒီတော့ ကိုယ်တော်တို့ ဘယ်လိုပဲဖြစ်ဖြစ်၊ ကိုယ်တော်တို့၊ တပည့်တော်တို့ဟာ ဘယ်ကလာခဲ့တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ လက်ရှိပစ္စုပ္ပန်ကာလမှာတော့ အလင်းကိုသွားတဲ့ပုဂ္ဂိုလ်တော့ ဖြစ်ရမယ်။ ဘယ်သွားတဲ့ပုဂ္ဂိုလ်ဖြစ်ရမလဲ။
အလင်းကိုသွားတဲ့ပုဂ္ဂိုလ်။
ပုဂ္ဂိုလ်ဖြစ်ရမယ်။ အလင်းကိုသွားစေချင်လို့ စာအုပ်မျက်နှာဖုံးက ဘာလဲ။
လင်းလက်။
အေး၊ အဲဒီလိုရှိတယ်။ ကိုယ်တော်တို့ရဲ့။ ဟုတ်လား။ ကိုင်း၊ ဒါကြောင့် တို့ရေ၊ အလင်းကို၊ အလင်းကနေ အလင်းကိုသွားဖို့ အရေးကြီးတယ်။ အဲဒီတော့ အကုသိုလ်တွေထဲမှာ သူတို့ ခုနက အကုသလော အကုသလဿကို နည်းနည်းလေးပြန်ပြီးတော့၊ နည်းနည်းလေး အနုစိတ်ထည့်အောင်တော့ မသွားနိုင်ဘူးပေါ့ဗျာ။ ရာဂ၊ အတ္တ၊ ဒိဋ္ဌိ။ ရာဂကို အကြောင်းပြုပြီးတော့ အကုသိုလ်မျိုးစုံဖြစ်တယ်။ ဒိဋ္ဌိကို အကြောင်းပြုပြီးတော့ ဘာဖြစ်ပါလိမ့်ဗျ။ အကုသိုလ်မျိုးစုံတွေဖြစ်တယ်။ ဝိစိကိစ္ဆာ၊ ဥဒ္ဓစ္စ၊ ဒေါမနဿ၊ သူတို့ကို မူထားပြီးတော့ အကုသိုလ်တရားတွေ ဖြစ်ကြတယ်။ အဲဒီတော့ ဒီဥစ္စာတရားက ရာဂတို့၊ ဒိဋ္ဌိကကျတော့ ကိုယ်တော်တို့ရေ၊ ရာဂဆိုတဲ့တရားတွေဟာ အကုသိုလ်ရဲ့ဖြစ်ဖို့ရာ ခေါင်းဆောင်တရားတွေပဲလို့ မှတ်ရမယ်ပေါ့။ ဘာဖြစ်ဖို့ခေါင်းဆောင်လဲ။
အကုသိုလ်ဖြစ်ဖို့။
အကုသိုလ်ဖြစ်ဖို့လို့ ခေါင်းဆောင်။ ဟုတ်လားဗျာ။ ဒါ အဆိုးဆုံးတရားတွေ ထိပ်စီးကနေ ဆိုလိုက်တာ။ အဲဒီလိုသဘောပေါက်။ နောက် အကုသလော ကုသလဿကြည့်။ "လောဘံ ဓမ္မံ ကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။" "သေက္ခာ ဝါ ပန ကိလေသေ ပစ္စဝက္ခန္တိ၊ ဝိက္ခမ္ဘိတေ ကိလေသေ ပစ္စဝက္ခန္တိ။" အဲဒီမှာ ကိုယ်တော်တို့ အခု အရကောက်စာမျက်နှာ ၃၇ တဲ့။ အဲဒီမှာ "ဝိက္ခမ္ဘိတကိလေသေ" အရဆိုလို့ရှိရင် ဘယ်ပုဂ္ဂိုလ်၊ ဆိုရင် ဘယ်လိုဆိုတော့ ပုဂ္ဂိုလ်လည်း ခွဲခြားထားတာတွေရှိတယ်။ ဟုတ်လားဗျ။ အဲဒါ သေက္ခပုဂ္ဂိုလ်များ မပယ်ရသေးသော ကိလေသာများကို ဆင်ခြင်ပုံပြတာကြောင့် "ဝိက္ခမ္ဘိတကိလေသေ"။ ဟုတ်လားနော်။ မပယ်ရသေးတဲ့ပုဂ္ဂိုလ်များ ဘာဖြစ်ပါလိမ့်ဗျာ။ "သေက္ခာ ပန ကိလေသေ ပစ္စဝက္ခန္တိ။" ဒါက ပယ်ပြီးကိလေသာတွေကို ဆင်ခြင်တာ။ ဟုတ်လားဗျ။ ပယ်ပြီးကိလေသာတွေကို ဘာဖြစ်လိမ့်။
ဆင်ခြင်တာ။
ဆင်ခြင်တာပေါ့ဗျာ။ နောက်လာခဲ့။ ဒါ ဒွေကောက်ပြောတာ။ ကိုယ်တော်တို့ရေး။ "ပုဗ္ဗေ သမုဒါစိဏ္ဏေ ကိလေသေ ဇာနာတိ။ သေက္ခာ ဝါ ပုထုဇ္ဇနာ ဝါ ကိလေသေ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿန္တိ။" သေက္ခပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်၊ ပုထုဇဉ်ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ် အကုသိုလ်တရားတွေကိုလည်းပဲ အနိစ္စ၊ ဒုက္ခရယ်လို့ ဝိပဿနာရှုရပါတယ်တဲ့။ မရှုရဘူးလား။
ရှုရပါတယ်။
ကျေးဇူးပြု၍ ပြင်ဆင်ပြီးသော စာလုံးပေါင်းသတ်ပုံကို အောက်တွင် ဖော်ပြအပ်ပါသည်-

"စေတောပရိယဉာဏေန အကုသလံ စိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ အကုသလခန္ဓေ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ၊ ယထာကမ္မုပဂဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။"
အဲဒီတော့ ကိုယ်တော်တို့ အခု အဲဒီတော့ အနိစ္စလက္ခဏာရှုတာလေးက တို့ စာမျက်နှာမှာ နည်းနည်းလေး ပြောလိုက်ရအောင်ပေါ့ဗျာ။ ကိုယ် အချိန်ကမရလို့ နည်းနည်းလေးပြောမယ်။ အဲဒီတော့ အနိစ္စမြင်မယ်ဆိုရင် မာနကင်းစင်တယ်တဲ့။ အနိစ္စမြင်ရင် ဘာဖြစ်ပါလိမ့်ဗျ။
မာနကင်းစင်တယ်။
ဒုက္ခမြင်ရင် တဏှာကင်းစင်တယ်။ ဒုက္ခမြင်ရင်...
တဏှာကင်းစင်တယ်။
တဏှာကင်းစင်တယ်။ အနတ္တမြင်ရင် ဒိဋ္ဌိကင်းစင်တယ်။ ပြောကြည့်။
အနတ္တမြင်ရင် ဒိဋ္ဌိကင်းစင်တယ်။
ကိုင်း၊ အဲဒီလိုဆိုလို့ရှိရင် ပြန်ပြော။ အနိစ္စမြင်ရင် မာနကင်းစင်၊ ဒုက္ခမြင်တော့ တဏှာကင်းစင်၊ အနတ္တမြင်တော့...
ဒိဋ္ဌိကင်းစင်။
ဒိဋ္ဌိကင်းစင်တဲ့။ ဟုတ်လားဗျာ။ အဲဒီက အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ၊ တို့ ကိုယ်တော်တို့ နက်ဖြန်ကျရင် မဟာသတိပဋ္ဌာနသုတ်ကနေပြီးတော့ ရှုကွက် ၁၁ မျိုးအကြောင်းနဲ့ ပြောမယ်။ ဟုတ်လားဗျ။ အဲဒါ အရှင်ဘုရားတို့ရဲ့ ဒီတရားတွေကတော့ ဒီအာရမ္မဏပစ္စည်းကို ခြုံပြောမယ်ဆိုလို့ရှိရင် ကိုယ်တော်တို့ ကဲ အကျဉ်းချုပ် အဲဒီလို တစ်လုံးလောက်ပဲ ညွှန်းခဲ့မယ်။ မဟာသတိပဋ္ဌာနသုတ်မှာဆိုလို့ရှိရင် သတိပဋ္ဌာန်လေးမျိုး အကျယ်ဟောတာပေါ့။ သတိပဋ္ဌာန်လေးမျိုး ဘာဖြစ်ပါလိမ့်။
အကျယ်ဟောမယ်။
အကျယ်ဟောမယ်။ အကျယ်ဟောလိုက်တဲ့အခါမှာ ဒီလို ဒီတိုက်ရိုက်သက်ဆိုင်တာ ပြောမယ်ဆိုလို့ရှိရင် ဒီအာရမ္မဏပစ္စည်းနဲ့ယှဉ်မယ်ဆိုလို့ရှိရင် စိတ္တာနုပဿနာပဲ။ ဘာပဲဖြစ်လိမ့်မလဲဗျ။
စိတ္တာနုပဿနာ။
စိတ္တာနုပဿနာ။ စိတ္တာနုပဿနာရဲ့ ဒီမှာ တပည့်တော်တို့ အခု ဒီမှာ တိုက်ရိုက်ကတော့ ရှုကွက် ၁၃ ကွက်ပေါ့ဗျာ။ မဟာသတိပဋ္ဌာနသုတ်မှာ ပြောမယ်ဆိုလို့ရှိရင် ရှုကွက် ၁၃ ကွက်။ ဝိပဿနာရှုကွက်တွေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် အပြင်ဧည့်သည်၊ အတွင်းစိတ်၊ အတွင်းဧည့်သည်၊ ၁၃ မျိုး ရှုကွက်ပြောရမယ်ပေါ့။ ၁၃ မျိုး ဘာဖြစ်ပါလိမ့်။
ရှုကွက်။
ရှုကွက်ပေါ့ဗျာ။ စိတ္တာနုပဿနာရဲ့ ရှုကွက် ၁၃ ကွက်။ ဘာဖြစ်ပါလိမ့် ပြောမယ်။ အပြင်ဧည့်သည်စိတ်၊ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ တွေ့ထိစိတ်။ ဆိုတော့ စိတ်က ဘယ်လောက်ပါလိမ့်။
ငါးပါး။
ခြောက်ပါး။ ရေးမထားဘူး။ ပြောမယ်။ ဒါက အပြင် ၅ ပါးတဲ့။ ဘာလဲဗျ။
အပြင်ဧည့်သည် ၅ ပါး။
အပြင် ၅ ပါး။ အတွင်းဧည့်သည်စိတ် ၆ ပါးက ဘာလဲဆိုလို့ရှိရင်၊ ခြောက်ယောက်က ဘာလဲဆိုလို့ရှိရင် လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ...
အဒေါသ၊ အမောဟ။
အဲဒီလိုလိုက်ကြ။ ကြံသိစိတ်။ အဲဒီလိုလိုက်လေ။ ခြောက်ခု။ ဘယ်လောက်ပါလိမ့်။
ခြောက်ခု။
ကျန်သေးတယ်။ ၆ ပေါင်းလိုက်တော့။ ၅ နဲ့ ၆ ပေါင်းတော့...
၁၁။
ဧည့်သည်၊ အတွင်းဧည့်သည်က...
အဲ၊ အတွင်းဧည့်သည်က ၆ ယောက်၊ အပြင်ဧည့်သည်က...
၅ ယောက်။
၅ ယောက်။ အပြင်ဧည့်သည်က ၅ ယောက်၊ အတွင်းဧည့်သည်က...
၆ ယောက်။
၆ ယောက်။ ပေါင်းလိုက်တော့...
၁၁။
ဒါကို ဧည့်သည်တွေတဲ့။ အတွင်း၊ အပြင် ဧည့်သည် ၁၁ ယောက်။ အိမ်ရှင်စိတ်က နှစ်ခုတဲ့။ ဘာလဲ အိမ်ရှင်စိတ်က ဘာလဲဆိုလို့ရှိရင် ကိုယ်တော်တို့ရေ၊ ဝင်စိတ်နဲ့ ထွက်စိတ်။ ပြောကြည့်ပါဦး။
ဝင်စိတ်နဲ့ ထွက်စိတ်။
တရားရှုမှတ်တော့မယ်ဆိုလို့ရှိရင် ကိုယ်တော်တို့ ခုနက အပြင်က ကြားလိုက်တယ်။ ဟိုက ဒီဘက်ကို "ရွှမ်း" ဆိုပြီး လှည့်စမ်း။ မကြားဘူးလား။ စိတ်က အဲဒီရောက်သွားတယ်။ ဆိုတော့ အဲဒီက ကြားတယ်။ ကြားသလိုမှတ်။ အဲဒါ အပြင်ဧည့်သည်စိတ်တွေပဲ။ ဟုတ်လားဗျ။ မိမိသန္တာန်မှာ ကိုယ်တော်တို့ ဒေါသဖြစ်လိုက်။ မဟုတ်လား။
ဒေါသဖြစ်လိုက်ဆိုလို့ရှိရင်၊ လောဘဖြစ်လာပြီ၊ ငါလိုချင်နေပြီ၊ ငါလိုချင်နေပြီဆိုလို့ရှိရင်လည်းပဲ အတွင်းမှာပဲ ဖြစ်တာမဟုတ်ဘူးလား။
အတွင်းမှာဆိုတော့ ဒါ အတွင်းဧည့်သည်ပေါ့။ အဲဒါ သူတို့ အပြင်ဧည့်သည်လည်းမရှိဘူး၊ အတွင်းဧည့်သည်လည်းမရှိဘူးဆိုလို့ရှိရင် အိမ်ရှင်ဖြစ်တဲ့ ဝင်စိတ်နဲ့ထွက်စိတ်၊ ဝင်သက်နဲ့ထွက်သက်ကိုသာ မှတ်ရမယ်။ ရှင်းလား။
ရှင်းပါတယ်။
ဟုတ်ပြီ၊ ဟုတ်ပြီ။ အဲဒီလိုဆိုလို့ရှိရင်လည်းပဲ နောက်တစ်ချက်အောင် ပြောလိုက်ရဦးမယ်ဗျ။ ဟုတ်လားဗျ။ သတိပဋ္ဌာန်လေးမျိုး မရှိဘူးလား။
ရှိပါတယ်။
ကဲ သတိပဋ္ဌာန်လေးမျိုးဆို နည်းနည်းလျှော့အောင်လို့ ပြောရဦးမယ်ဗျာ။ ဟုတ်လား။ သတိပဋ္ဌာန်လေးမျိုးဆိုတော့ တို့ရေ၊ ဉာဏ်ထက်ပြီး လောဘများမယ်ဆို ဝေဒနာနုပဿနာရှုရမယ်တဲ့။ ဉာဏ်ထက်ပြီးတော့ လောဘနည်းမယ်ဆိုရင် ဓမ္မာနုပဿနာရှုရမယ်လို့ ဒီလိုဆိုတာရှိတယ်။ ဟုတ်လားဗျ။ အဲဒီလို မရှိဘူးလား။ ကိုင်း၊ အဲဒီလိုတော့ ပြောချလိုက်ပြီပေါ့ဗျာ။ နက်ဖြန်ကျလို့ရှိရင် ကိုယ်တော်တို့ ခန္ဓာငါးပါးနဲ့ သတိပဋ္ဌာန်လေးပါးတွဲမယ်၊ လက္ခဏာရေးနဲ့တွဲမယ်ပေါ့။ ခန္ဓာငါးပါးကို အဲဒါ လက္ခဏာရေးသုံးပါးကို၊ လက္ခဏာရေးသုံးပါးကို မူထားမယ်။ လက္ခဏာရေး ဘယ်နှစ်ပါးပါလိမ့်။
သုံးပါး။
သုံးပါးလား၊ လေးပါးလား။
သုံးပါးပါ။
ဒီတော့ ဘာပြောသွားတာလဲ။
သုံးပါး။
သုံးပါးဆို သုံးပါးပေါ့ဗျာ။ ဟုတ်လား။ သတိပဋ္ဌာန်က ၄ ပါး၊ ခန္ဓာက ၅ ပါး။ ကဲ အဲဒီက အကြောင်းအရာတွေကိုတော့ ကိုယ်တော်တို့ရေ၊ နက်ဖြန်ကျမှ ပြောမယ်ပေါ့ဗျာ။ ဒီနေ့ ကိုယ်တော်တို့ ကုသိုလ်ရှင်တွေအတွက် ကိုယ်တော်တို့ နောက်က စောင့်မျှော်နေကြတာရှိတယ်။ ဟုတ်လား။ ကိုင်း၊ ဒါကြောင့် ကိုယ်တော်တို့ နက်ဖြန်ကျလို့ရှိရင်တော့ ကိုယ်တော်တို့ မရမနေ၊ အခု နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်၊ ငါးကြိမ် ပြောခဲ့ပြီနော်။ ကိုယ်တော်တို့ မရရင် ဘယ်သူ့အပြစ်တုန်း။
ကိုယ့်အပြစ်။
ကိုင်း၊ ဟုတ်ပြီ။ ကိုယ့်အပြစ်ကိုယ်သိ၊ ကိုယ့်ဘဝကိုယ်နားလည်၊ ကိုယ့်တာဝန်ကိုယ်သိ။ ဟုတ်လားဗျာ။ ကိုင်း၊ ဒီကနေ့တော့ ဒီမျှနဲ့ပဲ နားကြဦးစို့။
Built with Potion.so