၀၅

၀၅

Multi-select
ဟုတ်ကဲ့ပါ၊ ပေးပို့လာသော ပဉ္စမမြောက် တရားတော်ပို့ချချက်မှတ်တမ်းကို သတ်ပုံမှန်ကန်၍ စာဖတ်ရလွယ်ကူစေရန် စာပိုဒ်များခွဲ၍ တည်းဖြတ်ပေးလိုက်ပါသည်-

ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (ပဉ္စမပိုင်း)

၁၃၇၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ခုနစ်ရက်၊ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်၊ တနင်္လာနေ့။
အဲ့တော့ သားတော်တို့ သုတ္တသင်္ချာရွတ်ခြင်း၊ ပါဠိတော်ဟောခြင်း၊ အရကောက်ခြင်းကိစ္စတွေဟာလည်း ဟေတုပစ္စည်းနဲ့ သဟဇာတအဓိပတိပစ္စည်း ပြီးခဲ့ပြီ။ သို့သော်လည်းပဲ အဲ့ဒီက သဟဇာတကမ္မကိုတော့ဖြင့် ကိုယ်တော်တို့ သုတ္တသင်္ချာရွတ်၊ ပါဠိတော်ဟောလိုက်ကြပြီးပြီပေါ့။ နောက်မှ ကောက်မှာပေါ့။
အဲ့တော့ မနေ့တုန်းက ဟေတုပစ္စည်းရဲ့ ကုသိုလ်ဟိတ်သုံးပါး အဓိပ္ပာယ်လေးတွေ ပြောဖို့အတွက် ကျန်သေးတယ်။ မနေ့တုန်းကတော့ ပြောလိုက်တာ နာရီဝက်ကျော်ကျော်လောက်ကိုပဲ၊ အဲ မိနစ် ၄၀ လောက်ကိုပဲဗျ၊ လောဘ၊ ဒေါသ၊ မောဟ အကုသိုလ်ဟိတ်သုံးပါးအကြောင်းတုန်းကတော့ ပြောလိုက်တယ်ပေါ့။ ဟုတ်လားဗျာ။ (မှန်ပါ။)
အဲ့ဒီက အကုသိုလ်တရားတွေဆိုတာက ကိုယ့်သန္တာန်မှာ ရှိသင့်တဲ့တရားလား၊ မရှိသင့်တဲ့တရားလားဆိုရင်... (မရှိသင့်တဲ့တရားပါ။) မရှိသင့်တဲ့တရား၊ လက်မခံသင့်တဲ့တရားလို့ သဘောပေါက်ရမှာပေါ့။

အလောဘ၊ အဒေါသ၊ အမောဟ၏ အကျိုး

အခု အလောဘ၊ အဒေါသ၊ အမောဟဆိုတဲ့ တရားတွေက တပည့်တော်တို့ရဲ့သန္တာန်မှာ ဘာပါလိမ့်ဗျ။ (ရှိသင့်တဲ့တရား။) ရှိသင့်တဲ့တရား၊ ရှိအောင်ကိုယ်ကြိုးစားရမယ့်တရားပေါ့။ အဲ့တော့ အလောဘ၊ အဒေါသ၊ အမောဟကိုပဲ ဒါ တိဟိတ်လို့ခေါ်တာ။ ဟုတ်လားဗျ။ အမောဟမပါရင် ဒွိဟိတ်။ အမောဟမပါရင် ဘာလိမ့်။ (ဒွိဟိတ်။) အမောဟပါမယ်ဆိုရင် တိဟိတ်။ ဒါကြောင့်မို့လို့ ဒီကံတွေနဲ့ပတ်သက်လို့ အခု "ကုသိုလ်ပြုစဉ် ကံအကျိုးမြင်သည့် ဉာဏ်ယှဉ်သည်ကို တိကုသိုလ်ခေါ်၊ ကံအကျိုးမမြင် ဉာဏ်မယှဉ်ဘဲ ခေါ်တွင်ဒွေးကုသိုလ်တည်း" လို့ အဲ့တော့ ဒွေးကုသိုလ်နဲ့ တိကုသိုလ်တွေရဲ့ကံတွေကို အဲ့သလိုပြောတယ်ပေါ့။
ဒါကြောင့် ဒီနေ့ အလောဘ၊ အဒေါသ၊ အမောဟဆိုတဲ့ တရားတွေရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ အကျဉ်းလေး၊ နည်းနည်းလေး ပြောပြရအောင်ပေါ့။ "အလောဘော ဒါန ဟေတု" တဲ့။ အလောဘော၊ အလောဘဆိုတဲ့တရားသည် ဒါနဟေတု၊ ဒါနဖြစ်ခြင်းရဲ့အကြောင်း။ ဒါနဖြစ်တာ ဘာကြောင့်လဲဆိုရင် အလောဘကြောင့်။ ဒါနဖြစ်တာ ဘာကြောင့်လဲမေးရင်... (အလောဘကြောင့်။) အလောဘကြောင့်။ အဲ့တော့ လက်ကဆုပ်ထားမယ်ဆိုလို့ရှိရင် ဖြန့်ထုတ်လို့ရပါ့မလား။ (မရပါဘူး။) မရဘူးဘုရား။ အဲ့ဒါ အခု သူများကို လက်ကဆန့်ထုတ်လိုက်တယ်ဆိုလို့ရှိရင် အရှင်ဘုရားတို့ ပေးတယ်ဆိုတာက ကိုယ်ကဆန့်ထုတ်ပြီးတော့ ပေးရတာ။ ဟုတ်လားဗျ။ လက်ကို ဘာပါလိမ့်ဗျ။ ဆုပ်ထားတာကို ဆန့်ထုတ်ပေးရတာ။ ဆုပ်ထားတာကို... (ဆန့်ထုတ်ပေးရတာ။) ဆန့်ထုတ်ပေးရတာ။ အဲ့တော့ အဲ့ဒီက လောဘရှိနေရင် အဲ့ဒီကပုဂ္ဂိုလ်က ဆုပ်ကိုင်ထားမှာ။ လောဘရှိရင် ဘာလဲဗျာ။ (ဆုပ်ကိုင်ထားမှာ။) ဆုပ်ကိုင်ထားမှာ။ ပေးလှူလို့ရပါ့မလား။ ဒါကြောင့်မို့လို့ လောဘနဲ့ အလောဘတို့က ဆန့်ကျင်ဘက်တဲ့။ ဒါ့ကြောင့်မို့လို့ "အလောဘော ဒါန ဟေတု"။ အလောဘဆိုတာ ဘာလိမ့်။ (ဒါနဟေတု။) အလောဘော၊ အလောဘဆိုတဲ့တရားသည် ဒါနဟေတု၊ ဒါနရဲ့အကြောင်းပါပဲ။ အဲ့တော့ ဘာပြုလို့ ဒါနပြုသလဲဆိုရင် အလောဘကြောင့် ဒါနပြုတာ။
နောက်လာခဲ့။ "အဒေါသော သီလ ဟေတု"။ အဒေါသော၊ အဒေါသသည် သီလဟေတု၊ သီလပြည့်စုံခြင်းရဲ့အကြောင်းပါပဲ။ ဟုတ်လားဗျ။ ဒေါသတွေ၊ ဒေါသတွေ လွှမ်းမိုးနေတဲ့ပုဂ္ဂိုလ်ဟာလည်း သီလမပြည့်စုံနိုင်ဘူး။ ဒီလိုအဓိပ္ပာယ်မရဘူးလား။ ရတယ်ပေါ့။ ဟုတ်လားဗျာ။ အဒေါသော၊ အဒေါသဆိုတဲ့တရားသည် သီလဟေတု၊ သီလရဲ့၊ သီလပြည့်စုံခြင်းရဲ့အကြောင်းပါပဲ။
နောက် "အမောဟော ဘာဝနာ ဟေတု"။ အမောဟော၊ အမောဟဆိုတဲ့တရားသည်၊ ဝိဇ္ဇာဉာဏ်သည် ဘာဝနာဟေတု၊ ဘာဝနာရဲ့အကြောင်းတရားပါပဲ။ သမထဘာဝနာ၊ ဝိပဿနာဘာဝနာတို့ရဲ့ အကြောင်းတရားပါပဲ။ တို့ ဒါက ဒီကနေ့တော့ ခပ်ကျဉ်းကျဉ်းလေး ပြောပြတာပေါ့ဗျာ။ ဒါတွေ ကျယ်လိုက်မယ်ဆိုရင်တော့ အများကြီးပေါ့။ ဟုတ်လားဗျ။
အဲ့တော့ အဲ့ဒီက အမောဟတရားဟာလည်း ခုနကပြောသလိုပဲ အခြေခံသဘောတရားအားဖြင့် "အမောဟော ဘာဝနာ ဟေတု"၊ အမောဟဆိုတဲ့တရားသည် ဘာဝနာရဲ့အကြောင်းတရား။ ဒီအမောဟဆိုတဲ့တရားဟာ ဘာဝနာပြုလာလို့ မြင့်လာမယ်ဆိုလို့ရှိရင်၊ မြင့်တက်လို့ ရင့်ကျက်လာပြီဆိုရင် "အမောဟော နိဗ္ဗာနဿ ပတ္တိယာ ပစ္စယော ဟောတိ"။ အမောဟဆိုတဲ့တရားသည် နိဗ္ဗာန်၏ ပြည့်စုံခြင်း၏၊ နိဗ္ဗာန်ပြည့်စုံခြင်း၏ ပစ္စယော၊ အကြောင်းသည် ဟောတိ၊ ဖြစ်ပါပေ၏။ အဲ့တော့ အခု အမောဟဆိုတဲ့ ဆင့်ပွားပညာဖြစ်လာမယ်ဆိုရင်၊ ဝိပဿနာပညာတွေ မြင့်လာပြီဆိုလို့ရှိရင်၊ သို့မဟုတ် တဖြည်းဖြည်းနဲ့ ဝိပဿနာပညာ၊ တစ်ဆင့်တက် မဂ်ပညာ၊ ဖိုလ်ပညာတွေ ရောက်လာပြီဆိုလို့ရှိရင် "နိဗ္ဗာနဿ ပတ္တိယာ" တဲ့။ နိဗ္ဗာန်ချမ်းသာနဲ့ ပြည့်စုံခြင်းအကြောင်း ဖြစ်လာတယ်တဲ့။ ဒါ ကိုယ်တော်တို့ကို အကျဉ်းလေးပြောလိုက်တာ။ ချဲ့လိုက်ရင်တော့ အများကြီးပဲ။
အဲ့တော့ ခုနက ပြန်မမေ့နဲ့။ "အလောဘော ဒါန ဟေတု"။ ဒါလေးနဲ့ နောက်ထပ်ဆက်စပ်ရအောင်။ အဲ့ဒီလို အလောဘော၊ အလောဘဆိုတဲ့တရားသည် ဒါနဟေတု၊ ဒါနဖြစ်ခြင်းရဲ့အကြောင်းတရား။ ဒီလို ဒါနပြုမိသွားပြီဆိုလို့ရှိရင် နောက်တစ်ဆင့်တက်လိုက်။ "အလောဘော ဒါန ဟေတု ဘောဂသမ္ပတ္တိယာ ပစ္စယော ဟောတိ"။ အလောဘဆိုတဲ့တရားသည် ဒါနရဲ့အကြောင်းကြောင့် ဘောဂသမ္ပတ္တိယာ၊ ဖြစ်လေရာဘဝ၌ စည်းစိမ်ဥစ္စာတို့နှင့် ပြည့်စုံခြင်း၏ ပစ္စယော၊ အကြောင်းသည် ဟောတိ၊ ဖြစ်ပါပေ၏။
အဲ့တော့ အရှင်ဘုရားတို့ အခု လောကမှာ စီးပွားဥစ္စာတွေ ရှိနေကြတယ်ဆိုတာက ဒါနမပါဘဲနဲ့တော့ ကိုယ်တော်တို့ရေ ဘောဂသမ္ပတ္တိနဲ့၊ ဘောဂသမ္ပတ္တိ ဖြစ်နိုင်ပါ့မလား။ (မဖြစ်နိုင်ပါဘူး။) မဖြစ်နိုင်ဘူး။ ဟုတ်လား။ မပေးမလှူဘဲနဲ့ ဖြစ်လေရာဘဝမှာဆိုလို့ရှိရင် ဘောဂသမ္ပတ္တိဆိုတဲ့ စည်းစိမ်ဥစ္စာချမ်းသာတို့နဲ့ ပြည့်စုံခြင်းဟာ မဖြစ်နိုင်ဘူးတဲ့။ ဘုရားရှင်ကိုယ်တော်မြတ်က အဲ့လိုဟောထားတာ။ ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ အခု ဒါနပေးမှ သူဌေးဖြစ်တာဗျ။ ဘာလဲဗျ။ (ဒါနပေးမှ သူဌေးဖြစ်။) အဲ့ဒါ ကိုယ်တော်တို့ သုခသာမဏေအလောင်း၊ ကိုယ်တော်တို့ ဓမ္မပဒဖတ်ဖူးတဲ့ပုဂ္ဂိုလ်တွေ အများကြီးပဲ။ သုခသာမဏေအလောင်းရဲ့ ဟိုဘက်ဘဝက ဘယ်သူတုန်းဗျ။ (အင်း၊ ဘုန်းကြီးမသိဘူးဘုရား။) ဘာလိမ့်ဗျ။ (ပုဏ္ဏား။) အေး၊ ဟို ပဋာစာရီ။ အမလေး၊ တစ်လုံးမှမသိဘူး။ ကွာ၊ ကွာ။ စာလည်းဖတ်ဖူးရဲ့သားနဲ့။ အရှင်ဘုရားတို့ ဟိုတုန်းက ကြံခင်းဆရာတော်ကြီးဟောတဲ့တရား "အလှူပေး သူဌေးဖြစ်" ဆိုတာ ကိုယ်တော်တို့ တကယ့်ကို ခေတ်နဲ့အော်တာ။ နေရာတကာ အော်နေတာ။ နားထဲတောင်မှ ပိတ်ထားလို့မရဘူး။ တိုးဝင်လာတယ်။ ဟုတ်လား။ အလှူပေးမှ... (သူဌေးဖြစ်။) သူဌေးဖြစ်တာ။ ဘယ်နေ့သူဌေးဖြစ်တာလဲဆိုရင် အဲ့ဒီက အလှူပေးတဲ့နေ့ကို သူဌေးဖြစ်တာ။ ဘယ်နေ့သူဌေးဖြစ်တာလဲဆိုရင်... (အလှူပေးတဲ့နေ့။) အလှူပေးတဲ့နေ့ကို သူဌေးဖြစ်တာ။ ဒါ အရိုးပဲ။
အဲ့တော့ သုခသာမဏေအလောင်း... ဒါကြောင့်မို့လို့ "အလောဘော ဘောဂသမ္ပတ္တိယာ ပစ္စယော ဟောတိ"။ အလောဘသည် ဘောဂသမ္ပတ္တိ၊ စည်းစိမ်ဥစ္စာတို့၏ ပြည့်စုံခြင်း၏ ပစ္စယော၊ အကြောင်းသည် ဟောတိ၊ ဖြစ်ပါပေ၏။ အဲ့တော့ အရှင်ဘုရားတို့ အခု စီးပွားဥစ္စာတွေ၊ တချို့ကိုယ်တော်တို့ ဆွမ်းခံသွားတယ်မဟုတ်ဘူးလားဗျ။ ဆွမ်းခံသွားတဲ့ပုဂ္ဂိုလ်တွေ၊ ကိုယ်တော်တို့ တချို့ပုဂ္ဂိုလ်တွေ ဟင်းကောင်းတဲ့ပုဂ္ဂိုလ်တွေနဲ့၊ တချို့ပုဂ္ဂိုလ်တွေ ဟင်းမကောင်းတဲ့ပုဂ္ဂိုလ်တွေနဲ့။ တချို့ပုဂ္ဂိုလ်တွေ ဟင်းကို မကောင်းဘူး။ တချို့ပုဂ္ဂိုလ်တွေ ရကိုမရဘူး။ ကိုယ်တော်တို့ ထောက်ကြည့်လိုက်မယ်ဆို မသိနိုင်ဘူးလား။ (သိပါတယ်။) သိနိုင်တာ။ အဲ့တော့ ဘုန်းကံရှိပြီး ရှေ့က ဒါနကောင်းမှုပါလာပြီဆိုရင် လှူချင်တဲ့ပုဂ္ဂိုလ်နဲ့ကို တိုးတော့တာဗျ။ ဟုတ်လားဗျ။ လှူချင်တန်းချင်တဲ့ပုဂ္ဂိုလ်နဲ့ကို ဘာလိမ့်။ တိုးတော့တာ။ အဲ့တော့ ကိုယ်က ဘုန်းကံများမပါဘူးဆိုလို့ရှိရင် လှူချင်တန်းချင်တဲ့ပုဂ္ဂိုလ်တွေနဲ့ ကွင်းပတ်ရှောင်ပြီးတော့ လွဲချော်နေတာ။ ဟုတ်လားဗျ။ ပြီးတော့ ဘာပဲ... (လွဲချော်နေတာ။) လွဲချော်နေတာ။ လက်ရှာလို့ကို... (မတွေ့ဘူးဘုရား။) မတွေ့ဘူး။
ကိုယ်တော်တို့ လူကလူရှာလို့မရဘူး။ ကံကူမှ ရတာ။ ဥစ္စာဆိုတာ ကိုယ်တော်တို့ လူရှာလို့ရတာ ဟုတ်ရဲ့လား။ (မဟုတ်ပါဘူး။) ကံ၊ ဘယ်သူကူရှာရမှာလဲ။ (ကံကူရှာမှ။) ကံကူရှာမှရတာ။ လူကတော့ ရှာနေကြတာချည်းပဲလေ။ ရှာတဲ့လူချင်းတူတူမှာပဲ တချို့ကချမ်းသာတယ်၊ တချို့က... (ဆင်းရဲတယ်။) အဲ၊ အဖြေကွက်တိသွားပြီ။ တချို့ကချမ်းသာတယ်ဆိုရင် နောက်ကဘာလဲ။ (ဆင်းရဲတယ်။) မချမ်းသာဘူးဆိုရင် တစ်မှတ်ပဲရမယ်။ ဘာလဲ။ (ဆင်းရဲတယ်။) ဆင်းရဲမွဲတေ။ ဟုတ်လား။ ဟုတ်လား။ ဆင်းရဲဘာလဲ။ (မွဲတေ။) အဲ့တော့ ကိုယ်တော်တို့က ချမ်းသာချင်သလား၊ ဆင်းရဲမွဲတေချင်သလား။ (ချမ်းသာချင်ပါတယ်။) ကိုင်း၊ ဒါဆိုလို့ရှိရင် အလှူပေး။ ကိုင်း၊ အလှူခံပုဂ္ဂိုလ်ကြီး ငုတ်တုတ်ကြီးထိုင်နေတာ။ တွေ့လား။
အဲ့တော့ ကိုယ်တော်တို့ရေ ဒါကြောင့်မို့ အဲ့တော့လည်းပဲ အဲ့ဒီက အလှူခံပုဂ္ဂိုလ်ဘက် လှမ်းကြည့်မယ်ဆိုလို့ရှိရင်လည်းပဲ အလှူခံပုဂ္ဂိုလ်က မြတ်တဲ့အလှူခံပုဂ္ဂိုလ်ဆိုတာ အလွန်တရာအရေးကြီးတယ်။ အခု ဘုန်းကြီးတွေ မကြာခဏဟောနေကျရှိပါတယ်ဗျ။ ရှင်သာရိပုတ္တရာနဲ့ သံယုတ်ထဲမှာပါတယ်။ ရှင်သာရိပုတ္တရာကြီးက ဘုရားကိုလှူတာရယ်၊ ဘုရားက ရှင်သာရိပုတ္တရာကို လှူတာရယ်။ ဟုတ်လားဗျာ။ ပထမက ရှင်သာရိပုတ္တရာက ဘုရားကိုလှူတယ်။ နောက်တစ်ခုက ဘုရားက ရှင်သာရိပုတ္တရာကို လှူတယ်တဲ့။ အဲ့ဒီအလှူနှစ်ခုက ဘယ်သူကမြတ်သလဲဆိုတာရှိတယ်။ အလှူခံပုဂ္ဂိုလ်က အမြတ်ဆုံးပဲ ကြည့်ရမယ်။ အလှူပေးပုဂ္ဂိုလ် ဘယ်သူတော်တော်၊ မရွေးဘူး။ ဘုရားကမြတ်တယ်ဆိုရင် ဘုရားကမြတ်တာပေါ့။ ဟုတ်လား။ အဲဒီတော့ အလှူပေးပုဂ္ဂိုလ်၊ အလှူခံပုဂ္ဂိုလ် နှစ်ခုလုံးမြတ်ရင် ပိုမကောင်းဘူးလား။ (ကောင်းပါတယ်။) ကောင်းတယ်။ ဒါကြောင့်မို့လို့ အလွန်တရာမှ အရေးကြီးတဲ့အချက်အလက်တွေ ရှိတယ်ပေါ့။

ကုသိုလ်ယူတတ်ခြင်း

အဲ့တော့ ခုနကပြောသလိုပဲ အရှင်ဘုရားတို့ အခု ဘဝသံသရာခရီးမှာ အခု သံဃာတွေနဲ့အများကြီးနေရတဲ့အချိန်အခါမှာ ဒါတွေက အခွင့်ကောင်းအခါကောင်းပဲလို့ သဘောပေါက်ထား။ ဘုန်းကြီးက စာတတ်ဘုန်းကြီးဖြစ်သွားလို့မဟုတ်ဘူး။ အဲ့ဒါ ဒီအပေါ်ရောက်ခါကျမှ ဘုန်းကြီးက ဒီစကားတွေသိလာလို့ တပည့်တော်တို့က မဟုတ်ဘူးဗျ။ တပည့်တော်တို့ ပဲခူးနေစဉ်ကာလက တပည့်တော်တို့အဆောင်က သံဃာများတယ်။ ၅၁ ပါးရှိတယ်။ ရေက ကြွက်မြီးတန်းလောက်ကလေး။ ရေခပ်မယ်ဆိုရင် တစ်နာရီကျော်ကျော်လောက်ကြာတယ်။ အဲ့ဒီက ဦးခေါင်းကိုးလုံးကို ခပ်ရတယ်။ ဒီလိုကျောင်းက ဦးခေါင်းကိုးလုံးရှိတယ်။ အဲ့ဒီဦးခေါင်းကိုးလုံးက ၁၈ ပုံးစာ။ ဒါ တစ်နာရီကျော်လောက်ကြာတာပေါ့လေ။ ဘယ်သူမှမလုပ်ချင်ဘူး။ မလုပ်ချင်ဘူးဆိုတာက သဒ္ဓါတရားခေါင်းပါးကြလို့မဟုတ်ဘူး။ အချိန်တွေအများကြီးကုန်လွန်းလို့။ အဲ့ဒီက သောက်ရေက နည်းနည်းလေးပဲထွက်၊ စောင့်နေရတာက ကြာတော့။
အဲ့ဒါကို စဉ်းစားကြည့်လိုက်တယ်။ ကိုယ်ကနေပြီးတော့ ဒီလိုသံဃာအများကြီးနဲ့ နေခွင့်ရတဲ့ဘဝတွေဆိုတာ အလွန်တရာမှ နည်းလိမ့်မယ်။ အဲ့တော့လည်းပဲ အခုချိန်အခါမှာ ဘယ်လိုပဲဖြစ်ဖြစ် ဒီကုသိုလ်လေးတွေဟာ ယူလိုက်တာကောင်းတယ်ဆိုပြီးတော့ပဲ တပည့်တော် ၁၃၄၂ ခုနှစ်က အမှတ်တမဲ့မှာ အမှတ်တရပေါ့၊ တစ်နှစ်လုံးလုံး အဲ့ဒီကသံဃာတော်တွေကို ရေခပ်ပြီးတော့ လှူခဲ့တယ်ပေါ့ဗျာ။ အဲ့ဒါ တစ်နှစ်လုံးလုံး။ ၅၁ ပါး။ ဘယ်လောက်ပါလိမ့်ဗျ။ (၅၁ ပါး။) ၅၁ ပါး။ ဒီအသိဉာဏ်တွေက အဲ့ဒီလောက်၊ အဲ့ဒီလောက် ငယ်ငယ်ကတည်းက ရလာနေတာ။ အဲ့တော့ အလတ်တန်းမှာ ရှိသေးတယ်။ ငါးနှစ်မြောက်လတ်တန်း။ ဘယ်လောက်ပါလိမ့်ဗျ။ (ငါးနှစ်မြောက်။) ငါးနှစ်မြောက်လတ်တန်း။ ကိုယ်တော်တို့ရေ အဲ့ဒါ သုံးနှစ်လောက်က စာမေးပွဲလက်မှတ်မထိုးဘူး။ တစ်နှစ်က ဘုန်းကြီးဆူလို့ ကျတယ်ပေါ့။ အဲ့ဒါ အဲ့လိုကြီးကျော်။
ဒါကြောင့်မို့လို့ ဒီအသိဉာဏ်တွေရထားဖို့၊ တို့အနေနဲ့ စာတတ်ရုံသက်သက်၊ စာတစ်ခုတည်းသိရုံနဲ့ ဘဝကိစ္စပြီးတာမဟုတ်သေးဘူးလေ။ ဒီအသိဉာဏ်တွေဟာ ကောင်းတဲ့ဥစ္စာတွေ သယ်ဆောင်လာခဲ့ရမှာ။ ကိုယ် စာချတန်းပြီးလို့ ဟိုဘက် သီရိပိဋကတ်သွားပြီးတော့ တပည့်တော်စောင့်တော့၊ အဲ့ဒီမှာ သံဃာတွေ ရှစ်ပါး၊ အမြဲတမ်းရှစ်ပါးပေါ့။ မနက်ကျတော့ သူကလည်းပျင်းတယ်၊ ငါလည်းပျင်းတယ်၊ မထင်ကြဘူး။ ကိုယ်ကပဲ ကြိုးစားပြီးတော့ "ကိုင်း၊ အရှင်ဘုရားတို့ မထင်ရင် တပည့်တော်ပဲ ဆွမ်းချက်ကပ်ပါ့မယ်" ဆိုပြီးတော့ တပည့်တော် ခြောက်နှစ်လုံးလုံး ဆွမ်းချက်ကပ်ခဲ့တယ်ပေါ့ဗျာ။ အဲ့တော့ ခြောက်နှစ်လုံးလုံး ဆွမ်းကပ်ခဲ့တယ်။ ဆွမ်းကပ်တယ်ဆိုတာ အရှင်ဘုရားတို့ မနက်အာရုံဆွမ်းချက်လိုက်တယ်၊ ဆွမ်းထပ်ပြီးပြီ၊ ရေနွေးအိုးမှာထည့်ပြီးပြီဆိုလို့ရှိရင် ဒီသံချောင်းလေးခေါက်လိုက်တယ်။ "တောင်၊ တောင်" လို့ ခေါက်လိုက်တာပေါ့။ သံချောင်းက အသင့်အတင့်ပဲ။ တန်းလန်းလည်း ချထားတာ။ ခေါက်လိုက်တယ်ပေါ့။ သံဃာတွေ လာဘုန်းပေးကြပေါ့။ တကယ်လို့ တစ်စုံတရာသောသံဃာတွေဆီမှာ အာဂန္တုကြွလာတယ်ဆိုလို့ရှိရင် မဘုန်းပေးတော့ဘူး။ ဒီတော့ ဆွမ်းခံရင်း အစောကြီးသွားပြီးတော့ ဆွမ်းခွက်ရင်းက မုန့်ဟင်းခါးရောင်းတဲ့ကလေးတွေရှိတယ်။ အဲ့မုန့်ဟင်းခါးကို သွားစားလိုက်တာပေါ့။ သူတို့ကလည်းပဲ ကပ်ချင်နေတာပေါ့လေ။ အဲ့ဒါ ကြိုပြောပြလိုက်တော့ "အဲ့တော့ ငါပဲကွာ၊ အဲ့ဒါ ငါပဲစားမယ်။" ငါ့ဘဝမှာ သူများကျွေးမယ်ဆိုရင် အဲ့ဒီက ဟောက်တာက ကိုယ်တော်တို့ လူကြီးလူကောင်းပီသတာ ဟုတ်ရဲ့လား။ (မဟုတ်ပါဘူး။) မဟုတ်ဘူး။ အဲ့လိုမလုပ်ရဘူး။ အဲ့လိုလုပ်တယ်ဆိုလို့ရှိရင် အဲ့ဒါက လူကြီးလူကောင်းမပီသဘူး။ လူကြီးလူကောင်းပီသတဲ့အသွင်အပြင်တွေ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်မှာ အာဂန္တုလာတယ်ဆိုရင် တပည့်တော် ဘယ်တော့မှ မဘုန်းပေးတော့ဘူး။ ဒါ မှန်သောစကား၊ မှန်သောတရားပဲ။ သစ္စာဆိုလို့ရတယ်။
အဲ့တော့လည်းပဲ ကိုယ်တော်တို့ အခု ဘာပြောသွားလဲဆိုလို့ရှိရင် ကိုယ့်သံဃာအများကြီးနဲ့နေတဲ့အချိန်အခါမှာ ကုသိုလ်တရားတွေက ယူတတ်ဖို့အရေးကြီးတာဗျ။ အခု ဒီဘက်၊ တို့ အခု ဆွမ်းစား၊ ဆွမ်းထည့်တော့လည်းပဲ၊ အခု ဒီတော့ အခု သုံးနှစ်၊ နှစ်နှစ်ပဲရှိသေးတယ်။ ဆွမ်း၊ ရေနွေးထည့်တာ၊ ဆွမ်းထည့်တာ ဒီတော့ပဲထည့်တာ။ ဒါ ထည့်တာ ဒီတော့။ အရင်တုန်းကလည်း ပုဂ္ဂိုလ်တွေရှိရဲ့သားနဲ့။ အခုတော့မှ အခု ဟိုဘုန်းကြီးတွေက၊ ဟိုဘုန်းကြီးပေါက်စလေးတွေ ဘုန်းကြီးဖြစ်လာတာနဲ့ပဲ ဒီတော့ ဟိုဘက်ထိုင်လည်း ထိုင်ရော၊ အဲ့ဒါနဲ့ သူတို့ထည့်လိုက်တယ်ပေါ့လေ။ အဲ့တော့လည်းပဲ ဒီဘက်တော် အခု ဒီလက်တစ်ဖက်၊ ခြေတစ်ဖက်တွေဆိုတာက ကုသိုလ်ရဖို့ဆိုရင် ပိုမကောင်းဘူးလားဗျ။ (ကောင်းပါတယ်။) ကောင်းတာပေါ့။ အရှင်ဘုရားတို့ရဲ့။
အဲ့တော့ အခု ကိုယ့်ကျောင်းမှာနေတယ်ဆိုလို့ရှိရင် ကိုယ်က အရင်လည်းပြောခဲ့ပြီပေါ့။ အနီးဆုံးလည်းထိုင်တာကောင်းတာပေါ့ဗျာ။ ရင်းနှီးအောင်လည်း ထိုင်တာကောင်းတာပေါ့။ သွားရင်းထိုင်ရင်းကနေတော့ ကာယကံမေတ္တာ၊ ဝစီကံမေတ္တာတွေ ရနေတာလေ။ ဒီထဲမှာ မနောကံမေတ္တာက သူတို့ပါရင် မပါဘူးလား။ (ပါပါတယ်။) ကာယကံမေတ္တာဆိုတာက မနောကံမေတ္တာကနေ မွေးဖွားပေးလိုက်တာဗျ။ ကာယကံမေတ္တာ၊ ဝစီကံမေတ္တာတွေက ဘယ်သူကမွေးဖွားပေးလိုက်တာလဲ။ မနောကံက မွေးဖွားပေးလိုက်တာ။ အဲ့တော့လည်းပဲ အခု ရေနွေး၊ ရေနွေးထည့်ပြီး "အရှင်ဘုရား၊ ရေနွေးဘုန်းပေးဦးဘုရား"။ တစ်ခါတစ်ရံမှာ ရေနွေးက အမျှအတန်းပဲ ရှိတယ်။ အဲ့ဒီတော့လည်းပဲ အခု ရေနွေးက ခြောက်ပါးစာဆိုလို့ရှိရင်၊ ငါးပါးစာဆိုရင် ကိုယ်မသောက်နဲ့။ ဟုတ်လားဗျာ။ မကောင်းဘူးလား။ (ကောင်းပါတယ်ဘုရား။) ကောင်းတယ်။ အဲ့လိုလုပ်ရတယ်။
အရှင်ဘုရားတို့၊ အဲ ဆွမ်း၊ ဘယ်သူများ လိုမလဲနော်။ ကိုယ်ကတော့ ဆွမ်းကုန်ပြီ၊ သိမ်းပြီ။ ဟိုကိုယ်တော် ဆွမ်းအိုးနားက၊ ဆွမ်းအိုးက ကိုယ့်နားရောက်နေတယ်။ ကိုယ်ကလည်းပဲ ဟိုတစ်ဖက်လူက ဆွမ်းကလိုနေပြီ။ ပြောမကောင်းဆိုမကောင်း၊ အနေအထားမသိဘူးဆိုလို့ရှိရင် မကောင်းသေးဘူး။ အဲ့ဒါလည်း ဟိုပုဂ္ဂိုလ်က ဆွမ်းဘယ်လောက်လိုသလဲ မသိဘူး။ သူက ဒီပုဂ္ဂိုလ်ကတော့ ခါးဝဆိုရင် ဘုန်းပေးနိုင်လောက်တယ်ပေါ့။ ဟုတ်လားဗျ။ ခါးဝဆိုရင် ဘုန်းဘက်၊ ဝမ်းသက်လို့ မြိန်စွာဘုန်းပေးနိုင်ပါတယ်ဗျ။ ဟုတ်လားဗျ။ ဗိုက်သပိတ်ဆိုရင်လေ။ ဟုတ်လားဗျ။ ဗိုက်သပိတ်တဲ့ဗျ။ ဟုတ်လား။ အဲ့ပုဂ္ဂိုလ်က ဘုန်းပေးနိုင်တာများတယ်။
အဲ့တော့လည်းပဲ လူ့ရဲ့အသွင်အပြင်တွေက ကိုယ်တော်တို့၊ ဒါ ဟိုဘက်ကို နည်းနည်းတိုးပြောကြည့်လိုက်ဦးမယ်ပေါ့။ သူ့ရဲ့အတွင်းသဏ္ဌာန်တွေရဲ့ အနေအထားတွေက ဒီပုဂ္ဂိုလ်က ဘုန်းပေးနိုင်တဲ့ပုဂ္ဂိုလ်၊ ဒီပုဂ္ဂိုလ်က မဘုန်းပေးနိုင်တဲ့ပုဂ္ဂိုလ်လို့ ခန့်မှန်းလို့ရတယ်ဗျ။ နောက်ဆုံးပိတ် ဟိုဘက်ကိုဆက်ပြီးတော့ ပြောကြည့်ရအောင်ပေါ့ဗျာ။ နောက်ဆုံးပိတ် အရှင်ဘုရားတို့ လေလည်သား အယောက်ငါးပါး၊ ခြောက်ပါးလောက် လည်လိုက်မယ်ဆိုပါတော့။ အဲ့ထဲမှာ တပည့်တော်က ပိန်တယ်ထားပါဦးနော်။ ကျန်တဲ့ပုဂ္ဂိုလ်လေးပါး ဝတယ်ဆိုရင် အဲ့ဒီလေလည်လိုက်မယ်ဆိုလို့ရှိရင် အနံဆုံးလေသည် အပိန်ဆုံးပုဂ္ဂိုလ်ရဲ့လေပဲ။ ဟုတ်လားဗျာ။ အနံဆုံးလေသည်... (အပိန်ဆုံး။) အပိန်ဆုံးပုဂ္ဂိုလ်ရဲ့လေပဲ။ အရှင်ဘုရားတို့ မှတ်ထား။ ဒါ ယေဘုယျ။ တကယ်မှန်၊ တကယ် သုတေသနပြုထားတာ။ တကယ်လို့ ကိစ္စသွားလိုက်တယ်ပေါ့ဗျာ။ ကိစ္စသွားလိုက်ပြီဆိုလို့ရှိရင် ပျော့ပြဲနေတယ်ဆိုလို့ရှိရင် အဲ့ကောင် ဟုတ်လား၊ ဝတဲ့ပုဂ္ဂိုလ်တွေက ဝမ်းက ပျော့တတ်တယ်ဗျ။ ပိန်တဲ့ပုဂ္ဂိုလ်တွေက ဝမ်းက ဘာဖြစ်လို့တုန်း။ ချုပ်တတ်တယ်။ ဒီသဘာဝတွေရှိတယ်။ ဒါတွေက အဲ့ဝမ်းချုပ်လို့လည်းပဲ ခုနက လေပေါ့ဗျာ။ ဟုတ်လား။ လေမကောင်းတာပေါ့။ အဲ့ဒါ ဒုက္ခဖြစ်တာပေါ့။
ဒါကြောင့်မို့လို့ အခု ဒီအခြေအနေ၊ ဒီလက်ရှိအနေအထားနဲ့ကတော့ ကိုယ်တော်တို့ရေ ဘဝသံသရာခရီးမှာ ကြုံတုန်းကြိုက်မှာ ကုသိုလ်တွေရနိုင်ခွင့်ရှိသလောက် ရဖို့အရေးကြီးတာပေါ့။ ဒါတွေက စာတစ်ခုတည်းသိရုံနဲ့တော့၊ စာတတ်ရုံနဲ့ ဘာမှအသုံးမကျသေးဘူး။ စာတတ်ရုံနဲ့ အသုံးကျ... (မကျသေးဘူး။) မကျသေးဘူး။ အရှင်ဘုရားတို့ စာမျိုးမဖြစ်သေးဘူးပေါ့ဗျာ။

မေတ္တာနှင့် အတ္တသမ္ပတ္တိ

ဒါကြောင့်မို့လို့ "အလောဘော ဘောဂသမ္ပတ္တိယာ ပစ္စယော ဟောတိ"။ "အဒေါသော မေတ္တသမ္ပတ္တိယာ ပစ္စယော ဟောတိ"။ အဒေါသဆိုတဲ့တရားသည် မေတ္တသမ္ပတ္တိယာ၊ မိတ်ကောင်းဆွေကောင်း၊ ဆရာသမားကောင်းတို့နှင့် ပြည့်စုံခြင်း၏ ပစ္စယော၊ အကြောင်းသည် ဟောတိ၊ ဖြစ်ပါပေ၏။ ဒေါသဆိုတဲ့တရားသည်၊ မေတ္တာဆိုတဲ့တရားသည် မေတ္တသမ္ပတ္တိ၊ မိတ်ကောင်းဆွေကောင်း၊ ဒကာဒကာမအကောင်းတို့နှင့် ပြည့်စုံခြင်း၏ ပစ္စယော၊ အကြောင်းသည် ဟောတိ၊ ဖြစ်ပါပေ၏။
အဲ့တော့ ဒေါသကြီးနေတဲ့ပုဂ္ဂိုလ်၊ ဒေါသအစွဲကြီး တဖြူးဖြူးထွက်နေတဲ့ပုဂ္ဂိုလ်၊ အရှင်ဘုရားတို့ မျက်နှာကြီး မျက်ထောင့်နီကြီးနဲ့ ဒေါသအမြှုပ်ချောင်းချောင်းထွက်နေတဲ့ပုဂ္ဂိုလ်နားကို အရှင်ဘုရားတို့ ဘယ်သူနေချင်တုန်းဗျ။ ဘယ်သူမှမနေချင်ဘူး။ ဟုတ်တယ်မလားဗျ။ အဲ့တော့ ပြုံးချိုပြီးတော့ မေတ္တာစိတ်တွေနဲ့ လွှမ်းခြုံတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာနားဆိုလို့ရှိရင်၊ မေတ္တာစိတ်လွှမ်းမိုးနေတဲ့ပုဂ္ဂိုလ်ဆီကို လူတိုင်းက မချစ်ခင်ကြဘူးလား။ (ချစ်ခင်ပါတယ်။) ချစ်ခင်ကြတယ်။ အဲ့တော့ အရှင်ဘုရားတို့ အခု ဒီစကားကို ကြည့်သောအားဖြင့် ဒေါသကြီးတဲ့ပုဂ္ဂိုလ်ဟာ အဖော်ကင်းမဲ့ပြီးတော့ ဘဝဟာ ခြောက်သွေ့တတ်တယ်ပေါ့။ အဖော်ကင်းမဲ့ပြီးတော့ ဘယ်လိုပါလိမ့်။ ဘဝဟာ ခြောက်ခြောက်သွေ့သွေ့နဲ့ ဖြစ်တတ်တယ်။ အဲ့တော့ မေတ္တာတရားတွေ ကြီးမားတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ ကြည့်မယ်ဆိုရင် ခုနက "မေတ္တသမ္ပတ္တိယာ" တဲ့။ မိတ်ကောင်းဆွေကောင်း၊ တပည့်ကောင်း၊ ဆရာသမားကောင်းတွေနဲ့ မစုံစည်းရဘူးလား။ ဒါဆိုလို့ရှိရင် ဒီနေရာမှာ ဒေါသကြီးသင့်သလား၊ မကြီးသင့်ဘူးလားဆိုတာ တို့ ခွဲခြားပြီးတော့ မသိနိုင်ဘူးလား။ (သိနိုင်ပါတယ်။) ခွဲခြားပြီးတော့ သိနိုင်တယ်။
ဒါကြောင့်မို့လို့ ခု မနေ့ကပြောခဲ့ပြီ။ "ဒေါသမီးလျှံ... (အကြီးအမာန်၊ သည်းခံလှပါသည်)" တဲ့။ ဒေါသမီးလျှံဖြစ်နေပြီဆိုရင်တဲ့ မျက်နှာကြီးက လှနေတဲ့ပုဂ္ဂိုလ်တောင် ဘာဖြစ်သွားလဲ။ (အရုပ်ဆိုးသွားတယ်။) အရုပ်ဆိုးသွားတယ်။ အဲ့တော့ ခုနက အဒေါသဖြစ်နေပြီဆိုလို့ရှိရင် အရုပ်ဆိုးနေတဲ့ပုဂ္ဂိုလ်မှ... (လှလာပါတယ်။) မလိုက်နိုင်ဘူး။ ကြည့်စမ်း၊ ဆရာရဲ့အာဘော်ကို မလိုက်နိုင်ဘူး။ အရုပ်ဆိုးတဲ့ပုဂ္ဂိုလ်မှ ဘာလဲ။ လှလာတယ်။ (လှလာတယ်။) လှလာတယ်။ ကြည့်ချင်စရာ၊ ချစ်ချင်စရာ ကောင်းမလာဘူးလား။ (ကောင်းပါတယ်ဘုရား။) ရုပ်ချောချောလေးတဲ့ မျက်နှာ၊ အရှင်ဘုရားတို့ ကြည့်လို့တောင်မဝဘူး။ အဲ့လိုရှိတာ။ ဟုတ်လား။
အဲ့တော့ "မေတ္တသမ္ပတ္တိ" တဲ့။ အဲ့သလိုရှိတာ။ "အတ္တသမ္ပတ္တိယာ"။ "အမောဟော အတ္တသမ္ပတ္တိယာ ပစ္စယော ဟောတိ"။ အမောဟဆိုတဲ့တရားသည် အတ္တသမ္ပတ္တိယာ၊ မိမိကိုယ်ကို ပြည့်စုံခြင်း၏ ပစ္စယော၊ အကြောင်းသည် ဟောတိ၊ ဖြစ်ပါပေ၏။
အဲ့တော့ ဘာဖြစ်လို့မို့လို့ အလောဘတွေဖြစ်ရတာလဲ၊ အဒေါသတွေဖြစ်ရတာလဲ၊ အမောဟတွေဖြစ်ရတာလဲလို့ ပဋိစ္စသမုပ္ပါဒ်ကို ရှေ့တိုးလိုက်မယ်ဆိုရင် "အနိစ္စဒဿနေန အလောဘော ဟောတိ"။ အနိစ္စကိုမြင်မယ်ဆိုရင် အရှင်ဘုရားတို့ အခု လောဘတွေမကြီးတော့ဘူး။ ဟုတ်လားဗျ။ "ဒုက္ခဒဿနေန အဒေါသော ဟောတိ"။ ဒုက္ခတွေမြင်မယ်ဆိုရင် ဒေါသတွေမရှိတော့ဘူး။ အဒေါသဖြစ်လာပြီ။ "အနတ္တဒဿနေန အမောဟော ဟောတိ"။ အနတ္တကိုမြင်လာမယ်ဆိုလို့ရှိရင် အမောဟ၊ ဘာပါလိမ့်ဗျာ။ အမောဟသည် ဟောတိ၊ ဖြစ်၏။ ဝါ၊ ပညာသည်၊ ဝါ၊ ဝိဇ္ဇာဉာဏ်သည် ဟောတိ၊ ဖြစ်၏။ အဲ့သလိုဖြစ်ရတာပေါ့။
ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ အခု ခုနက ဒီတရားတွေပြည့်စုံနေမယ်ဆိုလို့ရှိရင် အလွန်တရာမှ ကောင်းတယ်ပေါ့ဗျာ။ ဟုတ်လား။

လောကီသီချင်းထဲက တရား

တစ်ခါတစ်ခါမှာ အရှင်ဘုရားတို့ အခု အရင်မြန်မာသီချင်းတွေရဲ့၊ မြန်မာသီချင်းတွေထဲမှာဖြင့်၊ မြန်မာသံစဉ်မြန်မာသီချင်းတွေထဲမှာဖြင့် အရှင်ဘုရားတို့ အခု တရားနဲ့သက်ဆိုင်တဲ့တရားတွေ ဟိုဘက်ဒီဘက် တော်တော်ပါတာတွေ ရှိတယ်ပေါ့။ ဟိုးတုန်းကဆို လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ လောက်ကဆိုလို့ရှိရင် ကိုယ်တော်တို့ ပြောခဲ့ပြီးပြီ။ "ဘုံမှာ" တဲ့။ အဲ့ဒီသီချင်းကို ဦးဗျိုးချုပ်ရေးခဲ့တာ။ ဒါ ကိုယ်တော်တို့ "ဒီဘုံမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားမကင်းသော သံသရာ"။ ကိုယ်တော်တို့၊ ကိုယ်တော်တို့ရွယ်တုန်းကလည်း တော်တော်ရတာ။ "အဲ့ဒီ ကာမောဃ၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃ၊ စိတ်မောဟမကင်းတာ၊ အရင်းခံ သုတဏှာ" တဲ့။ ဟုတ်လားဗျ။ "ဒိဋ္ဌိဉာဏ်ထင်စမ်း၊ မြင်စမ်း၊ ဝင်စားညွှတ်ပါ"။ အဲ့ဒီသဘောပေါ့ဗျာ။ "ရှက်စရာတွေးတော့၊ သမုဒယသစ္စာတရား၊ မဂ္ဂဆေးဖြင့် အမြန်ရှုကြပါ၊ လက္ခဏာရေးတင် ရှုကြပါ" ဆိုပြီးတော့ ဆိုသွားတာ အလွန်တရာမှ ကောင်းတယ်ပေါ့။
ဒီဘက်ခေတ်ကို ရောက်လာလိမ့်မယ်ဆိုလို့ရှိရင်လည်းပဲ ခုနက လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ သံယောဇဉ်တွေကြောင့် ကိုယ်တော်တို့ အခု "သံယောဇဉ်" ဆိုတဲ့သီချင်း၊ အဲ့သီချင်း ကိုယ်တော်တို့ တကယ်ကို နားထောင်ကြည့်လိုက်။ အလွန်ကို တရားတွေ အပြည့်ပါတယ်။ အဲ့တော့ ဒီကို အတုံးလိုက်အခဲလိုက်ပါတဲ့ သီချင်းရှိသေးတယ်။ အနိုင်ဆိုတဲ့၊ အနိုင်ဆိုခဲ့တဲ့ "
ဟုတ်ကဲ့ပါ၊ ရပ်တန့်သွားခဲ့သောနေရာမှ ဆက်လက်၍ စစ်ဆေးတည်းဖြတ်ပေးလိုက်ပါသည်-

ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (ပဉ္စမပိုင်း အဆက်)

...အနိုင်ဆိုခဲ့တဲ့ "အချစ်၊ မေတ္တာ၊ သံယောဇဉ်"။ ဟုတ်လား။ အချစ်၊ မေတ္တာ၊ ဘာတဲ့လဲဗျ။ (သံယောဇဉ်။) အဲ့ဒီ "အချစ်၊ မေတ္တာ၊ သံယောဇဉ်" ရဲ့ စာသားကလေး တစ်စိတ်တစ်ပိုင်း တပည့်တော် ပြောပြပါဦးမယ်ဗျ။
"အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်တစ်ခုတဲ့၊ ဘယ်သူမပြု မိမိမှု စဉ်းစားကြည့်ပါအခုတဲ့။" "မေတ္တာဟာ အေးမြတဲ့ ဈာန်ကျောင်းငယ်တစ်ခုတဲ့။" ဘယ်လောက်တောင်ကောင်းလဲ။ ဟုတ်လား။ မေတ္တာဟာ ဘာပါလိမ့်ဗျ။ (အေးမြတဲ့ ဈာန်ကျောင်းငယ်တစ်ခု။) "ငါးရာနှစ်ဆယ့်ရှစ်ထက်ပိုရင် ငိုပွဲတွေဆူ၊" ၅၂၈ ထက်ပိုရင် ဘာလဲဗျ။ (ငိုပွဲတွေဆူ။) "ငိုပွဲတွေဆူ ငွေရေးကြေးရေး ကြားလိမ့်မယ်" တဲ့။ "သံယောဇဉ်ဆိုတာကရော ဒုက္ခရဲ့မြစ်ဖျားခံရာ ရေသောက်မြစ်တစ်ခု" တဲ့။ ကောင်းလိုက်တာ ကိုယ်တော်တို့။ ဟုတ်လား။ အဲ့တော့ အသံ၊ သံယောဇဉ်ဆိုတာကရောဆိုတော့ အနိုင်ကတော့ ဒါ အော်ချတာပေါ့ဗျာ။ ဟော၊ တပည့်တော်ကတော့ ဘုန်းကြီးဆိုတော့ အဲ့လောက်ကြီး ဆိုလို့မကောင်းတတ်ဘူး။ ဟုတ်လား။ "သံယောဇဉ်ဆိုတာက ဒုက္ခရဲ့မြစ်ဖျားခံရာ ရေသောက်မြစ်တစ်ခု"။
ဟုတ်တယ်၊ အရှင်ဘုရားတို့ ခုနပြောခဲ့ပြီလည်း။ ကိုယ်တော်တို့ အချစ်ဆိုတာက၊ ကိုယ်တော်တို့ အချစ်ဟူသည်၊ ကိုယ်တော်တို့ နောက်ဖတ်ရတော့မယ့် စာအုပ်တစ်ခု ရေးနေပြီ။ "အချစ်ဟူသည်"။ ဟုတ်တယ်။ အဲ၊ အချစ်ဟူသည် နှောင်ဖွဲ့ခြင်းနဲ့ ပူလောင်ခြင်းကို ရမှာ။ အဲ့နှစ်ခုကို ပြောတာ။ ဟုတ်လားဗျာ။ ဘယ်အချစ်ပဲချစ်ချစ်၊ အမေကိုချစ်တာပဲဖြစ်ဖြစ်၊ အဖေကိုချစ်တာပဲဖြစ်ဖြစ်၊ ကိုယ်တော်တို့ကို တပည့်တော်ချစ်တာပဲဖြစ်ဖြစ်၊ ဟုတ်တယ်၊ တပည့်တော်ကို ကိုယ်တော်တို့ ဘာလဲ။ (ချစ်တာပဲဖြစ်ဖြစ်။) နှောင်ဖွဲ့ခြင်းနဲ့ ပူလောင်ခြင်းကို ရမှာချည်းပဲ။ အဲ့ဒါ နှောင်ဖွဲ့ခြင်းနဲ့။ ဘယ်အချစ်မျိုးမဆို။ ဟုတ်လားဗျ။ ဘယ်သူ့ကိုပဲချစ်ချစ်၊ သက်မဲ့ကိုပဲချစ်ချစ်... (သက်ရှိကိုပဲချစ်ချစ်။) သက်ရှိကိုပဲချစ်ချစ်၊ ဘာလဲဗျ။ နှောင်ဖွဲ့ခြင်းနဲ့... (ပူလောင်ခြင်း။) နှောင်ဖွဲ့လို့ ပူလောင်လာတာလေ။ မနှောင်ဖွဲ့ရင် မပူလောင်ဘူး။ နှောင်ဖွဲ့ခြင်းနဲ့ ဘာလဲ။ (ပူလောင်ခြင်း။) ပူလောင်ခြင်းကို ရတာ။ ဟုတ်လားဗျ။
အဲ့တော့ အရှင်ဘုရားတို့ နည်းနည်းနှောင်ဖွဲ့ရင် နည်းနည်းပူလောင်တယ်။ ခုနကပြော၊ ခုနကပြော၊ ပြင်းပြင်းထန်ထန်နှောင်ဖွဲ့ရင် ပြင်းပြင်းထန်ထန် ပူလောင်တယ်။ ဟုတ်လားဗျ။ ပြင်းပြင်းထန်ထန်နှောင်ဖွဲ့ရင် ပြင်းပြင်းထန်ထန်... (ပူလောင်တယ်။) ပူလောင်တယ်ပေါ့။ ဟုတ်လားဗျ။ ဒါကြောင့်မို့ အရှင်ဘုရားတို့ အချစ်ဆိုတာ အဲ့ဒါပဲပေါ့။
ဘာဖြစ်လို့လဲဆိုလို့ရှိရင် ဘုရားဟောထားတာရှိတယ်။ ဝိသာခါကျောင်းအမကြီး သူ့မြေးလေးသေလို့တဲ့ ဘုရားဆီကို အဲ့ဒါ မျက်ရည်စက်လက်နဲ့ သွားတာ။ ဆံပင်တွေကလည်း စို၊ ထဘီကစို၊ ထဘီစို၊ ရေစိုနဲ့ပေါ့ဗျာ။ သွားတော့ သူတို့ယဉ်ကျေးမှုအရပေါ့။ "ဟော၊ ဒကာမကြီး နေ့ခင်းဘက်ကြီး ဘယ်ကလာတာလဲ။" "ဟို၊ တပည့်တော် အလွန်ချစ်တဲ့၊ အလွန်လိမ္မာတဲ့ မြေးလေးသေသွားလို့ဘုရား" တဲ့။ အဲ့တုန်းက ဘုရားကနေ ဟောလိုက်တာ။ "ကျောင်းအမ၊ အချစ်တရားရှိရင် ဒုက္ခတရားရှိမယ်" တဲ့။ အချစ်တရားရှိရင်... (ဒုက္ခတရားရှိမယ်။) အဲ့တော့ အချစ်ဆယ်ခုရှိရင်... (ဒုက္ခဆယ်ခု။) အချစ်တစ်ခုပဲရှိရင်... (ဒုက္ခတစ်ခု။) အချစ်တစ်ခုမှမရှိရင်... (ဒုက္ခတစ်ခုမှမရှိဘူး။) ကိုင်း၊ ဒါပဲ။ ဒါ ဘုရား၊ အဲ့ ဘုရားဟောတာ။ ဒီဘက်က ပြောတာမဟုတ်ဘူး။ (မှန်ပါ။) ဟုတ်လား။ (မှန်ပါ။) အဲ့တော့ အဲ့လိုပြောခဲ့တာ။
ဒါကြောင့်မို့ ခုနကပြောတဲ့ အချစ်ဆိုတာ ဘာလဲဆိုလို့ရှိရင်... (နှောင်ဖွဲ့ခြင်း၊ ပူလောင်ခြင်း။) နှောင်ဖွဲ့ခြင်းနဲ့... (ပူလောင်ခြင်း။) ပူလောင်ခြင်းကို ရမှာ။ ဒီကနေ့ ကိုယ်တော်တို့ အဖိုးတန်တဲ့ လက်ဆောင်တွေ ပြောနေရတော့တာ။ တွေက နောက် ဘာတောင်း၊ ဘာပေးလဲဆိုပြီး လာပြီးတော့ လာတောင်းနေဦးမယ်။ ဟုတ်လား။ သင်္ကန်းဆွဲပြီးတော့ လာပြီး လာတောင်းနေဦးမယ်။ ဟုတ်လား။ ပေးလိုက်ပြီ။ ဟုတ်လား။
"သံယောဇဉ်ဆိုတာ ဒုက္ခရဲ့မြစ်ဖျားခံရာ ရေသောက်မြစ်တစ်ခု။" "အပြုံးဆိုတာ အမုန်းသမားရဲ့ နှစ်သိမ့်မှု၊ နှလုံးသားနုနု အမှုန်များစုစု" တဲ့ဗျ။ ဟုတ်လား။
အဲ့တော့ အရှင်ဘုရားတို့ ဒီဥစ္စာ တကယ်ကို စဉ်းစားကြည့်မယ်ဆိုရင် ခင်ဗျားတို့ တကယ့်ကို တကယ်ကောင်းတာ။ ခုန တကယ်လို့ ဒီသီချင်းများ လိုချင်မယ်ဆိုရင် ဒီတော့ဆီမှာ အဆင်သင့်ရှိတယ်။ မနေ့က အာဂန္တုတစ်ပါးကတော့လည်း ဒီက မိတ္တူကူးထားတာ အဲ့ဒါယူသွားလိမ့်မယ်။ "ဟာ၊ ဘုန်းကြီး၊ ဒီသီချင်းလိုချင်နေတာ" တဲ့။ အဲ့ဒါနဲ့ အတိုင်းပေးပြီးတော့ သူ ပေးလိုက်တယ်ပေါ့ဗျာ။

နိဂုံးချုပ် ဆုံးမစကား

ကိုင်း၊ ဒါကြောင့် အရှင်ဘုရားတို့ရေ၊ ဒီဥစ္စာတွေကတော့ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟဆိုတဲ့ ဟိတ်တရားတွေ၊ ကုသိုလ်ဟိတ်သုံးပါးကြောင့် ကောင်းကျိုးချမ်းသာတွေရတယ်။ ကုသိုလ်ဟိတ်သုံးပါးကြောင့် ဘာတွေရသလဲဆိုရင်... (ကောင်းကျိုးချမ်းသာတွေ။) အကုသိုလ်ဟိတ်သုံးပါးကြောင့်... (မကောင်းကျိုးတွေရတယ်။) မကောင်းကျိုးတွေကို ရတယ်။ ဒါကြောင့်မို့လို့ အရှင်ဘုရားတို့၊ တပည့်တော်တို့တတွေက ဘာလုပ်ရမလဲဆိုလို့ရှိရင် ကောင်းကျိုးကိုလိုချင်ရင် ကောင်းကြောင်းကို လုပ်ရမှာပေါ့။ ကောင်းကျိုးကိုလိုချင်ရင် ဘာလုပ်ရမှာလဲ။ (ကောင်းကြောင်းကို လုပ်ရမှာ။) ကောင်းတဲ့အကြောင်းတွေကို လုပ်ရမယ်။ ကုသိုလ်ကောင်းမှုဆိုတဲ့ အကြောင်းကောင်းတွေကို လုပ်ရမယ်။ အဲ့ဒါကြောင့်မို့ အကြောင်းကောင်းမှ... (အကျိုးကောင်းမှာ။) အကျိုးကောင်းမှာ။ အကြောင်းမကောင်းရင်... (အကျိုးမကောင်းဘူး။) အကျိုးမကောင်းဘူး။
ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ အခု တပည့်တော်တို့လိုလည်းပဲ သာသနာနဲ့တွေ့ရုံတွေမကဘူး၊ ကိုယ်ကနေပြီးတော့ အကြီးကျယ်ဆုံး ဘုန်းကြီးဘဝကို ဖြစ်လာပြီ။ အကျယ်ကျယ်ဆုံး ကိုယ် ပဋ္ဌာန်းကြီးကို တက်ရပြီ။ တရားတော်တွေထဲမှာတော့ ကိုယ်တော်တို့ ပဋ္ဌာန်းတရားတော် အမြင့်ဆုံးတရားတော်။ ဘာအမြင့်ဆုံးတုန်းဆိုရင်... (ပဋ္ဌာန်းတရားတော်။) ပဋ္ဌာန်းတရားတော်ဆိုတာ အမြင့်ဆုံးပဲ။ အရှင်ဘုရားတို့ အတန်းနဲ့ပိုင်းခြားလို့သာ ဒီဥစ္စာ အကြီးတန်းလို့ သတ်မှတ်ထားတာလေ။ ဟုတ်တယ်မဟုတ်လားဗျ။ (မှန်ပါ။)
ဒီဥစ္စာတွေက ဒါကြောင့် အရှင်ဘုရားတို့ အခု ပဋ္ဌာန်းတရားတော်၊ အကြီးကျယ်ဆုံး၊ ဘုရားရှင်ရဲ့ သဗ္ဗညုတဉာဏ်ရဲ့ တည်ရာမှီရာ၊ ကျက်စားရာဖြစ်တဲ့ ပဋ္ဌာန်းတရားတော်ကြီးကို ငါတို့သင်ကြားနေရတာဟာလည်း တကယ့်ကို ကံကောင်းခြင်းလက်ဆောင်တွေ၊ အတိတ်ဘဝက ကံကောင်းခြင်းလက်ဆောင်တွေက တွန်းပို့လိုက်လို့ ငါတို့အခုချိန်အခါမှာလည်း ပိုကောင်းအောင် ကြိုးစားရမယ်လို့ ဒီလိုတွေးစရာတွေ မကောင်းဘူးလား။ (ကောင်းပါတယ်ဘုရား။) ကောင်းတယ်။ ကိုယ်တော်တို့ ဒါ စာသင်ရုံတင်မကဘူး။ ကိုယ်တော်တို့ အခု တို့ အများကြီးသင်ပေးလိုက်ပြီ။ လူ့ဘဝသံသရာဆုံးသည့်တိုင်အောင် ကိုယ်တော်တို့ ရှောင်နိုင်ဖို့အတွက်။
ဆုံးမတယ်ဆိုတာ အဲ့ဒါပဲဗျ။ အဆုံးထိအောင် မောင်းလိုက်တာ။ ဟုတ်လားဗျ။ ဒီဘဝမှာလည်း၊ ဒီဘဝမှာလည်း၊ ဒီဘဝသေဆုံး၊ နောက်ဆုံးဘဝပါလေ။ စုတိတိုက်က နောက်ဆုံးဘဝဆိုရင်... (သံသရာဆုံးသွားပြီ။) သံသရာဆုံးသွားတဲ့ နိဗ္ဗာန်ဟာ နောက်ဆုံးဘဝပဲ မဟုတ်လား။ တကယ့်တကယ်ဆုံးတာလေ။ အဲ့တော့ ဆရာသမားတွေက၊ ဒီတော့ အတွင်းမှာ အရိပ်ငါးခုရှိတယ်လေ။ ပကတိအရိပ်တဲ့၊ မိဘအရိပ်တဲ့၊ ဆရာအရိပ်တဲ့၊ ဟုတ်လား။ ဘုရား၊ တရားအရိပ်တွေ မရှိဘူးလား။ (ရှိပါတယ်။) အဲ့ဒီအရိပ်တွေထဲကတော့ ဒီအရိပ်တွေ၊ တရားအရိပ်၊ မိဘအရိပ်၊ ဆရာအရိပ်ကို။ မိဘအရိပ်ထက် ပကတိအရိပ်၊ မိဘအရိပ်ကသာတယ်။ မိဘအရိပ်ထက် ဆရာအရိပ်ကသာတယ်ဆိုတဲ့ဥစ္စာတွေက ဆရာသမားတွေက အဲ့ဒီက အဆင့်ဆင့်ပို့ဆောင်နိုင်စွမ်းရှိလို့။ ဒါကြောင့်မို့လို့ ဆရာအရိပ်က ပိုပြီးတော့သာတယ်လို့။ ဒီဆရာတွေက အဲ့လိုဆိုတာ။
ကဗျာတော့ ဟိုတုန်းက ပေးဖူးပါတယ်။ "လွန်တစ်ရိပ်မှာလည်း ချမ်းသာသေး၏၊ ဆွတ်ရွေးမိဘအရိပ်ရသော်၊ အေးမြဖြင့် ထုတ်လှည့်လင်္ကာ၊ ပေပင်ဆရာအရိပ်မှာက ချမ်းသာဘဝ၏၊ တစ်ပါးတိုးထက်လေ"။ မင်းဆိုတာရှိသေးတယ်။ ခုန ဟုတ်လားဗျ။ "အုန်းဖြာရာဇာမင်းကျော်အရိပ်တော့ အဟောဝတ ချမ်းသာလှ" ရယ် စသည်ဖြင့်။ ဟုတ်လားဗျ။ အဲ့ဒါ နည်းနည်းလေး ကိုယ်တော်တို့ ရွတ်ပြထားမှ။ ရေးမပေးဘူးပေါ့ဗျာ။ ဘာလို့လဲဆိုလို့ရှိရင် ကိုယ်တော်တို့က ဘယ်သူများ ဥစ္စာကြီးပဲ လိုက်မှီခိုနေတာ။ ကိုယ့်ဟာကိုယ် လိုက်ရှာပြီးတော့ မကျက်ဘူး။ ဟုတ်လား။ လိုက်ရှာကြံပြီးတော့ ရေးထားရတယ်။ ဟုတ်လား။ အဲ၊ ကိုယ်က ကျောင်းထိုင်ဘုန်းကြီးဖြစ်ပြီဆိုတော့ "မကျက်နိုင်၊ မရွှတ်နိုင်၊ မကူနိုင်၊ ဟာ အဘိုးကြီး ပေးစမ်းပါဦး၊ ဘာလုပ်ပါဦး၊ ညာလုပ်ပါဦး" မလုပ်နဲ့။ ကိုယ် ဖတ်သင့်တာ ဖတ်တဲ့အလုပ် လုပ်ရတယ်။ ဖတ်ထားရတယ်။ ဟုတ်လားဗျ။
အဲ့တော့ ကိုယ်တော်တို့ ခွဲခြားစိတ်ဖြာပြီးတော့ သိထားရမှာကတော့ ဖြစ်သင့်တာရယ်၊ ဖြစ်ချင်တာရယ်၊ ဖြစ်တာရယ် အဆင့်သုံးခုရှိတယ်။ အဆင့်ဘယ်နှစ်ခုပါလိမ့်။ (သုံးခုရှိတယ်။) ဖြစ်သင့်တာရယ်၊ ဖြစ်ချင်တာရယ်၊ ဖြစ်တာရယ်လို့ ဘဝမှာ အဆင့်သုံးခုရှိတယ်။ ဟုတ်လားဗျ။ ဖြစ်ချင်တာရယ်၊ ဖြစ်သင့်တာရယ်၊ ဖြစ်တာရယ်လို့ အဆင့်သုံးခုရှိတဲ့အထဲက ဖြစ်ချင်တာမဖြစ်ဘူးဆိုလို့ရှိရင် ဖြစ်သင့်တာကို အကောင်းဆုံးလုပ်။ ဖြစ်သင့်တာကိုလည်းပဲ မဖြစ်ခဲ့ဘူးဆိုလို့ရှိရင် ဖြစ်တာကို အကောင်းဆုံးလုပ်ရတယ်။ အကောင်းဆုံးကို ဘာလိမ့်။ လုပ်ရတယ်ပေါ့။
အဲ့တော့ ကိုယ်တော်တို့အနေနဲ့ကတော့ တချို့လည်းပဲ တကယ့်ကိုပဲ သူငယ်နှပ်စား၊ ပြောရင်လည်း ဘာမှနားလည်တဲ့အနေအထား မရှိသေးဘူးပေါ့ဗျာ။ အဲ့ဒါ ကြိုးစားကြ။ သူငယ်နှပ်စား... (အမ်။) အဲ့ဒါ သူငယ်၊ သူငယ်၊ ကလေးလေးဘဝဆိုတာက အီးမှန်းလည်းမသိဘူး... (ချီးမှန်းလည်းမသိဘူး။) အဲ့ကလေးတွေက နှပ်ချေးကို စားစရာမှတ်လို့ နှပ်ခါးစားနေတာ။ ဒါ နှာခေါင်းလေးကို လက်ကလေးနဲ့နှိုက်ပြီးတော့ ပါးစပ်ထဲ ပြန်ထိုးလိုက်။ ဟုတ်လား။ အဲ့ဒါကို ဘယ်လိုခေါ်သလဲဆိုရင်... (သူငယ်နှပ်စား။) သူငယ်နှပ်စား။ ဘာမှကိုမသိသေးဘူး။ ဘာမှ၊ ဘာမှမသိသေးဘူး။ ခုနပြောလိုက်ပြီ။ ဘာနဲ့ဘာနဲ့မသိတာလဲ။ (အီးနဲ့ချေး။) အဲ၊ ကိုယ်တော်တို့ ဥစ္စာ၊ အဲ့လိုပဲ။ အဲ့ဒါ ကိုယ်တော်တို့ရော၊ တပည့်တော်တို့ဥစ္စာထဲ အခု ဘုန်းကြီးပြောလိုက်တာတွေ ကောင်းတာလည်းမသိဘူး၊ မကောင်းတာလည်းမသိဘူးပေါ့။ ဟုတ်လား။

ကမ္မပစ္စည်း အရကောက်

ကိုင်း၊ ဒါကြောင့်မို့လို့ရေ အဓိပတိလေးပါးကတော့ ပြောစရာတွေကလည်းပဲ သူကလည်း တစ်ပုံတစ်ပင်တွေပဲဗျို့။ ပစ္စယနိဒ္ဒေသရောက်မှ ပြောမလားလို့ပေါ့ဗျာ။ ကိုင်း၊ အဲ့ဒါကြောင့်မို့လို့ ကိုယ်တော်တို့ အခု ခုနကတော့ဖြင့် တို့ ခေါ်လိုက်တာ စာမျက်နှာနှစ်က ကမ္မပစ္စည်းရဲ့သုတ္တသင်္ချာ၊ ကမ္မပစ္စည်းရဲ့ပါဠိတော်၊ ဒါတွေကို ဟောပြီးသွားပြီဆိုလို့ရှိရင် ကမ္မပစ္စည်းကို ကောက်မယ်ပေါ့ဗျာ။
အဲ့လိုကောက်တဲ့အခါမှာ မနေ့တုန်းကပြောခဲ့တဲ့ စာမျက်နှာခုနစ်က အဓိပတိရဲ့သဘောတရားလေးလည်း နည်းနည်းလေး၊ အဲ့မှာ အဓိပတိတရားကိုယ်တွေဟာလည်း ပစ္စည်းဘက်ပဲနေမယ်၊ ပစ္စယုပ္ပန်ဘက်ကို မနေဘူး။ ဒီအချက်လေး ပြန်သိခဲ့။
ကမ္မပစ္စည်း၊ စေတနာကလည်း ထိုနီးလည်းကောင်းပဲ။ ပစ္စယုပ္ပန်မှာ ကျဉ်ရလိမ့်မယ်။ နားထောင်မယ်။ အဲ့တော့ ကမ္မပစ္စည်းရဲ့၊ ကမ္မပစ္စည်းကောက်၊ ခုနက အဓိပတိပစ္စည်းကောက်လည်းပဲ ပစ္စည်းဖြစ်မယ်။ အဓိပတိတရားကိုယ်တွေကို ကောက်ခဲ့တဲ့အတွက်ကြောင့်မို့လို့ နာမ်တရားတွေကို ကောက်တိုင်းကောက်တိုင်း၊ ကုသိုလ်နာမ်ပဲကောက်ကောက်၊ အကုသိုလ်နာမ်ပဲကောက်ကောက်၊ အဗျာကတနာမ်ပဲကောက်ကောက်၊ ပစ္စယုပ္ပန်အခြမ်းကို ကောက်တိုင်းကောက်တိုင်းမှာ အဓိပတိတရားကိုယ်တွေကို ဘာပါလိမ့်ဗျ။ ကျဉ်ရတယ်။ ဘာဖြစ်လို့ အဓိပတိတရားကိုယ်တွေကို ကျဉ်ရတာလဲဆိုလို့ရှိရင် အဓိပတိတရားကိုယ်တွေဟာလည်း ပစ္စည်းဘက်ကပဲနေမယ်၊ ပစ္စယုပ္ပန်ဘက်က မနေဘူး။ အကြမ်းဖျင်း ဒီလောက်ပဲသိခဲ့။ တကယ့်သဘောတရား မနေ့တုန်းက ပြောခဲ့ပြီလေ။ မိမိကိုယ်ကို မိမိ အဓိပတိကိစ္စဖြင့် ပြန်ပြီးတော့ ကျေးဇူးပြုသောတရားဆိုတာ မရှိဘူး။ ဒါကြောင့်မို့လို့ အဓိပတိပစ္စည်းက ပစ္စည်းဘက်ကပဲ နေတယ်။
ဘာပါလိမ့်။ ပစ္စည်းအနေနဲ့ကတော့ စေတနာကို ကောက်မှာဖြစ်တဲ့အတွက် စေတနာကတော့ သဘောတရားကတော့ မတူတတ်ဘူးပေါ့ဗျာ။ သူက ပစ္စယုပ္ပန်ကို စေတနာကို ကျဉ်ရလိမ့်မယ်။ ပစ္စယုပ္ပန်ကို နာမ်ကျဉ်တိုင်း၊ နာမ်တရားကို ကောက်တိုင်းကောက်တိုင်းမှာ စေတနာကို ကျဉ်ရမယ်။ ကုသိုလ်၊ အကုသိုလ်နာမ်၊ အဗျာကတနာမ်များကို ကောက်တိုင်းကောက်တိုင်းမှာ ဘာကိုကျဉ်ရမလဲ။ (စေတနာ။) စေတနာ။ သူက ခုနသဘောတရားနဲ့ မတူဘူး။ ဘာဖြစ်လို့လဲဆိုရင် သူက ယှဉ်ဖော်ယှဉ်ဘက် စေတနာမရှိလို့။ စေတနာတစ်မျိုးတည်းပဲ ရှိတာလေ။ စေတနာတစ်မျိုးတည်းဆိုတော့ အပြန်အလှန်သဘောတရားရလား။ ဟေတုပစ္စည်းတို့တုန်းကတော့ ရတယ်။ အပြန်အလှန်ရကြတာလေ။ အပြန်အလှန်မယှဉ်ကြဘူးလား။ (ယှဉ်ကြပါတယ်။) ယှဉ်ကြတယ်။ စေတနာကတော့ အပြန်အလှန်ယှဉ်စရာရှိလား။ မရှိဘူး။ တစ်ခုတည်းဆိုတော့ အပြန်အလှန်ယှဉ်စရာမရှိတဲ့အတွက်ကြောင့် ပစ္စယုပ္ပန်ကောက်တဲ့အခါမှာ နာမ်တရားကို ကောက်တိုင်းကောက်တိုင်း စေတနာကျဉ်ပြီး ကောက်ရတယ်။ ဟုတ်လားဗျ။ အဲ့တော့ စာမျက်နှာ ၇-၈ မှာ ကိုယ်တော်တို့ အဲ့ဒါ ပါပြီးသားဖြစ်နေပြီ။
ဒါကြောင့်မို့လို့ ကောက်စာကတော့ တူတူပဲ။ ကိုယ်တော်တို့ ကြည့်မယ်။ အခု စာမျက်နှာရှစ်မှာဆိုလို့ရှိရင် ကိုယ်တော်တို့ အဲ့ အငယ် ၇ ပါးလုံးရဲ့ အကျဉ်းချုပ်ကောက်ဇယားကြီးပါတယ်။ ဒီဇယားကတော့ ပွဲသိမ်းကောက်ဇယားပဲ။ ဟုတ်လားဗျ။ အဲ့တော့ ကိုယ်တော်တို့ အဲ့ ကမ္မရဲ့အောက်က ကြည့်မယ်ဆိုရင် ဘာလဲပေါ့။ ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော ဟူ၍ ဟောတော်မူအပ်သော ဝိတိပါဠိတော်၌ ကုသလော ဓမ္မော ဟူသော ကတ္တာပုဒ်၏ အရက သမ္ပယုတ္တက္ခန္ဓာအပ်သော ကုသိုလ်စိတ် ၂၁၊ စေတသိက် ၃၈၊ စိတ္တက္ခဏတစ်ခုတစ်ခု၌ရှိသော... ဒီမှာ ဘာပါလိမ့်ဗျာ။ (စေတနာ။) စေတနာ ပစ္စည်းတရားရ၏။ ဟုတ်လားဗျ။ ကုသလဿ ဓမ္မဿ ဟူသော သမ္ပဒါန်ပုဒ်၏ အရက ကုသိုလ်စိတ် ၂၁၊ စေတနာကျဉ်သော စေတသိက် ၃၇၊ သမ္ပယုတ္တက္ခန္ဓာ ပစ္စယုပ္ပန်တရားရ၏။ သဘောပေါက်လားဟေ့။
ဟိုဘက်က ကရိုဏ်းပုဒ်အရကို ကြည့်မယ်။ ကရိုဏ်းပုဒ်ဆိုတော့ အခု ပစ္စည်းကို၊ ပစ္စည်းကောက်ထားတာက စေတနာကောက်မထားဘူးလား။ (ကောက်ထားပါတယ်ဘုရား။) အဲ့တော့ စေတနာကောက်ထားတယ်ဆိုလို့ရှိရင် စေတနာပါတဲ့ သုတ္တသင်္ချာတွေကိုကြည့်။ ကုသလောကုသလဆိုရင် ပုံသေက ဘယ်သူတွေပါလိမ့်။ (အကြီးလေး၊ အလတ်နှစ်။) အကြီးလေး၊ အလတ်နှစ်၊ ပုံသေ ခြောက်ပစ္စည်းမရဘူးလား။ (ရပါတယ်။) အဲ့တော့ အခု သဟဇာတအငယ်မှာ အတူရှာ။ သဟဇာတအငယ်၊ ဟောဆဲကမ္မပစ္စည်းနဲ့ တရားကိုယ်တူရှာမယ်ဆိုရင် အာဟာရပစ္စည်းမရဘူးလား။ (ရပါတယ်။) အာဟာရပစ္စည်းကို ရတယ်။ အာဟာရပစ္စည်းက သူက ဟောဆဲထက် တရားကိုယ်က များနေလို့ တစ်ပြိုင်နက်ပဲ ဝင်မှာ။ ကိုယ်တော်တို့ စာမျက်နှာငါးရဲ့ အောက်နားမှာ ရှိတာလေ။ တစ်ပြိုင်နက်၊ ရထာဓာတ်ထုတ်ပုံက "ဟောဆဲမူလပစ္စည်းထက် မူလီပစ္စည်းများက တရားကိုယ်အရ သာနေမယ်၊ များနေမယ်ဆိုလို့ရှိရင်၊ တူနေမယ်ဆိုရင် ဘာလဲဗျာ။ (တစ်ပြိုင်နက်။) တစ်ပြိုင်နက်လို့ ဆိုရမယ်" လို့ ပြောခဲ့တယ်မဟုတ်လား။ (မှန်ပါ။)
ခု လာပြိုင်တဲ့ အာဟာရပစ္စည်းက တရားကိုယ်သုံးခုတောင် ရှိမနေဘူးလား။ ဖဿ၊ စေတနာ၊ ဝိညာဉ်လို့ သုံးမျိုးတောင် ရှိမနေဘူးလား။ (ရှိနေပါတယ်။) ရှိနေတယ်။ ဒါကြောင့်မို့လို့ တစ်ပြိုင်နက်တက်ကောင်းသော အဲ့ဒီ ရှစ်ပစ္စည်းကို ဆိုရမယ်။ ဟုတ်လား။ ဒါကြောင့် ကမ္မပစ္စယေန ဟူသော ကရိုဏ်းပုဒ်၏ အရက တစ်ပြိုင်နက်တက်ကောင်းသော... ဟောဆဲကို အရင်ဆုံးဆိုမှာပေါ့ဗျာ။ ကမ္မ၊ သဟဇာတ၊ အညမည၊ နိဿယ၊ အာဟာရ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ၊ ဤ ရှစ်ပစ္စယသတ္တိတို့တွင် သဟဇာတကမ္မသတ္တိဟု ဆိုအပ်သော သတ္တိဝိသေသရ၏။ ထိုသုံးပါးတို့တွင် အရက ပဓာနအားဖြင့် ကတ္တာသာဓိ။ သဘောပေါက်ရမယ်။ အဲ့တော့ ဒီမှာ ပစ္စည်းဘက်မှာက စေတနာတစ်မျိုးတည်း ကောက်ခဲ့လို့မို့လို့ ပစ္စယုပ္ပန်မှာ ကျဉ်ရမယ်။ ခုနက အဓိပတိလည်း ဒီအတိုင်းပဲဆိုတဲ့ သဘောတရားတွေ ဆဝါရရောက်တဲ့အခါကျ ဒါတွေက အကျိုးသက်ရောက်မှုတွေ ရှိလာမယ်။ ဒါတွေက မှတ်သားခဲ့ရမယ်ပေါ့။
ကုဗျာလို့ရှိရင်လည်းပဲ "စိတ္တဇရုပ်အပ်သော ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ" ကုသိုလ်စိတ်... အတူတူပဲ။ ဟိုဟာ ကုသိုလ်ဖြင့်ပြုအပ်သော စိတ္တဇရုပ်ကောက်။ ပစ္စည်းကတော့ အညမည၊ သမ္ပယုတ္တ ဖြုတ်ထည့်မှာပေါ့။ ဟုတ်လားဟေ့။ နောက် ကုသလော ဓမ္မော ကုသလဿ စ အဗျာကတဿ စ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော ဝိတိပါဠိတော်၌ ဆိုလို့ရှိရင်လည်းပဲ ကတ္တာ့အရဆိုရင် "သမ္ပယုတ္တက္ခန္ဓာ၊ စိတ္တဇရုပ်အပ်သော ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ"။ တူသလား။ (မတူပါဘုရား။) ဟို သမ္ပဒါန်အရဆိုရင် "ကုသိုလ်စိတ် ၂၁၊ စေတနာကျဉ်သော စေတသိက် ၃၇၊ သမ္ပယုတ္တက္ခန္ဓာ၊ စိတ္တဇရုပ် ပစ္စယုပ္ပန်တရားရ၏။" အဲ့ဒါကို ခြောက်ပစ္စည်း။ ကိုယ်တော်တို့ရေ အလတ်တွေ အကုန်ပြုတ်မသွားဘူးလား။ (ပြုတ်သွားပါတယ်။) အလတ်က ကုသလောကုသလအဗျာကတဿ၊ သူတို့ အလတ်တွေမှာ မည်သည့်အလတ်မှ မရှိဘူးလေ။ ပြောခဲ့တယ်။ စာမျက်နှာခြောက်မှာ ပြောခဲ့ဘူးလား။ ပြောခဲ့ပြီ။ တချို့ကလည်း ခဏခဏပြောရတာ။ အသစ်သမားတွေက နားအကုန်လုံးက အစိမ်းတွေဖြစ်နေတာကိုး။ ဟုတ်လားဗျ။ နားတွေက အလွန်တရာစိမ်းနေတော့ မကြာခဏ၊ နားတွေက ကျဉ်းနေတော့ မကြာခဏ ထည့်ပေးနေရတာ။ ဟုတ်လား။ နားကျဉ်းနေတယ်။ ဟုတ်လား။ နားကျဉ်းချင်ကျဉ်းပါစေ။ ဒါကတော့ မပျင်းနဲ့ဗျာ။ ဟုတ်လား။ ဒါက ပျင်းလို့ရှိရင်တော့ အဆင်ပြေပါ့မလား။ (မပြေပါဘူး။) ဟုတ်ပြီ။ ဒါကြောင့်မို့လို့ အဲ့ဆိုလို့ရှိရင် ဟောဆဲရယ်၊ ဟုတ်လား၊ အကြီးလေးခုရယ်၊ ဟုတ်လား၊ အာဟာရရယ်ပေါ့။ အဲ့ခြောက်ခုပေါ့။ ဟုတ်တယ်မလား။ ဟိုဘက်ကလည်း ဆက်သန်တယ်ဆိုတော့...
ကိုင်း၊ ကောက်ကြည့်စမ်းပါ။ အကုသလော ဓမ္မော အကုသလဿ ဓမ္မဿအကုသလော ဓမ္မော ကတ္တာပုဒ်၏ အရက သမ္ပယုတ္တက္ခန္ဓာအပ်သော အကုသိုလ်စိတ် ၁၂၊ စေတသိက် ၂၇၊ စိတ္တက္ခဏတစ်ခုတစ်ခု၌ရှိသော... ဟိုဘက်က မြှားပြထားတာလေး ရှိတယ်မဟုတ်လားဗျာ။ ဘာပဲရမှာပါလိမ့်။ စေတနာပစ္စည်းတရားရ၏။ အကုသလဿ ဓမ္မဿ ဟူသော သမ္ပဒါန်ပုဒ်၏ အရက အကုသိုလ်စိတ် ၁၂၊ စေတနာကျဉ်သော စေတသိက် ၂၆၊ သမ္ပယုတ္တက္ခန္ဓာ ပစ္စယုပ္ပန်တရားရ၏။ ဟိုဘက်ကတော့ အကုသလသုံးချက်ဟာ ကုသလသုံးချက်နဲ့ မတူဘူးလား။ (တူပါတယ်။) တူတယ်ပေါ့။
အကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿအကုသလော ဓမ္မော ဟူသော ကတ္တာပုဒ်၏ အရ "စိတ္တဇရုပ်အပ်သော ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အကုသိုလ်စိတ် ၁၂၊ စေတသိက် ၂၇၊ စိတ္တက္ခဏတစ်ခုတစ်ခု၌ရှိသော စေတနာပစ္စည်းတရားရ၏။" အဗျာကတဿ ဓမ္မဿ ဟူသော သမ္ပဒါန်ပုဒ်၏ အရက "အကုသိုလ်ဖြင့်ပြုအပ်သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားရ၏။" ဟိုဘက်က ခုနစ်ပစ္စည်းကလည်း ခုနကုသိုလ်အတိုင်းပါပဲ။
အကုသလော ဓမ္မော အကုသလဿ စ အဗျာကတဿ စ ဓမ္မဿအကုသလော ဓမ္မော ကတ္တာပုဒ်၏ အရက "သမ္ပယုတ္တက္ခန္ဓာ၊ စိတ္တဇရုပ်အပ်သော ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ" စသည်ဖြင့် ခုနအတိုင်းပဲ။ သမ္ပဒါန်ရဲ့အရက "အကုသိုလ်စိတ်၊ စေတနာကျဉ်သော စေတသိက်၊ သမ္ပယုတ္တက္ခန္ဓာ၊ စိတ္တဇရုပ် ပစ္စယုပ္ပန်တရားရ၏။"
ဒီ အဗျာကတော ဓမ္မော ကတ္တာပုဒ်၏ အရက "သမ္ပယုတ္တက္ခန္ဓာအားလည်းကောင်း၊ စိတ္တဇရုပ်အားလည်းကောင်း အပ်သော ဝိပါက်စိတ် ၃၆၊ ကိရိယာစိတ် ၂၀၊ စေတသိက် ၃၈၊ စိတ္တက္ခဏတစ်ခုတစ်ခု၌ရှိသော စေတနာပစ္စည်းတရားရ၏။" နောက် သမ္ပဒါန်ပုဒ်၏ အရက "ဝိပါက်၊ ကိရိယာစိတ် ၅၆၊ စေတနာကျဉ်သော စေတသိက် ၃၇၊ သမ္ပယုတ္တက္ခန္ဓာ၊ စိတ္တဇရုပ် ပစ္စယုပ္ပန်တရားရ၏။" ဘယ်နှပစ္စည်းပါလိမ့်ဗျ။ (၁၀ ပစ္စည်း။) ဘယ်နှပစ္စည်းတုန်းဟေ့။ (၁၀ ပစ္စည်း။) ၁၀ ပစ္စည်း။ သူ သုတ္တသင်္ချာမှာ အဲ့အတိုင်းရှိတယ်။ ဟုတ်လားဗျ။ အကြီးလေး၊ အငယ်တူရှာဆိုတော့ ဟောဆဲနဲ့ အာဟာရ။ ဟုတ်လားဗျ။ အဲ့ဒါ စဉ်တိုင်းဆိုပေါ့။
ကမ္မပစ္စယေန ဟူသော ကရိုဏ်းပုဒ်၏ အရက တစ်ပြိုင်နက် ရထာဓာတ်ကောင်းသော... အဲ့တော့ ဒီမှာ ရထာဓာတ်ဖြစ်ပုံတွေတော့ နောက်တော့ ပြောပြရမှာ။ တို့ ဉာဏ်နုသေးလို့ ဒီတော့ မပြောသေးဘူး။ နောက် အကြီးတန်းရောက်တဲ့အခါ ဒါတွေ ကွဲကွဲပြားပြား၊ ခွဲခွဲခြားခြား သိသွားကြရလိမ့်မယ်။ ဒါကြောင့်မို့လို့ ကမ္မပစ္စယေန ဟူသော ကရိုဏ်းပုဒ်၏ အရက တစ်ပြိုင်နက် ရထာဓာတ်ကောင်းသော ကမ္မ၊ သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ အာဟာရ၊ သမ္ပယုတ္တ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ၊ ဤ ၁၀ ပစ္စယသတ္တိတို့တွင် သဟဇာတကမ္မသတ္တိဟု ဆိုအပ်သော သတ္တိဝိသေသရ၏။ ထိုသုံးပါးတို့တွင် အရက ပဓာနအားဖြင့် ကတ္တာသာဓိ။
ပဋိသန္ဓေ အဗျာကတော ဓမ္မော ကတ္တာပုဒ်၏ အရက "သမ္ပယုတ္တက္ခန္ဓာလည်းကောင်း၊ သမ္ပယုတ္တက္ခန္ဓာ၊ ကဋတ္တာရုပ်အားလည်းကောင်း အပ်သော ပဋိသန္ဓေစိတ် ၁၉၊ စေတသိက် ၃၅၊ စိတ္တက္ခဏတစ်ခုတစ်ခု၌ရှိသော စေတနာပစ္စည်းတရားရ၏။" သမ္ပဒါန်ပုဒ်၏ အရက "ပဋိသန္ဓေစိတ် ၁၉၊ စေတနာကျဉ်သော စေတသိက် ၃၄၊ သမ္ပယုတ္တက္ခန္ဓာ၊ ကဋတ္တာရုပ် ပစ္စယုပ္ပန်တရားရ၏။" ကရိုဏ်းပုဒ်က ခုနအတိုင်းပဲ။ အဓိပတိပါမလာတဲ့အတွက်ကြောင့်၊ ပဋိသန္ဓေမှာ အဓိပတိမပါလို့ အတူတူပဲ မဟုတ်ဘူးလား။ (မှန်ပါ။) အဲ့ဒါကြောင့်မို့လို့ အကုသလသုံးချက်နဲ့ အဗျာကတည်းပဲ ကိုယ်တော်တို့ အားရပါးရ ပိုင်နိုင်ကြောင်းကို၊ တို့ ခိုင်ဆိုင်ကြောင်းပြပါဗျ။ ကိုင်း၊ ဆိုရအောင်။ အကုသလော ဓမ္မော...

ကမ္မပစ္စည်းနှင့် သတ္တိ

အဲ့တော့ အရှင်ဘုရားတို့ရဲ့ စာအုပ်စာမျက်နှာ ၃၆ မှာဆိုရင် ဒီကမ္မက သုံးမျိုး၊ သို့မဟုတ် လေးမျိုးဆိုပြီးတော့ တပည့်တော် ရေးပြထားတယ်ပေါ့။ အခြေခံကတော့ ကမ္မက နှစ်မျိုးတည်းရှိတာပေါ့။ နှစ်မျိုးထဲက သဟဇာတကမ္မနဲ့ နာနက္ခဏိကကမ္မ။ အဲ့ဒီ နာနက္ခဏိကကမ္မကနေပြီးတော့မှ အဲ့မှာဖော်ပြထားသလိုပဲ အာနန္တရိယကမ္မ၊ ဥပပဇ္ဇဝေဒနီယကမ္မ၊ အပရာပရိယာယဝေဒနီယကမ္မရယ်လို့ သုံးမျိုးနဲ့ သဟဇာတကမ္မပေါင်း လေးမျိုး။ အဲ့တော့ သဟဇာတကမ္မ၊ နာနက္ခဏိကကမ္မရယ်လို့ အဲ့ဒီမှာ သုံးမျိုးတစ်မျိုး၊ လေးမျိုးတစ်မျိုး၊ နှစ်မျိုးတစ်မျိုးပေါ့။ အဲ့တော့ အဓိကတော့ နှစ်မျိုးကနေ ပေါက်ဖွားလာတာနော်။ အဓိက ဘာပါလိမ့်။ (နှစ်မျိုး။) နာနက္ခဏိကကမ္မနဲ့ သဟဇာတကမ္မ၊ နှစ်မျိုးကနေ ပေါက်ဖွားလာတာ။
နာနက္ခဏိကဆိုတာက နာနာခဏ၊ ပြုဆဲကာလမှာ အကျိုးမပြုပြီး နောက်မှသာ အကျိုးပေးတာ။ ဒါ နာနက္ခဏိကပဲ။ သဟဇာတကမ္မဆိုတာက ဒီစိတ္တက္ခဏတစ်ခုအတွင်းမှာ အတူတကွအ
ဟုတ်ကဲ့ပါ၊ ရပ်တန့်သွားခဲ့သောနေရာမှ ဆက်လက်၍ စစ်ဆေးတည်းဖြတ်ပေးလိုက်ပါသည်-

ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (ပဉ္စမပိုင်း အဆက်)

...သဟဇာတကမ္မဆိုတာက ဒီစိတ္တက္ခဏတစ်ခုအတွင်းမှာ အတူတကွအကျိုးပေးတာ။ ပစ္စည်း၊ ပစ္စယုပ္ပန်သဘောအရ အတူတူအကျိုးပေးတာကို အဲ့ဒါက သဟဇာတကမ္မလို့ခေါ်တာလို့ မှတ်လိုက်ပါ။ သဟဇာတကမ္မဆိုတာက သဟ - အတူတကွ၊ ဇာတ - ဖြစ်တာ။ အတူတကွအကျိုးပေးတာ။
အဲ့တော့ တဖြည်းဖြည်းနဲ့တော့ ပြောစရာတွေက များလာတဲ့အတွက်ကြောင့် အရင်စောစောပိုင်းက မပြောခဲ့ဘူး။ အခု စာမျက်နှာရှစ်ရဲ့အောက်ဆုံးမှာ "ဆောင်ရွက်ဖြစ်စွမ်းစေနိုင်၊ ပြုစွမ်းနိုင်၊ ခေါ်ပိုင်းသတ္တိ၊ သဘောတည်း။" ခု ကရိုဏ်းသတ္တိတဲ့။ ကရိုဏ်းကို သတ္တိလို့ မခေါ်ဘူးလား။ (ခေါ်ပါတယ်။) ခေါ်တယ်။ ကရိုဏ်းကို ဘာလို့ခေါ်သလဲဆိုရင်... (သတ္တိ။) သတ္တိ။ အဲ့ သတ္တိဆိုတဲ့အဓိပ္ပာယ်က ဘာလဲဆိုရင် ဖြစ်စွမ်းစေနိုင်တာ၊ ပြုစွမ်းနိုင်တာ။ ဘာလဲဗျ။ သတ္တိလို့ခေါ်တယ်။
အဲ့တော့ ဒီသတ္တိအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ တပည့်တော်တို့ နည်းနည်းနားထောင်ကြရအောင်။ ကိုယ်တော်တို့ လောကမှာပြောနေတဲ့ သတ္တိတဲ့၊ သစ္စာတဲ့၊ ဟုတ်လားဗျ။ သတ္တိတဲ့၊ သစ္စာတဲ့၊ သတ္တိတဲ့၊ သတိတဲ့။ ဟုတ်လား။ ဒါတွေဟာ ကိုယ်တော်တို့ ကွဲကွဲပြားပြား၊ ခွဲခွဲခြားခြားသိဖို့ တော်တော်အရေးကြီးတာတွေရှိတယ်။ အဲ့တော့ သတ္တိနဲ့သစ္စာကလည်းပဲ မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်းတို့ဖြစ်တယ်ပေါ့။ တစ်ခါတစ်ရံမှာ တွဲနေတတ်တယ်။ အဲ့ဒါ သစ္စာမဲ့သူဟာ သတ္တိမဲ့သူဖြစ်တတ်တယ်။ သစ္စာရှိသူဟာလည်းပဲ သတ္တိရှိသူဖြစ်တတ်တယ်။ ဒါကြောင့်မို့လို့ အဲ့ဒါ သတ္တိရှိသူနဲ့ သစ္စာရှိသူတို့ဟာ တစ်သားတည်းဖြစ်တတ်တဲ့ သဘာဝတွေရှိတယ်ပေါ့။
အဲ့တော့ အဲ့ သတ္တိအကြောင်းကို ပြောကြရအောင်ပေါ့။ သတ္တိလို့ သံကြားလိုက်တာနဲ့ ကိုယ်တော်တို့ ဘယ်လိုစိတ်တွေ ခံစားသွားရမလဲမသိဘူး။ ကိုယ်တွေ့တော့ ပြောပြမယ်။ သတ္တိဆိုရာ၌ မှန်ကန်သောကိစ္စကို ရဲဝံ့စွာပြုလုပ်ခြင်းသာ မဟုတ်သေးဘူး။ မှန်ကန်သောကိစ္စကို ရဲရဲဝံ့ဝံ့ပြုလုပ်နိုင်တာဟာလည်း ဒါတွေတစ်ခုတည်း သတ္တိမဟုတ်သေးဘူးတဲ့။ မကောင်းမှုကို စောင့်ထိန်းနိုင်ခြင်း၊ ဆန္ဒအလျောက် ချုပ်တည်းနိုင်ခြင်း၊ အောင်နိုင်သည်းခံနိုင်ခြင်းတို့ဟာလည်းပဲ သတ္တိမည်တယ်တဲ့။ နော်၊ မှန်ကန်သောကိစ္စကို ရဲဝံ့စွာလုပ်ဆောင်နိုင်ခြင်းသာ သတ္တိမဟုတ်သေးဘူး။ နော်၊ ဘာတွေလည်း သတ္တိမည်သေးသလဲဆိုရင် မကောင်းမှုတွေကို စောင့်ထိန်းနိုင်ခြင်း၊ ဆန္ဒအလျောက် ဘာလဲဗျ၊ မဖြစ်အောင် ချုပ်တည်းနိုင်ခြင်း၊ အောင်နိုင်သည်းခံနိုင်ခြင်းတို့ဟာလည်းပဲ ဘာလဲ၊ သတ္တိမည်၏။ အဲ့ဒါ သတ္တိပါပဲတဲ့။
အဲ့တော့ သတ္တိဆိုလိုက်မယ်ဆိုလို့ရှိရင် အခု တပည့်တော်တို့တတွေက တိုက်ရဲတယ်၊ ခိုက်ရဲတယ်ဆိုတာတွေ အာရုံထဲ မြင်နေကြတယ်။ တကယ် ဒါတွေက မဟုတ်ဘူးနော်။ သတ္တိလို့ဆိုလိုက်မယ်ဆိုလို့ရှိရင် တိုက်ရဲခိုက်ရဲခြင်း၊ သတ်ရဲဖြတ်ရဲခြင်း၊ မိုက်မိုက်ကန်းကန်း၊ စွန့်စွန့်စားစား လုပ်နိုင်ခြင်းများကို တချို့တချို့သောပုဂ္ဂိုလ်တွေက "ဒါကိုပဲ ဒီပုဂ္ဂိုလ်ကတော့ဖြင့် သတ္တိကောင်းလိုက်တာ" လို့ ဒီလိုမဆိုကြဘူးလား။ ဒါ တကယ်တော့ တကယ်သတ္တိဟုတ်ရဲ့လား။ (မဟုတ်ဘူး။) မဟုတ်ဘူး။ သတ္တိဆိုတဲ့အဓိပ္ပာယ်ကတော့ စွမ်းရည်တဲ့၊ ရဲရင့်ခြင်း၊ ပရိသတ်ကျမ်းကတော့ ဆိုတယ်ပေါ့။
အဲ့တော့ နောက်ထပ် အဲ့ဒီသတ္တိရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ နောက်ထပ် ဘာဖွင့်ဆိုနိုင်သေးသလဲဆိုလို့ရှိရင် သတ္တိဆိုတာ လူအများချမ်းသာစေနိုင်သူ၊ သို့မဟုတ် လူအများဝမ်းမြောက်စေနိုင်သူ။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ မကောင်းမှုပြုရန် ကြုံပါသော်လည်းပဲ၊ မျက်မြင်တပ်အပ်တွေ့ကြုံပါသော်လည်းပဲ မပြုဘဲ ရှောင်ကြဉ်နိုင်သူဟာလည်း သတ္တိရှိသူလို့ ဒီလိုဆိုရတယ်။ ဟုတ်လားဗျ။ ဒါကြောင့်မို့လို့ တစ်ခါတစ်ရံမှာ အရှင်ဘုရားတို့ မိုက်ရဲတဲ့ဆန္ဒနဲ့၊ မိုက်ရဲလုပ်တာနဲ့၊ သတ်ရဲဖြတ်ရဲတာနဲ့ သတ္တိလို့ ဒီလိုထင်တာ တစ်လွဲဖြစ်တတ်တယ်။
အဲ့တော့ ကိုယ်တော်တို့ အခု တောင်ငူခေတ်က တပင်ရွှေထီးဆိုတာ ရှိခဲ့တယ်။ သူက ဘာလဲဗျ။ (တပင်ရွှေထီး။) တပင်ရွှေထီးတဲ့။ အဲ့တော့ သူက တောင်ငူကို နန်းစိုက်တာ။ သူ့ရဲ့နန်းသက် ၁၅၊ ၁၆ နှစ်၊ ၁၂ နှစ်သားမှာ အရှင်ဘုရင်ဖြစ်တာဗျ။ တပင်ရွှေထီးက။ တို့ တပင်ရွှေထီးနဲ့ ဘုရင်နောင်ဆိုတာ အခု စာအုပ်တွေရှိပါတယ်။ သိန်းစိန်တူ ရေးခဲ့တာ။ အဲ့ဒါတွေ ကိုယ်တော်တို့ ဖတ်ဖို့ကောင်းပါတယ်။ မြန်မာရာဇဝင်အကြောင်းအရာတွေလည်းပဲ။ အဲ့တော့ တပင်ရွှေထီးဟာ သူက နားထွင်းမင်္ဂလာမပြုရသေးဘူး။ ရှင်ဘုရင်သာ ပြုလုပ်ထားတယ်။ အဲ့တော့ သူက နားထွင်းမင်္ဂလာပြုချင်တာကလည်း ဘယ်လိုတောင်ပြုချင်သလဲဆိုလို့ရှိရင် သူက ခုနကပြောခဲ့ပြီ၊ တောင်ငူမှာ နန်းစိုက်တာ။ သူက ခု ပဲခူးပေါ့ဗျာ၊ ဟံသာဝတီနေပြည်တော်မှာ၊ ရွှေမော်ဓောရဲ့ ရင်ပြင်မှာဆိုလို့ရှိရင် နားထွင်းမင်္ဂလာပြုလုပ်ချင်တာတဲ့။ အဲ့သလို သူက နားထွင်းမင်္ဂလာပြုလုပ်ချင်တာက ရန်သူ့နယ်မြေဖြစ်နေတာဗျ။ ရန်သူ့နယ်မြေဖြစ်နေတာကျတော့ အဲ့ဒါနဲ့ ရန်သူနဲ့လိုက်ပါမယ့်ပုဂ္ဂိုလ်တွေကိုလည်းပဲ တကယ့်ကို ရဲစွမ်းသတ္တိရှိတဲ့ပုဂ္ဂိုလ်တွေကိုသာ ရွေးချယ်မှာဖြစ်တယ်ပေါ့။
အဲ့တော့ ရဲစွမ်းသတ္တိရှိတဲ့ပုဂ္ဂိုလ်တွေ လိုက်မယ်၊ လူရွေးချယ်လိုက်တဲ့အခါမှာ လူငါးဆယ်တန်းစီထားတာပေါ့။ သူရွေးချယ်တဲ့စနစ်ကလည်း သူတို့ခေတ်ကတော့လည်းပဲ ကိုယ်တော်တို့ ကြားဖူးတဲ့အတိုင်းပေါ့။ အကျဉ်းချုပ်ဗျ။ အခု လက်မရဲ့ထိပ်၊ လက်မရဲ့ထိပ်မှာဆိုလို့ရှိရင် ကိုယ်တော်တို့ လက်သည်းရယ်၊ လက်သည်းအောက်က အသားရယ် မရှိဘူးလား။ (ရှိပါတယ်။) ကိုယ်တော်တို့ အဲ့မှာ အလွန်တရာမှာ အဲ့ဒီမှာ ညောင်စေးစုတ်လိုက်တယ်ဆိုလို့ရှိရင် အဲ့ဒီက လက်သည်းခွံရဲ့အောက်၊ အသားအနုထဲမှာ စိုက်ဝင်သွားရင် အလွန်တရားနာတာကိုးဗျ။ အဲ့တော့ လက်မကို ထောင်ထားပြီးကာမှ အဲ့ဒီက သံချွန်နဲ့တစ်ခါတည်း ဒိုင်းဒိုင်းဆို ရိုက်သွင်းမှာ။ ဟုတ်လားဗျ။ အဲ့လို မျက်နှာရှုံ့မဲ့သွားမယ်၊ ဟုတ်လားဗျ၊ သို့မဟုတ် တွန့်ချိုးသွားမယ်ဆိုလို့ရှိရင်၊ အမူအရာပျက်သွားမယ်ဆိုလို့ရှိရင် သူက သူနဲ့လိုက်ပါမယ့်ပုဂ္ဂိုလ် မရွေးဘူး။ အဲ့လိုပဲ တစ်ယောက်ပြီးတစ်ယောက်၊ တစ်ယောက်ပြီးတစ်ယောက် ရွေးချယ်လာတာ ဘယ်သူ့အလှည့်ရောက်လာပြီလဲဆိုလို့ရှိရင် သူ့ရဲ့ငယ်ကျွန်ရင်းဖြစ်တဲ့ ဗညားဒလရဲ့အလှည့်ကို ရောက်လာခဲ့ပြီ။ ဘယ်သူ့ရဲ့အလှည့်အရောက်... (ဗညားဒလ။) ဗညားဒလရဲ့အလှည့်ကို ရောက်လာခဲ့ပြီ။ သူလည်း အမှတ်တရဖြစ်သွားပါလိမ့်မယ်။ အမှတ်တမဲ့ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ အဲ့ဒါနဲ့ သူ စိတ်တွေလည်း လှုပ်ရှားနေတာဖြစ်ပါလိမ့်မယ်။ သူ့ရဲ့အရှင်သခင်ဆိုတော့။ အဲ့ဒါနဲ့ လက်မကို ရိုက်လိုက်တဲ့အချိန်မှာ၊ ခုနက သံချောင်းနဲ့ လက်မထိပ်မှာ ရိုက်သွင်းလိုက်တဲ့အချိန်အခါမှာ သူက မျက်နှာရှုံ့မဲ့သွားတာ။ သူ့အမူအရာပျက်သွားပြီဆိုတော့ ဘေးကလည်းပဲ သူ့ကို ဝိုင်းကြည့်နေတဲ့ပုဂ္ဂိုလ်တွေကလည်းပဲ "ဟော" ကနဲ ရယ်လိုက်တာပေါ့ဗျာ။ ရယ်လိုက်တာ။ အသံဗြုံးဆိုလို့လည်းပဲ တစ်ပြိုင်နက်ဆိုတော့လည်းပဲ မိုးချိန်းသလိုဖြစ်သွားမှာပေါ့။ ဟုတ်တယ်မလား။
အဲ့ဒါနဲ့ သူကလည်း အလွန်တရာမှ ရှက်ပြီးကာကျတော့ အနားမှာရှိနေတဲ့ ဓားမောင်းပေါ့၊ ဓားမောင်းဆိုတာက ဓားပြောင် အကြီးကြီးကို ဓားမောင်းလို့ခေါ်တာ။ အဲ့ဒီက ဓားနဲ့ပေါ့ဗျာ၊ ဓားပြောင်နဲ့ တစ်ခါတည်း ရင်ဘတ်ကို၊ သူ့ရင်ဘတ်ကို သူ ထိုးစိုက်လိုက်တာ။ အဆုံးစိုက်ပြီးတော့မှ သူက အောက်ကနေခေါ်ပြီး တစ်ခါတည်း သူ့ရဲ့ရင်ဘတ်ကို တစ်ခါတည်း ခုန ဓားမြှုပ်နေတဲ့ဓားနဲ့ တစ်ခါတည်း ဆွဲပြီးတော့ အောက်ထိုးလိုက်တော့ တစ်ခါ၊ တစ်ခါတည်း ဗိုက်ထဲမှာ အူတွေထွက်မလာဘူးလား။ အူတွေထွက်လာတယ်ပေါ့။ အူတွေထွက်လာတော့ "ရော့ကွာ" ဆို တစ်ယောက်ကို သူ့အူတွေ အကိုင်ခိုင်းလိုက်တယ်။ သူ့အူတွေကို အဖျားကနေ ဆုပ်ထားခိုင်းတာ။ သူကနေ ဟိုဘက်ကို ပြေးလိုက်တာပေါ့ဗျာ။ အဲ့ဒါ၊ အဲ့တော့ အူလည်းကုန်၊ အဲ့ဒီက ဘယ်လောက်ရဲရင့်သလဲ။ ဗိုင်းဆို လဲကျပါလေရော။ သေရော၊ သေရောပေါ့ဗျာ။ အဲ့လိုသေသွားတယ်။
အဲ့တော့မှ ခုနက တပင်ရွှေထီးကနေ ဘယ်လိုပြောလိုက်သလဲဆိုရင် "ငါ့ကျွန်တော်ဟာတဲ့၊ ငါ့ကျွန်ရင်း ဗညားဒလဟာလည်း သတ္တိရှိသူမဟုတ်ဘူးတဲ့၊ မိုက်မဲသူသာဖြစ်ပါတယ်" တဲ့ဗျ။ ဟုတ်လားဗျာ။ ဒါကြောင့်မို့လို့ သတ္တိရှိခြင်းနဲ့ မိုက်မဲခြင်းတဲ့ဟာတွေလည်း တခြားစီပဲဆိုတာ။ အဲ့ဒီ ခု သတ္တိရှိဖို့အကြောင်း ပြောလိုက်ပြီ။ မကောင်းမှု၊ ကောင်းမှုတွေကို ပြုလုပ်ရဲရုံတွေမကဘူး၊ မကောင်းမှုတွေကိုလည်း ရှောင်ကြဉ်ရဲတာဟာလည်း ဘာပါလိမ့်။ (သတ္တိ။) အဲ့ဒါ ကိုယ်တော်တို့ ရင်ထဲရောက်သွားပြီလား။ (ရောက်သွားပါပြီဘုရား။) အဲ၊ အဲ့ဒါပဲ။ ကိုယ်တော်တို့ရေ၊ ကောင်းမှုကို ပြုရဲရုံတွေမကဘူး၊ မကောင်းမှုကိုလည်း ရှောင်ရဲတာ... (သတ္တိ။) အဲ့ဒါ သတ္တိလို့ ပြောလိမ့်မယ်လို့ ဒီလိုမှတ်ရမယ်ပေါ့။
ဒါကြောင့် အခု တပည့်တော်တို့ ဒီမှာတော့ တပည့်တော်တို့ ဖြစ်စွမ်းစေနိုင်၊ ပြုစွမ်းနိုင်၊ ခေါ်ပိုင်းသတ္တိ၊ သဘောတည်း။ ဒီသတ္တိကတော့ ကုသိုလ်အရာမှာဆိုရင် ကောင်းကျိုးချမ်းသာတွေ ဖြစ်စွမ်းစေနိုင်တာပေါ့ဗျ။ ဟုတ်တယ်မလား။ အကုသိုလ်အရာမှာဆိုရင်လည်း မကောင်းကျိုးတွေ၊ မကောင်းကျိုးတွေ ဖြစ်စွမ်းစေနိုင်မယ် ဒီသတ္တိက။ ဟုတ်လားဟေ့။ အဲ့ဒါကိုပဲ ကိုယ်တော်တို့ ဖြစ်စွမ်းစေနိုင်၊ ပြုစွမ်းနိုင်၊ ခေါ်ပိုင်းသတ္တိ၊ သဘောတည်းတဲ့။ ကိုင်း၊ မှတ်မိပြီလားဟေ့။
ကိုင်း၊ ကိုယ်တော်တို့ရေ၊ ဒါကြောင့်မို့လို့ ကိုယ်တော်တို့လည်းပဲ ခုနက ကိုယ်စီကိုယ်စီ သတ္တိတွေ ရှိနိုင်ကြပါစေပေါ့ဗျာ။ ခုနက တကယ့်တကယ့်သတ္တိ။ အဲ့ဒါ ကောင်းတာတွေကိုလည်းပဲ ပြုလုပ်ရဲဖို့၊ အများအကျိုးဆောင်ရွက်နိုင်ဖို့၊ မကောင်းတာတွေကိုလည်းပဲ မပြုနိုင်ဘဲ၊ မပြုဘဲ ဘာလဲဗျ၊ ရှောင်ကြဉ်ရဲဖို့။
လောကကြီးက ပြောကြတယ်ပေါ့။ အရှင်ဘုရားတို့ အခု တပည့်တော်တို့လည်းပဲ စနောက်တာတွေ ဒါ ခံရတာ။ အခု ဝိနည်းရှောင်ကြဉ်တယ်ဆိုလို့ရှိရင် တစ်ခါတည်း "ဘုရားဖြစ်မယ့်"။ ခု စောစောက ဒီ ယမိုက်တုန်းက ရိုက်တဲ့ဘုန်းကြီးက ဒါ စိတ်တိုတာ။ ဒီဝိနည်းနဲ့ပတ်သက်ပြီးတော့ "ကိုယ်တော်တို့ စိတ်မတိုပါနဲ့"။ အခုတော့ မြတ်ဗုဒ္ဓဂုဏ်ရောင်ကျောင်းတိုက် လက်ရှိဆရာတော်ပေါ့ဗျာ။ အဲ့ဒီကပုဂ္ဂိုလ်က ဒီ အတူနေတာ ကျီစယ်သလို၊ နောက်သလိုနဲ့ ဒီတော့ တစ်ပြားသားမှကို မနာဘူးပေါ့ဗျာ။ "ဘုရားဖြစ်မယ့် အိုခေါက်ကြီး" နဲ့ ပြောလိုက်ဖို့က၊ ပြောလိုက်ဖို့ကိစ္စ မဖြုံဘူး။ ဒီက ဦးဇင်း ခုနစ်ဝါရနေပြီ။ အသက်ကြီးမှ စာသင်တာဆိုတော့ ခုနစ်ဝါရနေသူက ကိုယ်ရင်းရှိသေးတာ။ တကယ်တော့ အဲ့တော့ အဲ့သလိုတွေပေါ့။ "ရဟန္တာကြီး" နဲ့ပေါ့ဗျာ။ ဒီတော့ ရှေ့တော့မပြောပါဘူး။ ဒီတော့လည်း အဲ့ဒါမျိုးကို တစ်ခါမှကို စိတ်မတိုဘူးဗျ။ ဟုတ်လားဗျ။ ဘာဖြစ်လို့ စိတ်မတိုလဲဆိုလို့ရှိရင် တပည့်တော် ကောင်းကောင်းနေတာကို ဒီပုဂ္ဂိုလ်တွေက အသိအမှတ်ပြုပေးတာ။ ဘယ်လိုပါလဲဗျ။ ကောင်းကောင်းနေတာ၊ ကောင်းကောင်းနေတာကို အသိအမှတ်ပြုပေးလိုက်တာလို့ ဒီလိုခံယူထားတယ်။ တကယ့်ကို စိတ်မတိုဘူး။ ဟိုတုန်းက သူတို့က၊ တပည့်တော်ရဲ့ပတ်ဝန်းကျင်က စိတ်တိုတာ။ တပည့်တော် တကယ့်ကို စိတ်မတိုခဲ့ဘူး။ ကိုယ် အဲ့ဒါ ကိုယ်တော်၊ အဲ့ဒီကိုယ်တော် လာလို့ရှိရင် မေးကြည့်လို့ရတယ်။ အဲ့ဘုန်းကြီးလာလို့ရှိရင်။ ပြောစမ်း၊ မတိုဘူး။ မိုးပျံအောင်ပြော၊ ကြိုးပျံအောင်ကျော်လေ။ သူတို့ မဟုတ်တာပြောစမှ မဟုတ်ဘဲနဲ့။ မကောင်းတာပြောစမှ မဟုတ်ဘဲနဲ့။ ခုနဲ့လေ၊ ဂုဏ်တိုးရင်တောင် ဟုတ်မှာပေါ့ဗျ။ ဟုတ်တယ်မို့လား။ (မှန်ပါ။)
သူတို့တော့ အခု အနာဂတ်၊ အနာဂတ်ကို ဝါဒတွေသင်ထားတာပဲ။ ယမိုက်သင်ထားတာ။ နောက်တစ်ချိန်မှာတော့ ဒီလိုအားလုံး ဘာဖြစ်ကြမှာလဲ။ (ရဟန္တာဖြစ်ကြမှာ။) ဖြစ်ကြမယ်။ ရဟန္တာဖြစ်ကြမှာပဲ။ ဘာမှမဟုတ်တဲ့ပုဂ္ဂိုလ်တွေတောင် ဖြစ်သေးတာပဲ။ ဒီတော့ ဒီလောက်ကျင့်တဲ့ပုဂ္ဂိုလ်တွေက မဖြစ်စရာကို... (မရှိဘူး။) မရှိဘူး။
ကိုင်း၊ ကိုယ်တော်တို့ အဲ့ဒီတော့လည်းပဲ ကိုယ်တော်တို့ အစအနောက်ဘက်ကလည်း အဲ့လို မစသင့်ဘူး၊ မနောက်သင့်ဘူးနော်။ တကယ်လို့ ကောင်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်ဘက်ကလည်းပဲ စနောက်ခံရမယ်ဆိုလို့ရှိရင် ခံရပေမယ့်လည်းပဲ ဘာလဲ၊ နာစရာကြီးလို့ မအောက်မေ့နဲ့။ မနာလိုက်နဲ့။ "ဒီပုဂ္ဂိုလ်တွေက ငါ ကောင်းကောင်းနေတာကို ဘာလဲဗျ။ (အသိအမှတ်ပြုပေးတာပါ။) အသိအမှတ်ပြုပစ်လိုက်တာ" လို့။ အဲ့ဒါပဲ။ အရှင်ဘုရားတို့။

အာဟာရပစ္စည်း အရကောက်

ကိုင်း၊ ဒါကြောင့်မို့လို့ ကိုယ်တော်တို့ စာမျက်နှာနှစ်ကနေပြီးတော့ အာဟာရကို သွားရအောင်။ အာဟာရရဲ့သုတ္တသင်္ချာ၊ အာဟာရပါဠိတော်ကို ဆိုကြရအောင်။ ကိုင်း၊ ဆိုရအောင်ဗျာ။
အဲ့ဒါတို့ အခု နာမ်အာဟာရပစ္စည်းပေါ့ဗျာ။ ဟိုဘက်က ရုပ်အာဟာရပစ္စည်းလို့၊ သဟဇာတလို့မသုံးဘဲနဲ့ နာမ်အာဟာရလို့ပဲ သုံးကြရအောင်ပေါ့။ အဲ့လိုသုံးကြရတယ်ပေါ့။ အဲ့တော့ အခု သုတ္တသင်္ချာလည်းဟောပြီ၊ ပါဠိတော်လည်းဟောပြီဆိုလို့ရှိရင်၊ အဲ့တော့ စာမျက်နှာရှစ်က အရကောက်ကြည့်မယ်ဆိုရင် သူက အထူးတလည် ဘာမှမရှိဘူး။ တစ်ခုလောက်ပဲ ကောက်ပြမယ်။ ကျန်တာတွေ ကိုယ်တော်တို့ ဆက်တိုက်ဆက်ပြီးတော့ ကောက်နိုင်သွားပြီ။
ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော ဟူ၍ ဟောတော်မူအပ်သော ဝိတိပါဠိတော်၌ ကုသလော ဓမ္မော ဟူသော ကတ္တာပုဒ်၏ အရက သမ္ပယုတ္တက္ခန္ဓာအပ်သော ကုသိုလ်စိတ် ၂၁၊ စေတသိက် ၃၈၊ စိတ္တက္ခဏတစ်ခုတစ်ခု၌ရှိသော... အောက်က ဘာရေးထားတာပါလိမ့်။ (သုံး။) သုံးဆိုတာ သိတယ်မလားဗျာ။ (မှန်ပါ။) စိတ္တက္ခဏတစ်ခုတစ်ခု၌ရှိသော ဖဿ၊ စေတနာ၊ ဝိညာဉ်ဟူသော နာမ်အာဟာရတရားကိုယ်သုံးပါး ပစ္စည်းတရားရ၏။ ကုသလဿ ဓမ္မဿ ဟူသော သမ္ပဒါန်ပုဒ်၏ အရက ကုသိုလ်စိတ် ၂၁၊ စေတသိက် ၃၈၊ သမ္ပယုတ္တက္ခန္ဓာ ပစ္စယုပ္ပန်တရားရ၏။
အာဟာရပစ္စယေန ဟူသော ကရိုဏ်းပုဒ်၏ အရက... အဲ့တော့ အာဟာရက ဘယ်နှပစ္စည်းပါလိမ့်။ (၁၀ ပစ္စည်း။) ၁၀ ပစ္စည်း။ ဆိုလို့ရှိရင် အခု သဟဇာတအငယ်မှာ အတူရှာ။ ကုသလောကုသလဆိုရင် ပုံသေက ခြောက်ပစ္စည်းမရဘူးလား။ (ရပါတယ်။) အကြီးလေး၊ အလတ်နှစ် ရနေပြီ။ သဟဇာတအငယ်မှာ တူရှာဆိုတော့ ဟောဆဲပစ္စည်းတရားကိုယ်က ဖဿ၊ စေတနာ၊ ဝိညာဉ်ဆိုလို့ရှိရင်... ဟောဆဲရယ်၊ အဓိပတိရယ်... (ဘာလဲဗျ။) ဣန္ဒြိယရယ်... (ကမ္မရယ်။) နောက် ဘာကြောင့်မို့ဗျ။ (ကမ္မရယ်။) ဟောဆဲရယ်၊ ဟောဆဲ ဘာပါလိမ့်ဗျ။ (အာဟာရ။) ဟောဆဲအာဟာရ၊ အဓိပတိ၊ ကမ္မ၊ ဣန္ဒြိယ၊ ဒီလေးခုထည့်လိုက်မှာပေါ့။ ဟုတ်လားဗျာ။ (မှန်ပါ့။) ဒါကြောင့်မို့လို့ ခုန ခြောက်ပစ္စည်းနဲ့ပေါင်း လေးပစ္စည်းဆိုလို့ရှိရင် ၁၀ ပစ္စည်းမနေဘူးလား။ ဒါကို ကိုယ်တော်တို့ ခုနက စာမျက်နှာ၊ စာဝါအစ တစ်ရက်ကတော့ နှစ်ရက်၊ သုံးရက်က အဲ့မှာ "သဟဇာတမျိုး ၁၅ ပစ္စည်းဟူသောအခါ" လို့ မဆိုခဲ့ရဘူးလား။ (ဆိုခဲ့ရပါတယ်။) အစငါးပစ္စည်း၊ အလယ်ငါးပစ္စည်း၊ အစအလယ် ၁၀ ပစ္စည်း၊ အဆုံးငါးပစ္စည်း၊ ဟုတ်လား၊ အလယ်အဆုံး ၁၀ ပစ္စည်း၊ အစအဆုံး ၁၀ ပစ္စည်း စသည်ဖြင့် မဆိုဘူးလား။ (ဆိုပါတယ်။) အဲ၊ ဒါတွေက အဲ့လိုဆိုလိုက်ခြင်းအားဖြင့် တစ်ခါတည်း ဘယ်လိုလဲ၊ မဆိုတတ်ဘူးလား။ (ဆိုတတ်ပါတယ်။) အဲ့ဒါကြောင့်မို့လို့ ရှေးကပြောတာပေါ့ဗျ။ "ဒီပုတ်မြင်လို့... (ဒီချွန်းထွက်။)" အဲ၊ ဒီချွန်းထွက်တယ်ဆိုတာ အခုဆိုတတ်ပြီ။
ဒါကြောင့် အာဟာရပစ္စယေန ဟူသော ကရိုဏ်းပုဒ်၏ အရ တစ်ပြိုင်နက် ရထာဓာတ်တက်ကောင်းသော အာဟာရ၊ အဓိပတိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ ကမ္မ၊ သမ္ပယုတ္တ... (ဣန္ဒြိယ။) အခု ရပါသေးတယ်ဗျာ။ (ဣန္ဒြိယ။) ဣန္ဒြိယ၊ အမ်၊ ဣန္ဒြိယဟောတာပေါ့။ ဣန္ဒြိယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ၊ ဤ ၁၀ ပစ္စယသတ္တိတို့တွင် နာမ်အာဟာရသတ္တိဟု ဆိုအပ်သော သတ္တိဝိသေသရ၏။ ထိုသုံးပါးတို့တွင် အရက ပဓာနအားဖြင့် ကတ္တာသာဓိ။
(ပြန်တစ်ခေါက်ဆိုပြီးဗျာ၊ ခုန မချောဘူးဖြစ်နေတာ။) အာဟာရပစ္စယေန ဟူသော ကရိုဏ်းပုဒ်၏ အရ တစ်ပြိုင်နက် ရထာဓာတ်တက်ကောင်းသော အာဟာရ၊ အဓိပတိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ ကမ္မ၊ ဣန္ဒြိယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ၊ ဤ ၁၀ ပစ္စယသတ္တိတို့တွင် သဟဇာတနာမ်အာဟာရသတ္တိဟု ဆိုအပ်သော သတ္တိဝိသေသရ၏။ ထိုသုံးပါးတို့တွင် အရက ပဓာနအားဖြင့် ကတ္တာသာဓိ။
ကုဗျာဆိုရင်လည်း ကိုယ်တော်တို့ ဒါပဲကောက်မှာပေါ့ဗျာ။ တိုးတက်ပြောင်းလဲစရာမရှိဘူး။ ကောက်နည်းအတူတူပဲ။ ခုနက ပစ္စည်းကလည်း ခုနက ကုဗျာဆိုရင် အညမည၊ သမ္ပယုတ္တ ဖြုတ်၊ ဝိပ္ပယုတ္တ ထည့်မှာပေါ့။ (ဝိပ္ပယုတ္တ။) ဝိပ္ပယုတ္တ ထည့်မှာပေါ့ဗျာ။ တကယ်လို့ အကုသလသုံးချက်ဆိုလို့ရှိရင်ရော၊ အဲ့မှာ ကိုယ်တော်တို့ အကုသလ၊ အကုသလဆိုရင် ဘယ်နှစ်ခုရသွားပါလိမ့်။ ဆယ်ခုပဲလေ။ ဟုတ်တယ်မလားဗျာ။ ပစ္စည်းကလည်း အထူးအသေး။ အကုသလသုံးချက်ကလည်း ကုသလသုံးချက်အတိုင်းပဲ။ ကြားတယ်မို့လား။ (မှန်ပါ။)
အဲ့ဒီ ဗျာဗျာကျလို့ရှိရင် ပဝတ္တိအခါမှာ၊ ပဝတ္တိအခါ သုတ္တသင်္ချာအတိုင်း အကုန်ကောက်မယ်။ ပဋိသန္ဓေကျလို့ရှိရင်တော့ အဓိပတိပါရင် အဓိပတိကို ချန်ထားခဲ့ပါ။ ဟုတ်လားဟေ့။ တကယ်လို့ ဆိုလို့ရှိရင် ကောက်ကြရအောင်။ ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော ဟူ၍ ဟောတော်မူအပ်သော ဝိတိပါဠိတော်၌... ဆိုကြည့်ကြရအောင်။
အဲ့တော့ အာဟာရပစ္စည်းနဲ့ပတ်သက်လို့လည်းပဲ အကျဉ်းချုပ်ပြောခဲ့ဦးမှာပေါ့ဗျာ။ အခု ကြွေးတင်တာကတော့ အဓိပတိပစ္စည်းပေါ့။ ဟုတ်လား။ အာဟာရပစ္စည်းဆိုတာက အကျိုးဖြစ်တဲ့ ပစ္စယုပ္ပန်တရားများကို ဆက်လက်တည်တံ့ရန်၊ ကြီးပွားရန်၊ စည်ပင်ရန်၊ ပြန့်ပွားရန်အတွက် ဆောင်ခြင်း၊ ထောက်ပံ့ခြင်းဖြင့် ကျေးဇူးပြုသောပစ္စည်းဟာ အာဟာရပစ္စည်းပဲ။ ဆောင်ခြင်း၊ ထောက်ပံ့ခြင်းဖြင့် ကျေးဇူးပြုသောပစ္စည်းသည် အာဟာရပစ္စည်းလို့ မှတ်ယူရတယ်ပေါ့။
ဒီအာဟာရပစ္စည်းနဲ့ပတ်သက်လို့ မှတ်သားဖွယ်ရာကောင်းတဲ့တရားတွေကတော့ နိဒါနဝဂ္ဂသံယုတ်၊ အာဟာရဝဂ်ဆိုတာ အဲ့ဒီမှာ အကုန်လုံးရှိတယ်။ အာဟာရဝဂ်၊ အာဟာရသုတ်တဲ့။ အဲ့ဒီ အာဟာရသုတ်မှာဆိုလို့ရှိရင်လည်း အာဟာရသုတ်လည်းရှိတယ်။ နောက် အဲ့ဒီက နိဒါနဝဂ္ဂသံယုတ်၊ မဟာဝဂ်မှာ ပုတ္တမံသသုတ်မှာ သုံးတယ်။ အဲ့ဒီဥစ္စာလည်းပဲ ဥပမာနဲ့ ကဗฬီကာရာဟာရနဲ့ ဇနီးမောင်နှံကလေးလေးနဲ့ ခရီးသွားတဲ့ဥပမာနဲ့ ပြောထားတာရှိတယ်။ ကလေးလေးကို အဲ့ဒါ သေလို့။ ဖဿာဟာရအကြောင်းနဲ့ပတ်သက်ပြီးတော့လည်းပဲ အရေးမရှိသော နွားမအိုဥပမာနဲ့ ဘုရားရှင်ဟောထားတာရှိတယ်။ မနောသဉ္စေတနာဟာရကလည်းပဲ လက်ကုပ်တစ်သောင်းရှိတဲ့ မီးကျီးအတွင်းမှာဆိုလို့ရှိရင်လည်းပဲ အဲ့ဒီမှာ ပစ္စည်းတုန်းကနေပြီးတော့ လွတ်မြောက်လိုသောအနေနဲ့ကလည်းပဲ အဲ့ဒီမှာ ကျင့်ဆောင်ပုံတွေကို ဥပမာနဲ့ဟောထားတာရှိတယ်။ ဝိညာဏာဟာရကလည်းပဲ ယုတ်ညံ့သောသူခိုးအား နံနက်မှာရော၊ နေ့လည်မှာရော၊ တစ်နေ့တစ်နေ့မှာ နံနက်မှာ လှံအချက်ပေါင်း ၁၀၀၊ နေ့လည်မှာလည်း အချက်ပေါင်းတစ်ရာ၊ ညမှာလည်း လှံအချက်ပေါင်း ၁၀၀ ထိုးခံရတဲ့ဥပမာနှင့် ဘုရားရှင်ကိုယ်တော်မြတ် ဟောထားတာရှိတယ်။ အစအဆုံး ကဗฬီကာရာဟာရအကြောင်းနဲ့ပတ်သက်ပြီး ပုတ္တမံသသုတ်တဲ့။ ပုတ္တဆိုတာ သား၊ မံသဆိုတာ အသား။ သားလေးရဲ့အသားကို စားရတဲ့ ဇနီးမောင်နှံအကြောင်းကို ဦးတည်ပြီးတော့ လေးပါးလုံးကို အစအဆုံးပေါ့။ အဲ့ဒါ အဲ့က ကဗฬီကာရာဟာရအကြောင်းနဲ့ပတ်သက်ပြီးတော့ ဟောထားတာရှိတယ်။
နောက် တကယ့်တစ်ခု မူလပဏ္ဏာသမှာ ဖတ်စရာကောင်းတာရှိတယ်။ မူလပဏ္ဏာသ၊ ကိုယ်တော်မြတ်ကြီးက ဟောထားတာ။ ရဟန်းသံဃာတော်တို့ရဲ့ လျှောက်ထားချက်အရ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကနေပြီးတော့ ဟောကြားတယ်။ သုတ်နာမည်က သမ္မာဒိဋ္ဌိသုတ်တဲ့။ ပြောကြည့်စမ်းပါဦး။ (သမ္မာဒိဋ္ဌိသုတ်။) ဘယ်မှာပါတာလဲ။ (မူလပဏ္ဏာသ။) မူလပဏ္ဏာသမှာ။ အဲ့တော့ အဲ့ဒါ ကိုယ်တော်တို့ မေးရင် အဲ့ဒီက ကြည့်ပြီးတော့ မေးလိုက်မယ်ဆိုရင် ကိုယ်တော်တို့ တုန်လွန်း၊ ပေါက်လဲပြီးတော့ သေသွားလိမ့်မယ်ဗျ။ မရဘူး။ ဆိုပါတော့၊ မေးခွန်း၊ အဲ့ထဲက မေးခွန်းတစ်ခုကို ရှင်သာရိပုတ္တရာကြီးဖြေတဲ့မေးခွန်း။ ဟိုက ရဟန်းသံဃာတော်က မေးတယ်။ "အရှင်ဘုရားတဲ့၊ ဒီအာဟာရလေးပါးတို့ ချုပ်ငြိမ်းကြောင်းဖြစ်တဲ့ အကျင့်ကို မိန့်ကြားတော်မူပါဘုရား" လို့ သူတို့လျှောက်ထားလိုက်တယ်ပေါ့။ အာဟာရလေးပါး ဘာလဲ။ (ချုပ်ငြိမ်းကြောင်းတရား။) ချုပ်ငြိမ်းကြောင်းတရား၊ ချုပ်ငြိမ်းကြောင်းအကျင့်ကို မိန့်ကြားတော်မူပါလို့ လျှောက်လိုက်တဲ့အခါမှာ အဲ့ဒီမေးခွန်းမျိုးကို မေးလိုက်မယ်ဆိုရင် ကိုယ်တော်တို့က၊ တပည့်တော်တို့က သာရိပုတ္တရာမှမဟုတ်တာ၊ ဘုရားကို ကပ်ပြီးပြောစရာမကောင်းဘူးလား။ (ကောင်းပါတယ်။) အဲ၊ အဲ့လိုတော့ ဖြေသာမဖြေတတ်တာ။ ဖြစ်သလိုတွေ ကပ်ပြီးပြောတတ်တယ်။ ဟုတ်လား။ ကပ်ပြီးတော့ ပြောတတ်တယ်။ သူက ဟုတ်လား။ အကောင်းသားမမြင်တာ၊ ဘာလဲဗျ၊ အဆိုးတော့ မြင်တတ်တယ်။
သူက ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကတော့ ခုန ဖြေလိုက်တယ်။ "အာဟာရတို့ကို ချုပ်ငြိမ်းကြောင်း၊ အာဟာရလေးပါးတို့ ချုပ်ငြိမ်းကြောင်းတရားအကျင့်ကတော့ တခြားမဟုတ်ဘူးတဲ့၊ မဂ္ဂင်ရှစ်ပါးပါပဲ" တဲ့။ ကိုင်း၊ တို့ ဗောဓိပက္ခိယတရားတွေထဲက မဂ္ဂင်ရှစ်ပါး။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပဆိုတော့ ရေးချလိုက်ရင် ရပြီမဟုတ်လား။ သိတော့လည်း အလွယ်ကလေးပဲ။ သိတော့လည်း ဘာလေးဗျ။ (အလွယ်လေး။) အလွယ်လေးပဲ။
ဒါကြောင့်မို့လို့ ဒီဟာနဲ့ပတ်သက်ပြီးတော့လည်းပဲ အရှင်ဘုရားတို့ အခု ဆောင်ပုဒ်က ခုနကပြောခဲ့ပြီလေ။ အဲ့တော့ အခု ကြီးပွားနေတာကိုလည်း ဆက်လက်တည်တံ့၊ ဆက်လက်တည်တံ့၊ နောက်ထပ်ပြီးတော့လည်း ကြီးပွားရန်တွေ၊ စည်ပင်ရန်၊ ပြန့်ပွားရန်အတွက် ဆောင်ခြင်း၊ ထောက်ပံ့ခြင်းဖြင့် ကျေးဇူးပြုသောပစ္စည်းဟာ အာဟာရပစ္စည်းတဲ့။ တရားပစ္စည်းကလည်း ကိုယ်တော်တို့တွေ ရုပ်၊ နာမ်၊ ရုပ်အာဟာရဆိုလို့ရှိရင် အဇ္ဈတ္တ၊ ဗဟိဒ္ဓတောင် ခွဲကြသေးတယ်။ ဒါ ဥစ္စာတွေလည်း တပည့်တော်လည်းပဲ သဘောပေါက်နည်းတာတွေ ရှိခဲ့ပါတယ်။ ဒါ အမှန်ပြောမယ်ဆိုရင်။ တချို့နေရာတွေကတော့ တကယ့်ကို သဘောပေါက်တာရှိတယ်။ တချို့နေရာတွေကတော့ ဒီသဘောတွေ မကုန်မိတာပါတယ်။ ဘယ်ကုန်ပြီတုန်း။ သဗ္ဗညုတဉာဏ်အရာကို။ ဟုတ်လား။
အဲ့ဒါလည်းပဲ နက်ဖြန် ဘာနေ့ပါလိမ့်ဗျ။ (အင်္ဂါ။) ၁၀ မှတ်ပြည့်တယ်။ အဲ့ကိုယ်တော်လေး။ ဟုတ်လား။ နက်ဖြန် အင်္ဂါနေ့ဆိုရင် မရဘူး။ ဒါက အဖိုးတန်တယ်ဆိုတော့လည်း ကိုယ်တော်တို့ကလည်းပဲ နည်းနည်းလေး မျှော်လင့်လာမယ်ဆိုတော့လည်းပဲ နည်းနည်းလေးတော့ ပေးနေကျ၊ ပေးလိုက်ပါဦးမယ်။ ကိုင်း၊ ကိုယ်တော်တို့ စာလေးရေးကြရအောင်ပေါ့ဗျာ။ အဲ့တော့ ခေါင်းစည်းကတော့ တပ်၊ "အတတ်မျိုးစုံသင်" ပေါ့ဗျာ။ အတတ်မျိုးစုံသင်ရမယ်ပေါ့။
ပထမဆုံး ခရေပွင့်က "ရုပ်၊ နာမ်၊ ကယ်၊ မြတ်ပညာ၊ ပုဂ္ဂိုလ်ဟိတ်" ပေါ့။ "တတ်မျိုးစုံ"။ နောက် ဒုတိယခရေပွင့်က "တတ်မျိုးစုံအောင် ပတ်၍ရေး၊ ဂုဏ်ရောင်ဂုဏ်မတိမ်၊ မြုပ်စင်မစေနဲ့။" အောက်ကြောင်းက "အားထုတ်လို့သာ" ပုဒ်မကြီးချပေါ့။ နောက် တတိယခရေပွင့်က "တတ်သည်ကြည်မှတ်ထိန်းလို့၊ ခပ်သိမ်းတဲ့သိပ္ပံ"။ အောက်ကကြောင်းက "လျော်စွာကျင့်သုံး"။ ဟုတ်လား။ အဲ့ ပုဒ်မကြီးပေါ့။ စတုတ္ထခရေပွင့်က "ကာလဒေသနှင့် ဝေဖန်ကာ၊ ဆင်ခြင်မသိဘဲ၊ မင်းမပေါ်နှင့်ဦး။"
ဒါလေးကို တကယ်တမ်းဆိုရမှာ ဒီလိုဆိုရမှာ။ "ရုပ်၊ နာမ်၊ ကယ်၊ မြတ်ပညာ၊ တတ်မျိုးစုံပါ။ ဂုဏ်ရောင်ကို မတိမ်မြုပ်စေနဲ့၊ အားထုတ်လို့သာ။ တတ်သည်ကြည်မှတ်ထိန်းလို့၊ ခပ်သိမ်းတဲ့သိပ္ပံပညာ၊ လျော်စွာကျင့်သုံးကို။" အဲ့တော့ အခု ဘာပြောတာလဲဆိုလို့ရှိရင်ပေါ့။ ကိုင်း၊ ဆက်ဆိုလိုက်ပါဦးမယ်။ "ကျင့်သုံးကို ကာလံဒေသနှင့် ဝေ
ဟုတ်ကဲ့ပါ၊ ရပ်တန့်သွားခဲ့သောနေရာမှ ဆက်လက်၍ စစ်ဆေးတည်းဖြတ်ပေးလိုက်ပါသည်-

ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (ပဉ္စမပိုင်း အဆက်)

..."ကျင့်သုံးကို ကာလံဒေသနှင့် ဝေဖန်ကာ၊ ဆင်ခြင်မသင့်လျှင် မင်းမပေါ်နှင့်ဦး။ မင်းမပေါ်နဲ့ဦး။" တဲ့။
အဲ့တော့ ဘယ်လိုပညာမျိုးပဲဖြစ်ဖြစ် "နှုတ်မှု၊ လက်မှု၊ အတတ်စုကို၊ ငယ်နုသောအခါ၊ မေ့မထားနှင့်၊ ရင်းဖျားကုန်စင်၊ တတ်မှန်မြင်က၊ တစ်ခုမျှလျက်၊ သက်မွေးဝမ်းကြောင်း၊ ဖြစ်တုံရှောင်း၏။" ဒါ ကြားဖူးတယ်မဟုတ်လားဗျာ။ (ကြားဖူးပါတယ်ဘုရား။) အဲ့တော့ ဘယ်လိုဟာပဲဖြစ်ဖြစ်၊ နှုတ်မှု၊ လက်မှု၊ အတတ်စု၊ ငယ်နုစဉ်အခါ မေ့မထားနဲ့။ ရင်းဖျားကုန်စင်၊ တကယ်ကို အရင်းအဖျားအကုန်လုံး၊ အစစအရာရာ သေသေချာချာ၊ တိတိကျကျ၊ ကောင်းကောင်းတတ်ကြောင်းကို လေ့လာရမယ်တဲ့။ ဟုတ်လား။ "နှုတ်မှု၊ လက်မှု၊ အတတ်စုကို၊ ငယ်နုသောအခါ၊ မေ့မထားနှင့်၊ ကုန်စင်တတ်မှန်မြင်က၊ တစ်ခုမျှလျက်၊ သက်မွေးဝမ်းကြောင်း ဖြစ်တုံရှောင်း၏။" အဲ့လိုရေးခဲ့တာပေါ့။
ကိုယ်တော်တို့လည်း အတတ်မျိုးစုံသင်ရပါတဲ့ဗျို့။ "ကယ်မြတ်ပညာ၊ တတ်မျိုးစုံအောင်ပါ။ ဂုဏ်ရောင်ကို မတိမ်မြုပ်စေနဲ့၊ အားထုတ်လို့သာ။ တတ်သည်ကြည်မှတ်ထိန်းလို့၊ ခပ်သိမ်းတဲ့သိပ္ပံပညာ၊ လျော်စွာကျင့်သုံး။" သင့်တော်သလို၊ လျော်သလို သင်ရမယ်တဲ့။ "ကာလဒေသနှင့် ဝေဖန်ကာ၊ ဆင်ခြင်မသင့်လျှင် မင်းမပေါ်နှင့်။" ကာလဒေသအနေအထား ကြည့်ရမယ်။ ကာလအနေအထားမသိဘဲနဲ့လည်း ကိုယ်တော်တို့ ကိုယ်ထင်တာကိုယ်ပြောမယ်ဆိုလို့ရှိရင်တော့ အရိုင်းတစ်ပိုင်းဖြစ်သွားမှာပေါ့ဗျ။ ဘာဖြစ်သွားမှာပါလိမ့်။ (အရိုင်းတစ်ပိုင်းဖြစ်သွားမှာ။) အရိုင်းတစ်ပိုင်းဆိုတာ ဘာလိမ့်။ (အယဉ်တစ်ပိုင်းပါဘုရား။) အယဉ်တစ်ပိုင်းဖြစ်သွားလိမ့်မယ်။ အဲ့လိုပြောရမှာ ဟုတ်ရဲ့လား။ (မဟုတ်ပါဘူး။) မဟုတ်ဘူး။ ပြောသင့်တဲ့အချိန်၊ ပြောရမယ့်ကာလ၊ ပြောရမယ့်ပုဂ္ဂိုလ်ကျမှ ပြောရတယ်။
ဒါကြောင့်မို့လို့ ကာလဒေသနှင့် ဝေဖန်ကာ၊ အဆင်မသင့်လျှင် ဘာလဲဗျ။ (မင်းမပေါ်နဲ့ဦး။) မင်းမပေါ်နဲ့ဦး။ မင်းမပြောနဲ့ဦး။ မင်းမလုပ်နဲ့ဦး။ လုပ်မပြနဲ့ဦး။ အခွင့်သင့်မှ။ အခွင့်မသင့်ရင် ဘာပဲဗျာ။ ဦးမလုပ်နဲ့ဦး။ လုပ်မပြနဲ့ဦးတဲ့။ ဟုတ်လားဗျ။
ဒါနဲ့ပတ်သက်ပြီးတော့ ကိုယ်တော်တို့ အခု ဟိုတုန်းက ဒုတိယကမ္ဘာစစ်ဖြစ်ခဲ့စဉ် လွတ်လပ်ရေးအောင်ပွဲတိုက်နေတဲ့အချိန်အခါမှာ၊ လွတ်လပ်ရေးအောင်ပွဲတိုက်တဲ့ထဲမှာ မရဘူး၊ အစိမ်းနဲ့မရဘူး၊ တော်လှန်ခဲ့တဲ့ သခင်သန်းထွန်းဆိုတာရှိတယ်။ ဘယ်သူပါလဲဗျ။ (သခင်သန်းထွန်း။) သခင်သန်းထွန်းဆိုတာရှိတယ်။ အဲ့တော့ ဟိုက အင်္ဂလိပ်လိုပြောလိုက်တယ်။ "ခင်ဗျားတို့က တောသားဆိုတာ ဒီမှာသိထားတာလေ။ တောသားဆိုတာ အင်္ဂလိပ်စာတစ်လုံးမှ... (မတတ်ဘူး။)" "အဲ့တော့ ခင်ဗျားတို့က ဘာလုပ်နေကြတာတုန်း။" ပြောတဲ့သူက အင်္ဂလိပ်လို လာမေးထားတာ။ အဲ့ သခင်သန်းထွန်းက ဘာပြောလိုက်သလဲဆိုလို့ရှိရင် သူက အင်္ဂလိပ်လို၊ အင်္ဂလိပ်လိုပြောလိုက်တာပေါ့။ "ကျုပ်တို့က လယ်သမားတွေဗျ" တဲ့။ သေရော၊ အဲ့ကောင် ဖမ်းသွားရော။ အဲ့ဒါ ဘာလို့ဗျ။ လျော်စွာ၊ ကာလံဒေသနဲ့ ဝေဖန်ကာ၊ အဆင်မသင့်လျှင် မင်းမပေါ်နဲ့ဦးဆိုတဲ့ဥစ္စာ ဘာလဲဗျ။ ပေါ်သွားလို့။ ဟိုက စမ်းသပ်လိုက်တာ။ "ဒီကောင် ခေသူမဟုတ်ဘူး။ ဒီကောင်၊ ဒီကောင်ပဲ။" ဟော၊ တွေ့စမ်းမဟုတ်လား။ ဘာဖြစ်သွားတာပါလိမ့်။ (အဖမ်းခံရတာ။) အဖမ်းခံရတာ။ သူက အဲ့ဒါကို သူ အင်္ဂလိပ်လည်း၊ အင်္ဂလိပ်လည်းမသိဘူး။ ဂျာမန်လည်းမသိဘူး။ ဂျပန်စကားလည်းမသိဘူး။ ဟုတ်လား။ သိရဲ့လား။ မသိဘူး။ သူက သူတို့သိတာ အရပ်ရှည်ရှည်နဲ့ နှာခေါင်းချွန်ပဲသိတယ်။ ဟုတ်လား။ ဘာစကားမှန်းကိုမသိဘူး။ ခွေးစကား၊ လူစကားမသိဘူး။ ဒီကလူကနေ ပြောချလိုက်တယ်။ "ကျုပ်တို့က လယ်သမားတွေ။" အဲ့လိုပြောလိုက်တာ။ တပည့်တော်က အင်္ဂလိပ်လိုမတတ်လို့။ အဲ့လိုပြောလိုက်တာနဲ့ သူ့ကို ဖမ်းသွားတာလေ။ အဲ့ဒါက ကိုယ်တော်တို့ ကာလဒေသကို သိလို့လား၊ မသိလို့လား။ (မသိလို့။) မသိလို့ ဘာဖြစ်သွားလဲ။ (အဖမ်းခံရတယ်။) အေး၊ ဒါပဲ။ ဒါပဲ။ ကိုယ်တော်တို့ အဲ့လိုရှိတယ်။
ဒါကြောင့် တို့ စာအုပ်တွေလည်း များများဖတ်။ ဟုတ်လားဗျ။ ခုနက စာတွေလည်း များများလည်းမှတ်။ ကိုယ်တော်တို့ လက်ခံနိုင်အောင် ကြိုးစားကြရဦးမယ်။ ကိုယ်တော်တို့ ပြောစကားတွေကို လက်ခံနိုင်တဲ့အရည်အသွေးတွေ၊ ဟုတ်လားဗျာ။ ကိုယ့်မှာ၊ သန္တာန်မှာရှိနေအောင်၊ ဆရာသမားတွေပြောလိုက်တာတွေကို လက်ခံနိုင်တဲ့စွမ်းရည်သတ္တိတွေရှိနေအောင် ဒါတွေလည်း ဖတ်ကြရမယ်။ အဲ့ဒါကို စာမေးပွဲစာတွေဖတ်ဖို့အတွက်ကိုပဲ ကိုယ်တော်တို့ လက်ရှိကိုယ့်လုပ်ငန်းကို ပိုပြီးတော့ဖတ်ရမှာပေါ့။ အခု တို့ ပြောလိုက်ပြီလေ။ အရကောက်ကြည့်ဆိုလို့ရှိရင် အရကောက်နဲ့ပြည့်စုံတဲ့ကျမ်းဆိုတာ... (မရှိဘူး။) မရှိဘူး။ အဲ့ဒါကို ဖတ်ရမယ်။ အဲ့ဒါ တို့ ရေးထားတယ်ဆိုတာ အဲ့ထဲမှာ ကောင်းနိုးရာရာလေးပဲလေ။ ဟုတ်လားဗျ။ ဒါကြောင့် ကိုယ်တော်တို့ စာဖတ်မပျင်းနဲ့။ ကိုယ့်တာဝန်ကိုယ်သိ၊ ကိုယ့်အလုပ်ကိုယ်သိရတယ်။ ကိုယ့်အလုပ်ကို ဘာလဲ။ (ကိုယ်သိရတယ်။) ကိုယ်သိရတယ်ဗျ။ ကိုယ့်အလုပ်ကိုယ်သိ၊ ကိုယ့်အလိုကိုယ်သိပြီးတော့ မပျင်းရပါဘူး။ ပျင်းချင်တဲ့စိတ်တွေ ထုတ်ပစ်လိုက်။ ဟုတ်လားဗျ။ သူက ပျင်းချင်ရင် ဖြစ်တော့တာပဲဆိုတာ ဟုတ်တာ။ တပည့်တော်တို့က အကြောင်းမရှိဘူးဆိုလို့ရှိရင်လည်း ကိုယ်တော်တို့ ဘုရားဝတ်တက်လည်း ကိုယ်တော်တို့ အခု ဒီတစ်ဝါတွင်းလုံးပေါ့၊ နှစ်ရက်ပဲ၊ အဲ့ဒါ ကိုယ် မဖြစ်မနေသည်းခံပြီး လာနေတာ။ အဲ့ဒါ အဲ့လို တစ်ရက်၊ နှစ်ရက်ကို ပျက်တာကို မကြိုက်၊ လိုက်ချင်ဘူးပေါ့ဗျာ။ တော်တော်ကိုပဲ စိတ်က အဲ့ဒီရောက်နေတာပါပဲ။
ဒါကြောင့်မို့လို့ ကိုယ်တော်တို့ ကိုယ့်အလုပ်ကိုယ်သိဖို့ အရေးကြီးတယ်။ သူများခိုင်းမှခြင်းနဲ့၊ သူများခိုင်းမယ့်ပုဂ္ဂိုလ်နဲ့၊ ကိုယ့်အသိနဲ့ကိုယ်လုပ်တဲ့ပုဂ္ဂိုလ်တွေရဲ့ အရည်အသွေးဟာ ဘယ်သူက ပိုကောင်းလဲ။ (ကိုယ့်အသိနဲ့ကိုယ်လုပ်တဲ့သူက ပိုကောင်းပါတယ်။) အဲ့ဒီလိုရှိတယ်။ ဒါတွေက။ ဒါကြောင့် ရှေးသူတော်ကောင်းတွေက ဆုံးမခဲ့တဲ့စကားတွေပေါ့ဗျို့။ "ပြောမှသိ၊ ထိမှနာ၊ သေမှခင်၊ ဤလေးအင်..." (လူမိုက်အင်။) သိတော့သိတယ်။ ဒီထုက အဲ၊ ဥပုသ်သည်ပြောသလိုပဲ။ "သိလိပ်က ဝိပါက်ငင်လို့" ဆိုတာ။ ဟုတ်လား။ ရွှေဉာဏ်တော် မခွဲနိုင်ဘူး။ ပွဲတွေ့မှ။ ခုနက လေးဆယ်ခေါ်တယ်နော်။ ဘာခေါ်ပါလိမ့်။ (လေးဆယ်။) လေးဆယ်ပေါ့ဗျာ။ ကိုင်း၊ အဲ့ဒါကြောင့် အရှင်မြတ်တို့လည်း တွေးကြပြီးတော့ နက်ဖြန် စာမေးပွဲဖြေနိုင်အောင်...
Built with Potion.so