၀၇ - ပဋ္ဌာန်းစာဝါ

၀၇ - ပဋ္ဌာန်းစာဝါ

Multi-select
ဟုတ်ကဲ့ပါ၊ တောင်းဆိုချက်အရ ပေးပို့လာသော သတ္တမမြောက် တရားတော်ပို့ချချက်မှတ်တမ်းကို သတ်ပုံမှန်ကန်စေရန်နှင့် စာဖတ်၍ ပိုမိုအဆင်ပြေစေရန် စာပိုဒ်များခွဲ၍ တည်းဖြတ်ပေးလိုက်ပါသည်။

ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (သတ္တမပိုင်း)

၁၃၇၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ ၂၀၁၁ ခု၊ စက်တင်ဘာလ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
အဲ၊ ဒီကနေ့ မိုးဦးပိုင်းဆိုတော့လည်း ဆရာတို့ရေ၊ မိုးကလည်း သဲသဲမဲမဲကို ရွာနေတာ။ အဲ့တော့ ဒီကနေ့တော့ အခု သဟဇာတအငယ် ပို့ချလာလိုက်တာ ဘယ်ပစ္စည်းတွေ ပြီးသွားသလဲဆိုလို့ရှိရင် "ဟေ၊ ဓိ၊ ကံ၊ ဟာ" ဆိုတဲ့ လေးပစ္စည်း ပြီးသွားတယ်။ အဲ့တော့ ဣန္ဒြိယကို ဒီနေ့သွားရအောင်။ ဣန္ဒြိယ၊ ဈာန၊ မဂ္ဂ သွားရအောင်ပေါ့။
အဲ့တော့ ကိုယ်တော်တို့ရဲ့ စာအုပ် စာမျက်နှာနှစ်မှာ သဟဇာတိန္ဒြိယပစ္စည်းရဲ့ သုတ္တသင်္ချာပါတယ်။ စာမျက်နှာငါးမှာက သဟဇာတိန္ဒြိယပစ္စည်းရဲ့ ပါဠိတော်ပါတယ်။ စာမျက်နှာရှစ်မှာက သဟဇာတိန္ဒြိယပစ္စည်းရဲ့ အရကောက်ပါတယ်ပေါ့ဗျာ။ အဲ့တော့ စာမျက်နှာနှစ်ဆိုလို့ရှိရင် သဟဇာတအငယ်ခုနစ်ပါးတို့ရဲ့ သုတ္တသင်္ချာတွေကို စုပေါင်းပြထားလိုက်တယ်။ စာမျက်နှာငါးမှာဆိုလို့ရှိရင် သဟဇာတအငယ်ခုနစ်ပါးတို့ရဲ့ ပါဠိတော်ကို စုပေါင်းပြထားလိုက်တယ်။ စာမျက်နှာရှစ်မှာဆိုရင် သဟဇာတအငယ်ခုနစ်ပါးတို့ရဲ့ ဘာလဲ၊ အရကောက်ကို ဘာလေးဗျ... (ပြထားပါတယ်။) စုပေါင်းပြီးတော့ ပြထားလိုက်တယ်။
အဲ့တော့ စုပေါင်းပြီးတော့ ပြထားလိုက်တဲ့အတွက်ကြောင့် ကျစ်ကျစ်လစ်လစ် ထုပ်ချည်ထားတဲ့ အရာဝတ္ထုဟာ အရှင်ဘုရားတို့ သယ်ယူရာမှာ မလွယ်ကူဘူးလား။ (လွယ်ကူပါတယ်။) လွယ်ကူတယ်။ တော်တော်ကြီးပါလား။ လွန်ခဲ့တဲ့ ဟေတု၊ အဓိပတိ၊ ကံ၊ ဟာ ကြည့်မယ်ဆိုရင် ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော ဆိုလို့ရှိရင်လည်းပဲ ကုသလော ဓမ္မော ကတ္တားပုဒ်အရာက "သမ္ပယုတ္တက္ခန္ဓာအပ်သော ကုသိုလ်စိတ် ၂၁၊ စေတသိက် ၃၈ ၌ရှိသော စိတ္တက္ခဏတစ်ခုတစ်ခု၌ဖြစ်သော" နှစ်၊ သုံး။ ဟေတုက ဟိတ်နှစ်၊ သုံးကို ကြည့်သွားပြီ။ "ဒွေဟိတ်ဖြစ်အံ့ အလောဘ၊ အဒေါသ။ တိဟိတ်ဖြစ်အံ့ အလောဘ၊ အဒေါသ၊ အမောဟ။ ဤဟိတ်နှစ်ပါး၊ သုံးပါး ပစ္စည်းတရားရ၏။"
တကယ်လို့များ အဓိပတိဆိုလို့ရှိရင် "သမ္ပယုတ္တက္ခန္ဓာအပ်သော ကုသိုလ်စိတ် ၂၁၊ စေတသိက် ၃၈၊ စိတ္တက္ခဏတစ်ခုတစ်ခု၌ရှိသော" ဆိုပြီးတော့ သုံး၊ လေးကို မပြောဘူးလား။ (ပြောပါတယ်။) "အဓိပတိတရားကိုယ် သုံးပါး၊ လေးပါးတို့တွင် တစ်ပါးပါး ပစ္စည်းတရားရ၏။" နောက် ကိုယ့်ကမ္မပစ္စည်းကောက်စဉ်ကာလကဆိုလို့ရှိရင်လည်း ကုသလော ဓမ္မော ကတ္တားပုဒ်အရ "သမ္ပယုတ္တက္ခန္ဓာအပ်သော ကုသိုလ်စိတ် ၂၁၊ စေတသိက် ၃၈၊ စိတ္တက္ခဏတစ်ခုတစ်ခု၌ရှိသော" ဘာရ၏။ (စေတနာ။) စေတနာရ၏။ တကယ်လို့ အာဟာရကောက်မယ်ဆိုလို့ရှိရင်လည်း ကိုယ်ကောက်ခဲ့ပြီးသားပဲ။ ကုသလော ဓမ္မော ဟူသော ကတ္တားပုဒ်အရ "သမ္ပယုတ္တက္ခန္ဓာအပ်သော ကုသိုလ်စိတ် ၂၁၊ စေတသိက် ၃၈၊ စိတ္တက္ခဏတစ်ခုတစ်ခု၌ရှိသော" သရုပ်ဖော်။ "ဖဿ၊ စေတနာ၊ ဝိညာဉ်ဟုဆိုအပ်သော နာမ်အာဟာရတရားကိုယ်သုံးပါး ပစ္စည်းတရားရ၏။"
အဲ့သလောက်လောက် ပြောလိုက်ပြီဆိုရင် ဟိုဘက်က ဣန္ဒြိယလည်းပဲ ရှစ်ပါးသိရောပေါ့ဗျာ။ ဈာနကလည်း ငါးပါး။ မဂ္ဂကလည်း ရှစ်ပါး။ သိပြီလား။ (သိပါပြီ။) ဣန္ဒြိယဆိုလို့ရှိရင်လေ၊ အခုကောက်ရတော့မယ့်ဥစ္စာက "နာမ်ခန္ဓာအပ်သော ကုသိုလ်စိတ် ၂၁၊ စေတသိက် ၃၈၊ စိတ္တက္ခဏတစ်ခုတစ်ခု၌ရှိသော" ရှစ်ကို သရုပ်ဟောလိုက်မယ်လေ။ ကိုယ်တော်တို့ ရပြီးသားပဲ စာမျက်နှာနှစ်ကလေ။ (မှန်ပါ။) "ဇီဝိတ၊ စိတ်၊ ဝေဒနာ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ပညာဟုဆိုအပ်သော နာမ်ဣန္ဒြေတရားကိုယ်ရှစ်ပါး ပစ္စည်းတရားရ၏။" အော်၊ ဟိုဘက်က ဈာနဆိုလို့ရှိရင်လည်းပဲ "စိတ္တက္ခဏတစ်ခုတစ်ခု၌ရှိသော ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာဟုဆိုအပ်သော ဈာနင်တရားကိုယ်ငါးပါး ပစ္စည်းတရားရ၏။" ဟိုဟိုဘက်က မဂ်ဆိုလည်း သရုပ်ဟောလိုက်ရုံပဲ မဟုတ်လား။ (ဟုတ်ပါတယ်။) အိုး၊ ဒီထက်လွယ်တာ ဘာရှိသေးတုန်း။ (မရှိတော့ပါဘူး။) "ဘာ၊ ဘုန်းကြီးနဲ့ ပဋ္ဌာန်းဆို ဒီလိုကျတော့လည်း လွယ်လှချည်လားဘုရား" ပေါ့။ လွယ်ဘူးလား။ (လွယ်ပါတယ်။)

မဂ္ဂပစ္စည်း သင်ကြားခြင်း

ကိုင်း၊ ဒါတော့ ဒီနေ့အခု မဂ္ဂပစ္စည်းသွားမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ အခု စာမျက်နှာနှစ်က မဂ္ဂပစ္စည်းရဲ့ သုတ္တသင်္ချာ၊ စာမျက်နှာငါးက မဂ္ဂပစ္စည်းရဲ့ ပါဠိတော်၊ အဲ့ဒါပြီးပြီဆိုလို့ရှိရင် တပည့်တော်က ကိုယ်တော်တို့ ဟိုနေ့က အကြွေးလေး ပြန်တောင်းမှာပေါ့ဗျ။ အဓိပတိလေးပါး အကြွေးလေးရှိတယ်မဟုတ်လားဗျ။ (မှန်ပါ။) ကိုင်း၊ အဲ့ဒီက အကြွေးလေးကိုလည်းပဲ ကိုယ် အဓိပတိလေးပါး အကျဉ်းချုပ်ကလေး ပြောကြတာပေါ့။ ဟုတ်လားဗျာ။ (တင်။)
ကိုင်း၊ ဒါကြောင့်မို့လို့ မဂ္ဂပစ္စည်း၊ စာမျက်နှာနှစ်က မဂ္ဂပစ္စည်းရဲ့ ဘာပါလိမ့်။ (သုတ္တသင်္ချာ။) စာမျက်နှာငါးက မဂ္ဂပစ္စည်းရဲ့... (ပါဠိတော်။) ပါဠိတော်။ အဲ့ဒါပြီးကြမှ တပည့်တော်က ကြားထဲက မကောက်သေးဘဲနဲ့ ဘာပစ္စည်းပြောမယ်။ (အဓိပတိ။) ဟုတ်ပြီ၊ ဟုတ်ပြီ။ ကိုင်း၊ အဲ့သလိုဆိုလို့ရှိရင် စာမျက်နှာနှစ်ကိုကြည့်ပြီးတော့ "မဂ္ဂပစ္စည်း သုတ္တသင်္ချာ၌" ဟောကြည့်မယ်ဗျာ။
(တရားတော်လာ သုတ္တသင်္ချာနှင့် ပါဠိတော်များ ရွတ်ဆိုခြင်း)
အဲ့တော့ မဂ္ဂပစ္စည်း၊ ကိုယ်တော်တို့ မဂ္ဂင်တွေကို ကိုးပါးထဲက ကုသလောကုသလော ကုသလဿ ကောက်တဲ့အခါမှာ မဂ္ဂင်တွေကို ရှစ်ပါးပေါ့။ ဟုတ်လားဗျာ။ ရှေးရှစ်ပါးကတော့ ဧကဂ္ဂတာထိတိုင်အောင်ပေါ့။ နောက်ဆုံးပဲ ဒိဋ္ဌိမပါဘူးပေါ့။ အဲ့ဒါ ရှစ်ပါးကောက်ရတယ်။ နောက် အကုသလော အကုသလဿ ကောက်တဲ့အခါကျရင် ကိုယ်တော်တို့ အကုသလော အကုသလဿ ရဲ့ အောက်တည့်တည့် လှမ်းကြည့်မယ်ဆိုလို့ရှိရင်၊ တန်းတန်းလှမ်းကြည့်မယ်ဆိုလို့ရှိရင် လေးခုလို့ တွေ့တယ်မဟုတ်လား။ (တင်ပါ့။) လေးခုက ဝိတက်၊ ဝီရိယ၊ ဧကဂ္ဂတာ၊ ဒိဋ္ဌိ ရှိတယ်။ အဲ့သလိုရှိတယ်။
ဒါကြောင့် တို့ သင်္ဂြိုဟ်ပိုင်းမှာဆိုလို့ရှိရင် မဂ္ဂင် ၁၂ ပါးဆိုတာရှိတယ်လေ။ မဂ္ဂင် ၁၂ ပါးထဲက သမ္မာမဂ္ဂင်က ၈ ပါး၊ မိစ္ဆာမဂ္ဂင်က... (လေးပါး။) လေးပါးလို့ရှိတယ်။ အဲ့ဒီ မိစ္ဆာမဂ္ဂင်လေးပါးက ကိုယ်တော်တို့ သိပြီးသားအတိုင်းပဲ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာဝါစာ၊ မိစ္ဆာကမ္မန္တ၊ မိစ္ဆာအာဇီဝ။ အဲ့တော့ ဒီပဋ္ဌာန်းမှာတော့ဖြင့် အဲ့ဒီလေးပါးလုံးကိုပေါင်းပြီးတော့မှ မိစ္ဆာဒိဋ္ဌိတစ်ပါးအနေနဲ့ပဲ ဟောလိုက်တယ်။ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိတစ်ပါးအနေနဲ့ပဲ ဟောလိုက်တယ်ပေါ့။ ဟုတ်လားဗျာ။
အဲ့ဒါလည်းပဲ ကိုယ်တော်တို့ ဒီသုတ္တန်မှာဆိုလို့ရှိရင်လည်းပဲ မိစ္ဆာသင်္ကပ္ပ-သမ္မာသင်္ကပ္ပ၊ မိစ္ဆာဝါယာမ-သမ္မာဝါယာမ၊ မိစ္ဆာသမာဓိ-သမ္မာသမာဓိလို့ အဲ၊ သူတို့ကတော့ဖြင့် နှစ်မျိုးစီ၊ နှစ်မျိုးစီ ဆက်ဆံတယ်။ အဲ့ ခုနကပြောခဲ့တဲ့ မိစ္ဆာဒိဋ္ဌိကတော့ဖြင့် အကုသိုလ်သက်သက်ပဲဗျ။ ဘာပဲဆိုလို့ရှိရင်၊ အကုသိုလ်သက်သက်ပဲ။ အကုသိုလ်သက်သက်ပဲပေါ့။
အဲ့ဒီ့တော့ ဒီမဂ္ဂင်ရှစ်ပါး၊ ကိုယ်တော်တို့ ကုသလော ကုသလဿ ဆိုလို့ရှိရင် မဂ္ဂင်ရှစ်ပါးဆိုတာတော့ အဲ့တော့ သေချာမှတ်သားထားရမယ်။ ကိုယ်တော်တို့ မှတ်သားထားရမယ်ဆိုတော့ အာရုံတွေ ဘေးမသွားနဲ့။ အာရုံတွေ စုစည်းပြီးတော့ ဒီထဲထည့်ထား။ ဟိုသွားချင်၊ ဒီသွားချင် ဒါတွေမလုပ်နဲ့။ အဲ့ဒီမှာဆိုလို့ရှိရင် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ။ သမ္မာဒိဋ္ဌိ၊ ဘာပါလိမ့်။ (သမ္မာသင်္ကပ္ပ။) သမ္မာသင်္ကပ္ပ။ ဒါက ပညာမဂ္ဂင်လို့ခေါ်တယ်။ ဘာလို့ခေါ်တယ်။ (ပညာမဂ္ဂင်။) ပညာမဂ္ဂင်ဆိုတာက အဘိဓမ္မာပိဋကတ်တော်ရဲ့ အနှစ်ချုပ်ဗျ။ ဘာအနှစ်ချုပ်ပါလိမ့်။ (အဘိဓမ္မာပိဋကတ်တော်ရဲ့ အနှစ်ချုပ်။) ပိဋကတ်တော်ရဲ့ အနှစ်ချုပ်။
သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝတဲ့။ အဲ့ဒီသုံးပါးက သီလမဂ္ဂင်တဲ့။ ဘာမဂ္ဂင်ပါ။ (သီလမဂ္ဂင်။) သီလမဂ္ဂင်။ သီလမဂ္ဂင်က ဝိနည်းပိဋကတ်တော်ရဲ့ အနှစ်ချုပ်။ ဘာအနှစ်ချုပ်ပါလိမ့်။ (ဝိနည်းပိဋကတ်တော်ရဲ့။) ဝိနည်းပိဋကတ်တော်ရဲ့ အနှစ်ချုပ်ပဲ။
နောက် သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဆိုတာက သမာဓိမဂ္ဂင်။ ဘာလဲ။ (သမာဓိမဂ္ဂင်။) သမာဓိမဂ္ဂင်။ သမာဓိမဂ္ဂင်ဆိုတော့ သုတ္တန်ပိဋကတ်တော်တွေရဲ့ အနှစ်ချုပ်ပဲ။ ဘာရဲ့အနှစ်ချုပ်။ (သုတ္တန်ပိဋကတ်တော်ရဲ့ အနှစ်ချုပ်။) သုတ္တန်ပိဋကတ်တော်တွေရဲ့ အနှစ်ချုပ်။ အဲ့လိုရှိတယ်။
ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ အခု မဂ္ဂင်ရှစ်ပါးလို့ အသံကြားလိုက်တာနဲ့ပဲ အခု အဘိဓမ္မာသင်ကြားရခြင်း၊ သင်ကြားထားတဲ့ပုဂ္ဂိုလ်တွေဟာလည်း ဒါက သီလမဂ္ဂင်၊ ဒါက သမာဓိမဂ္ဂင်၊ ဒါက ပညာမဂ္ဂင်လို့ သိတဲ့အပြင်၊ "ဪ၊ မဂ္ဂပစ္စယောဆိုရင် နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံအလုံးစုံ ဒီထဲကို ပါလာတာပါတကား။ နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံအလုံးစုံတင်မကဘူး။" ကိုယ်တော်တို့ရေ၊ ဒီမဂ္ဂပစ္စည်းဆိုတဲ့သဘောတရားက၊ မဂ္ဂဆိုတဲ့သဘောတရားက သုဂတိ၊ ဒုဂ္ဂတိ၊ နိဗ္ဗာန်အထိရောက်အောင် ခရီးလမ်းကိစ္စဖြင့် ကျေးဇူးပြုတတ်သော ပစ္စည်းဟာလည်း မဂ္ဂပစ္စည်းပါပဲတဲ့။ ဟုတ်လားဗျာ။ သုံးပုံတွေက ဟုတ်ရဲ့လား။ (မဟုတ်ပါဘူးဘုရား။) မဟုတ်ဘူး။ ဒုဂ္ဂတိသို့ရောက်ကြောင်း၊ ကိုယ်တော်တို့ အပါယ်လေးပါးသို့ရောက်ကြောင်းလည်းပဲ အကုသိုလ်တွေ မပါဘူးလား။ (ပါပါတယ်ဘုရား။) အကုသလမဂ္ဂင်သုံးပါး မပါဘူးလားဗျ။ (ပါတယ်ဘုရား။) ပါတယ်လေ။ ဒါက ဘယ်သို့ရောက်ကြောင်း။ (ဒုဂ္ဂတိသို့ရောက်ကြောင်း။) ဒုဂ္ဂတိသို့ရောက်ကြောင်း။
ဒါကြောင့်မို့၊ ဒါကြောင့်မို့လို့ မဂ္ဂပစ္စည်းဆိုတာ သုဂတိ၊ ဒုဂ္ဂတိ၊ နိဗ္ဗာန်အထိရောက်အောင် ခရီးလမ်းကိစ္စဖြင့် ကျေးဇူးပြုသော ပစ္စည်းကလည်း ဘာပစ္စည်း။ (မဂ္ဂပစ္စည်း။) မဂ္ဂပစ္စည်းဗျ။ အဲ့တော့ ခုနကပြောခဲ့တဲ့ မိစ္ဆာဒိဋ္ဌိအနေနဲ့ကတော့ ဒုဂ္ဂတိလမ်းသက်သက်ပေါ့ဗျာ။ အပါယ်လေးပါးအထိ အဲ့ဒီက မိစ္ဆာဒိဋ္ဌိက ပို့ဆောင်တတ်လိမ့်မယ်။ အဲ့ဒီ မိစ္ဆာဒိဋ္ဌိရဲ့ ဆိုးကျိုးတွေကိုတော့ဖြင့် ဥပနိဿယပစ္စည်း၊ ပကတူပနိဿယပစ္စည်းမှာ တပည့်တော် အကျယ်ပြောပြမယ်။ အလွန်တရာမှ ဆိုးကျိုးကို ရှိနိုင်တယ်။ ဒါကြောင့်လည်း ကျန်တဲ့ သမ္မာဒိဋ္ဌိစသည့် အဲ့ဒီက ကောင်းတဲ့မဂ္ဂင်တရားတို့ဖြင့် သုဂတိနဲ့ နိဗ္ဗာန်လမ်းမကြီးအထိ အကျိုးပေးပါတယ်တဲ့ဗျာ။ အကုန်လုံး နိဗ္ဗာန်တိုင်အောင် အကျိုးပေးနိုင်ပါတယ်။
ဒါကြောင့်မို့လို့ "ဧကာယနော မဂ္ဂေါ" ဆိုတာက ဒီမဂ္ဂင်ရှစ်ပါးကို တစ်ပေါင်းတည်းပြောလိုက်တာပဲ။ ဟုတ်လားဗျ။ မဂ္ဂင်ရှစ်ပါးကို ဘာလိမ့်။ (တစ်ပေါင်းတည်း။) တစ်ပေါင်းတည်း ပြောလိုက်တာပဲ။ တစ်နည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် ဘုရားရှင်ရဲ့ သာသနာတစ်ခုလုံး ချုံ့လိုက်ရင် မဂ္ဂပစ္စယော ဆိုရင် အကုန်လုံးပါတယ်။ ပြောလိုက်ပြီလေ။ ကိုယ်တော်တို့အခု သီလ၊ သမာဓိ၊ ပညာ။ သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာဆိုလို့ရှိရင် ဒါတွေဟာလည်း ဘုရားရှင်ဟောတော်မူတဲ့ ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ တို့ရဲ့ အနှစ်ချုပ်က မဂ္ဂင်ရှစ်ပါး။ မဂ္ဂင်ရှစ်ပါးကို ထပ်ချုပ်မယ်ဆိုလို့ရှိရင် သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာဆိုတဲ့ သိက္ခာသုံးပါး။ အဲ့လိုရတယ်။
အဲ့တော့ ကိုယ်တော်တို့ရေ၊ ကိုယ်သွားမယ့်လမ်းကြောင်းကိုတော့ ကိုယ်မြင်ဖို့၊ ကိုယ်သိဖို့ အရေးမကြီးဘူးလား။ (ကြီးပါတယ်ဘုရား။) ကြီးတာပေါ့။ စာသင်တယ်ဆိုတာ ဒါတွေကြည့်ဖို့လေ။ ဟုတ်လားဗျ။ ကိုယ့်အနာဂတ်ကို အကောင်းဆုံးဖန်တီးနိုင်ဖို့၊ ဖန်တီးနိုင်သူဖြစ်ဖို့ရာ မကောင်းဘူးလား။ (ကောင်းပါတယ်။) အဲ့တော့လည်းပဲ ဒီအကြောင်းအရာတွေကို သင်ထားပြီးကာကျတော့မှ စာမေးပွဲဖြေဖို့လောက်တင် သင်တယ်ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်ထက် ညံ့တာ ဘယ်ရှိမတုန်းဗျ။ ဟုတ်တယ်မလား။ တပည့်တော်တို့သည်လည်း စာသားတင်တတ်ပြီးကျတော့ ဒါတွေကို မကျင့်သုံးဘူး၊ မလိုက်နာဘူးဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်တွေထက် မိုက်တဲ့ပုဂ္ဂိုလ် ရှိနိုင်တော့ဘူးပေါ့ဗျာ။ သူများစကားတွေက မသိလို့။ ဒီဥစ္စာတွေဟာ ဒီဘက်တို့ကတော့ သိပါလျက်ကနဲ့ ဒါတွေဟာ မကျင့်သုံးဘူး၊ မလိုက်နာဘူးဆိုလို့ရှိရင် အလွန်တရာမှ မိုက်မဲရာ မရောက်ဘူးလား။ (ရောက်ပါတယ်။) ရောက်တယ်။
ဒါကြောင့် ကိုယ်တော်တို့ရေ၊ ဒီမဂ္ဂပစ္စည်းဆိုတာနဲ့ပဲ အခု နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံအလုံးစုံ ဒီထဲမှာ ပါနေပြီလို့ ဒီလိုတစ်ခါတည်း အာရုံမျက်စိနဲ့ မြင်နိုင်ရမယ်။ အသိစိတ်နဲ့ ပိုင်းဖြတ်နိုင်ရမယ်။ ဟုတ်လားဗျ။ အသိစိတ်နဲ့ ပိုင်းဖြတ်စရာမကောင်းဘူးလား။ (ကောင်းပါတယ်။) ကောင်းတယ်။ အဲ့တော့လည်းပဲ အကုသိုလ်တရားတွေရဲ့ ဆိုးကျိုးတရားတွေ၊ ကုသိုလ်တရားတွေရဲ့ ကောင်းကျိုးတွေ၊ ဒါတွေကို သိမြင်ပြီးအခါကျတော့ ကိုယ်တော်တို့ ခုနက ကိုယ့်ရဲ့အနာဂတ်ကို ကောင်းစွာဖန်တီးနိုင်သူ ဖြစ်ရလိမ့်မယ်။ ဟုတ်လားဗျာ။ ကိုယ့်ရဲ့အနာဂတ်ကို မြင်ကြရလိမ့်မယ်။ ကိုယ့်ရဲ့အနာဂတ်ကို သူတစ်ယောက်ဖြစ်စေရမယ်ပေါ့။ ဟုတ်တယ်မလားဗျ။
ကိုင်း၊ ဒါကြောင့် ကိုယ်တော်တို့ရေ၊ ဒါတွေ အကျဉ်းချုပ်ပဲ။ မဂ္ဂပစ္စည်းဆိုတာ။ အဲ့တော့ ပြန်ပြီးတော့ ချုပ်ပြောဦးမယ်။ ကိုယ်တော်တို့ စာမျက်နှာနှစ်ဆိုလို့ရှိရင် သုတ္တသင်္ချာတွေ ဟော၊ ပစ္စယနိဒေသကို လှန်မယ်ဆိုလို့ရှိရင် ပစ္စယနိဒေသဟာကို ဟေတု၊ အဓိပတိ ချန်ထား။ ဟေတုမှတစ်ပါး၊ အဓိပတိမှတစ်ပါး ကျန်တဲ့ ခြောက်ပစ္စည်းတို့ဟာ အရှင်ဘုရားတို့ ဒီသုတ္တသင်္ချာအတိုင်း ပစ္စည်းကောက်၊ ဒီသုတ္တသင်္ချာအတိုင်းပဲ... (ကောက်မယ်။) တိုင်းကောက်မယ်။ ဘာအတိုင်းကောက်မှာ။ (သုတ္တသင်္ချာအတိုင်းပါ။) သုတ္တသင်္ချာအတိုင်းကောက်မှာ။ ဒီသုတ္တသင်္ချာတရားကိုယ်ပဲ ပစ္စယနိဒ္ဒေသပါဠိတော်ကြီးကို ကြည့်ပြီးတော့ စီစဉ်ထားတာ။ ဘာကိုကြည့်ပြီးတော့ စီစဉ်ထားတာ။ (ပစ္စယနိဒ္ဒေသပါဠိတော်ကြီးကို။) ပစ္စယနိဒ္ဒေသပါဠိတော်ကြီးကို ကြည့်ပြီးတော့ စီစဉ်ထားတာ။ ဒီပစ္စယနိဒ္ဒေသပါဠိတော်ကြီးကို ကြည့်ပြီးတော့ပဲ ကိုယ်တော်တို့ မဟုတ်၊ ပညာဝါဒရဲ့ အစိတ်အပိုင်းအနေနဲ့ ကြည့်ပြီးတော့ပဲ ကိုယ်တော်တို့ ပစ္စည်းပိုင်းလို့ ရှင်အနုရုဒ္ဓါက ရေးထားတာဖြစ်တယ်။ အဲ့သလိုတွေ သိမြင်ကြရလိမ့်မယ်။
ကိုင်း၊ ဒါကြောင့် အရှင်ဘုရားတို့ အခု ဒီမဂ္ဂကိစ္စနဲ့ပတ်သက်လို့ ကိုယ်တော်တို့ရေ၊ နောက် ဟို ပိဋကတ်ဗြိန်းဆရာတော်ကြီးဆိုတာရှိတယ်။ တတိယရွှေကျင်သာသနာပိုင်ဆရာတော်ကြီးရဲ့ ဘွဲ့တော်ကတော့ အဲ့ ပိဋကတ်ဗြိန်းဆရာတော်တဲ့ဗျ။ ဟုတ်လားဗျို့။ အာသီသဂါထာဆိုတာ ကိုယ်တော်တို့ တွေ့ဖူးတဲ့ပုဂ္ဂိုလ်တွေ ရှိပါလိမ့်မယ်ဗျ။ အာသီသဂါထာ၊ ဘာပါလိမ့်။ (သုံးဂါထာ။) သုံးဂါထာ။ သုံးဂါထာရဲ့ နောက်ဆုံးဂါထာမှာဆိုရင် "ကုမဂ္ဂံ ဝိဝဇ္ဇယန္တု" ပါဠိတော်တဲ့။ ဒါလေးပါတယ်။ ဟုတ်လားဗျ။ "ကုမဂ္ဂံ ဝိဝဇ္ဇယန္တု" တဲ့။ "ကုမဂ္ဂံ - ကောက်ကျစ်သော၊ လမ်းမှားသော ခရီးလမ်းကို၊ ဝိဝဇ္ဇယန္တု - သတ္တဝါတွေ ရှောင်ရှားနိုင်ကြပါစေ။" "သုမဂ္ဂံ ယန္တု ပါဏိနော။ သုမဂ္ဂံ - ဖြောင့်မတ်တဲ့၊ တည့်မတ်တဲ့ လမ်းကြောင်းကြီးကိုလည်းပဲ၊ ယန္တု - သတ္တဝါတွေတို့သည်၊ ပါဏိနော - သတ္တဝါတွေ လိုက်သွားနိုင်ကြပါစေ" လို့ ဒီလို သူ့ရဲ့အာသီသ။ အဲ့ဒါ ကောက်ကျစ်သောလမ်း၊ ညစ်သောလမ်း၊ မကောင်းသောလမ်းကို ရှောင်ကြဉ်ပြီးတော့ ကောင်းသောလမ်း၊ သုဂတိလမ်းကို သတ္တဝါတွေက ဖြောင့်တန်းသောလမ်းမှာကို လျှောက်လှမ်းနိုင်ကြပါစေဆိုပြီးတော့ ဆရာတော်ကြီးရဲ့ အာသီသ ဘယ်နှဂါထာ။ (သုံးဂါထာ။) အဲ့ဒီသုံးဂါထာထဲက နောက်ဆုံးဂါထာပဲ။ ဟုတ်လားဗျာ။ ကိုယ်တော်တို့ အဲ့ဒီက အာသီသသုံးဂါထာ ကိုယ်တော်တို့ ရှိကြတယ်မဟုတ်လားဗျာ။ (ရှိပါတယ်ဘုရား။) ကိုင်း၊ ဝမ်းသာပါတယ်ဗျ။ ဟုတ်လား။ ကြားကိုမကြားဖူး၊ ဒီလိုကတော့ ဟုတ်လား။ ဘုန်းကြီးပြောမှပဲ ကြားဖူးတယ်။ ဟုတ်လား။
ကိုယ်တော်တို့လည်း လိုချင်စိတ်ပေါက်သွားအောင်လို့ ရေဘူးလှုပ်ပြလိုက်တာ။ မှတ်မိလားဗျ။ (တင်ပါ့။) ဘာလုပ်ပြလိုက်တာ။ (ရေဘူးလှုပ်ပြ။) ရေဘူးလှုပ်ပြတော့ ဘာလည်းဗျ။ (ရေငတ်။) ရေငတ်တဲ့ပုဂ္ဂိုလ်... (ရေသောက်ချင်။) အဲ့ဒါ ရေဘူးထုတ်ပြလိုက်တော့ အဲ့ဒါ ရေရှိတဲ့အရပ်ကို တန်းစိုက်စိုက်နဲ့ဆိုတော့ ရေသောက်ချင်တဲ့စိတ် ရှိသလား၊ မရှိဘူးလား။ (ရှိပါတယ်။) ဟို၊ အလိုလို ရေငတ်နေတဲ့။ တချို့က ရေမငတ်ဘူးဆိုတည်းကကိုပဲ ဒီအသံကြားတော့ မကြားချင်ဘူး။ ဟုတ်လား။ တချို့ကလည်း လိုချင်တဲ့စိတ်... (ရှိတယ်။) ရှိတယ်။ တချို့ကလည်း လိုချင်တဲ့စိတ်... (မရှိဘူး။) မရှိဘူး။
အဲ့ဒါ အရည်အချင်းပြည့်မီတဲ့ပုဂ္ဂိုလ်တွေကတော့ ကိုယ်တော်တို့ရေ၊ ဘယ်ဥစ္စာကို ယူရမယ်၊ ကောင်းကွက်၊ လှကွက်တွေဟာလည်း ရွေးထုတ်ယူရမယ်၊ ဘာတွေမှတ်သားရမယ်၊ ဘာတွေကျင့်သုံးရမယ်၊ ဘာတွေကို သူများကို ဖြန့်ချိရမယ်ဆိုတာကို ဘုန်းကြီးပြောလိုက်တာတွေ တစ်ခါတည်း ခွဲခြားစိတ်ဖြာပြီးကျတော့ ဒါတွေက တစ်ခါတည်း သိသွားတယ်။ တစ်ချို့ကျတော့လည်းပဲ ကိုယ်တော်တို့ သိမှမသိဘူး။ သေသေချာချာ ကိုယ် ရင်ဘတ်ထဲကို ထိုးစိုက်ပေးလိုက်တာကိုပဲ မသိဘူး။ ဟုတ်လား။ ပြန်ထွက်၊ ထွက်သွားလိုက်တာ။ ဟုတ်လားဗျ။ အဲ၊ ရင်ဘတ်ထဲ မရောက်တတ်တဲ့အခါ ထိုးစိုက်ထည့်ပေးလိုက်တာ ဘာပဲလဲဗျ။ (ရင်ထဲမရောက်သွားဘူး။) ရင်ထဲမရောက်သွားဘူး။
အဲ့ဒါ ကိုယ်တော်တို့ အဲ့လို ခွဲခြားစိတ်ဖြာပြီးတော့ သိရမှာ။ ကိုယ် စာသင်တဲ့၊ စာသင်တဲ့ပုဂ္ဂိုလ်ရဲ့ အရည်အသွေးဟာလည်း စာသင်တဲ့ပုဂ္ဂိုလ်ကနေပြီးသားကကျတော့ "ဪ၊ ဒီဥစ္စာတွေဟာလည်း ကိုယ့်အတွက် စာမေးပွဲအတွက် အဆင်ပြေတယ်။" "တိုင်းတာစာမေးပွဲအတွက် ဒါတွေက အလွန်တရားမှ အရေးပါတယ်။" "ဒါ ဘဝအတွက် အရေးပါတယ်။" "ဒါ ဘဝအတွက် ထည့်ရမှာ။" "ကိုယ့်ဘဝအတွက် ဒါမဟုတ်ဘူးဆိုလို့ရှိရင်လည်းပဲ ဒါတွေ ကျန်တဲ့ပုဂ္ဂိုလ်တွေလည်းပဲ ဖြန့်ချိဖို့အတွက် ကောင်းတယ်။" "ဒါတွေက လူ့လောကအတွက် အသုံးတွင်ကျယ်တဲ့ ဥစ္စာတွေပဲ" လို့ တစ်ခါတည်း ခွဲခြားစိတ်ဖြာပြီးကျတော့ တစ်ခါတည်း မှတ်သားတတ်တယ်။ အဲ့သလိုသိပြီဆိုလို့ရှိရင်တော့ စာသင်တဲ့ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အရည်အသွေးဟာ နေမှီသွားပြီ။ အဲ့ဒီလိုမဟုတ်သေးဘူးဆိုလို့ရှိရင်လည်းပဲ စာသင်တဲ့ပုဂ္ဂိုလ်ရဲ့ အရည်အသွေး... (မမှီသေးဘူး။) မမှီသေးဘူး။ ကိုယ့်ရဲ့အရည်အသွေးဟာလည်း ကိုယ်တိုင်းတာပေါ့ဗျာ။ ဟုတ်တယ်မလား။
ကိုယ်တော်တို့ ဒီကတော့ စာတွေ၊ ကိုယ်တော်တို့ အများကြီးပဲ။ စာနဲ့ပတ်သက်သမျှတွေကော၊ မပတ်သက်တာတွေရော ကိုယ်တော်တို့ကို တစ်ခါတည်း အများကြီးကို ပေးလွှတ်လိုက်ပြီပေါ့ဗျာ။ တချို့သောပုဂ္ဂိုလ်တွေကျတော့လည်းပဲ အသုံးချတတ်တယ်။ တချို့သောပုဂ္ဂိုလ်တွေကျတော့လည်း အသုံးမချ၊ အသုံးမချတတ်သေးဘူးဆိုတည်းကပဲ သို့မဟုတ် ဥစ္စာတွေဟာလည်း ဒီကောင်းကွက်၊ လှကွက်တွေကို ကြိုက်မှန်း၊ ကောင်းမှန်းကို မသိသေးဘူး။ ဒီပုဂ္ဂိုလ်ရဲ့ အရည်အသွေးဟာလည်း ဟုတ်လားဗျ၊ တော်တော်ကိုပဲ ဦးနှောက်ရိုင်းဆန်တယ်ပေါ့ဗျာ။ ဘယ်လိုဆန်တာပါ။ (ဦးနှောက်ရိုင်းဆန်။) ဦးနှောက်ရိုင်းဆိုတာ ဘာလိမ့်။ ကလေးဆန်တာပေါ့ဗျ။ ဟုတ်လား။ ကလေးမဆန်ဘူးလား။ (ဆန်ပါတယ်။) ကိုင်း၊ ကလေးဆန်တယ်။
အဲ့တော့ အရှင်ဘုရားတို့ အခု အဲ့လိုဆိုလို့ရှိရင် တပည့်တော်တို့ ဘယ်လိုလုပ်ရမလဲဆိုရင် ကြိုးစားပြီးတော့ ကိုယ်တော်တို့ လေ့လာ၊ မှတ်သား၊ ဖတ်ကြပါ။ ဟုတ်လားဗျာ။ ကြိုးလည်းကြိုးစားရမယ်။ ကိုယ်တော်တို့ လိုချင်တဲ့စိတ်တွေရှိရအောင်။ တခြားသောပုဂ္ဂိုလ်က မေးတဲ့အခါကျတော့မှဆိုတာကျတော့ ကိုယ်တော်တို့ ခက်တာပေါ့ဗျ။ ဟုတ်လား။ ကိုယ်တော်တို့ကို ဂဠုန်ပြောလိုက်မယ်ဆိုလို့ရှိရင်တော့ အရင်မပြောဘူးဆိုရင် မလုပ်တတ်တာရှိတာ... (မတတ်ကောင်းတာ။) မတတ်ကောင်းတာ မှန်သမျှ မရှိဘူး။ အကုန်လုံး တတ်အောင်သင်ထားရတယ်။ ဟုတ်လား။ ကိုယ်တော်တို့ကို ဗေဒင်၊ ကိုယ်တော်တို့ တတ်သလားဆို "တတ်တယ်ဘုရား" ပြောမှာပေါ့။ ဟုတ်လား။ တပည့်တော် ပြောလိုက်တာလေ။ ဟုတ်လား။ ကိုယ်တော်တို့အရွယ်ဆို ဒီဗေဒင် ကောင်းကောင်းဟောတတ်နေပြီပေါ့ဗျာ။ ဟုတ်လား။ ဗေဒင် ကောင်းကောင်းဟောတတ်နေပြီ။ ဟုတ်လား။ အဲ့တော့လည်း ကိုယ်တော်တို့ ခုနကပြောလိုက်ပြီ။ မတတ်ကောင်းတာဆိုတာ... (မရှိဘူး။) မလုပ်ကောင်းတာဆိုတာက... (ရှိတယ်။) ရှိတာ။
အဲ့တော့ ကိုယ်တော်တို့ ဒါကြောင့်မို့လို့ ကိုယ်တော်တို့ရေ၊ လောကအတွက် အသုံးကျမှာဆိုလို့ရှိရင်လည်း သင်သင့်၊ သင်ထိုက်တဲ့စာဆိုလို့ရှိရင် ဘာလဲဗျ။ (သင်ရတယ်။) သင်ရတယ်။ အဲ့တော့ ဆေးဝါးအတတ်အစဆိုလို့ရှိရင်လည်းပဲ လေ့လာထားရတယ်။ "ဘုန်းကြီး ဆေးမကောင်းပါဘူးဗျာ။ ခင်ဗျား၊ ခင်ဗျား ကျုပ်လား" မမေးနဲ့။ ဟို ပါးစပ်ကလေးက ပြောတော့ပြောကောင်းတာပေါ့ဗျာ။ တကယ်တမ်းကြွလာ၊ အဲ၊ ပူတိမုတ္တဘေသဇ်ဆိုတာ မရှိဘူးလား။ (ရှိပါတယ်။) ရှိတာပေါ့။ လယ်တီဆရာတော်ကို ဒီဘက်တို့ အခု အရင်ပြောခဲ့ပြီပဲ။ မန္တလေးဆရာတော်ကြီးကလည်း ကိုယ်တိုင်ဆေးနည်းပေးခဲ့တယ်လေ။ ဟုတ်လားဗျာ။ "နံ့သာဖြူ၊ ထန်းလျက်၊ ဆား၊ ဆွဲခတ်သောက်ပါ၊ ဖြတ်ไข้ပျောက်ကွာသည်၊ ဘေးရန်ကင်းပြတ်သုံး။ မန္တလေးမြို့နန်းပေါ်မှာ၊ မန္တလေးမြို့နန်းပေါ်မှာ၊ ဆရာတော်စွဲသည့် လက်ကိုင်တုတ်၊ ဆန္ဒဘေးရုံမှာ။" တဲ့။ ဆန္ဒဆိုတော့ ဘယ်လောက်ပါလိမ့်။ ဆန္ဒဘယ်လောက်ပါလိမ့်။ (၉၆ ပါး။) အမလေး၊ သားမလိုက်နိုင်ဘူး။ ကြည့်စမ်း၊ ငေးနေတာ။ ဆန္ဒဆိုတော့ ၉၆ ပါး။ ၉၆ ပါးကိုတော့ သိပြီလေ။ ကိုယ်တော်တို့ သားကြီးကျတော့ ပြောဦးမှာပေါ့။ "ဆန္ဒဘေးရုံ၊ ဝေးစုံခွာပျက်၊ ဆေးပုလင်းအတက်ဆုံး၊ ဟာ၊ မဟုတ်၊ တစ်သက်လုံးသုံး၊ သင်တို့သည်" တဲ့။ "ရနံ့မှာ ငွေငွေလှိုင်သော်လည်း၊ နေ့နေ့တိုင်းသုံး၊ သင်တို့သည်၊ ရွေးရွေမဆိုင်၊ နှလုံးကြည်အောင်၊ ပြုံးရည်ရည် မျက်နှာထားရင်းနဲ့၊ အလွန်နံ့သာကြော၊ ဥစ္စာအားကြောင့်မို့လို့၊ ရုပ်ရည်ကြည် မျက်နှာထားရင်း၊ ခွက်ဖလားမြှောက်လျက်ကား၊ သောက်ကြလော့ မြန်စွာ" တဲ့။ "မသောက်တဲ့၊ မကြောက်တဲ့၊ အကြံအတည်၊ ကြားလည်းမနာပါဘူးကွဲ့လေ" တဲ့ဗျ။ လယ်တီဆရာတော်ကြီးက နည်းပေးခဲ့တာ။ တို့ ဘာကိုသောက်လဲ။ (နွားသေး။) အေး၊ အဲ့ဒါ ကိုယ်တော်တို့ရေ၊ တိုက်တော့သောက်ကြည့်တော့ တကယ့်ကိုပဲ တော်တော်ခက်တာပဲ။ ဟုတ်လား။ စိတ်သောက်ထားတာမဟုတ်ဘူး။ နွားသေးကြီးသောက်ထားတာ တော်တော်ဆိုးဝါး။ အဝင်ဆိုးတော့ ဆိုးဝါး။ တို့ရေ၊ တစ်ပုလင်းကုန်အောင်ကို တကယ်တော်တော်သောက်ယူရတယ်။ ကျန်းမာရေး တကယ်ကောင်း။ တို့ရေ၊ ဘုရားဆေး မကောင်းစရာရှိသေးလား။ (မရှိပါဘူး။) အို၊ သဗ္ဗညုတဉာဏ်တော် ဖော်ပေးထားတဲ့ဆေးပဲ။ တို့ ကိုယ်တော်တို့ကို သိမ်ထဲတုန်းက ပြောလိုက်ပြီလေ။ ပူတိမုတ္တဘေသဇ်ဆိုတာ ပြောလိုက်ပြီလား။ (ပြောလိုက်ပါပြီ။) အေး၊ အဲ့လိုပဲ။ ကိုယ်တော်တို့ ဘုရားတော်မှ အဲ့လိုပေးလိုက်တာ။ အဲ့ဒါ ပြောကောင်းတယ်၊ မကုကောင်းတာ။ ဘာလေးဗျ။ (ပြောကောင်းတာ။) ပြောကောင်းတယ်၊ မကုကောင်းတာ။ ကောင်းတာ၊ မကောင်းတာ ခွဲခြားစိတ်ဖြာပြီးတော့ သိရတယ်။ ဒါ ဘေးဒဏ်သင့်မှာစိုးလို့ ကိုယ်တော်တို့ ပြောခဲ့ပြီလေ။ ဟုတ်လား။ စာတစ်စောင်၊ ဘာလဲဗျ။ သိကြားတစ်စောင်။ ဘာလို့။ ကြားနှစ်စောင်ပေါ့။ အဲ့ဒါကို ကိုင်း၊ ကိုယ်တော်တို့ ရေနွေးမှုတ်၊ ကြက်သီးမွေးညင်းထနဲ့ ကန်တော့သောက်လိုက်မယ်ဆို မေးချင်စရာ တစ်ခါတည်းပျောက်။ အခု ဆေးပေးလိုက်ပြီ။ ဆေးနည်းပေးလိုက်ပြီ။ ဒါ သွေးတိုးရှိရင်တော့လည်း မကောင်းဘူးနော်။ ဟုတ်တယ်။ အဲ့လိုလည်း ပြောဦးမှဖြစ်မယ်။ ကိုယ်တော်တို့ အတိုင်းအဆမသိဘူး၊ သေလိမ့်မယ်။ ဟုတ်လား။ သွေးဆေးတွေ့လိုက်သလို ဖြစ်ကုန်လိမ့်မယ်။ ဟုတ်လား။
ကိုင်း၊ ကိုယ်တော်တို့ရေ၊ အခု အငယ်တွေကိုတော့ အကုန်ပြီးသွားပြီလို့ ပြောလို့ရတယ်ပေါ့ဗျာ။ ဟုတ်လား။ (မှန်ပါ့ဘုရား။) အဲ့တော့ ကိုယ်တော်တို့ကို ဒါဒီလိုပြောလိုက်တာ ကိုယ်တော်တို့ အကျဉ်းပြောတာလား၊ အကျယ်ပြောတာလား။
.အဲ့တော့ ကိုယ်တော်တို့ကို ဒါဒီလိုပြောလိုက်တာ ကိုယ်တော်တို့ အကျဉ်းပြောတာလား၊ အကျယ်ပြောတာလား။ (အကျဉ်း။) အကျဉ်းပြောတာပေါ့ဗျာ။ ဆိုတော့ ဒါတွေက ကိုယ်တော်တို့ ဘယ်ပြီးတော့မလဲ။ ဟုတ်လား၊ ဟုတ်လားဗျ။
နိဂုံးချုပ် နှင့် သဟဇာတအကြီးပိုင်းသို့ ကူးပြောင်းခြင်း
ကိုင်း၊ အဲ့လိုဆိုလို့ရှိရင် ကိုယ်တော်တို့ အခု သဟဇာတအငယ်ပြီးသွားစေသတည်း။ သဟဇာတအကြီးကို သွားကြဦးမယ်ပေါ့ဗျာ။ သဟဇာတအကြီးကို သွားမယ်ပေါ့။
Built with Potion.so