သုဒ္ဓသင်္ချာနှင့် ပစ္စည်းတရားများ၏ အပြန်အလှန်ဆက်စပ်မှု
၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လဆန်းလေးရက်၊ ၂၀၁၁ ခု၊ အောက်တိုဘာတစ်ရက်၊ စနေနေ့။ အဲ့တော့ အရှင်ဘုရားတို့ရဲ့ စာအုပ်စာမျက်နှာ ၄၆၊ ၄၇ မှာပါတဲ့ သဟဇာတအကြီးအလတ်တို့ရဲ့ သဘာဂတရားတွေရဲ့အကြောင်း ဒီနေ့အဆုံးတိုင်အောင် လွှတ်မလားလို့။ ခုနက စာအုပ်ကြော်ငြာလိုက်တာနဲ့ နည်းနည်းလေးအချိန်တိုသွားလို့ နည်းနည်းကျန်ကောင်းကျန်သွားနိုင်တယ်ပေါ့ဗျာ။
အဲ့တော့ ဒီဥစ္စာတွေက အသိတရားတစ်ခုဆိုသလိုပဲ စာမျက်နှာကိုးမှာ သဟဇာတကြီးရဲ့ သုဒ္ဓသင်္ချာ၊ စာမျက်နှာ ၁၁ မှာ အညမညရဲ့ သုဒ္ဓသင်္ချာ၊ ၁၂၊ ၁၃ မှာ ဝိပါက၊ သမ္ပယုတ္တ၊ သဟဇာတ၊ ဝိပ္ပယုတ္တရဲ့ သုဒ္ဓသင်္ချာ၊ အဲ့သုဒ္ဓသင်္ချာငါးခု၊ အဲ့ဒီက ကိုယ်တော်တို့ကို အဲ့ဒီက သုဒ္ဓသင်္ချာငါးခုပဲ အသုံးပြုမှာ။ ကိုယ်တော်တို့ စာမျက်နှာ ၄၆၊ ၄၇ တို့မှာဆိုလို့ရှိရင် အဲ့တော့ သဘာဂတွေပဲဖြစ်ဖြစ်၊ ကရဏာ၊ အဲ့ဒီသဟဇာတကြီး ၅၇ ချက်တို့ပဲဖြစ်ဖြစ် အဲ့ဒီသုဒ္ဓသင်္ချာငါးခုပဲရှိတယ်။ အဲ့သုဒ္ဓသင်္ချာငါးခုကို ညက်ညက်ကြေမယ်ဆိုရင် ကိုယ်တော်တို့ ဒီကရဏဘယ်နှစ်ချက်၊ ၅၇ ချက်။ ကရဏဘယ်လောက်ပါလိမ့်။ ၅၇ ချက်။ ၅၇ ချက်ကရဏတွေက သဘာဂတော့ အများကြီးပေါ့ဗျာ။ ဒီဥစ္စာဒီလိုက်တွေပေါ့။ ဒီဒါ သဟဇာတအကြီးမှာ၊ သဟဇာတအကြီးမှာဆိုလို့ရှိရင်လည်းပဲ ကရဏ ၁၄ လီပေါ့။ ၁၄ လီ။ ဟိုမှာလည်းပဲ အလတ်တွေလည်းဆိုလို့ရှိရင်လည်း အဲ့ဒါ ၁၄ ရှိတယ်၊ ၁၃ ရှိတယ်ဆိုတော့ အဲ့ဒါ ကရဏပေါင်းအမြောက်အမြား၊ သဘာဂပေါင်းအမြောက်အမြား ၈၀ လောက်၊ သဘာဂ ၁၀၀ လောက် ပြီးသွားလိမ့်မယ်ပေါ့။ ဟုတ်လား။ သုဒ္ဓသင်္ချာငါးခုလေးနဲ့ အကုန်ပြီးမှာ။ သုဒ္ဓသင်္ချာဘယ်လောက်၊ ဘယ်လောက်ပါလိမ့်။ ငါးခု။ ငါးခုနဲ့ အကုန်ပြီးမှာ။ အဲ့ဒီသုဒ္ဓသင်္ချာတွေပဲ ဘယ်တော့မှ မိုးခိုကျမလာဘူး။ ဒါပဲ။ ဟုတ်လားဗျ။
ဆိုလို့ရှိရင် ဒီလောက်ပြောလိုက်တာနဲ့ကိုပဲ သိနေပြီ။ သိလား။ သိနေပြီ။ မဖတ်ခဲ့တဲ့ပုဂ္ဂိုလ်ကတော့ ကိုယ်ဘုန်းကြီးပြောလိုက်တာ မရိပ်မိသေးဘူး။ ဟုတ်လားဗျာ။ အဲ့ဒါ ကိုယ်တော်တို့ အကုန်လုံးဖတ်လိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တစ်ယောက်မှတုံးတဲ့ပုဂ္ဂိုလ်၊ အတဲ့ပုဂ္ဂိုလ် မပါဘူး။ မဖတ်ဘူးဆိုလို့ရှိရင်တော့ ပါမှာ။ ဟုတ်လားဗျ။ ဒါ ဘုန်းကြီးကတော့ ငါ့ပြောနေပြီ။ ဟုတ်လား။ ကဲ ဒါကြောင့်မို့လို့ စာမျက်နှာကိုးက အဲ့ဒီက၊ အဲ့ဒီက ကိုယ်က အဲ့စသဖြင့် အကြီးအလတ်တို့ရဲ့ သုဒ္ဓသင်္ချာတွေကို ကိုယ်တော်တို့ရေ သေသေချာချာမှတ်မှတ်သားသားနဲ့ ဆိုလိုက်ကြရအောင်။ ကဲ ဆိုပြီးကာကျတော့မှ အဲ့ဒီက ကရဏ၊ သဘာဂတွေ သွားကြရမယ်။ ဆိုရအောင်ဗျ။
အပြန်အလှန်တူညီသော သဘာဂတရားများ
အဲ့တော့ သဘာဂဖြစ်ပုံကို အာရုံစိုက်ပြီး စာမျက်နှာ ၁၁ နဲ့ ၁၂ ကိုကြည့်မယ်။ အညမညကို မူထားလိုက်မယ်ပေါ့။ အညမညမှာ မူထားမယ်ဆိုရင် ဝိပါက၊ အညမညမူဝိပါကသဘာဂ ကြည့်မယ်ပေါ့။ အဲ့စာမျက်နှာ ၁၁ နဲ့ ၁၂ ကိုကြည့်မယ်။ အဲ့တော့ ဆိုလို့ရှိရင် ဝိပါကသုဒ္ဓသင်္ချာ ညာဘက်အစွန်က စိတ္တဇရုပ်နဲ့ ပဋိသန္ဓေကမ္မဇရုပ်ကို ဖြုတ်လိုက်လို့ရှိရင် တွေ့လား။ မှန်ပါ။ ဝိပါကပစ္စည်းရဲ့ ဘာပါလိမ့်။ ညာဘက်အစွန်မှာ ပစ္စည်း၊ ပစ္စယုပ္ပန် နှစ်ကွက်ရှိတယ်မဟုတ်လား။ ညာဘက်အစွန်မှာ ဘာနဲ့ဘာဖြုတ်မယ်။ ဘာနဲ့ဖြုတ်လိုက်မယ်ဆိုလို့ရှိရင် အဲ့ဒီက ဝိပါက၊ အညမညတို့ နှစ်ဖက်ရမဖြစ်ဘူးလား။ ဖြစ်ပါတယ်။ ဖြစ်တယ်။ အဲ့ဒီကဥစ္စာကို "အညမညမူဝိပါကသဘာဂ၌ အလုံးစုံသော ရုပ်အပ်သော ဝိပါက်ပဋိသန္ဓေနာမ်ခန္ဓာလေးပါး၊ ဟဒယဝတ္ထုအပ်သော ဝိပါက်ပဋိသန္ဓေနာမ်ခန္ဓာလေးပါး၊ ဤတရားတို့သည် အညမည၊ ဝိပါကပစ္စည်းနှစ်ပါးအပ်သော တရားတို့အမည်ကုန်၏။" ဘယ်လိုသိရမယ်။ ဟုတ်လားဗျ။ ကဲ ဒါလေးဆိုကြည့်လိုက်ရအောင်။ "အညမညမူဝိပါကသဘာဂ၌" အဲ့ဒီစာမျက်နှာ ၁၂ ကိုပဲကြည့်ဆိုမယ်။
အဲ့တော့ "အညမညမူသမ္ပယုတ္တသဘာဂ" ဆိုလို့ရှိရင် ကိုယ်တော်တို့က ဟိုက အလင်္ကာနဲ့တောင်၊ အလင်္ကာသမာဓိဂုဏ်ခြောက်ပါးထဲက ပါဏိဓမ္မသမာဓိဂုဏ်နဲ့ ကတုဓမ္မသမာဓိဂုဏ်နဲ့တော့ ဥပမာမပြောခဲ့ဘူးလား။ ကတုဓမ္မသမာဓိဂုဏ်ရတိုင်း ပါဏိဓမ္မရတယ်လို့ပြောလား။ ရပါတယ်။ အခုလည်းအဲ့လိုပဲ။ သမ္ပယုတ္တနဲ့ အညမညတို့က ဘယ်သူကကျယ်တာပါလိမ့်။ အညမညပါ။ အညမညကကျယ်တယ်။ အဲ့လိုဆိုလို့ရှိရင် သမ္ပယုတ္တရတိုင်း အညမညရတယ်။ အညမညရတိုင်းတော့ မရပါဘူး။ ဘုရား။ ဘာမလိုက်နိုင်တာပါလိမ့်။ ဟဒယဝတ္ထု။ ဟဒယဝတ္ထုကို မလိုက်နိုင်ဘူး။ ဒါကြောင့်မို့ သမ္ပယုတ္တပစ္စည်းသုဒ္ဓသင်္ချာအတိုင်းဆိုမယ်ဆိုရင် အညမညပါရတဲ့အတွက်ကြောင့် နှစ်ဖက်ရဖြစ်ဖူးလား။ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ "အညမညမူသမ္ပယုတ္တသဘာဂ၌" ဆိုရအောင်။
အဲ့တော့ "အညမညမူဝိပ္ပယုတ္တ" ၁၁ နဲ့ ၁၃ လှမ်းချိန်ကြည့်မယ်ဗျ။ အညမညနဲ့ ဝိပ္ပယုတ္တတို့ သဘာဂဖြစ်တဲ့ နှစ်ဖက်ရတရားကို လိုက်ရှာကြည့်စမ်းပါဦး။ ဘယ်သူဖြစ်မလဲလို့ နည်းနည်းလေးရှာကြည့်စမ်းပါဦးဗျ။ အဲ့တော့ အညမညနဲ့ ဝိပ္ပယုတ္တတို့ဟာ နှစ်ဖက်ရတရားက သူတို့ရဲ့အောက်ဆုံးသုဒ္ဓသင်္ချာလေးပဲ မဟုတ်ဘူးလား။ မှန်ပါ။ "အချင်းချင်းအပ်သော ပဉ္စဝေါကာရပဋိသန္ဓေနာမ်ခန္ဓာနှင့် ဟဒယဝတ္ထု။" ဟုတ်လားဗျာ။ အဲ့ဒီက ရန်ကုန်တိုင်းမှာ တပည့်တော်မေးခဲ့တာ၊ တစ်ခါမေးဖူးခဲ့တာ။ ခြောက်နှစ်၊ ခုနစ်နှစ်အတွင်းမှာ ဘယ်နှခါမေးခဲ့တာပါလိမ့်။ အညမညကလည်း ဒီအတိုင်း၊ ဝိပ္ပယုတ္တကလည်း ဒီအတိုင်း။ ကိုယ်တော်တွေကတော့ တွဲချလိုက်တာပဲပေါ့။ "အညမညပစ္စယာ ဝိပ္ပယုတ္တေ" ဆိုတော့ ဒီအတိုင်းပဲ ရဲကနဲဆို ကြက်ခြေခတ်လိုက်တာပေါ့ဗျာ။ ဟုတ်လား။ အဲ့ဒါ သင်္ချာဘယ်လောက်ပါလိမ့်။ ဧကန်။ နှစ်ဖက်ရတရားက ဘာလဲဗျ။ နှစ်ဖက်ရတရားက ဘာလဲ။ တရားကိုယ်၊ နှစ်ဖက်ရသဘာဂဖြစ်သော တရားကိုယ်ကိုဖော်ပြပါဆိုရင် ဘာလဲဗျာ။ "အချင်းချင်းအပ်သော ပဉ္စဝေါကာရပဋိသန္ဓေနာမ်ခန္ဓာနှင့် ဟဒယဝတ္ထု" ပေါ့။ ဒါကိုလည်းပဲ ကိုယ်တော်တို့ ဒါရန်ကုန်တိုင်းပဲ ဘယ်နှခါတောင်မေးထားလဲ။ နှစ်ခါ။ နှစ်ခါတောင်မေးထားတယ်။ အဲ့ဒါ ဆရာကိုယ်တိုင်မေးထားတာပဲ။ ဟုတ်လားဗျ။ ကဲ ဒါကြောင့်မို့လို့ ဒီဥစ္စာကောင်းဘူးလား။ ကောင်းပါတယ်။ အဲ့ဒါ ကိုယ်သုဒ္ဓသင်္ချာကြည့်ရတာပဲလေ။ ဟုတ်တယ်မဟုတ်လား။ အောက်ဆုံးတူတာလေးပဲ။ ဟုတ်လား။ ကဲ ဒါကြောင့်မို့လို့ "အညမညမူဝိပ္ပယုတ္တသဘာဂ၌" ဆိုကြည့်ရအောင်။
အဲ့တော့ အညမညကို မူထားလိုက်တော့ ကျန်တဲ့သုံးခုကို မူလီသို့ပြုသွားပြီပေါ့။ ဒါဆိုလို့ရှိရင် ဝိပါကကို မူထားကြည့်ရအောင်။ ဝိပါကဆိုလို့ရှိရင် "ဝိ၊ သံ" ပေါ့။ "ဝိ၊ သံ" ဆိုလို့ရှိရင် "ဝိပါကမူသမ္ပယုတ္တသဘာဂ" ဆိုရင်ကြည့်မယ်။ ဝိပါကရဲ့အဆုံးသုဒ္ဓသင်္ချာလေးပဲ တွေ့လား။ မှန်ပါ။ ဝိပါကရဲ့အဆုံးသုဒ္ဓသင်္ချာလေးက ဘာလဲ။ စာမျက်နှာ ၁၂ ကိုကြည့်မယ်လေ။ ဘာပါလိမ့်ဗျ။ "အလုံးစုံသော၊ အချင်းချင်းအပ်သော အလုံးစုံသော ဝိပါက်၊ ဝိပါက်ပဋိသန္ဓေနာမ်ခန္ဓာလေးပါး။" ဒါ နှစ်ဖက်ရမဖြစ်ဘူးလား။ ဖြစ်ပါတယ်။ သင်္ချာတပ်မယ်ဆိုရင် ဘယ်လောက်ပါလိမ့်။ ဧကန်တပ်မယ်။ ဧကန်တပ်မယ်။ ဒါပဲ။ ဒါပဲ။
ကဲ ဒါဆိုလို့ရှိရင် နောက်တစ်ခုသွားမယ်။ ဝိပါကမူအညမညတော့ သိပြီးသားနော်။ ခုနကပြောခဲ့ပြီးသလားပဲ။ "ဝိပါကမူဝိပ္ပယုတ္တသဘာဂ" ကြည့်မယ်ဆိုရင်၊ "ဝိပါကမူဝိပ္ပယုတ္တသဘာဂ" ကြည့်မယ်ဆိုလို့ရှိရင် ကိုယ်တော်တို့ကို စာမျက်နှာ ၁၃ က ဝိပ္ပယုတ္တရဲ့ သုဒ္ဓသင်္ချာ "အချင်းချင်း" ဆိုတာကို ဖြုတ်လိုက်။ တစ်နည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် ကိုယ်တော်တို့ကို ဟိုဘက်ဒီဘက်ကို လှမ်းချိန်လိုက်လေ။ လှမ်းချိန်လိုက်တဲ့အခါကျလို့ရှိရင် ဝိပါကအလယ်က "အချင်းချင်း" လေးဖြုတ်လိုက်လို့ရှိရင် မရဘူးလား။ ရပါတယ်။ ဝိပါကအလယ်က "အချင်းချင်း" ဖြုတ်လိုက်လို့ရှိရင် မရဘူးလားဟေ့။ ရပါတယ်။ ရတယ်။ ဟိုဘက်ဒီဘက်က လှမ်း၊ ၁၂၊ ၁၃ ဟိုဘက်လှမ်းချိန်လိုက်လေ။ ဟုတ်လား။ ဟုတ်လားဗျာ။
စာပေကျမ်းဂန်များမှ ကွဲလွဲချက်များနှင့် မှတ်သားဖွယ်ရာများ
သို့သော်လည်း ကိုယ်တော်တို့ အခုက ဥစ္စာနဲ့ပတ်သက်ပြီးတော့ ကိုယ်တော်တို့ နည်းနည်းလေးပြောစရာရှိတယ်။ ကိုယ်တော်ရဲ့စာအုပ် စာမျက်နှာ ၁၄၀ နဲ့အထက်၊ အဲ့ဒီစာမျက်နှာ ၁၂၊ ၁3 မှာကြည့်ဦး။ အဲ့ဒါလေးကို ပြောပြဦးမယ်။ အဲ့မှာ အရကောက်တဲ့၊ အရကောက်နဲ့ တကယ်ရမှာ ဟနေတာလေးတစ်ခုပေါ့။ ကွဲလွဲနေတာလေးတစ်ခုပေါ့။ ကိုယ်တော်တို့ မကြာခဏပြောတယ်။ ဒီစာပေတွေက သယ်ဆောင်လာတာတွေ နှစ်တွေခရီးရှည်ခဲ့ပြီလေ။ ကြားထဲမှာ ကိုယ်တော်တို့ စာတွေ၊ ပညာစဉ်းစားတွေ၊ မေတ္တာပျောက်တာတွေ မရှိဘူးလား။ ရှိတာပေါ့။ အဲ့လိုဆိုကျတော့ ကိုယ်တော်တို့ ဒီဥစ္စာတွေက ကြာလာများလာလို့ရှိရင် အမှားတွေလည်း ပါမလာနိုင်ဘူးလားဗျာ။ ပါလာနိုင်တယ်။
အခုကြည့်လိုက်။ ကိုယ်တော်တို့ စာမျက်နှာ ၁၂ နဲ့ ဟိုဘက်ချိန်လိုက်မယ်။ အဲ့တော့ ဟိုဘက်က ဝိပ္ပယုတ္တရဲ့သဘောက ပစ္စည်းကနာမ်ဆိုရင် ပစ္စယုပ္ပန်ကရုပ်၊ ပစ္စည်းကရုပ်ဆိုရင် ပစ္စယုပ္ပန်ကနာမ် ဖြစ်ရမှာပေါ့။ အဲ့လိုဆိုလို့ရှိရင် ဟိုဘက်က စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်ကို ကျေးဇူးပြုနိုင်တဲ့တရားတွေဆိုလို့ရှိရင် အခုစာမျက်နှာ ၁၃ ကိုပဲကြည့်ထား။ "စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်အပ်သော ပဉ္စဝေါကာရပုထုဇဉ်ဖြစ်သောအခါ၊ အရူပဘုံ၌ဖြစ်သောအခါ၊ အရူပဝိပါက်လေးခု၊ ဒွေပဉ္စဝိညာဉ်တစ်ဆယ်၊ ရဟန္တာတို့ စုတိစိတ်ကျဉ်သော" ဟုတ်လားဗျ။ "ရဟန္တာတို့ စုတိစိတ်ကျဉ်သော" ဆိုပြီးကာကျတော့ အဲ့ဒီမှာ "ပဋိသန္ဓေနာမ်ခန္ဓာလေးပါး" ဟုတ်လားဗျ။ အဲ့ဒါရှိတာ။ အဲ့တော့ အဲ့ဒီလိုမဖြစ်ရဘူး။ အဲ့ဒီအရကောက်စာကို "ဝိပါက်" လို့ထည့်လိုက်ရမယ်။ ဘာထည့်ရမှာပါလိမ့်။ ဝိပါက်။ "ဝိပါက်စိတ္တဇ၊ ပဋိသန္ဓေကမ္မဇရုပ်အပ်သော ပဉ္စဝေါကာရပုထုဇဉ်၌ဖြစ်သောအခါ၊ အရူပဝိပါက်လေးခု၊ ဒွေပဉ္စဝိညာဉ်တစ်ဆယ်၊ ရဟန္တာတို့ စုတိစိတ်ကျဉ်သော" ဘာထည့်မယ်။ ဝိပါက်။ အဲ့ထဲက လက်ရှိက ကိရိယာတွေရောပါတယ်လေ။ ကိရိယာတွေက ဝိပါကပစ္စည်းဖြစ်ရဲ့လား။ ဝိပါကပစ္စည်းတပ်ရဲ့လား။ မတပ်ပါဘူး။ မတပ်ဘူး။ ဘာဖြစ်လို့ပါလိမ့်။ ဝိပါက်ပစ္စည်းမဟုတ်လို့။ ဝိပါကဆိုတော့ ဝိပါက်ပဲရသေးတယ်။ ကိရိယာရရဲ့လား။ မရပါဘူး။ မရဘူးလေ။ ဒါကြောင့်မို့လို့ ဘာသာရစေချင်လို့။ ဝိပါက်သာပါစေချင်လို့။ "ဝိပါက်ပုထုဇဉ်နာမ်ခန္ဓာလေးပါး၊ ဟဒယဝတ္ထုအပ်သော ပဋိသန္ဓေနာမ်ခန္ဓာ။" ဒါလေးရေးရမှာ။
အဲ့တော့ စာအုပ်စာမျက်နှာ ၄၆ ကိုကြည့်။ "ဝိပါကမူဝိပ္ပယုတ္တသဘာဂ" ရှိတာလေ။ အဲ့ဒီမှာ အဲ့ဒီက စာမျက်နှာ ၄၆ တွေ့ပြီလား။ ၄၆၊ ၄၆ နံပါတ် ၅ လေ။ "ဝိပါကမူဝိပ္ပယုတ္တသဘာဂ၌ စိတ္တဇ၊ ပဋိသန္ဓေကမ္မဇရုပ်အပ်သော ဝိပါက်ပဋိသန္ဓေနာမ်ခန္ဓာလေးပါး၊ ဟဒယဝတ္ထုအပ်သော ပဉ္စဝေါကာရပဋိသန္ဓေနာမ်ခန္ဓာလေးပါး။" ဒီလိုရှိနေတယ်။ ဟုတ်လား။ တကယ်တကယ်ရှိရမှာက အပေါ်ကိုပြန်ပြောဦးမယ်။ ခုနကပြောခဲ့ပြီ။ "ဝိပါကမူဝိပ္ပယုတ္တသဘာဂ၌ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်အပ်သော ပဉ္စဝေါကာရပုထုဇဉ်ဖြစ်သောအခါ၊ အရူပဝိပါက်လေးခု၊ ဒွေပဉ္စဝိညာဉ်တစ်ဆယ်၊ ရဟန္တာတို့ စုတိစိတ်ကျဉ်သော ဝိပါက်ပဋိသန္ဓေနာမ်ခန္ဓာလေးပါး။" ဒီလိုရှိရမှာ။ အဲ့တော့ အခုလက်ရှိရေးထားတာ စာမျက်နှာ ၄၆ တွေ့လား။ မှန်ပါ။ အဲ့တော့ ဟိုဘက်က စိတ္တဇ၊ ပဋိသန္ဓေကမ္မဇရုပ်ကို ကျေးဇူးပြုနိုင်၊ ကျေးဇူးမပြုနိုင်တဲ့ ခုနက အရူပ၊ ဒွေပဉ္စဝိညာဉ်၊ စုတိစိတ်၊ ရဟန္တာဆိုတာတွေရော ပါသလိုဖြစ်မသွားဘူးလား။ ဖြစ်သွားပါတယ်ဘုရား။ ဒါကြောင့်မို့လို့ "ဝိပါက်ပဋိသန္ဓေနာမ်ခန္ဓာလေးပါး" ဆိုတော့ ဘာသာလိုဖြစ်နေတဲ့အတွက်ကြောင့် ဒါမတိကျတဲ့သဘော ဖြစ်မနေဘူးလား။ ဖြစ်နေပါတယ်ဘုရား။ အဲ့ဒီတော့ တကယ်တကယ့်တကယ်က အဲ့လိုလေးဖြစ်ရမယ်လို့ မှတ်ထားလိုက်ဦးလေ။ တို့က မှတ်ဆိုမှတ်မလားဗျ။ လေး။ အမလေး။ ကြည့်စမ်းပါဦး။ ဘုန်းကြီးပြောရင် သူတို့က ငေးငိုင်နေတာ။ ဟုတ်လားဗျ။ အတုအပထားလေ။ "စေတနာ၊ ပဋိသန္ဓေကမ္မဇရုပ်အပ်သော ပဉ္စဝေါကာရပုထုဇဉ်၌ဖြစ်သောအခါ၊ အရူပဝိပါက်လေးခု၊ ဒွေပဉ္စဝိညာဉ်တစ်ဆယ်၊ ရဟန္တာတို့ စုတိစိတ်ကျဉ်သော ဝိပါက်ပဋိသန္ဓေနာမ်ခန္ဓာလေးပါး၊ အရဟတ္တဖိုလ်အပ်သော ပဉ္စဝေါကာရပဋိသန္ဓေနာမ်ခန္ဓာလေးပါး၊ ဤတရားတို့သည် ဝိပါက၊ ဝိပ္ပယုတ္တပစ္စည်းနှစ်ပါးအပ်ကုန်၏။" စသဖြင့်ဆိုမယ်။ ကဲ ဒါကိုတော့ဖြင့် ရလောက်တယ်ဗျ။ ဆိုကြည့်ရအောင်။ "ဝိပါကမူဝိပ္ပယုတ္တသဘာဂ" နဲ့ ဒါလေးကိုဆိုကြည့်မယ်ဗျ။ အဲ့ဒါ မှတ်မိသွားပြီနော်။ ဟုတ်သွားပြီ။
ဒါဆိုလို့ရှိရင် ကိုယ်တော်တို့ကို သဟဇာတအလတ်ချင်း သဘာဂဖြစ်ပုံ၊ သမ္ပယုတ္တနဲ့ ဝိပ္ပယုတ္တတို့ဟာ ဘယ်သောအခါမှ သဘာဂမဖြစ်ဘူးလို့ မှတ်လိုက်။ အဲ့တော့ တစ်အိမ်တည်းနေပေမယ့်လို့ ပါတီမတူဘူးပေါ့ဗျာ။ ဘယ်လိုပါလိမ့်ဗျ။ တစ်အိမ်တည်းနေပေမယ့်လို့ ပါတီမတူဘူး။ တစ်အိမ်တည်းနေပြီးတော့ ဘာလိမ့်။ ပါတီမတူဘူး။ အဲ့လိုကြီးပြောလို့မကောင်းပါဘူးဗျာ။ ဟုတ်လား။ တစ်အိမ်တည်းနေပြီးကာကျတော့ ဝါဒမတူဘူးပေါ့ဗျာ။ ဘာမတူတုန်း။ ဝါဒ။ အဲ တစ်ခုက ဘာဝါဒတုန်း။ ဟ။ ပြောချင်တာပြောပေါ့ဗျာ။ ပစ္စုပ္ပန်ဝါဒပြောပြော၊ ကမ္မဝါဒပြောပြောပေါ့ဗျာ။ ကိုယ်ပိုင်ဝါဒ၊ ဒီမိုကရေစီဝါဒပြောပြောပေါ့ဗျာ။ ဟုတ်လား။ ဆိုရှယ်လစ်ဝါဒပြောပြောပေါ့။ ကိုယ်ပြောချင်တာပြောလို့၊ ပြောလို့မရဘူးလား။ အဲ့လိုပဲ။
ကဲ ဒါကြောင့်မို့လို့ ကိုယ်တော်တို့ရေ၊ အာ ကိုယ်တော်တို့ကမေးမှာပေါ့။ "ဘုန်းကြီးရယ်၊ ဘုန်းကြီးစာအုပ် တစ်ခါတည်းပြင်လိုက်ပါလား" လို့ ပြောစရာမရှိဘူးလား။ ရှိပါတယ်။ မပြောတာလား။ ပြောတဲ့ပုဂ္ဂိုလ်ကရှိတယ်ဗျ။ "ဘုန်းကြီး အဲ့ဒါပြင်လိုက်ပါလား" တဲ့။ ဟာ အဲ့ဒါဆို တစ်လုပ်ပြင်နေရမယ်လို့။ အဲ့ဒါ တကယ်လို့ ကိုယ်ကပြင်လိုက်တာ ကိစ္စမရှိဘူး။ အဲ့ဒီက သွားမေးလို့ အဲ့ဒါ ဟိုမေးတဲ့ဘုန်းကြီးက ဒီအတိုင်းပဲဖြစ်မှာ၊ ထုတ်ထားတယ်ဆိုလို့ရှိရင် အမှန်ကိုယ်တော်ဟာ ပက်လက်လန်မသွားဘူးလား။ ပက်လက်လန်သွားတယ်။ အဲ့ဒါ မှန်လည်းမှန်သေး၊ နာလည်းနာသေး ဖြစ်နေရင် မကောင်းဘူးလား။ မှန်တာကြီးဆို ကောင်းသေးလား။ မကောင်းဘူးဗျ။ ဟုတ်လား။ အဲ့ဒါ ကိုယ်တော်တို့ လုပ်ကြည့်။ ဒါကြောင့်မို့လို့ အဲ့ဒါ အဲ့ဒီအတိုင်းပဲ ထားလိုက်ရတာ။ အဲ့တော့ ကိုယ်တော်တို့ အမှန်အကန်တော့ သိရမယ်မဟုတ်ဘူးလား။ အမှန်အကန်တော့ သိသွားကြတာ။
ကဲ ဒါကြောင့် ကိုယ်တော်တို့ စာမျက်နှာ ၄၆ ကိုသွားမယ်ပေါ့ဗျာ။ ၄၆ သွားလိုက်တဲ့အခါမှာ အဲ့ဒီမှာ ကိုယ်တော်တို့ အဲ့ဒီက သဟဇာတချင်းသဘာဂဖြစ်ပုံဆိုရိုးဇယားမယ်၊ အောက်မှာလည်းပဲ အဲ့ဒီဆရာဆိုရိုးဇယားရဲ့အောက်မှာလည်းပဲ အနုဝါဒတွေကလည်းပဲ သူ့ရသင့်တရားပဲ၊ အနုဝါဒကိုထုတ်ရမယ်ပေါ့။ ဝိဓိသော်လည်းကောင်း၊ အနုဘာသော်လည်းကောင်း ရသင့်တရားလကို ထုတ်ရမယ်။ ထုတ်ပုံတွေ့လား။ တွေ့တယ်။
သဟဇာတကြီးကရဏာ ၅၇ ချက်
ကဲ ဒါဆိုလို့ရှိရင် သဘာဂဖြစ်ပုံပြီးပြီဆိုလို့ရှိရင် ဒါမဲ့ ၄၆ က "သဟဇာတကြီးကရဏံ ၅၇ ပါး" တဲ့။ ကဲ အဲ့လိုဆိုလို့ရှိရင် ခရီးဆက်မယ်ပေါ့ဗျာ။ တစ်ဖက်မှာ၌ "သဟဇာတကြီးကရဏံ ၅၇ ချက်ပြထားပါတယ်" တဲ့။ သဟဇာတကြီးလေးခု၌ သဟဇာတကြီးတစ်ခုတစ်ခုစီမှာဆိုလို့ရှိရင် ၁၀ ချက်စီရှိကြတယ်တဲ့။ အဝိပါက ၅ ချက်၊ သဝိပါက ၅ ချက်ဟူ၍ ၁၀ ချက်ရှိတယ်တဲ့။ အဲ့ထဲကမှ အဝိပါက ၅ ချက်သည် အစအဆုံးအနေနဲ့က သဗ္ဗတ္ထာနိကကရဏတဲ့။ အစအဆုံးအနေနဲ့က ဘာလဲ။ သဗ္ဗတ္ထာနိကကရဏ။ ဒီသဗ္ဗတ္ထာနိကကရဏဆိုတာက အဲ့ပြောထားတဲ့အတိုင်းပဲ သုဒ္ဓသင်္ချာအတိုင်း ဆိုရိုးပြုပြီးတော့မှ "သဟဇာတ၊ နိဿယ၊ အတ္ထိ၊ အဝိဂတံ နဝ" ကို သင်္ချာတပ်ပြီး ဟောတော်မူတဲ့အတွက်ကြောင့်လို့ ပြောလို့မရဘူးလား။
သဟဇာတပစ္စည်းနှင့် ကရဏာများ၏ ဆက်စပ်မှု
အဲ့ဒီဒါတစ်လုံးနဲ့ ဘာပြောစရာရှိသေးတုန်း။ ကဲ ဒီသဘာဂကို နည်းနည်းလေးသွားကြည့်ရဦးမယ်။ သဟဇာတရဲ့သဘာဂက လေးခုရှိတယ်လေ။ အဲ့တော့ အခုအလတ်တွေနဲ့တွဲရင် အလတ်အတိုင်း၊ အငယ်တွေနဲ့တွဲရင် အငယ်အတိုင်း။ အငယ်အတိုင်း။ နည်းနည်းလေးမှတ်စရာကျန်သေးတယ်ဗျ။ ကိုယ်တော်တို့ရေ နည်းနည်းလေး ဒီလိုသွားလို့ နည်းနည်းလေးစကားတစ်လုံးပြောရဦးမယ်။ ဟုတ်လားဗျ။
အဲ့ဒီတော့ သဟဇာတပစ္စည်း သို့မဟုတ် သဟဇာတကြီးလေးခု၊ နည်းနည်းလေးမှတ်မယ်နော်။ သဟဇာတကြီးလေးခုတို့က သဘာဂပြုလုပ်ဟောရင်တော့ အငယ်တွေပါတယ်။ သဘာဂပြုလုပ်ဟောရင် ဘယ်သူတွေပါတယ်။ အငယ်တွေပါတယ်။ အငယ်တွေပါတယ်။ သဟဇာတကြီးလေးခုနော်။ တင်ပါ့ဘုရား။ ကရဏပြုလုပ်ဟောမယ်ဆိုလို့ရှိရင်တော့ အဲ့ဒီအငယ်တွေမပါတော့ဘူးတဲ့။ အလတ်တွေနဲ့ပဲ သဘာဂပြုလို့ဟောမှာ။ ဘယ်သူနဲ့ပဲ သဘာဂကရဏာပြုလို့ဟောမှာ။ အလတ်တွေနဲ့ပဲ။ ကရဏာသဘာဂပြုစဉ်ကာလကတော့ အငယ်လည်းပါတယ်၊ အလတ်လည်းပါတယ်ပေါ့။ အဲ့လိုမဟုတ်သေးပါဘူးလေ။ အလတ်လည်းပါတယ်၊ အငယ်လည်းပါတယ်ပေါ့။ ခု ကရဏ၊ သဟဇာတကြီးများ ကရဏပြုလို့ဟောတဲ့အခါကျရင် သဟဇာတငယ်တွေပါသေးလား။ မပါတော့ဘူး။ မပါတော့ဘူး။ ဘာဖြစ်လို့မပါသလဲလို့မေးမယ်ဆိုလို့ရှိရင် တကယ်လို့ဟောမယ်ဆိုလို့ရှိရင်လည်းပဲ အဲ့ဒီက သဟဇာတငယ်တွေအတိုင်းပဲ ဟောရမှာဖြစ်လို့။ ဟုတ်လားဗျ။ ဘာဒီအတိုင်းဟောရမှာဖြစ်လို့။ သဟဇာတငယ်။ သဟဇာတငယ်ဒီအတိုင်းပဲ ဟောရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲ့ဒီအတိုင်းပဲ တကယ်လို့ပြန်ပြောင်းဟောလိုက်မယ်ဆိုလို့ရှိရင် ပိုပြီးတော့ရှုပ်ထွေးသွားမယ်။ ဟုတ်လားဗျ။ အဲ့တော့လည်းပဲ အငယ်အတိုင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဘုရားရှင်ကိုယ်တော်မြတ်က ထပ်ဆင့်မဟောတော့ဘဲနဲ့ သဟဇာတလတ်နဲ့ သဟဇာတကြီး၊ သဟဇာတကြီးချင်း၊ သဟဇာတလတ်တို့ကိုသာ ကရဏသဘောပေါက်လိုက်ပေါ့။ ဟုတ်လားဟေ့။ အဲ့တော့ ဟောမယ်ဆိုလို့ရှိရင်လည်းပဲ မထူးတဲ့အတွက်ကြောင့်ပေါ့။ အငယ်အတိုင်းပဲ မထူးတဲ့အတွက်ကြောင့်မို့လို့ သဟဇာတငယ်များဟာ ကရဏရဲ့ကရဏတော်တွေမှာ မပါတော့ဘူးလို့ သဘောပေါက်ခဲ့ပေါ့။ ဟုတ်လားဟေ့။
ကဲ ဒါဆိုလို့ရှိရင် ခုနကအစုံ သဗ္ဗတ္ထာနိကကရဏဆိုတာက သဟဇာတကြီးလေးခုထဲက သဟဇာတကြီးလေးခု သုဒ္ဓသင်္ချာအတိုင်းပဲသွားမှာလေ။ ဘာမှထူးအဆန်းရှိသေးတုန်း။ ခုနံပါတ်နှစ်ကရဏကတော့ဖြင့် သအညမညကရဏတဲ့။ သအညမညကရဏဆိုတော့ အညမညသုဒ္ဓသင်္ချာဆိုရိုးပြုမယ်လေ။ ခုနက အညမညသုဒ္ဓသင်္ချာမရဘူးလား။ ရပါတယ်။ ဒါထဲမှာ သဟဇာတကြီးလေးခုထဲမှာ ဘယ်သူထည့်မယ်။ အဲ့ဒါ ဤဒီလို့ထုတ်ပေါက်။ နောက်နံပါတ်သုံးက သအညမညသမ္ပယုတ္တကရဏံ။ သအညမညသမ္ပယုတ္တကရဏကလည်းပဲ ဘယ်ပစ္စည်းအတိုင်း၊ ဘယ်ပစ္စည်းရဲ့သုဒ္ဓသင်္ချာအတိုင်း။ သမ္ပယုတ္တသင်္ချာအတိုင်း။ သမ္ပယုတ္တရဲ့သုဒ္ဓသင်္ချာအတိုင်း ဆိုရိုးပြုမယ်။ ခြောက်ပစ္စည်းပေါ့။ အညမည၊ သမ္ပယုတ္တကရဏဆိုတော့ ဟုတ်လားဗျ။ အကြီးလေးနဲ့ ည၊ သံပေါ့။ ဟုတ်လားဟေ့။ တင်ပါ့။
သဝိပ္ပယုတ္တကရဏတဲ့။ သဝိပ္ပယုတ္တကရဏကတော့ ကိုယ်ကတော့ ခုနကစာမျက်နှာ ၁၃ က သဟဇာတဝိပ္ပယုတ္တ၊ သဟဇာတဝိပ္ပယုတ္တသုဒ္ဓသင်္ချာအတိုင်း ဆိုရိုးပြုမယ်လေ။ မှန်ပါ။ အဲ့ဒါ ဝိပ္ပယုတ္တနဲ့ အကြီးလေးခု သင်္ချာဒီအတိုင်းပဲပေါ့။ ဟော နံပါတ်ငါးလာခဲ့။ သအညမညဝိပ္ပယုတ္တကရဏတဲ့။ ခုနက ည၊ သံ။ ကိုယ်တော်တို့ စာမျက်နှာ ၄၆ ကြည့်လိုက်လေ။ "ည၊ ဝိ နှစ်ပါးစုံရသော အချင်းချင်းအားအပ်သော ပဉ္စဝေါကာရပဋိသန္ဓေနာမ်ခန္ဓာ၊ ဟဒယဝတ္ထုဆိုရိုးပြုပါ။ ကြီးလေး၊ ည၊ ဝိတဲ့ သင်္ချာဧကန်ဗျာတပ်ပါ။" တွေ့လား။ အဲ့ဒီကဥစ္စာကို အနုဝါဒပါဠိတော်ဟောမယ်ဆိုလို့ရှိရင် "ပဋိသန္ဓိက္ခဏေ ခန္ဓာဝတ္ထုသု ခန္ဓာနံ ڇပစ္စယေန ပစ္စယော။" တကယ်လို့ အညမညမူဝိပ္ပယုတ္တသဘာဂဆိုရင် "အညမညပစ္စယေန ပစ္စယော၊ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော" ပေါ့။ အခု သဘာဂဆိုလို့ရှိရင် "ڇပစ္စယေန ပစ္စယော" ပေါ့။ ဟုတ်လားဟေ့။ ဟုတ်ပါတယ်။
ကရဏာများ၏ ဆိုရိုးနှင့် မှတ်သားဖွယ်ရာများ
ကဲ ဒါဆိုလို့ရှိရင် ကိုယ်တော်တို့ သဘောပေါက်ပြီ။ "သဘာဂကို ဟောတော်မူပြီးအခြား၌ ကရဏဟောတော်မူ၏။" ကဲ ဒီမှာ၊ ဒီဘက် နိဿယကြည့်ပြီးတော့ ဆိုကြည့်မယ်။ ကဲ သဟဇာတသုဒ္ဓသင်္ချာအတိုင်းလေ။ သဗ္ဗတ္ထာနိကကရဏ။ ဟုတ်လားဗျ။ ကဲ ဆိုကြည့်မယ်။ ပြောပြမယ်။ "သဘာဂဟောတော်မူပြီးအခြား၌ ကရဏံဟောတော်မူ၏။ ထိုကရဏ၌တုံသော်လည်း သဗ္ဗတ္ထာနိကကရဏ၊ သအညမညကရဏ၊ သအညမညသမ္ပယုတ္တကရဏ၊ သဝိပ္ပယုတ္တကရဏ၊ သအညမညဝိပ္ပယုတ္တကရဏအားဖြင့် ဘယ်နှစ်ခုပါ။ ငါးပါး။ ငါးပါးရှိ၏။ ထိုငါးပါးတို့တွင် သဗ္ဗတ္ထာနိကကရဏဟောတော်မူ၏။ ထိုသဗ္ဗတ္ထာနိကကရဏ၌" ဆိုပြီးကာကျတော့ စာမျက်နှာ ၉ က သုဒ္ဓသင်္ချာအတိုင်းလေ။ "အချင်းချင်းအားလည်းကောင်း၊ နာမ်ခန္ဓာ၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်အားလည်းကောင်းအပ်သော အလုံးစုံသော နာမ်ခန္ဓာလေးပါး၊ အချိန်အခါအားလည်းကောင်း၊ ဥပါဒ်အားလည်းကောင်းအပ်သော မဟာဘုတ်၊ အလုံးစုံသော မဟာဘုတ်လေးပါး၊ အချင်းချင်းအားအပ်သော ပဉ္စဝေါကာရပဋိသန္ဓေနာမ်ခန္ဓာ၊ ဤတရားတို့သည် သဟဇာတ၊ နိဿယ၊ အတ္ထိ၊ အဝိဂတ ဤလေးပစ္စည်းအပ်သော တရားတို့အမည်ကုန်၏။ ထို့ကြောင့် ထိုတရားတော်ကို ဤအရာ၌ သဟဇာတ၊ နိဿယ၊ အတ္ထိ၊ အဝိဂတ" အောက်မှာ သင်္ချာဘယ်လောက်ကို၊ "နဝဟု သင်္ချာတပ်၍ ဟောတော်မူအပ်ကုန်၏။ နဝဟုသောအခါ" ဆိုပြီးတော့ ကိစ္စဆိုလို့ရှိရင် "သဘာဂကို ဟောတော်မူပြီးအခြား၌" ဟောကြည့်ရမယ်။ ဆိုရအောင်။ "ထို့နောက် သအညမညကရဏ၊ ထိုသအညမညကရဏ၌" ဆိုပြီးတော့ အညမညအတိုင်း ဆိုရိုးပြုမယ်လေ။ အညမညသုဒ္ဓသင်္ချာ ဆိုရိုးပြုမယ်မဟုတ်ဘူးလား။ ဒါလည်း မရနိုင်ဘူးလား။ ရနိုင်တယ်ပေါ့။ အဲ့ဒါပြီးလို့ရှိရင် "သအညမညသမ္ပယုတ္တကရဏ" ဆိုလို့ရှိရင် အခုဇယားပါအတိုင်းပဲ သမ္ပယုတ္တရဲ့သုဒ္ဓသင်္ချာအတိုင်း။ တစ်ခုမှ ကိုယ်တော်တို့ တိုးကြည့်ရတာရှိသေးလား။ မရှိပါဘူး။ မရှိဘူး။ ဒါပဲ။ "ထို့နောက်" ဆိုရအောင်ဗျ။
အဲ့တော့ စာမျက်နှာ ၁၁ ကိုပြန်သွားကြည့်ဦး။ နည်းနည်းလေးပြောစရာရှိသေးတယ်။ အဲ့တော့ အညမညရဲ့သုဒ္ဓသင်္ချာမှာ ကိုယ်တော်တို့ အခုတပည့်တော် ဒီဝိဘင်း္ဂပုချိန်ကာလက "အချင်းချင်းအားလည်းကောင်း၊ အချင်းချင်းနာမ်ခန္ဓာ၊ ဟဒယဝတ္ထု" ခဲ့တယ်နော်။ တင်ပါ့။ အဲ့တော့ အဲ့ဒီက ဟိုဟာထည့်တော့ထည့်ရမှာ။ ဒါပေမယ့်လို့လည်း မထည့်ရဘူး။ အခုဘာလို့လဲဆိုလို့ရှိရင် ပါသင့်ပေမယ့်လို့လည်းပဲ ဘာဖြစ်လို့မထည့်တာလဲဆိုလို့ရှိရင် အခု အညမညနဲ့ အကြီးတို့နဲ့ သဘာဂပြုလို့ဟောမယ်ဆိုလို့ရှိရင်လည်းပဲ အခုလက်ရှိရေးထားတဲ့အတိုင်းပဲ "အချင်းချင်းအပ်သော အလုံးစုံသော ပဋိသန္ဓေနာမ်ခန္ဓာလေးပါး" စသောအားဖြင့် ကိုယ်တော်တို့ကို နဂိုရှိတဲ့အတိုင်းပဲ ပုံနှိပ်ဖြစ်မှုမဟုတ်ဘဲနဲ့ ကိုယ်ပုံနှိပ်ရှိတဲ့အတိုင်းပဲ ဒီသဘာဂကရဏရေးထားတာ။ အခုလည်းပဲ အဲ့ဒါ သဟဇာတ၊ သဟဇာတမူအညမညသဘာဂပဲဖြစ်ဖြစ်၊ အခု သအညမညကရဏပဲဖြစ်ဖြစ် အခုလက်ရှိပုံနှိပ်ရေးထားတဲ့အတိုင်းပဲ ရေးထားတာဖြစ်တယ်။ အဲ့လိုတွေရေးထားတဲ့အတွက်ကြောင့်မို့လို့ ပြင်ရမယ်ဆိုရင် တစ်လုံးပြင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကိုယ်တော်တို့ အခုအဲ့ဒီက လူကိုလည်း လူသတ်အတိုင်းထားပြီးကာကျတော့မှ အခုလက်ရှိအတိုင်းပဲ ပုံနှိပ်ထားတဲ့အတိုင်းပဲ ဆိုကြရတယ်ပေါ့။ ဟုတ်လားဗျ။ တကယ်တော့ ပုံနှိပ်ထားတဲ့အတိုင်း မပြည့်စုံတတ်ဘူးလို့တော့ သိထားတာနော်။ ဟုတ်လားဗျာ။ မလိုဘူးလား။ အဲ့လိုဆိုတော့ တစ်လုံးလိုက်ပြင်နေလို့ ကောင်းပါ့မလား။ မကောင်းတော့ဘူးပေါ့ဗျာ။ အဲ့လိုမှတ်သားထားရမယ်ပေါ့။ အဲ့ဒါကတော့ ဒါကြောင့် ဒီနေရာတွေမှာ ပါလိုက်ပြင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ တပည့်တော်မပြင်တော့ဘဲနဲ့ အဲ့အတိုင်းပဲထားရတာ။ နဂိုမူရင်းအတိုင်းထားလိုက်ရတာဖြစ်တယ်။ အခု ကရဏ၊ သဘာဂဆိုတဲ့အခါ ကိုယ်အညမညမူကျလို့ရှိရင်၊ အညမညပစ္စည်းကျလို့ရှိရင်လည်းပဲ ဒါ သဗ္ဗတ္ထာနိကကရဏဆိုတာ သူ့ဖြစ်မှာပေါ့ဗျ။ ဒီအတိုင်းပဲဆိုမှာပါပဲ။ ဟုတ်လား။ အဲ့တော့ အပြန်ပြန်အလှန်လှန် ဒါတွေကြီးပဲဆိုနေရတဲ့အတွက်ကြောင့်မို့လို့ အရှင်ဘုရားတို့ ဖြစ်စွက်နေရတာ အကုန်လုံးပဲ။ ကိုယ်တော်တို့ ဒါရေးရမယ်ဆိုရင် အဆင်မပြေတော့ဘူး။ လိုက်ဖြစ်နေရရင်လေ။ ဟုတ်လားဗျ။ ကဲ ဒါကြောင့်မို့လို့ အဲ့ဒီအတိုင်းသဘောပေါက်ပေါ့ဗျာ။ လိုတာလည်းသိ၊ ပိုတာလည်းသိနော်။
ကဲ ဒါဆိုလို့ရှိရင် သူတို့အခုဟောလိုက်တာတဲ့ သဟဇာတကြီးရဲ့ သဟဇာတပစ္စည်းရဲ့ ကရဏံ ၅၇။ သဝိပါက၊ အဝိပါက ၅ ခုပြီးပြီဆိုလို့ရှိရင် သဝိပါကရဲ့နာမည်ကလည်း ဒီအတိုင်းပဲ။ သဝိပါကကရဏ ဒီအတိုင်းပဲ။ ဒီအတိုင်းပဲပေါ့။ ဟုတ်လား။ အဲ့သလိုဆိုလို့ရှိရင် ခု "ထို့နောက် သဝိပါကကရဏဟောတော်မူပြီးအခြားမဲ့၌ သဝိပါကကရဏဟု ဟောတော်မူ၏။ ထိုသဝိပါကကရဏ၌တုံသော ခုနအတိုင်းငါးချက်ရှိ၏။ ထိုငါးချက်တွင် သဗ္ဗတ္ထာနိကကရဏကို ရှေးဦးစွာဟောတော်မူ၏။ ထိုသဗ္ဗတ္ထာနိကကရဏ၌" ဆိုပြီးတော့ ဒီဘက်နိဿယမှာဆိုလို့ရှိရင် သဟဇာတကြီးလေးခုနဲ့ ဝိပါကမရှိဘူးလား။ ရှိပါတယ်။ အဲ့တော့ အခုပြောခဲ့ပြီလေ။ သဟဇာတမူဝိပါကသဘာဂအတိုင်းဆိုလို့ရှိရင် စာမျက်နှာ ၁၂ က ဝိပါကရဲ့သုဒ္ဓသင်္ချာအတိုင်းပဲ။ ဘာရဲ့သုဒ္ဓသင်္ချာအတိုင်း။ အတိုင်း။ သဗ္ဗတ္ထာနိက။ အဲ့ဒီသဗ္ဗတ္ထာနိကပဲ။ ဟုတ်လား။ ရလား။ တင်ပါ့ဘုရား။ အဲ့သလိုဆိုလို့ရှိရင် ဒီသဘာဂ၊ ဒီသဝိပါကရဲ့ နံပါတ်တစ်အချက်သိသွားပြီ။ ဘယ်သူ့ရဲ့သုဒ္ဓသင်္ချာအတိုင်း။ ဝိပါက။ ဝိပါကရဲ့သုဒ္ဓသင်္ချာအတိုင်း။ ဝိပါကကရဏပဲဟောဟော၊ သဟဇာတကြီးလေးခုရဲ့ကရဏပဲဟောဟော ဒါပဲရမှာ။ ဒီနေရာရောက်ရင် ဒါပဲရမှာ။ ဟုတ်လား။ နံပါတ်နှစ်ကြည့်လိုက်။ နံပါတ်နှစ်က "ဝိပါက၊ ည၊ ဝိပါက" ပေါ့။ ဟုတ်လားဗျ။ အဲ့တော့ ကိုယ်တော်တို့ စာမျက်နှာ ၄၆ ကလေး နံပါတ်တစ်က အညမညဝိပါကသုဒ္ဓသဘာဂပဲလေ။ ဟုတ်လား။ မှန်ပါ။ အဲ့သူတို့နှစ်ခုရနဲ့ ခုကမရဘူးလား။ ရပါတယ်။ ရတယ်ဆိုလို့ရှိရင် အဲ့ဒီ ၁ က စာမျက်နှာ ၄၆ က ၁ က ၂ ပေါ့။ ဟုတ်လားဗျ။ ဟုတ်လားဟေ့။ အဲ့ဒီ ၂ က ဒီ ၃ ပေါ့။ အဲ့ဒီ ၂ က ၃ ပါ။
ဟုတ်ကဲ့ပါ၊ ပေးထားသောစာသားများကို သတ်ပုံစစ်ဆေးခြင်း၊ စာပိုဒ်ခွဲခြင်း၊ ခေါင်းစီးတပ်ခြင်းနှင့် အရေးကြီးသော အချက်များကို ပေါ်လွင်အောင် ပြုလုပ်ပေးထားပါသည်။ အထူးသဖြင့် "ကရဏာ" အစား "ဃဋနာ" ဟု ပြင်ဆင်ပေးထားပါသည်။
သဟဇာတပစ္စည်းနှင့် ဃဋနာများ၏ ဆက်စပ်မှု
သုံးပေါ့။ ဟုတ်လားဗျာ။ အဲ့ဒီက၊ အဲ့ဒီက ဝိပါက်ဆိုတော့ အဲ့ဒီက၊ အဲ့ဒီက လေးက ဒီမှာသုံးပါ။ ဟုတ်လားဗျ။ ဟိုဟာ ဝိပါက်လေ။ ဒီက စာမျက်နှာ ၄၆ က ဝိပါက်သံက ဒီကလည်းပဲ ဘာလဲဗျ။ ဝိပါက်ပဲ။ ဟုတ်လားဟေ့။ ဒီမှာပေါ့။ နံပါတ်လေးက ဟိုကငါး။ စာမျက်နှာ ၄၆ နံပါတ်လေးက "ဝိပါဝိ"။ "ဝိပါဝိ" ပဲ။ ဟုတ်လားဟေ့။ ဟောဒီဘက်ကျကြည့်လိုက်။ "ဝိပါက၊ အဝိပါက" ကျလို့ရှိရင် အဲ့သုံးခုလုံးရတာကို စာမျက်နှာ ၁၂ မှာ ပြောခဲ့တယ်လေ။ အဲ့ဒါ ကိုယ်တော်တို့ ဝိပါက်က အောက်ဆုံးသုဒ္ဓသင်္ချာလေး "ဟဒယဝတ္ထုအပ်သော ပဉ္စဝေါကာရပဋိသန္ဓေနာမ်ခန္ဓာ၊ ဟဒယဝတ္ထု" ဆိုတာလေ။ ဒါ ကိုယ်တော်တို့ ၄၇ မှာ အဲ့မှာ ဒါလေးကို special ပြောမထားဘူးလား။ ပြောထားပါတယ်။ ဒါ ခုနစ်ပစ္စည်းတစ်ပြိုင်တည်းရတယ်လို့ ပြောလား။ ပြောပါတယ်။ ပြောတယ်ပေါ့။ ဟုတ်လားဗျ။ ပြောခဲ့ဖူးလားဟေ့။ ပြောပါတယ်။ ပြောခဲ့ပြီ။ ပြောခဲ့ပြီ။ ဒါတွေက ပြောခဲ့ပြီ။
ကဲ ဒါကြောင့်မို့လို့ ဟိုနားလောက်ပြီ။ နောက်တစ်ခေါက်ပြန်ပြောမယ်။ သဝိပါကဃဋနာ ၅ ချက်။
- နံပါတ်တစ်၊ သဗ္ဗတ္ထာနိကဃဋနာက ဝိပါကသုဒ္ဓသင်္ချာအတိုင်း။
- နံပါတ်နှစ်၊ သအညမညဃဋနာက ကိုယ်တော်တို့ စာမျက်နှာ ၄၆ က ၁၊ ညဝိပါက်အတိုင်း။ ဟုတ်လား။
- နောက် သအညမညသမ္ပယုတ္တဃဋနာ၊ အဲ့မှာ နံပါတ်ဘယ်လောက်ပါလိမ့်။ လေး။ နံပါတ်လေးအတိုင်းပဲ။
- နောက် ဒီက ဃဋနာနံပါတ်လေးခုမြောက်ဃဋနာက "ဝိပါဝိ" ဆိုတဲ့ ဃဋနာက ဟိုက "ဝိပါဝိ" ဘာပါလိမ့်။ ငါး။ ငါးအတိုင်းပဲ။
- ဒီက အဝိပါက်ညဝိကတော့ ဝိပါကအောက်ဆုံးသုဒ္ဓသင်္ချာလေး ဘာလေးပါတယ်။ ဝိပါက်ပဋိသန္ဓေနာမ်ခန္ဓာ။ ဟုတ်လားဗျာ။ အဲ့ဒါလေးပဲလေ။ ဟုတ်လားဗျာ။ အဲ့ဒါ ခုနစ်ပစ္စည်းတစ်ပြိုင်တည်းရအောင်၊ သမ္ပယုတ္တ ၇ ပစ္စည်းတစ်ပြိုင်တည်းရအောင်ဆိုရင် အဲ့ဒါလေးပဲဆိုရမှာပေါ့။ ဟုတ်လားဗျ။ အခု ဝိပ္ပယုတ္တကျဉ် ၇ ပစ္စည်းရအောင် ကောက်ကြည့်လိုက်လေ။ ကိုယ်တော်တို့ ဝိပါက်သံဆိုတာက ဝိပါကပစ္စည်းအစုံသုဒ္ဓသင်္ချာလေးပါပဲလေ။ "အချင်းချင်းအပ်သော အလုံးစုံသော ဝိပါက်ပဋိသန္ဓေနာမ်ခန္ဓာလေးပါး။" ဒါလေးပဲလေ။ ဒါက ခုနစ်ပစ္စည်းတစ်ပြိုင်နက် ဘယ်သူ့ကျဉ်။ ဝိပ္ပယုတ္တ။ ဝိပ္ပယုတ္တကျဉ်ပါလေ။
ကဲ ဒါကြောင့်မို့ ဟောကြရအောင်ပေါ့ဗျာ။ "အဝိပါကဃဋနာကို ဟောတော်မူပြီးအခြားမဲ့၌"။ အဲ့တော့ သဟဇာတရဲ့ ဆယ်ချက်ပြီးသွားပြီဆိုလို့ရှိရင်ပေါ့ဗျာ၊ သဟဇာတရဲ့ ၁၀ ချက်ပြီးပြီဆိုလို့ရှိရင် ကျန်တဲ့ သဟဇာတကြီးလေးခုလုံးလည်းပဲ ဒီ ၁၀ ချက်နဲ့ မတူဘူးလား။ တူပါတယ်။ တူတူပဲပေါ့။ ဟုတ်လားဗျ။ အဲ့ဒါ နိဿယဆိုလို့ရှိရင်တော့ မျိုးတူရှိလို့ သူက နိဿယထိလို့ဆိုလိမ့်မယ်။ နိဿယ။ ဟုတ်လားဗျ။ သဟဇာတနိဿယခေါ်မှာပေါ့။ အတ္ထိကျလို့ရှိလို့ရှိရင် သဟဇာတအတ္ထိ။ အဲ့တော့ သဟဇာတရဲ့ဆယ်ချက်ရှိရင် ကျန်တဲ့ နိဿယ၊ အတ္ထိ၊ အဝိဂတတို့ကလည်းပဲ ရွှေမန်းတင်မောင်ရဲ့သီချင်းလိုပဲ ဘာလဲဗျ။ လက်ခုပ်သံလည်းကောင်း။ သင်တော့ လက်ခုပ်သံလည်းကောင်းဆိုတော့ တစ်ချက်ခုတ်လေးချက်ပြတ်တော့ ၄၀ ပြည့်မသွားဘူးလား။ ပြီးသွားပါတယ်။ ပြီးသွားပြီ။
အလတ်တန်းစား ပစ္စည်းများ၏ ဃဋနာနှင့် သဘာဂ
အဲ့တော့ အညမညကိုသွားရအောင်ပေါ့။ အညမညမှာဆိုလို့ရှိရင် သူ့ရဲ့သဘာဂကို လှမ်းမျှော်ကြည့်တဲ့အခါ အညမညရဲ့သဘာဂက ၁၄ ခုပဲရှိတယ်။ ၁၄ ခုရှိတယ်ဆိုလို့ရှိရင် သဟဇာတငယ်တွေနဲ့ သဘာဂပြုလုပ်ဟောနည်းလည်း ပြောခဲ့ပြီ။ အကြီးတွေနဲ့ သဘာဂပြုလုပ်ဟောမယ်ဆိုလို့ရှိရင်လည်းပဲ သူ့အတိုင်းရမှာပဲဆိုတော့ ဒါ သူ့ရဲ့သဘာဂလည်း ရှင်းမနေဘူးလား။ ရှင်းပါတယ်။ ဉာဏ်မျက်စိထဲ ရှင်းရဲ့လား။ ရှင်းရပါမယ်။ ရှင်းရမယ်လေ။ သဟဇာတငယ်တွေနဲ့ သဘာဂပြုလို့ဟောမယ်ဆိုလို့ရှိရင် စာမျက်နှာ ၄၃ ဟိုအောက်နားမှာ မပါဘူးလား။ ပါပါတယ်။ ပါပြီ။ ဟုတ်လားဗျ။
ကဲ ဒါဆိုလို့ရှိရင် "သဘာဂကို ဟောတော်မူပြီးအခြားမဲ့၌ ဃဋနာကိုဟောမယ်။" သေချာကြည့်မယ်။ သူက အညမညက ကိုယ်တော်တို့ရေ ခြောက်ချက်၊ ဃဋနာခြောက်ချက်ရှိတယ်မဟုတ်လားဗျ။ ခြောက်ချက်ရှိတယ်ဆိုတဲ့အကြောင်းကို ဘယ်နှစ်ချက်ရှိသေးလဲဆိုတော့ စာမျက်နှာ ၅၀ ကိုကြည့်လိုက်လေ။ ဘယ်လောက်ပါလိမ့်။ အညမညမှာဆိုရင် ဘယ်လောက်တည်တုန်း။ ဆက်။ အည။ ဆဒည။ အညမညပစ္စည်းမှာ ခြောက်ချက်ရှိတယ်တဲ့။ ဒါကြောင့် သေချာကြည့်မယ်။ "သဘာဂဟောတော်မူပြီးအခြားမဲ့၌ ဃဋနာဟောတော်မူ၏။ ထိုဃဋနာ၌တုံသော အဝိပါကဃဋနာ၊ သဝိပါကဃဋနာအားဖြင့် နှစ်ပါးရှိ၏။ ထိုနှစ်ပါးတို့တွင် အဝိပါကဃဋနာကို ရှေးဦးစွာဟောတော်မူ၏။ ထိုအဝိပါကဃဋနာ၌ သဗ္ဗတ္ထာနိကဃဋနာ၊ သမ္ပယုတ္တဃဋနာ၊ သဝိပ္ပယုတ္တဃဋနာအားဖြင့် နှစ်ပါးရှိ၏။ သုံးပါးရှိ၏။ သဗ္ဗတ္ထာနိကရယ်၊ သမ္ပယုတ္တရယ်၊ သဝိပ္ပယုတ္တရယ်။" ဘယ်နှစ်ခုပါ။ ၃ ပါး။ ဟိုဘက်က သဝိပါကသုံးချက်ကလည်း ဒီအတိုင်းနာမည်ပေးပါ။ "ထိုသုံးပါးတို့တွင် သဗ္ဗတ္ထာနိကဃဋနာကို ရှေးဦးစွာဟောတော်မူ၏။"
သေချာပြောမယ်။ သေချာပြောတော့မယ်။ ချုံ့ပြောတော့မယ်။ နားထောင်။ အာရုံတွေ ဘေးလွင့်မသွားနဲ့။ ခု အညမညဟောလိုက်တာတဲ့ အစအဆုံး သဗ္ဗတ္ထာနိကဃဋနာတဲ့။ သူ့ရဲ့သုဒ္ဓသင်္ချာအတိုင်းပဲလေ။ တွေ့လား။ မှန်ပါ့ဘုရား။ အခု အဲ့ဒါပြီးလို့ရှိရင် နံပါတ်ဒုတိယဃဋနာက ဒီမှာဆိုရင် နံပါတ်သုံးမဟုတ်ဘူးလား။ သမ္ပယုတ္တဃဋနာ။ ဘယ်သူ့အတိုင်းပါလိမ့်။ သမ္ပယုတ္တ။ သမ္ပယုတ္တရဲ့သုဒ္ဓသင်္ချာအတိုင်း။ ခုနက ဃဋနာက သဝိပ္ပယုတ္တဃဋနာဆိုတော့ ဒီကနံပါတ်ဘယ်လောက်ပါလိမ့်။ နံပါတ်ဘယ်လောက်ပါလိမ့်လေ။ ဒီက၊ ဒီမှာက နံပါတ်ထိပ်စီး ၁၊ ၂၊ ၃၊ ၄၊ ၅။ နံပါတ်ငါးမှာမရှိဘူးလား။ ဟိုဘက်တုန်းကတော့ သဟဇာတကြီးဟောစဉ်ကာလကတော့ သေချာနားထောင်မယ်။ သဟဇာတကြီးဟောစဉ်ကာလကတော့ ဒီမှာ သအညမညဝိပ္ပယုတ္တဃဋနာ၊ သအညမညဝိပ္ပယုတ္တဃဋနာ။ ဝိပ္ပယုတ္တဟောတော့ သဝိပ္ပယုတ္တဃဋနာ။ တကယ်လို့ ဝိပ္ပယုတ္တဟောရင် သအညမညဃဋနာ။ ဟုတ်လားဟေ့။ မှန်ပါ့။ တွေရှိလား။ မှန်ပါ။ ခုက အညမညဟောတဲ့အတွက်ကြောင့်မို့လို့ သဘာလိမ့်။ သဝိပ္ပယုတ္တ။ သဝိပ္ပယုတ္တဃဋနာ။ တကယ်လို့ ဝိပ္ပယုတ္တဟောရင် သအညမညဃဋနာ။ အဲ့လိုဟောမှာ။
အဲ့တော့ ကိုယ်တော်တို့ စာမျက်နှာ ၄၇ ကိုကြည့်။ အဲ့ဒါကိုပဲပြောနေတာ။ အဲ့တော့ ခုနက သဟဇာတကြီးအတွက်ကို ပြောပြီးသွားပြီပေါ့။ အဲ့ဒီမှာဆိုလို့ရှိရင် "သဟဇာတဃဋနာ ၅၇ ချက်ကိုလည်း သဟဇာတကြီးလေးရပ်၌ ဃဋနာပေါင်း မည်မျှရသည်ကို ပြသထားပါသည်။ သဟဇာတလေးပစ္စည်းကို ဟောပါက သဟောစဉ်ရသည့်အတိုင်းပဲ။" တွေ့လား။ တွေ့ပြီ။ "မိမိအလတ်ပစ္စည်းများမှာ တရားကိုယ်နှင့် ဘာကိုရတယ်။ သင်္ချာကိုရ။ သင်္ချာကိုရပါတယ်တဲ့။ သဟဇာတစဉ် မိမိပါဝင်ရာအချက်၌ မိမိတည်းဟူသော ပစ္စည်းကိုဟောပါကလည်းပဲ ဒီအချက်၊ ဒီတရား၊ ဒီသင်္ချာအတိုင်းပဲ ဒီသုံးလုံးပြန်လည်ရမယ်။" ဟုတ်လားဗျ။ ဒီဘယ်နှစ်လုံးမှာလဲ။ သုံးလုံး။ ဒီအချက်ရယ်၊ ဒီတရားရယ်၊ ဒီသင်္ချာအတိုင်းပဲ ပြန်လည်ရမယ်။ ဘာကွာသလဲဆိုရင် နာမည်ပဲကွာတယ်။ ဘာကွာသလဲဆိုရင်။ နာမည်ကွာ။ ဒီအချက်၊ ဒီတရား၊ ဒီသင်္ချာအတိုင်းပဲ ပြန်လည်ရမယ်။ သဘောပေါက်ပြီလား။ တင်ပါ့ဘုရား။ ဒါပဲ။ ကြိုတင်မဖတ်ရင်တော့ မရတော့ဘူး။
ဝိပါကပစ္စည်းနှင့် အဓိပတိပစ္စည်းတို့၏ ထူးခြားသောဆက်စပ်မှု
ကဲ ဒါဆိုလို့ရှိရင် အညမညပစ္စည်းရဲ့ဃဋနာကိုဟောမယ်ဆိုတော့ "သဘာဂကို ဟောတော်မူပြီးအခြားမဲ့၌" ဆိုရအောင်။ အဲ့ဒါ အညမညပစ္စည်းပြီးပြီဆိုလို့ရှိရင် ဝိပါကပစ္စည်းသွားရအောင်။ အဲ့ဒါ ဝိပါကပစ္စည်းရဲ့ ကိုယ်တော်တို့ သဘာဂက မပြောခဲ့ရသေးဘူးလေ။ သဘာဂက ၁၄ ခုရှိတယ်။ ဒါမျိုးတူ ၁၅ ပစ္စည်း၊ သူ့နှုတ်တော့ ၁၄ ခုပေါ့။ ဟုတ်လားဗျာ။ အဲ့ဒါလေး ထူးခြားတာလေးတွေပြောရမယ်။ သေချာမှတ်မယ်။ စာမျက်နှာ ၄ မှာ "ဟေတုမူဝိပါကသဘာဂ" တွေ့တယ်မဟုတ်လား။ "သမ္ပယုတ္တခန္ဓာလည်းကောင်း၊ သမ္ပယုတ္တခန္ဓာလေးပါး၊ သဟဇာတစိတ္တဇ၊ ကမ္မဇရုပ်အပ်သော ဝိပါက်သုံးပါး။" ဟုတ်လားဗျ။ အဲ့လိုဆိုမှာပေါ့။
နောက် အဓိပတိကိုကျော်လိုက်။ စာမျက်နှာနှစ်ကို လှမ်းမျှော်ကြည့်လိုက်။ မျှော်ကြည့်လိုက်တဲ့အခါမှာ အဓိပတိလို့ရှိရင် ကံမဟုတ်ဘူးလား။ "သမ္ပယုတ္တ၊ စိတ္တဇ၊ ပဋိသန္ဓေကမ္မဇရုပ်အပ်သော ဝိပါက်နှင့်ရှိသော စေတနာ" ပေါ့။ ဒီပစ္စယုပ္ပန်ကတော့ ညာဘက်ခြမ်းက ဒီအတိုင်းထားပြီးတော့ ဟုတ်လားဗျ။ အဓိပတိပစ္စည်းမှတစ်ပါး ကျန်တာတွေက ညာဘက်ခြမ်းက ဒီအတိုင်းထားပြီးတော့ "ဝိပါက်နှင့်ရှိသော နာမ်အာဟာရတွေကို သုံးပါး၊ ဝိပါက်နှင့်ရှိသော နာမ်ဣန္ဒြေတွေကို ရှစ်ပါး၊ ဝိပါက်နှင့်ရှိသော ဈာန်တွေကို ငါးပါး။" ငါးပါး။ ဝိပါက်နှင့်ရှိသော မဂ္ဂင်ပါ။ ညာဘက်ခြမ်းက ဒီအတိုင်းမှာနော်။ မှန်ပါ့။
ကဲ ဒါဆိုလို့ရှိရင် ဝိပါက၊ "ဝိပါကမူအဓိပတိသဘာဂ"၊ "အဓိပတိမူဝိပါကသဘာဂ" တော့ ဒါကိုယ်တော်တို့ တို့ဒါ အသက်နဲ့အမျှစွဲမြဲထားရမယ်။ ဒါ အလွန်တရာကောင်းတာ။ အကြောင်းရှိရင် "ဝိပါကမူအဓိပတိသဘာဂ" သို့မဟုတ် "အဓိပတိမူဝိပါကသဘာဂ"။ ကဲ ဒါလေးကိုတော့ သေချာမှတ်မယ်။ ဒါလေးက အကောင်းဆုံးထဲက အကောင်းဆုံး။ အကောင်းဆုံးသောအကောင်းဆုံး။ "ဝိပါကမူအဓိပတိသဘာဂ၌ သို့မဟုတ် အဓိပတိမူဝိပါကသဘာဂ၌ သမ္ပယုတ္တခန္ဓာ၊ အဓိပတိစိတ္တဇရုပ်အပ်သော ဖိုလ်လေးခု၌ရှိသော အဓိပတိတရားကိုယ်လေးပါးတို့တွင် တစ်ပါးပါး။" သုံးပါး၊ လေးပါးမဟုတ်တော့ဘူးဗျ။ ဖိုလ်လေးခုတို့ဆိုတာကျတော့ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ဝိပါက်ထိုက်တဲ့၊ ဝိပါက်နှင့်ရှိသောဆိုတာ ဖိုလ်လေးခု၌ရှိသော၊ ဝိပါက်နှင့်ရှိသော ပြောလို့ရသေးလား။ တိုက်ရိုက် "ဝိပါက်နှင့်ရှိသော" ဆိုတော့လည်းပဲ မှန်တော့မှန်တယ်၊ တိကျမှန်ကန်တာဟုတ်ရဲ့လား။ "ခန္ဓာသာ အဓိပတိစိတ္တဇရုပ်အပ်သော" ဒါကတော့ ညာဘက်ခြမ်းက ဒီအတိုင်းပဲလေ။ ဟုတ်လားဗျ။ "ဖိုလ်လေးခု၌ရှိသော" ဟုတ်လားဗျာ။ "နှင့်ရှိသော" ပြောလို့ရှိရင် ရတော့ရတယ်။ သို့သော်လည်းပဲ အဓိပတိထိုက်တဲ့ဖိုလ်ဆိုတာက ဝိပါက်ဆိုတာက ဘယ်သူပဲရှိတယ်။ ဖိုလ်ပဲရှိတယ်။ ဒါတိုက်ရိုက်ရေးမှရမှာပေါ့။ ဟုတ်လား။ "ဝိပါက်နှင့်ရှိသော" ဆိုတာ မမှန်ဘူးလားဆိုတော့ မှန်တယ်။ သို့သော် အမှတ်တော့ရပါ့မလား။ မရဘူး။ ဒါမျိုးက သေချာလည်းမှတ်ရတယ်။ ဒါ "ခန္ဓာသာ အဓိပတိစိတ္တဇရုပ်အပ်သော ဖိုလ်လေးခု၌ရှိသော အဓိပတိတရားကိုယ်လေးပါးတို့တွင် သုံးပါးသွားမလုပ်နဲ့၊ အဓိပတိတရားကိုယ်လေးပါးတို့တွင် တစ်ပါးပါး ပစ္စည်းတရားရ၏။" ဟုတ်လားဗျ။ သဘောပေါက်တယ်နော်။ ကောင်းကောင်းကျက်မှဗျ။ ထောင့်ရှစ်ထားမှာ။ ဘာလဲ။ ကိုယ်က ကိုယ်တော်တို့ အကောင်းနေလိမ့်မယ်။ ဟုတ်လား။
ကဲ ဒါကြောင့်မို့လို့ ဒါဆိုလို့ရှိရင် ကိုယ်သဘာဂ၊ ကျန်တဲ့အလတ်တွေနဲ့ သဘာဂဖြစ်ပုံလည်း၊ အကြီးကလည်း သူ့အတိုင်းပဲဆိုတော့ သိပြီလား။ အဲ့တော့ ဝိပါကသဘာဂ ၁၄ ချက်ပြီးပြီလားဟေ့။ ပြီးပြီလား။ ပြီးပါပြီ။ ဟောဗျာ။ ကိုယ်တော်တို့ ဒီလောက်ကြီးတောင်အော်နေတာကို ပြောလို့မရဘူး။ ဒီလိုမောင်တွေက လူကမောနေပြီ။ ဟုတ်လား။ ကဲ ဒါကြောင့်မို့လို့ ဝိပါကရဲ့သဘာဂ ၁၄ ချက် မပြီးပါဘူး။ ရင်ထဲကိုရောက်လား။ ရောက်ပါဘူး။ ကဲ ဒါဆိုလို့ရှိရင် အငယ်တွေနဲ့တွဲမယ်ဆိုလို့ရှိရင် ဘယ်လိုပြောရမလဲသိပြီ။ အလတ်ချင်း စာမျက်နှာ ၄၆ ခုနတုန်းက တွဲခဲ့၊ တွဲခဲ့ပြီမဟုတ်ဘူးလား။ အကြီးနဲ့တွဲရင် သူ့အတိုင်းပဲလို့ ပြောခဲ့ဖူးလား။ ကဲ ဘာကျန်သေးတုန်း။ ကဲ အဲ့လိုဆိုလို့ရှိရင် ဃဋနာပြောမယ်။ သဟဇာတကြီးဟောစဉ်က အဲ့အတိုင်းဟော၊ တူတူပဲ။ အရကောက် အဲ့အတိုင်းပြောတယ်။ သိပြီလားဟေ့။ သိပါဘုရား။ ဒါ သိချင်သိ၊ မသိချင်နေပေါ့။ အရကောက်တဲ့ ဒီအတိုင်းပဲလေ။ အရကောက်တဲ့အတိုင်းပဲ သဟဇာတကြီးဟောစဉ်အတိုင်းဟာလေ။ ဟောပါ၊ ဟောပါတဲ့။ မသိလည်းမတတ်နိုင်တော့ဘူး။ ကဲ ပြီးရော။ ကဲ ဟုတ်ပြီ။
သမ္ပယုတ္တတို့၊ သမ္ပယုတ္တဆိုတာနဲ့ အရမ်းတော့ မလုပ်မချလိုက်နဲ့နော်။ ဟုတ်လားဗျ။ သမ္ပယုတ္တဆိုတာနဲ့ ဘာလိမ့်။ ရမ်းပြီးအလုပ်မချလိုက်နဲ့။ သူ့ရဲ့သဘာဂက ၁၃ ခုရှိတာလေ။ ဝိပ္ပယုတ္တအကျဉ်းကျန်တဲ့ ၁၃ ပစ္စည်းပေါ့။ ဟုတ်လားဟေ့။ ဒါဆိုလို့ရှိရင် သမ္ပယုတ္တနဲ့ အငယ်တွေနဲ့ သဘာဂပြုလုပ်ဟောပုံကလည်းပဲ စာမျက်နှာ ၄၃ မှာ မပါဘူးလား။ ပါပါတယ်ဘုရား။
သမ္ပယုတ္တပစ္စည်းနှင့် ဃဋနာများ
အဲ့တော့ ညာဘက်ခြမ်းက ဒီအတိုင်းထားပြီးတော့၊ ဘယ်ဘက်ခြမ်းက၊ ဘယ်က ဒီအတိုင်းထားပြီးတော့၊ ပစ္စည်းဘက်က ဒီအတိုင်းထားပြီးတော့ ဟိုဘက်ခြမ်း၊ ဟိုဟာလေဗျ၊ သမ္ပယုတ္တခန္ဓာအပ်သော ရုပ်အားလုံးဖြုတ်လိုက်လေ။ မှန်ပါ။ အငယ်မှာပါတဲ့ ရုပ်အားလုံးဖြုတ်လိုက်ပြီးတော့ ဆိုလိုက်ရုံပဲမဟုတ်ဘူးလား။ မှန်ပါ။ ကဲ ပြီးတော့ပေါ့။ အလတ်ချင်းသဘာဂဖြစ်ပုံကလည်း ပြောပြီးပြီ။ အကြီးနဲ့သဘာဂပြုလို့ဟောမယ်ဆိုရင်လည်းပဲ ဘယ်သူ့အတိုင်းပါလိမ့်။ သူ့အတိုင်း။ သူ့အတိုင်း။
ကဲ ဒါဆိုလို့ရှိရင် "သဘာဂကို ဟောတော်မူပြီးအခြားမဲ့၌ ဃဋနာကို ဟောတော်မူ၏။" သူက ထူးခြားတယ်လေးဗျ။ သူက လေးမထူးဘဲနဲ့ ဆန်းတာ။ ဟာ ဘယ်လိုလေးပါလိမ့်။ မထူးဘဲနဲ့။ မထူးဘဲနဲ့ ဆန်းတာ။ ကြည့်စမ်းပါဦး။ မထူးလို့ တစ်ခါဆန်းကြ။ ကဲ ကဲ ကဲ ကြည့်မယ်။ "သဘာဂကို ဟောတော်မူပြီးအခြားမဲ့၌ ဃဋနာဟောတော်မူ၏။ ထိုဃဋနာ၌တုံသော" အဲ့သမ္ပယုတ္တဃဋနာ နှစ်ချက်ပဲရှိတာလေ။ ဘယ်နှချက်ရှိသလဲဆိုတာကို စာမျက်နှာ ၅၀ ကိုကြည့်ရမယ်လေ။ ဟုတ်လားဗျ။ စာမျက်နှာ ၅၀ ကြည့်မယ်ဆိုလို့ရှိရင် အဲ့မှာတွေ့ပြီလားဗျ။ "သံ၊ ဒွေ" တွေ့လား။ "သံ၊ ဒွေ" ဆိုတော့ နှစ်ခုပေါ့။ အဲ့တော့ "အဝိပါကဃဋနာ၊ ဝိပါကဃဋနာရှိ၏။" အဝိပါကမှာတစ်ချက်၊ သူ့ရဲ့သုဒ္ဓသင်္ချာအတိုင်း။ ပြီးတော့ အောက်၊ အဝိပါကမှာ သူ့ရဲ့သုဒ္ဓသင်္ချာအတိုင်း။ သဝိပါကမှာဆို ဝိပါကသံသုဒ္ဓ၊ ဝိပါကဃဋနာသဘာဂအတိုင်းလေ။ ဘာဃဋနာအတိုင်းမှာလဲ။ ဝိပါက။ ဝိပါကသံသဘာဂအတိုင်း။ ဝိပါကသံလိမ့်။ ဝိပါကသံသဘာဂ။ ကဲ။ ဝိပါကသံသဘာဂအတိုင်းဆိုတော့ ဝိပါကအဆုံးသုဒ္ဓသင်္ချာလေးအတိုင်းမဟုတ်ဘူးလား။ မှန်ပါ။ ကဲ ဒါဆိုလို့ရှိရင် သူ့နာမည်လေးက တစ်မျိုးလိမ့်။ အဝိပါကတစ်ချက်၊ သဝိပါကတစ်ချက်။ ဪ ပြီးရော။ ဒါပဲ။ ဒါပဲ။ ပြီးရော။ ပြီးပြီလားဟေ့။ ပြီးပါတယ်။ ကဲ လွယ်လှပြီလား။ ဒါတွေကတော့ ကိုယ်တော်တို့ရေ၊ တပည့်တော် ကိုယ်တော်တို့ဆီကပဲ ကြားစရာလည်းမလိုပါဘူး။ ကိုယ်တော်တို့လည်း ဒီအတိုင်းပါပဲ။ ဘုန်းကြီးမှသိတာမဟုတ်၊ ကိုယ်တော်လည်းသိတယ်။ ဒါ သူတို့တစ်ချက်လိုက်ဖတ်ရုံနဲ့ကို သိတာဗျ။ တပည့်တော်သိတာမဟုတ်၊ လည်းသိကြတာပဲ။ သိတာလည်းမဟုတ်ဘူးလား။ လိုက်ဖတ်ကြည့်လိုက်တော့၊ ဒီပြောလိုက်တော့ လိုက်ဖတ်ကြည့်လိုက်တော့ ကိုယ်တော်တို့ ဒါသိတာပဲလေ။ ဘုန်းကြီးတော်တို့က တချို့ကတော့ လှမ်းလျှောက်နေ၊ မျက်လုံးနဲ့လှမ်းလျှောက်နေပြီ။ "ဘုန်းကြီးမောနေပြီတဲ့၊ မပြောတော့နဲ့။" ဟုတ်လားဗျ။ "တပည့်တော်တို့ နားလည်နေကြပါပြီဘုရား" တဲ့။ မျက်လုံးကြီးနဲ့ စကားပြောနေပြီပေါ့။ ဟုတ်လားဗျ။
ဝိပ္ပယုတ္တပစ္စည်းနှင့် ဃဋနာသုံးမျိုး
ကဲ ဒါဆိုလို့ရှိရင် သမ္ပယုတ္တပြီးရင် ဘာလဲ။ ဝိပ္ပယုတ္တပါဘုရား။ ဪ ဝိပ္ပယုတ္တကတော့ ကိုယ်တော်တို့ရေ သူကတော့ နည်းနည်းလေး ပေးဆပ်ရတယ်ဗျ။ ပစ္စည်းဆိုတာ ဟိုဇာတိကိုဖော်မယ်ဆိုတာလေ။ ကိုယ်တော်တို့ ဇာတ်တော်တစ်ခုရှိတယ်။ "ဇာတိကိုဖော်မယ်၊ သားဆွေး၊ ဘာညာ" ရဲ့။ ကိုယ်တော်က၊ ကိုယ်တော်က ခေတ်မမီဘူးဖြစ်နေတာကြောင့်။ ဟုတ်လား။ ကိုယ်တော်က ခေတ်မီတာလား၊ ကျွန်ုပ်က ခေတ်မီတာလား။ ဒီရှေးဟောင်းခေတ်ဆိုတာက အသက်ကြီးက ပိုခေတ်မီတာလေ။ ဟုတ်လားဗျ။ ဟုတ်တယ်မလား။ အသက်ကြီးလေ ရှေးဟောင်းခေတ်မီလေပဲ။
ကဲ ဒါကြောင့်မို့လို့ရေ၊ ဝိပ္ပယုတ္တကတော့ ကိုယ်တော်တို့ အခုဒီနေ့ "ဣန္ဒြိယ၊ ဝိ၊ အတ္ထိ၊ အဝိဂတ ဤခြောက်ဝ ဃဋနာမျိုးစုံရသတည်း" ဆိုတော့ ဒီနေ့ ဣန္ဒြိယ၊ ဝိ၊ အတ္ထိနဲ့ဆိုတော့ အဲ့တော့ ဝိပ္ပယုတ္တကလည်းပဲ မိဿကဃဋနာ၊ ပကိဏ္ဏကဃဋနာ၊ သဟဇာတဃဋနာလို့ သုံးမျိုးလုံးဟောတဲ့ထဲမှာ မပါဘူးလား။ ပါပါတယ်။ ပါတယ်ပေါ့။ အဲ့တော့ ဒီမှာ အဲ့ဒီက သုံးမျိုးလုံးဆိုလို့ရှိရင် "ဝိ၊ ၄၊ ၅၊ ၄" တဲ့။ ဟုတ်လားဗျ။ စာမျက်နှာ ၅၀ ကိုကြည့်လိုက်လေ။ "ဝိ၊ ၄" ဆိုတဲ့ဥစ္စာက မိဿကဃဋနာလေးချက်၊ ပကိဏ္ဏကဃဋနာ ငါးချက်၊ သဟဇာတဃဋနာ လေးချက်။ ဪ လေးချက်။ အဲ့လိုဆိုလို့ရှိရင် "ပကိဏ္ဏကဃဋနာကို ဟောတော်မူပြီးအခြားမဲ့၌ သဟဇာတဃဋနာကို ဟောတော်မူ၏" လို့ ဒီလိုခေါ်ရမှာ။ ဟုတ်လားဗျာ။
သူ့ရဲ့သဘာဂတွေအနေနဲ့ကတော့ သဟဇာတငယ်၊ သဟဇာတတွေနဲ့တွဲမယ်ဆိုလို့ရှိရင် သူကတော့ နောက်ဆုံးမှာ မပြောသေးဘူး။ နောက်မှပေါင်းပြောမယ်။ သူက မျိုးကွဲရှိလို့နော်။ မျိုးကွဲရှိလို့။ သူနဲ့ ဝိပ္ပယုတ္တ၊ သူနဲ့ "အဓိပတိမူဝိပ္ပယုတ္တသဘာဂ" ကတော့ ကျောင်းလည်း နှစ်တိုင်းမေးနေတာ။ လေးနှစ်ဆက်တိုက်မေးတာ။ ကိုယ့်တိုင်းမှာလည်း အဲ့ဒါမေးတာပဲ။ တိုင်းမေးတာကို ဒီတော့ ကျောင်းမှာလည်း လေးနှစ်တောင် ဆက်တိုက်မေးတာ။ တိုင်းမှာလည်းမေးတယ်ပေါ့ဗျာ။ ဒီနေ့မေးတာ။ ဒါမှမဟုတ် ငုတ်တို၊ ပက်လက်လန် ကျန်ခဲ့ခဲ့တယ်။ ကဲ အမ် ငုတ်တို ဘာပါလိမ့်။ ပက်လက်လန်။ ရင်ဘတ်ကို တစ်ခါတည်း ဖနောင့်နဲ့ အုန်းခနဲ ထုခံလိုက်ရတာ ပက်လက်လန်သွားတာပဲ။ ဟုတ်လားဗျာ။ ချီးတွေ၊ အီးတွေ ထွက်သွားတာ ပစ်ခနဲဆို။ အဲ့လိုတွေ ပက်လက်လန်။ ကျောင်းမေးတဲ့ပုစ္ဆာ တိုက်ရိုက်ကြီးတောင်မှပဲ ဒါကို ဘုရားအောင်မဖြေနိုင်ဘူး။ ကောင်းလွန်းလွန်းလို့ ခဏခဏပြောတယ်။ ဒါမေးမယ်လို့ပြောတယ်။ ကျောင်းလည်းပဲ မေးမယ်။ ပြီးတော့မှ မေးတာပဲ။ ဘယ်နှစ်နှစ်ဆက်တိုက်မေးတယ်။ လေးနှစ်။ လေးနှစ်တောင်ဆက်တိုက်မေးတယ်။ အဲ့ဒါ အစိုးရမေးတော့ ဖြစ်နိုင်သလားဆိုတော့ "ချီးတွေ၊ အီးတွေ ထွက်ကုန်ပါတယ်ဘုရား" ပေါ့။ ဟုတ်လားဗျ။ ဘာတွေထွက်ကုန်တာပါလိမ့်။ ညံ့လွန်းဘူးလား။ ဂုဏ်ပြုလိုက်တာပါ။ ဉာဏ်ကျပ်။ အဲ့ဒါ နာတတ်တဲ့သူဆိုရင်တော့ ဒုက္ခနဲ့ပတ်ပြီးတော့ ဒုက္ခနဲ့ ပတ်ခနဲလှဲပြီးတော့ သေဖို့ကောင်းတယ်ဗျ။ ဟုတ်လား။ ဟုတ်လား။ ဒါ နားလို့နာတယ်။ "ဘုရား၊ ဟုတ်နေတော့လည်း ခံနေရတာပဲ။" ဟုတ်လား။ နားပြီးတော့ လုပ်စေချင်လို့ပါ။
ကဲ ဒါဆိုလို့ရှိရင် "ပကိဏ္ဏကဃဋနာံ ဟောတော်မူပြီးအခြားမဲ့၌ သဟဇာတဃဋနာံ ဟောတော်မူ၏။ ထိုဃဋနာ၌တုံသော်လည်း အဝိပါကဃဋနာ၊ သဝိပါကဃဋနာအားဖြင့် နှစ်ပါးရှိ၏။ ထိုနှစ်ပါးတို့တွင်၊ ထိုနှစ်ပါးတို့တွင် အဝိပါကဃဋနာကို ရှေးဦးစွာဟောတော်မူ၏။ ထိုအဝိပါကဃဋနာ၌တုံသော်လည်း အစအဆုံးဃဋနာက ဘာလဲ။ သဗ္ဗတ္ထာနိကဃဋနာ။ ဒုတိယဃဋနာက သအညမညဃဋနာ။" ပြောပြီးသားမဟုတ်လား။ ပြောပြီးသား။ ကဲ ဒါဆိုလို့ရှိရင် သဗ္ဗတ္ထာနိက၊ သဟဇာတဝိပ္ပယုတ္တ စာမျက်နှာ ၁၃ က သုဒ္ဓသင်္ချာအတိုင်း။ သအညမညဃဋနာက ကိုယ်တော်တို့ကို သူတို့ရဲ့ ဝိပ္ပယုတ္တခုပါပြီ။ ဟုတ်လားဗျ။ ဘာလဲဗျ။ "အချင်းချင်းအပ်သော ပဉ္စဝေါကာရပဋိသန္ဓေနာမ်ခန္ဓာ၊ ဟဒယဝတ္ထု" အတိုင်းမဟုတ်ဘူးလား။ မှန်ပါ။ ဒါပဲ။ နာမ်အကျဉ်းတုန်းက နံပါတ်ငါးပဲလေ။ သူ့နေရာက ဒီတရား၊ ဒီသင်္ချာ၊ ဒီအတိုင်းပဲလို့ပြောလား။ ဒီသုံးလုံးလေ။ ဒါပဲမဟုတ်ဘူးလား။ ဟိုဘက်ကလည်း ဒါပါပဲဗျ။ ဒီနာမည်၊ ဒါပဲ။ ဒီနာမည်မှာ ဘာလိမ့်။ ဒါပဲ။ ဒါပဲ။ ပြီးတော့ပေါ့ဗျာ။ ပြီးလား။ ပြီးပါတယ်ဘုရား။ အဲ ကိုယ်တော်တို့ ပြီးပုံကို ပြီးတာကို မသိသေးဘူးထင်တယ်။
သင်ယူမှုအတွေ့အကြုံနှင့် စာပေလိုက်စားမှု
ဒါတို့ ဒီသဟဇာတမျိုးဆိုင်ရာတော့ ပြီးပြီလေ။ ဘာလို့လဲဆိုတော့ သဟဇာတဝိပ္ပယုတ္တကတော့ ခုနကပြောပြီးပြီ။ တို့လည်း ဒီကျန်သေးတယ်လေ။ ဟိုကျမှ တို့အကုန်လုံးစုပေါင်းကျမှ အကုန်လုံးခြုံငုံပြီးပြောမှာ။ ဒီအတိုင်း ဒီကမရောက်သေးဘဲနဲ့ ပြောလို့ နားလည်ပါ့မလား။ နားလည်ပါတယ်။ နားမလည်ဘူးလေ။ မရောက်သေးဘဲနဲ့ သွားပြောလို့ရှိရင် ကိုယ်တော်တို့ ပြောတာ၊ ပြောစည်းမောသာပဲ ဖတ်တင်မှာပေါ့။ ဟုတ်လားဗျာ။
ကဲ အခုကြိုတင်သိသင့်သိထိုက်တာတွေကို အဲ့တော့လည်းပဲ ကိုယ်တော်တို့၊ တပည့်တော် စာချလိုက်တဲ့ဥစ္စာတွေဟာတဲ့၊ တပည့်တော်ဘက်ကတော့ ကိုယ်တော်တို့ကို အကောင်းဆုံးအနေအထားနဲ့ သိစေချင်တဲ့၊ ဟိုအကောင်းဆုံးအနေအထားနဲ့ ပြောလိုက်တာ။ သို့သော်လည်းပဲ ကိုယ်တော်တို့ဘက်ကကြည့်ရင် ဒီလိုဘက်က လိုအပ်တာတွေ ရှိကောင်းရှိသွားနိုင်တယ်ဗျ။ ဟုတ်လား။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ဟိုလူ့ရဲ့ခံယူချက်ချင်းက တူရဲ့လား။ မတူပါဘူး။ ဉာဏ်အရည်အသွေးချင်းက တူရဲ့လား။ မတူပါဘူးဘုရား။ ဒီတော့ ရနေလောက်ပြီဆိုပြီးတော့ ဒီလိုပြောလိုက်တာပေါ့ဗျာ။ ဟုတ်တယ်မလား။ အဲ့တော့လည်းပဲ ရတဲ့ပုဂ္ဂိုလ်တွေရှိမယ်၊ မရတဲ့ပုဂ္ဂိုလ်တွေလည်းရှိမယ်။ အဲ့တော့ သုဒ္ဓသင်္ချာကို ကျက်ပြီးပြီဆိုလို့ရှိရင် သူတို့ကိုပြန်ပြီးတော့ ဖတ်ကြည့်လိုက်ပါ။ သဘောမပေါက်သေးဘူးဆိုလို့ရှိရင် ရမသွားနိုင်ဘူးလား။ ရသွားနိုင်ပါတယ်။ ရသွားနိုင်တယ်ပေါ့။ ဟုတ်လားဗျ။
ဒါတွေက တပည့်တော်တို့ ငယ်စဉ်ကာလ ခုနကပြောပြီးပြီ။ ဒါတွေက လမ်းညွှန်တာတောင်မှပဲ မရှိဘူး။ ဒါပေမယ့်လည်းပဲ သုဒ္ဓသင်္ချာရပြီးတော့ ဖတ်ကြည့်လိုက်တာနဲ့ပဲ အဲ့တော့ တစ်ခုဖတ်ကြည့်လိုက်တာ ဟိုအဝေးကြီးတောင်ဆို ရောက်သွားတယ်။ ဒါပဲဖြစ်မယ်ပေါ့။ ဟုတ်တယ်၊ ဒါပဲ။ ဟုတ်တယ်၊ ဒါပဲ။ ဟောတာပဲ၊ ဟောတာပဲ။ ပြီးသွားတာပဲ။ ဟုတ်လားဗျ။ အဲ့ဒါကို တပည့်တော်သဘောပေါက်တဲ့အတိုင်း ကိုယ်တော်တို့ ရေးထားတာပဲ။ ဟုတ်လားဗျ။ အဲ့အတိုင်း တပည့်တော်သဘောပေါက်တဲ့အတိုင်း ရေးထားတာပဲ။ ကိုယ်တော်တို့လည်းပဲ ဒီထက်ပြောင်ပြောင်မြောက်မြောက်၊ ဒီထက်ထင်ထင်ရှားရှားဖြစ်အောင် ရေးနိုင်တယ်ဆိုလို့ရှိရင်လည်း ကိုယ်တော်တို့လည်း ရေးကြပေါ့။ ဆရာကတော့ ကိုယ်တော်တို့ကို ပေးလိုက်ပြီ။ ဟုတ်လားဗျ။
အဲ့တော့ သဟဇာတ ၁၅ ပစ္စည်းရဲ့ သဘာဂ၊ ဃဋနာတွေဟာလည်း ကိုယ်တော်တို့ အကုန်လုံး အခုတော့ တို့ ၃၁၂ ချက်ပြီးသွားပြီ။ သူတို့ စာမျက်နှာ ၅၀ ကိုကြည့်။ ဟောပါဘူး။ ၄၈ ကိုကြည့်။ ၄၈ ကိုကြည့်လိုက်တဲ့အခါမှာ ပညာဝါ၊ ဟိုးအောက် ၄၈ ရဲ့ ဟိုးအောက်ဆုံးကြည့်လိုက်မယ်ဆိုလို့ရှိရင် ပညာဝါရအနုလုံမှာဆိုလို့ရှိရင် မိဿကဃဋနာက ဘယ်လောက်ပါလိမ့်။ ၃၉။ ၃၉။ ပကိဏ္ဏကဃဋနာက ၆၄။ ၆၄။ သဟဇာတဃဋနာက ၃၁၂ ချက်။ ၃၁၂ ချက်။ ၃၁၂ ချက်ဆိုတာက ကိုယ်တော်တို့ရေ သဟဇာတငယ်က ၂၅၊ ၂၅၅၊ ၅ နဲ့ ၅၇ ပေါင်းလိုက်မယ်ဆိုရင် ဘယ်လောက်ပါလိမ့်။ ၃၁၂ ချက်မဟုတ်ဘူးလား။ ၃၁၂ ချက်။ အဲ့တော့ "ပညာဝါရအနုလုံ၌ ဃဋနာများကို အကျဉ်းချုပ်ရေတွက်ပြပါ" ဆိုရင် အဲ့ဒီရေတွက်ရမှာ။ ဒါလည်းမေးပြီးပြီ။ ဟုတ်လားဗျ။ မိဿကဃဋနာ ၃၉၊ ပကိဏ္ဏကဃဋနာ ၆၄၊ သဟဇာတဃဋနာ ၃၁၂ ချက်၊ ပေါင်း ၄၁၅ ချက်ဖြစ်ပါသည်။
အဲ့တော့ ကိုယ်တော်တို့ တစ်ခုပြန်ပြီးတော့ စဉ်းစားကြည့်လိုက်။ ရွှေမန်းသီချင်း၊ ဘုန်းကြီးပြောတာ တကယ်မှန်ပါ့ကလားလို့ ရင်ထဲမှာ ရောက်မသွားဘူးလား။ ရောက်သွားပါတယ်။ အဲ့ဒါ ကွမ်းတောင်ကိုင်တာလည်း ဘာလဲ။ ပန်းတောင်ကိုင်တာလည်း၊ ဆွမ်းကျွေးတာလည်း၊ တံမြက်စည်းလှဲတာလည်း ငါသည်။ ဒါလိုပဲ ကိုယ်တော်တို့၊ ဒါပဲ ကိုယ်တော်တို့ ဒီမှာ သုဒ္ဓသင်္ချာကြီး သွားနေတာလေ။ ဟုတ်လား။ ဘာတွေသွားနေတာပါလိမ့်။ သုဒ္ဓသင်္ချာ။ သုဒ္ဓသင်္ချာတွေ သွားနေတာ။
အဲ့ဒါ တော်တော်ကြားဖူးသေးတယ်ဗျ။ နောက်တုန်းက ဒီနေ့ထက်မကြားသေးဘူး။ "သုဒ္ဓသင်္ချာမကျက်ဘဲနဲ့ ပဋ္ဌာန်းချတာ" တဲ့။ သုဒ္ဓသင်္ချာမကျက်ဘဲနဲ့ ဘာလဲဗျ။ ပဋ္ဌာန်းချတာ။ ပဋ္ဌာန်းချတာတဲ့။ သင်ရိုးပြောသလားဆိုတော့ သင်ရိုးဒီလိုပဲ ပုံမှန်ပဲပြောတာပဲတဲ့။ အံ့အားသင့်သွားတယ်ဗျ။ ဟုတ်လားဗျ။ အလွန်တရာကို ဘာလဲ။ အံ့အား။ အံ့အားသင့်သွားတယ်။ အဲ့တော့ အခု သုဒ္ဓသင်္ချာနှစ်ချက်မပါဘဲနဲ့ ပဋ္ဌာန်းသင်လို့မရဘူးလားဆို သင်လို့ရတာပေါ့ဗျ။ အဲ့ဒီသင်လို့ရတာကို ဒီခု တစ်ခက်ဝိုင်းပဲ။ ဒီလိုနေစဉ်ကလည်း ကန်တော့တိုက်ကြီးဆိုတဲ့ဆရာတော်ပေါ့။ အခု ရဝေဆရာတော်နဲ့ ဘွဲ့တူ၊ ရဝေဆရာတော်ဘုရားကြီးနဲ့ ဘွဲ့တူ။ ဘယ်သူဘာလိုက်လဲ။ ဥပเทศနည်းဝန်ရတဲ့ အလွန်တော်တဲ့ဆရာတော်။
အဲ့တော့ တပည့်တော်ကလည်း ကိုယ်တော်တို့ တစ်ခါတစ်ရံရလို့ရှိရင် လိုချင်အားကြီးလို့ရှိရင် တစ်ခါတည်း ယူယူထူထူ၊ ယူယူတူတူ၊ ပေါက်တိုးကရ၊ ကြောင်တောင်တော်တောင် အထင်ခံရတာရှိတယ်ဗျ။ ကိုယ်က လက်တန်းခပ်ပုံက အဲ့ဒါအတိုင်း။ အုပ်ပုံကြီး ကြည်ညိုစရာလည်းပါတယ်ပေါ့။ ဒီတော့ ပဋ္ဌာန်းကလည်း အခုလိုရည်ရွယ်ချက်၊ ကိုယ်တော်တို့ အခုလိုဖြစ်တယ်ဆိုတဲ့ဥစ္စာက အဲ့ဒီလိုချင်တဲ့စိတ်တွေ လွှမ်းမိုးလို့မို့လို့ ဟိုတုန်းက တို့ ဆိုကရေးတီးအကြောင်း ပြောခဲ့ပြီမဟုတ်လား။ အဲ့အတိုင်းပဲပေါ့။ ဟုတ်လားဗျ။ ဆိုကရေးတီး၊ ဆိုကရေးတီးဆီကို မာမကြီးလာတယ်။ "ဆရာကြီးရယ်၊ ကျွန်တော်နာမည်ကြီးချင်ပါတယ်ဗျာ" တဲ့။ "ခင်ဗျားနာမည်ကြီးအောင် ကျွန်တော်ဘယ်လိုလုပ်ရမလဲ" ပေါ့။ ပြောပြီးလား။ အဲ့ဒီအတိုင်းပဲ ကိုယ်တော်ရဲ့ သူက အသေအကျေကူညီလွတ်ပြည်က။ ဟုတ်လားဗျ။ အဲ့တော့လည်းပဲ ကြည့်။ ကလေးတစ်ယောက်က ဆုကလေးကိုလိုက်မေးတာ။ ဟုတ်လားဗျ။ အဲ့လိုမေးတာ။ ဒီတော့လည်းပဲ အဲ့လိုပဲဗျ။
အဲ့တော့ တပည့်တော်က လက်တန်းအတိအကျပြောရင် ၁၃၊ ၁၄ နှစ်ကပေါ့။ အလတ်တန်းသမားက အရှင်ဘုရားတို့ရေ သဒ္ဒါချတော့လည်း ဒီတော့ အဲ့ဒီတိုက်အုပ်ဘုန်းကြီး စာချလို့ သဒ္ဒါချရင် အငယ်တန်းချရင် အငယ်တန်းတက်တယ်။ အကြီးတန်းချရင် အကြီးတန်းတက်တယ်။ လက်တန်းချရင် လက်တန်းတက်တယ်။ ဆရာတော်က အလွန်တရာလည်း ကြည်ညိုစရာပါတယ်။ သင်္ကန်းဝတ်လို့ရှိရင်လည်း ဝိုင်းနေအောင်ဝတ်တာ။ တစ်ခါမှ တစ်ထည်တည်းသင်္ကန်းမှာမဟုတ်ဘူး။ ပိတ်သင်္ကန်းကြီး တစ်သက်လုံးဝတ်သွားတာ။ အဲ့ဒါ အရှင်ဘုရားတို့ရေ အလွန်ကြည်ညိုစရာကောင်းတာ။ တကယ့်လောကမှာ သူတော်ကောင်းတွေ အများကြီးရှိပါသလားလို့။ စာသင်တိုက်မနေရတဲ့အကျိုးတရားတွေက တကယ်ကိုပဲ ဘဝရဲ့အထူးအခွင့်အရေးတွေ၊ သာသနာတော်ကြီးရဲ့ အထူးအခွင့်အရေးတွေပေါ့။
အဲ့မှာ တပည့်တော်ကနေပြီးတော့ နောက်ကနေချောင်းပြီးတော့ သွားတက်ရတာ။ ကိုယ်က၊ ကိုယ်တော်တို့ ဆရာတော်က ကြေညာလိုက်တာ။ "သင်ရိုးနဲ့ချမယ်" တဲ့။ ပဋ္ဌာန်းကို ဘာနဲ့ချမှာလဲ။ သင်ရိုးနဲ့ချ။ သင်ရိုးနဲ့ချမယ်ဆိုလည်းပဲ တပည့်တော် အဲ့ဒါ မှန်မှန်ပြောမယ်ဆိုရင်တော့ ဟိုတုန်းကတော့ တကယ်သင်ရိုးဆိုတော့ သင်ရိုးက အဲ့ဒီအနက်တွေကရတယ်လေ။ တပည့်တော် အနက်ရတာကလည်း ပြောပြဦးမယ်ဗျ။ တပည့်တော်ရဲ့အခြေခံကောင်းတယ်လို့ ပြောရမလားမသိဘူး။ ဒီတော့ နည်းနည်းပါးပါး ကိုယ်တော်တို့လိုပေါ့၊ ငပျင်းဆိုတော့ပေါ့ဗျာ။ အဲ့ဒါ တို့ကျောင်းဘုန်းကြီးက ဒီတော့ အငယ်တန်းအောင်တော့ "ကဲကွာ" တဲ့၊ "မင်းက တော်တော်ပျင်းတဲ့ကောင်" တဲ့။ "အဲ့ဒီ ရှစ်ပိုင်း၊ ဟိုပစ္စည်းပိုင်းနဲ့ ကမ္မဋ္ဌာန်းပိုင်းကို" တဲ့၊ "ရသလောက်ကျက်၊ ရသလောက်ကျက်၊ ရသလောက်ကျက်။" အဲ့ဒါ အခုပြီးသလောက်ကို ပြီးပြီဆိုလို့ရှိရင် အကုန်လုံးပြန်ပြန်ရမှာ။ ပြီးသားကို အကုန်လုံးပြန်ပြန်ရမယ်တဲ့။ သေရောဘုရား။ အဲ့ဒါကတော့ ဒီသုဒ္ဓသင်္ချာတွေက အဲ့အတိုင်းပဲ။ ကိုယ်တော်ဘုရားကြီး အဲ့ကအနက်တွေက ဒီသုဒ္ဓသင်္ချာအတိုင်းပဲ။ ဟုတ်လားဗျ။ တူတူပဲ။ ကိုယ်တော်တို့ သုဒ္ဓသင်္ချာကျက်ပြီးပြီဆိုလို့ရှိရင် အဲ့ဘာသာကအနက်ကို လွယ်သွားလိမ့်မယ်။ ဘာသာကအနက်ရရင်လည်း သုဒ္ဓသင်္ချာရ။ ဒါပဲ။
အဲ့တော့ တပည့်တော်က အဲ့ဒါနဲ့ အနက်တွေလည်းပြန်ရတာကတော့ သူ့ဆီမှာ အနက်တွေ၊ အဲ့ဒီက ဃဋနာအနက်ကို၊ အနက်တွေ အဲ့ဒါ ပစ္စည်းပိုင်းနဲ့ ကမ္မဋ္ဌာန်းပိုင်းကို အနက်တွေ နေ့စဉ်ပြန်ရတာ။ ကမ္မဋ္ဌာန်း၊ ခုန ပစ္စည်းပိုင်းကုန်ပြီဆိုတော့ ကမ္မဋ္ဌာန်း။ အဲ့လိုဆိုလို့ရှိရင် ဘယ်နှစ်ပြန်လဲ။ ဘယ်နှစ်ပြန်မလဲဆိုတော့ ပစ္စည်းပိုင်း ဒီတော့ နှစ်ရာ၊ သုံးရာလောက် ချိန်းပြီးတော့မှ အဲ့ဒါအကုန်ပြန်ရတာ။ ဘယ်အကြာကြီး။ အနက်တွေက၊ ဒီအနက်တွေကိုဗျ။ နောက် ကမ္မဋ္ဌာန်းပိုင်းရောက်၊ ကမ္မဋ္ဌာန်းပိုင်းရောက် ကိုယ်တော်တို့ရေ ဓိပညာနေရာတွေက ဒီလောက်ကြည့်မရှည်ဘူး။ အဲ့ဒီ ဝိသုဒ္ဓိခုနစ်ပါးကျရင်တော့ ဘယ်လိုတုန်းဗျ။ ရှည်မှရှည်။ တကယ့်ကိုပဲ ကိုယ်တော်တို့သိတယ်မဟုတ်လား။ ဒါ ကိုယ်တော်တို့ပိုသိပါတယ်။ ဒီထက်၊ တပည့်တော်ထက် ကိုယ်တော်တို့က သိဘူးလား။ သိပါတယ်။ အဲ့ဒါ အဲ့ဒီမှာ ကိုယ်တော်တို့ တပည့်တော်ထင်တော့ အဲ့ဒီကမ္မဋ္ဌာန်းပိုင်းတော့ နောက်ပြန်ပြီးတော့ သောင်းချီပြန်တာကို သုံးခါပြန်ယူရတယ်။ အဲ့တော့ အဲ့လောက်ကြည့်တာ။ အဲ့တော့ တပည့်တော် အဲ့မှာ ဆရာ့ဆီကို အဲ့လိုပြန်ခဲ့ရပြီဆိုတာကျတော့ ဒီဥစ္စာတွေက ပြန်စာလုပ်လိုက်တော့ လွယ်ကူသွားတာပေါ့ဗျာ။ အဲ့ဒီမှာ ဆရာကပြောလိုက်တော့ မှတ်တော့သဘောပေါက်တယ်။ "ဪ ပဋ္ဌာန်းဆိုတာ ဒါပဲ" ပေါ့ဗျာ။ မူန်တဝါးဝါး ရေးတေးတေးတော့ မြင်လာတာပေါ့။ အဲ့ဒါက ဘယ်တန်းမှာလဲ။ လက်တန်း။ လက်တန်းရှိသေးတယ်။ အဲ့တော့ လိုချင်တဲ့စိတ်က အဲ့လိုပြင်းပြတာ။ ပုန်းလျှိုးကွယ်လျှိုးနဲ့ကို သွားတက်ရတာ။ ဟုတ်လား။ သူများလို ရိုက်ပုတ်ခိုင်းလို့ သွားတက်ရတာဟုတ်ရဲ့လား။ ဟုတ်ပါတယ်။ အဲ အဲ့လိုရှိတယ်။ လိုချင်တဲ့စိတ်ပြင်းထန်လို့ရှိရင် အဲ့လိုပဲဗျ။ ဟုတ်လား။
အဲ့လို၊ အဲ့လို ကိုယ်တော်တို့ရေ၊ အဲ့ဒါကြည့်လိုက်ဦး။ နောက်တစ်နေ့ အကြီးတန်းရောက်၊ အကြီးတန်းရောက်တော့လည်းပဲ အဲ့လိုပဲရှိတယ်ပေါ့ဗျာ။ အဲ့ဒါနဲ့ ခုလက်ရှိဆရာတော်ပေါ့။ ဆရာတော်ဦးညေယျကနေ ပြောလိုက်တယ်။ "ကိုယ်တော်တို့" တဲ့၊ "ဟိုသတင်းက ဟိုတစ်ခါပြောပြီးသားပါ။ ခင်ဦးတောရဆရာတော်ကြီးရဲ့စာမှာပဲ" ပေါ့။ ခင်ဦးတောရဆရာတော်က ဒီတော့သိတယ်။ အဲ့ဒါ ဒီကသွားလည်း တစ်ခုပေါ့လေ။ ဒီတော့ ဘုန်းကြီးနဲ့သွားတက်တာ။ သွားတက်တာဆိုတာ အဖော်အနေနဲ့သွားတက်တာ။ သိလို့၊ မသိလို့ရလည်းမဟုတ်ဘူး။ မူလပဋ္ဌာန်းဆရာတော်ကြီး ပို့ချတာပေါ့။ ပဋ္ဌာန်းပါဠိကျမ်းကြီးဆိုတာကို တောင်ရှိတဲ့စာအုပ်ကြီးဆီရှိတယ်။ တို့ကြည့်ချင်တယ်ဆိုလို့ရှိရင် ကြည့်လို့ရတယ်။ အဲ့ဒီစာအုပ်ကြီးနဲ့ပေါ့။ ပို့ချကျမ်းလေးကလည်းရှိတယ်။ ခင်ဦးတောရဆရာတော်ဆိုတာနဲ့ ဒီတော့သိပြီ။ ကျန်တဲ့ပုဂ္ဂိုလ်တွေက မသိဘူးပေါ့ဗျာ။ အဲ့လိုပြောလိုက်တာနဲ့ကိုပဲ အဲ့လိုလေးစကားလုံးတစ်လုံးရတာနဲ့ကိုပဲ ကိုယ်တော်တို့ရေ ညာပြီးဘုန်းကြီးဆိုတာ ပြောလို့ရတယ်။ ဟုတ်လားဗျ။ ဘာလိုချင်လို့ပါလိမ့်။ စာလိုချင်လို့။ စာလိုချင်လို့။ အဲ့စာအုပ်ကိုလိုချင်လို့။ အဲ့ဒီစာအုပ်ရော၊ ပါဠိကျမ်းတော့မရဘူး။ အဲ့ပို့ချကျမ်းလေးရလာတယ်။ ဒါမျိုးလည်းပဲ အထောက်အကူအများကြီးပြုတယ်ပေါ့ဗျာ။ အဲ့ဒီအတူတူထွက်တာတွေ ဒီကသူငယ်ချင်းဆီက အမှတ်စုတွေသိမ်းပိုက်ပြီးတော့ တစ်ခါတည်းပြန်သွားတာပေါ့။
အဲ့ဒါ လိမ်လည်လျှောက်ထားမှုနဲ့ပတ်သက်သလိုလည်းပဲ ရုပ်တည်တံ့တွေရှိအောင်ဆိုတော့ ဒီတော့ သမိုင်းတွင်ခဲ့တယ်ဗျ။ ဒီတော့ လိမ်လည်မှု၊ ကိုယ်တော်တို့ရေ၊ "ကနေ့ ကိုယ်တော်က လမ်းလျှောက်တယ်" တဲ့။ သူကတော့ လျှောက်ထားတာကတော့ ရုပ်တည်တံ့ထွက်တယ်။ "ဒီတော့ လိမ်မယ်လို့ လွှတ်ရတယ်ဘုရား" တဲ့။ ဟုတ်လားဗျ။ လိမ်လည်လျှောက်ထားတယ်ဆိုပေမယ့်လို့ ဘာလဲဗျ။ ရုပ်တည်တံ့။ "ရုပ်တည်တံ့ရှိလို့ လွှတ်ရပါတယ်" တဲ့။ အဲ့ဒါ ဩဝါဒထည့်ပြီးတော့ ခက်ပုံအောင် အဲ့ဒါလိုချင်လို့။ ကိုယ်တော်တို့ရေ ပဋ္ဌာန်းစာအုပ်ကိုလိုချင်လို့။ အဲ့တော့ ဒီလိုချင်သလိုပဲ ဒီလိုရခဲ့တယ်ဆိုပါတော့ဗျာ။ အဲ့လိုရှိတာပေါ့။
အဲ့ဒီကနေပြီးတော့ အဲ့ဒီကထွက်ခဲ့ပြီ။ ခုဆိုလေး၊ အဲ့တော့ ခု ဟန်သုံးလမ်းက ဆရာတော်ဦးဝါယမကနေတော့ တပည့်တော်လည်း သင်မယ်။ အဲ့ဒီမှာ ပဋ္ဌာန်းချတယ်ပေါ့ဗျာ။ အခုဓာတ်ပုံရိုက်တဲ့ဘုန်းကြီးနဲ့ ရှေ့ဆုံးကသွားထိုင်တာ။ ပဋ္ဌာန်းလိုချင်တဲ့စိတ်က ရှေ့ဆုံးကသွားထိုင်တာ။ အဲ့ဒါနဲ့ ရှေ့ဆုံးကသွားအော်တာပေါ့။ စာအော်တာ။ သူ့ဆီကလည်းပဲ အဲ့လိုပဲ ရသင့်ရထိုက်တာတွေရအောင် ယူရတာပေါ့။ အဲ့ဒီကပြီးသွားပြီဆိုတာကျတော့ စာတွေက ဒီတော့တော်တော်ကျက်ခဲ့ပြီးသားလေ။ အဘိဓာန်လင်္ကာ ၆၀၀၀ ရခဲ့ပြီးသားကို ဒီကျောင်းမှာပြန်တာ။ အကုန် ၅၀၀ ကျော်၊ ၅၃၀၊ စတုဘန်တော အကုန်ပြန်ခဲ့တာကိုဗျ။ ဆန်းရယ်၊ အလင်္ကာရယ် ပြန်ထားတာဆိုတော့ ကြိတ်ပြီးသိပ်ကျက်စရာမရှိဘူး။ အဲ့ဒါတွေထဲ၊ အဲ့ဒါတွေ၊ အဲ့ဒီက ဟိုကပြီးသွားကာကျတော့ ဒီက တိုးတိုးတန်းလန်းနေတဲ့အခါ ဆုတွေကို သွားတက်သေးတယ်။ ဆိုလည်း ဆရာတော်ဆီ၊ ရန်ကုန်ဆရာကြီးဦးကျော်ဆီ၊ ရန်ကုန်ဆရာကြီးဦးဘုန်းကိုဆီ၊ ရန်ကုန်နောက်ဘယ်သူ့ဆီရောက်သေးလဲဆို ပြောပြီးသားလေ။ ဒကာမကြီးဒေါ်ခင်မြင့်ဆီဗျ။ ပဋ္ဌာန်းဒေါ်ခင်မြင့်။ အလွန်တော်တာ အရှင်ဘုရားတို့ရေ။ ကဲ ကိုယ်တော်တို့ရေ၊ ကိုယ်တော်တို့ အခုလောကမှာပြောကြတဲ့ "ပဋ္ဌာန်းခရေဇီ" ဆိုတာ ဟုတ်လား။ ဘာလဲဗျ။ အဲ့လိုပဲ အရှင်ဘုရားတို့ရေ။
ဒါ့ကြောင့် အရှင်ဘုရားတို့ အခုဒီစာအုပ်တွေဖြစ်ပေါ်လာဆိုတဲ့ဥစ္စာ အဲ့သလိုချင်တဲ့စိတ်နဲ့ ပြင်းပြင်းပြပြကို ဘာလဲဗျ။ ယူခဲ့ပါ။ အလွန်တရာကြိုးစားခဲ့တဲ့အတွက်ကြောင့်မို့လို့ စာအုပ်ကောင်းတို့ ထွက်လာခဲ့တယ်ပေါ့ဗျာ။ သူများအတွက်တော့မသိဘူး။ ကိုယ့်အတွက်တော့ကောင်းတာလေ။ ဒါက မှတ်တမ်းပဲလေ။ ဟုတ်တယ်မလား။ ကဲ ဒါကြောင့်မို့လို့ ကိုယ်တော်တို့ရေ ဒီပဋ္ဌာန်းစာအုပ်က ကိုယ်တော်တို့ ဒါခြေခြေမြစ်မြစ်၊ နှစ်နှစ်ကာကာကြီး ကိုယ်တော်တို့ကို ဘာပြုတုန်း။ ကဲ ပြီးသွားကြပြီပေါ့ဗျာ။ ကဲ ဒီလောက်နဲ့တော်ရအောင်ပေါ့။
