ဟုတ်ကဲ့ပါ၊ တောင်းဆိုချက်အရ ပေးပို့လာသော အဋ္ဌမမြောက် တရားတော်ပို့ချချက်မှတ်တမ်းကို သတ်ပုံမှန်ကန်စေရန်နှင့် စာဖတ်၍ ပိုမိုအဆင်ပြေစေရန် စာပိုဒ်များခွဲ၍ တည်းဖြတ်ပေးလိုက်ပါသည်။
ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (အဋ္ဌမပိုင်း)
၁၃၇၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ ၂၀၁၁ ခု၊ စက်တင်ဘာလ ၂၂ ရက်၊ ကြာသပတေးနေ့။
ဒီတော့ အခု ပဋ္ဌာန်းပို့ချလာလိုက်တာ၊ ပဋ္ဌာန်းပညာဝါဒကြီး ပို့ချလာလိုက်တာကို သဟဇာတအငယ်က စတင်ပြီးတော့၊ သဟဇာတအငယ်မျိုးက စတင်ပြီးတော့ ပို့ချလာတာကို ခြောက်ပစ္စည်း ပြီးခဲ့ပြီ။ ဈာနပစ္စည်းထိအောင် ပြီးခဲ့ပြီဆိုပါတော့။ ဒီကနေ့တော့ မဂ္ဂပစ္စည်းကို သွားကြရလိမ့်မယ်။
မဂ္ဂပစ္စည်းကို သွားကြရမယ်ဆိုတော့ စာမျက်နှာနှစ်မှာ မဂ္ဂပစ္စည်းရဲ့ သုတ္တသင်္ချာပါတယ်။ စာမျက်နှာငါးမှာ မဂ္ဂပစ္စည်းရဲ့... (ပါဠိတော်ပါတယ်။) ပါဠိတော်ပါတယ်။ နောက် စာမျက်နှာရှစ်မှာ မဂ္ဂပစ္စည်းရဲ့... (အရကောက်။) အရကောက်ပါတယ်။ အဲ့သလိုပါတယ်။
အဲ့တော့ အခု ဈာနပစ္စည်းဟောသလိုပဲ၊
ကုသလာနိ ဈာနာနိ ဟောသလိုပဲ။ ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ မဂ္ဂပစ္စယေန ပစ္စယော။ ကုသလာနိ ဘာလိမ့်ဗျ။ (မဂ္ဂင်္ဂါနိ။) မဂ္ဂင်္ဂါနိ ဆိုရမယ်။ ကုသလာနိ မဂ္ဂင်္ဂါနိ သမ္ပယုတ္တကာနံ ခန္ဓာနံ။ နည်းနည်းလေး သတိပြုရလိမ့်မယ်။ ပစ္စယနိဒေသမှာတော့ဖြင့် ခန္ဓာနံ နဲ့ ဟောတာ တစ်နေရာပဲရှိတယ်။ ဓမ္မာနံ သဒ္ဒါနဲ့ပဲ ဟောတာ။ ဒီမှာတော့ဖြင့် ဓမ္မာနံ နဲ့ ဟောတာမရှိဘူး။ ခန္ဓာနံ နဲ့ ဟောတာ။ ဘာဖြစ်လို့ ခန္ဓာနံ နဲ့ ဟောတယ်ဆိုရင် ပရမတ္ထတရားဖြစ်တဲ့ တရားတို့ကိုသာ ဟောမှာဖြစ်လို့ အခု ခန္ဓဿ၊ ဘာနဲ့ပဲ ဟောမယ်။ (ခန္ဓဿ။) ခန္ဓဿ နဲ့ပဲ ဟောမယ်။ အဲ့သလိုလေး သဘောပေါက်ထားရမယ်။ တစ်ခါတည်းပဲ သတိမမူရင် ဘာပါလိမ့်ဗျ။ (မြူတောင်မမြင်ဘူး။) "မြူတောင်မမြင်ဘူး" တဲ့။ သတိမူမယ်ဆိုလို့ရှိရင်... (မြူတောင်မြင်တယ်။) "မြူတောင်မြင်တယ်" တဲ့ဗျာ။ သတိမမူရင်... (လူမမြင်ဘူး။) "လူမမြင်ဘူး" တဲ့။ သတိမူမယ်၊ သတိမူမယ်ဆိုရင် လူ၏ မူ တောင် မြင်ရသေးတယ်။ မူ ဆိုတာ အကျင့်တွေပေါ့။ ဟုတ်လားဗျ။မသိနိုင်ဘူးလား။ (သိနိုင်ပါတယ်။) ဒီပုဂ္ဂိုလ်က ဘယ်သွားလဲ၊ ဦးဇင်းက ဘယ်သွားတာလဲဆိုတာ သူ့အမူအရာ၊ အကျင့်အနေအထားနဲ့ မသိနိုင်ဘူးလား။ (သိနိုင်ပါတယ်။) သိနိုင်တယ်။ လက်ထဲမှာ ထမင်းချိုင့်လည်း ပါလာတယ်၊ ခွေးက အမြီးနန့်နေတယ်ဆိုရင် ဘာပါလိမ့်ဗျာ၊ ဒီခွေးက... (ထမင်းစားချင်လို့။) အေး၊ အမူအရာပဲ။ ဒါ ဟောင်တော့၊ အဲ့ဒါ အခု ပါးစပ်ဖြဲပြီးတော့ တစ်ခါတည်း ဝါးချွန်ပြီးတော့ လာပြီဆိုတည်းကပဲ ဘာလို့ရှိရင် ခြေသလုံးပါသွားလိမ့်မယ်။ အဲ့ဒါကို မူ၊ အမူအရာနဲ့ မသိနိုင်ဘူးလား။ (သိနိုင်ပါတယ်။) သိနိုင်တယ်။ ဒါကြောင့်မို့လို့ သတိမူမယ်ဆိုလို့ရှိရင်၊ သတိမူမယ်ဆိုလို့ရှိရင် လူ၏ ဘာလိမ့်။ "ကြည့်သောသူသည်... (မြင်၏။) မြင်၏" တဲ့ဗျာ။ ကြည့်တဲ့ပုဂ္ဂိုလ်တွေဟာလည်း မြင်တယ်။ ကြည့်တဲ့ပုဂ္ဂိုလ်တိုင်း မြင်တာတော့မဟုတ်ဘူး။ ကြည့်တတ်တဲ့ပုဂ္ဂိုလ်တွေမှ မြင်တာ။ ဘာပုဂ္ဂိုလ်တွေမှ မြင်တာ။ (ကြည့်တတ်တဲ့ပုဂ္ဂိုလ်တွေမှ။) ကြည့်တတ်တဲ့ပုဂ္ဂိုလ်တွေမှ မြင်တာ။
ကြည့်တတ်ရင် အရှင်ဘုရားတို့၊ ကိုင်း၊ အဲ့ဒါ ဆောင်းပါးကြော်ငြာလိုက်ရအောင်။ "သူ့အမြင် ကိုယ့်အမြင်" နဲ့။ အခု ဒီထဲမှာ အဟောင်းသမားတွေ အများကြီးပါတယ်ဆိုတော့ ဖတ်ဖူးတဲ့ပုဂ္ဂိုလ်တွေချည်းပဲ။ ဟုတ်တယ်မို့လား။ (မှန်ပါ့ဘုရား။) အဲ့တော့ သူ့အမြင်၊ ကိုယ့်အမြင်လည်း ရှိတယ်။ လူတွေဟာ ကိုယ့်အမြင်ရှိသလောက်တော့ ကိုယ်ကြည့်ကြတာပေါ့ဗျာ။ ဒါပေမဲ့လို့လည်းပဲ ကိုယ့်အဝေးရောက်တဲ့အမြင်၊ အဝေးမရောက်တဲ့အမြင်ရယ်လို့ ရှိတာပေါ့။ ဟုတ်တယ်မလား။ ဒါကြောင့် ကိုယ်တော်တို့ အခု အနေအထားတွေ အဲ့သလိုရှိတယ်။
ဒါကြောင့်မို့လို့ အခုပြောချင်တာကတော့ဖြင့် ပစ္စယနိဒေသမှာ ပရမတ္ထမဟုတ်တဲ့ ပညတ်တို့ကိုပါ ဟောတဲ့အတွက်ကြောင့်
ဓမ္မာနံ လို့ ဟောရတယ်။ ခန္ဓာနံ ဟောတာ တစ်နေရာပဲရှိတယ်။ ဘယ်နေရာရှိမလဲဆိုတာ အဲ့ဒီရောက်တော့ ဒီမှာ ပေါက်ပြ၊ ထူးခြားလေးတွေက သိရတယ်။ စာသင်တယ်ဆိုတာ တူရာကိုသိ၊ ထူးတာကို မှတ်ရမယ်။ ဟုတ်လားဗျာ။ ဒါကို ပိုပြီးတော့ အနှစ်သာရကျတာတွေကတော့ ကျင့်သုံးလိုက်နာဖို့ရာ ကောင်းတာတွေကို ကျင့်သုံးလိုက်နာဖို့လို့။ ဟုတ်လားဗျ။ တို့တွေက ဘဝအတွက်၊ သံသရာအတွက် အသုံးချ၊ အသုံးချလို့ အသုံးကျစရာကောင်းတဲ့ အချက်အလက်တွေကို ဒါတွေက ကိုယ်တော်တို့ သယ်ဆောင်လာခဲ့ရမယ်၊ ယူဆောင်လာခဲ့ရမယ်။ အဲ့ဒီက အချက်လေးဟာ အကြီးတန်းဖြေပြီး၊ ပြီးရောကွာဆိုလို့ရှိရင် အဲ့ဒါ ဘာမှန်း အဓိပ္ပာယ်ရှိမှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ စာသင်တယ်ဆိုတာကတော့ ခဏတာ၊ ဒီအခြေအနေလောက်ကို အသုံးချဖို့မဟုတ်ပဲနဲ့ ဘဝသံသရာအတွက် ဒီသဘောတရားတွေဟာလည်း သိသင့်သိထိုက်တဲ့တရားတွေ ငါတို့သင်ရတာလို့ ဒီလိုသဘောပေါက်ရတယ်။ဒါကြောင့်မို့လို့
ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ မဂ္ဂပစ္စယေန ပစ္စယော။ ကုသလာနိ ဈာနာနိ လို့ ဟောသလိုပဲ ကုသလာနိ... (မဂ္ဂင်္ဂါနိ။) မဂ္ဂင်္ဂါနိ သမ္ပယုတ္တကာနံ ခန္ဓာနံ မဂ္ဂပစ္စယေန ပစ္စယော။ ကောက်တဲ့အခါကျလို့ရှိရင်လည်းပဲ ကိုယ်တော်တို့ရေ၊ ကုသလော ဓမ္မော ကတ္တားပုဒ်အရက မဂ်အောက်က ရှစ်၊ ကိုး ရှိလား။ (ရှိပါတယ်။) ရှိတယ်ပေါ့။ ဒါကြောင့်မို့လို့ ကုသလော ဓမ္မော ဟူသော ကတ္တားပုဒ်အရက "သမ္ပယုတ္တက္ခန္ဓာအပ်သော ကုသိုလ်စိတ် ၂၁၊ စေတသိက် ၃၈၊ စိတ္တက္ခဏတစ်ခုတစ်ခု၌ရှိသော"၊ သူ့သုတ္တသင်္ချာအတိုင်းပဲလေ၊ "ပညာ၊ ဝိတက်၊ ဝိရတီသုံးခု၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ။" ဟာ၊ ဒိဋ္ဌိထည့်ချင်သေးလား။ (မထည့်ပါဘူး။) ဟောဗျာ၊ ကုသလော ကို ကောက်နေတာလေ။ ရှေ့ကျမ်းထွက်လာကြည့်ရပါဦး။ အဲ့ဒါ၊ အဲ့ဒါ ခိုင်ဆိုင်တာ၊ မဆိုင်တာ သူရှိသမျှ အကုန်လုံး သိမ်းကျုံးထည့်ချလိုက်တာ။ ဟုတ်လား။ ဟင်၊ အဲ့လို ဟုတ်ရဲ့လား။ (မဟုတ်ပါဘူးဘုရား။) အဲ့ဒါ အဲ့လိုမဟုတ်ဘူး။ မဟုတ်ဘူးလေ။ စာအုပ်၊ အဲ့ စာမျက်နှာရှစ်မှာလည်း ပါတယ်။ အခု ဒီဇယားမှာ ဘာပါလိမ့်။ "ကုသလမှ ဒိဋ္ဌိမယှဉ်။" တွေ့လား။ (မှန်ပါ။) အဲ့ဒီမှာဆို ပဋိသန္ဓေအခါမှာဆိုလို့ရှိရင်လည်း ဘာမရ။ (ဝိရတီမရ။) "ပဝတ္တိမှ ဝိရတီမရဘူး" တဲ့။ အကုသလအခါမှာဆိုလို့ရှိရင်လည်းပဲ ကုသိုလ်ဆိုင်ရာတွေ၊ သာယာတဲ့တရားတွေ မရတဲ့အတွက်ကြောင့်မို့လို့ "ဝိတက်၊ ဝီရိယ၊ ဧကဂ္ဂတာ၊ ဒိဋ္ဌိ" လေးခုလို့ ရေးထားတယ်။ အဲ့လေးခု ကောက်ရမှာပေါ့။ အခု အဲဒီရှစ်ခုထဲက ကိုယ် ဒိဋ္ဌိထုတ်ပြီး "ဧကဂ္ဂတာဟုဆိုအပ်သော မဂ္ဂင်ရှစ်ပါး ပစ္စည်းတရားရ၏။" ကုသလဿ ဓမ္မဿ ဟူသော သမ္ပဒါန်ပုဒ်အရ "ကုသိုလ်စိတ် ၂၁၊ စေတသိက် ၃၈၊ သမ္ပယုတ္တက္ခန္ဓာ ပစ္စုပ္ပန်တရားရ၏။"အဲ့တော့
မဂ္ဂပစ္စယေန ဟူသော ကရိုဏ်းပုဒ်အရက "တစ်ပြိုင်နက် ရထားတာ တတ်ကောင်းသော" ဆိုတော့ မဂ်အောက်က ရေးထားတာ ဘာပါလိမ့်။ (၁၁။) ၁၁ ပစ္စည်း။ ဆိုလို့ရှိရင် ကိုယ်တော်တို့ တွက်ကြည့်လိုက်လေ။ ကုသလော ကုသလဿ အလတ်ပုံသေရ၊ နာမ်နာမ်ပုံသေ မရဘူးလား။ (ရပါတယ်ဘုရား။) ရနေပြီ။ အဲ့တော့ အခု မဂ္ဂင်တရားကိုယ်ရှစ်ပါး ကောက်ထားတဲ့အတွက်ကြောင့်မို့လို့ ဟေတု၊ အဓိပတိ၊ ဈာန၊ မဂ္ဂ... (ဣန္ဒြိယ။) ဣန္ဒြိယ၊ မဂ္ဂလို့ မရဘူးလား။ (ရပါတယ်။) အဲ့တော့ ခြောက်နဲ့ ငါးနဲ့ပေါင်းမှာပေါ့။ ဟုတ်လားဗျ။ ခြောက်က ကြီး၊ လတ်၊ ကြီးလတ်ညသံက ခြောက်ပစ္စည်း။ ဟောဆဲရယ်၊ ဟေတုရယ်၊ အဓိပတိရယ်၊ ဣန္ဒြိယရယ်၊ ဈာနရယ် ငါးပစ္စည်းပေါင်းမယ်ဆိုရင် ဘယ်လောက်ပါလိမ့်။ (၁၁ ပစ္စည်း။) ၁၁ ပစ္စည်းပေါ့။ အဲ့ဒါ ကိုယ်တော်တို့ အစဉ်အတိုင်းဆိုပါဦး။ ဟုတ်လားဗျ။ဒါကြောင့်မို့လို့ အခု ဒီ ၁၅ ပစ္စည်းဟူသောအခါဆိုပြီးတော့ ဆိုပြီးတော့မှ အစငါးပစ္စည်း၊ အလယ်ငါးပစ္စည်း၊ အစအလယ် ၁၀ ပစ္စည်း၊ အဆုံးငါးပစ္စည်းဆိုပြီးတော့ စသည်အားဖြင့် အဲ့ဒါ မုန့်ညက်ညက်ကို ကြေအောင်ကို ကြိတ်ကြိတ်ချေခဲ့တာလေ။ ညက်ညက်ချေခဲ့တယ်မဟုတ်လား။ အဲ့ အခုဒါတွေက အဲ့လိုဆိုနိုင်ဖို့အတွက်။ ဒါကြောင့်မို့လို့ အဲ့ဒီက အာရုံမျက်စိထဲမှာ တန်းစီထားရမှာပေါ့။ အဲ့ဒီက ၁၁ ပစ္စည်းကို ဟောဆဲကို ထိပ်ဦးစွာထားရမှာပေါ့။
အဲ့တော့ ဆိုလို့ရှိရင်၊ အခု ဒါကတော့ စာသင်တယ်ဆိုတာကတော့ အခု ကရဏ၊ သဘာဝကတွေထိအောင် ယူသွားမှာ။ မလှန်သေးရတာပေါ့။ ကိုယ်တော်တို့ဟာ "ဘုန်းကြီး၊ ဒီအတိုင်း သေရမှာလား" ဆိုလို့ရှိရင် တကယ်ကို ထူးနေပြီ၊ ထုံနေပြီ၊ နုံနေပြီဆိုရင် အဲ့လိုမသင်နဲ့။ ဟုတ်လားဗျ။ အဲ့တော့ အခု နာမ်နာမ်ခြောက်ပါးဆိုတော့ ကိုယ်တော်တို့ ကြီးလတ်ညသံ။ ဟုတ်လားဗျ။ အဲ့တော့
မဂ္ဂပစ္စယေန ဟူသော ကရိုဏ်းပုဒ်အရက "ကြီးလတ်ညသံ၊ မဂ္ဂ၊ ဟေတု၊ အဓိပတိ၊ ဣန္ဒြိယ၊ ဈာန ဤ ၁၁ ပစ္စယသတ္တိတို့တွင် မဂ္ဂသတ္တိဟုဆိုအပ်သော သတ္တိဝိသေသရ၏။ ထိုသုံးပါးတို့တွင် အရကောက် ပဓာနအားဖြင့် ကတ္တားသာဓိ။" ဒီလိုသင်ရတယ်ဗျာ။ စာမျက်နှာ ၃၂ လည်းပဲ လှန်လည်း မလှန်နိုင်လေ။ ဟုတ်တယ်မလားဗျ။အဲ့တော့ ဒီ ၁၁ ပစ္စည်းကို တန်းစီအောင် မဆိုနိုင်ဘူးဆိုလို့ရှိရင်လည်းပဲ "ကြီးလတ်ညသံ၊ မဂ္ဂ၊ ဟေတု၊ အဓိပတိ၊ ဣန္ဒြိယ၊ ဈာန ဤ ၁၁ ပစ္စယသတ္တိတို့တွင် မဂ္ဂသတ္တိဟုဆိုအပ်သော သတ္တိဝိသေသရ၏။ ထိုသုံးပါးတို့တွင် ကတ္တားသာဓိ" လို့ ဒီလိုဆိုရတယ်။ အဲ့တော့လည်းပဲ အခြေအနေနဲ့ ဟို တပည့်ဖြစ်တဲ့ပုဂ္ဂိုလ်က လိုက်နိုင်သလား၊ မလိုက်နိုင်ဘူးလားလို့လည်းပဲ တပည့်မျက်နှာတွေ လှမ်းကြည့်ရသေးတာပေါ့ဗျာ။ တစ်ခါတလေကျတော့လည်းပဲ ဆွဲရ၊ ယုတ်ခေါ်ရတာ။ တစ်ခါတလေကျတော့လည်း စာသင်ရတာ ထူလွန်း၊ ထုံလွန်းအားကြီးတဲ့ပုဂ္ဂိုလ်ရလို့ရှိရင် နောက်ကြောင်းက မဆိုခိုင်းရဘူး။ ရေစက်ချသလို ရှေ့ကနေ တိုင်ပေးရတယ်။ ဟုတ်လားဗျာ။ ဆိုလို့ရှိရင် သူရမှာသာ။ ရှစ်ဆိုမယ်ဆိုရင် ရှေ့ရောက်ကို ရောက်ပါ့မလား။ (မရောက်တော့ဘူး။)
အဲ၊ တပည့်တော်မှာ လွန်ခဲ့တဲ့ ၂၂ နှစ်လောက်ကပေါ့ဗျာ၊ ၈ ခုနှစ်လောက်က စာသင်ပေးဖူးတယ်။ တစ်ပါးက တစ်အားကို ထက်တာပဲ။ အဲ့ဒါ အတန်းတူတူ၊ တစ်ပါးက အလွန်ကို ထုံတာပဲ။ ထူတဲ့သူနဲ့ ထက်တဲ့လူ... (ထက်တဲ့သူ။) ထက်တဲ့လူနဲ့ ထုံတဲ့သူက။ အရှင်ဘုရားကြီး၊ တော်တော်ကို ဟိုက ပြောလိုက်လို့ရှိရင်တော့ "ရော့" ဆို တန်းရတာပဲ။ "ကျက်ခဲ့" ဆို ကျက်ခဲ့ရတယ်။ အဲ၊ သူ့ကျတော့ အဲ့ဒါ အဆင်ကိုပြေလို့ လမ်းကြောင်းတန်းပေးလိုက်ရင် တောက်လျှောက်၊ တောက်တောက်တောက်ဆို တစ်ခါတည်း သွားတာပဲ။ ဟိုတစ်ယောက်ကတော့ ရေစက်ချပေးရတာ။ ဟုတ်လားဗျာ။ ရှေ့ကနေ တိုင်ပေးရတာ။ "ကိုင်း၊ ထွက်၊ ရှေ့သွားကြစို့" ဆိုရင် တစ်ခါတည်း အဲ့ဒါ "မင်း ဖတ်ခဲ့ဦး" ဆိုတော့ အဲ့လိုပြောရတယ်။ အဲ့တော့ ရမှသာ ဆက်တတ်မယ်ဆိုရင် တစ်ခုမှ ရမှာမဟုတ်ဘူး။ ဒါ ပြီးတာပြီးသွားတယ်ပေါ့ဗျာ။ "ကျက်တတ်ဖူးတယ်၊ ကျက်ဖူးတယ်" ဆိုတာပဲ ရှိတယ်ပေါ့။ တချို့ကျတော့လည်း အဲ့လိုသင်ရတာပေါ့ဗျာ။ စာသင်တယ်ဆိုတာကတော့ ဘယ်လိုသင်ရမလဲဆိုတဲ့ဥစ္စာကတော့ အဲ့ဒါ တပည့်ရဲ့အနေအထားကို သိ၊ ကြည့်ရတာပေါ့။
ဦးစွာပထမအနေနဲ့ ကိုယ်က၊ ကိုယ်က သဘောပေါက်ဖို့၊ ပေါက်ဖို့ အရေးကြီးတာဗျ။ ကိုယ်က ဘာအရေးကြီးတယ်။ (သဘောပေါက်ဖို့။) သဘောပေါက်ဖို့ အရေးကြီးတာ။ ဒီစာပေါ်မှာ၊ ကိုယ်လုပ်ရမယ့်လုပ်ငန်းပေါ်မှာ တကယ်ကျွမ်းကျင်ဖို့ အရေးကြီးတာ။ ဘယ်ဟာပဲဖြစ်ဖြစ်ပေါ့ဗျို့။ တို့ပြောတော့ ပြန်ပြီးတော့ လယ်သမားကြီးပဲဖြစ်ဖြစ်ပေါ့ဗျာ၊ သမားကြီးပဲဖြစ်ဖြစ်။ ဟုတ်လားဗျ။ (တင်ပါ့။) ကိုယ်လုပ်တဲ့လုပ်ငန်းတော့ ဘာပါလိမ့်။ (ကျွမ်းကျင်ရမယ်။)
အဲ့တော့ တပည့်တော် အခု ရွာပြန်ပြီးတော့ သွားတယ်ပေါ့ဗျာ။ တပည့်တော် ငယ်ငယ်တုန်းက တပည့်တော်က ၁၆ နှစ်ရှိမှာ ကိုရင်ဝတ်တာဗျာ။ ဒါပေမဲ့ တပည့်တော်တို့ တောအလုပ် လေးနှစ်လောက် ကောင်းကောင်းလုပ်ခဲ့သေးတယ်။ လယ်ထွန်ခဲ့သေးတယ်ပေါ့ဗျာ။ တို့ဘက်က ကျွဲ၊ နွားမရှိဘူးတွေပေါ့။ တပည့်တော် တောင်သူလုပ်ငန်းတွေ တော်တော်လုပ်တတ်ခဲ့တယ်ဆိုပါတော့။ တပည့်တော် ဒကာကြီးကလည်းပဲ အကုန်လုံး ပညာတတ်တော့ အဲ့ဒီက ထယ်ထိုးနည်း၊ တံပိုးတုံး၊ ဘာညာပေါ့၊ လုပ်တော့ ဒီလည်း ကူကပ်လုပ်တာနဲ့ လုပ်တတ်နေတယ်ဆိုပါတော့။ အခုကြည့်တော့ တပည့်တော်၊ တပည့်တော် ငယ်ငယ်တုန်းက မှတ်မိတယ်။ ထွန်တစ်တုံးကို၊ ထွန်တံပေါက်ကို ဘယ်လိုဖောက်ရမလဲဆိုတဲ့အချိုး၊ ငယ်တုန်းက ကိုယ့်ဟာကိုယ် စူးစမ်းခဲ့တယ်၊ လေ့လာခဲ့တယ်။ အခု အကြောင်းတိုက်ဆိုင်လို့ တောကလူတွေကို မေးလိုက်တဲ့အခါမှာ အယောက်နှစ်ယောက်လောက်မေးတာ တစ်ယောက်မှမသိဘူး။ ဘယ်လိုအချိုးအစားနဲ့ ထွန်တံပေါက်ကို ဖောက်ရသလဲဆိုတာ။ "ဟာ၊ ဒီဘက်တော်က သူများလုပ်တာပဲ တပ်လိုက်တာ၊ မသိဘူး" တဲ့။ "အဲ့ဒါ အခု တသမတ်သွားပြီးတော့ ရမ်းထိုး၊ အဲ့လို ခန့်မှန်းဖောက်လိုက်တာပဲ" တဲ့။ "ဘုန်းကြီးတို့၊ တိုးတိုးတိတ်တိတ် မသိဘူးဘုရား" တဲ့။ ကိုင်း၊ အဲ့ဒါ ဘာဖြစ်လဲဆို စနစ်တကျမရှိလို့။ ဘာဖြစ်လို့ပါလိမ့်။ (စနစ်တကျမရှိလို့။)
အဲ့ဒါကြောင့် အရှင်ဘုရားတို့ ပြောချင်တာ ကိုယ်လုပ်တဲ့လုပ်ငန်းကိုတော့ ဘာလိမ့်။ (ကျွမ်းကျင်ရမယ်။) ကျွမ်းကျင်ရမယ်။ ဒါကို ကျွမ်းကျင်ရမယ်။ အဲ့တော့ ကိုယ်က သဒ္ဒါကျတယ်ဆို သဒ္ဒါကျွမ်းကျင်ရမှာပေါ့။ လေ့လာရမှာပေါ့။ အစတော့ တစ်ခါတည်း တပည့်သားကြီး တစ်ခါတည်းပဲ ဘယ်ဖြစ်ချင်မတုန်းဗျ။ အရမ်းကို လေ့လာရတယ်။ ဒါ စာချဘုန်းကြီးကတော့ "ဒီလောက်တော့ တင်းတိမ်သွားပြီ၊ ငါ နားလည်ပြီ" ဆိုပြီး ရပ်မနေရဘူးဗျ။ ဒါကြောင့် နောက်တိုင်းကလူတွေပြောတဲ့စကား တကယ်ဟုတ်တာပဲ။ အဲ့ဒါ "စာသင်ပေးတဲ့ဆရာဆိုတာတဲ့ ထာဝရကျောင်းသားကြီး" တဲ့ဗျ။ ဘာပါဗျ။ (ထာဝရကျောင်းသားကြီး။) "ထာဝရကျောင်းသားကြီးပဲ" တဲ့ဗျ။ အဲ့ဒါ ထာဝရတပည့်ကြီးဆိုပါတော့ဗျ။ ဒီလိုပြောလို့၊ ပြောလို့ ဘာလို့လဲဆိုတော့ ဒီအသစ်ဖြစ်သောပုဂ္ဂိုလ်တွေအတွက်ကို နည်းစနစ်အသစ်တွေ ပိုပြီးတော့ လွယ်ကူနိုင်အောင်၊ မှတ်လွယ်ကူအောင် အဲ့ဒါ ပိုပြီးတော့ လေ့လာနေရတာပေါ့။ အသေအချာ၊ အတိအကျ၊ အမိအရ ဘယ်လိုဆုပ်ကိုင်ရင် ဘယ်လိုသက်သာမလဲပေါ့။ ဒီလောက်လည်း သိရုံနဲ့ အားရရောင့်ရဲနေပြီဆိုရင်တော့ အဲ့ဒါ အဲ့ဒီက သင်ပြတဲ့ဆရာလည်းပဲ ရှေ့တိုးတော့ မတက်တော့ဘူး။ ဒီလိုရှိတာပေါ့။
ဒါကြောင့်မို့လို့ ခုနက မဂ္ဂင်ရှစ်ပါးဆိုလည်း သိပြီ။ ခုနက ၁၁ ပါးဆိုတာကလည်းပဲ မဂ္ဂ၊ ဟေတု၊ အဓိပတိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ ဈာန၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ။ တစ်ပစ္စည်းကျန်သေးတယ်လေ။ ဣန္ဒြိယ။ ခုနက ဣန္ဒြိယပါပြီလေဗျာ။
မဂ္ဂပစ္စယေန က "တစ်ပြိုင်နက် ရထားတာ တတ်ကောင်းသော ဟေတု၊ အဓိပတိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ ဣန္ဒြိယ၊ ဈာန၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ ဤ ၁၁ ပစ္စယသတ္တိတို့တွင် မဂ္ဂသတ္တိဟုဆိုအပ်သော သတ္တိဝိသေသရ၏။ ထိုသုံးပါးတို့တွင် ကတ္တားသာဓိ။"ကုဗျာလို့ရှိရင်တော့ ညသံဖြုတ်၊ ဝိထည့်ပေါ့ဗျာ။ ကုကုဗျာကျန်ခဲ့ပေါ့ဗျာ။ ဟုတ်တယ်မလား။ ဘာဖြစ်လဲဆိုရင်တော့ အကုသိုလ်ကောက်မှာက ဇီဝိတ၊ စိတ်၊ ဝေဒနာ၊ ဝီရိယ၊ ဧကဂ္ဂတာ၊ အဲ၊ ဝိတက်၊ ဝိတက်၊ ဝီရိယ၊ ဧကဂ္ဂတာ၊ ဒိဋ္ဌိ။ ဒီလိုကောက်တယ်မို့လား။ (မှန်ပါ။) ဝိတက်၊ ဝီရိယ၊ ဧကဂ္ဂတာ၊ ဒိဋ္ဌိဆိုတော့ အဲ့ဒီသရုပ်လေးပါးဆိုတာကျတော့ အဲ့ဒီမှာ ဟေတုဝင်နိုင်ရဲ့လား။ (မဝင်နိုင်တော့ဘူး။) မဝင်နိုင်တော့ဘူးပေါ့ဗျာ။ ဒါကြောင့်မို့လို့ အဲ့ဒီလေးပါး၊ အဲ့ဒီက တစ်ပါးချန်ခဲ့တဲ့အတွက်ကြောင့်မို့လို့ ၁၀ ပါးဖြစ်သွားတယ်။ ၁၀ ပါးဆိုတော့ အကုဗျာကျလို့ရှိရင် ညသံဖြုတ်၊ ဝိထည့်ပေါ့။ အကုအကုဗျာဆိုလို့ရှိရင်တော့ ဘာပါဗျာ၊ ဝိပါက်ထုတ်ပေါ့။ ပဝတ္တိအခါ ဗျာမှာဆိုလို့ရှိရင်တော့လည်းပဲ သူ့သုတ္တသင်္ချာလာသရွေ့ ၁၃ ပစ္စည်းလုံးဆိုမှာပေါ့။ ဟုတ်လားဗျာ။ ပဋိသန္ဓေအခါမှာဆိုလို့ရှိရင်တော့ ဘာဖြုတ်လိုက်ဦးမယ်။ (ဝိရတီ။) အဓိပတိ။ (အဓိပတိ။) အဓိပတိကိုဖြုတ်မယ်။ အဓိပတိ ပဋိသန္ဓေအခါမှာ မရကောင်းလို့။
အဲ့တော့လည်းပဲ ခုနက အဲ့ဒီ ပဋိသန္ဓေအခါကောက်တဲ့အခါကျလို့ရှိရင် ကိုယ်တော်တို့ ကိုးပါးပဲကောက်ရမှာ။ ဝိရတီသုံးပါး မကောက်နဲ့။ ဟုတ်လားဗျာ။ ဘယ်လိုလဲဆိုလို့ရှိရင် အဲ့ဒီ ဝိရတီသုံးပါးက ပဋိသန္ဓေအခါမှာ မရကောင်းဘူး။ ဟုတ်လားဗျ။ ပဋိသန္ဓေအခါမှာ ဘာလိမ့်။ (မရကောင်းဘူး။) မရကောင်းဘူး။ အဲ့ဒီ ဝိရတီရဲ့သဘောတရားတွေလည်း ကိုယ်တော်တို့ သိပြီးသားပဲ။ ဟုတ်လားဗျ။ ဝိရတီဆိုတာကတော့ အခု အဲ့ဒီက ဝိရတီဆိုတဲ့သဘောတရားတွေက သုတ္တန်နည်းဝိရတီတွေရှိတယ်။ အဘိဓမ္မာနည်းဝိရတီတွေရှိတယ်။ ဟုတ်လားဗျ။ ဒီအဘိဓမ္မာနည်းကတော့ ဒုစရိုက်၊ ဒုစရိုက်တွေကို ရှောင်ကြဉ်သောအခါမှသာလျှင် ဘာလဲဗျ၊ အဲ့ဒါ ရှောင်ကြဉ်သောအခါနဲ့ပဲဆိုင်တယ်။ မရှောင်သောအခါနဲ့ မဆိုင်ဘူးလို့ ဒီလိုသိရတယ်။ အဲ့ဒီက သဘောတရားတွေ။
ကိုင်း၊ ဒါကြောင့် အရှင်ဘုရားတို့ အခု စာမျက်နှာနှစ်က ပါဠိတော်၊ အဲ၊ စာမျက်နှာနှစ်က ဘာလဲ။ (သုတ္တသင်္ချာ။) သုတ္တသင်္ချာ။ စာမျက်နှာငါးက... (ပါဠိတော်။) ပါဠိတော်။ စာမျက်နှာရှစ်က... (အရကောက်။) အရကောက်။ အဲ့တော့လည်းပဲ ကိုယ်တော်တို့ တစ်ရက်၊ တစ်ရက်၊ တစ်ရက်ဆိုပင်နဲ့ သုတ္တသင်္ချာတွေလည်း ရသွားပြီ။ စာမျက်နှာငါးက အခု အငယ်ပါဠိတော်တွေလည်းပဲ အော်တိုမက်တစ် ရမနေဘူးလား။ (ရပါတယ်ဘုရား။) အဲ့တော့ သုတ္တသင်္ချာလည်း အလွတ်ဆိုတော့၊ ပါဠိတော်လည်းပဲ အလွတ်ဆိုတော့ အရကောက်တော်၊ ကိုယ်တော်တို့ ဒီမှာ ဇယားကြီးရှိတယ်။ အဲ့ဒါက ကြည့်ဆိုလို့ရှိရင် ရပြီ။ ဒါလည်းပဲ မရနိုင်ဘူးလား။ အတူတူပဲချည်းရဲ့လေ။ (တူပါတယ်။) တူတူပဲ။ ဪ၊ ပဋ္ဌာန်း၊ ပဋ္ဌာန်းနဲ့ အရမ်းကို လွှင့်လှည့်လာပြီပေါ့ဗျာ။ ဟုတ်တယ်မလား။ (မှန်ပါ။) ကိုင်း၊ အဲ့အတွက် ဒါကြောင့် ဆိုကြည့်ရအောင်။ ဆိုရအောင်။ "မဂ္ဂပစ္စည်း သုတ္တသင်္ချာ၌..."
(တရားတော်လာ သုတ္တသင်္ချာ၊ ပါဠိတော်နှင့် အရကောက်များ ရွတ်ဆိုခြင်း)
...ဒါကြောင့်မို့လို့ ဧကာယနမဂ္ဂေါဆိုတာက ဒီမဂ္ဂင်ရှစ်ပါးကို တစ်ပေါင်းတည်းပြောလိုက်တာပဲ။ ဟုတ်လားဗျ။ မဂ္ဂင်ရှစ်ပါးကို ဘာလိမ့်။ (တစ်ပေါင်းတည်း။) တစ်ပေါင်းတည်း ပြောလိုက်တာပဲ။ တစ်နည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် ဘုရားရှင်ရဲ့ သာသနာတစ်ခုလုံး ချုံ့လိုက်ရင်
မဂ္ဂပစ္စယော ဆိုရင် အကုန်လုံးပါတယ်။ ပြောလိုက်ပြီလေ။ ကိုယ်တော်တို့အခု သီလ၊ သမာဓိ၊ ပညာ။ သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာဆိုလို့ရှိရင် ဒါတွေဟာလည်း ဘုရားရှင်ဟောတော်မူတဲ့ ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ တို့ရဲ့ အနှစ်ချုပ်က မဂ္ဂင်ရှစ်ပါး။ မဂ္ဂင်ရှစ်ပါးကို ထပ်ချုပ်မယ်ဆိုလို့ရှိရင် သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာဆိုတဲ့ သိက္ခာသုံးပါး။ အဲ့လိုရတယ်။အဲ့တော့ ကိုယ်တော်တို့ရေ၊ ကိုယ်သွားမယ့်လမ်းကြောင်းကိုတော့ ကိုယ်မြင်ဖို့၊ ကိုယ်သိဖို့ အရေးမကြီးဘူးလား။ (ကြီးပါတယ်ဘုရား။) ကြီးတာပေါ့။ စာသင်တယ်ဆိုတာ ဒါတွေကြည့်ဖို့လေ။ ဟုတ်လားဗျ။ ကိုယ့်အနာဂတ်ကို အကောင်းဆုံးဖန်တီးနိုင်ဖို့၊ ဖန်တီးနိုင်သူဖြစ်ဖို့ရာ မကောင်းဘူးလား။ (ကောင်းပါတယ်။) အဲ့တော့လည်းပဲ ဒီအကြောင်းအရာတွေကို သင်ထားပြီးကာကျတော့မှ စာမေးပွဲဖြေဖို့လောက်တင် သင်တယ်ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်ထက် ညံ့တာ ဘယ်ရှိမတုန်းဗျ။ ဟုတ်တယ်မလား။ တပည့်တော်တို့သည်လည်း စာသားတင်တတ်ပြီးကျတော့ ဒါတွေကို မကျင့်သုံးဘူး၊ မလိုက်နာဘူးဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်တွေထက် မိုက်တဲ့ပုဂ္ဂိုလ် ရှိနိုင်တော့ဘူးပေါ့ဗျာ။ သူများစကားတွေက မသိလို့။ ဒီဥစ္စာတွေဟာ ဒီဘက်တို့ကတော့ သိပါလျက်ကနဲ့ ဒါတွေဟာ မကျင့်သုံးဘူး၊ မလိုက်နာဘူးဆိုလို့ရှိရင် အလွန်တရာမှ မိုက်မဲရာ မရောက်ဘူးလား။ (ရောက်ပါတယ်။) ရောက်တယ်။
ဒါကြောင့် ကိုယ်တော်တို့ရေ၊ ဒီမဂ္ဂပစ္စည်းဆိုတာနဲ့ပဲ အခု နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံအလုံးစုံ ဒီထဲမှာ ပါနေပြီလို့ ဒီလိုတစ်ခါတည်း အာရုံမျက်စိနဲ့ မြင်နိုင်ရမယ်။ အသိစိတ်နဲ့ ပိုင်းဖြတ်နိုင်ရမယ်။ ဟုတ်လားဗျ။ အသိစိတ်နဲ့ ပိုင်းဖြတ်စရာမကောင်းဘူးလား။ (ကောင်းပါတယ်။) ကောင်းတယ်။ အဲ့တော့လည်းပဲ အကုသိုလ်တရားတွေရဲ့ ဆိုးကျိုးတရားတွေ၊ ကုသိုလ်တရားတွေရဲ့ ကောင်းကျိုးတွေ၊ ဒါတွေကို သိမြင်ပြီးအခါကျတော့ ကိုယ်တော်တို့ ခုနက ကိုယ့်ရဲ့အနာဂတ်ကို ကောင်းစွာဖန်တီးနိုင်သူ ဖြစ်ရလိမ့်မယ်။ ဟုတ်လားဗျာ။ ကိုယ့်ရဲ့အနာဂတ်ကို မြင်ကြရလိမ့်မယ်။ ကိုယ့်ရဲ့အနာဂတ်ကို သူတစ်ယောက်ဖြစ်စေရမယ်ပေါ့။ ဟုတ်တယ်မလားဗျ။
ကိုင်း၊ ဒါကြောင့် ကိုယ်တော်တို့ရေ၊ ဒါတွေ အကျဉ်းချုပ်ပဲ။ မဂ္ဂပစ္စည်းဆိုတာ။ အဲ့တော့ ပြန်ပြီးတော့ ချုပ်ပြောဦးမယ်။ ကိုယ်တော်တို့ စာမျက်နှာနှစ်ဆိုလို့ရှိရင် သုတ္တသင်္ချာတွေ ဟော၊ ပစ္စယနိဒေသကို လှန်မယ်ဆိုလို့ရှိရင် ပစ္စယနိဒေသဟာကို ဟေတု၊ အဓိပတိ ချန်ထား။ ဟေတုမှတစ်ပါး၊ အဓိပတိမှတစ်ပါး ကျန်တဲ့ ခြောက်ပစ္စည်းတို့ဟာ အရှင်ဘုရားတို့ ဒီသုတ္တသင်္ချာအတိုင်း ပစ္စည်းကောက်၊ ဒီသုတ္တသင်္ချာအတိုင်းပဲ... (ကောက်မယ်။) တိုင်းကောက်မယ်။ ဘာအတိုင်းကောက်မှာ။ (သုတ္တသင်္ချာအတိုင်းပါ။) သုတ္တသင်္ချာအတိုင်းကောက်မှာ။ ဒီသုတ္တသင်္ချာတရားကိုယ်ပဲ ပစ္စယနိဒ္ဒေသပါဠိတော်ကြီးကို ကြည့်ပြီးတော့ စီစဉ်ထားတာ။ ဘာကိုကြည့်ပြီးတော့ စီစဉ်ထားတာ။ (ပစ္စယနိဒ္ဒေသပါဠိတော်ကြီးကို။) ပစ္စယနိဒ္ဒေသပါဠိတော်ကြီးကို ကြည့်ပြီးတော့ စီစဉ်ထားတာ။ ဒီပစ္စယနိဒ္ဒေသပါဠိတော်ကြီးကို ကြည့်ပြီးတော့ပဲ ကိုယ်တော်တို့ မဟုတ်၊ ပညာဝါဒရဲ့ အစိတ်အပိုင်းအနေနဲ့ ကြည့်ပြီးတော့ပဲ ကိုယ်တော်တို့ ပစ္စည်းပိုင်းလို့ ရှင်အနုရုဒ္ဓါက ရေးထားတာဖြစ်တယ်။ အဲ့သလိုတွေ သိမြင်ကြရလိမ့်မယ်။
ကိုင်း၊ ဒါကြောင့် အရှင်ဘုရားတို့ အခု ဒီမဂ္ဂကိစ္စနဲ့ပတ်သက်လို့ ကိုယ်တော်တို့ရေ၊ နောက် ဟို ပိဋကတ်ဗြိန်းဆရာတော်ကြီးဆိုတာရှိတယ်။ တတိယရွှေကျင်သာသနာပိုင်ဆရာတော်ကြီးရဲ့ ဘွဲ့တော်ကတော့ အဲ့ ပိဋကတ်ဗြိန်းဆရာတော်တဲ့ဗျ။ ဟုတ်လားဗျို့။ အာသီသဂါထာဆိုတာ ကိုယ်တော်တို့ တွေ့ဖူးတဲ့ပုဂ္ဂိုလ်တွေ ရှိပါလိမ့်မယ်ဗျ။ အာသီသဂါထာ၊ ဘာပါလိမ့်။ (သုံးဂါထာ။) သုံးဂါထာ။ သုံးဂါထာရဲ့ နောက်ဆုံးဂါထာမှာဆိုရင် "ကုမဂ္ဂံ ဝိဝဇ္ဇယန္တု" ပါဠိတော်တဲ့။ ဒါလေးပါတယ်။ ဟုတ်လားဗျ။ "ကုမဂ္ဂံ ဝိဝဇ္ဇယန္တု" တဲ့။ "ကုမဂ္ဂံ - ကောက်ကျစ်သော၊ လမ်းမှားသော ခရီးလမ်းကို၊ ဝိဝဇ္ဇယန္တု - သတ္တဝါတွေ ရှောင်ရှားနိုင်ကြပါစေ။" "သုမဂ္ဂံ ယန္တု ပါဏိနော။ သုမဂ္ဂံ - ဖြောင့်မတ်တဲ့၊ တည့်မတ်တဲ့ လမ်းကြောင်းကြီးကိုလည်းပဲ၊ ယန္တု - သတ္တဝါတွေတို့သည်၊ ပါဏိနော - သတ္တဝါတွေ လိုက်သွားနိုင်ကြပါစေ" လို့ ဒီလို သူ့ရဲ့အာသီသ။ အဲ့ဒါ ကောက်ကျစ်သောလမ်း၊ ညစ်သောလမ်း၊ မကောင်းသောလမ်းကို ရှောင်ကြဉ်ပြီးတော့ ကောင်းသောလမ်း၊ သုဂတိလမ်းကို သတ္တဝါတွေက ဖြောင့်တန်းသောလမ်းမှာကို လျှောက်လှမ်းနိုင်ကြပါစေဆိုပြီးတော့ ဆရာတော်ကြီးရဲ့ အာသီသ ဘယ်နှဂါထာ။ (သုံးဂါထာ။) အဲ့ဒီသုံးဂါထာထဲက နောက်ဆုံးဂါထာပဲ။ ဟုတ်လားဗျာ။ ကိုယ်တော်တို့ အဲ့ဒီက အာသီသသုံးဂါထာ ကိုယ်တော်တို့ ရှိကြတယ်မဟုတ်လားဗျာ။ (ရှိပါတယ်ဘုရား။) ကိုင်း၊ ဝမ်းသာပါတယ်ဗျ။ ဟုတ်လား။ ကြားကိုမကြားဖူး၊ ဒီလိုကတော့ ဟုတ်လား။ ဘုန်းကြီးပြောမှပဲ ကြားဖူးတယ်။ ဟုတ်လား။
ကိုယ်တော်တို့လည်း လိုချင်စိတ်ပေါက်သွားအောင်လို့ ရေဘူးလှုပ်ပြလိုက်တာ။ မှတ်မိလားဗျ။ (တင်ပါ့။) ဘာလုပ်ပြလိုက်တာ။ (ရေဘူးလှုပ်
ဟုတ်ကဲ့ပါ၊ ရပ်တန့်သွားခဲ့သောနေရာမှ ဆက်လက်၍ စစ်ဆေးတည်းဖြတ်ပေးလိုက်ပါသည်။
ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (အဋ္ဌမပိုင်း အဆက်)
...ဘာလုပ်ပြလိုက်တာ။ (ရေဘူးလှုပ်ပြ။) ရေဘူးလှုပ်ပြတော့ ဘာလည်းဗျ။ (ရေငတ်။) ရေငတ်တဲ့ပုဂ္ဂိုလ်... (ရေသောက်ချင်။) အဲ့ဒါ ရေဘူးထုတ်ပြလိုက်တော့ အဲ့ဒါ ရေရှိတဲ့နေရာကို တန်းပြီးတော့ သွားတော့ ရေသောက်ချင်တဲ့စိတ် ရှိသလား၊ မရှိဘူးလား။ (ရှိပါတယ်။) ဟို၊ အလိုလို ရေငတ်နေတဲ့သူ။ တချို့က "ရေမကောင်းဘူး" ဆိုတည်းကကိုပဲ ဒီအသံကြားတာနဲ့ မကြိုက်ဘူး။ ဟုတ်လား။ တချို့ကလည်း လိုချင်တဲ့စိတ်... (ရှိတယ်။) ရှိတယ်။ တချို့ကလည်း လိုချင်တဲ့စိတ်... (မရှိဘူး။) မရှိဘူး။
အဲ့ဒါ အရည်အချင်းပြည့်မီတဲ့ပုဂ္ဂိုလ်တွေကတော့ ကိုယ်တော်တို့ရေ၊ ဘယ်ဥစ္စာကို ယူရမယ်၊ ကောင်းကွက်၊ လှကွက်တွေဟာလည်း ရွေးထုတ်ယူရမယ်၊ ဘာတွေမှတ်သားရမယ်၊ ဘာတွေကျင့်သုံးရမယ်၊ ဘာတွေကို သူများကို ဖြန့်ချိရမယ်ဆိုတာကို ဘုန်းကြီးပြောလိုက်တာနဲ့ တစ်ခါတည်း ခွဲခြားစိတ်ဖြာပြီးကျတော့ ဒါတွေက တစ်ခါတည်း သိသွားတယ်။ တစ်ချို့ကျတော့လည်းပဲ ကိုယ်တော်တို့ သိမှမသိဘူး။ သေသေချာချာ ကိုယ် ရင်ဘတ်ထဲကို ထိုးစိုက်ပေးလိုက်တာကိုပဲ မသိဘူး။ ဟုတ်လား။ ပြန်ထွက်၊ ထွက်လိုက်တာ။ ဟုတ်လားဗျ။ အဲ၊ ရင်ထဲ ရေမဝင်တတ်တဲ့အခါ ထိုးစိုက်ထည့်ပေးလိုက်တာ ဘာပဲလည်းဗျ။ (ရင်ထဲရောက်မသွားဘူး။) ရင်ထဲရောက်မသွားဘူး။
အဲ့ဒါ ကိုယ်တော်တို့ အဲ့လို ခွဲခြားစိတ်ဖြာပြီးတော့ သိရမှာ။ ကိုယ် စာသင်တဲ့၊ စာသင်တဲ့ပုဂ္ဂိုလ်ရဲ့ အရည်အသွေးဟာလည်း စာသင်တဲ့ပုဂ္ဂိုလ်ကနေပြီးသားကကျတော့ "ဪ၊ ဒီဥစ္စာတွေဟာလည်း ကိုယ့်အတွက် စာမေးပွဲအတွက် အဆင်ပြေတယ်။" "ဒါက စာမေးပွဲအတွက် ဒါတွေက အလွန်တရာမှ အရေးပါတယ်။" "ဒါ ဘဝအတွက် အရေးပါတယ်။" "ဒါ ဘဝအတွက် ထည့်ရမှာ။" "ဒါမှ ကိုယ့်ဘဝအတွက်။" "ဒါမဟုတ်ဘူးဆိုလို့ရှိရင်လည်းပဲ ဒါတွေ ကျန်တဲ့ပုဂ္ဂိုလ်တွေလည်းပဲ ဖြန့်ချိဖို့လို့ ကောင်းတယ်။" "ဒါတွေက လူ့လောကအတွက် အသုံးတွင်ကျယ်တဲ့ ဥစ္စာတွေပဲ" လို့ တစ်ခါတည်း ခွဲခြားစိတ်ဖြာပြီးကျတော့ တစ်ခါတည်း မှတ်သားတတ်တယ်။ အဲ့သလိုသိပြီဆိုလို့ရှိရင်တော့ စာသင်တဲ့ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အရည်အသွေးဟာ နေမှီသွားပြီ။ အဲ့ဒီလိုမဟုတ်သေးဘူးဆိုလို့ရှိရင်လည်းပဲ စာသင်တဲ့ပုဂ္ဂိုလ်ရဲ့ အရည်အသွေး... (မမီသေးဘူး။) မမီသေးဘူး။ ကိုယ့်ရဲ့အရည်အသွေးဟာလည်း ကိုယ်တိုင်းတာပေါ့ဗျာ။ ဟုတ်တယ်မလား။
ကိုယ်တော်တို့ ဒီကတော့ စာတွေ၊ ကိုယ်တော်တို့ အများကြီး၊ စာနဲ့ပတ်သက်သမျှတွေကော၊ မပတ်သက်တာတွေရော ကိုယ်တော်တို့ကို တစ်ခါတည်း အများကြီးကို ပေးလွှတ်လိုက်ပြီပေါ့ဗျာ။ တချို့သောပုဂ္ဂိုလ်တွေကျတော့လည်းပဲ အသုံးချတတ်တယ်။ တချို့သောပုဂ္ဂိုလ်တွေကျတော့လည်း အသုံးမချ၊ အသုံးမချတတ်သေးဘူးဆိုတည်းကပဲ သို့မဟုတ် ဥစ္စာတွေဟာလည်း ဒီကောင်းကွက်၊ လှကွက်တွေကို ကြိုက်မှန်း၊ ကောင်းမှန်းကို မသိသေးဘူး။ ဒီပုဂ္ဂိုလ်ရဲ့ အရည်အသွေးဟာလည်း ဟုတ်လားဗျ၊ တော်တော်ကိုပဲ ဦးရွဲဆန်တယ်ပေါ့ဗျာ။ ဘယ်လိုဆန်တာပါ။ (ဦးရွဲဆန်။) ဦးရွဲဆိုတာ ဘာလိမ့်။ ကလေးဆန်တာပေါ့ဗျ။ ဟုတ်လား။ ကလေးမဆန်ဘူးလား။ (ကလေးဆန်ပါတယ်။) ကိုင်း၊ ကလေးဆန်တယ်။
အဲ့တော့ အရှင်ဘုရားတို့ အခု အဲ့လိုဆိုလို့ရှိရင် တပည့်တော်တို့ ဘယ်လိုလုပ်ရမလဲဆိုရင် ကြိုးစားပြီးတော့ ကိုယ်တော်တို့ လေ့လာ၊ မှတ်သား၊ ဖတ်ကြပါ။ ဟုတ်လားဗျာ။ ကြိုးလည်းကြိုးစားရမယ်။ ကိုယ်တော်တို့ လိုချင်တဲ့စိတ်တွေရှိအောင် တခြားသောပုဂ္ဂိုလ်က မေးတဲ့အခါကျတော့မှနဲ့ဆိုတာကျတော့ ကိုယ်တော်တို့ ခက်တာပေါ့ဗျ။ ဟုတ်လား။ ကိုယ်တော်တို့ကို "ဂဠုန်" ပြောလိုက်မယ်ဆိုလို့ရှိရင်တော့ "အရင်မပြောဘူး" ဆိုပြီး မလုပ်တတ်ရှိတာ... (မတတ်ကောင်းတာ။) မတတ်ကောင်းတာ မှန်သမျှမရှိဘူး။ အကုန်လုံးတတ်အောင် သင်ထားရတယ်။ ဟုတ်လား။ ကိုယ်တော်တို့ကို "ဗေဒင် ကိုယ်တော်တို့ တတ်သလား" ဆို "တတ်တယ်ဘုရား" ပြောမှာပေါ့။ ဟုတ်လား။ တပည့်တော်ပြောလိုက်တာလေ။ ဟုတ်လား။ ကိုယ် တိုးတိုးတိတ်တိတ်ဆို ဒီဗေဒင် ကောင်းကောင်းဟောတတ်နေပြီပေါ့ဗျာ။ ဟုတ်လား။ ဗေဒင် ကောင်းကောင်းဟောတတ်နေပြီ။ ဟုတ်လား။
အဲ့တော့လည်း ကိုယ်တော်တို့ ခုနကပြောလိုက်ပြီ။ မတတ်ကောင်းသောဆိုတာ... (မရှိဘူး။) မရှိဘူး။ မလုပ်ကောင်းသောဆိုတာက... (ရှိတယ်။) ရှိတာ။ အဲ့တော့ ကိုယ်တော်တို့ ဒါကြောင့်မို့လို့ ကိုယ်တော်တို့ရေ၊ လောကအတွက် အသုံးကျမှာဆိုလို့ရှိရင်လည်း သင်သင့်၊ သင်တဲ့စာဆိုလို့ရှိရင် ဘာလဲဗျ။ (သင်ရတယ်။) သင်ရတယ်။ အဲ့တော့ ဆေးဝါးအတတ်ပညာဆိုလို့ရှိရင်လည်းပဲ လေ့လာထားရတယ်။ "ဘုန်းကြီး၊ ဆေးမကောင်းပါဘူးဗျာ။ ခင်ဗျား၊ ခင်ဗျားကျုပ်လား" မမေးနဲ့။ ဟို ပါးစပ်ကလေးက ပြောတော့ပြောခွင့်တာပေါ့ဗျာ။ တောင်မှပဲ ကြွလာ၊ အဲဒါ ပုတိမုတ္တဘေသဇ္ဇဝတ်တို့ မရှိဘူးလား။ (ရှိပါတယ်။) ရှိတာပေါ့။ လယ်တီဆရာတော်ကို ဒီဘက်တို့ အခု အရင်ပြောခဲ့ပြီပဲ။ မန္တလေးဆရာတော်ကြီးကလည်း ကိုယ်တိုင် ဆေးနည်းပေးခဲ့တယ်လေ။ ဟုတ်လားဗျာ။ "နွားနို့၊ ထန်းလျက်၊ ဆား၊ ဆီ၊ ခတ်သောက်ပါ၊ ဖြတ်ငယ်ပြ၊ ပျောက်ကွာသည်၊ ဘေးမလာ၊ ပြတ်သုံး၊ မန္တလေးမြို့နဘော်မှာ၊ မန္တလေးမြို့နဘော်မှာ ဆရာတော်စွဲသည့် လက်ကိုင်ဆေးရုံမှာ" တဲ့။ "ဆန္ဒဇဘေးရုံမှာ" တဲ့။ ဆန္ဒဇဆိုတော့ ဘယ်လောက်ပါလိမ့်။ ဆန္ဒဇ ဘယ်လောက်ပါလိမ့်။ (၉၆ ပါး။) မလေး၊ သား မလိုက်နိုင်ဘူး။ ကြည့်စမ်း၊ ငေးနေတာ။ ဆန္ဒဇဆိုတော့ ၉၆ ပါး။ ၉၆ ပါးကိုတော့ သိပြီလေ။ ကိုယ်တော်တို့ အကြီးကျတော့ ပြောဦးမှာပေါ့။ "ဆန္ဒဇဘေးရုံမှာ၊ ဝေးစုံခွာပျက်၊ ဆေးပုလင်းအသက်ဆုံး၊ ဟုတ်၊ တစ်သက်လုံးသုံးသင့်တို့သည်" တဲ့။ "ရနံ့မှာ ငွေငွေလှိုင်သော်လည်း၊ နေ့နေ့တိုင်းသုံးသင့်တို့သည်၊ ရွံမဆိုင်၊ နှလုံးကြည်အောင်၊ ရွံမဆိုင်၊ နှလုံးကြည်အောင်၊ ပြုံးရည်ရည် မျက်နှာထားရင်းနဲ့၊ အလွန်နံ့သာကျူး၊ ဥစ္စာအားကြောင့်မို့၊ ရုပ်ရည်ရည် မျက်နှာထားရင်း၊ ခွက်ဖလားမြှောက်တက်ကာ သောက်ကွယ်မြန်စွာ" တဲ့။ "မသောက်တဲ့၊ မကြောက်တဲ့၊ အကြံအဖန်ကြားလည်း မနံပါဘူးကွဲ့လေ" တဲ့ဗျ။ လယ်တီဆရာတော်ကြီးက နည်းပေးခဲ့တာ။ တို့ ဘာကိုသောက်လဲ။ (နွားသေး။) အေး၊ အဲ့ဒါ ကိုယ်တော်တို့ရေ၊ တိုက်တော့သောက်ကြည့်တော့ တကယ့်ကိုပဲ တော်တော်ကို ခက်တာပဲ။ ဟုတ်လား။ စိတ်သောက်တာမဟုတ်ဘူး။ နွားသေးချည်း သောက်တာ တော်တော်ကို ဆိုးဝါး၊ အဝင်တိုးတော့ ဆိုးဝါး။ တို့ရေ၊ တစ်ပုလင်းကုန်အောင်ကို တကယ်တော်တော်ကို သောက်ယူရတယ်။ ကျန်းမာရေး တကယ်ကောင်း။ တို့ရေ၊ ဘုရားဆေး မကောင်းစရာရှိသေးလား။ (မရှိပါဘူး။)
ဪ၊ သဗ္ဗညုတဉာဏ်တော် ဖော်ပေးထားတဲ့ဆေးပဲ။ တို့ ကိုယ်တော်တို့ကို သိမ်ထဲတုန်းက ပြောလိုက်ပြီလေ။ ပုတိမုတ္တဘေသဇ္ဇဆိုတာ ပြောလိုက်ပြီလား။ (ပြောလိုက်ပါတယ်။) အေး၊ အဲ့လိုပဲ။ ကိုယ်တော်တို့ ဘုရားတော်မှ အဲ့လိုပေးလိုက်တာ။ အဲ့ဒါ ပြောကောင်းတယ်၊ မကုကောင်းတာ။ ဘာလည်းဗျ။ (ပြောကောင်းတာ။) ပြောကောင်းတယ်၊ မကုကောင်းတာ။ ကောင်းတာ၊ မကောင်းတာ ခွဲခြားစိတ်ဖြာပြီးတော့ သိရတယ်။ ဒါ ဘေးတို့ ကြက်ပြာနဲ့ ကိုယ်တော်တို့ ပြောခဲ့ပြီလေ။ ဟုတ်လား။ စာတစ်စောင်၊ ဘာလဲဗျ။ သိကြားတစ်စောင်။ ဘာလို့။ ခြားနှစ်စောင်ပေါ့။ အဲ့ဒါကို ကိုင်း၊ ကိုယ်တော်တို့ ရေနွေးမှုတ်၊ ကြက်သီးမွေးနွေးနဲ့ ကိုင်း၊ သောက်လိုက်မယ်ဆိုရင် မေးချင်စရာ တစ်ခါတည်း ပျောက်။ အခု ဆေးပေးလိုက်ပြီ။ ဆေးနည်းပေးလိုက်ပြီ။ ဒါ သွေးတိုးရှိရင်တော့လည်း မကောင်းတယ်နော်။ ဟုတ်တယ်။ အဲ့လိုလည်း ပြောဦးမှဖြစ်မယ်။ ကိုယ်တော်တို့ အတိုင်းအဆမသိဘူး၊ သေလိမ့်မယ်။ ဟုတ်လား။ သေသေးတွေ့လိုက်သလို ဖြစ်ကုန်လိမ့်မယ်။ ဟုတ်လား။
ကိုင်း၊ ကိုယ်တော်တို့ရေ၊ အခု အငယ်တွေကိုတော့ အပြီးသွားပြီလို့ ပြောလို့ရတယ်ပေါ့ဗျာ။ ဟုတ်လား။ (မှန်ပါ့ဘုရား။) အဲ့တော့ ကိုယ်တော်တို့ကို ဒါဒီလိုပြောလိုက်တာ ကိုယ်တော်တို့ အကျဉ်းပြောတာလား၊ အကျယ်ပြောတာလား။ (အကျဉ်း။) အကျဉ်းပြောတာပေါ့ဗျာ။ ဆိုတော့ ဒါတွေက ကိုယ်တော်တို့ ဘယ်ပြီးတော့မလဲ။ ဟုတ်လား၊ ဟုတ်လားဗျ။ ကိုင်း၊ အဲ့လိုဆိုလို့ရှိရင် ကိုယ်တော်တို့ အခု သဟဇာတအငယ်ပြီးသွားစေသတည်း။ သဟဇာတအကြီးကို သွားကြဦးမယ်ပေါ့ဗျာ။ သဟဇာတအကြီးကို သွားမယ်ပေါ့။
ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (နဝမပိုင်း)
အဲ၊ ဒီကနေ့ ခုနက ပထမပိုင်းကတော့ဖြင့် သဟဇာတအငယ်။ အခု စာမျက်နှာကိုးက သဟဇာတအကြီးကို သွားမှာဖြစ်တယ်ပေါ့။ ဒီနေ့က ၁၃၇၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်ပေါ့။ ၂၀၁၁ ခု၊ စက်တင်ဘာလ ၂၂ ရက်၊ ကြာသပတေးနေ့။ ဒုတိယပိုင်းအနေနဲ့ စာမျက်နှာကိုးက "သဟဇာတအကြီး သုတ္တသင်္ချာ" တဲ့။ ကိုယ်တော်တို့ စာမျက်နှာ ၁၀ အတိုင်းပဲ သဟဇာတအကြီးလေးပါး၊ သဟဇာတအကြီးလေးပစ္စည်းဆိုတာ သိခဲ့ပြီမဟုတ်ဘူးလား။ (မှန်ပါ။) လည်ချောင်းထွက်အောင်တောင် အော်ခဲ့ပြီးပြီပဲ။ ဟုတ်လား။ (မှန်ပါ။) ကြည့်လိုက်လေ၊ လည်ချောင်းက ထွက်နေပြီ။ တွေ့လား၊ ဒီကလေး။ ဟုတ်လား။ (မှန်ပါ။)
ကိုင်း၊ ဒါကြောင့်မို့လို့ အဲ့၊ လိုက်ကြည့်မယ်။ "သဟဇာတ၊ နိဿယ၊ အတ္ထိ၊ အဝိဂတပစ္စည်း သုတ္တသင်္ချာ၌"။ ညာဘက်က၊ ချမ်း၊ ပစ္စုပ္ပန်အခြမ်းကို ကြည့်မယ်နော်။ "အချင်းချင်းအားလည်းကောင်း၊ အချင်းချင်းနာမ်မဲ့ခန္ဓာ၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်အားလည်းကောင်း တတ်သော"။ ဘယ်ဘက်ကိုသွားမယ်။ ပစ္စည်းဘက်ကိုသွားမယ်။ "အလုံးစုံသော ပဝတ္တိ၊ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာလေးပါး၊ အချင်းချင်းအားလည်းကောင်း၊ ဥပါဒါရုပ်အားလည်းကောင်း တတ်သော အလုံးစုံသော မဟာဘုတ်လေးပါး"။ တွေ့တယ်နော်။ (မှန်ပါ။) "အချင်းချင်းအားတတ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ၊ ဟဒယဝတ္ထု၊ ဤတရားတို့သည် သဟဇာတ၊ နိဿယ၊ အတ္ထိ၊ အဝိဂတပစ္စည်းတတ်သော တရားတော်မည်၏။ သင်္ချာနဝ၊ ပစ္စည်းလေးဟူသည်တည်း။"
"သင်္ချာနဝဟူသောကား၊ သင်္ချာနဝဟူသောအခါ" ဆိုတော့ အခု သဟဇာတအငယ် ၇ ပစ္စည်းထဲမှာ နောက်နှစ်ခုထည့်လိုက်မှာပေါ့ဗျ။ ဟုတ်လား။ နောက်တစ်ခုက တစ်ခု မြန်မြန်သိသွားအောင် စာမျက်နှာ ၁၀ ကိုသာ သွားလိုက်တော့။
ကုသလော အဗျာကတဿ၊ ဗျာကတော ဗျာကတဿ အထိ နှစ်ခုတိုးလိုက်မယ်။ ဟုတ်လားဗျ။ ကုသလဗျာက သုံးချက်၊ အကုသလဗျာက သုံးချက်၊ ဗျာကတပုဒ်က တစ်ချက်။ အငယ်အတိုင်းပဲလေ။ နောက်တိုးလာတဲ့ သင်္ချာနှစ်ချက်က ကုသလော စ အဗျာကတော စ ဓမ္မာ အဗျာကတဿ၊ အကုသလော စ အဗျာကတော စ ဓမ္မာ အဗျာကတဿ ဟူသည်။ "ပစ္စည်းလေးဟူသောကား သဟဇာတ၊ နိဿယ၊ အတ္ထိ၊ အဝိဂတဟူသည်တည်း။" ကိုင်း၊ ဒါ ကိုယ်တော်တို့ သုံးခေါက်ဟောကြည့်ရအောင်။ စွမ်းအောင်။ဒီဥစ္စာလေးကို ကိုယ်တော်တို့ သင်္ဂြိုဟ်နဲ့ နည်းနည်းတိုက်ကြည့်ရအောင်ပေါ့။ အဲ့တော့ အစဆုံးအနေနဲ့ အပိုင်းသုံးပိုင်းရှိလိမ့်မယ်။ "အချင်းချင်း သဟဇာတ၊ နိဿယ၊ အတ္ထိ၊ အဝိဂတပစ္စည်း သုတ္တသင်္ချာ၌"။ စာမျက်နှာကိုးမှာနော်။ "အချင်းချင်းအားလည်းကောင်း၊ နာမ်မဲ့ခန္ဓာ၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်အားလည်းကောင်း တတ်သော အလုံးစုံသော ပဝတ္တိ၊ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာလေးပါး။" ဒီဥစ္စာ ဘာပြောသလဲဆိုရင် ကိုယ်တော်တို့ သင်္ဂြိုဟ်ဆိုရင်
စိတ္တစေတသိကာ ဓမ္မာ အညမညံ။ အဲ့ဒါက "အချင်းချင်းအားတတ်သော အလုံးစုံသော ပဝတ္တိ၊ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ (၄) ပါး"။ နောက်ကျတော့မှ သဟဇာတရူပဉ္စ။ ဒါဆိုရင် ကိုယ်တော်တို့ ခုနက အလယ်၊ အဲ့ အစဆုံးအုပ်စုတစ်စု ပြီးသွားတာပဲ။ သဘောပေါက်တယ်နော်။ပြန်ပြောမယ်။ ပါဠိကနေပြီးတော့မှ ခုနက သုတ္တသင်္ချာဘက်ကို ပြန်သွားမယ်။
စိတ္တာစေတသိကာ ဓမ္မာ အညမညံ သဟဇာတရူပဉ္စ။ သူ့ရဲ့သုတ္တသင်္ချာ ဘာလဲဆိုရင် "အချင်းချင်းအားလည်းကောင်း၊ အချင်းချင်းနာမ်မဲ့ခန္ဓာ၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်အားလည်းကောင်း တတ်သော အလုံးစုံသော ပဝတ္တိ၊ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ (၄) ပါး"။ နောက်လာခဲ့။ မဟာဘူတာ အညမညံ ဥပါဒါရူပဉ္စ။ ဒါက အလယ်၊ အလယ်တစ်ချောင်းပေါ့။ "အချင်းချင်းအားလည်းကောင်း၊ ဥပါဒါရုပ်အားလည်းကောင်း တတ်သော အလုံးစုံသော မဟာဘုတ်လေးပါး"။ ဟုတ်လားဗျာ။ ပဋိသန္ဓိက္ခဏေ ဝတ္ထုနာမံ အညမညံ။ ဒီဥစ္စာကလေ "အချင်းချင်းအားတတ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ၊ ဟဒယဝတ္ထု"။ အဲ့သုံးခုပေါင်းလိုက်တဲ့အတွက်ကြောင့်လည်း အညမညံ တိဏိ လို့ ပါဠိတော်မှာ ဟောတယ်။ ပစ္စယာတိ လို့ ဆိုတာ အဲ့ဒီအလွှာသုံးခုကို ပြောတာ။ အကြောင်းသုံးချက်၊ အကြောင်းကြီးတယ်မဟုတ်လား။ (မှန်ပါ။)ပြောတာပဲ။ အဲ့ဒီ နံပါတ်တစ် ထိုးထားတာတော့ အဲ့ဒီအောက်မှာပါတဲ့အတိုင်းပဲ "ပစ္စယနိဒေသပါဠိနှင့် တွဲကြည့်" ပေါ့။ ပစ္စယနိဒေသလည်း ကျက်ထားခဲ့။ နက်ဖြန်ကျလို့ရှိရင် ပစ္စယနိဒေသရဲ့၊ ပစ္စယနိဒေသနဲ့ပဲ တစ်ခါတည်း တွဲကြည့်ရမှာ။ ဒါလေးလည်း တွဲကြည့်ရမှာပေါ့။ ဟုတ်လားဗျ။ အဲ့တော့ ဒီသုတ္တသင်္ချာတွေကို ကိုယ်တော်တို့ အခု ကျေအောင်ကျက်ခဲ့ကြရမယ်။ အဲ့ဒါ အခု တစ်ပါးချင်း၊ တစ်ပါးချင်း ပြန်ခိုင်းမှာ။ ဘာလို့လဲဆိုလို့ရှိရင် ဒီမှာ နည်းနည်းလေး အပြန်အလှန်ကျေးဇူးပြုတာတွေ ပါလာပြီ။ ဒါကြောင့်မို့လို့ အာရုံမျက်စိထဲမှာ ဒီသဟဇာတအကြီးလေးခုရဲ့ သုတ္တသင်္ချာနဲ့ သဟဇာတအလတ်လေးခုရဲ့ သုတ္တသင်္ချာ ငါးခုပေါ့။ သဟဇာတအကြီးလေးခုက တစ်ခု၊ သဟဇာတအလတ်လေးခုက လေးခု။ သဟဇာတအလတ်လေးခုက ကိုယ်တော်တို့ ဒီသဟဇာတအကြီးထဲက အကုန်လုံး ခွဲထွက်သွားတာပဲ။ ဘယ်ထဲက ခွဲထွက်သွားတာပဲ။ (သဟဇာတအကြီးထဲက ခွဲထွက်သွားတာပါ။) သဟဇာတအကြီးလေးခုထဲက ခွဲထွက်သွားတာကို တွေ့ရလိမ့်မယ်။ အဲ့တော့ ဒီဥစ္စာတွေက တစ်ခုတည်း၊ တစ်ခါတည်း ရအောင်ကျက်မှ ဖြစ်မှာ။
အခုတော့ နည်းနည်းလေး ရှေ့တိုးပြီးတော့ ပြောပြဦးမယ်။ အဲ့ဒီ စာမျက်နှာကိုးကိုပဲ ကြည့်ထား။ အဲ့တော့ အခု သင်္ချာအနေနဲ့က ဒီမှာ၊ အဲ့အောက်မှာလည်း တပည့်တော်တို့ ရှင်းချက်တွေပါတယ်ပေါ့။ "ဤသဟဇာတအကြီးသင်္ချာကိုးချက်တွင် ပိုလာသော နှစ်ချက်ကတော့" တဲ့၊ ခုနကပြောခဲ့တဲ့ နှစ်ချက်ပေါ့။ ဟုတ်လားဟေ့။ အဲ့ဒီမှာဆိုလို့ရှိရင် ဗျာဗျာမှာဆိုလို့ရှိရင်လည်းပဲတဲ့ "ပဋိသန္ဓေနှင့် ရုပ်သက်သက်တို့ ပိုထွက်လာပြန်တယ်" တဲ့။ ပဋိသန္ဓေအခါမှာဆိုလို့ရှိရင်
ခန္ဓာ ဝတ္ထုဿ၊ ဝတ္ထု ခန္ဓာနံ။ ခန္ဓာ ဝတ္ထုဿ၊ ဝတ္ထု ခန္ဓာနံ ဆိုတာက အောက်ဆုံးသုတ္တသင်္ချာလေ။ "အချင်းချင်းအားတတ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ၊ ဟဒယဝတ္ထု"။ အဲ့ဒါက၊ အဲ့ဒါက ခန္ဓာ ဝတ္ထုဿ၊ ဝတ္ထု ခန္ဓာနံ။ အဲ့ဒီက ဥစ္စာကို နည်းနည်းခွဲလိုက်ရအောင်ဗျ။ "အချင်းချင်းအားတတ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ၊ ဟဒယဝတ္ထု" ကို နည်းနည်းလေးခွဲပြီးတော့ ဆိုကြည့်မယ်။ ဒီအတိုင်းလေးဆိုရင် ပေါ်မှာမဟုတ်ဘူးနော်။ ဒါကြောင့် အဲ့ဒီက "ဟဒယဝတ္ထုအားတတ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ"။ "ပဋိသန္ဓေ နာမ်မဲ့ခန္ဓာအားတတ်သော ဟဒယဝတ္ထု"။ အောက်ဆုံး "အချင်းချင်းအားတတ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ၊ ဟဒယဝတ္ထု" ကို ခွဲရမှာ။ သိလားဟေ့။ (ခွဲရပါမယ်။) အဲ့ဒါကို နားမလည်ဘူးဆိုရင် ကိုယ်တော်တို့ သဘောပေါက်သူဆိုလို့ရှိရင်တော့လေ။ ဟုတ်လားဗျ။ ခွဲပုံစံလေး။ "ဟဒယဝတ္ထုအားတတ်သော ပဉ္စဝေါကာရ ပဋိသန္ဓေခန္ဓာ"။ နောက်က ဘာလည်း။ (ပဉ္စဝေါကာရ ပဋိသန္ဓေခန္ဓာအားတတ်သော ဟဒယဝတ္ထု။) ဟဒယဝတ္ထု။ တိုးထားမလားဟေ့။ အဲ့လိုလည်း တိုးထား။ အဲ့ဒီက အပြန်၊ အဲ့လိုခွဲထား။အဲ့တော့ အစဆုံးအနေနဲ့က "ဟဒယဝတ္ထုအားတတ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ" ဆိုတာက
ခန္ဓာ ဝတ္ထုဿ ရမှာပေါ့။ ဟုတ်လားဗျ။ "ပဉ္စဝေါကာရ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာအားတတ်သော ဟဒယဝတ္ထု" ဆိုတာက ဝတ္ထု ခန္ဓာနံ ရမှာပေါ့။ ဟုတ်လားဟေ့။ ကိုင်း၊ အဲ့လိုဖြစ်လိမ့်မယ်။ အဲ၊ ဟုတ်လား။ ဘယ်သူက ဘယ်လိုထွက်တယ်ဆိုတာကို အဲ့လိုသိထားကြရမယ်ပေါ့။ကဲ၊ ဒါကြောင့်မို့လို့ရေ၊ အဲ့ဒီမှာ စာမျက်နှာတစ်ဆယ့်သုံးမှာ ပါဠိတော်ဇယားကြီးရှိတယ်။ ကိုင်း၊ ပါဠိတော်ဇယားကြီးလည်း ချိတ်ဆွဲထားမယ်ပေါ့။ အဲ့ဒီပါဠိတော်ဇယားကြီး ချိတ်ဆွဲထားကြ။ သုတ္တသင်္ချာကနေပြီးကာကျတော့ ဒီတစ်ခု ပါဠိထွက်ပေါ်ပုံတွေ၊ အရကောက်ထွက်ပေါ်ပုံတွေ၊ ဟုတ်လားဗျ။ ဒီသုတ္တသင်္ချာနဲ့ပဲ အကုန်လုံးထုတ်နိုင်ရမယ်နော်။ ပါဠိတော်ကြီးကို တိတိကျကျဆိုတာတော့ သတိဆိုနည်းရမယ်ဆိုရင် အလုပ်မဖြစ်သေးဘူး။ ဒါ လမ်းမမှန်ကန်သေးဘူး။ ဒီသုတ္တသင်္ချာနဲ့ပဲ ပါဠိထုတ်ခြင်းကိစ္စ၊ အရကောက်ခြင်းကိစ္စတွေ ဖြစ်စေရမယ်။ ဟုတ်လားဟေ့။
ကိုင်း၊ ဒါကြောင့်မို့လို့ တစ်လွှာချင်း၊ တစ်လွှာချင်း၊ ဒီမှာတော့ ခုနစ်လွှာမဟုတ်တော့၊ ကိုးလွှာဖြစ်မှာ။ ဟုတ်လားဗျာ။ ခုနစ်လွှာကား မဟုတ်တော့၊ ဘာလို့ဗျ။ (ကိုးလွှာ။) ကိုးလွှာကား ဖြစ်ရလိမ့်မယ်။
ကိုင်း၊ ဒါကြောင့်မို့လို့ အခု တစ်လွှာချင်းစမယ်။ သုတ္တသင်္ချာကို ကြည့်မယ်။ အဆုံး၊ သုတ္တသင်္ချာက "အချင်းချင်းအားတတ်သော အလုံးစုံသော ပဝတ္တိ၊ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ ၄ ပါး"။ ဟုတ်လားဗျ။ အဲ့ဒီက ဥစ္စာကို "အချင်းချင်း" ဆိုတာကို အပိုင်းလေးပိုင်းပိုင်းမယ်။ အပိုင်း ဘယ်နှပိုင်းပိုင်းမှာလဲ။ နာမ်ကို လေးပိုင်းပိုင်းမယ်။ နာမ်ကို ဘယ်နှစ်ပိုင်းပိုင်းမယ်။ (လေးပိုင်းပိုင်း။) လေးပိုင်းပိုင်းမယ်။ အဲ့တော့ "ကုသိုလ်နာမ်မဲ့ခန္ဓာ၊ အချင်းချင်းအားတတ်သော အလုံးစုံသော ကုသိုလ်နာမ်မဲ့ခန္ဓာလေးပါး"။ ဟုတ်လားဗျ။ ကုသိုလ်၊ ကုသိုလ်အချင်းချင်းအားတတ်သော အလုံးစုံသော ကုသိုလ်နာမ်မဲ့ခန္ဓာ ၄ ပါး။ တွေ့လားဟေ့။ အဲ့တော့ ကြည့်ထားဟေ့။ "အချင်းချင်းအားတတ်သော၊ အချင်းချင်းအားတတ်သော အလုံးစုံသော ပဝတ္တိ၊ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ (၄) ပါး" ဆိုတာက စိတ်၊ စေတသိက် ၁၂၁ ခုတို့ ပေါင်းစုတာကို ပြောတာ။ ဘာကိုပြောတာပါလိမ့်။ (စိတ် ၁၂၁ ခု။) စိတ် ၁၂၁၊ စေတသိက် ၅၂ ကို ဘယ်လိုပြောသလဲဆိုရင် "အချင်းချင်းအားတတ်သော အလုံးစုံသော ပဝတ္တိ၊ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ (၄) ပါး"။
အဲ့ထဲမှာမှ တပည့်တော်တို့က ကုသိုလ်ကို ခွဲထုတ်လိုက်မယ်။ ကုသိုလ်နာမ်မဲ့ခန္ဓာအချင်းချင်း။ ပစ္စည်းကလည်း ကုသိုလ်၊ ပစ္စုပ္ပန်ကလည်း ကုသိုလ်။ တစ်လွှာထုတ်လိုက်မယ်။ တစ်လွှာခွဲထုတ်။ ဟုတ်လားဗျာ။ (တင်ပါ့။) ခွဲထုတ်လိုက်ပြီလားဟေ့။ ဒီလောက်ခွဲထုတ်ထားလိုက်။ နောက် အကုသိုလ်နာမ်မဲ့ခန္ဓာ။ ပစ္စည်းကလည်း အကုသိုလ်၊ ပစ္စုပ္ပန်ကလည်း အကုသိုလ်။ ဒါကို သုတ္တသင်္ချာလုပ်မယ်ဆိုရင် "အကုသိုလ်အချင်းချင်း နာမ်မဲ့ခန္ဓာအားတတ်သော အလုံးစုံသော အကုသိုလ်နာမ်မဲ့ခန္ဓာ (၄) ပါး"။ ဟုတ်လားဟေ့။ အဲ့လိုဆိုရမယ်။ အဲ့လို နှစ်လွှာဖြစ်ဖူးလားဟေ့။ (ဖြစ်ပါတယ်။) နှစ်လွှာဖြစ်သွားပြီ။
နောက်တစ်ခုလာခဲ့။ ဒါ ခပ်ကြမ်းကြမ်းလေး ပြောပြနေတာ။ နောက်တစ်လွှာလာခဲ့။ "ပဝတ္တိဝိပါက်၊ ကိရိယာနာမ်မဲ့ခန္ဓာအားတတ်သော"။ "ပဝတ္တိဝိပါက်၊ ကိရိယာ အဗျာကတနာမ်မဲ့ခန္ဓာအားတတ်သော အလုံးစုံသော ပဝတ္တိနာမ်မဲ့ခန္ဓာ (၄) ပါး" ပေါ့။ နာမ်မဲ့ခန္ဓာ၊ အဗျာကတနာမ်မဲ့ခန္ဓာ (၄) ပါး။ ဟုတ်လားဟေ့။ နောက် ပဋိသန္ဓေအခါပေါ့။ ဟုတ်လားဟေ့။ "ပဋိသန္ဓေအခါ အဗျာကတနာမ်မဲ့ခန္ဓာအချင်းချင်းအားတတ်သော အလုံးစုံသော ပဋိသန္ဓေနာမ်မဲ့ခန္ဓာ (၄) ပါး"။ ဒီလိုရှိမှာပေါ့။ ဟုတ်လားဟေ့။ အဲ့လိုခွဲထား။
အဲ့လိုခွဲထားပြီးပြီဆိုရင် ကိုင်း၊ သူ့ရဲ့သုတ္တသင်္ချာအတိုင်း၊ သူ့ရဲ့ပါဠိတော်အတိုင်း ဆင်မယ်။ သူ့ရဲ့ပါဠိတော်အတိုင်း ဆင်မယ်။ နားထောင်မယ်။ အာရုံပြုမယ်။ အဲ့ဒီက သုတ္တသင်္ချာကိုပဲ ကြည့်ထား။ ခုနကပြောခဲ့တဲ့ "ကုသိုလ်အချင်းချင်းအားတတ်သော အလုံးစုံသော ကုသိုလ်နာမ်မဲ့ခန္ဓာလေးပါး"။ ဟုတ်လားဟေ့။ အဲ့ဒါက
ကုသလော ကုသလဿ ဆိုတဲ့ သင်္ချာမရဘူးလား။ (ရပါတယ်။) ကုသလော ကုသလဿ ဆိုတဲ့ သင်္ချာရပြီ။ အဲ့တော့ ကုသိုလ်၊ အဲ့ဒီက ပစ္စည်းဘက်က "အလုံးစုံသော ကုသိုလ်နာမ်မဲ့ခန္ဓာ (၄) ပါး" တို့က အဲ့ဒီက ပစ္စုပ္ပန်ဘက်က ကုသိုလ်အချင်းချင်း ကျေးဇူးပြုတာမဟုတ်ဘူး။ ဟိုဘက်ကိုကျော်လိုက်။ စိတ္တဇရုပ်ကို ကျေးဇူးမပြုဘူးလား။ (ပြုပါတယ်။) စိတ္တဇရုပ်ကိုလည်း ကျေးဇူးပြုတယ်။ ဒါဆိုလို့ရှိရင် "အလုံးစုံသော ကုသိုလ်နာမ်မဲ့ခန္ဓာလေးပါး" တို့က ဟိုဘက်က စိတ္တဇရုပ်ကို ကျေးဇူးပြုတဲ့အခါမှာ ကုသလော... (ဗျာကတဿ။) ဗျာကတဿ ရမယ်။ ဘယ်လိုရမှာပါလိမ့်။ (ကုသလော ဗျာကတဿ။) ကုသလော ဗျာကတဿ ဆိုတဲ့ သင်္ချာကိုရမယ်။ သဘောပေါက်တယ်နော်။ (မှန်ပါ။)ကိုင်း၊ ဒါဆိုလို့ရှိရင် ခုနက ပစ္စည်းဘက်က "အလုံးစုံသော ကုသိုလ်နာမ်မဲ့ခန္ဓာ" တို့က ပစ္စုပ္ပန်ဘက်က "ကုသိုလ်နာမ်မဲ့ခန္ဓာအချင်းချင်း"၊ "နာမ်မဲ့ကုသိုလ်နာမ်မဲ့ခန္ဓာ" နဲ့ "စိတ္တဇရုပ်" ကို ကျေးဇူးပြုတဲ့အခါမှာ
ကုသလော ကုသလဿ အဗျာကတဿ ဆိုတဲ့ သင်္ချာရမယ်။ ဟုတ်လားဗျ။ ဒီတစ်ခုလေးကို "အချင်းချင်း" က ဟိုတုန်းက "အချင်းချင်း" ဆိုတဲ့ စကားလုံးမသုံးခဲ့ဘူးလေ။ ဘာဖြစ်လို့လဲဆိုရင် အပြန်အလှန်မရဘူး။ ဘာဖြစ်လို့ဆို ပစ္စည်းဘက်က၊ သူ့အငယ်တွေတုန်းကတော့ သဟဇာတပစ္စည်းဘက်က တရားကိုယ်မျှသာရတာလေ။ ဘာများရတာ။ (တရားကိုယ်မျှသာရတာ။) တရားကိုယ်မျှသာရတဲ့အတွက်ကြောင့်မို့လို့ပေါ့ဗျာ။ ဒါကြောင့်မို့လို့ သူတို့က အငယ်လို့လည်း ခေါ်ကြရတာ။ ဒီမှာတော့ဖြင့် ကုသိုလ်နာမ်မဲ့ခန္ဓာတွေ ပြည့်ဝမရဘူးလား။ (ရပါတယ်။) ရတယ်။ကိုင်း၊ ဒါကြောင့်မို့လို့ ကိုယ်တော်တို့ ခုနက အဲ့တော့ သူ့အတိုင်းပဲပြောမယ်ဆိုလို့ရှိရင် အခု ပါဠိတော်အသွားအတိုင်းပြောမယ်ဆိုလို့ရှိရင် ပစ္စည်းဘက်က "အလုံးစုံသော၊ အလုံးစုံသော ကုသိုလ်နာမ်မဲ့ခန္ဓာလေးပါး" တို့သည် ပစ္စုပ္ပန်ဘက်က "အလုံးစုံသော ကုသိုလ်နာမ်မဲ့ခန္ဓာ" တို့အား ကျေးဇူးပြုပါသည်။ ဒီလိုဆိုရမယ်။ သဘောပေါက်တယ်နော်။ ဒါကို ပါဠိစီမယ်ဆိုလို့ရှိရင်
ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ အချင်းချင်းဆိုတော့ ကိုယ်တော်တို့ရေ၊ နာမ်မဲ့ခန္ဓာ (၄) ပါးတို့က အပြန်အလှန် ပစ္စည်း၊ ပစ္စုပ္ပန်ဖြစ်ထိုက်တယ်။ ဒါကြောင့် ကိုယ်တော်တို့ ကြည့်မယ်၊ ကြည့်မယ်၊ ကြည့်မယ်။ အဲ့ဒီဥစ္စာ၊ ဒီပါဠိတော်ကြည့်မယ်။ ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ အဲ့တော့ ခုနက ဒီမှာ ပါဠိတော်ဇယားကြီးမှာဆိုလို့ရှိရင် ကုသလော ဆိုပြီးတော့ တစ်ခုဘက်က သုံးနဲ့တွဲမှာ။ ဟုတ်လားဗျာ။ သုံးနဲ့တစ်နဲ့တွဲမယ်။ နှစ်နဲ့နှစ်နဲ့တွဲမယ်။ ပစ္စည်းနဲ့ပစ္စုပ္ပန်တွဲမယ်။ ဒါကိုကြည့်မယ်။ ကုသလော ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ သဟဇာတပစ္စယေန ပစ္စယော။ ဆိုကြည့်စမ်းပါဦး။ ကုသလော... (ကုသလော ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ သဟဇာတပစ္စယေန ပစ္စယော။) ပြန်ဆိုကြည့်စမ်းပါ။ (ကုသလော ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ သဟဇာတပစ္စယေန ပစ္စယော။) ပြန်ဆိုကြည့်စမ်းပါ။ (ကုသလော ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ သဟဇာတပစ္စယေန ပစ္စယော။)နာမ်မဲ့ခန္ဓာတစ်ပါးကနေပြီးတော့ ပစ္စည်းဖြစ်ရင်တဲ့ ကျန်ခန္ဓာသုံးပါးတို့အားက ဘာလဲ။ (ပစ္စုပ္ပန်တို့အား။) ပစ္စုပ္ပန်တို့အား ကျေးဇူးပြုတယ်။ ဒါကိုပြောတာ။ နောက်တစ်ခုလာခဲ့။ သုံးကနေ တစ်ကိုကျေးဇူးပြုမယ်။ `တယော
ဟုတ်ကဲ့ပါ၊ ရပ်တန့်သွားခဲ့သောနေရာမှ ဆက်လက်၍ စစ်ဆေးတည်းဖြတ်ပေးလိုက်ပါသည်။
ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (နဝမပိုင်း အဆက်)
...သုံးကနေ တစ်ကိုကျေးဇူးပြုမယ်။
တယော ခန္ဓာ ဧကဿ ခန္ဓဿ သဟဇာတပစ္စယေန ပစ္စယော။ တယော ခန္ဓာ... (ဧကဿ ခန္ဓဿ။) ပြောတယ်၊ တယော ခန္ဓာ ဆိုလေ။ (တယော ခန္ဓာ ဧကဿ ခန္ဓဿ သဟဇာတပစ္စယေန ပစ္စယော။) ဒါ ကုသိုလ်နာမ်မဲ့ခန္ဓာသုံးပါးတို့က ပစ္စည်းဖြစ်တဲ့အခါမှာ ကျန်နာမ်မဲ့ခန္ဓာတစ်ပါးအားဖြင့်... (ပစ္စုပ္ပန်တရားအား။) ပစ္စုပ္ပန်တရားအား ကျေးဇူးပြုမယ်။ နောက်တစ်ခုလာခဲ့။ နှစ်ကနေ နှစ်ကိုကျေးဇူးပြုမယ်။ နာမ်မဲ့ခန္ဓာ (၄) ပါးကိုလေ။ ဒွေ ခန္ဓာ ဒွေန္နံ ခန္ဓာနံ သဟဇာတပစ္စယေန ပစ္စယော။ ဆိုကြည့်ရအောင်။ (ဒွေ ခန္ဓာ ဒွေန္နံ ခန္ဓာနံ သဟဇာတပစ္စယေန ပစ္စယော။)ပြန်ဆိုပြမယ်။
ကုသလော ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ သဟဇာတပစ္စယေန ပစ္စယော။ တယော ခန္ဓာ ဧကဿ ခန္ဓဿ သဟဇာတပစ္စယေန ပစ္စယော။ ဒွေ ခန္ဓာ ဒွေန္နံ ခန္ဓာနံ သဟဇာတပစ္စယေန ပစ္စယော။ ကိုင်း၊ အဲ့ဒါလေးကို ဆိုကြည့်စမ်းပါဦးဗျာ။ သုံးခေါက်ဆိုမယ်။အဲ့ဒီ
ကုသလော ကုသလဿ ကတော့ ကုသိုလ်နာမ်မဲ့ခန္ဓာတွေကနေပြီးတော့ ကုသိုလ်နာမ်မဲ့ခန္ဓာထဲက အပြန်အလှန်ကျေးဇူးပြုတာလို့ ဒီလိုအဓိပ္ပာယ်ရတယ်။ နောက် ကုဗျာ ကတော့ ကိုယ် သုတ္တသင်္ချာကို ကြည့်လိုက်။ ပစ္စည်းဘက်က ကုသိုလ်နာမ်မဲ့ခန္ဓာတို့က ဟိုဘက်က စိတ္တဇရုပ်ကို ကျေးဇူးပြုတဲ့အခါမှာ ကုသလော ဗျာကတဿ ဖြစ်တာ။ ဒါကို ပါဠိစီကြမယ်ဆိုရင် ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ကုသလာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ ကိုင်း၊ ဒါကိုလည်း ဆိုကြည့်ရအောင်။ ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ သုံးခေါက်ဆိုမယ်။အဲ့တော့ အခု အထက်က ခုနက သုတ္တသင်္ချာကို ကြည့်မယ်ဆိုရင် ကုသိုလ်နာမ်မဲ့ခန္ဓာ၊ ကုသိုလ်နာမ်မဲ့ခန္ဓာလေးပါးတွေကနေပြီးတော့ အချင်းချင်းကုသိုလ်နာမ်မဲ့ခန္ဓာတို့ကိုလည်း ကျေးဇူးပြုတယ်။ ဟိုဘက်က စိတ္တဇရုပ်ကိုလည်း ကျေးဇူးပြုလိုက်တဲ့အခါမှာ နံပါတ်သုံးသင်္ချာဖြစ်လာတယ်။
ကုသလော ကုသလဿ အဗျာကတဿ သင်္ချာဖြစ်လာတယ်။ ဒါကြောင့်မို့လို့ ကုသလော ဓမ္မော ကုသလဿ စ အဗျာကတဿ စ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ကုသလော ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ တယော ခန္ဓာ ဧကဿ ခန္ဓဿ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ ဒွေ ခန္ဓာ ဒွေန္နံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ ကိုင်း၊ ဒါကြောင့်မို့လို့ သုံးခေါက်ဟောကြည့်ရအောင်ပေါ့ဗျာ။ ဆိုရအောင်။အကုသလသုံးချက်ကလည်း အဲ့လိုပဲ။ အခုတော့ရဲ့ သုတ္တသင်္ချာထဲမှာ "အလုံးစုံသော အကုသိုလ် ပဝတ္တိနာမ်မဲ့ခန္ဓာလေးပါး"။ ဒီကုသိုလ်တွေ၊ အကုသိုလ်တွေက ကိုယ်တော်တို့ ပဋိသန္ဓေရယ်လို့ မရှိဘူးဗျနော်။ ပဋိသန္ဓေစိတ် ရှိရဲ့လား။ (မရှိပါဘူး။) မရှိဘူးနော်။ ပဋိသန္ဓေစိတ်၊ ဝိပါက်စိတ်ဆိုတာတွေထဲက၊ အေး၊ ပဋိသန္ဓေဆိုတာက ဘာစိတ်ပဲရှိတာပါလိမ့်။ (ပဋိသန္ဓေစိတ်။) ဝိပါက်စိတ်ပဲရှိတာ။ ဒါကြောင့်မို့လို့ "အလုံးစုံသော အကုသိုလ်နာမ်မဲ့ခန္ဓာ" တို့က ဟိုဘက်က "အချင်းချင်း အကုသိုလ်နာမ်မဲ့ခန္ဓာ" ကိုလည်း ကျေးဇူးပြုတဲ့အခါမှာ
အကုသလော အကုသလဿ ဖြစ်မယ်။ အဲ့ဒီ "အလုံးစုံသော အကုသိုလ်နာမ်မဲ့ခန္ဓာ (၄) ပါး" တို့က ဟိုဘက်က စိတ္တဇရုပ်ကို ကျေးဇူးပြုတဲ့အခါမှာ အကုသလော အဗျာကတဿ ကျေးဇူးပြုမယ်။ အဲ့ဒီ "အကုသိုလ်နာမ်မဲ့ခန္ဓာ (၄) ပါး" တို့က "အချင်းချင်း အကုသိုလ်နာမ်မဲ့ခန္ဓာ (၄) ပါး" နဲ့ "စိတ္တဇရုပ်" ကို ကျေးဇူးပြုတဲ့အခါမှာ အကုသလော အကုသလဿ အဗျာကတဿ ဆိုတဲ့ ဒီသင်္ချာကို ရမှာပေါ့ဗျာ။ ကုသိုလ်လိုပဲပေါ့။ ဟုတ်လား။ ကိုင်း၊ ဒါကြောင့် အဲ့ဒီက သုံးချက်လည်းပဲ တစ်ခေါက်လောက် ဟောကြည့်ရအောင်။ ခုနက ကုသလဓု၊ အကုသလဓု ကျကျနန ဟောကြည့်ရအောင်။အဲ့တော့ တပည့်တော်တို့ အခု သုတ္တသင်္ချာကို ကြည့်မယ်ဆိုရင် "အလုံးစုံသော ဝိပါက်၊ ကိရိယာ နာမ်မဲ့ခန္ဓာ (၄) ပါး" တို့က အဲ့ဒီ အချင်းချင်းကိုလည်း ကျေးဇူးပြုမယ်၊ ဟိုဘက်က စိတ္တဇရုပ်ကိုလည်း ကျေးဇူးပြုတဲ့အခါမှာ ပဝတ္တိအခါဖြစ်လာတယ်။ ဟုတ်လားဗျာ။ အဲ့တော့ "အလုံးစုံသော ဝိပါက် ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ (၄) ပါး" တို့က ဟိုဘက်က အချင်းချင်းနဲ့ ပဋိသန္ဓေကမ္မဇရုပ်ကို ကျေးဇူးပြုတဲ့အခါမှာ ပဋိသန္ဓေအခါဖြစ်လာတယ်။ ဟုတ်လားဟေ့။ (မှန်ပါ။) အဲ့ဒီ ပဋိသန္ဓေအခါဖြစ်လာတယ်။
နောက် အောက်ဆုံးပဲ သုတ္တသင်္ချာလေးက "အချင်းချင်းအားတတ်သော" ဆိုတဲ့နေရာလေးက ခုနကလည်း "ဟဒယဝတ္ထုအားတတ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ" က
ခန္ဓာ ဝတ္ထုဿ ဖြစ်လာတယ်။ "ပဉ္စဝေါကာရ ပဋိသန္ဓေခန္ဓာအားတတ်သော ဟဒယဝတ္ထု" က ဝတ္ထု ခန္ဓာနံ ဆိုတာ ဖြစ်လာတယ်။ ဒီလိုလေး သိထားရပေါ့။ အဲ့တော့ အောက်ဆုံးသုတ္တသင်္ချာလေးကတော့ အောက်ဆုံး ခုနက ခန္ဓာ ဝတ္ထုဿ နဲ့ ဝတ္ထု ခန္ဓာနံ က ရလာတယ်လို့ ဒီလိုသဘောပေါက်ပါ။ ဟုတ်လားဟေ့။ဒါကြောင့်မို့လို့ ရုပ်သက်သက်ကတော့ နောက်မှပြောဦးမယ်။ ခုလို အဲ့ဒီလောက်ပဲ။ ပဝတ္တိနဲ့ ပဋိသန္ဓေ။ ဗျာဗျာက အပိုင်းသုံးပိုင်းရှိတယ်။ အဲ့နှစ်ပိုင်းကို ဆိုကြည့်မယ်။
ဗျာကတော ဓမ္မော ဗျာကတဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ဝိပါကဗျာကတော စ ကိရိယာဗျာကတော စ ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ တယော ခန္ဓာ ဧကဿ ခန္ဓဿ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ ဒွေ ခန္ဓာ ဒွေန္နံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ ဝိပါကဗျာကတော ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ ကတတ္တာ စ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ တယော ခန္ဓာ ဧကဿ ခန္ဓဿ ကတတ္တာ စ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ ဒွေ ခန္ဓာ ဒွေန္နံ ခန္ဓာနံ ကတတ္တာ စ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။အဲ့ဒါ ခုနက ပြောလိုက်ပြီးတော့ သဘောပေါက်ပြီနော်။
ခန္ဓာ ဝတ္ထုဿ၊ ဝတ္ထု ခန္ဓာနံ ဘယ်ကရတာ၊ ဘယ်သုတ္တသင်္ချာကရတာ။ (ခန္ဓာ ဝတ္ထုဿ။) ခန္ဓာ ဝတ္ထုဿ လေး ပြောကြည့်စမ်းပါဦး။ ခန္ဓာ ဝတ္ထုဿ က ဘယ်ဘက်သုတ္တသင်္ချာက။ (ဝတ္ထုဿ။) ခန္ဓာ ဝတ္ထုဿ ခန္ဓာက... (ဝတ္ထု ခန္ဓာနံ က။) ဝိညာဏက္ခန္ဓာ။ ဪ၊ အဲ့လိုလေး သဘောပေါက်ရမယ်။ ဒါကြောင့်မို့လို့ ခန္ဓာ ဝတ္ထုဿ သဟဇာတပစ္စယေန ပစ္စယော။ ဝတ္ထု ခန္ဓာနံ သဟဇာတပစ္စယေန ပစ္စယော။ ဒီပါဠိတော်ကြီးက ကိုယ်တော်တို့ ဒီမှာ၊ ဒီဒီပိဋကတ်တော်ကြီးထဲတော့ ရေးထားတယ်ပေါ့။ အခု ပါဠိတော်စာမျက်နှာ ၁၃၉ မှာရှိတာ။ အရကောက်ကတော့ ၄၀ နဲ့မှာရှိတာ။ ၄၆၊ ၄၇ မှာ ကိုယ်တော်တို့ အဲ့ဒီ ကျေးဇူးပြုပုံတွေရော ကိုယ်တော်တို့ သေသေချာချာဖတ်ခဲ့။ တကယ်သဘောပေါက်စရာကောင်းတယ်။ ကိုင်း၊ ဒါကြောင့်မို့လို့ အဲ့ဒီက အဗျာကတော ဗျာကတဿ ကို ပဋိသန္ဓေနဲ့ ပဝတ္တိ၊ ပဝတ္တိနဲ့ ပဋိသန္ဓေ ခေါ်ကြည့်ရအောင်။ ရုပ်သက်သက်ကို ဆက်သွားရအောင်နော်။ ကဲ၊ ဆိုရအောင်။အဲ့ ရုပ်သက်သက်အတွက် ကိုယ်တော်တို့ အဲ့ဒီမှာ သုတ္တသင်္ချာကြည့်ဦးမယ်။ "အချင်းချင်းအားတတ်သော အလုံးစုံသော မဟာဘုတ်လေးပါး"။ ဒါလေးကို စပြောရအောင်ပေါ့။ မဟာဘုတ်လေးပါးပေါ့။ အဲ့ဒီက မဟာဘုတ်ကိုပဲ ကိုယ်တော်တို့ အဲ့ဒီ စာမျက်နှာကိုးရဲ့ ဟိုအောက်ကြည့်လိုက်။ ရုပ်သက်သက်မှာဆိုလို့ရှိရင်တော့ မဟာဘုတ်ကို ခုနစ်မျိုးခွဲရမယ်။ ဘယ်နှမျိုးခွဲမှာပါလိမ့်။ (ခုနစ်မျိုး။) အဲ၊ ဘုရားရှင်ကိုယ်တော်မြတ်ကတော့ ဒီမှာ ရုပ်သက်သက်ကို ဒီလိုနေရာတွေ၊ အခု ပစ္စယနိဒေသမှာ၊ ပစ္စယနိဒေသတို့မှာလည်းပဲ ကိုယ်တော်တို့ ခုနစ်မျိုးအနေနဲ့ ဟောမှာဖြစ်တယ်။ အဲ့ဒါက ဆဝါရမှာလည်းပေါ့။ အဲ့ဒီ ဤနေရာမှာဆိုလို့ရှိရင် "ရုပ်အားလုံးကိုပေါင်း၍ မဟာဘုတ်ခုနစ်မျိုးအဖြစ်ဖြင့် ဟောပါတယ်" တဲ့။ အဲ့တော့ အဲ့မှာက ခုနစ်မျိုးက ဘာလဲဆိုလို့ရှိရင်... အဲ၊ မဟာဘုတ်ခုနစ်မျိုးဟူသော်ကား "စိတ္တဇမဟာဘုတ်၊ ပဋိသန္ဓေကမ္မဇမဟာဘုတ်၊ ဗာဟိရမဟာဘုတ်၊ အာဟာရဇမဟာဘုတ်၊ ဥတုဇမဟာဘုတ်၊ အသညသတ်ကမ္မဇမဟာဘုတ်၊ ပဝတ္တိကမ္မဇမဟာဘုတ်တို့ ဖြစ်ပါသည်။" ကိုင်း၊ ဒါလေးကို "မဟာဘုတ် ၇ မျိုးဟူသော်ကား" အော်ကြည့်ရအောင်ဗျ။
အဲ့တော့ ကိုယ်တော်တို့ ဒီခုနစ်ပါးခွဲတယ်ဆိုတာ ကိုယ်တော်တို့ အရင်တုန်းက တွေ့ဖူးပြီလား။ မတွေ့ဖူးသေးဘူးလား။ (မတွေ့ဖူးသေးပါဘူး။) တွေ့ဖူးလား၊ မတွေ့ဖူး။ (မတွေ့ဖူးသေးဘူး။) မတွေ့ဖူးသေးဘူး။ (မတွေ့ဖူးသေးပါဘူးတဲ့။) ဒါ ရိုးရိုးသားသားပဲ ပြောလိုက်တယ်။ ဟုတ်လားဗျ။ တွေ့ဖူးသလား၊ မတွေ့ဘူးလားဗျ။ (တွေ့ဖူးပါတယ်။) အဲ၊ မတွေ့ဖူးသေးဘူး။ မေ့သွားတာကိုးဗျို့။ မူလယမိုက်မှာလေ။ ဟုတ်လားဗျို့။ မူလယမိုက်မှာ ဗျာကတမှာ မပါဘူးလား။ (ပါပါတယ်။) ဪ၊ ဘုန်းကြီး အဲ့ဒီက ဥစ္စာ ကျန်ရစ်ခဲ့ပြီး၊ ပြောကုန်၊ မပြောတော့နဲ့ဘုရား။ အကုန်လုံး နောက်ကျန်ခဲ့ပြီ။ ဟုတ်လား။ ဒါတွေ ပါပြီးသား အရှင်ဘုရားတို့ရဲ့။ ဟုတ်လားဗျ။ ဒါတွေက အခု မမှတ်မိတော့လည်းပဲ အခု အသစ်၊ အသစ်တွေဖြစ်လာတာ။ ဟုတ်လားဟေ့။ ကိုင်း၊ တော့လည်းပဲ မေးလောက်ပြီပေါ့ဗျာ။ ဟုတ်လားဗျာ။
ကိုင်း၊ တစ်ယောက်က ဒုက္ခကြည့်မယ်။ အဲ့ဒီ ၇ ပါးထဲက အခု စိတ္တဇမဟာဘုတ်နဲ့ ပဋိသန္ဓေကမ္မဇမဟာဘုတ်ကို တစ်ချက်ဟောမှာ။ စိတ္တဇမဟာဘုတ်နဲ့ ဘာပါလိမ့်။ (ပဋိသန္ဓေကမ္မဇမဟာဘုတ်။) မဟာဘုတ်ကို တစ်ချက်ဟောမယ်။ ဗာဟိရမဟာဘုတ်၊ အာဟာရဇမဟာဘုတ်၊ ဥတုဇမဟာဘုတ်ကိုဖြင့် တစ်ချက်စီ၊ တစ်ချက်စီပဲ ဟောမယ်။ သုံးခုဆိုတော့ သုံးချက်ဟောမယ်ပေါ့။ ဟုတ်လားဗျာ။ နောက် အသညသတ်ကမ္မဇမဟာဘုတ်နဲ့ ပဝတ္တိကမ္မဇမဟာဘုတ်ကို တစ်ချက်ဟောမယ်။ ဒါဆိုလို့ရှိရင် အစနှစ်ချက်က တစ်ချက်ဟောမယ်။ အဆုံးနှစ်ချက်ကလည်းပဲ တစ်ချက်ဟောမယ်။ အလယ်သုံးခုက... (သုံးချက်။) သုံးချက်ဟောမယ်ဆိုလို့ရှိရင် ဘယ်နှစ်ချက်ဟောမှာလဲ။ (၅ ချက်။) ၅ ချက်ဟောမယ်။
ကိုင်း၊ ဒါကြောင့်မို့လို့ အခု ရုပ်သက်သက်ကို ကြည့်မယ်။ ကိုယ်တော်တို့ ၁၊ ၃၊ ၃၊ ၁ ဆိုလို့ရှိရင် ကိုယ်တော်တို့ ဒီမှာ ၃၊ ၁ ဆိုတော့ ဘာမှမသိမှ မဟုတ်တော့ဘူး။ ဟုတ်လားဗျ။ ဟမ်။ အဲ့ဒါကြောင့်မို့လို့ ကြိုတင်ကျက်ခဲ့လို့ ပြောတာဗျ။ ဟုတ်လားဗျ။ ကြည့်မယ်။ ရုပ်သက်သက်ကို ဟောမယ်။
ဧကော မဟာဘူတော တိဏ္ဏန္နံ မဟာဘူတာနံ သဟဇာတပစ္စယေန ပစ္စယော။ တယော မဟာဘူတာ ဧကဿ မဟာဘူတဿ သဟဇာတပစ္စယေန ပစ္စယော။ ဒွေ မဟာဘူတာ ဒွေန္နံ မဟာဘူတာနံ သဟဇာတပစ္စယေန ပစ္စယော။ မဟာဘူတာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ၊ ကတတ္တာ စ ရူပါနံ၊ ဥပါဒါရူပါနံ သဟဇာတပစ္စယေန ပစ္စယော။အဲ့ဒီက ဥစ္စာဟာ ကိုယ်တော်တို့ တစ်ခု မသိတဲ့ပုဂ္ဂိုလ်တွေက ဒီမှာ တစ်ဆိုတာ
ဧကော မဟာဘူတော။ ဒီဘက်က သုံးက တိဏ္ဏန္နံ မဟာဘူတာနံ လို့ ထားရမှာပေါ့ဗျာ။ ဒီလို ကိုယ် လိုက်ပြောရတာပေါ့။ ကိုယ်တော်တို့ အသစ်သမားတွေက မသိတော့လည်းပဲ ဒီသုံးကို ဘယ်လိုဆိုမှာလဲ။ (တယော မဟာဘူတာ ဧကဿ မဟာဘူတဿ သဟဇာတပစ္စယေန ပစ္စယော။) နှစ်က ဒွေ မဟာဘူတာ ဒွေန္နံ မဟာဘူတာနံ သဟဇာတပစ္စယေန ပစ္စယော။ မဟာဘူတာ ဒါတွေက သိပြီပေါ့။ ဟုတ်လားဗျာ။အဲ့ဒီက ခုနက တစ်ကနေ သုံး၊ သုံးကနေ တစ်၊ နှစ်ကနေ နှစ်ဆိုတာက မဟာဘုတ်လေးပါးတို့ အပြန်အလှန်ကျေးဇူးပြုတာကို ပြောတာ။ ဒီ
မဟာဘူတာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ၊ ကတတ္တာ စ ရူပါနံ ဆိုတာက မဟာဘုတ် ၄ ပါးတို့က စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဆိုတာက စိတ္တဇဥပါဒါရုပ်။ နောက် ကတတ္တာ စ ရူပါနံ က ပဋိသန္ဓေကမ္မဇဥပါဒါရုပ်ကို ကျေးဇူးပြုတာမဟုတ်လား။ ဥပါဒါရူပါနံ ကတော့ ဒီနှစ်ခုကြီး နောက်၌ရှိသော။ ယှဉ်လိုက်၊ ပေါင်းလိုက်သလိုပဲ။ စိတ္တဇမဟာဘုတ်လေးပါးတို့က စိတ္တဇဥပါဒါရုပ်ကို ကျေးဇူးပြုတယ်။ မဟာဘုတ်လေးပါးတို့က ပဋိသန္ဓေကမ္မဇမဟာဘုတ်ဆိုတဲ့ ကတတ္တာရုပ်ကို ကျေးဇူးပြုတယ်။ ကတတ္တာဥပါဒါရုပ်ကို ကျေးဇူးပြုတယ်။ ဒီလိုအဓိပ္ပာယ်ရှိတာ။ ဟုတ်လားဟေ့။ ဒီလိုအဓိပ္ပာယ်ရှိတာ။နောက် ဗာဟိရနဲ့ ထိုနည်းလည်းကောင်းပဲပေါ့ဗျာ။ ဗာဟိရလို့ ခေါင်းစည်းလေးတက်ပြီးတော့ ဆိုလိုက်တာပဲ။ ဒါကတော့ ဗာဟိရရုပ်ကို ဟောတာပြောလို့ သိအောင်လို့ မလိုဘူး။
ဗာဟိရမဟာဘူတာ တိဏ္ဏန္နံ မဟာဘူတာနံ သဟဇာတပစ္စယေန ပစ္စယော။ တယော မဟာဘူတာ ဧကဿ မဟာဘူတဿ သဟဇာတပစ္စယေန ပစ္စယော။ ဒွေ မဟာဘူတာ ဒွေန္နံ မဟာဘူတာနံ သဟဇာတပစ္စယေန ပစ္စယော။ မဟာဘူတာ ဥပါဒါရူပါနံ တဲ့။ ဟုတ်လားဗျာ။ နောက် အာဟာရသမုဋ္ဌာနာ ဧကော မဟာဘူတော တိဏ္ဏန္နံ မဟာဘူတာနံ စသည်ဖြင့် သွားမယ်။ ဥတုသမုဋ္ဌာနာ ဧကော မဟာဘူတော တိဏ္ဏန္နံ မဟာဘူတာနံ လို့။ ဒီသုံးချက်လည်း သုံးချက်၊ တစ်ချက်သွား။ အသညသတ္တာနံ ဧကော မဟာဘူတော တိဏ္ဏန္နံ မဟာဘူတာနံ သဟဇာတပစ္စယေန ပစ္စယော လို့ သွားပြီးပြီဆိုလို့ရှိရင်၊ သုံးခုသွားပြီးပြီဆိုလို့ရှိရင် မဟာဘူတာ ကတတ္တာ စ ရူပါနံ ဥပါဒါရူပါနံ သဟဇာတပစ္စယေန ပစ္စယော လို့ သွားမယ်။ ကိုင်း၊ ဒါကြောင့်မို့လို့ ရုပ်သက်သက်ကို စတင်နည်းနည်းလေး ဟောကြည့်ရအောင်ဗျ။ အချိန်နောက်ကျတော့ ကိုယ်တော်တို့ရေ၊ ဒါတွေက ဆိုရမှာပဲ။ ဆိုရအောင်။ ဧကော မဟာဘူတော...(တရားတော်လာ ပါဠိတော်များ ရွတ်ဆိုခြင်း)
...အဲ့တော့ ရုပ်သက်သက်ပြီးသွားရောပေါ့။ နောက် ဒီတိုးလာတဲ့ ခုက၊ ဒီမှာ အခု အနုဝါဒပါဠိတော်ကြည့်မယ်ဆိုလို့ရှိရင် ကိုယ်တော်တို့ ဒီမှာ ဘယ်သူကနေ ဘယ်သူ့ကို ကျေးဇူးပြုတာဆိုတာ အထူးလှန်ကို ရှင်းပြစရာမလိုလောက်အောင် ရှင်းတယ်ပေါ့။
ကုသလော စ အဗျာကတော စ ဓမ္မာ အဗျာကတဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ကုသလာ ခန္ဓာ စ မဟာဘူတာ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ အကုသလော စ အဗျာကတော စ ဓမ္မာ အဗျာကတဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ အကုသလာ ခန္ဓာ စ မဟာဘူတာ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ဒီဝိတိပါဠိတော်မှာဖြင့်
ကုသလော စ အဗျာကတော စ ဓမ္မာ အဗျာကတဿ ဓမ္မဿ လို့ ကုသိုလ်၊ အဗျာကတ၊ အဗျာကတကို ကျေးဇူးပြုတယ်တဲ့။ ဒါက ဟိုဘက်ကတော့ အနုဝါဒပါဠိတော်ဆိုတာက ဒါက သရုပ်ထုတ်ပြလိုက်တဲ့သဘောပေါ့။ ကုသလာ ခန္ဓာ စ မဟာဘူတာ စ ကုသိုလ်နာမ်မဲ့ခန္ဓာတို့နဲ့ မဟာဘုတ်ပေါင်းပြီးတော့ စိတ္တဇရုပ်ကို ကျေးဇူးပြုတာပါတဲ့။ ဘာကိုကျေးဇူးပြုတာပါ။ (စိတ္တဇရုပ်ကို ကျေးဇူးပြုတာပါ။) ဘယ်သူနဲ့ ဘယ်သူပေါင်းပြီးတော့။ (ကုသိုလ်နဲ့ပေါင်းပြီး။) ကုသိုလ်မဟာဘုတ်နဲ့ ကုသိုလ်ခန္ဓာ။ ကုသိုလ်ခန္ဓာနဲ့... (မဟာဘုတ်ပါ။) မဟာဘုတ်တို့ပေါင်းပြီးတော့ ဘယ်သူ့ကို ကျေးဇူးပြုတယ်။ (စိတ္တဇရုပ်။) စိတ္တဇရုပ်ကို ကျေးဇူးပြုတယ်တဲ့။ နောက် အကုသိုလ်ကလည်း ဒီအတိုင်းပဲပေါ့ဗျာ။ အကုသလာ ခန္ဓာ စ၊ မဟာဘူတာ စ။ အေး၊ ဆိုတော့ အဲ့တော့ အကုသလော စ အဗျာကတော စ ဓမ္မာ အဗျာကတဿ အနေနဲ့ကလည်းပဲ ဒါက ပုံကြမ်းလေး ဝိတိအနေနဲ့ ဟောလိုက်တာ။ ဒါ အကုသိုလ်နာမ်မဲ့ခန္ဓာတို့နဲ့ မဟာဘုတ်ပေါင်းပြီးတော့ ဒီဘက်က ဘယ်သူ့ကို ကျေးဇူးပြုတာတဲ့။ (စိတ္တဇရုပ်ကို။) စိတ္တဇရုပ်ကို ကျေးဇူးပြုတာတဲ့။ အဲ့သလိုရှိတယ်ပေါ့။ ကိုင်း၊ ဒါကြောင့်မို့လို့ ဒီနှစ်ခုလည်းပဲ ကုသလော စ ကိုလည်း တစ်ခေါက်ဟောကြည့်စမ်းပါဦးဗျ။အဲ့တော့ ဒီကိုယ်တော်တို့ရဲ့ စာအုပ်စာမျက်နှာ ၁၁ ရဲ့ ဟိုအောက်နားမှာပေါ့၊ ဒီအောက်နားမှာ လင်္ကာလေးတွေရှိတယ်ပေါ့။ "သင်္ချာမြင်လျှင် အစိတ်စိတ်၊ ခန္ဓာမြင်လျှင် အစိတ်အပေါင်း၊ ရုပ်ပေါင်း စိတ်ပေါင်း ဆိုကုန်လော့" ဆိုတာ။ အဲ့တော့ ကိုယ်တော်တို့ မြင်မယ်၊ "အစိတ်စိတ်၊ အစိတ်အပေါင်း" ဆိုတာလည်း ရှိတယ်ပေါ့။ သင်္ချာမြင်မယ်ဆိုရင်တော့ အစိတ်စိတ်ပဲပေါ့။ ဒါ အကျဉ်းချုပ်ပုံသေပဲ။ သင်္ချာမြင်လျှင် ဘာလိမ့်။ (အစိတ်စိတ်။) ခန္ဓာ၊
ခန္ဓေ၊ ခန္ဓာမြင်မယ်ဆိုရင် အစိတ်အပေါင်း။ ခန္ဓာမြင်ရင်... (အစိတ်အပေါင်း။) အဲ့တော့ သင်္ချာလေးတွေမြင်မယ်ဆိုလို့ရှိရင် အစိတ်စိတ်ဖြစ်ပုံကို ကိုယ်တော်တို့ရဲ့ အရကောက်စာမျက်နှာ ၄၆ ကိုကြည့်။ အရကောက်စာမျက်နှာ ဘယ်လောက်ပါလိမ့်။ (၄၆။) ၄၆။ ခန္ဓာမြင်မယ်ဆိုရင်တော့ အစိတ်အပေါင်းဖြစ်တဲ့ပုံစံ ၄၀ နဲ့ ၇ မှာရှိတယ်။ ကိုယ် တပည့်တော်စာအုပ်မှာလည်း အဲ့မှာ၊ အဲ့က အရကောက်ထဲက ယူပြီးတော့ ရေးထားတာတွေပါတယ်။ အဲ့ထဲ ကိုယ်တော်တို့၊ သို့သော်လည်းပဲ အရကောက်က ပိုရှင်းတာပေါ့ဗျာ။ အရကောက်ကြီးက အကြီးကြီးဆိုတော့။ ဟုတ်လား။ အဲ့တော့ တပည့်တော်စာအုပ်က အဲ့ဒီက ၉ ကနေပြီးတော့ ၁၁၊ ၁၂၊ ၁၃ အဲဒါတွေထိအောင် လျှောက်ကျက်၊ ဖတ်ခဲ့ပေါ့။နောက် ကိုယ်တော်တို့ စာမျက်နှာ ၁၁ ကိုသွား။ ၁၁ ကိုသွားမယ်ဆိုလို့ရှိရင် ကိုယ်တော်တို့ ဒီမှာ အညမညပစ္စည်းရဲ့ သုတ္တသင်္ချာကို သွားမယ်။ တွေ့လားဟေ့။ (မှန်ပါ့ဘုရား။) အဲ၊ အညမညသင်္ချာကို နည်းနည်းလေး ဘောပင်လေးကိုင်ထားမယ်။ အဲ့သုတ္တသင်္ချာက ကိုယ်တော်တို့ရေ၊ ရှေးသုတ္တသင်္ချာအတိုင်း ဒီပါဠိတော်နဲ့ မကိုက်တတ်လို့ ပါဠိတော်နဲ့ကိုက်အောင် သုတ္တသင်္ချာတိုးရအောင်ဆိုတဲ့ အစုံက "အချင်းချင်းအားတတ်သော အလုံးစုံသော ပဝတ္တိ၊ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ ၄ ပါး" ရှိတယ်မဟုတ်လား။ အဲဒါလေးကို ပြောမယ်။ "အချင်းချင်းအားလည်းကောင်း"။ အဲ့ဒါလေးက ကိုယ်တော်တို့ ရေးထားလိုက်ပေါ့။ စာလုံးလေးက အများကြီးလေးထုတ်ပြီးတော့ "အချင်းချင်း နာမ်မဲ့ခန္ဓာ၊ ဟဒယဝတ္ထုအားလည်းကောင်း" နော်။ ကိုင်း၊ "အချင်းချင်း" ပြီးတော့ ဟိုက "အားလည်းကောင်း" ထပ်၊ ဘာလေးရေးမယ်။ "အချင်းချင်း နာမ်မဲ့ခန္ဓာ၊ ဟဒယဝတ္ထုအားလည်းကောင်း တတ်သော အလုံးစုံသော ပဝတ္တိ၊ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာလေးပါး"။ အဲ့သလိုရှိမှ ကိုယ်တော်တို့ ပါဠိတော်နဲ့ကိုက်မှာ။ ဟုတ်လားဟေ့။ မှတ်မိပြီနော်။ (မှန်ပြီ။) ပြောကြည့်စမ်းပါဦး။ ဘယ်လို ဘာလိမ့်။ ("အချင်းချင်းအားလည်းကောင်း၊ အချင်းချင်းနာမ်မဲ့ခန္ဓာ၊ ဟဒယဝတ္ထုအားလည်းကောင်း တတ်သော အလုံးစုံသော ပဝတ္တိ၊ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ ၄ ပါး။") အောက်ကတော့ ဒီအတိုင်းပဲပေါ့။ "အချင်းချင်းအားတတ်သော စိတ္တဇမဟာဘုတ်၊ ပဋိသန္ဓေကမ္မဇမဟာဘုတ်၊ ဗာဟိရမဟာဘုတ်၊ အာဟာရဇမဟာဘုတ်၊ ဥတုဇမဟာဘုတ်၊ အသညသတ်ကမ္မဇမဟာဘုတ်၊ ပဝတ္တိကမ္မဇမဟာဘုတ်အားဖြင့် ၇ ပါး။" "အချင်းချင်းအားတတ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ၊ ဟဒယဝတ္ထု၊ ဤတရားတို့သည် အညမညပစ္စည်းတတ်သော တရားတော်မည်၏။ သင်္ချာနှင့် ပစ္စည်းငါးဟူသည်တည်း။" "ပစ္စည်းငါးဟူသောအခါ" ဆိုပြီးတော့ အကြီးလေးခုနဲ့ အညမညထည့်ပေါ့။ ဟုတ်လား။
ဟိုဘက်ကိုသွား။ စာမျက်နှာ ၁၂ ကိုသွား။ "ဝိပါကပစ္စည်း သုတ္တသင်္ချာဝါဒ၌ အချင်းချင်းအားလည်းကောင်း၊ အချင်းချင်းနာမ်မဲ့ခန္ဓာ၊ စိတ္တဇ၊ ပဋိသန္ဓေကမ္မဇရုပ်အားလည်းကောင်း တတ်သော အလုံးစုံသော ဝိပါက် ပဝတ္တိ၊ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ (၄) ပါး။" ဝိပါက်ကို အရောင်လေးတင်ထား။ လက်သည်းကွင်း အနီ၊ အနက်ဖြင့် ရေးထား။ "နောက် နာမ်မဲ့ခန္ဓာ (၄) ပါးအားတတ်သော ပဋိသန္ဓေ နာမ်မဲ့ခန္ဓာ၏ တရားတို့သည် ဝိပါကပစ္စည်းတတ်သော တရားတော်မည်၏။ သင်္ချာနှင့် ပစ္စည်းငါးဟူသည်တည်း။"
ဟိုအောက်နားမှာ သဟဇာတအကြီး၊ အဲ၊ သမ္ပယုတ္တရဲ့ သုတ္တသင်္ချာတွေ့လား။ (တွေ့ပါတယ်။) "အချင်းချင်းအားတတ်သော အလုံးစုံသော ပဝတ္တိ၊ ပဋိသန္ဓေ နာမ်မဲ့ခန္ဓာလေးပါး၊ ဤတရားတို့သည် သမ္ပယုတ္တပစ္စည်းတတ်သော တရားတော်မည်၏။ သင်္ချာနှင့် ပစ္စည်းခြောက်ဟူသည်တည်း။" "သင်္ချာတည်တည်းဟူသောအခါ" ဆိုပြီးတော့ ဟို တွေ့ပြီးတော့ အောက်မှာလေ။ (မှန်ပါ။) ပစ္စည်းခြောက်ဆိုတာလည်း သိပြီပေါ့ဗျ။ ဟုတ်လားဟေ့။ (မှန်ပါ့။)
ကိုင်း၊ အဲ့လိုဆိုလို့ရှိရင် ကိုယ်တော်တို့ အဲ့ဒီလောက်တော့ ကျက်ခဲ့ပေါ့ဗျာ။ မြတ်ဖြန်ကျမှ ကိုယ်တော်တို့ သဟဇာတဆိုတာ ဝိပ္ပယုတ္တချန်မယ်နော်။ အဲ့တော့ အရကောက်လည်းပဲ ဖတ်ခဲ့ကြပေါ့ဗျာ။ အဲ့မှာ ကိုယ်တော်တို့၊ တပည့်တော်စာအုပ်ဆိုရင်တော့ စာမျက်နှာ ၁၀ မှာရှိတယ်။ အဲ့တော့ အရကောက်ရှိတဲ့အတိုင်းသာ ရေးထားတာ။ ကိုယ်တော်တို့ အဲ့ဒီ အစိတ်စိတ်၊ အစိတ်အပေါင်းတွေဟာလည်း တကယ်တကယ့်၊ တကယ် အဲ့အတိုင်းပဲ သဘာဝမကျဘူး၊ သဘာဝမကျဘူးဆိုတာ သိရလိမ့်မယ်။ အရကောက်က ခုနက ဘယ်လောက်လို့ ပြောလိုက်တာပါ။ (၄၆ ပါ။) ၄၆၊ ၄၇ စသည်၊ စသည်အားဖြင့် ကြည့်ခဲ့ကြရမယ်။ အဲ့ဒါ ကိုယ်တော်တို့ အကျယ်မြင်မှ ဘာပါလိမ့်။ (အမြင်ကျယ်ပါတယ်။) အမြင်ကျယ်မှာဖြစ်လို့ မဖတ်ဘဲနဲ့တော့... (မနေနဲ့။) မနေနဲ့ပေါ့။ ဖတ်ခဲ့ပါ။ ဘယ်စာအုပ်မှ အရကောက်လောက် ပြည့်စုံအောင်... (မရေးနိုင်ဘူး။) မရေးနိုင်ဘူး။ ဒါကြောင့် အဓိပ္ပာယ်၊ စာအုပ်ရှိလျက်ဆိုတော့ အဲ့မှာ ပါပြီးသားဖြစ်နေပြီ။ ကိုယ်တော်တို့ ဖတ်တယ်ဆို တပည့်တော်ရှင်းပြရင် နားလည်ဘူးလား။ (နားလည်ပါတယ်။) နားလည်သွားပြီပေါ့ဗျာ။ ကိုင်း၊ ဒီနေ့တော့ဖြင့် ဒီလောက်နဲ့ပဲ တော်ကြဦးစို့ပေါ့ဗျာ။
