ဟုတ်ကဲ့ပါ၊ တောင်းဆိုချက်အရ ပေးပို့လာသော ဒွါဒသမမြောက် တရားတော်ပို့ချချက်မှတ်တမ်းကို သတ်ပုံမှန်ကန်စေရန်နှင့် စာဖတ်၍ ပိုမိုလွယ်ကူစေရန် စာပိုဒ်များခွဲ၍ တည်းဖြတ်ပေးလိုက်ပါသည်။
ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (ဒွါဒသမပိုင်း)
(၁၃၇၃) ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၁၄) ရက်၊ (၂၀၁၁) ခု၊ စက်တင်ဘာ (၂၆) ရက်၊ တနင်္လာနေ့။
အဲ့တော့ ဒီကနေ့ဖြင့် အရှင်ဘုရားတို့ရဲ့ စာအုပ်စာမျက်နှာ (၁၃) မှာပါတဲ့ သဟဇာတဝိပ္ပယုတ္တပေါ့။ ဒီနေ့တော့ သဟဇာတမျိုးရဲ့ ဝိဘင်းကိုဟောတာ။ ဒီတော့ အခု ဘုရားရှင်ကိုယ်တော်မြတ် ဟောလိုက်တဲ့ ပဋ္ဌာန်းပါဠိတော်ကြီးမှာဆိုရင် ပစ္စယုဒ္ဒေသ၊ ပစ္စယနိဒေသ၊ ဆဝါရပြီးတော့မှ ပညာဝါဒ ဟောခဲ့တယ်ပေါ့။ အဲ့ထဲမှာမှ နောက်ဆုံးအပိုင်းကဖြစ်တဲ့ ပညာဝါဒကို တပည့်တော်တို့က ဟောတာဖြစ်တယ်။ ဘယ်ဝါဒကို ဟောတာပါလိမ့်။ (ပညာဝါဒ။) ပညာဝါဒကို ဟောတာ။
ပညာဝါဒကလည်းပဲ ဒီတော့ အခု (၁၅) သဟ၊ "ရှု-ဝ-အာ" နှင်း ဆိုသလိုပဲ၊ အဲ့ဒီလင်္ကာပိုင်း၊ ပြောပါတော့ (၁၅) သဟ၊ သဟဇာတ (၁၅) ပစ္စည်းရဲ့ ဝိဘင်းကိုဟောတာ။ ဝိဘင်းဆိုတာ
ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော အဲ့ဒီလိုဟောတာက ဝိဘင်းလို့ပြောတာ။ နောက် ဝိဘင်းပြီးလို့ရှိရင် သင်္ချာလို့ ဟောလိမ့်မယ်။ ကနေ့ သင်္ချာအကြောင်း နည်းနည်းပါးပါး ရောက်လိမ့်မယ်ပေါ့။ အဲ့တော့ ဝိဘင်းဝါဒ၊ သင်္ချာရယ်လို့ အဲ့သလို ရှိလိမ့်မယ်။ ဝိဘင်းဝါဒဟောတာဆိုတာ သိသွားပြီနော်။ (မှန်ပါ။)သင်္ချာဆိုတာက သင်္ချာပြတာပေါ့။
ဟေတုယာ သတ္တ၊ အဓိပတိယာ ဒသ၊ အာရမ္မဏေ နဝ ဟုတ်လားဗျ။ အနန္တရေ သမနန္တရေ သတ္တ၊ သဟဇာတေ နဝ အဲ့လိုသွားတာတွေက သင်္ချာဝါဒ။ သင်္ချာတွေ တပ်တပ်ပြီးတော့ သွားတဲ့ဝါဒက ဘာဝါဒ။ (သင်္ချာဝါဒ။) သင်္ချာဝါဒ။ ဒီလိုရှိတယ်ပေါ့။ အဲ့ဒီသင်္ချာကလည်းပဲ ပစ္စည်းတစ်ပစ္စည်း သင်္ချာတပ်ရင် သုဒ္ဓသင်္ချာ။ တစ်ပစ္စည်းထက် သင်္ချာတိုးရင်... (သုဒ္ဓသင်္ချာဝါဒ။) နှစ်ပစ္စည်းကစပြီးတော့၊ နှစ်ပစ္စည်း၊ မူလပစ္စည်း၊ မူလီပစ္စည်း၊ ဒီပစ္စည်းတပ်တာကတော့ဖြင့် ဣတိ သဒ္ဒါလည်း ပါမယ်ဆိုလို့ရှိရင် သဘာက။ ဣတိ မပါရင် ဂဏန။ တရားကိုယ်ကရဏကတော့ နှစ်ပစ္စည်းကနေပြီးတော့ တပည့်တော် အခု ကုသလပုဒ်မှာတော့ (၁၁) ပစ္စည်းထိအောင် စုပေါင်းပြီးတော့ ဟောမှာ။ အဲ့ဒါကို ကရဏ။ စုပေါင်းပြီးတော့ သင်္ချာတပ်မှာကို ကရဏ။ပြန်ပြောမယ်။ အဲ့တော့ သင်္ချာဝါဒက သုဒ္ဓသင်္ချာရယ်၊ မိဿကသင်္ချာရယ်လို့ နှစ်မျိုးဖြစ်မှာ။ ပြန်ပြောမယ်။ အစကနေ သေချာကျ၊ သေချာလေး အာရုံတစ်ပါး စိတ်မသွားဘဲနဲ့ နားထောင်မယ်။ အာရုံလေးစိုက်ပြီးတော့ နားထောင်မယ်။ ဈာန်အင်္ဂါကျပြီးတော့ နားထောင်မယ်။ စိုက်ထား၊ နားစိုက်ထား၊ အာရုံတွေ စူးစိုက်ထား။
ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော စသည်အားဖြင့် ဟောတာက ဘာဝါဒ။ (ဝိဘင်းဝါဒ။) ဟေတုယာ သတ္တ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ဒသ စသည်ဖြင့် သင်္ချာတွေ၊ သင်္ချာတွေ တပ်တပ်ပြီးတော့ ဟောတာက... (သင်္ချာ။) အဲ့ဒီသင်္ချာကလည်းပဲ နှစ်မျိုးရှိမယ်။ ဘယ်နှမျိုး။ (နှစ်မျိုး။) သုဒ္ဓသင်္ချာဝါဒရယ်၊ မိဿကသင်္ချာရယ်။ ပြောကြည့်စမ်းပါဦး။ (သုဒ္ဓသင်္ချာရယ်၊ မိဿကသင်္ချာရယ်။)ဪ၊ သုဒ္ဓသင်္ချာဆိုတာက
ဟေတုယာ သတ္တ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ဒသ စသည်အားဖြင့် မည်သည့်ပစ္စည်းနဲ့မှ မရောမယှက်ဘဲနဲ့ တစ်ခုချင်း၊ တစ်ခုချင်းကို သင်္ချာတပ်တာကို ဘာလို့ခေါ်တယ်။ (သုဒ္ဓသင်္ချာ။) ရှင်းရဲ့လားဗျာ။ (ရှင်းပါဘုရား။) ဟုတ်ပြီ။ အဲ့တော့ နှစ်ပစ္စည်းကစပြီးတော့ပေါ့၊ မူလပစ္စည်း၊ မူလီပစ္စည်း တစ်ခုစီ၊ အဲ့ကသင်္ချာဆိုတော့ နှစ်ပစ္စည်းကစပြီးတော့ သင်္ချာတပ်တာကို မိဿကသင်္ချာလို့ခေါ်တာ။ အဲ့ဒီမိဿကသင်္ချာဝါဒမှာမှ နောက်ထပ်နှစ်မျိုးကွဲဦးမှာ။ မိဿကသင်္ချာဝါဒမှာမှ ဘယ်နှမျိုးကွဲမယ်။ (နှစ်မျိုး။) နှစ်မျိုးကွဲမယ်။ အဲ့ဒီက မိဿကသင်္ချာဝါဒကမှ သဘာကရယ်၊ ကရဏရယ်လို့ ကွဲမှာ။ ဘာရယ်၊ ဘာရယ် ကွဲမလဲ။ (သဘာကရယ်၊ ကရဏရယ်။) သဘာကဆိုတာက ဣတိ မပါဘဲနဲ့ မူလပစ္စည်းတစ်ခု၊ မူလီပစ္စည်းတစ်ခု။ မူလပစ္စည်းတစ်ခု... (မူလီပစ္စည်းတစ်ခု။) တစ်ခု။ အဲ့လိုပြတာ သဘာက။ ကရဏကျလို့ရှိရင်တော့ ဣတိ သာရမယ်။ နှစ်ပစ္စည်းကနေပြီးတော့ ကုသလပုဒ်ဆိုရင် (၁၁) ပစ္စည်းထိအောင် ရှိမယ်။ အဲ့ဒါကို (၁၁) ပစ္စည်းထိအောင် ပေါင်းစုပြီး သင်္ချာတပ်တာ ကရဏ။ ကရဏဆိုတာကတော့ အပေါင်း။ ကရဏဆိုတာက ဘာလိမ့်။ (အပေါင်း။) အပေါင်း။ ဂဏဆိုတာကလည်း အပေါင်းပဲ။ကိုယ်တော်တို့ ခုနက စာတွေပြန်ကြတယ်ပေါ့။ ဂဏ၊ ဂဏအနက်ဆိုတာ မပါဘူးလားဗျာ။ ဘယ်လိုလုပ်။ (ပါတယ်။) ဂါထာအနက်ထား ပြောရင်လေ။ ဂဏ၊ ကရဏ၊ ဘာသာ၊ သမူဟ၊ ဘာတွေဟောတာပါလိမ့်။ (အပေါင်း။) အပေါင်းနဲ့ကို ဟောတာ။ အဲ့ ကိုယ်တော်တို့ အဘိဓာန်တွေ ပြန်ကြတယ်။ အဘိဓာန်လည်း မကျက်၊ လည်း မကျက်တတ်ကြဘူး။ ကိုယ်တော်တို့၊ ဆရာတို့က စာသားကျက်လို့မရတာဗျာ။ ဒီစာကို ဘယ်လိုလုပ်ကို မှတ်မိအောင်လုပ်မလဲဆိုတာ တို့က ဒီအတွေးအခေါ်မျိုးတွေ တကယ်ရှိတာ။ ဟုတ်လားဗျ။ အဲ့တော့ တချို့ကတော့ အဘိဓာန်ဆိုတာ ဘာသုံးမှမကျဘူး။ သဘောပါရဲ့လား။ (မပါဘူးဘုရား။) ကုန်းပြီးတော့ ကိုယ်တွဲချလိုက်ပေါ့ဗျာ။ ဟုတ်လား။
အဲ့တော့ ပါဠိရရုံနဲ့၊ ပါဠိရတယ်ဆို အနက်ကို တန်းထင်အောင်၊ ဟုတ်လားဗျ။ ပါဠိတစ်ခု အသံကြားတဲ့အခါနဲ့ နားထဲကို တိုးဝင်လာတာနဲ့ ဘာဆိုတာ အနက်ကို တစ်ခါတည်း၊ အထည်ကိုယ်တစ်ရပ်ဆိုတဲ့ အနက်ပါပဲ။ ဟုတ်လား။ ခုနက ဆရာ၊ ကိုယ်တော်တို့ စပါးမျိုး (၇) ခု။ ဟုတ်လားဗျ။ ကင်္ဂုဆိုတာနဲ့... (ဆပ်။) လူတို့။ အဲ့လို တန်းပေါ်နေရမယ်။ ဟုတ်လား။ ကုသိုလ်သဆိုတာ ဘာလိမ့်။ (လူ။) အေး၊ ဒီလိုရတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ အဲ့လိုဖြစ်ရမယ်။ တန်းပေါ်နေရမှာ။ လူဆိုတာကို၊ လူဆိုတာနဲ့ကိုပဲ လူဆိုတဲ့နာမည်လည်းမကဘူး၊ လူ့ရဲ့ တရုတ်သံလေးတွေ တစ်ခါတည်း မြင်နေရမယ်။ ဟုတ်လားဗျာ။ (မှန်ပါ့ဘုရား။) အဲဒါ လူဆိုတာ ကိုယ်တော်တို့ ဒီဘက်တော့ ပေါတယ်ဗျ။ တို့ဘက်တော့ မသိဘူးပေါ့။ အဲ၊ လူဆိုတာက တကယ်ဆင်းရဲတဲ့ အရပ်ဒေသတွေမှာ စားတာပေါ့ဗျာ။ ဒီလိုအရပ်ဒေသတွေပေါ့။ ဟုတ်တယ်၊ ဟုတ်တယ်လေ။ ဒါက ကိုယ်တော်၊ ဟုတ်လား။ အဲ၊ အဲ့သလိုလေးပေါ့။ လူဆိုတာ ဘယ်ပုံစံပေါ့လေ။
အဲ့တော့ ဆိုပါတော့ ဘုန်းကြီး ဦးတေဇနိယဆိုတာနဲ့တော့ ပိန်ပိန်ရှည်ရှည်၊ အဲ့ဒါဆို တစ်ခါတည်းကို ပေါ်လာရမှာ။ ဟုတ်လား။ အဲ့ဒီက ဘွဲ့မှတ်မိရုံနဲ့ မကောင်းဘူး။ လူ့ရဲ့အထည်ကိုယ်တရား၊ ပုံသဏ္ဌာန်မှာ ဘာလိမ့်။ (ပေါ်လာရမှာ။) ပေါ်လာရမှာ။ ကျောင်းတောင်မှပဲ ကျောင်းသေးသေးလေးမှာနေတာ။ အဲ့လိုလေး တန်းပေါ်ရမယ်။ ဟုတ်လား။ အဲ့လိုဖြစ်ရမယ်။ တို့ အဲ့လိုရှိတယ်။ စာကျက်တယ်ဆိုတာ။ အဘိဓာန်ကျက်ပါတယ်ကတော့ ကြည့်တော့ အခု အဲ့ဒါ
ဗြာဟ္မဏမဟာသာလ၊ ခတ္တိယမဟာသာလ၊ ဂဟပတိမဟာသာလ ဆိုတော့ အခု ပြောနိုင်သလား။ (ပြောနိုင်ပါတယ်ဘုရား။) ပြောကြည့်စမ်း။ မရဘူး တော်တို့။ အဲ့ဒါ ဗြာဟ္မဏမဟာသာလ ဆိုတာ သူကြွယ်။ ဟုတ်လား။ နောက်ကျတော့ ဘာလဲ။ ဂဟပတိမဟာသာလ ဆိုတာ ဘယ်လို၊ ကိုယ်တော်တို့ ပြော။ ပြောနိုင်သလား။ (ပြောနိုင်ပါတယ်။) အဲ့ဒါ အရပ်စကားနဲ့ နားလည်နေရမယ်။ ဘာလဲ။ (အရပ်စကားနဲ့။) အရပ်စကားနဲ့ ကိုယ်နားလည်နေရမယ်။ အဲ့လိုသိရမှာ။ဒီစာတွေကိုပဲ ဘာတဲ့ကိစ္စတွေကို အဲ့ဒါ မသိကြဘူးဖြစ်နေတာ။ ဟုတ်လားဗျ။ ကိုယ်တော် အဲ့ အဘိဓာန်ရဲ့ အဆုံးအဖြတ်ရှိတယ်။ တစ်ခါတည်းကို ဘယ်ကနေ ဘယ်ထိအောင်လည်း၊ ဘယ်လိုလိမ်တွေ၊ ဘယ်လိုနေရာ၊ ဘယ်လိုလိမ်တွေ၊ တစ်ခါတည်း သင်္ချာအဆုံးအဖြတ်နဲ့ပတ်သက်ပြီးတော့လည်း တန်းသိနေရမယ်။ ဟုတ်လားဗျာ။ အဲ့လိုသိရမှာ။ ကိုယ်တော်တို့က အသုံးကမချဘူးဖြစ်နေတယ်။ အဲ့တော့ ဒီဥစ္စာတွေက ရမှဖြစ်မယ့်ကိစ္စတွေက ရအောင်ကို ကျက်ချလိုက်ပေါ့ဗျ။ ဟုတ်လားဗျာ။ (မှန်ပါ့ဘုရား။) အဲ့ဒါ ကိုယ်တော်တို့ကို ငါ အထူးအထဲ ပြောပြီးတော့ ဟိုတစ်ခါပြောတာဗျ။ အဲ့ဒါ
အာဠာတ ဆိုတိုင်းမှာ ဘာလဲဗျ။ (မီး။) ဟာ၊ ကိုယ်တော် မီးလို့မြင်တာတော့ မကောင်းသေးဘူးပေါ့ဗျာ။ ခါးကို ပိန်ပိန်ကိုယ်တော် တန်းမြင်ရမှာလေ။ ဟုတ်လား။ အဲ့လိုမြင်ရမှာ။ ဟုတ်လား။ ပိန်ပိန်ကိုယ်တော်ဆိုတာ ဘုန်းကြီးပေါ့ဗျာ။ ဟုတ်လား။ ဘုန်းကြီးက ဝလို့လား။ (မဝပါဘူး။) အဲ့လိုပဲပေါ့ဗျ။ ဟုတ်လား။ အဲ၊ အဲ့လိုပြောတာ။ အဲ့ဒါ ခလ္လာတ ဆိုတာနဲ့ ဘာလာ၊ ဘာလဲဗျ။ (ထိပ်။) ဟုတ်လား။ ဒါ မသိဘူး။ ကိုယ်တော်က ပြောလိုက်တာနဲ့ကိုပဲ အာဠာတ ဆိုတာက ထိပ်ပြောင်သူတဲ့ဗျ။ ဘာလဲ။ (ထိပ်ပြောင်သူ။) ထိပ်ပြောင်သူတဲ့။ ဒီလို တန်းသိနေရမှာ ဥစ္စာ။ ဟင်။ အဲ့တော့လည်းပဲ ဒီသဘောသဘာဝတွေကို သိနေရမှာ။ ဟုတ်လားဗျ။ကိုင်း၊ ဒါကြောင့်မို့လို့ ကိုယ်တော်တို့ရေ၊ ခုနက၊ ခုနက အဲ့လိုသဘောတရားတွေ ရှိတယ်။ ကိုင်း၊ ဒါကြောင့်မို့လို့ ကိုယ်တော်တို့ အခု ကနေ့တော့ အဖြစ် ခုနက ဝိပ္ပယုတ္တပစ္စည်းကို သွားမှာဖြစ်တယ်ပေါ့ဗျာ။ စာမျက်နှာ (၁၃) က။ စာမျက်နှာ (၁၃) က သဟဇာတဝိပ္ပယုတ္တပစ္စည်းရဲ့ သုတ္တသင်္ချာ နှစ်ခေါက်ဟောမယ်။ တတိယခေါက်ကျရင် အလွတ်ဆိုမယ်။ အဲ့ဒီတော့ အဲ့မယ် ပါဠိတော်ကိုလည်းပဲ ဒီမှာတော့ဖြင့် ပါဠိတော်သုံးချက်လုံး ဖော်ပြထားတာရှိတယ်။ ဒါ ပါဠိတော်သုံးချက်လုံးကိုလည်းပဲ ရွတ်မယ်။ ပါဠိတော် (၃) ချက် ရွတ်ပြီးကျတော့မှ အရကောက်တဲ့စနစ်ကလေးကို တပည့်တော် ပြောပြရမယ်။ ဒီအရကောက်စနစ်က အလွန်တရာမှ ကောင်းတော့။ ဟုတ်လားဗျ။ အရကောက်တော့ ကိုယ်တော်တို့ မကောက်ကြနဲ့။ ခုနက သုဒ္ဓသင်္ချာကို နှစ်ခေါက်၊ တတိယခေါက်က အလွတ်ဆိုမယ်။ ပါဠိတော်ကလည်း ထိုနည်းလည်းကောင်းပဲ။ ပထမခေါက်က ကြည့်ဆိုမယ်။ တတိယခေါက်က အလွတ်ဆိုမယ်။ ကိုင်း၊ ဒါလေးကို ဟောကြည့်ရအောင်ပေါ့။ ဆိုရအောင်။
အဲ့တော့ အရှင်ဘုရားတို့ရဲ့ စာအုပ်စာမျက်နှာ (၁၃) က သဟဇာတဝိပ္ပယုတ္တပေါ့ဗျာ။ ခုနက ပြောခဲ့ပြီ။ ဒါကြောင့် ဆက်ပြီးတော့ တပည့်တော် ဟောပြောပြမယ်။ သေချာနားထောင်မယ်။
သဟဇာတဝိပ္ပယုတ္တပစ္စယေ သုတ္တသင်္ချာ၌ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်အားအပ်သော ပဝတ္တိကာလ၌ဖြစ်သောအခါ၊ ဥပါဒ် (၄) ခုတွင် ဒွေပဉ္စဝိညာဉ် (၁၀)၊ ရဟန္တာတို့၏ စုတိကျဉ်သော ပဝတ္တိ၊ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ (၄) ပါး၊ အချင်းချင်းအားအပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာ၊ ဟဒယဝတ္ထု၊ ဤတရားတို့သည် သဟဇာတဝိပ္ပယုတ္တပစ္စည်းအားအပ်သောတရားတို့မည်ကုန်၏။ သင်္ချာ (၃) မျိုး၊ ပစ္စည်း (၅) ဟူသည်တည်း။ သင်္ချာ (၃) မျိုးဟူသောကား ကုသလောဗျာကတဿ၊ အကုသလောဗျာကတဿ၊ အဗျာကတောဗျာကတဿ ဟူသည်တည်း။ ပစ္စည်း (၅) ဟူသောကား ဝိပ္ပယုတ္တ၊ သဟဇာတ၊ နိဿယ၊ အတ္ထိ၊ အဝိဂတ ဟူသည်တည်း။ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ကုသလာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ အကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ အကုသလာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ဝိပါကဗျာကတာ၊ ကိရိယာဗျာကတာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ ဝိပါကဗျာကတာ ခန္ဓာ ကတ္တဋ္ဌာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ခန္ဓာ ဝတ္ထုံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ဝတ္ထု ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။နည်းနည်းကြည့်ရအောင်။ ကိုယ် ပါဠိစီတဲ့အခါ ဘာဖြစ်လို့ ဒီမှာ ကု-ဗျာ၊ အကု-ဗျာတို့ကို ထည့်လိုက်၊ ထည့်လိုက်ရတာလဲဆိုလို့ရှိရင် ကိုယ်တော်တို့သာ နည်းနည်းလေး သဘောပေါက်သွားအောင်လို့ ပါဠိစီးဆင်းမှု။ ဒီဝိပ္ပယုတ္တဆိုတာက ပစ္စည်းက နာမ်ဆိုရင် ပစ္စုပ္ပန်က ရုပ်။ ပစ္စည်းက ရုပ်ဆိုရင် ပစ္စုပ္ပန်က နာမ်။ နာမ်နဲ့ရုပ်လိုဖြစ်မှ ဝိပ္ပယုတ္တဖြစ်တာ။ ဟုတ်လားဗျာ။ အဲ့လို ဝိပ္ပယုတ္တဖြစ်တာ။
ဒါနဲ့မဆက်၊ ကိုယ်တော်တို့ နည်းနည်းလေးတော့ ပြန်ပြီးတော့ နောက်ပြန်တစ်ကြောင်းလောက် နည်းနည်းလေး ပြန်ပြောကြည့်ရအောင်။ အတွေးအခေါ်တွေ တစ်ခုတည်း။ အခုနက ဆဋ္ဌနယ၊ သတ္တမနယ စသွားပြီ။ အဲ့ဒီနယတို့ အသီးသီးသင်ခဲ့ကြတယ်။ ခု နာမ်တရားအချင်းချင်း ဝိပ္ပယုတ္တဖြစ်နိုင်တဲ့တရားတွေကို ဖော်ပြပါဆိုရင် ကိုယ်တော်တို့၊ ကိုယ်တော်တို့ အဲ့လိုမေးမယ်ဆိုလို့ရှိရင်... ဟုတ်လားဗျ။ "နာမ်အချင်းချင်းကတော့ သမ္ပယုတ္တပါပဲဘုရား" လို့ ပြောမှာပေါ့။ တကယ်လို့ ဝိပ္ပယုတ္တဖြစ်နိုင်သော၊ ဝိပ္ပယုတ္တဖြစ်နိုင်တဲ့ နာမ်တွေကို ဖော်ပြပါဆိုလို့ရှိရင် ကိုယ်တော်တို့ ရှာလို့ရမလား။ ရလားဟေ့။ (ရပါတယ်။) ဘာပါဗျာ။ အဲ့တော့ ဣန္ဒြိယဝိညာဉ်တွေက ဘာဖြစ်လို့လဲဆိုလို့ရှိရင် စက္ခုဝိညာဉ်ကနေပြီးတော့ သောတဝိညာဉ်ကို ကျေးဇူးမပြုနိုင်ဘူး။ ဟုတ်လားဗျ။ ဒါကြောင့် ကိုယ်တော်တို့ကို ဆဋ္ဌမနယ၊ ဆဋ္ဌသင်္ဂြိုဟ်ကာလက "ဝိညာဉ် (၇) ပါး အချင်းချင်းဖြင့် စင်စစ်... (ဝိပ္ပယုတ္တ။) ဝိပ္ပယုတ္တ" တဲ့။ ဟုတ်လားဗျ။ အဲ့လိုဆိုခဲ့ရတယ်။
ဒီကတော့ တစ်ဖက်က နာမ်၊ တစ်ဖက်က ရုပ်ပေါ့။ ပစ္စည်းက ရုပ်ဆိုရင် ပစ္စုပ္ပန်က နာမ်။ ပစ္စည်းက နာမ်ဆိုရင် ပစ္စုပ္ပန်က... (ရုပ်။) ရုပ်။ အဲ့သလိုဖြစ်မှ ဝိပ္ပယုတ္တဖြစ်တာ။ သို့သော်လည်းပဲ ဒီဥစ္စာတွေက ဘာဖြစ်လို့ သဟဇာတဝိပ္ပယုတ္တဖြစ်ရတာလဲဆိုရင် အဲ့လို ပစ္စည်း၊ ပစ္စုပ္ပန် အဲ့လိုကွဲပြားခြားနားပေမယ့်လို့လည်းပဲ ဒီဥစ္စာတွေက အတူတကွဖြစ်တာပါတဲ့။ ဘာဖြစ်သလဲဆိုရင်... (အတူတကွဖြစ်ခြင်း။) အတူတကွဖြစ်ခြင်းသဘောတရားရှိတာ။ ဥပါဒ်တူ၊ ဌီတူ၊ ဘင်တူ ဖြစ်ကြတာ။ ဒါကြောင့်မို့လို့ သဟဇာတဝိပ္ပယုတ္တအနေနဲ့ ပါတာ။
အဲ့တော့ အခု ပါဠိစီးဆင်းပုံလေးပဲ ပြောကြည့်ရအောင်ပေါ့ဗျာ။ ကိုယ်တော်တို့ ပါဠိဖြစ်ရတာ နည်းနည်းလွယ်ကူသွားအောင်လို့။ ဒီအညမညတို့၊ သမ္ပယုတ္တတို့ ဟောစဉ်ကာလကတော့
ဝိပါကဗျာကတော၊ ကိရိယာဗျာကတော ဧကော ခန္ဓော နဲ့ ကိုက်အောင်လို့လေ။ ကတော့ ကုသလာ ခန္ဓာ၊ အကုသလာ ခန္ဓာ၊ ဝိပါကဗျာကတာ၊ ကိရိယာဗျာကတာ ခန္ဓာ တူလား။ ဟိုဘက်က ရုပ်ကိုပဲ ကျေးဇူးပြုမှာလေ။ ပစ္စုပ္ပန်က၊ ပစ္စုပ္ပန်အခြမ်းက ဘာလဲဗျ။ ရုပ်ကို ကျေးဇူးပြုမှာမို့လို့။ ကုသလာ ခန္ဓာ၊ အကုသလာ ခန္ဓာ၊ ဝိပါကဗျာကတာ၊ ကိရိယာဗျာကတာ ခန္ဓာ၊ ပဋိသန္ဓိက္ခဏေ ဝိပါကဗျာကတာ ခန္ဓာ ဟော၊ သူတို့လာတာ။ ဒါ ပါဠိစီးဆင်းမှု။ ဟုတ်လားဗျာ။ ဘာစီးဆင်းမှု။ (ပါဠိစီးဆင်းမှု။) ဪ၊ သူတော်ကောင်းလေးရှိတာ။ ဒါလေး သဘောပေါက်ဖို့အတွက်ကို ဒါလေး ကိုယ်တော်တို့ ရေးပြလိုက်ရတာ။ ဒီအရကောက်၊ ပါဠိတော်တွေ ရှိတဲ့အတိုင်းပဲ ဒါလေး "ဪ၊ ဒီလိုလေး သဘောပေါက်ပါစေ" ဆိုပြီးတော့။အဲ့တော့ အခု ကုသလ-ဗျာကတဿဆိုတာက ကိုယ်တော်တို့ ကုသလ-ဗျာ၊ ကုသလခန္ဓာပေါ့။ ကုသလခန္ဓာဆိုတာ ဟိုဘက်က စိတ္တဇရုပ်ကို ကျေးဇူးပြုတာ။ ဒါကြောင့် ကုသိုလ်တွေပြုအပ်တဲ့ စိတ္တဇရုပ်။ ဘာတွေပြုအပ်တဲ့ စိတ္တဇရုပ်။ (ကုသိုလ်ပြုအပ်သော စိတ္တဇရုပ်။) ကုသိုလ်ပြုအပ်သော စိတ္တဇရုပ်ဆိုတာက ကိုယ်တော်တို့ အခုကြည့်လိုက်ပါလား။ ကိုယ်တော်တို့ အခု စာချလို့ရှိရင် အသံတွေ မြင်မနေဘူးလား။ (မြင်နေပါတယ်။) စာချတဲ့၊ စာချတဲ့၊ စာချတာတွေက ကုသိုလ်တွေမဟုတ်ဘူးလား။ (ဟုတ်ပါတယ်။) ဒါတွေက ကုသိုလ်ကြောင့်ဖြစ်တဲ့ စိတ္တဇသဒ္ဒါတွေ။ ဒီသဒ္ဒါရုံတွေက။ ဟုတ်လား။ အခု တပည့်တော်တို့ ပြောဆိုနေတာပါ။ (ကုသိုလ်။) ကုသိုလ်စိတ်နဲ့ ပြောတာဆိုရင်
ကုသလာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ။ ဟုတ်တယ်မလားဗျ။ ဒါ ပေါင်းပြောတာပေါ့ဗျာ။ ဒါ တစ်ခုပြောပြတာ။ ဒါတော့ ဟို ဟေတုသင်္ဂြိုဟ်နဲ့၊ ဟေတုပစ္စည်းနဲ့ ပိုပြောရင် ပိုကောင်းတာပေါ့။ ဟုတ်လားဟေ့။ ဒါ တစ်ခု အဲ့လိုပြောပြ၊ ပြောပြတာ။နောက် ဆိုပါတော့ ကိုယ်တော်တို့ ကိုယ်ဒေါသထွက်ပြီးတော့ ကိုယ်တော်တို့ စကားတွေပြောနေမယ်၊ ဆဲဆိုနေမယ်ဆိုလို့ရှိရင်
အကုသလာ ခန္ဓာ... (စိတ္တသမုဋ္ဌာနာနံ။) စိတ္တသမုဋ္ဌာနာနံ ရူပါနံ။ အဲ့ဒါ အခု ဘုရားရှိခိုးနေတာတွေ၊ အဲ့ဒီက ဟုတ်၊ အသွင်အပြင်တွေ၊ နောက်ကျတော့လည်းပဲ ကုသိုလ်ကြောင့် ပြုံးရယ်တာတွေ၊ ဟုတ်တယ်မလားဗျ။ ဒါတွေက ဘာတွေတုန်းဗျ။ (ကုသိုလ်စိတ်။) ကုသိုလ်ကြောင့် စိတ္တဇရုပ်ပါတဲ့အတွက်ကြောင့်မို့လို့ စိတ္တဇရုပ်ပါရင် သင်္ချာများလာတယ်။ ဟုတ်လားဗျို့။ ဘာလို့ သင်္ချာနည်းသလဲဆို နာမ်ခန္ဓာအချင်းချင်း ကျေးဇူးမပြုနိုင်ဘူး၊ ဝိပ္ပယုတ္တကျရင်လေ။ ဒါကြောင့်မို့လို့ သင်္ချာမများတာ။ ဟုတ်လား။အဲ့တော့ အခု ကိုယ်တော်တို့ကို တစ်လုံးတော် ထည့်လိုက်ရဦးမယ်။ အရင်တုန်းက တစ်လုံးထည့်လိုက်ပြီးသား။ စာမျက်နှာ (၈) မှာဆိုလို့ရှိရင် "ပညာဝါဒ ကတ္တားသည် အရတူ" တဲ့ ပြောခဲ့ဘူးလား။ (ပြောခဲ့ပါတယ်။) ကိုင်း၊ တစ်ခေါက်လောက် အော်ကြည့်စမ်းပါဦး။ (ပညာဝါဒ ကတ္တားသည် အရတူ။) ပညာဝါဒ ကတ္တားအရသည်ဖြင့် ဆဝါရကျတော့ ဘာဖြစ်မလဲ။ (ဟိတ်အရာဖြစ်မယ်။) အဲ့ဒါ
ဆဝါဒကတ္တား ပညာဝါဒဟိတ်ထား။ ဟုတ်လားဗျ။ "ပညာဝါဒကတ္တားသည် အရင် ဆဝါရကျတော့ ဟိတ်အရာဖြစ်လာလိမ့်မယ်" တဲ့။ ဟုတ်လားဗျ။အဲ့တော့ ခုလည်းပဲ ကိုယ်တော်တို့ အခု ဉာဏ်သိပ်အလွန်တရာ ထူးခြားတာမဟုတ်ဘူး။ ဒီရခဲ့ရင် ဟိုလည်းရလိမ့်မယ်။ ဒီသဘောပေါက်ရင် ဟိုလည်းသဘောပေါက်မှာ။ မဟုတ်ဘူး။ ဒါနဆိုတော့ မဟုတ်သေးဘူး။ ကိုယ်တော်တို့ အတွေးအခေါ်တွေက ဒီအကြီးတန်းမှာ ညဝါတွေ သဘောပေါက်ခဲ့တဲ့ပုဂ္ဂိုလ်တွေ၊ သဘောပေါက်မြန်တဲ့ပုဂ္ဂိုလ်တွေဟာ စာချတန်းကျလို့ရှိရင်လည်းပဲ သဘောပေါက်မြန်တယ်။ အဲ့ဒါကို စာချတန်းရောက်လို့ရှိရင် သဘောပေါက်မြန်မှု၊ လွယ်မှုသည် အကြီးတန်းကနေပြီးတော့ တစ်ခု၊ သဘောတစ်ခုနဲ့ တိုင်းတာကြည့်ရင် ညဝါတွေ သဘောပေါက်မြန်တဲ့ပုဂ္ဂိုလ်သည် စာချတန်းကျလို့ရှိရင်လည်းပဲ သဘောပေါက်မြန်တယ်။ အဲ့ဒါ အကြီးတန်းမှာပဲ သဘောပေါက်မမြန်ဘူး၊ တုံနေ၊ တုံအနေနဲ့ ဖြစ်နေတယ်၊ လေးလံထိုင်းမှိုင်းနွေးနေတယ်ဆိုလို့ရှိရင် ဟိုကျတော့လည်း ဒီပုဂ္ဂိုလ်ဟာလည်း ကိုယ်တော်တို့ "မိုက်မလင်းနိုင်ဘူး၊ မြိုက်ခင်းရဲ့ ညဉ့်ဆီမှာ" အတိုင်းပဲပေါ့။ မိုက်တာတွေ လင်းကိုလင်းမှာမဟုတ်တော့ဘူး။ ဘာမှ သဘောပေါက်မှာမဟုတ်ဘူး။ အဲ့လိုတွေ ဖြစ်တတ်တယ်။
အဲ့တော့ အခု ကုသိုလ်တွေပြုအပ်တဲ့ စိတ္တဇရုပ်တဲ့။ ဒါတွေက၊ အဲ့တော့ အခု ကုသိုလ်တွေပြုအပ်တဲ့ စိတ္တဇရုပ်၊ အကုသိုလ်တွေပြုအပ်တဲ့ စိတ္တဇရုပ်တွေကော။ တပည့်တော်တို့ အခု သင်္ကန်းတွေ ဝတ်နေကြတယ်ပေါ့။ သင်္ကန်းအရောင်တွေဟာ ကိုယ်ဝတ်ချင်တဲ့အရောင်ကို အခု တပည့်တော်တို့ဆို ညိုညို၊ ညိုညိုဆိုးဆိုးကို ဝတ်ကြတာ။ ဘယ်လို၊ ဘာလဲဗျ။ (ညိုညိုဆိုးဆိုး။) အဲ့တော့ ဒါတွေ၊ ဒီဥစ္စာတွေက စိတ္တဇ၊ စိတ္တဇသဘောတရားတွေပဲ။ ဒီဘက်က စိတ်အကြောင်းဖြစ်တာ။ ဒီဝတ်လိုက်တဲ့ပုဂ္ဂိုလ်ရဲ့ စိတ်ဆန္ဒကြောင့် ဖြစ်ပေါ်လာတာတွေပဲ။ ဟုတ်လားဗျ။ ဝတ်တဲ့ပုဂ္ဂိုလ်က ဝါဝါကိုကြိုက်တယ်ဆိုလို့ရှိရင် ဒါ သင်္ကန်းဟာ ဝါဝါကို လုပ်တာပဲ။
အဲ့ထဲကတို့ ကျန်တဲ့အသုံးအဆောင်ပစ္စည်းတွေကြောင့်လည်းပဲ၊ ဒါနဲ့ပတ်သက်ပြီးကျတော့ အသုံးအဆောင်၊ အပြောအဆိုတွေကြောင့် လူတွေဟာ အထင်သေးမှု၊ အထင်ကြီးမှုတွေ ဖြစ်တတ်ကြတယ်။ ဟုတ်လားဗျ။ သေသေချာချာ နားထောင်မယ်ဗျ။ ဒီစိတ္တဇသဒ္ဒါနဲ့ပတ်သက်ပြီးတော့။ ဟုတ်လားဗျ။ လူကြီးလူကောင်းဖြစ်လာမယ်ဆိုရင် လူကြီးလူကောင်း၊ လူကြီးလူကောင်းနဲ့ ထိုက်တန်တဲ့စကားကို ပြောတတ်ရမယ်။ ဟုတ်လားဗျ။ (မှန်လှပါဘုရား။) ကိုယ်ကတော့ အသက်ကကြီးနေပြီ။ နေရာဌာနကလည်း ကြီးနေပြီ။ သို့သော်လည်းပဲ လူကြီးလူကောင်းနဲ့၊ နေရာနဲ့ထိုက်တန်တဲ့စကားကို မပြောတတ်ဘူးဆိုရင် အဲ့ဒီကပုဂ္ဂိုလ်အနေနဲ့က အဲ့ဒီနေရာကနေ လွင့်စဉ်သွားနိုင်တယ်ဗျ။ ဟုတ်လားဗျ။ အဲ့ဒါတွေ စိတ်ရဲ့သဒ္ဒါရဲ့ အကျိုးတရားတွေပဲ။
ဒါကြောင့် ကိုယ်တော်တို့ စာသင်တယ်ဆိုတာက ကိုယ့်ဘဝရဲ့ လိုက်နာကျင့်ဆောင်စရာတွေ အများကြီးရှိတယ် ဒီထဲမှာ။ အဲ့တော့ ဘဝနဲ့မလိုက်ဖက်တာတွေကိုလည်းပဲ မပြုလုပ်မိဖို့ အရေးကြီးတယ်ဗျ။ အဲ့တော့ ဘဝနဲ့မလိုက်ဖက်တာတွေအနေနဲ့ကလည်း မပြောမိဖို့လို့... (အရေးကြီးတယ်။) မပြုမိဖို့လို အရေးကြီးရုံနဲ့မကဘူး၊ မပြောမိဖို့လည်းပဲ ဘာလိမ့်။ (အရေးကြီးတယ်။) အရေးကြီးတယ်။ အဲ့တော့ အခု လူကတော့ လူကြီးဖြစ်နေပြီ။ ဆိုပါတော့ ဆရာဘုန်းကြီးက ဖြစ်နေပြီ။ လူအများရှေ့မှာ ဒေါသကြီးထွက်ပြနေမယ်ဆိုရင်၊ နင်လားငါလား ဒေါသတွေ ထွက်ပြနေမယ်ဆိုရင် သိပ်အဆင်ပြေပါ့မလား။ (မပြေပါဘူးဘုရား။) မပြေဘူး။ ဟုတ်လားဗျ။ နင်လားငါလား ဒေါသထွက်ပြနေတယ်။ ဒေါသဆိုတာ ကောင်းတဲ့အမူအရာ ဟုတ်ရဲ့လား။ (မဟုတ်ပါဘူး။) မဟုတ်ဘူးဘုရား။ သူတော်ကောင်းတို့ရဲ့ အမူအရာလည်း မဟုတ်ဘူး။ ကောင်းတဲ့အမူအရာလည်း မဟုတ်ဘူး။
အဲ့ဒါ အခု တကယ်လို့ လူ့လောကမှာလည်းပဲ ရာထူးဌာနက ကြီးနေပြီ။ သို့သော်လည်းပဲ အဲ့ဒီကပုဂ္ဂိုလ်က မပြောတတ်၊ မဆိုတတ်၊ ဒေါသထွက်စရာရှိရင် ဒေါသထွက်မယ်၊ မထိန်းချုပ်နိုင်ဘူးဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်ရဲ့အနေအထားက ဒီနေရာနဲ့ ထိုက်တန်သူမဟုတ်ဘူး။ အဲ၊ ရှိတယ်။ ဒါကြောင့်မို့လို့ ဒေါသထွက်စရာဖြစ်ပေမယ့်လို့လည်းပဲ လူအများရှေ့တော့ ဒေါသမထွက်ဘဲနဲ့ ထိန်းချုပ်ထားရမယ်။ ဟုတ်လားဗျ။ ဒေါသကို ဘာပြုလုပ်ထားရမယ်။ (ထိန်းချုပ်ထားရမယ်။) ထိန်းချုပ်ထားရမယ်။ ဒေါသမထွက်ဖြစ်အောင် ထိန်းသိမ်းထားရမယ်။ လူကြီးလူကောင်းပီသတဲ့စကားကို ပြောတတ်ရမယ်။
ဒါ ကိုယ်တော်တို့ အခု စိတ္တဇသဒ္ဒါနဲ့ပတ်သက်ပြီးကာကျတော့ ခု ငိုရဲ့အသံတွေလေ၊ ကြားဖူးလား။ (ကြားပါတယ်။) လောဘကြောင့်ငိုတာပဲဖြစ်ဖြစ်၊ ဒေါသကြောင့်ငိုတာပဲဖြစ်ဖြစ်
အကုသလာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ပဲလေ။ ဟုတ်တယ်မို့လားဗျ။ အဲ့တော့ ကိုယ့်အသွင်အပြင်၊ အပြောအဆို၊ အနေအထိုင်တွေကြောင့် အထင်သေးမှုတွေ မဖြစ်ဖို့ အရေးကြီးတယ်။ ကိုယ်၊ ကိုယ်တော်တို့ကို ဖိနပ်တွေလည်း စီးတာ ဒီအတိုင်းပဲပေါ့ဗျ။ ဖိနပ်တွေက တချို့ပုဂ္ဂိုလ်က အနီကြိုက်တယ်။ တချို့ပုဂ္ဂိုလ်က အနက်ကြိုက်တယ်။ ဟုတ်လားဗျ။ အဲ့တော့လည်းပဲ ကိုယ်နဲ့မထိုက်တန်တဲ့ဖိနပ်တော့ မစီးဘဲနေတာ မကောင်းဘူးလား။ (ကောင်းပါတယ်။) အဲ့တော့ ကိုယ်နဲ့မထိုက်တန်တာ သွားလုပ်မိပြီ၊ ပြောမိပြီဆိုလို့ရှိရင် ပတ်ဝန်းကျင်က အထင်သေးတဲ့မျက်လုံးနဲ့ ကြည့်မှာလား၊ အထင်ကြီးတဲ့မျက်လုံးနဲ့ ကြည့်မှာလား။ (အထင်သေးတဲ့မျက်လုံးနဲ့ ကြည့်မှာပါဘုရား။) ဒါလေး သိထားပေါ့ဗဟုတ်ကဲ့ပါ၊ အရှင်ဘုရား။ ရပ်တန့်သွားခဲ့သောနေရာမှ ဆက်လက်၍ စစ်ဆေးတည်းဖြတ်ပေးလိုက်ပါသည်။
ရှေ့ပိုင်းများတွင် ပါရှိခဲ့သော "ပညာဝါဒ" ကို အရှင်ဘုရား မိန့်ကြားသည့်အတိုင်း "ပဉှာဝါရ" ဟု အားလုံးပြင်ဆင်တည်းဖြတ်ပေးထားပါသည်။
ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (ဒွါဒသမပိုင်း အဆက်)
...ဒါလေး သိထားပေါ့ဗျာ။ ဟုတ်တယ်မဟုတ်လား။ အဲ့ဒါ လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ် ထိုက်တန်တာ ကိုယ်လုပ်ရတယ်။ အဲ့စကားလုံးလေးက တပည့်တော်တို့ ပြောလိုက်တာ သေချာမှတ်ထားရမယ်။ လူဆိုတာ ဘယ်လိုပါလိမ့်။ (ကိုယ့်ဘဝနဲ့ ထိုက်တန်တာ။) ကိုယ့်ဘဝနဲ့ ထိုက်တန်တာ... (လုပ်ရမယ်။) လုပ်ရမယ်။ ဟုတ်လားဗျ။ အပြုအမူ၊ အပြောအဆို၊ အလုပ်အကိုင်ကို လုပ်ရမယ်။ ကိုယ့်ဘဝနဲ့ မထိုက်တန်တာလုပ်ရင် ပတ်ဝန်းကျင်ကနေပြီးတော့ အထင်သေးစရာတွေ၊ အကဲ့ရဲ့စရာတွေ ဖြစ်မယ်။ တစ်ခါတစ်လေမှာ ကိုယ်က၊ ကိုယ့်ကိုတင် အထင်သေးတာမကဘူး၊ တပည့်မကောင်းတော့... (ဆရာ့ကို ထိခိုက်တယ်။) အဲ့လိုဖြစ်တာ။ အဲ့ဒါ မိဘ၊ ဆရာသမားတွေ အကုန်လုံး မထိခိုက်နိုင်ဘူးလား။ (ထိခိုက်နိုင်ပါတယ်ဘုရား။) ဒါကြောင့်မို့လို့ ဟိုတုန်းက ပြောဖူးတယ်ဗျ။ ဒီစာအုပ်ထဲ ရေးထားတာလေ။ "မယဉ်ကျေးရင်... (အများတတ်တယ်။) မယဉ်ကျေးရင်... (အများတတ်တယ်။) အများတတ်တယ်" တဲ့။
မယဉ်ကျေးဘူးဆိုလို့ရှိရင်၊ အသွင်အပြင်က မယဉ်ကျေးတဲ့ အမူအရာတွေ ဖြစ်နေပြီဆိုလို့ရှိရင်၊ အဲ့ဒါ အခု ဘဝနဲ့မလိုက်လျောတဲ့ အပြုအမူတွေ ဖြစ်နေပြီဆိုရင်၊ ဟုတ်လားဗျ။ အဲ့သလိုဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်ကို မျက်လုံးစိမ်းနဲ့ ဝိုင်းကြည့်မှာဗျ။ မျက်လုံးစိမ်းဆိုတာ ကြည်ညိုတဲ့မျက်လုံးလား၊ မကြည်ညိုတဲ့မျက်လုံးလား။ (မကြည်ညိုတဲ့မျက်လုံးပါ။) အဲ့ဒါ ရွှန်းလက်တောက်ပပြီးတော့ ကြည့်နေတဲ့မျက်လုံးတွေကတော့ "ဟော၊ ကြည်ညိုစရာကောင်းလိုက်တာ" ပေါ့။ ဒီလိုဖြစ်ရမှာ။ အဲ့လို ဟုတ်ရဲ့လား။ အဲ့လို... (မဟုတ်ဘူး။) မဟုတ်ဘူး။
အဲ့တော့ ဒါတွေက ကိုယ်တော်တို့ ဒီဟာ
ကုသလာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ၊ အကုသလာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဆိုတာ အဲ့ဒါကိုပြောတာပဲ။ သဘောပေါက်လား။ (ပေါက်ပါတယ်။) အဲ့ဒါ ကိုယ်တော်တို့၊ အဲ့ဒါ ကိုယ်တော်တို့ စာအုပ်ထဲက ပဋ္ဌာန်းကနေ၊ ဘာထဲက ပဋ္ဌာန်းဖြစ်သွားပြီ။ (လူထဲက ပဋ္ဌာန်းဖြစ်သွားပြီ။) လူထဲက ပဋ္ဌာန်းဖြစ်သွားပြီ။ ကိုယ့်၊ ဒီဘက်တို့ ကိုယ်တိုင်ကျင့်သုံးစရာ၊ လုပ်ဆောင်စရာတွေ ဖြစ်လာပြီ။ အဲ့တော့ ကုသလာ ခန္ဓာ စိတ္တသမုဋ္ဌာန ဖြစ်ရမှာလား၊ အကုသလာ ခန္ဓာ စိတ္တသမုဋ္ဌာန ဖြစ်ရမှာလားဆိုတော့... (ကုသလာ ခန္ဓာ စိတ္တသမုဋ္ဌာန။) အဲ့တော့ အခု ကုသလာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဆိုတာက သူတော်ကောင်းတို့ရဲ့ အသွင်အပြင်လက္ခဏာကို ပြောတာ။ ဘယ်လိုပါလဲဗျ။ (သူတော်ကောင်းတို့ရဲ့ အသွင်အပြင်လက္ခဏာ။) အကုသလာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ က... (သူယုတ်မာတို့ရဲ့။) အေး၊ အဲ့တော့ သူယုတ်မာတို့ဆိုလို့ တချို့ကတော့ သူယုတ်မာအထိ မရောက်ပေမယ့်လို့လည်းပဲ ပတ်ဝန်းကျင် အထင်သေးစရာဖြစ်တဲ့ ပြောဆိုနေထိုင်ပုံစနစ်တွေပေါ့ဗျာ။ကိုယ် လောကမှာ သီးခြားသတ်မှတ်ထားတာရှိတယ်။ သင်္ကန်းဆိုလို့ရှိရင်လည်းပဲ သင်္ကန်းဟာ ဒီလိုသင်္ကန်းဟာ ဒါ သံဃာတော်တွေ ဝတ်ရမယ်။ အဲ့တော့ အခု ဘုန်းကြီးဖြစ်နေတဲ့ပုဂ္ဂိုလ်ကျတော့ သင်္ကန်းမဝတ်ဘဲနဲ့ ကိုယ်တော်တို့ လူဝတ်၊ အစားအဝတ် သွားဝတ်လို့ ကောင်းပါ့မလား။ (မကောင်းပါဘူး။) သတ်မှတ်ချက်ရှိတယ်လေ။ သင်္ကန်းဆိုတာ အဝတ်တော့အဝတ်ပဲလေ။ ဒါပေမယ့်လို့လည်းပဲ ဘုန်းကြီးဝတ်ရမယ့်အဝတ်က သတ်မှတ်ချက်မရှိဘူးလား။ (ရှိပါတယ်။) ရှိတယ်။ သတ်မှတ်ချက်ပဲ။ ဖိနပ်ကကော သတ်မှတ်ချက်မရှိဘူးလား။ (ရှိပါတယ်။) ခြေအိတ်ကကော သတ်မှတ်ချက်မရှိဘူးလား။ (ရှိပါတယ်။) အဲ့တော့ ကိုယ်နဲ့၊ ဘဝနဲ့မထိုက်တန်တာ မလုပ်မိဖို့ အရေးကြီးတယ်။ အဲတော့ ဒီဟာ သေးသေးမွှားမွှားလေးကို လွန်ကျူးနေတယ်ဆိုလို့ရှိရင် ကြီးကြီးကျယ်ကျယ်လည်း ဒီပုဂ္ဂိုလ်က မလွန်ကျူးဘူးရယ်လို့ ဒီလိုအဓိပ္ပာယ်တွေကို မရောက်ဘူးလား။ (ရောက်ပါတယ်။) အဲ့လိုရှိတယ်။
ဒါတွေက၊ ဒါတွေက အခု ဘယ်ကနေ ဆက်ထွက်သိရသလဲဆိုရင်
ကုသလာ ခန္ဓာ... (စိတ္တသမုဋ္ဌာနာနံ။) အကုသလာ ခန္ဓာ... (စိတ္တသမုဋ္ဌာနာနံ။) ဒါကြောင့် ကိုယ်တော်တို့ အခု ဒါ ဘဝရဲ့ လက်တွေ့ကျင့်သုံးနေထိုင်ပုံစနစ်တွေက ဒါ ပဋ္ဌာန်းထဲကနေပြီးတော့ ဘာကိုရောက်လာတာ။ (လူထဲကို။) လူထဲကို ရောက်လာပြီ။ အဲ့လိုတွေကို သိရမယ်။ ဒါတွေက ကိုယ်တော်တို့ရေ၊ ဟုတ်လားဗျာ။ အဲ့လိုရှိတယ်။ ဒါကြောင့် သူတို့၊ ဒါက တပည့်တော်တို့တတွေ လက်တွေ့ကျင့်သုံးဖို့အတွက်ကို ဘုရားရှင်ကိုယ်တော်မြတ်ကနေပြီးတော့ အဲ့သလို ဟောလိုက်တာဗျနော်။ ခု တပည့်တော်ပြောတဲ့ သဘောပေါက်လား။ (ပေါက်ပါတယ်ဘုရား။) အေး၊ ဟုတ်ပြီ။ ကိုယ်တော်တို့ သဘောပေါက်ဖို့ အရေးကြီးတယ်။ ဒါဆိုလို့ရှိရင် သဘောပေါက်ရုံနဲ့ကော ပြီးပြီလား။ (မပြီးပါဘူးဘုရား။) လက်တွေ့ကျင့်သုံးရမှာ။ တွေကို လက်တွေ့ကျင့်သုံးရမှာလေ။ ရှောင်စရာတွေကို ရှောင်ရမယ်။ ဆောင်စရာတွေကို... (ဆောင်ရမယ်။) ဆောင်ရမယ်။ဘုရားရှင်ကိုယ်တော်မြတ် ဒါတွေကို ပြောနေတာ။ ဒါပဲ။ တုန်းက ဘုရားရှင်ကိုယ်တော်မြတ်ကတော့ ဒီအဘိဓမ္မာဆိုတာက ပုဂ္ဂိုလ်ကို ငဲ့တာလား၊ ဓမ္မကို ငဲ့တာလား။ (ဓမ္မကို ငဲ့တာပါ။) တစ်ပါးကို ငဲ့တယ်ဆိုလို့ရှိရင် ပုဂ္ဂိုလ်ငဲ့ဟောတာ ဟုတ်ရဲ့လား။ (မဟုတ်ပါဘူး။) မဟုတ်ဘူး။ သို့သော် ဒီရုပ်နာမ်နဲ့ပတ်သက်သမျှ ပုဂ္ဂိုလ်တွေက တပည့်တော်တို့ပဲဖြစ်ဖြစ်၊ ကျန်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ ဒါတွေက ဘယ်လိုပဲဖြစ်၊ ဘယ်ဥစ္စာဆို ဘယ်လိုကျင့်သုံးရမယ်ဆိုတာကို တရားကိုဦးတည်ပြီးပဲ ဟောတာ။ ဟုတ်လား။ အဘိဓမ္မာသဘာဝကလေ။ ပုဂ္ဂိုလ်ဦးတည်တာ ဟုတ်ရဲ့လား။ (မဟုတ်ပါဘူး။) အဲ့တော့ ကိုယ်တော် အင်္ဂုတ္တိုရ်ကြည့်လေ။ ပုဂ္ဂိုလ်ဦးတည်တဲ့နေရာဆိုလို့ရှိရင် ကိုယ်တော်တို့ ကြားဖူးတာ မေတ္တာအကျိုး... (၁၁) မျိုး။ အဲ့မှာ အထက်က နိဗ္ဗာန်ရှိတာပဲ။ မေတ္တာအကျိုး ဘယ်နှမျိုးတဲ့။ (၁၁) မျိုး။ (၈) မျိုးလည်း ရှိတာပဲ။ အထက်က နိဗ္ဗာန်ရရင် (၈) မျိုးလည်း မဟုတ်ဘူးလား။ (ဟုတ်ပါတယ်။) (၈) မျိုးနဲ့ လက်ခံတဲ့နေရာ (၈) မျိုးနဲ့ ဟောတာပေါ့ဗျာ။ (၁၁) မျိုးနဲ့ လက်ခံတဲ့နေရာက... (၁၁ မျိုးနဲ့ ဟောတာ။) (၁၁) မျိုးနဲ့ ဟောတာပေါ့။ အဲ့လိုကို။ ဒီတော့ ဒီအဘိဓမ္မာသဘာဝ အဲ့လို ဟုတ်ရဲ့လား။ မဟုတ်ဘူး။ မဟုတ်ဘူး။
ကိုယ်တော်တို့ရဲ့ ဒါတွေက ကိုယ်တော်တို့ အခု၊ အဲ့ဒါ အခု စာအုပ်ထဲက ပဋ္ဌာန်းကနေပြီးတော့ လူထဲက ပဋ္ဌာန်းဖြစ်အောင် ပြောပြရတာဖြစ်တယ်။ လက်တွေ့ကျင့်သုံးနေထိုင်ဖို့အတွက် ဥစ္စာတွေက "ဪ၊ ဒီဥစ္စာတွေဟာ ကိုယ်တော်တို့ကတော့ ဒီလိုပြောမှာပေါ့၊ ဘုန်းကြီးက ဒီလို အပြစ်လိုက်ကြည့်နေတာလား" ဆိုတော့ တပည့်တော် အပြစ်ပြောတာ၊ အပြစ်လိုက်ကြည့်တာ ဟုတ်ရဲ့လား။ (မဟုတ်ပါဘူးဘုရား။) ဟုတ်လား။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် သူတော်ကောင်းအောင်လို့ တင်ပေးလိုက်တာ။ အပေါ်ရောက်အောင် တင်ပေးလိုက်တာ။ ဘယ်ရောက်အောင်တုန်းဗျ။ (အပေါ်ရောက်အောင်။) အပေါ်ရောက်အောင်။ အဲ့တော့ ကိုယ်တော်တို့ တင်ပေးလိုက်တာ။ အဲ့တော့ ရှေ့ကအဆိုရှိတယ်မဟုတ်လားဗျ။ ဟုတ်လား။ "ကောင်းစေချင်လို့ နတ်ပြည်တင်၊... (မကောင်းစေချင်လို့။) မြင့်တဲ့ထိပ်ဖျားက ခုန်ချ"။ ဟုတ်လား။ ကြားဖူးတယ်မို့လား။ (တင်ပါ့။)
ကိုယ်တော်တို့ အခု တပည့်တော်ပြောလိုက်တဲ့စကားတွေက ဘယ်ကိုတင်လိုက်တာပါလိမ့်။ (နတ်ပြည်။) အမြင့်ကို တင်လိုက်တာ။ ဘယ်နတ်ပြည်လောက်တွေ၊ ဘယ်ရောက်မတုန်းဗျ။ အဲ့ဒါ နတ်ပြည်လောက်က အမြင့် ဟုတ်ရဲ့လား။ (မဟုတ်ဘူး။) ဘယ်ရောက်မတုန်း။ ကိုယ်တော်တို့ခေါ် အမြင့်ကိုတင်ပစ်လိုက်တယ်ဆိုတာ ကိုယ်တော်တို့ရေ၊ လောကုတ္တရာဆိုတာ ပြောတာဗျ။ လောကုတ္တရာ။ လောကုတ္တရာကို ပြောတယ်မဟုတ်လား။ (ပြောပါတယ်။) အဲ့တော့ ကိုယ်တော်တို့ကို သောတာပန်ဖြစ်ပြီဆိုကတည်းကပဲ ပုထုဇဉ်လောကရဲ့၊ ပုထုဇဉ်လောကမှာ မလွန်မြောက်ဘူးလား။ (လွန်မြောက်ပါတယ်။) ဘုံက၊ ဘုံအားဖြင့်ဆိုလို့ရှိရင် အပါယ်လေးပါးဘုံအားဖြင့် မလွန်မြောက်ဘူးလား။ (လွန်မြောက်ပါတယ်။) ပုဂ္ဂိုလ်အားဖြင့်လည်း လွန်မြောက်တယ်။ ဘုံအားဖြင့်လည်း လွန်မြောက်တယ်။ အဲ့ဒါ လောကုတ္တရာ။ လောကထက်၊ ဝါ၊ လောကမှ၊ ဟုတ်လားဗျ။ မြတ်တယ်၊ လွန်တယ်ပေါ့။ အဲ့လိုဆိုလို့ရှိရင်လည်း ပုထုဇဉ်လောကထက် ပိုပြီးတော့ သောတာပန်ဖြစ်ပြီဆို မမြတ်ဘူးလား။ (မြတ်သွားပါတယ်။) မြတ်သွားတာပေါ့။ ဟုတ်လားဗျ။ အဲ့လိုဆိုလို့ရှိရင် အဲ့ဒါ အမြင့်တင်ပေးလိုက်တာပဲလေ။ ဟုတ်လားဗျ။ (မှန်ပါ့ဘုရား။) အဲ့တော့ ကိုယ်တော်တို့ မြင့်တက်တော့ ခုန်မချနဲ့ဗျ။ ဟုတ်တယ်မဟုတ်လား။
အဲ့တော့ ဆရာဖြစ်တဲ့ပုဂ္ဂိုလ်ကတော့ ကိုယ်တော်တို့ရေ၊ ကိုယ်ကလည်း ကောင်းအောင်လုပ်ရတာဗျ။ "ဟေ့ကောင်တွေ၊ မင်းတို့ကောင်တွေ၊ ငါပြောတဲ့အတိုင်းတော့ လုပ်ကွာ။ ငါလုပ်တဲ့အတိုင်းတော့ မင်းတို့ မလုပ်ကြနဲ့" ဆို ကောင်းပါ့မလား။ (မကောင်းပါဘူး။) မကောင်းသေးဘူး ကိုယ်တော်တို့။ ဟောဗျ။ အဲ့ဒါ ဘုန်းကြီးတို့ အဲ့လို ဟုတ်ရဲ့လားဆိုတော့၊ ဒီလည်း ကြိုးစားနေတုန်းပါ။ ဟုတ်လားဗျ။ ဒီလည်းပဲ ဘာလဲဗျ။ (ကြိုးစားနေတာပါ။) ကြိုးစားနေတာပါဘုရား။ အရှင်ဘုရားတို့ရေ။
ကိုင်း၊ ဒါကြောင့် အရှင်ဘုရားတို့ရေ၊ ဒါတွေက ငါတို့ အလွန်တရာမှ ကောင်းလွန်းလွန်းလို့၊ ငါ၊ ကိုယ်တော်တို့၊ ဒီလိုလေး မပြောဘဲကို မနေနိုင်လို့ ပြောလိုက်တာပါ။ ဟုတ်လား။ လိုက်ကြည့်နေတာပါ၊ ဒီလို ဟုတ်ရဲ့လား။ (မဟုတ်ပါဘူး။) မဟုတ်ပါဘူးဗျ။ အခုတော့ ကိုယ့်တပည့်တွေကို တကယ်လို့ အပဲ့လေးဖြစ်နေတယ်ဆိုလို့ရှိရင်လည်း ပန်းပုဆရာကနေ ဘာလဲဗျ။ ဖဲ့ထုတ်လိုက်တာ။ ပိုနေတဲ့ဟာဆို ဘာလိမ့်ဗျ။ (ဖြည့်စွက်ပေးလိုက်တာ။) အချောဆုံး၊ အလှပဆုံး ဖြစ်သွားအောင်လို့။ ဟုတ်လားဗျ။ (မှန်ပါ။) ဘာကြောင့်လဲ။ သဘောပေါက်၊ တင်ထားမယ်ဆိုလို့ရှိရင်လည်းပဲ အလွန်လှပတဲ့ ကျောက်ရုပ်ကလေးဟာလည်း အရောင်တွေ ပိုတင်လိုက်တာ။ ဟုတ်လား။ (မှန်ပါ့။) အဲ့ဒါ ဘာပါလိမ့်ဗျ။ ဆရာသမားတွေ။ ပန်းပုဆရာဆိုတာ ဘာလဲဗျ။ ဆရာသမားတွေ။ ဆရာသမားတွေဆိုတာ ဘာနဲ့တူလဲဆိုရင် ပန်းပုဆရာနဲ့... (တူတယ်။) ပန်းပုဆရာနဲ့တူတာဗျ။ အဲ့လိုရှိတာ။ ဟုတ်လားဗျ။ ကိုယ့်ရုပ်ကလေးဟာ အချောဆုံး၊ အလှအပဆုံး ဖြစ်သွားအောင်။ ဟုတ်လားဗျ။ ချောရင်... (ချောပြီးသား။) အေး၊ ချောပြီးသား။ ဟုတ်လားဗျ။ သူကတော့ ဘယ်တုန်းက ပိန့်ပုဝမှာမဟုတ်တော့၊ သူကလည်း သူ့ကိုယ်သူ မယုံမကြည်ဘူး။ ဘုန်းကြီးနဲ့ လာမတူနဲ့။ ကိုင်း၊ ပိန်တာကို ပြောတာ။ ဟုတ်လား။
ကိုင်း၊ အဲ့ဒါကြောင့် ကိုယ်တော်တို့ရေ၊ ကဲ၊ ဒါကြောင့် အဲ့ဒါမှာ ကောက်ရမှာကြီးတော့ ဟောပြီးပြီဆိုလို့ရှိရင် ကုသလပုဒ်၊ အကုသိုလ်ပုဒ်၊
ကုသလော ဓမ္မော၊ ကုသလောဗျာကတဿ၊ အကုသလောဗျာကတဿ ကော ကောက်ကြပေါ့ဗျာ။ ဟုတ်လား။ အဗျာကတောဗျာကတဿ ကို ကောင်းတုန်းလေးပဲ ပြောမယ်။ ကိုယ့်သုဒ္ဓသင်္ချာနဲ့ပဲ ကောက်ကြည့်ပေါ့ဗျ။ သုတ္တသင်္ချာမှာကတော့ ကြည့်မယ်။ အဲ့တော့ အခု အထဲက အရူပဘုံ၌ဖြစ်စေ၊ စုတိကျဉ်ရန် ဧကန်ရုပ်ကို မဖြစ်စေ။ အရူပဘုံ (၄) ခုဆိုတာကလည်းပဲ အရူပဘုံမှာဖြစ်လို့၊ အရူပဘုံမှာသာဖြစ်တဲ့တရားဖြစ်လို့၊ ဒါ ကိုယ်တော် ပြောခဲ့ပြီလေ။ ကိုယ်တော်တို့ကို ကာမဘုံ၌ဖြစ်သောစိတ်က ဘယ်လောက်။ (၁၆) ပါး။ ဟာ၊ ကိုယ့်တပည့်တွေက သူတို့ ရုပ်တောင် မပြောနိုင်သေးဘူးဖြစ်နေတယ်။ ဘယ်နှပါး။ (၁၆ ပါးပါ။) လင်္ကာရွတ်။ (ဒေါ-ကာ-ဏာ-တိ မဟာဝိ ဖြစ်ပြီး။) ဒေါ-ကာ-ဏာ-တိ မဟာဝိ... (ကာမသာ။) ကာမသာ။ကိုယ်တော်တို့ ဒုက္ခရောက်အောင် မေးတတ်တွေက ရှိတယ်နော်။ တို့ အခု ကာမပဋိသန္ဓေ (၁၀) တည်းက မဟာကုသိုလ်စိတ် (၈) ပါးပဲ ရှိတယ်။ ကျန်တဲ့ ကိုယ်တော်တို့ ဥပေက္ခာသန္တီရဏ (၂) ပါးက ဘာဖြစ်လို့မို့လို့ ဒါက ကာမဘုံ၌ဖြစ်တဲ့စိတ် မဖြစ်ရတာလဲလို့ အထောက်အထားနှင့်တကွ ဖြေဆိုပါဆိုရင်၊ မလား။ တပည့်တော် ကိုယ်မေးတယ်။ တစ်ယောက်မှမရဘူး။ ဘယ်သူမှ မဖြေနိုင်ဘူး။ ဖြေနိုင်တဲ့ပုဂ္ဂိုလ် တပည့်တော် ဖြေနိုင်တဲ့လမ်းကြောင်း ထောင်ကြည့်။ ကိုယ်တော် လာမယ့်အပတ်ကို နှစ်မှတ်ပေးမယ်။ ဒါ တစ်ယောက်မှမရဘူးမို့လား။ မရဘူး။ ကိုယ်တော်တို့ အလကားမလုပ်နဲ့။ ဟုတ်လားဗျ။ တပည့်တော် စာကို တောက်လျှောက်စဉ်းစားထားတာ။ ကိုယ်တော်တို့။
ကိုယ်တော်တို့ အခု မျက်စိ၊ စက္ခုဝိညာဉ်စိတ်ကလည်း ဘယ်မှာဖြစ်သလဲဆိုတာ ကိုယ်တော်တို့ အထောက်အထားနှင့်တကွ ဖြေဆိုခဲ့တယ်ဆိုရင်၊ ကိုယ်တော်တို့ အမေ့ဗိုက်ထဲမှာ၊ တပည့်တော်တို့ရဲ့ အမေ့ဗိုက်ထဲမှာ တပည့်တော်တို့ အခု စက္ခုဝိညာဉ်စိတ် ဖြစ်တယ်မဟုတ်ဘူးလား။ (ဖြစ်ပါတယ်။) ဟုတ်လားဗျာ။ စက္ခုဝိညာဉ်စိတ် ဘယ်မှာဖြစ်သလဲလို့ ကိုယ်တော်တို့ အဲ့ဒါ သင်္ဂြိုဟ်သာဓကပြ၍ ဖြေဆိုခဲ့ပါဆိုလို့ရှိရင် ကိုယ်တော်တို့ လုံးဝမရစေရဘူး။ နောက်တစ်ရက်ကို ကျန်ခဲ့။ နက်ဖြန် ဥပုသ်နေ့ ကျန်ခဲ့။ ကိုယ်တော် မရစေရဘူး။ မပြောသေးဘူး။ နည်းနည်းလေး ဈေးကိုင်ထားဦးမှာဖြစ်မှာ။ ကိုယ်တော်တို့က ဘယ်ဆရာကြီး၊ ကိုယ်တော်တို့က လက်သည်းကြီး အားကိုးနေတာကိုးဗျ။ ဘာကြီး အားကိုးနေတာလဲ။ (လက်သည်းကြီး အားကိုးနေတာ။) လက်သည်းကြီး အားကိုးနေတာကိုးဗျ။
အဲ့တော့ အခု ခုနက ဘာလဲဗျ။
ဒေါ-ကာ-ဏာ-တိ မဟာဝိ ဖြစ်ပြီး ကာမသာတဲ့ (၁၆) ပါး ကာမဘုံမှာသာဖြစ်တာ။ ထူးတာကလည်း ကိုယ်တော် ခုနက တွေးထင်ရမှာ။ ဥပေက္ခာသန္တီရဏ (၂) ပါးတို့ကလည်းပဲ ကာမပဋိသန္ဓေ (၁၀) တည်း ပါလျက်သားနဲ့ ဘာပြုလို့ ဒီဥစ္စာတွေက ကာမဘုံမှာဖြစ်တာမဟုတ်ဘဲနဲ့။ တကယ်ကောင်းတာ မေးခွန်းက မေးရမယ်။ အဲ့တော့ ကွေ့ကောက်သွားနိုင်တယ်။ ဟုတ်လား။ ဟမ်။ အတွေးပေါက်ပေါက်နဲ့သာ မေးလျှောက်လိုက်ရရင်တော့ဗျ... (ဘေးရောက်သွားမယ်။) အွန်း၊ ပွေးကောက်ရင်လည်း မကောက်ဘူး။ တို့ ဘေးရောက်သွားနိုင်တယ်။ ဟုတ်လားဗျ။ ကောင်းပြီလားဗျာ။ (ကောင်းပါတယ်။) ကောင်းတယ်။ ကိုင်း၊ ကိုယ်တော်တို့ စက္ခုဝိညာဉ်စိတ် ဘယ်မှာဖြစ်သလဲဆိုတာလည်းပဲ တွေးထားတာပေါ့ဗျ။ ဟုတ်လား။ တွေးထားတာ မကောင်းဘူးလား။ (ကောင်းပါတယ်။) ကတော့ ကိုယ် ဣန္ဒြိယမိုက်တုန်းက တစ်ကွက်ချန်ခဲ့တာ။ အာယတနမိုက်တုန်းက ပြောခဲ့သလားဆိုပြီးတော့။ ဟုတ်လားဗျာ။ကိုယ်လည်းပဲ အရူပဘုံမှာသာဖြစ်သောစိတ်ဆိုတာက ရူပဘုံမှာသာဖြစ်သောစိတ် ရူပဝိပါက် (၅) ပါးပေါ့။ အရူပဘုံမှာသာဖြစ်သောစိတ် အရူပဝိပါက်... (၄) ပါးပဲပေါ့။ ဟုတ်လား။ ကိုယ်တော်တို့ကို ဣန္ဒြိယမိုက်တုန်းကဖြင့်
လောဘဒေါသဒွါဒသ၊ မောဟဒွေ၊ ကာမသောဘဏ၊ ရူပါရူပံ၊ လောကုတ္တရယုဂံ၊ ဒွေစက္ခာဒိ၊ အရူပံ။ အဲဒါက ဘုံသုံးပါးအလုံးမှာဖြစ်သောစိတ် ပြောတာ။ ကာမဘုံတင်မကဘူး၊ ရူပဘုံတင်မကဘူး၊ ဘယ်ဘုံမှာထိအောင် ဖြစ်တယ်။ (အရူပဘုံမှာ ဖြစ်ပါတယ်။) အရူပဘုံမှာဖြစ်သောစိတ်။ အရူပဘုံမှာသာဖြစ်သောစိတ်ဆိုရင် ဘယ်ဘုံကိုပြောမှာပါလဲ၊ ဘယ်တရားကိုပြောမှာပါလဲ။ (အရူပဝိပါက်။) အရူပဝိပါက် (၄) ခု။ ဒါကြောင့်မို့လို့ သူတို့က ရုပ်တရားကို မဖြစ်စေနိုင်ဘူးလေ။ ဖြစ်စေနိုင်ရဲ့လား။ (မဖြစ်စေနိုင်ပါဘူး။) ဒါကြောင့်မို့လို့ အရူပဝိပါက် (၄)၊ ဒွေပဉ္စဝိညာဉ် (၁၀) လည်းပဲ ရုပ်တရားကို မဖြစ်စေနိုင်ဘူး။ဒွေပဉ္စဝိညာဉ် (၁၀)၊ တစ်ခု၊ စက္ခုဝိညာဉ်ကနေပြီးကျတော့ ကိုယ်တော်တို့ ဘာ၊ ဟို ဆိုရိုးလေးတစ်ခု ရှိပါသေးတယ်ဗျာ။ "စိတ်ထောင်းတော့ ကိုယ်ကြေ၊ စိတ်ပျိုတော့... (ကိုယ်နု။) ကိုယ်နု" ဆိုတဲ့အထဲမှာ အဲ့ဒီက ဒီဥစ္စာတွေ ပါရဲ့လား။ (မပါဘူးဘုရား။) ဒီတရားတွေ မပါဘူး။ ဟုတ်လားဗျ။ "စိတ်ထောင်းတော့ ကိုယ်ကြေ၊ စိတ်ပျိုတော့... (ကိုယ်နု။) ကိုယ်နု" ဆိုတာ သူတို့ ဆိုင်ရဲ့လား။ (မဆိုင်ဘူး။) မဆိုင်ဘူး။ ဟုတ်လားဗျာ။ အဲ့လိုရှိတယ်။ ရဟန္တာတို့ရဲ့ စုတိရယ်၊ ရဟန္တာတို့ရဲ့ စုတိအနေနဲ့ကလည်း ကျေးဇူးပြုစရာ ရှိသေးလား။ (မရှိတော့ဘူး။) ပစ္စုပ္ပန်အနေနဲ့ ကျေးဇူးပြုစရာ ရှိသေးလား။ (မရှိတော့ဘူး။) ဒါကြောင့်၊ ဒါကြောင့် သူတို့ ရုပ်ကို မဖြစ်စေနိုင်တော့ဘူးတဲ့ဗျ။ သဘောပေါက်ပြီနော်။ (မှန်ပါ့။)
ဒါကြောင့် ခုနက အဲ့ဒီကတရားတွေဟာလည်း ပဝတ္တိကာလမှာသာဖြစ်တဲ့တရားတွေ ဖြစ်နေတယ်။ ဘယ်ကာလမှာသာ ဖြစ်နေတယ်။ (ပဝတ္တိကာလမှာ။) ဒါကြောင့်မို့လို့
ပဝတ္တိကာ အဗျာကတော ဓမ္မော ဟူသော ကတ္တားပုဒ်၏ အရက စိတ္တဇရုပ်အားအပ်သော ပဝတ္တိကာလဘုံ၌ဖြစ်သောအခါ၊ အရူပဘုံ (၄) ခု၊ ဒွေပဉ္စဝိညာဉ် (၁၀)၊ ရဟန္တာတို့၏ စုတိကျဉ်သော ဝိပါက်စိတ် (၂၂)၊ ကိရိယာစိတ် (၂၀)၊ စေတသိက် (၃၈)၊ အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ ပစ္စည်းတရားရ၏။ အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ၊ လေး၊ ပါဠိတော်ကို ကြည့်လိုက်ပါလား။ ဝိပါကဗျာကတာ၊ ကိရိယာဗျာကတာ ခန္ဓာ။ ဟုတ်လားဗျာ။ ဒါ အသေးစိတ်တွေ မပြောတော့ဘူးနော်။ (မပြောပါနဲ့ဘုရား။) ကျေးဇူးပြုပုံ သိပြီနော်။ ဟိုတုန်းက ပြောခဲ့ပြီးသားအတိုင်း။ ဟုတ်လား။ (မှန်ပါ။)နောက်
အဗျာကတံ ဟူသော သမ္ပဒါန်ပုဒ်၏ အရက ဝိပါက်ကိရိယာတို့ဖြင့် ပြုအပ်သော စိတ္တဇရုပ် ပစ္စုပ္ပန်တရားရ၏။ ဝိပ္ပယုတ္တပစ္စယေန ဟူသော ကရိုဏ်းပုဒ်၏ အရက တစ်ပြိုင်နက်၊ တစ်ပြိုင်နက်ရပ်ထားတာကောင်းသော ဝိ-ဝိနဲ့ ခုနစ်ပေါ့။ ဘာနဲ့ဘာလဲဗျ။ (ဝိ-ဝိနဲ့။) ကိုယ်တော်တို့ ဆရာတော်၊ ဒါ တကယ်လို့များမေးရင် ဆရာတော် ဒီလိုမမေးနိုင်ဘူး။ ဒါ မေးမယ်ဆိုရင်တော့ ဆရာမေးမယ်ဆိုရင် သေချာမှတ်ထားလို့။ ဒါတွေကို ဒီလိုကြီးကတော့ ဒီဆရာတို့က ဘယ်တော့မှ မေးရတော့ ဝါသနာမပါဘူး။ ခု အဲ့မယ် ည-သံဖြုတ်၊ ကျန်တဲ့ ကြီး-လတ်၊ အဲ၊ ကြီး-လတ် (၆) ပစ္စည်း တစ်ပြိုင်တည်းရအောင် ကတ္တားအရ ကောက်ပြစမ်းပေါ့ဗျာ။ ဟုတ်လားဗျာ။ ဒါဆိုရင် ဒီလိုကောက်ရမှာ။ ကိရိယာစိတ်တွေ ချန်ခဲ့ရမှာ။ ဘာတွေ ချန်ခဲ့ရမယ်။ (ကိရိယာ။) အဲဒါဆိုရင်ပေါ့။ ကတ္တားပုဒ်၊ ပဝတ္တိကာလ အဗျာကတော ဓမ္မော ဟူသော ကတ္တားပုဒ်၏ အရက စိတ္တဇရုပ်အားအပ်သော ပဝတ္တိကာလဘုံ၌ဖြစ်သောအခါ၊ အရူပဘုံ (၄) ခု၊ ဒွေပဉ္စဝိညာဉ် (၁၀)၊ ရဟန္တာတို့၏ စုတိကျဉ်သော ဝိပါက်စိတ်... (၂၂)၊ စေတသိက်... (၃၅)။ စေတသိက် (၃၅) ဟုတ်သေးလားဟ။ (ဟုတ်ပါတယ်။) ပဉ္စတိံသ။ စိတ်ပေါင်း နာမ်မဲ့ခန္ဓာ ပစ္စည်းတရားရ၏။ ကိရိယာစိတ်သာပါရင်တော့ အမှတ်မရဘူး။ မှတ်လိုက်တော့။ ဘယ်လောက်လိုချင်သလဲ။ ဘယ်လောက်မှ မပေးနိုင်ဘူး။ ဟုတ်လား။ အဲ့ဒါ မလိုချင်လို့ မေးတာလေ။ (မှန်ပါ။) သားဗျ။ ဟာ၊ ဒါလေးတော့ ဘာသာ၊ အခု (၅) မှတ်ဆို (၂) မှတ်တော့ မိမှာပါ။ ဒါ မတွက်နဲ့လေ။ ဒါ မပါစေချင်လို့ ပေးတာမဟုတ်ဘူးလား။ (မှန်ပါ။) ဒါ မပါစေဆို သူပါလိုက်ပြီဆိုတော့ ရပါဦးမလား။ (မရပါဘူး။) မရနိုင်ဘူး။ သဘောပေါက်ပြီနော်။ (မှန်ပါ့။) အဲ့က ကိရိယာစိတ်က ဝိပါက်ထိုက်ရဲ့လား။ (မထိုက်ပါဘူး။) ဝိပါက်က ပစ္စည်းထိုက်ရဲ့လား။ (မထိုက်ပါဘူး။) မထိုက်ဘူး။ သဘောပေါက်တယ်နော်။ (မှန်ပါ့။) အဲ့ဒါ ကိရိယာစိတ် (၂၀) ကို ဖြုတ်လိုက်မယ်ဆိုရင် ခုနက (၆) ပစ္စည်း တစ်ပြိုင်တည်း မရဘူးလား။ (ရပါတယ်။)ကိုင်း၊ ဒါဆိုရင် ပစ္စည်းပြိုင်ဖို့ သဘောပေါက်လာပြီနော်။ (တင်ပါ့ဘုရား။) သဘောပေါက်လာပြီလား။ (ပေါက်လာပါပြီ။) ဟောဗျာ။ ကွာ၊ ကျောင်းသား မြန်မာပြည်စာပြောသလိုပဲ ကိုယ်တော်တို့ကလည်း။ ဟုတ်လားဗျာ။
ဒါဆိုလို့ရှိရင် အခု ကောင်းကွက်၊ လှကွက်ကတော့ ကိုယ်တော်တို့ရေ၊ ဒီထဲက အခု (၁၅) ပစ္စည်းထဲမှာ ပဋိသန္ဓေအခါ အလှပဆုံးကတော့ ဒီပဋိသန္ဓေ၊ ဒီအသွင်းပြုတာပဲ။ အသွင်းပြုတာ။ ကိုယ်တော်တို့ ဘုန်းကြီးက ပါဠိနဲ့ယှဉ်ကြည့်၊ ပါဠိနဲ့ယှဉ်ကြည့်။ ကိုယ်တော်တို့ အဲ့မယ် ဒီဘက် တစ်ခေါက်ရွတ်ပြဦးမယ်။
ပဋိသန္ဓိက္ခဏေ ဝိပါကဗျာကတာ ခန္ဓာ ကတ္တဋ္ဌာနံ ရူပါနံ။ တရားကိုယ်ကောက်တော့မှ ကြည့်။ ပဋိသန္ဓေကာလ အဗျာကတော ဓမ္မော ဟူသော ကတ္တားပုဒ်၏ အရက ကတ္တဋ္ဌရုပ်အားအပ်သော ဟိုဘက်က ကတ္တဋ္ဌာနံ ရူပါနံ ရှိတယ်မဟုတ်ဘူးလား။ ဪ၊ အဲ့ဒါလေး ကြည့်ထား။ ကတ္တဋ္ဌရုပ်အားအပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ၊ ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာ (၁၅)၊ စေတသိက် (၃၅)၊ အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ။ အဲ့တော့ ကိုယ်တော်တို့ရေ၊ ပဋိသန္ဓိက္ခဏေ ဝိပါကဗျာကတာ ခန္ဓာ ကတ္တဋ္ဌာနံ ရူပါနံ ဟုတ်လားဗျ။ သေချာမှတ်။ ဟို အရင်ကနေ ကိုင်လိုက်မယ်။ အရင်ကနေ သုတ္တသင်္ချာကိုင်မယ်။ ကိုယ်တော်တို့ အဲ့ဒါ ဒီလိုမေးမှ။ သေချာနားထောင်။ သုဒ္ဓသင်္ချာကိုကြည့်ပြီးတော့ သုတ္တသင်္ချာဖြစ်တဲ့အခါမှာ ပဋိသန္ဓေကမ္မဇရုပ်အားအပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာ (၄) ပါးဖြစ်အံ့ ဟုတ်လားဗျ။ အနုဝါဒပါဠိအရ ကောက်ပြခဲ့ပါ။ ၎င်းပါဠိတစ်ခေါက်၊ သုတ္တသင်္ချာအရ။ မှတ်မိလားဟေ့။ မေးမှာ။ အဲ့ဒါလေး မေးမှာ။ သေချာမှတ်ထား။ တွေ့လားဟေ့။ ပဋိသန္ဓေကမ္မဇရုပ်အားအပ်စရာ တွေ့လား။ (တွေ့ပါတယ်ဘုရား။) ပဋိသန္ဓေကမ္မဇရုပ်အားအပ်တာ ဘာပါလဲဗျာ။ ပဉ္စဝေါကာရ... (ပဋိသန္ဓေ။) ပဋိသန္ဓေနာမ်မဲ့ခန္ဓာ... (၄) ပါး။ ဖြစ်အံ့။ ဟုတ်လားဗျ။သောင်းပုဂ္ဂိုလ်ဆိုလို့ရှိရင်လည်း ကိုယ်တော်တို့ ပစ္စည်းဘက်ကစပြီး ကိုင်မယ်ဆိုလို့ရှိရင်
ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာသည်၊ ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာသည် အား၊ အတက်ဆက် မလုပ်တော့ဘူးလေ။ ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာသည် ပဋိသန္ဓေကမ္မဇရုပ်အား ကျေးဇူးပြုပုံပြ ပါဠိနှင့် အရကို ကောက်ပြခဲ့ပါ ဆိုတော့ အောက်က အပိုတွေ ပါလိုက်မပေးတော့ဘူး။ ဒါ၊ ဟုတ်လားဟေ့။ မှတ်မိလား။ (မှန်ပါ။) ဒါ ပြောမယ်။ ခုနက ပစ္စည်းဘက်က စပြောမယ်ဆိုရင် ပဉ္စဝေါကာရ ပဋိသန္ဓေ... (နာမ်မဲ့ခန္ဓာ။) နာမ်မဲ့ခန္ဓာနှင့်၊ နာမ်မဲ့ခန္ဓာသည်၊ နာမ်မဲ့ခန္ဓာသည် ဘာလဲဗျ။ (ပဋိသန္ဓေ။) ပဋိသန္ဓေကမ္မဇရုပ်အား ကျေးဇူးပြုပုံ အနုဝါဒပါဠိနှင့် အရကို ကောက်ပြ၊ ကတ္တားအရကိုသာ ကောက်ပြခဲ့ပါ။ ရပြီနော်။ (ရပါပြီ။) ဒါကို ပါဠိကတော့ သူ ခုနက ဟောတာပဲ။ ပဋိသန္ဓိက္ခဏေ ဝိပါကဗျာကတာ ခန္ဓာ ကတ္တဋ္ဌာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ခန္ဓာ ဝတ္ထုဿ၊ ဝတ္ထု ခန္ဓာနံ ပါလာပြီဆိုရင် တစ်မှတ်မှမပေး။ ဟုတ်လားဗျ။ နောက် ကျန်တဲ့မှန်တဲ့တရားထဲကို လိုက်လျှော့ဦးမှာ။ အဲ့ဒီက လျော့သွားရုံနဲ့ မဟုတ်ဘူး။ မှန်တဲ့ထဲကို လိုက်လျှော့ဦးမှာ။ သလား။ကိုင်း၊ အရကောက်ကတော့ သိပြီးတော့ အောက်မှာတွေ့လား။ အဲ့ဒါလေးက ခုနက ပြောပြီးလည်း။ ဟုတ်လားဗျ။ တွေ့လားဟေ့။ (
ကတ္တားပုဒ်၊ ကတ္တဋ္ဌရုပ်အားအပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာ (၁၅)၊ စေတသိက် (၃၅)၊ အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ ပစ္စည်းတရားရ၏။) အဲ့ဒါလေးက တွေ့လားဟေ့။ (မှန်ပါ။)နောက် သုတ္တသင်္ချာဆိုလို့ရှိရင် ဟိုအထက် သုဒ္ဓသင်္ချာပြန်ကြည့်။
အချင်းချင်းအားအပ်သော ပဋိသန္ဓေနာမ်မဲ့ခန္ဓာ၊ ဟဒယဝတ္ထု။ အဲ့ဒီက ပါဠိကလေ ခန္ဓာ ဝတ္ထုဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော၊ ဝတ္ထု ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သူ့အရကလေ အချင်းချင်းအားအပ်သော၊ အချင်းချင်းအားအပ်သော၊ `ဟုတ်ကဲ့ပါ၊ ရပ်တန့်သွားခဲ့သောနေရာမှ ဆက်လက်၍ စစ်ဆေးတည်းဖြတ်ပေးလိုက်ပါသည်။
ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (ဒွါဒသမပိုင်း အဆက်)
...အဲ့ဒီက ပါဠိကလေ
ခန္ဓာ ဝတ္ထုဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော၊ ဝတ္ထု ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သူ့အရကလေ အချင်းချင်းအားအပ်သော၊ အချင်းချင်းအားအပ်သော၊ ပဋိသန္ဓေနာမ်မဲ့ခန္ဓာ၊ ဟဒယဝတ္ထု၊ ပစ္စည်းတရားရ၏။ ဟုတ်လားဗျ။ အဲ့ဒီနှစ်ခုလုံး ပေါင်းကောက်လိုက်တဲ့အခါမှာတော့ အဗျာကတဿ ဓမ္မဿ ဟူသော သမ္ပဒါန်ပုဒ်၏ အရက ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာ (၁၅)၊ စေတသိက် (၃၅)၊ အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ၊ ကတ္တဋ္ဌရုပ် ပစ္စုပ္ပန်တရားရ၏။ အောက်ကပါဠိတွေဆိုရင်တော့ ဟဒယဝတ္ထု ကောက်ရမှာနော်။ အောက်ကပါဠိတွေဆိုရင် ဘာသာကောက်ရမယ်။ (ဟဒယဝတ္ထုသာ။) ဟဒယဝတ္ထုသာ ကောက်ရမယ်။ ဒါဆိုလို့ရှိရင် သဘောပေါက်ပြီတော့။ သဘောပေါက်တဲ့သူ ရှိသေးလားဟေ့။ (ရှိသေးပါတယ်။) သဘောမပေါက်သေးဘူးဆိုရင် သဘောပေါက်တဲ့သူကို ပြောပါပေါ့ဗျာ။ ဟောဒီပြောတာ ဒီမှာ ရှုပ်ကုန်သလား မသိပါဘူးဗျာ။ ရှင်းသလားဗျ။ (ရှင်းပါတယ်။)ကိုင်း၊ အဲ့လိုဆိုလို့ရှိရင် ကဲ၊ တစ်လွှာစီ၊ တစ်လွှာစီကို အဲ့လိုကောက်ကြရမယ်။ ကိုင်း၊
ကုသလောဗျာကတဿ ကစပြီးတော့ ပါဠိတစ်ခေါက်ရွတ်ပြီးတော့မှ ကောက်ကြရအောင်။ ဆိုရအောင်ဗျ။အဲ့တော့ ကိုယ်တော် ခုနပြောခဲ့တယ်။
ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာသည် ပဋိသန္ဓေကမ္မဇရုပ်အား ကျေးဇူးပြုပုံ ပါဠိနှင့် အရကောက် ဆိုပြီးတော့မှ အဲ့ဒါလေးကို ဆိုပြီးတော့ ကောက်ကြည့်ရအောင်။ ဒါမှ တပည့်တော်တို့ သေသေချာချာကွဲကွဲ ပိုနားလည်မှာ။ ဘာဖြစ်လို့လဲဆိုတော့ ပဋိသန္ဓေကမ္မဇရုပ်ကို ကျေးဇူးပြုကတည်းကဆိုတော့ ရုပ်ကိုကျေးဇူးပြုပြီဆိုကတည်းကိုပဲ အရူပ (၄) ခု ပါပါဦးမလား။ (မပါပါဘူး။) ဒါကြောင့်၊ ဒါကြောင့်မို့လို့ အရူပဝိပါက် (၄) က ကျဉ်ရတာ။ ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာ (၄) ပါးသည် ပဋိသန္ဓေကမ္မဇရုပ်အား ကျေးဇူးပြုပုံ ပါဠိနှင့် အရကို ကောက်ပြ။ ကိုင်း၊ ဒါလေးကို ဆိုကောက်ကြည့်ရအောင်။အဲ့တော့ ကိုယ် သုတ္တသင်္ချာမှာ အောက်ဆုံး သုတ္တသင်္ချာလေးက
အချင်းချင်းအားအပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာ၊ ဟဒယဝတ္ထု နဲ့ နှစ်မျိုး၊ သဟဇာတအကြီးတုန်းက နှစ်မျိုးခွဲခဲ့တယ်မဟုတ်ဘူးလား။ အဲ့တော့ ဟဒယဝတ္ထု၊ ဝတ္ထုအားအပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာ၊ ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာက အပ်သော... (ဟဒယဝတ္ထု။) ဟဒယဝတ္ထု။ အဲ့ဒါလေးကလည်း ဟဒယဝတ္ထုက အပ်သော ပဉ္စဝေါကာရ၊ ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာသည် ဟဒယဝတ္ထုအား ကျေးဇူးပြုပုံ ပါဠိနှင့် အရကို ကောက်ပြခဲ့ပါ ဆိုရင်၊ ဟုတ်လားဗျ။ ခန္ဓာ ဝတ္ထုဿ... (ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။) ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ အရကောက် ဟဒယဝတ္ထုက အပ်သော၊ အချင်းချင်းအားအပ်သော ဆိုရင် မရတော့ဘူး။ အချင်းချင်းအပ်တာ ဟုတ်ရဲ့လား။ (မဟုတ်ပါဘူး။) မဟုတ်ဘူး။ ဘယ်လိုဆိုမှ။ (ဟဒယဝတ္ထုက။) ဟုတ်ပြီ၊ ဟုတ်ပြီ။ ဟဒယဝတ္ထုက အပ်သော... (ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာ။) ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာ ပစ္စည်းတရားရ၏။ သမ္ပဒါန်ပုဒ်၏ အရကောက်ဆို ဘာရမှာလဲ။ (ဟဒယဝတ္ထု။) ဟဒယဝတ္ထု ပစ္စုပ္ပန်တရားရ၏။ ဒီလိုကောက်ရမယ်။ဝတ္ထုခန္ဓာနံ နဲ့ဆိုလို့ ထိုနည်းလည်းကောင်းပေါ့။ ဟဒယဝတ္ထုသည် ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာအား ကျေးဇူးပြုပုံ ပါဠိကို ရေးခဲ့ပါ ဆိုရင်၊ ပါဠိနှင့် အရကောက် ကောက်ခဲ့ပါ ဆိုလို့ရှိရင် ဝတ္ထု... (ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။) ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ အရကောက်ဆိုရင် ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာအားအပ်သော ဟဒယဝတ္ထု ပစ္စည်းတရားရ၏။ သမ္ပဒါန်ပုဒ်အရာက ဆိုလို့ရှိရင် ပဉ္စဝေါကာရ... (နာမ်မဲ့ခန္ဓာ။) ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာ (၁၅)၊ စေတသိက် (၃၅)၊ အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ၊ အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ တစ်ယောက်သွားရမှာနော်။ ပစ္စုပ္ပန်တရားရ၏။ ခုနကလည်း အစိတ်အပေါင်းပါ။ ဟုတ်လားဗျ။ ခန္ဓာဝတ္ထုဿ ဆိုလို့ရှိရင် ဟဒယဝတ္ထုက အပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာ (၁၅)၊ စေတသိက် (၃၅)၊ အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ ပစ္စည်းတရားရ၏။ ဒီလိုပဲ ကောက်တဲ့ဟန်၊ ကောက်သံနဲ့ သွားရမှာ။ သုတ္တသင်္ချာ၊ သုတ္တသင်္ချာဟန်အတိုင်း သွားရမယ်။ကိုင်း၊ အဲ့လိုသဘော။ ဒီလောက်ပြောလို့မှ သဘောမပေါက်ဘူးဆိုလို့ရှိရင် ပေါက်တဲ့လူကို ပြောပေါ့ဗျာ။ အဲ့ လိုက်မေး။ ဟုတ်လားဟေ့။ အခု ဒီပြောတာတွေ တပည့်တော် ရှင်းတယ်လို့ ထင်တာပေါ့ဗျ။ ရှင်းတယ်မဟုတ်လားဟေ့။ (ရှင်းပါဘုရား။) အဲ့တော့ အဲ့ သမ္ပယုတ္တကျဉ်၊ ကျန်တဲ့ (၇) ပစ္စည်း တစ်ပြိုင်နက် ရပ်ထားတာဖြစ်ရတယ်။ ဟုတ်လားဗျ။ ဘာလဲဗျ။ (သမ္ပယုတ္တကျဉ်။) အဲ့တော့ အဲ့ဒီကဥစ္စာကို (၇) ပစ္စည်း၊ ပဋိသန္ဓေက (၇) ပစ္စည်း တစ်ပြိုင်တည်းရအောင်ဆိုလို့ရှိရင်၊ ပဋိသန္ဓေကာလ (၇) ပစ္စည်း တစ်ပြိုင်တည်းရအောင်ဆိုလို့ရှိရင်
ဝတ္ထုက အပ်သော၊ ဟုတ်ပါ့။ ဟဒယဝတ္ထုက အပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာ (၁၅)၊ စေတသိက် (၃၅)၊ အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ ပစ္စည်းတရားရ၏။ သမ္ပဒါန်အရဆိုလို့ရှိရင် ဟဒယဝတ္ထု ပစ္စုပ္ပန်တရားရ၏။ ဟုတ်လား။ အဲ့ဒါက (၇) ပစ္စည်း တစ်ပြိုင်နက်ဖြစ်ရော။ ဟုတ်လားဗျာ။ ကိုင်း၊ ဒါကတော့ မှတ်သားထားပေါ့ဗျာ။ ဒါတွေက သေသေချာချာ ကိုယ်၊ တပည့်တော် မေးမှာပေါ့။ ဟုတ်လားဗျာ။ ကိုယ် ဘာပါလိမ့်။ (ရှိတဲ့အတိုင်း။) ရှိတဲ့အတိုင်းကတော့ဗျာ၊ ပျင်းစရာကောင်းတယ်။ မေးရတာ။ အဲ့လို ခုလို ဉာဏ်တွေ ဘယ်လောက်များ ကွန့်မြူးနိုင်သလဲ၊ ဆရာပြောတဲ့စကားတွေ ဘယ်လောက်များ နားထောင်နိုင်နေပြီလဲ၊ ဟုတ်လားဗျ။ အဲ့လိုလေး မေးကြည့်ရတာပေါ့။ ဟုတ်လားဗျ။ တိုတိုတောင်းတောင်းပဲ။ ဟုတ်လားဗျ။ အလွန်ကိုယ် ကောင်းကောင်းမေးရတာ။ကိုင်း၊ ဒါဆိုလို့ရှိရင် ကိုယ်တော်တို့ရေ၊ ကိုယ် သဟဇာတဝိပ္ပယုတ္တဟာလည်း ကိုယ်တော်တို့ ဉာဏ်ကွန့်မြူးစရာတွေ မကောင်းဘူးလား။ (ကောင်းပါတယ်။) ကောင်းတယ်။ အဲ့တော့ ဝိပ္ပယုတ္တရဲ့ သဘောတရားတွေကတော့ ကိုယ်တော်တို့ရေ၊ အဲ့ဒီစာမျက်နှာ (၁၄) နဲ့ အဲ့ဒီမှာ ပြောပြီးသား။ "ချို၊ ချဉ်၊ စပ်၊ ဖန်၊ ခါး၊ ငန်၊ ခြောက်တန်အရသာ ရောစပ်ပါလည်း၊ ကိုယ့်မှာဆိုင်ရာ အရသာသည်၊ ဘယ်မှာမလိုက်၊ ကိုယ့်၌ဖြစ်ကြ၊ ပမာဏသို့၊ ဝိပ္ပယုတ္တ ဖြစ်ကြလေ" တဲ့။ "ချို၊ ချဉ်၊ စပ်၊ ဖန်၊ ခါး၊ ငန် ဟု ခြောက်တန်ရောစပ်ပါလေ၊ ကိုယ့်ဆိုင်ရာ အရသာသည်၊ ကိုယ့်ဆိုင်ရာ အရသာသည်၊ ဘယ်မှာမလိုက်၊ ကိုယ့်၌ဖြစ်ကြ၊ ပမာဏသို့၊ ဝိပ္ပယုတ္တ ဖြစ်ကြရ၏"။ ချို၊ ချဉ်၊ စပ်၊ ဖန်၊ ခါး၊ ငန် တရားတော် (၆) ပါးကို ရောပြီးတော့ ထောင်းပေမယ့်လို့ ကိုယ်တော်တို့၊ တပည့်တော် အလှည့်တုန်းက ကိုယ်တော်တို့ ငရုတ်သီးစားတုန်းက စပ်တယ်မဟုတ်လားဗျ။ (စပ်ပါတယ်။) အဲ့ ကိုယ်တော်တို့ ငရုတ်သီးက စပ်တဲ့အရသာပဲ။ အဲ့ဒါ ဆားက ဘာလိမ့်။ (ငန်တဲ့အရသာ။) ငန်တဲ့အရသာပဲ။ အဲ့ထဲ မကျည်းသီးစိမ်းလေးပါရင် မကျည်းသီးစိမ်းက ဘာလိမ့်။ (ချဉ်တဲ့အရသာ။) ချဉ်တဲ့အရသာပဲ။ အဲ့တော့ ကိုယ်တော်တို့ တကယ်တကယ် စားကြည့်လိုက်တဲ့အခါမှာ တကယ့်ကို အရသာကို တကယ်သိတဲ့ပုဂ္ဂိုလ်ကျတော့ သူ့အရသာနဲ့သူ ကိုယ်တော်တို့ မရောဘူး။ ဘယ်လောက်ပဲ ရောထောင်းပေမယ့်လို့ ဘာလဲဗျ။ မရောသွားဘူး။ အဲ့လို ရောမသွားတဲ့သဘောတရားတွေဟာလည်း ဘယ်ပစ္စည်းသဘောတရားပါလိမ့်။ (ဝိပ္ပယုတ္တသဘောတရား။) ဝိပ္ပယုတ္တရဲ့ သဘောတရားတွေ။ ဝိပ္ပယုတ္တ၊ ဝိပ္ပယုတ္တအားလုံးရဲ့ သဘောတရား ဒီအတိုင်းရှိတယ်။ ဟုတ်လားဗျ။
အဲ့ဒါ၊ အဲ့တော့ ကိုယ်တော်တို့ စာချပုံစနစ်ကလေးလည်း ပြောရဦးမယ်။ ခု မျိုးကွဲရှိသောပစ္စည်းက နောက်ကျော၊ (၂၄) ပစ္စည်းထဲမှာ မျိုးကွဲရှိတာ (၁၀) ပစ္စည်းရှိတယ်။ မျိုးကွဲရှိတာ ဘာလိမ့်။ (၁၀ ပစ္စည်းရှိတယ်။) (၁၀) ပစ္စည်းရှိတယ်။ အဲ့ဒါကို သဟဇာတအငယ်ထဲမှာဆိုလို့ရှိရင် ဟေတု၊ အဓိပတိ၊ ဣန္ဒြိယ၊ ဈာန၊ မဂ္ဂ၊ ကျန်တဲ့ပစ္စည်းတွေက မျိုးကွဲရှိတယ်။ သဟဇာတအလတ်ထဲမှာလည်းပဲ အညမည၊ သမ္ပယုတ္တ၊ ဝိပါကတော့ မျိုးကွဲမရှိဘူး။ အခု သဟဇာတဝိပ္ပယုတ္တ မျိုးကွဲရှိတယ်။ သဟဇာတအကြီး (၄) ခုထဲမှာလည်းပဲ သဟဇာတပစ္စည်းမှတစ်ပါး ကျန်တဲ့ နိဿယ၊ အတ္ထိ၊ အဝိဂတတို့က မျိုးကွဲရှိတယ်။ အဲ့တော့ ပစ္စည်းကို၊ မျိုးကွဲပစ္စည်းတွေ ပြောလိုက်မယ်ဆိုရင် ကိုယ်တော်တို့ရဲ့ စာအုပ်စာမျက်နှာ (၄၀) မှာ အဲ့ဒီ မျိုးကွဲရှိသောပစ္စည်းများကို ဖော်ပြထားတယ်။ ဘာပစ္စည်းများကို ဖော်ပြထားတယ်။ (မျိုးကွဲရှိသောပစ္စည်း။) မျိုးကွဲရှိသော၊ မျိုးကွဲရှိသောပစ္စည်း (၁၀) ပစ္စည်းရှိတယ်။
အဲ့တော့ တကယ်စာတတ်ဖို့၊ ပဋ္ဌာန်းတတ်ဖို့အတွက် လေ့လာတဲ့အခါ လမ်းပြလိုက်ရဦးမယ်။ အဲ့ဒါ မျိုးကွဲပစ္စည်း၊ အခု တပည့်တော်တို့ အခု ဝိပ္ပယုတ္တ၊ သဟဇာတဝိပ္ပယုတ္တ (၃) ခုရှိတဲ့ထဲက အခု သဟဇာတဝိပ္ပယုတ္တ ရောက်ပြီပေါ့။ အဲ့တော့ အခု ဝိပ္ပယုတ္တအားလုံးပြီးတဲ့အခါမှာ၊ ဝိပ္ပယုတ္တ၊ နောက်ဆုံး ဝိပ္ပယုတ္တပြီးတဲ့အခါမှာ ဝိပ္ပယုတ္တပြန်ပေါင်းမှာ။ ဘာနဲ့ပေါင်းမှာလဲဆိုရင် ပါဠိတော်နဲ့ပေါင်းမှာ။ ဘာနဲ့ဘာပေါင်းမှာလဲဆိုရင်... (ပါဠိတော်နဲ့ပေါင်းမှာ။) ပါဠိတော်နဲ့ပေါင်းရလိမ့်မယ်။ အဲ့သလို ပါဠိတော်နဲ့ပေါင်းမှဆိုတော့ တပည့်တော်တို့ကို အဓိပတိပေါင်း၊ အဓိပတိဆိုလို့ရှိရင် အခု အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိရယ်လို့ နှစ်မျိုးရှိတယ်။ ပြောကြည့်စမ်းပါ။ (အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။) အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိရယ်လို့ နှစ်မျိုးရှိတယ်။ အခု အာရမ္မဏပစ္စည်းပြီးရင် အာရမ္မဏပစ္စည်း ဆက်သွားမှာပေါ့။ အာရမ္မဏပစ္စည်းရောက်တဲ့အခါကျရင် အာရမ္မဏာဓိပတိပစ္စည်းကို ဟောမယ်။ အာရမ္မဏာဓိပတိ ဟောပြီးတာနဲ့ပဲ ကိုယ်ပြန်ပေါင်းမယ်ပေါ့။ အဲ့လိုဟောမှ တကယ်ကို ပဋ္ဌာန်းကို နားလည်တာ။ ဟုတ်လားဗျာ။
အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင် ကိုယ်တော်တို့ တစ်ခု၊ ဒီက ပုစ္ဆကတော့ တော်တော်တို့ရေ၊ မြောက်များလှစွာ မေးဖူးပါတယ်ဗျ။ ဟုတ်လားဗျ။ မြောက်များလှစွာ ဘာလဲ။ (မေးဖူးပါတယ်။) ပုစ္ဆာသေးသေးလည်း မေးဖူးတယ်။ ပြောပါ။ (ကြီးကြီးလည်း မေးဖူးတယ်။) ကြီးကြီးလည်း မေးဖူးတယ်။ ကိုယ်တော်တို့ရေ၊ အဲ့ဒါ ဒီပဋ္ဌာန်းကော၊ ရှင်မောဂ္ဂလာန်ကော၊ ကိုယ်တော်တို့ အဘိဓမ္မာမေးခွန်းထုတ်ပြီးတော့ မေးဖူးတာတွေမှဗျ။ အဲ့တော့ ကြီးကြီးဆိုတာ သိလား။ ဘာကြီးဆုံးတုန်း။ ဘယ်စာမေးပွဲ ကြီးဆုံးတုန်း။ (တိပိဋက။) အေး၊ အဲ့စာမေးပွဲက ဒီကမေးဖူးတာ။ ဟုတ်လားဗျ။ အဲ့တော့ ကိုယ်တော်တို့ ဒီဥစ္စာကလည်း ဉာဏ်ကွန့်မြူးမယ်ဆိုလို့ရှိရင် ကိုယ်တော် ဖြေဖူး၊ ဖြေ၊ ဖြေဆိုတဲ့ပုဂ္ဂိုလ်ဘက်က အလွန်တရာခက်တယ်ဗျ။ ဟုတ်လားဗျ။ ဒါကြောင့် တော်တော် အခု အဲ့လိုဆည်းပူးလေ့လာတဲ့အခါကျလို့ရှိရင် အခု မျိုးကွဲတွေကို ပါဠိတော်ကို ဗဟိုပြုပြီးတော့ လေ့လာရမယ်။ ပြောကြည့်။ (ပါဠိတော်ကို ဗဟိုပြုပြီး။) ပါဠိတော်ကို၊ ပါဠိတော်နဲ့ ပြန်ပေါင်းစပ်ရမယ်။
ပါဠိတော်ရှိသမျှတွေကိုမှ ပြန်အရကောက်ကြည့်မယ်။ ဆိုပါတော့ ကိုယ်တော်တို့ အခု အတ္ထိပစ္စည်းဆိုပါတော့။ အတ္ထိကတို့ အသေးစိတ်တွေ အကုန်လုံးကို ခွဲထုတ်လိုက်ရင် ကိုယ့်၊ ကိုယ့်အတ္ထိရှိတယ်၊ (၅) မျိုးရှိတယ်။ အတ္ထိ ဘယ်နှမျိုး။ (၅ မျိုး။) (၅) မျိုး။ အတ္ထိ (၅) မျိုးကတော့ အရကောက်ကြီး စာမျက်နှာ (၅၀၃) မှာ ရှိတယ်။ ဘယ်လောက်။ (၅၀၃။) အတ္ထိ (၅) မျိုး။ ဒါ ကိုယ်တော်တို့ သင်္ဂြိုဟ်မှာလည်း ပါပြီးသားလေ။ အဲ့ ပဋ္ဌာန်းအတ္ထိ (၅) မျိုးကို အဲ့မှာ သင်္ဂြိုဟ်ကလည်း ဖော်ပြထားတာလေ။ ပါဘူးလား။ (ပါပါတယ်။) ပါတယ်။ ကိုယ်တော် သိပြီးသားတွေပဲ။ ဟုတ်လားဗျ။ အဲ့တော့ အဲ့ဒီကောက်စာတွေက အရှင်ဘုရားတို့
အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော ကတ္တားအရကို ကောက်ပြပါဆိုရင် အဲ့ဒီမှာ (၈) မျိုးကောက်ရမှာ။ ဘယ်နှမျိုး။ (၈ မျိုး။) အဲ့ဒါ အဲတော့သိတာ။ ကိုယ်တော်တို့ လွန်ရောကျွန်ရောသိရင် တို့ ဘယ်နှမျိုးသိလဲ။ အရှင်၊ (၈) မျိုးထဲက (၅) မျိုးပဲ သိမှာပေါ့ဗျာ။ (၈) မျိုးတောင် သိပါ့မလား။ (သိပါတယ်။) သိမှ၊ ဘုန်းဘုန်း မသိလို့မလွယ်ဘူး။ အဲ့ဒါ အခု အဗျာကတော ဓမ္မော အဗျာကတဿ ကောက်မယ်... (၈ ချက်။) (၈) ချက်ကောက်မယ်။ ပါဠိတော်ကြီးမှ သိမှာ။ ပါဠိတော်ကြီးမသိရင် ဒါတွေက။ဒါကြောင့် နိဿယ၊ ကိုယ်တော် စာမျက်နှာ (၄၂) မှာတင် နိဿယကို နမူနာပြထားတယ်။ ဟုတ်လားဗျာ။ နိဿယ (၈) မျိုးကို တစ်ခုချင်းကောက်ကြည့်ပါဆိုပြီးတော့။ တွေ့လား။ (တင်ပါ့ဘုရား။) အဲဒါကြောင့် ကိုယ်တော်တို့ရေ၊ အခု စာ၊ ကိုယ်တော်တို့ စာတွေ၊ ပဋ္ဌာန်းပါဠိတော်ကြီး၊ ပဋ္ဌာန်းကိုရဖို့အတွက်၊ ပဋ္ဌာန်းကို ချဉ်းကပ်ပုံ၊ ပဋ္ဌာန်းကို သဘောပေါက်ဖို့အတွက်ကို ဘယ်လိုလုပ်ရင် ပဋ္ဌာန်းကို တကယ်နားလည်မလဲပေါ့။ အဲ့တော့ ကိုယ်တော် အခု ဝိဘင်းကိုရမှ ကိုယ်တော်တို့ စာတွေကလည်းပဲ အဲ့ဒါ ကိုယ်က ဒီပိုပြီးတော့ နားလည်နိုင်တယ်။ ပစ္စယုဒ္ဒေသကို ဟောတဲ့အခါမှာ ဝိဘင်းကိုရမှ ပစ္စယုဒ္ဒေသကို နားလည်နိုင်တယ်။ ဝိဘင်းကိုရမှ ပစ္စယုဒ္ဒေသကို နားလည်ပြီးတော့ ပစ္စနိကကရဏကိုလည်း နားလည်နိုင်တယ်။ အဲ့သုံးခုမဟုတ်ဘူးဆိုလို့ရှိရင် ရှင်တော်၊ ကိုယ်တော်တို့ ဟောသာဟောပေမယ့်၊ ပြောသာပြောပေမယ့် မောတာပဲ ဘာလိမ့်။ (အဖတ်တင်ပါတယ်။) အဖတ်တင်တာဖြစ်လိမ့်မယ်။ ဒါကြောင့်မို့လို့ အဲ့ဒါတွေ မရခဲ့ဘူးဆိုရင် ဘာမှလုပ်လို့မဖြစ်ဘူး။ ဟုတ်လားဗျ။
ဒါကြောင့်သာ ခု တက္ကသိုလ်ပညာသင်နည်းကတော့ အဲ့အတိုင်းသင်တာပေါ့ဗျာ။ ဘယ်လိုလေ့လာရမလဲ။ လေ့လာတဲ့နည်းကိုသာ ပြောလိုက်တာတဲ့။ တက္ကသိုလ်ပညာသင်နည်းပဲ။ ဟုတ်လားဗျာ။ ကိုယ်၊ တပည့်တော်လည်း ဒီစာတွေကို ပဋ္ဌာန်းကောင်းကောင်းနားလည်ထားတယ်။ လက်ရှိ ခေါင်းရင်း၊ လက်ရှိဆရာတော်ဖြစ်နေတဲ့ ဆရာက ဆရာတော် ဦးဉေယျဓမ္မာဘိဝံသဆိုတာ ဒီလို ပဋ္ဌာန်းချတဲ့ဘုန်းကြီးပဲ။ ဒီလည်း နောက်စာချပြီးခဲ့တဲ့အတိုင်း၊ ထွက်ပြီးခဲ့တဲ့အတိုင်း အဲ့ဘုန်းကြီးလည်း ဘယ်နှခါတွေ့လဲဆိုရင် တစ်ခါမှမတွေ့ဘူး။ ဆရာနဲ့ တစ်ပုဒ်က နည်းနည်းလေး စည်းဝေးမှာပေါ့။ ဟုတ်လား။ ကိုယ်တော်တို့ တစ်ရွာဆီကနေ ထွက်ခွာသွား၊ တစ်ခါမှ ကိုယ်တော် ရောက်မလာတော့ဘူး။ ဟုတ်လား။ အဲ့လိုပဲ ဖြစ်နေသလားမသိဘူး။ အဲ့တော့ ဒီလိုပဲ အဲ့ဒီဆရာ့ဆီ မရောက်ဖူးပေါ့ဗျာ။ အဲ့တော့ ဘုန်းကြီး ဦးမုနိန္ဒတော့ တွေ့ပါတယ်။ အဲ့တော့ သူကပြောလိုက်တာ စာချတန်းကနေ "ကိုယ်တော်တဲ့၊ ဒီ၊ တပည့်တော် ပဋ္ဌာန်းတတ်သွားတဲ့ စကားလုံးလေးတစ်လုံး" ပေါ့။ သူက အဲ့ဒါ နှာခေါင်းလေးအထက်၊ မိုးပေါ်ပစ်တင်ပြီးတော့၊ ဟုတ်လား။ ဘုန်းကြီး ဦးဉေယျကို ကိုယ်တော်တို့ တွေ့ဖူးသလား။ မတွေ့ဘူးဗျ။ အေး၊ မတွေ့ဘူးဆိုတော့ သူ့နှာခေါင်းက မိုးကိုပစ်တင်ပြီးတော့မှ၊ ဟုတ်လားဗျ။ အဲ့ဒါ ကိုယ်ကနေ သူက မော့ပြီးတော့ပြောတာ။ "ကိုယ်တော်တဲ့၊ တကယ် ကိုယ်တော်တို့ ပဋ္ဌာန်းကတော့ အကောင်းဆုံးနည်းစနစ်ကတော့ ခင်ဦးတောရဆရာတော်ကြီးရဲ့ ပဋ္ဌာန်းက အကောင်းဆုံးပဲ" တဲ့။
ခင်ဦးတောရ၊ ဒီလို စာလိုက်တာ အများကြီးပေါ့ဗျာ။ သံဃာတွေ အများကြီးပဲ ပဋ္ဌာန်းလိုက်ကြတာ။ ခင်ဦးတောရဆိုတဲ့ဟာ ဥစ္စာကို အဲ့ကိုယ်တော်တွေ ကြားကိုမကြားဖူးဘူး။ ကျန်တဲ့ပုဂ္ဂိုလ်တွေ၊ တပည့်တော်ကတော့ နဂိုထဲမှာ တပည့်တော် ဘုန်းကြီးနဲ့ အဲ့ဆရာတော်ကြီးတွေလည်း ရောက်ဖူးတယ်။ ဒါ သူကတော့ ပဋ္ဌာန်းပါရဂူကျမ်းကြီးကို ထမ်းပြီးခဲ့ကြတော့ တစ်ခါတည်း အဲ့ဒီသွားတာကို။ ဆုတွေသွားတက်တာ။ အဲ့အတိုင်း တစ်ယောက်သိနေတာ။ ကိုယ်တော်တော် ရင်းနှီးနေတာ။ အဲ့လိုဆိုကြတော့ ဒါ မူလပဋ္ဌာန်းဆရာတော်ကြီးကို ပြောတာပဲ။ ဆရာတော် ဦးနာရဒကို သိသွားတာပေါ့။ တပည့်တော် တစ်ခါတည်း သိပြီးသားဖြစ်နေပြီပေါ့။ ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ ဘယ်သူမှကို မသိဘူး။ အဲ့ဒီကနည်းစနစ်ဟာလည်း အကောင်းဆုံးပဲလို့ သူပြောလိုက်တာ။ အဲ့ဒီ ခင်ဦးတောရဆရာတော်ကြီးရဲ့ မူဟာ အကောင်းဆုံးပါပဲဆိုတဲ့ စကားလုံးတစ်လုံးနဲ့ပဲ တပည့်တော် ပဋ္ဌာန်း၊ ကိုယ်တော်တို့ကို ချတတ်တဲ့အဆင့်အထိ၊ ကိုယ်တော်တို့ ဒီစာအုပ်ကို ရေးဖြစ်တဲ့အဆင့်ထိ၊ အဲ့လောက်လောက်ထိအောင် ကိုယ်ပဲ ဘာဖြစ်လို့ဗျ။ နားလည်သွားတယ်။
ကဲ၊ ကိုယ်တော်တို့ကတော့ ကိုယ်တော်တို့ နည်းပေါင်းကို မနည်းမနောကြီးကို ပေးပစ်လိုက်တာ။ ဘုန်းကြီးကတော့ ပေးမှာပေါ့။ တပည့်တော်တို့တော့ "ငါးသိုင်းများတော့... (ဘယ်မှာ။) ကိုင်း၊ ဘုန်းကြီးပေးတာများတော့ ဘာကိုယူရမှန်းကို မသိဘူးဘုရား"။ ကိုယ်တော် ဖြစ်ကုန်ပြီမသိဘူး။ ဟုတ်လား။ အဲ့တော့ ဒီနေ့ ကိုယ်တော် အဖတ်နဲ့ ကိုယ်တော် ယူချင်သေးလား။ (ယူချင်ပါတယ်။) အဲ၊ မယူချင်ဘူးဗျ တချို့က။ ကြည့်စမ်းပါဦး။ ဘာမှမပြောဘူး။ ဒီကတော့ အားထုတ်ပါးထုတ်နဲ့ စာတည်းက ရေးချတာ။ ဟုတ်လား။ ကိုယ်တော်တို့ကလည်း တကယ်ကို မျက်စိကိုမှိတ်၊ နားကိုပိတ်ပြီးတော့ နေပြောမယ့်ပုံပဲ။ ဟုတ်လားဗျ။ သေးကို့မလိုချင်ဘူးဗျ။ ဟုတ်လား။ အရည်အသွေးက ကိုယ်တော်တို့ ဘယ်လောက်တောင် ညံ့နေသလဲဆိုရင်၊ ဟုတ်လားဗျ။ ဒါကို ရှေ့ကပြောတာပေါ့။ ရှေ့ကဆရာတော်တွေက ပစ်ပစ်နှစ်နှစ် ပြောလိုက်တာ။ "သေအောင်ကို ညံ့တဲ့ကောင်" ပြောလိုက်တာပဲ။ အဲ့လောက်ကြီးတော့ ကိုယ်တော်တွေ ရွတ်တာတော့ အဲ့လောက်ကြီး မပြောရက်ပါဘူးဗျ။ ဟုတ်လား။ ဘာထူးတုန်း။ ဘယ်တော့မှ၊ ဘယ်တော့မှကော သေအောင်တော့ မညံ့ပါဘူးဗျ။ ဟုတ်လား။
တချို့က ဟုတ်တယ်လေ။ ကိုယ်တော်တို့ ကိုယ့်ဒီဟာ၊ ကိုယ့်ဟာ ထွက်ပေါက်မရှိတဲ့၊ ကိုယ့်သေပေါက်၊ သေလမ်းလားဆိုတာ မသိဘူး။ လုပ်ချင်တာလုပ်၊ ပြောချင်တာပြောထားလိုက်တာပဲ။ အဲ့ဒီကပုဂ္ဂိုလ်မျိုးကို ဘယ်လိုပါလိမ့်။ (သေအောင်ညံ့။) "သေအောင်ညံ့နေတာ" တဲ့။ ဆရာက ကရုဏာနဲ့ပြောလိုက်တဲ့ ဥစ္စာတွေပါပဲ။ အဲ့လို ညံ့စေချင်လို့ ပြောသွားလား။ မညံ့စေချင်လို့ ပြောတာလား။ (မညံ့စေချင်လို့ ပြောတာ။) မညံ့စေချင်လို့ ပြောတာ ကိုယ်တော်တို့ရေ။
ကိုင်း၊ အဲ့ဒါကြောင့်မို့လို့ ကနေ့ ကိုယ်တော်တို့၊ ကိုယ်တော်တို့ကို ပြောလိုက်တာလည်း တော်တော်ကို အချိန်တွေ လွန်သွားပြီဗျ။ ဟုတ်လား။ အဲ့တော့ ကိုယ်တော်တို့ အခု တစ်ရက်နေ့၊ ဟိုဘက်က သီတင်းကျွတ်လဆန်း (၁) ရက်နေ့ကစပြီးကာကျတော့ ကိုယ်တော်တို့၊ ကိုယ်တော်တို့က အခု ဒီစာပြီးပြီဆိုပြီးကာကျတော့ အဟီး၊ လွတ်လပ်၊ လုပ်မနေနဲ့။ ခုနကတို့ စာမျက်နှာ (၄၂) ပြော။ (၄၂၊ ၄၃၊ ၄၄၊ ၄၅၊ ၄၆။) (၄၆)။ စာမျက်နှာ (၄၂) ရဲ့ ဇယားရဲ့အောက်က အဲ့ဒါ ဆိုရိုးကို ကျက်ခဲ့ကြတယ် ဟုတ်လား။ (မှန်ပါ့။)
ဟေတုမူလီ အဓိပတိသဘာက၌ သမ္ပယုတ္တခန္ဓာအားအပ်သော အဓိပတိတရားကိုယ် (၃) ပါး၊ (၄) ပါး။ ဘာပါလဲဗျာ။ အဓိပတိ၊ ဤတရားတို့သည် ဟုတ်လားဗျာ။ ဟေတုပစ္စည်း နာမ် (၈) ပါးအားအပ်သော တရားတို့တွင်၊ ထိုတရားတို့ကို ဤသို့ ယူနေရသည်လည်းကောင်း ဘာညာ၊ ဘာညာ၊ ဘာညာပေါ့။ ဟုတ်လား။ ဟေတုပစ္စယေ၊ အဓိပတိယာစ တဲ့။ ဥပနိဿယ ဟော၊ စသည်ဖြင့် ဘာညာ၊ ဘာညာပေါ့။ ဟုတ်လား။ ကိုင်း၊ အဲ့ဒါ ကျက်ခဲ့။ ဟုတ်လား။ အားထစ်၊ အားထစ်ထည့်၊ အားထဲအားနဲ့ လုပ်မနေနဲ့။ တောင့်တောင့်တည့်တည့်နဲ့ လုပ်မနေနဲ့။ အဲ့ဒါ လိုက်ဖတ်ခဲ့။ အဲ့ဒါတင်မဟုတ်လားဆိုတော့ ဟိုအရကောက်ကြီးလည်း ဖတ်ခဲ့။ "အကျယ်မြင်ပြီးမှ... (အမြင်ကျယ်။) အမြင်ကျယ်မှာ"။ ဒီက အမြင်မကျယ်သေးဘဲနဲ့ အကျယ်ကို ဖြတ်ထုတ်နိုင်တဲ့ပုဂ္ဂိုလ် ဟုတ်ရဲ့လား။ (မဟုတ်ပါဘူးဘုရား။) ဉာဏ်နုတဲ့ပုဂ္ဂိုလ်တွေဆိုတာ အကျယ်ကိုမြင်ပြီးမှ... (အမြင်ကျယ်တာ။) အမြင်ကျယ်တာ။ အကျယ်မြင်အောင် ဘာလဲဗျ။ (ဖတ်ရမယ်။)တပည့်တော်တို့လည်းပဲ ဆရာတို့ကလည်းပဲ အလွန်တရာမှ ထူထုံအားတဲ့ပုဂ္ဂိုလ်ပဲ။ ဟုတ်လား။ တပည့်တွေကျတော့ အဲ့လိုမထူအောင်၊... (မထုံအောင်။) မနုံအောင်၊... (မအအောင်။) မအအောင် တပည့်တော်တို့ ပြောပြ၊ ပြောလိုက်တာ။ ဆရာတို့ကတော့ ဘာမှန်း ကိုယ်တော်တို့ကို စွန့်တာမဟုတ်ဘူး။ ကိုယ့်တပည့်တွေလည်းပဲ အဲ့ဒါ ကိုယ်မစွမ်းသလို၊ မစွမ်းတော့တာ မဖြစ်စေရဘူး။ အကုန်လုံး ဘာပဲလိုက်ဗျ။ (စွမ်းရမယ်။) စွမ်းရမယ်ဆိုတာက ဘာစွမ်းရမှာတုန်း။ အတတ်ပညာတွေ၊ စာတွေ၊ အသိပညာ၊ ဗဟုသုတတွေ ဘာဖြစ်လို့ဗျ။ (စွမ်းရမယ်။) စွမ်းကြွယ်ဝတဲ့ပုဂ္ဂိုလ်၊ စွမ်းတဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်။ ဟုတ်လားဗျ။ တုံးတိဆရာတော် မဖြစ်စေနဲ့။ ဟုတ်လားဗျာ။ တို့ကတော့ နေတာကုန်၊ ညောင်တုံးပဲ။ တုံးကနဲဖြစ်တော့။ ဟုတ်လား။ ညောင်တုံးနေလို့ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်တိုင်က တုံးပြီးသားမို့လို့။ ဟုတ်လား။
ကိုင်း၊ ဒါကြောင့် ကိုယ်တော်တို့ရေ၊ စာချတဲ့ကိစ္စကိုတော့ အဲ့လောက်နဲ့ပဲ ပြီးပြီ။ ဒါကြောင့် ကိုယ်တော်တို့ အခု စာမျက်နှာ (၄၂) ကစပြီးတော့ ဟိုဘက်ကို ဖတ်ခဲ့။ ကျက်စရာရှိတာတွေကို ဘာလဲ။ ကျက်ခဲ့။ ဖတ်စရာရှိတာတွေကို... (ဖတ်ခဲ့။) ဖတ်ခဲ့။
စာချတဲ့ကိစ္စပြီးပြီဆိုလို့ရှိရင် ကိုယ်တော်တို့ကို အဖိတ်အနေနဲ့ လက်ဆောင် ဒါလေးနည်းနည်းလေး ပေးရအောင်ပေါ့ဗျာ။
နယိဒံ အကတပုညာနံ၊ ကတပုညာနမေဝိဒံ။ အသောကံ နန္ဒနဝနံ၊ စိတ္တလတာ မဟာဝနံ။ သုခံ အကတပုညာနံ၊ ဣဓ နေဝ ပရတ္ထ စ။ သုခဉ္စ ကတပုညာနံ၊ ဣဓေဝ ပရတ္ထ စ။ ဘေတဝတ္ထု၊ အဋ္ဌကထာ စာမျက်နှာ (၁၆)၊ အဘိဇ္ဇမာနဘေတဝတ္ထု။ အဲ့တော့ ပေးမယ်။ အထက်ကဂါထာက အဆုံးကစပြီး ပေးမယ်။ စိတ္တလတာနံ၊ တာဝတိံသာနတ်၊ တာဝတိံသာနတ်တို့၏ မဟာဝနံ မဟာဝန်ဥယျာဉ်ကြီးလည်း ဖြစ်ပေထသော၊ အသောကံ စိုးရိမ်ပူဆွေးငိုကြွေးစရာလည်း မရှိထသော၊ ဓမ္မံ နှလုံးမွေ့လျော်ပျော်ပွဲလည်း ကောင်းပေထသော၊ ဣဒံ က ဤ၊ နန္ဒဝနံ နဲ့တွဲ။ ဣဒံ နန္ဒဝနံ၊ ဤနန္ဒဝန်ဥယျာဉ်သာသည် အကတပုညာနံ ကုသိုလ်မပြု၊ မေ့လျော်မှုဖြင့် အကုသိုလ်လိုက်စားမယ့် လူငမိုက်သားတို့အတွက် န ဟောတိ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါ။ အဆုံးက ဣဒံ၊ ဣဒံ နန္ဒဝနံ၊ ဤနန္ဒဝန်ဥယျာဉ်ကြီးသည် ကတပုညာနမေဝ၊ ကတပုညာနံ ဧဝ၊ ကောင်းမှုပြုသူတို့အားသာလျှင် ဟောတိ ကောင်းစွာမသွေ ဖြစ်ရပါပေ၏။အောက်ကဂါထာက
အကတပုညာနံ ကောင်းမှုမပြုသူတို့အတွက် ဣဓ စ ဤမျက်မှောက်သောဘဝ၌လည်းကောင်း၊ ပရတ္ထ စ တမလွန်ဖြစ်လေရာဘဝ၌လည်းကောင်း၊ သုခံ ချမ်းသာအမျိုးမျိုးသည်၊ `လူဖြစ်သောချမ်းသာ၊ နတ်၌ဖြစ်သောချမ်းသာ အစရှိသော ချမ်းသာအမျိုးမျိုးသည်ဟုတ်ကဲ့ပါ၊ ရပ်တန့်သွားခဲ့သောနေရာမှ ဆက်လက်၍ စစ်ဆေးတည်းဖြတ်ပေးလိုက်ပါသည်။
ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (ဒွါဒသမပိုင်း အဆက်)
...
နတ္ထိ ဘယ်လိုနည်းနဲ့မှ မရှိနိုင်ပေ။ ရတယ်နော်။ (မှန်ပါ့ဘုရား။) သုခဉ္စ၊ ချမ်းသာသည်ကား ကတပုညာနံ ကောင်းမှုပြုသောသူတို့အားသာလျှင် ဣဓေဝ စ ဤမျက်မှောက်သောကာလ၌လည်းကောင်း၊ ပရတ္ထ စ တမလွန်ဘဝ၌လည်းကောင်း၊ အတ္ထိ မုချကိန်းသေ ဖြစ်ရပါတည်း။ ကောင်းတယ်ဗျာ။ ဟုတ်လား။ကိုင်း၊ အဲ့တော့ ကိုယ်တော်တို့ရေ၊ နည်းနည်းလေး အချိန်လေးရတာနဲ့လည်း ကိုယ်တော်တို့ သံဝေဂ၊ ကိုယ်တော်တို့ရေ သံဝေဂဖြစ်အောင် သံဝေဂဂါထာလေးတစ်ခု ရေးကြရအောင်ပေါ့။ ဒါက သံယုတ်ကလာတဲ့ ဥစ္စာလေး။
ယော စ ဝဿသတံ ဇီဝေ၊ သောပိ မစ္စုပရာယဏော။ န ကိဉ္စိ ပရိဝဇ္ဇေတိ၊ သဗ္ဗမေဝါဘိမဒ္ဒတိ။ မဇ္ဈိမနိကာယ်၊ ဓမ္မစေတိယသုတ်၊ မဟာဝဂ္ဂသံယုတ်၊ ဇရာဓမ္မသုတ်၊ စာမျက်နှာ (၁၀၉၀)။ ယောပိ အကြင်ပုဂ္ဂိုလ်သည်ကား ဝဿသတံ နှစ်ပေါင်းတစ်ရာ ကာလပတ်လုံး၊ ဇီဝေ အသက်ရှင်ငြားသော်လည်း၊ သောပိ ထိုပုဂ္ဂိုလ်သည်လည်း မစ္စုပရာယဏော သေမင်းလျှင်လျှင် လဲလျောင်းရာရှိလှပါပေ၏ တဲ့။ မရဏံ၊ သေခြင်းဆိုတဲ့သဘောတရားသည် ကိဉ္စိ တစုံတယောက်သော၊ ကိဉ္စိ တစုံတယောက်သောသူကိုမျှ န ပရိဝဇ္ဇေတိ မရှောင်၊ န ပရိဝဇ္ဇေတိ ပါဗျ၊ မရှောင်။ သဗ္ဗမေဝါဘိမဒ္ဒတိ၊ သဗ္ဗမေဝ အဘိမဒ္ဒတိ၊ သဗ္ဗမေဝ အလုံးစုံသောလည်းဖြစ်သော သတ္တဝါအပေါင်းကို အဘိမဒ္ဒတိ ဘာလိမ့်ဗျ။ (နှိပ်စက်ပါပေ၏။) နှိပ်စက်ပါပေ၏။ ဒါ ဘုရားရှင် ညီတော်ချင်း၊ ဘုရားရဲ့ ညီတော်ချင်း အထက်ကနေ တစ်ခါတည်း ပါတယ်။ ကိုယ်တော်တို့ ဟုတ်လားဗျာ။ ဇရာဓမ္မောမှိ ဇရံ အနတီတော တဲ့။ ဘုရားရှင်ရဲ့ ညီတော်ချင်းပဲ။ ဒါလေးရလား ဟုတ်လားဗျ။ ဘုရားရှင်က ဘာလေးဗျ။ (ညီတော်ချင်း။) ညီတော်ချင်း ညည်းလိုက်တာ။အဲ့တော့လည်းပဲ အခု ဆောင်းတွင်းကာလလေးပေါ့။ ဘုရားရှင်ကိုယ်တော်မြတ်က ဝိသာခါကျောင်းတော်၌ ညနေ (၃) နာရီလောက်ကလေးမှာ တစ်ခါတည်း နောက်ကျောကို နေပူစာလှုံနေတယ်။ နေပူလေးပြနေတယ်။ သင်္ကန်းလေးလှန်းပြီးတော့ နောက်ကျောကို နေပူပြနေတော့ အဲ့ဒီတော့မှ ဘုရားရှင်ရဲ့쭈န့်လိမ်နေတဲ့ အရေးအကြောင်းတွေကို ကြည့်ပြီးအခါကျတော့ ရှင်အာနန္ဒာက လက်ကလေးနဲ့ အသာအယာပွတ်ပြီးကာကျတော့ ဘုရားရှင်ကို လျှောက်နေတာ။ "ဘုရား၊ မြတ်စွာဘုရားရဲ့ အရေအသားသည် ကြည့်စမ်းပါဦး။ နုနယ်ငယ်ရွယ်စဉ်ကာလဆိုလို့ရှိရင်လည်းပဲ ရွှေအဆင်းကဲ့သို့ ဝင်းဝါနေတဲ့ အသားတော်၊ အရေတော်တွေကလည်း ကိုယ်တော်ဖြင့် ညိုမည်းညစ်ပြီးကာကျတော့ အသာလေး ပမာဏလောက်ကိုပဲ ရှိနေပြီ။ အရေတွေဟာလည်း အတွန့်အလိပ်လိပ်၊ အခွေခွေ၊ အခေါက်ခေါက် ရှိနေပြီ" တဲ့။ ဟုတ်လားဗျ။ အဲ့တော့ လက်ကလေးနဲ့ ပွတ်ရင်းနဲ့ ပြောနေတာ။ အဲ့တော့ ဘုရားရှင်ကိုယ်တော်မြတ်က အဲ့လို ရှင်အာနန္ဒာရဲ့ အဲ့လိုလျှောက်ထားချက်ကလေးကို ကြားပြီးတော့မှ၊ ရှင်အာနန္ဒာလျှောက်ထားချက်အဆုံး ဒါလေးပြောလိုက်တာ။ "ဟုတ်တယ်ကွာ" ဆိုပြီးတော့မှ ဒါလေး ညည်းချင်းနဲ့။ ဟုတ်လား။ ဒါလေး ဘာလို့ခေါ်လဲ။ (ညည်းချင်း။) ညည်းချင်း၊ ညီတော်ချင်း ညည်းတာ။ ဟုတ်လားဗျ။ ဟုတ်လား။ အဲ့လိုပြောလိုက်တာ။
အဲ့တော့ရေ၊ ဒါလေးလည်းပဲ၊ ကိုယ် ဒါ ကိုယ်တော်တို့ကတော့ ရှိမှာပေါ့။ ဒါ ဘုန်းကြီးတို့ အိုတို့၊ နာတို့ ပြောတာ။ "တပည့်တော်တို့က ဒီတရားတွေ ခေါင်းထဲမရောက်သေးဘူးဘုရား" မလုပ်လိုက်နဲ့လေ။ ကိုယ်တော်လည်း မအိုဘဲနဲ့ ရပ်တန့်ထားလို့ရလား။ (မရပါဘူး။) မရဘူး။ "ကိုယ်တော်ဟာ ဒီလိုခန္ဓာကိုယ် မအိုသေးဘူးဘုရား၊ ဘုန်းကြီးသာအိုတာ" ဟုတ်လား။ အဲ့လိုကြီး တွက်လို့ရပါ့မလား။ (မရဘူး။) မရဘူး။ ကိုယ်တော်တို့ မအိုဘဲ ဘယ်သူမှ၊ မအိုတာ ဘယ်သူမှ ရပ်တန့်ထားလို့... (မရဘူး။) မရဘူးပေါ့ဗျာ။ ဟုတ်လားဗျို့။ မအိုချင်ရင်တော့ မအိုဆေး ပေးလို့တော့ရတယ်ဗျ။ ကိုယ်တော်တို့ ယူမလား၊ ရှူရှိရင်ပြော။ (မှန်ပါ။)
အဲ့ဒါ အခု သန်လျင်ဘက်မှာ ကျောင်းထိုင်နေတဲ့ ဥတ္တရာဓမ္မကထိက၊ မဟာစည်ဓမ္မကထိက၊ အခုလည်း ရှိပါသေးတယ်။ ကျောင်းထိုင်နေတာ။ တောင်ဘက်မှာ သွားပြီးတော့ တရားဟောတယ်။ ဗျ။ ပရိသတ်ကြီးကို။ အဲ့ဒါ တောင်ဘက်က သူ့ရိပ်သာကလည်းပဲ အသစ်ဆိုတော့ အဲ့ဒါ ကြည့်တဲ့ပုဂ္ဂိုလ်တွေက အဲ့ဒါ "ပြောင်းပြောင်းပျက်ပျက် မလုပ်နဲ့၊ ဘုန်းကြီးကို ရိုသေသေဆက်ဆံပေါ့လေ၊ တည်တည်ငြိမ်ငြိမ်နေပေါ့"။ သူကလည်း ဆရာပြောလည်း မပြောဘူးတဲ့။ တစ်ခါပြောလည်း မပြောဘူး၊ နှစ်ခါပြောလည်း မပြောဘူး။ သူက အမေးအဖြေလည်း ပြောလို့မရဘူး။ သူက ဒီမဟာစည်အဖွဲ့ တရားဟောတာနဲ့ မိုးကုတ်အဖွဲ့ တရားဟောတာနဲ့ တခြားစီပဲကိုးဗျ။ ဟုတ်လား။ မိုးကုတ်အဖွဲ့က တရားနာပရိသတ်တွေကလည်းပဲ ဘုန်းကြီးက ပါးစပ်က မမေးရသေးဘူး၊ ပြောဖို့ ပါးစပ်က ပျင်းနေပြီ။ "ဟော" ခနဲ၊ "သော" ခနဲ။ ဟုတ်လား။ ဟိုကတော့ အဲ့လိုမဟုတ်ဘူး။ ဦးဇင်းတို့ပေါ့ဗျာ။ လူတွေကလည်းပဲ တရားနာတာကလည်းပဲ နည်းနည်း အဝမ်းမဝသေးဘူးပေါ့ဗျာ။ အလေ့အထမကျသေးဘူးဆိုတော့ မေးလည်းမရဘူးတဲ့။
အဲ့ဒါနဲ့ သူကမေးတယ်။ "ခင်ဗျားတို့၊ ကျုပ်လည်းပဲ ဟိုဟာ မအိုချင်ဘူး။ ခင်ဗျားတို့ အိုချင်သလား" ပေါ့။ "မအိုချင်ပါဘူးဘုရား"။ "မအိုတဲ့ဆေး၊ ကျုပ်တော့ ဆေးကောင်းဝါးကောင်း ရထားတာ။ ခင်ဗျားတို့ ယူမလား" ပေါ့။ တချို့လည်း ယူမယ်၊ တချို့က ဘာမှမပြောဘူးတဲ့။ အဲ့လောက်ပြောနေတာ တချို့က မပေးနိုင်ဘူးပေါ့လေ။ "ယူမလား" ဆိုတော့ တစ်ဝက်လောက်ကတော့ "ယူမှာဘုရား"။ "ခင်ဗျားတို့ အဲ့လိုကြီးကတော့ ကျုပ်က မပြောနိုင်ဘူး။ ဒီလောက်ကောင်းတဲ့ဆေး၊ ဆေးကောင်းဝါးကောင်းကို ခင်ဗျားတို့၊ ကျုပ်က မပေးနိုင်ဘူးပေါ့လေ။ အကုန်လုံးပြောမယ်ဆို ကျုပ်က ပေးမယ်ကွ" လေ။ အဲ့တော့၊ အဲ့တော့ "မအိုတဲ့ဆေး ပေးမလား၊ ယူမလား" ဆိုတော့ "ယူပါ့မယ်ဘုရား" ပေါ့လေ။ အားရပါးရ အော်လိုက်ကြတာ။ "ကိုင်း၊ သေသေချာချာ မှတ်" ပေါ့ သူကပြောလိုက်တယ်။ ဟုတ်လား။ "ကိုင်း၊ ခင်ဗျားတို့ သေချာမှတ်ကြ၊ သေချာမှတ်သွားကြ" ပေါ့။ "ကိုင်း၊ မှတ်ပြီလားဟေ့"။ "မှတ်တော့ပါ့မယ်ဘုရား" ပေါ့။ "ဒကာ၊ ဒကာမတို့၊ မအိုချင်ရင် မြန်မြန်သေလိုက်" တဲ့။ ဟုတ်လားဗျို့။ (မြန်မြန်သေလိုက်။) မြန်မြန်သေလိုက်။ ဒါမှမဟုတ် ကိုယ်တော်တို့ ဒါက ဇရာသဒ္ဒါ ဘယ်နှမျိုးရှိတာပါဘုရား။ (ခြောက်မျိုး။) ဟာ၊ ဘာကာလ။ (ပါကတဇရာ။) အဲ့တော့ ပါကတဇရာကို ပြောတာလေ။ ဟုတ်လားဗျ။ ထင်ရှားတဲ့ဇရာကို ပြောတာ။ ကိုယ်တော်တို့ နေ့တိုင်းတော့ အိုနေတာပဲလေ။ တပည့်တော်တို့မှာလည်း ကိုယ်တော်တို့ အိုနေတာပဲလေ။ မအိုလို့ရှိရင် ကလေးဘဝက တက်လာပါ့မလား။ ကြီးလာပါ့မလား။ (မကြီးလာပါဘူး။) ကြီးမလာဘူး ကိုယ်တော်တို့ရဲ့။ ဟုတ်လား။
ကိုင်း၊ အဲ့ဒါကြောင့် ကိုယ်တော်တို့ရေ၊ ကိုယ်တော်တို့ မအိုတဲ့ဆေးတော့ သိပြီ။ မလုပ်နဲ့။ ပဋ္ဌာန်းကုန်ရင်တော့ တက်သွားကြဦး။ ဟုတ်လား။ ဘာလဲဗျ။ (ပဋ္ဌာန်းတော့ကုန်ရင် တက်သွားကြ။) ဘုန်းကြီးကတော့ တပည့်တော်တို့၊ အဲ့ဒါ ဘုန်းကြီးကတော့ တပည့်တော်တို့ သေလိုက်ရင် ဘုန်းကြီး ဘာသာကျသွားလိမ့်မယ်။ ဟုတ်လား။ အဲ့လို မလုပ်လိုက်နဲ့။ သေတော့ သွားမကြည့်လိုက်နဲ့နော်။ အဲ့ ကိုယ်တော်ပြောတာကို ပြောတာ။ ဟုတ်လား။ တော်တော်ခက်တာပဲ။ ကိုယ်တော်တို့ ပရိယာယ်လည်း၊ ပရိယာယ်လည်း မတူဘူးဗျ။ ဟုတ်လား။ ကိုယ်တော်တို့ ပရိယာယ်လည်း အတတ်ထားရဲ့လား။ မဟုတ်ဘူးနော်။ ကိုယ်တော်တို့ တော်တော်က တပည့်တော်တို့ ဆေးနည်းသာ ပြောတာ။ ဟုတ်လား။ ကိုင်း၊ ဒီနေ့တော့ ဒီလောက်ပဲ ရအောင်ပေါ့ဗျာ။ ဟုတ်လား။ အဲ့ဒါတောင်မှ တော်တော်ရောက်သွားပြီဗျ။ ဟုတ်လား။ (ရောက်သွားပြီ။)
