ဟုတ်ကဲ့ပါ၊ အရှင်ဘုရား။ ပေးပို့လာသော စာပိုဒ်ကို သေချာစေ့စပ်စွာ ပြန်လည်စစ်ဆေး၍ သတ်ပုံမှန်များနှင့် စာပိုဒ်ဖွဲ့စည်းမှုများဖြင့် တင်ပြပေးလိုက်ပါသည်။
ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (ဧကာဒသမပိုင်း)
၁၃၇၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၁၃) ရက်၊ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်၊ တနင်္ဂနွေနေ့။
အဲ့တော့ အရှင်ဘုရားတို့ရဲ့ စာအုပ် စာမျက်နှာ (၉)၊ (၁၁)၊ (၁၂)၊ (၁၃) တို့မှာ လာတဲ့ သဟဇာတရဲ့ အကြီးနဲ့ အလတ်တွေကို ဒီရက်ပိုင်းတွေမှာ ပို့ချနေတာဖြစ်ပါတယ်။ အညမညပစ္စည်းရဲ့ သုတ္တသင်္ချာတွေ၊ ပါဠိတော်တွေ၊ အရကောက်တွေ၊ ဒါတွေအပြင်ကိုပဲ မနေ့တုန်းက ကိုယ်တော်တို့ရဲ့ စာအုပ် စာမျက်နှာ (၁၁၄) မှာ "၂၄ ပစ္စည်းတို့၏ အကျဉ်းအဓိပ္ပာယ်၊ ဥပမာပြ အဓိပ္ပာယ်များ" လို့ ပြောထားတာ ဟုတ်လားဗျ။ အညမညပစ္စည်းဆိုတာက "သစ်ပင်သုံးချောင်းထောက်"။ ဘာလဲ။ (သစ်ပင်သုံးချောင်းထောက်ပါ။) အေး၊ ဒါပဲ။ လိုက်နဲ့ ရှေ့မဆက်နိုင်ဘူး။ (မှီမှီခိုခို။) အေး၊ အဲ့လိုလုပ်စမ်းပါ။ "သစ်ပင်သုံးချောင်းထောက်၊ ချင်းချင်းမှီခို" ဆိုတာ အဲ့သလိုပဲပေါ့ဗျာ။ တစ်ဦးနဲ့တစ်ဦး၊ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း အပြန်ပြန်အလှန်လှန် ကျေးဇူးပြုတာ၊ ဒါကို "အညမည" တဲ့။ ဒါကို သိပ်အလိုရှိတာ။
အဲ့တော့ ဒီအရကောက်ဥစ္စာတွေပါ။ ဘယ်နားကဗျာ ပြောလိုက်တာ။ (နာသာပါဘုရား။) "နာသာ"။ သုံးမျိုးရှိတယ်လေ။ မနေ့က ပြောလိုက်တာ ဘယ်နားက၊ ဘာမှမသိလိုက်တော့ဘူး။ ဘုန်းကြီးတို့က ဟုတ်လား။ ကိုင်း၊ ကိုယ်တော်တို့ လက်ထက်ကျရင် အဲ့ထဲမှာ ရှင်မဟာကဿပ မလုပ်ခဲ့တဲ့ကိစ္စတွေ ကိုယ်တော်တို့ တက်လုပ်နေကြပြီ။ ဟုတ်လားဗျာ။ ရှင်မဟာကဿပ မလုပ်ခဲ့တဲ့ကိစ္စတွေကို ကိုယ်တော်တို့ တက်လုပ်နေရပြီ။
အဲ့တော့ အညမညပစ္စည်းရဲ့အကြောင်း၊ ကိုယ်တော်တို့၊ တပည့်တော်တို့ လက်တွေ့လိုက်နာကျင့်သုံးဖွယ်ရာ အဖြာဖြာတွေနဲ့ မနေ့တုန်းကတော့ဖြင့် ပြောခဲ့ပြီပေါ့။ ဝိပါကပစ္စည်း နည်းနည်းလေး ပြောကြဦးစို့။ သို့သော် ဝိပါကပစ္စည်းမရောက်ခင် ကိုယ်တော်တို့ရဲ့ စာအုပ် စာမျက်နှာ (၁၃)၊ ခုနက မနေ့တုန်းက နိဿယပစ္စည်းအကြောင်း ပြောခဲ့တယ်ဗျ။ နိဿယပစ္စည်းအကြောင်း ပြောခဲ့တယ်ဆိုတော့ နိဿယ အခြေခံအားဖြင့် နှစ်မျိုးလို့ မှတ်လိုက်ပေါ့။ အခြေခံအားဖြင့် ဘယ်နှမျိုးပါလိမ့်။ (နှစ်မျိုးပါ။) နှစ်မျိုးလို့ မှတ်လိုက်မယ်။ သဟဇာတနိဿယနဲ့ ဝတ္ထုပုရေဇာတနိဿယ။ အဲ့ဒီလို နှစ်မျိုးရှိတဲ့အထဲက အခု သဟဇာတနိဿယကို တပည့်တော်တို့ ဟောကြားနေတာဖြစ်တယ်။
အဲ့တော့ တပည့်တော်တို့ အခု ပို့ချတဲ့ပုံစံလေးကို ပြောမယ်ဆိုရင် မျိုးကွဲရှိတဲ့ပစ္စည်းတွေရဲ့ မျိုးကွဲတွေ၊ နောက်ဆုံးမျိုးကွဲရောက်တဲ့အခါကျရင် အကုန်လုံး ဇာတ်ပြန်ပေါင်း၊ ဘုရားရှင်ကိုယ်တော်မြတ် ဟောလိုက်ခဲ့သလိုပဲ၊ အဋ္ဌကထာထဲမှာ
ဇာတကံ ဇာတကံ သမောဓာနေသိ (ဇာတ်တော်မူ၏။) "ကောင်းတော်မူ၏" ဆိုသလိုပဲ အဲ့ဒီနောက် မျိုးကွဲရောက်တဲ့အခါကျရင် ဇာတ်တွေ အကုန်ပြန်ပေါင်းမှာပေါ့။ ခု တစ်ခြမ်းစီ၊ တစ်ခြမ်းစီပဲ တပည့်တော်တို့က မျိုးနဲ့၊ မျိုးအနေနဲ့ သွားတာဖြစ်တယ်။ ဘာအနေနဲ့ သွားတာဖြစ်တယ်။ (မျိုးအနေနဲ့ပါ။) မျိုးအနေနဲ့ သွားတာဖြစ်တယ်ပေါ့။အဲ့တော့ အဲ့ဒီက နိဿယပစ္စည်းနဲ့ပတ်သက်လို့လည်းပဲ မှတ်သားစရာကောင်းတာတွေ နည်းနည်းလေး၊ ပါးပါးလေးတော့ ပြောခဲ့ရဦးမယ်ပေါ့။ အဲ၊ ဘုရားရှင်ကိုယ်တော်မြတ်ကလည်းပဲ ကိုယ်တော်တို့ ဟိုတုန်းက တပည့်တော်ရဲ့ စာအုပ်ထဲမှာ တချို့ ဖတ်ဖူးတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်ပေါ့ဗျာ။ "အမှီကောင်းကိုရရင်... (ဘဝကောင်းကိုရမယ်။) ဘဝကောင်းကို ရမယ်" တဲ့။ အဲ့ဒါ ဘုရားရှင်ကိုယ်တော်မြတ် ဟောကြားတော်မူခဲ့တဲ့ သုတ္တန်တွေလည်းပဲ ကိုယ်တော်တို့ ခု တတိယနိကာယ်မှာလည်း ပါတယ်။ ပထမနိကာယ်မှာလည်း ပါတယ်။ တတိယနိကာယ်မှာတော့ "နဝနိပါတ်၊ နိဿယသုတ်" ဆိုတာရှိတယ်။ အခု ပထမနိကာယ်မှာတော့ အဲ့ "ဒုတိယ ပါပဏိကသုတ်"။ နည်းနည်းလေး၊ ပါးပါးလေး တစ်ခုပြောပြရဦးမယ်ပေါ့။
ဘိက္ခဝေ၊ တီဟိ အင်္ဂေဟိ သမန္နာဂတော ပါပဏိကော နစိရဿေဝ မဟတ္တံ ဝေပုလ္လတံ ပါပုဏာတိ ဘောဂေသု။ တဲ့။ "ရဟန်းတို့တဲ့၊ ဤအင်္ဂါသုံးပါးတို့နှင့် ပြည့်စုံသော ပါပဏိကော - ဘာပါလိမ့်၊ ဈေးသည်၊ ကုန်သည်သည်ပေါ့၊ ဟုတ်လားဗျ၊ နစိရဿေဝ - မကြာမြင့်မီပင်၊ မဟတ္တံ - ကြီးပွားခြင်းအဖြစ်သို့၊ ဝေပုလ္လတံ - ပြန့်ပွားခြင်းအဖြစ်သို့၊ ဘောဂေသု - စည်းစိမ်ဥစ္စာတို့၌၊ ပါပုဏာတိ - ရောက်ပါလိမ့်မယ်" တဲ့။ ကတမေဟိ တီဟိ - ဘယ်သုံးမျိုးလဲဆိုလို့ရှိရင် ဣဓ ဘိက္ခဝေ ပါပဏိကော စက္ခုမာ စ ဟောတိ တဲ့။ မျက်စိအမြင်ရှိရမယ်တဲ့ဗျ။ ဘာရှိရမယ်။ (မျက်စိအမြင်ရှိရမယ်။) ဝိဓုရော စ - ဉာဏ်နှင့်ယှဉ်သော ကြိုးစားအားထုတ်မှုလည်း ရှိရမယ်တဲ့။ ဉာဏ်နှင့်ယှဉ်သော ဘာလဲ။ (ကြိုးစားအားထုတ်မှုလည်း ရှိရမယ်။) နိဿယသမ္ပန္နော - ဘာပါလိမ့်၊ အမှီကောင်းနဲ့လည်း ပြည့်စုံရလိမ့်မယ်တဲ့။ ဒီအင်္ဂါသုံးပါးနဲ့ ပြည့်စုံပြီဆိုရင် အဲ့ဒီကပုဂ္ဂိုလ်ဟာ ခုနက ဘုရားရှင်ကိုယ်တော်မြတ်က မဟတ္တံ ဝေပုလ္လတံ ပါပုဏာတိ တဲ့။ ကြီးပွားခြင်း၊ ချမ်းသာခြင်း၊ ဟုတ်လားဗျာ၊ ဘဝရဲ့အထက်တန်းသို့ရောက်ခြင်းရဲ့ အဖြစ်သို့ ဘာပြုတာ၊ ဘာဖြစ်လို့တုန်း။ (ရောက်လိမ့်မယ်။) ရောက်ပါလိမ့်မယ်တဲ့။အဲ့တော့ "စက္ခုမာ" မျက်စိအမြင်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာက ဘယ်လိုလဲ။ ဪ၊ မျက်စိအမြင်ရှိတဲ့ပုဂ္ဂိုလ်က ဒီကုန်က အရင်းအနှီးက ဘယ်လောက်ရှိတယ်။ ဒီကုန်ကို အမြတ်ငွေ ဘယ်လောက်နဲ့ရောင်းမယ်ဆိုလို့ရှိရင် ဘယ်လိုရှိမယ်။ ဒီဥစ္စာ ဘယ်သူ့ဆီက ရရမယ်။ ဟုတ်လားဗျ။ နောက် "ဝိဓုရော စ" တဲ့။ ကြိုးစားအားထုတ်ရမယ်။ "နိဿယသမ္ပန္နော စ" အမှီကောင်းကို ရရမယ်တဲ့။ အဲ့ဒါ စက္ခုမာစ၊ ဒီသုံးခုနှင့်ပြည့်စုံမယ်ဆိုလို့ရှိရင်၊ အမှီကောင်းရတယ်ဆိုတာက အရှင်ဘုရားတို့ရေ၊ ကိုယ့်ထက်ချမ်းသာကြွယ်ဝတဲ့၊ ကိုယ်တော်တို့ သူဌေးဆိုလို့ရှိရင် ကိုယ့်ထက်ချမ်းသာတဲ့ပုဂ္ဂိုလ်တွေဆီက ယူရတာလေ။ ဖောက်သည်ယူရတာ။ လက်ကား၊ လက်လီဆိုတာ မရှိဘူးလား။ (ရှိပါတယ်။) အဲ့လိုယူရတာ။ သူဌေးတွေကလည်းပဲ အဲ့ဒီကပုဂ္ဂိုလ်ကို အပြန်အလှန်မှီခိုရတာပဲပေါ့။ အဲ့ဒီကပုဂ္ဂိုလ်ကို ရှာမယ်ဆိုရင် သူ့ဆီကနေပြီးကျတော့ ကိုယ်ယူရတယ်။ အဲ့ဒါနဲ့ပဲ အရှင်ဘုရားတို့ လည်ပတ်ပြီးတော့ ခုနက မကြာမြင့်သော အချိန်အခါကာလမှာပဲ ကြီးပွားခြင်း၊ ချမ်းသာခြင်း၊ တိုးတက်ခြင်း၊ အောင်မြင်ခြင်းသို့ ဘာလဲဗျ၊ ရောက်မယ်တဲ့။
ဘုရားရှင်ကိုယ်တော်မြတ်က "အတူတူပဲပေါ့ကွာတဲ့၊
ဧဝမေဝ ခေါ ဘိက္ခဝေ တီဟိ ဓမ္မေဟိ သမန္နာဂတော ဘိက္ခု နစိရဿေဝ မဟတ္တံ ဝေပုလ္လတံ ပါပုဏာတိ ကုသလေသု ဓမ္မေသု။" တဲ့။ "ဘိက္ခဝေ - ရဟန်းတော်မြတ်အိုချစ်သားတို့၊ ဧဝမေဝ - ထိုအတူသာလျှင်၊ တီဟိ ဓမ္မေဟိ - တရားသုံးပါးတို့နှင့်၊ သမန္နာဂတော - ပြည့်စုံသော၊ ဘိက္ခု - ရဟန်းသည်၊ နစိရဿေဝ - မကြာမြင့်မီပင်၊ ကုသလေသု ဓမ္မေသု - ကုသိုလ်တရားတို့၌၊ ကုသလေသု ဓမ္မေသု - ကျွမ်းကျင်စရာကောင်းတဲ့ ပညာတရားတို့၌" ဒီလိုပေးလို့မရဘူးလား။ (ရပါတယ်။) ကုသလဆိုတာက ကုသိုလ်တရားတင် ဟုတ်ရဲ့လား။ (မဟုတ်ပါဘူး။) ကုသလက ဘယ်နှစ်နက်ရှိတာ။ (နှစ်နက်။) ငုတ်တုတ်ကိုမေးရင် အဲ့ဒါ ဘုန်းကြီးတွေ လျှောက်မေးပြီး ကိုယ်လောကွတ်ထင်မှာပေါ့ဗျာ။ ဟုတ်လား။ ကုသလ ဘယ်နှစ်နက်ဟောတာတုန်း။ ဘယ်နှစ်နက်ဟောတာတုန်း။ (ကျွမ်းကျင်၊ လိမ္မာ။) ထင်ကြေး၊ ထင်ရာလျှောက်ချည်း ပြောပြီး။ ဟုတ်လား။ အဲ့တော့ ကုသိုလ်၊ ကုသလ - ကျွမ်းကျင်တာ၊ လိမ္မာသော။ မဖြစ်ဘူးလား။ ပညာပါရမီမှာ ကျွမ်းကျင်တာ၊ လိမ္မာသည့်အဖြစ်သို့၊ ဟုတ်လား၊ နစိရဿေဝ - မကြာမြင့်မီပင်၊ မဟတ္တံ ဝေပုလ္လတံ ပါပုဏာတိ တဲ့။အဲ့တော့
ကတမေဟိ တီဟိ - ဘယ်သုံးပါးဆိုလို့ရှိရင် ဣဓ ဘိက္ခဝေ ဘိက္ခု ဟုတ်လားဗျ၊ စက္ခုမာ စ ဟောတိ၊ ဝိဓုရော စ၊ နိဿယသမ္ပန္နော စ။ တဲ့။ အဲ့တော့ "စက္ခုမာ စ" မျက်စိအမြင်ရှိရမယ်တဲ့။ မျက်စိအမြင်ရှိရမယ်ဆိုတော့ တရားထုတ်တဲ့ပုဂ္ဂိုလ်တွေကတော့ အဲ့ဒီ ဘုရားရှင်ဟောတော်မူထားသော သစ္စာတရားလေးပါးပေါ့ဗျာ။ ဣဒံ ဒုက္ခံ၊ ဣဒံ ဒုက္ခသမုဒယော ပေါ့။ အဲ့သစ္စာတရားလေးပါးကို သိရမယ်ဆိုတဲ့ အချက်အလက်ကို ဟောတာပေါ့။ ပညာရှာမှီးတဲ့ပုဂ္ဂိုလ်တွေကျလို့ရှိရင်တော့ မြင်တတ်၊ ကြားတတ်ရမယ်၊ ယူတတ်ရမယ်။ ဟုတ်လားဗျ။ ဘာလုပ်ရမယ်။ (မြင်တတ်၊ ကြားတတ်ရမယ်၊ ယူတတ်ရမယ်။) ယူတတ်ရမယ်။အဲ့တော့ မနေ့တုန်းက ကိုယ်တော်တို့ ရေဘူးလှုပ်ပြလိုက်တယ်။ တစ်ယောက်မှ အဲ့ဒါကို ရေသောက်ချင်တဲ့ပုဂ္ဂိုလ် တစ်ယောက်မှမရှိဘူးဗျ။ ဟုတ်လား။ တစ်ယောက်မှမရှိဘူး။ ကိုယ်တော်တို့ကို အဲ့ဒါ ဒီတော့ မနေ့တုန်းကနေပြီးကျတော့ အဲ့ဒါကို မဟာစည်ဆရာတော်ကြီးရဲ့ လင်္ကာလည်း ရွတ်ပြလိုက်တယ်။ ဟုတ်လားဗျ။ တိပိဋကဆရာတော်ကြီးရဲ့ လင်္ကာလည်းပဲ "အာသီသဂါထာ" သုံးပုဒ် ရွတ်ပြလိုက်တယ်။ ဒါတွေက လွယ်လွယ်ကူကူနဲ့ ဒီဆီရောက်လာတာ မဟုတ်ဘူးဗျို့။ ဟုတ်လား။ အဲ့ဒီက ဥစ္စာတွေက ချောင်ကျ၊ ခဲရာခဲဆစ်၊ သဲသဲမဲမဲ ရှာဖွေခဲ့ရတာ။ အဲ့ဒါမို့လို့ တပည့်တော်က ရေဘူးလှုပ်ပြလိုက်တာ တစ်ယောက်မှ လိုချင်တဲ့စိတ်မပေါက်ဘူးဗျ။ အဲ့ဒါ "ဘုန်းကြီး၊ ဒီဟာ ပေးစမ်းပါ" ဆို လာပြီးတော့ ကူးတဲ့လူ တစ်ယောက်မှမရှိဘူး။ အံ့အားသင့်စရာကောင်းလိုက်တာ။ အဲ့ဒါ၊ အဲ့ဒါ "စက္ခုမာ စ န ဟောတိ" ပေါ့။ ဒီပုဂ္ဂိုလ်တွေကလည်း မျက်လုံးကန်းတဲ့ပုဂ္ဂိုလ်တွေတဲ့။ ဟုတ်လား။ ဘယ်လိုပုဂ္ဂိုလ်တွေပါလိမ့်။ (မျက်လုံးကန်းတဲ့ပုဂ္ဂိုလ်တွေပါ။) ဘယ်သူတွေပါလိမ့်။ (တပည့်တော်တို့ပါ။) အမ်း၊ ဘာမှမယူချင်ကြဘူး ဥစ္စာ။ ဟမ်။
နောက်ရှိသေးတယ်။ ဘုရားရှင်ကိုယ်တော်မြတ်က ဟောသေး၊ ဟောဟောတယ်။ နောက်ဒုတိယအချက်က "ဝိဓုရော စ" တဲ့။ လုံ့လဝီရိယကို အားထုတ်မှုလည်း ရှိရမယ်တဲ့။ ကိုယ်တော်တို့ လုံ့လဝီရိယ၊ ဝီရိယင်္ဂါလေးပါးပါပဲဗျ။ စတ္တာရိ ဝီရိယင်္ဂါနိ။ ဟုတ်လား။ အဲ့ဒီ ဝီရိယင်္ဂါလေးပါးနဲ့ ပြည့်စုံရမယ်တဲ့။ အဲ့ဒီကဥစ္စာ။
နောက် "နိဿယသမ္ပန္နော စ"။ နိဿယသမ္ပန္နော ဥစ္စာလေးကတော့
ဣဓ ဘိက္ခဝေ ဘိက္ခူ ယေ တေ ဘိက္ခူ ဗဟုဿုတာ အာဂတာဂမာ ဓမ္မဓရာ ဝိနယဓရာ စသည်အားဖြင့် အဲ့ဒီမှာ တရားတွေဆောင်ရုံတဲ့ပုဂ္ဂိုလ်တွေ၊ ဗဟုသုတကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေ ရှိနေကြပြီတဲ့။ အဲ့ဒီကပုဂ္ဂိုလ်တွေကို တေ သေဝတိ - ထိုပုဂ္ဂိုလ်အား၊ တေ - ထိုပုဂ္ဂိုလ်တို့သည်၊ အပရိပုစ္ဆတိ - အမေးအမြန်းပြု၏။ တေ - ထိုပုဂ္ဂိုလ်တို့သည် အဝိဝဋဉ္စေဝ ဝိဝရန္တိ တဲ့။ မပွင့်လင်း၊ မပေါ်လွင်တာတွေကိုလည်း၊ မပွင့်လင်းတာတွေကိုလည်း ဝိဝရန္တိ - ဘာလဲဗျ၊ ဖွင့်ပြကုန်၏တဲ့။ အနုတ္တာနီကတဉ္စ ဥတ္တာနီကရောန္တိ - မပေါ်လွင်တာတွေကိုလည်းပဲ ပေါ်လွင်စေကုန်၏တဲ့။ မပေါ်လွင်တာကိုလည်း ဘာလဲ။ (ပေါ်လွင်စေကုန်၏။) ပေါ်လွင်အောင် ပြောရတယ်။ ပေါ်လွင်တာတွေကိုလည်း ပေါ်လွင်အောင် ပြောရတယ်။ အနေကဝိဟိတေသု စ ကင်္ခါဌာနီယေသု ဓမ္မေသု ကင်္ခံ ပဋိဝိနောဒေန္တိ - ယုံမှားသံသယဖြစ်ဖွယ်ရာဖြစ်တဲ့ ဌာနတို့ကိုလည်းပဲ တရားနဲ့လွယ်စွာ ကင်္ခါယုံမှားတွေကို ပယ်ဖျောက်ကြလေကုန်၏တဲ့။ အဲ့ဒါ ယုံမှားသံသယတွေကိုလည်းပဲ ပယ်ဖျောက်ပေးကြပါတယ်တဲ့။ ဤသို့ ဤတရားသဘောတရားတွေနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာလည်း၊ အဲ့ဒီကပုဂ္ဂိုလ်များဟာလည်း နိဿယသမ္ပန္န၊ အဲ့ဒီကပုဂ္ဂိုလ်တွေကို အမှီခိုရတဲ့ပုဂ္ဂိုလ်တွေဟာလည်း နိဿယသမ္ပန္နပုဂ္ဂိုလ်တွေပါပဲတဲ့။ အဲ့ဒါ အမှီကောင်းကို ဘာပါဗျ၊ အမှီကောင်းနှင့်ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေပါပဲတဲ့။အဲ့တော့ ကိုယ်တော်တို့အနေနဲ့ကလည်းပဲ အမှီကောင်းဆိုတာလည်း၊ အမှီကောင်းဆိုလို့ မသိဘူးဆို ခက်ဘူးလား။ (ခက်ပါတယ်။) အဲ၊ ကိုယ်တော်တို့ အဲ့ဒါ "ခက်လေသကွယ်" ဆိုတာ အဲ့ဒါတွေပဲ။ ဒါကြောင့် ကိုယ်တော်တို့ရေ၊ အဲ့ဒါ အဲ့သလို အမှီကောင်းပေါ့။ ဒါကြောင့်မို့လို့ အခု ဝါဆိုကာလကိုပဲ ကိုယ်တော်တို့ အဲ့ဒါ နိဿယည်းကြီး ယူရတယ်မဟုတ်လားဗျ။ (ဟုတ်ပါတယ်။) အဲ့ဒါ နိဿယည်းယူတဲ့အခါ... (ရပါတယ်ဘုရား။) ဆိုစမ်းပါဦး။ (
အာစရိယော မေ ဘန္တေ ဟောဟိ၊ အာယသ္မန္တော နိဿာယ ဝစ္ဆာမိ။) အာယသ္မတော နိဿာယ ဟုတ်လားဗျာ။ အာယသ္မတော နိဿာယ ဘာလိမ့်။ (ဝစ္ဆာမိ။) ဝစ္ဆာမိ တဲ့။ နိဿယမှီ၍ နေပါ့မယ်။ ဟုတ်လား။ ဒါတွေက နိဿယပစ္စည်းကို ပြောတာပဲ။ ဘာပစ္စည်းကို ပြောတာပါလိမ့်။ (နိဿယပစ္စည်းပါ။) နိဿယပစ္စည်းကို ပြောတာပေါ့။ကိုင်း၊ ဒါကြောင့်မို့လို့ နိဿယပစ္စည်းရဲ့ သဘောတရားလည်း ဒီလိုရှိတယ်။ ဟိုမှာတော့ ဒီဖြင့် အဲ့ဒါကို အင်္ဂါကိုးချက်ပေါ့ဗျာ။ အဲ့ကိုးချက်ကို ဟောထားတာ။ နောက်တော့လည်း ကိုယ်တော်တို့ အဲ့ဒီက ဥစ္စာတော့ ပုရေ၊ ပုရေဇာတနိဿယကျလို့ရှိရင်တော့ ပြောသေးတာပေါ့။ ဟုတ်လား။ အဓိပ္ပာယ်ရရင်ပေါ့ဗျာ။ ဟုတ်လား။
ကိုင်း၊ ဒါကြောင့်မို့ ဝိပါကပစ္စည်း သုတ္တသင်္ချာသွားရအောင်။ စာမျက်နှာ (၁၂) မှာ။
ဝိပါကပစ္စည်း သုတ္တသင်္ချာ၌ အချင်းချင်းအားလည်းကောင်း၊ အချင်းချင်းနာမ်မဲ့ခန္ဓာ၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်အားလည်းကောင်း အပ်သော အလုံးစုံသော ဝိပါက်ပဝတ္တိ၊ ပဋိသန္ဓေနာမ်မဲ့ခန္ဓာ (၄) ပါး၊ ဟဒယဝတ္ထုအား အပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာ၊ ဤတရားတို့သည် ဝိပါကပစ္စည်းအပ်သော တရားတော်မည်ကုန်၏။ သင်္ချာဧကံ၊ ပစ္စည်း (၅) ဟူသည်တည်း။ သင်္ချာဧကံဟူသောကား အဗျာကတောဗျာကတ ဟူသည်တည်း။ ပစ္စည်း (၅) ဟူသောကား ဝိပါက၊ သဟဇာတ၊ နိဿယ၊ အတ္ထိ၊ အဝိဂတ ဟူသည်တည်း။ အဲ့တော့ ပါဠိတော်ကြည့်ရင် သင်္ချာဧကံဆိုတော့ ဗျာ-ဗျာပဲပေါ့။ ဟုတ်လားဟေ့။ (မှန်ပါ။)အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။ ဝိပါကဗျာကတော ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဝိပါကပစ္စယေန ပစ္စယော။ တယော ခန္ဓာ ဧကဿ ခန္ဓဿ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဝိပါကပစ္စယေန ပစ္စယော။ ဒွေ ခန္ဓာ ဒွေနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဝိပါကပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ ဝိပါကဗျာကတော ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ ကတတ္တာ စ ရူပါနံ ဝိပါကပစ္စယေန ပစ္စယော။ တယော ခန္ဓာ ဧကဿ ခန္ဓဿ ကတတ္တာ စ ရူပါနံ ဝိပါကပစ္စယေန ပစ္စယော။ ဒွေ ခန္ဓာ ဒွေနံ ခန္ဓာနံ ကတတ္တာ စ ရူပါနံ ဝိပါကပစ္စယေန ပစ္စယော။ ခန္ဓာ ဝတ္ထုဿ ဝိပါကပစ္စယေန ပစ္စယော။ ပစ္စုပ္ပန်က ဟဒယဝတ္ထု၊ ပစ္စည်းဘက်က ပဋိသန္ဓေနာမ်ခန္ဓာ။ ဟုတ်လား။ (မှန်ပါ့။) ဒါကြောင့်မို့လို့ ခန္ဓာ ဝတ္ထုဿ ပဲပါတယ်။ ပစ္စည်းဘက်က ဝတ္ထုပါရင် ဝတ္ထုခန္ဓာနံ ပါမှာပေါ့။ အဲ့ဒီအရကောက် ဟုတ်လား။ သားကြီးတို့၊ အညမညတို့၊ ဝိပ္ပယုတ္တတို့ရဲ့ တစ်ခြမ်းပါတယ်။ ဒါကြောင့်မို့လို့ ခန္ဓာ ဝတ္ထုဿ ပဲပါတယ်။ ဒါလေး သတိပြုရမှာပေါ့။ဒါကြောင့်မို့လို့ ကောက်တဲ့အခါကျလို့ရှိရင်လည်းပဲ၊ ကိုင်း၊ အဲ့တော့ သုတ္တသင်္ချာကို နှစ်ခေါက်၊ ပါဠိတော်ကို နှစ်ခေါက် ဟောကြည့်ကြရအောင်ဗျာ။ ဆိုရအောင်ဗျ။
အဲ့တော့ ဒီဥစ္စာတွေက အလွတ်ရမှာဖြစ်မယ်။ မရလို့ အဆင်မပြေဘူး။ ကိုင်း၊ ဆိုပါတော့ ကိုယ်တော်တို့ကို သုတ္တသင်္ချာကို ကျေညက်အောင်၊ ဝိပါကပစ္စည်းရဲ့ သုတ္တသင်္ချာ။ အဲ့တော့ ကိုယ်တော်တို့ကို အကုန်လုံး ကျက်ခိုင်းပြီးသား။ အခု အကြီးနဲ့ အလတ်က သုတ္တသင်္ချာတွေ။ အဲ့တော့ "အချင်းချင်းအားအပ်သော အလုံးစုံသော ဝိပါက်ပဝတ္တိ၊ ပဋိသန္ဓေနာမ်မဲ့ခန္ဓာ (၄) ပါး" တွေ့လား။ "အချင်းချင်းအားအပ်သော" ဘာလိမ့်။ (အလုံးစုံသော ဝိပါက်။) အလုံးစုံသော ဝိပါက်။ "ဝိပါက်" ဆိုတာလေးကို အရောင်တစ်မျိုးနဲ့ ချယ်ထားလို့ ပြောလိုက်တယ်မဟုတ်လားဗျ။ (မှန်ပါ့။) "အချင်းချင်းအားအပ်သော အလုံးစုံသော ဝိပါက်ပဝတ္တိ၊ ပဋိသန္ဓေနာမ်မဲ့ခန္ဓာ (၄) ပါး" ဆိုလို့ရှိရင် ဝိပ္ပယုတ္တမှတစ်ပါး ကျန်တဲ့ အကြီးအလတ် (၇) ပစ္စည်း တစ်ပြိုင်တည်းရတဲ့တရားပဲ။ အဲ့ဒါလေးက ဒီလိုမှတ်သားထားမိလား။ ဝိပ္ပယုတ္တမှတစ်ပါး (၇) ပစ္စည်း တစ်ပြိုင်တည်းရအောင် ကတ္တားအရ ကောက်ပြပါဆိုလို့ရှိရင် "အပ်သော အလုံးစုံသော ဝိပါက်ပဝတ္တိ၊ ပဋိသန္ဓေနာမ်မဲ့ခန္ဓာလေးပါး" ဒါပဲ။ ခြုံကောက်ထား။ ဖော်ပြပါဆိုလို့ရှိရင် ဒါပဲ။ ဟုတ်လားဗျာ။
နောက် သမ္ပယုတ္တကျဉ်၊ ကျန်တဲ့ (၇) ပစ္စည်း၊ အကြီးအလတ် (၇) ပစ္စည်း တစ်ပြိုင်တည်းရအောင် ကတ္တားအရ ကောက်ပြပါဆိုရင် "ဟဒယဝတ္ထုအားအပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာ" ပစ္စည်းတရားရ၏။ သမ္ပဒါန်မှာ ကောက်မယ်ဆိုရင်တော့ "ဟဒယဝတ္ထု" ပစ္စည်းတရားရ၏၊ ပစ္စုပ္ပန်တရားရ၏။ ဟုတ်လား။ အဲ့တော့ အဲ့ဒါတွေက အထက်က ဥစ္စာက "အချင်းချင်းအားအပ်သော အလုံးစုံသော ဝိပါက်ပဝတ္တိ၊ ပဋိသန္ဓေနာမ်မဲ့ခန္ဓာ (၄) ပါး" ဆိုလို့ရှိရင်၊ ဝိပါက်နာမ်ခန္ဓာအချင်းချင်းဆိုလို့ရှိရင် ဘယ်နှပစ္စည်းတစ်ပြိုင်နက်။ (၇ ပစ္စည်း။) ဘယ်သူ့ကျဉ်။ (ဝိပ္ပယုတ္တ။) ဝိပ္ပယုတ္တက နာမ်တရားတွေမှာ အချင်းချင်း လိုက်နိုင်ရဲ့လား။ (မလိုက်နိုင်ပါဘူး။) မလိုက်နိုင်ဘူး။ အောက်က "ဟဒယဝတ္ထုအားအပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာ" ဆိုရင် ဘယ်နှစ်ပစ္စည်းတစ်ပြိုင်တည်းရ။ (၇ ပစ္စည်း။) ၇ ပစ္စည်းတစ်ပြိုင်တည်းရ။ အခုကို မသိတော့ဘူး။ ကြည့်စမ်းပါဦး။ ရှေ့ကနေပြီးတော့ အော်နေတာ။ ဟုတ်လားဗျ။ ဘာကျဉ်။ (သမ္ပယုတ္တကျဉ်။) သမ္ပယုတ္တကျဉ်။ သမ္ပယုတ္တရဲ့ သုတ္တန်မှာ သူပါရဲ့လား။ (မပါဘူးဘုရား။) ရုပ်ဆို ဘာရုပ်မှမပါဘူး။ ဟုတ်လားဗျ။ ဒါကြောင့်မို့လို့ အဲ့ဒါ သမ္ပယုတ္တကျဉ် (၇) ပစ္စည်းတစ်ပြိုင်တည်းရတယ်။ အလတ်တွေရတိုင်း ကြီးတွေက ရပြီးသားပေါ့ဗျာ။ အဲ့ဒါလည်း ဒေါက်ခတ်ထားရမှာလေ။ ဟုတ်လားဗျ။ အဲ့ဒါလေးက ဘာလိမ့်၊ ဒေါက်ခတ်ရမှာ။
ကိုင်း၊ ဒါဆိုလို့ရှိရင် ကိုယ်တော်တို့ ပါဠိတော်လည်း ဟောပြီးပြီဆိုရင် ကောက်ကြည့်မယ်။
ပဝတ္တိကာလဗျာကတော ဓမ္မော ဟူသော ကတ္တားပုဒ်၏ အရက "အချင်းချင်းအားလည်းကောင်း၊ အချင်းချင်းနာမ်မဲ့ခန္ဓာ၊ စိတ္တဇရုပ်အားလည်းကောင်း အပ်သော ဝိပါက်ပဝတ္တိ၊ စေတသိက် (၃၈)၊ စေတသိက် (၃၈)၊ အစိတ်စိတ်နာမ်မဲ့ခန္ဓာ ပစ္စည်းတရားရ၏။" အဗျာကတဿ ဓမ္မဿ ဟူသော သမ္ပဒါန်ပုဒ်၏ အရက "ဝိပါက်ပဝတ္တိ၊ စေတသိက် (၃၈)၊ အစိတ်စိတ်နာမ်မဲ့ခန္ဓာ၊ စိတ္တဇရုပ် ပစ္စုပ္ပန်တရားရ၏။" ဝိပါကပစ္စယေန ဟူသော ကရိုဏ်းပါဒ်က "တစ်ပြိုင်နက်၊ ရပ်ထားတာ တတ်ကောင်းသော"။ သေသေချာချာမှတ်မယ်။ (၈) ပစ္စည်းတစ်ပြိုင်နက်၊ တပည့်တော်တို့ (၈) ပစ္စည်းတစ်ပြိုင်နက်၊ ရပ်ထားတာ တတ်ကောင်းသော ဝိပါက၊ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ ဤ (၈) ပစ္စည်းသတ္တိတို့တွင် ဝိပါကသတ္တိဟု ဆိုအပ်သော သတ္တိဝိသေသရ၏။ ထိုသုံးပါးတို့တွင် အရကောက် ပဓာနအားဖြင့် ကတ္တားသာတည်း။ပဋိသန္ဓေကာလဗျာကတော ဓမ္မော ဟူသော ကတ္တားပုဒ်၏ အရက "အချင်းချင်းအားလည်းကောင်း၊ အချင်းချင်းနာမ်မဲ့ခန္ဓာ၊ ကတ္တားရုပ်အားလည်းကောင်း အပ်သော ပဋိသန္ဓေစိတ် (၁၉)၊ စေတသိက် (၃၅)၊ အစိတ်စိတ်၊ အစိတ်အပေါင်းနာမ်မဲ့ခန္ဓာ ပစ္စည်းတရားရ၏။" ဟဒယဝတ္ထု ပါရဲ့လား။ (မပါပါဘူး။) ဝတ္ထုခန္ဓာနံ ပါမှ ဟဒယဝတ္ထုရလို့ ပြောလို့ဖြစ်ပါ့မလား။ (မရပါဘူး။) ရ၏။ ဟုတ်ပြီ။ အဗျာကတဿ ဓမ္မဿ ဟူသော သမ္ပဒါန်ပုဒ်၏ အရက "ပဋိသန္ဓေစိတ် (၁၉)၊ စေတသိက် (၃၅)၊ အစိတ်စိတ်..." အဲ့တော့ အဲ့မှာ အရှင်ဘုရား၊ အစိတ်စိတ်၊ အစိတ်အပေါင်း ထည့်ချင်သေးလား။ အပေါင်းထည့်လို့ရမလား။ (မရပါဘူး။) မရဘူး။ အဲ့ဒါ အပေါင်းထည့်ရင် မှားပေးမယ်ဗျ။ တပည့်တော်ကတော့ ရှင်းရှင်းလင်းလင်း မှတ်သားထားမယ်။ ပစ္စည်းဘက်မှာ ဟဒယဝတ္ထုပါရင် မှားမပေးဘူး။ ပစ္စုပ္ပန်ဘက်မှာ အစိတ်အပေါင်းပါရင်... (မှားပေးမယ်။) မှားပေးမယ်။ သက်သက်ညာတာပဲ။ ကြက်ခြေခတ်ရုံပဲ။ ဟုတ်လားဗျ။ သေချာပြောထားတယ်လေ။ ဘာမပါလို့တုန်း။ (ခန္ဓာနာမ်မပါလို့။) ခန္ဓာနာမ်မပါလို့။ ဘာမပါလို့။ (ခန္ဓာနာမ်မပါလို့။) ခန္ဓာနာမ်မပါလို့မို့လို့ အစိတ်စိတ်ပဲ ရသေးတယ်လေ။ ဘာမရဘူးတုန်း။ (အစိတ်အပေါင်းမရဘူး။) အစိတ်အပေါင်းမရဘူး။ ဟုတ်လားဗျ။ "အစိတ်စိတ်နာမ်မဲ့ခန္ဓာ၊ ကတ္တားရုပ် ပစ္စုပ္ပန်တရားရ၏။" မှတ်သားထားနော်။ မပြောမရှိနဲ့။ သဘောမိပါစေ။ တော်ကြာမှ မရဘူးဆိုရင် ဒေါင်ပါလိမ့်။ (ထိသွားလိမ့်မယ်။) ထိသွားလိမ့်မယ်။ အဲ့ဒါ။အဲ့တော့ ကိုင်း၊ ကဲကဲ၊ ကောက်လိုက်ပါဦး။ နှစ်ခေါက်စီကောက်၊ နောက်အလွတ်ကောက် ဆိုရအောင်။
ပဝတ္တိကာလဗျာကတော ဓမ္မော ဟူသော ကတ္တားပုဒ်၏ အရက...အဲ့တော့ ခုနက စောစောကပြောခဲ့သလို သေချာနားထောင်မယ်။ အဲ့တော့ ဒီဗျာ-ဗျာမှာ ပဝတ္တိရော၊ ပဋိသန္ဓေရော ကိုယ်တော်တို့ ကရိုဏ်းကို ကြည့်မယ်ဆိုရင် (၈) ပစ္စည်းလို့ မရကြဘူးလား။ (ရပါတယ်။) (၈) ပစ္စည်းရတာက ဒါတွေက ရပ်ထားရတာ။ ဒါကို လက်ရှိအတိုင်း၊ လက်ရှိအတိုင်းကို အဲ့ဒါ တစ်ပြိုင်တည်း၊ ရပ်ထားတာ ခွဲပါဆိုလို့ရှိရင်၊ ရပ်ထားတာ ခွဲမယ်ဆိုလို့ရှိရင် ဒီဟောဆဲပစ္စည်းမှတစ်ပါး ကျန်တဲ့သုံးပစ္စည်းက ရပ်ထားတာတည်း။ ဟောဆဲပစ္စည်းမှတစ်ပါး ဘာလိမ့်။ (ကျန်တဲ့သုံးပစ္စည်း။) ကျန်တဲ့သုံးပစ္စည်းက... (ရပ်ထားတာတည်း။) ရပ်ထားတာတည်း။ ဒါကို တစ်ပြိုင်နက်ဖြစ်အောင် တပည့်တော် ပြောပြမယ်။ သေချာနားထောင်။
ဆိုတော့ ပဝတ္တိကာလ၊
ပဝတ္တိကာလဝိပါကပစ္စယေန ဟူသော ကရိုဏ်းပါဒ်၏ အရပ်က လက်ရှိ (၈) ပစ္စည်းလုံးရအောင် ကတ္တားအရကို ခေါင်းစဉ်ကောက်ပြပါကွာ။ ဘာလဲဗျ။ (ကတ္တားအရကို ကောက်ပြပါ။) ကတ္တားအရကို ကောက်ပြပါဆိုလို့ရှိရင် အဲ့ဒါက နာမ်ခန္ဓာတွေပဲ ကောက်မယ်ဆိုလို့ရှိရင်၊ အေး၊ (၈) ပစ္စည်းတော့ တစ်ပြိုင်တည်း ရမှာမဟုတ်ဘူးဗျနော်။ အဲ့တော့ (၇) ပစ္စည်းပေါ့ဗျာ။ ဝိပ္ပယုတ္တ ဘာပါလိမ့်။ (သမ္ပယုတ္တ။) သမ္ပယုတ္တနဲ့ ဝိပ္ပယုတ္တတို့က တစ်ပြိုင်တည်း မဟုတ်ကဲ့ပါ၊ ရပ်တန့်သွားခဲ့သောနေရာမှ ဆက်လက်၍ စစ်ဆေးတည်းဖြတ်ပေးလိုက်ပါသည်။
ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (ဧကာဒသမပိုင်း အဆက်)
...သမ္ပယုတ္တနဲ့ ဝိပ္ပယုတ္တက တစ်ပြိုင်တည်း မရနိုင်ကောင်းဘူး။ မရကောင်းဘူးလို့ ဒီလိုမှတ်သားထား။ ဟုတ်လားဗျာ။ အချင်းချင်း၊ နာမ်မဲ့ခန္ဓာအချင်းချင်းထောက်ပြီးတော့ သမ္ပယုတ္တက ပါတယ်။ စိတ္တဇကိုထောက်ပြီးတော့... (ဝိပ္ပယုတ္တက ပါတယ်။) ဝိပ္ပယုတ္တက ပါတယ်။ အဲ့လိုလေးရတယ်။ ဒါကြောင့်မို့လို့ ဝိပ္ပယုတ္တကျဉ်၊ ကျန်တဲ့ (၇) ပစ္စည်းတစ်ပြိုင်တည်းရအောင် ကတ္တားအရ ကောက်ကြပါဆိုရင် "အချင်းချင်းအားအပ်သော ဝိပါက်ပဝတ္တိ၊ စေတသိက် (၃၈)၊ အစိတ်စိတ်နာမ်မဲ့ခန္ဓာ ပစ္စည်းတရားရ၏။" အဲ့ဒါဆိုလို့ရှိရင် ဘယ်နှပစ္စည်းတစ်ပြိုင်တည်းရ။ (၇ ပစ္စည်း။) ၇ ပစ္စည်းတစ်ပြိုင်တည်းရတယ်။ မှတ်မိတယ်နော်။ (မှန်ပါ့။) မှတ်မိတယ်။ အဲ့တော့ (၇) ပစ္စည်းတစ်ပြိုင်တည်းရတယ်ပေါ့။
အဲ့တော့ တကယ်လို့ ခုနက (၆) ပစ္စည်းတစ်ပြိုင်တည်းရအောင်ဆိုလို့ရှိရင်တော့ "စိတ္တဇရုပ်အားအပ်သော" ဆိုပြီးကာကျတော့ "ပဉ္စဝေါကာရဘုံ၌ဖြစ်သောအခါ၊ အရူပ၊ ဥပါဒါန်၊ ဒွေပဉ္စဝိညာဉ်၊ ရဟန္တာတို့၏ စုတိကျဉ်သော" ပေါ့။ "ဝိပါက်ပဝတ္တိ၊ ကိရိယာ၊ ပဝတ္တိ၊ စေတသိက် (၃၈)၊ အစိတ်စိတ်နာမ်မဲ့ခန္ဓာ ပစ္စည်းတရားရ၏" ဆိုလို့ရှိရင် အဲ့ဒီကောက်စာတွေက အဲ့လိုကောက်မယ်ဆိုလို့ရှိရင် အဲ့တော့ ခုနက ည-သံဖြုတ်၊ ကျန်တဲ့ (၆) ပစ္စည်းပေါ့။ ဟုတ်လားဗျာ။ ည-သံဖြုတ် ဘာပါလိမ့်။ (ကျန်တဲ့ ၆ ပစ္စည်း။) ကျန်တဲ့ (၆) ပစ္စည်းတစ်ပြိုင်နက်ရတယ်။ ည၊ (၆) ပစ္စည်း၊ ဝိ-ဝိပ္ပယုတ္တနဲ့ ကြီးလေး။ ဘာပါ၊ ဘာလေးဗျ။ (ဝိ-ဝိပ္ပယုတ္တ၊ ကြီးလေး။) ကြီးလေး။ အဲ့သလိုရတယ်လို့ သဘောပေါက်မယ်။ အဲ့တော့ အထူးသဖြင့် ဘာမေးဖို့ကောင်းသလဲဆိုလို့ရှိရင်တော့ ခုနက ဝိပ္ပယုတ္တဖြုတ်ပြီးတော့ ကျန်တဲ့ (၇) ပစ္စည်းတစ်ပြိုင်နက်ရအောင် ကတ္တားအရ ကောက်ပြပါဆိုရင် ဒါလေးက ပိုကောင်းတယ်။ ဟုတ်လား။ ဒါလေးက ပိုရှင်းတယ်။
ပဋိသန္ဓေကာလကို သွားရအောင်။ ပဋိသန္ဓေကာလကလည်း ကိုယ်တော်တို့ အလွန်တရာမှ ကောင်းတယ်။ ဒီဥစ္စာတော့ ခုနက နှစ်ဖက်လုံးမေးလို့ကောင်းတယ်။ ဒါကတော့ အလွန်တရာကောင်းတာ။ ဒီအတိုင်း သဘောမပေါက်ရင် မှတ်ထား။ နောက်ကျ ကိုယ့်ဟာကိုယ် ကျေညက်လို့ရအောင်။ အဲ့တော့ လက်ရှိအတိုင်းတော့ ကောက်ပြီးသွားပြီ။ လက်ရှိအတိုင်း ကောက်ပြီးသွားပြီဆိုတာကျတော့ ဝိပ္ပယုတ္တကျဉ်၊ ဘာကျဉ်။ (ဝိပ္ပယုတ္တကျဉ်။) ဝိပ္ပယုတ္တကျဉ်၊ ကျန် (၇) ပစ္စည်း၊ အကြီးအလတ် (၇) ပစ္စည်း တစ်ပြိုင်နက်ရအောင် ကတ္တားအရ ကောက်ပြပါဆိုရင် "အချင်းချင်းအားအပ်သော ပဋိသန္ဓေစိတ် (၁၉)၊ စေတသိက် (၃၅)၊ အစိတ်စိတ်နာမ်မဲ့ခန္ဓာ၊ အစိတ်စိတ်နာမ်မဲ့ခန္ဓာ ပစ္စည်းတရားရ၏။" ဟုတ်လား။ ပစ္စုပ္ပန်ကလည်း အဲ့ဒါပဲရတာပေါ့။ ပစ္စုပ္ပန်ကောက်မယ်ဆိုလို့ရှိရင်လည်း အဲ့ဒါ ဘယ်နှပစ္စည်းရတာပါလိမ့်။ (၇ ပစ္စည်း။) ဘာကျဉ်။ (ဝိပ္ပယုတ္တကျဉ်။) ဝိပ္ပယုတ္တကျဉ် (၇) ပစ္စည်းရတယ်။ မှတ်မိတယ်နော်။ (မှန်ပါ့။) အလွန်တရာကောင်းတာ။ ဒီပဋိသန္ဓေကာလကတော့ (၇) ပစ္စည်း။
ကိုင်း၊ ဒါဆိုလို့ရှိရင် နောက်တစ်ခုလာခဲ့။ အဲဒီက ပဋိသန္ဓေအခါ
ဝိပါကပစ္စယေန ဟူသော ကရိုဏ်းပါဒ်၏ အရ၊ သမ္ပယုတ္တကျဉ်၊ ကျန် (၆) ပစ္စည်းတစ်ပြိုင်တည်းရအောင် ကတ္တားအရ ကောက်ပြပါ။ ဟုတ်လားဗျာ။ ဘာအရ ကောက်ပြပါ။ (ကတ္တားအရ ကောက်ပြပါ။) ကတ္တားအရ ကောက်ပြပါဆိုရင် သုတ္တသင်္ချာအတိုင်း ကောက်ရမှာ။ "ဟဒယဝတ္ထုအားအပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာ" ပစ္စည်းတရားရ၏။ သမ္ပဒါန်အရဆိုရင် "ဟဒယဝတ္ထု" ပစ္စည်းတရားရ၏ပေါ့။ ဟုတ်လား။ သဘောပေါက်လားဟေ့။ (တင်ပါ့ဘုရား။)ဘာဖြစ်လို့လဲဆိုလို့ရှိရင် ကိုယ်တော်တို့ ဟိုဘက်က အညမညကို၊ ည၊ အောက်ဆုံးသုတ္တသင်္ချာကြည့်။ ဝိပ္ပယုတ္တရဲ့ သု၊ သုတ္တသင်္ချာကြီးအောက်မှာ ဝိပ္ပယုတ္တ အချင်းချင်း အပြန်ပြန်အလှန်လှန် မရဘူးလား။ (ရပါတယ်။) ဒီအလတ်တရားကြီးတွေက ရပြီးသားလေ။ ဟုတ်တယ်မလား။ အဲ့တော့ ကျန်တဲ့ အညမညနဲ့ ဝိပါက၊ ဝိပ္ပယုတ္တက ဒုက္ခ။ အညမညနဲ့ ဘာပါဗျ။ (ဝိပ္ပယုတ္တ။) ဝိပ္ပယုတ္တ ဒုက္ခ။ အဲ့ဒီဆိုလို့ရှိရင် "အချင်းချင်းအားအပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်မဲ့ခန္ဓာ၊ ဟဒယဝတ္ထု" ဆိုတော့ အပြန်အလှန်တစ်ခုလုံး မရဘူးလား။ (ရပါတယ်။) ဒီအပြန်အလှန်မရတာ ဘယ်သူမရတာပါ။ (ဝိပါကပါ။) ဝိပါကပဲ။ အဲ့ ဝိပါကရရင် ကျန်တဲ့ ည-ဝိ-ကံလား။ (ရပါတယ်။) အဲ့ဒီက သူ ဝိပါကရယ်၊ ည-ဝိ-ကံရယ်၊ အကြီးလေးခုပေါင်းတော့ ဘယ်နှပစ္စည်းပါလိမ့်။ (၇ ပစ္စည်း။) ဪ၊ (၇) ပစ္စည်းရတယ်။ ဟုတ်လားဗျ။ (၇) ပစ္စည်း ဒီလိုရတယ်။ ဟုတ်လားဗျာ။ သဘောပေါက်တယ်နော်။ (မှန်ပါ။) မှတ်ထားပြီးပြီလား။ (တင်ပါ့ဘုရား။) ကိုင်း၊ အဲ့လို။ ဒီကတော့ တပည့်တော် မေးချင်ပါဘူးဗျ။ ဟုတ်လားဗျ။ ပျင်းစရာကောင်းတဲ့အခါ... (မေးကောင်းတယ်။) အေး၊ ကောင်းတာကြ။ ဒါ ရှင်းရှင်းလင်းလင်းပဲ။ ဟုတ်လား။ ကိုင်း၊ အဲ့ဒါကြောင့် တစ်ခုလုံး အဲ့လိုသဘောပေါက်ရမယ်ပေါ့။ သေသေချာချာ သင်ပေးထားတာပဲလေ။ ဟုတ်လားဗျ။
ခုနက ပြောပြီးပြီပဲ ကိုယ်တော်တို့။ ဟုတ်လားဗျာ။ ကိုယ်တော်တို့
အနုတ္တာနီကတဉ္စ ဥတ္တာနီကရောန္တိ တဲ့။ ဟုတ်လားဗျာ။ မပေါ်လွင်တာတွေကိုလည်း ဘာလိမ့်။ (ပေါ်လွင်အောင်။) ပေါ်လွင်အောင် ပြောပြီးပြီပဲ။ ဟုတ်လားဗျာ။ ကိုယ်တော်တို့ သိသလား၊ မသိဘူးလားဆိုတာ ဒါတွေက အဲ့ဒါ အကဲစမ်းဖို့ အရေးမကြီးဘူးလား။ ဘုန်းကြီး အကဲစမ်းတာ မဟုတ်ဘူး။ တပည့်တော်တို့က အသည်း... (ကျွမ်းပါတယ်။) အဲ၊ အသည်းကျွမ်းသလား၊ နွမ်းသလားတော့ မသိဘူးပေါ့ဗျာ။ အဲ့ဒါ ကျွေးသွားသလားတော့ မသိဘူး။ ဟုတ်လား။ ကိုင်း၊ အဲ့လိုဆိုရင်တော့လည်း မတတ်နိုင်ဘူးပေါ့ဗျာ။ ဒါ အသည်းကြွေတော့လည်း ကိုယ်တော်တို့ ငယ်ရဲ... (ငရဲ။) ငရဲပြည်ပြေးပေါ့။ မတတ်နိုင်ဘူးပေါ့ဗျာ။ကိုင်း၊ ဒါကြောင့်မို့လို့ အဲ့အတိုင်း ဝိပါကပစ္စည်းပေါ့ဗျာ။ ကိုင်း၊ ဒါဆိုလို့ရှိရင် သုတ္တသင်္ချာတစ်ခေါက်၊ ပါဠိတော်တစ်ခေါက်၊ အရကောက်တစ်ခေါက် ဆိုကြဦးစို့။ ဆိုရအောင်။
အဲ့တော့ ဝိပါကပစ္စည်းရဲ့ ကျေးဇူးပြုပုံလေးကိုတို့ ဥပမာဆောင်ပြီးတော့ နည်းနည်းလေးပြောဦးမှာဖြစ်မှာဗျ။ ဟုတ်လား။ (မှန်ပါ။) ဝိပါကပစ္စည်းတဲ့။ ဒါက ဝိပါကပစ္စည်းဆိုတာ ကမ္မပစ္စည်းက အကြောင်းပစ္စည်း၊ ဝိပါကပစ္စည်းက အကျိုးပစ္စည်း။ သူတို့ရဲ့ စာအုပ် စာမျက်နှာ (၁၁၄) ကြည့်လိုက်။ ဟုတ်လားဗျာ။ "ကံ-ဝိပါက်ဟု ထိုနှစ်ခု၊ ဟေတု-ဖလ" ဆိုတာ ဟုတ်လားဗျ။ ဟေတု-ဖလသာတဲ့။ အကြောင်းအကျိုး အစုံလိုက်၊ ယုဂလအနေနဲ့ ဟောတာ။ ဟုတ်လားဗျာ။ "ကံ-ဝိပါက်ဟု ထိုနှစ်ခု၊ ဟေတု-ဖလ" တွေ့လားဟေ့။ (မှန်ပါ။)
အဲ့တော့ ဝိပါကပစ္စယောပေါ့။
ဝိပါကပစ္စယော ကမ္မဇာတဝိပါကာနံ ဗျာပါဒရဟိတတ္တာ သန္တဘာဝေန ဝိပါကစိတ္တစေတသိကာနံ အညမညံ ဥပကာရကော ဓမ္မော။ ဝိပါကပစ္စည်းဆိုတာက ကံကြောင့်ဖြစ်ရာ ဝိပါက်တို့တဲ့၊ ဗျာပါဒမရှိ၊ ဝိပါက်ဖြစ်စေဆိုတာက ကြောင့်ကြဗျာပါဒမရှိပါဘူးတဲ့။ ငြိမ်သက်ပြီးလျှက် ဝိပါက်စိတ်စေတသိက်တွေကို ဖြစ်စေလျက် ဆက်ဆက်ကျေးဇူးပြုတတ်သောတရားလည်းကောင်း။ အဲ့တော့ ဝိပါကပစ္စည်း၊ ကိုယ်တော်တို့ရေ၊ ဒီဥစ္စာကတော့ ဝိပါက်၊ ကိုယ်တော်တို့ ဝိပါက်၊ ဟိုတုန်းက ကမ္မပစ္စည်းပဲ အကြောင်းပစ္စည်း၊ သူ့အနေနဲ့ အကျိုးပစ္စည်းဆိုလို့ရှိရင် ကမ္မပစ္စည်းကတော့၊ ကမ္မပစ္စည်းကတော့ အခြေခံအားဖြင့် နှစ်မျိုးလို့ ပြောခဲ့တယ်ပေါ့ဗျာ။ သဟဇာတကမ္မနဲ့ နာနက္ခဏိကကမ္မ။အဲ့တော့ ဒီမှာ ကိုယ်တော်တို့ ကမ္မဝဋ်၊ ဝိပါကဝဋ်၊ ကိလေသဝဋ်ဆိုတော့ ဝဋ်သုံးပါး မရှိဘူးလား။ (ရှိပါတယ်။) ရှိတာပေါ့။ ဝဋ်၊ ဝဋ်ဆိုတာက ဝတ္တသဒ္ဒါကလာတာ။ ဝတ္တဆိုတာ၊ ဝဋ်ဆိုတာ လည်တာ။ ဟုတ်လားဗျာ။ ဝဋ်ဆိုတာ ဘာလိမ့်၊ လည်တာ။ (လည်တာ။) လည်တာ။ အဲ့တော့ ကိုယ်တော်တို့ ပဋိစ္စသမုပ္ပါဒ်ကြီး သိပြီးသားပဲ။ ဟုတ်လားဗျာ။ ကိလေသဝဋ်ဆိုလို့ရှိရင် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်ကြောင့် ဖြစ်တယ်ပေါ့။ ကမ္မဝဋ်ဆိုတာက သင်္ခါရ၊ ကမ္မဘဝအကြောင်း ဖြစ်ရတာ။ ဟုတ်လားဗျ။ သင်္ခါရနဲ့ ကမ္မဘဝအထူးဆိုတာလည်း သင်္ဂြိုဟ်မှာ ခဏခဏမေးနေကြလို့ သိတယ်မဟုတ်လား။ သိတယ်နော်။ ဘာနဲ့ဘာအထူးပါလိမ့်။ (သင်္ခါရနဲ့ ကမ္မဘဝ။) သင်္ခါရနဲ့ ကမ္မဘဝအထူးက ဒါ ခဏခဏမေးနေကြပဲ။ ဒါတွေက သွားခလုတ်၊ လာခလုတ် မေးနေကြ။ ဒါတော့ မသိဘူးဆိုလို့ရှိရင်လည်းပဲ ကိုယ်တော်တို့ ခက်သေးဘူးလား။ အကုန်သိပါတယ်။ ဟုတ်လားဗျ။
အဲ့တော့ ကမ္မဘဝဆိုတာက၊ ကမ္မဝဋ်ဆိုတာက သင်္ခါရနဲ့ ကမ္မဘဝကို ဆိုတာဖြစ်တယ်။ ဝိပါကဝဋ်ဆိုတာက၊ ဝိပါကဝဋ်ဆိုတာက ရှစ်မျိုးတောင်ရှိတယ်မဟုတ်လားဗျ။ အဲ့ဒါ ဟုတ်တယ်မလား။ ဝိညာဉ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ။ ဟုတ်လားဗျ။ အဲ့ဒါ အဲ့သလိုမရှိဘူးလား။ အဲ့တော့ မသိမှု အဝိဇ္ဇာကြောင့်
အဝိဇ္ဇာပစ္စယာ သင်္ခါရာ။ သင်္ခါရ၊ အဲ့ဒါ အခု ကိုယ်တော်တို့ အဲ့ဒီမှာ သင်္ခါရဆိုတဲ့တရားတွေ လုပ်ကြတယ်ပေါ့။ အဲ့ဒီက၊ အဲ့တော့ ဒီဥစ္စာတွေက ကိုယ်တော်တို့ကို ဝိပါကဝဋ်လိုက်တယ်။ ဒီဝိပါက၊ ကိလေသဝဋ်ကြောင့်၊ ကိလေသဝဋ်၊ ကမ္မဝဋ်တို့ကြောင့် ဝိပါကဝဋ်ဖြစ်လာကြရတယ်ဆိုပါတော့။အဲ့တော့ ဒီဥစ္စာကလည်း ကိုယ်တော်တို့ လောကမှာပြောကြတဲ့ စကားတွေရှိတယ်။ "ဒါ ရှေးကဝိပါက်"။ ဘာလဲဗျ။ (ရှေးကဝိပါက်။) "ရှေးကဝိပါက်၊ ခုနစ်ရက်၊ နောက်ပိုးတက်" ဆိုတာဗျ။ ဟုတ်လား။ "ရှေးကဝိပါက် ခုနစ်ရက်" တဲ့ဗျ။ ဟုတ်လား။ ဝိပါက်က နောက်ပိုးတက်တယ်တဲ့။ အဲ့လိုဖြစ်တတ်ကြတယ်။ ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ အခု ကိုယ်ပြုတဲ့ကံတွေဟာ ကိုယ့်ဆီပဲလာတာ။ ကောင်းကံတွေပဲဖြစ်ဖြစ်၊ မကောင်းကံတွေပဲဖြစ်ဖြစ်။
အတ္တကတံ ကမ္မံ တဲ့။ ကိုယ်ပြုတဲ့ကံတွေကို ကိုယ်လက်မခံချင်လို့ မရဘူး။ ကိုယ်ပြုထားတဲ့ကံတွေ ဘာလဲဗျ။ (လက်ခံရမယ်။) လက်မခံချင်လို့ မရဘူး။သတ္တဝါမှန်သရွေ့ကတော့ ကိုယ်တော်တို့ ကောင်းကျိုးတွေချည်းပဲ လိုချင်တာလေ။ တပည့်တော်၊ ကိုယ်တော်တို့ ကောင်းကျိုးတွေ မလိုချင်ဘူးလား။ (လိုချင်ပါတယ်။) ကောင်းကျိုးတွေ လိုချင်တယ်ဆိုလို့ရှိရင်တော့ အကြောင်းကောင်းမှ အကျိုးကောင်းမှာပေါ့ဗျ။ (မှန်ပါ့ဘုရား။) ကံအကြောင်းကောင်းတာတွေ လုပ်ခဲ့မှ အကျိုးဝိပါက်တွေ ပေးမှာပေါ့။ ဟုတ်တယ်မလားဗျ။ အဲ့တော့ တစ်ခါတစ်လေပဲ အမှတ်တမဲ့မှာ အမှတ်တရလေးများ၊ အမှတ်တရစရာလေးများ ဖြစ်လိုက်တာတွေ မရှိကြဘူးလား။ (ရှိပါတယ်ဘုရား။) ရှိတယ်။ ဒါလေး နည်းနည်းလောက်၊ တစ်ခုလောက် ပြောရအောင်ပေါ့ဗျာ။ အဲ့တော့ မှတ်သားထားရမှာ
သုကတဒုက္ကတာနံ ကမ္မာနံ ဖလံ ဝိပါကော ဆိုတဲ့ ဒီပါဠိလေးက မှတ်သားထားဖို့ကောင်းတယ်။ ဒါလေးက သုကတံ ဒုက္ကတံ ကမ္မံ၊ ဆာယာဝ အနုပါယိနီ တဲ့။ ဒီပါဠိလေးက အလွန်ကောင်းတယ်ပေါ့။အဲ့တော့ ဘုရားရှင်လက်ထက်က ရဟန်းတော်တစ်ပါးအကြောင်း ပြောရအောင်ဗျာ။ တိုတိုကျဉ်းကျဉ်းလေး ပြောမှာပါ။ အကျယ်ကြီးပြောလည်း မကြိုက်ဘူးလား။ (ကြိုက်ပါတယ်ဘုရား။) အဲ့တော့ တိုတိုကျဉ်းကျဉ်းလေး ပြောကြရဦးမယ်ဆိုလို့ရှိရင် ဘုရားရှင်လက်ထက်က ဝိပါက်လိုက်တယ်ဆိုတဲ့အကြောင်း။ ဟုတ်လားဗျ။ အဲ့တော့ ကိလေသဝဋ်ကြောင့် ကိုယ်တော်တို့ ကမ္မဝဋ်တွေဖြစ်ရ၊ ဝိပါကဝဋ်တွေ ဖြစ်ရကြတယ်။
အဲ့တော့ ဇေတဝန်ကျောင်းမှာ လာပြီးတော့ သူဌေးသားတစ်ယောက် လာပြီးတော့ သင်္ကန်းဝတ်ထားတယ်။ သူ့နာမည်ကတော့ မောင်ဒါနတဲ့ဗျ။ အဲ့ဒီ ဒါနက ဓ-လိမ်ချိတ်နဲ့ ဒါနမဟုတ်ဘူး။ ဓ-အောက်ချိုက်နဲ့ ဒါန။ အလှူပေးတဲ့ ဒါန ဟုတ်ရဲ့လား။ (မဟုတ်ပါဘူးဘုရား။) ဪ၊ ဒါနတဲ့။ အဲ့တော့ သူက လာပြီးတော့ သင်္ကန်းဝတ်လိုက်တယ်။ သင်္ကန်းဝတ်လိုက်တဲ့နေ့ကစပြီးကာကျတော့ သူ့နောက်က အမျိုးသမီးတစ်ယောက်၊ ချောချောလှလှတစ်ယောက် ပါနေတယ်။ အမြဲတမ်းကို ပါနေတာ။ ဟုတ်လားဗျ။ မာမာအေးရဲ့ ဟိုတုန်းက "အတူတူ" သီချင်းလိုပဲ။ ဟုတ်လားဗျ။ "မခွဲအတူ" သီချင်း ကိုယ်တော်တို့ ပြန်ဖွင့်နားထောင်ကြည့်။ အလွန်တရာကောင်းတာ။ သီချင်းကလည်း ကြော်ငြာပေးရဦးမယ်။ ဟုတ်လားဗျ။ (ဟုတ်ပါတယ်။) "ဒီနှစ်ကိုယ် တစ်သက်တာနဲ့ မခွဲဘဲ နေရရင် ပျော်လှတယ်" လို့။ ပန်းကန်တစ်ချပ်တောင်မှပဲ နှစ်ယောက်ထိုင်၊ ပန်းကန်များ တစ်ချပ်တည်းတောင်မှ နှစ်ယောက်ထိုင်တော့မှာတဲ့။ အဲ့လောက်တောင်မှ။
ခုလည်း အဲ့လိုပဲ။ ခင်ခင်မင်မင်လေး၊ ကျွမ်းကျွမ်းဝင်ဝင်လေး။ ခင်ခင်မင်မင်လေးပဲ အဲ့ဒါ အတူတူနေတာ။ ဟုတ်လားဗျ။ အဲ့လို အတူတူနေလိုက်တာပေါ့ဗျာ။ အဲ့လို အတူတူနေလိုက်တာ သူဆွမ်းခံသွားပြီဆိုလို့ရှိရင် နောက်က တန်းလန်းပါလာပြီ။ နောက်က တကောက်ကောက်၊ တကယ်ချော၊ တကယ်လှလှလေးပဲ။ ဟုတ်တယ်မလားဗျာ။ တော်တော် ရုပ်ရှင်မင်းသမီး ဘယ်သူနဲ့ မှန်းကြည့်တုန်း။ အမ်၊ ဘယ်သူနဲ့ မှန်းကြည့်မလဲတုန်းဗျ။ ဘယ်သူ့ကိုယ်စားလေး ထိုးပြီးတော့ ပြောနေ။ အဲ့၊ ကဲ၊ ဟုတ်ပြီ။ အဲ့အတိုင်း ထားလိုက်တော့ဗျာ။
အဲ့တော့ အခု ရှင်၊ သူက မောင်၊ ရဟန်းပြုလိုက်တဲ့အချိန်က ဥက္ကဋ္ဌဒါနလို့ မှတ်လိုက်တော့။ ဟုတ်လားဟေ့။ ဥက္ကဋ္ဌဒါနနောက်ကနေပြီးကျတော့ ဘယ်သူပါလာပြီ။ (အေးအေးမြင့်။) အေး၊ ဟုတ်ပြီ။ နောက်က ပါလာပြီပေါ့ဗျာ။ ဟုတ်လား။ အဲ့တော့ သူကတော့ မမြင်ရဘူး။ အကုန်လုံး ဆွမ်းလောင်းတဲ့ဒကာမတွေက အကုန်လုံးမြင်နေတာ။ ဆွမ်းလောင်းတဲ့ဒကာမတွေက နောက်က ဒကာမကို ကြည့်ပြီးကျတော့ နှစ်ဆွမ်းထုတ်ပြီးတော့ "အရှင်ဘုရား၊ နေဦးဘုရား။ ဒါက အရှင်ဘုရားအတွက်။ နောက်တစ်ဆွမ်းလောင်းမယ်။ ဆွမ်း၊ ဒါကတော့ သူ့သူငယ်ချင်းအတွက်ဘုရား။ အရှင်ဘုရားနောက်က ဒကာမလေးအတွက်ဘုရား" ဆိုတော့ သူက ရိုရိုသေသေပေါ့ဗျာ၊ အမျိုးသမီးပီပီပဲ လောင်းလိုက်တာ။ ဟိုကောင်ကတော့ မြင်သလားဆိုတော့ မမြင်ဘူး။ ဟုတ်လားဗျ။
အဲ့ဒီသတင်းစကားတွေက ဘယ်လောက်တောင်မှပဲ အတင်းထွားလာသလဲဆိုလို့ရှိရင်လေ၊ မင်းရွှေမှားရအောင် ကိုယ်တော်တို့ ကောသလမင်းကြီးနားထိအောင် ရောက်လာတာ။ ဒါန၊ တစ်ပြည်လုံး ဟုတ်လားဗျ၊ ကောလဟာလ... (တော်သုံးထောင်။) တော်သုံးထောင်ပေါ့။ ဘယ်သူ့ဆီ ရောက်လာသလဲဆိုရင် ကောသလမင်းကြီးထိ ရောက်လာခဲ့တယ်။ အဲ့ဒါတွေလည်း သာဓုတင်ကြတယ်။ "အဲ့ဒီက သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းမှာရှိနေတဲ့ ရဟန်းတစ်ပါးဟာတဲ့၊ ကြည့်စမ်းပါဦး။ ဆယ်ပတ်လည်တစ်ခန်းထဲမှာလည်းပဲ ကိုယ်တော်တစ်ပါး၊ အဲ့ကိုယ်တော်တစ်ပါးနဲ့ ဒကာမတစ်ယောက်တည်း နေတာ" ဆိုတော့ ဟိုကောင်ကတော့ သင်္ကန်းချုပ်ရင်လည်းပဲ သူက ဟိုဘက်က သင်္ကန်းစလေးကို ကိုင်ပေးလို့ဗျ။ ဟုတ်လား။ ကျိုးကျိုးနွံနွံ၊ ရိုရိုသေသေလေးတော့ ထိုင်လို့ပေါ့။ ဟုတ်တယ်မလား။ အဲ့တော့ ဘယ်ကချောင်းကြည့်လိုက်လည်း ဒီအတိုင်းပဲ မြင်နေရတာ။ သွားတော့လည်း ကိုယ်တော်တို့ တိုင်တည်မှတ်တမ်းကြည့်ရင်လည်း ဒီအတိုင်းပဲ မြင်နေရတာ။ ဟုတ်လားဗျ။ အားကျနေလား။ (မကျပါဘူးဘုရား။) အဲ့တော့ အားကျမသွားနဲ့။ ဒုက္ခရောက်သွားနိုင်တယ်။
အဲ့ဒီကိုယ်တော်လည်း ဒုက္ခရောက်ပြီ။ သူ အဲ့ဒါနဲ့ နာမည်ကြီးတာနဲ့၊ သတင်းဆိုးနဲ့ နာမည်ကြီးတာနဲ့ ဒါ ဆွမ်းလောင်းမယ့်ပုဂ္ဂိုလ်ကို မရှိတော့ဘူး။ တဖြည်းဖြည်းနဲ့ ဘယ်လိုဖြစ်လာတုန်းဗျ။ (ဆွမ်းလောင်းမယ့်ပုဂ္ဂိုလ်ကို မရှိတော့ဘူး။) ဆွမ်းလောင်းမယ့်ပုဂ္ဂိုလ်ကို မရှိတော့ဘူး။ အဲ့တော့မှ တဖြည်းဖြည်းနဲ့ အမတ်တွေ သွားကြည့်ခိုင်းလိုက်တယ်။ အမတ်တွေက "ဟာ၊ အရှင်မင်းကြီး၊ မြင်ခဲ့တယ်"။ နောက်ထပ်သားနဲ့တိုင်၊ ကောသလမင်းကြီးကိုယ်တိုင်ကို သူက ချောင်းတော့မှာ။ အဲ့တော့ ဘေးက စစ်သားတွေနဲ့ တကယ့်ကိုပဲ သေသေချာချာကို၊ သပ်သပ်ရပ်ရပ်ကို အဲ့ဒါ ကင်းပုန်းဝတ်ပြီးတော့ ဒီကိုယ်တော်ကို ချောင်းမယ်။ သူလည်း ကိုယ်တိုင်လိုက်မယ်။ ကိုယ်တိုင်ညွှန်ကြားရမယ်ပေါ့။ အဲ့ဒါနဲ့တင် သူက လှမ်းချောင်းကြည့်လိုက်တယ်။ ကောသလမင်းကြီးက လှမ်းချောင်းကြည့်လိုက်တယ်။ လှမ်းချောင်းကြည့်တဲ့အခါကျတော့ အဲ့ဒါနဲ့တင် ဆယ်ပတ်လည်တစ်ခန်းလောက်ထဲမှာ ခုနက ရှင်ဥက္ကဋ္ဌဒါနကနေပြီးကျတော့ သင်္ကန်းချုပ်နေတယ်ဆိုရင် ဟိုဘက်က သင်္ကန်းစလေးကိုင်ပေးလို့ပေါ့။ ဟိုဥစ္စာလေး၊ ဒီဥစ္စာလေး ဝေယျာဝစ္စလုပ်နေတဲ့ ဒကာမလေး ချောချောလှလှလေးကို မြင်နေရတယ်။
ကဲ၊ အဲ့တော့မှ သူကနေတော့ အချက်ပြလိုက်တယ်။ စစ်သားတွေ အကုန်တက်ဖမ်း။ အဖမ်းခိုင်းလိုက်ဘူးလား။ (အဖမ်းခိုင်းပါတယ်။) အဖမ်းခိုင်းလိုက်ပြီ။ အဖမ်းခိုင်းလိုက်ကြတော့ အဲ့ဒါနဲ့တင် ဟိုကျတော့ စစ်သားတွေ အများကြီး ဝိုင်းရှာရိုက်တာ။ ဒီပတ်လည်တစ်ခါတည်း ဘယ်မှန်းပုန်းစရာမရှိဘူးလေ။ ပုန်းစရာရှိသေးလား။ (မရှိပါဘူး။) မရှိဘူး။ ဘယ်အခန်းမှလည်း မရှိဘူး။ ရှိတာကိုပဲ ပတ်လည်တစ်ခန်းရှိတာကိုး။ အဲ့တော့မှ မတွေ့တော့ဘူးပေါ့။ အဲ့တော့မှ မတွေ့တော့ဘူးပေါ့။ မြင်မြင်၊ သေချာကို မျက်မြင်ကိုယ်တွေ့ ဖမ်းတာလေ။ အမိန့်ပေးလိုက်တာ။ ဟုတ်လား။ တကယ်တွေ့သလားဆိုတော့... (မတွေ့တော့ဘူး။) မတွေ့တော့ဘူးပေါ့။
အဲ့တော့ အခု ကံကြွေးရုံ နောက်ကလိုက်နေတာ။ ဘာကြွေးရုံလောက် နောက်ကလိုက်နေတာပါလိမ့်။ (ကံကြွေးရုံ။) ကံကြွေးရုံလောက် နောက်ကလိုက်နေတာပေါ့ဗျာ။ ဘာဖြစ်လို့ အဲ့လိုက်တာလဲဆိုလို့ရှိရင် သူက၊ ဒီဘဝ၊ တကယ်တော့ ဒီပုဂ္ဂိုလ်ဟာ ဆုကြီးပန်ဘုရား။ ဘာလို့ဗျ။ (ဆုကြီးပန်။) လွန်ခဲ့တဲ့ တစ်သိန်းနဲ့ ကမ္ဘာတစ်သိန်း၊ ဘယ်သူ့၊ လွန်ခဲ့တဲ့ ကမ္ဘာတစ်သိန်းတည်းက ပဒုမုတ္တရမြတ်စွာဘုရားရှင်လက်ထက်က ဆုချီပန်ခဲ့တဲ့ပုဂ္ဂိုလ်ဗျ။ ဧတဒဂ်ဘွဲ့ထူးဖြင့် ဆုပန်ခဲ့တဲ့ပုဂ္ဂိုလ်။ ဒါတွေက အရှင်ဘုရားတို့ ဆုကြီးပန်ခဲ့တဲ့ပုဂ္ဂိုလ်၊ ကမ္ဘာအလီလီကို ဖြတ်သန်းလာတဲ့ပုဂ္ဂိုလ်။ ဆုကြီးပန်ပုဂ္ဂိုလ်တို့သော်မှလည်း ကြည့်ဦး။ အရှင်ဘုရားတို့က ဒီရှေ့က ကဿပမြတ်စွာဘုရားရှင်၊ ဘာဘုရား။ (ကဿပဘုရား။) ကဿပမြတ်စွာဘုရားရှင်လက်ထက်မှာ သူက ဘုမ္မစိုးနတ်ကြီးဖြစ်တာဗျ။ ဘာဖြစ်သလဲဆိုလို့ရှိရင်... (ဘုမ္မစိုးနတ်။) ဘုမ္မစိုးနတ်ကြီးဖြစ်တာ။
ဘုမ္မစိုးနတ်ဖြစ်တော့ အဲ့ဒါနဲ့တိုင် ကိုယ်တော်နှစ်ပါးကလည်း အလွန်တရာမှ ချစ်ချစ်ခင်ခင်ရှိတာကိုးဗျ။ ချစ်ချစ်ခင်ခင်ရှိနေတာကျတော့ အဲ့ဘုမ္မစိုးနတ်ကလည်းပဲ သူကနေပြီးကျတော့ ဘုမ္မစိုးနတ်ဖြစ်နေတဲ့အချိန်အခါ သူကလည်းပဲ ဘုမ္မစိုးနတ်သမီးနဲ့ ကွဲနေပုံရပါတယ်။ ဒါ ဝတ္ထုထဲမပါဘူး။ ကိုယ်တော်မှန်းကြည့်တာ။ အဲ့ကိုယ်တော်နှစ်ပါးက ချစ်ချစ်ခင်ခင်နေတော့ သူက မကျေနပ်ဘူးဗျ။ ဟုတ်လား။ အဲ့ကိုယ်တော်တွေ၊ ကိုယ်တော်နှစ်ပါးကလည်းပဲ တရားအားထုတ်တော့လည်း အတူတူ၊ ဆွမ်းခံတော့လည်း အတူတူ၊ စကားပြောတော့လည်း အတူတူပေါ့ဗျာ။ အကုန်လုံး တူတူချည်းပဲ။ ဟုတ်လား။ "ဒီကိုယ်တော်နှစ်ပါးတော့ သွေးကွဲသွားအောင် ငါခွဲကြည့်လိုက်မယ်" ပေါ့။ ဒါကတော့ ဒါ အကဲစမ်းလိုက်တာပါ။ တကယ့်တကယ် သွေးကွဲစေချင်တဲ့စိတ်တော့ မဟုတ်ပါဘူး။ ဟုတ်လားဗျ။ အကဲစမ်းလိုက်တယ်။ အကဲစမ်းလိုက်တာက ဘယ်လိုစမ်းလိုက်သလဲဆိုလို့ရှိရင် အဲ့တော့ ဟိုကိုယ်တော်တစ်ပါးရှိမယ်၊ သူက ချောချောလှလှအမျိုးသမီးလေးရောင် ဖန်ဆင်းလိုက်တာ။ ဖန်ဆင်းလိုက်တာကျတော့ အဲ့ဒီကကိုယ်တော်ရဲ့နေရာမှာ သူတို့ ဝေယျာဝစ္စတွေ ဆောင်ရွက်ပေးနေတယ်။ ဆောင်ရွက်ပေးနေတာကျတော့ တစ်ခါ ဟိုဘက်တစ်ဖက်ကိုယ်တော်ကနေပြီးတော့ ထင်ယောင်ထင်မှားဖြစ်သွားတာပေါ့။
ထင်ယောင်ထင်မှားဖြစ်သွားပြီးတော့၊ နောက် ထင်ယောင်ထင်မှားဖြစ်တဲ့ကိစ္စတွေက ကိုယ်တော်တို့ အရင်တုန်းက ပြောဖူးတဲ့စကားလုံးတစ်လုံးရှိတယ်။ လောကမှာ သံသယကို မမွေးဖွားနဲ့။ ဘာကိုမွေးဖွားနဲ့။ (သံသယကို မမွေးဖွားနဲ့။) သံသယ။ ဝေသာလီကြီး ပျက်သွားတာဟာ တစ်ခုလုံးဟာကို သံသယကို၊ သံသယမွေးဖွားပေးလိုက်တာပဲ။ ဟုတ်လားဗျ။ (မှန်ပါ့။) သံသယကို မွေးဖွားပေးလိုက်တာကနေပြီးတော့ ဘာကြီးပျက်သွားလဲ။ (ဝေသာလီကြီး။) ဝေသာလီကြီး ပျက်သွားတာ။ အခု သူတို့၊ သူတို့နှစ်ယောက်လည်းပဲ ချစ်ခင်မှုတွေ ပျက်သွားတာဟာလည်း ဘာဖြစ်သွားလို့တုန်း။ (သံသယ။) သံသယကို မွေးဖွားပေးလိုက်လို့။ ဘယ်သူက မွေးဖွားပေးလိုက်တာလဲဆိုလို့ရှိရင် ဘုမ္မစိုးနတ်ကြီးက မွေးဖွားပေးလိုက်တယ်။ ထင်ယောင်ထင်မှားဖြစ်သွားတာပေါ့။
နောက် ဘယ်လောက်တောင်ဆိုးလာသလဲဆိုလို့ရှိရင် အဲ့ဒါ နေတိုင်း၊ အခု ကဿပမြတ်စွာဘုရားရှင်လက်ထက်က ခြောက်လမှာမှ တစ်ကြိမ် ဥပုသ်ပြုတာ။ ဥပုသ်ပြု၊ ခြောက်လတစ်ကြိမ် ဥပုသ်ပြုတယ်ဆိုတော့ အဲ့တော့ သူတို့ကလည်း နှစ်ပါးလုံး သီလစင်ကြယ်တဲ့ပုဂ္ဂိုလ်တွေချည်းဆိုတာကျတော့ ဥပုသ်သွားမယ်ဆိုတော့ အထင်အစွပ်စွဲခံရတဲ့ပုဂ္ဂိုလ်ကနေပြီးတော့ သိမ်ထဲမှာ အရင်ရောက်နေတာ။ သိမ်ထဲမှာ ရောက်နေတာကျတော့ စွပ်စွဲတဲ့ပုဂ္ဂိုလ်က လှမ်းကြည့်လိုက်တဲ့အခါမှာ သိမ်ထဲ၊ တစ်ခါတည်း အဲ့ဒီကိုယ်တော်တွေဆိုတဲ့အတိုင်း အတွင်းမဝင်တော့ဘူး။ အပြင်ငုတ်တုတ်ထိုင်နေတာ။ အပြင်ငုတ်တုတ်ထိုင်နေတော့ အဲ့ဒါနဲ့တိုင် ခုနက မြေဘုတ်၊ မြေဘုတ်နတ်ကြီးကလည်းပဲ၊ ဘုမ္မစိုးနတ်ကြီးကလည်း သိပ်တော့မကောင်းဘူး။ အဲ့ဒါနဲ့တိုင် သူက ဥပါသကာယောင်ဆောင်ပြီးကာကျတော့ လာတယ်။ "အရှင်ဘုရားတွေ၊ သိမ်ဝင်တော့လေ။ ဥပုသ်ပြုတော့မှ။ အရှင်ဘုရားလည်း ကြွ"။ "ဟာ၊ တစ်ကိုင်း၊ ကြွလို့မဖြစ်ပါဘူး။ ဟိုမှာ သီလ၊ သီလလွန်ကျူးတဲ့ပုဂ္ဂိုလ်၊ ဒုဿီလပုဂ္ဂိုလ်က ဟိုထဲရောက်နေတယ်။ ကျုပ် ဘယ်လိုလုပ် ဥပုသ်ပြုရမှာလဲဗျ။ ဒီလိုပုဂ္ဂိုလ်တွေနဲ့ ကျုပ်က အတူတကွ ဘာလဲ။ (ဥပုသ်မပြုနိုင်ဘူး။) ဥပုသ်မပြုနိုင်ဘူး"။
အဲ့တုန်းက သူကနေ ရုပ်ဖျက်ပြီးတော့ လျှောက်တယ်။ "အရှင်ဘုရား၊ သူ့တကယ်တော့ သူဟာတဲ့၊ တကယ့်ကို သီလဝန္တပုဂ္ဂိုလ်စစ်ပါ။ အရှင်ဘုရားတို့ရဲ့ ချစ်တာက၊ ချစ်ချစ်တာ၊ ခင်တာကလည်း တကယ်မှ ချစ်ကြ၊ ခင်ကြရဲ့လားလို့ တပည့်တော်ကနေပြီးတော့ အမျိုးသမီးရောင်ဖန်ဆင်းပြီးကာကျတော့ တပည့်တော် နှောင့်ယှက်ပစ်လိုက်တာပါ။ တပည့်တော်အပြစ်ကို ခွင့်လွှတ်ပါ" လို့ သူကနေ အဲ့လိုတောင်းပန်တာ။ တောင်းပန်တာပေါ့ဗျာ။ တောင်းပန်တာ။ ဝင်ပြီးတော့ ဥပုသ်ပြု၊ သိမ်မပြုဘူးဆိုတာတော့ အဲ့ထဲမှာမပါဘူး။ အဲ့ဒါ ဘုမ္မစိုးနတ်ကြီး သေတော့ ငရဲရောက်။ (ငရဲရောက်။) ငရဲရောက်။
ငရဲရောက်လို့ တပည့်တော်တို့ မြတ်စွာဘုရားလည်း ပွင့်ထွန်းလာရော၊ သွားပြီးတော့ ခုနက ဥက္ကဋ္ဌပြည်မှာ ခုနကပြောခဲ့တဲ့ မောင်ဒါနဆိုတဲ့ သူဌေးသားဖြစ်လာတာ။ ကံကြွေးတွေဆက်ပြီးတော့။ ခုနက ပထမဘဝကို ကြည့်ဦး။ အရှင်ဘုရားတို့ရဲ့ အခု ကံကြွေးဆပ်တာ ကုန်သေးရဲ့လား။ (မကုန်သေးပါဘူး။) မကုန်သေးဘူး။ အခု ဘယ်သူက လာချောင်းကြည့်ခံရလဲ။ (ကောသလမင်းကြီး။) ကောသလမင်းကြီး လာပြီးကျတော့ အခု ဘာပြုလို့၊ အဖမ်းမခံရဘူးလား။ ကိုင်း၊ အဲ့တော့ တွေ့သေးလား။ တွေ့လား။ (မတွေ့တော့ပါဘူး။) မတွေ့တော့ဘူးပေါ့။
အဲ့တော့မှ မတွေ့တော့မှ ဒါနဲ့ပတ်သက်လို့လည်းပဲ မှတ်ချက်ပြုစရာတွေ ရှိတာပေါ့ဗျာ။ စာရေးဆရာတွေဆိုလို့ရှိရင်လည်းပဲ အဲ့လိုမှတ်ချက်ပြုစရာတွေ ရှိတာပေါ့။ အဲ့တော့ ဒီဥစ္စာတွေက ရှင်ဘုရင်ကိုယ်တိုင်လည်း ဒါတွေက မလုပ်သင့်ဘူးပေါ့။ ဒီလိုကြီး လုပ်သင့်သလား။ (မလုပ်သင့်ပါဘူး။) ကိုယ်တိုင်မလုပ်သင့်တဲ့နေရာတွေ ရှိတယ်။ ကိုယ်တိုင်လုပ်သင့်တဲ့နေရာတွေ ရှိတယ်။ လူဆိုတာက၊ အကြီးအကဲဆိုတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာလည်း၊ တကယ်လို့ ခေါင်းဆောင်ဆိုတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ အဲ့ဒါတို့ ဆုတက်၊ သာအောင်ပေါ့၊ ကျန်တဲ့ပုဂ္ဂိုလ်ကို ခိုင်းရတယ်။ ဘယ်လိုဗျ။ တက်သာအောင်... (တက်သာအောင်။) တက်သာအောင် ဘာလဲ၊ ကျန်တဲ့ပုဂ္ဂိုလ် ခိုင်းရတယ်။ တကယ်လို့ အပြစ်ကြီးဖြစ်လာမယ်ဆိုလို့ရှိရင်လည်း
ဟုတ်ကဲ့ပါ၊ ရပ်တန့်သွားခဲ့သောနေရာမှ ဆက်လက်၍ စစ်ဆေးတည်းဖြတ်ပေးလိုက်ပါသည်။
ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (ဧကာဒသမပိုင်း အဆက်)
...တကယ်လို့ အပြစ်ကြီးဖြစ်လာမယ်ဆိုလို့ရှိရင်လည်း "ဟာ၊ အရှင်ဘုရား၊ သူတို့ကနေပြီးတော့ မသိလို့ပါဘုရား" လို့ ဒီလိုလျှောက်စရာမကောင်းဘူးလား။ ခု အရှက်ပြေ၊ အရှက်ပြေလေး လျှောက်လိုက်တာက ဘယ်လိုလျှောက်လိုက်သလဲဆိုလို့ရှိရင် "အရှင်ဘုရား၊ အရှင်ဘုရားမှာလည်းပဲ အခု တစ်ယောက်လုံး၊ တစ်ရွာလုံးသာ၊ တစ်ပြည်လုံးကနေပြီးကာကျတော့ ဒီအမျိုးသမီးရှိနေလို့မို့လို့ဆိုပြီးကာကျတော့ အရှင်ဘုရားလည်း ဆွမ်းကိစ္စတွေ အဆင်မပြေဘူး။ ဒါကြောင့်မို့လို့ ဆွမ်းကိစ္စပြေလည်ဖို့အတွက်ကို တပည့်တော်ရဲ့နန်းတော်ကို ကြွပါ"။ အဲ့ဒါနဲ့ သူကနေပြီးတော့ သူ့ရဲ့အပြစ်ကလေး ပြေပျောက်ဖို့အတွက်ကို တစ်ခါတည်း ဘာဖြစ်လို့လဲဆိုတော့ ဆွမ်းပင့်လိုက်တာ။
ခုနက ရှင်ဥက္ကဋ္ဌဒါနလည်း အရင်တုန်းက သူ့ကိုလည်း စွပ်စွဲခံရကာကျတော့လည်းပဲ မျက်နှာလေးငယ်ပြီးကာကျတော့ ဆွမ်းကလည်း မရဘူးပေါ့ဗျာ။ ဟုတ်တယ်မလား။ ဆွမ်းကလည်း ရသေးလား။ (မရပါဘူး။) ဒီလောက် အပြောခံနေရတဲ့ပုဂ္ဂိုလ်၊ သွားလေရာ နောက်က တကောက်ကောက်ပါနေတာလေ။ အဲ့ဒါ ကံကြွေးပါနေတာဗျို့။ အဲ့ဒါတို့ (၈၈) ပေါ့။ ဒီက ရွှေတိဂုံတိုက်ကို သိကြမယ်မသိဘူး။ (သိပါတယ်။) အဲ့ ရွှေတိဂုံတိုက်မှာ တပည့်တော်တို့ အတူတကွနေတာ။ (၈၈)၊ ရှစ်ဆယ့်ရှစ်ခုနှစ်ကပေါ့။ ၁၉၈၈ ခုနှစ်က ကြုံပြီးတော့ နေခဲ့ရတဲ့ပုဂ္ဂိုလ်ပေါ့။ ဦးမုနိန္ဒသာရတဲ့။ သူက စာချဘုန်းကြီးပဲ။ တော်တော်ပြီးတာပေါ့။ ဥဘတောဝိဘင်းလည်း ဒါလည်းအောင်တယ်။ အဲ့ဒီအတိုင်းပဲ။ အဲ့ဒီဇာတ်လမ်းအတိုင်းပဲ။ သူ့နောက်က တကောက်ကောက်ပါနေတာ။ သူ့အမျိုးသမီးက။ အမျိုးသမီးက ဒါပေမဲ့ အရိပ်တော့၊ သူက ပုံတော့မမြင်ရဘူး။ အသံနဲ့နောက်က လိုက်နေတာ။ လေယာဉ်ပေါ်သွားရင် လေယာဉ်ပေါ်လိုက်နေတယ်။
ကိုင်း၊ ဘယ်လောက်ဆိုးသလဲဆိုရင် သူ့ချွတ်ပြီးတော့မေးတယ်။ သူ့ချွတ်ပြီးတော့မေးရင် "ဦးဇင်းတဲ့၊ ဒီကတော် အဲ့ဒါနေ၊ ကိုယ်တော် အဲ့ မင်း၊ ငါ့ပုံပြ၊ ပုံဖန်ဆင်းပြီးတော့ ပြပါလို့ ပြောလား" တဲ့။ "ပြောတယ်" တဲ့။ "ပြောလို့ရှိရင် ကိုယ်တော် ဘယ်လိုပြောမလဲဆိုတော့" တဲ့။ "တုန်းကိုယ်တော်တဲ့၊ အဲ့ဒီက ပုံလေးပဲ" တဲ့။ အဲ့ဒီက ပုံလေးဆိုတာက ဟို ဥပမာ၊ ကိုးဆယ်နဲ့ ရိုက်ခတ်တဲ့ ဟိုဒကာမလေးတစ်ယောက်နဲ့ ဟို ပိုစတာထုတ်ထားတဲ့ပုံပေါ့လေ။ ရုပ်ရှင်မင်းသမီးတစ်ယောက်ပေါ့။ အဲ့ခေတ်ကပေါ့။ "အဲ့ဒီက ဒီပုံပဲ" လို့ သူက ထိုးပြနေတယ်ပေါ့။ "အဲ့ဒီပုံအတိုင်းပဲ" တဲ့ သူ့ပုံ။
ကိုင်း၊ အရှင်ဘုရားတို့၊ ဒီဥစ္စာတွေက ဟိုခေတ်ကာလမှာ ရှိတာမဟုတ်ဘူး။ ခုခေတ်ကာလမှာပဲ ဘာလဲ။ ရှိတယ်ပေါ့ဗျာ။ သူက တပည့်တော်ထက် သုံးနှစ်ငယ်တယ်။ အခုရှိရင် (၅၃-၄) ပေါ့။ (၅၄) ပေါ့။ အဲ့တော့ ကိုယ့်ကို အရှင်ဘုရား၊ အခု သေသွားပြီ။ အဲ့ဒီပုဂ္ဂိုလ်ဟာတဲ့၊ အဲ့လိုပဲ သူ့နောက်ကနေပြီးတော့။ လူက အနေအထားကောင်း၊ စာတွေဘာတွေ တော်။ နောက်ဆုံးပဲ အဓိကရုဏ်းကိစ္စနဲ့ပဲ စိတ်တွေဟာတွေ၊ စိတ်အဓိစတွေ ဖြစ်သွားကြတာ။ အဲ့တော့ ဒါတွေဟာလည်း ကံဝဋ်ကြွေးတွေ ခံရတာ။ ဘာကြွေးတွေ ခံရတာ။ (ကံဝဋ်ကြွေး။) ကံဝဋ်ကြွေးတွေ ခံရတာ။
အဲ့တော့ ကိုယ်လုပ်လိုက်တာကတော့ အရှင်ဘုရားတို့ အခုကြည့်စမ်းပါဦး။ ဒါက အမှတ်တမဲ့လေး လုပ်လိုက်တာဗျ။ အပျော်အပျက် လုပ်ခိုင်းထားတာ။ ဘယ်လိုလုပ်လိုက်တာပါ။ (အပျော်အပျက်။) အပျော်ကနေ ပျက်မသွားဘူးလား။ ဒါကြောင့်မို့လို့ ဘယ်လိုခေါ်လဲ။ အပျော်အပျက်။ ဟုတ်လား။ အဲ့တော့ ကိုယ်တော်တို့ ဒီဥစ္စာတွေက ရှောင်ကြဉ်သင့်တာတွေကို ရှောင်ကြဉ်ရမယ်။ ဝစီပိတ်တတ်ရင် ဘာပါဗျ။ (ထိတိုင်းရှ။) ထိတိုင်းရှတဲ့။ ဒါတွေက ရှောင်ကြဉ်သင့်တယ်။ ဒါတွေဟာတွေက အရှင်ဘုရားတို့ ဝိပါကဝဋ်တွေပဲ။ ဘာဝဋ်တွေ၊ ဘာတွေဗျ။ (ဝိပါကဝဋ်။) အဲဒါကို ဒီမှာ ဝိပါကဝဋ်လိုက်တယ်ဆိုတာက ဒါတွေကိုပြောတာ။ ဥစ္စာတွေက ကိုယ်လုပ်ခဲ့တာတွေကိုယ်ပြန်ရတာပါပဲဗျ။ သတ္တဝါတွေ မလိုချင်လို့ အရှင်ဘုရားတို့ တားထား၊ ဟုတ်လား။ တားထားလို့ရလား။ (မရပါဘူး။) မရဘူး အရှင်ဘုရားတို့။ ကိုယ်လုပ်ခဲ့တာတွေ ဘာပြန်ရသလဲဆိုရင်... (ကိုယ်ပြန်ရတယ်။) ဒါ နှလုံးသားက လက်ခံဖို့ကို အရေးကြီးတာ။ တကယ် ထည့်ထဲဝင်၊ စွဲစွဲမြဲမြဲ သိထားဖို့ အရေးကြီးတာ။
ဒါကြောင့်မို့လို့ တပည့်တော်တို့ ဒီဥစ္စာတွေသင်တာက၊ သင်ထားတယ်ဆိုတဲ့ဥစ္စာက အကြောင်းကောင်းတွေ ပြုမူဖို့ အရေးကြီးတယ်။ အကြောင်းကောင်းမှ... (အကျိုးကောင်းမယ်။) အကြောင်းမကောင်းရင်... (အကျိုးမကောင်းဘူး။) ဒါတွေက ထည့်ထဲကို၊ နှစ်နှစ်ကာကာကြီး သိထားရမှာ။ အဲ့သလိုဆိုလို့ရှိရင် အကြောင်းကောင်းကို ပြုသင့်သလား၊ အကြောင်းမကောင်းတာကို ပြုသင့်သလား။ (အကြောင်းကောင်းတာကို။) အကြောင်းကောင်းတာကို ပြုသင့်တာပေါ့ဗျ။
အဲ့လိုပဲ အဲ့ဒီ ဥက္ကဋ္ဌဒါန ကြည့်လိုက်စမ်းပါဦး။ သူက တကယ်တော့ သူဟာပဲ နောက်တော့မှ ဆွမ်းတွေကွမ်းတွေ ကောင်းကောင်းစားပြီးကာမှ စိတ်အေးလက်သာနဲ့ "ဪ၊ အရှင်ဘုရင်ကလည်း ငါ့တော့ ယုံကြည်သွားပြီ" ဆိုတဲ့ကျတော့မှ စိတ်အေးလက်သာနဲ့ တရားအားထုတ်လိုက်တာ အရှင်ဘုရားတို့ရေ၊ အဲ့တော့ ရဟန္တာဖြစ်သွားတာ။ ရဟန္တာဖြစ်သွားတဲ့နေ့မှာ အဲ့ဒါ ဥက္ကဋ္ဌမြို့သူ၊ သူ့ကျောင်းဒကာကြီးရဲ့သမီးကြီးပေါ့၊ နာမည်က သီရိမာသမီးကြီးကလည်းပဲ အဲ့ဒါနဲ့ ဘုရားအမှူးရှိသော သံဃာတော်တွေကို အဓိဋ္ဌာန်နဲ့ လှမ်းပြီးကျတော့ ပန်းတွေနဲ့၊ ပန်းတွေကို အလျှောက်ခိုင်းလိုက်တာဗျ၊ ဆွမ်းစားဖို့ကိုလေ။ အဓိဋ္ဌာန်နဲ့ ပန်းရှစ်ဆုပ်ကို မြတ်စွာဘုရားရဲ့ အထက်ပေါ်မှာ သွားပြီးတော့ တန်းလေးဆွဲပါတယ်။ အဲ့ဒါ သူက ဆွမ်းပင့်တယ်ပေါ့လေ။
အဲ့တော့လည်းပဲ အာနန္ဒာကို ပြောလိုက်တယ်။ "အာနန္ဒာရေ၊ တို့ ဥက္ကဋ္ဌမြို့ကို သွားမယ်ကွာ။ အဲ့ဒီမှာဆိုလို့ရှိရင် တို့ ဆွမ်းစားကြမယ်။ ဈာန်အဘိညာဉ်ရတဲ့ပုဂ္ဂိုလ်တွေကိုသာလျှင် တို့ သွားကြမယ်" ဆိုတော့ အဲ့ဒါနဲ့တိုင် အဲ့ဒီလိုက်မယ့်သံဃာတွေကို စာရင်းလိုက်ကောက်တာ။ ကိုယ်တော်တို့ ကျောင်းထဲမှာ သံဃာတွေ ညနေတွေ စာရင်းကောက်သလိုပေါ့။ စာရင်းလိုက်ကောက်၊ ရှင်အာနန္ဒာက လိုက်ကောက်ရတာကိုး။ ရှင်အာနန္ဒာ လိုက်ကောက်၊ သူ့ကိုမေးတယ်။ "အရှင်ဘုရား၊ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် အဲ့ ဥက္ကဋ္ဌမြို့ကို ကြွတော်မူမယ်ပြောတယ်။ အရိယာသံဃာတော်တွေ၊ ဈာန်အဘိညာဉ်ရတဲ့ပုဂ္ဂိုလ်တွေသာ သွားမယ်ပြောတယ်။ အရှင်ဘုရား၊ သံဃာစာရင်းထဲ ထည့်လိုက်ရမလားဘုရား"။ "ထည့်လိုက်"။ "ကိုယ်တော်၊ မဟုတ်ဘူး အရှင်ဘုရား။ အရိယာသံဃာတော်တွေကိုသာ လိုက်ရမှာပြောတယ်"။ ဟိုဟာလည်း "ထည့်လိုက်ပါ" ပေါ့လေ။ ထပ်ပြော၊ ရှင်အာနန္ဒာ "မဟုတ်ဘူး အရှင်ဘုရား။ အရိယာသံဃာတော်တွေကိုသာ"။
အဲ့တော့ သူက နှစ်ကြိမ်တစ်ခါ ပြောပြီးတဲ့နောက်မှာတော့ သူက နည်းနည်းရိပ်မိသွားပြီ။ "ဪ၊ ဒီပုဂ္ဂိုလ်ဟာလည်း အဓိကဖြစ်သွားပြီ။ ရဟန္တာများ ဖြစ်သွားသလားမသိဘူး" ပေါ့။ အဲ့ဒါနဲ့အတိုင်းက သူက ထည့်လိုက်တယ်။ ထည့်လိုက်တော့ လျှောက်ကောက်လိုက်တော့၊ လျှောက်ကောက်လိုက်ပြီးကျတော့ မြတ်စွာဘုရားကို သွားလျှောက်လိုက်တယ်။ "မြတ်စွာဘုရား၊ အဲ့ဒီက ဘယ်သူ... (ဥက္ကဋ္ဌဒါန။) ဥက္ကဋ္ဌဒါနကတော့ဘုရား၊ အဲ့လိုပဲဘုရား၊ ဒီစာရင်းပေးပါတယ်။ သူက ထည့်လိုက်လို့ပဲ ပြောပါတယ်ဘုရား"။ "အေး၊ သူက ရဟန္တာဖြစ်သွားပြီ" တဲ့။ ဟိုကျတော့ သလကပတ်၊ သလကမဲနှိုက်တော့လည်းပဲ ဧတဒဂ်ဘွဲ့ထူးလည်း သူပဲ နံပါတ်တစ်ပေါက်။ ဟုတ်လားဗျနော်။ သူ နံပါတ်တစ်ပေါက်တယ်။ မဲနှိုက်တိုင်း၊ နှိုက်တိုင်းမှာ ပထမရတယ်။
အဲ့တော့ အရှင်ဘုရားတို့ရေ၊ အမှတ်တမဲ့မှာ ဘာပါလိမ့်ဗျ။ (အမှတ်တရ။) အမှတ်တရလေးများ ကောင်းတာပဲ ဖြစ်စေရမယ်။ (မကောင်းတာကို မဖြစ်စေရဘူး။) မကောင်းတဲ့အမှတ်တရမှုက ကောင်းပါ့မလား။ (မကောင်းပါဘူး။) အဲ့ဒါ ဒေါသသံယောဇဉ်လို့ခေါ်တယ်။ ဘာသံယောဇဉ်။ (ဒေါသသံယောဇဉ်။) ဒေါသသံယောဇဉ်လို့ခေါ်တယ်။ အဲ့သလို မဖြစ်စေရဘူး။ အတူတကွနေကြတဲ့ပုဂ္ဂိုလ်တွေလည်းပဲ တို့ အသက်ထက်ဆုံးပေါ့ဗျာ။ "တို့ အကြောင်းတိုက်ဆိုင်ရင်ကွာ၊ တို့ စာသင်၊ သင်ကာလက ဘယ်လို"။ ဘုန်းကြီးကလည်း အဲ့လိုပဲပေါ့။ "အဲ့ဒီဘုန်းကြီးကတော့ ပြောတာကွ။ အခု နတ်ပြည်ရောက်လို့ ရှိမှာပေါ့။ ဟုတ်လား။ အရိုးတောင် ဆွေးလောက်ပြီကွာ"။ ဟုတ်လား။ အဲ့လောက်ဆို ကိုယ်တော်တို့၊ တပည့်တော် သေလောက်သေးဘူးလားဗျ။ (သေမှာပါ။) သေမှာပါဆိုတော့ ဒီခန္ဓာကိုယ်ကြီးက အငှားခန္ဓာကြီး။ ဟုတ်လားဗျ။
အဲ့ဒါကို လယ်တီဆရာတော်ကြီးက ပြောတာပေါ့ဗျာ။ "ဒီခန္ဓာကြီးဟာ" တဲ့ဗျ၊ "အငှားနွားလိုပဲ" တဲ့ သူကပြောတာ။ ဘယ်လိုပါလိမ့်ဗျ။ (အငှားနွားလို။) အငှားနွားလိုပဲတဲ့။ ခုခေတ်တော့ ရန်ကုန်မှာတော့ အဲ့စကားက နည်းနည်းလေး ခံစားလို့ရ၊ ပြောရမှာပေါ့။ ဟုတ်တယ်မဟုတ်လားဗျာ။ တို့ အငှားကားမောင်းတဲ့၊ တက္ကစီမောင်းတဲ့လူတွေက တစ်နေ့ကို ဘယ်လောက်ပေးရလဲ။ ခုနက တော်တော်လေ့လာထားတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ ခေသူတွေမဟုတ်ဘူးဗျ။ ဟုတ်တယ်။ (၁၅၀၀၀) လောက်ရှိတယ်။ ဒီတော့လည်းပဲ အခု တောက်လျှောက်သွားတာ၊ တောက်လျှောက်မေးတာပေါ့ဗျာ။ လည်း ခေသူမဟုတ်ပါဘူးဗျ။ ဟုတ်လား။ အဲ့တော့ နေ့ပြတ်ဆိုလို့ရှိရင် တစ်နေ့ကို... (တစ်သောင်းခွဲပေးရတယ်။) တစ်သောင်းခွဲပေးပြီးတော့ ပိုင်ရှင်ဆီက ငှားရတာ။ ပိုင်ရှင်ဆီက ငှားပြီးကာကျတော့မှ တစ်သောင်းခွဲ၊ တစ်သောင်းခွဲပေးလိုက်ပေါ့။ အဲ့ဒါနဲ့ပဲ ဒီဆီဖိုးကိုထည့်ပေါ့။ ဆီဖိုးကိုထည့်၊ ပိုင်ရှင်ကို ဘယ်လောက်ပေး။ တစ်သောင်းခွဲပေး။ အဲ့တော့ တစ်သောင်းခွဲပေးပြီးကာကျတော့ပဲ ဒီဆီ ကိုယ့်ဟာကိုယ်ထည့်ပြီးကာကျတော့ ကားမောင်း။
ဒီခန္ဓာကိုယ်၊ ဒီပေါ့၊ ကိုယ်တော်တို့ ခန္ဓာကိုယ်ကြီးကလည်းပဲ အငှားကားပဲ။ ဘာလဲဗျ။ အငှားခန္ဓာကိုယ်ကြီး။ ဘာလဲဗျ။ (အငှားခန္ဓာ။) အငှားခန္ဓာကိုယ်ကြီး။ အငှားခန္ဓာကိုယ်ကြီးဟာ အရှင်ဘုရားတို့ ခိုင်း၊ ခိုင်း၊ မခိုင်း၊ ခိုင်း၊ နေကုန်ရင်၊ အချိန်ကုန်ရင် ဘာ၊ ပိုင်ရှင်ကို... (ပြန်အပ်ရမယ်။) ကံစမ်း။ အဲ့ဒါ ကံပိုင်ရှင်ဆီကို ဘာကိုအပ်ရတုန်း။ မရဏ... (မင်း။) မင်းထံ အပ်ရမှာပဲ။ အရှင်ဘုရားတို့။ အဲ့တော့ ကိုယ်ခိုင်းခွင့်ရတဲ့အချိန်အခါမှာ ခိုင်းရမှာပေါ့ဗျာ။ ဟုတ်တယ်မလား။ ခိုင်းခွင့်ရတဲ့အချိန်အခါမှာ... (ခိုင်းရမှာ။) ခိုင်းရမှာ။ အဲ့တော့ အခု တပည့်တော်တို့က အခု ခိုင်းဖို့ အချိန်မရဘူးလား။ (ရပါတယ်။) မဟုတ်ဘူး။ ခိုင်းတာလေ။ ဥစ္စာတွေ ခိုင်းရမှာပေါ့။ ဟုတ်လား။ အကုသိုလ်တွေ လျှောက်ခိုင်းလို့ ကောင်းပါ့မလား။ (မကောင်းပါဘူး။) အကုသိုလ်မျိုးစေ့တွေ ကိုယ်တော်တို့က သယ်ဆောင်သွားစေချင်တယ်။ အရှင်ဘုရား။ ဟုတ်လား။ ကိုယ့်ဒုက္ခပေးမယ့် အကုသိုလ်မျိုးစေ့တွေကိုလေ။ ဟုတ်လား။ မစင်ထုတ်ကြီးကို ပိုက်သွားချင်လို့ရတယ်။ အပုပ်သိုးတွေ။ ဟုတ်လား။ ယူသွားချင်လို့ရတယ်။ ဟုတ်လား။ ထမ်းပိုးသွားချင်လို့ရတယ်။ ဟုတ်လားဗျ။ တပည့်တော်ကတော့ ထမ်းပိုးမသွားချင်ဘူး။ ကိုယ်တော်က အဲ့ဒါ အခု ဟုတ်လား။ အပုပ်သိုးတွေကို ထမ်းပိုးသွားချင်လို့ ကောင်းပါ့မလား။ (မကောင်းပါဘူး။) အဲ့ဒါ အနံ့ကလည်း မကောင်းဘူး။ အဆင်းကလည်း... (မကောင်းဘူး။) မကောင်းဘူး။ ဟုတ်လားဗျာ။ အဲ့ဒါ ကိုယ်တော် သယ်ဆောင်သွားကြည့်လား။
အဲ့တော့လည်းပဲ ကိုယ်တော်တို့ရေ၊ ဒီခန္ဓာကိုယ်ကြီးဆိုတာကလည်းပဲ ခုနက ဘာနဲ့တူတယ်။ (အငှားနွား။) အငှားနွားလိုပဲပေါ့ဗျာ။ အဲ့သလိုဆိုလို့ရှိရင် ကိုယ်တော်တို့ ဒီခန္ဓာကိုယ်ကိုမှာ အစွဲတွေကလည်း၊ အစွဲတွေ ကင်းမသွားဘူးလား။ (ကင်းသွားပါတယ်။) အဲ့ဒါ သက္ကာယဒိဋ္ဌိကင်းတယ်လို့ခေါ်တာ။ အဲ့ဒါ၊ အဲ့ဒါပဲ။ ဟုတ်လားဗျ။ ဒိဋ္ဌိဝိသုဒ္ဓိဆိုတာလည်းပဲ ဒီဥစ္စာတွေ ကင်းပုံကို ပြောတာ။ ဟုတ်လားဗျို့။ အခု ဝိသုဒ္ဓိ ဘယ်နှပါး။ (၇ ပါး။) ၇ ပါးထဲမှာ ဒိဋ္ဌိဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ ၇ ပါးထဲမှာ ဒိဋ္ဌိဝိသုဒ္ဓိ မပါဘူးလား။ (ပါတယ်။) ဘယ်နှခုမြောက် ဝိသုဒ္ဓိတုန်း။ (သုံးခုမြောက်။) သုံးခုမြောက်။ (သုံးခုမြောက်။) သုံးခုမြောက်ဝိသုဒ္ဓိ။ အစက ဘာဝိသုဒ္ဓိတုန်း။ (သီလဝိသုဒ္ဓိ။) ဒုတိယက... (စိတ္တဝိသုဒ္ဓိ။) အဲ့ဒါ သီလဝိသုဒ္ဓိက ဘာအတွက်တုန်း။ စိတ္တဝိသုဒ္ဓိက... (စိတ်စင်ကြယ်ဖို့။) စိတ်စင်ကြယ်ဖို့ဆိုတာ သမာဓိ။ သီလရယ်၊ သမာဓိရယ်၊ ခုနက ဘာလဲဗျာ။ ခုနက... (ဒိဋ္ဌိဝိသုဒ္ဓိ။) အဲ၊ အဲ့ဒါ သူက ပညာ၊ သီလ၊ သမာဓိ၊ ပညာ အခြေခံကောင်းသုံးခုကို လုပ်လိုက်တာ။ ဟုတ်လားဗျ။
အဲ့တော့ အရှင်ဘုရားတို့ရေ၊ ဒါကြောင့်မို့လို့ ဒီခန္ဓာကိုယ်ကြီးဟာလည်း အဲ့ဒါတွေ၊ အဲ့လို အစွဲအလမ်းကင်းသွားမှ တရားအားထုတ်လို့ အဆင်ပြေတာ။ ဟုတ်လားဗျ။ ကိုင်း၊ ဒါကြောင့် တပည့်တော်တို့ရေ၊ ကိုယ်တော်တို့လည်းပဲ ဗဟုသုတရသွားအောင်ဆိုပြီးတော့ ရောက်တတ်ရာရာ ပြောလိုက်တာ နည်းနည်းတော့ အချိန်ရောက်တတ်သွားတယ်။ ဟုတ်လားဗျာ။ (မှန်ပါ။) ဒါကြောင့် ကိုယ်တော်တို့လည်းပဲ အခု အငှားကားလည်း သိသွားပြီ။ အငှားနွားလည်း သိသွားပြီ။ လက်စသတ်တော့ ဘယ်သူ့ကို ပြောနေတာပါလိမ့်။ (ကိုယ့်ကိုပြောတာ။) ကိုယ့်ခန္ဓာကိုယ်ကို ပြောနေကြတာ။ ဟုတ်လားဗျ။
လယ်တီဆရာတော်ကြီးကတော့ ကိုယ်တော် ပြောတာလေ။ ခဏခဏရွတ်ပြပါတယ်။ "တစ်နေ့ကွယ် သေဖို့တစ်ခါ နီးလျော်ခဲ့ပြီ၊ မထင်လိုက်ပါနဲ့၊ နေကွယ်တာ... (များ။) အကြိမ်များလျှင် သေနေ့တဲ့ရွာ တစ်ချိန်သွားရလိမ့်မယ်"။ ကွယ်၊ ကွယ်ရ၊ ကိုယ်တော်တို့ ဟိုတုန်းက ပေးလိုက်တယ်ပေါ့ဗျာ။ "ဂုဏ်ရောင်၊ ငါ့ရုပ်နာမ် သေရန်တစ်ရက် နီးခဲ့ပြီ" ပြောခဲ့ဘူးလား။ (ပြောခဲ့ပါတယ်။) အဲ့တော့ အဲ့လိုဆိုတော့ တစ်လကိုမျှ... (သေရန်။) သေရန်... (နီးခဲ့ပြီ။) တစ်နှစ်ကိုမျှ... (သေရန်။) သေရန်... (နီးခဲ့ပြီ။) နီးခဲ့ပြီပေါ့ဗျာ။ ဒါကြောင့် "တစ်နှစ်တစ်ရက်ရယ်နဲ့ တရွေ့ရွေ့ရွေ့ရွေ့" ဟုတ်လားဗျ။ အဲ့လိုဆိုကြတယ်ပေါ့။ "ရှေးက ကိုယ်တော်မပြု၊ နောက်က ကိုယ်သားအိုမြဲ" ဆိုတာလေ။
အဲ့တော့ ကိုယ်တော်တို့ တရားမခိုင်းရင်၊ ဒီခန္ဓာကိုယ် မခိုင်းသည်ဖြစ်စေ၊ ခိုင်းသည်ဖြစ်စေ၊ အချိန်တန်တော့ ပိုင်ရှင်ကို ပြန်အပ်ကြရတာပဲ။ ဒါကြောင့်မို့လို့ ဒီလိုခန္ဓာကိုယ်ကြီးဟာ ကောင်းတဲ့ဥစ္စာတွေဟာ အရှင်၊ လုံ့လ၊ အဲ့လို ခိုင်းကြရမယ်ပေါ့ဗျာ။ ဒါကြောင့် ဝိပါကပစ္စည်း၊ ဝိပါက်အကြောင်းအရာနဲ့ပတ်သက်ပြီးကာကျတော့ ကိုယ်တော်တို့ရေ၊ အဲ့ဒီလို မှတ်သားဖွယ်ရာ အဖြာဖြာတွေဖြစ်လို့လည်းပဲ ဉာဏ်နဲ့ဆန့်ထုတ်သည့်အခါကျတော့ ကိုယ်တော် သိတာပါ။ ဟုတ်လား။ (မှန်ပါ။)
အဲ့ကောင်မို့လို့ ရှေ့ဆက်ရအောင်။ သမ္ပယုတ္တပစ္စည်း၊ သုတ္တသင်္ချာ၌၊ စာမျက်နှာ (၁၂) မှာလေ။ (မှန်ပါ။) "အချင်းချင်းအားအပ်သော အလုံးစုံသော ပဝတ္တိ၊ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ (၄) ပါး"။ ဒါ ဟိုကြည့်မယ်ဆိုရင် စာသုံး၊ သုတ္တန်လေး။ ဟုတ်လား။ ပညတ်မျှပြီးဆိုရင်လည်း စုံသုတ္တန်လေး။ ဟုတ်တယ်မလား။ "အချင်းချင်းအားအပ်သော အလုံးစုံသော ပဝတ္တိ၊ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ (၄) ပါး၊ ဤတရားတို့သည် သမ္ပယုတ္တပစ္စည်းအားအပ်သော တရားတို့မည်ကုန်၏။ သင်္ချာ (၃) မျိုး၊ ပစ္စည်း (၆) ဟူသည်တည်း"။ ပစ္စည်း (၆) ဆိုတာက ကိုယ်တော်တို့ရေ၊ သမ္ပယုတ္တအတိုင်း အညမညရတယ်။ အညမညအတိုင်းတော့ သမ္ပယုတ္တက မရဘူး။ ဘာဖြစ်လဲဆိုရင် အညမညထဲမှာ ဟဒယဝတ္ထုပါနေတယ်။ အဲ့ဒီ ဟဒယဝတ္ထုကို ဘာပါလိမ့်။ (သမ္ပယုတ္တ။) သမ္ပယုတ္တက မလိုက်နိုင်ဘူး။ ဒါကြောင့်မို့လို့ အဲ့ဒါ ဒီသမ္ပယုတ္တအတိုင်း အညမညရသော်လည်းပဲ၊ အညမညအတိုင်းတော့၊ အဲ၊ အညမညအတိုင်း သမ္ပယုတ္တရပေမယ့်လို့၊ သမ္ပယုတ္တအတိုင်းတော့... (အညမညမရဘူး။) အညမညမရဘူးလို့ သိရမယ်။
ဒါကြောင့်မို့လို့ "သင်္ချာ (၃) မျိုး၊ ပစ္စည်း (၆) ဟူသည်တည်း။ သင်္ချာ (၃) မျိုးဟူသောကား ကုသလောကုသလဿ၊ အကုသလောအကုသလဿ၊ အဗျာကတောဗျာကတဿ ဟူသည်တည်း။ ပစ္စည်း (၆) ဟူသောကား သမ္ပယုတ္တ၊ သဟဇာတ၊ အညမည၊ နိဿယ၊ အတ္ထိ၊ အဝိဂတ" ခြောက်ပစ္စည်း၊ ဟူသည်ပေါ့လေ။ ပစ္စည်းပြိုင်တာနဲ့ စိတ်က ရောနေတာ။
ကိုင်း၊ ဒါကြောင့်မို့လို့ ကုသလောကုသလဿ၊ အကုသလောအကုသလတို့ကတော့ အရကောက်ကော၊ ပါဠိကော သဟဇာတအတိုင်း တူပြီးပြီပေါ့။
အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ဝိပါကဗျာကတော၊ ကိရိယာဗျာကတော ဧကော ခန္ဓော တိဏ္ဏံ ခန္ဓာနံ သမ္ပယုတ္တပစ္စယေန ပစ္စယော။ တယော ခန္ဓာ ဧကဿ ခန္ဓဿ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ဒွေ ခန္ဓာ ဒွေနံ ခန္ဓာနံ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ ဧကော ခန္ဓော တိဏ္ဏံ ခန္ဓာနံ သမ္ပယုတ္တပစ္စယေန ပစ္စယော။ တယော ခန္ဓာ ဧကဿ ခန္ဓဿ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ဒွေ ခန္ဓာ ဒွေနံ ခန္ဓာနံ သမ္ပယုတ္တပစ္စယေန ပစ္စယော။ကဲ၊ ကောက်တော့လည်းပဲ
အဗျာကတော ဓမ္မော ဟူသော ကတ္တားပုဒ်၏ အရက "အချင်းချင်းအားအပ်သော ဝိပါက်ပဝတ္တိ၊ ကိရိယာပဝတ္တိ၊ စေတသိက် (၃၈)၊ အစိတ်စိတ်နာမ်မဲ့ခန္ဓာ ပစ္စည်းတရားရ၏"။ အဗျာကတဿ ဓမ္မဿ ဟူသော သမ္ပဒါန်ပုဒ်၏ အရကလည်း အဲ့ဒါပဲရ၏ပေါ့။ ဟုတ်လားဗျာ။ သမ္ပယုတ္တပစ္စယေန ဟူသော ကရိုဏ်းပါဒ်၏ အရက "တစ်ပြိုင်နက်ရထားတာ တက်ကောင်းသော"။ ရထားတာက ဘာဖြစ်သွားလဲဆိုရင် ဝိပါက။ ရထားတာက ဘယ်သူ့ကို မလိုက်နိုင်တာလဲဆိုရင်... (ကိရိယာစိတ်ကို မလိုက်နိုင်တာ။) ကိရိယာဝိပါက်ကို မလိုက်နိုင်တာ။ ဘာကို မလိုက်နိုင်တာ။ (ကိရိယာဝိပါက်ကို မလိုက်နိုင်တာ။) ဝိပါကပစ္စည်းဆိုတော့ ဘာပဲရတယ်။ (ဝိပါက်။) ဝိပါက်ပဲရတယ်ပေါ့။ ခုနက ပြောခဲ့ပြီလေ။ ဟုတ်လားဗျ။ အဲ့လိုမှတ်ရမယ်။ဒါကြောင့်မို့လို့
သမ္ပယုတ္တပစ္စယေန ဟူသော ကရိုဏ်းပါဒ်၏ အရ "တစ်ပြိုင်နက်ရထားတာ တက်ကောင်းသော သမ္ပယုတ္တ၊ သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ အတ္ထိ၊ အဝိဂတ၊ ဤ (၇) ပစ္စယသတ္တိတို့တွင် သမ္ပယုတ္တသတ္တိဟု ဆိုအပ်သော သတ္တိဝိသေသရ၏။ ထိုသုံးပါးတို့တွင် အရကောက် ပဓာနအားဖြင့် ကတ္တားသာတည်း"။ပဋိသန္ဓိက္ခဏေ အဗျာကတော ဓမ္မော ဟူသော ကတ္တားပုဒ်၏ အရက "အချင်းချင်းအားအပ်သော ပဋိသန္ဓေစိတ် (၁၉)၊ စေတသိက် (၃၅)၊ အစိတ်စိတ်နာမ်မဲ့ခန္ဓာ ပစ္စည်းတရားရ၏"။ ပစ္စုပ္ပန်လည်း အဲ့ဒါပဲရ၏။ (၇) ပစ္စည်းတစ်ပြိုင်နက်ရပြီပေါ့။ ဒီမှာက ပဋိသန္ဓေကာလဆိုတော့ ဝိပါက်၊ ကိရိယာ ပါသေးလား။ (မပါဘူးဘုရား။) ဝိပါက်အချင်းချင်းမျှသာ ဖြစ်တယ်ပေါ့။ ဒါကြောင့်မို့လို့ (၇) ပစ္စည်းတစ်ပြိုင်နက် ဖြစ်သွားတာ။ ဒီလိုသဘောပေါက်ပြီနော်။ (တင်ပါ့ဘုရား။) ဒါ အရကောက် စာမျက်နှာ (၄၃၉) မှာ ရှိတယ်။ကိုင်း၊ တို့ သုတ္တသင်္ချာကို နှစ်ခေါက်၊ တတိယအခေါက်ကျ အလွတ်ရွတ်။ နောက် ပါဠိတော်ကို တစ်ခေါက်၊ နောက်တစ်ခေါက်ကျလို့ရှိရင် အလွတ်ရွတ်။ ကိုင်း၊ နောက် အရကောက်မှာ၊ အရကောက်ကိုလည်း အဲ့လိုဆိုမယ်ပေါ့။ ကိုင်း၊ ဆိုကြည့်ရအောင်။
သမ္ပယုတ္တပစ္စည်း သုတ္တသင်္ချာဝါဒ၌။အဲ့တော့ သမ္ပယုတ္တပစ္စည်းရဲ့ အဓိပ္ပာယ်တွေ၊ ကိုယ်တော် စာမျက်နှာ (၁၁၄) က (၂၄) ပစ္စည်းတို့ရဲ့ အကျဉ်းချုပ်ဥပမာတွေနဲ့ ပြထားတာ၊ ဥပမာအဓိပ္ပာယ်နဲ့ ပြထားတာဆိုတော့ အဲ့ဒီမှာ သမ္ပယုတ္တပစ္စည်းက (၁၉) ခုမြောက်မှာ။ "သမ္ပယုတ္တပစ္စည်းဆိုတာက စတုမဓုရသ၊ သီတုပမာ၊ စိတ်စေတသိက်နှစ်ပါး၊ ခွဲခြားမရ၊ ယှဉ်ကာသမှု၊ ကျေးဇူးပြုမှတ်ရှု၊ သမ္ပယုတ္တပစ္စည်းခေါ်" လို့ ဒီလိုဆိုရမှာပေါ့။ ဒါတော့ ရှေးဆရာတော်တွေရဲ့ ပြောတဲ့ဥပမာပေါ့။
တကယ့်တကယ်ကျလို့ရှိရင်တော့ ဒီထက်ပိုကောင်းတဲ့ ဥပမာတစ်ခု ပြောရအောင်ပေါ့။ ဒီထက်ပိုကောင်းတဲ့ ဥပမာလို့ ပြောနိုင်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ကိုယ်တော်တို့ကြည့်လိုက်။ ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ မြစ်ပေါင်းတို့က စီးဆင်းသွားတဲ့ရေတွေဟာ ပင်လယ်ထဲရောက်သွားမယ်၊ သမုဒ္ဒရာထဲရောက်သွားမယ်ဆိုရင် ဒီရေတွေဟာ ဧရာဝတီမြစ်ရေပဲ၊ ဒီဟာတွေ စစ်တောင်းမြစ်ရေပဲ၊ ဒါ သံလွင်မြစ်ရေပဲလို့ ခွဲခြားလို့ရသေးလား။ (မရပါဘူးဘုရား။) မရဘူး။ ဘယ်လိုဓာတ်ခွဲခန်းနဲ့ပဲခွဲခွဲ ဘာဖြစ်လို့ဘုရား။ (မရဘူး။) မရနိုင်တော့ဘူး။ အဲ့သလို မရနိုင်လောက်အောင် ရောသွားတာကို သမ္ပယုတ္တပစ္စည်းလို့ခေါ်တာ။ ဟုတ်လားဗျ။
ဒါ ကိုယ်တော်တို့ အခု စေတသိက်ပိုင်းရဲ့အစက
ဧကုပ္ပါဒနိရောဓာ စ၊ ဧကာလမ္ဗဏဝတ္ထုကာ။ ဒါ ဖြစ်တူ၊ ချုပ်တူ၊ မှီရာတူ၊ အာရုံတူ၊ ညီ သမ္ပယုတ္တတဲ့။ ဖြစ်တူ၊ ချုပ်တူ၊ သာ၊ ဟုတ်လားဗျ။ အာရုံတူ၊ မှီရာတူတာ။ ဒီလေးခုကို ဘာလို့ခေါ်တယ်။ (သမ္ပယုတ္တ။) သမ္ပယုတ္တလို့ခေါ်တာ။ အဲ့တော့ သမ္ပယုတ္တပစ္စည်းဆိုတာက တကယ့်ကိုပဲ အတူတကွဖြစ်တာ၊ အတူတကွချုပ်တာ။ ဟုတ်လားဗျ။ ယှဉ်ပြီးတော့ အဲ့လိုဖြစ်တာ။ အဲ့တော့ ဒါကြောင့်မို့လို့ "ဖြစ်ချုပ်နှစ်လီ၊ အာရုံမှီ၊ တူညီသမ္ပယုတ္တ"။ အာရုံလည်းတူရမယ်၊ မှီရာလည်းတူရမယ်ပေါ့။ ဟုတ်လားဗျ။ အဲ့ဒါကြောင့်မို့လို့ သမ္ပယုတ္တပစ္စည်း။အဲ့တော့ ခုနက ရေတွေဟာ ရောတဲ့အခါမှာ မည်သည့်ရေရယ်လို့ ခွဲခြားလို့မရနိုင်လောက်အောင် ရောထွေးသွားတာကို သမ္ပယုတ္တရဲ့ ပစ္စည်း၊ ပစ္စည်းကျေးဇူးပြုတာလို့ အဲ့ဒီလို မှတ်သားထားရမယ်။ အဲ့တော့လည်းပဲ တပည့်တော် အခု ဒီဥစ္စာတွေအနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင်တော့လည်းပဲ လောကမှာရှိနေတာ ဒီလို၊ ဒီလိုပဲ။ တစ်ဦးနဲ့တစ်ဦး၊ တစ်ယောက်နဲ့တစ်ယောက်ဟာ ပြေပြစ်ချောမွေ့မှုတွေ ရှိနေကြမယ်ဆိုလို့ရှိရင် လောကကြီးမှာ သာယာဖြောင့်ဖြူးတဲ့ လောကကြီးဖြစ်သွားနေကြတယ်ပေါ့။ အဲ့သလို မဟုတ်ခဲ့ဘူးဆိုလို့ရှိရင်တော့လည်းပဲ သာယာဖြောင့်ဖြူးတာ မဟုတ်တော့ဘူး။ ဟုတ်လား။ မသာမယာတဲ့ လောကကြီး၊ အထစ်အငေါ့တွေနဲ့၊ ဘာလေးဗျ။ လောကကြီးဆိုလို့ရှိရင် သာယာနိုင်သေးလား။ (မသာယာနိုင်တော့ဘူး။) မသာယာနိုင်တော့ဘူး။
ဒါကြောင့်မို့ အခု သမ္ပယုတ္တပစ္စည်းဖြစ်ကြတယ်လို့၊ ဖြစ်ကြတာ။ အဲ့တော့ ကိုယ်တော်တို့ရေ၊ ခုနက ကိုယ်က သဟဇာတ၊ အတူတကွဖြစ်ကြတယ်ဆိုတဲ့ ဒီသဘောတရားတွေဟာလည်း ခုနက ညီညွတ်ကြတယ်လို့ ပြောလို့၊ ပြောလို့ရခြင်းရှိတာပေါ့။ ညီညွတ်ခြင်း။ ပြောကြည့်စမ်းပါ။ (ညီညွတ်ခြင်း။) ဒါက သမ္ပယုတ္တဖြစ်တယ်ဆိုလို့ရှိရင် အညမည မဖြစ်ဘူးလား။ (ဖြစ်ပါတယ်။) မနေ့တုန်းက အညမညအကြောင်း ပြောခဲ့ဘူးလား။ (ပြောခဲ့ပါတယ်။) ပြောခဲ့တယ်ပေါ့။ သမ္ပယုတ္တဖြစ်မယ်ဆိုရင် အညမညဖြစ်ပြီးသား ဖြစ်တာလေ။ ဒါကို ညီညွတ်ခြင်းလို့ ပြောလို့ရတယ်။
အဲ့တော့ ကိုယ်တော်တို့ ခုနကတော့ စာအတိုင်းပြောနေရင်တော့ ဒီအတိုင်းမှာပေါ့။ ခုနက "ဖြစ်ချုပ်နှစ်လီ၊ အာရုံမှီ၊ တူညီသမ္ပယုတ္တ"။ အဲ့ဒီလေးခုနဲ့ ကိုက်ညီတာတဲ့။ ဖြစ်တူ၊ ချုပ်တူ၊ မှီရာတူ၊ အာရုံတူ။ ဒီလေးခုတူမယ်ဆိုလို့ရှိရင် ဘာလဲဗျာ။ (သမ္ပယုတ္တ။) ဒါကတော့ စာအတိုင်း၊ သင်္ဂြိုဟ်က အဲ့လိုပြောတာပေါ့ဗျ။ အဲ့တော့ အဲ့ဒါတွေ အဲ့လို ညီညွတ်မျှတမယ်ဆိုရင် သမ္ပယုတ္တဖြစ်တယ်။ ညီညွတ်မျှတတယ်လို့ ပြောလိုက်တယ်။
လောကမှာ အရှင်ဘုရားတို့ အခုကြည့်လိုက်တာ အလုပ်လုပ်မှုနဲ့ လုပ်ရတာနဲ့ ရပိုင်ခွင့်။ ပြောကြည့်စမ်းပါဦး။ (လုပ်ရတာနဲ့ ရပိုင်ခွင့်။) လုပ်မှုနဲ့ ရပိုင်ခွင့်ပေါ့။ အဲ့တော့ အခု အလုပ်ကတူတယ်ဆို
ဟုတ်ကဲ့ပါ၊ ရပ်တန့်သွားခဲ့သောနေရာမှ ဆက်လက်၍ စစ်ဆေးတည်းဖြတ်ပေးလိုက်ပါသည်။
ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (ဧကာဒသမပိုင်း အဆက်)
...အဲ့တော့ အခု အလုပ်ကတူတယ်ဆိုလို့ရှိရင် ရပိုင်ခွင့်လည်း တူမှကောင်းတယ်။ ဟုတ်လားဗျ။ အလုပ်ကတော့တူတယ်၊ ရပိုင်ခွင့်က မတူဘူးဆိုရင် အဲ့ဒီလောကကြီးဟာ ဘယ်သောအခါမှ သမ္ပယုတ္တမဖြစ်ဘူး။ အညမညမဖြစ်တော့ဘူး။ အဲ့တော့ အလုပ်တူရင် ဘာနဲ့တူရမယ်။ (ရပိုင်ခွင့်လည်း။) ရပိုင်ခွင့်လည်း တူရမယ်။ ဒါကြောင့်မို့လို့ ဖြစ်တူ၊ ချုပ်တူရုံနဲ့လည်း မရသေးဘူး။ ဟိုဘက်က မှီရာလည်းတူရမယ်၊ အာရုံလည်းတူရမယ်။ အဲ့ဒါကို၊ အဲ့ဒါမျိုးတွေ ကွဲသွားတယ်။ ဟုတ်လားဗျာ။ ခုနက လောကကြီး အဆင်မပြေကြတာတွေ ကြည့်လိုက်။ အရှင်ဘုရားတို့ရေ၊ အဲ့ဒါ မှီရာတို့၊ အာရုံတို့ ကွဲသွားကြတယ်။ ဟုတ်လားဗျ။ ဒါကြောင့်မို့လို့ အလုပ်လုပ်မှုနဲ့ ခံစားခွင့်တွေ ကွဲပြားရင် စိတ်ဝမ်းတွေလည်း ကွဲပြားမှုတွေရှိတယ်။ ရှိတယ်။
ဘာလို့ပါလိမ့်ဗျာ။ ခြုံပြောမယ်ဆိုရင် ဒီဥစ္စာတွေက၊ ဒီဥစ္စာတွေက ကိုယ်တော်တို့ ဒီဥစ္စာတွေက စာထဲကနေ လောကထဲ ထည့်သွင်းလိုက်တဲ့အခါကျရင် အဲဒီအတွေးသစ်၊ အမြင်သစ်တွေကို မြင်လာလိမ့်မယ်။ အဲ့ဒါ ကိုယ့်မိသားစုတွေ အချင်းချင်းပဲဖြစ်ဖြစ်၊ ကိုယ်တော်တို့ အမွေခွဲတာနဲ့ပတ်သက်ပြီးကာကျတော့ ကိုယ်တော်တို့ တရားစွဲ၊ အမှုအခင်းတွေ ကြားဖူးကြပါလိမ့်မယ်။ (ကြားဖူးကြပါတယ်။) ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းပဲ သာသနာ့လောကမှာ ကိုယ်တော်တို့ ကျောင်းပြဿနာတွေ မတွေ့ကြဘူးလား။ (တွေ့ပါတယ်ဘုရား။) အဲ့ဒီကအမှုတွေ၊ အဲ့ဒီကဥစ္စာ၊ ဒီသဟဇာတသဘောတရားမဖြစ်လို့၊ အညမညသဘောတရားမဖြစ်လို့၊ သမ္ပယုတ္တသဘောတရား... (မဖြစ်ကြတဲ့အတွက်ကြောင့်။) မဖြစ်ကြတဲ့အတွက်ကြောင့်မို့လို့ တရားတပေါင်တွေ ဖြစ်နေကြတာဖြစ်တယ်။ အမှုတွေရင်ဆိုင်နေကြတာဖြစ်တယ်။
အဲ့သလိုသာမဟုတ်ဘူး။ အဲ့ဒါ ဘာဖြစ်လို့လဲဆိုတော့ ရပိုင်ခွင့်၊ ရပိုင်ခွင့်ရှိတာကို မရနိုင်ကြလို့ ဒီလိုဖြစ်တာ။ တစ်နည်းအားဖြင့် ဟိုဘက်ကလည်း လောဘကြီးလို့ပေါ့ဗျာ။ ဟုတ်တယ်မလား။ လောဘကြီးမယ်လို့လည်းပဲ အရှင်ဘုရားတို့ အခု ရပိုင်ခွင့်ရှိတဲ့ပုဂ္ဂိုလ်က မရဘူးဆို၊ တရားသဘောနဲ့ ရနိုင်တာနဲ့ မရဘူးဆို၊ တရားကိုယ်ပဲ ဒီဥစ္စာ ပြဿနာမဖြစ်နိုင်ဘူးလား။ (ဖြစ်နိုင်ပါတယ်။) ဖြစ်နိုင်တယ်။ ဒါကြောင့်မို့ ကိုယ့်ပတ်ဝန်းကျင်တစ်ခု၊ ကိုယ်တော်တို့ ကြွရောက်လာတာ မနည်းမနော ကြွရောက်လာကြတာဖြစ်တယ်။ ကိုယ့်ပတ်ဝန်းကျင်တစ်ခုကို ညီညွတ်ချင်တယ်ဆိုလို့ရှိရင် ခံစားခွင့်ချင်း ဘာပြုတုန်း။ (တူရမယ်။) တူရမယ်ပေါ့။ ဟုတ်လား။ ခံစားခွင့်ချင်းတူရင် ညီညွတ်မှုဖြစ်မယ်။ ခံစားခွင့်မတူရင် ညီညွတ်မှု မဖြစ်နိုင်ဘူး။ ဒါ ကိုယ်တော်တို့သာ မှတ်သားထားရမယ်။
တစ်ခုတော့ရှိတာပေါ့ဗျာ။ ရပိုင်ခွင့်ဆိုတာကလည်း ရသင့်ရပိုင်ခွင့် တူညီရမယ်ဆိုတာက ကိုယ်တော်တို့၊ ကိုယ်တော်တို့ ကျောင်းမှာ ဦးဇင်းတွေရှိမယ်၊ စာချတွေရှိမယ်၊ ဦးဇင်းတွေရှိမယ်၊ ကိုရင်ရှိမယ်၊ ကျောင်းသားရှိမယ်ပေါ့။ ဟုတ်လားဗျ။ ရှင်းအောင်ပြောမယ်ဆိုလို့ရှိရင် ဦးပဉ္စင်းတွေနဲ့ ကျောင်းသားနဲ့ ရပိုင်ခွင့်တူမယ်ဆိုလို့ရှိရင်၊ အဲ၊ ဦးပဉ္စင်းတွေက တစ်ဆယ်၊ ကျောင်းသားလည်း တစ်ဆယ်ဆိုတာ ရပိုင်ခွင့်တူတယ်လို့ မပြောနိုင်ဘူး။ ဟုတ်လား။ သူ့အဆင့်နဲ့သူလေ။ ဟုတ်လားဗျာ။ သူ့အဆင့်နဲ့သူ ရမယ်မဟုတ်လား။ (မှန်ပါ့။) တကယ်လို့ အရှင်ဘုရား၊ ကျောင်းသားကလည်း တစ်ဆယ်၊ ဦးဇင်းကလည်း တစ်ဆယ်ဆိုလို့ရှိရင် အဲ့ဒါ၊ အဲ့ဒါကို တူတယ်လို့ မပြောနိုင်ဘူးနော်။ ဟုတ်လားဗျ။ ကျောင်းသား၊ ကျောင်းသားအဆင့်ပေါ့ဗျာ။ ဟုတ်လား။ ဦးဇင်းက ဘာဖြစ်လို့။ ဦးဇင်းအဆင့်ပေါ့။ ဟုတ်လား။ ဦးဇင်းအဆင့်။ ဟိုအတိုင်း သူက ရပိုင်ခွင့်တူတယ်လို့ ပြောလို့ရပါ့မလား။ (မရပါဘူး။) ဘာ၊ အလွှာအသီးသီးအလိုက်တော့ ရမှာပေါ့။ ဟုတ်လား။ ဟုတ်တယ်မဟုတ်လား။ လုံးလုံးမရလို့လည်း ဖြစ်ပါ့မလား။ တူလို့လည်း ဖြစ်ပါ့မလား။ (မဖြစ်ပါဘူး။) အဲ၊ အဲ့သလိုလေးရှိတာပေါ့။ အဲ့လို အသေးစိတ်ကလည်း အဲ့လိုရှိသေးတယ်ပေါ့။
အဲ့တော့ ကိုယ်တော်တို့ မှတ်သားထားမှာတော့ ကိုယ့်ပတ်ဝန်းကျင်တစ်ခုတော့မဟုတ်၊ ညီညွတ်ချင်တယ်ဆိုလို့ရှိရင် မျှတတဲ့စိတ်တွေ ရှိကြရမယ်ပေါ့။ ဘာစိတ်တွေ ရှိကြရမယ်။ (မျှတတဲ့စိတ်။) မျှတတဲ့စိတ်တွေ ရှိကြရမယ်။ ဒါကလည်း သဟဇာတသဘောတရား၊ အညမညသဘောတရား၊ သမ္ပယုတ္တပစ္စည်းရဲ့ သဘောတရားတွေဖြစ်တယ်။ အဲ့သလိုဆိုလို့ရှိရင်တော့ အရှင်ဘုရားတို့ရေ၊ ဘယ်သောအခါမှ မညီညွတ်နိုင်ဘူး။ မညီညွတ်နိုင်ရင် စိတ်ချမ်းသာမှုလည်း မဖြစ်နိုင်ဘူး။ စိတ်ချမ်းသာမှုဖြစ်ဖို့ဆိုတာက မနေ့တုန်းက ပြောခဲ့ပြီလေ။ မနေ့တုန်းက ကိုယ်တော်၊ ဟုတ်တယ်မလား။ အဲ့လိုရှိတယ်ပေါ့။
ကဲ၊ ဒါကြောင့်မို့လို့ အဲ့ဒါ အခု ဒါကတော့ သမ္ပယုတ္တပစ္စည်း။ ဝိပ္ပယုတ္တပစ္စည်း၊ စာမျက်နှာ (၁၃)၊ ကိုယ်တော်တို့ အကျက်ခိုင်းခဲ့တယ်မဟုတ်လား။ (ကျက်ခိုင်းခဲ့ပါတယ်။) အဲ့တော့ ဝိပ္ပယုတ္တကတော့ အဲ့မှာဖော်ပြထားတဲ့အတိုင်းပဲ ဝိပ္ပယုတ္တက သုံးမျိုးရှိတယ်ပေါ့။ သဟဇာတဝိပ္ပယုတ္တ၊ ပုရေဇာတဝိပ္ပယုတ္တ၊ ပစ္ဆာဇာတဝိပ္ပယုတ္တ။ အဲ့ဒီက ဝိပ္ပယုတ္တ၊ ဟို အဓိပ္ပာယ်ကဏ္ဍထဲမှာလည်းပဲ၊ အမေးအဖြေကဏ္ဍထဲမှာလည်းပဲ အဲ့ဒီ ဝိပ္ပယုတ္တရဲ့ အဓိပ္ပာယ်တွေပါတယ်။ ဒါတွေကို ဖတ်ကြရမယ်။ အဲ့ဒီ ဝိပ္ပယုတ္တရဲ့ အရကောက်လည်း ဖတ်ကြည့်ကြရအောင်ပေါ့ဗျာ။ ဟုတ်လားဗျာ။ ဝိပ္ပယုတ္တ သုံးမျိုးရှိတယ်။ အဲ့တော့ ကိုယ်က အမြင်မကျယ်တတ်ဘူး၊ ဟို ဖြန့်ကျက်ပြီးတော့ မကြည့်တတ်ဘူးဆိုလို့ရှိရင် အဲ့ဒီ မူရင်းပါဠိတော်ကို ဖတ်ရမယ်။ မူရင်းအရကောက်ကို ဖတ်ရမယ်။ အဲ့လိုဆိုလို့ရှိရင် သိရှိသွားလိမ့်မယ်။
အဲ့တော့ မနက်ဖြန်ကြလို့ရှိရင်တော့ ကိုယ်တော်တို့ကို အဲ့ဒီက သဟဇာတဝိပ္ပယုတ္တရုံနဲ့မကဘူး၊ ကိုယ်တော်တို့ စာမျက်နှာ (၄၂၊ ၄၃၊ ၄၄၊ ၄၅)၊ အဲ့ဒါတွေကိုယ်တော်တို့ ဖတ်ခဲ့ပါလို့ ပြောခဲ့တယ်နော်။ (မှန်ပါ။) ကိုယ်တော် ဖတ်ခဲ့ကြရဲ့လား။ (ဖတ်ခဲ့ကြပါတယ်။) အဲ့ဒါ အခု ပြန်ဖတ်ကြဦး။ အဲ့ဒီ မူရင်းအရကောက်ကြီးလည်း လိုက်ဖတ်ဦးပေါ့။ မူရင်းအရကောက်ကြီးက ကိုယ်တော်တို့ စာမျက်နှာ (၄၆၀) မှာ ရှိတယ်။ ဟုတ်လား။ တို့မှာ ရှိလိမ့်မယ်။ ဒါကြောင့် မူရင်းတွေသိရအောင်၊ မူရင်းတွေသိပြီးကာကျတော့မှ လိုက်ဖတ်မယ်ဆိုလို့ရှိရင် "ဪ၊ ဒီဥစ္စာကလည်း ဘာကိုပြောတာ"။ အဲ့ဒီက စာအုပ်နဲ့ လိုက်တိုက်ထားရမယ်။
အဲ့တော့ ကရဏ-သဘာကတွေကို တွက်ကြမှာဖြစ်တယ်။ တစ်မျိုးပြီးတစ်မျိုး အပြတ်ရှင်းမှာပေါ့။ ဟုတ်လားဗျ။ သုတ္တသင်္ချာတွေ၊ ကိုယ်တော်တို့ နက်ဖြန်က ဒီ သဟဇာတဝိပ္ပယုတ္တတစ်ခုပဲ ဟောမယ်။ ဟောပြီးလို့ဆိုလို့ရှိရင် ခုနက သဘာက-ကရဏတွေ သွားမှာလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကရဏတွေကို စတင်ပလွှတ်ချမယ်။ ပလွှတ်ချမယ်ဆိုလို့ရှိရင်တော့ အဲ့ဒီ ပလွှတ်ချတာကို မမြင်လိုက်ဘူး၊ မတွေ့လိုက်ဘူး၊ မသိလိုက်ဘူးဆိုလို့ရှိရင် ဒီတစ်မျိုးလုံးကို မသိဖြစ်သွားနိုင်တယ်ဗျ။ ဟုတ်တယ်မို့လား။ ကိုယ်တော်တို့ ဇာတ်လမ်းတွဲကြည့်တဲ့အခါမှာ ဇာတ်လမ်းရဲ့ ပလွှတ်ချတာ မသိလိုက်ဘူးဆိုလို့ရှိရင် အဲ့ဇာတ်လမ်းအရသာကို... (မရှိတော့ဘူး။) မရှိတော့ဘူး။ အဲ့လိုဖြစ်တတ်ပေါ့။
အခုလည်း အဲ့လိုပဲ။ အရှင်ဘုရားတို့ မသိနိုင်ဘူး။ ကိုယ့်ဉာဏ်ရည်ဉာဏ်သွေးနဲ့ မသိနိုင်ဘူး။ အထူးသဖြင့် အသစ်သမားတွေပေါ့။ အသစ်သမားတွေကတော့ ကိုယ်တော်တို့ ခုနက ခဏခဏပြောသလိုပဲပေါ့ဗျာ။ ဘယ်လိုနည်းနဲ့မှ ဘာလိမ့်၊ ကိုယ်တော်၊ စာဝါမပျက်စေကြနဲ့။ အဲ့တော့ နောက်ကျလို့ရှိရင်လည်း သူတို့ စာပြန်ပွဲတွေရှိတယ်။ အဲ့ဒါ အခု လကွယ်နေ့တိုင်း ဒီဘက်က ဘိုးဘွားရိပ်သာတို့၊ ဆွမ်းခံအသင်းတွေ သွားရတာတွေရှိတယ်။ ဒါကြောင့်မို့လို့ နက်ဖြန်ကျလို့ရှိရင်လည်းပဲ အဲ့ဒီတော့ စာပြန်ကြတဲ့ပုဂ္ဂိုလ်တွေ အဲ့ဒါ (၃) နာရီ၊ (၁၅) မိနစ်လောက်ဆိုလို့ရှိရင် လာပြန်လို့ရနိုင်ပြီပေါ့ဗျာ။ အဲ့ဒီကနေ စာပြန်၊ အခု စာဝါပြန်တက်မယ်ပေါ့။ စာဝါပြန်ပြီးတော့လည်းပဲ အခုတို့ စာပြန်လို့ရမယ်။ ဒီက စာဝါချပြီးလို့ရှိရင်လည်းပဲ စာဝါပြန်လာလို့ရမယ်။ အဲ့ နောက်တစ်နေ့ကျမယ်ဆိုလို့ရှိရင်တော့ ဟိုဘက်မှာသာ အချိန်ကုန်သွားလိမ့်မယ်နော်။ အဲ့ဒါဗျ။ ညကျမှဆိုလို့ရှိရင်လည်းပဲ ညစ်ပတ်သွားလိမ့်မယ်။ ဟုတ်လားဗျ။ ဒါကြောင့်မို့လို့ ကြိုကြိုတင်တင်၊ ပြင်ပြင်ဆင်ဆင် လုပ်ထားကြ။ ဟုတ်လားဗျ။
ဒါကြောင့် ပြောချင်တာကတော့ အဲ့ဒါ၊ အဲ့ဒီက အကြောင်းတစ်ခု၊ ခုနက ကရဏ-သဘာက သွားမှာဖြစ်တဲ့အတွက်ကြောင့် ကြိုတင်ဖတ်ဖို့အတွက်၊ ကြိုတင်ပြင်ဆင်ဖို့အတွက်၊ အခု သုတ္တသင်္ချာကို ရခြင်းအားဖြင့် ကရဏ-သဘာကကို ရလိမ့်မယ်။ ကြိုတင်ဖတ်တာပေါ့။ ဟုတ်လားဗျ။ သုတ္တသင်္ချာသည် သဘာက-ကရဏအတွက် လုံးဝအသုံးဝင်တဲ့ ဥစ္စာတွေပဲလို့ မှတ်သားထားရမယ်။ အဲ့ဒီမှာ စာမျက်နှာ (၄၂-၄၃) ရဲ့အစမှာဆိုရင် အဲ့တော့ နည်းတဲ့ပစ္စည်းနဲ့၊ တရားကိုယ်နည်းတဲ့ပစ္စည်းနဲ့ များတဲ့ပစ္စည်းနဲ့ သဘာကပြုလုပ်ဟောမယ်ဆိုလို့ရှိရင် ဘယ်သို့လိုက်ရမယ်ဆိုတာလေ။ နည်းရာသို့လိုက်ရမယ်လို့ ပြောခဲ့ဘူးလား။ (ပြောခဲ့ပါတယ်။) ပြောထားတယ်။
အဲ့ဒီမှာ စာမျက်နှာ၊ အဲ့ဒီ သဘာက-ကရဏဆိုတာက သဘာကဆိုတာက သဘောတူတာ။ ယမိုက်စကားဖြင့်ပြောမယ်၊ ဖြင့်ပြောမယ်ဆိုရင် စာမျက်နှာ (၄၂) ရဲ့ ဟိုအောက်နားမှာလေ။ အဲ့မှာဆိုလို့ရှိရင် "နှစ်ဖက်စလုံးက တရားကိုယ်ပါမှ" တဲ့။ ဟုတ်လားဗျ။ ဘာတရားကိုယ်ပါမှ။ (နှစ်ဖက်စလုံးက တရားကိုယ်။) နှစ်ဖက်စလုံးက တရားကိုယ်ပါမှလို့ ပြောထားတယ်ပေါ့။ နှစ်ဖက်ကတရားတွေ သဘာကလေ။ သူလည်းရတယ်၊ ငါလည်းရတယ်။ ဟုတ်လားဗျ။ အဲ့ဒီသဘောတရားတွေဖြစ်တယ်။
အဲ့တော့ သုတ္တသင်္ချာလည်းရတယ်၊ အဲ့ဒါ စာစာလည်းဖတ်တယ်ဆိုရင် တို့ ဒီကရဏ-သဘာကဟာလည်း လုံးဝကို အခက်အခဲမရှိဘူး။ လုံးဝကို ဘာလိမ့်။ (အခက်အခဲမရှိဘူး။) အခက်အခဲမရှိနိုင်ပါဘူးပေါ့ဗျာ။ ဒါကြောင့်မို့လို့ "ကျောင်းမှန်မှန်တက်၊ စာမခက်"။ "ကျောင်းတက်မမှန်... (ခက်ရပြန်။) ခက်ရပြန်" တဲ့။ ဟုတ်လားဗျာ။ "ကျောင်းမှန်မှန်တက်... (စာမခက်။) စာမခက်"။ "ကျောင်းတက်မမှန်... (ခက်ရပြန်။) ခက်ရပြန်"။ ဒါကြောင့် ဟိုတုန်းက တပည့်တော် ရေးထားတဲ့လေ၊ မကြာခဏဆိုပြနေတာပေါ့ဗျ။ ဟုတ်လား။ အဲ့ဒီက သဘောတရားလေးကို "နေ့တိုင်းနေစဉ်၊ အမ်... (နေ့တိုင်းပဲ။) နေ့စဉ်၊ နေ့တိုင်းပဲ နေ့စဉ်၊ စာပေကို နေ့စဉ်တက်လို့၊ ကျက်ကြစေခြင်း၊ အောင်ပန်းကို ဆွတ်ခူးအောင်မြင်ဖို့အရေး၊ နေ့ညမပြတ်မှန်းကာ ကျက်မှတ်ကာ ကြိုးစားကြရင် အောင်မယ်ပါလေ"။ ဒါလေးခေါ်တယ်။ ကိုယ်တော်တို့ ငေးရစ်ဖို့လိုပေါ့ဗျာ။ ဟုတ်လား။ ပစ်လိုက်တာ။ ဟုတ်လား။ ကိုယ်တော် ငေးရစ်နေတာပါပဲ။ ဟုတ်လား။
ကိုင်း၊ ဒါကြောင့် ကိုယ်တော်တို့ရေ၊ ဒီနေ့တော့ဖြင့် အဲ့လောက်နဲ့ပဲ တော်လိုက်ကြရအောင်။ အဲ့ဒါတွေ ပြုလုပ်ခဲ့ကြပါ။
