ဟုတ်ကဲ့ပါ၊ တောင်းဆိုချက်အရ ပေးပို့လာသော နဝမမြောက် တရားတော်ပို့ချချက်မှတ်တမ်းကို သတ်ပုံမှန်ကန်၍ ဖတ်ရှုရန် လွယ်ကူစေရန်အတွက် စစ်ဆေးတည်းဖြတ်ကာ စာပိုဒ်များ ခွဲပေးလိုက်ပါသည်။
ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (နဝမပိုင်း)
(၁၃၇၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်၊ သောကြာနေ့)
အဲ့တော့ မနေ့ကတော့ အရှင်ဘုရားတို့ရဲ့ စာအုပ် စာမျက်နှာ ၉ တို့၊ ၁၀ တို့မှာပါတဲ့ သဟဇာတအကြီးကို မနေ့က ကောက်ခဲ့တယ်။ အဲ့တော့ မနေ့က တစ်ချို့ကိုယ်တော်တို့ကလည်း စာမေးပွဲဖြေနေကြလို့ ဒီကနေ့တော့ နည်းနည်းလေး ပြန်ပြီးတော့ ထပ်၊ အကျဉ်းအနေနဲ့ ပြန်ပြီးတော့ ပြောပြရဦးမယ်။ အဲ၊ ကိုယ်တော်တို့ အခု သုတ္တသင်္ချာကတော့ အဲ့ဒီမှာ မနေ့တုန်းကလည်း ကျက်ခိုင်းခဲ့တယ်ပေါ့။ ဟုတ်လားဗျ။ အဲ့တော့ ဒီတော့ တစ်ခေါက်ဆိုပြဦးမယ်။ တချို့ မဆိုတတ်တဲ့ပုဂ္ဂိုလ်တွေ ရှိကောင်းရှိမယ်ပေါ့။ စာမျက်နှာ ကိုးကို ကြည့်မယ်။ အဲ့တော့ ပစ္စုပ္ပန်အခြမ်း၊ အဲ့ဒါ အကွက်က နှစ်ကွက်ရှိနေတယ်နော်။ (မှန်ပါ။) ဒါကြောင့်မို့လို့ ညာဘက်အခြမ်းက စမှာပေါ့။
"သဟဇာတ၊ နိဿယ၊ အတ္ထိ၊ အဝိဂတပစ္စည်း သုတ္တသင်္ချာ၌ အချင်းချင်းအားလည်းကောင်း၊ အချင်းချင်းနာမ်မဲ့ခန္ဓာ၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်အားလည်းကောင်း တတ်သော အလုံးစုံသော ပဝတ္တိ၊ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ (၄) ပါး။ အချင်းချင်းအားလည်းကောင်း၊ ဥပါဒါရုပ်အားလည်းကောင်း တတ်သော အလုံးစုံသော မဟာဘုတ် (၄) ပါး။ အချင်းချင်းအားတတ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ၊ ဟဒယဝတ္ထု၊ ဤတရားတို့သည် သဟဇာတ၊ နိဿယ၊ အတ္ထိ၊ အဝိဂတပစ္စည်း တတ်သော တရားတော်မည်ကုန်၏။ သင်္ချာနှင့် ပစ္စည်းရည်လေးဟူသည်တည်း။"
"သင်္ချာကိုးမျိုးဟူသောအခါ" ကိုယ်တော်တို့ စာမျက်နှာတစ်ဆယ်မှာ ရှင်းပြထားတဲ့အတိုင်း သင်္ချာသတ္တက သဟဇာတအငယ်အတိုင်း မတူဘူးလား။ (တူပါတယ်ဘုရား။) နောက်နှစ်ခုက
ကုသလော စ အဗျာကတော စ ဓမ္မာ အဗျာကတဿ၊ အကုသလော စ အဗျာကတော စ ဓမ္မာ အဗျာကတဿ ဟူသည်တည်း။ ရှစ်ခုမြောက်သင်္ချာက ကုသလော စ အဗျာကတော စ ဓမ္မာ အဗျာကတဿ။ ကိုးခုမြောက်သင်္ချာ၊ နောက်ဆုံးသင်္ချာတို့က အကုသလော စ အဗျာကတော စ ဓမ္မာ... (အဗျာကတဿ။) အဗျာကတဿ။ အဲ့ဒီက "ဟူသည်တည်း။ ပစ္စည်းရည်လေးဟူသောအခါ သဟဇာတ၊ နိဿယ၊ အတ္ထိ၊ အဝိဂတ ဟူသည်တည်း။" အဲ့သလို ဆိုကြရမယ်ပေါ့။အဲ့တော့ အငယ်တွေ၊ အဲ၊ အလတ်တွေလည်းပဲ ကိုယ်တော်တို့ တစ်ခု၊ တစ်ခါတည်းရအောင် ကျက်မှ။ အဲ့တော့ သဟဇာတအကြီးထဲကနေပြီးကျတော့ အလတ်တွေကို နှုတ်တတ်ဖို့ အရေးကြီးတယ်။ ဟုတ်လားဗျာ။ ဘာတွေကို ဘာလုပ်ဖို့။ (နှုတ်တတ်ဖို့ အရေးကြီးတယ်။) နှုတ်တတ်ဖို့ အရေးကြီးတယ်။ အဲ့တော့ မနေ့တုန်းကလည်း ပြောတော့ပြောခဲ့တယ်ပေါ့ဗျာ။ ဒီကနေ့ နောက်ထပ်တစ်ဖန် ကိုယ်တော်တို့ကို သင်္ဂြိုဟ်စာအုပ်ကို မနေ့က ဖတ်ပြလိုက်တယ်။ သင်္ဂြိုဟ်စာအုပ်က ယူမလာဘူးဗျ။ ယူလာပါဆိုမှ ကိုယ်တော်က ယူလာမယ့်ပုံပဲ။ ဟုတ်လားဗျ။ ဒီက ရပြီးသားဖြစ်နေပြီလား။ ဟုတ်လား။ (အဲ၊ ရပြီးသားဆိုလို့ရှိရင်လည်း ယူစရာတော့မလိုဘူးပေါ့။) ရတယ်။ ကိုယ်တော်တို့ တကယ်ရသလား၊ မရဘူးလားဆို ပြောလိုက်လို့ရှိရင် ကိုယ်တော်တို့ တောက်တဲ့ လည်ပြတ်နင်းဖြစ်မလား၊ ကျည်ကန်းတောင့်ပေါက်ဖြစ်မလားတော့ မသိဘူးပေါ့။ ဘာဖြစ်မတုန်းဗျ။ (နှစ်မျိုးလုံးမှာပဲ။) နှစ်မျိုးလုံးမှာပဲ။ ဟုတ်လား။
အဲ့ဒါ အဲ့တော့ ခုနက တစ်ခုချင်း ဟပ်ပြီးတော့ ပြောမယ်။ ဒါလေးကို သေချာသတိပြုမယ်။ သတိပြုမယ်။ ခု "အချင်းချင်းအားလည်းကောင်း၊ အချင်းချင်းနာမ်မဲ့ခန္ဓာ၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်အားလည်းကောင်း တတ်သော အလုံးစုံသော ပဝတ္တိ၊ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ (၄) ပါး" ဆိုတာက
စိတ္တစေတသိကာ ဓမ္မာ အညမညံ သဟဇာတရူပါနဉ္စ။ အဲ့ဒီကောက်စာ ခုနက သုတ္တသင်္ချာပဲ။အခု အလယ်တစ်ကြောင်း ကြည့်လိုက်။ "အချင်းချင်းအားလည်းကောင်း၊ ဥပါဒါရုပ်အားလည်းကောင်း တတ်သော အလုံးစုံသော မဟာဘုတ်လေးပါး"။ အဲ့ဒီက
မဟာဘူတာ အညမညံ ဥပါဒါရူပါနဉ္စ။ ဟုတ်လားဗျ။အောက်ဆုံးကြည့်လိုက်။ "အချင်းချင်းအားတတ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ၊ ဟဒယဝတ္ထု"။ ဘာလဲဗျ။
ပဋိသန္ဓိက္ခဏေ ဝတ္ထု ဝိပါက... (အညမညံ။) ဒါလေးပေါ့။ သုံးခုပေါင်းလိုက်တဲ့အခါမှာ အညမညံ တိ စတုဝိဓေန ဟောတိ သဟဇာတပစ္စယော။ အဲ့တော့ အခု ကျုပ်တို့ ဒီမှာ စကားအတိုင်းပြောမယ်ဆိုရင် ဒီလိုပေါ့။ ကိုယ်တော်တို့ သုတ္တန်ကြည့်လိုက်မယ်။ "အလုံးစုံသော" ပစ္စည်းဘက်ကလေ။ ဘယ်အခြမ်း၊ ဘယ်အခြမ်း။ ပစ္စည်းဘက်က "အလုံးစုံသော ပဝတ္တိ၊ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာလေးပါး" သည် အချင်းချင်းဖြစ်သော နာမ်မဲ့ခန္ဓာကို ကျေးဇူးပြုမယ်ဆိုရင် စိတ္တစေတသိကာ ဓမ္မာ အညမညံ ပေါ့။ ဟော၊ အချင်းချင်း စိတ္တဇရုပ်ထိအောင် ကျေးဇူးပြုမယ်ဆိုရင် သဟဇာတရူပါနဉ္စ ပေါ့။ အဲ့ထိအောင်ပေါ့။ ရူပါနဉ္စ၊ ပဋိသန္ဓေကမ္မဇရူပါနဉ္စ ပေါ့။နောက်ကျတော့ "အလုံးစုံသော မဟာဘုတ်လေးပါး" သည် အချင်းချင်းမဟာဘုတ်နဲ့ ဥပါဒါရုပ်ကို ကျေးဇူးပြုမယ်ဆိုရင် ဘယ်လိုပါလိမ့်။
မဟာဘူတာ အညမညံ ဥပါဒါရူပါနဉ္စ။ ပိုပြီးတော့ စကားမဖြောင့်ဘူးလား။ (ဖြောင့်ပါတယ်။) ဖြောင့်တယ်။နောက် "ပဉ္စဝေါကာရ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ၊ ဟဒယဝတ္ထု" သည် အချင်းချင်းအား ကျေးဇူးပြုမယ်ဆိုရင်
ပဋိသန္ဓိက္ခဏေ ဝတ္ထု ဝိပါက အညမညံ။ သုံးခုလုံးပေါင်းတဲ့အခါ အညမညံ တိ စတုဝိဓေန ဟောတိ သဟဇာတပစ္စယော။ အဲ့ဒီက ခုနကတို့ သင်္ချာတပ်ထားတာ၊ အဲ့က ဂဏန်းထဲက၊ အဲ့အတွင်းထဲက သုတ္တသင်္ချာနဲ့ နံပါတ်တစ်ကတော့ ပစ္စယနိဒေသ သုတ္တသင်္ချာနဲ့ ဟပ်ကြည့်လိုက်၊ တူတူပဲ။အဲ့တော့ မနေ့ကတော့ ပြောခဲ့ပြီ။ အဲ့တော့ ခုနက အစဆုံးအနေနဲ့ "အချင်းချင်းအားတတ်သော အလုံးစုံသော ပဝတ္တိ၊ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ (၄) ပါး"။ အဲ့ဒီထဲက၊ အဲ့ဒါ ဘာပြောတာလဲဆိုရင် စိတ်စေတသိက်တွေ၊ စိတ် ၈၉၊ စေတသိက် ၅၂ တို့ဟာ အပြန်အလှန် ပစ္စည်းရော၊ ပစ္စုပ္ပန်ရော ဖြစ်နေနိုင်တယ်။ အပြန်အလှန် ဘာလိမ့်။ (ပစ္စည်းနဲ့ ပစ္စုပ္ပန်။) ပစ္စုပ္ပန်ဖြစ်နေနိုင်တယ်။ အဲ့ဒီက၊ အဲ့ထဲက ဒီအုပ်စုသုံးစု၊ သုံးဘုံ၊ လေးစုခွဲလိုက်မယ်ပေါ့။ လေးစုခွဲလိုက်မယ်ဆိုတာက အဲ့မှာ ဗျာဗျာမှာဆိုရင် ပဝတ္တိအခါရယ်၊ ပဋိသန္ဓေအခါရယ်လို့ ခွဲလိုက်မယ်ပေါ့။ အဲ့လို တန်းစီပြီး ခွဲလိုက်မှ ပိုပြီးတော့ သဘောပေါက်တာ။
ဆိုပါတော့ ကိုယ်တော်တို့ကို ပစ္စည်းဘက်ကနေ စပြောကြည့်ရအောင်ပေါ့ဗျာ။ အဲ့တော့ ခုနက အဲ့အတိုင်း နာမ်ခန္ဓာအချင်းချင်းတွေနဲ့လည်း ကြည့်ရအောင်ပေါ့။ အဲ့တော့ "အလုံးစုံသော ကုသိုလ်နာမ်မဲ့ခန္ဓာလေးပါး" သည်၊ ဘယ်ဘက်ကလေ၊ ကတ္တားဘက်က "အလုံးစုံသော ကုသိုလ်နာမ်မဲ့ခန္ဓာလေးပါး" တို့အား ကျေးဇူးပြုမယ်ဆိုရင်၊ ကျေးဇူးပြုစဉ်
ကုသလော ကုသလဿ ပေါ့ဗျာ။ ဟုတ်လား။ ဒါကို အခု ဟိုစာမျက်နှာတစ်ဆယ်မှာဆိုရင် ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ အဲ့တော့ အခု အချင်းချင်းဆိုတော့ ကုသိုလ်နာမ်မဲ့ခန္ဓာ၊ ကုသိုလ်နာမ်မဲ့ခန္ဓာက ဘယ်မှာရှိတာပါလိမ့်ဗျာ။ ကုသိုလ်နာမ်မဲ့ခန္ဓာ။ဒီအခု မည်သည့်နာမ်တရားတွေပဲဖြစ်ဖြစ်၊ နည်းနည်းလေး ဟိုဘက်ကို၊ နည်းနည်းလေး တိုးပြောကြည့်ရအောင်ဗျာ။ နည်းနည်းလေး သင်္ဂြိုဟ်ဘက်ကိုပေါ့။ သင်္ဂြိုဟ်ရဲ့ အတွေးအခေါ်လေးတစ်ခု ပြောကြည့်ရအောင်။ တပည့်တော်တို့ နာမ်တရားထဲပဲဆိုရင် မည်သည့်နာမ်ပဲဖြစ်ဖြစ်၊ ဘယ်လိုပါလဲဗျ။ (မည်သည့်နာမ်ပဲဖြစ်ဖြစ်။) မည်သည့်နာမ်ပဲဖြစ်ဖြစ် နာမ်တရားရှစ်ခုရှိတယ်။ အစုလိုက်၊ အဖွဲ့လိုက် ဖွဲ့လို့မရတဲ့ နာမ်တရား ဘယ်နှစ်ခုပါလိမ့်။ (ရှစ်ခု။) ရှစ်ခုရှိတယ်။ သူကတော့ စက္ခုဝိညာဉ်ဆိုပါတော့။ စက္ခုဝိညာဉ်ဆိုလို့ရှိရင် ကိုယ်တော်တို့ စက္ခုဝိညာဉ်မှာ ယှဉ်ဖက်စေတသိက်က ဘယ်လောက်ပါ။ သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇ ပါးမှာကိုပဲ ဝေဒနာလည်း ပါဘူးလား။ (ပါပါတယ်။) ဖဿလည်း ပါဘူးလား။ (ပါပါတယ်။) ဝိညာဉ်လည်း ပါဘူးလား။ (ပါပါတယ်။) ကျန်တဲ့တရားတွေကလည်းပဲ ဘာဖြစ်မှာတုန်း။ သင်္ခါရက္ခန္ဓာမဖြစ်ဘူးလား။ (ဖြစ်ပါတယ်။) ဖြစ်တယ်ပေါ့။ အဲ့လိုဆိုလို့ရှိရင် အနည်းဆုံး နာမ်တရားတစ်လုံးတော်မှလည်းပဲ ခန္ဓာဘယ်နှစ်လုံးရလဲ။ (လေးလုံး။) ဘယ်နှစ်လုံးရတယ်။ (လေးလုံး။) လေးလုံးရတယ်ပေါ့။
အဲ့တော့ ရုပ်တရားကလည်း ဒီအတိုင်းပဲဗျ။ ရုပ်တရားဆိုတာကလည်းပဲ အနည်းဆုံး ကိုယ်တော်တို့၊ ကိုယ်တော်တို့လက်ထက်မှာရှိနေတဲ့ ဘောပင်တစ်ချောင်းတောင်မှပဲ ရုပ်ဘယ်နှစ်ခုရှိတယ်။ (ရှစ်ခု။) ရှစ်ခုရှိတယ်။ အဲ့ရှစ်ခုက ဘာလဲလို့မေးရင်... (အဝိနိဗ္ဘောဂရုပ်။) အဝိနိဗ္ဘောဂရုပ်ရှစ်ပါး။ အဝိနိဗ္ဘောဂရုပ်က ဘာလဲဗျ။ (၈ ပါးရှိတယ်။) အဝိနိဗ္ဘောဂရုပ်ရှစ်ပါးဆိုတာက ကိုယ်တော်တို့ ခုနက မဟာဘုတ်လေးပါးနဲ့ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ ဩဇာ၊ အဲ့လေးပါးပေါင်းလိုက်ဆိုလို့ရှိရင် အဝိနိဗ္ဘောဂရုပ်ရှစ်ပါး။ အဲ့သလိုဆိုတော့ အခု ရုပ်တစ်ခုကလည်းပဲ ဘယ်ရုပ်ပဲဖြစ်ဖြစ် အနည်းဆုံးဘယ်လောက်ရှိလဲ။ ၈ ပါးရှိတယ်။ နာမ်ကလည်းပဲ အစုအဖွဲ့အနေနဲ့ ဘယ်လောက်ရှိလဲ။ (၈ ပါး။) ၈ ပါးရှိတယ်။ အခု ကုသိုလ်က ၂၁ ပါးဆိုတော့၊ ကိုယ်တော်တို့ စိတ်က ၃၈ ပါးတောင်ရှိတယ်ဆိုတော့ ကိုယ် နာမ်တရားလေး၊ နာမ်မဲ့ခန္ဓာတရားလေးပါးလို့ မရဘူးလား။ (ရပါတယ်ပေါ့။)
အဲ့သလိုရတဲ့အတွက်ကြောင့်မို့လို့ အခုကြည့်လိုက်မယ်။ ဥစ္စာတွေကို တစ်ပါးက၊ တစ်ပါးကနေပြီးကာကျတော့ ပစ္စည်းဖြစ်ရင် ကျန်တဲ့သုံးပါးတို့က ပစ္စုပ္ပန်ဖြစ်တယ်ပေါ့။ ဟုတ်လား။ ကုသိုလ်နာမ်မဲ့ခန္ဓာသုံးပါးကနေပြီးတော့ ပစ္စည်းဖြစ်တဲ့အခါမှာ ကျန်ခန္ဓာတစ်ပါးက ပစ္စုပ္ပန်ဖြစ်တယ်။ အဲ့တော့ ပစ္စည်းဘက်ကနေပြီးတော့ ခန္ဓာနှစ်ပါးနေမယ်ဆိုရင် ပစ္စုပ္ပန်ဘက်က... (ခန္ဓာနှစ်ပါး။) ခန္ဓာနှစ်ပါးနေမယ်။ ဟုတ်လားဗျ။ အဲ့ဒါကို ကိုယ်တော်တို့ရဲ့ စာအုပ်စာမျက်နှာ ၈ မှာလည်းပဲ အဲ့ဒါ၊ အဲ့ဒီဥစ္စာတွေက ကိုယ်တော်တို့ ခန္ဓာဝါဒဆိုတာပါတယ်။ အလွန်တရာမှ ကိုယ်တော်တို့ အဲ့မှာ တစ်လှည့်စီ၊ တစ်လှည့်စီ ပစ္စည်းဘက်၊ ပစ္စုပ္ပန်ဘက်မှာနေတာ။ အဲ့ဒီကောက်စာတွေ။
ဒါကြောင့် ဒီမှာကြည့်လိုက်မယ်ပေါ့။ ဒါကြောင့် ကုသိုလ်နာမ်မဲ့ခန္ဓာတွေရဲ့ အချင်းချင်းဟာလည်း အပြန်အလှန်ကျေးဇူးပြုသောကြောင့်မို့လို့တွေက "သင်္ချာမြင်လျှင် အချင်းချင်းပင်၊ အစိတ်စိတ်ဖြစ်" သွားတာ။ ဒါကြောင့်မို့လို့ "အချင်းချင်းအားတတ်သော ကုသိုလ်စိတ်၊ ကုသလစေတသိက် စိတ်နာမ်မဲ့ခန္ဓာ ပစ္စည်းတရားရ၏။" ဟိုဘက်က ပစ္စုပ္ပန်မှာလည်းပဲ ဒါပဲလည်း ရပြီပေါ့။ တူတူပဲလေ။ "ကုသိုလ်စိတ်၊ ကုသလစေတသိက် စိတ်နာမ်မဲ့ခန္ဓာ ပစ္စုပ္ပန်တရားရ၏။" ဒါကြောင့်မို့လို့ ကိုယ်တော်တို့ "သင်္ချာမြင်လျှင် အချင်းချင်းပင်၊ အစိတ်စိတ်ဖြစ်" လို့ထွက်။
ဒါကြောင့် ပြန်ပြောမယ်။ အခု ပေါင်းပြောပြတာ။ မနေ့တုန်းကတော့ တစ်ခုဆီခွဲခဲ့ပြီးသား။ မနေ့တုန်းက ကြားပြီးတဲ့ပုဂ္ဂိုလ်တွေလည်းပဲ ထပ်ဆင့်ကြားရအောင်၊ မကြားသေးတဲ့ပုဂ္ဂိုလ်တွေလည်းပဲ တစ်ခါတည်းရှင်းအောင်ပေါ့။ ဗုဒ္ဓဟူးနေ့ ရှုပ်မသွားနဲ့။ ဒါကြောင့်မို့လို့ ခုနက သုတ္တန်နဲ့ကပ်ကြည့်။ ဆိုတော့ ကိုယ်တော်တို့ ကုသိုလ်နာမ်မဲ့ခန္ဓာတွေက ဟိုဘက်က ကုသိုလ်နာမ်မဲ့ခန္ဓာအချင်းချင်း ကျေးဇူးပြုမယ်ဆိုရင်
ကုသလော ကုသလဿ။ ခုနအတိုင်းပဲ သွားတယ်။ အနုဝါဒလည်း ဒီအတိုင်းပဲ သွားမယ်။ ဟုတ်လားဗျ။ ကဲ၊ ဟော။ ဟုတ်ပြီ။"အလုံးစုံသော ကုသိုလ်နာမ်မဲ့ခန္ဓာ" တို့က ဟိုဘက်က စိတ္တဇရုပ်ကို ကျေးဇူးပြုမယ်ဆိုရင်... (
ကုသလော ဗျာကတဿ။) ကုသလော ဗျာကတဿ။ ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ခုနက ကိုယ်တော်တို့ ခုနက ကုသလော ကုသလဿ အနေနဲ့ ကြည့်မယ်ဆိုရင် ကိုယ်တော်တို့ စာမျက်နှာ ၄၆ မှာ အရကောက်ဆရာတော်ကြီးက ရေးပြထားတယ်။ ဟုတ်လားဗျာ။ အစိတ်စိတ်ဖြစ်ပုံတွေလေ။ ဟုတ်လားဗျာ။ အစိတ်စိတ်ဖြစ်ပုံတွေ ရေးမပြဘူးလား။ ဒီ ကုသလော ဗျာကတဿ အနေနဲ့တော့ အရကောက်စာမျက်နှာ ၄၇ မှာပါတယ်။ ၄၇ မှာ မပါဘူးလား။ သေချာနားထောင်။ ကိုယ်တော်တို့ အဲ့စာအုပ်ထဲ၊ စာအုပ်ထဲ ပါပြီးသား။ အရကောက်ထဲကနေ ကြည့်ရေးထားတာပဲ။ ပိုပြီးတော့ အဲ့ဒါ အကျဉ်းချုပ်တော့ ရေးပြထားတာပေါ့။ ပိုများရှုပ်သွားသလားတော့ မသိဘူး။သေချာနားထောင်မယ်။ အဲ့တော့ ခုနက ပါဠိတော်ကတော့ ခုနကပြောသလို
ကုသိုလ်၊ ကုသလာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ ဟုတ်လားဗျ။ သဟဇာတပစ္စယေန ပစ္စယော။ နောက်တစ်ခေါက်ပြန်ပြောမယ်။ ကိုင်း၊ ပစ္စည်းဘက်က ကုသိုလ်နာမ်မဲ့ခန္ဓာလေးပါးလုံးက ဟိုဘက်က စိတ္တဇရုပ်ကို ကျေးဇူးပြုမယ်ဆိုရင် ကုသလော ဗျာကတဿ။ ဘုရားရှင်ကိုယ်တော်မြတ် ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ကုသလာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ အဲ့ဒါလည်း နားထောင်မယ်။ အဲ့ဒါ ဟိုဘက်က စိတ္တဇရုပ်ကို ကျေးဇူးပြုမှာ။ ဒီကုသိုလ်နာမ်မဲ့ခန္ဓာတို့က၊ ကုသိုလ်နာမ်မဲ့ခန္ဓာတို့က ကျေးဇူးပြုမှာ။ အဲ့သလို နာမ်မဲ့ခန္ဓာတို့က ကျေးဇူးပြုတဲ့အခါမှာ ကုသိုလ်နာမ်မဲ့ခန္ဓာတစ်ပါးကလည်းပဲ စိတ္တဇရုပ်ကို ကျေးဇူးပြုမယ်။ ကုသိုလ်နာမ်မဲ့ခန္ဓာနှစ်ပါးကလည်း စိတ္တဇရုပ်ကို ကျေးဇူးပြုမယ်။ ကုသိုလ်နာမ်မဲ့ခန္ဓာသုံးပါးတို့ကလည်းပဲ စိတ္တဇရုပ်ကို ကျေးဇူးပြုမယ်။ အဲ့လို တစ်ပါးက၊ နှစ်ပါးက၊ သုံးပါးကနေပြီးတော့ စိတ္တဇရုပ်ကို ကျေးဇူးပြုရင် အစိတ်စိတ်ပဲ။ ဟို ကုသလာ ခန္ဓာ ဆိုတော့ ကုသိုလ်နာမ်မဲ့ခန္ဓာလေးပါးလုံးက ဟိုဘက်က စိတ္တဇရုပ်ကို ကျေးဇူးပြုတဲ့အခါမှာတော့ အစိတ်အပေါင်း။ ဘယ်လိုပါလဲဗျ။ (အစိတ်အပေါင်း။) အစိတ်အပေါင်း။ ရှင်းသလားတော့ မသိဘူးဗျာ။ ရှင်းတယ်မဟုတ်လား။ (ရှင်းပါတယ်။)အဲ့သလို ကုသိုလ်နာမ်မဲ့ခန္ဓာလေးပါးလုံးကလည်းပဲ စိတ္တဇရုပ်ကို ကျေးဇူးပြုနိုင်ခွင့်ရှိတဲ့အတွက်ကြောင့် ဒီစာဟာလည်း ကောက်မယ်ဆိုလို့ရှိရင် ဟိုဘက်က ရုပ်၊ စိတ္တဇရှိနေရင် ပဉ္စဝေါကာရ၊ သူက ဘာလုပ်၊ ပစ္စည်းရုပ်နိဗ္ဗာန်၊ ဗျာပစ္စည်းဆိုတဲ့အတိုင်းပဲ "စိတ္တဇရုပ်အားတတ်သော ပဉ္စဝေါကာရဘုံ၌ဖြစ်သော ကုသိုလ်စိတ်" ကို "အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ"။ အမှန်ဆိုရင်တော့ အစိတ်စိတ်တစ်ခုကို၊ အစိတ်စိတ်တစ်ခုကို ချန်လိုက်လို့ အစိတ်အပေါင်းလို့ ဖြစ်သွားတာ။ တကယ့်တကယ်ကောက်ရမှာကတော့ ဒီလိုကောက်ရမှာ။ "အစိတ်စိတ်၊ အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ ပစ္စည်းတရားရ၏" လို့ ဒီလိုကောက်ရမှာနော်။ ဟိုဘက်ကျတော့ "စိတ္တဇရုပ်က ကုသိုလ်ပြုအပ်သော နာမ်မဲ့ခန္ဓာ၊ စိတ္တဇရုပ်၊ ကုသိုလ်ပြုအပ်သော စိတ္တဇရုပ် ပစ္စုပ္ပန်တရားရ၏" လို့ ဒီလိုဟောပါလိမ့်မယ်။
အဲ့တော့ နောက်တစ်ခေါက်ပြန်ပြောမယ်။ ရှုပ်မသွားနဲ့။ အခု
ခန္ဓာ လို့ မပါဘူးလားဗျ။ (ပါတယ်။) ဪ၊ "ခန္ဓာမြင်တမ်း၊ ရုပ်ပေါင်း၊ စိတ်ပေါင်း ဆိုကုန်လော့"။ ရှင်းရှင်းလေးပဲ။ ပစ္စည်းဘက်ကသာ ခန္ဓာပါရင် အစိတ်အပေါင်းရတာပေါ့။ ခန္ဓာမပါရင် အစိတ်အပေါင်းမရဘူး။ ဒါ ရှင်းရှင်းလေးပဲ။ ဘယ်လိုလဲဆိုလို့ရှိရင် ကုသိုလ်နာမ်မဲ့ခန္ဓာတစ်ပါးက၊ နှစ်ပါးက၊ သုံးပါးကနေ စိတ္တဇရုပ်ကို ကျေးဇူးပြုနိုင်ခွင့်ရှိတယ်။ ဒါက အစိတ်စိတ်ပဲ။ လေးပါးလုံးအပေါင်းကလည်း၊ ကုသိုလ်ခန္ဓာလေးပါးလုံးအပေါင်းကလည်း ပစ္စည်းဘက်နေပြီးတော့၊ ပစ္စည်းဘက်ကနေပြီးတော့ ဟိုဘက်က ဘာလဲ၊ စိတ္တဇရုပ်ကို... (ကျေးဇူးပြုတယ်။) ကျေးဇူးပြုနိုင်တယ်။ အဲ့လိုကျတော့ ဘာပါလိမ့်။ (အစိတ်အပေါင်း။) အစိတ်အပေါင်း။ အစိတ်အပေါင်းဖြစ်သွားပြီ။ကိုင်း၊ ဒါဆိုလို့ရှိရင် အဲ့ဒီဟာ သူတို့က နားလည်စေသတည်း။ ဟော၊ ကဲ၊ ကိုယ်
ကုသလော ကုသလဿ အဗျာကတဿ ပြီးတော့ တစ်လမ်း၊ ရှေ့တစ်ယောက်သွားတယ်။ ကိုယ်တော်တို့ ဒါ ပါဠိတော်ဆို၊ အရကောက်ပြီးတော့မှ ရှင်းပြရမှာ။ အဲ့ဒါ မနေ့တုန်းက ကိုယ်တော်တို့ တချို့လည်း မတက်ခဲ့ရသေးတဲ့အတွက်ကြောင့်မို့လို့ အခု ဒီကိုယ်တော်ပြောလိုက်တာ ရှေ့တစ်လမ်းပိုသွားတယ်။ အမှန်ဆိုရင်တော့ ကိုယ်တော်တို့ အခု စာမျက်နှာ ၁၀ ပဲ ပါဠိတော်ဆို၊ အရကောက်ကောက်ပြီးတော့မှ ဒီဥစ္စာက ရှင်းပြမှ ကိုယ်တော်တို့ နားလည်မှာ။ ဒီတော့က ရှေ့တစ်လှမ်းရောက်သွားတယ်နော်။ ရှေ့ဘာပါလိမ့်။အခု တတိယဟူကို ကြည့်မယ်။ တတိယ
ကုသလော ဓမ္မော ကုသလဿ စ အဗျာကတဿ စ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ကုသလော ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ တယော ခန္ဓာ ဧကဿ ခန္ဓဿ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ ဒွေ ခန္ဓာ ဒွေန္နံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ကဲ၊ ကိုယ်တော်တို့ စာမျက်နှာ ၁၀ ကိုလှမ်း။ ဒီဥစ္စာ မပြောဘဲနေလို့မရဘူး။ ဒီဥစ္စာက အဲ့ဒီ ကိုယ်တော်၊ ကိုယ် စာမျက်နှာ ၁၀ မှာပဲ တပည့်တော် အရကောက်ပြထားတယ်။ အရကောက်၊ အရကောက်ထဲအတိုင်း ပြထားတာ။ ဘာအတိုင်းပြထားတာပါလိမ့်။ (အရကောက်ထဲအတိုင်း။)
ကုသလော ဓမ္မော ဟူသော ကတ္တားပုဒ်၏ အရက "အချင်းချင်း နာမ်မဲ့ခန္ဓာ၊ စိတ္တဇရုပ်အားတတ်သော ပဉ္စဝေါကာရဘုံ၌ဖြစ်သောအခါ ကုသိုလ်စိတ် ဧကဝီသ၊ စေတသိက် ၃၈၊ အစိတ်စိတ်၊ အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ ပစ္စည်းတရားရ၏။" ကုသလဿ စ အဗျာကတဿ စ ဓမ္မဿ ဟူသော သမ္ပဒါန်ပုဒ်၏ အရက "အချင်းချင်း နာမ်မဲ့ခန္ဓာ၊ ကုသိုလ်စိတ် ဧကဝီသ၊ စေတသိက် ၃၈၊ အစိတ်စိတ် နာမ်မဲ့ခန္ဓာ၊ စိတ္တဇရုပ် ပစ္စုပ္ပန်တရားရ၏။" ဟိုဘက်က ကရိုဏ်းတောင် မပြောသေးဘူး။ နောက်မှပြောမယ်။ ကဲ၊ သဘောရှင်းပြီလား။ ဟိုဘက်က ကရိုဏ်းက ကိုင်း၊ ကိုင်း၊ ဒါကြောင့်မို့လို့ မှတ်သားထားမယ်။ကတ္တားကောက်ကို ပြန်ရှင်းပြမယ်။ သေချာနားထောင်။ "ဖြစ်သောအခါ ကုသိုလ်စိတ် ဧကဝီသ၊ စေတသိက် ၃၈၊ အစိတ်စိတ်၊ အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ ပစ္စည်းတရားရ၏။" ဒီနေရာမှာတော့ အရှင်ဘုရားတို့ အခု အစိတ်အပေါင်းဆိုပြီးတော့ အစိတ်အပေါင်းမရဘူးဗျ။ အစိတ်အပေါင်းပါလေ။ အစိတ်အပေါင်းမရဘူးလို့ မှတ်လိုက်။ သေချာကြည့်မယ်။ သေချာနားထောင်။ ဒါတွေက ခဏခဏလို့။ ကိုင်း၊ ဒီမှာကြည့်မယ်။ ကိုယ်တော်တို့ တအားခြင်းသွားရမယ်။ ပစ္စည်းမှာ ခန္ဓာလေးပါးလို့ ပေါင်းသလား၊ မပေါင်းဘူးလားလို့ ကြည့်လိုက်။ ကြည့်မယ်။ သေချာ၊ သေချာနားထောင်မယ်။ သေချာကြည့်မယ်။ အနုဝါဒပါဠိတော်နဲ့ ပြန်ဟပ်ကြည့်မှ။
ကုသလော ဓမ္မော ကုသလော ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ ဒီစကား ဘာပြောလဲဆိုရင် ပစ္စည်းဘက်မှာ ကုသိုလ်နာမ်မဲ့ခန္ဓာတစ်ပါးက၊ ပစ္စည်းဘက်မှာရှိနေတဲ့ ကုသိုလ်နာမ်မဲ့ခန္ဓာတစ်ပါးက ကျန်နာမ်မဲ့ခန္ဓာသုံးပါးနဲ့ စိတ္တဇရုပ်ကို ကျေးဇူးပြုတယ်။ အဲ့လိုဆိုတော့ ပစ္စည်းဘက်မှာ ကိုယ်တော်တို့ လေးပါးလုံးပေါင်းရဲ့လားဆိုတော့ ကြည့်လိုက်။ (မပေါင်းပါဘူး။) မပေါင်းသေးဘူး။ဟုတ်ပြီ။ နောက်တစ်ခုလာခဲ့။
တယော ခန္ဓာ ဧကဿ ခန္ဓဿ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ ကုသိုလ်နာမ်မဲ့ခန္ဓာ၊ ပစ္စည်းဘက်က ကုသိုလ်နာမ်မဲ့ခန္ဓာသုံးပါးတို့က ကျန်တဲ့နာမ်မဲ့ခန္ဓာတစ်ပါးနဲ့ စိတ္တဇရုပ်ကို ကျေးဇူးပြုတယ်။ ဒီပါဠိကလေ။ ဟုတ်တယ်မို့လားဗျာ။ ခန္ဓာဝါဒဖွဲ့တဲ့အခါ အလွန်တရာရှင်းတယ်ပေါ့ဗျာ။ အခုတော့ အကျဉ်းချုပ် ခန္ဓာဝါဒမဖွဲ့သေးဘဲနဲ့ အခု ရှင်းအောင်ပြောပြတာ။ အဲ့တော့ ဒီမှာလည်းပဲ ကိုယ်တော်တို့ နာမ်ခန္ဓာလေးပါးလို့များ ပေါင်းစရာရှိရဲ့လား။ (မရှိဘူး။) မရှိဘူး။နောက် ဒုတိယ၊ အဲ၊ တတိယဟူ လာခဲ့။
ဒွေ ခန္ဓာ ဒွေန္နံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ အဲ့သလိုဆိုတော့ ကုသိုလ်နာမ်မဲ့ခန္ဓာနှစ်ပါးက၊ ဗမာစာအတိုင်းပြောမယ်ဆိုရင် ကုသိုလ်နာမ်မဲ့ခန္ဓာနှစ်ပါးသည် ကုသိုလ်နာမ်မဲ့ခန္ဓာနှစ်ပါးနဲ့ စိတ္တဇရုပ်တို့အား ဘာလဲဗျ၊ ကျေးဇူးပြုတယ်။ ကဲ၊ ပါဠိကုန်ပြီလေ။ ပါဠိကုန်ပြီမဟုတ်ဘူးလား။ (မှန်ပါ။) အဲ့တော့ ဘယ်ပေါင်းတာရှိလဲ။ (မရှိဘူး။) နာမ်မဲ့ခန္ဓာလေးပါး ပေါင်းစရာရှိရဲ့လား။ (မရှိပါဘူး။) အစိတ်စိတ်ပဲရှိတယ်။ ဟုတ်လားဗျာ။ ဒီ ကုဗျာ လည်း ဒီအတိုင်းပဲ။ ပဝတ္တိကာလဗျာ လည်း ဒီအတိုင်းပဲမှတ်။ ဟုတ်လားဗျ။ ပဝတ္တိအခါ ဘာလိမ့်။ ဒီအတိုင်းပဲမှတ်မယ်။ကိုင်း၊ ဒါကြောင့် ကိုယ်တော်တို့အနေနဲ့က အခု သုတ္တသင်္ချာကို၊ အဲ့ဒီ သဟဇာတအကြီး သုတ္တသင်္ချာ၊ မနေ့တုန်းက အရပ်ခိုင်းလိုက်တဲ့ ဝိပါက၊ ဘာလဲ၊ အညမည၊ ဝိပါက၊ သမ္ပယုတ္တ၊ ဝိပ္ပယုတ္တထိအောင် သုတ္တသင်္ချာတွေကို ဆိုလိုက်ကြရမယ်။ ဆိုပြီးတော့မှ အခု ပါဠိတော်ကို ဟောမယ်။ ပါဠိတော်ကို ဟောပြီးတော့ အခုတော့ အဲဒီ ကုသလပတ်သုံးချက်၊ အကုသလသုံးချက်ထိအောင် ကိုယ်တော်တို့ ပါဠိတော်လည်း ဟောမယ်၊ အရကောက်လည်း ဟောမယ်။ ပါဠိတော်ဟောတာကတော့ အကုန်လုံးဟောပြီးတော့မှ အရကောက်ကတော့ ကုသလပတ်နဲ့ အကုသလဗျာ နှစ်ခုပဲကောက်။ ကိုင်း၊ ဒါကြောင့်မို့လို့ သုတ္တန်ဆိုရအောင်။ ဆိုရအောင်။
အဲ့တော့
ကုသလော ကုသလဿ ကို နည်းနည်းလေး ပြန်သွားဦးမယ်။ ကိုယ်တော်တို့ သေချာနားထောင်မယ်။ ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ကုသလော ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ သဟဇာတပစ္စယေန ပစ္စယော။ တယော ခန္ဓာ ဧကဿ ခန္ဓဿ သဟဇာတပစ္စယေန ပစ္စယော။ ဒွေ ခန္ဓာ ဒွေန္နံ ခန္ဓာနံ သဟဇာတပစ္စယေန ပစ္စယော။ ခုနက ကောက်ခဲ့ပြီ။ ကိုယ်တော်တို့ ဟောလာကြ။ ကုသလော ဓမ္မော ဟူသော ကတ္တားပုဒ်၏ အရက "အချင်းချင်းအားတတ်သော ကုသိုလ်စိတ် ဧကဝီသ၊ စေတသိက် ၃၈၊ အစိတ်စိတ် နာမ်မဲ့ခန္ဓာ ပစ္စည်းတရားရ၏။" ကုသလဿ ဓမ္မဿ ဟူသော သမ္ပဒါန်ပုဒ်၏ အရက "ကုသိုလ်စိတ် ဧကဝီသ၊ စေတသိက် ၃၈၊ အစိတ်စိတ် နာမ်မဲ့ခန္ဓာ ပစ္စုပ္ပန်တရားရ၏။" သဟဇာတပစ္စယေန ဟူသော ကရိုဏ်းပုဒ်၏ အရက "တစ်ပြိုင်နက်တတ်ကောင်းသော"။ ကိုယ်တော်တို့လည်း "တစ်ပြိုင်နက်တတ်ကောင်းသော" ဆိုလိုက်ကြပါတယ်ဗျ။ ဟုတ်လား။ (မှန်ပါ။) "တစ်ပြိုင်နက်တတ်ကောင်းသော" ဆိုပြီးတော့ ကုသလော ကုသလဿ ကို အသံကြားလိုက်ပြီဆိုကတည်းကပဲ သူတို့ရဲ့ စာအုပ်စာမျက်နှာ ခြောက်တုန်းကလည်း ညွှန်းခဲ့တယ်မဟုတ်ဘူးလား။ (မှန်ပါ့ဘုရား။) ညွှန်းခဲ့ပြီ။အဲ့တော့ အခု ကြီးလေးညသံမှာပေါ့။ အငယ်တွေ မလိုက်နိုင်တော့ဘူး။ အငယ်တွေက ဘာလို့မလိုက်နိုင်တာလဲဆိုလို့ရှိရင် အဲ့ဒီလို အပြန်အလှန်ကျေးဇူးကျတော့ မပြုနိုင်ဘူး။ သဟဇာတသတ္တိသဘ
ဟုတ်ကဲ့ပါ၊ ရပ်တန့်သွားခဲ့သောနေရာမှ ဆက်လက်၍ စစ်ဆေးတည်းဖြတ်ပေးလိုက်ပါသည်။
ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (နဝမပိုင်း အဆက်)
...အဲ့တော့ အခု ကြီးလေးညသံမှာပေါ့။ အငယ်တွေ မလိုက်နိုင်တော့ဘူး။ အငယ်တွေက ဘာလို့မလိုက်နိုင်တာလဲဆိုလို့ရှိရင် အဲ့ဒီလို အပြန်အလှန်ကျေးဇူးကျတော့ မပြုနိုင်ဘူး။ သဟဇာတသတ္တိသဘောပဲရှိတယ်။ အဲ့တော့ ကုသိုလ်စိတ် ဧကဝီသ၊ စေတသိက် ၃၈ တို့ရဲ့ အပြန်အလှန်၊ ပစ္စည်းဘက်ကတို့ ကြည့်မယ်ဆိုရင် တရားကိုယ်မျှသာရှိတာလေ။ ကိုယ်တော်တို့ရဲ့ စာအုပ်စာမျက်နှာ အဲ့ဒီ နှစ်ရဲ့ ဟိုအောက်နားကို လှမ်းကြည့်ကြည့်၊ ဟို သုံးရဲ့ ဟိုအောက်နားကို လှမ်းကြည့်ကြည့်။ ကိုယ်တော်တို့ အဲ့ဒီမှာ အငယ်တွေဆိုတာက ဘာဖြစ်လို့ငယ်တာလဲဆိုလို့ရှိရင် "တရားကိုယ်မျှသာရှိတယ်" လို့ ပြောခဲ့ဖူးလား။ (ပြောပါတယ်။) ပြောခဲ့တယ်။ စာမျက်နှာတစ်မှာလည်းပါတယ်၊ နှစ်မှာလည်း ပါဘူးလား။ (ပါပါတယ်။) အဲ့လိုဆို တရားကိုယ်မျှသာရှိတော့၊ အဲ့က တရားကိုယ်မျှသာဖြစ်တယ်။ ဒါကြောင့်မို့ အပြန်အလှန်သဘောတရားတွေ မရနိုင်ဘူး။ ဒါကြောင့်မို့ ဒီမှာ မဝင်နိုင်တော့ဘူး။
ဟုတ်ပြီ။ ဒါကြောင့်မို့
သဟဇာတပစ္စယေန ဟူသော ကရိုဏ်းပုဒ်၏ အရက "တစ်ပြိုင်နက်တတ်ကောင်းသော သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ ဤ ၆ ပစ္စယသတ္တိတို့တွင် သဟဇာတသတ္တိဟု ဆိုအပ်သော သတ္တိဝိသေသရ၏။ ထို ၃ ပါးတို့တွင် အရကောက် ပဓာနအားဖြင့် ကတ္တားသာတည်း။" နည်းနည်းလေး သတိပြု။ အခု ဘယ်နှပစ္စည်းရတယ်ဗျ။ (၆ ပစ္စည်း။) ခြောက်ပစ္စည်း။ အဲ့ဒီလိုဆိုတော့ အဲ့ဒီ ၆ ပစ္စည်းက ဒီ ကုသလော ကုသလဿ ကို ဘယ်ပစ္စည်းဟောဟော၊ ဟုတ်လား၊ ကိုယ် အလတ်ထဲက ဘယ်သူပါတုန်း။ အလတ် ဘယ်သူပါတုန်း။ (အညမည။) ည၊ သံ မပါဘူးလား။ (ပါတယ်။) ည၊ သံ ပါရင် ည၊ သံ ကို ဟောရင်လည်း ဒီအတိုင်းပဲ။ ဟုတ်လားဗျ။အဲ့ဒါကို ကိုယ်တော်တို့ အခု ခြောက်ပစ္စည်းဆိုတော့ ခုနက တစ်ခေါက်ကောက်ပြီးပြီဆိုတော့ ဒါ ကိုယ်တော်တို့ နောက်ထပ်ငါးခေါက်ကောက်။ အဲ့ဒါ နောက်ကျမှပဲ ပြီးတော့ အညမည၊ ခုနက နိဿယ၊ နောက်ကျတော့ ဘာလဲ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ။ အဲဒီတော့ အဲ့ဒီက ဥစ္စာကို၊ အဲ့ဒီက ကျန်တဲ့ငါးပစ္စည်းအတွက် ကောက်ကြည့်လိုက်ရင် ဒါထဲမှာ ကိုယ်တော်တို့ရဲ့ ရင်ဘတ်ထဲမှာ စူးစိုက်ပြီးတော့ ဘာဖြစ်မယ်၊ ဝင်သွားမှာ။ ကိုင်း၊ အဲ့တော့ နောက်ထပ် ငါးခေါက်ကောက်ကြည့်။ အဲ့ဒါလေးကို သေချာ။
ကုဗျာ ကျရင်လည်းပဲ ကိုယ်တော်တို့ ဟိုမှာ ကရိုဏ်းပစ္စည်းလို့ ပြောထားတာ ဘာပါလိမ့်။ (ငါးပစ္စည်း။) သူတို့ စာမျက်နှာခြောက်မှာလည်းပဲ ကိုယ်တော်တို့ နာမ်ရုပ်ငါး ဆိုတာ တွေ့တယ်။ (မှန်ပါ။) အဲ့ဒါ အဲ့တော့ ဘယ်လိုဟောဟော အဲ့ဒီမှာ ကြီးလေး၊ ဘာပါလိမ့်။ (ဝိပ္ပယုတ္တ။) ကြီးလေး ဘာပါလိမ့်။ (ဝိပ္ပယုတ္တ။) ဪ၊ တစ်ပြိုင်နက်ပဲရမယ်။ ဒါကြောင့် ကိုယ်တော်တို့ တစ်ခု ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ နိဿယပစ္စယေန ပစ္စယော။ ကုသလာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ နိဿယပစ္စယေန ပစ္စယော။ ဒီမှာလည်း ထိုနည်းလည်းကောင်း။ ကိုယ်တော်တို့ရေ၊ ကိုယ်တော်တို့ ဒီလည်း နှစ်ခုအနေနဲ့ ကောက်ကြည့်မယ်ပေါ့။ နိဿယနဲ့ ဝိပ္ပယုတ္တအနေနဲ့ ကောက်ကြည့်မယ်။ ဒီငါးပစ္စည်းက ဘယ်သူ့ပဲကောက်ကောက် ဒီအတိုင်းပဲဖြစ်မယ်။ ဘယ်သူ့ပဲကောက်ကောက်... (ဒီအတိုင်းပဲဖြစ်မယ်။) ဒီအတိုင်းပဲဖြစ်မယ်။ ဒါကြောင့် ကုဗျာ ကို နိဿယနဲ့ ဝိပ္ပယုတ္တအနေနဲ့ ကိုယ်တော်တို့ ဆိုကောက်ကြည့်မယ်။ ကဲ၊ ဆိုရအောင်ဗျ။အဲ့တော့ အခု
ကုကုဗျာ ပေါ့။ ကုသလော ကုသလဿ အဗျာကတဿ။ အဲ့ဒါတော့ အခု သဟဇာတအကြီးလေးခုပဲရှိတာလေ။ အငယ်တွေက အဲ့ဒီသင်္ချာ ရှိရဲ့လား။ (မရှိပါဘူး။) မရှိဘူး။ ဘာဖြစ်လို့မရှိသလဲဆိုတာ တွေးကြည့်ထား။ တွေးကြည့်ထား။ ဘာဖြစ်လို့မရှိသလဲဆိုတဲ့အကြောင်းကို ကိုယ့်ဟာကိုယ် ပြန်ပြီးတော့ အဋ္ဌကထာ၊ ဋီကာတွေ မဖွင့်ဘဲ ကိုယ့်ဟာကိုယ် ဖွင့်နိုင်အောင်လုပ်ထား။ ဘာဖြစ်လဲဆိုလို့ရှိရင် ဒီဘက်က ပစ္စုပ္ပန်မှာ တိ၊ န ရှိတယ်။ ဟိုဘက်က စိတ္တဇရုပ်ရှိတယ်ပေါ့။ ဟုတ်လားဗျ။ အဲ့တော့ အခု တိ၊ န ရှိတဲ့နေရာတွေက၊ စိတ္တဇရုပ်မရှိတဲ့နေရာက တိ၊ န မရှိဘူး။ ဒါကြောင့် စိတ္တဇရုပ်၊ ခုနက တိ၊ န ရှိတဲ့နေရာတွေက အညမညနဲ့ သမ္ပယုတ္တ။ အညမညနဲ့ သမ္ပယုတ္တလို့ မရှိဘူးလား။ ဒါပေမယ့် သူတို့မှာ စိတ္တဇရုပ်ရှိရဲ့လား။ (မရှိဘူး။) မရှိဘူး။ ကိုင်း၊ ကိုယ်တော်တို့ သုတ္တသင်္ချာ ကြည့်ကြည့်မှ။ အဲ့ဒါ ကိုယ်တော်တို့ တစ်ပါးချင်း ပြန်ခိုင်းဦးမှာ။ ဒါတွေက မရလို့မဖြစ်ဘူး။ ရတာနဲ့ ညက်တာနဲ့ မတူသေးဘူးနော်။ ညက်မှ။ဒီနေရာမှာ ကြားထဲ ဖြတ်ပြောလိုက်ဦးမယ်။ ကိုယ်တော်တို့ကို မနက်ဖြန်၊ သဘက်ခါ နောက်တစ်ရက်၊ နှစ်ရက်ဆိုလို့ရှိရင် တစ်ပါးချင်း ကရဏ၊ သဘာကကို တစ်ခါတည်း တစ်ဆက်တည်းသွားမှာဖြစ်လို့ စာမျက်နှာ ၄၂၊ ၄၃၊ ၄၄၊ အဲ့ဒါတွေကိုတော့ တော်တော်ကို ဖတ်ထားရမယ်။ နားလည်၊ နားလည်၊ နားမလည်၊ နားမလည် ဖတ်ထားရမယ်ပေါ့။ ဟုတ်လားဗျ။ ကြိုတင်ကို ဖတ်ကိုဖတ်ရမယ်။ အဲ့ဒါ မဖတ်ရင် ပိုတုံးသွားနိုင်တယ်။ ဟုတ်လားဗျ။ ပိုပြီးတော့ ဘာလိမ့်။ (တုံးသွားနိုင်တယ်။) တုံးသွားနိုင်တယ်။ အဲ့ဒါ နဂိုကမှ ဘာလိမ့်။ (တုံး။) အဲ့ဒါ၊ အဲ့ဒါဆို မဖတ်ဘူးဆိုရင်... (ပိုတုံးသွားနိုင်တယ်။) ပိုတုံးသွားနိုင်တယ်။
အဲ့မှာ စာမျက်နှာ ၄၂၊ ၄၃၊ ၄၄၊ အဲ့ဒီ ၄၄ ရဲ့ ဇယားအောက်မှာတော့ လိုက်မယ်။ "ဟေတုမူလီ၊ အဓိပတိ သဘာက၌" ဆိုပြီးတော့ အဲ့ဒီက ဆိုရိုးတွေကတော့ ကျက်ကိုကျက်ရမှာ။ ဒါတွေက အလွတ်အော်နေရမှာ။ အဲ့တော့ ကြိုတင်တော့ ဖတ်ထားရဦးမယ်။ အဲ့တော့ သဘာကဆိုတာတွေကလည်း ကိုယ်တော်တို့ သဘောတူတဲ့တရားတွေကို ပြောတာပဲ။ အဲ့ဒီမှာ ဟော၊ အောက်မှာ "သဘာက၏ အဓိကအချက်" ဆိုတာ ပါသေးတယ်။ ဒါ ကိုယ်တော်တို့ရဲ့။ ဒါကြောင့် တပည့်တော်တို့ အခု သဟဇာတနဲ့ သဟဇာတမျိုးဆိုင်ရာ ကရဏ၊ သဘာက ၃၁ ချက်ကို တစ်ခါတည်းသွားရမှာ။ ဒါကြောင့် ကိုယ်တော်တို့ မှုတ်၊ ညက်၊ သုတ္တသင်္ချာရယ်၊ ညက်တာနဲ့ မတူဘူးဗျ။ ရတာနဲ့ ဘာလဲ။ (ညက်တာနဲ့ မတူဘူး။) ရတာတော့ အစဉ်အတိုင်းဆိုရင် မှတ်ရတာဆိုတာ ရတာတွေရှိတာပဲ။ ညက်ဆိုတာ ကိုယ်တော်တို့ ဒေါက်ဆိုတဲ့ ဥပမာ ဟိုကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် စိတ်ဆိုတာ
ဓိ၊ အာ၊ ဣ၊ မဂ်။ ဟိုဒင်းဟာ ဣ၊ မဂ်။ ဟုတ်လားဗျ။ စိတ်ဆိုတာ ဘာလိမ့်။ (ဣ၊ မဂ်။) ဝီရိယဆိုတာနဲ့ ဓိ၊ ဣ၊ မဂ်။ ဟုတ်လားဗျ။ ပညာဆိုတာနဲ့ ဉာဏ်မရောက်ခင် ကိုယ်တော်တို့ ဘာပါလိမ့်။ ဓိ၊ ဣ၊ မဂ်။ အမောဟ ထွက်။ ဟုတ်လား။ အဲ့လိုသိရမယ်။ အဲ့လို ဒေါက်ဆို တန်းသိနေရမှာ။ အဲ... နဲ့ လုပ်နေရင် ကိုယ်တော်တို့က အဆင့်မမီတော့ဘူး။ လုပ်နေရရင် ဘာလိမ့်။ အဲ့လို မလုပ်စရာဘူး။ ကျေညက်နေရမယ်။ဒီမှာလည်း ဆိုပါတော့ ဒီသုတ္တသင်္ချာ အဲ့လိုပဲ။ အဲ့တော့ အကြီးကိုမူတည်ထားပြီးတော့ အငယ်တွေ ဘယ်လောက်တူသလဲ။ အငယ်တွေ၊ အေးအေး၊ ဟိုမှာလေ၊ အလတ်တွေ ဘယ်လောက်တူသလဲပေါ့။ ဒီမှာ အလတ်အချင်းချင်းပေါ့။ အလတ်အချင်းချင်း ဘယ်လောက်တူသလဲဆိုတာကို ဒီသုတ္တသင်္ချာတွေကပဲ သူတို့ အကုန်လုံး ကရဏ၊ သဘာကဆိုတာ သုတ္တသင်္ချာကြီးပဲ အကုန်လုံး။ ဘာကြီးပါလိမ့်။ (သုတ္တသင်္ချာ။) သုတ္တသင်္ချာကြီး။ သုတ္တသင်္ချာကို အနုစိတ်သွားတာ။ တကယ့်ကို အရသာမှ တကယ့်ကို ရှိလို့ဗျာ။ ဟုတ်လား။ အရသာကိုက ဘာလိမ့်။ (ရှိပါတယ်။) ဟို တကယ်ကို ရှယ်ကိုရှိလို့။ ဘယ်လောက်တောင် အရသာရှိလဲဆို ကိုယ်တော်တို့... အေး၊ ဟုတ်တာပေါ့ဗျာ။ ဟုတ်လား။ ဟင်းအချက်ကောင်းကောင်းပေါ့ဗျာ။ ကိုယ်တော်တို့ ပုစွန်ထုပ်ကြီးတွေ ကိုယ်တော်တို့ တွေ့တယ်မဟုတ်လား။ အဲ၊ ပုစွန်ထုပ်ကို သေချာကို ရှယ်ချက်ထားတာဆိုလို့ရှိရင် ကိုယ်တော်တို့ရေ၊ ပုစွန်ထုပ်ဆိုတော့ အရိုးရော ပါသေးရဲ့လား။ (မပါဘူး။) မပါဘူး။ ကတော့ အသားချည်းပဲ။ အဲ့လို ကြည်လင်ပြီးတော့ ကိုယ် သက်သက်ရပ်ရပ်ကလေး နှပ်ထားတယ်ဆိုလို့ရှိရင် ကိုယ်တော်တို့ အရိုးကို၊ အရိုးထဲကို အရိုးမပါဘူးဆိုတာကို သိပြီးတော့ စိတ်ချလက်ချ စားလို့မရဘူးလား။ အခုလည်း အဲ့လိုပဲ။ သဘာက၊ ကရဏတွေက ကိုယ်တော်တို့ ဒီမှာ ဝိဘင်္ဂပါဠိတော်ကြီးတွေ မပါဘူးဆိုတော့ စိတ်ချကိုပဲ ကိုယ်တော်တို့ အရသာရှိရှိ စား။ ဟုတ်လားဗျာ။ ပုစွန်တုပ်ကြိုက်တဲ့လူပေါ့ဗျ။ ဟုတ်လား။ ခုနက ခြင်္သေ့ရုပ်နဲ့ ကိုယ်တော်ကြိုက်ရင် ကြည့်စမ်းပါဦး။ ဟုတ်လား။ ဟုတ်လား။ အဲဒါကြောင့်လည်း ခြင်္သေ့ရုပ်နဲ့တူလို့ ပိန်နေတာ။ ဟုတ်လား။ ဆရာလည်း အဲ့အတိုင်းပဲလေ။
ကိုင်း၊ ဒါကြောင့်မို့လို့ရေ၊ ဒါကြောင့်မို့လို့ အဲ့ဒီကောက်စာတွေ ကြိုတင်ပြီးတော့ ဖတ်တတ်ကြရမယ်။ သူတို့ စိတ်တော့မပူနဲ့ပေါ့ဗျာ။ ပဋ္ဌာန်းဆိုတာကတော့လည်းပဲ အလွန်တရာကြီးကျယ်လို့ မတတ်ဘူး။ တစ်ခေါက်တည်းနဲ့တော့ နားမလည်နိုင်ဘူးဗျ။ နှစ်ခေါက်လောက်တက်ရမှ။ တန်းတစ်နှစ်တည်း မအောင်ချင်နဲ့။ အဲ့ အကြီးတန်းကလည်း တစ်နှစ်တည်းနဲ့ မအောင်ချင်နဲ့။ အောင်လည်း မအောင်နိုင်ဘူးဘုရား။ ဟုတ်တယ်။ တပည့်တော်လည်းပဲ စာသင်နှစ်သုံးနှစ်မှ တကယ်ဖြေအောင်တယ်။ ဘာဖြစ်လို့လဲဆိုရင် တပည့်တော်တို့ အဲ့ဒီ စာသင်နှစ်သုံးနှစ်က အလွန်တရာ ပဋ္ဌာန်းက လွယ်သွားတာ။ ကျန်တာတွေလည်း တော်တော်ရတယ်။ ရတယ်ဆိုတာ ဒီတော့ လက်တန်းငါးနှစ်ကျထားတာကိုးဗျ။ ဟုတ်လား။ လက်တန်းငါးနှစ်ကျတာက ကိုယ်တော်တို့ တပည့်တော်က ဒီကိုယ်တော်တို့ ကင်္ခါတို့၊ ရူပသိဒ္ဓိတို့ဆိုတာ ကုန်သလောက် နီးပါးဖတ်ဖူးပြီးသား။ လက်တန်းလောက်၊ အငယ်တန်းလောက်မှာ အတိုင်းတက်တာက တောရမှာ တက်တာက ကိုယ်တော်တို့ရေ၊ စာချနည်းစနစ် တစ်ပိုင်းတစ်စနဲ့ တက်တာဗျာ။ နေ့စဉ် စာချရတယ်။ နေ့စဉ် အဲ့ဒီအတိုင်းတွေနဲ့ စာတက်ရတယ်။ နေ့စဉ် ကိုယ်တော်တို့ စာချ၊ အနက်ပေးနည်းပေါ့။
ဣတ္ထိယံ ထီလိင်္ဂေ ဝတ္တမာနဿ ကုသိုလ်မှာ ထင်ရှားစွာ မှတ်သားအပ်သော ပြုကောင်းမှု။ နောက်စကားကို မှတ်သားကာလျက် ရေးထိုးအပ်သည့် ဣတိယံ သန္ဓိ သုတိယံ တစ်ခါ စသည်၊ စသည်အားဖြင့်ပေါ့။ ဒီစာချနည်းတွေပေါ့ဗျာ။ စာတတ်နည်းနဲ့။အခုတော့ အဲ့ဒီကောက်စာတွေနဲ့၊ အဲ့ဒီကောက်စာတွေ ငယ်စဉ်အခါက တက်တုန်းက ကျက်ရတာ။ ဘုရားကြီးမှာနေတုန်းက ဘာသာဋီကာတွေပဲ။ ဘုရားကြီးမှာနေတုန်းက တော်တော်များများ ဒီအငယ်တန်းလောက်၊ အလတ်တန်းလောက်ကတည်းက အဲ့အတိုင်းပဲ ဒီလိုကျက်ရတာပေါ့။ အဲ့နည်းနဲ့ တက်လာတာ။ ကိုယ်တော်တို့ အခု အကုန်လုံး အကြီးတန်းနေတုန်းပဲ။
သမ္မာသမ္ဗုဒ္ဓဿ။ အဲ့ဒီမှာ ကိုယ်တော်တို့ အဲ့ဒီမှာ သမ္မာသမ္ဗုဒ္ဓ က ဗုဒ္ဓ ဘယ်နည်း၊ ဘယ်ဋီကာပါသလဲဆို တစ်ယောက်မှမသိဘူး။ ဟုတ်လားဗျာ။ အဲ့မှာ သမ္မာသမ္ဗုဒ္ဓ၊ ဗုဒ္ဓ ဟာ ဘယ်နှစ်ခု၊ ဘယ်နှစ်ခုရှိသလဲဆိုတာ အဲ့မှာ ဋီကာနဲ့ ဖွင့်ထားတာရှိတယ်။ အဲ့မှာ ညွှန်းစရာကောင်းလို့ဆိုပြီးတော့ ဘုန်းကြီးက အလွတ်ကျက်ပါဆိုရင် အဲ့ဒီက ဋီကာကို ၃ လလောက်၊ ဒီက စာရွက်ကြီးသုံးရွက်လောက် အလွတ်ကျက်ရသေးတယ်။ အဲ့ ဗုဒ္ဓ က ဇာနန၊ ဗောဓန၊ ဝိကသန ဆိုတဲ့ အနက်သုံးခုကို ဟောတာ။ ဘယ်နှခုဟောတာပါလိမ့်။ (သုံးနက်။) သုံးနက်။ အဲ့ဒီအလွတ်ကောက်တာ ကိုယ်တော်တို့ အလွန်လည်း ဘုရားကို ကြည်ညိုလို့ကောင်းတာဗျ။ အဲ့သလို၊ အဲ့သလို တတ်ခဲ့တာပေါ့လေ။အဲ့ဒါနဲ့ ကိုင်း၊ ကိုယ်တော်တို့ ဒါကြောင့်မို့လို့ အခု အကြီးတန်းရောက်တော့လည်းပဲ ကိုယ့်ဘက်က စာတွေကလည်း တော်တော်ရနေတာပါတဲ့အတွက်ကြောင့်မို့လို့ အခြေခံစာတွေရလို့မလိုဘူး။ အောင်မယ်ဆိုရင် အောင်သွားနိုင်တာပေါ့။ ဒီပဋ္ဌာန်း ကိုယ်တော်တို့ရေ၊ အင်မတန်အားကြီး လိုချင်တဲ့စိတ်နဲ့ တက်တာကိုပဲ ဘယ်လိုလဲဗျာ၊ မရချင်ဘူး။ လိုချင်သလောက် မရဘူးပေါ့ဗျာ။ ကိုင်း၊ ပဋ္ဌာန်းကတော့ ကိုယ်လိုချင်သလောက် မရသေးဘူးဆိုတာနဲ့ပဲ အဲ့ဒါနဲ့ ကိုင်း၊ ပြီးတော့ သုံးပုဒ်ပဲ ဖြေခဲ့တယ်ဆိုပါတော့။ အဲ့ဒါ ဖြေခဲ့ပြီးကျတော့ ဒီကျောင်းရောက်လာတယ်ဆိုပါတော့။ ဒီကျောင်းရောက်လာတော့ ကိုယ်တော်တို့ရေ၊ လူက ဒီဥစ္စာက ပဋ္ဌာန်းက တော်တော်ကို ဆာလောင်နေတာဗျ။ ဘယ်လောက်တောင် ဆာလောင်နေသလဲဆိုရင် ဒီကျောင်းက စာဝါတွေမဖွင့်သေးဘူး။ ဒီစာဝါပြန်ပြီးဆိုလို့ရှိရင် အခု ပဋ္ဌာန်းသုံးလမ်းက ဆရာတော်ဦးဥတ္တမပေါ်မှာ စာချတယ်။ တစ်ပြိုင်တည်း အသင်းချတယ်။ အဲ့ဒီမှာ ဒီရှေ့ဆုံးက သွားပြီးတော့ အော်တာပဲ။ အဲ့ဒီစာဝါ၊ စာဝါပြီးပြီဆိုတော့ နားသလားဆိုတော့ မနားသေးဘူး။ ဟို ဆုတောင်းပြည့်ကို သွားတယ်။ ဆုတောင်းပြည့်မှာပဲ ဆရာတော်ကြီးလည်း ပို့ချတယ်။ ဆရာကြီးဦးကျော်လည်း ပို့ချတယ်။ အဲ့ဒီ ဦးဘငွေလည်း ပို့ချတယ်။ ပဋ္ဌာန်းဆရာတော်ကြီးရဲ့ တူမ ဒေါ်ခင်မြင့်လည်း ပို့ချတယ်။ အကုန်လုံး တစ်မနက်လုံး သွားပြီးတော့ အရှင်ဘုရားတို့ သွားတက်တာ။ ဟုတ်လားဗျ။ လိုချင်တဲ့စိတ်က အဲ့လောက်ကို ပြင်းပြတာ။ ဒီက ဘာကိုကျက်ခဲ့ပါဆိုလို့ရှိရင်၊ ဘာကိုဖတ်ခဲ့ပါဆိုတာနဲ့ကိုပဲ ကိုယ်က အကုန်လုံးကို ရမယ်ဆိုရင် ယူ၊ တစ်ခါတည်း ကျက်သွားတယ်။
အဲ့ဒါ မပို့ချခင်ပဲ အဲ့ဒီ ကရဏ၊ သဘာကတော့ ဒီဒီမှာ ဆရာတော်၊ ဒီကျောင်းက လွန်တော်မူသွားတဲ့ ဆရာတော်၊ ဆရာဘုန်းကြီးဆီမှာ အဲ၊ ဒါ နည်းနည်းလေး သဘာက၊ ကရဏ ပြောပြလိုက်တာပေါ့လေ။ ဒီလိုပဲ သွားရတယ်ပေါ့လေ။ ကိုယ်တော်တို့ အဲ့ဒါနဲ့ ဟိုဘက်ကောက်စာတွေကလည်းပဲ သူကတော့ ဆက်ပြီးတော့ မပို့ချတော့ဘူး။ ဒါပေမဲ့လို့လည်းပဲ ဒီတော့ သုတ္တသင်္ချာက ရပြီးသားဆိုတော့ လိုက်ဖတ်ကြည့်လိုက်တာဗျ။ လိုက်ဖတ်ကြည့်လိုက်တာနဲ့ ဟိုဘက်က ဟာတွေ အကုန်လုံး ဒီအတိုင်း သဘောပေါက်သွားတယ်။ အခု ကိုယ်တော်တို့ စာအုပ်ထဲမှာ အခု စာမျက်နှာ ၄၂၊ ၄၃၊ ၄၄၊ ၄၅၊ ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ ၅၀ အဲ့ဒါတွေက ဒီတော့ ကိုယ်သဘောပေါက်တဲ့အတိုင်း၊ တပည့်တော် သဘောပေါက်တာ ရေးထားတာပဲ။ အဲ့အတိုင်းပဲ။ အဲ့တုန်းက ကိုယ်တော်တို့ အဲ့ဒီ ကြိုတင်ဖတ်ထားတာပေါ့။ ဒီတော့ လိုချင်တဲ့ပုဂ္ဂိုလ်ဆိုတော့ ကျက်ဆိုတာနဲ့ကိုပဲ အပြတ်အသတ်ကို ဘာလဲ၊ ပြန်လိုက်တာ။ အဲ့လိုရှိတာပေါ့။ အဲ့ကြောင့် လိုချင်တဲ့စိတ်က လွှမ်းမိုးနေဖို့က အရေးကြီးတယ်။ မလိုချင်တော့လည်း ကိုယ်တော်တို့ မရဘူးဗျ။
မကြာခဏ ပြန်ပြန်ပြောခဲ့ပြီပေါ့ဗျ။ သေခါနီးလူမမာ ထမင်းကျွေးရသလိုဆိုရင် အဲ့လူက ဘယ်တော့မှ၊ ဘယ်တော့မှ ဘာမှ စာမတတ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆို သေခါနီးဆိုတော့ ထမင်းကျွေးကျွေး၊ ဆေးပဲကျွေးကျွေးလေ။ ဆွမ်းပဲကျွေးကျွေး၊ ဆေးပဲကျွေးကျွေး ဘာလိမ့်။ (မထူး။) မထူးတော့ဘူးဆိုပြီးတော့ ခေါင်းလေးငိုက်နေတာ။ ဟုတ်လား။ မျက်နှာလေးငယ်ငယ်နဲ့ ဘာလေးဗျ၊ ခေါင်းငိုက်နေတာ။ ခေါင်းငိုက်မှာပေါ့ဗျ။ အကြောင်းက မကောင်း၊ သေတော့မှာ။ ဟုတ်လား။ အဲ့ဒါ အကြောင်းမသာယာဆိုလည်း သေခါနီးနဲ့တူ။ အဲ့လိုတော့ မဖြစ်စေနဲ့လေ။ လိုချင်တဲ့စိတ်က အရေးမကြီးဘူးလား။ တကယ်လိုချင်ရင် တကယ်ရတယ်။ ကိုယ်တော်တို့ ပေးနေတာပဲ တစ်ခု။ ဟုတ်လား။
ကိုင်း၊ ဒါကြောင့်မို့လို့ အခုတော့ ခုနက
ကုသလော ဗျာကတော ကတော့ ကောက်ပြီးသွားပြီ။ ကုသလော ကုသလဿ အဗျာကတဿ ကောက်ရောက်အောင်။ အဲ့တော့ ကိုယ်တော်တို့ အရကောက်တွေကတော့ "အစိတ်စိတ်၊ အစိတ်အပေါင်း" လို့ ဆိုပေမယ့်လို့လည်းပဲ တကယ့်တကယ်ရှိတာက၊ တကယ်ရထိုက်တာ ဘာပဲရထိုက်တယ်။ (အစိတ်စိတ်။) အစိတ်စိတ်ပဲ ရထိုက်တယ်ဆိုတဲ့အတွက်ကြောင့် ကိုယ်တော်တို့ရဲ့ စာအုပ်စာမျက်နှာ ၄၉ မှာပဲ အဲ့ဒါလည်း ရေးထားသေးတယ်။ မကြည့်နဲ့၊ မကြည့်နဲ့။ အဲ့မှာ လှမ်းမကြည့်နဲ့။ အဲ့ရောက်တော့ သိလိမ့်မယ်။ မှတ်သားခဲ့။ ဟိုကျတော့ ပြန်ပြောဦးမှာ။အဲ့ဒီတော့ ကိုယ်တော်တို့က မေးစရာရှိတယ်။ "ဟာ၊ ဘုန်းကြီး၊ တကယ်လို့ အဲ့ဒီကောက်ဥစ္စာကို အစိုးရစာမေးပွဲ မေးလိုက်ရင် ဘယ်လိုဖြေရမလဲ" ဆိုရင် ရှိတဲ့အတိုင်းဖြေပါ။ ဘာအတိုင်းဖြေရမယ်။ (ရှိတဲ့အတိုင်းဖြေပါ။) ရှိတဲ့အတိုင်းဖြေပါ။ သူကနေတော့ ဒါကိုပဲ အကွန့်အညွန့်တက်ပြီးတော့ "ဒီဥစ္စာ တကယ်တကယ့်ကိုပဲ အစိတ်အပေါင်း ရထိုက်ပါသလား" လို့ မေးရင်တော့ ခုနကပြောသလို အစိတ်အပေါင်း... (မရထိုက်ပါဘူး။) မရထိုက်ဘူးလို့ သိရမယ်။ ဟုတ်လားဗျ။
ကိုင်း၊ အဲ့တော့ ကိုယ်တော်တို့
ကုသလော ကုသလဿ အဗျာကတဿ ကို နောက်ထပ် နိဿယအနေနဲ့ တစ်ခေါက်ကောက်မယ်။ နောက် ဝိပါကဗျာကတော။ အဲ့ဒီက၊ အဲ့ဒီက ဗျာဗျာကို တပည့်တော် အခုမှ ဆက်ပြီးတော့ ရှယ်ပြောပြဦးမယ်။ ကိုယ်တော်တို့ ဒီမှာ အဲ့ဒါက ဗျာဗျာ၊ ပဋိသန္ဓေအခါက ဒီပါဠိတော်နဲ့ကောက်မှ မှတ်မိမှာ။ ပါဠိတော်နဲ့မကောက်ရင် ကိုယ်တော်တို့ ဒါ သေချာထိုးထွင်းပြီးတော့ သိမှာမဟုတ်ဘူး။ ဟုတ်လားဗျာ။ကိုင်း၊ ဒါကြောင့်မို့လို့ အဲ့ဒီမှာ
ကုသလော ကုသလဿ အဗျာကတဿ နိဿယအနေနဲ့ တစ်ခေါက်ကောက်ကြည့်ရအောင်။ ပဝတ္တိကာလဗျာကတော ဓမ္မော ကတ္တားပုဒ်၏ အရက သုံး၊ တစ်၊ နှစ်ကြည့်ပြီးတော့ ညာဘက်အခြမ်း၊ ပစ္စုပ္ပန်အခြမ်းက သုံး၊ တစ်၊ နှစ်ကြည့်ပြီးတော့ "အချင်းချင်းအားလည်းကောင်း၊ ဟိုဘက်က စိတ္တဇရုပ်အားလည်းကောင်း တတ်သော ဝိပါက်၊ ကိရိယာစိတ်၊ စေတသိက် ၃၈၊ အစိတ်စိတ် နာမ်မဲ့ခန္ဓာ ပစ္စည်းတရားရ၏။" အခု အရကောက်ထဲမှာတော့ "အစိတ်စိတ်၊ အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ ပစ္စည်းတရားရ၏" လို့ ကောက်ထားတယ်ပေါ့ဗျာ။ အဲ့တော့ စာစည်းတွေကတော့ဗျာ၊ အဲ့လိုပဲ စာတွေက နောက်နှစ်တွေ တစ်ကြိမ်၊ တစ်ကြိမ်လာတော့လည်းဗျ။ ဒါကြောင့်မို့လို့ ဒီမှာလည်းပဲ တကယ့်တကယ်ရမှာကတော့ အစိတ်စိတ်ပဲရမယ်။ ဒီထဲမှာတော့ ဘယ်လိုပါနေသလဲဆိုရင်... (အစိတ်အပေါင်း။) အစိတ်အပေါင်း၊ "အစိတ်စိတ်၊ အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ ပစ္စည်းတရားရ၏" လို့ ပါနေတယ်။ဘယ်လိုလဲ မှတ်သားခဲ့။ ကိုယ်တော်တို့ အဲ့မှာ သူတို့ စာအုပ်ထဲကော၊ နောက် အရကောက်ထဲမှာရော ရေးထားတာတွေ မှတ်သားထားပေါ့။ ဟုတ်လားဗျ။ ပါဠိတော်နဲ့ တိုက်ကြည့်ရင် ကိုယ်တော်တို့ တိုက်ပြီးတော့ ပေါ်နေတာ တူတူပဲလေ။
ကုသလော နဲ့ ဝိပါကဗျာကတော၊ ကိရိယာဗျာကတော ပဲ ကွာတာလေ။ ဟုတ်တယ်မဟုတ်လားဗျာ။ ဗျာကတဿ ဓမ္မဿ ဟူသော သမ္ပဒါန်ပုဒ်၏ အရက "ဝိပါက်စိတ် ၃၆၊ ကိရိယာစိတ် ၂၀၊ စေတသိက် ၃၈၊ အစိတ်စိတ် နာမ်မဲ့ခန္ဓာ၊ စိတ္တဇရုပ် ပစ္စုပ္ပန်တရားရ၏။" သဟဇာတပစ္စယေန ဟူသော ကရိုဏ်းပုဒ်က ကြီးလေး၊ ဝိပ္ပယုတ္တ၊ ပစ္စည်းအပေါင်း။ သဟဇာတပစ္စယေန ဟူသော ကရိုဏ်းပုဒ်က "တစ်ပြိုင်နက်၊ ရပ်ထားတာ တတ်ကောင်းသော သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ သမ္ပယုတ္တ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ ဤ ၈ ပစ္စယသတ္တိတို့တွင် သဟဇာတသတ္တိဟု ဆိုအပ်သော သတ္တိဝိသေသရ၏။ ထိုသုံးပါးတို့တွင် အရကောက် ပဓာနအားဖြင့် ကတ္တားသာတည်း။"ကိုင်း၊ အဲဒီတော့ ဥစ္စာလေးကို နည်းနည်းလေး ကောက်ယူပြီးတော့ ဒီပဋိသန္ဓေအခါ နည်းနည်းလေး ကိုယ်တော်တို့ သေချာမှတ်သားမိအောင် ပြောပြမယ်။ ဥစ္စာလေးပဲ ကောက်ကြည့်ရအောင်။
ပဝတ္တိကာလဗျာကတော ဓမ္မော ကတ္တားပုဒ်၏ အရက...အဲ့တော့ ပဋိသန္ဓေအခါ ကိုယ်တော်တို့ကို ဒီမှာ သဘောပေါက်ရင် ဆဝါရမှာလည်း ဒီအတိုင်းပဲ ပြန်ကောက်မှာ။ ကိုယ်တော်တို့ အခု စာမျက်နှာရှစ်မှာတုန်းက ကိုယ်တော်တို့ ကဗျာလေးတစ်ခု မပြောခဲ့ရသေးဘူးပေါ့။ စာမျက်နှာရှစ်မှာ ကိုယ်တော်တို့ ရေးခဲ့ပါသေးတယ်ပေါ့ဗျ။ "ပညာဝါဒ ကတ္တား၊ စိတ္တဇရုပ်... တရားအရတူ" ဆိုတာ။ "ပညာဝါဒ ကတ္တားအရနဲ့ ခုနက ဆဝါရ ပစ္စယုပ္ပန်အရ တူတူပါပဲ" တဲ့ဗျ။ တကယ်တကယ်တူသလား၊ မတူလားဆိုတာ ကိုယ်တော်တို့ကို စာမျက်နှာ၊ ကိုယ်တော်တို့ရဲ့ စာအုပ်စာမျက်နှာ ၇၁ ကနေ စကြည့်လိုက်မယ်ဆိုရင် ကိုယ်တော်တို့ ဒါ တကယ်တကယ်တူတယ်ဆိုတာ အကြောင်းသိရလိမ့်မယ်။ အဲ့တော့ ဒီပစ္စည်းကို အခြေခံပြီးတော့ ဆဝါရက ဟောတာနော်။
ပြန်ပြောမယ်။ သေချာနားထောင်။ ဒီဥစ္စာတွေ ကိုယ်တော်တို့ သေချာနားလည်ခဲ့မှ ဆဝါရတစ်ခုလုံးဟာလည်း ဟို ပညာဝါဒက ဘယ်ပစ္စည်းကို အခြေခံဟောတာ။ သဟဇာတပစ္စည်းကို အခြေခံဟောတာ။ ဘာပစ္စည်းကို အခြေခံဟောတာ။ (သဟဇာတပစ္စည်းကို။) အခြေခံဟောတာ။ ဒါကြောင့် ဒီမှာ နားလည်ခဲ့ဖို့က အရေးကြီးတယ်။
ကိုင်း၊ ဒါကြောင့်မို့လို့
ပဋိသန္ဓိက္ခဏေ ဗျာကတော ဓမ္မော ကတ္တားပုဒ်၏ အရက "အချင်းချင်းအားလည်းကောင်း၊ အချင်းချင်းနာမ်မဲ့ခန္ဓာ၊ ကတတ္တာရုပ်အားလည်းကောင်း တတ်သော"။ ဟိုဘက်က ကတတ္တာ စ ရူပါနံ တွေ့ဖူးလား။ (တွေ့ပါတယ်။) အဲ့ဒီတော့ သုံး၊ တစ်၊ နှစ်ကြည့်ပြီးတော့ "လည်းကောင်း" ပေါ့။ ဟုတ်လားဗျ။ ဟိုဘက်က ကတတ္တာရုပ်ကြည့်ပြီးတော့ ဘာလဲဗျ။ (ကတတ္တာရုပ်။) ကတတ္တာရုပ်တရားလည်းကောင်း။ တကယ့်တကယ်ပြောမယ်ဆိုရင်တော့ ခုနက အထက်အတိုင်းပြောမယ်ဆိုရင်တော့ ဒီလိုဆိုရမှာလေ။ ကတတ္တာရုပ်ဆိုတာက ပဋိသန္ဓေကမ္မဇရုပ်ကိုပဲ ကတတ္တာရူပါနံ လို့ ကိုယ်တော်တို့ စာအုပ်စာမျက်နှာ ဟို သုံးရဲ့ ဟိုအောက်နားမှာ ပြောခဲ့ဖူးလား။ (ပြောခဲ့ပါတယ်။) ပြောခဲ့တယ်လေ။ ဒါကြောင့်မို့လို့ ဒီမှာ တကယ့်တကယ် ဟို အထိုက်အလျောက် ပြောကြရမယ်ဆိုရင်တော့ ဒါက ပါဠိအတိုင်း၊ ဟို လွယ်ကူအောင်လို့မို့လို့ အရကောက်ဆရာတော်ကြီးက ပြောလိုက်တာ။ တကယ့်တကယ်ပြောရမယ်ဆိုရင်တော့ "အချင်းချင်းအားလည်းကောင်း၊ အချင်းချင်းနာမ်မဲ့ခန္ဓာ၊ ပဋိသန္ဓေကမ္မဇရုပ်အားလည်းကောင်း တတ်သော" ဒီလိုဆိုရမှာ။ ဟုတ်လားဗျ။ (မှန်ပါ။) ဒါ သုတ္တသင်္ချာအသွားအတိုင်းဆိုရင် အဲ့လိုသွားရမှာပေါ့။အခု ပါဠိတော်အသွားအတိုင်းဆိုတော့လည်း ကြည့်လိုက်ပါဦး။ "အချင်းချင်းအားလည်းကောင်း၊ အချင်းချင်းနာမ်မဲ့ခန္ဓာ၊ ဘာလို့ဗျ။ (ကတတ္တာရုပ်။) ကတတ္တာရုပ်အားလည်းကောင်း တတ်သော"။ ဪ၊
ပဋိသန္ဓိက္ခဏေ ဆိုတာ ကြည့်ပြီးတော့ ပဋိသန္ဓေ၊ ပဋိသန္ဓေ၊ ပဋိသန္ဓိက္ခဏေ ဝိပါကဗျာကတော ဒါလည်း ကြည့်ပြီးတော့လေ။ "ပဋိသန္ဓေစိတ် ၁၉၊ စေတသိက်... (၃၅။) ၃၅။" ၃၅ ကို အဲ့မှာ သုံး၊ တစ်၊ နှစ်တွေ့လား။ ဒါလေးကို ကြည့်ပြီးတော့ "အစိတ်စိတ်"။ ဟုတ်လား။ "အစိတ်စိတ်၊ အစိတ်စိတ် နာမ်မဲ့ခန္ဓာ"။ အစိတ်စိတ်၊ ဒါဆိုတော့ ခန္ဓာကို ကြည့်ပြီးတော့ "အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ"။ ပြန်ပြောမယ်။ သုံး၊ တစ်၊ နှစ်ကြည့်ပြီးတော့ ဘာလိမ့်။ (အစိတ်စိတ်။) ခန္ဓာကို ကြည့်ပြီးတော့... (အစိတ်အပေါင်း။) "အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ"။ အစိတ်အပေါင်း... (နာမ်မဲ့ခန္ဓာ။) နာမ်မဲ့ခန္ဓာ။ ဝတ္ထုကို ကြည့်ပြီးတော့ "ဟဒယဝတ္ထု ပစ္စည်းတရားရ၏။" ဟုတ်လားဗျာ။ "ပဋိသန္ဓေစိတ် ၁၉၊ စေတသိက် ၃၅၊ အစိတ်စိတ်၊ အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ၊ ဟဒယဝတ္ထု ပစ္စည်းတရားရ၏။"ဒါဆိုလို့ရှိရင် အခု၊ အခု စာကို ဟို ဝေးတဲ့ပုဂ္ဂိုလ်တွေကလည်းပဲ မြင်အောင်ပေါ့ဗျာ။
ပဋိသန္ဓိက္ခဏေ ဝိပါကဗျာကတော လေးကို ကြည့်ပြီးတော့ "ပဋိသန္ဓေစိတ် ၁၉၊ စေတသိက် ၃၅"။ သုံး၊ တစ်၊ နှစ်ကို ကြည့်ပြီးတော့ ဘာလဲ။ (အစိတ်စိတ်။) အစိတ်စိတ်။ ခန္ဓာကို ကြည့်ပြီးတော့... (အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ။) "အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ"။ အစိတ်အပေါင်း... (နာမ်မဲ့ခန္ဓာ။) နာမ်မဲ့ခန္ဓာ။ ဝတ္ထုကြည့်ပြီးတော့... (ဟဒယဝတ္ထု။) "ဟဒယဝတ္ထု ပစ္စည်းတရားရ၏။" မှတ်မိသလားနော်။ (မှန်ပါ။)အဲ့တော့ ပြန်ပြောပြမယ်။
ပဋိသန္ဓိကာလဗျာကတော ဓမ္မော ကတ္တားပုဒ်၏ အရက ဘယ်လောက်ပါလိမ့်ဗျာ။ "အချင်းချင်းအားလည်းကောင်း၊ အချင်းချင်းနာမ်မဲ့ခန္ဓာ... (အားလည်းကောင်း။) ကတတ္တာရုပ်အားလည်းကောင်း" ဆိုတာက ပါဠိတော်။ တကယ်လို့ သုတ္တသင်္ချာအသွားဆိုရင် ဘယ်လိုပါလိမ့်။ (ပဋိသန္ဓေကမ္မဇရုပ်။) "ပဋိသန္ဓေကမ္မဇရုပ်အားလည်းကောင်းဟုတ်ကဲ့ပါ၊ ရပ်တန့်သွားခဲ့သောနေရာမှ ဆက်လက်၍ စစ်ဆေးတည်းဖြတ်ပေးလိုက်ပါသည်။
ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (နဝမပိုင်း အဆက်)
...တတ်သော"။ ဒီ
ပဋိသန္ဓိက္ခဏေ ဝိပါကဗျာကတော လေး ကြည့်ပြီးတော့ "ပဋိသန္ဓေစိတ် ၁၉၊ စေတသိက် ၃၅"။ သုံး၊ တစ်၊ နှစ်ကို ကြည့်ပြီးတော့... (အစိတ်စိတ်။) ခန္ဓာကို ကြည့်ပြီးတော့... (အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ။) ဝတ္ထုကြည့်ပြီးတော့... (ဟဒယဝတ္ထု။) "ဟဒယဝတ္ထု ပစ္စည်းတရားရ၏။" သဘောပေါက်ပြီနော်။ (မှန်ပါ။)အဗျာကတဿ ဟူသော သမ္ပဒါန်ပုဒ်၏ အရက "ပဋိသန္ဓေစိတ် ၁၉၊ စေတသိက် ၃၅"။ အစိတ်စိတ်၊ အောက်က ခန္ဓာနာမ်ကို သွားလိုက်၊ ကျော်လိုက်။ ခန္ဓာနာမ်ကို သွားလိုက်တိုင်းမှာလေ။ "အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ"။ ဝတ္ထုကတော့ ဒီဘက်က ကတတ္တာရုပ်ထဲ ဝင်သွားမယ်။ ဟုတ်လား။ ဝတ္ထုက ကတတ္တာရူပါနံ။ ပဋိသန္ဓေ၊ ခုနက ပြောခဲ့ပြီလေ။ ကတတ္တာရုပ်ဆိုတာ ဘာလဲဗျ။ ပဋိသန္ဓေကမ္မဇရုပ်။ ဟုတ်တယ်မလား။ ခုနက ပြောခဲ့ဖူးလား။ "ပဋိသန္ဓေကမ္မဇရုပ် ပစ္စုပ္ပန်တရားရ၏။" ဟုတ်လား။ "ကတတ္တာရုပ် ပစ္စုပ္ပန်တရားရ၏။" ဟုတ်လားဗျ။ အဲ့တော့ ကိုယ်တော်တို့ ခုနက ပါဠိတော်အသွားဆိုလို့ရှိရင်တော့ ကတတ္တာရုပ်ပေါ့။ ခုနက သုတ္တသင်္ချာအသွားဆို ဘာလဲ။ (ပဋိသန္ဓေကမ္မဇရုပ်။) ပဋိသန္ဓေကမ္မဇရုပ်။ အဲ့ဒါကြောင့်မို့လို့ "ကတတ္တာရုပ် ပစ္စုပ္ပန်တရားရ၏။" ကတတ္တာရုပ်ထဲမှာ ဝင်သွားမယ်။ သဘောပေါက်တယ်နော်။ပြန်ပြောမယ်။
အဗျာကတဿ ဟူသော သမ္ပဒါန်ပုဒ်၏ အရက "ပဋိသန္ဓေစိတ် ၁၉၊ စေတသိက် ၃၅"။ သုံး၊ တစ်၊ နှစ်ကြည့်ပြီးတော့... (အစိတ်စိတ်။) အစိတ်စိတ်။ အောက်က ခန္ဓာနာမ်ကို သွားလိုက်။ (အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ။) အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ။ ဝတ္ထုနာမ်က ကတတ္တာရူပါနံ လည်း ပေါင်းလိုက်။ (ကတတ္တာရုပ်။) "ကတတ္တာရုပ် ပစ္စုပ္ပန်တရားရ၏။" သဘောပေါက်တယ်နော်။ဟို
သဟဇာတပစ္စယေန ပဋိသန္ဓေအခါကတော့ အတူတူပဲ။ ငါး၊ တူတူပဲ။ ကိုင်း၊ ဒါကြောင့် အဲ့ဒီက ဥစ္စာကို ပဋိသန္ဓိကာလဗျာကတော တစ်ပုဒ်ကို သုံးခေါက်ကောက်ကြည့်မယ်။ ဆိုရအောင်။အဲ့တော့ ရုပ်သက်သက်မှာဆိုလို့ရှိရင် ဒီမှာက ကိုယ်တော်တို့ ညာဘက်အခြမ်း သုံး၊ တစ်၊ နှစ်တွေက "အချင်းချင်းအားလည်းကောင်း" ပေါ့။ ဒီဘက်က ဥပါဒါရုပ်တွေက ဒီဘက်က ဒီမဟာဘုတ်ရှိသလောက်၊ မှီရာမဟာဘုတ်ကို ဆွဲပြီးတော့ပဲ မှီရာမဟာဘုတ်အတိုင်းပဲ နာမည်က နောက်က "ဥပါဒါ" ဆိုတဲ့ နာမည်လေး တပ်ပေးလိုက်။ မှီရာမဟာဘုတ်ကို ဆွဲပြီးတော့ ဘာလဲဗျ။ (ဥပါဒါရုပ်ဆိုတဲ့ နာမည်ကို။) ဥပါဒါရုပ်တွေက မဟာဘုတ်ကို မှီရတာမဟုတ်ဘူးလား။ သူတို့မှီတဲ့ မဟာဘုတ်ကိုပဲ နောက်က ဘာလေးတပ်ပေးလိုက်မယ်။ (ဥပါဒါ။) "ဥပါဒါရုပ်" ဆိုတဲ့ နာမည်လေး တပ်ပေးလိုက်မယ်။
ဒါကြောင့်မို့လို့ ဒီမှာ သုံး၊ တစ်၊ နှစ်ကြည့်ပြီးအခါကျတော့ "အချင်းချင်းအားလည်းကောင်း၊ ဥပါဒါရုပ်အားလည်းကောင်း တတ်သော" အထက်ဆုံးက စိတ္တဇမဟာဘုတ်၊ ပဋိသန္ဓေကမ္မဇမဟာဘုတ်၊ ဗာဟိရမဟာဘုတ်၊ အာဟာရဇမဟာဘုတ်၊ ဥတုဇမဟာဘုတ်၊ အဟုတ်ကဲ့ပါ၊ ရပ်တန့်သွားခဲ့သောနေရာမှ ဆက်လက်၍ စစ်ဆေးတည်းဖြတ်ပေးလိုက်ပါသည်။
ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (နဝမပိုင်း အဆက်)
...တတ်သော"။ ဒီ
ပဋိသန္ဓိက္ခဏေ ဝိပါကဗျာကတော လေး ကြည့်ပြီးတော့ "ပဋိသန္ဓေစိတ် ၁၉၊ စေတသိက် ၃၅"။ သုံး၊ တစ်၊ နှစ်ကို ကြည့်ပြီးတော့... (အစိတ်စိတ်။) ခန္ဓာကို ကြည့်ပြီးတော့... (အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ။) ဝတ္ထုကြည့်ပြီးတော့... (ဟဒယဝတ္ထု။) "ဟဒယဝတ္ထု ပစ္စည်းတရားရ၏။" သဘောပေါက်ပြီနော်။ (မှန်ပါ။)အဗျာကတဿ ဟူသော သမ္ပဒါန်ပုဒ်၏ အရက "ပဋိသန္ဓေစိတ် ၁၉၊ စေတသိက် ၃၅"။ အစိတ်အစိတ်၊ အောက်က ခန္ဓာနာမ်ကို သွားလိုက်၊ ကျော်လိုက်။ ခန္ဓာနာမ်ကို သွားလိုက်တိုင်းမှာလေ။ "အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ"။ ဝတ္ထုကတော့ ဒီဘက်က ကတတ္တာရုပ်ထဲ ဝင်သွားမယ်။ ဟုတ်လား။ ဝတ္ထု၊ ကတတ္တာရူပါနံ။ ပဋိသန္ဓေ၊ ခုနက ပြောခဲ့ပြီလေ။ ကတတ္တာရုပ်ဆိုတာ ဘာလဲဗျ။ (ပဋိသန္ဓေကမ္မဇရုပ်။) ပဋိသန္ဓေကမ္မဇရုပ်။ ဟုတ်တယ်မလား။ ခုနက ပြောခဲ့ဖူးလား။ "ပဋိသန္ဓေကမ္မဇရုပ် ပစ္စုပ္ပန်တရားရ၏။" ဟုတ်လား။ "ကတတ္တာရုပ် ပစ္စုပ္ပန်တရားရ၏။" ဟုတ်လားဗျ။ အဲ့တော့ ကိုယ်တော်တို့ ခုနက ပါဠိတော်အသွားဆိုလို့ရှိရင်တော့ ကတတ္တာရုပ်ပေါ့။ ခုနက သုတ္တသင်္ချာအသွားဆိုရင် ဘာလဲ။ (ပဋိသန္ဓေကမ္မဇရုပ်။) ပဋိသန္ဓေကမ္မဇရုပ်။ အဲ့ဒါကြောင့်မို့လို့ "ကတတ္တာရုပ် ပစ္စုပ္ပန်တရားရ၏။" ကတတ္တာရုပ်ထဲမှာ ဝင်သွားမယ်။ သဘောပေါက်တယ်နော်။ပြန်ပြောမယ်။
အဗျာကတဿ ဟူသော သမ္ပဒါန်ပုဒ်၏ အရက "ပဋိသန္ဓေစိတ် ၁၉၊ စေတသိက် ၃၅"။ သုံး၊ တစ်၊ နှစ်ကြည့်ပြီးတော့... (အစိတ်စိတ်။) အစိတ်စိတ်။ အောက်က ခန္ဓာနာမ်ကို သွားလိုက်။ (အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ။) ဝတ္ထုနာမ်က ကတတ္တာရူပါနံ နဲ့ ပေါင်းလိုက်။ (ကတတ္တာရုပ်။) "ကတတ္တာရုပ်... (ပစ္စုပ္ပန်တရားရ၏။) ပစ္စုပ္ပန်တရားရ၏။" သဘောပေါက်တယ်နော်။ ဟို သဟဇာတပစ္စယေန ပဋိသန္ဓေအခါကတော့ အတူတူပဲ။ အကုန်အတူတူပဲ။ကိုင်း၊ ဒါကြောင့် အဲ့ဒီက ဥစ္စာကို
ပဝတ္တိကာလဗျာကတော တစ်ပုဒ်ကို သုံးခေါက်ကောက်ကြည့်မယ်။ ဆိုရအောင်။အဲ့တော့ ရုပ်သက်သက်မှာဆိုလို့ရှိရင် ဒီမှာက ကိုယ်တော်တို့ ညာဘက်အခြမ်း သုံး၊ တစ်၊ နှစ်တွေက "အချင်းချင်းအားလည်းကောင်း" ပေါ့။ ဒီဘက်က ဥပါဒါရုပ်တွေက ဒီဘက်က ဒီမဟာဘုတ်ရှိသလောက်၊ မှီရာမဟာဘုတ်ကို ဆွဲပြီးတော့ပဲ၊ မှီရာမဟာဘုတ်အတိုင်းပဲ နာမည်က နောက်
ဥပါဒါ ဆိုတဲ့ နာမည်လေး တပ်ပေးလိုက်။ မှီရာမဟာဘုတ်ကို ဆွဲပြီးတော့ ဘာလဲဗျ။ (ဥပါဒါရုပ်ဆိုတဲ့ နာမည်ကို။) ဥပါဒါရုပ်တွေက မဟာဘုတ်ကို မှီရတာမဟုတ်ဘူးလား။ သူတို့မှီတဲ့ မဟာဘုတ်ကိုပဲ နောက်က ဘာလေးတပ်ပေးလိုက်မယ်။ (ဥပါဒါ။) ဥပါဒါရုပ်ဆိုတဲ့ နာမည်လေး တပ်ပေးလိုက်မယ်။ဒါကြောင့်မို့လို့ ဒီမှာ သုံး၊ တစ်၊ နှစ်ကြည့်ပြီးအခါကျတော့ "အချင်းချင်းအားလည်းကောင်း၊ ဥပါဒါရုပ်အားလည်းကောင်း တတ်သော" အထက်ဆုံးက စိတ္တဇမဟာဘုတ်၊ ပဋိသန္ဓေကမ္မဇမဟာဘုတ်၊ ဗာဟိရမဟာဘုတ်၊ အာဟာရဇမဟာဘုတ်၊ ဥတုဇမဟာဘုတ်၊ အသညသတ်ကမ္မဇမဟာဘုတ်၊ ပဝတ္တိကမ္မဇမဟာဘုတ် ပစ္စည်းတရားရ၏။ ဟုတ်လားဗျ။ အဲ့တော့ ဒီဥစ္စာတွေက ကိုယ်တော်တို့ကို တရုတ်မနက်တုန်းက မခွဲခဲ့ဘူးလား။ (ခွဲခဲ့ပါတယ်။) မဟာဘုတ်ခုနစ်မျိုးဆိုတော့ စာမျက်နှာကိုးမှာ... (ပါပါတယ်။) အဲ့ဒီအတိုင်း ပြန်ကောက်ထားပြီလေ။ ဒီဘက်က "အချင်းချင်းအားလည်းကောင်း၊ ဥပါဒါရုပ်အားလည်းကောင်း တတ်သော"။ အချင်းချင်းကိုလည်း ကျေးဇူးပြုတယ်၊ ဥပါဒါရုပ်ကိုလည်း ကျေးဇူးပြုတဲ့ မဟာဘုတ် ၇ ပါးပါပဲတဲ့။ အဲ့ဒီခုနစ်ပါးတို့က ဘာလဲဆိုလို့ရှိရင် အစက စိတ္တဇမဟာဘုတ်၊ ပဋိသန္ဓေကမ္မဇမဟာဘုတ်၊ နောက် ဘာလဲ၊ ဗာဟိရမဟာဘုတ်၊ အာဟာရဇမဟာဘုတ်၊ ဥတုဇမဟာဘုတ်၊ အသညသတ်ကမ္မဇမဟာဘုတ်၊ ပဝတ္တိကမ္မဇမဟာဘုတ် ပစ္စည်းတရားရ၏။
အဲ့တော့ အခု ပစ္စုပ္ပန်ကတော့ "ဘုံနှင့်တကွသော" ပေါ့ဗျာ။ "စိတ္တဇဥပါဒါနှင့်တကွသော" ဆိုတာက သုံး၊ တစ်၊ နှစ်တန်ခိုး၊ ဘာဖြစ်လဲ၊ "ဘုံနှင့်တကွသော" ပေါ့။ "ဘုံနှင့်တကွသော စိတ္တဇဥပါဒါ၊ ပဋိသန္ဓေကမ္မဇဥပါဒါ၊ ဗာဟိရဥပါဒါ၊ အာဟာရဇဥပါဒါ၊ ဥတုဇဥပါဒါ၊ အသညသတ်ကမ္မဇဥပါဒါ၊ ပဝတ္တိကမ္မဇဥပါဒါရုပ် ပစ္စုပ္ပန်တရားရ၏။" အဲ့တော့ ဥပါဒါရုပ်တို့ကို မလိုက်နိုင်ရင်
အညမည က ရပ်ထားတာပေါ့။ အကြီးလေးနဲ့ အညမညဆိုမှာပေါ့။ကိုင်း၊ ဒါကြောင့်
အဗျာကတော ဓမ္မော ကိုပဲ ဆိုကြည့်ရအောင်။ ရုပ်သက်သက်နဲ့ ဗျာကတော ကတ္တားပုဒ်၏ အရက... အဲ့တော့ အဲ့ဒီအကြောင်းတော့ ကြည့်အောင် ဆိုခဲ့ကြဦး။ ဟုတ်လားဗျ။အဲ့တော့
ကုသလော ဗျာကတော ဗျာကတဿ ကို သွားရအောင်။ ဟိုဘက်က စိတ္တဇရုပ်ကို ကျေးဇူးပြုတယ်ဆိုတော့ "ပဉ္စဝေါကာရဘုံ၌ဖြစ်သောအခါ" ဟုတ်လားဗျာ။ ဗျာကတော ၌ဖြစ်သော "ကုသိုလ်စိတ် ဧကဝီသ၊ စေတသိက် ၃၈၊ အစိတ်အပေါင်း နာမ်မဲ့ခန္ဓာ၊ အစိတ်အပေါင်း မဟာဘုတ် ပစ္စုပ္ပန်တရား၏။" ပစ္စည်းတရားရ၏။ ဗျာကတဿ ဘုံ၌ဖြစ်သော "ကုသိုလ်စိတ် ဧကဝီသ၊ စေတသိက် ၃၈"။ (နာမ်မဲ့ခန္ဓာ။) ခန္ဓာကို ကြည့်ပြီးတော့ ကုသိုလ်ခန္ဓာကို ကြည့်တော့ "အစိတ်အပေါင်း... (နာမ်မဲ့ခန္ဓာ။) နာမ်မဲ့ခန္ဓာ"။ မဟာဘူတာကို ကြည့်တော့... (အစိတ်အပေါင်း မဟာဘုတ်။) "အစိတ်အပေါင်း မဟာဘုတ်... (ပစ္စည်းတရားရ၏။) ပစ္စည်းတရားရ၏။" ဟိုဘက်က သမ္ပဒါန်ပုဒ်၏ အရဆိုရင် "စိတ္တဇ၊ စိတ္တဇရုပ် ပစ္စုပ္ပန်တရားရ၏။" အကြီးလေးပစ္စည်းပဲပေါ့။ အကြီးလေးပစ္စည်းပဲရတယ်။ဒီက
အကုသလောစ အဗျာကတောစ ဖြတ်ချက်လို့ရှိရင် ကိုယ်တော်တို့ အခု ဒါတွေကို ကြည့်အောင်လည်း ကျက်ခဲ့။ ခုနက သဟဇာတဝိပ္ပယုတ္တ စာမျက်နှာ ၁၃ မှာ ပါတယ်။ အဲ့ဒါတွေလည်း ကျက်ခဲ့။ ခြောက်ချက်ပြီးတော့ ဖတ်ခဲ့ကြ။ ဟုတ်လားဗျာ။ နက်ဖြန်ကျလို့ရှိရင်တော့ အခု ပဋ္ဌာန်းထဲကလူကို၊ လူထဲက ပဋ္ဌာန်းအကြောင်း နည်းနည်းလေး ပြောရအောင်ပေါ့ဗျာ။ ဟုတ်လား။ ပဋ္ဌာန်းထဲက လူတဲ့၊ လူထဲက... (ပဋ္ဌာန်း။) ပဋ္ဌာန်းတဲ့ဗျ။ ဒါကြောင့်မို့ ဒီနေ့တော့ဖြင့် ဒီလောက်နဲ့ပဲ တော်ကြရအောင်ပေါ့။