အောက်တွင် ပေးထားသောစာပိုဒ်ကို သတ်ပုံအမှန်များဖြင့် ပြင်ဆင်ရေးသားပြီး စာပိုဒ်များ ခွဲပေးထားပါသည်။
၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက်၊ ၂၀၁၁ ခု၊ စက်တင်ဘာလ ၂၉ ရက်၊ ကြာသပတေးနေ့။ အဲ့တော့ မနေ့တုန်းက သတင်းစာ၊ သီတင်းကျွတ်လပြည့်ကျော်၊ သီတင်းကျွတ်လဆန်း ၁ ရက်နေ့ကစပြီးတော့ သဘာဂကရဏာတွေကို စတင်ပြီးတော့ ပို့ချခဲ့ကြပြီ၊ ရှိုးပွားခဲ့ကြပြီပေါ့။ အဲ့တော့ သဟဇာတမျိုး၊ သဟံမျိုးရဲ့ အငယ်ပစ္စည်းဖြစ်တဲ့ ဟေတုပစ္စည်းရဲ့ သဘာဂတွေ၊ ကရဏာတွေအနေနဲ့တော့ စတင်ပြီးတော့ ပို့ချခဲ့ပြီ။ အဲ့တော့ မနေ့တုန်းက စတင်ပို့ချနည်းနည်းလေး ကိုယ်တော်တို့ကို သဘောမပေါက်သေးတဲ့ပုဂ္ဂိုလ်ရယ်၊ မနေ့တုန်းက လာပြီးတော့ မနာဖြစ်၊ မလာဖြစ်တဲ့ပုဂ္ဂိုလ်ရယ်၊ ဟုတ်လားဗျာ။ မနာမလာဖြစ်ဘူးဆိုရင် ဘာလာဘာပါလိမ့်ဗျာ။ မလာဖြစ်ဘူးဆိုရင် မနာဖြစ်ဘူး။ မနာဖြစ်ဘူးပေါ့။ ဟုတ်လားဗျာ။ ဒါကြောင့် နည်းနည်းလေး အကျဉ်းချုပ် ပြန်ပြောပြမယ်။
အဲ့တော့ ကိုယ်တော်တို့ကို သဘာဂကရဏာတွေဆိုတာက သုဒ္ဓသင်္ချာတွေချည်းပဲ။ အနုလောမကရဏာတွေပဲဖြစ်ဖြစ်၊ ပစ္စနိကကရဏာတွေပဲဖြစ်ဖြစ် သုဒ္ဓသင်္ချာကိုသာ အသုံးချပြီးတော့ သွားရတာဖြစ်တယ်ပေါ့။ သုဒ္ဓသင်္ချာနဲ့ သွားရမှာဖြစ်တယ်။ သုဒ္ဓသင်္ချာမကျေလို့ရှိရင် မရဘူးနော်။ အဲ့ဒါ တစ်ယောက်ချင်းစီ အလျဉ်းသင့်တဲ့အချိန် ပြန်ခိုင်းမှာဖြစ်တယ်။ ရအောင်ကျက်ထား။ အလှည့်ကျရင် ကြွကြနဲ့ကြ၊ ဟုတ်လားဗျ။
အဲ့တော့ စာမျက်နှာလေးဆယ့်နဲ့နှစ်မှာဆိုရင် ၄၂၊ ၄၃၊ ၄၄၊ ၄၅ ဒီဘက်က ကိုယ်တော်တို့ အဲ့ဒီကောက်စာတွေကိုရွတ်ပြီးတော့ အဲ့ဒါကို အပေါ်စီးကမြင်အောင် ကိုယ်တော်တို့ ကြိုတင်ပြီးတော့လည်း ပြောထားတယ်။ အရာဝတ္ထုကို ကိုယ်တော်တို့ ဘေးတိုက်မြင်တာရယ်၊ အောက်ကနေမော့ကြည့်ရတာရယ်၊ အပေါ်စီးကမြင်တာရယ် ဘယ်ဥစ္စာပိုကောင်းလဲ။ အောက်ကနေ လှမ်းကြည့်နေရမယ်ဆိုရင် အဲ့ဒီလူ ဘယ်တော့မှ အဆင်ပြေတော့ဘူး။ ပွဲကြည့်တာတောင် အောက်ကနေမော့ကြည့်နေရင် အဆင်ပြေရဲ့လား။ မပြေပါဘူးဘုရား။ မပြေဘူးဗျ။ ဟုတ်လား။ ဘောလုံးပွဲကြည့်ရတာပဲဖြစ်ဖြစ်၊ ဟုတ်လား၊ ဇာတ်ပွဲတွေကို ကြည့်ရတာပဲဖြစ်ဖြစ် အောက်ကနေမော့ကြည့်ရင် ရတာရှိပါ့မလား။ မရှိဘူး။ အပေါ်စီးကကြည့်မှ၊ အပေါ်စီးကမြင်အောင် ကြိုတင်ထားရမယ်။ ဟုတ်လားဗျ။
အဲ့တော့ အဲ့ဒီစာမျက်နှာ ၄၂ မှာဆိုလို့ရှိရင် အနုလောမ၊ ပစ္စနိယအနုလောမ၊ အနုလောမပစ္စနိက၊ ပစ္စနိက လို့ လေးမျိုးရှိတဲ့ထဲက အဲ့ဒီမှာ အဲ့ဒီလေးမျိုးထဲက နောက်ဆုံးနံပါတ်လေးဖြစ်တဲ့ အနုလောမကို သဘာဂ၊ သဘောတူသောတရား၊ ကိုယ်တူသောတရားရယ်လို့ ပြောမှာ။ ဒါကြောင့် အဲ့ဒီစာမျက်နှာ ၄၂ က ဟိုအောက်နားမှာဆိုလို့ရှိရင် သဘာဂရဲ့ အဓိကအချက်၊ ရိုးရိုးစကားနဲ့ပြောမယ်ဆိုရင်တဲ့ နှစ်ဖက်ရတရားကိုပဲ ဒီပဋ္ဌာန်းမှာဖြင့် ဘာဖြစ်ဟောသတဲ့။ သဘာဂဖြစ်ဟောသတဲ့။ သဘာဂဖြစ်ဖို့အတွက်ဆိုရင် ဟိုညာဘက် ၄၃ တက်သွားမယ်ဆိုလို့ရှိရင် နည်းရာသို့လိုက်မှာလား၊ များရာသို့လိုက်မှာလားဆိုရင် နည်းရာသို့လိုက်မှာ။ သူလိုက်မှာဖြစ်တယ်ပေါ့။ ဟုတ်လားဗျာ။ နည်းသူလိုက်ရမှာဖြစ်တယ်။ အဲ့တော့ အခု ပစ္စည်းတစ်ခု၊ မူလီတစ်ခုနဲ့ အစိတ်စိတ်ပြနေတာတွေကို ပေါင်းပြီးတော့ပြလိုက်တာတဲ့ ကရဏာပဲ။ ဟုတ်လားဗျ။ အဲ့လို အဲ့တော့ စာမျက်နှာ ၄၃ ရဲ့ ဟိုအောက်နားမှာဆိုလို့ရှိရင်လည်းပဲ အလတ်များနှင့် အငယ်များသို့ သဘာဂပြုလုပ်၊ သမ္ဘာပြုလို့ဟောမယ်ဆိုလို့ရှိရင် အထူးမှတ်ချက်အနေနဲ့ ပါတယ်။ မဟုတ်လား။ ပါပါတယ်။ မနေ့တုန်းက ကိုယ်တော်တို့ အသည်းထဲမှာ ထိုးဖောက်ဝင်ရောက်သွားအောင်၊ အသည်းထဲမှာ စွဲမြဲဝင်ရောက်သွားအောင် ပြောခဲ့ဖူးလား။ ပြောခဲ့ပါတယ်။ ပြောခဲ့ပြီ။
စာမျက်နှာ ၄၅ မှာဆိုလို့ရှိရင် ကိုယ်တော်တို့ကို ဟေတုပစ္စည်းမှာဆိုလို့ရှိရင်၊ ဟေတုပစ္စည်းမှာ သဘာဂပစ္စည်းတွေ ၁၂ ခုရှိတယ်။ သူ့အကြွင်းကတော့ ဘယ်လောက်ပါလိမ့်။ ၁၁ ခုပေါ့။ ဟုတ်တယ်မလား။ ၁၁ ခုဖြစ်တယ်။ ဒါကြောင့်မို့လို့ စာမျက်နှာ ၅၀ မှာဆိုလို့ရှိရင် နေ့စဉ်နေ့စဉ် အာဘော်အဆုံးဆိုရတာက ဟောဒီ ၁၁ ခု။ ရွတ်ဖူးလား။ မဆိုဖူးဘူးလား။ အဲ့တော့ ဟေတုပစ္စည်းမှာဆိုရင် သဘာဂဘယ်လောက်ရှိသလဲဆိုတာကို တစ်ခါတည်းချက်ချင်း မသိရဘူးလား။ သိရပါတယ်။ သိရမှာပေါ့။ ဪ အဲ့ဒီလင်္ကာနဲ့လည်းသိရမယ်၊ သုဒ္ဓသင်္ချာနဲ့လည်းပဲ သိရမယ်။ ကဲ ဒါကြောင့်မို့လို့ အဲ့ဒီလိုဆိုခဲ့ပြီဆိုလို့ရှိရင် အဲ့ဒီနှစ်ဖက်ရတရားတွေ မနေ့တုန်းကတော့ အသေးစိတ်ပြောခဲ့ကြပြီ။ အဲ့တော့ စာမျက်နှာ ၄၅ ထိအောင် သွားရမယ်ပေါ့။
စာမျက်နှာ ၄၅ ရောက်တဲ့အခါကျလို့ရှိရင် "သဘာဂေါ ဟောတော်မူပြီးထ၊ ကရဏံ ဟောတော်မူ၏။ ထိုကရဏီလေ သာမညကရဏ၊ သဣန္ဒြိယမဂ္ဂကရဏ၊ သအဓိပတိဣန္ဒြိယမဂ္ဂကရဏအားဖြင့် ဘယ်နှစ်ပါးပါလိမ့်။" သုံးပါးပါ။ "ထိုသုံးပါးတို့တွင် သာမညကရဏကို ရှေးဦးစွာ ဟောတော်မူ၏။" အဲ့တော့ စာမျက်နှာ ၄၅၊ သဟဇာတကရဏဆိုတဲ့ အဲ့ဒီဇယားထဲမှာ ခရေဆိုတာတွေ့တယ်မဟုတ်လားဗျ။ ခရေပွင့်လေးပြထားတာ ဘယ်ဘက်လှမ်းကြည့်တဲ့အခါမှာ နံပါတ်တစ်၊ အဲ့မှာ သာမညကရဏတဲ့။ ဟုတ်လား။ မှန်ပါ။
မှတ်ချက်။ ဤစာသည် ဘာသာရေးဆိုင်ရာ အသုံးအနှုန်းများ၊ ပါဠိစကားလုံးများနှင့် ရှေးမြန်မာစာအသုံးများ ပါဝင်နေသောကြောင့် သတ်ပုံအမှန်မှာ အဓိပ္ပာယ်ကောက်ယူမှုအပေါ် မူတည်၍ အနည်းငယ်ကွဲပြားနိုင်ပါသည်။ အဓိကကျသော စာလုံးပေါင်းအမှားများကို ပြင်ဆင်ပြီး နားလည်လွယ်စေရန် စာပိုဒ်များ ခွဲပေးထားပါသည်။
သင့်အနေဖြင့် ဤစာ၏ အကြောင်းအရာကို အကျဉ်းချုပ်စေလိုပါသလား။ သို့မဟုတ် ဤစာထဲမှ နားလည်ရခက်သော စကားလုံးများကို ရှင်းပြပေးရမလား။
ဟုတ်ကဲ့ပါ၊ ကျန်ရှိနေသော စာပိုဒ်များကို ဆက်လက်၍ သတ်ပုံပြင်ဆင်ပြီး စာပိုဒ်များခွဲပေးလိုက်ပါသည်။
ဟိုးအောက် ခရေရဲ့အောက်မှာ မြားပြထားတာကို လိုက်ရှာလိုက်တဲ့အခါမှာ ၁၁ နဲ့ တန်းတန်း၊ ဟိုဘက်ကြည့်လိုက်တော့ ဟေတု မတွေ့ဘူးလား။ တွေ့ပါတယ်။ ဟေတုနဲ့အတူတကွ ဟိုညာဘက်ကို လှမ်းကြည့်တဲ့အခါမှာ မြားပြထားတာတွေ တူတူကွက်ရတာကို ကြည့်မယ်ဆိုရင် သဣန္ဒြိယမဂ္ဂကရဏ၊ ဟေတုပစ္စည်းက ဟိုအောက်အောက်တက်တဲ့အခါ ကြည့်ရင် နောက်ထပ်သုံးခု မကျန်ဘူးလား။ ကျန်ပါတယ်။ သုံးခုကျန်နေတယ်။ ဒီဘက်ကနံပါတ်နဲ့ဆို ၁၂ တန်းမှာပေါ့။ ဟုတ်လား။ ၁၂ နဲ့တန်းတာ ဟေတုရနေပြီ။ ဟေတုရတဲ့ ဟိုဘက်က အတူတူကွက်ရတဲ့ ပစ္စည်းတွေက အဓိပတိရယ်၊ ဣန္ဒြိယရယ်၊ မဂ္ဂရယ်။ ဒါကို သအဓိပတိ၊ သဣန္ဒြိယ၊ သဣန္ဒြိယမဂ္ဂကရဏလို့ သူတို့ဆိုတယ်ပေါ့။ အဲ့ဒီထဲမှာမှ သာမညကရဏကို ဟောမယ်။
သာမညကရဏကို ဟောမယ်ဆိုလို့ရှိရင် အဲ့ဒီမှာ အဝိပါကကရဏ၊ သဝိပါကကရဏလို့ ဖြစ်မှာ။ စာမျက်နှာ ၄၅ ရဲ့ သဟဇာတငယ်ဆိုရိုးပစ္စည်းဇယားရဲ့ ဘယ်ဘက်ထောင့်၊ ဘယ်ဘက်အပေါ်ထောင့်ကို လှမ်းကြည့်လိုက်တဲ့အခါမှာ အဝိ၊ သဝိ ဆိုတာတွေ့လား။ တွေ့ပါတယ်။ အေး ဟုတ်ပြီ။ အဝိဆိုတာက အဝိပါကကရဏလေးချက်၊ သဝိအောက်က သဝိပါကကရဏ ငါးချက်။ မနေ့တုန်းကတော့ အဲ့ဒီသာမညကရဏပဲ အရူပက္ကကရဏ၊ သရူပက္ကကရဏ ၅ ချက်အနေနဲ့ ပြောခဲ့ပြီ။
အဲ့လိုဆိုလို့ရှိရင် ဒီနေ့တော့ဖြင့် "သာမညကရဏံ ဟောတော်မူပြီးအခြား၌ သဣန္ဒြိယမဂ္ဂကရဏံ ဟောတော်မူ၏။" ဟောစဉ်ကို ဆိုကြည့် ဘယ်လိုပါလိမ့်။ "ဟောစဉ်ကို သဣန္ဒြိယမဂ္ဂကရဏံ ဟောတော်မူ၏။ ထိုသဣန္ဒြိယမဂ္ဂကရဏ၌ သုံးဆောင်" ဆိုပြီးကာမှ ခုနက အဲ့ဒီ သဟဇာတငယ်ဆိုရိုးပစ္စည်းပုံစံရဲ့ ဘယ်ဘက်အထက်ထောင့်ကို လိုက်ကြည့်တဲ့အခါမှာ အဝိ၊ သဝိ တွေ့တယ်မဟုတ်လား။ တွေ့ပြီ။ "အဝိပါကကရဏ၊ သဝိပါကကရဏအားဖြင့် နှစ်ပါး။ ထိုနှစ်ပါးတို့တွင် အဝိပါကကရဏကို ရှေးဦးစွာ ဟောတော်မူ၏။ ထိုအဝိပါကကရဏ၌တုံ သဗ္ဗတ္ထာနိကကရဏ၊ သအညမညကရဏ၊ သအညမညသမ္ပယုတ္တကရဏ၊ သဝိပ္ပယုတ္တကရဏအားဖြင့် လေးပါးရှိ၏။ ထိုလေးပါးတို့တွင် သဗ္ဗတ္ထာနိကကရဏကို ရှေးဦးစွာ ဟောတော်မူ၏။ ထိုသဗ္ဗတ္ထာနိကကရဏ၌" ထိုသဗ္ဗတ္ထာနိကကရဏ၌။ ကရဏာ၏။ "သမ္ပယုတ္တခန္ဓာ၊ သဟဇာတစိတ္တဇရုပ်၊ သပဋိသန္ဓေကမ္မဇရုပ်အပ်သော အမောဟ။"
ဒါလည်း လက်အုပ်ချီမယ်၊ အာရုံစိုက်မယ်။ ကိုယ်တော်တို့ စာမျက်နှာ ၄၅ ရဲ့ အပေါ်ကဇယားထဲမှာလေ၊ ဟေတုပစ္စည်းရဲ့ ဒုတိယတိုး မဟုတ်ဘူးလား။ နံပါတ်ဘယ်လောက်ပါလိမ့် ဘယ်ဘက်ကထောင့်မှာ။ ၁၁။ ရှိတယ်။ ၁၁ ထဲမှာဆိုရင် ဘယ်သူပါလိမ့်။ အမောဟ။ ဪ အမောဟတဲ့။ ဒါလေးကောက်ရမှာ။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ကိုယ်တော်တို့အခု ဟေတုမူဣန္ဒြိယသဘာဂ၊ ဟေတုမူမဂ္ဂသဘာဂ၊ အဲ့ဒီ ဟေတု၊ စာမျက်နှာ ၄၄ ကလေ၊ စာမျက်နှာ ၄၄ က ဟေတုမူဣန္ဒြိယသဘာဂ၊ ဟေတုမူမဂ္ဂသဘာဂသည် ပင်လျှင် သဣန္ဒြိယကရဏဖြစ်ပြီ။ ဟုတ်လားဗျာ။ သဣန္ဒြိယမဂ္ဂကရဏဖြစ်လာပြီ။ သူကနေမွေးဖွားပေးလိုက်တော့မှ "ထိုအဝိပါကကရဏ၌ သမ္ပယုတ္တခန္ဓာ၊ သဟဇာတစိတ္တဇရုပ်၊ သပဋိသန္ဓေကမ္မဇရုပ်အပ်သော အမောဟ။" အဲ့တော့ အထက်ကဇယားရဲ့ ဒီမှာ ပစ္စည်းတရားဆိုတာတွေက ကိုယ်တော်တို့ သဟဇာတငယ်ရဲ့ စာမျက်နှာနှစ်က တရားကိုယ်တွေ၊ ဘယ်ဘက်အခြမ်းက ပစ္စည်းတရားကိုယ်တွေ။ ဟုတ်လားဟေ့။ မှန်ပါ။ အောက်ကဆိုရင် ညာဘက်ကအခြမ်း၊ ညာဘက်ကအခြမ်းက ပစ္စုပ္ပန်အခြမ်းက တရားတွေလေ။ ဒါကို တို့ဇယားကြီးက ဟိုဒေါင်လိုက်ရေးထားတာ တွေ့တယ်မို့လား။ အဲ့ဒါ အဲ့ဒါတွေကို ကိုယ်တော်တို့ရေး၊ အဲ့လိုသိရမှာ။ ကိုယ်တော်တို့ကလည်းပဲ ဘုန်းကြီးအကုန်မှီနေတာ ပြောဖို့ဗျ။ ဟုတ်လား။ ကိုယ့်ဘာသာကိုယ်ဖတ်တဲ့လူ ရှိလောက်ပါတယ်ဗျာ။ ဟုတ်လား။ ရှိပါတယ်။ ရှိပါတယ် ဟုတ်လားဗျ။
ဒါကြောင့် ပြန်ပြောမယ်။ "ထိုသဗ္ဗတ္ထာနိကကရဏ၌ သမ္ပယုတ္တခန္ဓာ၊ စိတ္တဇရုပ်၊ သပဋိသန္ဓေကမ္မဇရုပ်အပ်သော အမောဟ။" အမောဟဆိုတာ ဘာကိုကြည့်ရတာလဲဆိုလို့ရှိရင် ခုနကတရားကိုယ်၊ ခုနကဇယားရဲ့ ဘယ်ဘက်အခြမ်းမှာ တရားကိုယ်တွေ့တယ်မို့လား။ မှန်ပါ။ "ဤတရားတို့သည်" ဆိုပြီးကျတော့ အခု အကြီးလေးခုနဲ့ အငယ်သုံးခုကို မူတည်၊ မူတည်ပြီးထိုင်ထားရမှာ။ ပြောကြည့် ဘာနဲ့ဘာနဲ့ မူတည်ထိုင်ထားမလဲ။ အကြီးလေးခုနဲ့။ အကြီးလေးခုဆိုတာက အကြီးလေးခုဆိုတာက သဟဇာတကြီးလေ။ မှန်ပါ။ သဟဇာတကြီးကတော့ အငယ်တွေ၊ အလတ်တွေရသလို ပြောခဲ့ဖူးလား။ ပုံသေထိုင်ထားဆိုတာက သူ့နာမည်ရဲ့ မူရင်းနာမည်က သဣန္ဒြိယမဂ္ဂဆိုတော့ 'သ' ဆိုတာက ဟောဆဲဖြစ်တဲ့ ဘယ်သူပါလိမ့်။ ဟေတု။ ဟေတု၊ ဣန္ဒြိယ၊ မဂ္ဂ။ သူတို့သုံးခုနဲ့ အငယ်သုံးခုနဲ့ အကြီးသုံးခု ထိုင်ထားလိုက်ရတယ်။ ဟုတ်လားဗျာ။ အငယ်သုံးခုနဲ့ ဘာလဲ အကြီးသုံးခု။ အကြီးသုံးခုထိုင်ရတဲ့ဟာ။ အဲ အကြီးသုံးခု၊ အကြီးလေးခုနဲ့ အငယ်သုံးခု ပုံသေထိုင်ပြီးတော့မှ သူတိုးလာတဲ့ပစ္စည်းအားလျော်စွာ ဆိုမယ်။ အလတ်တွေတိုးလာတဲ့ အားလျော်စွာဆိုမယ်။ ဟုတ်လားဗျ။ မှန်ပါ။
"အမောဟ၊ ဤတရားတို့သည် ဟေတု၊ သဟဇာတ၊ နိဿယ၊ ဣန္ဒြိယ၊ မဂ္ဂ၊ အတ္ထိ၊ အဝိဂတ ဤခုနစ်ပစ္စည်းအပ်သော တရားတို့၌ မှီခို၏။ ထို့ကြောင့် ထိုတရားတို့ကို အနုလောမ၌ ဟေတု၊ သဟဇာတ၊ နိဿယ၊ ဣန္ဒြိယ၊ မဂ္ဂ၊ အတ္ထိ၊ အဝိဂတံတိ သတ္တဟု သင်္ချာတပ်၍ ဟောတော်မူအပ်ကုန်၏။" အဲ့တော့ စာမျက်နှာ ၄၅ ရဲ့ ၁၁ က ဟိုးအစွန်ဆုံးကို ကြည့်လိုက်မယ်။ 'သတ္တ'။ ဟိုဘက်က အစွန်ဆုံးက သင်္ချာအောက်တွေ ပြောမယ်ဆိုလို့ရှိရင် ၄၊ ၂၊ ၃ လုံး မတွေ့ဘူးလား။ တွေ့ပါတယ်။ အောက်ကဇယားမှာ သတ္တ မတွေ့ဘူးလား။ အတူတူပဲ။ အတူတူပဲ။ အဲ့ဒီ 'သတ္တ' ဟူသည်တွေ အကုန်လုံးကောက်ထားတယ်ဆိုတော့ ကိုယ်ကတော့ ဒါ အကုသလဝိပါက် သုံးချက်ရသေးသလား။ မရပါဘူး။ မရဘူးလေ။ မရဘူး။ မရဘူး။ ဒါပြောခဲ့ပြီးပဲ။ "သတ္တဟူသောအခါ ကုသလော၊ အဗျာကတဿ၊ အကုသလော၊ အဗျာကတဿ၊ ကုသလောကုသလဗျာကတဿ၊ အဗျာကတော၊ အဗျာကတဿ ဟူသည်တည်း။"
ဤသို့ဖြင့် ကျန်ရှိနေသော စာများကို ဆက်လက်၍ စစ်ဆေးပေးရဦးမလား၊ သို့မဟုတ် ဤအပိုင်းနှင့် ပတ်သက်၍ အခြားသိလိုသည်များ ရှိပါသလား။
ဟုတ်ကဲ့ပါ၊ စာသားများကို ဆက်လက်၍ သတ်ပုံပြင်ဆင်ပြီး စာပိုဒ်များ ခွဲပေးလိုက်ပါသည်။
ကဲ ဒါဆိုလို့ရှိရင် "သာမညကရဏံ ဟောတော်မူပြီးအခြား၌" ဆိုကြည့်ရအောင်။ အဲ့တော့ စာမျက်နှာ ၄၄ မှာ "ဟေတုမူဣန္ဒြိယသဘာဂ၊ ဟေတုမူမဂ္ဂသဘာဂ" အဲ့ဒါကို တစ်ခုဆို တစ်ခေါက်လောက်တော့ ဆိုလိုက်ကြရမယ်။ မဟုတ်လားဗျာ။ မှန်ပါ့ဘုရား။ အဲ့ဒီက "ဟေတုမူဣန္ဒြိယသဘာဂ၊ ဟေတုမူမဂ္ဂသဘာဂ" သည်ပင်လျှင် အခု သဣန္ဒြိယမဂ္ဂကရဏရဲ့ သဗ္ဗတ္ထာနိကကရဏ၊ အစအဆုံးကရဏာ ဖြစ်လာရတယ်ပေါ့။ ဟုတ်လားဗျာ။ သူ့စာထဲက အရင်းစစ်တော့ အမြစ်မြေက ဆိုသလိုပဲ ကိုယ်တော်တို့ရဲ့ စာအုပ်စာမျက်နှာနှစ်က သုဒ္ဓသင်္ချာထဲမှာ ဟေတုနဲ့ တူရိပ်တူတာ ရှာမယ်ဆိုလို့ရှိရင်၊ ဟေတုနဲ့ ဣန္ဒြိယ၊ မဂ္ဂကို သဘာဂဖြစ်တာ၊ တရားကိုယ်တူတာ ရှာမယ်ဆိုရင် အဲ့ဒါကို ပြောရလိမ့်မယ်ပေါ့။ ဟုတ်လားဗျ။ မတွေ့ဘူးလား။ တွေ့တယ်။ ဒါပဲဆိုတော့ ဘာခက်သေးလဲ။ ဒါကြောင့် ရွှေမှီမှ ခင် ဆိုတာ ဟုတ်တယ်မလား။ မှန်ပါ။
ဒါဆိုလို့ရှိရင် ကိုယ်တော်တို့ အဲ့ဒါဆိုမယ်။ "ဟေတုမူဣန္ဒြိယသဘာဂ၌" ဆိုရအောင်။ "ထို့နောက် သအညမညကရဏံ ဟောတော်မူ၏။ ထိုသအညမညကရဏ၌ သမ္ပယုတ္တခန္ဓာ၊ ဟဒယဝတ္ထုအားအပ်သော အမောဟ။" ခုနကပြောခဲ့တဲ့ အပေါ်ဇယားတရားကိုယ်က အမောဟဆိုတော့ ကိုးချက်လုံး၊ ဟိုး ၁၁ က ဟိုအစွန်ကို လှမ်းကြည့်လိုက်တဲ့အခါမှာ 'နဝ' ဆိုတာ တွေ့တယ်မို့လား။ မှန်ပါ။ အဲ့ဒီမှာ ကိုးချက်ရှိမှာ။ အဲ့ဒီကိုးချက်လုံးလုံးဟာလည်း အမောဟချည်း ကောက်မှာပဲ။ အဆုံးသတ်က အဗျာကတဿ ဘာကောက်မှာလဲဆိုရင် အမောဟချည်းကောက်မှာပဲ။ ဒါကြောင့်မို့လို့ "အညမညကရဏ၌ သမ္ပယုတ္တခန္ဓာ၊ ဟဒယဝတ္ထုအပ်သော အမောဟ။" ခုနက ၇ ပစ္စည်းတည်းပဲ။ ဘယ်သူထည့်လာမှာတုန်း။ အညမည။ အညမညထည့်မှာပေါ့။ ဟုတ်လားဗျာ။ "ဤတရားတို့သည် ဟေတု၊ သဟဇာတ၊ အညမည၊ နိဿယ၊ ဣန္ဒြိယ၊ မဂ္ဂ၊ အတ္ထိ၊ အဝိဂတ ဤရှစ်ပစ္စည်းအပ်သော တရားတို့၌ မှီခို၏။ ထို့ကြောင့် ထိုတရားတို့ကို ဤအနုလောမ၌ ဟေတု၊ သဟဇာတ၊ အညမည၊ နိဿယ၊ ဣန္ဒြိယ၊ မဂ္ဂ၊ အတ္ထိ၊ အဝိဂတံတိ ဒွေဟု သင်္ချာတပ်၍ ဟောတော်မူအပ်ကုန်၏။"
"ဒွေဟူသောအခါ" "ဒွေဟူသောအခါ" ဆိုတော့ ကိုယ်တော်တို့ကို အမောဟကောက်ထားတဲ့အတွက်ကြောင့်မို့လို့ အညမညကို မူတည်ထားလိုက်လေ။ ဘယ်သူ့ကို မူတည်ထားရမှာပါလိမ့်။ အညမညပါဘုရား။ အညမညမူရင်းရှိတာက သင်္ချာဘယ်လောက်။ 'ဒွေ' မရှိဘူးလား။ ရှိပါတယ်။ 'ဒွေ' ရှိတဲ့ထဲက အဲ့ဒီအတိုင်းပဲ အကုသလ၊ အကုသလ မရဘူးဆိုတာကျတော့ ဘာနဲ့ဘာနဲ့ ကျန်မှာပါလိမ့်။ ကုသလဗျာကတနဲ့။ ဘာတွေလဲ ကုသလဗျာကတနဲ့။ ဗျာကတဗျာကတ။ ဗျာကတဗျာကတ။ ဒါကြောင့် "သင်္ချာဒွေဟူသောအခါ၌ ကုသလော၊ အဗျာကတဿ၊ အဗျာကတော၊ အဗျာကတဿတည်း။"
အဲ့တော့ ကိုယ်တော်တို့က အမှတ်တမဲ့နဲ့ မေ့သွားမှာစိုးလို့ အဲ့ဒါလေးဆိုပြီးကျတော့ အဲ့ဒါဝိုက်ပြီးကျတော့ ဟိုကလည်း ကိုယ်တော် ဝိုက်ပြီးကျတော့ အဲ့ဒါလေးကို "ကုသလောကုသလဿ၊ ကုသလောဗျာကတဿ၊ အကုသလောကုသလဗျာကတဿ၊ အဗျာကတောဗျာကတဿ ဒွေ" ဆိုလို့ရှိရင်လည်းပဲ အဲ့ဒါ "ကုသလောကုသလဿ၊ အဗျာကတောဗျာကတဿ" ကိုယ်တော်တို့ရေးထား၊ ကိုယ်တော်တို့ကျတော့ ကြာတော့မေ့သွားတာဗျ။ ကိုယ်တော်တို့က ဟုတ်တယ်မလား။ ကိုယ်တော်တို့က အခုဘုန်းကြီးပြောမှပဲ မှတ်မိသလိုလိုနဲ့။ ဒီလောက်ကတော့ မှတ်မိပါတယ်။ ဘုန်းကြီးပြောတဲ့အခါ အသက်ရှူမှန်မှ ဘာပါလိမ့်။ အသက်ရှူမှန်မှ။ ပြောသွားပြီဘုရား။ ကိုယ်တော်တို့က အဲ့လိုပြောမှာပါ။ တကယ်တော့ ကြားတော့ ကျုပ်တစ်ခါပဲ။ ဘယ်လောက်ပဲ ခံစားမှာလဲ။ တစ်ချက်ပဲ။ ဘယ်လောက်ခံတုန်း။ တစ်ချက်ပဲ။ အဲ့လောက်ပဲ ကျန်တယ်။ ဘုန်းကြီးတို့ အဲ့ဒါကြောင့် ရပြီပေါ့ဗျာ။
ကဲ ဆိုရအောင်။ "ထို့နောက် သအညမညကရဏံ ဟောတော်မူ၏။" ဆိုရအောင်။ "ထို့နောက် သအညမညသမ္ပယုတ္တကရဏံ ဟောတော်မူ၏။ ထိုသအညမညသမ္ပယုတ္တကရဏ၌ သမ္ပယုတ္တခန္ဓာသာအပ်သော ဘာပါလိမ့်။" သမ္ပယုတ္တော။ "သမ္ပယုတ္တခန္ဓာသာအပ်သော အမောဟ။" ကြားဖြတ်ပြောလိုက်ရအောင်။ ကိုယ်တော်တို့ အခု ဟိုတလောက ကိုယ်တော်မေးကြည့်တော့ အလယ်တန်းကလည်း ကိုယ်တော်တို့ ပဉ္စမပိုင်းတော် ကုန်ပြီတဲ့။ ပဉ္စမပိုင်းတော်ကုန်ခါနီးပြီ ဟုတ်လား။ တတိယပိုင်းလည်း ကုန်ပြီမဟုတ်ဘူးလား။ မဟုတ်ပါဘူး။
ကဲ အဲ့လိုဆိုလို့ရှိရင် ဒီမှာ အညမညသမ္ပယုတ္တရတိုင်းတော့ အညမညရတယ်၊ အညမညရတိုင်းတော့ သမ္ပယုတ္တမရဘူးတဲ့။ အဲ့ဒါ သမာဓိဂုဏ် ၆ ပါးထဲက ဘယ်သူနဲ့ဘယ်သူပါလဲ။ ဟင်။ ဘာမှမသိဘူး။ ဘုန်းကြီးဘက်က ပဋ္ဌာန်းချတာနဲ့ အဲ့ဒီရောက်သွားတာ ကိုယ်တော်ပြောချင်သလား။ အဲ့တော့ ပါဏိဓမ္မသမာဓိဂုဏ်နဲ့ ကတုဓမ္မသမာဓိဂုဏ် ရှိတယ်မဟုတ်ဘူးလား။ အဲ့တော့ ကတုဓမ္မသမာဓိဂုဏ်ရတိုင်း ပါဏိဓမ္မသမာဓိဂုဏ်ကရတယ်။ ပါဏိဓမ္မသမာဓိဂုဏ်ရတိုင်းတော့ မရဘူး။ ဟုတ်လား။ အဲ့ဒါ အတူတူပဲလေ။ ဒါတစ်သွေးတည်းပေါ့။ ဟုတ်လား။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် အညမညက သမ္ပယုတ္တထက် စာအုပ်များတယ်။ သူက နာမ်တရားတင်မကဘူး၊ သူက ဟဒယဝတ္ထုက ပိုရတယ်။ ဟုတ်လားဗျာ။
ဤအပိုင်းတွင် ပါဠိစာပေဆိုင်ရာ အသုံးအနှုန်းများနှင့် နှိုင်းယှဉ်ချက်များစွာ ပါဝင်ပါသည်။ ဆက်လက်၍ စစ်ဆေးပေးရမလားခင်ဗျာ။
ဟုတ်ကဲ့ပါ၊ နောက်တစ်ပိုင်းကို ဆက်လက်၍ သတ်ပုံပြင်ဆင်ပြီး စာပိုဒ်များ ခွဲပေးလိုက်ပါသည်။
ကိုယ်တော်တို့ လောကကြီးကိုကြည့်၊ အကြီးလေးခုဆိုလို့ရှိရင် တရားကိုယ်တွေ အများကြီးရထားလို့ စာအုပ်စာမျက်နှာကိုး ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်၊ ခြုံကြည့်မယ်ဆိုလို့ရှိရင် နိဗ္ဗာန်မှတစ်ပါး ကျန်တဲ့တရားတွေရတယ်။ ဟုတ်ဗျာ။ နိဗ္ဗာန်မှတစ်ပါး စိတ်၊ စေတသိက်၊ ရုပ် မရဘူးလား။ ပရမတ္ထတရားလေးပါးရှိတဲ့အနက် သုံးပါးမရဘူးလား။ ရပါတယ်။ အဲ့ကျန်တဲ့တရားတွေက သူ့လောက်မရဘူးပေါ့ဗျာ။ အဲ့တော့ သူကတရားကိုယ်တွေများတဲ့အတွက်ကြောင့် ဘယ်သူပဲဟောဟော၊ ဟောတဲ့ပုဂ္ဂိုလ်နောက် လိုက်ပြီးတော့ပဲရတယ်ပေါ့။ ဟုတ်တယ်မဟုတ်လား။
လောကကြီးမှာ အရှင်ဘုရားတို့ရေ၊ အသိပညာဗဟုသုတတွေကြွယ်ဝတဲ့ပုဂ္ဂိုလ်၊ သူတော်ကောင်းတရားတွေကြွယ်ဝတဲ့ပုဂ္ဂိုလ်ကတော့ အရှင်ဘုရားတို့ ကိုယ့်ဘက်ကိုမရပ်ဘူး။ ဒါတွေက ဒါဒီတရားတွေက အဲ့လိုညွှတ်နေတာ။ ဟုတ်လားဗျ။ အဲ့ဒါ သူများနောက်၊ သူများရဲ့အလိုကိုလိုက်တာ၊ ကိုယ့်အလိုဆန္ဒကို ဦးတည်သလားဆိုလို့ရှိရင် မဦးတည်ဘူး။ ဒါတွေက ဒီလိုပြောနေတာလေ။ သဟဇာတကြီးဆိုတာ သဘောထားကြီးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဘာကြီးတာပါလိမ့်။ သဘောထားကြီးတာပါ။ သဘောထားကြီးတယ်။
ကိုယ်တော် အခု ဧဝံမေသုတ္တံ ကိုယ်တော်ရတာမဟုတ်ဘူးလားဗျ။ မင်္ဂလသုတ် ဧဝံမေသုတ္တံလေ။ ဆိုကြည့်စမ်းပါဦး။ ရွတ်ပါဦး။ ကောက်ခိုင်းတာ။ အဲ့ဒါ စီမံခန့်ခွဲသလို၊ သူတို့ကျတော့ စီမံခန့်ခွဲသလို ကြည့်စမ်းပါဦး။ ပြောတဲ့ဘုန်းကြီးတောင်မှ အားရပါးရ တစ်ခါတည်း ပြောချင်အောင် မဟုတ်ဘူးဗျ။ ညွှန်ကြားနိုင်မှ ရလို့ပါဘုရားပေါ့။ ဟုတ်လား။ သံဝေဂနဲ့ သူတို့လမ်းသွားနေတာက ဟုတ်လားဗျာ။ ဆန်းတစ်ပြား။ လမ်းသွားနေတာ။ အဲ့လိုဥစ္စာ ဧဝံမေသုတ္တံတွေက ရှင်အာနန္ဒာကနေ "တပည့်တော် ဒီလိုကြားခဲ့တယ်ဘုရား" တဲ့။ ဒါလေးက တော်တော်ကောင်းတာလေ။
ကိုယ်တော်တို့ တစ်ချိန်ချိန်မှာ ဗုဒ္ဓဂယာဘုရားဖူး ရောက်ကြမယ်ဆိုလို့ရှိရင် အဲ့ဒီမှာပဲ "ဧဝံ မေ သုတံ၊ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ" တဲ့။ ဪ ဒါလေးဟောတာ။ အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ ရှင်အာနန္ဒာကနေပြီးကျတော့ အရှင်ဘုရားတို့ရေ ဘာဖြစ်လို့ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေလို့ ဘယ်လိုဆိုရသလဲဆိုလို့ရှိရင် အဲ့ဒါနည်းနည်းလေး ကိုယ်တော်တို့ ဒီဥစ္စာက တော်တော်ကို အပေါ်ယံကြည့်ရင်လည်းပဲ အပေါ်ယံသဘောလေးမြင်ရတယ်၊ အတွင်းသဘောကို လှမ်းကြည့်ရင်လည်း အတွင်းသဘောကို မြင်နိုင်တယ်ဗျ။ ဟုတ်လားဗျ။ အပေါ်ယံကြည့်ရင်လည်း ဘာလဲ။ အပေါ်ယံမြင်တယ်။ အပေါ်ကိုမြင်နိုင်တယ်။ အတွင်းသဘောကို လှမ်းကြည့်ရင်လည်းပဲ မြင်နိုင်တယ်။ အတွင်းသဘော၊ အတွင်းသဘောဆိုတာ ဘာလဲဆိုလို့ရှိရင် နှလုံးသား။ ဟုတ်လား။ ဟုတ်လားဗျ။
အဲ့ဒါဘယ်လိုလဲဆိုလို့ရှိရင် ရှင်အာနန္ဒာကနေပြီးတော့ကျတော့ ဒီဥစ္စာ သံဃာယနာတင်တဲ့အခါ ဘယ်နေရာမှာ ဒီဘယ်တရားတော်ကို ဟောကြားခဲ့ပါတယ်လို့ အဲ့လိုဟောတဲ့အခါမှာ "အနာထပိဏ္ဍိကဿ အာရာမေ" တဲ့။ ဇေတဝန်ကျောင်း၊ အနာထပိဏ်သူဌေးရဲ့ဥယျာဉ်။ အဲ့တော့ ဒီဥစ္စာက ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ ရာဇဝင်ဇာတ်လမ်းလေးက အလွန်တရာကောင်းတာပေါ့။ အဲ့ထဲက ဪ အခုဒါနဲ့ပတ်သက်တာလည်း ပြောပြရဦးမယ်။ ဘယ်လိုလဲဆိုလို့ရှိရင် ဘုရားရှင်ကိုယ်တော်မြတ် အဲ့ဒီအရပ်ဒေသကို ရောက်လာပြီဆိုတော့ အနာထပိဏ်သူဌေးကြီးကလည်းပဲ ဘုရားရှင်ကိုယ်တော်မြတ်ကို ဒီအရပ်ဒေသမှာ သီတင်းသုံးစေချင်တယ်။ အဲ့လိုဆိုလို့ရှိရင် ဒီကျောင်းကန်နဲ့ လျော်တာဆိုတာက ဇေတမင်းသားရဲ့ ဥယျာဉ်ပဲ။ ဒီနေရာပဲ အရိပ်အာဝါသနဲ့ ပြည့်စုံတယ်။ ဟုတ်လားဗျ။ ဘာနဲ့ပြည့်စုံလဲ။ အရိပ်အာဝါသနဲ့ ပြည့်စုံပါတယ်။ အရိပ်အာဝါသနဲ့ ပြည့်စုံတယ်။ သွားရေးလာရေးနဲ့ ပြည့်စုံအဆင်ပြေတယ်။ အဲ့လိုဆိုလို့ရှိရင် ဒီနေရာလေးကို သွားရင်ကောင်းမယ်ဆိုတော့ အဲ့ဒါ ဇေတမင်းသားကို သွားပြီးတော့မေးတာ။ "ဇေတမင်းသား၊ ဘုရားရှင်ရဲ့ကျောင်းဆောက်ဖို့အတွက် ဒီနေရာတွေကတော့၊ ဒီအသင်မင်းသားရဲ့ ဥယျာဉ်ကတော့ဖြင့် အလွန်တရာမှ သပ္ပါယဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သင်မင်းသားအနေနဲ့ ရောင်းနိုင်မလား" လို့ ဒီလိုမေးလိုက်တာကျတော့ သူ့ကဲ့သို့သော အိမ်ရှေ့မင်းသားကို မေးရကောင်းလားဆိုပြီး ဟိုကနေ ပေါက်ကွဲထွက်ပြီးတော့ ပြောလိုက်တဲ့စကားလေးတစ်ခုက ဘာလဲဆိုလို့ရှိရင် "ငွေပြားချင်းခင်းပြီးတော့ ပေးရင်တောင်မှပဲ ငါမရောင်းနိုင်ဘူး။" ငွေပြားချင်း၊ ဘာလဲ။ ငွေပြားချင်း။ ငွေပြားချင်းပေါ့။ ငွေတွေကို အရှင်ဘုရားတို့ အဲ့ဒီက ဇေတဝန်ကျောင်းတစ်ခုလုံးကို၊ ဇေတဝန်ကျောင်းမြေမျက်နှာပြင်တစ်ခုလုံးကို ဘာပါလိမ့်။ ငွေပြားတွေ၊ ငွေပြားတွေ ဆက်စပ်ပြီးတော့ ခင်းလိုက်မယ်။ ဟုတ်လားဗျ။ တကယ်လို့ ဒီနေရာမှာ သစ်ပင်ရှိနေတယ်ဆိုလို့ရှိရင် သစ်ပင်ရဲ့အတိုင်းအတာပမာဏကို ကြည့်ပြီးကျတော့မှ အစားထိုးထည့်ပေး။ အဲ့ဒါပေးနိုင်မှ။ အဲ့ဒါ အဲ့လိုပေးနိုင်မှ။ အဲ့ဒါ နောက်တော့ အဲ့ဒါကို ဈေးခေါ်သလိုဖြစ်သွားတာ။ ဘယ်လိုဗျ။ ဈေးခေါ်သလို၊ အဲ့ဒါ ဈေးခေါ်သလိုဖြစ်သွားတယ်ပေါ့ဗျာ။
အဲ့ဒါနဲ့တင် သူက လူကြီးကတိဆိုတော့လည်းပဲ၊ လူကအသက်ငယ်ပေမယ့်လို့လည်းပဲ ဒါ ရာထူးကမြင့်တယ်မဟုတ်ဘူးလား။ မှန်ပါ။ အဲ့လိုဆိုတော့လည်း သူ့ကတိနဲ့သူပဲ။ သူကနေပြီးတော့ ၁၈ ကုဋေနဲ့ ရောင်းလိုက်ရတာ။ အကုန်လုံးလိုက်ပြီးတော့ အဲ့ဒီကမြေပြင်တစ်ခုလုံးကို လိုက်ပြီးတော့ ငွေပြားတွေခင်းချလိုက်တဲ့အခါမှာ ဘယ်လောက်ကုန်သွားလဲဆိုတော့ ၁၈ ကုဋေ။ ၁၈ ကုဋေကုန်သွားတယ်။ ၁၈ ကုဋေကုန်သွားပြီးကျတော့ အဲ့ဒါနဲ့တိုင်အောင် ခုနက အနာထပိဏ်သူဌေး၊ ဒီကျောင်း၊ ဒီနေရာကြီးလည်းရပြီ။ ဒီနေရာ ဘုရားရှင်နဲ့တကွ သံဃာတော်တွေ သီတင်းသုံးဖို့၊ လူတွေလည်းပဲ တစ်ခါတည်း လာပြီးကျတော့ တရားနာဖို့ အလွန်တရာမှ အဆင်ပြေတယ်။ ကျောင်းတွေကန်တွေက အလျှိုလျှိုဆောက်တာပေါ့။ ဘယ်သူဆောက်တာပါလိမ့်။ အနာထပိဏ်သူဌေး။ အနာထပိဏ်သူဌေး ဆောက်ပြီးခဲ့ကြတော့ ဒီမှာမြင်နေရတဲ့ပုဂ္ဂိုလ်က ဘယ်သူပါလိမ့်ဗျာ။ ဇေတမင်းသားကရော အဲ့ဒီကကျောင်းဆောက်တာတွေ မမြင်ဘဲနေမလား။ မြင်ပါတယ်။ ကြည့်စမ်းပါဦး။ ခုနက ဒီမြေကိုလည်းပဲ ဘယ်လောက်နဲ့ဝယ်လိုက်တယ်။ ၁၈ ကုဋေ။ ၁၈ ကုဋေနဲ့ ဝယ်လိုက်တယ်။ ကျောင်းဆောက်တာကလည်း ၁၈ ကုဋေကုန်သွားပြီ။ ကျောင်းဆောက်တာကလည်း ၁၈ ကုဋေ။ ဪ ဒီပုဂ္ဂိုလ် တော်တော်ကိုပဲ သဒ္ဓါတရားထက်သန်တာပါ့လား။
အဲ့ဒါနဲ့တင် သူကနေပြီးတော့ "ကဲ ငါကလည်းပဲ မြေပိုင်ရှင်ဖြစ်တဲ့ပုဂ္ဂိုလ်၊ နဂိုမြေပိုင်ရှင်အဟောင်းဖြစ်တဲ့ပုဂ္ဂိုလ်က ဘာလေးတစ်ခုမှ မလှူလိုက်ရင် မကောင်းသေးဘူး" ဆိုပြီး ကျွန်တော် အရှင်ဘုရားတို့ရေ ဆိုင်းဘုတ်ကို၊ အဲ့ဒါ ဆိုင်းဘုတ်ကို ဝင်တပ်တာဗျ။ ဟုတ်လား။ ပရိယတ္တိညောင်တုန်းကျောင်းတိုက်ဆိုင်းဘုတ်ပေါ့ဗျာ။ ဘာဆိုင်းဘုတ်ပါလိမ့်။ ဇေတဝန်ကျောင်းပေါ့ဗျာ။ ဟုတ်လား။ ဟုတ်လားဗျ။ ဘာပါလိမ့်ဗျ။ ဇေတဝန်ကျောင်း။ ဇေတဝန်ကျောင်းဆိုတဲ့ ဆိုင်းဘုတ်ကို ဝင်တပ်လိုက်တာ။ "ဒါ ဇေတမင်းသားရဲ့ကောင်းမှု" တဲ့။ ဘာကောင်းမှုတဲ့။ ဇေတမင်းသားရဲ့ကောင်းမှု။ ဇေတမင်းသားရဲ့ကောင်းမှုတဲ့။
အရှင်ဘုရားတို့ တကယ့်တကယ်တမ်းမှာဆိုလို့ရှိရင် ဘယ်သူကတပ်ဖို့ကောင်းတာလဲ။ အနာထပိဏ်သူဌေးဘုရား။ ကြည့်စမ်းပါဦး။ မြေဝယ်တာက ၁၈ ကုဋေ။ ဪ နောက် ရေစက်ချမှာက ၁၈ ကုဋေ။ ၁၈ နဲ့ ၃၆ ကုဋေတောင်။ အဲ့တော့ သူက ဆိုင်းဘုတ်ကလေးပဲ ဝင်တပ်သွားတာ။ ဒါ အတပ်ခံတယ်ဗျ။ အတပ်မခံဘူးလား။ တပ်ခံပါတယ်။ ဆိုင်းဘုတ်ကို ဘာဖြစ်လို့တုန်း။ အေး ဒါတွေ ဒါတွေပဲ။ သူက သူ့နှလုံးသားမှာ ဘယ်သူ့ထက်ဘယ်သူက ပိုတုန်း။ တရားက ဇေတမင်းသားထက် အနာထပိဏ်သူဌေးက တရားမပိုဘူးလား။ ပိုပါတယ်။ တရားပိုသိတဲ့ပုဂ္ဂိုလ်က ပိုပြီးတော့ ဘာဖြစ်လဲ။ သဘောထားကြီးတယ်။ တရားရတဲ့ပုဂ္ဂိုလ်က ပိုပြီးတော့ဘာလဲ။ သဘောထားကြီးတယ်။ ဒီလိုတွေရှိတယ်။
ဟုတ်ကဲ့ပါ၊ ပေးထားသောစာသားများအားလုံးကို အဆုံးအထိ ဆက်လက်၍ သတ်ပုံပြင်ဆင်ပြီး စာပိုဒ်များခွဲပေးလိုက်ပါသည်။
ကိုယ်တော်တို့ရဲ့စာထဲက ဒါတွေဆိုတာက ကိုယ်တော်တို့အခုတော့ ဂုဏ်နဲ့လည်းပြောလိုက်ပြီလေ၊ အခုအလင်္ကာထဲက။ ဟုတ်လား။ ဪ ဒါတွေက ကိုယ်တော်တို့ အကုန်လုံးဆက်စပ်ပြီးတော့ အကုန်လုံးသိရမှာ။ ဟုတ်လားဗျ။ ဪ ဘုန်းကြီးသာသိတာ၊ ဒီလိုကတော့ သိပါတယ်။ အခုပြောလိုက်၊ ဟုတ်လား။ ကဲ အဲ့တော့ အရှင်ဘုရားတို့ရေ အခုဘာဖြစ်လို့ သဟဇာတကြီးကို များများရတာလဲ။ ဟုတ်လား။ သူက သဘောထားကြီးတယ်လေ။ ဒါကြောင့် သဟဇာတကြီးလို့ခေါ်တာ။ ဟုတ်လား။ သဘောထားကြီးလို့။ မှန်ပါ့။ ဟုတ်လားဗျ။ သိပြီတော့ ဟုတ်လား။ ကဲ ဒါဆိုလို့ရှိရင် သိပြီ။ ဟုတ်လားဗျာ။ "သမ္ပယုတ္တခန္ဓာအပ်သော အမောဟ" ခုနက ဆိုပြီးပြီနော်။
အဲ့တော့ အခု ကိုယ်တော်တို့ရေ မူရင်းက ခုနစ်ပစ္စည်း၊ အညမညထည့်မယ်ဆိုလို့ရှိရင် ကိုးပစ္စည်းဖြစ်မှာ။ ဟုတ်လား။ အညမည၊ သမ္ပယုတ္တထည့်ရင် ကိုးပစ္စည်း။ မဟုတ်ဘူးလား။ ကဲ ဆိုရအောင်။ "ထို့နောက် သအညမညသမ္ပယုတ္တကရဏံ ဟောတော်မူ၏။" "ထို့နောက် သဝိပ္ပယုတ္တကရဏံ ဟောတော်မူ၏။ ထိုသဝိပ္ပယုတ္တကရဏ၌ သဟဇာတစိတ္တဇရုပ်၊ သပဋိသန္ဓေကမ္မဇရုပ်အပ်သော အမောဟ" ဆိုတော့ ဝိပ္ပယုတ္တထဲမှာပေါ့။ ဟုတ်လားဟေ့။ ရှစ်ပစ္စည်းပဲပေါ့။ ရပြီလား။ ဆိုရအောင်။ "ထို့နောက် ဒွေဟူသောအခါ" ဆိုတာက ဘာလဲဆိုလို့ရှိရင် ကုသလောဗျာကတဿနဲ့ ဗျာကတောဗျာကတဿ။ ဗျာကတောဗျာကတဿတည်း။ ဆိုလို့ရှိရင် ဝိပ္ပယုတ္တရတဲ့ သဟဇာတဝိပ္ပယုတ္တရတဲ့ သင်္ချာ 'တတ္ထ' ထဲက အကုသလောဗျာကတဿ ဖြုတ်လိုက်တာပေါ့ဗျာ။ ဟုတ်တယ်မလား။ မှန်ပါ။ အဲ့လိုရှိတယ်။ ကဲ ဒါကြောင့် ဒါနောက်ဆက်တွဲတော့ သွားလို့ရလောက်ပြီ။ အဝိပါကကရဏ လေးချက်ပြီးသွားပြီ မဟုတ်ဘူးလား။ မှန်ပါ။
"အဝိပါကကရဏံ ဟောတော်မူပြီးအခြား၌ သဝိပါကကရဏကို ဟောတော်မူ၏။ ထိုသဝိပါကကရဏ၌တုံ သဗ္ဗတ္ထာနိကကရဏ၊ သအညမညကရဏ၊ သအညမညသမ္ပယုတ္တကရဏ၊ သဝိပ္ပယုတ္တကရဏအားဖြင့် ငါးပါးရှိ၏။ ထိုငါးပါးတို့တွင် သဗ္ဗတ္ထာနိကကရဏကို ဟောတော်မူ၏။ ထိုသဗ္ဗတ္ထာနိကကရဏ၌" ဆိုတော့ အဲ့ဒီ ကိုယ်တော်တို့ သဝိပါကဆိုတဲ့အတိုင်း ဘာရှိသော။ ဝိပါက်၌ရှိသော။ အဲ့ဒါလေးထဲမှာပေါ့။ နောက်အဆုံး သဝိပ္ပယုတ္တဆိုလို့ရှိရင်တော့ အဲ့ဒါ ဘာရှိသော။ ပဋိသန္ဓေ၌ရှိသော။ ဟဒယဝတ္ထု၌ရှိသော ပဋိသန္ဓေ၌ရှိသော အမောဟ။ ဒီလိုဆိုမှာပေါ့။ ဟုတ်လားဗျာ။ ဒါဆိုရင် ဒီငါးချက်လုံး မဆိုနိုင်ဘူးလား။ ဆိုနိုင်ပါတယ်။ ခုနကအချက်အတိုင်း အချက်တိုင်းမှာ ဝိပါကတိုးလာမယ်။ ဘယ်သူတိုးလာမယ်။ ဝိပါကတိုးလာမယ်။ ဝိပါကတိုးလာမယ်။ အချက်တိုင်းတိုးမှာနော်။ ဘာဖြစ်လို့။ သဝိပါကကရဏဖြစ်လို့။ ဘာဖြစ်လို့။ သဝိပါကကရဏဖြစ်လို့။ အဲ့ဒီ ဝိပါက၊ ဝိပါကပါလာပြီဆိုကတည်းကိုက သင်္ချာက ဘာပဲရမယ်။ ဧကန်ရမယ်။ ဧကန်ရမယ်။
ကဲ ဒါဆိုလို့ရှိရင် "အဝိပါကကရဏံ ဟောတော်မူပြီးအခြား၌ သဝိပါကကရဏ" ငါးချက်လုံး အရှင်ဘုရားတို့ ဆိုနိုင်လောက်ပြီ။ ဒါဆိုလို့ရှိရင် ကိုယ်တော်တို့ရေ လမ်းညွှန်လိုက်လို့ရှိရင် အရောက်သွားနိုင်လောက်ပြီ။ ဟုတ်လား။ ဆိုရအောင်။ ခုနကရဏကတော့ ကိုယ်တော်တို့ သဣန္ဒြိယမဂ္ဂကရဏ။ ဘာကရဏပါလိမ့်။ သဣန္ဒြိယမဂ္ဂကရဏ။ သဣန္ဒြိယမဂ္ဂကရဏ ကိုးချက်ပြီးသွားခဲ့ပြီ။ ဒါလေးကို နည်းနည်းလေး ပြန်ပြောပြဦးမယ်။ ကိုယ်ဘယ်သူ့ကိုဟောနေတာ၊ ဘယ်ပစ္စည်းကိုဟောနေတာပါလိမ့်။ ဟေတုပစ္စည်း။ အဲ့တော့ ဒီ ၁၁ ပေါ့။ နံပါတ် ၁၁ အမောဟကောက်ရတာ ကိုယ်တော်တို့ကြည့်မယ်ဆိုရင် ခုနာမည်က ဘာနာမည်တဲ့။ သဣန္ဒြိယမဂ္ဂကရဏနာမည်။ တကယ်လို့ ဒီဥစ္စာ ဟေတုဟောလို့မို့လို့ပေါ့။ တကယ်လို့သာ ဣန္ဒြိယဟောမယ်ဆိုလို့ရှိရင် ဒီအချက်ကို ဘယ်လိုပြောမတုန်း။ သဟေတုမဂ္ဂကရဏ။ သဟေတုမဂ္ဂကရဏ။ တကယ်လို့ မဂ္ဂဟောမယ်ဆိုရင်။ သဟေတုဣန္ဒြိယကရဏ။ သဟေတုဣန္ဒြိယကရဏလို့ ဟောမယ်။ ဒါပဲကောက်မှာပဲ။ ဆိုစရာလိုသေးလား။ မလိုပါဘူး။ မလိုဘူး။ ဟုတ်ပြီ။
နောက်တစ်ခုသွားရအောင်။ နောက်တစ်ခုသွားရအောင်ဆိုတော့ သအဓိပတိဝိမံသ၊ ဒီစာမျက်နှာ အဲ့ဒီ ၄၅ က အထက်ကဇယားမှာဆိုရင် နံပါတ်စဉ် ၁၂ ဝီမံသအဓိပတိကောက်မှာပေါ့။ အဓိပတိကောက်ရတာမှန်သမျှတွေဟာ အခု ဟဒယဝတ္ထုပါတဲ့အချက်တွေ မရတဲ့အတွက်ကြောင့်မို့လို့ ကရဏက အဝိပါကသုံးချက်၊ သဝိပါကသုံးချက် ပေါင်းလိုက်တော့ ခြောက်ချက်။ ခြောက်ချက်စီပဲရမယ်ပေါ့။ ဒါကြောင့် "သဣန္ဒြိယမဂ္ဂကရဏံ ဟောတော်မူပြီးအခြား၌ သအဓိပတိဣန္ဒြိယမဂ္ဂကရဏံ ဟောတော်မူ၏။ ထိုကရဏ၌တုံ အဝိပါကကရဏ၊ သဝိပါကကရဏအားဖြင့် နှစ်ပါးအပြားရှိ၏။" ထိုနှစ်ပါးတို့တွင် အဝိပါကသုံးချက်၊ သဝိပါကသုံးချက် ပြောခဲ့ပြီနော်။ တင်ပါ့ဘုရား။ ဘာပါတာမရဘူး။ ဟဒယဝတ္ထုပါတာမရဘူးဘုရား။ အဲ့တော့ အခုတော့ ဒါ ဟဒယဝတ္ထုပါတာမရဘူးဆိုတော့ ကိုယ်တော်တို့အမြင်နဲ့ပြောမယ်ဆိုရင် နှစ်နဲ့ငါးမှာ ဘာမှာပါလိမ့်။ နှစ်နဲ့ငါးပါ။ ခရေပွင့်ပြထားတယ်လေ။ အဲ့မှာ ခရေပွင့်ပြ နှစ်နဲ့ငါးတို့၌ အဓိပတိမရပါဘူး။ မရပါဘူး။ ပြောထားတယ်။ ဟုတ်လားဗျ။
"ထို့နောက် အဝိပါကကရဏ၌တုံ သဗ္ဗတ္ထာနိကကရဏ၊ သအညမညသမ္ပယုတ္တကရဏ၊ သဝိပ္ပယုတ္တကရဏအားဖြင့် သုံးပါးရှိ၏။ ထိုသုံးပါးတို့တွင် သဗ္ဗတ္ထာနိကကရဏကို ရှေးဦးစွာ ဟောတော်မူ၏။ ထိုသဗ္ဗတ္ထာနိကကရဏ၌" အဲ့တော့ ကိုယ်တော် အောက်မှာရေးထားတာရှိတယ်။ နောက်ထပ်ကြည့်လိုက်ဦး။ "အဓိပတိဆိုင်ရာဆိုတာကျတော့ ဖိုလ်လေးခု၌ရှိသောဟု ဆိုရမယ်" တဲ့။ ဟုတ်လား။ ဘာ၌ရှိသော။ ဖိုလ်လေးခု၌ရှိသော။ ဖိုလ်လေးခု၌ရှိသော။ အားလုံးမှတ်ချက်က တွေ့တယ်မို့လား။ မှန်ပါ။ အဲ့တော့ အဓိပတိပါလာပြီဆိုကတည်းကပဲ ပဋိသန္ဓေကမ္မဇရုပ်ကြီး ထည့်ရဦးမလား။ မထည့်ရတော့ဘူး။ မထည့်ရတော့ဘူးပေါ့ဗျာ။ ဒါက အများနည်းတူရေးထားတာလေ။ ဒါမှားတယ်လို့ ပြောလို့ရလား။ မရပါဘူး။ မှားတယ်လို့ ပြောလို့မရဘူး။ ဟုတ်လားဗျ။ အဲ့တော့လည်းပဲ ဒါအများနည်းတူဆိုတဲ့ တရားဟောရတဲ့နေရာတွေမှာ ဒီလိုပဲ ဟိုသင့်သလိုသာ ယူသွားရမှာ။
ဒီနေရာမှစ၍ တရားဆွေးနွေးမှုများ၊ ဥပမာများနှင့် ဇာတ်လမ်းများဖြင့် တရားသဘောကို ရှင်းလင်းထားပါသည်။ စာပိုဒ်များ ရှည်လျားပြီး အကြောင်းအရာတစ်ခုနှင့်တစ်ခု ဆက်စပ်နေသောကြောင့် နားလည်ရလွယ်ကူစေရန် အပိုင်းလိုက်ခွဲ၍ ပြင်ဆင်ပေးထားပါသည်။ ဤသည်မှာ စာသားအားလုံး၏ နောက်ဆုံးအပိုင်းဖြစ်ပါသည်။
အခုတရားအားထုတ်တဲ့နေရာမှာလည်း အဲ့သလိုပဲဗျ။ တစ်ခါတစ်ရံမှာကျလို့ရှိရင် ဒီအတိုင်းပဲ။ ကိုယ်တော်တို့အခု ရွှေကျင်ဂိုဏ်းပေါ့။ အဲ့ဒီဆိုလို့ရှိရင် ဟိုတုန်းက သီလုံးဆရာတော်ဆိုတာ ရှိခဲ့တယ်။ သီလုံးဆရာတော်ရဲ့မွေးတဲ့ခုနှစ်က ၁၂၄၄။ သီလုံးဆရာတော် ရွှေတောင်မြို့မှာ မွေးဖွားခဲ့တာတဲ့။ ဟုတ်လားဗျ။ သီလုံးဆရာတော်တဲ့။ သူ့ဘွဲ့ကတော့ ဘဒ္ဒန္တစန္ဒိမာတဲ့။ ပရိယတ္တိသာသနဟိတဓဇ ဓမ္မာစရိယဘွဲ့တံဆိပ်တော်ရခဲ့တဲ့ ဆရာတော်။ သူတို့ ကင်းတောရဆရာတော် ဦးခေမာစာရတို့နဲ့က စာသင်ဘက်တွေပေါ့။ မဟာဂန္ဓာရုံဆရာတော်ကြီးမှာ စာသင်ဖက်။ အဲ့ဒီဆရာတော်ဦးစန္ဒိမာကတော့ သူက ပရိယတ္တိဘက်ကိုပဲ၊ သင်ကြားခြင်းဘက်ပဲ လိုက်စားခဲ့တယ်။ ဟိုကတော့ဖြင့် ပဋိပတ်။ ဘာလဲဗျ။ တရားအားထုတ်၊ တရားအားထုတ်ပဲ လိုက်သွားခဲ့ကြတယ်။ ဒီဘက်ကလည်းပဲ သူ့ဘက်တရားအားထုတ်ဘက်လိုက်တဲ့ပုဂ္ဂိုလ်ကလည်း တရားပဲချွန်မှာပေါ့ဗျာ။ ဒီဘက်ကဆရာတော်ဦးစန္ဒိမာလည်း အလွန်တရာမှ ချွန်တယ်ပေါ့။ ဟုတ်လားဗျာ။ အဲ့ဒါနဲ့တင် ထူးချွန်ထက်မြက်ကြတယ်ပေါ့။
အဲ့ဒါနဲ့လည်း သူတို့ဆရာတော်တွေကလည်း အသီးသီးကျောင်းတိုက်ဘုန်းကြီးတွေ ဖြစ်နေကြပြီ။ ခုနက ကင်းတောရဆရာတော် ဦးခေမာစာရကလည်းပဲ နည်းနည်းအသက်ကလေးထောက်လာပြီးတဲ့အချိန်အခါကျတော့လည်းပဲ ခုနကဆရာတော်ဦးစန္ဒိမာကို သူကတရားကျင့်စေချင်တဲ့သဘောထားတွေ ရှိတယ်ပေါ့။ အဲ့ဒါနဲ့တင် သူတရားအားထုတ်ရာတောရကနေပြီးကျတော့ ဆရာတော်ဦးစန္ဒိမာရဲ့ကျောင်းကို ညနေတိုင်းကြွတယ်ဗျ။ ညနေတိုင်းမှာ ဘာလိမ့်။ လာပြီးတော့။ ဒါတရားတွေဆွေးနွေးကြတာပေါ့လေ။ တရားတွေဆွေးနွေးကြတော့ ဆရာတော်ဦးစန္ဒိမာနဲ့ ကင်းတောရဆရာတော်ဦးခေမာစာရတို့က၊ ကင်းတောရဆရာတော်ဦးခေမာစာရက နည်းနည်းလေးပိုပြီးတော့ အသက်ကြီးတယ်ပေါ့။ ဒါတွေကတော့ သိမြင်ကြတဲ့ပုဂ္ဂိုလ်တွေချည်းပဲ။
အဲ့ဒါနဲ့တင် ကင်းတောရဆရာတော်ကနေပြီးတော့ လက်တွေ့ကျင့်စဉ်နဲ့ကြည့်လိုက်တဲ့အခါကျရင် ဟိုကသီလုံးဆရာတော်ကြီးကလည်း ပြန်ငြင်းတယ်။ ဟုတ်လားဗျာ။ ဘာလုပ်လဲဆိုလို့ရှိရင် စာနဲ့။ သူက တိုက်ရိုက်မဟုတ်လို့ရှိရင်၊ စာဆိုတာက အများနဲ့ဖြန့်ရေးတဲ့စာလေ။ ဟုတ်တယ်မဟုတ်လားဗျ။ တစ်ဦးတစ်ယောက်ချင်းအတွက် ရေးတာဟုတ်ရဲ့လား။ တစ်ဦးတစ်ယောက်ချင်းအတွက် ရေးတာဟုတ်ရဲ့လား။ မဟုတ်ဘူး။ အများနဲ့ပတ်သက်အောင် ဟောပြီးတော့ ခြုံငုံဟောတာ။ ကြည့်ပါလား။ အခုဒီနေရာမှာဆိုလို့ရှိရင်လည်းပဲ ဒီသမ္ပယုတ္တသာ အဓိပတိစိတ္တဇရုပ်အပ်သော ရေးရတာလေ။ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇဆိုရင် ဖြစ်ပါ့မလား။ ခုနက ဟေတုတုန်းကလည်းပဲ သဟဇာတစိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇဆိုရတာလေ။ ဟုတ်တယ်မို့လား။ ဒီသဘောတွေပေါ့။ ဟိုကလည်းပဲ သီလုံးဆရာတော်ကလည်းပဲ အဲ့ဒါ စာအတိုင်း၊ အဲ့ဒီအတိုင်းကိုပဲ တစ်ခါတည်း တိုက်ဆိုင်စစ်လိုက်တာပေါ့။ ဘယ်လိုဘာလဲဗျ။ တိုက်ဆိုင်စစ်လိုက်တာ။ တိုက်ဆိုင်စစ်လိုက်တာ။ သူကနေ အဲ့အတိုင်း ကွက်တိ၊ တိုက်ရိုက်မကျဘူးဆိုလို့ရှိရင် မဟုတ်ဘူး။ "အရှင်ဘုရား ဟောတာအကုန်မှားနေချည်းပဲ။ ဒါကအများနဲ့ခြုံဟောတာမျိုး။ တစ်ဦးချင်းဆိုရင် ဒီလိုဖြစ်ရ၊ ဒီလိုရှိတယ်" ဟုတ်တယ်မလားဗျာ။ ကြည့်လိုက်။ ဒါကိုယ်တော်တို့ ဣန္ဒြိယဟောတဲ့အခါကျတော့ ရတိုင်းဆိုမှာလေ။ ဟုတ်တယ်မလား။ ဣန္ဒြိယပစ္စည်းဆိုလို့ရှိရင် သမ္ပယုတ္တ၊ စိတ်၊ ပဋိသန္ဓေကမ္မဇဆိုတာ မဟုတ်ဘူးလား။ မှန်ပါ။ သင့်သလို၊ တော်သလို ယူကြတာမဟုတ်ဘူးလား။ အဲ့လို၊ သူကလည်း အဲ့လိုမဟုတ်ဘူးပေါ့လေ။ ကန့်ကွက်ငြင်းနေကြတယ်။ ဘယ်သူကငြင်းတာလဲ။ သီလုံးဆရာတော်ဘုရား။ သီလုံးဆရာတော်ကလည်း၊ သီလုံးဆရာတော်က ငြင်းနေကြတာဗျ။ ငြင်းနေကြဆိုတော့ ဒီလိုပဲ ခဏ၊ ဟိုကလည်းရှင်းပြ၊ ရှင်းပြပေါ့လေ။ ဟိုကလည်း စာလည်းမြင်၊ ဟိုကတရားလည်းမြင်၊ ဆရာလည်းမြင်တဲ့ပုဂ္ဂိုလ်ကိုးဗျ။ ဟုတ်လား။
အဲ့လိုဆိုရင်ကျတော့ ဒီကလည်းပဲ သီလုံးဆရာတော်ကလည်းပဲ သူက၊ သူကလည်းပဲ ငယ်စဉ်အခါကအတိုင်း မင်းတုန်းမင်းကြီးက၊ မင်းတုန်းမင်းကြီးက မင်းသားကြီးဘဝတုန်းက သူကကြည်ညိုတာဗျာ။ အနေအထိုင် အလွန်တရာကောင်းတာ၊ အလွန်တရာမှ သည်းခံနိုင်တာ။ သူက ငယ်စဉ်အခါကအတိုင်း ဆရာသမားတွေရဲ့စကားကို အလွန်တရာနားထောင်တဲ့ပုဂ္ဂိုလ်တဲ့ဗျ။ အဲ့တော့ ဆရာသမားစကားကို နားထောင်တဲ့ပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့လည်း သူတို့မှတ်သားစရာကောင်းတဲ့အချက်လေးက မထေရ်ဝတ္ထုပါတယ်။ ဗျ။ ဟုတ်လားဗျာ။ "သုပ္ပဝစော ဟောတိ၊ ပဒက္ခိဏဂ္ဂါဟီ၊ ပဒက္ခိဏံ ဂါဟီဆိုတာက ဟောသည်တဲ့ အဆုံးအမကို ခံယူလွယ်တယ်တဲ့။ တသ္မာ ထိုသို့ အဆုံးအမကို ခံယူလွယ်သောအတွက်ကြောင့် ယထာနုသိဋ္ဌံ ဆုံးမသည့်အတိုင်း ပဋိပဇ္ဇမာနော ကျင့်သောသူသည် ကတိပါဟေန နှစ်ရက်သုံးရက်ဖြင့်ပင်လျှင် အရဟတ္တံ ပါပုဏာတိ" တဲ့။ ဆရာစကားကို လိုက်နာတဲ့ပုဂ္ဂိုလ်တွေပဲဆိုလို့ရှိရင် အဲ့ဒါ အခုချက်ချင်းပဲ မိမိလိုအပ်တဲ့ပန်းတိုင်ကို ဘာလဲဗျ။ ရောက်နိုင်တယ်။ မှတ်ချက်ကလေးပါတယ်။
ခုလည်းပဲ ကင်းတောရဆရာတော်က အဲ့လိုပဲ။ သူတို့က ဆရာ့စကားနားထောင်ကြရတော့ သူ့အနေနဲ့ ပရိယတ္တိဘက်မှာလည်း သူတို့အလွန်တရားမှ ထူးချွန်တယ်ပေါ့။ အလွန်တရာမှ တတ်ကျွမ်းနားလည်တယ်ပေါ့။ အဲ့တော့ တတ်ကျွမ်းနားလည်တယ်ဆိုလို့လည်းပဲ ခုနကကျင့်စဉ်နဲ့ယှဉ်လိုက်တဲ့အခါမှာ တစ်ခါတစ်လေ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နဲ့ဆိုလို့ရှိရင် အကုန်လုံးကြီးတော့ သွားမကိုက်တတ်တာတွေ ရှိကောင်းရှိနိုင်ဘူးလား။ ရှိနိုင်ပါတယ်။ ရှိနိုင်တာပေါ့။ ကူညီပေးဖို့တော့ တစ်ခွန်းမှမပြောဘူး။
အဲ့တော့မှ နောက်တစ်နေ့ အဲ့လိုပဲ တစ်ရက်ပြီးတစ်ရက် လာတော့ တစ်နေ့သောအခါကျလို့ရှိရင် ခုနက ကင်းတောရဆရာတော် ဘယ်သူပါလိမ့်။ ဦးခေမာစာရ။ ကင်းတောရဆရာတော် ရောက်လာခဲ့ပြီ။ ခုနက သီလုံးဆရာတော်ကလည်းပဲ ကိုယ့်ထက်နည်းနည်းကြီးတော့လည်း ရိုသေသောအားဖြင့် သူဘာမှပြန်မပြောဘူးပေါ့လေ။ အဲ့ဒါနဲ့တင် သူကနေ "ဦးစန္ဒိမာရေ၊ ကျုပ်တော့ပြန်ဦးမယ်ဗျ" တဲ့။ သူက အဲ့ဒီနေ့ နိဂုံးချုပ်လိုက်တာ။ ဘာမှမပြောတော့ဘူး။ အဲ့ဒီနေ့ ရှိနေမယ် သူတို့ဆိုပြီးကျတော့မှ သူလိုက်ပို့တာပေါ့။ ညနေတိုင်း လိုက်ပို့နေကျဆိုတော့ တောစပ်ကလေးထိအောင် လိုက်ပို့နေကျဆိုတော့ တောစပ်ကလေးရောက်တော့မှ အဲ့ဒါနဲ့တင် ဦးစန္ဒိမာကို ရှေ့က ကင်းတောရဆရာတော်က နောက်လှည့်ပြီးကျတော့ "ဦးစန္ဒိမာရေ၊ ဘုရားရှင်ရဲ့ဟောတဲ့တရားတွေကတော့ ဒီလိုပဲရှိတယ်ဗျ။ အဲ့တော့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက်တော့ တိုက်ရိုက်ကြီးမကိုက်ပေမယ့်လို့ တကယ့်ကိုအမှန်တရားတွေပဲ။ ဒါကြောင့် ဦးစန္ဒိမာလည်းပဲ တရားတွေကျင့်ဦးပေါ့လေ" ဆိုပြီးတော့ ပြောပြောဆိုဆိုနဲ့ သူက သင်္ကန်းလေးခါပြီးတော့ ကောင်းကင်တက်သွားတာ။ သင်္ကန်းခါးမှာချိတ်လိုက်ပြီးတော့ ဘာလဲဗျ။ ကောင်းကင်။ ကောင်းကင်ကို တက်သွားတာ။
အဲ့တော့ ဦးစန္ဒိမာလည်း ပါးစပ်အဟောင်းသားနဲ့ပေါ့။ နေဝင်ရီတရောဖြစ်နေပြီပေါ့။ အဲ့ဒါ နေတော့ဝင်ပြီ၊ မမှောင်တော့မမှောင်သေးဘူးပေါ့လေ။ အဲ့ဒါနဲ့ အဟောင်းသားဖြစ်ပြီးတော့ အထက်ကိုမော့ကြည့်ပြီးကျတော့ တစ်ခါတည်း အောက်မှာ ငေးမောပြီးတော့ ဘာလဲဗျ။ ငေးမောကျန်ရစ်ခဲ့တာပေါ့။ အဲ့ဒါနဲ့ သူက သူ့ရဲ့၊ သူ့ကိုပြန်လည်ပြီးတော့ ငြင်းခဲ့တဲ့ အတိတ်အကြောင်းအရာတွေကလည်း သူ့ရဲ့နှလုံးသားမှာ ဘာဖြစ်လဲဗျ။ အရိပ်ထင်သလိုဖြစ်တာ။ ဟုတ်လား။ အတိတ်အကြောင်းအရာက ဘာဖြစ်လဲ။ အရိပ်ထင်သလိုဖြစ်တယ်။ ရှိုက်သလိုလာပြီးတော့ ထင်နေတာ။ "ဪ ငါ့ကို လက်စသတ်တော့ လာပြီးတော့ တရားပြနေတာပဲ။" သူအဲ့တော့မှ ထိတ်လန့်သွားတာ။ ဒါကြောင့်မို့တော့ "ဪ အရှင်ဘုရားကိုးကွယ်တဲ့ သီလုံးနဲ့ ကြည့်စမ်းပါဦး။ ဘာတစ်လုံးမှ အသုံးမကျသေးပါလား" တဲ့။ ဟုတ်လားဗျ။ သီလုံးနဲ့ ဘာလဲဗျ။ ဘာတစ်လုံးမှ အသုံးမကျသေးပါလားပေါ့လေ။ အဲ့လိုတွေးနေတဲ့အချိန် ဘယ်လောက်တောင်ကြာသွားသလဲဆို မှောင်သွားပြီဆိုပါတော့။
နောက်ကတပည့်တွေကလည်းပဲ ကျောင်းမှာရှိတဲ့ သံဃာတွေ၊ တပည့်တွေကလည်းပဲ "တို့ဆရာတော် ပြန်မလာဘူး။ ကင်းတောရဆရာတော်ကြီး လိုက်ပို့တာ ပြန်မလာဘူး" ဆိုတော့ မီးတုတ်တွေ၊ မီးအိမ်တွေနဲ့ လာရှာတော့ "ဟာ ဆရာတော်" ဆိုတာကျတော့မှ ခုနက စိတ်တွေလွင့်ပါးနေတဲ့စိတ်တွေ ဘာဖြစ်သွားလဲ။ ပြန်စုစည်း။ အယ် ပြန်ပြီးတော့ စုစည်းပြီးကျတော့ "ဆရာတော်၊ အေးအေးကွာ" ဆိုပြီး လက်ဆွဲပြီး ပြန်လိုက်ခဲ့တာပေါ့။ ပြန်လိုက်ခဲ့တာ။ ပြန်လိုက်ခဲ့ရတော့လည်းပဲ ခုနက ကင်းတောရဆရာတော်က တရားပြလိုက်ပြီဆိုတာကျတော့ ဆရာတော်ဦးစန္ဒိမာ တစ်ညလုံးအိပ်မပျော်ဘူးဗျ။ အိပ်ရာထဲမှာ ဘယ်ညာလှိမ့်နဲ့။ ဟုတ်လားဗျ။ "ဪ လက်စသတ်တော့ ငါ့ကိုတရားပြသွားတာ။" ဪ ခုနက သူ့ရဲ့နှလုံးသားထဲမှာလည်း အမှန်အတိုင်းထင်လာတာပေါ့လေ။ သီလုံးနဲ့ ဘာတွေလဲဗျ။ တစ်လုံးမှ။ တစ်လုံးမှ အသုံးမကျသေးဘူးပေါ့လေ။ ရှင်ဘုရင်ကိုးကွယ်ခံပြီးကျတော့ သီတင်းသုံးနေတာ၊ သီလုံးနေတာ ဘာတစ်လုံးမှ အသုံးမကျသေးဘူးတဲ့။
အဲ့တော့မှ သူစဉ်းစားနေတယ်။ အဲ့ဒါနဲ့ စဉ်းစားရင်း၊ တွေးတောရင်းနဲ့ပဲ သူတရားကျင့်မယ့်ဘက်ကို စိတ်တွေက လုံးဝရောက်သွားခဲ့ပြီ။ အဲ့ဒါနဲ့ သူ နောက်ဆုံး ဆွမ်းမစားခင်အချိန်အခါမှာပဲ အဲ့ဒါ လေးနာရီလောက်ထိုးသွားပြီဆိုတော့ မျက်နှာတွေဘာတွေထသစ်၊ အဲ့တော့ ဘုရားရှိခိုး၊ ဘုရားရှိခိုးပြီးတော့ ငါးနာရီလောက်လည်း၊ ငါးနာရီမထိုးခင်လောက်လည်းရောက်တော့ ခုနက ကင်းတောရကနေပြီးတော့ တပည့်သံဃာတော် ရောက်လာတယ်ပေါ့လေ။ ဆရာတော်ကြီးဆီရောက်လာတယ်။ "အရှင်ဘုရားပေါ့လေ၊ တပည့်တော်တို့ဆရာတော် ညတုန်းက ပျံလွန်တော်မူပါပြီ" တဲ့။ ညတုန်းက ဘာလဲဗျ။ ပျံလွန်တော်မူပါပြီ။ အဲ့တော့မှ ပို၍ပို၍ ဘာဖြစ်သွားလဲဗျ။ ခုနက ကင်းတောရဆရာတော်က ညမှာပျံလွန်တော်မူသွားပြီဆိုကတည်းကပဲ ဆရာတော်ဦးစန္ဒိမာစိတ်ထဲမှာ ကိုယ်တော်တို့ ဝင်ခံစားကြည့်လိုက်ပေါ့။ ဘယ်လိုဖြစ်သွားမလဲ။ ဟုတ်လားဗျ။ ဘယ်လိုဖြစ်သွားမလဲ။ ကိုယ်တော်တို့က အဲ့ဒီအနုဘာဝဆိုတာ အဲ့ဒါပြောတာပဲ။ ခံစားချက်။ ကိုယ်တိုင်မပြောနိုင်ဘူး။ ကိုယ်တိုင်ခံစားချက်တောင် ရှိဖူးလား တို့က။ ရှိပါတယ်။ အဲ့ခံစားချက်ကို မဖော်ထုတ်နိုင်ရင် ညံ့တယ်။ ဟုတ်လားဗျ။ ကဲ အဲ့ဒါပဲပေါ့ဗျာ။ သံဝေဂဉာဏ်ဖြစ်မသွားဘူးလား။ ဖြစ်သွားပါတယ်။ ဪ ဒါလေးကို မပြောနိုင်ဘူး။ ကဲ။ ကဲ အထိတ်ထိတ်အပြာပြာ ဘာပါလိမ့်ဗျ။ သံဝေဂဉာဏ်ဖြစ်သွားပြီ။ အဲ အဲ့ဒီလို၊ အဲ့သလိုရှိတယ်။
ဒါကြောင့် ကိုယ်တော်တို့ရေ စာဆိုတာလည်း အခုရေးထားတာက တို့စာ၊ ဒါအများကိုခြုံငုံဟောတဲ့နေရာမှာ ကိုယ်တော်တို့ ဒီပစ္စည်းတွေကတော့ ချန်သင့်တာချန်ရမှာပဲ။ ဖြုတ်သင့်တာဖြုတ်ရမှာပေါ့။ ဟုတ်တယ်မလား။ ကဲ၊ ဒါကြောင့်မို့လို့ရေ ဘယ်ကနေဘယ်တောင်ရောက်သွားလဲဆိုတာကော သိမှတ်မိလား။ "ထိုသဗ္ဗတ္ထာနိကကရဏ၌ သမ္ပယုတ္တခန္ဓာ၊ သအဓိပတိစိတ္တဇရုပ်အပ်သော ဝီမံသအဓိပတိပစ္စည်း" ဆိုတော့ အကြီးလေးခုနဲ့ အလတ်လေးခု မူတည်ထား။ ပြောကြည့်။ အကြီးလေးခုနဲ့ အလတ်လေးခုမူတည်ထား။ အကြီးလေးခုဆိုတာကလည်း သိပြီးသားပေါ့။ အငယ်လေးခုပါလေ။ ဟုတ်လားဗျာ။ အကြီးလေးခုနဲ့ အငယ်လေးခု။ အလတ်လေးခုမဟုတ်ဘူးနော်။ အကြီးလေးခုနဲ့ အငယ်လေးခု။ အငယ်လေးခုက ကြည့်မယ်လေ။ ဟေတု၊ အဓိပတိ၊ ဣန္ဒြိယ၊ မဂ္ဂလေ။ ဟုတ်လား။ အဲ့လိုမူတည်ထားရလိမ့်မယ်။ အဲ့တော့ အစ၊ အစ တိုးတက်ထားတာကို ရှစ်ပစ္စည်း၊ အလတ်တွေတိုးတက်၊ တိုးတက်၊ အလတ်တွေကိုကြည့်ပြီးတော့ ကိုယ်တော်တို့ကို အစဉ်အတိုင်းဆိုမှာပေါ့။ ဟုတ်လားဗျာ။ "ဤတရားတို့သည် ဟေတု၊ အဓိပတိ၊ သဟဇာတ၊ နိဿယ၊ ဣန္ဒြိယ၊ မဂ္ဂ၊ အတ္ထိ၊ အဝိဂတ ဤရှစ်ပစ္စည်းအပ်သော တရားတို့၌ မှီခို၏။ ထို့ကြောင့် ထိုတရားတို့ကို အနုလောမ၌ ဟေတု၊ အဓိပတိ၊ သဟဇာတ၊ နိဿယ၊ ဣန္ဒြိယ၊ မဂ္ဂ၊ အတ္ထိ၊ အဝိဂတံတိ စတ္တာရိဟု သင်္ချာတပ်၍ ဟောတော်မူအပ်ကုန်၏။ စတ္တာရိဟူသောအခါ ကုသလောကုသလဿ၊ ကုသလောဗျာကတဿ၊ အကုသလောကုသလဗျာကတဿ၊ အဗျာကတောဗျာကတဿ ဟူသည်တည်း။" ရတယ်နော်။ ကဲ ဒါလေးဆိုကြည့်စမ်းပါဦး။
အဲ့တော့ အခု သအဓိပတိဣန္ဒြိယမဂ္ဂ အစအဆုံးကရဏဖြစ်တဲ့ သဗ္ဗတ္ထာနိကကရဏပေါ့။ အဝိပါကသဗ္ဗတ္ထာနိကကရဏက စာမျက်နှာ ၄၄ ကို ဘယ်ဘက်ကိုပြန်ကြည့်လိုက်မယ်ဆိုရင် "ဟေတုမူအဓိပတိသဘာဂ" ပြန်ကြည့်။ "ဟေတုမူအဓိပတိသဘာဂ" ရဲ့ အဲ့ဒီသဘာဂဟာတဲ့ အခု "သအဓိပတိဣန္ဒြိယမဂ္ဂကရဏ၊ အဝိပါကကရဏ" ရဲ့ အစွန်အဖျားကရဏဖြစ်တာ တွေ့လား။ ကဲ ဒါကြောင့်မို့လို့ အဲ့ဒီက "ဟေတုမူအဓိပတိသဘာဂ" "ထိုသဗ္ဗတ္ထာနိကကရဏ၌" ပြန်ပြီးတော့ တစ်ခေါက်ဆို။ အကြောင်းအရာ ပိုပြီးကိုယ်တော်သဘောပေါက်ရအောင် ကပ်ဆိုရအောင်ဗျာ။ "ထို့နောက် သအညမညသမ္ပယုတ္တကရဏကို ဟောတော်မူ၏။" ခရေပွင့်ကို ကျော်လိုက်လေ။ မှန်ပါ။ "ထိုသအညမညသမ္ပယုတ္တကရဏ၌ သမ္ပယုတ္တခန္ဓာအပ်သော" "သမ္ပယုတ္တခန္ဓာအပ်သော" ဘာလဲဗျ။ ဝီမံသအဓိပတိ။ ဝီမံသအဓိပတိ၊ ဖိုလ်လေးခု၌ရှိသော အဓိပတိ။ သဝိပါကကျမှနော်။ ဝီမံသအဓိပတိ။ အဲ့တော့ ခုနက နှစ်ပစ္စည်းတိုးလာမှာပေါ့။ အဲ့တော့ နှစ်ပစ္စည်းတိုးလာလိမ့်မယ်။ နှစ်ပစ္စည်းတိုးလာမယ်ဆိုတော့ အညမည၊ သမ္ပယုတ္တတိုးမှာပေါ့ဗျာ။ "ဝီမံသအဓိပတိ၊ ဤတရားတို့သည် ဟေတု၊ အဓိပတိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ ဣန္ဒြိယ၊ မဂ္ဂ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ ဤဆယ်ပစ္စည်းအပ်သော တရားတို့အမည်ကို။ ထို့ကြောင့် ထိုတရားတို့ကို ဤအနုလောမ၌ ဟေတု၊ သဟဇာတ၊ အညမည၊ နိဿယ၊ ဣန္ဒြိယ၊ မဂ္ဂ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတံတိ ဒွေဟု သင်္ချာတပ်၍ ဟောတော်မူအပ်ကုန်၏။ ဒွေဟူသောအခါ ကုသလောကုသလဿ၊ အဗျာကတောအဗျာကတဿတည်း။"
အဲ့ဒီ ဝိပ္ပယုတ္တကရဏဆိုလို့ရှိရင်လည်း ကိုယ်တော်တို့ နံပါတ်၊ ဝိပ္ပယုတ္တကရဏဆိုလို့ရှိရင်လည်းပဲ ဘာအပ်သောတုန်းဗျ။ သအဓိပတိစိတ္တဇရုပ်။ စိတ္တဇရုပ်အပ်သော ဝီမံသအဓိပတိပစ္စည်းဆိုတော့ အညမည၊ သမ္ပယုတ္တမပါတဲ့ ကိုးပစ္စည်းဖြစ်မှာပေါ့။ ဟုတ်လားဟေ့။ မှန်ပါ့။ အဲ့တော့ ဒီဒွေကတော့ ကုသလောဗျာကတဿနဲ့ အကုသလောဗျာကတဿ။ ဟုတ်လားဟေ့။ သဘောပေါက်တယ်နော်။ ဒါဝိပ္ပယုတ္တလေ။ ကဲ တို့ခုနကလည်း ဆိုခဲ့ပြီးပြီဆိုလို့ရှိရင် အဲ့နှစ်ခုလုံးဆက်ပြီးတော့ ဆိုရအောင်။ "ထိုသအညမညသမ္ပယုတ္တကရဏ၌" ဆိုရအောင်။
အဲ့ဒီတော့ ဝီမံသကောက်ရတဲ့ သအဓိပတိဣန္ဒြိယမဂ္ဂကရဏရယ်၊ အဝိပါကကရဏ ၃ ချက်ကို ပြီးသွားပြီ။ "ထို့နောက် သဝိပါကကရဏံ ဟောတော်မူ၏။ ထိုသဝိပါကကရဏ၌လည်း သဗ္ဗတ္ထာနိကကရဏ" ခုနအတိုင်းပေါ့။ ဟုတ်လားဟေ့။ မှန်ပါ။ "သဗ္ဗတ္ထာနိကကရဏ၊ သဝိပ္ပယုတ္တကရဏ၊ သမ္ပယုတ္တကရဏအားဖြင့် သုံးပါးရှိ၏။ ထိုသုံးပါးတို့တွင် သဗ္ဗတ္ထာနိကကရဏကို ရှေးဦးစွာ ဟောတော်မူ၏။ ထိုသဗ္ဗတ္ထာနိကကရဏ၌ သမ္ပယုတ္တခန္ဓာ၊ သဟဇာတစိတ်အပ်သော ဖိုလ်လေးခု၌ရှိသော" ဘာဖြစ်လို့လဲဆိုရင် ဝိပါကကိုငဲ့တာ။ ဘယ်သူ့ကိုငဲ့တာပါ။ ဝိပါကကိုငဲ့တာ။ ဝိပါကကိုငဲ့တာ။ ဖိုလ်လေးခု၌ရှိသော ဝီမံသအဓိပတိပစ္စည်းဆိုပြီးတော့ အချက်တိုင်းအချက်တိုင်းမှာ ခုနက ဝိပါကတိုးလာမယ်။ အချက်တိုင်းအချက်တိုင်းမှာ ဘာလိမ့်။ ဝိပါက။ ဝိပါကတိုးလာမယ်။
အဲ့ဒီကဥစ္စာပြီးလို့ရှိရင် ဒုတိယအချက်၊ ဒါလေးကို သေချာမှတ်မယ်။ "ထိုသအညမညသမ္ပယုတ္တကရဏ၊ ဝိပ္ပယုတ္တ၊ အညမညသမ္ပယုတ္တကရဏ၌ သမ္ပယုတ္တခန္ဓာသာအပ်သော ဖိုလ်လေးခု၌ရှိသော ဝီမံသပစ္စည်း" သေချာမှတ်မိပြီလား။ "သမ္ပယုတ္တခန္ဓာအပ်သော ဖိုလ်လေးခု၌ရှိသော ဝီမံသအဓိပတိပစ္စည်း" ဆိုတော့ အကြီးကလည်းလေးခု၊ အငယ်ကလည်းလေးခု၊ အလတ်ကသုံးခုဆိုတော့ ၁၁ ပစ္စည်းမဟုတ်ဘူးလား။ မှန်ပါ့။ ဒီ ၁၁ ပစ္စည်းကတော့ ကုသလတစ်ရဲ့ ကရဏပစ္စည်းရည်အများဆုံး။ ဟုတ်လားဗျာ။ ပစ္စည်းရည်အများဆုံးသော ကရဏပဲ။ ပစ္စည်းရည်အများဆုံးသော ဘာလိမ့်။ ကရဏ။ ကရဏအချက် ၁၁ ချက်။ ဒီအချက်ဟာ အများဆုံးပဲ။ ဟုတ်လားဗျ။ အဲ့ဒါက အဓိပတိပဲဟောဟော၊ ဣန္ဒြိယပဲဟောဟော၊ ဈာန်မဂ္ဂပဲဟောဟောလေ။ ဟုတ်လားဗျာ။ ဒီလေးပစ္စည်းကို ဘယ်သူ့ကိုပဲဟောဟော ဒါဒီအချက်ရောက်ရင် ဒါတူတူပဲ။ ဟုတ်လားဟေ့။ မှန်ပါ။
တကယ်လို့ ကိုယ်တော်တို့ နာမည်ပေးကြည့်စမ်းပါဦး။ တကယ်လို့ မဂ္ဂဟောမယ်ဆိုရင် ဒီဥစ္စာကို မဂ္ဂဟောမယ်ဆိုလို့ရှိရင်၊ မဂ္ဂပစ္စည်းဟောမယ်ဆို
ဟုတ်ကဲ့ပါ၊ ကျန်ရှိနေသော စာသားများအားလုံးကို အဆုံးအထိ ဆက်လက်၍ သတ်ပုံပြင်ဆင်ပြီး စာပိုဒ်များ ခွဲပေးလိုက်ပါသည်။ ဤသည်မှာ စာသားအားလုံး၏ နောက်ဆုံးအပိုင်းဖြစ်ပါသည်။
လို့ရှိရင် ဒီကရဏကို၊ အစွန်ဆုံးကရဏကို ဘယ်လိုပေးမတုန်း။ သဟေတုအဓိပတိဣန္ဒြိယကရဏ။ ဟာ မဂ္ဂပါသေးသလား။ မပါပါဘူးဘုရား။ သဘာဝတူတုန်း။ မဂ္ဂ။ ဟောဆဲမဂ္ဂရဲ့ ကိုယ်စားလှယ်နာမည်လေး။ သဘာဂပါလိမ့်။ ဟေတု။ ဟေတု၊ မဂ္ဂ၊ ဣန္ဒြိယကရဏ။ ဟုတ်လားဗျ။ သိရမှာလေ။ ဟုတ်လားဗျ။ သူတို့သိသွားမှာ။
အဲ့ဒီ အဲ့ဒီက ခုနက "သအညမညသမ္ပယုတ္တကရဏ၊ ဝိပါကသအညမညသမ္ပယုတ္တကရဏ" လေးပစ္စည်းဟောတဲ့အခါမှာ ဒီနေရာ ၁၁ ပစ္စည်းကလည်း ကုသလအများဆုံးသောပစ္စည်း။ ပြန်ပြောမယ်။ "သအညမညသမ္ပယုတ္တကရဏ၊ သမ္ပယုတ္တခန္ဓာ၊ ဖိုလ်လေးခု၌ရှိသော ဝီမံသအဓိပတိပစ္စည်း၊ ဤတရားတို့သည် ဟေတု၊ အဓိပတိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ ဣန္ဒြိယ၊ မဂ္ဂ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ ဤ ၁၁ ပစ္စည်းအပ်သော တရားတို့အမည်ကုန်၏။ ထို့ကြောင့် ထိုတရားတို့ကို ဤအနုလောမ၌ ဟေတု၊ အဓိပတိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ ဣန္ဒြိယ၊ မဂ္ဂ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတံတိ ဧကံဟု သင်္ချာတပ်၍ ဟောတော်မူအပ်ကုန်၏။ ဧကံဟူသောအခါ အဗျာကတော၊ အဗျာကတဿတည်း။"
အဲ့တော့ ကိုယ်တော်တို့ စာမျက်နှာရှစ်ပဲဖြစ်ဖြစ်၊ စာမျက်နှာခြောက်ပဲဖြစ်ဖြစ် ပြန်လှန်ကြည့်လိုက်မယ်။ ဒါကိုယ်တော်တို့ ဒီကနေသာ ဟိုဟေတုပစ္စည်းရဲ့ အရကောက်မေးရင် သေအောင်ကျက်လည်း ကိုယ်တော်တို့မရစေရဘူး။ အဲ့ဒါ မေးဖူးတယ်။ စာမျက်နှာခြောက်ပဲဆိုပါတော့၊ ရှစ်နဲ့တူတူပါပဲ။ အဲ့တော့ ဟေတုပစ္စည်းရဲ့ ဗျာကတောဗျာကတဿ၌၊ အဲ့ဒါ ဗျာကတောဗျာကတဿရဲ့ အရ၊ ဝိပ္ပယုတ္တကြဉ်ကျန်သော ၁၁ ပစ္စည်း တစ်ပြိုင်တည်းရအောင် ကတ္တားအရကောက်ပြပါဆိုရင် ဒီဟာကောက်မှာပဲ။ ဟုတ်လားဗျ။ ဝိပ္ပယုတ္တကြဉ်မှာ ဘာလိမ့်။ ကြဉ်ကျန် ၁၁ ပစ္စည်းမှာ ဘာလဲ။ တစ်ပြိုင်နက်ရအောင်။ တစ်ပြိုင်တည်းရအောင် ကတ္တားအရကောက်ပြပါဆိုရင် ဒါရမှာ။ ဘယ်လောက်ကျက်လို့မှမရဘူး။ သေအောင်ကျက်၊ သေချင်တာသေသွားမယ်။ ဘာဖြစ်လို့မရဘူး။ ရပါ့မလား။ ကဲ အဲ့လိုဆို သိပြီပေါ့ဗျာ။
"ထို့နောက် သဝိပ္ပယုတ္တကရဏံ ဟောတော်မူ၏။ ထိုသဝိပ္ပယုတ္တကရဏ၌ သအဓိပတိစိတ္တဇရုပ်အပ်သော ဖိုလ်လေးခု၌ရှိသော ဝီမံသအဓိပတိပစ္စည်း" ဆိုပြီးတော့ အညမည၊ သမ္ပယုတ္တမပါတဲ့ ကိုးပစ္စည်းပေါ့။ ဟုတ်လားဟေ့။ ဧကန်ရဘူးလား။ ကဲ ဆိုလို့ရလောက်ပြီ။ ဆိုရအောင်။ "အဝိပါကကရဏံ ဟောတော်မူပြီးအခြား၌" အဲ့ဒါတွေ အခု ဟေတုပစ္စည်းရဲ့ သဘာဂ ၂၄ ချက်၊ ကရဏ ဘယ်လိုမေးသလဲလို့ဆိုလို့ရှိရင် ကိုယ်တော်တို့တစ်ခုမေးတဲ့ဥစ္စာကတော့ "ကုသလဟေတုပစ္စည်းရဲ့ အနုလောမ၌ ကရဏအရေအတွက်များကို အကျဉ်းချုပ်ရေတွက်ပြပါ" လို့ ဒီလိုမေးခဲ့တာ ကျွန်တော်တို့က နှစ်ခါလောက်ရှိခဲ့တယ်ဗျ။ ဟုတ်လား။ နှစ်ခါလောက်မေးခဲ့ဖူးတယ်။ အဲ့ဒါ "သာမညကရဏ ၉၊ သဣန္ဒြိယကရဏ၊ သဣန္ဒြိယမဂ္ဂကရဏ ၉၊ သအဓိပတိဣန္ဒြိယမဂ္ဂကရဏ ၆၊ ပေါင်း ဘယ်လောက်ပါလိမ့်။" ၂၄။ ၂၄ ချက်ဖြစ်ပါသည်။ ဒီလိုရေးရမှာပေါ့။ ဟုတ်လားဗျ။
အခု ၂၀၀၄ ခုနှစ်ကတော့ အဲ့ဒီက အတွင်းသားတွေမေးဖို့နဲ့ပတ်သက်ပြီးကျတော့ ကိုယ်တော်တို့ရဲ့စာ ဟိုအောက်နား၊ အဲ့ဒီက အဓိပ္ပာယ်ကဏ္ဍတွေမှာဆိုလို့ရှိရင် တစ်နေရာပဲပေါ့ဗျာ။ ညာဘက်ကအောက်နားလောက်မှာဆိုလို့ရှိရင် ဒါကိုယ်တော်တို့ ဒီမေးပုံစနစ်တွေကို ဒီဗဟိုကမေးတဲ့ဥစ္စာလေး မေးထားတယ်ပေါ့။ အဲ့ကိုယ်တော်တို့အနေနဲ့ အဲ့ဒီစာမျက်နှာ ၁၃ မှာပေါ့။ ၁၃ မှာ ကိုယ်တော်တို့အောက်ဆုံးမှာ "ဟေတုပစ္စည်း၊ သအဓိပတိဣန္ဒြိယမဂ္ဂ၊ အဝိပါကသဗ္ဗတ္ထာနိကကရဏ၌ ရသင့်သော ကားကြီးပစ္စည်းတရား၊ ခခွေး ပစ္စယသတ္တိတို့ကိုတဲ့ မှန်ကန်စွာဖော်ပြပါ" တဲ့။ ၂၀၀၄ ခုနှစ် ဖိုလ်မေးခွန်း တွေ့လား။ အဲ့ဒီမှာ "သမ္ပယုတ္တခန္ဓာ၊ သအဓိပတိစိတ္တဇရုပ်အပ်သော ဝီမံသအဓိပတိပစ္စည်းတရား" တဲ့။ အဲ့တော့ ခခွေးက ပစ္စယသတ္တိ။ ဟုတ်လားဗျာ။ ပစ္စယသတ္တိဆိုတာက ပစ္စည်းပြိုင်ကိုမေးတာ။ ဟေတု၊ အဓိပတိ၊ သဟဇာတ၊ နိဿယ၊ ဣန္ဒြိယ၊ မဂ္ဂ၊ အတ္ထိ၊ အဝိဂတ။ ဘယ်နှစ်ပစ္စည်းပါလိမ့်။ ရှစ်ပစ္စည်း။ ရှစ်ပစ္စည်းတဲ့။ ကြီးလေး၊ ငယ်လေးပေါင်း ရှစ်ပစ္စည်း။ ဟုတ်လား။ ဟော သဘောပေါက်တော့ မေးပုံမေးနည်းအတိုင်း ကျန်တာတွေအကုန်လုံး နည်းတူမေးလို့မရဘူးလား။ ရပါတယ်။ ရတယ်။ အဲ အဲ့ဒီလိုရှိတယ်ပေါ့။ ဒါဘယ်လိုမေးပါလိမ့်မလဲလို့ဆိုလို့ရှိရင် ကဲ အဲ့ဒီလိုမေးလို့ရတယ်။ ကျန်တာတွေလည်းပဲ မြန်မြန်ဆန်ဆန်တော့ သိလိုက်ကြတော့ပေါ့။
ကဲ ထားတော့။ ဒါဆိုလို့ရှိရင် ကိုယ်တော်တို့ ဟေတုပစ္စည်းရဲ့ကဏ္ဍတွေပြီးပြီဆိုရင် အဓိပတိပစ္စည်းရဲ့ သဘာဂကရဏကိုသွားမယ်။ အဓိပတိပစ္စည်းရဲ့ သဘာဂကဏ္ဍရှိတယ်။ သူတို့အခု စာမျက်နှာ ၅၀ မှာဆိုလို့ရှိရင် အဓိပတိမှာဆိုလို့ရှိရင် အဲ့သဘာဂဘယ်လောက်ရှိသလဲဆိုရင် 'ဓိ' ဘယ်လောက်ပါလိမ့်။ ၁၅။ 'ဓိ' ၁၅။ ဒီက ကိုယ်တော်တို့ကို သဟဇာတအမျိုးမျိုး၊ အာရမ္မဏအမျိုးမျိုး၊ သူကနှစ်မျိုးဝင်နေတာ။ အာရမ္မဏမှာ သူသုဒ္ဓသင်္ချာကြည့်မယ်ဆိုရင် ၁၃ ပါးမရှိဘူးလား။ ၁၃ ပါးကို သူ့အကြွင်းလိုက်မယ်ဆိုလို့ရှိရင် ဘယ်နှစ်ပါးရှိပြီလဲ။ ၁၂ ပါးရှိမယ်။ အဲ့တော့ သူကမစုံသေးလို့ ကရဏ၊ သဘာဂကို ငါးပါးလေးပဲပြောမယ်။ ကဏ္ဍကိုပြောရမယ်ပေါ့။ ဟုတ်လား။ ချန်ရစ်ခဲ့။
သဘာဂနဲ့ပတ်သက်ပြီးတော့ စာအုပ်စာမျက်နှာ ၄၈၊ ၅၀ နဲ့ကြည့်မယ်။ ၅၀ ရယ်၊ ၄၈ ရယ်။ ၄၈ ကိုစတင်ကြည့်။ ၄၈ ဟိုအောက်နားမှာ "ကရဏဟူသည် ပစ္စည်း၊ ပစ္စယုပ္ပန်တူရာ အစိတ်စိတ်ဖြစ်သော တရားတို့ကို ပေါင်းစု၍ ပြိုင်ဆိုင်ကြသော ပစ္စယသတ္တိအပေါင်းသည် ကရဏဟုခေါ်ဆိုကြောင်းကို စာမျက်နှာ ၄၃ ၌ ဖော်ပြခဲ့ပါပြီ" တဲ့။ "ထိုကရဏသည် မိဿကကရဏ၊ ပကိဏ္ဏကကရဏ၊ သဟဇာတကရဏရယ်လို့ သုံးမျိုး။" အဲ့ဒီအစဉ်အတိုင်း မှတ်ထားခဲ့။ ဟုတ်လားဗျာ။ "မိဿကကရဏဆိုတာက သားအမျိုးနှင့် ကျန်တစ်မျိုးမျိုးလျော့ပြီးတော့ ဟောမယ်။ ပကိဏ္ဏကဆိုတာက သားအမျိုးမှတစ်ပါး ကျန်အမျိုးချင်းရော၍ ဟောမယ်။ သဟဇာတကရဏဆိုတာက သားမျိုး ၁၅ ပစ္စည်းကိုသာ ဟောမယ်။" အဲ့ဒီထဲက အခု ၂၄ ပစ္စည်းထဲက အောက်နားမှာဆက်ကြည့်။ "ထိုတွင် အဓိပတိ၊ နိဿယ၊ ဣန္ဒြိယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ ဤခြောက်ပစ္စည်းတို့ဖြင့် ဖော်ပြပါ။ မိဿကကရဏမှာရော၊ ပကိဏ္ဏကကရဏမှာရော၊ သဟဇာတကရဏမှာရော သုံးမျိုးလုံးမှာ ဘာလိမ့်။" ဟောမယ်။ ဟောမယ်။ "ကမ္မပစ္စည်းကတော့ ပကိဏ္ဏကနဲ့ သဟဇာတနှစ်မျိုးဟောမယ်။ အာဟာရကတော့ ဘာပါလိမ့်ဗျာ။ ပကိဏ္ဏကနဲ့ သဟဇာတနှစ်မျိုးသည် ဟောမယ်" တဲ့။
အဲ့တော့ အောက်မှာ အလင်္ကာဟူသည်လို ဒီအဓိပ္ပာယ်လေးတွေကို အခုဒီမှာရေးထားတာပေါ့။ "နာမ်ငါး၊ ဝိပ္ပယုတ္တနှင့်တကွ မိဿကကရဏတစ်မျိုးသာတည်း။ ဟေတု၊ ဝိပါက၊ ဈာန်၊ မဂ္ဂ ခုနစ်တန်မှာ ဧကန်သဟဇာတသာတည်း။ သားအမျိုးနှင့် ကျန်အမျိုးဖြင့် ရောမိဿက၊ သဟဇာတရော ပကိဏ္ဏကဟော။ ဟေတုမှတစ်ပါး ဣန္ဒြိယ၊ ဝိပ္ပယုတ္တနှင့် အဝိဂတ ဤခြောက်ဝါ ကရဏမျိုးစုံရသတည်း။ ကမ္မ၊ အာဟာရ မိဿရနှစ်မျိုးစီ။" အဲ့ဒီကရှင်းချက်တွေ သဘောပေါက်တယ်နော်။
ခုဘာပြောမှာလဲဆိုလို့ရှိရင် ခုအဓိပတိအနေနဲ့က အဲ့ဒီက မိဿကကရဏ၊ ပကိဏ္ဏကကရဏရော၊ သဟဇာတကရဏရော သုံးမျိုးလုံးမဟောဘူးလား။ ဟောပါတယ်။ သုံးမျိုးလုံးဟောတာ ဘယ်နှစ်ပစ္စည်းရှိတယ်။ ခြောက်ပစ္စည်း။ ခြောက်ပစ္စည်း။ ကဲ ဒါဆိုလို့ရှိရင် စာမျက်နှာ ၅၀ ကိုသွား။ စာမျက်နှာ ၅၀ သွားတော့ ဟိုအောက်နားမှာ ဇယားလေးနဲ့ ဘေးနားကရှင်းပြထားတာရှိတယ်။ လင်္ကာလေးရေးပေးထားတာ။ "မိဿက၊ သဟ၊ ကဏ္ဍသုံးဝါ စဉ်ရွေ့ချ" တဲ့။ ခုနက ကဏ္ဍသုံးမျိုးလေ။ မှန်ပါ။ "ဒီသုံးတွင် ၂၄၊ ဝေဖန်လေး၊ ငါး၊ လေးရ၊ အဓိပတိမှာ ၃၂ နည်းဖြစ်၊ ခြောက်၊ လေး၊ ဓာတ်သာရ၊ အာဟာရ၊ ကိန်းရှိ ၁၀ ဖြစ် သဟဇာတ" တွေ့လား။ မှန်ပါ။ ဒီသုံးမျိုးတွေ့တဲ့ အဓိပတိပစ္စည်းမှာဆိုရင် ပကိဏ္ဏကကရဏမှာ ဘယ်နှစ်ချက်ဟောမယ်။ သုံးချက်။ သုံးချက်။ ပကိဏ္ဏကကရဏမှာ။ သုံးချက်။ သုံးချက်။ သဟဇာတကရဏမှာ။ ၂၄ ချက်။ ၂၄။ အခုတပည့်တော်ဟောမှာက ဘယ်ကရဏကိုဟောမှာပါလိမ့်။ သဟဇာတကရဏကိုဟောမှာ။ ဘာကရဏကိုဟောမှာ။ သဟဇာတ။ သဟဇာတကရဏကိုဟောမှာ။ ဒါ့ကြောင့် ဘယ်ကရဏကိုဟောတော့မသိဘဲနဲ့ လုပ်လို့မဖြစ်ဘူး။ ဟုတ်ပြီ။ ဟုတ်ပြီ။ အဲ့ဒီလိုသိရမှာ။
ကဲ ဒါဆိုလို့ရှိရင် အခုစာမျက်နှာ ၄၅ ကိုသွားမယ်ပေါ့။ "ပကိဏ္ဏကကရဏံ ဟောတော်မူပြီးအခြား၌ သဟဇာတကရဏံ ဟောတော်မူ၏။ ထိုသဟဇာတကရဏ၌တုံ ဆန္ဒအဓိပတိကရဏ၊ စိတ္တအဓိပတိကရဏ၊ ဝီရိယအဓိပတိကရဏ၊ ဝီမံသအဓိပတိကရဏအားဖြင့် လေးပါးရှိ၏။ ထိုလေးပါးတို့တွင် ဆန္ဒအဓိပတိကရဏကို ရှေးဦးစွာ ဟောတော်မူ၏။" အဲ့လိုဆက်စပ်မှ ကိုယ်တော်တို့ရေ။ အဲ့သလိုမဟုတ်ခဲ့ဘူးဆိုရင် ကိုယ်တော်တို့မသိနိုင်ဘူး။ ကိုယ်တော်တို့အခု ကြိုတင်ဖတ်ထားတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင် ကြိုတင်ဖတ်ထားတာနဲ့ ကိုယ်တော်တို့အခု သိမသွားဘူးလား။ သိသွားပါတယ်။ ကြိုတင်မဖတ်တဲ့ပုဂ္ဂိုလ်က အခုမှကြည့်မယ်။ ခုမှဘုန်းကြီးပြောတာလေး နားထောင်မယ်ဆိုလို့ရှိရင်တော့ တောက်တောက်တဲ့။ အဲ့အတိုင်း တောက်တဲ့ခဲမှန်သလိုဆို မသိတော့ဘူး။ အဲ့ဒါ တောက်တဲ့ခဲမှန်သလို လုပ်ရမှာဗျ။ ဟုတ်ပြီ။ တောက်တဲ့မဟုတ်ဘူး။ ဘာလဲဗျာ။ တောက်တဲ့ခဲမှန်သလို ဖြစ်သွားတာ။ ဘာမှမသိတော့ဘူး။ ဟုတ်လား။ အဲ့တော့ ကိုယ့်ဉာဏ်နဲ့ကိုယ်သိရတယ်။ ကိုယ်က ကိုယ့်ပမာဏကိုကိုယ်သိရတယ်ဗျ။ တပည့်တော်က ကိုယ့်ဟာကိုယ်ထူတာ၊ ထုံတာသိတယ်ဗျ။ ဟုတ်လားဗျ။ ကိုယ်တော်တို့ ကိုယ့်ဟာကိုယ်လည်းပဲ နုံတာ၊ အတာတွေသိတယ်။ ဒါကြောင့်မို့လို့ ဒီနေရာမှာ ကြိုးစားရင် ကိုယ်တော်တို့ရေ ထိပ်မရောက်လာနိုင်ဘူးလား။ ရောက်လာနိုင်တာပဲ။
ကိုယ်တော်တို့က၊ ကိုယ်တော်တို့က ဒီမှာထက် အကုန်လုံးဉာဏ်ကောင်းတယ်။ ဟုတ်လား။ တပည့်တော်တို့ထက် အကုန်လုံးဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်ကြီးချည်းပဲ။ ဟုတ်လား။ ဒါပေမယ့် ကိုယ်တော်တို့က ခက်တာက ဘာလဲဆို မကြိုးစားတာပဲခက်နေတာ။ ဟင်။ ဒါကြောင့်မို့လို့ ရှေ့ကပြောတာပေါ့။ ရှေ့ကသူတော်ကောင်းတွေပြောခဲ့တာ "ကြိုးစားရင် ဘာတောင်ဖြစ်တယ်"။ ဘုရားတောင်ဖြစ်တယ်။ ဘုရားတောင်ဖြစ်တယ်။ မကြိုးစားဘူးဆိုရင် ထိပ်ရောက်မလာဘူးလေ။ ဟုတ်လား။ အဲ့လိုရှိတယ်။ အဲ့ဒါ ဓမ္မနောက်ပိတ်ခွေးဖြစ်ရော။ ဘာလဲ။ ဓမ္မနောက်ပိတ်ခွေး။ ဓမ္မနောက်ပိတ်ခွေး ကိုယ်တော်သိလား။ ဘယ်လိုဘာလဲ အဓိပ္ပာယ်သိလား။ မသိပါဘူး။ ကိုယ်တော်တို့ကို သတ်ပေးလိုက်လို့ရှိရင်လည်းပဲ ဒုတ်နဲ့လိုက်ရိုက်ရင် ကိုယ်တော်တို့ တောထဲပြေးဝင်တာ။ အဲ့ဒါ ဖင်နဲ့မصدဘူးလား။ ဖင်တော့ခံပေတော့ပေါ့ဗျာ။ ဟုတ်လား။ ဟုတ်တယ်မလား။ နောက်ပိတ်ခွေးဆိုတာ အဲ့ဒါပဲ။ ကိုယ်တော်တို့က နောက်ကနေ အထုခံနေရတာချည်းပဲ။ ဘယ်သူကန်တာ အထုခံမနေရဘူးလား။ အဲ့ဒါပဲ။ ကိုယ်တော်တို့ လူ့ဘဝအောက်ဆုံးအဆင့်ဖြစ်ပြီဆိုရင်တော့ အဲ့ဒါ သူကကျော်၊ ငါကကျော်၊ သူကလုပ်၊ ငုံ့ခံနေရတာပဲ ကိုယ်တော်တို့ရေ။ ဒါ့ကြောင့် ကိုယ်တော်တို့ကို အဲ့လိုမဖြစ်စေရဘူး။ ဟုတ်လားဗျ။ ဒါကြောင့်မို့လို့ ကိုယ်တော်တို့ အခွင့်သာတုန်း ရုန်းကြရမယ်။ အခွင့်သာတုန်း ကိုက်လိုက်ရမယ်။ အခွင့်သာတုန်း လုပ်ကြရမယ်။ ဟုတ်လားဗျ။ တို့လိုဟောကြားတဲ့ပုဂ္ဂိုလ်တွေ၊ ဒီဘက်ကရတနာသဘာဂတွေဟောတာက နည်းသလား၊ များသလားဗျ။ နည်းပါတယ်။ ဒါဘယ်လောက်တောင်နည်းသလဲဆိုရင်။ မရှိတော့ဘူးဘုရား။ အေး မရှိတော့သလောက်ကို ဖြစ်နေပြီ။ အရှင်ဘုရားတို့ရဲ့ ဒါတကယ်တော့ ခက်တယ်မဟုတ်ဘူးဗျ။ လမ်းမပြတော့လည်း ကိုယ်တော်တို့ မှန်းဆပြီးတော့မှ ကိုယ်တော်တို့က မကြွကြတော့ဘူး ဖြစ်နေလို့ပါ။ ဒါမခက်ဘူး။ ဟုတ်လားဗျာ။ သုဒ္ဓသင်္ချာရတယ်။ ကိုယ်ဒီဘက်ပြောတဲ့အတိုင်းဆိုလို့ရှိရင် လွယ်လွယ်လေးရယ်ပဲ။ ဟုတ်လားဗျ။
ကဲ ဒါဆိုလို့ရှိရင် ကိုယ်တော်တို့ကို သိပြီ။ အဲ့လိုဆိုလို့ရှိရင် "ပကိဏ္ဏကကရဏံ ဟောတော်မူပြီးအခြား၌ သဟဇာတကရဏံ ဟောတော်မူ၏။" ဆိုရအောင်ဘုရား။ "ထိုဆန္ဒအဓိပတိကရဏ၌ အဝိပါကကရဏ၊ သဝိပါကကရဏ၊ ထိုနှစ်ပါးတို့တွင် အဝိပါကကရဏ၊ ထိုအဝိပါကကရဏ၌တုံ သဗ္ဗတ္ထာနိကကရဏ" နောက်ကျတော့ ဘာပါလိမ့်။ ခုနက ခရေပွင့်တွေကို မရဘူးလို့ ပြောခဲ့တယ်မို့လား။ မှန်ပါ့။ အဓိပတိမရဘူးတဲ့။ တွေ့လား အောက်နားလေးမှာ။ ဆိုလိုက်မယ်ဆိုလို့ရှိရင် အောက်ကအဓိပတိက "ကျုပ်ကိုမမြင်ဘူးလားဗျာ" လို့ အဓိပတိကပြောလိမ့်မယ်။ ဟုတ်လားဗျာ။ ခရေပွင့်ပြထားတဲ့ နှစ်၊ ငါးတို့၌ အဓိပတိမရတဲ့ အဓိပတိကတော့ "ကျုပ်တို့၊ ကျုပ်ကိုမရဘူး။ ခင်ဗျားတို့မသိဘူးလား" လို့ ခင်ဗျား အဓိပတိက စိတ်ဆိုးစရာမကောင်းဘူးလား။ ကောင်းတယ်။ ကောင်းတယ်။ ဒါကြောင့်မို့လို့ ပြောလိုက်သော "သဗ္ဗတ္ထာနိကကရဏ၊ သအညမညသမ္ပယုတ္တကရဏ၊ သဝိပ္ပယုတ္တကရဏအားဖြင့် သုံးပါးရှိ၏။ ထိုသုံးပါးတို့တွင် သဗ္ဗတ္ထာနိကကရဏ၊ ထိုသဗ္ဗတ္ထာနိကကရဏ၌လည်း ခန္ဓာ" ဘယ်လိုဆိုမလဲ။ "သမ္ပယုတ္တခန္ဓာ၊ စိတ္တဇရုပ်အပ်သော ဆန္ဒအဓိပတိ" ခြောက်ချက်လို့ ဆန္ဒအဓိပတိဆိုမှာပဲလေ။ ဟုတ်တယ်မို့လားဗျ။ အငယ်တည်းကတော့ ဆန္ဒအဓိပတိက ကျန်တဲ့တရားကိုယ်တူတာ ရှိသေးလား။ ရှိသေးပါတယ်။ မတူတဲ့အတွက်ကြောင့်မို့လို့ အခုရှိတာဆိုရုံပဲရှိတယ်။ မရနိုင်ဘူးလား။ ရနိုင်ပါဘူး။ ရနိုင်ဘူးလားဟေ့။ ရနိုင်ပါဘူး။ ကဲ ဆိုတော့မယ်။ ကဲ "အဝိပါကကရဏ၊ သဝိပါကကရဏအားဖြင့် နှစ်ပါးရှိ၏။" ဆက်ဆိုမယ်။ မှန်ပါ။
အဲ့ဒီဇယားရဲ့အောက်မှာလည်း ရေးပြထားတာရှိတယ်။ ကိုယ်တော်တို့အခု သတိပြုမိသွားပြီလောက်ဆိုလို့ရှိရင်။ အဲ့တော့ အခု ဆန္ဒအဓိပတိရဲ့ အဝိပါကရဲ့ ဆန္ဒအဓိပတိမှာလည်းပဲ 'ခုနစ်၊ သုံး' လို့ သင်္ချာတပ်တယ်မဟုတ်ဘူးလား။ မှန်လှပါဘုရား။ 'ခုနစ်၊ သုံး' လို့ သင်္ချာတပ်ရတယ်။ အောက်မှာရေးထားတယ်လေ။ 'ခုနစ်၊ သုံး၊ သုံး' လို့တပ်ရတာက အဲ့ဒီအထက်ကဇယားကြီးရဲ့ ဘယ်ဘက်မှာရေးထားတယ်။ သင်္ချာနံပါတ်တွေက ၁ ကနေ ၁၀ ထိအောင်ဆိုလို့ရှိရင် ဟိုးဘက်အစွန်လည်း ရေးထားတာရှိတယ်လေ။ တင်ပါ့။ ညာဘက်ကအစွန်မှာပဲ ကြည့်မယ်ဆိုလို့ရှိရင်လည်း 'ခုနစ်၊ သုံး' ဆိုတော့ 'ခုနစ်၊ သုံး' ကို ပိတ်လိုက်တာက တစ်၊ ဆယ်နဲ့ တန်းတန်းပိတ်သင့်ပါဘူးလား။ တင်ပါ့။ အောက်က ၁၁ နဲ့ ၁၂ ကျလို့ရှိရင် 'လေး၊ နှစ်' လို့ တွေ့တယ်မို့လား။ အဲ့တော့ အဲ့ဒီ အမောဟနဲ့ ဝီမံသအဓိပတိကောက်ရတာတွေဆိုလို့ရှိရင်တော့ ခုနက 'လေး၊ နှစ်' ကိုကောက်မှာပေါ့။ အထက်ကတရားတွေကတော့ အကုသိုလ်တွေလည်းယှဉ်တဲ့အတွက်ကြောင့်မို့လို့ 'သုံး၊ သုံး' လို့ ဒီလိုဆိုရတယ်။ သဘောပေါက်တယ်နော်။ တင်ပါ့ဘုရား။ အဲ့ဒါ ညာဘက်အစွန်မှာလေ။ တင်ပါ့။ ဒီမှာတွေ့တယ်မဟုတ်လား။ ဒီမှာ။ တွေ့ပါတယ်။ ဒါဆို အထက်ကဇယားမှာလည်း 'ခုနစ်၊ သုံး' ရှိတယ်။ အောက်ကဇယားမှာလည်းပဲ 'သုံး' အတူတူပဲ။ သဘောတူတူပဲ။ ဟုတ်လားဗျ။ ဒီ ၁၁၊ ၁၂ က ညာဘက်အစွန်မှာဆိုလို့ရှိရင် အထက်ကဇယားရဲ့ ညွှန်လို့ရှိရင်လည်းပဲ 'လေး၊ နှစ်' တွေ့တယ်မို့လား။ အောက်ကဆိုရိုးဇယားမှာလည်းပဲ ဟိုညာဘက်အစွန်မှာဆိုလို့ရှိရင် သင်္ချာဆိုတော့ 'လေး၊ နှစ်' တွေ့လား။ အတူတူ၊ အတူတူပဲ။ အဲ့ဒါ ဟိုစာကတော့ အခြုံပြောတာပေါ့။ အောက်က အစိတ်စိတ်ပြောတာပေါ့ဗျာ။ ဟုတ်လား။ တင်ပါ့။ သူ့ရဲ့အချက်အလိုက်။ အဲ့ဒါက ကရဏအချက်အလိုက် အဲ့လိုပဲရတယ်လို့ ပြောတာဖြစ်တယ်။
အခု ဆန္ဒအဓိပတိပြီးလို့ရှိရင် ဝီမံသ၊ စိတ္တအဓိပတိသွားမှာပေါ့။ ဟုတ်လားဗျ။ နံပါတ် ၇ က ဝိညာဉ်နဲ့ စိတ္တအဓိပတိနဲ့ ဘာကွာသလဲဆိုလို့ရှိရင် ဝိညာဉ်ဆိုတာက စိတ်တစ်ခုကိုးခုလုံးကောက်ရတဲ့အတွက်ကြောင့်မို့လို့ သူကအဓိပတိမထိုက်တဲ့တရားတွေလည်း ပါတဲ့အတွက်ကြောင့်မို့လို့ ဒီမှာအဓိပတိက မဝင်နိုင်သေးဘူး။ အဓိပတိဝင်နိုင်စေဖို့ ငါဘုရားရှင်ကိုယ်တော်မြတ်က နံပါတ်ကိုး စိတ္တအဓိပတိကို သီးသန့်တစ်ချက်ဟောလိုက်ရတယ်။ ဟုတ်လားဗျာ။ ဝိညာဉ်ကိုဟောလိုက်တာက ဘယ်သူမဝင်နိုင်သေးလို့။ စိတ္တအဓိပတိ။ အဓိပတိမဝင်နိုင်သေးလို့။ စိတ္တအဓိပတိဆိုလို့ရှိရင် ကျန်တဲ့ အာဟာရ၊ ဣန္ဒြိယတွေကို မရဘူးလား။ ရပါတယ်။ ရသွားခဲ့ပြီ။ အဲ့လိုဆိုလို့ရှိရင် စိတ္တအဓိပတိကလည်း ခုနက ဟောဆဲဖြစ်တဲ့ ဘာလဲဗျ။ ဟောဆဲဖြစ်တဲ့ အဓိပတိရယ်၊ အာဟာရရယ်၊ ဣန္ဒြိယရယ်ပေါ့။ ဝီရိယအဓိပတိဆိုလို့ရှိရင်လည်းပဲ အဲ့ဒါ ဒီဟာ၊ ဒီအတိုင်းပဲပေါ့။ ဟုတ်လား။ အဲ့လိုကောက်ရမယ်ပေါ့။ အဲ့ဒါကောက်ရအောင်။ အဲ့ဒါက ခုနကဆိုသလို ကောက်မှာပေါ့။ မရစရာရှိသေးလား။ ရှိပါတယ်။ မရှိဘူး။ နောက် ဝီမံသကတော့ ခုနအတိုင်းဆိုမှာလေ။ ဟုတ်တယ်မို့လား။ ဘာဆိုဘာကွာသွားလဲဆိုလို့ရှိရင် ဟောဆဲဖြစ်တဲ့ အဓိပတိကို ထိပ်ကထားဆိုမှာပဲ ကွာတယ်။ ဟုတ်လားဟေ့။ မှန်ပါ။ အဲ့လိုဆိုလို့ရှိရင် အဓိပတိကရဏ၊ သဟဇာတကရဏ၊ အဓိပတိကရဏ ၂၄ ချက်လည်း မပြီးဘူးလား။ ပြီးသွားပါပြီ။ ပြီးသွားပြီပေါ့။
အဲ့နောက်ကျလို့ရှိရင် အဲ့ဒီက အငယ်တန်းအကုန်လုံးသွားမှာဖြစ်တယ်။ ခြုံပြီးတော့ ဖတ်ထားခဲ့ကြတယ်။ ဟုတ်လားဗျာ။ အဓိကက သုဒ္ဓသင်္ချာရဖို့ပဲ။ အဲ့တော့ ကိုယ်တော်တို့ရဲ့ဉာဏ်၊ ဉာဏ်ရည်ဉာဏ်သွေး၊ အတွေးအခေါ်အားတွေ ဘယ်လောက်များရင့်ကျက်ပြီးတော့ ဘယ်လောက်များမြင့်တက်လာမလဲဆိုတာကို ကိုယ်တော်တို့ အဲ့ဒီအရကောက်ကို ဖတ်ကြည့်ပါ။ သုဒ္ဓသင်္ချာလည်းဖတ်တယ်၊ အရကောက်လည်းဖတ်တယ်ဆိုလို့ရှိရင် အဲ့သလောက်ပြောလိုက်တာနဲ့ကိုပဲ နားလည်တဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိကြတယ်ဗျ။ ဟုတ်လား။ ကိုယ်တော်တို့အခု လမ်းပြလိုက်ပြီ။ လမ်းပြလိုက်ပြီဆိုလို့ရှိရင် ကိုယ်တော်တို့ကိုယ်တိုင် အဆုံးထိလျှောက်ဖို့ လိုအပ်တယ်မဟုတ်ဘူးလား။ လိုအပ်ကြီးပါတယ်။ ဒါအခု မနေ့တုန်းကပြောခဲ့သလို ကာလုဒါယီကို ဘုရားကြီးလိုက်ပို့သလို အဲ့ဒါကို ဒေဝဒတ်လိုက်ပို့စရာကို လိုကိုမလိုတော့ဘူး။ မလိုတော့ဘူး။ ဟုတ်လားဗျ။ ကိုယ်တိုင်မလိုတော့ဘူးပေါ့ဗျာ။ အဲ့တော့ ကာလုဒါယီကတော့ ဟိုကဒေဝဒတ်လို ပုဂ္ဂိုလ်တွေကြောက်လို့မလိုဘူး။ အဲ့ဒါ ဘိုးဘိုးကြီးကို လိုက်ပို့ခဲ့ရတာလေ။ အဲ့ဒါ ကိုယ်တော်တို့ တောထဲမှာ ခက်ခဲမယ်ဆိုတာပါတယ်။ မောဂ္ဂလာန်၊ ဗုဒ္ဓရဲ့လေ။ ဟုတ်လား။ ကြားဖူးတယ်မဟုတ်လား။ ကြားဖူးတာ။
အဲ့သလိုဆိုလို့ရှိရင် ကိုယ်တော်တို့ နက်ဖြန်ကျလို့ရှိရင် ကျန်တဲ့ ကံ၊ အာဟာရ၊ ဣန္ဒြိယ၊ ဈာန်၊ မဂ္ဂ၊ ဒါတွေလည်းပဲ ကုန်စင်သွားမှာဖြစ်တယ်။ နောက်ပြီးသတ်မယ်ပေါ့။ အငယ်ကိုး၊ ၂၅၀ နဲ့ ၅ လုံး အကုန်သွားမှာဖြစ်တယ်ပေါ့။ အဲ့ဒါ ဉာဏ်အားဖြင့်လျှောက်ရမှာပေါ့။ ဟုတ်လားဗျ။ တော်တော်များများ အရင်ပြောခဲ့ပြီးပဲ။ အဲ့တော့ ယသောဒရာနတ်သားတို့က အဲ့ဒါနဲ့ ဈာန်အဘိညာဉ်တန်ခိုးနဲ့ အဲ့ဒါ ထန်းတစ်ရွက်ကိုမျှ၊ တစ်ဆင့်ဖြတ်တဲ့အချိန်ကာလတစ်ခုလောက်ကိုပဲ၊ လက်ဖျစ်တစ်တွက်လောက်အချိန်ကာလကို စကြာဝဠာကမ္ဘာတစ်ခုကို အဆုံးထိသွားနိုင်လောက်သော အဘိညာဉ်တန်ခိုးတွေနဲ့၊ ဈာန်တန်ခိုးတွေနဲ့ သွားရုံမျှဖြင့်လည်းပဲ နိဗ္ဗာန်ကိုရောက်အောင် သွားနိုင်သလားဆိုတော့ မသွားနိုင်ခဲ့ဘူးတဲ့။ အဲ့ထဲမှာ ဘုရားဆီရောက်လာလို့မို့လို့ "ဣမသ္မိံ ယေဝ ဗြဟ္မဒေဟေ ကလေဝရေ" တဲ့။ "ဣမသ္မိံ ယေဝ" ဘာပါလိမ့်ဗျ။ ဗြဟ္မဒေဟေ ကလေဝရေ။ "ဗြဟ္မဒေဟေ ကလေဝရေ၊ ဤတစ်လံမျှလောက်သော ခန္ဓာကိုယ်၌သာလျှင် သစ္စာတရားလေးပါးကို ရှာရမယ်" တဲ့။ အဲ့သလို သစ္စာတရားကိုရှာမယ်ဆိုလို့ရှိရင် မင်းရှာနေတဲ့နိဗ္ဗာန်ကို တွေ့လိမ့်မယ်ကွာတဲ့။ မင်းရှာတဲ့နိဗ္ဗာန်ကတော့တဲ့ ကြည့်စမ်းပါဦး ဘုရားရှင်ဟောလိုက်တာက "ဂမနေန န သန္တော လောကဿ အန္တံ ကုဒါစနံ၊ န စ အပ္ပတွာ လောကဿ အန္တံ ဒုက္ခာ ပမုစ္စတိ" တဲ့။ အလွန်ကောင်းတာ။ "ဂမနေန န ပတ္တဗ္ဗော လောကဿ အန္တော ကုဒါစနံ။ လောကဿ အန္တော လောကရဲ့အဆုံးဖြစ်သော နိဗ္ဗာန်ကိုဆိုလို့ရှိရင်တဲ့ ဂမနေန၊ ခြေဖြင့်သွားမယ်၊ ထိုသို့သော ဈာန်တို့ဖြင့်သွားမယ်ဆိုလို့ရှိရင် ကုဒါစနံ ဘယ်သောအခါမှ" ဘာလဲဗျာ။ မရောက်နိုင်ပါတဲ့။ အဲ့တော့ ဈာန်အဘိညာဉ်နဲ့သွားမယ်၊ ဆက်တိုက်ပြီးတော့သွားရမယ်။ အဲ့ဒါဆိုလို့ရှိရင် မရောက်နိုင်ဘူးလား။ ရောက်နိုင်သလား။ "န ပတ္တဗ္ဗော" မရောက်နိုင်ပါဘူးတဲ့။ "ဂမနေန န ပတ္တဗ္ဗော လောကဿ အန္တော ကုဒါစနံ။ ကုဒါစနံ ဘယ်သောအခါမှ၊ ဘယ်အချိန်၊ ဘယ်ကာလ၊ ဘယ်ဘုရားရှင်ပွင့်ထွန်းမှာမှ ဘာဖြစ်လို့မရဘူး။"
ဒီလိုပဲ ကိုယ်တော်တို့လည်း လိုက်ဖတ်မယ်ဆိုရင် အကုန်လုံးရောက်ပါ့မလား။ ဘာနဲ့သွားရမှာလဲ။ ဉာဏ်နဲ့။ ဘာနဲ့သွားရမှာတုန်း။ ဉာဏ်၊ ဉာဏ်။ ဉာဏ်နဲ့သွားရမယ်။ သုဒ္ဓသင်္ချာနဲ့သွားရမယ်။ ဟုတ်လား။ "ဣမသ္မိံ ယေဝ ဗြဟ္မဒေဟေ ကလေဝရေ" ထက် ဒီသုဒ္ဓသင်္ချာ၌သာလျှင်။ ဟုတ်လားဗျ။ ဘာ၌သာလျှင်။ သုဒ္ဓသင်္ချာ။ တရားအားထုတ်တဲ့ပုဂ္ဂိုလ်က ဒီတစ်လံမျှလောက်သော ခန္ဓာကိုယ်ပေါ့ဗျာ။ တူတူပဲ။ ပဋ္ဌာန်းတွေကတော့ ဘာလဲဗျာ။ ဤသုဒ္ဓသင်္ချာ၌သာလျှင်ဗျာ။ ဟုတ်လား။ "ဉာဏဂမနေန" ဟုတ်လားဗျ။ သုဒ္ဓသင်္ချာရသောဉာဏ်ဖြင့်၊ စူးစိုက်သောဉာဏ်ဖြင့်။ ဟုတ်လားဗျာ။ ပတ်သက်ရာ ပတ်သက်ကြောင်းဖြစ်သွားပြီလေ။ "ဉာဏဂမနေန" ဆို ပတ်သက်ကြောင်းဖြစ်သွားမှာမဟုတ်ဘူးလား။ ဘာပါလိမ့်ဗျ။ ရောက်ရတယ်။ ရောက်ရပြီ။ ဟုတ်လားဗျ။ အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့လည်း အဲ့ဒါ "ကုဒါစနံ ဘယ်သောအခါမှ ဂမနေန ပတ္တဗ္ဗံ၊ ဂမနေန ခြေဖြင့်သွားမယ်၊ အဲ့ဒါ ဈာန်အဘိညာဉ်တန်ခိုးတွေနဲ့သွားမယ်ဆိုလို့ရှိရင် န ဂန္တဗ္ဗော ဘယ်သောအခါမှ န ပတ္တဗ္ဗော ဘယ်သောအခါမှ မရောက်နိုင်ပါ" တဲ့။ အဲ့လိုရှိတယ်ပေါ့ဗျာ။ ဒါကိုယ်တော်တို့ ဉာဏ်နဲ့သွားမှရောက်ရမယ့်ကိစ္စတွေလေ။
အရကောက်ဆရာတော် အကုန်မရေးတော့ဘူး။ ဒါလမ်းပြလိုက်ပြီ။ ဟုတ်လား။ အဲ့လိုသွားရ။ ဟုတ်လားဗျ။ ကဲ ဒါကြောင့်မို့လို့ နက်ဖြန်ကျလို့ရှိရင် ဆုံးသွားမှာ။ ဒါကြောင့်မို့လို့ ဟိုဘက် တပည့်တော်တို့ သဟဇာတကြီးတို့၊ သဟဇာတငယ်တို့ဆိုလို့ရှိရင်လည်းပဲ ဘုန်းကြီးတွေက ညွှန်ပြတာတောင်မရှိဘူး။ အဲ့ဒါ ဒီတော့ ဒါတွေလည်းပဲ ခင်ဗျားတို့ ခက်သလားလို့ ဖတ်ကြည့်လိုက်တာ အကုန်လုံးနားလည်သွားတယ်။ သုဒ္ဓသင်္ချာရရင် နားလည်သွားတယ်။ တို့အဲ့စာမျက်နှာ ၄၆ တို့ ကြိုတင်ဖတ်ကြည့်လိုက်။ သိလိုတဲ့ပုဂ္ဂိုလ်တွေ ကြိုတင်ဖတ်ကြည့်လိုက်ပေါ့လေ။ ကိုယ်တော်တို့ ကြိုကြိုတင်တင်သိမြင်ချင်တဲ့ပုဂ္ဂိုလ်တွေ ဖတ်ကြည့်လိုက်မယ်ဆိုရင် သဟဇာတကြီးတို့ရဲ့ ကရဏတွေ၊ ဟောစဉ်တွေလည်း တကယ်လို့မပြောဘဲနဲ့တောင် ဟောကနဲဆို ဘာဖြစ်မလဲ။ ဖတ်ကြည့်မယ်ဆိုလို့ရှိရင် သုဒ္ဓသင်္ချာလည်းရတယ်ပေါ့။ အလတ်တွေကတော့၊ အငယ်တွေ၊ အကြီးတွေကတော့ သုဒ္ဓသင်္ချာကို ရရုံနဲ့မကောင်းဘူး၊ ကျေရုံနဲ့မကောင်းဘူး၊ ညက်မှ။ ဟုတ်လားဗျာ။
