၀၂ - ပဋ္ဌာန်းစာဝါ

၀၂ - ပဋ္ဌာန်းစာဝါ

Multi-select
ပဋ္ဌာန်း
ဟုတ်ကဲ့ပါ၊ ဒုတိယစာပိုဒ်ကိုလည်း သတ်ပုံမှန်ကန်စေရန်နှင့် စာဖတ်၍ ပိုမိုအဆင်ပြေစေရန် စစ်ဆေးတည်းဖြတ်ပေးလိုက်ပါသည်။ မူရင်းစာပိုဒ်ခွဲပုံကို မပြောင်းလဲဘဲ သတ်ပုံအမှားများနှင့် ပုဒ်ဖြတ်ပုဒ်ရပ်များကိုသာ အဓိကထား ပြင်ဆင်ပေးထားပါသည်-

ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (ဒုတိယပိုင်း)

၁၃၇၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ ၂၀၁၁ ခု၊ စက်တင်ဘာလ ၁၆ ရက်။ အဲ့တော့ မနေ့တုန်းက စတင်ပြီးတော့ ပဋ္ဌာန်းဒေသနာတော်ကြီးကို တပည့်တော်တို့ စာအတတ်နည်းပုံစံနဲ့၊ ပဋ္ဌာန်းတတ်တဲ့ပုံစံနဲ့ စတင်ပြီးတော့ မနေ့တုန်းက ပို့ချခဲ့ပြီ။ အဲ့တော့ မနေ့တုန်းကတော့ဖြင့် အရှင်ဘုရားတို့ အခု စာမျက်နှာတစ်မှာ ၁၅-သဟ၊ ၈-အာ၊ ၇-အနံ စသည်အားဖြင့် မျိုးလင်္ကာ၊ ခေါင်းဆောင်လင်္ကာတွေ၊ နောက် ဟေ၊ ဓိ၊ သဟံ၊ ဣ၊ ဈာ၊ မဂ်၊ သံ၊ ဝိ၊ အ၊ ဝိ ဆိုတာကတော့ သဟဇာတမျိုး ၁၅-ပစ္စည်းကို ကျင်လည်အောင်လို့ ဆိုကြရတယ်ပေါ့။ ဒါကြောင့် မနေ့တုန်းကလည်းပဲ အဲ့ဒီ သဟဇာတမျိုး ၁၅-ပစ္စည်း ဟူသောအခါ ဆိုပြီးတော့ ဆိုခဲ့ကြတယ်။ အခုလည်းပဲ ကိုယ်တော်တို့ မနေ့တုန်းက ဆိုလောက်ရုံနဲ့တော့ မရသေးဘူး။ ပဋ္ဌာန်းပစ္စည်းပြိုင်တဲ့အခါကျရင် အခု ၁၀-ပစ္စည်း၊ ၁၁-ပစ္စည်း၊ ၁၂-ပစ္စည်း ပြန်ရတာတွေ ရှိတယ်။ ၁၄-ပစ္စည်းထိအောင် ပြန်ရတာတွေ ရှိတယ်။ အဲ့သလို ပြန်ရတာတွေဆိုလို့ရှိရင် ဒီဥစ္စာတွေ၊ ဒီ ၁၅-ပစ္စည်းကို အာရုံမျက်စိထဲမှာ တန်းပြီးတော့ မြင်နေမှ ဖြစ်မယ်။ ဒါကြောင့် မနေ့တုန်းကလိုပဲ သဟဇာတမျိုး ၁၅-ပစ္စည်း ဟူသောအခါ အဲ့ဒါတွေကို ရေးကြရမယ်။ သဟဇာတမျိုး ၁၅-ပစ္စည်း ရေးပြီးပြီဆိုလို့ရှိရင် အစ ၅-ပစ္စည်း နှစ်ခေါက်ရွတ်မယ်၊ နောက် အလယ် ၅-ပစ္စည်း နှစ်ခေါက်ရွတ်မယ်။ အဲ့သလို ရွတ်ပြီးပြီဆိုရင်တော့ အစ-အလယ် ၁၀-ပစ္စည်းကို နှစ်ခေါက်ရွတ်မယ်။ နောက် အဆုံး ၅-ပစ္စည်းကို ဟောမယ်၊ ရွတ်မယ်။ အဆုံး ၅-ပစ္စည်းကို ရွတ်ပြီးပြီဆိုရင်တော့ အလယ်-အဆုံး ၁၀-ပစ္စည်း၊ အစ-အဆုံး ၁၀-ပစ္စည်း၊ နောက်မှ အကုန်လုံး ပြန်ပေါင်းမယ်ပေါ့။ ကိုင်း၊ ဒါကြောင့် သဟဇာတ ၁၅-ပစ္စည်း ဟူသောအခါ ရေးကြည့်ရအောင်။ အဲ့တော့ သဟဇာတကြီး ၄-ပစ္စည်း ဟူသောအခါလို့လည်းပဲ နှစ်ခေါက်ရွတ်ပေါ့။ သဟဇာတလတ် ၄-ပစ္စည်း ဟူသောအခါလည်းပဲ နှစ်ခေါက်ရွတ်ပေါ့။ သဟဇာတငယ် ၇-ပစ္စည်း ဟူသောအခါဆိုပြီးတော့ သုံးခေါက်ရွတ်မယ်ပေါ့။ အဲ့ဒီတော့လည်းပဲ သဟဇာတကြီးဆိုတာနဲ့ ဒီတရားတွေကတော့ သဟဇာတကြီး ၄-ပစ္စည်းမှာ ရနေပြီလို့ ဒီလိုသဘောပေါက်ပေါ့။ နောက် သဟဇာတလတ်ဆိုတာကလည်းပဲ အညမည၊ ဝိပါက၊ သမ္ပယုတ္တ၊ ဝိပ္ပယုတ္တဆိုတာက ဆိုင်ရာနာမ်တရားတွေ အတော်များများ ရနေပြီလို့ သဘောပေါက်ပေါ့။ သဟဇာတငယ် ၇-ပစ္စည်းဆိုတာကတော့ ပစ္စည်းဘက်မှာ ရုပ်ကိုပါရတယ်လို့ ဒီလိုသဘောပေါက်ပြီးတော့ ခုနကပြောခဲ့သလို သဟဇာတကြီး ၄-ပစ္စည်း ဟူသောအခါလို့ဆိုပြီးတော့ နှစ်ခေါက်စီ၊ နောက်ဆုံး သဟဇာတငယ် ၇-ပစ္စည်းကျတော့ သုံးခေါက် ဆိုကြရအောင်။
အဲ့တော့ မနေ့တုန်းကတော့ဖြင့် ဒီကနေ့တော့ အခု စာမျက်နှာနှစ်က သုဒ္ဓသင်္ချာတွေ ဟောခဲ့ကြတယ်။ မနေ့တုန်းက ကျက်ခိုင်းလိုက်ကြပြီ။ ကျက်ခိုင်းလိုက်တာ အရှင်ဘုရားတို့ ကျက်လာမယ်လို့ မျှော်လင့်ပါတယ်ဘုရား။ ကျက်ခဲ့ကြတယ် မဟုတ်လား။ (မှန်လှပါဘုရား။) အဲ့ဒါ ကိုယ်တော်တို့ မနေ့တုန်းက ပြောခဲ့ပြီ။ ခေါင်းတောင်ကိုင်လည်း မရွှေ့မိပါ ဘာပါဘုရား။ (ကမ်းတောင်ကိုင်လည်း မရွှေ့မိပါ။) ကမ်းတောင်ကိုင်လည်း မရွှေ့မိပါ ဆိုသလိုပဲ အကုန်လုံး ရွှေ့မိကြပြီလို့ ပြောခဲ့ပြီ။ ဒါကြောင့်မို့လို့ မနေ့တုန်းက ကိုယ်တော်တို့ ကျက်ခဲ့တဲ့ ဟေတုကနေပြီးတော့ ဘယ်လောက်ထိရောက်သွားပြီလဲ။ (သဟဇာတိန္ဒြိယ။) သဟဇာတိန္ဒြိယထိအောင်။ ကိုင်း၊ အဲ့ဒီက ဟေတုပစ္စည်း သုဒ္ဓသင်္ချာ၌... သဟဇာတိန္ဒြိယထိ ကြည့်ရအောင်။ ကိုယ်တော်တို့ တစ်ခေါက်ကြည့်ပြီးတော့ ဟောကြည့်စမ်းပါဦးဗျ။ အဲ့တော့ မနေ့တုန်းက ကျန်နေတဲ့ နှစ်ပစ္စည်းကိုလည်း ကျက်လိုက်ရအောင်ပေါ့ဗျာ။ ကျက်လိုက်ရအောင်ဆိုတော့လည်း ဒီဥစ္စာတွေက ဘာမှ ခက်ခဲမရှိကြဘူး။ ဈာနပစ္စည်း သုဒ္ဓသင်္ချာ၌ သမ္ပယုတ္တက္ခန္ဓာ၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်အား တတ်သော ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာဟု ဆိုအပ်သော ဈာနင်တရားကိုယ် ၅-ပါး၊ ဤတရားတို့သည် ဈာနပစ္စည်း တတ်သော တရားတော်မည်၏။ သင်္ချာသတ္တရ၊ ထိုက်တာပစ္စည်းအရည်နှင့် ဟေ၊ ဓိ၊ ဣ ပေါင်း ပစ္စည်းရည် တစ်ဆယ့်တစ် ဟူသည်တည်း။ ဆိုတဲ့ ဒီလောက်ပါပဲနော်။ နောက် မဂ္ဂပစ္စည်းပေါ့။ ဈေးက မျိုးကွဲမရှိတဲ့အတွက်ကြောင့် တိုက်ရိုက်ပဲ။ ဒီထဲမှာ မျိုးကွဲမရှိတာက ဟေတု၊ ဈာနပစ္စည်း။ သုဒ္ဓသင်္ချာဝါရ၌ သမ္ပယုတ္တက္ခန္ဓာ၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်အား တတ်သော ပညာ၊ ဝိတက်၊ ဝိရတီ ၃-ခု၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ဒိဋ္ဌိဟု ဆိုအပ်သော မဂ္ဂင်တရားကိုယ် ၉-ပါး၊ ဤတရားတို့သည် မဂ္ဂပစ္စည်း တတ်သော တရားတော်မည်ကုန်၏။ သင်္ချာသတ္တရ၊ ထိုက်တာပစ္စည်းရည်နှင့် ဟေ၊ ဓိ၊ ဣ၊ ဈာ ပေါင်း ပစ္စည်းရည် တစ်ဆယ့်နှစ်။ သင်္ချာသတ္တ ဟူသောအခါ ကုသလော၊ အကုသလော စသည်ဖြင့် ဆို။ ကိုင်း၊ ဈာနကိုလည်း သုံးခေါက်၊ မဂ္ဂကိုလည်း သုံးခေါက် ဟောကြည့်ရအောင်ဗျာ။ ဆိုကြည့်ရအောင်။
အဲ့တော့ သုဒ္ဓသင်္ချာတွေကို ကိုယ်တော်တို့ ပုံကြမ်းလေး ဆိုပြီးသွားပြီပေါ့။ ဈာန်မျက်နှာ ၄-ရက်ထိအောင် နားမှာ ကိုယ်တော်တို့ ပစ္စယုပ္ပန်အခြမ်းက သုဒ္ဓသင်္ချာတို့ကို ပါဠိစီနည်းအနေနဲ့ ပြောခဲ့ပြီးပြီ။ ဒါ ပြန်ပြီးတော့ ပြောကြမယ်ပေါ့။ ပစ္စယုပ္ပန်အခြမ်းက သမ္ပယုတ္တက္ခန္ဓာကို ပါဠိစီလိုက်မယ်ဆိုလို့ရှိရင်... (သမ္ပယုတ္တကာနံ ခန္ဓာနံ။) သမ္ပယုတ္တကာနံ ခန္ဓာနံ။ ပြောကြည့်စမ်းပါဦး။ သမ္ပယုတ္တက္ခန္ဓာကို ပါဠိစီမယ်ဆိုရင်... (သမ္ပယုတ္တကာနံ ခန္ဓာနံ။) စိတ္တဇရုပ် သို့မဟုတ် သား၏ စိတ္တဇရုပ်ကို ပါဠိစီတဲ့အခါမှာ... (စိတ္တသမုဋ္ဌာနာနံ။) ဘယ်လိုပါလိမ့်ဗျ။ (စိတ္တသမုဋ္ဌာနာနံ။) ဒါ စိတ်ကြောင့်ဖြစ်တဲ့ရုပ်လို့ ပြောတယ်ပေါ့။ နောက် သား၏ ပဋိသန္ဓေကမ္မဇရုပ် သို့မဟုတ် ပဋိသန္ဓေကမ္မဇရုပ်၊ ပဝတ္တိကမ္မဇရုပ်။ ဒီမှာတော့ ပဋိသန္ဓေကမ္မဇရုပ်။ ပဋိသန္ဓေကမ္မဇရုပ်ပါ ဟုတ်တယ်မလား။ ဒါကို ပါဠိစီမယ်ဆိုလို့ရှိရင်... (ကဋတ္တာ စ ရူပါနံ။) ဪ၊ ကဋတ္တာ စ ရူပါနံ လို့ ဆိုရလိမ့်မယ်။ ဒါက အနုဝါဒပါဠိတော် စီတဲ့အခါမှာ။
အဲ့တော့ ဒီမှာက ပါဠိ နှစ်ဆင့်ထုတ်ရမယ်။ ဘယ်နှစ်ဆင့် ထုတ်ရမလဲ။ (နှစ်ဆင့်။) နှစ်ဆင့်ထုတ်ရမယ်။ ပထမဆုံးက ဝီထိပြောရိုးပေါ့။ ဟုတ်လား။ ဝီထိဆိုတာက အဆင့်အတန်းလို့ ခေါ်တာ။ ကိုင်း၊ ကြည့်မယ်။ ဒီဟိတ်ခြောက်ပါးကို ခွဲထုတ်လိုက်တဲ့အခါမှာ ကုသလဟိတ်၊ အကုသလဟိတ်၊ အဗျာကတဟိတ်လို့ သုံးမျိုးမရှိဘူးလား။ (ရှိပါတယ်။) ကုသိုလ်ဟိတ်သုံးမျိုးက ကုသိုလ်ဆိုလို့ရှိရင် ဒီဘက်က ကုသိုလ်ကြောင့်၊ ကုသိုလ်နဲ့ယှဉ်တဲ့အစတွေဆိုလို့ရှိရင် သမ္ပယုတ္တက္ခန္ဓာဆိုလို့ရှိရင် ကုသိုလ်သမ္ပယုတ္တက္ခန္ဓာ။ ကျေးဇူးပြုမယ်ဆိုရင် ကိုယ်တော်တို့က ကုသလဟိတ်သုံးပါးသည် ကုသိုလ်သမ္ပယုတ္တက္ခန္ဓာအား ကျေးဇူးပြုစဉ် ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော ဟူသော ဝီထိကို ရပါတည်း။ ကိုင်း၊ ဆိုကြည့်ကြည့်အောင် အဲ့ဒါလေးကို။ အဲ့တော့ ဝီထိတွေ ဆက်ပြောကြည့်ဦးမယ်။ ကုသိုလ်ဟိတ်သုံးပါးသည် သား၏ စိတ္တဇရုပ်အား ကျေးဇူးပြုစဉ် ကုသလော ဓမ္မော... ဘာဖြစ်မလဲဗျ ဒီဘက်က စိတ္တဇကိုလေ... (အဗျာကတဿ။) အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော ဟူသော ဝီထိကို ရပါတည်း။ ဆိုကြည့်ရအောင်။ ကုသိုလ်ဟိတ်သုံးပါးသည် ကုသိုလ်သမ္ပယုတ္တက္ခန္ဓာနှင့် စိတ္တဇရုပ်ကို ကျေးဇူးပြုစဉ် ကုသလော ဓမ္မော ကုသလဿ စ အဗျာကတဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော ဟူသော ဝီထိကို ရပါတည်း။ သုံးခေါက်ဆိုမယ်။
အဲ့တော့ ကုသလပုံကျသွားပြီ။ ဒါကို ကုသလပုံကျပ်လို့ ခေါ်တယ်။ ဘာလို့ခေါ်လဲ။ (ကုသလပုံ။) အကုသိုလ်လည်း ထိုနည်းလည်းကောင်းပဲပေါ့။ အကုသိုလ်ဟိတ်သုံးပါးသည်။ အကုသိုလ်ဟိတ်သုံးပါးက မနေ့တုန်းက ပြောခဲ့ပြီလေ။ ဟုတ်လားဗျ။ လောဘ၊ ဒေါသ၊ မောဟဆိုတာက အကုသိုလ်ဟိတ်သုံးပါးလို့ ပြောခဲ့ဖူးလား။ (ပြောခဲ့ပါတယ်။) အကုသိုလ်ဟိတ်သုံးပါးသည် အကုသိုလ်သမ္ပယုတ္တက္ခန္ဓာအား ကျေးဇူးပြုစဉ် အကုသလော ဓမ္မော အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော ဟူသော ဝီထိကို ရပါတည်း။ ဆိုတတ်တယ်နော်။ (မှန်ပါ။) အကုသိုလ်ဟိတ်သုံးပါးသည် အကုသိုလ်စိတ္တဇရုပ်အား ကျေးဇူးပြုစဉ်... အဲ့တော့ ခုနက ပြန်ပြောလိုက်ဦးမယ်ပေါ့။ အကုသိုလ်ဟိတ်သုံးပါးက အကုသိုလ်ဖြစ်တဲ့ခန္ဓာဆိုတည်းကိုက အခု တပည့်တော်တို့ စာမျက်နှာသုံးရဲ့အောက်နားမှာ ပါပြီးသား။ အကုသိုလ်ဟိတ် လောဘ၊ ဒေါသ၊ မောဟနှင့် ယှဉ်သော စေတသိက် ဘယ်လောက်ပါလိမ့်။ (သတ္တဝီသ။) သတ္တဝီသပေါ့ဗျာ။ ဒီဘက်က ဟိတ်ကောက်တဲ့အတွက်ကြောင့်မို့လို့ ဟိုဘက်က အဟိတ်တွေ ပါနိုင်ပါသေးလား။ (မပါနိုင်တော့ပါဘူး။) မပါနိုင်တော့ဘူး။ ဒါဆိုလည်း သဘောပေါက်ခဲ့ပါ။ ပြန်၊ အကုသိုလ်ဟိတ်သုံးပါးသည် အကုသိုလ်စိတ္တဇရုပ်အား ကျေးဇူးပြုစဉ် အကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော ဟူသော ဝီထိကို ရပါတည်း။ အကုသိုလ်ဟိတ်သုံးပါးသည် အကုသိုလ်ဖြစ်တဲ့ခန္ဓာနှင့် သား၏ စိတ္တဇရုပ်ကို ကျေးဇူးပြုစဉ် အကုသလော ဓမ္မော အကုသလဿ စ အဗျာကတဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော ဟူသော ဝီထိကို ရပါတည်း။ အဲ့ဒီက အကုသိုလ်ဟိတ်သုံးပါးကိုလည်း အကုသလပုံကျပ်လို့ ခေါ်တယ်ဗျာ။ (မှန်ပါ။) အဲ့သုံးချက်ကို တစ်ခုကို နှစ်ခေါက်စီ နှစ်ခေါက်စီ ခြောက်ခေါက် ဆိုရအောင်။
အဲ့တော့ အကုသလဓာတ်ပြီးသွားပြီ။ အဗျာကတလည်း အဲ့လိုခွဲကြည့်ကြပေါ့။ အဲ့လိုခွဲကြည့်လိုက်တဲ့အခါမှာ အဗျာ-အဗျာပဲ တစ်ချက်ပဲရတယ်ဆိုတဲ့အကြောင်း သိသွားကြရလိမ့်မယ်။ ဒါ ကိုယ်တော်တို့ရဲ့ စာအုပ် စာမျက်နှာလေးမှာ ရေးထားတာရှိတယ်။ ဒါကြောင့် အဗျာကတဟိတ်သုံးပါးသည် အဗျာကတသမ္ပယုတ္တက္ခန္ဓာအား ကျေးဇူးပြုစဉ် အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော ဟူသော ဝီထိကို ရပါတည်း။ အဗျာကတဟိတ်သုံးပါးသည် သဟိတ်စိတ္တဇရုပ်အား ကျေးဇူးပြုစဉ် အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော ဟူသော ဝီထိကို ရပါတည်း။ အဗျာကတဟိတ်သုံးပါးသည် ဝိပါက်၊ ကြိယာ သမ္ပယုတ္တက္ခန္ဓာ၊ အဗျာကတဖြစ်တဲ့ခန္ဓာနှင့် သား၏ စိတ္တဇရုပ်ကို ကျေးဇူးပြုစဉ် အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ... အဗျာကတဿ စ အဗျာကတဿ စ လို့ ဆိုရင် တူသေးလား။ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော ဟူသော ဝီထိကို ရပါတည်း။ ပဋိသန္ဓေအခါ အဗျာကတဟိတ်သုံးပါးအပေါင်းသည် သား၏ ပဋိသန္ဓေကမ္မဇရုပ်အား ကျေးဇူးပြုစဉ်... အဲ့ဒါမဟုတ်ဘူး။ အဗျာကတဟိတ်သုံးပါးသည် ပဋိသန္ဓေဝိပါက်နာမ်ခန္ဓာ၊ သမ္ပယုတ္တက္ခန္ဓာအား ကျေးဇူးပြုစဉ်၊ ပဋိသန္ဓေ သမ္ပယုတ္တက္ခန္ဓာအား ကျေးဇူးပြုစဉ် အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော ဟူသော ဝီထိကို ရပါတည်း။ ပဋိသန္ဓေအခါကာလလည်း ရှိသေးလား။ သမ္ပယုတ္တက္ခန္ဓာ ရှိဘူးလား။ အဗျာကတဟိတ်သုံးပါးသည် ပဋိသန္ဓေကမ္မဇရုပ်အား ကျေးဇူးပြုစဉ် အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော ဟူသော ဝီထိကို ရပါတည်း။ အဗျာကတဟိတ်သုံးပါးသည် ပဋိသန္ဓေက္ခဏ သမ္ပယုတ္တက္ခန္ဓာနှင့် ပဋိသန္ဓေကမ္မဇရုပ်ကို ကျေးဇူးပြုစဉ် အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော ဟူသော ဝီထိကို ရပါတည်း။ ဒါဆိုလို့ရှိရင် အဲ့လိုခွဲလိုက်တဲ့အခါကျရင် ဒီအဗျာကတဖြစ်စေ၊ ရုပ်အဗျာကတဖြစ်စေ၊ နာမ်အဗျာကတဖြစ်စေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဘာတစ်ချက်ရလဲ။ (အဗျာ-အဗျာ တစ်ချက်။) အဗျာ-အဗျာ တစ်ချက်ရတယ်ဆိုတဲ့အကြောင်းကို ကွဲပြားပြီးတော့ သိမသွားဘူးလား။ (သိသွားပါတယ်။) ကိုင်း၊ ဒါကြောင့်မို့လို့ အဗျာကတဟိတ်သုံးပါးသည် အဗျာကတသမ္ပယုတ္တက္ခန္ဓာအား ကျေးဇူးပြုစဉ် ဆိုရအောင်။
ကိုင်း၊ ဒါဆိုလို့ရှိရင် ဝီထိခုနစ်ခု ရသွားတာ သိပြီဆိုလို့ရှိရင် စောစောကပြောခဲ့သလို သမ္ပယုတ္တက္ခန္ဓာကို သမ္ပယုတ္တကာနံ ခန္ဓာနံ လို့ ပါဠိစီတတ်ပြီ ဟုတ်လားဟေ့။ နောက် သား၏ စိတ္တဇရုပ် သို့မဟုတ် စိတ္တဇရုပ်ကို စိတ္တသမုဋ္ဌာနာနံ ရူပါနံ လို့ ပါဠိစီတတ်ပြီ။ ပဋိသန္ဓေကမ္မဇရုပ် သို့မဟုတ် သား၏ ပဋိသန္ဓေကမ္မဇရုပ်ကိုဖြင့် ဘာပါလိမ့်ဗျာ။ (ကဋတ္တာ စ ရူပါနံ။) ကဋတ္တာ စ ရူပါနံ လို့ ထိုးရမယ်ဆိုတဲ့အကြောင်း သိသွားခဲ့ပြီ။
အဲ့တော့ ကိုယ်တော်တို့ရေ စာသင်နည်းစနစ်တွေအကြောင်း ပြောကြည့်ရအောင်ပေါ့။ တပည့်တော်တို့ ငယ်စဉ်ကာလကတော့ အခုလို ဇယားနဲ့တစ်ခါမှ မသင်ခဲ့ရဘူး။ ပြောပါတော့ အခု ဒီကျောင်းသင်သားဘဝနဲ့လည်း နှစ်ချောင်းစီနဲ့ပဲ သင်တာ။ တပည့်တော် ဟို ပဲခူးမှာသင်ခဲ့တာလည်း နှစ်ချောင်းစီနဲ့သင်တည်းဆိုတော့ အဲ့ဒါကို စာတွေက တပြိုင်တည်း တန်းစီရေးထားတာ။ တပြိုင်တည်းတန်းစီရေးထားတော့ ပစ္စည်း၊ ပစ္စယုပ္ပန်ကို မကွဲဘူး။ ကိုယ်မှ မကွဲသလား အောက်မေ့သေးတယ်။ ဘယ်သူမှ မကွဲဘူး။ ဆရာတော်ဘုန်းကြီးကတော့ ပြောတာပေါ့။ "ကိုယ်တော်တို့ရေ၊ အားတက်သရော ကြည့်စမ်း၊ အဲ့ဒါ သမ္ပယုတ္တက္ခန္ဓာ၊ အဲ့ဒါ ပစ္စည်း၊ ပစ္စယုပ္ပန်ကွာ။ ဉာဏ်မျက်စိထဲ မြင်သလား" ဆိုတော့ ဘယ်သူမှ မမြင်ဘူး။ ကိုယ်တော်တို့ မြင်ဘူးလား။ (မြင်ပါတယ်။) မြင်တယ်။ ရှင်းရှင်းလေးပဲ ဟုတ်လား။ အဲ့တော့ ပစ္စည်းပြိုင်တဲ့အခါလည်း ရှင်းရှင်းလေး မြင်ရတယ်ပေါ့။ ဒီဇယားစနစ်ကို ငါမြင်လိုက်တာနဲ့ "ဟာ၊ ကောင်းလိုက်တဲ့စနစ်ပါလား" ပေါ့လေ။ မှောင်ထဲမှာပဲ တစ်ခါတည်း အလွန်တရာမှောင်နေတာကို ဟိုက မီးတစ်သန်းတစ်သိန်းကို တစ်ခါတည်း ဖြောင်းဆို ထွန်းလိုက်သလိုပဲ။ ဒါ ဉာဏ်တွေကို ပွင့်ထွက်သွားတာပဲ။ ဟိုမှာ ဂျောင်ကျကျ သက်သက်မဲမဲလေ။ ကိုယ်တော်တို့ ဒီဟာ ပစ္စည်း၊ ပစ္စယုပ္ပန်ကို တောင့်တနေတာ။ သူတို့ခွဲထားရင် ကောင်းမှာလို့။ အဲ့ဒါနဲ့လည်း အခု မူလပဋ္ဌာန်းတော်ကြီးရဲ့ မူတွေကြည့်လိုက်တော့ ရှင်းခနဲ ဖြစ်သွားတာပေါ့။ စာသင်စနစ်က ကိုယ်တော်တို့ရေ အလွန်တရာ လိုအပ်တယ်။ အဲ့ဒါ အခု စာသားကို အခုတစ်ခါတည်း တပြိုင်တည်းကြီး ထိုင်ကြည့်ရင် လုံးဝကို မမြင်ဘူးဗျ။ ဘယ်လောက်ကြီး အော်ပြောနေ၊ အကြိမ်တစ်ထောင်တစ်သောင်းပြော၊ အာရုံမျက်စိထဲ မြင်သလားဆိုတော့... (မမြင်ဘူး။) မမြင်ဘူး ဖြစ်နေတယ်ပေါ့။ စာသင်နည်းစနစ်ကလည်းပဲ အလွန်တရာ လိုအပ်တယ်ပေါ့။ ဆရာဘုန်းကြီးတွေကတော့ အလွန်တရာ ကျွမ်းကျင်တာပေါ့ဗျာ။ ဒါပေမဲ့လည်း စာသင်သားရဲ့ ဉာဏ်ထဲမှာ ထင်သလား၊ မြင်သလားဆိုတော့လည်းပဲ မထင်ဘူး၊ မမြင်ဘူး ဖြစ်နေကြတယ်။ ဒါကြောင့် ကိုယ်တော်တို့ မြင်သွားကြပြီ။
ကဲ၊ ဒါကြောင့်မို့လို့ ခုနက ကုသိုလ်ဟိတ်သုံးပါးသည် သမ္ပယုတ္တက္ခန္ဓာအား ကျေးဇူးပြုစဉ် ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော ဟူသော ဝီထိကို ရပါတည်း။ အဲ့တော့လည်းပဲ ခုနက ကုသိုလ်သုံးပါးသည်ကိုပဲ အနုဝါဒ၊ ခုန ဝီထိဆိုတော့ အနုဝါဒကို ဆက်လိုက်ရအောင်ပေါ့။ ခုနက ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဒါပြောမယ်။ ကုသိုလ်သုံးပါးသည် သမ္ပယုတ္တက္ခန္ဓာအား ကျေးဇူးပြုစဉ် ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော ဟူသော ဝီထိကို ရပါသည်။ ကုသိုလ်သုံးပါးဆိုလို့ရှိရင် ပါဠိစီတဲ့အခါမှာ ကုသလာ ဟေတူ။ အနုဝါဒရှိတော့မယ်။ အနုဝါဒ၊ ခုနက ဝီထိနောက်ထပ်ပြီးတော့ ဆင့်ထားတာက အနုဝါဒ။ နောက်ဆင့်လာတာ ဘာလဲဗျ။ (အနုဝါဒပါဘုရား။) အနုဝါဒဆိုတာ အနု=နောက်ထပ်တလဲလဲ၊ ဝါဒ=ဆိုအပ်သော။ နောက်ထပ်တလဲလဲ ဆိုလိုက်တာ။ အဲ့ဒါ ဝီထိကို ကျောရိုးခံပြီးတော့ နောက်ထပ်တစ်ဖန် ထပ်ဆင့်ပြီး ဆိုလိုက်တာက အနုဝါဒ။ ဒါကြောင့်မို့လို့ ကုသိုလ်ဟိတ်သုံးပါးကို ကုသလာ ဟေတူ။ ကုသလောက ဟေတုလေး မထည့်ရဘူးလား။ (ထည့်ရပါတယ်။) ကုသလာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ ပေါင်းလိုက်တာပေါ့ဗျာ။ ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ကုသလာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ ရပြီနော်။ ကိုင်း၊ အဲ့လို နှစ်ဆင့် အနုဝါဒပါ ပါဠိတော်။ အဲ့တော့ တွဲပြီးတော့ ဆိုကြည့်ရအောင်။
ကုသလော ဓမ္မော ဆိုရအောင်။ တစ်ခု၊ ဘယ်ဘက်ခြမ်းက ကုသိုလ်သုံးပါးကနေပြီးတော့ စိတ္တဇရုပ်ကို ကျေးဇူးပြုမယ်ဆိုရင် ခုနက ကု-ဗျာ ဆိုပြီးတော့ မဟောခဲ့ဘူးလား။ (ဟောခဲ့ပါတယ်။) ဒီစိတ္တဇရုပ်ကို ခုနက ပါဠိဘယ်လိုစီမလဲ။ (စိတ္တသမုဋ္ဌာနာနံ။) စိတ္တသမုဋ္ဌာနာနံ ရူပါနံ။ ဟောမယ်။ ဒါကြောင့် ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ကုသလာ ဟေတူ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ဒါကြောင့် ကုသိုလ်သုံးပါးသည် သား၏ စိတ္တဇရုပ်အား ကျေးဇူးပြုစဉ် အဲ့ဒီက ဝီထိ၊ အနုဝါဒကို ဆိုလိုက်ရအောင်။ ဆိုရအောင်ဗျ။ ကုသိုလ်ဟိတ်သုံးပါးသည် သမ္ပယုတ္တက္ခန္ဓာနှင့် သား၏ စိတ္တဇရုပ်အား ကျေးဇူးပြုစဉ် ကုသလော ဓမ္မော ကုသလဿ စ အဗျာကတဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ကုသလာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ဒါကိုလည်း နှစ်ခေါက်ဆိုကြည့်ရအောင်။
အဲ့တော့ အကုသိုလ်သုံးပါးလည်း ထိုနည်းလည်းကောင်း လာမှာပေါ့ဗျာ။ အကုသိုလ်သုံးပါးသည် အကုသိုလ်သမ္ပယုတ္တက္ခန္ဓာအား ကျေးဇူးပြုစဉ် အကုသလော ဓမ္မော အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ အကုသလာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတု... အမ်... သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ အဲ့ဒါလည်းပဲ ကိုယ်တော်တို့ နှစ်ခေါက်ဆိုရမှာပေါ့။ ဟိုဘက်ကျတော့လည်းပဲ အကုသိုလ်သုံးပါးသည် သား၏ စိတ္တဇရုပ်အား ကျေးဇူးပြုစဉ် အကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ အဲ့ဒါကို အကုသလာ ဟေတူ... အကုသိုလ်ဟိတ်သုံးပါးဆို အကုသလာ ဟေတူပေါ့ဗျာ။ ဟုတ်လား။ အကုသလာ ဟေတူ စိတ္တသမုဋ္ဌာနာနံ ရူပါနံ... (ဟေတုပစ္စယေန ပစ္စယော။) ဟေတုပစ္စယေန ပစ္စယော။ ဆိုတော့ ဘာလဲဗျ။ (အကုသိုလ်ဟိတ်သုံးပါးသည်...) အကုသိုလ်ဟိတ်သုံးပါးသည် အကုသိုလ်သမ္ပယုတ္တက္ခန္ဓာနှင့် သား၏ စိတ္တဇရုပ်အား ကျေးဇူးပြုစဉ် အကုသလော ဓမ္မော အကုသလဿ စ အဗျာကတဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ အကုသလာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ကိုင်း၊ ဒါကြောင့်မို့လို့ အကုသလပုံကျပ်မှာပဲ ဝီထိတစ်ခုစီကို တစ်ခုစီကို ကိုယ်တော်တို့ အဲ့ဒါ နှစ်ခေါက်စီ ဆိုရအောင်။
အဗျာကတဟိတ်သုံးပါးသည် အဗျာကတဖြစ်တဲ့ခန္ဓာနှင့် သား၏ စိတ္တဇရုပ်ကို ကျေးဇူးပြုစဉ်... ဒါက ပဝတ္တိအခါပေါ့။ ဒါကြောင့် အဗျာကတဟိတ်သုံးပါးက ဒီဘက်က ကိုယ်တော်တို့ အဗျာကတမှာယှဉ်တာ၊ ကြိယာမှာယှဉ်တာ မဟုတ်ဘူးလား။ ဝိပါက်၊ ကြိယာ အဗျာကတဟိတ်သုံးပါးသည် သမ္ပယုတ္တက္ခန္ဓာနှင့် သား၏ စိတ္တဇရုပ်ကို ကျေးဇူးပြုစဉ် ဝိပါကဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဝိပါကဗျာကတာ စ ကြိယာဗျာကတာ စ ဟေတူ... ဘယ်လိုဆိုမလဲ။ (ဝိပါကဗျာကတာ စ ကြိယာဗျာကတာ စ ဟေတူ။) ပြန်ဆိုကြည့်စမ်းပါဦး။ (ဝိပါကဗျာကတာ စ ကြိယာဗျာကတာ စ ဟေတူ။) ပြောလိုက်တဲ့အသံကလည်းဗျာ ကိုယ်တော်က ခွေးခြောက်တောင်ကြီး အော်ဟစ်လိုက်ကြမယ့်ပုံ။ ပုံမှန်ဆိုစမ်းပါဦး။ (ဝိပါကဗျာကတာ စ ကြိယာဗျာကတာ စ ဟေတူ။) အဲ့လိုဆိုစမ်းပါဗျ။ ဆရာတွေ တက်သွားအောင်။ ဝိပါကဗျာကတာ စ ကြိယာဗျာကတာ စ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ဆိုကြည့်ရအောင်။ အဲ့ဒါလေးကို နှစ်ခေါက်ဆိုမယ်။
အဲ့တော့ ပဋိသန္ဓေအခါ မဟုတ်လားဗျ။ (မှန်ပါ။) ပဋိသန္ဓေဝိပါက်အဗျာကတဟိတ်သုံးပါးသည်။ ကြိယာ ထည့်ချင်သေးလားဗျာ။ (မထည့်ချင်တော့ပါဘူး။) ထည့်လိုက်ရင် မကောင်းဘူးလား။ (မကောင်းပါဘူးဘုရား။) ဘာဖြစ်လို့ပါလိမ့်။ (ပဋိသန္ဓေ...) ပဋိသန္ဓေအခါမှာဖြစ်တဲ့ ကြိယာရယ်လို့... (မရှိပါဘူး။) မရှိဘူး။ ပဋိသန္ဓေအခါမှာဆို ဘယ်စိတ်ဖြစ်ရတာပါလိမ့်။ (ဝိပါက်စိတ်ဖြစ်ပါတယ်။) ဒါကြောင့် ပဋိသန္ဓေအခါ ဝိပါက်ဟိတ်သုံးပါးသည် ဟုတ်လားဗျ။ သမ္ပယုတ္တက္ခန္ဓာနှင့် ပဋိသန္ဓေကမ္မဇရုပ်အား ကျေးဇူးပြုစဉ်။ ဟုတ်လားနော်။ မှတ်မိတယ်နော်။ သမ္ပယုတ္တက္ခန္ဓာပါ။ သမ္ပယုတ္တက္ခန္ဓာ၊ ပဋိသန္ဓေအခါ သမ္ပယုတ္တက္ခန္ဓာ၊ စိတ္တဇရုပ်အား ကျေးဇူးပြုစဉ်... ဒါလည်းပဲ အဗျာကတော ဓမ္မော ပေါ့ ဟုတ်လားဗျ။ အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ အဲ့တော့ အလှူရှင်မှန်းသိအောင် မာတိကာတက်ရအောင်ပေါ့ဗျ။ ပဋိသန္ဓိက္ခဏေ။ ဘယ်လိုဆိုမှာပါလိမ့်။ (ပဋိသန္ဓိက္ခဏေ။) ပဋိသန္ဓိက္ခဏေ ဝိပါကဗျာကတာ ဟေတူ။ ဆိုကြည့်စမ်းပါ။ (ပဋိသန္ဓိက္ခဏေ ဝိပါကဗျာကတာ ဟေတူ။) နာမ်ခန္ဓာ... (သမ္ပယုတ္တကာနံ ခန္ဓာနံ။) ဟုတ်ပြီ။ ဒီဘက်က သမ္ပယုတ္တက္ခန္ဓာက ဟုတ်ကဲ့ပါ၊ ရှေ့တွင် ရပ်တန့်သွားသောနေရာမှ ဆက်လက်၍ သတ်ပုံနှင့် စာပိုဒ်များကို စစ်ဆေးတည်းဖြတ်ပေးလိုက်ပါသည်-

ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (ဒုတိယပိုင်း အဆက်)

...ဟုတ်ပြီ။ ဒီဘက်က သမ္ပယုတ္တက္ခန္ဓာကတော့ ရပြီ။ သမ္ပယုတ္တကာနံ ခန္ဓာနံ ပေါ့။ ဒီ ပဋိသန္ဓေကမ္မဇရုပ်ကိုတော့ ဘယ်လိုဆိုရမလဲ။ (ကဋတ္တာ စ ရူပါနံ။) အော်၊ နှစ်ခုဆိုတော့ 'စ' လေးထည့်မှာနော်။ ပဋိသန္ဓိက္ခဏေ ဝိပါကဗျာကတာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ဆိုကြည့်ရအောင်။ ပဋိသန္ဓိက္ခဏေ...။ (ပဋိသန္ဓိက္ခဏေ ဝိပါကဗျာကတာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။) ကိုင်း၊ အဲ့တော့ အစအဆုံး အဲ့ဒါလေးကို ပြန်ဆိုကြည့်ရအောင်။ ပဋိသန္ဓေအခါ ဝိပါက်ဟိတ်သုံးပါးသည် ပဋိသန္ဓေ သမ္ပယုတ္တက္ခန္ဓာနှင့် သား၏ စိတ္တဇရုပ်အား ကျေးဇူးပြုစဉ် ဆိုရအောင်။
အဲ့တော့ အခု ဝီထိက ပဋိသန္ဓေ၊ နောက် အနုဝါဒက ပါဠိက ပဋိသန္ဓိက္ခဏေလို့ ဆိုလိုက်ခြင်းအားဖြင့် ရှေ့ကဥစ္စာက ပဝတ္တိအခါလို့ သိမသွားရဘူးလား။ (သိသွားပါတယ်။) သိသွားရတယ်။ ဒါကြောင့်မို့လို့ အဲ့ဒါ ဝိပါက်နာမ်မဲ့ခန္ဓာတရားသည်၊ ဟိတ်သုံးပါးသည်ပေါ့။ နာမ်မဲ့ခန္ဓာ ဝိပါက်၊ ကြိယာဟိတ်သုံးပါးသည် ဟိုဘက်ကနေပြီးတော့ သမ္ပယုတ္တက္ခန္ဓာ၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်တို့အား ကျေးဇူးပြုစဉ် ဆိုပြီးတော့မှ ပေါင်းပြီးတော့ ပြန်ဆိုရအောင်။ သူက ပေါင်းပြီးတော့ ဟောမှာလေ။ ဟုတ်လားဗျ။ ခုနက တစ်ခုစီတော့ ခွဲပြလိုက်တာ။ ဟုတ်လား၊ မှတ်မိသွားပြီနော်။ ခုနက ဘာလဲ၊ အဗျာကတဟိတ် ၃-ပါးသည် ခုနက နှစ်ခုလုံး ဆိုရအောင်နော်။ အဗျာကတော အဗျာကတဿ ဆိုမှာပေါ့။ ဟုတ်လားဗျ။ အဲ့တော့ ပြန်ဆိုပြမယ်။ တပည့်တော် ဆိုပြမယ်။ သေချာမှတ်ပြီးတော့ နားထောင်မယ်။ အဗျာကတဟိတ်သုံးပါးသည် အဗျာကတသမ္ပယုတ္တက္ခန္ဓာ၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်တို့အား ကျေးဇူးပြုစဉ် အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဝိပါကဗျာကတာ စ ကြိယာဗျာကတာ စ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ ဝိပါကဗျာကတာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ကိုင်း၊ ခုနကပြောသလို ဆိုကြည့်ရအောင်။ နှစ်ခေါက်ဆိုမယ်။
အဲ့တော့ အခု ဟေတုအတွက် သင်္ချာသတ္တရလည်း ကိုယ်တော်တို့ ရှင်းမသွားဘူးလား။ (ရှင်းသွားပါတယ်။) သုဒ္ဓသင်္ချာနဲ့ ကိုယ်တော်တို့ အခု ဒီသုဒ္ဓသင်္ချာကိုပဲ ပါဠိတွေလုပ်လိုက်တဲ့အခါမှာ အဲ့လိုဖြစ်မသွားဘူးလား။ (ဖြစ်သွားပါတယ်။) အဲ့ဒါ တပည့်တော်တို့ အခု စာချလို့ရှိရင်၊ ပဋ္ဌာန်းချရင် ပါဠိလိုကသက်သက်၊ အရကောက်ကသက်သက်၊ သုဒ္ဓသင်္ချာက သက်သက်တွေ ဖြစ်နေကြတယ်။ အဲ့သလိုဆိုလို့ရှိရင် တပည့်တော်တို့ ပစ္စည်းပြိုင်တဲ့အခါမှာ ဒါနမသွားဘူး ဖြစ်နေတယ်။ ရတယ် ဟုတ်လားဗျ။ ကျန်တာတွေလည်း ထိုနည်းလည်းကောင်းပဲ။ ရွှန်းနဒီချင်းလိုပဲ ကျွန်တော်လည်း... (ထိုနည်းလည်းကောင်း။) ထိုနည်းလည်းကောင်းပဲလို့ ပြောလို့မရဘူးလား။ (ရပါတယ်။)
အဲ့တော့ အဓိပတိတရားကိုယ် သုံးပါး၊ လေးပါးတို့တွင် တစ်ပါးပါးသည် သမ္ပယုတ္တက္ခန္ဓာအား ကျေးဇူးပြုစဉ် ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော ဟူသော ဝီထိကို ရပါတည်း။ ပါဠိစီမယ်၊ အနုဝါဒပါဠိစီမယ်ဆိုရင် ကုသိုလ်အဓိပတိ သုံးပါး၊ လေးပါးတွင် တစ်ပါးပါးဆိုတော့ ကုသလာ အဓိပတိ။ ဘာလို့ပါလဲဘုရား။ (ကုသလာ အဓိပတိ။) ညချမ်းကတော့ ဒီရုပ်လေးပါး သမ္မာဒိဋ္ဌိ ပြောခဲ့ပြီ ဟုတ်လားဗျ။ ကုသလာ အဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ ကုသိုလ်အဓိပတိ သုံးပါး၊ လေးပါးတို့တွင် တစ်ပါးပါးသည် သား၏ အဓိပတိစိတ္တဇရုပ်အား ကျေးဇူးပြုစဉ် ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ စွမ်းအောင်ဗျာ ဟုတ်လား။ ပါဠိစီ၊ အနုဝါဒပါ ဆိုလို့ရှိရင် ကုသလာ အဓိပတိ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ကုသိုလ်အဓိပတိ သုံးပါး၊ လေးပါးတို့တွင်လည်း တစ်ပါးပါးသည် ခန္ဓာနှင့် သား၏ အဓိပတိစိတ္တဇရုပ်အား ကျေးဇူးပြုစဉ် ကုသလော ဓမ္မော ကုသလဿ စ အဗျာကတဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ကုသလာ အဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ အဲ့လိုဆိုမှာပေါ့။
အကုသိုလ်ကျလို့ရှိရင်တော့ အကုသိုလ်အဓိပတိ သုံးပါးတို့တွင် တစ်ပါးပါးသည်။ အဲ့တော့ ဝီမံသအဓိပတိက အကုသိုလ်မှာ ယှဉ်ရဲ့လား။ (မယှဉ်ပါဘူး။) မယှဉ်ဘူး။ ဒါကြောင့်မို့လို့ အဓိပတိရတာ ဘယ်လောက်ပါလိမ့်။ (သုံးပါးပါ။) သုံးပါးတို့တွင် တစ်ပါးပါးသည် ဖြစ်တဲ့ခန္ဓာအား ကျေးဇူးပြုစဉ် အကုသလော ဓမ္မော... အမ်... ဘယ်လိုလဲ၊ မဟုတ်တတ်သေးဘူးလေ။ အကုသိုလ်အဓိပတိ သုံးပါးတို့တွင်၊ အကုသိုလ်အဓိပတိ သုံးပါးတို့တွင် တစ်ပါးပါးသည် အကုသိုလ်သမ္ပယုတ္တက္ခန္ဓာအား ကျေးဇူးပြုစဉ် တစ်ထည့်ရဦးမှာလေ။ အကုသလော ဓမ္မော အကုသလဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အဲ့ဒီ အကုသိုလ်ဟိတ်သုံးပါးတို့က စိတ္တဇရုပ်၊ သား၏ အဓိပတိစိတ္တဇရုပ်အား ကျေးဇူးပြုမှာဆိုလို့ရှိရင် အကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (အဓိပတိပစ္စယေန ပစ္စယော။) အကုသလာ အဓိပတိ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ အကုသိုလ်အဓိပတိ သုံးပါးတို့တွင် တစ်ပါးပါးသည် သမ္ပယုတ္တက္ခန္ဓာနှင့် စိတ္တဇရုပ်အား ကျေးဇူးပြုစဉ် အကုသလော ဓမ္မော အကုသလဿ စ အဗျာကတဿ စ ဓမ္မဿ... (အဓိပတိပစ္စယေန ပစ္စယော။) အဓိပတိပစ္စယေန ပစ္စယော။ အကုသလာ အဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ဒီလိုမရဘူးလား။ (ရပါတယ်။)
နောက် အဓိပတိတရားကိုယ် သုံးပါး၊ လေးပါးတို့တွင်... အေး၊ အဗျာကတအဓိပတိ၊ အဗျာကတအဓိပတိတရားကိုယ် သုံးပါး၊ လေးပါးတို့တွင် တစ်ပါးပါးသည် သား၏ ဖြစ်တဲ့ခန္ဓာ၊ အဓိပတိစိတ္တဇရုပ်အား ကျေးဇူးပြုစဉ်... အဲ့ဒါဘာလဲဗျ။ အဗျာကတဖြစ်တဲ့ခန္ဓာ၊ သမ္ပယုတ္တစေတသိက်၊ အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ဝိပါကဗျာကတာ စ ကြိယာဗျာကတာ စ အဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ပဋိသန္ဓေအခါ၊ ပဋိသန္ဓေကမ္မဇရုပ်များ ရလား။ (မရပါဘူးဘုရား။) မရဘူး။ သူက အဓိပတိဆိုတာက ပဋိသန္ဓေအခါမှာ မဖြစ်ကောင်းဘူး။ ပြောကြည့်၊ ဘာလို့မဖြစ်ကောင်းဘူး။ (ပဋိသန္ဓေအခါမှာ မဖြစ်ကောင်းဘူး။) ပဋိသန္ဓေအခါကြီးလို့ ဆိုစရာလိုသေးလား။ (မလိုတော့ဘူး။) မလိုတော့ဘူး။ စသည်ဖြင့်ပေါ့။
သဟဇာတကမ္မဆိုလို့ရှိရင်လည်းပဲ ကုသိုလ်စိတ် ၂၁-၌ ရှိသော စေတနာသည် ကုသိုလ်သမ္ပယုတ္တက္ခန္ဓာအား ကျေးဇူးပြုစဉ်လို့ စသည်ဖြင့် လာမှာပေါ့။ ဟုတ်လားဗျာ။ (မှန်ပါ။) အဲ့ဒါ အခု ဖဿ၊ စေတနာ၊ ဝိညာဉ်ဟု ဆိုအပ်သော ကုသိုလ်နာမ်အာဟာရတရားကိုယ် သုံးပါးသည် သမ္ပယုတ္တက္ခန္ဓာအား ကျေးဇူးပြုစဉ် ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ... အဲ့လိုဆိုရမှာပေါ့။ ကုသလအာဟာရ၊ ဒီကတော့ ကုသလစေတနာ။ ဟုတ်လားဗျ။ ကုသလဣန္ဒြိယ၊ ဈာန ကျလို့ရှိရင် ကုသလာနိ ဈာနင်္ဂါနိ လို့ ဆိုမှာပေါ့။ ကိုင်း၊ ဒါဆိုလို့ရှိရင် ကိုယ်တော်တို့ အခု အရိပ်တော့ပြလိုက်ပြီ။ ကျန်တာတွေလည်းပဲ နည်းတူဆိုလို့ မရဘူးလား။ (ရပါတယ်ဗျ။) ဒီလောက်ပြောလို့မှ မရဘူးဆိုလို့ရှိရင်လည်းပဲ ကိုယ်တော်တို့ ငတုံးငအ တစ်ယောက်မှ... (မပါဘူးဘုရား။) မပါဘူး။ ဟုတ်လားဗျ။
အဲ့တော့လည်းပဲ ကိုယ်တော်တို့ တကယ်လို့ ကိုယ်ပြောတာ၊ ဘုန်းကြီးပြောလိုက်တာ တကယ်လို့ မလိုက်နိုင်သေးဘူးဆိုလို့ရှိရင် ကြိုတင်ပြီးတော့ ကိုယ်တော်တို့ အခု ပါဠိတော်ကြီး စာမျက်နှာ ၁၃၂ လို့ ပြောလိုက်တယ်။ အရကောက်က ဒီက ပညာဝါဒက စတင်တာနော်။ အခု ဒီက ဘုရားရှင်ကိုယ်တော်မြတ်က ဟို ပစ္စယုဒ္ဒေသ၊ ပစ္စယနိဒ္ဒေသရယ်၊ ဟောပြီးတော့ ဆ-ဝါရ၊ ဆ-ဝါရ ပြီးပြီဆိုရင် နောက်မှ ပညာဝါဒလို့ ခေါ်တာကိုး။ တပည့်တော်တို့က အခု ပညာဝါဒတတ်ရင် ကျန်တာတွေ အကုန်တတ်တဲ့အတွက်ကြောင့်မို့လို့ ဟိုး အခက်ဆုံးကို တစ်ခါတည်း ဗြောင်းဆန်သွားအောင်ပေါ့ဗျာ။ အဲ့ ပညာဝါဒ နားမလည်ဘဲနဲ့... အဲ့ဒါ ကိုယ်တော်တို့လည်းပဲ အခု အဲ့ဒါ ဗဟုသုတတစ်ခု ပြောပြရဦးမယ်။ အဲ့တော့ ကိုယ်တော်တို့ အခု တပည့်တော် အခုပို့ချတာကလည်း အခု ဘုရားရှင်ကိုယ်တော်မြတ်ဟောတဲ့ ဒေသနာစဉ်က ပစ္စယုဒ္ဒေသရယ်၊ ပစ္စယနိဒ္ဒေသရယ်၊ ပြီးလို့ရှိရင် ဆ-ဝါဒဆိုတာ လာတယ်။ ဆ-ဝါဒဆိုတာက ပဋိစ္စဝါဒ၊ သဟဇာတဝါဒ၊ ပစ္စယဝါဒ၊ နိဿယဝါဒ၊ သံသဋ္ဌဝါဒ၊ သမ္ပယုတ္တဝါဒလို့ အဲ့ဒီ ခြောက်ဝါဒအပေါင်းကို ဆ-ဝါဒလို့ ခေါ်တာ။ အဲ့ဒီဝါဒတွေပြီးမှ ပညာဝါဒလို့ ခေါ်တာ။ ကိုယ်က နောက်ဆုံး ပညာဝါဒကို ဒီကနေ့ ပို့ချမှာဖြစ်တယ်။ အရကောက်မှာ ကိုယ်တော်တို့ရဲ့ စာမျက်နှာမှာဆိုရင်တော့ ၃၂၃ မှာ ရှိတယ်။ ဘယ်လောက်ပါလိမ့်။ (၃၂၃။) ၃၂၃ မှာ ရှိတယ်။
အဲ့တော့ ဆရာတော်တွေရဲ့၊ ရှေးဆရာတော်တွေရဲ့ အဆိုအမိန့်ကို နားထောင်ကြည့်ရအောင်။ ကိုယ်တော်တို့ ဒါ ဗဟုသုတ၊ ဒါ ရင်ထဲကို ထည့်ပေးလိုက်ဦးမယ်။ ကိုယ့်ကိုယ်... အဲ့ဒါ ကိုယ်တော်တို့ ရှေးဆရာတော်ရဲ့အဆို ဘယ်လောက်များ မှန်သလဲ၊ ဘယ်လောက်များ အားနည်းသလဲ၊ ဘယ်လောက်များ မှန်သလဲဆိုတဲ့ အကြောင်းအရာတွေကို ကြိုတင်ပြီးတော့ ပြင်ဆင်သိနိုင်ဖို့အတွက်။ ရှေးဆရာတော်တွေကတော့ ကိုယ်တော်တို့ ဆိုပါတော့ ဟို မိုးညှင်းသမ္ဗုဒ္ဓေဆရာတော်တို့၊ အဲ့ ရှေးရှေးဆရာတော်တွေ အကုန်လုံးကပဲ ပဋ္ဌာန်းကို တတ်ဖို့လိုလို့ရှိရင် ပညာဝါဒက စတင်သင့်ပါတယ်တဲ့။ ပဋ္ဌာန်းကို တတ်ဖို့လိုလို့ရှိရင် ဘယ်ကစတင်သင်ကြားရမယ်တဲ့။ (ပညာဝါဒ။) ပညာဝါဒက စတင်သင်ကြားရမယ်တဲ့။ အဲ့တော့ မိုးညှင်းဆရာတော်ကလည်းပဲ အဲ့ဒီလိုပဲ သူ့ရဲ့စာအုပ်မှာ၊ အဲ့ဒါ အခု ပညာဝါဒအလင်းပြကျမ်းမှာ အဲ့ဒီအတိုင်း ပါတယ်။ မိုးညှင်းဆရာတော်ကြီး၊ မိုးညှင်းသမ္ဗုဒ္ဓေ အလွန်ဉာဏ်ဝေတော်မူတာ။ သူ့စာစီဖတ်ကြည့်တော့မှ အံ့အားသင့်စရာကောင်းတဲ့ အချက်တွေ ပါတယ်ပေါ့။ အဲ့တော့လည်းပဲ သူ့ရဲ့အဆိုအမိန့်ကလည်း ဒီအတိုင်းရှိတယ်ပေါ့။ အဲ့ဒါ ပညာဝါဒက စတင်သင်ကြားမှ တတ်နိုင်တယ်တဲ့။
အဲ့တော့ တပည့်တော်တို့ ဒီကျောင်းက ဒီက ဆရာသမားဖြစ်တဲ့ ဘုန်းကြီးကတော့ အဲ့ဒါနဲ့ တပည့်တော်ကို ခေါ်ပြောတယ်။ "မင်း ပဋ္ဌာန်းချရမယ်" တဲ့။ "မင်း ပဋ္ဌာန်းချတတ်ရဲ့လား။" "တပည့်တော် ချတတ်ပါတယ်" ပေါ့လေ။ အဲ့ဒါ ပြောတယ်။ ဒီစာသင်တိုက်မှာဆိုတော့ "အေးကွာ" တဲ့၊ "ဒီမှာတော့ ပဋ္ဌာန်းချမယ့်ပုဂ္ဂိုလ် မရှိလို့ မင်းများပါမှ၊ မင်းချရမယ်၊ အကြီးတန်းကို မင်းပါမှ ချရမယ်။" အဲ့ဒါ "မင်း ချတတ်တယ်လို့ ပြောပါတယ်" "ဟိုတုန်းက ချပါတယ်ဘုရား။" "ဒါဆိုရင် မင်း ပဋ္ဌာန်းစတင်ချမယ်ဆိုရင် ဘယ်ကစချမလဲ" တဲ့ ဘုန်းကြီးကို မေးတယ်။ တပည့်တော်က "ဟာ၊ ဘုန်းကြီး၊ ဘုန်းကြီးတို့ သင်ပေးထားတဲ့အတိုင်း တပည့်တော်တို့က ပညာဝါဒက စတင်ချရမှာပေါ့။ တပည့်တော် အရင်တတ်ခဲ့တာလည်း အဲ့ဒါပဲ စတင်တတ်ခဲ့တာလေ။" "အေး၊ အဲ့ဒါ" တပည့်တော်ရဲ့ မျက်နှာကို လက်ညှိုးနဲ့ထိုးပြီးကာ "အဲ့ဒါ မင်း အမှားကွ" တဲ့။ အဲ့ဒါ မင်း နောက်တစ်ခါ မျက်နှာကို လက်ညှိုးနဲ့ထိုးပြီးတော့ "အဲ့ဒါ မင်း မှတ်ထား" လို့ ပြောလိုက်ပေါ့။ မျက်နှာကို လက်ညှိုးနဲ့ထိုးလိုက်တယ်။ "မှတ်ထားကွာ" တဲ့။ သူက မျက်နှာကို တည့်တည့်ကို လက်ညှိုးထိုးပြီးကာကျတော့ "ပစ္စယနိဒ္ဒေသက စတဲ့ပုဂ္ဂိုလ်ဆိုတာ ပဋ္ဌာန်းမတတ်ဘူး မှတ်လိုက်ပါ" တဲ့။ သူ့ရဲ့မှတ်ချက်က။ ဟုတ်လားဗျ။ ပစ္စယနိဒ္ဒေသက စတဲ့ပုဂ္ဂိုလ်ဆိုတာက ပဋ္ဌာန်းတတ်တဲ့ပုဂ္ဂိုလ်လား၊ မတတ်တဲ့ပုဂ္ဂိုလ်လား။ (မတတ်တဲ့ပုဂ္ဂိုလ်။) အဲ့ဒါ အခု ဒီဆရာသမားတွေရဲ့ ယူဆချက်တွေ၊ ရှေးဆရာတော်ရဲ့ ယူဆချက်တွေ ကိုယ်တော်တို့ အတူတူပဲ။ အဲ့ဒါ ကိုယ် ပစ္စယနိဒ္ဒေသက စချပြီဆိုရင် ကိုယ်တော်တို့ အဲ့ဒါ အဲ့ဒီကပုဂ္ဂိုလ်က ဘယ်တော့မှ မတတ်ဘူး မှတ်ထား။ ဘုန်းကြီးတွေက ထောက်ခံချက်ပေးပြီးတော့ ချလိုက်ဦးမယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ကိုယ်တော် ဟိုက မျိုးစင်သွားလို့ မရဘူးလေ။ မျိုးစင်သွားလို့ ရလား။ (မရပါဘူး။) မရဘူး။ ဒီက မျိုးစင်သွားမှာ။ မျိုးတွေ၌ အခု သူတို့ ၁၅-သဟ ဆိုတဲ့အတိုင်းပဲ မျိုးစင်နဲ့သွားမှာ ဖြစ်တယ်။ ဟိုမှာတော့ ပစ္စည်းပြိုင်ကို နားမလည်နိုင်ဘူး။ အခု တပည့်တော် အခု ပစ္စည်းပြိုင် နားမလည်ဘဲနဲ့ အရကောက်သေးဘူး။ ကိုယ်တော်တို့ရဲ့ စာအုပ်အစ တွေ့သလား။ ပစ္စည်းပြိုင်ကို နားလည်ပြီးမှ ဘာလုပ်ရလဲ။ (အရကောက်ရတယ်။) အရကောက်ရတယ်။ စာအုပ်ထဲ လိုက်ဖတ်ထား။ အရကောက် လိုက်ဖတ်ထား။ ကြိုတင်ပြင်ဆင်ထား။
ဟိုတစ်နေ့က မြောက်ဥက္ကလာကို ဆွမ်းစားသွားတယ်ပေါ့ဗျ။ မြောက်ဥက္ကလာကို ဆွမ်းစားသွားကာကျတော့ မြောက်ဥက္ကလာဆိုတော့ ကားဘယ်လောက်မောင်းရမလဲဆိုတော့ ကိုယ်တော်တို့ ခန့်မှန်းကြည့်ပေါ့။ ဟုတ်လားဗျ။ အဲ့တော့လည်းပဲ အခု ကား ၄၅ မိနစ်လောက် မောင်းရမယ့်နေရာကို ကိုယ်တော်တွေကိုလည်း ပင့်လိုက်တာပေါ့ ဆွမ်းစားဖို့။ ဟိုမှာ သူ အချိန်ခံပြီး ဆွမ်းမစားခင်လည်းပဲ တရားလေးနာချင်တယ်ဆိုတာကျတော့ ဒီက အရှင်ဘုရားတို့ ကိုးနာရီခွဲလောက် သွားမှ အဆင်ပြေတာ။ ဟိုမှာ ကိုးနာရီရောက်သွားမှ၊ ကိုးနာရီမှာလေ။ ကိုးနာရီခွဲလောက် သွားကြမှ ဟိုမှာ ဆယ်နာရီသာသာလောက် ရောက်မယ်။ ဟုတ်တယ်မလားဗျ။ အဲ့ဒီတော့ ကိုယ်တော်၊ တရားဟောမယ့်ကိုယ်တော်တို့ အဲ့ဒါ ဒီကသွားတဲ့ ကိုယ်တော်တွေက ဒီအခု ညောင်တုံက သွားမယ်ဆိုလို့ရှိရင် ဘယ်လောက်ကြိုတင်သွားရမလဲ။ (၄၅ မိနစ်လောက် ကြိုတင်သွားမယ်။) အဲ့ဒီက ကိုယ်တော်ကတော့ ငါးမိနစ်ဆို ရောက်သွားပြီ။ အဲ့ဒါ ဝေးတဲ့ပုဂ္ဂိုလ်တွေက ဘာဖြစ်လို့လဲ၊ လုံ့လဝီရိယ ရှိထားရတယ်။ ဟုတ်တယ်မလား။ ဆွမ်းကြွတာလည်းပဲ ဝေးတဲ့ပုဂ္ဂိုလ်တွေမှာ ဘာလဲ၊ လုံ့လဝီရိယရှိပြီးတော့ ကြိုတင်ပြင်ဆင်ထားရတယ်။ ကိုယ်လည်းပဲ ဝေးတာ၊ နားဝေးတဲ့ပုဂ္ဂိုလ်တွေ၊ သို့မဟုတ် မကြားဖူးသေးတဲ့ပုဂ္ဂိုလ်တွေ၊ ကိုယ်တော်တို့ အသစ်သမားတွေအတွက်က ကိုယ်ကတို့ ကြိုတင်၊ ပစ္စယုပ္ပန်ကို အရင် ပထမတစ်ခေါက်မှ မတတ်ဖူးသေးဘူးဆိုလို့ရှိရင် အဲ့လိုပဲ ခုနက ဝေးတာပဲ မဟုတ်လား။ နားဝေးနေတာပဲလေ။ ဝေးခြင်းကတော့ အသွားဝေးတာနဲ့ နားဝေးတာပဲ ကွာတယ်။ ဟုတ်တယ်မဟုတ်လား။ ဘာဖြစ်ရမှာပါလိမ့်။ ကြိုတင်ပြင်ဆင်ရမယ်။ ဘာဖြစ်လို့လဲဗျ။ (ကြိုတင်ပြင်ဆင်ရမယ်။) ကြိုတင်ပြင်ဆင်ရမယ်။ အဲ့ဒါ အခု ပါဠိတော် စာမျက်နှာ ၁၃၂ ကို ပြောခဲ့ဖူးတာ ကိုယ်တော်တို့။ အခု အရကောက် စာမျက်နှာ ၃၂၃ မှာ ပါတယ်။ ဒီဥစ္စာ ပညာဝါဒ နောက်ဆုံးပေးမယ်။ အခု ကျမ်းတတ်ကို တရုတ်တုန်းက နောက်ဆုံးပေးမှ ပြောမှာ။ ပြောလိုက်လို့ ကိုယ်တော်တို့ ဘာမှ ကိုယ်တော်တို့ ရင်ထဲ ရောက်သွားမှာ မဟုတ်ဘူး။ နောက် ကျမ်းတတ်နည်း အကုန်လုံး စုပုံပြီးမှ၊ ဆ-ဝါဒ တတ်တဲ့အချိန်အခါမှာ ကိုယ်တော် ကျမ်းတတ်နည်း အကုန်လုံး သင်ပေးမှာ။ ကိုယ်တော်လည်းပဲ ကိုယ်တော်တို့ အဲ့ဒါ အခု သမ္ပယုတ္တဝါဒဟောတော့၊ သံသဋ္ဌဝါဒဟောတော့ မသွေချာနဲ့၊ ပညာဝါဒ၊ ဟို ပညာဝါဒနဲ့ တူသောအားဖြင့် လာတာပေါ့ဗျာ။ အဲ့တော့လည်းပဲ ကျမ်းတတ်နည်းတွေကတော့ တစ်ခါတည်းပဲ နောက်ကျမှ ပြောတော့မယ်။ အခုတော့ ကျမ်းတတ်နည်းတွေ မပြောသေးဘူး။ အခု တပည့်တော်တို့ ပို့ချမှာက ဘယ်ဝါဒကို ပို့ချမှာလဲ။ (ပညာဝါဒ။) ပညာဝါဒ။
ကိုင်း၊ အဲ့သလိုဆိုလို့ရှိရင် ကိုယ်တော်တို့ ဒီစာမျက်နှာနှစ်က ဇယားကြီးကို ဖြုတ်နိုင်ဖို့အတွက် ကိုယ်တော်တို့ ကြည့်ပြီးကာကျတော့ ခုနစ်ပစ္စည်းလုံးကို တစ်ခေါက် သုဒ္ဓသင်္ချာ အားရပါးရကို ဟောကြည့်မယ်ဗျာ။ ဆိုရအောင်ဗျ။ အဲ့တော့ အခု ဟေတုပစ္စည်းမှာဆိုရင် ဟိတ်ခြောက်ပါးရှိတယ်။ အဲ့တော့ ဟေတုပစ္စည်း၌ ဟိတ်ခြောက်ပါးဟူသောကား အလောဘ၊ အဒေါသ၊ အမောဟ၊ လောဘ၊ ဒေါသ၊ မောဟ ဟူသည်တည်း။ ဆိုတတ်တယ်နော်။ ကိုင်း၊ ဆိုကြည့်စမ်းပါဦး။ ဟေတုပစ္စည်း၌ ဟိတ်ခြောက်ပါးဟူသောကား...။ အမောဟဆိုတာက ဝီမံသအဓိပတိနဲ့တူတယ်။ ပညာ။ ဟုတ်လားဗျာ။ အမောဟဆိုတာက ပညာ။ ပညာသည် ဝီမံသအဓိပတိနဲ့ အလားသဏ္ဌာန်တူတယ်လို့ သဘောပေါက်ခဲ့ဦး။ သဟဇာတာဓိပတိပစ္စည်း၌ အဓိပတိတရားကိုယ် လေးပါးဟူသောကား ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသ ဟူသည်တည်း။ ဆိုကြည့်ရအောင်။ သဟဇာတကမ္မပစ္စည်း၌ စေတနာဟူသောကား စိတ် ၈၉-ခု၌ ရှိသော စေတနာဟူသည်တည်း။ ဒါလည်းပဲ နှစ်ခေါက်ဆိုမယ်။ ဆိုရအောင်။ နာမ်အာဟာရပစ္စည်း၌ နာမ်အာဟာရတရားကိုယ် သုံးပါးဟူသောကား ဖဿ၊ စေတနာ၊ ဝိညာဉ် ဟူသည်တည်း။ ဒါလည်း နှစ်ခေါက်ဆိုကြည့်ရအောင်။ သဟဇာတိန္ဒြိယပစ္စည်း၌ နာမ်ဣန္ဒြေတရားကိုယ် ရှစ်ပါးဟူသောကား ဇီဝိတ၊ စိတ်၊ ဝေဒနာ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ပညာ ဟူသည်တည်း။ ဒါကတော့ နည်းနည်းကြီးတဲ့အတွက် သုံးခါလျှောက်။
အဲ့တော့ ကိုယ်တော်တို့ "ကြီးစေ နှစ်ခါလျှောက်၊ သုံးခါလျှောက်" ဆိုတဲ့ ပုံပြင် ကိုယ်တော်တို့ သိတယ်မို့လားဗျ။ အဲ့ဒါ အရင်တုန်းက ဖိုးသူတော်တစ်ပါးဗျ။ သူက ပါဏာတိပါတာကံကလည်းပဲ သူက ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ဆိုပြီးတော့ ဖိုးသူတော်လုပ်တော့လည်းပဲ စောင့်ထိန်းထားရတာကိုး။ အခု ပုစွန်က စားချင်တာ၊ လက်ခဏန်းပေါ့ဗျာ။ အဲ့ဒါ စားချင်ကာကျတော့ အဲ့ဒါနဲ့ ရေနွေးကိုတည်၊ ရေနွေးတည်ပြီးကျတော့ ဆူပွက်နေပြီဆိုလို့ရှိရင် ဆူပွက်နေတဲ့ ဒန်အိုးကြီးကို ကန့်လန့်ဖြတ်ပြီးတော့ ဟိုဘက်ဒီဘက် တုတ်ချောင်းတစ်ချောင်း အလုံးကို ထားလိုက်တာ။ အပြားမဟုတ်ဘူး၊ အလုံးကို ထားလိုက်တာ။ အလုံးကို ထားလိုက်ပြီးကျတော့ ပုစွန်ကို အဲ့ဒါ ဒီဘက်ကနေ ဟိုဘက်ကို အလျှောက်ခိုင်းလိုက်တာ။ အောက်ကနေ ရေနွေးအငွေ့နဲ့ဆိုတော့လည်းပဲ ဟိုကလည်းပဲ ပုစွန်ဆိုတဲ့သဘာဝကလည်း ကိုယ်တော်တို့သိတဲ့အတိုင်းပဲ လက်ခဏန်းလုံးလေ။ အဲ့တော့လည်း အဲ့ဒီ ဝါးလုံးဆိုတော့လည်း ကိုယ်တော်တို့ အလိုလိုမှ လည်ချင်ပြီးသားဆိုတော့ သူကလည်း ဖက်တွယ်ထားတာလည်း ခိုင်ပြီးတော့ ဖက်တွယ်ထားလို့ရလား။ (မရပါဘူး။) "မင်း ဟိုဟာဘက်ကို ရှာ" ပေါ့။ နောက်တော့ အလယ်ခေါင်ရောက်ပြီဆိုရင်၊ အလယ်ခေါင်ရောက်အောင်တောင် မနေဘူး။ ပုစွန်လေးတွေ၊ ငယ်တဲ့ကောင်တွေလည်း ဖြုတ်ခနဲ ဖြုတ်ခနဲ ပြုတ်ကျသွားတာကိုးဗျ၊ အောက်က ရေနွေးအိုးထဲကို။ (မှန်ပါ။) ပုစွန်ကြီးတဲ့ကောင်ကြီးကျတော့ အဲ့လိုမဟုတ်တော့ဘူး။ သူကနေပြီးတော့ ခပ်သွက်သွက်ကလေးကို လျှောက်လိုက်တာ။ "လွတ်သွားပြီ၊ မရဘူးကွ၊ မင်းက ကြီးစေ နှစ်ခါလျှောက်" တဲ့။ ဟုတ်လား။ အခုလည်း ကိုယ်တော်တို့ ကြီးစေ နှစ်ခါလျှောက်။ ဟုတ်လား။ ကိုင်း၊ ဒါကြောင့်မို့လို့ ဈာနပစ္စည်းတွေမှာလည်း သူက နည်းနည်းကြီးတဲ့အတွက် ဘာပါလိမ့်။ (သုံးခါ။) သုံးခါပေါ့ဗျာ၊ ကိုယ်တော်တို့က။ ဟုတ်လား။ အဲ့တော့ ဈာနပစ္စည်း၌ ဈာနင်တရားကိုယ် ငါးပါးဟူသောကား ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာ ဟူသည်တည်း။ မဂ္ဂပစ္စည်း၌ မဂ္ဂင်တရားကိုယ် ကိုးပါးက ပညာ၊ ဝိတက်၊ ဝိရတီ ၃-ခု၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ဒိဋ္ဌိ ဟူသည်တည်း။ မဂ္ဂကျရင် လေးခါလျှောက်မယ်၊ ဈာနက သုံးခါလျှောက်။ ကိုင်း၊ ဆိုကြည့်ရအောင်ဗျာ အဲ့ဒါတွေကို။
အဲ့ဒါလည်းပဲ သုဒ္ဓသင်္ချာကိုလည်းပဲ သတိတကျ ကျက်ပြီးကာကျတော့ ခုနကလိုလည်းပဲ သတိတကျ ကျက်ရဦးမယ်။ ခုနကပြောတဲ့အတိုင်းလေ။ ဟုတ်လားဗျာ။ အဲ့လို ပြောပြီးပြီဆိုလို့ရှိရင် ဇယားတွေကို ကြည့်ရမှာ။ အခု ပစ္စည်းပြိုင်တဲ့အခါမှာ "သဟငယ်မှာ တူရာရှာ" ဆိုတာ ရှိတယ်။ ဆိုတော့ စောစောက ပြောလိုက်ပြီ။ အဲ့တော့ ဟေတုပစ္စည်း၌ ခြောက်ပါးဟူသောအခါ ဆိုပြီးတော့ အလောဘ၊ အဒေါသ၊ အမောဟ၊ လောဘ၊ ဒေါသ၊ မောဟ ဟူသည်တည်း မဟုတ်ဘူးလား။ အဲ့ဒါက အမောဟလို့ ပြောလိုက်တာနဲ့ ခုနက ဘာတွေဘာတွေနဲ့ တူလဲ။ (ဝီမံသ၊ အဓိပတိ၊ ပညာ။) ဝီမံသ၊ အဓိပတိ၊ ပညာတွေနဲ့ တူတယ်။ ဆိုလို့ရှိရင် အမောဟလို့ ပြောလိုက်တာနဲ့၊ ဟ ဆိုတာနဲ့ကိုပဲ ဟေ၊ ဓိ၊ ဣ၊ ဈာ၊ မဂ် တန်းသိရတယ်။ အမောဟ တန်းသိ။ ဟုတ်လားဗျာ။ အဲ့လို တန်းသိရမယ်။ ဒါဆို တန်းသိရမှာ တစ်စက္ကန့်မခြားဘူး။ တစ်၊ နှစ်၊ သုံးလို့ ရေရတယ်။ အဲ့လောက်ထိအောင် တန်းဆို... ဒီဟာ ဟိတ်။ ဒီဟာ ဣန္ဒြေ။ ဝီမံသဆိုတာနဲ့ကို ဓိ၊ ဣ၊ မဂ်။ ဟုတ်လားဗျ။ ဘာလဲဗျ။ (ဓိ၊ ဣ၊ မဂ်။) တန်းသိရမယ်။ အဲ့လို တန်းပြီးတော့ ကိုယ်သိရမယ်။ ဧကဂ္ဂတာဆိုတာနဲ့ ဣ၊ ဈာ၊ မဂ်။ ဟုတ်လား၊ သိကြရမယ်။ အဲ့ဒါ သိအောင်လုပ်မှာဆိုလို့ နုံသွားပြီ၊ အသွားပြီ၊ ဖြစ်သွားပြီ၊ ခြားသွားပြီ။ ဧကဂ္ဂတာဆိုတာနဲ့ ဘာဖြစ်လဲ။ (ဣ၊ ဈာ၊ မဂ်။) ဣ၊ ဈာ၊ မဂ်။ ဟုတ်လားဗျ။ ဧကဂ္ဂတာဆိုတာနဲ့ ဘာလဲ။ (ဣ၊ ဈာ၊ မဂ်။) အဲ့လို သိရမယ်။ လေ့ကျင့်ထားရမယ်။ ဟုတ်လားဗျ။
ကိုင်း၊ ဒါကြောင့် အခု အဲ့ဒါ နက်ဖြန် ပစ္စည်းပြိုင်မှာ၊ အရကောက်မှာ ဖြစ်တဲ့အတွက်ကြောင့် ကြိုတင်ပြင်ဆင်ရအောင် စာမျက်နှာလေးကို သွားကြဦးမယ်။ အညမည၊ သမ္ပယုတ္တ၌ သင်္ချာတည်နည်းဟူသော်ကားလို့ ခေါင်းထဲမှာ၊ ဗိုက်ထဲမှာ ထိုးဝင်သွားအောင် အော်မယ်၊ ဟောရအောင်။ သုံးခါအော်မယ်။ အဲ့တော့ အညမည၊ သမ္ပယုတ္တ၊ သဟဇာတ၊ ဝိပ္ပယုတ္တ၊ အဝိဂတ၊ သူတို့မှာ ပိုင်ဆိုင်ထားတဲ့ လက်ရှိသင်္ချာတွေကို နားလည်ထားရမယ်၊ သိထားရမယ်၊ ဆိုတန်းသိထားရမယ်။ သမ္ပယုတ္တဆိုရင် ကုသလောကုသလ၊ အကုသလောအကုသလ၊ အဗျာကတောအဗျာကတ သုံးချက် မဟုတ်ဘူးလား။ (မှန်လှပါဘုရား။) သဟဇာတဝိပ္ပယုတ္တလည်း သုံးချက် မဟုတ်ဘူးလား။ (မှန်ပါ။) အတူတူလား။ (အတူတူပါ။) အဝိဂတက ကု-ကု၊ အကု-အကု၊ အဗျာ-အဗျာ၊ ကု-ဗျာ၊ အကု-ဗျာ၊ အဗျာ-ဗျာ သုံးချက် မဟုတ်ဘူးလား။ (မှန်ပါ။) အဲ့တော့ ဝိပါက ဘာလဲ။ (အဗျာ-အဗျာပဲ ရတယ်။) အဲ့တော့ အခု အဲ့ဒီ လေးပစ္စည်းလုံး၊ သဟဇာတလတ် လေးပစ္စည်းလုံး ရတဲ့သင်္ချာ ဘယ်သူပါလိမ့်။ (အဗျာ-အဗျာ။) အော်၊ လိုက်မလိုက်နိုင်ဘူး။ စဉ်းစားမနေနဲ့။ စဉ်းစားမနေနဲ့။ ယူတ
ဟုတ်ကဲ့ပါ၊ ရပ်တန့်သွားခဲ့သောနေရာမှ ဆက်လက်၍ စစ်ဆေးတည်းဖြတ်ပေးလိုက်ပါသည်-

ပဋ္ဌာန်းကျမ်းတော်ကြီးလေ့လာမှု _ ပဋ္ဌာန်းအလင်းရောင်ပို့ချစဉ် (ဒုတိယပိုင်း အဆက် ၂)

...အော်၊ လိုက်မလိုက်နိုင်ဘူး။ စဉ်းစားမနေနဲ့။ စဉ်းစားမနေနဲ့။ ယူတန်းပါဦး။ ဒါကို နှေးနေသေးတယ်။ ကြာလိုက်တာ တကယ့်ကို တစ်ကမ္ဘာခြားနေတယ်လို့ပဲ။
ကိုင်း၊ ဒါဆိုလို့ရှိရင် စာမျက်နှာခြောက်ကို သွားမယ်။ ကိုယ်တော်တို့ စာမျက်နှာငါးရဲ့အောက်နားမှာ အခြေခံပစ္စည်းသဘောတရားတို့၊ ဟိုဘက်လည်း ဆက်ဖတ်ထားဦးပေါ့။ ဖတ်ခဲ့ကြ။ အခုတော့ လင်္ကာနဲ့ အဲ့ဒါလေး သွားကြည့်ဦးမယ်။ "ပစ္စည်းပြိုင်ပုံသေမှတ်ရန်" တဲ့။ နာမ်-နာမ် ခြောက်ပါး။ တပည့်တော်တို့ အခု နာမ်-နာမ် ၆-ပါး ရေးထားတာပေါ့။ ဒါကိုလည်းပဲ ရှေးဆရာတော်တွေကလည်း နာမ်ခြင်း ၆-ပါးလို့ ပြောတယ်ပေါ့။ နာမ်ခြင်းခြောက်ပါးဆိုလို့ရှိရင်လည်းပဲ ကတ္တားက၊ ဟို ကတ္တား၊ ကတ္တား၊ သမ္ပဒါန်အနေနဲ့ နာမ်ခြင်းဆိုတာ မပေါ်လို့၊ မလိုဘူး။ နာမ်-နာမ် ခြောက်ပါးလို့ ပြောတာ။ နာမ်-နာမ်ဆိုတာက ပစ္စည်းကလည်း ကုသိုလ်၊ ပစ္စယုပ္ပန်ကလည်း... (ကုသိုလ်။) ကုသိုလ်။ ဒါကိုပဲ ဘယ်လိုခေါ်လဲ။ (နာမ်-နာမ်။) နာမ်-နာမ်လို့ ခေါ်တာ။ ပစ္စည်းရော၊ ပစ္စယုပ္ပန်ကော နာမ်တရားတွေဖြစ်စဉ် နာမ်-နာမ် ခြောက်ပါး။ အဲ့ဒီ နာမ်တရားဘာလဲဆိုလို့ရှိရင် ကုသလောကုသလ၊ အကုသလောအကုသလ။ တွေ့လား။ (တင်ပါ့ဘုရား။) နာမ်-နာမ် ခြောက်ပါးဆိုလို့ရှိရင်၊ နာမ်-နာမ် ခြောက်ပါးဟူသောအခါ၊ နာမ်-နာမ် ၆-ပါး၌ နာမ်-နာမ်ဟူသောအခါ ကုသလောကုသလဿ၊ အကုသလောအကုသလဿ ဟူသည်တည်း။ အဲ့တော့ ဒီမှာ ခြောက်ပါးက ဘာလဲဆိုလို့ရှိရင် အကြီးလေးခုတို့ကတော့ သဟဇာတမျိုးရိုင်း၊ သူတို့က ရတယ်လို့ ပြောခဲ့တယ်လေ။ ဟုတ်တယ်မဟုတ်လားဗျ။ (မှန်ပါ့ဘုရား။) အဲ့တော့ ကိုယ်တော်တို့ အခု ကုသလောကုသလဿ၊ အကုသလောအကုသလဿ၌ ကြီး၊ လေး၊ ည၊ သံ ခြောက်ပစ္စည်း ပုံသေရပါသည်။ ဟုတ်လားဗျ။ နာမ်-နာမ် ခြောက်ပါး၌ နာမ် ၆-ပါးဟူသောကား ကုသလောကုသလဿ၊ အကုသလောအကုသလဿ၌ ကြီး၊ လေး၊ ည၊ သံ ခြောက်ပစ္စည်း ပုံသေရပါသည်။ ကိုင်း၊ ဆိုကြည့်မယ် အဲ့ဒါကို သုံးခေါက်။
နောက် နာမ်-ရုပ် ငါးဝယ်၊ နာမ်-ရုပ် ငါးဝယ် ကုသလောအဗျာကတ၊ အကုသလောအဗျာကတ၌ ကြီး၊ လေး၊ ဝိ ငါးပစ္စည်း ပုံသေရပါသည်။ ဒါလည်း သုံးခေါက်၊ လေးခေါက် ဆိုကြည့်ရအောင်။ နာမ်-နာမ်ရုပ် လေးဝယ် ကုသလောကုသလဗျာကတဿ၊ အကုသလောအကုသလဗျာကတဿ၌ ကြီး၊ လေး ပစ္စည်းသာ ရပါတည်း။ ဆိုကြည့်ရအောင်။ အဗျာ-အဗျာ၌ ကြီး၊ လေး၊ လတ် လေး ပေါင်း ရှစ်ပစ္စည်း ရပါသည်။ (မှန်ပါဘုရား။)
အဲ့ ကိုယ်တော်တို့ ခုနက စာမျက်နှာလေး ကြည့်မယ်ဆိုရင် အညမည၊ သမ္ပယုတ္တတို့ ရတဲ့ပစ္စည်း၊ ရတဲ့သင်္ချာက ဘာလဲဗျ။ (တည်နည်း။) သင်္ချာက တည်နည်း မဟုတ်ဘူးလား။ အဲ့ဒီနေ့က သူ့ရှိတဲ့သင်္ချာ ဘာပါလိမ့်။ (သာသနာ။) ဪ၊ သူ့ရှိတဲ့သင်္ချာပဲ သူက ဒီမှာ ဝင်နိုင်ပါတယ်လေ။ သူ့မှာမရှိရင် မရပါဘူး။ လိုက်နိုင်ပါ့မလား။ (မလိုက်နိုင်ပါဘူး။) မလိုက်နိုင်ဘူး။ ဒါကြောင့် ကု-ဗျာ၊ အကု-ဗျာကတော့ ဝိပ္ပယုတ္တပဲ ရှိတယ်။ အဲ့ဒါကို အညမည ရှိရဲ့လား။ (မရှိပါဘူးဘုရား။) ကု-ကု၊ အကု-အကုကတော့ အဲ့ဒါက အညမည၊ သမ္ပယုတ္တတော့ ရှိတယ်ဗျ။ ကု-ဗျာတို့က ဝိပ္ပယုတ္တတော့ ရှိတယ်။ အည၊ သမ္ပယုတ္တ ရှိရဲ့လား။ (မရှိပါဘူး။) မရှိဘူး။ ကိုယ့်ရှိတဲ့သင်္ချာပဲ လိုက်နိုင်တာလေ။ ကိုယ့်ရှိတဲ့သင်္ချာ ဘာလိမ့်။ (လိုက်နိုင်တာ။) လိုက်နိုင်တာ ဖြစ်တယ်။ ကိုင်း၊ ဒီမှာ နာမ်-ရုပ်လေးဆိုတဲ့ ကုသလောကုသလဗျာကတဿ၊ အကုသလောအကုသလဗျာကတဿတို့က သူတို့မှာ အဲ့ဒီသင်္ချာ ရှိရဲ့လား။ (မရှိဘူး။) မရှိဘူး။ မရှိတဲ့အတွက်ကြောင့် အဲ့ဒီသင်္ချာကို ဝင်နိုင်ရဲ့လား။ (မဝင်နိုင်တော့ဘူး။) မဝင်နိုင်တော့ဘူး။ အဗျာ-အဗျာကျရင်တော့ သူတို့မှာ မရှိဘူးလား။ (ရှိပါတယ်။) ခုနက စောစောက ပြောခဲ့ပြီလေ။ သဟဇာတလတ် လေးပစ္စည်းလုံးမှာ အဗျာ-အဗျာ မရှိဘူးလား။ (ရှိပါတယ်။) ရှိတယ်။ ဒါကြောင့်မို့လို့ အကြီးကတော့ ရပြီးသား။ အလတ်တွေက အဲ့သလို ရသွားတယ်။ ဒါကြောင့် အဲ့ဒါ ပုံသေတွေကို မှတ်ရမယ်။ ဒါကြောင့်မို့ နာမ်-နာမ် ခြောက်ပါး၊ နာမ်-ရုပ် ငါး၊ နာမ်-နာမ်ရုပ် လေးပါးက အငယ်အတွင်း လေးဝင်ရစဉ် မှတ်ဖို့တည်း။ ဒါ သားငယ်ထဲမှာ အကြီး၊ အလတ်တွေ ဝင်တာ။ အလတ်၊ အကြီးတွေ ဝင်တာ။ ဟုတ်လားဗျ။ (မှန်ပါ။)
အဲ့လိုဆိုလို့ရှိရင် နောက်တစ်ခုက ပစ္စည်းပြိုင်တော့မယ်ဆိုရင် "သဟငယ်မှာ တူရာရှာ၊ တူရာထည့် ပြိုင်ရေး"။ သဟငယ်မှာ ဘာပါလိမ့်။ (တူရာရှာ၊ တူရာထည့် ပြိုင်ရေး။) တူရာထည့်ပြိုင်ဆိုလို့ရှိရင် ဆိုပါတော့ ကုသလဟိတ်ဆိုရင် ကုသိုလ်သုံးပါး မဟုတ်ဘူးလား။ (မှန်ပါ။) ကုသိုလ်စိတ်သုံးပါးဆိုလို့ရှိရင် ခုနကပြောခဲ့ပြီးလည်း ကုသိုလ်ဟိတ်သုံးပါးက ဘယ်သူတွေပါလိမ့်။ (အလောဘ၊ အဒေါသ၊ အမောဟ။) ဟုတ်ပြီ။ အဲ့သလိုဆိုလို့ရှိရင် သူက ဟိုဘက်က သမ္ပယုတ္တဖြစ်တဲ့ ကု-ကုလို့ အသံကြားလိုက်တာနဲ့ ပုံသေက ခြောက်ပစ္စည်း ရပြီးသားလေ။ (မှန်ပါ။) ကုသလောကုသလဿ၊ အကုသလောအကုသလဿလို့ အသံကြားလိုက်တာနဲ့ ပုံသေ ဘယ်နှပစ္စည်းရလဲ။ (ခြောက်ပစ္စည်း။) ကု-ဗျာ၊ အကု-ဗျာလို့ အသံကြားလိုက်တာနဲ့... (ငါးပစ္စည်း။) ငါးပစ္စည်း ပုံသေရ။ ကုသလောကုသလဗျာကတ၊ အကုသလောအကုသလဗျာကတ၊ အဗျာ-အဗျာဆိုရင်... (ရှစ်ပစ္စည်း။) ဒါ ပုံသေထိုင်ထားမှာ။ ပုံသေမှာ ဘာလိမ့်။ (ထိုင်ထားမယ်။) ထိုင်ထားမယ်။ ကုသလောကုသလကို သဟဇာတမျိုးမှာ ဘယ်ပစ္စည်းခေါ်မလဲ။ (ခြောက်ပစ္စည်း။) ကုသလောကုသလဟိတ်လို့ အသံကြားလိုက်တာနဲ့ ဘာလဲ။ (ခြောက်ပစ္စည်း။) အကုသလောအကုသလဟိတ်လို့ ကြားလိုက်တာနဲ့... (ခြောက်ပစ္စည်း။) ခြောက်ပစ္စည်း။ ငါးပစ္စည်းများ အော်မလားလို့ ထောင်နေတာ၊ မတွေ့တော့ဘူး၊ မတိုးတော့ဘူး ဖြစ်နေတယ်။ ဟုတ်လား။ ကုသလောအဗျာကတဿလို့ ပြောလိုက်တာနဲ့... (ငါးပစ္စည်း။) အဗျာ-အဗျာလို့ ပြောလိုက်တာနဲ့... (ရှစ်ပစ္စည်း။) အဲ၊ သတိရထားလာပြီ။ ဟုတ်လား။ အဲ့လို သိရမယ်။
ကိုင်း၊ ဒါဆိုလို့ရှိရင် ခုနကတို့ ကုသလဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ၊ ဟုတ်လားဗျ။ ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ။ ကုသလော ဓမ္မော ကုသလဿ ဓမ္မဿသံ ကြားလိုက်တာနဲ့ပဲ ခြောက်ပစ္စည်း ပုံသေသိနေပြီ။ မသိရဘူးလား။ (သိရပါတယ်။) သိရတယ်။ ခြောက်ပစ္စည်းက ဘယ်သူလဲဆိုရင်... (ကြီး၊ လေး၊ ည၊ သံ။) ကြီး၊ လေး၊ ည၊ သံ။ ဟုတ်ပြီ။ ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ကုသလာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ။ ကုသလဟေတုဆို ကုသိုလ်ဟိတ်သုံးပါးက ဘယ်သူတွေလဲ။ (အလောဘ၊ အဒေါသ၊ အမောဟ။) အလောဘ၊ အဒေါသ၊ အမောဟ။ သဟငယ်မှာ တူရာရှာတော့ သူတို့ တရားကိုယ်သုံးပါးကို ကိုင်ထား။ ဟုတ်လား။ ဂဏန်းသုံးလုံးကို ကိုင်ထား။ သူတို့နဲ့တူတဲ့တရား လိုက်ရှာမယ်ဆိုလို့ရှိရင် ဓိ၊ ဣ၊ ဈာ၊ မဂ် နောက်ထပ်မရဘူးလား။ (ရပါတယ်။) ဟော၊ ၄-ခု။ ခြောက်ထဲမှာ လေးထည့်... (၁၀။) ခြောက်ထဲမှာ လေးထည့်... (၁၀။) ဟော၊ စာမျက်နှာခြောက်မှာ ကြည့်လိုက်။ အောက်နားမှာ ဇယားကွက်ထဲမှာ ကရိုဏ်းဘတ် ၁၀ တဲ့။ တွေ့လား။ (တင်ပါ့ဘုရား။) အဲ့ဒါကို အဲ့ဒါက တစ်ခု၊ ခြောက်ခု၊ ခုနစ်ခုကတော့ ကိုယ်ကတို့ အဲ့ဒီမှာ ခွဲရေးထားတာ။ အခု စာမျက်နှာရှစ်ကို ကြည့်လိုက်ဦး။ စာမျက်နှာရှစ်ကို ကြည့်လိုက်တဲ့အခါမှာ အခု အညမညအဆုံးက ကရိုဏ်းဟိတ်အောက်က ကြည့်လိုက်။ ဘယ်ဘက်က ကုသလောကုသလရဲ့ ဟိတ်အောက်က ကြည့်လိုက်မယ်ဆိုလို့ရှိရင် ဟိတ်အောက်က ဘာလဲ။ ဘယ်လောက်တွေ့တာပါလိမ့်။ (၁၀ တွေ့နေတာပါ။) ၁၀ တွေ့ဖူးလား။ (တွေ့ပါတယ်။) တွေ့နေပြီ။ ဟုတ်လားဗျာ။ တွေ့လားဟေ့။ (တွေ့ပါတယ်။) တွေ့နေပြီ။
အဲ့ဒါကြောင့် ကုသလောအဗျာကတဿဆိုတာနဲ့ပဲ ည၊ သံ ဖြုတ်၊ ဝိ ထည့်ပေါ့ဗျ။ ခုနက ည၊ သံ ဖြုတ်၊ ဘာပါလိမ့်။ (ဝိ ထည့်။) ဝိ ထည့်။ ကု-ဗျာမှာ ည၊ သံပဲ၊ အဲ့သင်္ချာ ရှိလား။ (မရှိဘူး။) မရှိဘူး။ ကု-ဗျာမှာ ရှိတာက ဘယ်သူပါ။ (ကြီး၊ လေး၊ ဝိ။) ကြီး၊ လေး၊ ဝိ။ ဒါကြောင့် ကြီး၊ လေး၊ ဝိ၊ ခုနက လေးပစ္စည်းထည့်မယ်ဆို ဘယ်လောက်ပါလိမ့်။ (ကိုးပစ္စည်း။) ကိုးပစ္စည်း။ ဪ၊ ကိုးပစ္စည်း။ သဘောပေါက်သွားပြီ။ ဒါကြောင့် သဟငယ်မှာ ဘာပါလိမ့်။ (တူရာရှာ။) တူရာရှာ၊ တူရာထည့် ပြိုင်ရေး။ အဲ့သလို ဆိုရတယ်။
ကိုယ်တော်တို့ အရကောက်တွေလည်း ကိုယ်တော်တို့ ဖတ်ခဲ့ကြ၊ ကျက်ခဲ့ကြရဦးမယ်။ ဟုတ်လားဗျာ။ အရကောက်ကိုလည်း ဘာလဲ။ (ဖတ်ခဲ့၊ ကျက်ခဲ့ရဦးမယ်။) ဖတ်ခဲ့၊ ကျက်ခဲ့ကြရဦးမယ်။ ကိုယ်တော်တို့ကသာ ကြိုတင်ပြီးတော့ ပြင်ဆင်ခဲ့ပါ။ ခုနကတို့က ဝေးတဲ့ပုဂ္ဂိုလ်တွေဆိုတော့ ဟုတ်လားဗျ။ ဘယ်လောက်တောင် ဝေးသလဲဆိုရင်တော့ ဟိုဘက်ဘဝကတောင် ကိုယ်တော် ပဋ္ဌာန်းသင်ခဲ့ခြင်းမှ သင်မှာလေ။ ဟုတ်လားဗျ။ အဲ့ဒါ အခု အတိတ်ကာလကတော့ သင်တို့ သင်ခဲ့တာပေါ့ဗျာ။ အဲ့ဒါ အတိတ်ကာလက သင်ခဲ့တဲ့ပုဂ္ဂိုလ်တွေ၊ ဘဝနီးတဲ့ပုဂ္ဂိုလ်က ဉာဏ်ကောင်းတယ်။ ဘဝဝေးတဲ့ပုဂ္ဂိုလ်က... (ဉာဏ်မကောင်းဘူး။) ဉာဏ်မကောင်းဘူး ဖြစ်တတ်တယ်ပေါ့။ ဒါကြောင့်မို့လို့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တော်တို့ ဒီဘဝမှာတော့ အစအဆုံး သင်ရတာလေ။ ဒါကြောင့် တစ်ဘဝကတော့ ဝေးမနေဘူးလား။ (ဝေးနေပါတယ်။) ဝေးနေသားကြီးပဲ။ ပြီးခဲ့တဲ့နှစ်က၊ ဟိုဘက်နှစ်က၊ ဒီတစ်ဘဝမှာ အရင်တတ်ဖူးတဲ့ပုဂ္ဂိုလ်တွေကတော့ ဒါတွေက သိပ်မဝေးဘူး။ ဒါက နည်းနည်းတော့ နီးနေပြီလို့ ပြောလို့ရတာပေါ့။ အဲ့တော့ ကိုယ့်ကိုယ်ကို နီးသလား၊ ဝေးသလား။ ဒါကြောင့် "ဒီပုဂ္ဂိုလ်က နားဝေးလိုက်တာ ကြည့်စမ်းပါဦး" ပြောကြဘူးလား။ အဲ့ဒါ၊ အဲ့ဒါကြောင့်မို့လို့ နားဝေးတဲ့ပုဂ္ဂိုလ်က ကိုယ်တော်တို့ ဝေးရင် စောသွားရတယ်။ စောလုပ်ရတယ်။ တွေ့လား။ (မှန်ပါ။) ပြောတာ သဘောပေါက်လားဟေ့။ (ပေါက်ပါတယ်။) အဲ့လို သဘောပေါက်ရတယ်။ အဲ့ဒါ ကိုယ်တော်တို့ ဘဝကို တပည့်တော် ပုံဖော်ပြောနေရတာ။ ဟုတ်လားဗျ။ အကုန်တော်အောင်တော့ ဘာပါလိမ့်။ (ပုံဖော်။) ကုန်စင်အောင် ပုံဖော်ပြောနေရတယ်ပေါ့ဗျာ။
ကိုင်း၊ ဒါကြောင့်မို့လို့ ခုနက ၁၅-သဟကနေပြီးတော့ ခုန နာမ်-နာမ် ခြောက်ပါး၊ နာမ်-ရုပ် ငါးတွေ အစအဆုံး ဒါတွေ ဆိုကြရမယ်။ ဆိုလို့ရှိရင် ကိုင်း၊ ဒီကနေ့မှာ သိမ်းပြီဆိုတော့လည်းပဲ အစအဆုံး၊ စာဝါရဲ့အစ၊ စာဝါရဲ့အဆုံး ဒါတွေက ကိုယ်တော်တို့ ဒါ ပညာသင်နည်းကို ပေးလိုက်တာပဲ။ ဒီမှာထက်ကိုလေ၊ ပဋ္ဌာန်းပို့ချနည်း ဘယ်လိုသင်ရလဲဆိုတာလေ။ ကိုယ်တော်တို့ တပည့်တော်သင်တာလည်းပဲ လိုကောင်းလိုမယ်။ ကိုယ်တော်တို့ဘက်က ရှုထောင့်ကကြည့်ရင် လိုချင်လည်း လိုသွားနိုင်တယ် မဟုတ်လား။ (လိုသွားနိုင်ပါတယ်။) လိုသွားနိုင်တဲ့ကိစ္စကို ကိုယ်တော်တို့ကျတော့ "ဘုန်းကြီးသင်တုန်းကတော့ ဒါတွေလိုနေတယ်။ ဒါဆိုလို့ရှိရင် ငါတို့ကျတော့ ဒီဥစ္စာတွေဟာလည်း တို့ရဲ့ခေတ်ကာလ အခြေအနေနဲ့ဆိုရင် ဒါတွေလိုအပ်နေတယ်။ တို့က ဖြည့်စွက်ပြီးတော့ ကိုယ်ဘုန်းကြီးသင်တဲ့အထဲကို ပိုပြီးတော့ ဖြည့်စွက်သင့်လိုက်မယ်" ဆိုရင် ကိုယ်တော်တို့လက်ထက်ကျ ပိုမကောင်းဘူးလား။ (ကောင်းပါတယ်။) ကောင်းသွားနိုင်တယ်။ ဒါကြောင့် တပည့်တော်ပြောတာတွေကိုလည်း ကိုယ်ကတို့ ကောင်းတာတွေကို လက်ခံပေါ့။ ဟုတ်လားဗျ။ လိုအပ်တာတွေကို ဖြည့်စွက်။ ဘယ်လိုပါလိမ့်ဗျ။ (လိုအပ်တာတွေကို ဖြည့်စွက်။) ကောင်းတာတွေကို... (လက်ခံ။) လိုအပ်တာတွေကို... (ဖြည့်စွက်။) ဖြည့်စွက်။ အကုန်လုံးတော့ ကိုယ်တော်တို့ ပြည့်စုံနိုင်ပါ့မလား။ (မပြည့်စုံနိုင်ပါဘူး။) လူ့ရဲ့ဟာကို၊ ပျောက်ကွက်ကို အကုန်လုံး ဖြည့်ဆည်းနိုင်မှာ မဟုတ်ဘူးလေ။ "လူသားလား" ဆိုပြီးတော့ ပြောကြည့်လိုက်တာလေ။ ဟုတ်တယ်မလားဗျ။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် တပည့်တော်လည်းပဲ တပည့်တော်ဆရာတွေ သင်တာပဲ။ "ဪ၊ ဒီလိုလေး သင်လိုက်ရင် ကောင်းလောက်တယ်" ပေါ့လေ။ ဒီလိုအတွေးအခေါ် ရှိခဲ့တာပေါ့။ ကိုယ်တော်တို့ကလည်း အဲ့လိုပဲ "ဘုန်းကြီးရေ၊ ဒီလိုလေး သင်လိုက်ရင်တော့ ဘုန်းကြီးပြောလိုက်တာ တော်တော်ကောင်းမှာပဲ" လို့ ဒီလိုလေးတွေးပြီးတော့ မသိတဲ့ပုဂ္ဂိုလ်က၊ သိတဲ့ပုဂ္ဂိုလ်ကလည်းပဲ မသိတဲ့ပုဂ္ဂိုလ်ကို တစ်ဖန်ပြန်ပြီးတော့ ပြောပါ။ သိတဲ့ပုဂ္ဂိုလ်ကလည်း ဘာလဲ၊ မသိတဲ့ပုဂ္ဂိုလ်ကို တစ်ခါပြန်ပြီးတော့ ပြောပါ။ မသိတဲ့ပုဂ္ဂိုလ်ကလည်း သိတဲ့ပုဂ္ဂိုလ်ကို... (မေးပါ။) မေးပါ။ အဲ့ဒါမှ ကိုယ်တော်တို့ရေ ဘဝတစ်ခွေ့မှာ ခဏတာတွေ့ကြတဲ့ပုဂ္ဂိုလ်တွေက ကိုယ်တော်တို့ရေ အဲ့သလိုဆိုလို့ရှိရင် ကူညီကြတာ မကောင်းဘူးလား။ (ကောင်းပါတယ်။) ကောင်းတယ်။
ကိုယ်တော်တို့ အခု တပည့်တော်က စာသင်သားဘဝတည်းက သင်လာတဲ့ တပည့်တွေ၊ သူငယ်ချင်းတွေ၊ စာသင်စ၊ စာသင်ဖော်သင်ဖက် သူငယ်ချင်းတွေက အများကြီး၊ နိုင်ငံနဲ့တစ်ဝန်းလုံးကို ရှိတာ။ အဲ့လိုပဲ။ အဲ့ဒါ ဒီအထူးသဖြင့် ယမိုက်တွေကတော့ ကိုယ်တော်တို့ ဒီပဋ္ဌာန်းလည်း ဒီစနစ်တကျနဲ့ သူများကို သူတို့ပဲ သင်ရတာ။ "နားမလည်ပါဘူး" ဆိုကာကျ "မင်းပြောရင် ငါနားလည်ပါတယ်ကွာ" ဆိုတာကို တော်တော်ကို ခက်ခဲတယ်။ တပည့်တော်တို့ကလည်းပဲ နားဝေးတဲ့လူပဲဗျ။ နားဝေးတဲ့လူပဲလေ။ သူတို့ တစ်ခေါက်နှစ်ခေါက် တတ်တဲ့ပုဂ္ဂိုလ်ကလည်းပဲ "ဟာ၊ မင်းက၊ မင်းကတော့ သဘောပေါက်ပြန်သေးတယ်ကွ" တဲ့။ "ငါတို့ကို ပြန်ပြောပြတာ မဟုတ်သေးဘူး" ပြောတာကိုး။ သူသည်လည်း မခံဘူး။ အဲ့ဒါကြောင့် ကိုယ်တော်တို့၊ တပည့်တော်လည်း နားဝေးတာပေါ့ဗျ။ တစ်ခါမှ မကြားဖူးဘူးလေ။ ဟုတ်လားဗျ။ ကြားဖူးသလား။ (မကြားဖူးပါဘူး။) အလတ်တန်းတက်လာတဲ့ပုဂ္ဂိုလ်ဆိုတာက အရှင်ဘုရားတို့ ဘာမှန်းမသိဘူး။ ပစ္စည်းလည်းမသိဘူး။ (ပစ္စည်းမှန်းလည်းမသိဘူး။) ကတ္တားလည်းမသိဘူး။ (ကတ္တားမှန်းလည်းမသိဘူး။) သမ္ပဒါန်ရှိသေးတယ်ဗျ။ သမ္ပဒါန်လည်းမသိဘူး။ ကိုင်း၊ လည်းမသိဘူး။ ဟုတ်လား။ ဟုတ်တာပေါ့၊ ဟုတ်တာပေါ့။ သူတို့ရှိတာ။
ကိုင်း၊ နက်ဖြန်ကျလို့ရှိရင် ကိုယ်တော်တို့ ကြိုတင်ဖတ်ခဲ့။ ဟုတ်လားဗျ။ အထူးသဖြင့် ဘာဝေးတဲ့ပုဂ္ဂိုလ်... (နားဝေးတဲ့ပုဂ္ဂိုလ်။) နားဝေးတဲ့ပုဂ္ဂိုလ်တွေ ကိုယ့်ဘဝကိုကိုယ် သိကြပါစေပေါ့ဗျာ။ ကိုင်း၊ ဒီကနေ့တော့ ဒီမျှလောက်ပဲ ပြောကြဦးစို့ပေါ့ဗျာ။ (မှန်ပါ။)
Built with Potion.so