ဟုတ်ကဲ့ပါ၊ တောင်းဆိုချက်အရ ပေးပို့လာသော ဆဋ္ဌမမြောက် တရားတော်ပို့ချချက်မှတ်တမ်းကို သတ်ပုံမှန်ကန်စေရန်နှင့် စာဖတ်၍ ပိုမိုအဆင်ပြေစေရန် စာပိုဒ်များခွဲ၍ အောက်ပါအတိုင်း အပြည့်အစုံ စစ်ဆေးတည်းဖြတ်ပေးလိုက်ပါသည်။
ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (ဆဋ္ဌမပိုင်း)
ပို့ချသည့်နေ့ရက် - ၁၃၇၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက် (၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့)
မိတ်ဆက်နှင့် သင်ခန်းစာ ပြန်လည်နွှေးခြင်း
အဲ၊ ဒီကနေ့ မိုးလင်းပိုင်းဆိုတော့လည်း ဆရာတို့ရေ၊ မိုးကလည်း သဲသဲမဲမဲကို ရွာနေတာ။ အဲ့တော့ ဒီကနေ့တော့ အခု သဟဇာတအငယ် ပို့ချလာလိုက်တာ ဘယ်ပစ္စည်းတွေပြီးသွားသလဲဆိုလို့ရှိရင် ဟေ၊ ဓိ၊ ကံ၊ ဟာ ဆိုတဲ့ လေးပစ္စည်းပြီးသွားတယ်။ အဲ့တော့ ဣန္ဒြိယကို ဒီနေ့သွားရအောင်။ ဣန္ဒြိယ၊ ဈာန၊ မဂ္ဂ သွားရအောင်ပေါ့။
အဲ့တော့ ကိုယ်တော်တို့ရဲ့ စာအုပ် စာမျက်နှာနှစ်မှာ သဟဇာတိန္ဒြိယပစ္စည်းရဲ့ သုတ္တသင်္ချာပါတယ်။ စာမျက်နှာငါးမှာက သဟဇာတိန္ဒြိယပစ္စည်းရဲ့ ပါဠိတော်ပါတယ်။ စာမျက်နှာရှစ်မှာက သဟဇာတိန္ဒြိယပစ္စည်းရဲ့ အရကောက်ပါတယ်ပေါ့ဗျာ။
အဲ့တော့ စာမျက်နှာနှစ်ဆိုလို့ရှိရင် သဟဇာတအငယ်ခုနစ်ပါးတို့ရဲ့ သုတ္တသင်္ချာတွေကို စုပေါင်းပြထားလိုက်တယ်။ စာမျက်နှာငါးမှာဆိုလို့ရှိရင် သဟဇာတအငယ်ခုနစ်ပါးတို့ရဲ့ ပါဠိတော်ကို စုပေါင်းပြထားလိုက်တယ်။ စာမျက်နှာရှစ်မှာဆိုရင် သဟဇာတအငယ်ခုနစ်ပါးတို့ရဲ့ ဘာလဲ၊ အရကောက်ကို ဘာလဲဗျ။ (ပြထားပါတယ်။) စုပေါင်းပြီးတော့ ပြထားလိုက်တယ်။ အဲ့တော့ စုပေါင်းပြီးတော့ ပြထားလိုက်တဲ့အတွက်ကြောင့် ကျစ်ကျစ်လစ်လစ် တုံးချီထားတဲ့ အရာဝတ္ထုဟာ အရှင်ဘုရားတို့ သရုပ်ခွဲရာမှာ မလွယ်ကူဘူးလား။ (လွယ်ကူပါတယ်။) လွယ်ကူတယ်။
တော်တော်ကြီးပါလား။ လွန်ခဲ့တဲ့ ဟေတု၊ အဓိပတိ၊ ကမ္မ၊ အာဟာရ ကြည့်မယ်ဆိုရင်
ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော ဆိုလို့ရှိရင်လည်းပဲ ကုသလော ဓမ္မော ကတ္တာပုဒ်အရာက "သမ္ပယုတ္တက္ခန္ဓာအပ်သော ကုသိုလ်စိတ် ၂၁၊ စေတသိက် ၃၈ ၌ရှိသော စိတ္တက္ခဏတစ်ခုတစ်ခု၌ဖြစ်သော" နှစ်၊ သုံး။ ဟေတုက ဟိတ်နှစ်ပါး၊ သုံးပါးကို ကြည့်သွားပြီ။ ဖြင့်၊ နှစ်ကိုကြည့်ပြီးတော့ ဘာလဲဗျ။ "ဒွေဟိတ်ဖြစ်အံ့ အလောဘ၊ အဒေါသ၊ တိဟိတ်ဖြစ်အံ့ အလောဘ၊ အဒေါသ၊ အမောဟ၊ ဤဟိတ်နှစ်ပါး၊ သုံးပါး ပစ္စည်းတရားရ၏။"တကယ်လို့များ အဓိပတိဆိုလို့ရှိရင် "သမ္ပယုတ္တက္ခန္ဓာအပ်သော ကုသိုလ်စိတ်၊ စေတသိက် ၃၈၊ စိတ္တက္ခဏတစ်ခုတစ်ခု၌ရှိသော" ဆိုပြီးတော့ သုံး၊ လေးကို မပြောဘူးလား။ (ပြောပါတယ်။) "အဓိပတိတရားကိုယ် သုံးပါး၊ လေးပါးတို့တွင် တစ်ပါးပါး ပစ္စည်းတရားရ၏။" နောက် ကိုယ့်ကမ္မပစ္စည်းကောက်စဉ်ကာလကဆိုလို့ရှိရင်လည်း
ကုသလော ဓမ္မော ကတ္တာပုဒ်အရ "သမ္ပယုတ္တက္ခန္ဓာအပ်သော စေတသိက်၊ စိတ္တက္ခဏ၌ရှိသော" ဘာရ၏။ (စေတနာ။) စေတနာရ၏။ တကယ်လို့ အာဟာရကောက်မယ်ဆိုလို့ရှိရင်လည်း ကိုယ်ကောက်ခဲ့ပြီးသားပဲလေ။ ကုသလော ဓမ္မော ဟူသော ကတ္တာပုဒ်အရ "သမ္ပယုတ္တက္ခန္ဓာအပ်သော ကုသိုလ်စိတ် ၂၁၊ စေတသိက် ၃၈၊ စိတ္တက္ခဏတစ်ခုတစ်ခု၌ရှိသော" သရုပ်ဖော်။ "ဖဿ၊ စေတနာ၊ ဝိညာဉ်ဟူသော နာမ်အာဟာရတရားကိုယ်သုံးပါး ပစ္စည်းတရားရ၏။"အဲ့သလောက်လောက် ပြောလိုက်ပြီဆိုရင် ဟိုဘက်က ဣန္ဒြိယလည်းပဲ ရှစ်ပါးသိရောပေါ့ဗျာ။ ဈာနကလည်း ငါးပါး။ မဂ္ဂကလည်း ရှစ်ပါး။ သိပြီလား။ (သိပါပြီ။) ဣန္ဒြိယဆိုလို့ရှိရင်လေ၊ အခုကောက်ရတော့မယ့်ဥစ္စာက "နာမ်ခန္ဓာအပ်သော ကုသိုလ်စိတ် ၂၁၊ စေတသိက် ၃၈၊ စိတ္တက္ခဏတစ်ခုတစ်ခု၌ရှိသော" ရှစ်ကို သရုပ်ဟောလိုက်မယ်လေ။ ကိုယ်တော်တို့ ရပြီးသားပဲ စာမျက်နှာနှစ်ကလေ။ (မှန်ပါ။) "ဇီဝိတ၊ စိတ်၊ ဝေဒနာ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ပညာဟု ဆိုအပ်သော နာမ်ဣန္ဒြေတရားကိုယ် ရှစ်ပါး ပစ္စည်းတရားရ၏။" အော်၊ ဟိုဘက်က ဈာနဆိုလို့ရှိရင်လည်းပဲ "စိတ္တက္ခဏတစ်ခုတစ်ခု၌ရှိသော ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာဟုဆိုအပ်သော ဈာနင်တရားကိုယ်ငါးပါး ပစ္စည်းတရားရ၏။" ဟိုဟိုဘက်က မဂ်ဆိုလည်း သရုပ်ဟောလိုက်ရုံပဲ မဟုတ်လား။ (ဟုတ်ပါတယ်။) အိုး၊ ဒီထက်လွယ်တာ ဘာရှိသေးတုန်း။ ဘာမှမရှိတော့ဘူး။ ဘုန်းကြီးနဲ့ ပဋ္ဌာန်းဆို ဒီလိုကျတော့လည်း လွယ်လှချည်လားဘုရားပေါ့။ လွယ်ဘူးလား။ (လွယ်ပါတယ်။)
ဣန္ဒြိယပစ္စည်း သင်ကြားခြင်း
ကိုင်း၊ ဒါတော့ ဒီနေ့အခု ဣန္ဒြိယပစ္စည်းသွားမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ အခု စာမျက်နှာနှစ်က ဣန္ဒြိယ၊ သဟဇာတိန္ဒြိယပစ္စည်းရဲ့ သုတ္တသင်္ချာ၊ စာမျက်နှာငါးက သဟဇာတိန္ဒြိယပစ္စည်းရဲ့ ပါဠိတော်။ (ပါဠိတော်။) အဲ့ဒါပြီးပြီဆိုလို့ရှိရင် တပည့်တော်က ကိုယ်တော်တို့ ဟိုနေ့က အကြွေးလေး ပြန်တောင်းမှာပေါ့ဗျ။ အဓိပတိလေးပါး အကြွေးလေးရှိတယ်မဟုတ်လားဗျ။ (မှန်ပါ။) ကိုင်း၊ အဲ့ဒီက အကြွေးလေးကိုလည်းပဲ ကိုယ် အဓိပတိလေးပါး အကျဉ်းချုပ်ကလေး ပြောပြတာပေါ့။ ဟုတ်လားဗျာ။ (တင်။)
ကိုင်း၊ ဒါကြောင့်မို့လို့ ဣန္ဒြိယပစ္စည်း၊ စာမျက်နှာနှစ်က ဣန္ဒြိယပစ္စည်းရဲ့ ဘာပါလိမ့်ဗျ။ (သုတ္တသင်္ချာ။) စာမျက်နှာငါးက ဣန္ဒြိယပစ္စည်းရဲ့... (ပါဠိတော်။) ပါဠိတော်။ အဲ့ဒါပြီးကြမှ တပည့်တော်က ကြားထဲက မကောက်သေးဘဲနဲ့ ဘာပွင့်ပြောမယ်။ (အဓိပတိပွင့်။) ဟုတ်ပြီ၊ ဟုတ်ပြီ။ ကိုင်း၊ အဲ့သလိုဆိုလို့ရှိရင် စာမျက်နှာနှစ်ကိုကြည့်ပြီးတော့ "သဟဇာတိန္ဒြိယပစ္စည်း သုတ္တသင်္ချာ၌..." ဟောကြည့်မယ်ဗျာ။
(သုတ္တသင်္ချာနှင့် ပါဠိတော်ရွတ်ဆိုခြင်း)
အဓိပတိပစ္စည်း အကျယ်ဖွင့်ဆိုချက်
(မှန်ပါဘုရား။) အဲ့ဒါ အဲ့ဒီက ဣန္ဒြိယပစ္စည်းရဲ့ တရားကိုယ်မကောက်ခင် ခုနကပြောခဲ့သလိုပေါ့၊ အဲ့တော့ ပြီးခဲ့တဲ့၊ ကောက်ပြီးခဲ့တဲ့ အဓိပတိပစ္စည်းရဲ့ အဓိပ္ပာယ်လေး အကျဉ်းကို သွားရအောင်။ အဲ့တော့ အဓိပတိလေးပါး - ဆန္ဒအဓိပတိ၊ ဝီရိယအဓိပတိ၊ စိတ္တအဓိပတိ၊ ဝီမံသအဓိပတိဆိုပြီးတော့ အဓိပတိလေးပါး။
အဲ့တော့ ကိုယ်တော်တို့အခု ဆန္ဒဝတော၊ ဝီရိယဝတော စသည်အားဖြင့် ဆန္ဒဆောင်မှ ဘဝဟာ ဘာဖြစ်လို့လဲ။ (အောင်မြင်ပါတယ်။) အောင်မြင်တယ်။ ဝီရိယဆောင်မှ အောင်မြင်တယ်။ နောက် ဘာဆောင်မှ... (စိတ်ဆောင်မှ။) စိတ်ဆောင်မှ ဘဝဟာ ဘာလဲဗျ။ (အောင်မြင်တယ်။) အောင်မြင်နိုင်တယ်။ ဟုတ်လားဗျ။ နောက် အထွတ်အထိပ်သို့ရောက်ဖို့က နောက်ဆုံးဘက်က အထွတ်တင်ထားတာက ဘာဖြစ်လို့လဲ။ (ပညာ။) ပညာပါမှ အောင်မြင်တယ်ပေါ့ဗျာ။
ဒါကြောင့် အရှင်ဘုရားတို့၊ ဒီဥစ္စာတွေက ခပ်သိမ်းသော ဘဝရဲ့ အထွတ်အထိပ်သို့ရောက်ကြောင်း တရားလေးပါး။ ဟုတ်လားဗျာ။ ကိုယ်တော်တို့ အခု အဲ့ဒီက လေးပါးကိုပဲ ဟို သုတ်အပိုင်းကျလို့ရှိရင် ဣဒ္ဓိပါဒ်လေးပါးဆိုတာ ဟုတ်လားဗျ။ ဣဒ္ဓိပါဒ်တဲ့။ ဟုတ်လားဗျ။ ဣဒ္ဓိပါဒ်တဲ့။ အဲ့ဒါ ဘဝရဲ့ အထွတ်အထိပ်သို့ရောက်ကြောင်း။ အဲ့ဒီလေးပါးမပါဘဲနဲ့ ဘဝရဲ့အထွတ်အထိပ်သို့ မရောက်နိုင်ဘူး။
ဒါကြောင့်မို့ ဆန္ဒအဓိပတိ၊ ဥပမာ ပထမအနေနဲ့ ဘာရှိရမှာလဲဆိုလို့ရှိရင် ဆန္ဒရှိရမယ်။ ဦးဆုံးအနေနဲ့ ဘာလဲ။ (ဆန္ဒရှိရမယ်။) ဆန္ဒရှိထားရမယ်။ အဲ့ဒီက ဆန္ဒကလည်းပဲ သာမန်ဆန္ဒမျိုးမဟုတ်ဘူး။ အဓိပတိထိုက်တဲ့ ဆန္ဒမျိုး။ ဘယ်လိုထိုက်တဲ့ ဆန္ဒမျိုး။ (အဓိပတိထိုက်တဲ့ ဆန္ဒမျိုး။) အဓိပတိထိုက်တဲ့ ဆန္ဒမျိုး။ ဟိုးတုန်းက တောထွက်ကြီးဆန္ဒမျိုးဆိုရင်တော့ မကောင်းဘူးပေါ့ဗျ။ ဟိုးတုန်းက တောထွက်ကြီးတစ်ပါးရှိသတဲ့။ အဲ၊ ဒါ အင်းဝခေတ်က၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ ကျော်လောက်က။ ကိုယ်တော်တို့ ဗုဒ္ဓဃောသ၊ ဗုဒ္ဓဃောသဆရာတော် ဦးဗုဓ်၊ အဲ့တော့ ဆရာတော်ဦးဗုဓ်ဆိုတာက အလွန်တရာမှ စာပေအလွန်တရာမှ တတ်ရုံနဲ့မကဘူး၊ အနေအထိုင်၊ အကျင့်သီလ အလွန်တရာမှကောင်းတယ်။ ကိုယ်တော်တို့ ခုဒ္ဒသိက္ခာရဲ့ နိသျနိဂုံးကို ကြည့်မယ်ဆိုရင် ဆရာတော်ကို အလွန်တရာမှ လေးစားကြည်ညိုသနားသွားတာတွေ ဖြစ်လိမ့်မယ်။ သွေးဝမ်းတွေသွားနေတဲ့အချိန်အခါမှာတောင်မှပဲ သူဟာလည်း အခု ကုသိက္ခာကို ရေးခဲ့ရတာ။ ကုသိက္ခာကို။ အဲ့တော့ ပြင်းပြင်းထန်ထန်ရောဂါတွေ ခံစားနေတဲ့အချိန်အခါမှာကိုပဲ ဒီခုဒ္ဒသိက္ခာကို ရေးခဲ့တာပါ။ ဒါကြောင့်မို့လို့ နောင်လာနောင်သား ရဟန်းတော်များအနေနဲ့လည်းပဲ ဒီခုဒ္ဒသိက္ခာကို သို့မဟုတ် ခါသုံးကောင်တစ်ကောင်ကောင်ကို ဖမ်းနိုင်ကြပါစေလို့ ဆန္ဒပြုသွားတယ်။ ခါသုံးကောင်တစ်ကောင်ကောင် ဖမ်းနိုင်ရမယ်ဗျ။ ဘယ်လိုပါလိမ့်ဗျ။ ခါသုံးကောင်ဆိုတာ သိလား။ (မသိပါဘူး။) ဟင်။ ခါသုံးကောင်ဆိုတာ ဆရာတော်ဦးဗုဓ်ကတော့ "ခါသုံးကောင် တစ်ကောင်ကောင် ဖမ်းစေရမယ်" တဲ့။ ရှေးဆရာတော်တွေက ခါသုံးကောင်နဲ့ဗျ။ တော်တော်သာသိပါတယ်။ အဲ့ဒီခါသုံးကောင်က ဟုတ်လား။ ခါအကြီး၊ ခါအလတ်၊ ခါအငယ်။ ဟုတ်လား။ သိလား။ (မသိပါဘူး။) အကြီးအခါဆိုတာက ကင်္ခါပေါ့ဘုရား။ အကြီးအခါဆိုတာက ဘာလဲ။ (ကင်္ခါ။) ကင်္ခါ။ အငယ်အခါဆိုတာက... အငယ်ဆိုတာက ကိုယ်တော်တို့ မူလသိက္ခာ၊ ခုဒ္ဒသိက္ခာ။ အငယ်က ခုဒ္ဒသိက္ခာ၊ အလတ်က မူလသိက္ခာ၊ အကြီးက ကင်္ခါဝိတရဏီ။ ဟုတ်လားဗျ။ ခါသုံးကောင်။ သာသနာတော်မှာနေတဲ့ပုဂ္ဂိုလ်တွေ ခါသုံးကောင်တစ်ကောင်ကောင် ဖမ်းလို့ရမယ်ပေါ့။
အဲ့တော့ အခု တောထွက်၊ အဲ့ဒီက မယံမနတ်ကြိုးစားတဲ့ ဆရာတော်ဦးဗုဓ်ပေါ့ဗျာ။ မယံမနတ်ပါလေ၊ အလွန်တရာမှ ကြိုးစားတဲ့ဆရာတော်၊ ဆရာတော်ဦးဗုဓ်။ အဲ့တော့လည်းပဲ ဟို ညောင်ကန်ရပ်ဒေသမှာ နေလျက်သားနဲ့ကိုပဲ နန်းတော်ထဲကနေပြီးတော့ ခေါ်ပြီးတော့၊ ပင့်ပြီးတော့ ကိုးကွယ်ရလောက်အောင်။ အရှင်မင်းတရားကြီးပါလား။ ကိုးကွယ်တော့ အဲ့ဒီက အင်းဝတံတားပေါ်က လှမ်းကြည့်လိုက်မယ်ဆိုလို့ရှိရင် အရှေ့တောင်ယွန်းယွန်း ကြည့်လိုက်မယ်ဆိုလို့ရှိရင် နို့နှစ်ရောင်၊ မင်းတုန်းအုတ်ကျောင်းကြီးကို လှမ်းမြင်ရတယ်ဗျာ။ ဟုတ်လားဗျ။ (ဟုတ်ပြီ၊ တော်တော်မြင်ရပါတယ်။) အဲ့ဒီက ကျောင်းကြီးဟာလည်း ဆရာတော်ဦးဗုဓ် သီတင်းသုံးခဲ့တဲ့ ကျောင်းကြီးပေါ့ဗျာ။ မင်းတုန်းအုတ်ကျောင်းဆိုတာ ရှိသေးတယ်။ ကိုယ်တော်တို့ရေ၊ အဲ့ဒါ အခု အင်းဝတံတားပေါ်က လှမ်းကြည့်လိုက်ရင်၊ မန္တလေးဘက်ကမ်းဘက်က လှမ်းကြည့်လိုက်လို့ရှိရင် အဲ့ဒီက အဲ့ဒီကျောင်းကြီးကို တစ်ခါတည်း ဖြူဖွေးဖွေးနဲ့ နို့နှစ်ရောင်ကြီး လှမ်းပြီးတော့ မြင်နေရတာ။ အဲ့ဒီကျောင်းမှာ ပင့်ပြီးတော့ ကိုယ် သီတင်းသုံးလောက်အောင် အဆင်ပြေအောင် ပြုလုပ်ခဲ့တာ။
အဲ့တော့ တောထွက်ကြီးက ပြောသတဲ့။ သူက တောထွက်ကြီးကလည်း ကြည့်စမ်းပါဦးဗျာ။ သူ့အနေအထားကလည်း အဲ့ဒါ ဆွမ်းကို သပိတ်တစ်လုံးစားပြီးတော့ တစ်နေကုန်အိပ်လိုက်တာ။ ဟုတ်လား။ စားလိုက်တာက သပိတ်တစ်လုံး၊ အိပ်လိုက်တာက... (တစ်နေကုန်။) တစ်နေကုန်။ တစ်နေကုန်အိပ်ပြီးကာကျတော့ သင်္ကန်းကို ခေါင်းခြုံရာကနေ အဲ့ဒါ လှန်ကာကျတော့ လက်တွေ၊ ခြေတွေဆန့်ပြီးတော့ "ကွာ" ပေါ့လေ။ သူ့ဘာသာသူ "ငါလည်း ဆရာတော်ဦးဗုဓ်လို စာတတ်ရင်ကောင်းမှာပဲ" တဲ့။ သူ့ဆန္ဒက။ သူ့ဆန္ဒက ဘာလဲ။ "ဆရာတော်ဦးဗုဓ်လို..." (စာတတ်ရင်ကောင်းမှာပဲ။) အဲ့ဆန္ဒမျိုးက အဓိပတိထိုက်ရဲ့လား။ (မထိုက်ပါဘူး။) အဲ့ဆန္ဒမျိုးနဲ့ ဘာမှသုံးစားဖြစ်မှာမဟုတ်ဘူး။ ဘာမှန်း သုံးစားမဖြစ်ဘူး။ ဟုတ်လားဗျ။ အဲ့ဆန္ဒမျိုးတွေကတော့ ဘဝဟာ ဘာမှဖြစ်မလာဘူး။
ဒါကြောင့်မို့လို့ ရှေးကပြောကြတာ "တကယ်ဖြစ်ချင်ရင်... (တကယ်လုပ်။)" ဟုတ်။ တကယ်ဖြစ်ရမယ်။ ဒါတွေက ကိုယ်တော်တို့ ဒီအဓိပတိလေးပါးကို ရည်ညွှန်းနေတာ။ ဟုတ်လားဗျ။ တကယ်ဖြစ်ချင်တဲ့ပုဂ္ဂိုလ်တွေ ဘာလုပ်ရမှာပါလိမ့်။ (တကယ်လုပ်။) တကယ်လုပ်။ ကိုယ် လက်တွေ့အကောင်အထည်ဖော်ဖို့ လိုတယ်။ အရေးကြီးတယ်။ ကိုယ်တော်တို့ ဘာဖြစ်ချင်တုန်းပြော။ ဖြစ်ချင်တဲ့အတိုင်းအတာနဲ့၊ မှီတဲ့၊ ကိုယ်မှီတဲ့အတိုင်းအတာကို ဖြစ်ချင်တာကို ပြောကြည့်ပါ။ ဖြစ်မယ့်နည်းတွေ ဆရာပေးနိုင်တာ အများကြီးရှိတယ်။ ဆရာပေးနိုင်တာတွေ ဘယ်... (အများကြီး။) အများကြီးရှိတယ်။ အဲ့တော့ ကိုယ်တော်တို့က ကိုယ် အကြီးတန်းအောင်ချင်သလား၊ ဒါမှမဟုတ်လို့ရှိရင် စာရေးဆရာဖြစ်ချင်သလား၊ ဒါမှမဟုတ်လို့ရှိရင် အဆိုတော်ပဲဖြစ်ချင်သလား။ (အဆိုတော်။) ဟုတ်လားဗျ။ ဓမ္မကထိကပဲဖြစ်ချင်သလား။ ပြောတာပါ။ ဘုန်းကြီးဆိုတော့ ဓမ္မကထိကဆိုတော့ပေါ့ဗျာ။ ဟုတ်လား။ အဲ၊ ဒါကိုပြောတာပါ။ ကိုယ်တော်တို့ အဲ့လို တကယ်ဖြစ်ချင်တယ်ဆိုလို့ရှိရင် အဲ့ဒီလမ်းကြောင်း ကိုယ်တို့ တင်ပေးလိုက်မယ်။ သွားလျှောက်တော့။ ဟုတ်လား။ အဲ့လို မရနိုင်ဘူးလား။ (ရနိုင်ပါတယ်။) အမ်။ ကိုယ်တို့ တကယ်မလုပ်ဘဲနဲ့၊ ဒါ လောကမှာ ဘာမှ တကယ်အကောင်အထည်မဖော်ဘဲနဲ့ ဘာမှမဖြစ်ဘူး။ ကိုယ်မှီတဲ့လုပ်ငန်းကို ဘာပါလိမ့်ဗျ။ (တကယ်လုပ်။) တကယ်လုပ်ကြည့်လိုက်ပါ။ မခက်ခဲပါဘူး။ ဟို ဒူးရင်းသီးအလုံးကြွေတာကို တက်ဆွတ်ချင်တယ်ဆိုလို့ရှိရင်တော့ လှေကားထောင်ပေးမယ့်ပုဂ္ဂိုလ်ရှိဖို့ အရေးမကြီးဘူးလားဗျ။ (ရှိပါတယ်။) အဲ၊ အဲ့လိုတော့ရှိတာပေါ့။ အဲ့ဒါတော့ ဘယ်ဖြစ်နိုင်ပါ့လိမ့်မလဲ။ အဲ့တော့ ကိုယ်မှီတဲ့ကိစ္စဟာ ကိုယ်တော်တို့ ဘာမှမဖြစ်စရာမရှိဘူး။
သူဟာ အဲ့တော့ ကိုယ်မှီတဲ့ကိစ္စတွေကို ခုနက ဆန္ဒရှိရင်၊ ဝီရိယရှိရင် ဖြစ်နိုင်ပါတယ်။ သေချာတယ်။ အဲ့ဒါ ငပျော့၊ ငပျင်းဆိုလို့ရှိရင်တော့ ဘာမှမဖြစ်ဘူး။ ငပျော့၊ ပျင်း၊ ငပျင်း။ ဟုတ်လားဗျ။ ပျင်းဆိုရင် ဘယ်လောကမှာ ဘာမှ ဘာပါလိမ့်။ အဓိပတိမထိုက်ဘူး။ အဓိပတိထိုက်လား။ (မထိုက်ပါဘူး။) မထိုက်ဖူးတယ်။ အဲ့ဒီက ဆန္ဒမျိုးတော် လောကမှာ ဘာမှသုံးစားမရဘူး။
အဲ့တော့ သုမေဓာရှင်ရသေ့တို့ရဲ့ ဆန္ဒမျိုးကို ဖြစ်ရတယ်။ သုမေဓာရှင်ရသေ့တို့က အရှင်ဘုရားတို့ အခု အဲ့ဒါ သုမေဓာရှင်ရသေ့ဟာလည်း ဘုရားဖြစ်မယ်ဆိုလို့ရှိရင်တဲ့ သူ့ရဲ့ဆန္ဒတွေက၊ သူ့ရဲ့ဆန္ဒတွေက ဘယ်လောက်ပြင်းပြသလဲဆိုလို့ရှိရင် သုမေဓာရှင်ရသေ့ဘဝမှာ ဒီပင်္ကရာဘုရားထံ နိယတဗျာဒိတ် ခံယူလိုက်တယ်မဟုတ်လားဗျ။ (မှန်ပါ။) အဲ့တော့ အခုတော့ ဟိုတုန်းက ပြောခဲ့ဖူးတယ်လေ။ ဒီပင်္ကရာမြတ်စွာဘုရားရှင် ကြွလာတဲ့ ရမ္မဝတီနေပြည်တော်ကြီးကို ကြွလာခဲ့တယ်။ ဓမ္မဝတီနေပြည်တော်ကို ကြွလာခဲ့တဲ့ ခုနက ဘာဘုရား။ ဒီပင်္ကရာမြတ်စွာဘုရား။ သံဃာဘယ်လောက်လို့ ပြောဖူးပါလိမ့်။ (လေးသိန်း။) ငါး၊ အကုန်မေ့။ ဒီမှာမကျန်ဘူး ဗိုက်ထဲမှာ။ လေးသိန်းလို့ မပြောဖူးဘူးလား။ (ပြောဖူးပါတယ်။) လေးသိန်းနဲ့ပြည့်စုံလို့မို့လို့ အဲဒါ နိယတဗျာဒိတ်စိတ်ကို ခံယူနေတာ။ ကိုယ်တော်တို့ ပြောဖူးပြီးပြီ။ ဟုတ်လားဗျ။ အဓိကတော့ ဆန္ဒ။ ဟုတ်လားဗျာ။ အဓိကရောစ ဆန္ဒ။ နောက်ဆုံးဘက်က အဓိကတော့ ဆန္ဒ။ ပျင်းပြတဲ့ဆန္ဒရှိရမယ်။
ဗျာဒိတ်ခံယူတဲ့ပုဂ္ဂိုလ်တွေဟာလည်း အင်္ဂါလက္ခဏာရှစ်ပါးရှိရတယ်တဲ့ဗျ။ ဘယ်နှမျိုး... (ရှစ်မျိုး။) မနုဿတ္တ - လူလည်းဖြစ်ရမယ်။ လိင်္ဂသမ္ပတ္တိ - ယောက်ျားစင်စစ်လည်းဖြစ်ရမယ်။ ဟေတု - တိဟိတ်ပဋိသန္ဓေနေသူလည်းဖြစ်ရမယ်။ သတ္ထာရဒဿနံ - ဘုရားရှင်ကိုယ်တော်မြတ်ကို ကိုယ်တိုင်မျက်မြင်လည်းဖြစ်ရမယ်။ ပဗ္ဗဇ္ဇာ - ရသေ့သော်လည်းကောင်း၊ ရဟန်းသော်လည်းကောင်း ဖြစ်ရမယ်။ ဂုဏသမ္ပတ္တိ - အဲ့ဒီရသေ့၊ ရဟန်းကလည်းပဲ ဈာန်အဘိညာဉ်တွေရတဲ့ ရသေ့၊ ရဟန်းဖြစ်ရမယ်တဲ့ဗျ။ အဓိကာရ - ဘုရားဖြစ်လိုတဲ့ဆန္ဒ။ ဆန္ဒ - အလွန်တရာမှ ပြင်းပြတဲ့ဆန္ဒရှိရမယ်။ အဲ့ဒီရှစ်မျိုးနဲ့ပြည့်စုံမှသာလျှင် နိယတဗျာဒိတ်ကို ရတာ။
အဲ့တော့ သုမေဓာရှင်ရသေ့ရဲ့သန္တာန်မှာ၊ သုမေဓာရှင်ရသေ့ကို တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်က ပြောတော့မှာပေါ့။ "သုမေဓာရှင်ရသေ့ရေ၊ တောင်စကြဝဠာတိုက်နဲ့ မြောက်စကြဝဠာတိုက်မှာ မီးကျီးတွေ၊ မီးကျီးတွေ အပြည့်ထည့်ထား။ အဲ့ဒီမီးကျီးတွေကို ဖြတ်ပြီးတော့ မြောက်စကြဝဠာတိုက်ထိအောင်၊ တောင်စကြဝဠာတိုက်ကနေ စကြဝဠာတိုက်ထိအောင် အဆုံးသွားနိုင်မယ်ဆိုရင် ဘုရားဖြစ်မယ်" ဆို သူက အခုဖြတ်ခြင်း ထသွားမှာ။ ဟုတ်လားဗျာ။ အဲ့ဒါ လှံသွားတွေ၊ များများထက်နေတဲ့ လှံသွားတွေ တောင်စကြဝဠာကနေ မြောက်စကြဝဠာတိုက်ထိအောင် ထောင်ထားရမယ်။ အဲ့ဒီအပေါ်ကို နင်းလျှောက်ပြီးတော့ မြောက်စကြဝဠာတိုက်ထိအောင် သွားဆိုလို့ရှိရင် သွားကိုဘာပါလိမ့်။ (သွားပါတယ်။) အဲ့ဒီက ဆန္ဒမျိုးဟာ ဆန္ဒအဓိပတိ။ အဲ့ဒီက ဆန္ဒမျိုးကို ပြောတာ။ ဟုတ်လား။ ပျော့ပျော့ပျဲပျဲ ဆန္ဒမျိုး ဟုတ်ရဲ့လား။ (မဟုတ်ပါဘူး။) ပျော့ပျော့ပျဲပျဲ ဆန္ဒမျိုးတော့ ဘယ်သောအခါမှ ဘာမှန်းကို ဖြစ်မလာနိုင်ဘူး။ ဒါကြောင့်မို့လို့ အဲ့ဒါ ဆန္ဒဆောင်ရင် မအောင်နိုင်ဘူးလားဗျာ။ (အောင်နိုင်ပါတယ်။)
ဝီရိယအဓိပတိ
ဝီရိယဆောင်ရင် အောင်နိုင်တယ်။ ဈာနဆောင်ရင် အောင်နိုင်တယ်။ အဲ့တော့ ကိုယ်တော်တို့အခု ဝီရိယလည်းဆောင်ဖို့ အရေးမကြီးဘူးလားဗျ။ ဟာ၊ ဆန္ဒပြုလို့ရှိရင် ဘာဆောင်ရမှာပါလိမ့်ဗျ။ (ဝီရိယဆောင်ရမယ်။) ဝီရိယဆောင်ရလိမ့်မယ်။ အဲ့တော့ ဝီရိယနဲ့ပတ်သက်လို့လည်းပဲ ကိုယ်တော်တို့ရေ၊ ပြောစရာတွေ အများကို အများကြီးပဲ။ အဲ့ထဲကနေတော့ ပါဠိတစ်ခုနှစ်ခုလောက် ပြောပြရဦးမယ်ပေါ့။ အဲ့တော့ အခု သံယုတ္တနိကာယ်၊ ဒေဝတာသံယုတ်မှာ သုဝီရသုတ်နဲ့ သုသိမသုတ်ဆိုတာ နှစ်သုတ်ရှိတယ်။ ဒါ ကိုယ်တော်တို့ အဘိဓာန်ထဲမှာလည်း ပါတယ်ပေါ့လေ။
သိကြားမင်းကြီးက ကိုယ်တော်တို့ အသူရာတို့ရဲ့နတ်ပြည်ကို လုယူထားတာလေ။ အဲ့ဒါ အဲ့သမိုင်းကြောင်း သိပါတယ်ဗျာ။ သိကြားသုံးယောက်သောပုဂ္ဂိုလ်တို့ကနေပြီးတော့ လုယူထားလိုက်တဲ့အတွက်ကြောင့် အဲ့ဒါ အသူရာနတ်ပြည်ကို သူ တကယ်တော့ တာဝတိံသာဆိုတာ ဖြစ်လာတာ။ တော်တော်သိပြီးသားနော်။ မသိဘူး၊ သိပြီးသား။ မသိရင်ပြောလိုက်ပေါ့ဗျာ။ စိတ်ချမ်းသာသွားအောင်။ ဟုတ်လား။ အဲ့တော့ သုံးကျိပ်သုံးယောက်တို့ရဲ့နေရာပေါ့။ အဲ့တော့လည်းပဲ ဟို အသူရာတွေကလည်းပဲ သူတို့စစ်တိုက်၊ သူတို့နေရာကို လုယူရကောင်းလားဆိုတော့ အမြဲတမ်းကို ရန်သူတွေက ခဏခဏတိုက်နေရတာဗျ။ ဒါကြောင့်မို့လို့ ကိုယ် မဂ္ဂဒေဝထဲတောင်မှ ပါတယ်လေ။ "တို့ မဂ္ဂဒေဝ ကန်တော့ဖူးတဲ့ဥစ္စာ၊ တစ်ခုပင်လည်း မသိဘူး။" ဟုတ်ဘူးလား။ (သိပါတယ်။) တချို့ပုဂ္ဂိုလ်တွေသိတယ်။ တချို့ပုဂ္ဂိုလ်တွေ... (မသိဘူး။) အယ်၊ ကိုယ်တော်တို့က အမျိုးသားတွေဆိုတော့ မသိဘူး။ တောကျကျတောသားဆိုတာ သိတယ်ဗျ။ တစ်ခုပင်ဆိုတာ အပွင့်က ဘယ်လို၊ ဘယ်လိုလေးပါလိမ့်။ ဘယ်လိုပုံစံပါလိမ့်။ ပုဒိုင်းပွင့်ပုံစံလေး။ ဟုတ်လားဗျာ။ အဲ၊ သူက သုသာရင်လည်း အလွန်တရာကောင်းတယ်ပေါ့ဗျာ။ အဲ့ဒီအချိန်ပွင့်တာက နယုန်၊ ဝါဆိုမှာပွင့်တာ။ အဲ့အချိန်မှာ ကိုယ်က အခု တာဝတိံသာ၊ တာဝတိံသာသိကြားမင်းနဲ့ အသူရာတို့ဟာ စစ်တိုက်တဲ့အချိန်ပဲ။ တစ်ခုပင်ပွင့်ဆိုတာဟာ အဲ့ဒါ ကိုယ်တော်တို့ တာဝတိံသာနတ်ပြည်မှာတော့ စစ်ခင်းနေပြီ၊ သိကြားမင်းတို့ စစ်ခင်းနေပြီလို့ မှတ်လိုက်ပေါ့ဗျာ။ ဟုတ်လား။ ဟုတ်လား။ အဲ့အချိန်က မိုးချိန်းသံတွေ အကုန်ကြားပြီပေါ့။ ဟာ၊ သိကြားမင်းတို့ စစ်ခင်းနေပြီဟေ့၊ လူသားတွေနဲ့ စစ်ခင်းနေပြီလို့ မှတ်လိုက်ပေါ့ဗျာ။ ဟုတ်လား။
အဲ့ဒါမှ ခုနက သုသိမနဲ့ သုဝီရ၊ သုဝီရ၊ သုသိမနဲ့ သုဝီရဆိုတဲ့ သားနှစ်ယောက်ကို ပြောတယ်။ "ဟေ့ သားတို့"။ ကိုယ်တော်လည်း ထူးမှပေါ့ဗျာ စိတ်ထဲက။ ဟုတ်လား။ သိကြားမင်းက ပြောလိုက်တာပါ။ အဲ့တော့မှ အသူရာတွေက မင်းတို့ စစ်ဆင်လာပြီ၊ စစ်ချီတက်လာပြီ၊ မင်းတို့ စစ်ကို အဆင်သင့်ပြင်ထားကြဆိုတော့ သိကြားမင်းကနေတော့ သူ့သားဖြစ်တဲ့ သုသိမနဲ့ သုဝီရတို့ကို ပြောလိုက်တယ်ဆိုပေမယ့်လည်းပဲ တစ်ကြိမ်ပြောတယ်ဆိုတော့ မေ့သွားတယ်။ နှစ်ကြိမ်ပြောလည်း မေ့သွားတယ်။ သုံးကြိမ်ပြောလည်းပဲ မေ့သွားတယ်ပေါ့။ အဲ့တော့ စစ်က တော်တော်နီးကပ်လာပြီပေါ့ဗျာ။ ဟာ၊ မင်းတို့ စစ်ကို အဆင်သင့်ပြင်၊ နီးကပ်လာပြီ၊ အသူရာတွေ တိုက်လာပြီဆိုတော့မှ ဟိုက မိန့်နေတယ်ပေါ့ဗျာ။ အဲ့တော့မှ သိကြားမင်းက ပြောလိုက်တဲ့စကားလေးက ရှိတယ်ဗျ။ သိကြားမင်းကနေပြီးကျတော့ သူက စိတ်ပေါက်ပေါက်နဲ့ စိတ်တိုပြီး ပြောလိုက်တာပေါ့လေ။
"အဝါယမံ သုခံ ယတြာဓိဂစ္ဆေယျ၊ သုဝီရ တေန ဂစ္ဆေယျ၊ မမံ တေန ပါပယ။"
"အနုဋ္ဌဟံ - လုံ့လဝီရိယမရှိဘဲနဲ့၊ အဝါယမံ - အားထုတ်မှုမရှိဘဲနဲ့ ရတ္တရာဓိ - ရတဲ့အရပ်ဒေသ၊ သုခံ - သုခကို အဓိဂစ္ဆေယျ - ဘယ်နည်းနဲ့မှ မရနိုင်ပါ" တဲ့။ အားထုတ်မှုမရှိဘဲနဲ့ ဘယ်သောအခါမှ ဘယ်ချမ်းသာမျိုးကိုမှ ဘာပါလိမ့်။ (မရနိုင်ဘူး။) မရနိုင်ဘူး။ ဘယ်ချမ်းသာမျိုးကိုမှဆိုတော့ လောကီချမ်းသာပဲဖြစ်ဖြစ်၊ လောကုတ္တရာချမ်းသာပဲဖြစ်ဖြစ်၊ နောက်ဆုံးပိတ် စာမေးပွဲအောင်တာပဲဖြစ်ဖြစ်ဗျ။ အဲ့ဒါ လုံ့လဝီရိယအားထုတ်ခြင်းမရှိဘဲနဲ့ ဘယ်ချမ်းသာမျိုးကိုမှ မရနိုင်ဘူး။ ဘယ်အောင်မြင်မှုမျိုးကိုမှ... (မရနိုင်ဘူး။)
အခု ကိုယ်တော်တို့ ကြည့်ပါလား။ အခု ဆုတွေ၊ စာမေးပွဲသွားဖြေကြတယ်။ လုံ့လဝီရိယရှိတဲ့ပုဂ္ဂိုလ်တွေက စာမေးပွဲအောင်ကြလို့ ဒီမှာတွေ တင်လို့။ အမလေး၊ ကျေးဇူးတင်လိုက်တာ။ ဒါလေးကြည့်လိုက်တာ ကြက်သရေမင်္ဂလာရှိလိုက်တာ။ ကြက်သရေတက်တဲ့ပုဂ္ဂိုလ် ရှေ့ရောက်နေသလားမသိဘူး။ အဲ့လိုမပြောပါဘူးဗျာ။ ဟုတ်လား။ အဲ့ဒါ ကိုယ်တို့ လုံ့လဝီရိယရှိတဲ့ပုဂ္ဂိုလ်တွေက သွားတာလေ။ အဟောင်းသမားဆို သွားနိုင်ရမှာပေါ့ဗျာ။ အဲ့ဒါလောက်ကတော့။ ဟုတ်လား။ အဲ့လောက်ကြီး ဘယ်သူမှန်းမညံ့ဘူး။ ညံ့တာ ဝီရိယညံ့နေတာ။ ဘာညံ့နေတာပါလိမ့်။ (ဝီရိယညံ့နေတာ။) ဝီရိယညံ့နေတဲ့ပုဂ္ဂိုလ်တွေက မသွားနိုင်ဘူး။ အဟောင်းသမားဆို။ အသစ်သမားတော်တော့ မနိုင်ဘူး။ တကယ်သွားတော့ဆိုတော့ ပြင်းပြတဲ့ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေ၊ ပြင်းပြတဲ့ဝီရိယရှိတဲ့ပုဂ္ဂိုလ်တွေ၊ ထက်သန်တဲ့ဝီရိယရှိတဲ့ပုဂ္ဂိုလ်တွေကတော့ အသစ်သမား သွားနိုင်တာပေါ့ဗျာ။ ဒီလိုလည်းပဲ အသစ်ဆိုရင်တော့ သွားနိုင်ဖို့မလွယ်ဘူးပေါ့။
အဲ့တော့ "သုဝီရ၊ တေန ဂစ္ဆေယျ၊ မမံ တေန ပါပယ။" တဲ့။ "သုဝီရ၊ သုဝီရတဲ့၊ မင်းတို့ အဲ့ဒီ အတ္ထိက အရပ်ဒေသ၊ ခုန ချမ်းသာတဲ့ချမ်းသာခြင်းဆိုတာက လုံ့လဝီရိယအားထုတ်ခြင်းမရှိဘဲနဲ့ မည်သည့်ချမ်းသာမျိုးကိုမှ ဘာပါလိမ့်၊ မရနိုင်ဘူး" တဲ့။ သူက ခပ်စောင်းစောင်းပြောလိုက်တဲ့စကားတွေက ရှိတယ်။ "တကယ်လို့ကွာတဲ့၊ မင်းတို့ဟာလည်း လုံ့လဝီရိယအားထုတ်ခြင်းမရှိဘဲနဲ့ အဲ့ဒီအရပ်ဒေသကို ရှိခဲ့မယ်ဆိုလို့ရှိရင် အဲ့ဒီအရပ်ဒေသကိုလည်းပဲ ငါ့ကိုလည်းခေါ်ပါဦးကွ" တဲ့။
ဘုရားရှင်ကိုယ်တော်မြတ်က ပြန်ပြောပြတာ။ နောက်ဆုံးပဲ အဲ့ဒီကသုတ်တွေရဲ့ အဆုံးအမက ဘာလဲဆိုလို့ရှိရင် "ဧဝံ သွာက္ခာတေ ဘိက္ခဝေ မယာ ဓမ္မေ ဝိနယေ" တဲ့။ "ဘိက္ခဝေ - ရဟန်းအို ချစ်သားတို့၊ သင်တို့သည် ဧဝံ သွာက္ခာတေ - ဤသို့ ဘုရားရှင်ကောင်းစွာဟောကြားတော်မူအပ်သော ဓမ္မဝိနယေ - ဘုရားရှင်ရဲ့ ဓမ္မဝိနယသာသနာတော်၌ ပဗ္ဗဇိတ - ရဟန်းပြုပြုကြကုန်သည်ရှိသော်၊ သာမဏေဖြစ်ကြကုန်သည်ရှိသော်" တဲ့။ "ငါဘုရားရှင်ရဲ့ သာသနာတော်မှာ နေကြမယ်ဆိုလို့ရှိရင်" တဲ့၊ "အဲ့ဒါ ခုနက ဒေဝါနမိန္ဒော ပုညံ" တဲ့။ "ဒီ မိမိရဲ့ရှေးကောင်းမှုကုသိုလ်ကြောင့် သိကြားမင်းဖြစ်လာတဲ့ပုဂ္ဂိုလ်သော်မှလည်းပဲ လုံ့လဝီရိယရဲ့ကျေးဇူးကို ပြောကြရသေးတယ်" တဲ့။ "ဒါကြောင့်မို့လို့ သင်ချစ်သားတို့အနေနဲ့က
ဟုတ်ကဲ့ပါ၊ ရပ်တန့်သွားခဲ့သောနေရာမှ ဆက်လက်၍ စစ်ဆေးတည်းဖြတ်ပေးလိုက်ပါသည်။
ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (ဆဋ္ဌမပိုင်း အဆက်)
...ဒါကြောင့်မို့လို့ သင်ချစ်သားတို့အနေနဲ့ကလည်းပဲ ကောင်းစွာဟောကြားထားတဲ့ ဓမ္မဝိနယသာသနာတော်မှာ ရဟန်းဖြစ်လာကြမယ်ဆိုရင်၊ ရှင်ဖြစ်လာကြမယ်ဆိုရင် "ကတံ ကရေယျာထ၊ ဝါယမံ ကရေယျာထ" - လုံ့လဝီရိယကို အားထုတ်ကြရမယ်တဲ့။ ဘာအတွက် အားထုတ်ကြရမှာလဲဆိုလို့ရှိရင် "အပ္ပတ္တဿ ပတ္တိယာ" တဲ့။ မရောက်သေးတဲ့နိဗ္ဗာန်သို့ ရောက်ခြင်းငှာ၊ ဟုတ်လားဗျာ။ "အနဓိဂတဿ အဓိဂမာယ၊ အသစ္ဆိကတဿ သစ္ဆိကိရိယာယ" - မျက်မှောက်မပြုရသေးတဲ့နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှာတဲ့။ ဒါကြောင့်မို့လို့ ဝီရိယကို အားထုတ်ကြရမယ်။ "ကတံ ကရေယျာထ၊ ဝါယမံ ကရေယျာထ" - အားထုတ်ကြရပါမယ်တဲ့။ ဘုရားရှင်ကိုယ်တော်မြတ်က။
ဒါကြောင့်မို့လို့ ဘုရားရှင်ကိုယ်တော်မြတ် အဲ့ဒီဟောထားတဲ့အတိုင်း အရှင်ဘုရားတို့အခု မည်သည့်အောင်မြင်မှုမျိုးကိုမှ လုံ့လဝီရိယအားထုတ်ခြင်းမရှိဘူးဆိုရင် မရနိုင်ဘူး။ စာမေးပွဲဆိုတာလည်း အောင်မြင်မှုမရနိုင်ဘူး။ ကိုယ်တော်တို့တစ်ခု လုံ့လဝီရိယအနေနဲ့ နည်းသွားပြီဆိုလို့ရှိရင် ကိုယ်တော်တို့တစ်ခု အမှတ်စဉ်၊ သံဃာ ၈၀ ကျော်၊ ၈၀ ဆိုလို့ရှိရင် အမှတ်စဉ် ကိုယ်တော်တို့ တဖြည်းဖြည်း အောက်ပြုတ်ကျလာတာ။ အဲ့ဒါ ဖောက်ပြန်စိတ်တွေများနေတတ်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင် အဲ့ဒါ တဖြည်းဖြည်းနဲ့ အောက်နိမ့်ကျလာတာ။ နောက်ဆုံးပိတ်ကတော့ အဲ့ဒါ အပြင်ကိုထွက်သွားလေရော။ အဲ့လောက်ထိအောင်။ ဒါကြောင့် ကိုယ်တော်တို့ရေ၊ လုံ့လဝီရိယကို ဘာပါလိမ့်ဗျ။ အားထုတ်ကြရမယ်တဲ့။
အဲ့တော့ ကိုယ်တော်တို့ အခု လောကနီတိမှာလည်း ပါတယ်လေ။ "သားများသခင် ခြင်္သေ့မင်းပင်၊ လုံ့လမဆိုင်၊ အိပ်ငိုက်နေရုံ၊ ကပ်စပ်မိသတ်၊ မင်းပါးစပ်တွင်း၊ အလျဉ်းလာမဝင်။" ကျွမ်းဆရာတော်ကြီးက အဲ့လိုရေးခဲ့တယ်။ နောက်တစ်ချို့ဆရာတော်တွေကလည်း ရေးခဲ့တာရှိသေးတယ်။ အဲ့ဒီဥစ္စာကိုပဲ "တရားမျှော်ခေါ် ခြင်္သေ့သော်လည်း၊ အိပ်ပျော်လျက်သား၊ နေတုံမူ၊ ဘယ်မှာစားဖွယ်၊ ခံတွင်းထဲ၊ သားငယ်သမင် လာ၍ဝင်အံ့နည်း။" တဲ့။ အဲ့တော့ ဘယ်လောက်ကြီးပဲ တောသတ္တဝါကိုအုပ်စိုးတဲ့ ခြင်္သေ့မင်းဖြစ်ဖြစ်၊ အိပ်ပျက်နေမယ်ဆိုလို့ရှိရင်တော့ဖြင့် စားစရာသောက်စရာတွေက ပါးစပ်ထဲကို တစ်ခါတည်း ခြေထောက်ပေါက်ပြီးတော့ ခုန်ပေါက်ဝင်လာပါ့မလား။ (မဝင်လာပါဘူး။) မဝင်လာနိုင်ဘူး။
ကိုယ်တော်တို့ ခု မိုးတွေရွာနေတယ်။ အဲ့ဒါ ကျောင်းကမကျွေးဘူးဆိုလို့ရှိရင် ကိုယ်တော်တို့ စားစရာသောက်စရာတွေ ခုန်ပေါက်ဝင်လာပါ့မလား။ (မဝင်လာပါဘူး။) မဝင်လာဘူး။ ပျင်းတဲ့ပုဂ္ဂိုလ် ဝင်မလာဘူး။ အဲ့တော့လည်း ဘယ်သောအခါမှာ ကိုယ်တော်တို့ရေ၊ လုံ့လဝီရိယအားထုတ်ခြင်းမရှိဘဲနဲ့တော့ စားသောက်ရလို့ ဖြစ်ပါ့မလား။ မဖြစ်ဘူး။ ဟုတ်လားဗျ။
ဒါကြောင့်မို့လို့ အထွတ်အထိပ်သို့ရောက်ဖို့ဆိုလို့ရှိရင်တဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကတော့ အဲ့ဒီမှာ နိဒါနဝဂ္ဂသံယုတ်မှာဆိုလို့ရှိရင်လည်းပဲ ဒုတိယဒသဗလသုတ်မှာ ဘုရားရှင်ကိုယ်တော်မြတ် ဟောထားတာရှိသေးတယ်။ "န ဘိက္ခဝေ ဟီနေန ဝီရိယေန အဂ္ဂဿ ပတ္တိ ဟောတိ၊ အဂ္ဂေန ခေါ ဘိက္ခဝေ ဝီရိယေန အဂ္ဂဿ ပတ္ติ ဟောတိ။" တဲ့။ "ရဟန်းတို့၊ ယုတ်ညံ့သောလုံ့လဝီရိယဖြင့် အဂ္ဂ - အထွတ်အထိပ်အရပ်သို့ ဘယ်သောအခါမှ ဘာပါလိမ့်... (မရောက်နိုင်ပါဘူးဘုရား။) မရောက်နိုင်ဘူး။ ရောက်နိုင်ရိုးထုံးစံလည်း... (မရှိဘူး။) မရှိဘူး" တဲ့။ "အဂ္ဂေန - ထက်သန်သော လုံ့လဝီရိယဖြင့်သာလျှင် အဂ္ဂဿ - အဂ္ဂဖြစ်တဲ့အရပ်သို့၊ ဝါ အထွတ်အထိပ်သို့ ဘာပါလိမ့်ဗျ... (ရောက်နိုင်ပါတယ်။) ရောက်ရိုးထုံးစံရှိကြပါတယ်" တဲ့။ ဒါကြောင့် အရှင်ဘုရားတို့ ဘဝရဲ့အထွတ်အထိပ်သို့ရောက်ဖို့ဆိုလို့ရှိရင်လည်းပဲ ဘာလိုအအပ်ဆုံးလဲဆိုရင်... (ဝီရိယ။) ဝီရိယလိုတယ်။ ကိုယ်တော်တို့ ပြောလိုက်တာက "ဝီရိယ" တဲ့။ ပြောလိုက်တာကိုပဲ အားမပါဘူး။ "ဝီရိယ" တဲ့။ တစ်ခါတည်း အဲ့ဒါ အရက်သမားအသံကြီးနဲ့။ ဟုတ်လား။ ဘယ်ရမလဲဗျို့။ ဘယ်တော့မှ မထက်သန်ဘူးဆို ဘာမှမဖြစ်ဘူး။ ဟုတ်လားဗျ။ ဘယ်တော့မှ မထက်သန်ဘူးဆို ဘာပါလိမ့်ဗျ။ (ဘာမှမဖြစ်ဘူး။) ဘာမှမဖြစ်ဘူး။ ကိုယ်တော်တို့ တကယ်ဖြစ်ချင်ရင် ဘာပါလိမ့်။ (တကယ်လုပ်ရမယ်။) တကယ်ကိုလုပ်ရမှာ။ အရှင်ဘုရားတို့ရေ၊ ပြင်းပြင်းထန်ထန်လုပ်ရမှာ။
လောကမှာ ပြင်းပြင်းထန်ထန်လုပ်တတ်တဲ့ပုဂ္ဂိုလ်တွေဟာလည်း၊ အဲ့ဒီက လုံ့လဝီရိယလည်း တစ်ခုတော့ရှိသေးတယ်။ ဟိုတုန်းကပြောခဲ့တယ် "သမ္မာရတော မူလံ ဟောတိ သဗ္ဗသမ္ပဒါနံ" ဆိုတာလေ။ ဒါ အလွန်တရာမှတ်သားဖွယ်ရာကောင်းတာ။ ဟိုတုန်းက ကိုယ်တော်တို့ ထုတ်ရင် ထည့်ပေးလိုက်ပြီလေ။ ရောက်ပြီးသားမဟုတ်ဘူးလား။ (မှန်ပါ။) "သမ္မာရတော - နေမလပ်၊ ကြားမလပ် အားထုတ်မှသာလျှင်၊ သဗ္ဗသမ္ပဒါနံ - အလုံးစုံသော ပြည့်စုံခြင်းတို့ရဲ့၊ မူလံ - အကြောင်းအရင်းသည်၊ ဟောတိ - ဖြစ်ပါပေ၏။ ဣတိ - ဤသို့၊ သုဓတ္ထံ - ကောင်းစွာမှတ်ထိုက်ပါပေ၏။" လို့ သူတို့ဆိုထားတာရှိတယ်။ ဒါကြောင့် အရှင်ဘုရားတို့ ကြိုးစားအားထုတ်မှုကလည်းပဲ မှန်မှန်ကန်ကန်ကြိုးစားအားထုတ်ဖို့ အရေးမကြီးဘူးလား။ (ကြီးပါတယ်။) ဒီမှန်ကန်မှုတွေက များရှိတယ်။ နည်းလမ်းမှန်ဖို့လည်း အရေးကြီးတယ်။ စည်းကမ်းမှန်ဖို့လည်း အရေးကြီးတယ်။ ဒါတွေကြည့်လိုက်မယ်ဆိုရင်တော့ အများကြီးပဲပေါ့ဗျာ။ ဒါကြောင့် အဲ့ဒါတော့ဖြင့် ဝီရိယအဓိပတိအကြောင်းပေါ့။
စိတ္တအဓိပတိ
နောက်တစ်ခု နည်းနည်းလေးပြောကြရအောင်ဗျာ။ စိတ္တအဓိပတိအကြောင်းပေါ့။ ဟုတ်လားဗျာ။ ဘာအကြောင်းပါလိမ့်။ (စိတ္တအဓိပတိ။) စိတ္တအဓိပတိအကြောင်း။ ကိုယ်တော်တို့ ဓမ္မပဒမှာပဲ စိတ္တဝဂ်ဆိုတာ တစ်ဝဂ်လုံးကိုဟောတာ။ သားတို့ ပြန်ကြည့်၊ အကုန်သိသွားလိမ့်မယ်။ ဟိုတုန်းကလည်း ပြောခဲ့ပြီးသား။ ဟုတ်လား။ အဲ့ဒီမှာဆိုလို့ရှိရင် ကိုယ်တော်တို့ နည်းနည်းလေးပြန်ပြောကြည့်ရအောင်ပေါ့။ ဘုရားရှင်ကိုယ်တော်မြတ်ကတော့ အဲ့ဒီမှာ သူဟောထားတာရှိတယ်။ စိတ္တဝဂ်မှာ။ အရင်လည်းပြောခဲ့ပြီးသား။
"သုဒုဒ္ဒသံ သုနိပုဏံ၊ ယတ္ထကာမနိပါတိနံ။ စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ။"
"သုဒုဒ္ဒသံ - လွန်စွာနက်နဲ၍ မြင်နိုင်ခဲထသော၊ သုနိပုဏံ - လွန်စွာသိမ်မွေ့ထသော၊ ယတ္ထကာမနိပါတိနံ - မြှော်မြင်နေလျက်၊ သင့်မသင့်ကို ချင့်တွက်ကင်းဘဲ၊ အလိုရှိသမျှအာရုံ၌ ကျရောက်လေရှိသော၊ စိတ္တံ - စိတ်ကို၊ မေဓာဝီ - အကြောင်းအကျိုးမြင်သည့် ပညာရှိသည်၊ ရက္ခေထ - စောင့်ရှောက်ရာ၏၊ စောင့်ရှောက်ကုန်ရာ၏။ ဂုတ္တံ - လွန်ကျူးခြင်းကင်းကွာ စောင့်စည်းအပ်သော၊ စိတ္တံ - စိတ်သည်၊ သုခါဝဟံ - မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာကို ဧကန်မသွေ ဆောင်နိုင်ပါပေသတည်း။"
အဲ့ဒီက ဝတ္ထု၊ တရားတော် အလွန်တရာမှကောင်းတယ်ပေါ့။ ဓမ္မပဒအဋ္ဌကထာ တစ်ရာရှစ်ဆယ့်ကိုးမှာ။ အဲ့ဒီမှာဆိုလို့ရှိရင် အဲ့ဒီက အနုပုဗ္ဗထေရ်လို့ ဒီလိုလည်း နာမည်ပေးကြတယ်ပေါ့ဗျာ။ အဲ့တော့ စိတ်ဆောင်လို့ရှိရင် အောင်နိုင်တယ်ဆိုရင် စိတ်တစ်လုံးသာ ချုပ်တည်းနိုင်မယ်ဆိုလို့ရှိရင်၊ ဟုတ်လားဗျာ။ ဟိုး ဒီပြေလွှတ်သတည်း၊ ဘယ်ဘဝကြီးပဲဖြစ်ဖြစ်၊ သွားသွားချင်ကြတဲ့၊ ဟုတ်လား။ စိတ်ကလေးကို ထိန်းချုပ်ထားမယ်ဆိုလို့ရှိရင် အဲ့ဒါ အဲ့ဒီမှာ "သုခါဝဟံ" တိဆိုပြီးတော့ အဲ့ မဂ္ဂင်ရှစ်ပါး၊ နိဗ္ဗာန်နံဆိုပြီးတော့ အဋ္ဌကထာဆရာ ဖွင့်ထားတယ်။ ဒါကြောင့်မို့လို့ ဒီ "စိတ္တံ ဂုတ္တံ - လွန်ကျူးခြင်းကင်းကွာ စောင့်စည်းအပ်သော" ဒီစိတ်ကလေးကို ထိန်းသိမ်းစောင့်ရှောက်ထားမယ်ဆိုရင်၊ "ဂုတ္တံ - လွန်ကျူးခြင်းကင်းကွာ စောင့်စည်းအပ်သော စိတ်သည်၊ သုခါဝဟံ - မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာမှန်ကို ဧကန်မသွေ ဆောင်နိုင်ပါပေသတည်း။" အဲ့လိုပြောထားတယ်ပေါ့။
ဒါကြောင့် ငါကိုယ်တော်တို့ ပြောခဲ့ပြီ။ "ထိန်းနိုင်မှ ထိပ်ရောက်မယ်" ဆိုတာလေ။ ဘာရောက်မှ ဘာရောက်မယ်။ (ထိန်းနိုင်မှ ထိပ်ရောက်မယ်။) ထိန်းနိုင်မှ ထိပ်ရောက်မယ်တဲ့ဗျ။ ဟုတ်လားဗျ။ ထိန်းနိုင်မှ။ မယိမ်းမယိုင်အောင် ထိန်းနိုင်မှ။ ဘာပါလိမ့်။ ယိမ်းယိုင်လို့ မထိန်းနိုင်ဘူးဆိုလို့ရှိရင်တော့ ဘာလဲဗျ။ (အောက်သို့ ထိုးဆင်းသွားမယ်။) အောက်သို့။ ဆိုတာက ဘယ်လိုပါလိမ့်ဗျာ။ ဖြစ်မယ်ဆိုလို့ရှိရင်လည်း အောက်သို့ထိုးဆင်းသွားရမယ်။ သံသရာမှာ၊ သံသရာမှာဆိုရင်လည်းပဲ အပါယ်လေးပါးသို့ ဘာပါလိမ့်။ (နစ်မြုပ်သွားမယ်။) နစ်မြုပ်ပြီး ထိုးဆင်းသွားမယ်။ စာချုပ်ကို အုန်းသီးလို ပစ်ပြီးတော့ တစ်ခါတည်း စိုက်ထိုးကျသွားမယ်ပေါ့။ ဟုတ်လား။ အဲ့လိုကျသွားနိုင်တယ်။
အဲ့တော့ ကိုယ်တော်တို့ လောကမှာကြည့်လိုက်။ အရှင်ဘုရားတို့ အမှုအခင်းတွေဖြစ်သွားတာ ဒီစိတ်ကို မစောင့်ရှောက်နိုင်လို့လေ။ ဟုတ်တယ်မဟုတ်လား။ လောကမှာ ပြဿနာတွေ ရှုပ်ထွေးနေတာတွေက ဒီစိတ်ကို မစောင့်ရှောက်နိုင်လို့။ ဟုတ်တယ်မို့လား။ ဒါကြောင့်မို့လို့ ဘုရားရှင်ကိုယ်တော်မြတ်က အချုပ်ကိုပြောလိုက်တာ။ အဲ့ဒါ အခု အဲ့ဒီက ဟောတော်မူဖြစ်ပေါ်လာတာကတော့ အဲ့ဒီက အနုပုဗ္ဗထေရ်သားပေါ့။ သူက အနုပုဗ္ဗဆိုတာက သူ့ဆရာဘုန်းကြီးကနေပြီးတော့ သာလပတ်လှူလို့ရှိရင် သာလပတ်ကို လောဘဖြစ်၊ သင်္ကန်းလှူရင် သင်္ကန်းကို။ နောက်လည်းပဲ အဲ့ဒါနဲ့ အတိုင်း သူအနေနဲ့ အလှူအမျိုးမျိုး၊ နောက် ပဉ္စသီလ၊ ဒသသီလ အဆင့်ဆင့်ဆောက်တည်ပြီးတော့ နောက် ရဟန်းပြုတဲ့အခါကျတော့ အဲ့ဒါနဲ့ သူ့အနေနဲ့ ဥပဇ္ဈာယ်ဆရာက အဘိဓမ္မာဆောင်၊ ဥပဇ္ဈာယ်ဆရာတော်က ဝိနည်းဆောင်ဆိုတာကျတော့ ဟိုဘက်ဒီဘက် ပညာတည်တဲ့ လက်ကလေး၊ ခြေကလေးကို စသည်အားဖြင့် မရှိတော့ဘူးတဲ့။ အဘိဓမ္မာဆောင်ပုဂ္ဂိုလ်ဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းပဲ အဘိဓမ္မာအကြောင်းအရာတွေပြောလိုက်တာ စိတ်တွေအနေကျဉ်းကြပ်လို့၊ ဥပဇ္ဈာယ်ဆရာကလည်းပဲ ဝိနည်းအကြောင်းအရာတွေပြောလိုက်တာ စိတ်တွေ ဘာပါလိမ့်ဗျ။ ကျဉ်းကြပ်နေတဲ့အတွက်ကြောင့် လူထွက်တော့မယ်ဆိုပြီးကာကျတော့ အဲ့ဒါ နေရင်းထိုင်ရင်း စိတ်တွေ လေ့လာပြီးတော့ လူထွက်တော့မယ်ဆိုတော့ ဘုရားရှင်ကိုယ်တော်မြတ်က "မင်း စိတ်တွေကိုတော့ မစောင့်ရှောက်နိုင်ဘူးလား" ဆိုတော့မှ "စောင့်ရှောက်နိုင်တယ်" ဆိုတော့မှ စိတ်ကို စောင့်ရှောက်နိုင်တဲ့အတွက်ကြောင့် သူဟာ မဂ်ဖိုလ်တွေရသွားတာ။ ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်က ဒီတရားလေးကို ဟောလိုက်တာလေ။ "စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ။"
ဒါ့ကြောင့် "ထိန်းနိုင်မှ... (ထိပ်ရောက်မယ်။)" ထိပ်ရောက်မယ်။ ပြောကြည့်စမ်းပါဦး။ (ထိန်းနိုင်မှ ထိပ်ရောက်မယ်။) ပြောင်းပြန်လှန်လိုက်။ (မထိန်းနိုင်ရင် အောက်ကျမယ်။) မထိန်းနိုင်ရင်... (အောက်ကျမယ်။) အောက်သို့ထိုးဆင်းသွားမယ်။ "အောက်ကျသွားမယ်" ဆိုတာနဲ့ "အောက်သို့ထိုးဆင်းသွားတာ" နဲ့ စကားဘယ်ဟာ ပိုပြီးတော့ မြောက်တုန်း။ (အောက်သို့ထိုးဆင်းသွားတာ။) အောက်သို့ထိုးဆင်းသွားတာ။ ထိုးစိုက်တာ။ ဘာလဲ။ အောက်ထိုးစိုက်ခြင်း။ ဟုတ်လား။ ထိုးစိုက်ပြီးတော့ ဘာလိမ့်။ (ဆင်းသွားတာ။) ဆင်းသွားတာ။ ကိုယ်တော်တို့ ဘာကြိုက်လဲ။ ကြိုက်တာရွေးပေါ့ဗျာ။ ဟုတ်လား။
ကိုင်း၊ အဲ့တော့ အရှင်ဘုရားတို့ အခု ဒါကြောင့်မို့လို့ "စိတ္တေန နီယတိ လောကော" လို့ အဲ့ဒီဘက်မှာလည်း ဟောတာလေ။ ဟုတ်တယ်မို့လားဗျ။ အဲ့ ကိုယ်တော်တို့ရေ၊ အလွန်တရာမှကောင်းတာ။ ဒါကြောင့်မို့လို့ အဲ့ဒါ ထိန်းနိုင်မှ ဘာရောက်မယ်။ (ထိပ်ရောက်မယ်။) ထိပ်ရောက်မယ်။ မထိန်းနိုင်ရင်... (အောက်သို့ထိုးစိုက်သွားမယ်။) အောက်သို့ထိုးစိုက်သွားမယ်။
ကဲ၊ ဟုတ်ပြီပေါ့ဗျာ။ အဲ့တော့ အဲ့ဒီက ဥစ္စာတွေကို အရာရာခပ်သိမ်းက တကယ့်ကို ထိပ်ဆုံးမှာ တည်မြဲနေဖို့လိုတာက ခုနက ဝီမံသအဓိပတိ။ ဘာပါလိမ့်ဗျ။ ဝီမံသအဓိပတိနဲ့ ဘာလို့ဗျ။ ကွပ်ကဲထိန်းချုပ်ထားရမယ်။ ဘာလဲဗျ။ ဝီမံသအဓိပတိနဲ့ ကွပ်ကဲထိန်းချုပ်ထားမယ်ဆိုလို့ရှိရင် အရှင်ဘုရားတို့ ထိပ်ဆုံးမှာ တည်မြဲနေပါလိမ့်မယ်ပေါ့ဗျာ။
ဣန္ဒြိယပစ္စည်း အရကောက်ခြင်း
ကိုင်း၊ ဒါကြောင့် အရှင်ဘုရားတို့ အခု ခုနက အဓိပတိပြီးသွားပြီဆိုလို့ရှိရင်၊ ခုနက ကမ္မပစ္စည်းဆိုတာလည်းပဲ စိတ်တစ်ရာကိုးဆယ်၌ရှိသော စေတနာဆိုလို့ရှိရင် ဒီဥစ္စာ အတူတကွဖြစ်တဲ့ကမ္မ။ အာဟာရအကြောင်းအရာလည်း ပြောပြီးခဲ့ပြီ။ ဣန္ဒြိယကတော့ ကိုယ်တော်တို့ ဟောကြရလိမ့်မယ်။ ခုနက သုတ္တကို ဟောပြီးပြီ။ ပါဠိတော်ကိုလည်း ဟောပြီးပြီ။ ဣန္ဒြိယပစ္စည်းရဲ့ တရားကိုယ်က ဇီဝိတ၊ စိတ်၊ ဝေဒနာ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ပညာဆိုတဲ့ အဲ့ဒီတရားကိုယ် ဘယ်နှပါးပါလိမ့်။ (ရှစ်ပါး။) ရှစ်ပါး။ အဲ့ဒီက ရှစ်ပါးကို ဆုပ်ကိုင်ထားပြီးကာကျတော့ သူတို့နဲ့တူတာတွေ ဘယ်သူပါသလဲပေါ့။
အဲ့လိုဆိုကြတော့ စတင်စဉ်းစားရမှာ
ကုသလော ကုသလဿ လို့ အသံကြားတဲ့အခါ ပုံသေက... (ခြောက်ပစ္စည်း။) ပုံသေက... (ကြီးလေးညသံ။) ကြီးလေးညသံ ခြောက်ပစ္စည်း။ သဟဇာတအငယ်မှာ အတူရှာမှာက အဲ့ဒီ ရှစ်ပါးနဲ့တူတာကို လိုက်ရှာမယ်ဆိုလို့ရှိရင် ကမ္မတစ်ပါး၊ စေတနာမှတစ်ပါး၊ ကမ္မပစ္စည်းမှတစ်ပါး ကျန်တဲ့ခြောက်ပစ္စည်းလုံး မပါဘူးလား။ (ပါပါတယ်။) အဲ့လိုဆိုလို့ရှိရင် ခြောက်နဲ့ခြောက်နဲ့ပေါင်းတော့... (၁၂။) ဟို ဣန္ဒြိယအောက်က တွေ့လား။ (တွေ့ပါတယ်။) ဘယ်လောက်တွေ့တာပါလိမ့်။ (၁၂။) ၁၂။ ဟုတ်ပြီ။အဲ့တော့ ကုဗျာကျလို့ရှိရင်တော့ ဘာပါလိမ့်။ ညသံဖြုတ် ဝိထည့်တော့ ၁၁။ ကုကုဗျာကျလို့ရှိရင်တော့ ဘာပါလိမ့်။ (ဘာထပ်ဖြုတ်မလဲ။) ဝိပါက်ဖြုတ်။ အကုအကုကျလို့ရှိရင်တော့ ပုံသေရတာက ခြောက်ပစ္စည်း။ ခုနက ဟေတုက မရတော့ဘူးလေ။ ဣန္ဒြိယက။ သူက ခုနက အဲ့ဆိုလို့ရှိရင် ကိုယ်တော်တို့ အောက်က ကိုယ်
အကုသလော အကုသလဿ ကို အဲ့ဒီမှာ ကြည့်လိုက်မယ်ဆိုလို့ရှိရင် တွေ့တယ်မဟုတ်လားဗျာ။ အောက်မှာပြောတာလေ။ ဇီဝိတ၊ စိတ်၊ ဝေဒနာ၊ ဝီရိယ၊ ဧကဂ္ဂတာ၊ ဒီငါးပါးမရဘူးလား။ (ရပါတယ်။) ဇီဝိတ၊ စိတ်၊ ဝေဒနာ၊ ဝီရိယ၊ ဧကဂ္ဂတာ ငါးပါးရမယ်။ ရတယ်။ ကျန်တဲ့သုံးပါး သဒ္ဓါ၊ သတိ၊ ပညာတို့က အကုသိုလ်မှာမယှဉ်လို့ ချန်ခဲ့။ ဟုတ်လား။ ဘုန်းကြီး ဒီလောက်တော့ ဒီတော့ ပြောစရာ၊ ဘုန်းကြီးပြောစရာကို... (မလိုပါဘူးဘုရား။) မလိုဘူး။ မဟုတ်ဘူးလား။ အကုသလော အကုသလဿ အရကောက်တဲ့အတွက်ကြောင့်မို့လို့ ခုနက သဒ္ဓါတွေ၊ ပညာတွေ... (မပါဘူး။) သဒ္ဓါ၊ သတိ၊ ပညာ အဲ့ဒီက သုံးပါးထည့်လို့ရပါ့မလား။ (မရပါဘူး။) မရဘူး။ အဲ့တော့ ပညာမပါတဲ့အတွက်ကြောင့်မို့လို့ ပညာနှင့်သာ သဘာဝဖြစ်တဲ့၊ သဘောတူတဲ့ ဟေတုက ဘာလဲဗျ။ (မပါဘူး။) ဟေတုပါနိုင်သေးလား။ (မပါနိုင်ပါဘူး။)"ဟာ၊ ဘုန်းကြီး၊ ဒါဆိုလို့ရှိရင် ဘာဖြစ်လို့ အဓိပတိက ပါလာတာလဲဘုရား" လို့ ကိုယ်တော်တို့ တွေးစရာမပြုဘူးလား။ (ပြုပါတယ်။) အဓိပတိက ကျန်တဲ့ စိတ်နဲ့ရော မတူဘူးလား။ (တူပါတယ်။) ဝီရိယနဲ့ရော မတူဘူးလား။ (တူပါတယ်။) ဪ၊ ဒါကြောင့်မို့လို့ ကိုယ်တော်တို့ အရာခပ်သိမ်းက တို့ ယူတတ်ရင် ပညာတွေချည်းပဲ။ ဟိုနည်းက ပြောစရာမဟုတ်လား။ ဟိုတုန်းကသီချင်းလေ "အဖေကိုတူလို့ ချောတာလား ပြောပါခင်ရယ်" ဟုတ်လားဗျ။ "အမေကိုတူလို့ ချောတာလား ပြောပါခင်ရယ်" ဆိုတာက ဘယ်သူနဲ့တူတူ ဘာပါလိမ့်ဗျ။ ဘာပဲဖြစ်ဖြစ် ဘယ်သူနဲ့ပဲတူတူ ဒီဘက် ဘာဘက်လဲ။ ထပ်တူရမယ်ပေါ့။ ဟုတ်လား။ ဒါကိုပဲ ဘာပါလိမ့်။ ရထာခေါ်တာ။ ဒါကိုပဲ ဘာလိမ့်။ (ရထာ။) ရထာခေါ်တာ။ အကုန်လုံး သရုပ်ရှစ်ပါးလုံးတူတာ ဟုတ်ရဲ့လား။ (မဟုတ်ပါဘူး။)
အကုသလော အကုသလဿ ဆိုလို့ရှိရင်လည်း ငါးပါးလုံးတူတာ ဟုတ်ရဲ့လား။ (မဟုတ်ပါဘူး။) တစ်စိတ်တစ်ပိုင်းတူနေတာကို ဘာကိုခေါ်လဲ။ (ရထာ။) သဘောပေါက်တယ်နော်။ (မှန်ပါ။) အဲ့သဘော သဘောပေါက်သွားစေရမယ်။နောက် ဗျာဗျာကျလို့ရှိရင်၊ ပဝတ္တိအခါကျလို့ရှိရင်တော့ ၁၄ ပါးလုံးပေါ့ဗျာ။ ရှိသည့်သင်္ချာရှိသမျှ ကမ္မပစ္စည်းကြဉ် ၁၄ ပါးလုံးမရဘူးလား။ (ရပါတယ်။) ရတာပေါ့။ ပဋိသန္ဓေအခါကျလို့ရှိရင် ဘာကြဉ်မယ်။ (အဓိပတိ။) အဓိပတိကြဉ်။ တချို့ကိုယ်တော်တွေလည်း ရင်ဘတ်ထဲ မရောက်သေးဘူးဗျ။ ကိုင်း၊ မပြောနိုင်ဘူး။ ပဋိသန္ဓေပြောလိုက်တာနဲ့ အဓိပတိပါလားလို့၊ အဓိပတိကြဉ်ရမယ်ဆိုတာကို တကယ့်သဘောပေါက်ပုံမရသေးဘူး။ ဘုန်းကြီးနောက်က တွဲကပ်ပါမလာဘူး။ စိတ်တွေကပဲ လည်နေသလားမသိဘူး။ ဟုတ်လား။
ကိုင်း၊ ဒါဆိုလို့ရှိရင် ကိုယ်တော်တို့ ကောက်ကြရမယ်။ ကောက်လို့မရတော့ဘူးလား။ (ရပါတယ်။) ဘာမှကို ခက်တာရှိသေးလား။ (မရှိပါဘူး။) ဘာမှမခက်ဘူး။ ကိုင်း၊ ဘုန်းကြီးတစ်ယောက်တည်းပဲ ကောက်တော့ပါမယ်။ ဘုန်းကြီးမောနေပါပြီ။ (မှန်ပါ။) ဟုတ်တယ်မို့လား။ (မှန်ပါ။) အဲ့တော့ ဆိုကြရအောင်။
ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဆိုရအောင်။ပစ္စည်းပြိုင်ခြင်း အသေးစိတ်
အဲ့တော့ အရှင်ဘုရားတို့ အခု ပစ္စည်းပြိုင်ကို ပိုပြီးတော့ သေသေချာချာ သဘောပေါက်သွားအောင် နည်းနည်းဟိုဘက်ကို တိုးပြီးတော့ စဉ်းစားကြည့်ရအောင်ပေါ့။ အဲ့တော့ စာမျက်နှာငါးက ပါဠိတော်ကြီး အာရုံပြုထားတာပေါ့။
ကုသလော ကုသလဿ ကိုပဲ ပြန်ပြီးတော့ ပြောကြဦးမယ်။ အဲ့တော့ ပါဠိတော်ကြီးမှာ ကြည့်မယ်ဆိုရင် ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ ကုသလာနိ... ဘယ်လိုပါလိမ့်။ (ကုသလာနိ။) ဣန္ဒြိယာနိ ဟုတ်လား။ သမ္ပယုတ္တကာနံ ခန္ဓာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။အဲ့တော့
ကုသလော ကုသလဿ ၌ ဣန္ဒြိယပစ္စည်း၊ ကုသလော ကုသလဿ ၌ ကုသလော အရ ကိုယ်တော်တို့ အခု ဇီဝိတကို ယူလိုက်မယ်ဆိုလို့ရှိရင် ဘာလေးဗျ။ (ဇီဝိတ။) ဇီဝိတကို ယူလိုက်မယ်ဆိုလို့ရှိရင် အဲ့တော့ ပြိုင်ဆိုင်တဲ့ ပစ္စယသတ္တိကို သင်္ချာမျှ ဖော်ပြခဲ့ပါဆိုရင် ကိုယ် ဘယ်နှပစ္စည်းများ ပြိုင်မလဲ။ ခုနက ရှစ်မျိုး၊ ခုနက ဣန္ဒြိယအောက်က ရှစ်၊ ရှစ်၊ ရှစ်၊ ရှစ်လို့ ရေးထားတယ်မဟုတ်လား။ (မှန်ပါ့ဘုရား။) ရှစ်ဆိုတော့ ကိုယ်တော်တို့ အဲ့ဒီမှာက ရှစ်က ဇီဝိတ၊ စိတ်၊ ဝေဒနာ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ပညာ မဟုတ်ဘူးလား။ (ဟုတ်ပါတယ်။) အဲ့ထဲက အစအဆုံးတစ်ခုပဲ ယူလိုက်မယ်။ ဇီဝိတတစ်ခုပဲ ယူလိုက်မယ်ဆိုရင် အဲ့ဒါ ဘယ်နှပစ္စည်းပြိုင်ရမလဲ။ (ခုနစ်ပစ္စည်း။) မနက်ဖြန် ပစ္စည်းပြိုင်မှ ဟေ့၊ ကိုယ် မလိုက်နိုင်သေးဘူး။ တပည့်တော်တို့က တော်တော်ကိုပဲ လိုအပ်နေသေးတယ်။ ဇီဝိတဆိုတဲ့ဥစ္စာက ကျန်တဲ့ပစ္စည်းမှာ ပါရဲ့လား။ (မပါပါဘူး။) အဲ့လိုဆိုလို့ရှိရင် ဟောဆဲရယ်၊ ဒါ တစ်ပြိုင်တည်း ခုနစ်ပစ္စည်းရတာပေါ့။ ကုသလော ကုသလဿ က ပုံသေခြောက်ပစ္စည်းကို ဟောဆဲဖြစ်တဲ့ သဟဇာတအငယ်နဲ့ ကျန်တာနဲ့ တူတာများ ရှိရဲ့လား။ (မရှိပါဘူး။) မရှိဘူးဆိုတော့ ခုနက ခြောက်ပစ္စည်းနဲ့ ဒီဟောဆဲနဲ့ ပေါင်းလိုက်တော့ ဘယ်လောက်ပါလိမ့်။ (ခုနစ်ပစ္စည်း။) ခုနစ်ပစ္စည်းပဲရမှာပေါ့။ အဲ့သလိုသွားရမှာလေ။ အဲ့လိုမပြောလည်းပဲ သိရမှာလေ။ အဲ့လောက်ကြီး အစိတ်စိတ်အမြွှာမြွှာတော့ ပြောဖို့လိုက၊ ဒါ ဆရာတွေက အဲ့လောက်ကြီးတော့ ပြောဖို့က တော်တော်ခဲယဉ်းတယ်။ကဲ၊ နောက်တစ်ခုပေါ့။ အဲ့တော့ ဇီဝိတကို မယူတော့ဘဲနဲ့ ဒီတစ်ခါကျရင်
ကုသလော ဆိုတဲ့ ကတ္တားပုဒ်ကြီးက စိတ်တစ်ခုတည်းကိုသာ ယူမယ်။ စိတ်တစ်ခုတည်းကိုသာ ယူမယ်ဆိုလို့ရှိရင် ကိုယ်တော်တို့ ဘယ်နှပစ္စည်းပြိုင်မလဲ။ တွက်ကြည့်လိုက်။ (ကိုးပစ္စည်း။) ဘယ်နှပစ္စည်းပါလိမ့်။ (ကိုးပစ္စည်း။) ကုသလော ကုသလဿ က ပုံသေက... (ခြောက်ပစ္စည်း။) အခု စိတ်နဲ့၊ စိတ်ဆိုတာက အခု အဓိပတိလည်း ပါဘူးလား။ (ပါပါတယ်။) အာဟာရ ပါဘူးလား။ (ပါပါတယ်။) ဣန္ဒြိယ၊ ဟောဆဲ ဣန္ဒြိယ မပါဘူးလား။ (ပါပါတယ်။) ပါတယ်။ နောက် ဘာသာရှိသေးလား။ (မရှိတော့ပါဘူး။) မရှိတော့ဘူး။ ဒါ ကိုယ်တော်တို့ ခုနက "အဖေကိုတူလို့ ချောတာလား ပြောပါခင်ရယ်" ဆိုတာ ဒါပြောနေတာ။ ဘုန်းကြီး သီချင်းဆိုပြနေတာ ထင်နေလား။အဲ့ဒါ နောက်တစ်ခု၊ ဝေဒနာ။ အဲ့တော့
ကုသလဿ မှာဆိုလို့ရှိရင် ကုသလော အရ၊ ကတ္တားပုဒ်အရ ဝေဒနာကို ယူမယ်ဆိုရင် ကိုင်း၊ ကိုယ်တော်တို့ရေ၊ အဲ့ဒီမှာ ကရိုဏ်းအရဆိုလို့ရှိရင် ဘယ်နှပစ္စည်းပြိုင်မယ်။ (ရှစ်ပစ္စည်း။) ရှစ်ပစ္စည်း။ ကိုယ်တော်တို့ ခုနက ခြောက်ပစ္စည်းပုံသေသိပြီလေ။ ဘယ်သူနဲ့ဘယ်သူပါလိမ့်။ (ဣန္ဒြိယနဲ့ ဈာန်။) အဲ့ဒါ ဘာပါလိမ့်ဗျ။ (ဣန္ဒြိယ၊ ဈာန်။) ဣန္ဒြိယမှာ ဘာလဲ။ (ဈာန်။) ဈာန်ထည့်။ ကိုင်း၊ အဲ့လိုဆိုလို့ရှိရင် ဟုတ်ပြီ။တန်းစီပြီး သွားကြည့်လိုက်ပေါ့။ တိုးကြည့်လိုက်ပေါ့။
ကုသလော အရပ်ကို သဒ္ဓါကောက်မယ်ဆိုလို့ရှိရင် ဘယ်နှပစ္စည်း။ (ခုနစ်ပစ္စည်း။) ခုနစ်ပစ္စည်း။ ဟောဆဲနဲ့ ခုနက ပုံသေခြောက်ပစ္စည်းနဲ့။ ဟုတ်လား။ ဝီရိယကောက်မယ်ဆိုရင်... အာ၊ ကိုယ်တော်တို့ရေ၊ ဝီရိယ၊ ကိုယ်တော်တို့ လေ့ကျင့်ထားတာ နည်းနေသေးတယ်။ ဝီရိယဆိုတာနဲ့ ဓိ၊ ဣ၊ မဂ် တန်းပြောနိုင်ရမှာလေ။ ဟုတ်လား။ ဘာလို့ပါလိမ့်။ (ဓိ၊ ဣ၊ မဂ်။) ဝီရိယဆိုရင် ဘယ်လိုတန်းပြောနိုင်ရမှာပါလိမ့်။ (ဓိ၊ ဣ၊ မဂ်။) တန်းသိရမှာ။ အဲ၊ ကိုယ်တော်တို့ အရည်အသွေးတွေကတော့ မတောက်ပြောင်သေးဘူး။ တောက်ပြောင်အောင် ပွတ်တိုက်ထားဦး။ ဟုတ်လားဗျ။ ကြိုးစားအားထုတ်ထားဦး။ ဒီလောက်နဲ့မရသေးဘူး ကိုယ်တော်တို့။ အဲ့ဒါ ဒီအမှတ်နဲ့ပေါင်းရင် ဘယ်လောက်ပါလိမ့်။ (ကိုးပစ္စည်း။)အဲ့ဒါ
ကုသလော အရ၊ ခုနက ကုသလော ကုသလဿ နဲ့ ကုသလော အရကို ဧကဂ္ဂတာကောက်မယ်ဆိုရင်... (ကိုးပစ္စည်း။) ကိုးပစ္စည်း။ မလိုက်နိုင်ဘူး။ တန်းမပြောနိုင်ဘူး။ ရှာပုံတော်နည်းတော့ သိပြီလား။ (သိပါပြီ။) ဘယ်နှပစ္စည်းပါလိမ့် အဲ့ဒါ။ (ကိုးပစ္စည်း။) ကိုးပစ္စည်းပေါ့။ ဧကဂ္ဂတာကို လိုက်ရှာရမှာ။ အဲ့တော့ ဒါတွေဟာ သဘာဝကတွေ ပြောနေတာပဲ။ သဘာဝကတွေဆိုတာလည်းပဲ ကိန်းဂဏန်းတွေပဲ။ ဟုတ်လားဗျ။ အဲ့ဒါ ကိုယ်တော်တို့။ကိုင်း၊ အဲ့တော့ ဒါဆိုရင် ပစ္စည်းပြိုင်တွေ ထိုက်သင့်သလောက် သိသွားကြပြီ။ မသိသေးတဲ့ပုဂ္ဂိုလ်တွေကလည်း သိတဲ့ပုဂ္ဂိုလ်တွေကိုမေး။ သိတဲ့ပုဂ္ဂိုလ်တွေကလည်း မသိတဲ့ပုဂ္ဂိုလ်တွေကို ပြောပြ။ ဟုတ်လားဗျာ။ တချို့ကလည်းပဲ ဟို အတိတ်အကြောင်းတွေကလည်းပဲ နည်းနည်း စာသင်တာနဲ့ ဝေးခဲ့တယ်ပေါ့ဗျာ။ သံသရာနည်းနည်းဝေးတဲ့ပုဂ္ဂိုလ်က နည်းနည်းလေးထူတယ်။ နီးတဲ့ပုဂ္ဂိုလ်က ဉာဏ်ကောင်းတယ်။ ဒီကလည်း ခပ်ဝေးဝေးမို့လို့ တအားကြိုးစားရတာ။ ဒီလိုလည်း ဉာဏ်တအားမထက်တာ။ ဟုတ်လားဗျ။ အဲ့ဒါကြောင့် တအားကို ကြိုးစားရတာ။ ကိုယ်တော်တို့ရေ၊ စာကလည်း တော်ကြာတော့ ရခဲမေ့လွယ်ကြီး။ အဲ့ဒါ အခု ရတယ်ဆို၊ တော်ကြာတော့ မေ့သွားပြန်ရော။ အဲ့ဒါကြောင့်မို့လို့ ဘယ်လိုပါလိမ့်ဟေ့။ (ရခဲမေ့လွယ်ကြီး။) ရခဲမေ့လွယ်တဲ့။ တကယ်တော့ တော်တော်ကို တရားမမျှတဘူး။ ရခဲ၊ မေ့ခဲဆိုတာ တရားမျှတတယ်။ ရဖို့လိုလည်း ခက်ခဲ၊ မေ့ဖို့လိုလည်း ခက်ခဲ။ မေ့တော့လည်း ခက်ခက်ခဲခဲတော့ မမေ့ဘူးဆို ကောင်းဘူးလား။ (ကောင်းပါတယ်။) ဟုတ်လား။ ရလွယ်၊ မေ့ခဲဆို ပိုမကောင်းဘူးလား။ (ကောင်းပါတယ်။) တပည့်တော်တို့က အဲ့လို ဟုတ်ရဲ့လား။ ပြောင်းပြန်။ ဘယ်လိုလဲဗျ။ (ရခဲမေ့လွယ်။) ရခဲမေ့လွယ်။ ရဖို့လိုကတော့ တအားကြီးသာ၊ ပါးစပ်က ကိုယ် တစ်ခါတည်းကို ဖောင်းစီဖောင်းစီနဲ့ ထွက်လာအောင်၊ ဟုတ်လားဗျ။ ပါးစပ်က အမြှုပ်ထွက်အောင် ကျက်လိုက်တာ၊ တော်တော်ကြာတော့ တစ်ခါတည်း ခလုတ်တောင်မတိုက်ရသေးဘူးဗျ၊ မေ့သွားပြီ။ ပြောစရာမရှိဘူး။
သို့သော်လည်း အရှင်ဘုရားတို့၊ အရှင်
ဟုတ်ကဲ့ပါ၊ ရပ်တန့်သွားခဲ့သောနေရာမှ ဆက်လက်၍ စစ်ဆေးတည်းဖြတ်ပေးလိုက်ပါသည်။
ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (ဆဋ္ဌမပိုင်း အဆက်)
...သို့သော်လည်း အရှင်ဘုရားတို့၊ အရှင်ဘုရားတို့ ကြိုးစားမယ်ဆိုလို့ရှိရင် အရှင်ဘုရားတို့ ထိပ်ရောက်မလာနိုင်ဘူးလား။ (ရောက်လာနိုင်ပါတယ်။) ရောက်လာနိုင်တယ်။
ဣန္ဒြိယပစ္စည်း၏ အနှစ်သာရ
ဒါကြောင့် ကိုယ်တော်တို့ ဣန္ဒြိယပစ္စည်းရဲ့ အဓိပ္ပာယ်တွေကတော့ ကိုယ်တော်တို့ အခု ဣန္ဒြိယမဂ်တုန်းကလည်း ပြောခဲ့ပြီပေါ့ဗျာ။ ဘာလို့လဲဆိုလို့ရှိရင် အဲ့ဒီက ဣန္ဒြိယပစ္စည်းက "မိမိဆိုင်ရာကိစ္စ၌လည်း ကောင်းစွာအစိုးရ" ရင်းထဲမှာ ခေါ်ကြ ဣန္ဒြေ။ အဲ၊ စာမျက်နှာခုနစ် ဟိုအောက်ဆုံးမှာလည်းပဲ အဓိပတိ၊ အဓိပတိက စကြာမင်းကဲ့သို့ အစိုးရတယ်။ ဣန္ဒြိယက ပဒေသရာဇ်မင်းကဲ့သို့ အစိုးရတယ်လို့ အဲ့မှာပဲ ကိုယ်တော်တို့ ပြောပြထားတယ်။ တွေ့လားဟေ့။ အဲ့ဒါလေးတွေလည်း ရှိတယ်။
အဲ့တော့ ဒီ ဣန္ဒြိယပစ္စည်းကတော့ မှတ်သားစရာတွေကို သင်္ဂြိုဟ်နဲ့ပတ်သက်လို့လည်းပဲ မှတ်သားစရာတွေကောင်းတယ်။ အဲ့ဒီကောင်းတာတွေကတော့ ကိုယ်တော်တို့ ဒါ အဲ၊ ဣန္ဒြိယမဂ်အတွက် ရုပ်ဣန္ဒြေ၊ နာမ်ဣန္ဒြေတွေအကြောင်းနဲ့ ပြောခဲ့ပြီ။ အဲ့တော့ ဒီမှာက ရုပ်သေတဲ့၊ ရုပ်ရှင်တဲ့။ ဟုတ်လားဗျ။ ဒါလေး အကျဉ်းချုပ်ပြောပြမယ်။ သေချာနားထောင်။ သင်္ဂြိုဟ်မေးရင် ဒါလေးစဉ်းစားကြည့်။ ဘာပါလိမ့်။ (ရုပ်ရှင်၊ ရုပ်သေ။) ရုပ်ရှင်။ ရုပ်ဇီဝိတိန္ဒြေပါတဲ့ ကလပ်တွေက ဟို ကမ္မဇကလပ်တွေပေါ့ဗျာ။ ဟုတ်လားဗျာ။ ဒါကြောင့်မို့လို့ ရုပ်ဇီဝိတိန္ဒြေက အစိုးရ၍နေတဲ့အတွက်ကြောင့်မို့လို့ အဲ့ဒီက ရုပ်ဇီဝိတိန္ဒြေပါတဲ့ ကမ္မဇကလပ်များဟာ ရုပ်ရှင်။ ဟုတ်လားဗျ။ ဘာလို့ခေါ်လဲ။ (ရုပ်ရှင်။) ရုပ်ရှင်။ ကျန် စိတ္တဇကလပ်၊ ဥတုဇကလပ်၊ အာဟာရဇကလပ်တို့ကတော့ ဘာလဲ၊ ရုပ်ဇီဝိတိန္ဒြေမပါလို့... (ရုပ်သေ။) ရုပ်သေ။ ဟော၊ သဘောပေါက်သွားပြီ။ ဟုတ်လားဗျ။
အဲ့တော့ အခု စက္ခုန္ဒြေ၊ သောတိန္ဒြေတွေလည်းပဲ ကိုယ်တော်တို့ ဣန္ဒြေတွေအနေနဲ့ ရုပ်ဣန္ဒြေ၊ ဣန္ဒြေဟောနေတာလေ။ ဟုတ်တယ်မလားဗျို့။ ဣန္ဒြေကျလို့ရှိရင် ကိုယ်တော်တို့ ဟိုကျတော့ ဟောမှာပေါ့ဗျာ။ အဲ့ဒီ ဝတ္ထုရုပ်တွေကျတော့ ဟောမှာပေါ့။ ဝတ္ထုပုရေဇာတိန္ဒြိယကျရင် ဟောလိမ့်မယ်။ သူကတော့ နာမ်တွေသက်သက်ပဲ ဟောနေတာ။ ဟုတ်လားဗျ။ အဲ့သလို တွေးခေါ်နေတယ်။
ဒါကြောင့် ဒီအချုပ်ကြည့်မယ်ဆိုလို့ရှိရင် ဒီမှာ ဣန္ဒြိယဆိုတာကလည်းပဲ ကိုယ်တော်တို့အခု မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့ ဣန္ဒြေခြောက်ပါး၊ တံခါးခြောက်ပေါက်တို့ကို လုံခြုံအောင် စောင့်ထိန်းရမယ်တဲ့ ဘုရားရှင်ကိုယ်တော်မြတ်က။ ဟုတ်လားဗျ။ ဣန္ဒြေခြောက်ပါး၊ ဘာပါလိမ့်။ တံခါးခြောက်ပေါက်တို့ကို လုံခြုံအောင် စောင့်ထိန်းကြရမယ်တဲ့။ အဲ့တော့ သူနဲ့ပတ်သက်ပြီးတော့ အလွန်တရာမှ ဂါထာကောင်းတွေရှိတယ်ပေါ့ဗျာ။ ကိုယ်တော်တို့ ဂါထာကောင်းတွေကို ကိုယ်တော်တို့ ရေးပေးချင်လို့ မရတော့ဘူး။ အဲ့ဒါ အရင်တုန်းက အဟောင်းတွေတော့ ရှိတယ်။
အဲ့တော့ သုဗြဟ္မသုတ်ဆိုတာရှိတယ်ဗျ။ သံယုတ္တနိကာယ်ထဲမှာပဲ။ သုဗြဟ္မနတ်သားက နတ်သမီးပေါင်းတစ်ထောင်တို့နဲ့ နန္ဒဝန်ဥယျာဉ်ကြီးထဲ သွားပြီးကျတော့ မြူးထူးပျော်ပါးနဲ့ နေကြတာပေါ့ဗျာ။ နတ်သမီး ၅၀၀ က သစ်ပင်ပေါ်တက်ပြီးတော့ ပန်းတွေသီကုံးပြီးတော့ သံပြိုင်သီချင်းတွေ ဆိုနေကြတာ။ ကိုယ်တော်တို့ ကြားဖူးမှာပေါ့ဗျ။ "ပုပ္ပါးတောင်၊ မြတ်တောင် ကလီ" ဆိုတာလေ။ (ကြားဖူးပါတယ်။) အဲ၊ သီချင်းသံပြိုင်တွေ သီဆိုနေကြတာ။ အပေါ်က နတ်သမီးငါးရာတို့ကနေပြီးတော့ ပန်းတွေချွေကျ၊ ကြဲချလာတဲ့ဟာတွေကို အောက်က နတ်သမီး ၅၀၀ တို့က ပန်းတွေသီကုံးနေကြတာ။ ဟုတ်လားဗျာ။ အဲ့လို ပန်းတွေကြဲချလာတာတွေကို သီကုံးနေကြတယ်။ အဲ့ဒါနဲ့ အပေါ်ကနေပြီးတော့ ပန်းခူးတဲ့နတ်သမီးတွေဟာ တစ်ယောက်ပြီးတစ်ယောက်၊ တစ်ယောက်ပြီးတစ်ယောက် ၅၀၀ လုံး သေသွားလိုက်တာ။ သေပြီးတဲ့နောက်လည်း ငရဲရောက်သွားတာ။
အဲ့တော့ အောက်ကနေပြီးတော့ ပန်းသီတဲ့နတ်သမီးတွေနဲ့ သုဗြဟ္မနတ်သားက အောက်ကစောင့်နေပြီးကာကျတော့ ပန်းတွေကလည်း ကြဲမချ၊ ကြဲမချလာတော့ဘူး။ အသံတွေကလည်းပဲ "ပုပ္ပါးတောင်၊ မြတ်တောင် ကလီ" ဆိုပြီးတော့ တစ်ခါတည်း သံပြိုင်အော်သံတွေကလည်း ကြားမလာတော့ဘူးလို့ အပေါ်ကြည့်လိုက်တဲ့အခါမှာ၊ အဲ့ဒါ ပန်းပင်ကြီးကို ကြည့်လိုက်တဲ့အခါမှာ နတ်သမီးတွေ တစ်ယောက်မှ... (မရှိတော့ဘူး။) မရှိတော့ဘူး။
အဲ့တော့မှ သူကနေ စဉ်းစားကြည့်လိုက်တယ်။ အဲ့တော့ အဋ္ဌကထာမှာတော့ ဘယ်လိုရသလဲဆိုရင် "ကဟံ နု ခေါ ဂတာ၊ သြဇံ တော" တဲ့။ "နိရယေ နိဗ္ဗတ္တဘာဝံ ဒိသွာ" တဲ့။ အဲ့ဒီက အဲ့လိုဆင်ခြင်လိုက်တဲ့အခါမှာ "ဒီနတ်သမီးတွေ ဘယ်သွားကြပါလိမ့်မလဲ" လို့ ဆင်ခြင်လိုက်တဲ့အခါမှာ ဘယ်ကိုရောက်သွား၊ ဘယ်ကိုရောက်သွားပါလိမ့်။ (ငရဲ။) "နိရယေ နိဗ္ဗတ္တဘာဝံ ဒိသွာ" တဲ့။ ငရဲရောက်သွားကြတယ်။ သူက ငရဲရောက်သွားလို့ မကောင်းဘူး။ နောက် ခုနစ်ရက်ကြာတဲ့အခါကျရင်လည်းပဲ ငါလည်းပဲ ဒီနတ်သမီးတွေနဲ့အတူ၊ အဲ့ဒီက သူတို့နောက်ကို လိုက်ရတော့မယ်လို့ သိသွားပြီဗျ။ ဘယ်နတ်သားသိသွားတာပါလိမ့်။ (သုဗြဟ္မနတ်သား။) သုဗြဟ္မနတ်သား။ ပြောကြည့်စမ်းပါဦး။ (သုဗြဟ္မနတ်သား။) သုဗြဟ္မနတ်သားတဲ့။ သိသွားပြီ။
အဲ့တော့မှ သူလည်းပဲ ငရဲရောက်ရတော့မယ်ဆိုတာကျတော့ ပျော်နိုင်သေးလားဗျ။ (မပျော်နိုင်ပါဘူး။) မပျော်နိုင်တော့ဘူး။ ကံကြမ္မာကိုပဲ တစ်ခါတည်း နန္ဒဝန်ဥယျာဉ်ကြီးထဲ ထွက်ပြေးသွားပြီးတော့ "ဒီငါ့ရဲ့အပူအပင်သောကတွေကို တားဆီးနိုင်တာ၊ ငရဲကိုမရောက်အောင် တားဆီးနိုင်တာ ဘယ်သူ့ဆီသွားရကောင်းမလဲ" လို့ တစ်ခါတည်း လောက်လက်ခြောက်ခြား၊ ပူပင်သောကရောက်နေတဲ့ သုဗြဟ္မနတ်သား... (သုဗြဟ္မနတ်သား။) သူ အပြေးအလွှား၊ အမြန်အဆန်စဉ်းစားလိုက်တယ်။ "ဘုရားဆီသွားမှ၊ ဘုရားဆီသွားမှ" ပေါ့လေ။ အဲ့ ဘုရားဆီသွား၊ ဂါထာတစ်ဂါထာခွဲနဲ့ မေးလိုက်တယ်။ အဲ့တော့ ဘုရားက တစ်ဂါထာခွဲနဲ့ပဲ၊ တစ်ဂါထာနဲ့ပဲ ဘုရားရှင်ကိုယ်တော်မြတ်က ဖြေလိုက်တယ်။
အဲ့ဂါထာလေးက ဘာလဲဆိုလို့ရှိရင် "နိစ္စံ တသိတံ ပန၊ နိစ္စံ ဣန္ဒြိယသံဝုတာ။ နိစ္စံ သဗ္ဗံ ပဇဟန္တော၊ သုတ္ထိ သဗ္ဗေဟိ ပါဏိနံ။" ဒါတွေကို ပြောလိုက်တာ။ အဲ့ဒါမှ သူလည်းပဲ ချမ်းသာရာရသွားတယ်။ အဲ့ဒါကို ချမ်းသာခွင့်ကို ရလိုက်ကြတယ်လို့၊ ငရဲကိုမရောက်တော့ဘူး။ အဲ့ဒီက ဂါထာတွေကတော့ အလျဉ်းသင့်တဲ့အခါ ကျက်ထားကြ။ "နိစ္စံ တသိတံ ပန၊ နိစ္စံ ဣန္ဒြိယသံဝုတာ။ နိစ္စံ သဗ္ဗံ ပဇဟန္တော၊ သုတ္ထိ သဗ္ဗေဟိ ပါဏိနံ။" တဲ့။ အလွန်တရာကောင်းတဲ့ဂါထာပေါ့။
ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ အခု "နိစ္စံ ဣန္ဒြိယသံဝုတာ" တဲ့။ မျက်စိ၊ နား၊ နှာ၊ ကိုယ်၊ စိတ် ဣန္ဒြေတွေလေ။ ဟုတ်လားဗျ။ ဒီ ဣန္ဒြေခြောက်ပါး၊ တံခါးခြောက်ပေါက်တို့ကို စောင့်စည်းရမယ်တဲ့။ ဘာလဲ။ ချုပ်တည်းရမယ်ဆို ခုနက တို့ သဒ္ဓါ၊ သတိဆိုတဲ့ ပညာတွေနဲ့ ခုနက နာမ်ဣန္ဒြေထဲမှာ ပေးရမယ်။ အဲ့တော့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဆိုတဲ့ အဲ့ဒီက တရားတွေကို ခုနက သဒ္ဓါ၊ သတိ၊ ဟုတ်လား။ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေပေါ့။ ဟုတ်လားဗျ။ အဓိကတော့ သဒ္ဓါ၊ သတိ၊ ဝီရိယတို့နဲ့ အဲ့ဒီဣန္ဒြေနဲ့ စောင့်စည်းထားရမယ်တဲ့။ ခုနက ဣန္ဒြေငါးပါး မပါဘူးလား။ အဲ့ဒါနဲ့ စောင့်စည်းထားမယ်ဆိုလို့ရှိရင် "သင် သုဗြဟ္မနတ်သားရေ" တဲ့၊ "ငရဲကိုမရောက်နိုင်ဘူး" လို့ ဘုရားရှင်ကိုယ်တော်မြတ်က အဲ့သလိုဟောလိုက်တာဗျ။ အဲ့သလိုဟောလိုက်တဲ့အတွက်ကြောင့်လည်းပဲ သူလည်းပဲ အရှင်ဘုရားတို့ နတ်ပြည်ပဲ နေနိုင်သွားခဲ့တယ်။ ခုနက ငရဲကို ရောက်မသွားခဲ့တော့ဘူး။
ဒါကြောင့်မို့လို့ အရှင်ဘုရားတို့၊ သတ္တဝါတွေဟာ ဣန္ဒြေခြောက်ပါး၊ တံခါးခြောက်ပေါက်တို့ကို မစောင့်စည်းနိုင်ကြလို့မို့လို့ ငရဲသို့ရောက်ကြတာပေါ့ဗျာ။ ဒါကြောင့်မို့လို့ ခုနက ဒီနာမ်ဣန္ဒြေတွေဖြစ်တဲ့ သဒ္ဓိန္ဒြေတွေ၊ ဝီရိယိန္ဒြေတွေ၊ သတိန္ဒြေတွေနဲ့ပဲ အဲ၊ အဲ့ဒီ အာရုံခြောက်ပါး၊ ဒွါရခြောက်ပေါက်၊ တံခါးခြောက်ပေါက်ကို စောင့်စည်းထားရမယ်လို့ ဘုရားရှင်ကိုယ်တော်မြတ်က အဲ့လိုဆုံးမတော်မူခဲ့တာဖြစ်တယ်။
ဒါကြောင့် ဒီဥစ္စာတွေကို မစောင့်စည်းနိုင်သေးသမျှကတော့ အရှင်ဘုရားတို့ အခု အဲ့ဒါ အခု ဥပုသ်သည်ကြီးရဲ့ တူတူပုံတွေလိုပဲပေါ့။ "သံသရာဝဲဂယက်ထဲ မလွတ်ဘဲနေ၊ စွဲစွဲလို့ တဖေဖေငယ်၊ သေလည်းသေခဲ့" ဆိုတာလေ။ ဒါ ကိုယ်တော်တို့ အဲ့ဒီက သီချင်းကလည်း အလွန်တရာကောင်းတာဗျာ။ ဟုတ်လား။ "သံသရာဝဲဂယက်ထဲ မလွတ်ဘဲနေ၊ စွဲစွဲလို့ တဖေဖေငယ်၊ သေလည်းသေခဲ့။ နန်းရွှေမြို့ အမြိုက်ခွင်ကို၊ နန်းရွှေမြို့ အမြိုက်ခွင်ကို၊ မလိုက်ချင်၊ ရုန်းကန်လို့ဖယ်။ နှစ်ယောက်တည်းစံပါ့မယ်ကွယ်။ ဘုရားလည်း လှည့်၊ သံသရာအကျယ်ချဲ့ရန်၊ မဟုတ်တရုတ် လွဲမှားဘဲတဲ့။" ဟော၊ အဲ့လိုလာတာ ကြည့်လိုက်ပါဦး။ "ဂင်္ဂါဝါ သဲစုပမာ၊ တူတူပုန်းမလား၊ အေး၊ ဂင်္ဂါဝါ သဲစုပမာ၊ တူတူပုန်းပုန်း၊ ပုန်းဖို့သာတည့်၊ ဘဝလည်မှာ ကျွတ်ခန်းဝေးစွာ၊ မလွတ်ချင်ဘူးတဲ့၊ စိတ်မလာချင်ဘူးတဲ့။" ဟုတ်လား။ "အဝါစိတ်မှိုင်း၊ မှောင်ရိပ်ဖုံး၊ ရိုင်းကန်းကြပေတဲ့။" အဝါစိတ်ဆိုတာ အဝိဇ္ဇာပြောတာ။ အဝါစိတ်ဆိုတာ ဘာပြောတာပါလိမ့်။ (အဝိဇ္ဇာ။) အဝိဇ္ဇာကိုပြောတာ။
အဲ့ဒါကြောင့် အရှင်ဘုရားတို့ရေ၊ ဒါ့ကြောင့်မို့ ဒါတွေက ထိန်းသိမ်းစောင့်ရှောက်နိုင်မှ တော်ကာကျတယ်ပေါ့ဗျာ။ စောင့်ရှောက်နိုင်သလောက် စောင့်ရှောက်ကြရမယ်ပေါ့။ ဟုတ်တယ်မလား။ ကိုင်း၊ ဒါကတော့ အရှင်ဘုရားတို့ ဣန္ဒြိယဆိုတာက ထိန်းသိမ်းစောင့်ရှောက်တာ။ ဟုတ်လားဗျ။ ဣန္ဒြိယဆိုတာ ဘာလဲဗျ။ (ထိန်းသိမ်းစောင့်ရှောက်တာ။)
ဈာနပစ္စည်း သင်ကြားခြင်း
ကိုင်း၊ ဒါကြောင့် ဣန္ဒြိယပြီးပြီဆိုလို့ရှိရင် ဘာပစ္စည်းပါလိမ့်။ (ဈာနပစ္စည်း။) ကိုင်း၊ ဈာနပစ္စည်း။ ဈာနပစ္စည်းရဲ့ သုတ္တသင်္ချာကိုဆိုမယ်။ ဈာနပစ္စည်းရဲ့ ပါဠိတော်ကိုဆိုမယ်။ ပါဠိတော်အနေနဲ့ စာမျက်နှာငါးမှာ အမှတ်အသားလေးပြောထားတယ်။ သူက
ကုသလာနိ ဈာနာနိ လို့ ဆိုရမယ်ဗျ။ မှာထားတယ်မို့လား။ (မှန်ပါ။) ဪ၊ အဲ့မှာ။သူ့ကို အရကောက်တဲ့အခါကျလို့ရှိရင်လည်းပဲ ကိုယ်တော်တို့ရေ၊ အလွန်တရားမှ လွယ်ကူတယ်။ သိသွားပြီ။
ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဈာနပစ္စယေန ပစ္စယော ဟူ၍ ဟောတော်မူအပ်သော ဝိတိပါဠိတော်၌ ကုသလော ကတ္တားပုဒ်အရက စာမျက်နှာရှစ်မှာ ကြည့်လိုက်မယ်လေ။ "သမ္ပယုတ္တက္ခန္ဓာအပ်သော ကုသိုလ်စိတ် ၂၁၊ စေတသိက် ၃၈၊ စိတ္တက္ခဏတစ်ခုတစ်ခု၌ရှိသော" ဈာန်ရဲ့အောက်က ငါးလို့ မတွေ့ဘူးလား။ (တွေ့ပါတယ်။) အဲ့ဒီက ငါးက ဘာလိမ့်။ (ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာ။) "ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာဟု ဆိုအပ်သော ဈာနင်တရားကိုယ်ငါးပါး ပစ္စည်းတရားရ၏။" ကတ္တားကလည်း၊ သမ္ပဒါန်ကလည်းရောပေါ့။ဟိုဘက်က ကိုယ်တော်တို့ ဘယ်လောက်ပြထားတာပါလိမ့်။ (ကိုး။) ကိုး။ ကိုးဆိုတာက "သူများ ကိုးလို့ မလုပ်နဲ့၊ ဘုန်းကြီးရေးတာလည်း လိုအပ်နေနိုင်သလား"။
ကုသလော ကုသလဿ ဆိုတည်းကိုပဲ ပုံသေက... (ခြောက်ပစ္စည်း။) ခြောက်ပစ္စည်း။ အဲ့တော့ ခုနက ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာဆိုတာက လိုက်ကြည့်မယ်ဆိုလို့ရှိရင် သူက ဟောဆဲရယ်၊ ဣန္ဒြိယရယ်၊ မဂ္ဂရယ် မရဘူးလား။ ဣန္ဒြိယက ဘယ်သူနဲ့တူလို့၊ ဘယ်သူနဲ့တူလို့။ (ဝေဒနာ၊ ဧကဂ္ဂတာ။) ဝေဒနာ၊ ဧကဂ္ဂတာဆိုမှ ၁၀ ပါးဖြစ်မှာ။ ဝေဒနာတစ်လုံးတည်းပြောရင် ငါး၊ ဧကဂ္ဂတာပြောရင် ငါး။ မှတ်မိအောင် ပြောရတာပေါ့။ ဘယ်သူနဲ့ဘယ်သူနဲ့တူလို့ပါလိမ့်။ (ဝေဒနာ၊ ဧကဂ္ဂတာ။) ဧကဂ္ဂတာတူလို့။ မဂ္ဂပစ္စည်းကတော့ ဘယ်သူနဲ့တူလို့တုန်း။ (ဝိတက်နဲ့ ဧကဂ္ဂတာ။) ဘယ်သူနဲ့ဘယ်သူပါလိမ့်။ (ဝိတက်နဲ့ ဧကဂ္ဂတာ။) ဝိတက်နဲ့... (ဧကဂ္ဂတာ။) ဧကဂ္ဂတာတူလို့။ ပါမှပါ့။ အဲ့ဒီက သဟဇာတအငယ်မှာ အတူရှာလိုက်တာက သုံးပစ္စည်းနဲ့ပေါင်းမယ်ဆိုရင် ဘာပါလိမ့်။ (ကိုးပစ္စည်း။) ကိုးပစ္စည်းပဲ။အဲ့တော့ ကုဗျာ၊ ညသံဖြုတ် ဝိထည့်။ ကုကုဗျာ ဒီအတိုင်းပဲ။ ဗျာဗျာကျလို့ရှိရင်လည်းပဲ အရှင်ဘုရားတို့ ဒီအတိုင်းပဲပေါ့။ သူ့သုတ္တသင်္ချာရှိတဲ့အတိုင်းပဲ။ ကိုယ်တော်တို့အခု ပဝတ္တိအခါမှာဆိုရင် ၁၁ ပစ္စည်းလို့ မရဘူးလား။ ၁၁ ပစ္စည်းလား၊ ၁၂ ပစ္စည်းလား။ (၁၂ ပစ္စည်း။) ၁၁ ပစ္စည်းပဲ။ ပဋိသန္ဓေလည်း ဒီအတိုင်းပဲ။ ဟုတ်လားဗျ။ ဘာမှအထူးသဖြင့် မှတ်ချက်ချစရာမရှိဘူး။ ဒါကြောင့်မို့ အဲ့ဒီက ဈာနပစ္စည်းရဲ့ သုတ္တသင်္ချာ၊ ဈာနပစ္စည်းရဲ့ ပါဠိတော်၊ ဈာနပစ္စည်းရဲ့ အရကောက်၊ ဒါ စွမ်းနိုင်လောက်ပြီ။ မစွမ်းနိုင်သေးဘူးလား။ (စွမ်းနိုင်ပါပြီ။) ကိုင်း၊ ဒါကြောင့်မို့လို့ သုတ္တသင်္ချာ စာမျက်နှာနှစ်မှာ၊ အရကောက်က၊ ပါဠိတော်က စာမျက်နှာ... (ငါးမှာ။) အရကောက်က စာမျက်နှာ... (ရှစ်။) ရှစ်မှာ။ ကိုင်း၊ ဒါဆို ကြည့်ရအောင်။ "ဈာနပစ္စည်း သုတ္တသင်္ချာ၌..."
အဲ့တော့ ဈာနပစ္စည်းရဲ့ ပဝတ္တိအခါကောက်ရင်တော့ အဲဒီဇယားရဲ့အောက်နားမှာ ဖော်ပြထားတဲ့အတိုင်းပဲ ဈာနပစ္စည်းကောက်မယ်ဆိုရင် အဲ့တော့ ဒွေပဉ္စဝိညာဉ် ၁၀ ကြဉ်ရမယ်။ ဒွေပဉ္စဝိညာဉ် ၁၀ က ဝိပါက်ဖြစ်တဲ့အတွက်ကြောင့် ပဝတ္တိအခါ ဝိပါက်စိတ် ၃၆ ပါးထဲက ၂၆ ပါးဆိုတော့၊ အဲ၊ ဒါလေးပြောင်းရုံပဲရှိတယ်။ ဟုတ်လား။ (မှန်ပါ။) ဒါလေးပြောင်းရမယ်။ ဘာဖြစ်လို့ ဒွေပဉ္စဝိညာဉ် ၁၀ မရတာလဲဆိုလို့ရှိရင် အဲ့ဒီ ဒွေပဉ္စဝိညာဉ် ၁၀ တို့ဟာ အာရုံသို့ကပ်၍ရှုခြင်းသဘောတရားမရှိဘူး။ အာရုံ၌ ရောက်ကာမတ္တမျှသာရှိတဲ့အတွက်ကြောင့်မို့ ဈာနပစ္စည်းမထိုက်ဘူး။ ဒွေပဉ္စဝိညာဉ် ၁၀ ကလေ။ ဒွေပဉ္စဝိညာဉ် ၁၀ တို့သည်တဲ့ ဈာနပစ္စည်းမထိုက်ဘူး။ ဘာဖြစ်လို့မထိုက်သလဲဆိုရင်တော့ "အာရုံသို့ကပ်၍ရှုခြင်းသဘောမရှိ၊ အာရုံ၌ရောက်ကာမတ္တမျှသာရှိသောကြောင့်" ဈာနပစ္စည်းမထိုက်ခြင်းဖြစ်ရတယ်။
ဈာနပစ္စည်းဆိုတာက အလွန်တရာမှ စူးစိုက်တာ။ ဒါကြောင့်မို့လို့ ဒီ ဈာန်၊ ဈာန၊ စျာန်၊ စျာန်ဆိုတာ ကိုယ်တော်တို့ရေ၊ အာရုံသို့ကပ်၍ရှုခြင်းသဘောတရားပေါ့။ အဲ့ဒီတော့ ဒါကိုပဲ အခု လယ်တီဆရာတော်ကြီးကတော့ "စိုက်စိုက်စူးစူး၊ အထူးမြဲမြံ၊ ရှုအားသန်၊ စျာန်ဟုခေါ်သ" တဲ့။ ဒါကို မဟာစည်ဆရာတော်ကြီးကတော့ "စူးစိုက်စမှု၊ ကပ်၍ရှု၊ စျာန်ဟုခေါ်ပေသည်"။ အဲ့လို ဆရာတော်ကြီးတွေ မိန့်ဆိုခဲ့တယ်ပေါ့။ တစ်နည်းပဲ၊ သဘောက အတူတူပဲနော်။ ဟုတ်လားဗျ။
အဲ့ဒီက ဈာနဟာလည်း စျာန်၊ အာရမ္မဏူပနိဇ္ဈာန်၊ လက္ခဏူပနိဇ္ဈာန်လို့ နှစ်မျိုးရှိတယ်ပေါ့။ အဋ္ဌကထာတွေမှာဆိုရင်။ ဘယ်လိုနှစ်မျိုးရှိတာပါလိမ့်။ (အာရမ္မဏူပနိဇ္ဈာန်၊ လက္ခဏူပနိဇ္ဈာန်။) အာရမ္မဏူပနိဇ္ဈာန်ဆိုတာက ဈာန်အစရှိတဲ့အာရုံကိုရှုမယ်။ ဆိုပါတော့ ဒီကိုယ်တော်တို့က သပိတ်ဖုံးဝိုင်းလောက်ကိုပဲ ပိတ်စမှာ မြင်မြင်ယောင်ယောင် ထည့်သုံးပြီးတော့ "ပထဝီ၊ ပထဝီ" သို့မဟုတ် "မြင်မြင်၊ မြင်မြင်" ဆိုပြီးတော့ အာရုံကို အဲ့ကွင်းဝိုင်းထဲပဲ အာရုံကိုတင်ထားမှာ။ အဲ့သလို စသည်အားဖြင့် အသုဘဆိုလို့ရှိရင်လည်း အသုဘကမ္မဋ္ဌာန်းပေါ့။ အဲ့လိုတွေ စီးဖြန်းတာတွေကလည်း ကိုယ်တော်တို့ရေ၊ အာရမ္မဏူပနိဇ္ဈာန်လို့ခေါ်တာ။ ဘာစျာန်လို့ခေါ်လဲ။ (အာရမ္မဏူပနိဇ္ဈာန်။) အာရမ္မဏူပနိဇ္ဈာန်လို့ခေါ်တယ်။
အဲ့တော့ အခု ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာတွေနဲ့ ရှုဆင်ခြင်တာ၊ ရှုဆင်ခြင်ပြီး၊ ရှုဆင်ခြင်လိုက်တဲ့၊ ဟို၊ အဲ့ဒါကို ဘာလို့ခေါ်သလဲဆိုရင် လက္ခဏူပနိဇ္ဈာန်လို့ခေါ်တယ်။ ဘယ်လိုခေါ်လဲ။ (လက္ခဏူပနိဇ္ဈာန်။) အဲ့တော့ သူက ရုပ်နာမ်တရားတွေကို ကပ်၍ရှုတာပေါ့။ ရှုရင်းရှုရင်းထဲကနေပြီးတော့ အဲ့ဒါ မဂ်ဖိုလ်တွေကို ရသွားနိုင်တာ။ အဲ့ဒါကြောင့်မို့လို့ အဲ့ဒီကဥစ္စာကို စျာန်က နှစ်မျိုးရှိတယ်လို့လည်း မှတ်ခဲ့ဖူး။ အာရမ္မဏူပနိဇ္ဈာန်နဲ့ လက္ခဏူပနိဇ္ဈာန်။ အာရုံကိုကပ်၍ရှုခြင်းသဘောတရားလို့ ဒီလိုလည်း မှတ်သားထားပေါ့။
အဲ့တော့ ကိုယ်တော်တို့ ဒီစျာန်ဆိုတာက၊ ဒီစျာန်ကလည်းပဲ ကာမဂုဏ်များနေတဲ့အချိန်အခါမှာလည်းပဲ ဈာန်တွေမဖြစ်နိုင်ဘူးလား။ (ဖြစ်နိုင်ပါတယ်။) ဖြစ်နိုင်တာပေါ့ဗျ။ ဟုတ်လားဗျ။ အဲ့တော့ ကုသိုလ်မှာယှဉ်သလို အကုသိုလ်မှာလည်း မယှဉ်ဘူးလား။ ယှဉ်တယ်။ အကုသိုလ်တိုင်း အကုန်လုံးယှဉ်တာပဲလေ။ ဟုတ်တယ်မဟုတ်လားဗျာ။ ဝိတက်၊ ဝိစာရတွေက ကိုယ်တော်တို့ အဲ့မှာ သူယှဉ်ပုံတွေက။ ဒါကြောင့်မို့လို့ ကာမဂုဏ်များနေတဲ့အချိန်ပဲ စိတ်တွေတည်နေတာတဲ့ ဈာန်ထိုက်သလားဆို ဈာန်ထိုက်တာပဲ။ ဈာနပစ္စည်းထိုက်သလားဆိုတော့... (ထိုက်ပါတယ်။) ဈာနပစ္စည်းထိုက်တယ်နော်။ ကိုယ် အကုသလဗျာမှာ စာတိုက်တယ်။
အဲ့တော့ ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာ။ ဒီဥစ္စာတွေ အဋ္ဌကထာဖွင့်တာတွေကတော့ တို့ အလွန်တရာကောင်းတယ်ပေါ့။ အဲ့ဒီမှာဆိုလို့ရှိရင်လည်းပဲ ပီတိက ငါးမျိုးရှိတယ်တဲ့ဗျ။ ပီတိက ဘယ်နှမျိုးပါလိမ့်။ (ငါးမျိုး။) ငါးမျိုး။ ခုဒ္ဒကာပီတိတဲ့၊ ခဏိကာပီတိတဲ့၊ ဩက္ကန္တိကာပီတိတဲ့၊ ဥဗ္ဗေဂါပီတိတဲ့၊ ဖရဏာပီတိတဲ့။ အဲ့ဒီက ပီတိက ငါးမျိုး။ ဥဗ္ဗေဂါပီတိဆိုတာကတော့ ကိုယ်တော်တို့ ထူးထူးဆန်းဆန်း ကောင်းကင်ကို ပျံသန်းနိုင်တာနော်။ အဲ့ဒီမှာ ထတ္ထသာလိနီအဋ္ဌကထာမှာဆိုလို့ရှိရင်လည်းပဲ ကိုယ် ဆောင်အမျိုးသမီးလေးဟာ အမေ၊ အဖေက အိမ်ထောင်ချပေးဖို့ ပြောခဲ့တယ်။ သူတို့က ဘုရားဖူးသွားတာ။ သူက ဘုရားရင်ပြင်ပေါ်မှာ ကောင်းကင်ကနေပြီးတော့ သူက အရင်ရောက်နှင့်နေတာ။ အဲ့မှာ ဇာတ်လမ်းလေးတစ်ခုရှိတယ်ဗျ။ ဟုတ်လား။ ဥပ္ဖေင်္ဂါပီတိတဲ့ဗျာ။ အဲ့ဒီမှာဆိုလို့ရှိရင် အဋ္ဌကထာမှာဆိုလို့ရှိရင် ဘုရားရှင်ရဲ့ပုံစံလေးက ဖြူဖွေးဖွေးနဲ့ပေါ့ဗျာ။ "မုတ္တရာသိ၊ သုဒ္ဓံ၊ စိတ္တေန၊ ပီတိယာ" တဲ့။ "စိတ္တေန ပီတိယာ၊ ဥပ္ဖေင်္ဂါပီတိ၊ ဥပ္ပဇ္ဇတိ။" အဲ့ဒါနဲ့ အဲ့အမျိုးသမီးလေးဟာလည်း ဥပ္ဖေင်္ဂါပီတိကြောင့် ဘုရားရှင်ပေါ်မှာ ရောက်သွားခဲ့တဲ့၊ ကောင်းကင်ခရီးက ရောက်သွားခဲ့တယ်။ အမေတွေ၊ အဖေတွေက ကြာမှ သူက ရောက်လာခဲ့ကြတာ။ "မင်းတို့မှ ကောင်းကင်ခရီးက လာတာပဲ" ပေါ့ဗျာ။ အဲ့လိုဆိုလို့ရှိရင် ဘုရား၊ ရဟန္တာတွေမှာ၊ ဈာန်အဘိညာဉ်ရတဲ့ပုဂ္ဂိုလ်တွေမှာ လာတာလားဆိုတော့ အဲ့ အဋ္ဌကထာက မှတ်ချက်က "သာ ဥပ္ဖေင်္ဂါပီတိပါပဲ" လို့ ပြောထားတာရှိတယ်။
ဒါကြောင့် ဒါက ပီတိငါးမျိုးရဲ့ ကဗျာလေးတွေ တပည့်တော်ငယ်စဉ်ကာလကတော့ ရခဲ့ဖူးတယ်ပေါ့ဗျာ။ "နှစ်သက်အားကြီး၊ ကြက်သီးထ၊ ခုဒ္ဒကာဟု ခေါ်မှုမှန်စွာ။ ခဏတိုင်းသာ၊ လျှပ်တပြက်၊ မှတ်လိုက်ကြ၊ ခဏိကာပီတိပါ။ ဒီရေလှိုင်းနှင့်၊ ပုံတိုင်းတစ်ထွေ၊ ဩက္ကန္တိကာ၊ သိကြမသွေ။ ကောင်းကင်ပျံသန်း၊ တစ်ခါ၊ ဥဗ္ဗေဂါပီတိကွ၊ မှတ်စမ်းဖေ။" အဲ့လိုလေးရှိတာပေါ့။ ကိုယ်တော်တို့ကတော့ ကဗျာလည်းမရဘူး၊ ကဗျာလည်း မရွတ်တတ်ဘူးပေါ့ဗျာ။ ဟုတ်လား။ အဲ့ဒါလည်းပဲ ကဗျာတွေကျက်ခြင်းအားဖြင့် ကဗျာတွေရဖို့အတွက် အခြေခံပဲ။ ဟုတ်လား။ ကဗျာတွေကို ကျက်ခြင်းအားဖြင့်... (ကဗျာတွေရဖို့အတွက်။) ကဗျာတွေရဖို့အတွက်၊ ဘာလဲ။ ကဗျာတွေရေးတတ်ဖို့အတွက်... (အခြေခံ။) အခြေခံပဲ။ အဲ့တော့ ကဗျာရေးတတ်အောင် ကျက်ရတယ်။ လင်္ကာရေးတတ်အောင်... (လင်္ကာရအောင် ကျက်ရမယ်။) လင်္ကာကို ရအောင်ကျက်ရမယ်ပေါ့ဗျာ။ အဲ့ဒါ အခု ဆောင်းပါးရေးတတ်ချင်လို့ရှိရင် ဆောင်းပါးတွေများများဖတ်ပေးရမှာပေါ့။ စာတွေများများဖတ်ပေးရမယ်။ ဟုတ်လားဗျ။ ဆောင်းပါးကတော့ အကုန်လုံး သုတ၊ ရသအစုံအလင်မှာ ပါတာပေါ့ဗျာ။ အဲ့တော့ စာရေးချင်တဲ့ပုဂ္ဂိုလ်တွေလည်း စာရေးချင်တဲ့၊ စာရေးတဲ့အတတ်ပညာ ဒီ တတ်သလောက်၊ မှတ်သလောက် ကိုယ်တော်တို့ သင်ပေးလို့ရပါတယ်။ ဟုတ်လားဗျ။
ဒါကြောင့် အဲ့ဒီက ပီတိပေါ့။ အဲ့ဒီလိုအနေအထားတွေရှိတယ်။ ပီတိက ငါးမျိုးတောင်ရှိတယ်လို့ ဒီလိုလည်း မှတ်သားထားရလိမ့်မယ်။ ဟုတ်လားဗျာ။
နိဂုံးနှင့် နောက်သင်ခန်းစာအတွက် ပြင်ဆင်ရန်
အဲ့တော့ မနက်ဖြန်ကြလို့ရှိရင် ကိုယ်တော်တို့ အခု မဂ္ဂပစ္စည်းပြီးတော့ဆိုလို့ရှိရင် သဟဇာတအကြီးသွားမှာဖြစ်တယ်ပေါ့။ သဟဇာတအကြီးပြီးပြီဆိုလို့ရှိရင် သဟဇာတကုန်၊ သဟဇာတအနန္တရ၊ သဘာဝက သွားမှာဖြစ်လို့ စာအုပ်စာမျက်နှာ ၅၀ ကိုသွား။ ၅၀ ကိုလှန်မယ်။ အခုဒီနေ့ကစပြီးကာကျတော့ နေ့စဉ်နေ့တိုင်း အဲ့ဒီက စာမျက်နှာ ၅၀ က လင်္ကာတွေကိုလည်းပဲ ကရဏသမ္ပယုတ္တကလင်္ကာတွေကို အကုန်ဆိုကြရလိမ့်မယ်။ စာမျက်နှာ ၅၀ တွေ့လားဟေ့။ (တွေ့ပါတယ်။)
(လင်္ကာများ ရွတ်ဆိုခြင်း)
...ဒီထိအောင်၊ အဲ့ဒါထိအောင် ဆိုကြရမယ်။ ကိုင်း၊ ဒါကြောင့် အစကနေ ဒီနေ့စာဝါ၊ ဒီနေ့စာဝါတွဲရအောင်။ ဟုတ်ပြီ။
နက်ဖြန်ကျလို့ရှိရင်လည်းပဲ အခုလိုပဲ အစအဆုံး အဲ့ဒီက အရကောက်စာတွေ ဆိုပြီးကာကျတော့ သင်ရမယ်။ သင်ပြီးကျတော့ ကိုယ်တော်တို့ အခု စာမျက်နှာကိုးက သဟဇာတအကြီး သုတ္တသင်္ချာတွေကို ဖတ်ခဲ့ကြ။ စာမျက်နှာ ၁၀ ကလည်းပဲ ပါဠိတော်။ အဲ့တော့ ပါဠိတော်ကြီးစာအုပ်ကြီးလည်းပဲ လှန်ပြီးတော့ ကြည့်ခဲ့ကြပါ။ ကိုယ်တော်တို့ အသစ်သမားတွေက အဲ့ဒီမှာ နှုတ်တွေသွက်ပြီးတော့၊ နှုတ်တွေကျိုးနေအောင် ကြိုတင်ပြင်ဆင်ခဲ့ရတယ်။ အရာခပ်သိမ်း ကြိုတင်ရတယ်ဗျ။ အရာခပ်သိမ်းမှာ ဘာလိမ့်။ (ကြိုတင်ရတယ်။) ကြိုတင်ရတယ်။
ဒါကြောင့် ဒီတစ်နေ့စာဝါပြီးပြီဆိုတော့ အဲ့ဒီက အစကနေပြီးတော့ ၁၅ သဟကနေပြီးတော့ အဲဒီ စာမျက်နှာ ၅၀ ကို သွားပြီးတော့ ထိုးကြရမယ်။ ကိုင်း၊ ပြောရအောင်ပေါ့ဗျာ။
