၂၀ - ပဋ္ဌာန်းစာဝါ
၂၀ - ပဋ္ဌာန်းစာဝါ

၂၀ - ပဋ္ဌာန်းစာဝါ

Multi-select

သတ်ပုံစစ်ဆေးပြီးသည့် စာသား
အောက်တွင် မူရင်းစာသားကို သတ်ပုံ၊ ပုဒ်ဖြတ်ပုဒ်ရပ်နှင့် အထားအသို မှန်ကန်အောင် ပြင်ဆင်ပေးထားပါသည်။ ဤစာသားသည် ဗုဒ္ဓဘာသာ အဘိဓမ္မာတရားတော်မှ ဝိရတိသုံးပါးအကြောင်းကို ဇာတ်ဝတ္ထုများဖြင့် ရှင်းလင်းဟောကြားထားခြင်း ဖြစ်သောကြောင့် ပါဠိစကားလုံးများ၊ အမည်နာမများနှင့် အသုံးအနှုန်းများကို အထူးဂရုပြု၍ တည်းဖြတ်ထားပါသည်။

၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက်၊ ၂၀၁၁ ခု၊ အောက်တိုဘာလ ၆ ရက်၊ ကြာသပတေးနေ့။
ပြီးခဲ့တဲ့ အာရမ္မဏပစ္စည်း ပို့ချလိုက်တဲ့အခါ အရှင်ဘုရားတို့ကို သုဒ္ဓသင်္ချာတွေ ကျက်ဖို့လိုကြောင်း၊ သုဒ္ဓသင်္ချာတွေကိုယ်စီကိုယ်စီ ရနိုင်ဖို့လိုကြောင်း ပြောခဲ့ပြီ။ နောက် ပါဠိတော်တွေဆိုလို့ရှိရင်လည်း ကိုယ်စီကိုယ်စီရနိုင်ဖို့လိုကြောင်း၊ ကိုယ်စီကိုယ်စီရနိုင်ဖို့ ပြောခဲ့ဖူးလား။
ပြောခဲ့ပါတယ်။
ပြောခဲ့ပြီ။ လည်းသင့်နေပြီ မဟုတ်လား။
သင့်ပါတယ်။
သင့်နေပြီပေါ့။ ဥစ္စာတွေက အလွန်တရာမှ ကောင်းတဲ့တရားတွေဖြစ်လို့ အလွန့်အလွန်ကိုပဲ ရသင့်တဲ့တရားတွေဖြစ်တယ်။ ကိုင်း ဒါကြောင့် ကိုယ်တော်တို့ရဲ့ အခု စာမျက်နှာ ၁၄ က သုဒ္ဓသင်္ချာတွေကို ဆိုကြရအောင်။ အဲ့ဒီသုဒ္ဓသင်္ချာ ခြောက်ခုကို တစ်ခါတည်း တစ်ခေါက်စီ ဟောကြည့်ရအောင်ပေါ့။ ဆိုသွားအောင်ဗျ။ ကိုင်း ကိုယ်တော်တို့ရေ သုဒ္ဓသင်္ချာတော့ ဟောပြီဆိုရင်တော့ အဲ့တော့ ကိုယ်တော်တို့ အဓိပ္ပာယ်လေးတွေ နည်းနည်းလေးစီ ပြောပြီးတော့မှ ကိုယ်တော်တို့က ဟောလိုက်၊ တပည့်တော်က ပြောလိုက်ပေါ့ဗျာ။ ဟုတ်လား။ ကိုင်း ဒါကြောင့်မို့လို့ စာမျက်နှာ ၂၀ ကိုလည်းသွားရမယ်၊ စာမျက်နှာ ၉၈ ကိုလည်း သွားမယ်ပေါ့။ အဲ့ဒီက ဒါနံ ဒတွာ၊ သီလံ သမာဒိယိတွာ။ သီလဆိုတာကလည်း သီလအမျိုးမျိုး။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ အဓိပ္ပာယ်လေးတွေ နည်းနည်းပြောရအောင်ပေါ့။ စာမျက်နှာ ၉၈ ကို လှမ်းကြည့်လိုက်မယ်ဆိုလို့ရှိရင် အာရမ္မဏပစ္စည်း၌ ဝိရတိသုံးမျိုး တွေ့လား။ အဲ့ဒီမှာဆိုလို့ရှိရင် သမ္ပတ္တဝိရတိတဲ့။ တစ်စုံတစ်ယောက်သောသူ၏အထံ၌ မဆောက်တည်မူ၍ မိမိအလိုလို ပါဏာတိပါတ အစရှိသည်မှ ရှောင်ကြဉ်ခြင်း။ အဲ့ဒါကို သမ္ပတ္တဝိရတိလို့ခေါ်တယ်။ သမာဒါနဝိရတိဆိုတာက တစ်စုံတစ်ယောက်သောသူ၏အထံ၌ ဆောက်တည်၍ ရှောင်ကြဉ်ခြင်း။ နောက် သမုစ္ဆေဒဝိရတိဆိုတာက မဂ်ဖြင့် ကိလေသာတို့ကို အကြွင်းမဲ့ဖြတ်သောအားဖြင့် ရှောင်ကြဉ်ခြင်းလို့ ဆိုလိုတယ်တဲ့။ ဒါကို နောက်မှ အကျယ်ချဲ့ပြောရမယ်။ ဟိုဘက်ကို ဆက်သွားဦးမယ်။
သီလံ သမာဒိယိတွာ၌ ပဉ္စင်္ဂိက၊ ဒသင်္ဂိကသီလ အစရှိသည်တို့၏ စွမ်းအားဖြင့်ဖြစ်သော နိစ္စသီလကို ယူရမည်။ ဤသည် သမာဒါနဝိရတိကိုသာ တိုက်ရိုက်ညွှန်ပြသည်။ သမ္ပတ္တဝိရတိနှင့် သမုစ္ဆေဒဝိရတိတို့ကို လောက၌ သီလဟူ၍ မထင်ရှားသောကြောင့် တိုက်ရိုက်မဟောပါ။ ထိုသို့မဟောသော်လည်းပဲ ၎င်းဝိရတိနှစ်မျိုးသည် အာရမ္မဏပစ္စည်း၌ သင်္ဂြိုဟ်ဝင်... ဘာလိမ့်။
ဖြစ်ကုန်၏။
ဖြစ်ကုန်၏။ နောက် ၂၀၀၀ ပြည့်နှစ်ကမေးတဲ့ မေးခွန်းကြည့်လိုက်။ "သီလံ သမာဒိယိတွာ၌ ယူရမည့် ဝိရတိကို အကြောင်းပြည့်စုံစွာပြပါ" တဲ့။ သမာဒါနဝိရတိကိုသာ လောက၌ သီလဟူ၍ ထင်ရှားသောကြောင့် ယူရပါသည်။ ဤသည် ခုနက အထက်ကောက်စာနဲ့ လောက၌ သီလဟူ၍ မထင်ရှားသောကြောင့် တိုက်ရိုက်မဟောဘူးလို့ ဆိုလိုတာ ဟုတ်တယ်မဟုတ်လား။ အဲ့တော့ ဒီအကြောင်းအရာကို အရှင်ဘုရားတို့ရဲ့ ရန်ကုန်တိုင်းမှာပဲ ခုနက ၂၀၀၀ ပြည့်နှစ်က တစ်ယောက်ကလေးမှန်တဲ့ပုဂ္ဂိုလ် မရှိဘူး။ ဘာလို့လဲဆိုတော့ စာပေယူဆပုံ၊ စာသွားစာလာကို မသိဘူးဖြစ်နေတယ်ပေါ့။ ဟုတ်လားဗျ။ စာသွားစာလာကို ဘယ်လိုဉာဏ်ကွန့်မြူးရမယ်ဆိုတဲ့အကြောင်းကို မသိဘူး။ အဲ့ဒါကြောင့်မို့လို့ ခုနက သမ္ပတ္တဝိရတိ၊ သမာဒါနဝိရတိ၊ သမုစ္ဆေဒဝိရတိကို နည်းနည်းလေးစီ ချဲ့ပြောရအောင်ပေါ့။
သမ္ပတ္တဝိရတိဆိုတာက ခုနကပြောခဲ့ပြီ။ တစ်စုံတစ်ယောက်သောသူ၏အထံ၌ မဆောက်တည်ဘဲ မိမိအလိုလို ပါဏာတိပါတ အစရှိသည်ဖြင့် ရှောင်ကြဉ်တဲ့ပုဂ္ဂိုလ်တဲ့။ အဲ့တော့ ကိုယ်တော်တို့ အဋ္ဌကထာတို့၊ ကျန်တဲ့ကျမ်းတွေမှာပေါ့။ ညီအစ်ကိုနှစ်ယောက်ရှိတဲ့ စက္ကနလို့ ညီအစ်ကိုနှစ်ယောက်လို့ပြောတယ်။ ဘယ်သူပါလိမ့်ဗျ။ စက္ကန။ (ဟိုဘက်က ကားကြီး 'က'၊ နှလုံးဆင့် 'က'၊ 'န' ပေါ့။) စက္ကနတဲ့။ သူ့အမေကြီးက၊ အမေဖြစ်တဲ့ပုဂ္ဂိုလ်က နေမကောင်းဘူးဖြစ်နေတယ်။ အဲ့တော့ ရှေးဆရာ၊ ဆေးဆရာကလည်းပဲ လတ်လတ်ဆတ်ဆတ် ယုန်၏အသားကိုစားရမှ ဒီအမေကြီး ကျန်းမာလိမ့်မယ်လို့ ပြောလိုက်တယ်။ အစ်ကိုဖြစ်တဲ့ပုဂ္ဂိုလ်က ညီငယ်စက္ကနကို ခိုင်းတယ်။ "ညီငယ်စက္ကနရေ၊ အမေ့ရဲ့ရောဂါကတော့ဖြင့် တကယ်ကိုပဲ လတ်လတ်ဆတ်ဆတ် ယုန်ရဲ့အသားကိုစားရမှ ကျန်းမာမှာဖြစ်တယ်။ ဒါကြောင့် မင်း တောထဲမှာ ယုန်သွားရှာချေ" လို့ ခိုင်းလိုက်တယ်ပေါ့။ တောထဲရောက်တော့လည်းပဲ စက္ကနက နွယ်ကြိုးငြိနေတဲ့ ယုန်ကလေးတစ်ကောင်ကို တွေ့လိုက်တယ်။ လက်ဖြင့် ဖမ်းမိသွားပြီ။ အဲ့ လက်ဖြင့်ဖမ်းမိသွားပြီဆိုကတည်းကပဲ အဲ့ယုန်ကလေးဆိုတာ၊ ယုန်က အလွန်တရာ ကြောက်တတ်တဲ့သတ္တဝါကိုးဗျ။ ယုန်ဆိုတာ ဂြိုဟ်လည်းမပါဘူးလား။
ပါတယ်။
ဂြိုဟ်လည်းပဲ ဘာမှန်းတုံ့မပြန်တဲ့သတ္တဝါ။ အဲ့သတ္တဝါပဲ အလွန်သနားစရာကောင်းတာ။ အဲ့ဒါ ကြည့်စမ်းပါဦး။ သူ့မျက်လုံးလေးကလည်း ကြောင်ကြောင်၊ နားရွက်ကလေးကလည်း ထောင်ထောင်နဲ့။ သူ့မြင်တာနဲ့ ကိုယ့်မှာ သနားစိတ်က ပေါက်မနေဘူးလား။ ဟုတ်လားဗျ။ မျက်လုံးလေးကလည်း ဘာလိမ့်။
ကြောင်ကြောင်။ နားရွက်ကလေးကလည်း။
ထောင်ထောင်။ ဆိုတော့ သနားစရာမကောင်းဘူးလား။ သနားစရာကောင်းတဲ့အပေါ်မှာ အဲ့ဒါ ယုန်ကလေးလည်း လက်ထဲလည်းရောက်ရော စက္ကနက အမေအိုကြီးကျန်းမာဖို့အတွက် သတ်တော့မယ်လို့ ကြည့်လိုက်တဲ့အခါမှာ ခုနက မျက်လုံးကြောင်ကြောင်၊ နားရွက်ကလေးက ထောင်ထောင်ဖြစ်တဲ့ ယုန်လေးကိုမြင်လိုက်တော့ သတ်ချင်တဲ့စိတ်တွေ ပျောက်သွားခဲ့တယ်။ စဉ်းစားကြည့်လိုက်တယ်။ "တစ်သက်တာကာလပတ်လုံးလည်း ငါလည်း သူများအသက်ကို မသတ်ဖူးဘူး။ အဲ့လိုဆိုတော့ သူများအသက်သေမှ ငါ့အမေရဲ့အသက် ချမ်းသာမယ်ဆိုရင်လည်း သဘာဝမကျသေးဘူး" လို့ ဆိုပြီး တွေးမိသွားတာ။ ဘယ်သူတွေးမိသွားတာလဲ။
စက္ကန။
စက္ကန တွေးမိသွားတယ်။ စက္ကန တွေးမိသွားတော့ အဲ့တော့မှ "ကိုင်း ယုန်လေးရေ၊ မင်းလည်းပဲ ရေကြည်ရာ မြက်နုရာ၊ အပေါင်းအဖော်တွေနဲ့ သွားပြီးတော့ စားချေကွာ" ဆိုပြီးတော့ သူကနေပြီးတော့ အသာအယာ လွှတ်ပေးလိုက်တယ်။ အိမ်ပြန်လာခဲ့တယ်ပေါ့။ အိမ်ပြန်လာပြီဆိုတော့ စက္ကနကို မြင်လိုက်ပြီဆိုကတည်းကိုပဲ သူ့အစ်ကိုကြီးဖြစ်တဲ့ပုဂ္ဂိုလ်က "ဟဲ့ ညီငယ်စက္ကန၊ လတ်လတ်ဆတ်ဆတ် ယုန်ရခဲ့ရဲ့လားကွ" ပေါ့လေ။ အဲ့ဒါနဲ့ မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နဲ့ အဲ့ဒါ သူ့အစ်ကိုကြီးကိုလည်း ကြောက်ကြောက်လန့်လန့်နဲ့ "အစ်ကိုကြီး ကျွန်တော်တောင်းပန်ပါရစေ။ ကျွန်တော်ပြောတာ နားထောင်ကြည့်စမ်းပါဦး" ပေါ့။ ဒါ အကျိုးအကြောင်းပြောပြလိုက်တယ်။ "ဒါကြောင့် ယုန်ကလေးကလည်း အလွန်တရာ သနားစရာကောင်းတယ်။ သူများအသက်သေမှ အမေအသက်ချမ်းသာမယ်ဆိုရင်လည်း သဘာဝမကျသေးဘူးလို့ ကျွန်တော်ယူဆတာနဲ့ အဲ့ဒါနဲ့ ကျွန်တော်ဟာလည်း ယုန်ကလေးကို လွှတ်ခဲ့ပါတယ်" တဲ့။ အဲ့တော့ ဒီစက္ကနဟာ အရှင်ဘုရားတို့၊ တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်ထံမှာ ဒါ ပါဏာတိပါတသီလ ယူထားတာ ဟုတ်ရဲ့လား။
မဟုတ်ပါဘူး။ မဟုတ်ဘူး။ ဒါ သမ္ပတ္တဝိရတိ။ မိမိထံ ပေါက်ရောက်လာတဲ့ အကုသိုလ်ဒုစရိုက်ကို မပြုကျင့်ဘဲနဲ့ ရှောင်ကြဉ်လိုက်တာလည်း ဘာဝိရတိလဲ။
သမ္ပတ္တဝိရတိ။
သမ္ပတ္တဝိရတိဗျ။ အဲ့တော့လည်းပဲ သူကနေပြီးတော့ သူ့အကြောင်းပြချက်တွေကလည်း ကောင်းတာနဲ့ သူ့အစ်ကိုကြီးကလည်း ဒေါသမထွက်တော့ပါဘူး။ အဲ့တော့မှ သူ့အမေဆီသွားပြီးတော့ သူကလည်း "တစ်သက်တာကာလပတ်လုံးတဲ့ဗျ၊ နာဟံ အဘိဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ" ဆိုပြီးတော့ "မွေးဖွားသည်မှစပြီးတော့ သူများရဲ့အသက်ကို သတ်ရကောင်းမှန်း မသိခဲ့ပါဘူး၊ မသတ်ခဲ့ပါဘူး။ ဤသစ္စာစကား မှန်ကန်မယ်ဆိုလို့ရှိရင် အမေ့ရဲ့ရောဂါဝေဒနာတွေက ချက်ချင်းပျောက်ကင်း၍ ကျန်းမာချမ်းသာပါစေ" လို့ အဓိဋ္ဌာန်ပြုလိုက်တာနဲ့၊ သစ္စာဆိုလိုက်တာနဲ့ပဲ သူ့အမေရဲ့ရောဂါလည်းပဲ ပျောက်ကင်းသွားခဲ့တယ်တဲ့။ အဲ့ဒါက ဘာဝိရတိပါလိမ့်။
သမ္ပတ္တဝိရတိ။
သမ္ပတ္တဝိရတိ။ နောက် သမာဒါနဝိရတိတဲ့။ သမာဒါနဝိရတိဆိုတာကတော့ သံဃာတော်မြတ်ထံသို့မဟုတ် တစ်စုံတစ်ယောက်သောသူ၏ထံမှာ ဆောက်တည်တဲ့ဝိရတိ။ ကိုယ်တော်တို့ ဥပုသ်နေ့တိုင်း သီလပေးရတယ်မဟုတ်ဘူးလား။ ဟုတ်လားဗျ။ ဆိုပါဦး။ ဝမ်းသာပါတယ် ဟုတ်လား။ ဥပုသ်နေ့တိုင်း ကိုယ်တော်တို့ သီလပေးရတယ်ဆိုတော့ အဲ့ဒီက ဥပုသ်နေ့ သီလယူတဲ့ပုဂ္ဂိုလ်တွေက အဲ့ဒါ အရှင်ဘုရားတို့ထံမှာ သီလဆောက်တည်တယ်မဟုတ်ဘူးလား။ "အာမ ဘန္တေ" ဆိုပြီးတော့။ ဟုတ်လားဗျ။ အဲ့လိုပဲ သီဟိုဠ်ကျွန်းမှာ ဥတ္တရဝဍ္ဎမာနတောင်မှာ သီတင်းသုံးနေတဲ့ မထေရ်ရဲ့ထံမှာဆိုလို့ရှိရင် လယ်သမားတစ်ယောက်ကနေပြီးတော့ အဲ့ဒီက တောင်စောင်းကျောင်းပေါ့ဗျာ၊ တောင်ကျောင်းမှာနေတဲ့ ဆရာတော်ထံမှာ သီလဆောက်တည်တယ်။ သီလဆောက်တည်ပြီးတော့မှ လယ်ထွန်တယ်ပေါ့။ လယ်ထွန်တော့ အဲ့ဒါ နေ့ခင်း မွန်းတည့်လောက်ကျတော့ ခဏ နွားတွေလည်းနား၊ လူတွေလည်းနားပြီးတော့ အိပ်လိုက်တဲ့အချိန်အခါမှာ နွားတွေက ပျောက်သွားသတဲ့။ တောင်ပေါ်ကို တက်ရှာတာ။ တက်ရှာရင်း တက်ရှာရင်းနဲ့ အဲ့ဒါနဲ့ နောက်တော့ စပါးကြီးမြွေကြီးက သူ့ကိုစားမယ်ဆိုပြီးတော့ လူကို ရစ်ပတ်လိုက်ပြီပေါ့ဗျာ။ လူကို ရစ်ပတ်လိုက်ပြီဆိုတော့ အဲ့ဒါလည်း သူ့လက်ထဲမှာလည်းပဲ လှံသွားထက်ထက်ပါတယ်၊ ဘာလဲ။
အလွန်တရာထက်နေတဲ့ လှံသွားထက်ထက်ပါတယ်။ သူ့ကို ရစ်ပတ်လိုက်တာ၊ သူ့ရှေ့ကို တစ်ခါတည်း ရစ်ပတ်ရင်းနဲ့ သူ့ရှေ့ကို လည်ပင်းက အလိုက်သင့်ရောက်လာပေါ့။ အလိုက်သင့်ရောက်လာတော့ "အဲဒါ ငါ့ကိုပတ်တဲ့မြွေတော့ကွာ" ဆိုပြီးတော့ အဲ့ဒီကလယ်သမားကနေပြီးတော့ အဲ့ဒီကမြွေရဲ့လည်ပင်းကို လှံသွားနဲ့ တစ်ခါတည်း ဘာလဲ၊ ထိုးလိုက်မယ်၊ ဖြတ်လိုက်မယ်လို့ စိတ်ကူးလိုက်တာ။ အဲ့ဒီအချိန်အခါမှာပဲ လက်က ရုတ်တရက်တွန့်ပြီးတော့ "ငါ ဒီနေ့ ဆရာတော်ထံမှာ သီလဆောက်တည်ထားတာ၊ ပါဏာတိပါတကံ ကျူးလွန်မိရင် မသင့်တော်ပေဘူး" ဆိုပြီးတော့ အဲ့ဒါနဲ့တင် သူကနေပြီးတော့ "ကိုင်း မြွေ၊ ကိုက်လို့ရှိရင်လည်း ကိုက်၊ မင်း ပတ်ပြီးတော့ စားချင်ရင်လည်း ငါ့ကို စားချင်စားပေတော့" ဆိုပြီးတော့မှ အဲ့ဒါနဲ့ လှံသွားကို တောင်အောက်ကို လွှတ်ကနဲ လှမ်းပစ်ချလိုက်တာ။ ဟုတ်လားဗျာ။ အဲ့တုန်းက သူကလည်းပဲ ဒေါသမရှိတော့ဘူးဆိုပါတော့၊ မြွေကြီးကလည်း လွတ်သွားတယ်ပေါ့ဗျာ။ အဲ့ဒီကဝတ္ထုမျိုးကို ဘာဝိရတိလဲ။
သမာဒါနဝိရတိ။
သမာဒါနဝိရတိလို့ခေါ်တယ်တဲ့ဗျာ။ နောက် သမုစ္ဆေဒဝိရတိ။ သမုစ္ဆေဒဝိရတိဆိုတာကတော့ မဂ်ဖိုလ်ရသွားတဲ့ပုဂ္ဂိုလ်တွေပေါ့။ သောတာပတ္တိမဂ်ဖိုလ်ရသွားတဲ့ပုဂ္ဂိုလ်တွေမှာဆိုလို့ရှိရင် အလိုအလျောက် ရှောင်ကြဉ်ပြီးသားဖြစ်နေပြီ။ သူများအသက်ကို မသတ်တော့ဘူး၊ သူများဥစ္စာကို မခိုးတော့ဘူး။ ဒါလေး နည်းနည်းလေး ပါးပါးလေးတစ်ခုလောက် ပြောကြရအောင်ပေါ့။ အဲ့တော့ အရက်နဲ့ရေနဲ့ရောပြီးတော့ တိုက်ရင်တောင်မှပဲ ရေသာဝင်သွားမယ်တဲ့၊ အရက်ကတော့ ဝင်မှာမဟုတ်ဘူးတဲ့ဗျ။ ဟုတ်လား။ ကိုယ်တော်တို့ကို သွားမတိုက်နဲ့နော်။ ဟုတ်လား။ အကုန်လုံး မူးကုန်ကြဦးမှာ။ ဟုတ်လား။ အဲ့တော့ ခိုးသုတ္တန်ဆိုလို့ရှိရင် ကြည့်လိုက်လေ။ အရှင်ဘုရားတို့ ဟုတ်လားဗျ။ တိုက်တွန်းရမယ့်ပုဂ္ဂိုလ်။ အဲ့တော့ ခိုးသုတ္တန်တို့၊ သာမာဝတီတို့ ကျောင်းကလည်း အရှင်တို့ အလွန်တရာမှ ဇာတ်လမ်းကောင်းတယ်ဗျ။ ဟုတ်လားဗျ။ သူတို့အရပ်ဒေသတွေ ရောဂါဝေဒနာတွေစွဲကပ်လို့၊ ကပ်ကြီးတွေ၊ ဒုဗ္ဘိက္ခန္တရကပ်တွေ ဆိုက်ရောက်လို့ ကောသမ္ဘီပြည်ကို ပြေးသွားရတာ။ စားစရာသောက်စရာလည်း ပါမလာဘူးဆိုတော့။ သာမာဝတီဆိုတာ အရှင်ဘုရားတို့ အလွန်တရာ ချောမောလှပနေတာ။ အရပ်ကလည်း သွယ်သွယ်၊ မောင်းကလည်း ရှည်ရှည်၊ ပြစ်မျိုးမှည့်မထင်။ ဟုတ်လား။ တွေ့တယ်မဟုတ်လား။
မှန်ပါ။

အဓိက ပြင်ဆင်မှုများနှင့် မှတ်ချက်များ

  • ရက်စွဲနှင့် အကြောင်းအရာ: စာသားအစတွင် ပါရှိသော ရက်စွဲကို ပိုမိုရှင်းလင်းစွာ ဖော်ပြပေးထားပါသည်။
  • ပါဠိစာလုံးပေါင်း: "သမ္ဗုဒိတိ" ကို "သမ္ပတ္တဝိရတိ"၊ "သမာဓာနဝိတိတိ" ကို "သမာဒါနဝိရတိ"၊ "သမုစ္စေဒဝိတိတိ" ကို "သမုစ္ဆေဒဝိရတိ" ဟု အဘိဓမ္မာအသုံးအနှုန်းနှင့်အညီ ပြင်ဆေပေးထားပါသည်။ စက္ကန၏ သစ္စာဆိုခန်းမှ ပါဠိကိုလည်း "နာဟံ အဘိဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ" ဟု ပြင်ဆင်ပေးထားပါသည်။
  • အမည်နာမများ: "စက္ကဏ" ကို "စက္ကန"၊ "သီရိုချွန်း" ကို "သီဟိုဠ်ကျွန်း"၊ "ဥတ္တဝုဒ္ဓမာနပတ္တတောင်" ကို "ဥတ္တရဝဍ္ဎမာနတောင်" ဟု ပြင်ဆင်ပေးထားပါသည်။
  • စကားပြောဟန်: ဟောပြောသူ၏ စကားပြောဟန်အတိုင်း သဘာဝကျစေရန် ပုဒ်ဖြတ်ပုဒ်ရပ်များဖြင့် ပိုမိုရှင်းလင်းစေပါသည်။ အထူးသဖြင့် ဇာတ်လမ်းများပြောပြသည့် အပိုင်းများကို ပိုမိုပေါ်လွင်အောင် တည်းဖြတ်ထားပါသည်။
  • အကြောင်းအရာ ရှင်းလင်းမှု: ဝိရတိသုံးမျိုး၏ အဓိပ္ပာယ်နှင့် ဥပမာဇာတ်လမ်းများကို ရှင်းလင်းစွာ ခွဲခြားနားလည်နိုင်ရန် စာပိုဒ်များ ခွဲပေးထားပါသည်။
ဤတည်းဖြတ်မှုသည် တရားတော်နှင့် ဇာတ်လမ်းအကြောင်းအရာများ၏ အဓိပ္ပာယ်ကို မပျက်စေဘဲ ဖတ်ရှုရလွယ်ကူစေရန် ရည်ရွယ်ပါသည်။


သတ်ပုံစစ်ဆေးပြီးသည့် စာသား
အောက်တွင် မူရင်းစာသားကို သတ်ပုံ၊ ပုဒ်ဖြတ်ပုဒ်ရပ်နှင့် အထားအသို မှန်ကန်အောင် ပြင်ဆင်ပေးထားပါသည်။ ဤစာသားသည် ဗုဒ္ဓဘာသာ အဘိဓမ္မာတရားတော်မှ ဝိရတိသုံးပါးအကြောင်းကို ဇာတ်ဝတ္ထုများဖြင့် ရှင်းလင်းဟောကြားထားခြင်း ဖြစ်သောကြောင့် ပါဠိစကားလုံးများ၊ အမည်နာမများနှင့် အသုံးအနှုန်းများကို အထူးဂရုပြု၍ တည်းဖြတ်ထားပါသည်။

အေး အဲ့လိုမှန်းကြည့်လိုက်ပေါ့ဗျာ။ အဲ့တော့ ခိုးသုတ္တရာကလည်းပဲ ဂေါသကသူဌေးကြီးရဲ့ အလုပ်သမားတစ်ယောက်။ ဂေါသကသူဌေးကလည်းပဲ စားရမဲ့သောက်ရမဲ့ ပုဂ္ဂိုလ်တွေကို ထမင်းရုံနဲ့ ကျွေးမွေးနေတာပေါ့ဗျာ။ ထမင်းရုံစောင့်တဲ့ပုဂ္ဂိုလ်ကြီးဆီမှာ သာမာဝတီက သွားပြီးတော့ သုံးယောက်စာ သွားတောင်းရတာဗျ။ ထမင်းသွားတောင်းရတာ။ ကိုယ်တော်တို့ အခု ရန်ကုန်ကျောင်းတိုက်ထဲမှာလည်းပဲ လာတောင်းတဲ့ပုဂ္ဂိုလ်တွေ မရှိဘူးလား။
ရှိပါတယ်။
အဲ့လိုပဲ။ အဲ့လိုပဲ။ ဟိုမှာလည်းပဲ ထမင်းရုံစောင့်ပုဂ္ဂိုလ်ကြီးဆီ သွားပြီးတော့ "ဦးရယ် စားစရာပေးပါ" ဆိုပြီးတော့ သွားတောင်းတယ်။ အဲ့တော့လည်းပဲ ထမင်းရုံစောင့်ပုဂ္ဂိုလ်ကြီးကလည်း လှမ်းကြည့်လိုက်တယ်။ "ကြည့်စမ်းပါဦး။ ကျန်တဲ့ပုဂ္ဂိုလ်တွေက မည်းမည်းညစ်ညစ်၊ စုတ်စုတ်ပြတ်ပြတ်။ သူကျတော့လည်းပဲ အဝတ်အစားသာနွမ်းနေတာ၊ အသားအရေလေးကလည်း ဖွေးဥနေတာပါလား" ပေါ့။ အဲ့ဒါ သူကလည်းပဲ သမီးအဖြစ်နဲ့ ချစ်နေတာဗျ၊ ထမင်းရုံစောင့်ပုဂ္ဂိုလ်ကြီးကဗျာ။ ဘယ်သူ့ကိုပါလိမ့်။ အဲ့ဒါ ထမင်းရုံစောင့်ပုဂ္ဂိုလ်ကြီးကနေပြီးတော့ အဲ့တော့မှ "ဦးရယ် ကျွန်မကို သုံးယောက်စာပေးပါ" ဆိုတော့ သာဓုခေါ်ပြီး သုံးယောက်စာ ပေးလိုက်တယ်။ ဘယ်နှယောက်စာ ပေးလိုက်တာပါလိမ့်။
သုံးယောက်။ သုံးယောက်စာ ပေးလိုက်တာ။ နောက်တစ်ခါကျလို့ရှိရင်၊ နောက်တစ်နေ့ကျတော့ နှစ်ယောက်စာပဲ ပေးလိုက်တယ်။ ဟော လုပ်လိုက်ပြီ။ မနေ့တုန်းကတော့ သုံးယောက်စာ။ အောင့်သက်သက်တော့ ဖြစ်သွားတာပေါ့။ နောက်တစ်နေ့ကျတော့ တစ်ယောက်စာပဲ ပေးတော့ ပေါက်ကွဲထွက်လာပြီး "ဟေ့ နင် လောဘကြီးလှချည်လား" ပေါ့။ "လောဘကြီးတာ မဟုတ်ပါဘူး" တဲ့။ "ကျွန်မ အမေရယ်၊ အဖေရယ် ရှိတယ်" တဲ့။ "အစဆုံးနေ့ကတော့ အဲ့ဒါ သုံးယောက်လုံးရှိတယ်ပေါ့လေ။ ပထမနေ့က အမေသေသွားတယ်။ ဒါကြောင့်မို့လို့ အဖေနဲ့ ကျွန်မအတွက်ပါ။ မနေ့ကတော့ အဖေသေသွားလို့ ဒီနေ့တော့ အဲ့ဒါ ကျွန်မတစ်ယောက်ပဲကျန်လို့ ကျွန်မတစ်ယောက်စာပဲ လာတောင်းတာပါ" လို့ သူတို့ပြောတော့မှ သူက အလွန်တရာမှကို အဲ့ဒါ သနားသွားတာပေါ့ဗျာ။ ကရုဏာ အလွန်တရာ တက်သွားပြီးတော့မှ သူက မွေးစားလိုက်တာ။ နောက်တော့ ဂေါသကသူဌေးကြီးသိသွားတာနဲ့၊ ဂေါသကသူဌေးကနေပြီးတော့ အကျိုးအကြောင်းပြောလိုက်တော့ သူ့မိတ်ဆွေရဲ့သမီးဖြစ်လို့ မွေးစားလိုက်တာ။ အလွန်တရာ ဇာတ်လမ်းကောင်းတာ အရှင်ဘုရားတို့ရေ။ အဲ့တော့ နောက်တော့ သူတို့က ဥတေနမင်းကြီးရဲ့ မိဖုရားခေါင်ကြီးဖြစ်လာတော့ အဲ့မှာ နန်းတော်ထဲပါသွားတာ။ နန်းတော်ထဲပါသွားတော့ သူကနေပြီးတော့ ပန်းတော်ဆက်တယ်ဗျ။ ပန်းဝယ်ရတာ တစ်နေ့ကို တစ်နေ့ကို သူက ရှစ်ကျပ်ဖိုး ဝယ်ခိုင်းတာ။ တစ်နေ့ ဘယ်လောက်ဖိုး ဝယ်ခိုင်းတာ။
ရှစ်ကျပ်။
ရှစ်ကျပ်ဖိုးခိုင်းတာ။ လေးကျပ်ဖိုးဝယ်တယ်။ ဟုတ်လားဗျ။ တရားရမယ့်နေ့ကျတော့ သူဟာလည်း ဒီလိုပဲ ဟို ပန်းဝယ်သွားရင်းနဲ့ ပန်းရောင်းသမားကြီးက ဘုရားအမှူးရှိသော သံဃာတော်တွေကို ဆွမ်းကျွေးနေတာကိုး။ "ဟာ နေစမ်းပါဦး ခိုးသုတ္တရာရေ၊ ကူညီလုပ်ကိုင်စမ်းပါဦး။" သူက ကူညီလုပ်ကိုင်ပြီးတော့မှ ပန်းဝယ်ဖို့ လွှတ်လိုက်တာ။ ပန်းဝယ်ဖို့ လွှတ်လိုက်ပြီးတော့ ကူညီလုပ်ကိုင်နေတာကနေ ဘုရားရှင်ရဲ့ တရားစကားတော်ကို နာကြားရတယ်။ နာကြားရတော့ သူက အဲ့ဒီက အိမ်ရှင်မိသားစုတို့ကတော့ ဘာတရားမှမရလိုက်ဘူးဗျ။ ကူညီလုပ်ကိုင်တဲ့သူက ဘာသွားရသလဲဆိုရင် ဘာရသွားလဲ။
သောတာပန်ဖြစ်သွားခဲ့တယ်။ သောတာပတ္တိဖိုလ် ရသွားခဲ့ပြီဆိုတော့ အဲ့ဒါ အခါတိုင်းလို လေးကျပ်ဖိုးပဲ ဝယ်တာ ဟုတ်သေးလား။
မဟုတ်ပါဘူး။
ဟို ရှစ်ကျပ်ဖိုးလုံး ဝယ်လိုက်ပြီ။ ပန်းတွေကလည်း မွှေးလည်းမွှေး၊ ကြိုင်လည်းကြိုင်ပြီးတော့ အထူးတစ်လည်ကြီး ပါသွားပြီပေါ့။ အဲ့တော့ သာမာဝတီကနေပြီးတော့ "ဟဲ့ ခိုးသုတ္တရာ၊ ဘယ့်နှယ့် ပန်းတွေကလည်း များလိုက်တာ။ မွှေးလိုက်တာ" ပေါ့။ အဲ့ဒါ အကျိုးအကြောင်း ပြောပြလိုက်တယ်ပေါ့ဗျာ။ သူက မလိမ်တော့ဘူး။ အရင်တုန်းက ဖြစ်ကြောင်းကုန်စင်ပါ ပြောလိုက်တယ်။ အဲ့လိုပဲပေါ့။ သူက အပြစ်တော့မယူပါဘူးဗျ။ အပြစ်ယူသေးလား။
မယူပါဘူး။
မယူပါဘူး။ အဲ့ဒါ ဥဇုဘူတဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျေကျေနပ်နပ်ပါပဲ။ အဲ့တော့ နောက်တော့ အဲ့ဒါနဲ့ မာဂဏ္ဍီမိဖုရားကနေပြီးတော့... ဇာတ်လမ်းတွေက အများကြီးပါပဲ။ မာဂဏ္ဍီမိဖုရားရဲ့ လျှောက်ထားချက်တွေ... အဲ့တော့ သူဟာလည်း မခိုးခြင်းဟာ ဘာလဲဗျ။ ခုနက ခိုးခြင်းမှရှောင်ကြဉ်သွားတာ ဘာလဲဗျ။ သမုစ္ဆေဒဝိရတိ။ ဒါ သောတာပတ္တိမဂ်နဲ့ ပယ်လိုက်တာလေ။ ဘာနဲ့ပယ်လိုက်တာပါလိမ့်။
သောတာပတ္တိမဂ်နဲ့ ပယ်လိုက်တာပေါ့။ အဲ့ဒါ အရှင်ဘုရားတို့ရေ၊ တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ကတော့ အနည်းဆုံး သောတာပန်ဖြစ်မှ ပိုကောင်းတာဗျ။ ဟုတ်လား။ အဲ့လိုမဟုတ်ဘူးဆိုရင်တော့ ဘာလဲ။ အင်း... အဲ့လိုလေး အတွေးလေးက ရှိသေးတယ်။ ဟုတ်လားဗျာ။ အဲ့ ကျန်တဲ့ပုဂ္ဂိုလ်ကတော့ ဘာဖြစ်လို့တုန်းဗျ။ အဲ့ဒါ... ဒါပေမယ့် သူတော်ကောင်းတွေကလည်း တကယ့် အရှင်ဘုရား၊ လောကကြီးထဲမှာ တကယ့်သူတော်ကောင်းတွေ ရှိတာဗျ။ အရိယာမဖြစ်ပေမဲ့လို့ အရိယာအကျင့် ကျင့်တဲ့ပုဂ္ဂိုလ်တွေ လောကမှာ မရှိဘူးလား။
ရှိပါတယ်။
အများအပြား ဒုနဲ့ဒေး။ အဲ့လိုရှိတာ။ ဟုတ်လား။ ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ ကိုယ့်အကျိုးစွန့်ပြီး အများအကျိုးလုပ်တဲ့ပုဂ္ဂိုလ်၊ အနစ်နာခံတဲ့ပုဂ္ဂိုလ်တွေက လောကမှာ အများအပြားရှိကြတယ်ဗျ။ ဒီလို အရိယာမဖြစ်သေးပေမဲ့လို့လည်းပဲ အရိယာတို့ရဲ့စရိုက်ကိုလိုက်ပြီးတော့၊ အကျင့်ကိုလိုက်ပြီးတော့ ကျင့်ကြံတဲ့ပုဂ္ဂိုလ်တွေ လောကမှာ အများအပြားရှိကြတယ်ပေါ့ဗျာ။
ဒါကြောင့် နောက်တစ်ချိန်မှာ ခိုးသုတ္တရာဟာလည်း ဗဟုသုတအရာမှာ ဧတဒဂ်၊ ဓမ္မကထိက ဣတ္ထိယောအရာမှာ ဧတဒဂ်ကို ရပြီးတဲ့နောက် သူဟာလည်း သာမာဝတီရဲ့ ဂုဏ်နဲ့စကားတွေကြောင့် ဥတေနမင်းကြီးကလည်း ဟိုနားယောင် ဒီနားယောင်နဲ့ နောက်ဆုံးပိတ် သာမာဝတီတို့ဟာလည်း ရှင်အာနန္ဒာဆီလည်း တရားဟောခွင့်မရဘူး၊ တရားနာခွင့်မရတော့ဘူး၊ ဘုရားဆီလည်း တရားနာခွင့်မရတော့ဘူးပေါ့ဗျာ။ အဲ့ဒီအချိန်မှာ အဲ့ဒီမှာ ကောသမ္ဘီပြည်က ကျောင်းသုံးကျောင်းရှိတယ်ဗျ။ ဟုတ်လားဗျ။ ဂေါသိတာရုံကျောင်းရယ်၊ ကုက္ကုဋာရုံကျောင်းရယ်၊ ပါဝါရိကာရုံကျောင်းဆိုပြီးတော့ သူဌေးသုံးယောက်နာမည်ကို မှည့်ပြီးတော့ အဲ့လိုပဲ ထားတာပေါ့ဗျာ။ အခု တကယ်လို့ ဗုဒ္ဓဂယာသွားကြမယ်ဆိုလို့ရှိရင်လည်း အဲ့ဒီကောသမ္ဘီပြည်ထိအောင် ကိုယ်တော်တို့ အရောက်သွားခဲ့ကြောင်း၊ အရောက်လှမ်းခဲ့ကြောင်းပေါ့။ ကောသမ္ဘီက ဂေါသိတာရုံကျောင်းနေရာကတော့ အရှင်ဘုရားတို့ အလွန်သာယာတာပေါ့ဗျာ။ အဲ့ဒါ မြောက်ဘက်ကလည်းပဲ ယမုနာမြစ်ပေါ့။ ခြောက်ဖာလုံ၊ ခုနစ်ဖာလုံလောက် နီးတယ်ပေါ့။ အရှေ့ဘက်ကလည်းပဲ ဂင်္ဂါမြစ်နဲ့ တစ်မိုင်လောက်ရှိတယ်။ အဲ့ဒီမြစ်နှစ်စင်းရဲ့ အစပ်နားလေးမှာဆိုတော့ အရှင်ဘုရားတို့ တကယ့် နွေရာသီမှာဆိုရင်လည်း လေညင်းခံလို့ကောင်းတယ်ပေါ့ဗျာ။ တကယ်လို့ သစ်ပင်ပန်းမန်တွေသာ စိမ်းလန်းစိုပြေနေမယ်ဆိုလို့ရှိရင်တော့လည်းပဲ အရှင်ဘုရားတို့ အလွန်သာယာတဲ့ နေရာလေးတစ်ခုဖြစ်လိမ့်မယ်ပေါ့။ အဲ့ဒီနေရာ ဂေါသိတသူဌေးကြီးကနေပြီးတော့ ဆောက်လုပ်လှူဒါန်းထားတဲ့နေရာပေါ့ဗျာ။ အဲ့တော့လည်းပဲ ခုနက ခိုးသုတ္တရာတဲ့။ သူတစ်ယောက်ဟောလိုက်တာ။ အရင်ပြောဖူးတယ်။ သုတ္တန်မှာ ဘယ်လောက်။
နှစ်ဆယ့်တစ်သုတ်။
နှစ်ဆယ့်တစ်သုတ်ရှိတယ်တဲ့။ ဒါတွေက ပါဠိတော်ကြီးဆိုတာ အဲ့လိုဖြစ်ပေါ်လာတာဗျ။ ဟုတ်လား။ ဣတိဝုတ္တကပါဠိတော်ကြီးဆိုတာက ဘယ်သူဟောခဲ့တာလဲ။
ခိုးသုတ္တရာ။
ပြန်လည်ဟောကြားခဲ့တာဖြစ်တယ်လို့ ဒီလိုမှတ်။ ဒါကြောင့် အရှင်ဘုရားတို့ အဲ့ဒါကြောင့်မို့လို့ သမ္ပတ္တဝိရတိ၊ သမာဒါနဝိရတိ၊ သမုစ္ဆေဒဝိရတိတို့ဆိုတာ အဲ့ဒီလို အဲ့သလို ဘာလဲ၊ သိရလိမ့်မယ်လို့ သဘောပေါက်ပေါ့။ ဟုတ်လားဟေ့။ အဲ့လိုသဘောပေါက်ရလိမ့်မယ်။ အဲ့တော့ အရှင်ဘုရားတို့ အခု ဒါတွေက ပဋ္ဌာန်းတရားဆိုတာ အကျဉ်းချုပ်ဟောထားတာကို တချို့ ဒါ ချဲ့လိုက်မယ်ဆို အများကြီး ထွက်မလာဘူးလား။ ထွက်လာခဲ့တယ်။ ထွက်လာမယ်ပေါ့ဗျာ။ အဲ့ကျတော့လည်းပဲ ဥပေါသထကမ္မံ ကတွာ တံ ပစ္စဝေက္ခတိ။ ဥပေါသထကံ။ ဥပုသ်သီလကိုလည်းပဲတဲ့။ အဲ့တော့ ညွှန်းလိုက်တော့မယ်။ ဒီဥစ္စာတော့။ ဣတိဝုတ္တက။ ဣတိဝုတ္တကဆိုတော့ အင်္ဂုတ္တရနိကာယ် အဋ္ဌကထာ။ ဒီမယ် သံခေပဥပေါသထသုတ်၊ ဝိသာခူပေါသထသုတ်တို့မှာ ဖတ်တော်မူကြပါ။ အဲ့တော့ ဥပုသ်သီလရဲ့အကြောင်း၊ ဘယ်လိုစိတ်ထားရမယ်။ ဒါ အခု ဘယ်လိုစိတ်ထားပြီးတော့ သီလကို ခံယူရမယ်။ အဲ့လို အဲ့လို အရိယာတို့ရဲ့စိတ်ထားအတိုင်းပဲ။ ဒီဥစ္စာတွေက နတ်ပြည်ရောက်တဲ့ပုဂ္ဂိုလ်တွေကလည်း ဒီရှစ်ပါးသီလကို ဆောက်တည်ပြီးတော့ နတ်ပြည်ရောက်တာပဲလို့၊ အဲ့လိုပဲ ဒီရှေးရှေးသောသူတော်ကောင်းတွေ ဆောက်တည်သလို ငါလည်းဆောက်တည်ကြမယ်ဆိုလို့ရှိရင်တဲ့၊ ကလံ နာဂ္ဂတိ သောဠသိံ။ အဲ့ဒီမှာ ဟောထားတာ။ ဟုတ်လားဗျ။ အဲ့တော့ အခု လူ့စည်းစိမ်၊ တိုင်းပေါင်း ၁၆ တိုင်းမှာ ရတနာတွေပြည့်နှက်တာ၊ အင်္ဂတိုင်း၊ မဂဓတိုင်း အစရှိသော၊ ကောသလတိုင်း အစရှိသော တိုင်းပြည် ဘယ်လောက်ပါလိမ့်။
တစ်ဆယ့်ခြောက်တိုင်းမှာ ရတနာတွေပြည့်နှက်နေသော၊ ထိုရတနာတွေကို စိုးမိုးတဲ့ ရှင်ဘုရင်ရဲ့စည်းစိမ်ထက် ဒီဥပုသ်သီလဟာ ပိုပြီးတော့ အကျိုးတရားများပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် အဲ့ဒီက လူ့စည်းစိမ်ဆိုတာက နတ်တို့ရဲ့ချမ်းသာနဲ့စာလို့ရှိရင်တဲ့၊ ဒါက ကလံ နာဂ္ဂတိ သောဠသိံ - ၁၆ ပုံပုံ တစ်ပုံကိုမှ ဘာလဲ၊ မမီနိုင်ပါဘူးရယ်လို့ ဘုရားရှင်ကိုယ်တော်မြတ် ဟောကြားတာတွေရှိတယ်ပေါ့။ ဒါကြောင့်မို့လို့ ဥပေါသထကမ္မံ ကတွာဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့လည်းပဲ အရှင်ဘုရားတို့ အဲ့ဒီကသုတ်တွေကို ဖတ်တော်မူနိုင်ကြပါစေကုန်သတည်းပေါ့ဗျာ။
နောက် ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ပစ္စဝေက္ခတိ။ ဈာန်မှထ၍ ဈာန်ကို။ အရကောက်မှာဆိုရင် ကြည့်။ မဂ္ဂကုသိုလ် ဘယ်လောက်ရသလဲ။ ကိုးခုရတယ်။ ပစ္စယုပ္ပန်တရားက ကုသိုလ်ကိုပဲရတယ်။ တွေ့လား။ တွေ့လားဟေ့။
တွေ့ပြီ။ ဟုတ်ပြီ ဟုတ်ပြီ။ ဒီလိုကြည့်။ အရကောက်ထားတာ တစ်ခါတည်းပြောရရင်ပေါ့။ ဈာနာ - ဈာန်မှ၊ ဝုဋ္ဌဟိတွာ - ထ၍၊ ဈာနံ - ဈာန်ကို၊ ပစ္စဝေက္ခတိ - ဆင်ခြင်၍။ ဈာန်အကြောင်း မှတ်ထားပြီးတော့ ဆင်ခြင်မယ်ဆိုရင်တဲ့။ အဲ့ဒါ အရှင်ဘုရားတို့ရေ ပြောစရာတွေကလည်းပဲ ဒီဥစ္စာတွေက အလွန်တရာ။ အရှင်ဘုရားတို့ အဲ့တော့ ပက္ကုသာတိမင်း။ ဟုတ်လားဗျ။ ဘိမ္ဗိသာရမင်းကြီးရဲ့ လက်ဆောင်ရသွားခဲ့တဲ့...
လက်ဆောင်ရသွားခဲ့တဲ့မင်းကြီးပေါ့။ ဘိမ္ဗိသာရမင်းကြီးက ဘာလက်ဆောင်လဲဆိုလို့ရှိရင် သူက အရင်လက်ဆောင်ပေးလိုက်တာပေါ့။ လောကီရတနာလက်ဆောင်တွေ ပေးလိုက်တာ။ လောကီရတနာလက်ဆောင်ပေးလိုက်တော့ ဘိမ္ဗိသာရမင်းကြီးကလည်း အဲ့ ခုနက ဘယ်သူပါလိမ့်။
ပက္ကုသာတိမင်း။ ဘိမ္ဗိသာရမင်းတရားကြီးကလည်းပဲ လက်ဆောင်ပြန်ပေးလိုက်တယ်တဲ့ဗျ။ သူ့လက်ဆောင်က ဘာလဲဆိုလို့ရှိရင်၊ သူက မမြင်ဖူးဘဲနဲ့ သူတို့က မိတ်ဆွေတွေဖြစ်နေတာ။ "အဆွေတော်မင်းတရားကြီးတဲ့၊ လောက၌ သစ္စာလေးပါးတရားကို သိမြင်တော်မူသော ဘုရားရှင် ပေါ်ပေါက်နေပြီ။ ဘုရားရှင်ပေါ်ပေါက်လို့ တရားလည်းပေါ်ပေါက်နေပြီ။ သံဃာတော်လည်း ပေါ်ပေါက်နေပြီ။ အဲ ရတနာသုံးပါး ပေါ်ပေါက်နေပြီ။" ဒါ့အပြင် ဥပရိပဏ္ဏာသ၊ အာနာပါနဿတိသုတ္တန်လား။ ၁၆ ချက်ပေါ့ဗျာ။ ဟုတ်လား။ အဲ့ဒီ ၁၆ ချက်ကိုလည်းပဲ တရားထိုင်နည်းအနေနဲ့ ရေးပေးလိုက်တယ်။ ရွှေပြားလွှာနဲ့ ရေးပေးလိုက်တယ်ပေါ့ဗျာ။ ရေးပေးလိုက်တဲ့အခါကျတော့ အဲ့ဒီအချိန်ကစ ကြည့်ပြီးပြီဆိုကတည်းက ဘုရားဆိုတဲ့အသံကြားလိုက်တာနဲ့ကိုပဲ သူ့အနေနဲ့ ကြက်သီးမွေးညင်းတွေ ထလာတာ။ ဟုတ်လားဗျ။ အဲ့တော့ ဟိုတုန်းက ပဉ္စဝဂ္ဂီငါးဦးဆိုတာက ဘယ်ဘုရားရှင်နောက်ပိုင်းကနေပြီးတော့ ရဟန်းတော်ငါးပါးတို့ ဘာမှတရားမရဘဲနဲ့ ရဟန်းတော်ငါးပါးတို့ သိသွားတဲ့ပုဂ္ဂိုလ်တွေအကြောင်း ပြောပြီးပြီ။
ပြောဖူးပါတယ်။ ပြောဖူးတယ်။ အရှင်ဘုရားတို့ ပြောခဲ့ပြီလေ။ ကိုယ်တော်တို့ ဘယ်လိုပဲဖြစ်ဖြစ် ကုသိုလ်ဆိုတာ လုပ်ဖို့လိုတယ်။ လုပ်ရမယ်။ ကုသိုလ်လုပ်ရင်တော့ ကောင်းကျိုးက ရကိုရမှာပဲ တစ်နေ့တစ်ချိန်ချိန်။ ဟုတ်လား။ ဒါကြောင့် ကိုယ်တော်တို့ တစ်ခါပြောခဲ့ဖူးတယ်။ တစ်ခါပြောခဲ့ဖူးတယ် မဟုတ်လား။ "ရောက်ရောက် မရောက်ရောက်..."
"လျှောက်သာလျှောက်၊ တစ်နေ့ရောက်ရမည်" ဆိုတာလေ။ ဟုတ်လားဗျ။ "ရောက်ရောက် မရောက်ရောက်..."
"လျှောက်သာလျှောက်။"
လျှောက်သာလျှောက်။ ဘာလဲ။
"တစ်နေ့ရောက်ရမည်။"
"တစ်နေ့ရောက်ရမည်" ဆိုရင် အရှင်ဘုရားတို့ ကိုယ်တော်တို့ အဲ့လိုပဲ ကုသိုလ်ဆိုတာ ပြုလိုက်ပါ။ အကျိုးမဲ့ပဲ နေလို့ရပါ့မလား။
မရပါဘူး။

အဓိက ပြင်ဆင်မှုများနှင့် မှတ်ချက်များ

  • အမည်နာမများ: "ခိုမှန်" ကို "ခိုးသုတ္တရာ"၊ "သမ္မာဝတီ" ကို "သာမာဝတီ"၊ "ဦးတင်းလမင်းကြီး" ကို "ဥတေနမင်းကြီး"၊ "မဟာဂန္နီမိဖုရား" ကို "မာဂဏ္ဍီမိဖုရား"၊ "ကောသက္က သူဌေး" ကို "ဂေါသကသူဌေး"၊ "ကောသမည်ပြည်" ကို "ကောသမ္ဘီပြည်"၊ "ကောဂေါသိတာကျောင်း" ကို "ဂေါသိတာရုံကျောင်း"၊ "ကုသိတာကျောင်း" ကို "ကုက္ကုဋာရုံကျောင်း"၊ "ပါဝါဒိကာရုံကျောင်း" ကို "ပါဝါရိကာရုံကျောင်း"၊ "ကောမီးဘိဘိသာရမင်း" ကို "ဘိမ္ဗိသာရမင်း"၊ "ပကုသမင်း" ကို "ပက္ကုသာတိမင်း" ဟု ဇာတ်တော်လာအမည်များနှင့်အညီ ပြင်ဆင်ထားပါသည်။
  • ပါဠိစာလုံးပေါင်း: "ခိုးဆုတ်တန်" ကို "ခိုးသုတ္တန်" (သာမာဝတီဝတ္ထု)၊ "ဣတိပုဒ်" ကို "ဣတိဝုတ္တက"၊ "ကလံကိသောလိမ်" ကို "ကလံ နာဂ္ဂတိ သောဠသိံ" (၁၆ ပုံ တစ်ပုံမမီ)၊ "ဈာန်ဝိတွ" ကို "ဈာနာ ဝုဋ္ဌဟိတွာ"၊ "ဥပတိပါနဿ" ကို "ဥပရိပဏ္ဏာသ" စသည်ဖြင့် အမှန်သို့ ပြင်ဆင်ထားပါသည်။
  • စကားပြောဟန်: ဟောပြောသူ၏ စကားပြောဟန်အတိုင်း သဘာဝကျစေရန် ပုဒ်ဖြတ်ပုဒ်ရပ်များဖြင့် ပိုမိုရှင်းလင်းစေပါသည်။ အထူးသဖြင့် ဇာတ်လမ်းများပြောပြသည့် အပိုင်းများကို ပိုမိုပေါ်လွင်အောင် တည်းဖြတ်ထားပါသည်။
  • အကြောင်းအရာ ရှင်းလင်းမှု: ဝိရတိသုံးမျိုး၏ ဥပမာဇာတ်လမ်းများ၊ ဥပုသ်သီလ၏ အကျိုးကျေးဇူး၊ ဈာန်ဆင်ခြင်ခြင်းနှင့် ပက္ကုသာတိမင်းဝတ္ထုတို့ကို ရှင်းလင်းစွာ ခွဲခြားနားလည်နိုင်ရန် စာပိုဒ်များ ခွဲပေးထားပါသည်။
ဤတည်းဖြတ်မှုသည် တရားတော်နှင့် ဇာတ်လမ်းအကြောင်းအရာများ၏ အဓိပ္ပာယ်ကို မပျက်စေဘဲ ဖတ်ရှုရလွယ်ကူစေရန် ရည်ရွယ်ပါသည်။


သတ်ပုံစစ်ဆေးပြီးသည့် စာသား
အောက်တွင် မူရင်းစာသားကို သတ်ပုံ၊ ပုဒ်ဖြတ်ပုဒ်ရပ်နှင့် အထားအသို မှန်ကန်အောင် ပြင်ဆင်ပေးထားပါသည်။ ဤစာသားသည် ဗုဒ္ဓဘာသာ အဘိဓမ္မာတရားတော်မှ ပက္ကုသာတိမင်းဝတ္ထုနှင့် ပဋ္ဌာန်းတရားတော်လာ ဒေသနာနှစ်မျိုး၊ ပစ္စည်း ပစ္စယုပ္ပန် အစရှိသည်တို့ကို ရှင်းလင်းဟောကြားထားခြင်း ဖြစ်သောကြောင့် ပါဠိစကားလုံးများ၊ အမည်နာမများနှင့် အသုံးအနှုန်းများကို အထူးဂရုပြု၍ တည်းဖြတ်ထားပါသည်။

မရဘူး။ အကျိုးပေးကိုပေးမှာ။ အကြောင်းကောင်းမှ ဟိုဟာလေ။
အကျိုးကောင်းမှာ။
အကျိုးကောင်းမှာ။ အကြောင်းမကောင်းရင်။
အကျိုးမကောင်းဘူး။
အကျိုးမကောင်းဘူးပေါ့ဗျာ။ အရှင်ဘုရားတို့ရဲ့ ပဋ္ဌာန်းဟောနေတာ၊ ပဋ္ဌာန်းက ဒါဟောနေတာပဲ။ ကိုယ်တော်တို့ အကြောင်းကောင်း၊ အကျိုးကောင်း ဟောနေတာလေ။ ကုသလော ကုသလဿ ကောင်းကျိုးဟောနေတာပါ။
အကြောင်းကောင်း၊ ကောင်းကျိုးပါဘုရား။
ဒါကြောင့်မို့လို့ "ရောက်ရောက် မရောက်ရောက်၊ လျှောက်သာလျှောက်" ဘာလိမ့်။
"တစ်နေ့ရောက်ရမည်။"
"တစ်နေ့ရောက်ရမည်။" အဲ့လိုရှိတယ်။ ဒါကြောင့် အရှင်ဘုရားတို့ ပြုဖို့လိုတယ်။ ကုသိုလ်ပြုဖို့လိုတယ်။ အရေးကြီးတယ်။ အဟမ်း။ ဒါကြောင့်မို့လို့ အဲ့မှာပဲ သူကနေပြီးတော့ ရွှေပေလွှာကို ဖတ်လိုက်ပြီဆိုကတည်းကပဲ သူက ချက်ချင်း တရားထိုင်၊ ဈာန်တွေရ။ ဈာန်တွေရတော့ အဲ့တော့မှ တိုင်းပြည်အရေးတွေ မလုပ်တော့ဘူး။ ဈာန်ရပြီဆိုကတည်းကပဲ လောကီအနေနဲ့ အရှင်ဘုရား၊ ဘုရင်ချမ်းသာဆိုတာ ဘာဆိုင်တော့မှာတုန်းဗျ။ ဆိုင်ပါ့မလား။
မဆိုင်ပါဘူး။
ဈာန်ချမ်းသာနဲ့ မင်းချမ်းသာဆိုတာ တခြားစီပဲဗျ။ ဟုတ်လားဗျာ။
အဲ့တော့လည်းပဲ သူက ဈာန်ချမ်းသာအရသာ သိသွားပြီဆိုကတည်းက အဲ့တော့မှ ဘုရားရှင်ပွင့်ပြီဆိုကတည်းကိုပဲ အဲ့ဒါ အခု ဘိမ္ဗိသာရမင်းရှိရာအရပ်ကို ဦးတည်ပြီးတော့ သွားလိုက်တာ။ သွားလည်း ရှင်ဘုရင်ဆိုတော့ သွားလည်းမသွားတတ်ဘူးဗျ။ လမ်းတွေ လွဲချော်ပြီး သွားလိုက်တာကလည်း မိုင်ပေါင်းအဝေးကြီး ကွာဝေးသွားတာပေါ့။ အဲ့ဒါ အဲ့တော့ ဈာန်တွေဝင်စားလိုက်တယ်။ တိုင်းသူပြည်သားတွေကလည်း နောက်ကလိုက်လာတာပေါ့လေ။ နောက်ကလိုက်လာတာကိုပဲ သူက ဖိနပ်လည်းမပါ၊ ထီးလည်းမပါဘူး ရှင်ဘုရင်ဖြစ်ပြီးတော့။ ဟုတ်လားဗျ။ အဲ့တော့မှ ညနေစောင်းပြီဆိုတော့မှ အိုးထိန်းသည်တို့ရဲ့အိမ်မှာ သွားပြီးတော့ တည်းတာ။ ဘုရားရှင်ကိုယ်တော်မြတ်ကလည်း သူ့ရဲ့အသက်က အဲ့ဒီနေ့ညမှာပဲ ဆုံးမှာဖြစ်လို့ ဘုရားရှင်ကိုယ်တော်မြတ်ကလည်းပဲ ကြည့်လိုက်တဲ့အချိန်အခါမှာ သူ့ကိုချီးမြှောက်လိုသောအားဖြင့် ဘုရားရှင်ကိုယ်တော်မြတ်ကနေပြီးတော့ ကြွသွားလိုက်တယ်ပေါ့။ အဲ့တော့မှ အိုးထိန်းသည်က "အရှင်ဘုရား၊ အရင်ရဟန်းတစ်ပါးကတော့ ရှိနေပြီ။ အရှင်ဘုရားတို့ ရဟန်းဆိုတာက ပြောလို့မရဘူး။ ဟုတ်လား။ အရင်တစ်ပါးနဲ့ နောက်တစ်ပါး အယူဝါဒမတူရင်လည်း ခက်သားကြီးပဲ။ အရှင်ဘုရား၊ အရင်ကိုယ်တော်က ကျေနပ်ရင် အရှင်ဘုရားနေ၊ အရင်ကိုယ်တော်က မကျေနပ်ရင် အရှင်ဘုရားမနေနဲ့။" ဘယ်လိုပြောတာတုန်း။
ကိုယ်တိုင်ညှိယူစရာ ပြောတာ။ ဟိုကလည်းပဲ ပက္ကုသာတိမင်းကြီးကလည်းပဲ ပင်ပန်းလွန်းလို့၊ ယူဇနာပေါင်းများစွာ သွားလာခဲ့တာဆိုတော့ ထီးလည်းမပါ၊ ဖိနပ်လည်းမပါဘူး။ တစ်ခါမှ ခြေထောက်ကို မြေမကျဘူးဆိုတဲ့ ရှင်ဘုရင် ဖိနပ်မပါဘဲ လာခဲ့တယ်ဆိုတော့ ခြေထောက်တွေကလည်း ပေါက်ပြဲနေပြီလေ။ ဒါကြောင့်မို့လို့ သူဟာလည်း သက်သာအောင်ဆိုပြီးတော့၊ ခန္ဓာကိုယ်သက်သာအောင်ဆိုတော့ သမာပတ်တွေဝင်စားနေတာ။ ဖလသမာပတ်၊ ဘာလဲဗျ။ ဈာန်သမာပတ်တွေ ဝင်စားနေတာ။ ဈာန်သမာပတ်တွေ ဝင်စားနေတယ်။ အဲ့တော့ ဘုရားရှင်ကိုယ်တော်မြတ်က ကြွသွားလိုက်တယ်။ နောက် တရားဟောလိုက်တယ်။ သူက အနာဂါမ်အဆင့်ထိ ရသွားခဲ့တယ်ပေါ့။ အဲ့သလို ဈာန်မှာ။ ဒါကိုပဲ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ပစ္စဝေက္ခတိ။ သူကလည်း ဈာန်ရသွားပြီ၊ မဂ်တွေဖိုလ်တွေ ရသွားပြီ။ နောက်လာခဲ့။
သေခါ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခတိ။ ဒါလည်း တူတူပဲလေ။ ဟုတ်လားဗျ။ သူက ပြန်ပြီးတော့ မဝင်စားဘူးလား။ လူတိုင်းတူတူပဲ။ အရှင်ဘုရားတို့။ နောက် ခုတုံး ပစ္စုပ္ပန္နာနိ သေခါ ကုသလံ။ မဟာကုသိုလ် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ။ ပစ္စုပ္ပန္နာနိ တူတူပဲ။ တွေ့လား။ အရကောက်တာလေး တွေ့လား။ နောက်တော့မှ သေခါ ဝါ ပုထုဇ္ဇနာ ကုသလံ အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော ဝိပဿန္တိ။ သေခပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ပုထုဇ္ဇနာ - ပုထုဇဉ်ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ကုသလံ - ကုသိုလ်ကို၊ အနိစ္စဟူ၍လည်းကောင်း၊ ဒုက္ခဟူ၍လည်းကောင်း၊ အနတ္တဟူ၍လည်းကောင်း၊ ဝိပဿန္တိ - ဝိပဿနာရှုကုန်၏။ အဲ့တော့ အခု ပုထုဇဉ်၊ သေခပုဂ္ဂိုလ်တွေကလည်းပဲ ကုသိုလ်တရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ဝိပဿနာရှုရတယ်တဲ့။ နောက်လာခဲ့။
စေတောပရိယဉာဏေန ကုသလစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ အဲ့တော့ ဒီဥစ္စာနဲ့ပတ်သက်လို့ အောက်နားမှာ ကြည့်လိုက်၊ ကြည့်လိုက်။ ကုသလက္ခန္ဓာ။ တွေ့လား။ ကိုယ့်စာအုပ်ထဲမှာလည်း ကုသလော ကုသလဿ အောက်ဆုံးကြည့်မယ်။ ကုသလက္ခန္ဓာ။ တွေ့လား။
တွေ့ပါတယ်။
ကုသလက္ခန္ဓာ ဣဒ္ဓိဝိဓဉာဏဿ၊ စေတောပရိယဉာဏဿ။ စေတောပရိယဉာဏဿ မပါဘူးလား။
အေး ဒါလေးက ကိုယ်တော်တို့ စာမျက်နှာ ၉၉ မှာကြည့်။ စေတောပရိယဉာဏေန ကုသလစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ ခုနက ကုသလက္ခန္ဓာ ဣဒ္ဓိဝိဓဉာဏဿ၊ စေတောပရိယဉာဏဿ။ တွေ့လား။
မှန်ပါ။
အဲ့တော့ စာမျက်နှာ ကိုးဆယ့်ကိုး တွေ့လား။ စေတောပရိယဉာဏေန စသည်ကား ပုဂ္ဂလာဓိဋ္ဌာနဒေသနာတဲ့။ ကုသလက္ခန္ဓာ ဣဒ္ဓိဝိဓဉာဏဿ စသည်ကား ဓမ္မာဓိဋ္ဌာနဒေသနာတဲ့။ တွေ့လား။
တင်မှန်ပါ့။ သူ့ဒေသနာ ဟောသောကြောင့်တဲ့ အောက်၌ ယူအပ်ပြီးသော်လည်းပဲ စေတောပရိယဉာဏ်ကို ထပ်မံဟောတော်မူရသည်တဲ့။ အဲ့တော့ စေတောပရိယဉာဏ်ကတော့ အရှင်ဘုရားတို့ရေ၊ စေတောပရိယဉာဏ်ကတော့ ပုဂ္ဂလာဓိဋ္ဌာန်ရော၊ ဘာလဲဗျာ၊ ဓမ္မာဓိဋ္ဌာန်ရော ဒေသနာနှစ်ခုလုံး မရဘူးလား။
အေး ဒါလည်းသိခဲ့။ သဘောပေါက်လား။
ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ။ အဲ့လိုသဘောပေါက်။ သဘောပေါက်ပါ။ ဒါ ထူးခြားတယ်လေ။ မထူးခြားဘူးလား။
ပုဂ္ဂလာဓိဋ္ဌာန်မှာ ဘာပါလိမ့်။ ကျန်တဲ့ ကုသလက္ခန္ဓာ ဣဒ္ဓိဝိဓဉာဏဿ၊ ယထာကမ္မူပဂဉာဏဿ၊ အနာဂတံသဉာဏဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါတွေကတော့ ဓမ္မာဓိဋ္ဌာနဒေသနာပါတဲ့။ ဘာဒေသနာပါလိမ့်။
ဓမ္မာဓိဋ္ဌာနဒေသနာ။
နောက်လာခဲ့။ အာကာသာနဉ္စာယတနကုသလံ ဝိညာဏဉ္စာယတနကုသလဿ အာရမ္မဏပစ္စယေန ပစ္စယော။ အာကိဉ္စညာယတနကုသလံ နေဝသညာနာသညာယတနကုသလဿ အာရမ္မဏပစ္စယေန ပစ္စယော။ အာကာသာနဉ္စာယတနကုသိုလ်က ဝိညာဏဉ္စာယတနကုသိုလ်ကို ကျေးဇူးပြုတယ်ပေါ့။ ဒါ ကျေးဇူးပြုတတ်ခြင်းသဘောနဲ့ ပြုတာလေ။ ဟုတ်တယ်မလား။ အာရုံနဲ့ပြောမယ်ဆိုရင် ကိုယ်တော်တို့ ပြောတတ်ပြီလား။ ဒါကို စာမျက်နှာ ၂၃ ကို လှမ်းကြည့်။ အာကာသာနဉ္စာယတနကုသလံ ဝိညာဏဉ္စာယတနကုသလဿ။ တွေ့လား။ နောက်တော့ အာကိဉ္စညာယတနကုသလံ နေဝသညာနာသညာယတနကုသလဿ။ ပါဠိနဲ့ စာမျက်နှာ ၂၃ အောက်နားကို ကြည့်ပါ။ အရူပအာရုံများစွာ။ တွေ့လား။
တွေ့ပြီ။ အရကောက်ပြပါဆိုလို့ရှိရင် အာကာသာနဉ္စာယတနကုသလံ ဝိညာဏဉ္စာယတနကုသလဿ အာရမ္မဏပစ္စယေန ပစ္စယောကို အရကောက်ပါဆိုရင်... ဟော အောက်မှာ ၂၃ ဟော အောက်နားမှာလေ။ ဘယ်ဘက်ခြမ်းကို လှမ်းကြည့်လိုက်ရင် အရူပအာရုံများ တွေ့လား။
တွေ့ပြီ။ ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ။ ဝိညာဏဉ္စာယတနကုသိုလ်သည် ဤဘဝ၊ ရှေးဘဝ၊ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဖူးသော အာကာသာနဉ္စာယတနကုသိုလ်ကို အာရုံပြု၏။ ဟုတ်လားဗျ။ တွေ့လား။ ဝိညာဏဉ္စာယတနကုသိုလ်သည် ဘယ်လိုပါလိမ့်။ ဤဘဝ၊ ရှေးဘဝ၊ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဖူးသော အာကာသာနဉ္စာယတနကုသိုလ်ကို အာရုံပြု၏။ ကျေးဇူးပြုခြင်းသဘောနဲ့ ပြောမယ်ဆိုရင် ဒီလိုပါ။ ဤဘဝ၊ ရှေးဘဝ၊ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဖူးသော အာကာသာနဉ္စာယတနကုသိုလ်သည် ဘာလဲ၊ ဝိညာဏဉ္စာယတနကုသိုလ်အား ကျေးဇူးပြုပါသည်။ ကိုင်း ဒါ ပါဠိလေးနဲ့ ဟပ်ကြည့်စမ်းပါဦး။ အာကာသာနဉ္စာယတနကုသလံ ဝိညာဏဉ္စာယတနကုသလဿ အာရမ္မဏပစ္စယေန ပစ္စယော။ နောက် အာကိဉ္စညာယတနကုသလံ နေဝသညာနာသညာယတနကုသလဿ အာရမ္မဏပစ္စယေန ပစ္စယော။ အောက်နားမှာ တွေ့တယ်မလား။ နေဝသညာနာသညာယတနကုသိုလ်သည် ဤဘဝ၊ ရှေးဘဝ၊ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဖူးသော အာကိဉ္စညာယတနကုသိုလ်ကို အာရုံပြုပါသည်။ ပါဠိသွားရင်၊ သွားမယ်ဆိုလို့ရှိရင်လေ ဘယ်လိုပါလိမ့်ဗျ။ အာကိဉ္စညာယတနကုသိုလ်သည် နေဝသညာနာသညာယတနကုသိုလ်အား... နေပါဦး၊ နေပါဦး။ အဲ့လိုမဟုတ်ပါဘူး။ ဤဘဝ၊ ရှေးဘဝ၊ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဖူးသော အာကိဉ္စညာယတနကုသိုလ်သည် နေဝသညာနာသညာယတနကုသိုလ်အား ကျေးဇူးပြုပါသည်။ ကျေးဇူးပြုတတ်၊ ကျေးဇူးပြုအပ် ဆိုတာ သဘောပေါက်တယ်နော်။ မေးဦးမလားဟေ့။ တချို့ပုဂ္ဂိုလ်က မေးလောက်ပြီ။ ဟုတ်လားဗျ။ ကျေးဇူးပြုတတ်၊ ကျေးဇူးပြုအပ်ဆိုလို့ရှိရင်၊ ဟုတ်လားဗျာ။ ကျေးဇူးပြုတတ်တာဆိုတာက ပစ္စည်းတရားက ကျေးဇူးပြုတတ်တာ။ ဟုတ်လားဗျာ။ ကျေးဇူးပြုအပ်တာ ဘာလိမ့်။
ပစ္စယုပ္ပန်တရား။
ပစ္စယုပ္ပန်တရား။ အာရုံပြုတတ်ဆိုရင်။
ပစ္စယုပ္ပန်တရား။
ပစ္စယုပ္ပန်။ အာရုံပြုအပ်တာက။
ပစ္စည်းတရား။
ပစ္စည်းတရားနော်။ ကိုယ်တော်တို့ ရင်ထဲရောက်သွားပြီနော်။
ဟုတ်သွားပြီ။ ဟုတ်သွားပြီ။ ကိုင်း ဒါကြောင့် အဲ့လိုသိရမယ်ပေါ့။ ကုသလာ ခန္ဓာ ဣဒ္ဓိဝိဓဉာဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ၊ ယထာကမ္မူပဂဉာဏဿ၊ အနာဂတံသဉာဏဿ အာရမ္မဏပစ္စယေန ပစ္စယော။ ကိုင်း ကိုယ်တော်တို့ရေ အဲ့ဒီ ကုသလကို ပူဇော်ပြီးပြီ။ စာမျက်နှာ ၂၃ တနည်းကောက်မယ်။ တပည့်တော် ပြောလိုက်တာ တော်တော်မောသွားပြီ။ သိပ်နေမကောင်းဘူးဖြစ်နေတာ။ အသံက ပျက်နေတာ။ တွေ့တယ်မဟုတ်လား။ ခန္ဓာက ပျက်နေတာလေ။ ကိုင်း ဒါကြောင့် ကိုယ်တော်တို့ရေ အဲ့တော့ ကုသလပတ် သုံးနပ် ပြန်ကျက်လို့ရှိရင် ခိုင်းမှာနော်ဗျာ။ နက်ဖြန်ကျတော့ အဲ့မှာ ကုသလကိုးချက်လေ။ ကုသလပတ်သုံးချက်၊ အကုသလပတ်သုံးချက်၊ အဗျာကတပတ်သုံးချက်။ ဟုတ်လားဗျ။ မရလို့မဖြစ်ဘူး။ မရလို့ လုံးဝ။ ကိုယ်တော်တို့လည်း ဖြစ်လား။
မဖြစ်ဘူး။
မဖြစ်ဘူး။ အရှင်ဘုရားတို့ အဲ့ဒါကြောင့်မို့လို့ အခု အရင်ရက်တွေက အပြန်ခန်းကျရင် ပန်းနဲ့စံပယ်ဝိုင်းလည်း ဖြေရမယ်။ ဘုန်းကြီးက ရက်စက်တော်မူတယ်လို့ ဆိုပြီး ကိုယ်တော်တို့က ထင်ချင်ထင်နေပါလိမ့်မယ်။ တပည့်တော် အပြစ်မှန်းနေရင် ဘာဖြစ်နေမှာတုန်း။
အကျိုးထူးမှာ။
အကုသိုလ်ကြီးမှာ။ ကြီးမှာကြောက်လို့ ဒီလို မခိုင်းဘဲနေတာ။ ဟုတ်လားဗျ။ နတ်ပြည်ကတော့ စာအုပ်တစ်ဝက်နဲ့ ဝေးသွားပြီ။ ဟုတ်လား။ နောက်တစ်ခါ ဖြစ်ရမှာ။ ဒါ မရဘဲနေလို့မဖြစ်ဘူး။ ဟုတ်လား။ မေးမှာ။ သူတို့ သာသနာ့အာဇာနည်မြို့မှာဆိုရင် ကဏ္ဍတစ်ပါးကပဲ မေးမှာ။ သူတို့ သုဒ္ဓသင်္ချာနဲ့ ကရဏတစ်ပါးကပဲ မေးမှာ။ သူတို့ အဲ့ဒါတွေက မေးစရာမရှိဘူး။ ဒီဘက်ရောက်လာပြီ။ တကယ့် ကောင်းကွက်လှကွက်တွေက ဒီမှာ အများကြီးရှိတာ။ ကိုင်း ဒါကြောင့်မို့လို့ ကုသလပတ်ကို ပူဇော်ကြည့်ရအောင်။ အဲ့တော့ ကုသလော ကုသလဿကို တစ်နည်းကောက်ရအောင်။ ကိုယ်တော်တို့ အခု စာမျက်နှာ ၁၆ ကို ပြန်ကြည့်။ စာမျက်နှာ ၁၆ ကို ပြန်ကြည့်လိုက်တဲ့အခါမှာ ကုသလော ဓမ္မောဟူသော ကတ္တားရာ၌ အရဟတ္တမဂ်မှတစ်ပါးသော ကုသိုလ်စေတသိက် ၅၉ ပါးတရားရ၏လို့ အဲ့ဒီမှာကောက်ထားတယ်။ ဟုတ်လားဗျာ။ တစ်နည်းတော့ မပါဘူးလား။
ပါပါတယ်။
တစ်နည်းက ပါလားဟေ့။
ပါတယ်ဘုရား။

အဓိက ပြင်ဆင်မှုများနှင့် မှတ်ချက်များ

  • အမည်နာမများ: "ပကုသတိမင်းကြီး" ကို "ပက္ကုသာတိမင်းကြီး"၊ "ဗိမ္မိသာမ" ကို "ဘိမ္ဗိသာရမင်း" ဟု ပြင်ဆင်ထားပါသည်။
  • ပါဠိစာလုံးပေါင်း: "ဈာန်တာဝေဒနာပဉ္စုပ္ပကတိ" ကို "ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ပစ္စဝေက္ခတိ"၊ "သဝါသစ်ခါမဂ္ဂဝိတွေမဂ္ဂံပစ္စည်းခံထိ" ကို "သေခါ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခတိ"၊ "ခုတုံပစ္စုပ္ခာနိသက္ကာကုသိုလ်" ကို "ခုဒ္ဒက ပစ္စုပ္ပန္နာနိ သေခါ ကုသလံ"၊ "သင်္ခါဝပုထုဇနာကုသလံ" ကို "သေခါ ဝါ ပုထုဇ္ဇနာ ကုသလံ"၊ "စေသောပရိယာနေတာကုသလစိတ္တာ၊သမင်ကိဿ၊စိတ္တံဇာနိ" ကို "စေတောပရိယဉာဏေန ကုသလစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ"၊ "ကုသလ္ခန္ဓာဣတိဝိတ၊ ညာနဿစေဒေါပရိယဉာဏသိပတိယဥာဏသ" ကို "ကုသလက္ခန္ဓာ ဣဒ္ဓိဝိဓဉာဏဿ၊ စေတောပရိယဉာဏဿ"၊ "ပုဂ္ဂလိပ်ပုဂ္ဂလိပ်ဌာနဒေသနာ" ကို "ပုဂ္ဂလာဓိဋ္ဌာနဒေသနာ"၊ "သိကာဓမ္မာဓိဌာနဒေသနာ" ကို "ဓမ္မာဓိဋ္ဌာနဒေသနာ"၊ "အာကာသန္တရယတနကုသလံ" ကို "အာကာသာနဉ္စာယတနကုသလံ"၊ "ဝိညာနစ္စယတနကုသလဿ" ကို "ဝိညာဏဉ္စာယတနကုသလဿ"၊ "အာကယတနကုသလံနေသယနယတနကုသလဿ" ကို "အာကိဉ္စညာယတနကုသလံ နေဝသညာနာသညာယတနကုသလဿ" စသည်ဖြင့် အမှန်သို့ ပြင်ဆင်ထားပါသည်။
  • စကားပြောဟန်: ဟောပြောသူ၏ စကားပြောဟန်အတိုင်း သဘာဝကျစေရန် ပုဒ်ဖြတ်ပုဒ်ရပ်များဖြင့် ပိုမိုရှင်းလင်းစေပါသည်။ အထူးသဖြင့် ပဋ္ဌာန်းတရားတော်၏ နက်နဲသော အပိုင်းများကို ရှင်းလင်းသည့်အခါ ပိုမိုပေါ်လွင်အောင် တည်းဖြတ်ထားပါသည်။
  • အကြောင်းအရာ ရှင်းလင်းမှု: ပက္ကုသာတိမင်းဝတ္ထု၊ ဒေသနာနှစ်မျိုး (ပုဂ္ဂလာဓိဋ္ဌာန၊ ဓမ္မာဓိဋ္ဌာန)၊ ပစ္စည်း-ပစ္စယုပ္ပန်-အာရုံ-အာရမ္မဏိက ဆက်သွယ်ပုံ၊ အရူပဈာန်ကုသိုလ်များ၏ အာရုံပြုပုံတို့ကို ရှင်းလင်းစွာ ခွဲခြားနားလည်နိုင်ရန် စာပိုဒ်များ ခွဲပေးထားပါသည်။
ဤတည်းဖြတ်မှုသည် တရားတော်နှင့် ဇာတ်လမ်းအကြောင်းအရာများ၏ အဓိပ္ပာယ်ကို မပျက်စေဘဲ ဖတ်ရှုရလွယ်ကူစေရန် ရည်ရွယ်ပါသည်။
 

သတ်ပုံစစ်ဆေးပြီးသည့် စာသား
အောက်တွင် မူရင်းစာသားကို သတ်ပုံ၊ ပုဒ်ဖြတ်ပုဒ်ရပ်နှင့် အထားအသို မှန်ကန်အောင် ပြင်ဆင်ပေးထားပါသည်။ ဤစာသားသည် ပဋ္ဌာန်းတရားတော်လာ ကုသလပစ္စည်းကို တစ်နည်းအားဖြင့် ကောက်ယူပုံ၊ ပစ္စည်း-ပစ္စယုပ္ပန် ဆက်သွယ်ပုံနှင့် အရကောက်ကျမ်း၏ အရေးပါပုံတို့ကို ရှင်းလင်းဟောကြားထားခြင်း ဖြစ်သောကြောင့် ပါဠိစကားလုံးများနှင့် အသုံးအနှုန်းများကို အထူးဂရုပြု၍ တည်းဖြတ်ထားပါသည်။

ဟုတ်ပြီ။ တစ်နည်းကား အခု စာမျက်နှာ ၂၃ ကို ကောက်မယ်။ သူ့မူကတော့ ကိုယ်တော်တို့ကို အကုန်လုံးခြုံ့ကောက်ရင် အရဟတ္တမဂ်မှတစ်ပါးသော ကုသိုလ်စေတသိက် ၅၉ ပါးလို့ သိမ်းလိုက်တာက ပိုကောင်းတယ်။ အဲ့စကားစပ် လှမ်းပြောလိုက်ဦးမှာပေါ့။ အဲ့ဒီမှာဆိုလို့ရှိရင် ကျွန်တော်တို့ အာဒိမှစ၍ မကောက်တဲ့ အရကောက်ဆရာတော်က မကောက်တာက ပစ္စည်းသုံးမျိုးရှိတယ်ဗျ။ ဟုတ်လားဗျ။ အာရမ္မဏပစ္စည်းရယ်၊ အနန္တရပစ္စည်းရယ်၊ ဥပနိဿယပစ္စည်းရယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တစ်နည်းကားက ခေါက်ထားတဲ့အတွက်ကြောင့်မို့လို့။ ဒါကြောင့်မို့ "အာ၊ န၊ ဥ၊ ကျဉ်းကောက် အာဒိမှစ၍ဟု မဆိုရ၊ ကြွင်းကျန်ပစ္စည်း အရကောက်ကြသောအခါ တူစွာလိုက်ပါ"။ ဒါကြောင့်မို့လို့ အရဟတ္တမဂ်မှတစ်ပါးသောလို့ ကျဉ်းလိုက်တော့ ဘာဖြစ်နေလဲဆိုတော့ အရဟတ္တမဂ်ကို မည်သည့်ကုသိုလ်ကမှ ကျေးဇူးပြု... ဘာဖြစ်တုန်းဗျာ။ အာရုံမပြုနိုင်ဘူးနော်။ အာရုံပြုနိုင်ရဲ့လား။
အာရုံပြုနိုင်တဲ့တရား မရှိဘူး ပြောခဲ့ပြီလေ။ ဟုတ်လားဗျ။ ကိုင်း ဒါကြောင့်မို့လို့ စာမျက်နှာ ၂၃ ကိုသွား။ စာမျက်နှာ ၂၃ ကိုသွားလို့ရှိရင် အခု ဘယ်ဘက်၊ ညာဘက်၊ ပစ္စည်းဘက်၊ ပစ္စယုပ္ပန်ဘက် ဘာတွေဖြစ်ရမယ် ပြောပါ။ ပြောပါ။ ကျော်ရိုးလေးက ပြောပါ။ ဘယ်လိုပါလိမ့်။ ကုသလော ကုသလဿ သွားတဲ့အတွက်ကြောင့် ဘယ်ဘက်၊ ညာဘက် ဘာဖြစ်ရမလဲ။
ကုသိုလ်ဖြစ်ရမယ်။
ကုသိုလ်ဖြစ်ရမယ်ပေါ့။ ခုနက စာမျက်နှာ ၁၆ မှာပဲ ပြောထားတယ်။ "ပစ္စည်း၊ ပစ္စယုပ္ပန်၊ တူရာဓမ္မ၊ ဘုံဘုံ၊ အာရုံ၊ အာရမ္မဏိက ဆက်ဆံရာ၊ ပဒနက်ထုတ်၍ ဟော" ဆိုတဲ့မူအရပဲ။ ဒါကြောင့် စာမျက်နှာ ၂၃ မှာ ကုသိုလ်က ကုသိုလ်ကို ကျေးဇူးပြုနိုင်တာ၊ သို့မဟုတ် ကုသိုလ်ကို အာရုံပြုနိုင်တဲ့တရား။ အဲ့မှာ ကောက်ကြည့်မယ်။ အဲ့ဒီမှာ ကာမအာရုံတရားတို့ရဲ့အုပ်စုမှာဆိုလို့ရှိရင် နှစ်ချက်ကောက်မယ်။ ကြည့်မယ်။ အဲ့အောက်က ကာမတရားဆိုတဲ့ စက္ခုဝိညာဉ်ကစလို့ရှိရင် နောက် လေးကြောင်းမြောက်မှာ မဟာကုသိုလ်၊ ကိရိယာ၊ ဝိပါက် ရှစ်။ တွေ့တယ်မဟုတ်လား။ တွေ့လားဟေ့။ ပါတယ်။ အဲ မဟာကုသိုလ် ဉာဏဝိပ္ပယုတ္တစိတ်လေးခု အစရှိသော လောကီကုသိုလ်ကို သတ္တ... ဟုတ်လားဗျာ။ တွေ့လားဟေ့။ စာမျက်နှာ ၂၃ ညာဘက်ကို ကြည့်မယ်လေ။
ညာဘက်ခြမ်းကြည့်မှာလား။ ဘယ်ဘက်ခြမ်းကြည့်မှာလား။
ညာဘက်ခြမ်း။
ပစ္စယုပ္ပန်လား။ ပစ္စည်းလား။
ပစ္စယုပ္ပန်။
ပစ္စယုပ္ပန် ညာဘက်ခြမ်း ကြည့်လိုက်မယ်။ လေးကြောင်းမြောက် မဟာကုသိုလ်၊ ကိရိယာ၊ ဝိပါက် ရှစ်ဆိုတာလေ။ အဲ့တော့ ခွဲထုတ်ပြီးတော့ ဆိုင်ရာခွဲထုတ်ရမှာပေါ့။ ဟုတ်လားဗျ။ မဟာကုသိုလ် ဉာဏဝိပ္ပယုတ္တစိတ်လေးခု အစရှိသော လောကီကုသိုလ် ၃၇။ အောက်က ဘယ်ဘက်ခြမ်းကိုသွား။ မဟာကုသိုလ် ဉာဏသမ္ပယုတ္တစိတ်လေးခု အစရှိသော အရဟတ္တမဂ်မှတစ်ပါးသော ကုသိုလ် ၅၉။ ကိုင်း ဆိုကြည့်ရအောင်။ ဓမ္မသဘောအရ အဲ့နှစ်ခု ဆိုကြည့်မယ်။ နှာခေါင်းဆိုကြည့်မယ်။ စာမျက်နှာ ၂၀ မှာ ကိုယ်တော်တို့ အခု အဲ့ဒီက ဒါနံ ဒတွာ၊ သီလံ သမာဒိယိတွာ၊ သီလံ ပစ္စဝေက္ခတိမှာဆိုလို့ရှိရင် ဘယ်လောက်ထိလဲဆိုလို့ရှိရင် အဓိကဥစ္စာက ပုဗ္ဗေ သုစိဏ္ဏာနိ ပစ္စဝေက္ခတိထိအောင်။ ဟုတ်လား။ ပုဗ္ဗေ သုစိဏ္ဏာနိ ဘာလဲ။ ပစ္စဝေက္ခတိထိအောင်။ ဟိုဘက်ကုသိုလ်၊ ဒီဘက်ကုသိုလ်ဆိုလို့ရှိရင် လောကီကုသိုလ်ဆိုလို့ရှိရင် တူတယ်။ နောက် အဲ့ဒါမကသေးဘူးလေ။ အောက်က အနိစ္စတော၊ ဒုက္ခတောတွေ မပါဘူးလား။ အဲ့တော့ စေတောပရိယဉာဏေန ကုသလစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိထိအောင် အဲ့ဒါတွေ ပါသွားပြီပေါ့။ ဟုတ်လားဗျာ။ အဲ့ဒါ မပါသွားဘူးလား။ ပါသွားပါတယ်။ သွားလာခဲ့။ အောက်က ခုနက စောစောကပြောခဲ့တဲ့ အာကာသာနဉ္စာယတနကုသလံတွေအတွက်ကို လာခဲ့။ အဲ့ဒါပြီးလို့ရှိရင်၊ ခုနကပြီးလို့ရှိရင် အောက်ကိုလာခဲ့။ ဝိညာဏဉ္စာယတနကုသိုလ် အစရှိသော ဤဘဝ၊ ရှေးဘဝ၊ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဖူးသော အာကာသာနဉ္စာယတနကုသိုလ်တွေနော်။
တင်ပါ့။ နေဝသညာနာသညာယတနကုသိုလ် အစရှိသော ဤဘဝ၊ ရှေးဘဝ၊ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဖူးသော အာကိဉ္စညာယတနကုသိုလ်။ ဒီနှစ်ခုကို ဆိုပြီးလို့ရှိရင်လည်း ဒီနှစ်ခုကို နှာခေါင်းဆိုပြီးတော့ အထက်ကနှစ်ခုနဲ့ ပြန်ပေါင်းဆိုကြည့်ရအောင်ဗျ။ ဆိုရအောင်။ အဲ့ဒါပြီးပြီဆိုလို့ရှိရင် ကုသလက္ခန္ဓာ ဣဒ္ဓိဝိဓဉာဏဿတို့အဖွဲ့ကို သွားမယ်။ တွေ့လားဟေ့။ အဲ့တော့ အခု ရူပအာရုံများကတော့ သူက ပညတ်အာရုံတွေဆိုတော့ ဒီမှာကတော့ ပညတ်ဝါဒမှာ မဟုတ်ဘူး။ ဒါ ကိုယ်တော်တို့ ပစ္စယနိဒ္ဒေသတို့၊ ဆဝါရတို့ကျရင်တော့ ဟောမှာပေါ့။ အဲ့တော့ အဘိညာဉ်အုပ်စု သွားရအောင်။ ကုသလော ကုသလဿဆိုတော့ အဲ့တော့ ကြည့်မယ်။ ကုသလက္ခန္ဓာ ဣဒ္ဓိဝိဓဉာဏဿဆိုတော့ ဣဒ္ဓိဝိဓဉာဏ် သွားမယ်ပေါ့ဟေ့။ အဘိညာဉ်အုပ်စုမှာ။ ကုသိုလ်အဘိညာဉ် အစရှိသော ပါဒကဖြစ်သော ရူပါဝစရကုသိုလ်ပဉ္စမဈာန်။ မှတ်မိလား။
ဆိုကြည့်စမ်းပါဦး။ ဣဒ္ဓိဝိဓ...
ကုသိုလ်အဘိညာဉ် အစရှိသော ပါဒကဖြစ်သော ရူပါဝစရကုသိုလ်ပဉ္စမဈာန်။ ဟုတ်ပြီ။ အောက်က စေတောပရိယသွားမယ်။ စေတောပရိယကုသိုလ်အဘိညာဉ် အစရှိသော လွန်လေပြီးသော ခုနစ်ရက်မှစ၍ လာလတ္တံ့သော ခုနစ်ရက်တိုင်အောင် ကာလသုံးပါး၌တည်သော အရဟတ္တမဂ်မှတစ်ပါးသော သူတစ်ပါးတို့၏ ကုသိုလ်စိတ် ၂၁။ နှစ်ခေါက်ဆိုကြည့်မယ်။ ပုဗ္ဗေနိဝါသာနုဿတိကုသိုလ်အဘိညာဉ် အစရှိသော ပုဗ္ဗေနိဝါသ၌ဖြစ်သော အရဟတ္တမဂ်မှတစ်ပါးသော ကုသိုလ်စိတ် ၂၁။ ရတယ်နော်။ ဆို။ ပုဗ္ဗေနိဝါသ...
ကုသိုလ်အဘိညာဉ် အစရှိသော ပုဗ္ဗေနိဝါသ၌ဖြစ်သော အရဟတ္တမဂ်မှတစ်ပါးသော ကုသိုလ်စိတ် ၂၁။ ဟုတ်ပြီ။ ရတယ်နော်။ အဲ့ဒီသုံးခုကို ဣဒ္ဓိဝိဓနဲ့ပေါင်းပြီးတော့ အဲ့ဒီသုံးခုကို ပြန်ပေါင်းဆိုကြည့်ရအောင်။ ယထာကမ္မူပဂကုသိုလ်အဘိညာဉ် အစရှိသော အတိတ်၌ဖြစ်သော လောကီကုသိုလ်ကံ။ ဆိုကြည့်ရအောင်။ ယထာကမ္မူပဂ...
တစ်ခေါက်ဆိုမယ်။
ဟုတ်ပြီ။ အနာဂတံသကုသိုလ်အဘိညာဉ် အစရှိသော အနာဂတ်၌ဖြစ်သော အရဟတ္တမဂ်မှတစ်ပါးသော ကုသိုလ်စိတ် ၂၁၊ စေတသိက် ၃၈။ ပစ္စည်းတရားရ၏။ ဆို။ အနာဂတံသကုသိုလ်အဘိညာဉ် အစရှိသော...
အနာဂတ်၌ဖြစ်သော အရဟတ္တမဂ်မှတစ်ပါးသော...
စေတသိက် ၃၈။ ပစ္စည်းတရားရ၏။ ကိုင်းလို့ရှိရင် အဲ့ဒီက အဘိညာဉ်ငါးပါးကို ပြန်ပြီးတော့ ပေါင်းဆိုပြီးတော့ အကုန်လုံး နောက်ထပ်တစ်ခေါက် ပေါင်းဆိုမယ်။ အဘိညာဉ်ငါးပါးကို ပြန်ပေါင်းဆိုရအောင်။ အဲ့တော့ အဲ့ဒီ ခုနက "ပစ္စည်း၊ ပစ္စယုပ္ပန်၊ တူရာဓမ္မ၊ အာရုံ၊ အာရမ္မဏိက ဆက်ဆံရာ၊ ပဒနက်ထုတ်၍ ဟော" ဆိုတာ အဲ့ဒီမှာ သဘောပေါက်ရမယ်ပေါ့။ အဲ့လို သဘောပေါက်ကြရလိမ့်မယ်။ အဲ့တော့ ဒီဥစ္စာတွေက အဓိပ္ပာယ်တွေ အခု နက်ဖြန်ဆိုလို့ရှိရင် အဗျာကတပတ် ရောက်ခါကျမှ ကိုယ်တော်တို့ တစ်နည်းကား ရောက်တဲ့အခါမှာ တစ်နည်းကားတော့ ကုသလော ကုသလဿက ၁၀ ပါး၊ အဗျာကတော အဗျာကတဿက ၃၈၁ မှာပါတယ်၊ နောက် အဗျာကတော ကုသလဿက ၃၈၅ မှာပါတယ်။ ဒါတွေ ကိုယ်တော်တို့ ကြည့်ထားရမယ်ပေါ့။ အဲ့တော့ ဒီ အရကောက်ဆရာတော်ကြီးက ဒီအာရမ္မဏပစ္စည်းကိုတော့ ခုနက ပြောသလိုပေါ့လေ၊ ဒီပစ္စည်းလောက် အကျယ်တဝင့် ရှင်းလင်းရေးသားတာ မရှိဘူးဗျ။ ဘယ်သူမှ အဲ့လောက်မရေးနိုင်ဘူး။ ဘာလို့လဲဆိုလို့ရှိရင် အရကောက်စာမျက်နှာကြီးဟာ ၃၃၀ ကနေပြီးတော့ ၃၈၀ ထိအောင်ဆိုတော့ စာမျက်နှာ ၅၁၊ ၅၂ မျက်နှာလောက်ရှိတယ်။ ဟုတ်လားဗျ။ အဲ့တော့ အာရမ္မဏတစ်ပစ္စည်းတည်းကိုပဲ စာမျက်နှာပေါင်း ၅၀ ကျော်ကိုပဲ အဲ့ အဓိပ္ပာယ်တွေ၊ အရကောက်တွေ၊ ဟုတ်လားဗျ၊ ပုဂ္ဂလအရကောက်တွေ၊ ပစ္စည်းတက်ဟန်တွေ၊ ဝီထိချဟန်တွေ ရေးထားတာ။ အရှင်ဘုရားတို့ရေ ဒီထက် အနှစ်သာရနဲ့ ပြည့်စုံအောင် ရေးနိုင်တဲ့ကျမ်းဟာ မည်သည့်နေရာမှာမှ...
မရှိဘူး။ ဒါ ကိုယ်တော်တို့ အဘိဓမ္မာရဲ့အနှစ်ချုပ်လို့လည်း ပြောလို့ရတယ်။ အဲ့ဒါ ကိုယ်တော်တို့ကို သိသိမသိသိ ဖတ်သာဖတ်။ ဟုတ်လား။ သိသိမသိသိ ဘာလဲ။
ဖတ်သာဖတ်။
အဲ့လို အရကောက်ကျမ်းကို ဖတ်တယ်ဆိုလို့ရှိရင် အလိုအလျောက် သိစရာကောင်းတာတွေ၊ သင်္ဂြိုဟ်မှာ မသိသေးတဲ့ဥစ္စာတွေ၊ အဲ့မှာ သိစရာတွေ အများကြီးပါတာလေ။ စတင်ပြီးတော့ ကိုယ်တော်တို့ ပြောထားတယ်ပေါ့။ စတင်ပြီးတော့ ဒီလို ကိုယ်တော်တို့လို ဉာဏ်နုတဲ့ပုဂ္ဂိုလ်၊ ဉာဏ်သေးတဲ့ပုဂ္ဂိုလ်တွေက စတင်ပြီးတော့ ဘာလဲဗျ။ အကျယ်မြင်ရမယ်။ အကျယ်မြင်အောင်လည်း ဖတ်ရမယ်။ ဟုတ်လားဗျ။
မှန်ပါ။
ဉာဏ်နုတဲ့ပုဂ္ဂိုလ်တွေ၊ ဉာဏ်သေးတဲ့ပုဂ္ဂိုလ်တွေလေ၊ တပည့်တော်တို့၊ ကိုယ်တော်တို့က။ ဟုတ်တယ်မလား။
အဲ့လိုဆိုလို့ရှိရင် ဉာဏ်နုတဲ့ပုဂ္ဂိုလ်တွေ၊ ဉာဏ်သေးတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင် စတင်ပြီးတော့ ကိုယ်က ဘာလဲ။
အကျယ်ကို လိုက်ဖတ်ရမယ်။ အဲ့လို အကျယ်ကိုဖတ်မှ အမြင်ကျယ်မှာ။ အကျယ်ကိုမြင်မှ ဘာလဲ။
အမြင်ကျယ်မှာ။
အဲ့တော့ ကိုယ်က နဂိုကတည်းကကိုပဲ ဒီလို ဉာဏ်တွေ၊ ကိုယ်တော်တို့ ဉာဏ်စူးစူးရှရှ၊ ဖောက်ထွင်းပြီးတော့ မမြင်ကြဘူးလေ။ ဟုတ်တယ်မဟုတ်လား။ အဲ့လိုဆိုလို့ရှိရင် အကျယ်ကို ရေးသားထားပြီးတော့ အကျယ်ကို လိုက်ဖတ်မှ၊ အကျယ်ကိုမြင်မှ ဘာလဲ။
အမြင်ကျယ်မှာ။
အကျယ်မြင်မှ အမြင်ကျယ်မှာဖြစ်တယ်။ ဟုတ်လား။ မပျင်းကြနဲ့၊ မဖြုန်းကြနဲ့။ ကိုယ့်အတွက်သာ။ ကိုယ်တော်တို့ ခုချိန် စာသင်နေတဲ့အချိန်ဟာ အချိန်ကောင်းမှာ အရှိန်ကောင်းစေရမယ်။ ဘယ်လိုပါလိမ့်ဗျ။
အချိန်ကောင်းမှာ အရှိန်ကောင်းစေရမယ်။
အချိန်ကောင်းတုန်းမှာ ဘာပါလိမ့်။
အရှိန်ကောင်းစေရမယ်။ ဟုတ်လားဗျာ။ အချိန်ကောင်းတုန်းမှာ အရှိန်ကောင်းသုံးရမယ်။ ပြောကြည့်စမ်းပါဦး။
အချိန်ကောင်းတုန်းမှာ အရှိန်ကောင်းသုံးရမယ်။
အချိန်ကောင်းတုန်းမှာ။
အရှိန်ကောင်း။
အရှိန်ကောင်းသုံးရမယ်။ အရှင်ဘုရားတို့။ အဲ့တော့ အရှင်ဘုရားတို့ အခု "အချိန်တွေဖြုန်း၊ လူညွန့်တုံး၊ အောက်ဆုံးရောက်တတ်သည်"။ ဆိုကြည့်စမ်းပါ။
"အချိန်တွေဖြုန်း၊ လူညွန့်တုံး၊ အောက်ဆုံးရောက်တတ်သည်။"
နောက်တစ်ခေါက် ဆိုကြည့်စမ်းပါ။

အဓိက ပြင်ဆင်မှုများနှင့် မှတ်ချက်များ

  • ပါဠိစာလုံးပေါင်း: "အားတက်သော" ကို "အာဒိမှစ၍"၊ "အာနာမ်ဥာကျင့်ကောက်" ကို "အာ၊ န၊ ဥ၊ ကျဉ်းကောက်"၊ "ပဒနထုတ်" ကို "ပဒနက်ထုတ်"၊ "မဟာကုကိရိဝိယရှစ်" ကို "မဟာကုသိုလ်၊ ကိရိယာ၊ ဝိပါက် ရှစ်"၊ "ဥာဏဝိပ္ပုယုတွေ" ကို "ဉာဏဝိပ္ပယုတ္တစိတ်"၊ "ဥာဏသံပြုစိ" ကို "ဉာဏသမ္ပယုတ္တစိတ်"၊ "အာကသံနစ္စယတနကုသလံ" ကို "အာကာသာနဉ္စာယတနကုသလံ"၊ "ဝိဉာဏ်နိစ္စရတနာကုသိုလ်" ကို "ဝိညာဏဉ္စာယတနကုသိုလ်"၊ "အာဂိဉာဏရတနာ ကုသိုလ်" ကို "အာကိဉ္စညာယတနကုသိုလ်"၊ "ဣတ္ထိဝိတဉာဏ်" ကို "ဣဒ္ဓိဝိဓဉာဏ်"၊ "ရူပေါစကုသိုလ်" ကို "ရူပါဝစရကုသိုလ်"၊ "ပုနိပါနုဿတိ" ကို "ပုဗ္ဗေနိဝါသာနုဿတိ"၊ "ရထားကာကုသိုလ်" ကို "ယထာကမ္မူပဂကုသိုလ်"၊ "အနာဂုသိုလ်" ကို "အနာဂတံသကုသိုလ်" စသည်ဖြင့် အမှန်သို့ ပြင်ဆင်ထားပါသည်။
  • စကားပြောဟန်: ဟောပြောသူ၏ စကားပြောဟန်အတိုင်း သဘာဝကျစေရန် ပုဒ်ဖြတ်ပုဒ်ရပ်များဖြင့် ပိုမိုရှင်းလင်းစေပါသည်။ အထူးသဖြင့် ပဋ္ဌာန်းတရားတော်၏ နက်နဲသော အရကောက်ပိုင်းများကို ရှင်းလင်းသည့်အခါ ပိုမိုပေါ်လွင်အောင် တည်းဖြတ်ထားပါသည်။
  • အကြောင်းအရာ ရှင်းလင်းမှု: ပစ္စည်းသုံးမျိုး (အာရမ္မဏ၊ အနန္တရ၊ ဥပနိဿယ)၊ ပစ္စည်း-ပစ္စယုပ္ပန် ဆက်သွယ်ပုံ၊ ကာမအာရုံ၊ အဘိညာဉ်အာရုံများ၏ အရကောက်ပုံနှင့် အရကောက်ကျမ်း၏ အရေးပါပုံတို့ကို ရှင်းလင်းစွာ ခွဲခြားနားလည်နိုင်ရန် စာပိုဒ်များ ခွဲပေးထားပါသည်။
  • ဆိုရိုးစကား: "အချိန်တွေဖြုန်း၊ လူညွန့်တုံး၊ အောက်ဆုံးရောက်တတ်သည်" ဟူသော ဆိုရိုးစကားကို ပိုမိုပေါ်လွင်အောင် ပြုလုပ်ပေးထားပါသည်။
ဤတည်းဖြတ်မှုသည် တရားတော်၏ အဓိပ္ပာယ်ကို မပျက်စေဘဲ ဖတ်ရှုရလွယ်ကူစေရန် ရည်ရွယ်ပါသည်။

သတ်ပုံစစ်ဆေးပြီးသည့် စာသား
အောက်တွင် မူရင်းစာသားကို သတ်ပုံ၊ ပုဒ်ဖြတ်ပုဒ်ရပ်နှင့် အထားအသို မှန်ကန်အောင် ပြင်ဆင်ပေးထားပါသည်။ ဤစာသားသည် ပဋ္ဌာန်းတရားတော်လာ ကုသိုလ်ကြောင့် အကုသိုလ်ဖြစ်ပုံ၊ ဈာန်မှ ယုတ်လျော့၍ ဒေါမနဿဖြစ်ပုံနှင့် သတိတရား၏ အရေးပါပုံတို့ကို ဇာတ်ဝတ္ထုများဖြင့် ရှင်းလင်းဟောကြားထားခြင်း ဖြစ်သောကြောင့် ပါဠိစကားလုံးများ၊ အမည်နာမများနှင့် အသုံးအနှုန်းများကို အထူးဂရုပြု၍ တည်းဖြတ်ထားပါသည်။

"အချိန်တွေဖြုန်း၊ လူညွန့်တုံး၊ အောက်ဆုံးရောက်တတ်သည်။" အဲ့ဒါ အဲ့ဒါ ကိုယ်တော်တို့ ဘယ်သူများ မှတ်နေတော့တုန်း။ ကိုယ်တော်တို့ရှေ့က ကိုယ်တော်ပဲ။ အသက် ၂၀ လောက်ကစပြီးတော့ ယောင်တောင်တောင်နဲ့ ရည်းတောင်ရည်းသေးတာ။ ဗေဒင်သင်သလိုလို၊ အဲ့ဒါက အဲ နောက်ကျတော့ ကဗျာရေးသလိုလို၊ ပန်းချီဆွဲသလိုလိုနဲ့ ပေါက်ကရခြောက်ဆယ်၊ ခရီးသွားသလိုလိုနဲ့ အသက် ၂၀၊ ၂၁၊ ၂၂၊ ၂၃ ကို စာမတတ်ဘဲ ထိုးထိုးထောင်ထောင်။ ဟုတ်လားဗျ။ အဲ့ဒါကြောင့်မို့လို့ ကြည့်လိုက်ပါလား။ "အချိန်တွေဖြုန်းမှာ ဘာလိမ့်။"
"လူညွန့်တုံး။" ဘယ်ရောက်သွားလဲ။
အောက်ဆုံး။
အဲ့ဒါ အဲ့ဒီကြည့်လိုက်ရင်တော့ အချိန်ကောင်းမှာ အရှိန်ကောင်း မသုံးနိုင်ခဲ့ဘူး။ အချိန်ကောင်းမှာ...
အရှိန်ကောင်း။
အရှိန်ကောင်း မသုံးနိုင်ခဲ့ဘူး။ နောက်ပြီးတော့မှ အသက် ၂၃ နှစ်လောက်ကျမှ ပဋ္ဌာန်းကျမ်းကိုင်ပြီးတော့ ကပေါက်ကရောက်၊ ကသိုက်ကရိုက် စာသင်ဦးမှပဲပေါ့။ အဲ့တော့မှ ဒါဆို နောက်မကျဘူးလား။ နောက်ကျတာပေါ့။ ကိုယ်တော်တို့ ကြည့်စမ်းပါဦး။ အသက် ၂၄ နှစ်လောက်မှ စာသင်ရတယ်ဆိုတော့ အရှင်ဘုရားတို့ အခုတစ်ယောက်မှ ၂၄ နှစ် မပြည့်ကြသေးဘူး။ ဟုတ်တယ်မလား။ အခု တပည့်တော်တို့က အသက်ကြီးမှ စသင်ရတာ။ အဲ့ဒါကြောင့်မို့လို့ တပည့်တော်တို့က အခု အဲ့ဒါကြောင့်မို့လို့ "အချိန်တွေဖြုန်းမှာ ဘာလဲဗျ။"
"လူညွန့်တုံး။"
"လူညွန့်တုံးမှာ ဘာလိမ့်။"
"အောက်ဆုံးရောက်တတ်သည်။"
"အောက်ဆုံးရောက်တတ်သည်" တဲ့။ အခု အောက်ဆုံးမရောက်ဘူးလား။
ရောက်ပါတယ်။
အဲ ကိုယ်တော်တို့ "အချိန်မဖြုန်း၊ လူ့ရွှေတုံး၊ ထိပ်ဆုံးရောက်လိမ့်မည်" ပေါ့။ ဟုတ်လားဗျ။ အချိန်မဖြုန်းဆိုရင် ဘာလဲဗျ။
လူ့ရွှေတုံးဖြစ်သွားတာ။ ဟုတ်လားဗျာ။ "အချိန်သည် ရွှေ" ပဲဆိုတာလေ။ အချိန်ဟာ ဘာလဲဗျ။
ရွှေပဲ။ "အချိန်မဖြုန်း။"
"လူ့ရွှေတုံး။"
"လူ့ရွှေတုံးမှာ ဘာလိမ့်။"
"ထိပ်ဆုံးရောက်လိမ့်မည်။" အဲ့တော့ အချိန်မဖြုန်းကြနဲ့။ ကိုယ်တော်တို့ ဟောလိုက်ဗျ။ ကိုယ့်အောက်ဆုံးကို ထိုးဆင်းသွားတဲ့ပုဂ္ဂိုလ်တွေ တစ်ယောက်မှ မသိပါလား။ ကြည့်ပါလား။ ဟုတ်တယ်မလား။ ဒါကြောင့် ခုနက ဘာလဲဗျ။ "အချိန်တွေဖြုန်း။"
"လူညွန့်တုံး။" အဲ့တော့ အချိန်ဖြုန်းဆိုကတည်းက လူမတုံးဘဲ၊ ကိုယ့်နေရာကိုယ် မသိဘဲ၊ မတုံးဘဲ နေလို့ရပါ့မလား။
မရပါဘူး။
မရဘူး။ တုံးကိုတုံးမှာပဲ။ ဟုတ်တယ်မလားဗျ။ "အချိန်တွေဖြုန်း။"
"လူညွန့်တုံး။"
"လူညွန့်တုံးမှာ ဘာလဲဗျ။"
"အောက်ဆုံးရောက်တတ်သည်။"
"အောက်ဆုံးရောက်တတ်သည်"။ ဒါ အောက်ဆုံးကနေ ရုန်းကန်ပြီးတော့ ကသုတ်ကရိုက်နဲ့ ရုန်းထွက်ခဲ့ရတယ်။ ဟုတ်လား။ အချိန်တောင် မမီချင်ဘူး။ ဟုတ်တယ်မလားလို့ ထင်တာ။ ဘယ်သူတို့ကို ဘယ်မီလိမ့်မတုန်း ကိုယ်တော်တို့က။ ဟုတ်လား။ မီသလိုလို ထင်ရတယ်။ ဟုတ်လား။ အဲ့ဒါ အဲ့တော့ အရှင်ဘုရားတို့ရေ အခု အဲ့ဒါ နည်းနည်းလေး၊ သီသီကလေးပေါ့ဗျာ၊ စာသင်ခွင့်ရလိုက်တာတွေ တော်သေးတာပေါ့။ ဟုတ်တယ်မလား။ ဒါကြောင့် ကိုယ်တော်တို့က မှတ်မိသွားပြီလား။
မှတ်မိပါတယ်။
ကိုယ်တော်တို့ အဲ့ဒါကြောင့် မင်းတို့ အချိန်ကောင်းမှာ အရှိန်ကောင်းသုံးနိုင်မယ်ဆိုလို့ရှိရင် လူ့ရတနာ၊ ခုနက လူ့ရွှေတုံး ဖြစ်မသွားဘူးလား။ ဒါကြောင့် ထိပ်ဆုံး ဘာလဲဗျ။ ကိုယ့်ဆရာတော်ဘုရားကြီး အငယ်သုံးပါး ကြည့်လိုက်တော့ အခု အဲ့ဒီအရွယ်မှာ ထွက်ရပ်လမ်း မမြင်သေးဘူး။ ဟုတ်လားဗျာ။ အလုပ်အကိုင်တွေ ထူထပ်နေသေးတယ်။ ဘာမှမပြီးသေးဘူး။ အဲ့ဒါ အဲ့တော့ နောက်မှ လောဘတွေ၊ ဥစ္စာတွေ ဘာမှမကောင်းဘူး။ အဲ့ဒါ သူများ ဒကာတွေကတော့ ပြောတာပေါ့။ အဲ့ဒါ ပြောတဲ့စကားရှိသေးတယ်။ "သေသာမှတ်တပါးကွာ" တဲ့။ "နောက်ကျတာ ဘာမှမကောင်းပါဘူး" တဲ့။ ကိုယ်တော်၊ သေတာတော့ မကောင်းချင်ဘူး တချို့နေရာက။ ဟုတ်လားဗျာ။ နောက်ကျတာ ဘာလိမ့်။ တချို့နေရာ ဘာလိမ့်။
သေတာမှ ကောင်းချင် ကောင်းဦးမယ်။ အဲ့လိုရှိတယ်။ ကိုယ်တော်တို့ ဒါကြောင့်မို့လို့ စောစောစီးစီး စာမေးပွဲအောင်တာ မကောင်းဘူးလား။
ကောင်းပါတယ်။ ကောင်းပါတယ်။ အသိဉာဏ်ဗဟုသုတတွေ အများကြီးရဖို့ မကောင်းဘူးလား။
ကောင်းပါတယ်။ ကိုယ်တော်တို့ အခု ရင်ဘတ်ထဲ ထည့်ပေးလိုက်တာတွေ၊ ဒါတွေက ဒီဘဝနဲ့ရင်းပြီးတော့ သိလာတဲ့အသိတွေကို ရင်ဘတ်ထဲ ထည့်ပေးလိုက်တာ။ ကိုယ်တော်တို့ကတော့ မခံစားမိဘူး။ တပည့်တော်ကတော့ အချိန်တွေဖြုန်းခဲ့တဲ့ပုဂ္ဂိုလ်ဆိုတော့ ကိုယ်တော်တို့ကို ဒါကို ရင်ဘတ်ထဲ ထည့်ပေးတာ။ ဒါကြောင့် အချိန်တွေမဖြုန်းဘဲနဲ့ ကျက်ခဲ့ကြ။ နက်ဖြန်ကျမှ အီးအီးအားအားနဲ့ လုပ်မနေနဲ့။ ဟုတ်လားဗျာ။
ကျက်ခဲ့ကြ။
မကျက်ဘဲ မနေကြနဲ့။ ဟုတ်လားဗျ။ ကိုင်း နောက်ပြီးတော့ ကိုယ်တော်တို့ စာမျက်နှာ ၂၀ သွားရအောင်ပေါ့ဗျာ။ ကုသလော ဓမ္မော အကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ ဒတွာ၊ သီလံ သမာဒိယိတွာ၊ ဥပေါသထကမ္မံ ကတွာ၊ ပုဗ္ဗေ... ဘာပြောလဲ။
အလှူရှင်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြ။
အဲ အရှင်ဘုရားတို့ရေ "အလှူရှင်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြ" ပြီဆိုလို့ရှိရင် ကုသိုလ်ကြောင့် ဘာဖြစ်သွားလဲ။
အကုသိုလ်ဖြစ်သွားတယ်။
ကုသိုလ်ကြောင့်။
အကုသိုလ်ဖြစ်ပါတယ်။
အကုသိုလ်ဖြစ်သွားတယ်။ ဟုတ်လားဗျ။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ တပည့်တော်တို့ရဲ့ စာအုပ် စာမျက်နှာ ၁၁၃ မှာ အဲ့ဒါတွေ ရေးထားတာရှိတယ်။ ဟုတ်လားဗျ။ အဲ့ဒီ သင်္ဂြိုဟ်ပါဠိ၊ သင်္ဂြိုဟ်မေးခွန်းဟောင်းတွေလည်း မေးထားတာပါတယ်။ အဲ့တော့ အခုမေးတဲ့ "ဒါန၊ သီလ စသည်ပြုကြပါသော်လည်း နှလုံးသွင်းကောင်းမှု၊ မကောင်းမှုအလိုက် ချမ်းသာ၊ ဆင်းရဲ ကွဲပြားခြားနားပုံကို ပြဆိုသော ပဋ္ဌာန်းဝါဒ၊ အာရမ္မဏဝိဘင်း အနုလောမဝါဒများကို ဖော်ပြပါ" ဆိုလို့ရှိရင်တဲ့၊ ချမ်းသာ၊ ဆင်းရဲဆိုလို့ရှိရင် ကြည့်လိုက်။ ကုသလော ကုသလဿ အနုလောမဝါဒ - ဒါနံ ဒတွာ ပစ္စဝေက္ခတိ၊ ပုဗ္ဗေ သုစိဏ္ဏာနိ ပစ္စဝေက္ခတိ။ တွေ့တယ်မဟုတ်လား။ ကုသလော အကုသလဿဆိုလို့ရှိရင် အဲ့မှာ ခေါင်းစဉ်က ဘာလဲဗျ။ ဒါနံ ဒတွာ၊ သီလံ ပစ္စဝေက္ခတိ။
ဒါကြောင့် လောကမှာ ပြောနေကြတာ။ ဘယ်လိုဗျ။
မဏ္ဍပ်တိုင်တက်ပြတာ။
"မဏ္ဍပ်တိုင်တက်ပြတာ" တဲ့ဗျာ။ အဲ့လိုဆိုလို့ရှိရင် ကုသိုလ်ကြောင့် ဘာဖြစ်သွားတယ်။
အကုသိုလ်ဖြစ်ပါတယ်။
အကုသိုလ်ဖြစ်သွားတယ်။ ဒါ နှလုံးသွင်းတတ်လို့လား၊ နှလုံးမသွင်းတတ်လို့လား။
နှလုံးမသွင်းတတ်လို့။
နှလုံးမသွင်းတတ်လို့။ အဲ့လိုရှိတယ်။ အဲ့တော့ နောက် ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ပစ္စဝေက္ခတိ။ အဲ့တော့ ဈာန်မှထပြီးအခါကျတော့ အကုသိုလ်တွေဖြစ်တာ၊ သာယာတာ။ ဟုတ်လားဗျ။ နောက်လာခဲ့။ ဈာနာ ပရိဟီနော ဝိပ္ပဋိသာရီ ဟောတိ၊ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဈာနာ - ဈာန်မှ၊ ပရိဟီနော - ယုတ်လျော့သည်ရှိသော်၊ ဝိပ္ပဋိသာရီ - နှလုံးမသာမယာဖြစ်သော ပုဂ္ဂိုလ်အား၊ ဒေါမနဿံ - "ငါ့အား မြတ်သောတရားသည် ပျောက်ခဲ့ပြီ" ဟု နှလုံးသွင်းပြီးသော ဒေါမနဿသည်၊ ဥပ္ပဇ္ဇတိ - ဖြစ်၏။ အဲ့တော့ "ငါ့အား မြတ်သောတရား ပျောက်ခဲ့ပြီ" လို့ နှလုံးသွင်းလိုက်မယ်ဆိုလို့ရှိရင် အဲ့ဒါ ဈာနာ ပရိဟီနော ဝိပ္ပဋိသာရီ ဒေါမနဿံ ဥပ္ပဇ္ဇတိတဲ့။ အဲ့ဒါ ၁၃၅၇ ခုနှစ်က အဲ့ဒါကို အရကောက်ခိုင်းတာဗျ။ ဈာနာ ပရိဟီနောမှာ မဂ္ဂကုသိုလ်ကိုယူပြီးတော့ ဝိပ္ပဋိသာရီ ဒေါမနဿံ ဥပ္ပဇ္ဇတိမှာ ဒေါသမူဒွေးကို ယူရမယ်။ တွေ့လား။ ဒါ အရင်တုန်းက ရရှိခဲ့တဲ့ဘဝကို ပြန်လည်အောက်မေ့ပြီးတော့ တစ်ခါတည်း စိတ်နှလုံးမသာမယာဖြစ်နေတာ။ ဒါလည်းပဲ ပြောစရာဝတ္ထုလေး ပြောကြည့်ရအောင်ပေါ့ဗျာ။ ဝိသုဒ္ဓိမဂ်မှာ တိဿမထေရ်ဆိုတာရှိတယ်။ အဲ့ဒီကိုယ်တော်တို့ မှတ်သားစရာတွေ ကောင်းတယ်။ ခုနကပြောတဲ့စကားနဲ့ ဒီမှာ သွားပြီး တိုက်ဆိုင်တယ်ပေါ့။
အဲ့တော့ မဟာစေတီကနေ ဘုရားဖူးပြီးတော့ ရဟန်းတော်သုံးကျိပ် ပြန်လာခဲ့တယ်။ ပေါက်စလေးတွေလည်းပါတယ်။ ကိုရင်ပေါက်စလေးတွေလိုပဲ ပြေးကာလွှားကာ၊ ဆော့ကာ ကစားကာနဲ့ပေါ့။ သံဃာတော်တွေကလည်းပဲ စကားတွေ တပြောပြောနဲ့ တစ်ခါတည်း မဟာစေတီကနေ ပြန်လာတာ။ အဲ့လိုပြန်လာတော့ နေလည်းပူပူ၊ ရွှံ့တွေကလည်း ထူထူ။ ဟိုဘက်ကလည်းပဲ ကုလားကြီးတစ်ယောက်ကနေပြီးတော့ ကသိုက်ကရိုက်နဲ့ ထင်းလပ်မီးသွေးတုံးတွေကို ထမ်းလာတယ်။ ဘာတွေထမ်းလာလဲဗျ။
ထင်းလပ်။
ထင်းလပ်တုံးတွေဆိုတာက ထင်းကို မီးမြှိုက်ထားတာပေါ့ဗျာ။ သစ်သားတွေကို မီးမြှိုက်ထားတယ်။ ထင်းကို မီးမြှိုက်ထားတယ်ဆိုတော့ အဲ့ဒီမှာ ထင်းလပ်တုံးဆိုတာ ထင်းပဲ။ ဒါပေမဲ့ မီးမြှိုက်ထားတာတွေက ကိုယ်တော်တို့ မီးသွေးလို မမဲနေဘူးလား။
အလိုလို အသားမည်းတဲ့ကုလားက အပေါ်ကနေပြီးတော့ မီးသွေးတွေထမ်းတယ်ဆိုတော့ ကြည့်ကောင်းသေးလား။ ကြည့်မကောင်းဘူးပေါ့။ အရပ်ကြီးကလည်း ရှည်ရှည်နဲ့ ကသိုက်ကရိုက်နဲ့ ထမ်းလာတာ။ အဲ့ဒါ ရှေ့လည်း ခပ်လှမ်းလှမ်းလေးမှာပေါ့၊ ရှေ့နားရောက်လို့ရှိရင် လမ်းဆုံလေး။ အဲ့တော့ အဲ့တော့ ဟိုဘက်က လမ်းဆုံထိပ်၊ လမ်းဆုံထိပ်နားမရောက်ခင်မှာ ဟိုဘက်က တစ်ဖက်လမ်းက ထမ်းလာတဲ့ကုလားကြီးကို ဒီကိုရင်ပေါက်စလေးတွေက လှမ်းမြင်တယ်။ "ကိုရင်တို့ တွေ့လားကွ၊ ဟိုဘက်က မင်းဒကာကြီး။ ဟုတ်လား။ ဗန္ဓုလမင်းဒကာကြီးနဲ့ တူသားပဲကွ" လို့ စနေတာ။ ဟိုဘက်က ဒကာကြီးက ကြားနေရတာ။ ဒီက အလိုလို ထင်းကလည်းလေး၊ မဲကလည်းမဲ၊ နေကလည်းပူ။ ဟုတ်လား။ အလိုလို ဆင်းရဲနေရတဲ့အထဲ ကြည့်စမ်းပါဦး။ ကိုရင်လေးတွေက လှမ်းပြီးတော့ စလိုက်၊ နောက်လိုက်၊ ပြောင်လိုက်၊ သားလိုက်နဲ့ဆိုတော့ သူ မခံနိုင်ဘူးဖြစ်နေတာ။ သူက ခြေလှမ်းကျဲကြီးနဲ့ ခပ်သုတ်သုတ်သွား။ သံဃာတော်တွေရဲ့ ရှေ့တန်းရောက်အောင်သွား။ အဲ့လမ်းဆုံရှေ့နားကျ ဆုံတော့မှာလေ။ ဟုတ်တယ်မဟုတ်လား။ ဆုံတော့မှာဆိုတော့ ခုနက ကသိုက်ကရိုက်နဲ့ ခုနက ထင်းစည်းကြီးထမ်းပြီးတော့ ရှေ့နားကို ခပ်လှမ်းလှမ်းသွားပြီးတော့မှ အရိပ်လည်းရောက်ရော ထင်းစည်းကြီးကို ပစ်ချပြီးတော့ "သံဃာတော်အရှင်ဘုရားတို့ ခဏရပ်ဦးဘုရား။ ထိုင်ပါဦးဘုရား။ တပည့်တော် လျှောက်ထားစရာရှိပါတယ်" ပေါ့။ အဲ့တော့ ညနေကလည်း စောင်းနေပြီ။ အဲ့ဒီနေရာလည်း လပြည့်နေ့ဖြစ်ပါလိမ့်မယ်။ ရှေ့ကလည်း လကြီးထွက်၊ အနောက်ကလည်း နေဝင်ခါနီး ဖြစ်နေပြီပေါ့။ အဲ့ဒါ ဝိသုဒ္ဓိမဂ်ထဲမှာပါတယ်။
အဲ့တော့ ဘာပြောသလဲဆိုလို့ရှိရင် "အရှင်ဘုရားတို့တဲ့၊ အရှင်ဘုရားတို့ရဲ့ တပည့်တွေကို မဆုံးမကြဘူး။ နောက် အရှင်ဘုရားတို့ကလည်း အပ္ပမာဒသတိ မရှိကြဘူးတဲ့။ သတိမရှိကြဘူးတဲ့။" ဟုတ်လားဗျ။ ဟိုတုန်းက ပြောခဲ့တယ်။ ပြောခဲ့တယ်။ သတိနဲ့ပတ်သက်ပြီးတော့လေ။ "သတိဉ္စ ခေါ အဟံ ဘိက္ခဝေ၊ သဗ္ဗတ္ထိကံ ဝဒါမိ" ပြောခဲ့တယ်။
ပြောပါတယ်။

အဓိက ပြင်ဆင်မှုများနှင့် မှတ်ချက်များ

  • ဆိုရိုးစကားများ: "အချိန်တွေဖြုန်း၊ လူညွန့်တုံး၊ အောက်ဆုံးရောက်တတ်သည်" နှင့် "အချိန်မဖြုန်း၊ လူ့ရွှေတုံး၊ ထိပ်ဆုံးရောက်လိမ့်မည်" ဟူသော ဆိုရိုးစကားများကို ပိုမိုပေါ်လွင်အောင် ပြုလုပ်ပေးထားပါသည်။ "အလှူရှင်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြ" ဟူသော လောကစကားပုံကိုလည်း ထည့်သွင်းပြင်ဆင်ထားပါသည်။
  • ပါဠိစာလုံးပေါင်း: "ဈာန်ဝရိတ္တဈာန်" ကို "ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ပစ္စဝေက္ခတိ"၊ "ဈာဏေပရိဟေဝိပရိသာရိသဒေါမနဿဥပစတိ" ကို "ဈာနာ ပရိဟီနော ဝိပ္ပဋိသာရီ ဟောတိ၊ ဒေါမနဿံ ဥပ္ပဇ္ဇတိ"၊ "သတိစခါဘိကေသဗ္ဗတိကဝဒါနမိ" ကို "သတိဉ္စ ခေါ အဟံ ဘိက္ခဝေ၊ သဗ္ဗတ္ထိကံ ဝဒါမိ" ဟု အမှန်သို့ ပြင်ဆင်ထားပါသည်။
  • အမည်နာမများ: "ဗဟုဂ္ဂမင်းဒကာကြီး" ကို "ဗန္ဓုလမင်းဒကာကြီး"၊ "သိသမထေ" ကို "တိဿမထေရ်" ဟု ပြင်ဆင်ထားပါသည်။
  • စကားပြောဟန်: ဟောပြောသူ၏ ကိုယ်တွေ့အဖြစ်အပျက်များ၊ ဇာတ်လမ်းများနှင့် တရားသဘောများကို ချိတ်ဆက်ဟောပြောပုံကို သဘာဝကျစေရန် ပုဒ်ဖြတ်ပုဒ်ရပ်များဖြင့် ပိုမိုရှင်းလင်းစေပါသည်။
  • အကြောင်းအရာ ရှင်းလင်းမှု: အချိန်၏တန်ဖိုး၊ ကုသိုလ်ကြောင့် အကုသိုလ်ဖြစ်ပုံ၊ ဈာန်မှယုတ်လျော့ခြင်းနှင့် တိဿမထေရ်ဝတ္ထုတို့ကို ရှင်းလင်းစွာ ခွဲခြားနားလည်နိုင်ရန် စာပိုဒ်များ ခွဲပေးထားပါသည်။
ဤတည်းဖြတ်မှုသည် တရားတော်နှင့် ဇာတ်လမ်းအကြောင်းအရာများ၏ အဓိပ္ပာယ်ကို မပျက်စေဘဲ ဖတ်ရှုရလွယ်ကူစေရန် ရည်ရွယ်ပါသည်။


သတ်ပုံစစ်ဆေးပြီးသည့် စာသား
အောက်တွင် မူရင်းစာသားကို သတ်ပုံ၊ ပုဒ်ဖြတ်ပုဒ်ရပ်နှင့် အထားအသို မှန်ကန်အောင် ပြင်ဆင်ပေးထားပါသည်။ ဤစာသားသည် ပဋ္ဌာန်းတရားတော်လာ ကုသိုလ်ကြောင့် အဗျာကတဖြစ်ပုံ၊ ဝိပဿနာရှုပုံနှင့် တိဿမထေရ်ဝတ္ထုတို့ကို ဆက်လက်ရှင်းလင်းဟောကြားထားခြင်း ဖြစ်သောကြောင့် ပါဠိစကားလုံးများ၊ အမည်နာမများနှင့် အသုံးအနှုန်းများကို အထူးဂရုပြု၍ တည်းဖြတ်ထားပါသည်။

ဟုတ်ပြီ။ သတိဆိုတာ နေရာတိုင်းမှာ သတိရှိရဲ့လား။
မရှိပါဘူး။
မရှိဘူးဗျ။ အဲ့တော့ "အရှင်ဘုရားတို့ အပ္ပမာဒသတိလေးတော့မှ မရှိကြဘူး။ ကိုယ့်တပည့်လည်း မဆုံးမကြဘူး။ အရှင်ဘုရားတို့ တာဝန်နှစ်မျိုး ပျက်ကွက်နေတယ်" ပေါ့။ ဒါတင်မကဘူး သူကပြောလိုက်တာ "တပည့်တော်လည်းပဲ အရှင်ဘုရားတို့၊ အပ္ပမာဒသတိ ကင်းလွတ်သွားတဲ့အတွက်ကြောင့် တပည့်တော်ကလည်း အခုဒီဘဝမှာပဲ အရှင်ဘုရားတို့လို ရဟန်းဘဝနဲ့... ဟိုဘဝကနေ ဒီဘဝကို... မင်းဘဝကနေ ဒီဘဝကို... တပည့်တော် ဒီလက်ကြီးနဲ့လည်းပဲ" သူ အိုးမည်းတွေ ပွတ်ထားတဲ့လက်ကြီးနဲ့ပေါ့ဗျာ။ ဟုတ်လား။ ဘာပွတ်ထားတာ။
အိုးမည်း။
"ဒီလက်နဲ့လည်း သုံးသပ်နိုင်တယ်ဘုရား" တဲ့။ "ဤသို့သော ခြေသည် အိုးကြမ်းခွဲသို့လည်းကောင်း၊ အိုးကွဲသို့လည်းကောင်း သုံးသပ်နိုင်တယ်" တဲ့။ "ဤသို့သော လက်၊ ဤသို့သော ခြေထောက်ဖြင့် သုံးသပ်နိုင်ခဲ့ပါတယ်ဘုရား" တဲ့။ အဲ့ဒီက အပ္ပမာဒသတိမရှိခဲ့လို့ ဘာဖြစ်သွားလဲ။
လူပြန်တော်။
အဲ အဲ့ဒါ လူပြန်တော်ဘဝ ရောက်သွားတာတဲ့။ ခုနက ပြောသွားပြီ။ မြေလျှိုးသွားတာ။ အောက်ကို စိုက်ကျသွားတာ။ ဟုတ်လား။ ဟုတ်တယ်မလား။ သတိမရှိလို့ အောက်စိုက်ကျသွားတယ် မဟုတ်လား။ သူကလည်း ကျကျနန၊ ဝမ်းနည်းပက်လက်နဲ့ ပြောနေတာ။ အဲ့တော့လည်းပဲ ကျန်တဲ့ရဟန်းတွေကလည်းပဲ "ဪ ဒီလောက် ငါတို့က ဈာန်အဘိညာဉ်ရတာ မဟုတ်ဘူး။ ဒီလောက် ဈာန်အဘိညာဉ်ရတဲ့ပုဂ္ဂိုလ်ကြီးတောင်မှပဲ ကြည့်စမ်းပါဦး" ပေါ့လေ။ "မိုးကောင်းကင်ကို လက်ဖြင့် သုံးသပ်နိုင်တဲ့ပုဂ္ဂိုလ်၊ လကို လက်ဖြင့် သုံးသပ်နိုင်တဲ့ပုဂ္ဂိုလ်တောင်မှပဲ ကြည့်စမ်းပါဦး။ အပ္ပမာဒသတိကြောင့်မို့လို့ ဒီလိုဒုက္ခဆင်းရဲ ရောက်သေးတယ်" ဆိုတော့ သူ့ကိုကြည့်ပြီးတော့ ကျန်တဲ့ရဟန်းတော်သုံးကျိပ်တို့ကလည်း ကြည့်စမ်းပါ။ အထိတ်တလန့် သူတို့ ဝိုင်းကြည့်နေကြတယ်။ သူပြောလိုက်တော့ တစ်ခါတည်း တကယ့်ကို သံဝေဂရစရာ မကောင်းဘူးလား။
ကောင်းပါတယ်ဘုရား။
သံဝေဂရစရာကောင်းတာပေါ့ဗျ။ သံဝေဂဆိုတဲ့အရ ကိုယ်တော်တို့ ဘာကောက်တုန်း။ မှန်မှန်ပြော။ အခု သုတ္တန်နဲ့ မာတိကာတက်တာ ပြီးခဲ့တဲ့အခါမှာ တက်ခဲ့တာ။ ကြည့်ဦး ဘာကောက်တုန်း။ ဟမ်။ အဲ မေ့ရပ်မောင်တို့။ ဥစ္စာ မနေ့တစ်နေ့ကမှ လက်တန်းလေး အောင်တယ်။ သံဝေဂကို အရမကောက်နိုင်တော့ဘူး။ ကြည့်စမ်းပါဦး။ ဟမ်။ ကိုင်း မသိဘူး။ ကိုယ်တော်တို့ ဥစ္စာ။ ဪ အတော်ခက်တဲ့ကိုယ်တော်တွေပဲ။ အကုန်ချန်၊ အကုန်ချန်ရစ်ခဲ့တာ။ အကုန်ထားရစ်ခဲ့တာ အခုဗျာ။ ဆွဲခေါ်လာရမှာ အကောင်းစားတွေကိုလေ။ ဟုတ်လားဗျ။ အဲ့တော့မှ သံဃာတော်တွေ နည်းနည်း "ဪ ဟုတ်ပြီသားပဲ" ပေါ့လေ။ အဲ့ဒါနဲ့လည်း ဒကာကြီးကလည်း လျှောက်ပြီးပြီဆိုတော့ အဲ့ဒါနဲ့ ထင်းစည်းထမ်းပြီးတော့ ပြန်သွားတာ။ အဲ့ကိုယ်တော်တွေက အဲ့မှာ မအိပ်တော့ဘူး။ အဲ့ဒီမှာ တရားကျင့်တာဗျ။ အဲ့ကိုယ်တော်တွေ ရဟန်းတော် ဘယ်လောက်။
သုံးကျိပ်။
သုံးကျိပ်။ ခုနက အဲ့ဒီပြောလိုက်တဲ့စကားက ဒါပဲ။ ဈာနာ ပရိဟီနော ဝိပ္ပဋိသာရီ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဈာနာ - ဈာန်မှ၊ ပရိဟီနော - ယုတ်လျော့သည်ရှိသော်၊ ဝိပ္ပဋိသာရီ - "ငါ့အား မြတ်သောတရားတွေ ပျောက်ခဲ့ပြီ" ဟု နှလုံးမသာယာခြင်းရှိသော ပုဂ္ဂိုလ်အား၊ ဒေါမနဿံ - ဒေါမနဿသည်၊ ဥပ္ပဇ္ဇတိ - ဖြစ်ပါသည်တဲ့။ သူ့နှလုံးမသာမယာနဲ့ ပြောလိုက်တာ။ သို့သော်လည်းပဲ တစ်ဖက်ကတော့ သံဃာတော်တွေ တရားထူးမရသွားဘူးလား။ ရသွားတယ်။ ကျန်တဲ့ရဟန်းတော်သုံးကျိပ်တို့က ရဟန္တာဖြစ်သွားခဲ့သတဲ့ဗျ။ ဟုတ်လားဗျာ။ ကိုင်း ဒါကြောင့် အရှင်ဘုရားတို့ရေ အဲ့ဒါ အရကောက်ကလေးတွေ သတိပြုပါ။
နောက် ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခတိ။ ပုဗ္ဗေ သုစိဏ္ဏာနိ ပစ္စဝေက္ခတိ။ ပုဗ္ဗေ သုစိဏ္ဏာနိ ပစ္စဝေက္ခတိက ကုသလော ကုသလဿနဲ့ ကုသလော အဗျာကတဿမှာ ကြည့်လိုက်။ တွေ့လား။ ကုသလော ကုသလဿမှာ ပုဗ္ဗေ သုစိဏ္ဏာနိ ပစ္စဝေက္ခတိ ပါလား။
ပါပါတယ်။
ဒီမှာ မပါဘူးလား။
ပါပါတယ်။ ဘာကွာတုန်း။ ဘာကွာသလဲ။ ဘယ်သူ့သန္တာန်မှာဖြစ်ခြင်း ကွာသလဲ။
အထက်က ကုသလော ကုသလဿက ပုထုဇဉ်။
ပုထုဇဉ်၊ သေခ။ ပုထုဇဉ်ဆိုရင်တော့ နှစ်မှတ်ပဲရမှာ။ ပုထုဇဉ်၊ ဘာလဲ။
သေခ။
သေခပုဂ္ဂိုလ်ရဲ့သန္တာန်မှာဖြစ်တာ။ ကုသလော အဗျာကတဿက။
ရဟန္တာ။
ရဟန္တာပုဂ္ဂိုလ်ရဲ့သန္တာန်မှာဖြစ်တာ။ အဲ့တော့ စာမျက်နှာ ၂၀ အောက်ကြည့်လိုက်လေ။ ကုသလော အဗျာကတဿ၊ အကုသလော အဗျာကတဿတို့ရဲ့ အစလေးချက်ဟာလည်း ဘာနဲ့သာဆိုင်တယ်။
ရဟန္တာနဲ့သာဆိုင်တယ်။
ရဟန္တာနဲ့သာဆိုင်တယ်တဲ့ဗျ။ ကိုယ်တော်တို့ မဖတ်မိသေးဘူးထင်တယ်။ အဲ မဖတ်ဘဲမနေနဲ့။ လိုက်ဖတ်ထား။ ဆရာက အဲ့လောက်အထိ မပြောနိုင်တော့ဘူး။ ဟုတ်လားဗျာ။ အချိန်မရဘဲ ခက်နေတဲ့အခါမှာ ဇိမ်ဆွဲနေလို့ မဖြစ်ဘူးဗျာ။ ဟုတ်လား။ လေးချက်ဟာ ဘာနဲ့ဆိုင်သလဲဆိုရင်။
ရဟန္တာပုဂ္ဂိုလ်နဲ့သာဆိုင်တယ်။ ကုသလံ အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော ဝိပဿတိ။ စေတောပရိယဉာဏေန ကုသလစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ ဒီလေးချက်တို့က ရဟန္တာပုဂ္ဂိုလ်များနဲ့သာ ဆိုင်တာပါ။ အဲ့လိုသဘောပေါက်ထား။ ဟုတ်လားဗျ။ အဲ့လိုသဘောပေါက်ထားရမယ်ပေါ့။ အဲ့တော့ အရှင်ဘုရားတို့ရယ် အခု ရဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်တွေ ကုသိုလ်ပဲဖြစ်ဖြစ်၊ အကုသိုလ်ပဲဖြစ်ဖြစ် ပွားများကြတယ်ပေါ့။ မပွားများကြဘူးလား။ ကိုယ်တော်တို့ ကုသိုလ်တရားပဲဖြစ်ဖြစ်၊ အကုသိုလ်တရားပဲဖြစ်ဖြစ် အရှင်ဘုရားတို့ အခု ဝိပဿနာရှုကြလိမ့်မယ်။ ဝိပဿနာရှုကြရမယ်။ ဟုတ်လားဗျာ။ ဘာကိုရှုကြရမှာတုန်း။
ဝိပဿနာ။ ဝိပဿနာရှုရလိမ့်မယ်။ ဒါတွေက တေဘူမကတရားမှန်သမျှတွေက ဝိပဿနာအရှုခံတရားတွေပဲ။ ဟုတ်လား။ တေဘူမကတရားဆိုတာက လောကီစိတ် ၈၁၊ စေတသိက် ၅၂၊ ရုပ် ၂၈။ ဒီတရားတွေက တေဘူမကတရား မဟုတ်ဘူးလား။ တေဘူမကတရားတွေကလည်း ဘာတွေပါလိမ့်။ အရှုခံတရားတွေ။ အရှုခံတရားဆိုတာက အရှုဉာဏ်ရဲ့အောက်က ရှိရမယ်။ ဘာအောက်က ရှိရမယ်။
အရှုဉာဏ်အောက်က။
အရှုဉာဏ်ရဲ့အောက်က ရှိရမယ်။ အဲ့လိုရှိတယ်ပေါ့။ ဒါကြောင့် အရှင်ဘုရားတို့ အဲ့ဒီကောက်စာတွေကို သိရှိထားရလိမ့်မယ်ပေါ့ဗျာ။ အဲ့တော့ ပြောစရာတွေကတော့ အလွန်တရာမှ များတယ်။ အဲ့ဒီအရကောက်တွေလည်း ကိုယ်တော်တို့ ကြည့်ထား။ အဲ့ဒီက စာအုပ်ထဲမှာပါတယ်။ နောက် အရကောက်ကြီးထဲက ပစ္စည်းတက်ပုံတွေ၊ အဓိပ္ပာယ်၊ အတ္ထုပ္ပတ္တိတွေ၊ အဲ့ဒီလို အရကောက်ကြည့်မယ်။ ဖတ်စရာတွေ အလွန်တရာမှ များပြားတယ်ပေါ့။
အဲ့တော့ အခု ခုနက ကုသလော အဗျာကတဿကတော့ ကုသိုလ်ကြောင့် အဗျာကတဖြစ်တာ။ အစလေးခုက ရဟန္တာနဲ့သာဆိုင်တာ။ ဟိုဟာ အကုသလော အဗျာကတဿလည်း ဒီအတိုင်းပဲပေါ့။ ဟုတ်လားဗျ။ အစလေးခုတို့က ရဟန္တာပုဂ္ဂိုလ်တွေက အကုသိုလ်ကို ဆင်ခြင်တာ။ ကုသလော အဗျာကတဿ အစက ရဟန္တာပုဂ္ဂိုလ်တွေ ကုသိုလ်တရားတွေကို ဆင်ခြင်တာ။ ဆင်ခြင်တာနဲ့ ဝိပဿနာရှုတာနဲ့ မတူဘူးနော်။ ဆင်ခြင်တာဆိုရင် အရဟတ္တမဂ်ပါတယ်။ ဝိပဿနာရှုတာဆိုလို့ရှိရင် အရဟတ္တမဂ် မပါဘူးလား။ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခတိဆိုတာ ဆင်ခြင်တာပဲလေ။ ပုဗ္ဗေ သုစိဏ္ဏာနိ ပစ္စဝေက္ခတိ ဒါ ဆင်ခြင်တာပဲလေ။ ဟုတ်လား။ ကုသလံ အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော ဝိပဿတိ။ ဝိပဿနာရှုတယ်ဆိုတော့ ကုသလံ - တေဘူမကကုသိုလ်ပဲ ကောက်တယ်။ စေတောပရိယဉာဏေန ကုသလစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိတဲ့။ အဲ့သလိုရှိတာပေါ့။
ဒီမှာလည်း ကိုယ်တော်တို့ ကုသလော... ခုနက သေခါ ဝါ ပုထုဇ္ဇနာ... သေခပုဂ္ဂိုလ်တွေ၊ ပုထုဇဉ်ပုဂ္ဂိုလ်တွေကနေပြီးတော့ အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော ဝိပဿန္တိ။ ကုသိုလ်ဇောနောင် တဒါရုံကြုံက ပုံလေးပါးတဲ့။ ကုသိုလ်ဇောနောင် တဒါရုံကြုံ။ အကုသလံ သာဒိယတိ၊ အဘိနန္ဒတိ။ အကုသလဇောနောင် တဒါရုံကြုံ။ နောက်ကျတော့ အာကာသာနဉ္စာယတနကုသလံ ဝိညာဏဉ္စာယတနဝိပါကဿ ကိရိယာယ စ အာရမ္မဏပစ္စယေန ပစ္စယော။ အာကိဉ္စညာယတနကုသလံ နေဝသညာနာသညာယတနဝိပါကဿ ကိရိယာယ စ အာရမ္မဏပစ္စယေန ပစ္စယော။ ကုသလာ ခန္ဓာ ယထာကမ္မူပဂဉာဏဿ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ၊ အနာဂတံသဉာဏဿ အာရမ္မဏပစ္စယေန ပစ္စယော။ အဲ့ဒီမှာဆိုရင်တော့ ဣဒ္ဓိဝိဓအဘိညာဉ် မပါတော့ဘူးပေါ့ဗျာ။ ဒါကြောင့် ကိုယ်တော်တို့ ပေးထားတဲ့စာလေးထဲမှာဆိုလို့ရှိရင် ဒီကုသလော အဗျာကတဿမှာ အဘိညာဉ်လေးခုပဲ ရေးရမှာနော်။ ဘယ်လောက်ပါလိမ့်။
လေးခု။
ကုသလက္ခန္ဓာ စေတောပရိယဉာဏဿ... ဣဒ္ဓိဝိဓ ပါသေးလား။
မပါဘူး။
မပါတော့ဘူးလေ။ ဘာဖြစ်လို့ ဣဒ္ဓိဝိဓမပါလဲဆိုလို့ရှိရင် ခုနက ဟို စာမျက်နှာ ၂၃ ပြန်ကြည့်။ ဣဒ္ဓိဝိဓအဘိညာဉ်က ကုသိုလ်က ကုသိုလ်ကို၊ ကိရိယာက ကိရိယာကို ကျေးဇူးပြုတာ။ ကုသိုလ်ကနေ ကျေးဇူးပြုတာ၊ ကုသိုလ်ကနေ ကိရိယာကို ကျေးဇူးပြုတာ မရှိဘူးနော်။ တွေ့လား။ ကုသိုလ်ကနေ...
ကိရိယာကို။
ကိရိယာတရားကို ကျေးဇူးပြုတာရှိလား။
မရှိဘူး။ မရှိဘူး။ ကုသိုလ်က ကုသိုလ်ကို၊ ကိရိယာက ကိရိယာတရားကိုပဲ ကျေးဇူးပြုတယ်။ ဇာတ်တူခြင်းပဲ ကျေးဇူးပြုတယ်လို့ အဲ့လိုမှတ်ရမယ်ပေါ့။ အဲ နက်ဖြန်ကျလို့ရှိရင်တော့ ဒီမှာ ဝိပဿနာရှုကွက်တွေလည်း ပြောပြဦးမှာပေါ့ဗျာ။ ကိုယ်တော်တို့က ရအောင်ကျက်ခဲ့။ နက်ဖြန်ကျလို့ရှိရင် ဒါ ပြီးအောင်သတ်မှာဖြစ်တယ်ပေါ့။ ဟုတ်လားဗျို့။ ကိုယ်တော်တို့က အရကောက် စာမျက်နှာ ၃၈၁ မှာ အဗျာကတော အဗျာကတဿ ရှိတယ်။ ၃၈၅ မှာ အဗျာကတော ကုသလဿ အရကောက်ရှိတယ်။ ဒါတွေလည်း ကြည့်ခဲ့ကြရဦးမယ်ပေါ့။ ဟုတ်လားဗျာ။ ကိုင်း ထားကြပါတော့။ ဒီနေ့တော့ဖြင့် ဒီလောက်နဲ့ပဲ နားလိုက်ကြရအောင်ပေါ့ဗျာ။

အဓိက ပြင်ဆင်မှုများနှင့် မှတ်ချက်များ

  • ပါဠိစာလုံးပေါင်း: "အပမသတိ" ကို "အပ္ပမာဒသတိ"၊ "ဈာန်နဲ့ပရိဟေတဝါဝိပရိသိသာဒေါ်မနဥပစေတီ" ကို "ဈာနာ ပရိဟီနော ဝိပ္ပဋိသာရီ ဒေါမနဿံ ဥပ္ပဇ္ဇတိ"၊ "မဂ္ဂမဂ္ဂံပစ္စကတိ" ကို "မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခတိ"၊ "ပုပ္ပေသုစေနိပစ္စုပ္ပတ္တိ" ကို "ပုဗ္ဗေ သုစိဏ္ဏာနိ ပစ္စဝေက္ခတိ"၊ "တေးဥကတရား" ကို "တေဘူမကတရား"၊ "အကုသလိဒေဝိပါကောဒါဓာတ်ဥပစတိ" ကို "အကုသလံ သာဒိယတိ၊ အဘိနန္ဒတိ"၊ "အာကာသဏနေသားရတနာကုသလံ" ကို "အာကာသာနဉ္စာယတနကုသလံ"၊ "ဝိညာဏရတနာဝိပကာသကကြိယာစ" ကို "ဝိညာဏဉ္စာယတနဝိပါကဿ ကိရိယာယ စ"၊ "အာကေစရာရတနာကုသလံ" ကို "အာကိဉ္စညာယတနကုသလံ"၊ "ဒေဝသညာနံရတနဝိပကသကိလိယာသာ" ကို "နေဝသညာနာသညာယတနဝိပါကဿ ကိရိယာယ စ"၊ "ယေတော့ညာပုဗေနိဝါနုဿရတနအာဇနာယာ" ကို "ယထာကမ္မူပဂဉာဏဿ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ၊ အနာဂတံသဉာဏဿ" စသည်ဖြင့် အမှန်သို့ ပြင်ဆင်ထားပါသည်။
  • စကားပြောဟန်: ဟောပြောသူ၏ စကားပြောဟန်အတိုင်း သဘာဝကျစေရန် ပုဒ်ဖြတ်ပုဒ်ရပ်များဖြင့် ပိုမိုရှင်းလင်းစေပါသည်။ အထူးသဖြင့် ပဋ္ဌာန်းတရားတော်၏ နက်နဲသော အပိုင်းများကို ရှင်းလင်းသည့်အခါ ပိုမိုပေါ်လွင်အောင် တည်းဖြတ်ထားပါသည်။
  • အကြောင်းအရာ ရှင်းလင်းမှု: တိဿမထေရ်ဝတ္ထု၊ ပုဂ္ဂိုလ်အလိုက် ကုသိုလ်-အကုသိုလ် ဆင်ခြင်ပုံ ကွာခြားချက်၊ ဝိပဿနာရှုပုံ၊ ဣဒ္ဓိဝိဓအဘိညာဉ်၏ အာရုံပြုပုံ စသည်တို့ကို ရှင်းလင်းစွာ ခွဲခြားနားလည်နိုင်ရန် စာပိုဒ်များ ခွဲပေးထားပါသည်။
ဤတည်းဖြတ်မှုသည် တရားတော်၏ အဓိပ္ပာယ်ကို မပျက်စေဘဲ ဖတ်ရှုရလွယ်ကူစေရန် ရည်ရွယ်ပါသည်။

နောက်ထပ် ဘာများ ကူညီပေးရဦးမလဲခင်ဗျာ။
  • ဤစာသားမှ အဓိကအချက်များကို အကျဉ်းချုပ်ပေးရမလား။
  • စာသားထဲမှ နားမလည်သော ပါဠိစကားလုံးများ၏ အဓိပ္ပာယ်ကို ရှင်းပြပေးရမလား။
  • အခြားစာသားများကိုလည်း သတ်ပုံစစ်ဆေးပေးရဦးမလား။


Built with Potion.so